Saturday, October 15, 2011

0 မြန်မာပြည်တွင် အသင်းအဖွဲ့ဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိ


source: AFP
မြန်မာပြည်ရှိ လုပ်သားပြည်သူတို့မှာ ဦးသိန်းစိန် လက်မှတ်ရေးထိုးထားသော ဥပဒေသစ်အရ ယခုအပတ်မှစတင်၍ အသင်းသမဂ္ဂဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် တရားဝင်ရရှိပြီဖြစ်ကြောင်း သောကြောနေ့က အစိုးရအရှိတို့အဆိုအရ သိရှိရသည်။ ထိုသို့ပြောင်းလဲလာခြင်းအပေါ် ကုလသမဂ္ဂအရာရှိများကလည်း ကြိုဆိုကြောင်းသိရသည်။

အစိုးရသတင်းများအရ အဆိုပါဥပဒေကို အင်္ဂါနေ့က ဦးသိန်းစိန်လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် အလုပ်သမားအက်ဥပဒေကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

"အလုပ်သမားများအတွက် သမဂ္ဂဖွဲ့စည်းခွင့်နဲ့ ဆန္ဒပြခွင့်ကို တရားဝင်ခွင့်ပြုလိုက်တာပါ"ဟု အမည်မဖေါ်လိုသူ အစိုးရအရာရှိတစ်ဦးက AFP ကိုပြောကြားခဲ့သည်။ ထိုဥပဒေအရ စစ်သားနှင့်ရဲသားတို့ကိုခြွင်းချက်ထား၍ လုပ်သားပြည်သူတို့အနေဖြင့် အနည်းဆုံး အယောက် ၃၀ ပါသော သမဂ္ဂဖွဲ့စည်းခွင့်နှင့် အသင်းအဖွဲ့ကိုယ်ပိုင်အမည်နှင့် အမှတ်တံဆိပ်များအသုံးပြုခွင့်ပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ဆန္ဒပြရန်အလိုရှိပါက အလုပ်ရှင်တို့ဖက်မှ အလုပ်ရုံဆိုင်ရာအရေးယူမှုများမပြုမီ ၁၄ ရက်ကြိုတင် အသိပေးကြရမည်ဖြစ်ပြီး သမဂ္ဂများအနေဖြင့်လည်း ဆန္ဒပြမှုတွင် လူမည်ရွေ့မည်မျှ ပါဝင်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြရမည်ဟု ဥပဒေတွင်ပါရှိကြောင်း သိရသည်။ သို့သော် ဆေးရုံ၊ မီးသတ်၊ ဆက်သွယ်ရေးနှင့် ရေမီးဝန်ဆောင်မှု အစရှိသည့် အရေးကြီးသောဝန်ဆောင်မှုတို့မှ အလုပ်သမားများမှာမူ ဆန္ဒပြခွင့်မရှိကြောင်း သိရသည်။ အလုပ်ရှင်ဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေတစ်သိန်း (သို့) ထောင်ဒဏ်တစ်နှစ် ချမည်ဖြစ်ပြီး အလုပ်သမားဖက်မှ ဥပဒေချိုးဖေါက်ကြောင်းထင်ရှားလျှင် ဒဏ်ငွေ သုံးသောင်း ရိုက်မည် ဖြစ်ကြောင်း သိရသည်။

"အလုပ်သမားဥပဒေက ကောင်းလှတယ်မဆိုသာပေမယ့် ဒါကိုတော့ကြိုဆိုရမှာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP ကိုပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ကလည်း ဥပေဒသစ်ကိုကြိုဆိုကြောင်း၊ သို့သော် ကုလအရာရှိSteve Marshall က ဥပဒေကို အပြည့်အစုံ မဖတ်ရသေးသဖြင့် သတိရှိစေလိုကြောင်းပြောသည်ဟု သိရသည်။

"ဒါပေမယ့် အခြေခံသဘောတရားအရ ဒါဟာ မြန်မာအစိုးရရဲ့ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ မေးခွန်းထုတ်ဖို့မလိုပါဘူး"ဟု သူက AFP ကိုပြောကြားခဲ့သည်။ "ဒါဟာ နိုင်ငံတစ်ခုအတွက် စီးပွားရေးနဲ့လူမှုရေး ဖွဲ့ဖြိုးတိုးတက်စေမယ့် အကြောင်းရင်းခံတရားပါပဲ"။ သို့သော် မြန်မာပြည်တွင် ဆန္ဒပြအလုပ်သမားများကို ယခင်က မကြာခဏ ဖမ်းဆီးထောင်ချခဲ့ဖူးသည်ဖြစ်ရာ အလုပ်သမားတို့အနေဖြင့် ဆန္ဒပြဖို့အားမွေးရန် အချိန်အနည်းငယ်လိုဦးမည်ဖြစ်ကြောင်း သူကဆိုသည်။ ဆန္ဒပြလို့ အဖမ်းခံခဲ့ရသူတွေ အခုထက်ထိထောင်ထဲမှာ ရှိနေတုန်းပဲလေ။

ဩစတြေးလျနိုင်ငံ Macquaire တက္ကသိုလ်မှ မြန်မာ့အရေးကျွမ်းကျင်သူ Sean Turnell က ယုံကြည်မှုကင်းမဲ့ နေသော ပြည်သူလူထုကို အစိုးရက အသင်းအဖွဲ့များအပေါ် ငြိမ်းချမ်းစွာ တုန့်ပြန်မည့်အကြောင်း သံသယ ကင်းအောင် လုပ်ဖို့လိုသည်ဟုဆိုသည်။

"ပြည်သူတွေကို တစ်ကယ်ရောဆန္ဒပြခွင့်ပြုပါ့မလား။ ခြေလှမ်းက အရမ်းကျဲလွန်းသလိုပဲလို့ ထင်တယ်။ ပြည်သူတွေဖက်က ဒီဥပဒေကို တစ်ကယ်လက်ခံယုံကြည်လာဖို့ဆိုရင် နည်းနည်းတော့အချိန်ပေးရဦးမယ် ထင်ပါတယ်"။

greenwood(MMCP)

0 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?မြန်မာစာတမ်းထိုး(ရုပ်/သံ)

0 အညတြသူရဲကောင်း ကိုသန်းဇော် ခေါ်- သန့်ဇော် -
မှတ်တမ်းပြုစုသူ- ခွန်ဆိုင်း


Name: Thant Zaw aka Than Zaw • Occupation: National League for Democracy (NLD) - Youth Member • Address: Tanyin Township, Rangoon Division • Sentenced: 30 Years photo -credit to AAPP

ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။  ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို-  ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ-  အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ

(အပိုင်း-၁)

အညတြ သူရဲကောင်းဆု စာရင်းမှာ ကိုသန်းဇော် ပါတယ်ကြားလို့ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိတယ်။ ခုအချိန်ဗမာပြည်မှာ ၈၈က စရေတွက်လိုက်ကြ လို့ ထောင်ကျသက်အကြာဆုံး နိုင်ငံရေးအကျဉ်းသား ၃ယောက်ကို ပြပါဆိုရင် ကိုသန်းဇော် ဟာ အဲဒီထဲကတယောက်ပါ။အခုဆိုသူ့ ထောင်သက် ၂၃နှစ် ရှိပြီပေါ့ဗျာ။ ရင်နာစရာကောင်းတဲ့ကိစ္စကသူဟာ နိုင်ငံရေးနဲ့ အမှုအလုပ်မခံရပဲ မဆီမဆိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလုပ်ကြံမှုတွေဖန်တီး- ဖေါက်ခွဲရေးကိစ္စတွေနဲ့ အတင်းဆွဲဆက်စပ်ခဲ့တဲ့ ၈၈-၈၉ ကာလတ၀ိုက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တန်ဆာဝင်ခံခဲ့ရ၊ တစ်တရားခံအလုပ်ခံခဲ့ရလို့ပါပဲ။

