လွတ်လပ်ရေး၊ ဒီမိုကရေစီ ပညာရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ၁၉၂၀ ကစ ၁၉၉၆ ထိ ထီမထင် ကျောင်းတော်သားတွေရဲ့ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ်ဟာ အမေရိကန် သမ္မတရဲ့ မြန်မာ့အပြောင်းအလဲအတွက် တွန်းအားပေးမယ့် သမိုင်းဝင် စင်မြင့်အဖြစ် ပြန်နိုးထလာပြီ။ ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေစော။ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသောဝ်။မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးလာရောက်ရန်ရှိသော အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားမည့် အစီအစဉ်ပါဝင်မည်ဖြစ်ရာ မိန့်ခွန်းပြောကြားမည့် နေရာကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အားရွေးချယ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည်အရေအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်ဝင်း ကို ပြုပြင်မွန်းမံမှုများပြုလုပ်နေပြီး လုံခြုံရေးများ ချထားကြောင်း PDK မှ သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးရောက်ရှိလာမည့် အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာမီဒီယာများ၏ ကျင့်ဝတ်သိက္ခာပိုင်းစောင့်ထိန်းရန်လိုအပ်ကြောင်း လေ့လာသူများက ထောက်ပပြလိုက်သည်။ အစိုးရသစ်နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်များပေးလာတာနှင့်အတူ မီဒီယာသမားများ၏ တစ်ကိုယ်ကောင်းဆန်ဆန် သတင်းရလိုမှုများကြောင့် ကာယကံရှင်ပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့် မသင့်တင့်မှုများဖြစ်ပေါ်ခဲ့ရဖူးသည်။ သို့သော် ယခုခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်ဖြစ်မည့်အပြင် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဂုဏ်သိက္ခာပိုင်းကို ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်နေသောကြောင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန် အတ္တစိတ်ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော အပြုအမူမျိုးမပြုလုပ်မိကြစေရန်နှင့် ဒီမိုကရေစီကျင့်သားရသော စည်းကမ်းရှိသည့် မီဒီယာသမားများဖြစ်ကြောင်း ဖော်ထုတ်ပြသကြရန် PDK မှ တိုက်တွန်းရေးသားလိုက်ပါသည်။
People Development for Knowledge
မီဒီယာသမားများကို လေးစားပါတယ်၊ ဒါပေမယ့် ရပ်ကွက်ထဲက စတုဒီသာအလှုလို (အငမ်းမရ) မဖြစ်စေခြင်ပါ၊
ReplyDelete