Wednesday, November 14, 2012

0 ဂန္ဒီအထိမ်းအမှတ် ဂူဗိမ္မာန်၌ တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ)

မဟတ္တမဂန္ဓီ အောက်မေ့ဖွယ်နေရာမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီရုပ်တု အမှတ်တရလက်ဆောင်ပေးအပ်နေစဉ်(AFP) အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသောဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။ (ဓါတ်ပုံ - မဇ္ဈိမ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.