သူ့ကို ကျွန်တော်စတွေ့ဘူး တဲ့အချိန်က ၁၉၈၉ သြဂုတ်လ ဒုတိယပတ်လောက်မှာ။ ရေကြည်အိုင် ငရဲခန်းမှာ ကျွန်တော့်ကို အပြင်းအထန် သုံးပတ်ကျော်လောက် ငါးဖယ်တေတေပြီးအမှုတည်ဆောက်အပြီး အင်းစိန်ကြိုးတိုက်ကို ပို့လိုက်တဲ့အချိန် သူ့ကို စတွေ့ပါတယ်။ ကြိုးတိုက်ရောက်လို့ နောက်တနေ့ ကိုသန်းဇော်ရေချိုးထွက်ရတဲ့အလှည့်မှာ ကျွန်တော်ရှိတဲ့ အခန်းကို သူ ပြေးလာပြီး သူ့ကိုယ်သူမိတ်ဆက် ပါတယ်။ သူ့တို့အမှု့ကို ဇူလိုင်လဒုတိယပတ်သတင်းစာတီဗွီတွေကနေ ဟိုးလေးတကျော် တပိုင်းတစ-ကျွန်တော်သိခဲ့တယ်။ တကိုယ်လုံးအညိုအမဲစွဲနေတဲ့ သူ့ဒဏ်ရာတွေ။ ကျောမှာ ပေါင် ပတ်ပတ်လည် မှာ ။ ဦးခေါင်းမှာ။ သူတို့အဖွဲ့ ကို အတင်းထုနှက် ၀န်ခံခိုင်းပြီး ထောင်ချလိုက်တဲ့အကြောင်း။ ဒီအမှုကို သူတို့ဘာမှ မသိခဲ့ကြောင်း။ သူပြောနေပုံ က အကိုကြီးတယောက်ကို ညီတယောက်က အားကိုးတကြီး တိုင်တည်နေတဲ့ပုံ။ သူ့တို့ကို စဖမ်းတဲ့နေ့က ၈၉ ဇူလိုင်၁၃ရက် ။ကျွန်တော်ကျတော့ ဇူလိုင် ၁၅ရက်။ အာဇာနည်နေ့ ချီတက်ပွဲကိစ္စအစည်းအဝေး အစီအစဉ်တွေ သွားနားထောင် ဆွေးနွေးတဲ့ပွဲအပြီး ၅၄အင်းယားလမ်း NLD ရုံး ကအပြန်-လမ်းမှာ အဖမ်းခံရတာ။

ပြောချင်တာက ဇူလိုင်လ ၁၃ရက် ၁၄ရက်လောက်က ထုနှက် ထားတဲ့ ဒဏ်ရာတွေဟာ သြဂုတ်လအထိ တလကျော် အညိုအမဲစွဲနေသေးတာထောက်ရင် ဘယ်လောက်အထိပြင်းထန်မလဲ ကျွန်တော်ခန့်မှန်း နေမိတာပါ။ သူနဲ့နောက်ထပ် NLD လူငယ် ၂ဦး( ညီညီဦးနဲ့ မိုးကျော်သူ)တို့ကို၈၉ခုနှစ် ဇူလိုင်၇ရက်နေ့ သံလျင်ရေနံချက်စက်ရုံမှာကွဲတဲ့ ဗုံးပေါက်မှုတရားခံတွေဆိုပြီး ၀န်မခံမချင်း အတင်းထုထောင်းရိုက်နှက် မရရအောင် ၀န်ခံခိုင်း။ တီဗွီရိုက်။နောက် ရုပ်သံလွှင့်ကနေ အကျယ်တ၀န့်ရှင်းလင်း။ တပတ်အတွင်း သေဒဏ်နဲ့ နောက်တမှုက နိုင်ငံတော်ပုန်ကန်မှုတပ်ပြီး တသက်တကျွန်း အပြစ်ဒဏ်တွေတပုံကြီးနဲ့ ထောင်ထဲ ထည့်လိုက်ကြတာ။ တကယ်က အဲဒီဗုံးကွဲတဲ့နေ့က သူတို့ဟာ သံလျင် ဒီချုပ် ရုံးမှာ ဆဲဗင်းဇူလိုင်အခန်းအနားဦးဆောင် ကျင်းပနေခဲ့ကြတဲ့လူငယ်တွေ။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်း ရေး တွေက ဒီချုပ်ကိုလူထုထင်ယောင်ထင်မှားဖြစ်လာအောင်။ ၀ိုင်း မထောက်ခံရဲအောင် ဖြိုခွဲဘို့ မဖြစ်ဖြစ် အောင် အမှုဆင်သူတို့ကိုတရားခံလုပ်လိုက်ကြတာပဲ။ နောက်ထပ်ဖါးကူးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ ဒီချုပ်တာဝန်ခံ ဒေါက်တာထွန်းသူ အပါအ၀င် ဒီချုပ်လူငယ် ၁၆ ယောက် ကို ပါ နောက်ထပ်တမှုဖွင့် ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်ချလိုက်ကြတာ။အချိုးမပြေပုံက သဘာဝယုတ္တိမတန် အမှုဆင် လိုက်တဲ့ ထောက်လှမ်းရေးတွေက အလောတကြီးကိုသန်းဇော် တို့ကို တရားခံလုပ်ဖြောင့်ချက်ယူ၊ သေဒဏ်ချ ။ ရုပ်သံလွှင့်အစီအစဉ်ကနေ ကိုသန်းဇော်တို့ဖြောင့်ချက်ပေးပါတယ်ဆိုပြီး လုပ်ကြံကြေငြာလိုက်လို့ တလအပြည့်မှာတင် တကယ့်ဖေါက်ခွဲရေးတရားခံအစစ်ဗိုလ်မှူး ကိုကိုနိုင် (KNU)ကို ကော့ကရိတ်မှာဖမ်းမိ။ ဗိုလ်မှူး ကိုကိုနိုင်ကလည်းသူခွဲတာကို ၀န်ခံ။ သံလျင်ရေနံချက်စက်ရုံနဲ့ တချိန်ထဲ မြို့တော်ခန်းမ ကိုပါ ပါဆယ်ဗုံးတွေ ပို့တဲ့အကြောင်းဝန်ခံ ။ ဒါပေမယ့်တိုင်းသိပြည်သိ လိမ်လိုက်ကြပြီးပြီဆိုတော့ဗိုလ်မှူးကိုကိုနိုင်နဲ့ အဖွဲ့ ကို မြို့တော်ခန်းမဗုံးခွဲမှုနဲ့ သက်သက်သေဒဏ် ချပြီးကိုသန်းဇော်တို့အမှုကို ပြန်မပြင်ပေးတာ ဒီနေ့အထိပေါ့ ။

ကိုသန်းဇော် ကိုညီညီဦးတို့ နဲ့ ကျွန်တော် အင်းစိန် ကြိုးတိုက်မှာ ကာလတခုအထိ ရေချိုးဆင်းချိန်လေးတွေမှာ အပြေးအလွှားတယောက်နဲ့တယောက် တွေ့ကြ ။ အတွေးအမြင်တွေဖလှယ်ကြ ဖြတ်သန်းရမယ်ထောင်သက်တွေအတွက် ပြင်ဆင်အားမွေးကြပါတယ်။အဲဒီအချိန်က အဘတော်ဘုရားလေး ၊ ဆရာဦးဝင်းတင်ဗိုလ်ကြီးဝင်းထိန် ဒေါက်တာဦးတင်မျိုးဝင်း။ဒေါ်အောင်ဆန်းစုကြည်ခြံထဲကလူငယ်တွေ၊သုံးရောင်ခြယ်လူငယ်တွေအပြုံလိုက်နဲ့ ၈၈အရေးအခင်းကာလအပြီးသိမ်းကြုံးဆွဲထည့်ထားတဲ့ရောကောသောကော သေဒဏ်ကျ ကြိုးသမား ၁၀၀ကျော်(ရောကောသောကောလို့ပြောရတာက ကိုယ့်အိမ်ရှေ့မှာလာသေတဲ့ အလောင်းပြာကို တံမျက်လှဲမိတဲ့လူလည်းသေဒဏ်ပဲ) လောက်နဲ့ ကျွန်တော်တို့ နေခဲ့ရတဲ့ ကြိုးတိုက်ဟာ လူတွေပြည့်ညှပ်စည်ကားနေခဲ့တဲ့အချိန်ပေါ့။တိုက်ဝင်းထဲက တိုက် ၆တိုက်စလုံး စုစုပေါင်းလူ ၇၀၀ကျော်အထိရှိခဲ့တဲ့ကာလ။ ဒါပေမယ့်ထောင်ဆိုတာ ဘာကိုမှ အစိုးမရတဲ့နေရာ။ ဆိုတော့ ကျွန်တော်ကို ၈၉ နိုဝင်ဘာမှာ အမိန့်ချပြီးကြိုးတိုက်ကနေ တိုက်နံပါတ်- ၄ ကို ရွေ့လိုက်တဲ့အခါကိုသန်းဇော် ကိုညီညီဦးတို့နဲ့ ဝေးသွားပါတယ်။

