Sunday, November 11, 2012

0 မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ငလျင်ပြင်းထန်စွာ လှုပ်ခတ်

မန္တလေးစွယ်တော်မြတ်စေတီ စိန်ဖူးတော်မြေခ .စစ်ကိုင်းထူပါရုံဘုရားအက်ကြောင်းများဖြစ်ပေါ်ပုံ.မန်းမြန်မာဈေးချို ပလာဇာ ပလာဇာ အနောက် အက်ကြောင်း

Photo..EMG,The voice weekly,7daysnews,Cj Myanmar

ယနေ့နံနက် မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး ၇.၀ပြင်းအားရှိသော မြေငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မန္တလေးမြေ ငလျှင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေပုံပါအရ ၇ နာရီ ၄၀ တွင် ၆.၆ ပြင်းအား ရှိသော ငလျင်လှုပ်ပြီး မိနစ် ၂၀ အကြာတွင် ပြင်းအား ၅.၀ ရှိသော ငလျင်ငယ်တစ်ခု ထပ်မံ လှုပ်ခတ်သွားကြောင်းသိရပါသည်..။ USGS မှ ပြင်းအား ၇.၀ အား ၆.၆ ဟု အတည်ပြု ပြင်ဆင်ခဲ့ပါသည်။

ပထမငလျင်မှာ မန္တလေးနှင့် ၇၂မိုင် မုံရွာနှင့် မိုင် ၈၀ ကျော် ရွှေဘိုအနီးတွင် ဗဟိုပြုပြီး ဒုတိယငလျင်မှာ မန္တလေးနှင့် မိုင် ၈၀ ကျော်၊ မုံရွာနှင့် မိုင် ၆၀ ကျော် ရွှေဘို အနီးတွင်ပင်ဖြစ်ပါသည်။

ပြင်းအားများသော်လည်း မြေပြင်အနက် ၆ မိုင်ကျော်တွင် တွင် လှုပ်ရှားပြီး ပျက်ဆီးမှုမရှိဟု သိရပါသည်။

အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ တိမ်လွှာလျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ် ပြိုကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင် အဆောက်ဦးအချို့ နံရံများအက်ကွဲခဲ့ကြောင်း ဒေသခံများထံမေးမြန်းချက်များအရသိရသည်။

ခြင်္သေ့တွေ ပြိုကုန်
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ညီညီဇော်
;ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ရွှေဘိုမြို့ ချမ်းသာကြီးဘုရားတွင် စိန်ဖူးတော်တစ်ခြမ်းပဲ့ကျသွားပြီး တစ်ခြမ်းမှာ ပျောက်နေသဖြင့် ရှာဖွေနေကြောင်း၊ ရွှေဂူကြီးဘုရားအပါအ၀င် ရွှေဘိုမြို့ပေါ်ရှိ ဘုရားများ ပျက်စီးသွားကြောင်း၊ အိမ် ၃ လုံးနီးပါး ပြိုသွားကြောင်း၊ ယင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ကြီးသူများမှာ မူးဝေခြင်းဖြစ်ပေါ်မှုသာရှိခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရွှေဘိုဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် စုံစမ်းသိရှိရသည်။

ယနေ့နံနက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ အဆင့်ရှိ ငလျင်ကြောင့် တည်ဆောက်ဆဲ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးသို့ သွားရောက်နိုင်မည့် ရတနာသိင်္ခမြစ်ကူးတံတားမှာ ပြိုသွားပြီဖြစ်ကြောင်း၊ ယင်း တံတားမှာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ ယနေ့နံနက် ၈ နာရီ ၅၉ မိနစ်တွင် စုံစမ်းသိရှိရသည်။
မန္တလေးမဟာမုနိဘုရားကြီးပရ၀ုဏ်အတွင်းရှိ နာရီစင်ထီးတိုင်တိမ်းစောင်းခြင်း ရှင်မာလဲဘုရား ဓမ္မာရုံရှိ အင်္ဂတေပန်းများနှင့် အနောက်ဘက်မျက်နှာစာရှိ ခြင်သေ့ရုပ်တုတစ်ခုပြိုကျခြင်းများဖြစ်ပေါ်ခဲ့သည်။ ငလျှင်လှုပ်ခတ်မှုကြောင့် မြစ်သား-မြင်းခြံလမ်းပိုင်းရှိ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းကြီးကျောင်း၊ စေတီ၁၈ ဆူ ရှိသည့်အနက် ၅ ဆူနှင့် အရံစေတီ ၄ဆူတို့မှာ စိန်ဖူးတော်မြေခခြင်း စေတီတော်ခြောက်ဆူမှာဖောင်းရစ်တော်အက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။.

အောက်ပါလင့်များတွင် လေ့လာနိုင်ပါသည်။
http://www.google.org/publicalerts/alert?aid=6711a66700d79932
http://www.google.org/publicalerts/alert?aid=e47c06c62861f77a
 Ref,,The Voice Weekly,Facebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.