မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လုပ်ငန်းသုံးဟုအမည်တပ်ကာServicePhoneများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူများနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင် ၁၀လုံးခန့် ထုတ်ယူထားရှိပြီး ကျသင့် တယ်လီဖုန်း ဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်
အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-
စုစုပေါင်းယင်းကဲ့သို့ကိုယ်ကျိုးအဖြစ်သုံးစွဲခဲ့သည်AutoPhone,MobilePhoneအရေအတွက်သည်အလုံးအရေအတွက် သောင်းဂဏန်း မျရှိပြီး ၄င်းကိစ္စရပ်နှင့် ပတ်သက်ပြီး ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဆသရ၀န်ကြီးမှ သက်ဆိုင်ရာဦးဆောင်ညွန်ကြားရေးမှူး၊ အတွေထွေမန်နေဂျာများ၊ အင်ဂျင်နီယာချုပ်များ ငွေစာရင်းဌာနမှ တာဝန်ရှိသူ ခေါ်ယူအစည်းအဝေးပြုလုပ်ခဲ့ရာ အလွဲသုံးစားပြုလုပ်ခဲ့သည် တယ်လီဖုန်းဘေယ်တန်ဖိုးမှာ ငွေကျပ် ၇ ဘီလီယံခန့်ရှိမည်ဟု သိရှိရပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် အရေးယူဆောင်ရွတ်မှုများမရှိဘဲ ကိုယ်ကျိုးအတွက်အသုံးပြုထားသော ဖုန်းများအား ပြန်လည်အပ်နှံခြင်းသာဆောင်ရွတ်ခဲ့သည်ကိုတွေ့ရှိရပါသည်၊ နှိင်ငံတော်အနေဖြင့် ဆင်းရဲနွမ်းပါးသောဒေသများတွင် ကျပ်သိန်း ၁၀၀ ခန့်ကျောင်းကိုပင်တည်ဆောက်ရန်အခက်အခဲဖြစ်နေသည့်အချိန်တွင် မြန်မာ့ဆက်သွယ်ရေး၏ ယခုကဲ့သို့ဆောင်ရွတ်ခဲ့ခြင်းသည်အများပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည် ၊ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်ကို
ဝန်ကြီး ပင်သိရှိသော်လည်း မည်သည့် အရေး.ယူဆောင်ရွတ်မှု တစုံတရာမပြုလုပ်ခဲ့ခြင်းမှာ အလွန်ပင်အံ့သြ
ဖွယ်ကောင်းပါကြောင်းရေးသားအပ်ပါသည်
May Myat Noo
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
very shameful!
ReplyDelete