၁၉၉၀ မေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်လိုက်တဲ့အခါမှာတော့ ထောင်မှူးထောင်ပိုင် ထောင်ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံက ကျွန်တော်တို့အပေါ်ချိုသာလာပါတယ်။ ကျွန်တော်တို့လည်း မကြာခင်လွတ်ကောင်းရဲ့လို့ မသိမသာလေးတွက်ကြပါတယ်။ မျှော်လင့်ချက်လေးတွေနဲ့ ပျော်နေကြတာပေါ့လေ။ ဒါပေမယ့်ဒီအပျော်က ကြာကြာမခံပါဘူး။ တလကျော်ကြာလာလို့ လည်း ဘာအကြောင်း မှ မထူး။ ဒီချုပ်ကိုလည်း လွှတ်တော်ခေါ်မပေး၊ အာဏာလွှဲပေးဘို့ဆိုတာ ဝေလာဝေး။ ဒါကိုသိလာတဲ့ ထောင်ဝန်ထမ်းတချှိုကျွန်တော်တို့အပေါ်မာရေကျောရေ ပြန်စိမ်းစိမ်းကားကား ဖြစ်လာ ကြပြန်ပါတယ်။

၁၉၉၀ စက်တင်ဘာနောက်ဆုံးပတ် ၂၅ရက်နေ့ မှာ ကျွန်တော်တို့ ထောင်ထဲကနေ လွှတ်တော်ခေါ်ရေး အာဏာလွှဲပြောင်းပေးရေးဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး- ကြွေးကြော်သံတွေနဲ့ မိုက်မိုက်ကန်းကန်း သပိတ် တိုက်ပွဲနွဲကြပါတယ်။ အဲဒီမှာထောင်ထဲကို ဗိုလ်မှူးကျော်ဆန်း ခေါင်းဆောင်တဲ့ စစ်တပ် ။ လုံထိန်းတပ်တွေ့အလုံးအရင်း ၀င်လာပြီး ကျွန်တော်တို့ကို တိုက်တွေအသီးသီးကနေ ဆွဲထုတ် ရိုက်နှက်ကြပါတော့တယ်။ ကမ္ဘာပျက်သလိုပဲ။ အဲဒီတုန်းကအသံတွေကိုပြန် တွေးလိုက်ရင် ဒီနေ့အထိ ကျွန်တော်ပြန်ကြားနေနိုင်တုန်း။ ကျွန်တော်တို့ကို မျက်နှာအ၀တ်စည်း( ခေါင်းစွပ်တွေက မလောက်တော့ လို့) ခေါင်းကို ပုဆိုးနဲ့ အုပ်ပြီးလိမ်ကျစ်စုချည်လိုက်တာ။နောက် လက်ထိပ်နောက်ပြန်ခတ် မြေကြီးပေါ်တွန်းလှဲ ၀ိုင်းကန်ကြ တက်ခုန်ကြ နံပါတ်တုတ်တွေနဲ့ အသားကုန်တေကြပါတော့တယ်။ နားထဲမှာတော့ ငယ်သံပါအောင်အော်ဟစ်နေတဲ့အသံပေါင်းစုံ နံပါတ်တုတ်သံ စက်တီးတာရာကို တ၀ှီးဝှီးလွှဲရိုက်နေတဲ့အသံ။မချိမဆန့်အော်ဟစ်နေတဲ့အသံတွေပဲ ကြားနေရပါတယ်။ ကိုယ်လည်းပါတာပေါ့။ အားရအောင်ရိုက်ပြီး အတော်ကြာတော့ နေပူထဲမှာပစ်ထားလိုက်ပါတယ်။ ရိုက်ရတဲ့လူတွေက အတော်များတော့တော်တော်နဲ့မပြီးပါ။ အားရတဲ့အခါကျွန်တော်တို့ကို နေရာတော်တော်ဝေးဝေးဆီ တရွတ်ဆွဲသွားပါတယ်။ နောက်မှသိတာတော့ခွေးတိုက်ပေါ့။

ကျွန်တော့်ကိုအခန်းတခုထဲဆောင့်ကန်ထည့်၊ တံခါးပြန်ပိတ်။ ပြီးမှအပြင်ကနေ လက်နောက်ပြန်ခတ်ထားတဲ့ လက်ထိပ်ကို ဖြုတ်ပေးပါတယ်။ တံခါးပြန်ပိတ်သံ။ ပြန်ထွက်သွားတဲ့အသံ။ အသံတွေငြိမ်သွားလို့ အားသွားတဲ့လက်နဲ့ ကျွန်တော့်မျက်နှာမှာလုံးထွေးစည်းနှောင်ထားတဲ့ ပုဆိုးကို ဖယ်လိုက်တဲ့အချိန်မှာ ကိုသန်းဇော်ကို သွေးအိုင်ထဲလဲနေတာတွေ့ပါတယ်။သူ့ တကိုယ်လုံး ခေါင်းပေါ်က နှာခေါင်းတွေထဲက စီးကျနေတဲ့သွေးတွေနဲ့ သူ့အဖြူရောင်ထောင်ဝတ်စုံဟာ ချင်းချင်းနီနေပါတယ်။

ကျွန်တော် ကိုယ့်ညီလေးတယောက်လိုသူ့ကို ပွေ့ထားမိပါတယ်။ နှာခေါင်းသွေးတွေကမတိတ်ပဲ အတော်ကြာအောင် ကျနေတုန်း။ ကျွန်တော်တို့ဘာစကားမှမပြောနိုင်ပဲတယောက်ကို တယောက်အကြာကြီး ဖက်ထားကြပါတယ်။ဖြစ်ရလေကွာ။

နောက်နှစ်ဦးသား တယောက်ဒဏ်ရာတယောက် စစ်ကြပါတယ်။ သူက ခေါင်းက ၃နေရာလောက် ကွဲသွားတယ်။ နှာခေါင်းကတော့ အတွင်းက ထိထားပုံရတယ်။ ကျွန်တော်ကျတော့ သူ့လိုခေါင်းမကွဲပါ။ နဖူးမှာနဲနဲကွဲသွားတာတခု ပဲ။ ခေါင်းအနှံ့အာလူးသီးကြီးကြီးတွေတော့အတော်များများစမ်းမိတယ်။ ။ ၂ယောက်လုံးကျော တင်ပါးတွေတပြင်လုံး မဲမဲညိုလို့ သပြေသီးရောင်ဖူးဖူးထနေပါတော့တယ်။

မကြာခင် ထောင်ဝန်ထမ်းတွေရောက်လာပြီး အကျီလုံချည် အသစ် တစုံစီ ပေး။ ကျွန်တော်တို့ဆီက သွေးစွန်းနေတဲ့ လုံခြည်အကျီတွေကို သိမ်းသွားကြပါတယ်။ သဘောကောင်းတယ်လို့ ပထမထင်လိုက်တယ်။ နောက်မှ ဒါ ထောင်ပြောင်းမလို့ စီစဉ်တာဆိုတာပြန်စဉ်းစားမိလာတယ်။

သေချာတယ်။ ည ၁၀နာရီလောက်ကျတော့ တယောက်ချင်းထုတ်ပြီးလူကိုလည်း နဲနဲပါးပါးထပ်ထုနှက် ။ခြေထောက်တွေမှာ ခြေကျင်းတွေ ရိုက်ပါတယ်။ ခြေကျင်းရိုက်တယ်ဆိုတာ ခြေကျင်းဝတ်နှစ်ဘက် ကို သံခြေကျင်းစွပ်လိုက်ပြီး ပေပေါ်တင် သံမှိုစို့ သွင်း ထုနှက်ပြားလိုက်တာပေါ့။ ပေပေါ်တင် စို့နဲ့ပြန်ရိုက်ဖြုတ်မှ သံမှိုက ပြန်ပြုတ်ပြီး အဟကြောင်းပေါ်။ ဒါကိုပြုတ်တူနှဲ့သံခြေကွင်းကို ဖြဲထုတ်မှ ခြေကျင်းဖြုတ်လို့ရတဲ့စနစ်။

မနက်လေးနာရီလောက်မှာ တ၀ုတ်ဝုတ်ဟောင်နေတဲ့ စစ်ခွေးတွေခြံရံပြီးကျွန်တော်တို့ကို ထောင်ဗူးဝနားအထိထုတ် လူစစ်။ နောက် အချုပ်ကားပေါ်တင်။ မနက်မှောင်မဲမဲမှာ ခရီးတခုကို စကြရတယ်။ နေရစ်တော့အင်းစိန်ထောင်။

ဘယ်ရောက်မယ်မသိဘူး။ အချုပ်ကားပြာထဲမှာတော့ အင်းစိန်ထောင်ကမထားချင်ဆုံး တကယ့် ဆိုးပေ့တေပေ့ ဆိုတဲ့ သေဒဏ် ကျ လူဆိုးလူမိုက် ၁၀ယောက်ကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ၁၀ယောက်နဲ့ တွဲ။ စုစုပေါင်းအယောက်၂၀ ပါလာကြတယ်။ သင်္ကန်းကျွန်းကခေါင်း၆ခေါင်းဖြတ်တယ်ဆိုတဲ့ခွေးဘီလူး ခေါ် တင်မောင်လတ်ဆိုတာလည်းပါရဲ့။

အားလုံး ဒဏ်ရာတွေကိုယ်စီ။ တချို့ ကြိုးသမားတွေက မျက်လုံးတွေမှာပါ သွေးခြေဥနေတာကြောက်စရာ။ နောက်တော့ ကြိုးသမား သိန်းအေးနဲ့ ညီညီထွေးလို့ သိလာ။အချုပ်ကား အခန်းအလယ်ကောင်မှာက အချိန် ၅၀-၀င် စဉ့်အိုးကြီးတလုံးချထားတယ်။ အလေးအပေါ့ လုပ်ကြ။ ကားကသွားနေတုန်း လူ ၁၉ယောက် ရှေ့မှောက်မှာအလေးအပေါ့ဆိုတာကို သံခြေကျင်းကိုးယို့ကားယားနဲ့ သွားရတာ ဘယ်လိုရှိမလဲ။ ချောင်းကြည့်ပေါက်က မြင်သလောက်တော့ကားက ပြည်ဘက်ကိုဦးတည်နေ။ ဒါပေမယ့် သာယာဝတမြိုီ့ကို ကျော်လာတယ် ။ သာယာဝတီထောင်ကိုပြောင်းတာမဟုတ်။

ပြည်မြို့ကို ၀င်တော့ ဧရာဝတီမြစ်ကြီးနဲ့ယှဉ်ပြီး ကား ကိုမောင်းနေတာမှတ်မိတယ်။ စက်တင်ဘာလဆိုတော့ ဧရာဝတီရေက တိုးနေတာ လမ်းပေါ်ကိုရေစပ်စပ်ရောက်နေတယ် ။ အကွေ့အကောက်ဖြစ်နေတဲ့လမ်းကို နေရာတော်တော်များများမှာရေကျော်နေတာ ချောင်းကြည့်ပေါက်ကမြင်ရတယ်။ ကားက လမ်းအူကြောင်းကို ယူမောင်းနေပေမယ့် ကျွန်တော့်စိတ်ထဲမှာမျက်စိတဆုံးမြစ်ရေပြင်ကြီးကို မြင်နေတော့ကျောထဲအထိကြောက်စိတ်က ၀င်လာတယ်။မမြင်ရတဲ့တနေရာမှာ လမ်းချော်ပြီး ကား ရေထဲဆင်းသွားရင်ဆိုတဲ့အတွေး။ လောကကြီးကိုတာတာ့ပြရုံပဲ။ သံတခါး ၂ထပ်ကိုဖြတ်ဝင်ရတဲ့ အချုပ်ကားထဲမှာလူက ခြေကျင်းဝတ်နဲ့ ဆိုတော့ ရေနစ်ခဲ့ရင် ဆိုတဲ့အတွေး။

ပြည်ရောက်တော့ ပြည်ထောင်ထဲ ၀င်ရတယ် ။ ပြည်ထောင်ကိုများပြောင်းလိုက်တာလား။

မဟုတ်သေးဘူး။ဆက်ထွက်ကြရတယ်။

ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ
အပိုင်း (၂)


ထိပ်ဆုံးက မာဇဒါဂျစ်တစီး ဦးဆောင် ၊လက်နက်အပြည့်အစုံနဲ့ တိုင်းရဲကား ၂စီးရှေ့နောက် ညှပ် ၊ မနက် ၄နာရီလောက်ကတည်းက ခရီးစလာတဲ့ ကျွန်တော်တို့ အချုပ်ကားပြာကြီးဟာ ပြည်ထောင်က ထွက်လာတော့ နေ့လည် ၁နာရီလောက်ရှိပြီ။ လမ်းမှာ ကားခုန်တိုင်း တချို့တင်ပါးဒဏ်ရာတွေကပို နာလို့ထင်တယ်။ ကုန်းကုန်းကွကွ မတ်တပ်ရပ်လိုက်ပြန်ထိုင်လိုက်လုပ်နေတာဦးဇော်ဖေ၀င်း။ ဦးဇော်ဖေ၀င်း( မြန်ညီဒီပါတီ) တင်ပါးကညိုပုတ်နေရုံမက။သူ့အသားကပိုနုသလားမသိဘူး။မီးလောင်ဖုလို အရေကြည် ဖုတွေထပြီး ထိုင်ရတာပိုနာပုံရတယ်။ထိုင်လိုက်ထလိုက်နဲ့။နောင် ရာသီဥတုအေးတာနဲ့ ခြေထောက်တဖက်က ဒဏ်ဖြစ်ပြီး ခတ်ဆွဲဆွဲ လမ်းလျှောက်ရတာတွေ့တယ်။ ပန်းပဲတန်းမြို့နယ်က လူကောင်သေးသေးရှေ့နေဦးသိန်းဟန်ကတော့ သူ့ကိုယ်ပေါ် ထောင်ဝန်ထမ်းတွေ တက်ခုန်တဲ့အကြောင်း ခဏခဏမကြေမချမ်းစမြုံ့ပြန်။ ဗိုလ်ကြီးစိုင်းဝင်းကျော် ကခတ်တည်တည်။ ကျွန်တော်လည်းအတွေးနဲ့ ဘာမှ စကားသိတ်မပြောဖြစ်ဘူး။ ထောင်ဝင်စာတွေ့ခွင့်မရသရွေ့စိတ်ပူနေမယ့်အမေတွေအကြောင်း။ဘယ်ရောက်လို့ ဘယ်ပေါက်။ ဘာတွေ ဆက်ဖြစ်ကြမလဲ။

မွန်အမျိုးသား မကသ - ဥက္ကဌကိုမင်းဇေယျကအသဲကောင်းတဲ့လူ။ သူ့ကျောကုန်းနဲ့တင်ပါးဒဏ်ရာ အနာတွေက ပိုများတယ်။ ရုပ်ပျက်ဆင်းပျက်။ ထောင်က သူ့ကိုတော်တော်အညှိုးတကြီးထားတယ်။ -ရိုက်နေတာကျွန်တော့် မျက်နှာကို အ၀တ်စီးထားပေမယ့် အကြာကြီး-နားထဲမှာ ကြားနေခဲ့တယ်။ အညာသားမလှိုင်နယ်က ဗကသ ကိုညိုထွန်းက စစ်ကြောရေးက ကန်တဲ့နေရာကို ပြန်ထိတယ်ပြောတယ် ။တိုက်ထဲမှာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်တယ်။ ကိုသန်းဇော် ကိုမြင့်ဆွေ(ကျောင်းသား၊အေဘီ အက်စ်ဒီအဖ်ကသေဒဏ်ကျကြိုးသမား၊နောင်အရူးတယောက်လက်ချက်နဲ့ သရက်ထောင်ထဲမှာ ကွယ်လွန်)ကိုဆက်အောင်နိုင်(တကသ ဦးလှရွှေသား) ကိုအောင်ဇော်ရှား(ပဲခူးကျောင်းသား)တို့က လူငယ်ပိုင်းတွေလို့ပြောရင်ရမယ်။ အားလုံး ၁၀ယောက်။

ထောင်သဘာရင့်နေတဲ့ကြိုးသမားတယောက်ကတခြားထောင်တခုရောက်ရင်အ၀င်မှာထပ် အရိုက်ခံရနိုင်သေးတယ်လို့ဆိုလိုက်တဲ့အချိန်မှာအားလုံးငိုင်သွားတယ်။ထောင်အ၀င် ဦးချိုးတာဆိုပဲ။ ပက်ပက်စက်စက်ရိုက်တတ်တဲ့အကျင့်ရှိတဲ့အကြောင်းပြောတော့အားလုံး တွေကုန်တယ်။ ရထားတဲ့ဒဏ်ရာတွေကနာကျင်နေကြပြီ။သွေးအေးနေပြီ။ ထပ်တွယ်ခံရရင်မလွယ်ဘူးဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့။

လက်ပံတန်းကိုကျော်၊အောင်လံမြို့အရောက်ကားကဧရာဝတီကမ်းစပ်ကိုတောက်လျှောက် ထိုးမောင်းချသွားတော့သိလိုက်ကြပြီ။ အောင်လံတဖက်ကမ်းမှာ သရက်ရှိတယ်။ အဲဒီမှာသရက်ထောင်လေ။

ကျွန်တော်တို့ကို ကားပေါ်က ချတော့ အောင်လံစခန်းတခုလုံးက ရဲတွေခေါ်ထားသလားမသိဘူး။ လူတွေကိုဘေးတဖက်တချက်ကနေကိုက်နဲနဲစီခြား ခြံရံပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ငါးတောင့်ထိုး အမေရိကန်ရိုင်ဖယ်ကြီးတွေနဲ့ဝိုင်းချိန်ထားကြတာ။ စကားပြောစက်နဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေ အလုပ်တွေရှုပ်လို့်။

အချိန်သိတ်မကြာလိုက်ခင် အောင်လံမြို့လူထုက မြင်ကွင်းကို အထူးအဆန်းနဲ့ ရုန်းစုရုန်းစု ဖြစ်ပြီး လာကြည့်ကြတာရုပ်ရှင်ရိုက်သလိုပဲ။ ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ကို ဘယ်မှလှမ်းမကြည့်နဲ့ ခေါင်းတွေငုံ့ထားလို့ဟိန်းဟောက်ခြိမ်းခြောက်နေတယ်။ မော်တော် ထဲကိုဆင်းတော့ မော်တော်က ခတ်သေးသေးလေး။လူ၂၀-၀မ်းခေါင်းထဲထိုင်လိုက်တော့ပြည့်သွားတယ် ။မသိမသာခိုးကြည့်တော့ မော်တော် နှုတ်ခမ်းက ရေပြင်နဲ့ နီးနေသလိုလို။ ရဲတွေကလက်ရမ်းဘောင်တွေပေါ်ကနေလက်နက် ကိုယ်စီ အသင့်အနေအထားမှာ။ ဒီကောင်တွေရေထဲခုန်ချထွက်ပြေးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုး။တကယ် ကိုယ့်အတွေးမှာက ဘောင်းဘောင်းထနေတဲ့ ဧရာဝတီမြစ်ပြင်ကြီးကိုကြည့်ပြီး ဒီမော်တော်မှောက်လို့ကတော့ သံခြေကျင်းတွေနဲ့ ငါတို့အားလုံး ခဏလေးမြုတ်သွားမှာလို့ တွေးကြောက်နေခဲ့တာ။

သရက်ဆိပ်ကမ်းကိုတက်လာကြတော့လည်း ကမ်းညွှတ်အောင်လူတွေကြည့်ကြတယ်။ ရဲတွေက စီတန်းပြီးတဖက်တချက်ကနေသေနတ်တွေချိန်ထားတဲ့ ဒီထောင်သားတွေဟာ အတော်ဆိုးတဲ့ ရာဇ၀တ်သားတွေဖြစ်မယ်ဆိုတဲ့အတွေးတွေရှိမလားမသိ။အနီးကပ်လာကြည့်ရင်ဒဏ်ရာတွေလည်းကိုယ်စီ။

သရက်ထောင်ဝင်တော့ကျွန်တော်တို့ ကံကောင်းပါတယ်။ ထောင်ပိုင် က လုပ်သက်ရင့်အရပ်သားထောင်ပိုင် အဖိုးကြီး။ပင်စင်သွားလုဆဲဆဲ။သတင်းတွေအစုံရထားပြီးပြီ။ နောက်မှသိတာ နိုင်ငံခြားသတင်းဌါနတွေ အားလုံးက အင်းစိန်ထောင် ဆန္ဒပြပွဲကို ညတွင်းချင်းလွှင့်ထုတ်နိုင်ခဲ့ကြတယ်။ သူထပ်ထုလိုက် ထောင်းလိုက် လို့ပါ လာပြီးသား အတွင်းကျေ ဒဏ်ရာတွေနဲ့ တခုခုဖြစ်ရင်သူ့ ခေါင်းကိုပုံလာနိုင်တယ်လို့တွက်ပုံရတယ်။ လိုက်ပို့တဲ့ ထောင်မှူးကိုယ်တိုင်ကဆေးမှူး ။ ဒီလူတွေ လမ်းမှာတခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့ အင်းစိန်က ထည့်ပေးလိုက်တာ။။ထောင်ပိုင်ကြီးက ထပ်မထုမထောင်းလိုက်တာ ခုထိကျေးဇူးတင်တယ်။ ကျွန်တော်တို့သရက်ထောင်ရောက်ပြီးနောက်မှပြောင်းလာတဲ့သာယာဝတီက ကိုဂျော်လီထွန်း ။ အင်းစိန်က ၅ည နဲ့ လူ ၁၀၀ ရောက်လာချိန်မှာနောက်ထောင်ပိုင်အသစ်- အထုခံကြရတယ်။

ကျွန်တော်တို့ကို တိုက်ထဲတန်းပို့တယ်။ တယောက်တခန်း ။ ၀မ်းသာလိုက်တာ။ တိုက်ခန်းထဲဝင်လို့တံခါးသော့ခတ်လိုက်တာနဲ့ လူကစိတ်ချမ်းသာသွားတယ်။ လုံခြုံသွားပြီ်။လူ့ အသိစိတ်က အတော်ဆန်းတယ်။ ဒီလောက်တိုက်ခန်းကျဉ်းကျဉ်းလေးထဲ အပိတ်ခံလိုက်ရတာကိုစိတ်မမွန်းကြပ်သွားပဲ စိတ်အေးချမ်းလုံခြုံသွားတယ်ဆိုတာ ထောင်ကျတိုက်ပိတ်နေဘူးသူမှနားလည်နိုင်မယ်။ ဒါထောင်ကပေးတဲ့အသိတခု။

တိုက်တံခါးဖွင့်ထားရင်လူဟာအချိန်မရွေးအရိုက်ခံရအသတ်ခံရနိုင်တယ်။(နောင်ကျွန်တော်တို့နဲ့ပါလာတဲ့ကိုမြင့်ဆွေကတိုက်ခန်းအပြင်ထွက်မျက်နှာအသစ်မှာရိုက်အသတ်ခံ လိုက်ရ တာ။) တိုက်ခန်းတံခါးသော့ခတ်ထားတဲ့အခိုက်ဟာကိုယ့်ကိုယ်ဘယ်သူမှ ရုတ်တရက် အန္တရာယ်ပြုဘို့မလွယ်ဘူး။ ဘ၀ကအခိုက်အတန့် လုံခြုံသွားတယ်ဆိုတဲ့အသိ။

အဲဒီအတွေးဝင်လာရင်သူငယ်ချင်းတယောက်ဆီကခြံလှောင်မွေးတဲ့ ဥစားကြက်တွေကို ပြေးပြေးမြင်တယ်။ ခြံလှောင်ပြီးမွေးတဲ့ဥစားကြက်တွေကို ခြံပြင်ထုတ်လိုက်ရင် သူတို့မနေတတ်ဘူး။ ချက်ခြင်းခြံထဲ ပြန်ပြေး ၀င်တာ တွေ့ဘူးတယ်။ ကိုယ်လည်း ခြံလှောင်ကြက်တွေလိုခံစားချက်ဖြစ်နေတယ်လို့ မကြာခဏ တွေးဖြစ်တယ်။

သရက်ထောင်ကျမှ အ၀တ်တထည်ကိုယ်တခုနဲ့တကယ် အခြေအနေမဲ့ဖြစ်တော့တယ် ။ ထောင်သာပြောင်းပေးလိုက်တာ။ဘာပစ္စည်းမှ ပါမလာဘူး။ အင်းစိန်တိုက်နံပါတ်လေး ကနေ စစ်ခွေးတိုက်။ စစ်ခွေးတိုက်ကနေအခုသရက်ထောင်တိုက်နံပါတ်၂။ ထောင်ပိုင်ကတယောက်ချင်းဒဏ်ရာတွေလိုက်စစ်တယ်။ ဒါပေမယ့်ဘာဆေးမှတော့ မပေးဘူး။ အထက်ညွှန်ကြားချက်လည်းဖြစ်နိုင်တယ်။

ကိုသန်းဇော်နဲ့ ကျွန်တော်အတူတူ သရင်ထောင်တိုက်နံပါတ် ၂ မှာ နေခဲ့ကြတယ်။ သရက်ထောင်က အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီးမှာဆောက်တာဆိုတော့ တိုက်တွေက အိုလှပြီ။မျက်နှာကျက်မှာ လင်းနို့တွေ တွဲလွဲဆွဲ အုပ်ဖွဲ့နေကြတယ်။ ကျွန်တော်အတွက်တော့ စိတ်ဝင်စားစရာ တခုရတယ်အောက်မေ့တယ်။ လင်းနို့အမေတွေကလင်းနို့သား ကလေးတွေချီပိုးထားတာ။ နို့တိုက်တာ။

ခြေကျင်းတချွင်းချွင်းနဲ့၂ပတ်လောက်နေတော့ ရေစချိုးခွင့်ပေးတယ်။ ခြေကျင်းတွေလာဖြုတ်တယ်။ အချုပ်အနှောင်ဘ၀မှာ နောက်ထပ်အချုပ်အနှောင်တခု နဲ့နေရပြီး အဲဒီအချုပ်အနှောင်ကနေ ပြန်လွတ်တဲ့အရသာ။ အဲဒီမှာခံစားလို့ရတယ်။ လွတ်လပ်မှုသေးသေးလေးတခုပြန်ရတာ။

ကျွန်တော်အင်းစိန်က ပါလာတဲ့ဒဏ်ရာတွေမှာမထင်မှတ်တဲ့ လည်ပင်းက ဒဏ်ရာက ခံနေရတယ်။ ၀န်ထမ်းတွေမျက်နှာကို ပုဆိုးအုပ်ပြီးလည်ပင်းကနေလိမ်အရစ်မှာအတော်ကြပ်သွားတယ်။ နောက်- ဆောင့်ဆွဲဆောင့်တွန်းလုပ်ကြတော့လည်ပင်းအစ်ပြီးလည်ချောင်းက အသံအိုးကိုထိခိုက်သွားပုံပဲ။ စကားပြောရင်လည်ပင်းကနာနေပြီးအသံကသိတ်မထွက်ဘူး။ ကျောနဲ့တင်ပါးတွေကဒဏ်ရာတွေက ချက်ချင်း မပျောက်ပဲတလလောက်အထိညိုမဲနေပြီး။ ဒဏ်ရာတွေ တလကျော်တော့ ပျောက်ပြီ။ ထောင်ဝင်စာစတွေ့ခွင့်ပေးတယ်။

အဲဒီမှာ မိဘတွေနဲ့ပြန်တွေ့ခွင့်ရကြ။ အိမ်တွေက အသင့်ယူလာတဲ့ စောင်အ၀တ်အစား စားစရာလေးတွေနဲ့ ဘ၀က ပြန်စိုစိုပြေပြေဖြစ်လာကြ။ နောင်တော့ အပြင်က မိသားစုတွေလည်း ရင်းနှီးကုန်ကြပါတယ်။ သတ်မှတ်ထားတဲ့ရက်ကိုလာတွေ့ရတာဆိုတော့ ထောင်ဝင်စာလာတွေ့ရင်း အပြင်မှာအတူတူစောင့်ရင်း အကျွမ်းတ၀င်ဖြစ်သွားကြတာပေါ့။

ရန်ကုန်ကနေ သရက်ထောင်လစဉ်လာတွေ့ရတဲ့ဒုက္ခက မိဘတွေအတွက် အတော်ကြီးရှာကြပါတယ်။ ကုန်းတတန်ရေတတန်။မိုးတွင်းမှာကြုံရာကူးတို့စီး။ ရေပြင်ကြီးကိုဖြတ်မှရောက်တယ်။အောင်လံဘက်ကမ်းမှာတညအိပ်ပြီးမနက်စောစောထမှ သရက်ထောင်ဝင်စာကို နေ့လည်လောက်တွေ့ရတယ်။ ပြည်ရန်ကုန်ရထားအမှီကားအမှီ ပြန်ဘို့ဧရာဝတီမြစ်ကို ကြုံရာပြန်စီး။ နွေရောက်ပြီဆိုရင် ထောင်ဝင်စာတနင့်တပိုးထမ်းပြီး နေပူပူမှာသဲသောင်ပူပူရှည်ကြီးတွေကိုဖြတ်လာ တွေ့ရတဲ့ ဒုက္ခ။ မိဘတွေညည်းကြတယ်။

ဒီလိုနဲ့ တနှစ်လောက်ရှိတော့ ကိုသန်းဇော်အဖေလေဖြတ်ပြီးဆုံးတယ်။ အသက်သိတ်မကြီးသေးဘူး ။ တပ်ကြပ်ကြီးဟောင်းတယောက်။ ဒီသတင်းကို သူ့အမေက ကျွန်တော်တို့ကို တိုးတိုးတိတ်တိတ်ပေးသွားတာ။ သူ့သားကို ပြောမထွက်ဘူးလေ။

သူက သူ့အမေကို ထောင်ဝင်စာတွေ့ပြီးပြန်လာပေမယ့်အမှုမဲ့အမှတ်မဲ့။ ကျွန်တော်တို့က သတင်းကိုသိနေပြီ။ သူ့မျက်နှာကို ကြည့်ပြီး ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့အချင်းချင်းတိုင်ပင်ကြပါတယ်။ သေဒဏ်ကျထားတဲ့သူတယောက်ကို ထပ်စိတ်ဖိစီးစေတဲ့-ကိစ္စ။ ဒါပေမယ့်ဒါက ကြာကြာဖုံးထားလို့မဖြစ်ဘူး။သူ့အမေပြန်သွား။ ၃ရက်လောက်ရှိတော့ ကျွန်တော်တို့ ရေချိုးဖွင့်ချိန်တခန်းမှာစုပြီးသူ့ကို အားလုံးအလယ်မှာထားပြီးကျွန်တော်ပဲပြောရတယ်။ သူ့အဖေဆုံးပါးသွားပြီလို့ -သူ့အမေထောင်ဝင်ထမ်းတွေကတဆင့်ပြောခိုင်းလိုက်တဲ့ အကြောင်း။

သူမျက်နှာတချက်ပျက်တယ်။နောက်ဘာမှထွေထွေထူးထူးမပြောပါဘူး။ယောင်္ကျားတွေ။ ဒီလိုပဲကြိတ်ခံတာပေါ့။ ကျွန်တော်လည်း စိတ်ထိခိုက်တယ်။ နောင် ၁၀နှစ်ကြာ တော့ ဒီလိုအဖြစ်ကို ကျွန်တော်ကိုယ်တိုင်ရွှေဘိုထောင်မှာကြုံရတယ်။

ကံဆိုးပြန်တာကသဘောကောင်းတဲ့ အရပ်သားထောင်ပိုင်ကြီးကသရက်ထောင်မှာသိတ်မကြာလိုက်ဘူး။

ထောင်ပိုင်အသစ်ဗိုလ်ကြီးသောင်းညွန့်ဆိုတာပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ဘုန်းမြင့်တိုက်ရိုက်ခန့်။စစ်တပ်ကပြောင်းပြီးရောက်လာတယ်။ အဲဒီမှာကျွန်တော်တို့ဂြိုလ်ဝင်တာပေါ့။ အတော်အနေကြပ်အစားကြပ်ဖြစ်တယ်။ သူကထောင်အတွေ့အကြုံလုံးဝမရှိ။ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာမသိဘူး။ သူ့စိတ်ထဲ ကျွန်တော်တို့ကို စစ်မြေပြင်က ဖမ်းမိထားတဲ့ စစ်သုံပန်းလိုထင်ပုံရတယ်။ ပုံစံအပြတ်ကိုင်တယ်။

ကျွန်တော်တို့မှာ နေ့စဉ် ကြိုးသမားတွေနဲ့ စရိုက်မတူပဲနေရတဲ့ဒုက္ခ။ ထောင်က ပုံစံကိုင်တဲ့ဒုက္ခနဲ့ အတော် ငရဲကြီးနေကြတာပေါ့။ရာဇ၀တ်မှုနဲ့ ကြိုးသမားတွေကအချင်းချင်း မကြာခဏ ရန်သတ်ကြတယ်။ သူတို့ရန်သတ်ရင်အသေအကြေလုပ်တတ်တော့ ကိုယ်တွေက ၀င်ထိန်းရတယ်။ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြတယ်။

လုပ်လိုက်လို့ သောက်ခွက်- ရာသီလာသွားမယ်တို့။ နံနိမ့်သွားမယ်တို့။ ပုံစံကို ၀အောင်စားထား တို့ ။ မင်းကို သနားလို့နို့ပေးကိုင်-( ---) ---ရန်မရှာနဲ့ဆိုတာတွေ့က နေ့တိုင်းတချို့ဝန်ထမ်းတွေနဲ့သူတို့ဆီကနေကြားရတယ်။

ဒါပေမယ့် ရာဇ၀တ်မှုနဲ့ကြိုးသမားတွေအများစုက ထောင်ဝင်စာလာတွေ့တာမရှိတော့ အနေအစားမှာကျွန်တော်တို့ကိုမှီခိုရတယ်။ကျွန်တော်တို့ကလည်းဘ၀တူအကျဉ်းသားတွေဆိုပြီးမေတ္တာနဲ့ဆက်ဆံ။ နိုင်ငံရေးအမှု ရာဇ၀တ်မှု မခွဲပဲ အတူတူ မျှစားတော့ သူတို့ကလည်း ခင်မင်လေးစားရှိကြပါတယ်။ သူတို့အပေါ်အထိုက်အလျှောက်ပြောလို့ဆိုလို့ဆုံးမလို့နာခံကြပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့လို။ Amnesty International လိုအဖွဲ့မျိုးက စာတချို့ ကိုသန်းဇော်အမေအိမ်ကိုရောက်။နောက်စကားတွေပြန့်။ဘယ်လိုသတင်းရသလဲမသိဘူး။ သက်ဆိုင်ရာက စာတွေလာသိမ်းသွားတယ်လို့သူ့အမေကပြောတယ်တဲ့

ကိုသန်းဇော်က သူ့အမှုနဲ့ပတ်သက်ပြီးတကယ့်အဖြစ်မှန်ကို သူခံစားရသလို စာရေးတယ်။ စာရွက်ဘောပင်ဆိုတာကတော့ ကျွန်တော်တို့တတွေအသက်။ကျွန်တော်တို့လက်နက်လေ။ ရသလို ရင်းပြီး ရှာဖွေလေ့ရှိတယ်။ ဘောပင်တချောင်းကြောင့် နောက်မှပြောင်းလာတဲ့၅ညတချို့ ထောင်ပိုင် ဦးသောင်းညွန့်ရိုက်တာ သေလုမျောပါးခံရတဲ့အကြောင်း ကိုဝင်းနိုင်ဦးက တချိန်မှာအညတြတယောက်ရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း စာအုပ်မှာပြန်ရေးတာဖတ်ရမယ်။ မဂ္ဂင်ဆရာတော်ကြီးပါ သိမ်းကြုံးအရိုက်ခံခဲ့ရတာပေါ့။

သူရေးထားတွေးထားတာလေးတွေ ကိုသန်းဇော် ကျွန်တော်ကိုပြတယ်။ အင်းစိန်မှာ သူ့အမှုမှန်ကို ရေးပြီးအပြင်အထုတ်မှာထောင်က မိသွားပြီး သူသေလုမျောပါးအရိုက်ခံခဲ့ရပြီးပြီ။ ၀ါယာကြိုးတွေနဲ့ လူကို ချည်ပြီးရိုက်တာ။ ဒါကိုမမှတ်ဘူး။ သရက်ထောင်မှာထပ်ရေးတယ် ။

ကျွန်တော်က သရက်ထောင်မှာ ၃နှစ်ပဲနေရတယ်။ ၁၉၉၃ သြဂုတ်လရောက်တော့လွတ်ရက်စေ့တယ်။ ဘယ်နေ့လွတ်မယ်ဆိုတာ ထောင်ပိုင်က ကြိုမပြောဘူး။ လွတ်မယ့်နေ့ကျမှ နာရီဝတ်လောက်အလိုမှာ ရေချိုးအ၀တ်အစားလဲ။ လွှတ်မယ်လာပြောတာ။

ကိုသန်းဇော်ကျွန်တော်အနားကပ်လာတယ်။ အတူတူအကြာကြီးနေလာပြီး ရုတ်တရက် ခွဲကြရမယ်။ ဘယ်တော့မှပြန်တွေ့ကြမယ်ဆိုတာမသိ။အားလုံးနားလည်တဲ့ကိစ္စ။ ကျွန်တော် ဘာမှ စကားမပြောနိုင်ဘူး။ သူကျွန်တော်ကို ကျစ်ကျစ်ပါအောင်ဖက်တယ်။ နောက် ပါးစပ်ကအကို- ကျွန်တော့်အမှုကို ကမ္ဘာက သိအောင် လုပ်ပေးပါ- အထပ်ထပ်-မှာတယ်- အထပ်ထပ်-မှာလိုက်တယ်။

-အပိုင်း- ၃

ကျွန်တော့်ကိုထောင်ကလွှတ်လိုက်တော့သရက်ထောင်ပိုင်ကနယ်မြေခံထောက်လှမ်းရေးလက်ထဲထည့်။ သူက မှတ်တမ်းနဲနဲ ယူ။ နောက်ရဲစခန်းအပ် ။ ရဲက မော်တော်ဆိပ်လိုက်ပို့။ အောင်လံဘက်ကမ်းကူးတဲ့ ကူးတို့ပေါ် တင်ပေး။ ဘ၀တခုပြန်စကူးခတ်ရပြန်တာပေါ့။ နောက်နေ့မနက် အိမ်ပြန်ရောက်တော့ လင်းအားကြီး။ ဘယ်သူမှအိပ်ယာမနိုးခင်။ အမေဆိုတာဝမ်းသာအယ်လဲ။

ထောင်လွတ်စမှာ တိုက်ထဲအတူနေခဲ့တဲ့ လူတွေ မှာလိုက်သမျှ ကိုယ် မှတ်မိသမျှ လိပ်စာတွေအတိုင်း လိုက်တွေ့။ သူတို့အမေမိဘဆွေမျိုးတွေနဲ့ စကားပြောရတာ တလကုန်သွားတယ်။ ကျွန်တော်ထောင်ထဲ ရောက်နေတဲ့လေးနှစ်တာကာလမှာ တိုးချဲ့လာတဲ့ရပ်ကွက်တွေ၊ ရပ်ကွက်အရွေ့အပြောင်းတွေများလွန်းတဲ့ မဟာရန်ကုန်။ သင်္ကန်းကျွန်း သာကေတ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာနေတဲ့လူတွေကို ပြန်အစ ကောက်ရတာ မလွယ်ဘူး။ တချို့ကတရပ်ကွက်လုံး ဖယ်ရ တခြားပြောင်းရတာဆိုတော့ ဘယ်ရောက်လို့ ဘယ်ပေါက် သွားကြတယ်မသိနိုင်တော့။ ထောင်ထဲကကြိုးသမားတွေဘ၀မှာ သူတို့မိသားစုတွေက သူတို့ ရှိတဲ့ နယ်ထောင်ဝင်စာကိုလိုက်လာ ပြီး တွေ့ဘို့ အင်အားမရှိတာနဲ့ တခါမှမတွေ့နိုင်ကြ။ ကျန်ခဲ့တဲ့သူတို့ ရပ်ကွက်တွေကလည်းဝေးဝေးလံလံရွှေ့သွားဆိုတော့နောင် တချိန်ဒီကြိုးသမားတွေ လွတ်မယ့်၁၅နှစ်။ နှစ် ၂၀ မှာမိသားစုကို ပြန်အစကေက်ဘိှု့ ပြန်ဆုံနိုင်ဘို့ ဘယ်လိုမှ လွယ်မှာမဟုတ်တော့ဘူး။ အားလုံး သုံည ကနေ- တကိုယ်တော်ပြန်စကြဘို့သာရှိမလား ။ ကျွန်တော်သူတို့မိဘတွေကို လိုက်ရှာမတွေ့တော့တဲ့အခါ အဲဒီလိုအတွေးဖြစ်တယ်။

ကိုသန်းဇော်အမေနဲ့အမရယ် ။ သူ့ဖတဆိုး တူမလေးကိုတော့ သူမှာလိုက်တဲ့ တညင် ဘက်မှာ ရှာလို့တွေ့တယ်။ကိုသန်းဇော်အမေနဲ့တနေကုန်စကားပြောတယ်။ရိုးရိုးဗွင်းဗွင်းကြီး။ ယောင်္ကျားကဆုံး။ ကိုသန်းဇော်ကမရှိ။ကိုသန်းဇော်ရှိတုန်းက-ဒီသားက မိသားစုစီးပွါးရေး မှာဦးဆောင်တာ-ခုသူမရှိတော့မိသားစုခက်ခဲတဲ့အကြောင်း။ သမီးမူလတန်းပြ ဆရာမလစာနဲ့နေရတယ်ဆိုတဲ့အကြောင်း အိမ်ကို ရောင်းပြီးနဲနဲဈေးသက်သာတဲ့ဘက်ရွှေ့ဘို့ စဉ်းစားနေတဲ့အကြောင်း။

နောက်တော့တကယ်လည်းသူတို့အိမ်ရောင်းနေရာပြောင်းရရှာတယ်။ သွားလည်တိုင်းတခေါက်ထက် တခေါက်အခြေပျက်နေတာတွေ့တယ်။ ကိုယ်ကလည်း ဘ၀ကို အသစ်တခုပြန်စရ ရုန်းကန်ရဆိုတော့ ဘယ်မှာအချိန်ပြည့် ကူနိုင်မလဲ။ လ္ဘက်ရည်ဆိုင်မှာမိုးလင်းမိုးချုပ်အလုပ်ရှုပ်နေခဲ့တာ။ သရက်ထောင်သူတို့သွားတဲ့ အခါမှာတော့ ၅၁လမ်းစိတ်တိုင်းကျ-ကို သူတို့ဝင်လာတတ်တယ်။ ကိုယ်ကလည်း ၀မ်းသာအားရအမှတ်တရ ကြာကြာခံတဲ့ ပလာတာလေးတွေ ကိုသန်းဇော်တို့စားဘို့ထည့်ပေး။ လမ်းစားရိတ်လေးနဲနဲထောက်။

ကိုယ့်လ္ဘက်ရည်ဆိုင်ကရောင်းကောင်းသလို ထောက်လှမ်းရေးကလည်းနေ့တိုင်း လူလဲနဲ့ ကိုယ့်ကို လာစောင့်ရှောက်ပေးပါတယ်။ ကျွန်တော့်ဆိုင်က ဒီမိုကရေစီသမားတွေနဲ့ ထောက်လှမ်းရေးတွေ- ရ၀တတွေ-သတင်းပေးတွေ နဲ့ ထောင်ထွက်ကျောင်းသားဟောင်းတွေ ခုံချင်းကပ်ကျောပေးထိုင်ရင်း အားပေးကြတဲ့ ဆုံမှတ်တခုပေါ့။အဲဒီမှာ လူထုကတကယ်ချစ်စရာကောင်းတာသိခဲ့တယ်။ တချို့က ထောင်ထွက်မှန်းသိလို့ သက်သက်လာအားပေးတာလို့ ပြောပြီးမှ လ္ဘက်ရည်မှာတယ်။

ဒါပေမယ့်နိုင်ငံရေးကိစ္စက ကျွန်တော်သွေးထဲသားထဲကိစ္စဆိုတော့ကြာကြာမနေရဘူး။ ၉၈အစကျွန်တော် အထူးကုဆေးခန်းတခုကိုတွဲ အလုပ်လုပ်နေတုန်း ကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်ထုတ်တဲ့အမှုပေါ်ပြီး ထောင်ထဲထပ်ဝင်ရတဲ့အခါ ကိုသန်းဇော် မိသားစုနဲ့အဆက်အသွယ်ပြတ်သွားပြီ။ ဒီတခါက ၇နှစ်ကြာသွားတယ်။ ပြန်ထွက်လာတော့ ကိုသန်းဇော်အမေကောအမပါဆုံးပါးသွားကြပြီ။မရှိကြတော့ဘူး။ သူ့တူမလေးက ဘယ်ဆွေမျိုးလက်ထဲပါသွားသလဲ။ဘယ်ရောက်သွားပြီလဲကျွန်တော်မသိတော့ဘူး။

၉၃တုန်းကတော့-ဘဘဦးဇော်ဘယ်တော့လွတ်လာမှာလဲဆိုတဲ့၅နှစ်သမီး- သူ့တူမလေး အမေးကို ကျွန်တော် မကြာခင်လွတ်မှာပါဆိုပြီးဖြီးဖြန်းခဲ့တယ်။ ၂၀၀၄ ရောက်တဲ့အခါ သူ၅နှစ်သမီး မဟုတ်တော့ဘူး။မကြာခင်ဆိုတဲ့ စကားနဲ့ထပ် ပြောလို့နှစ်သိမ့်လို့ ရတဲ့အရွယ်မဟုတ်တော့ဘူး။

ကျွန်တော်လည်းခုတခေါက်ထောင်သက် ၇နှစ်အတွင်းအဖေဆုံးပါး။ အမေကလည်း အသက် ၇၀ကျော်သွားပြီ်ဆိုတော့ လွတ်လာတဲ့အခါ အမေက အားလျော့တဲ့လေသံနဲ့ -"သားကို နောက်ထပ်အမေလိုက်တွေ့ဘို့အားမရှိတော့ဘူး။သားနိုင်ငံရေးကိုစိတ်မပြတ်နိုင်ရင် တိုင်းပြည်ကထွက်သွား။ အမေစိတ်ချလက်ချ သားကိုအဝေးကလွမ်းရင်းနေသွားချင်ပြီ""လို့ မပြောစဖူးပြောတယ်။ကျွန်တော်ရင်နင့်တယ်။

ခက်တာကနိုင်ငံခြားတရားဝင်ထွက်ကြည့်ဘို့ပတ်စ်ပို့ရုံးကသုံးပွင့်တတ်ထားတဲ့သူငယ်ချင်းနဲ့တဆင့်တီးခေါက်းကြိုးစားတာတောင် သူငယ်ချင်းက မလုပ်ပေးနိုင်ဘူး။ခင်ဗျားတို့ကို စိစစ်နေတုန်းတဲ့။ လျှောက်လို့မရ။ ဘယ်လောက်ကြာမယ်မသိ။ ၂၀၀၆ဧပြီမှာကျွန်တော်နယ်စပ်ကိုထွက်လာခဲ့ပြီ။

ကျွန်တော်အိပ်မပျော်တဲ့ကိစ္စတွေမှာကိုသန်းဇော်တို့အကြောင်းတွေအများကြီးစိုးမိုးတယ်။ကိုသန်းဇော် ခေါင်းမကြာခဏကိုက်တဲ့ဒဏ်က ပိုဆိုးနေပြီလား ။ သူ့ကို ဘယ်သူသွားတွေ့ဘို့ ရှိသလဲ။ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။

သူကိုယ်တိုင်ရေးထားတဲ့ သူ့အမှုဖြစ်စဉ်ကို တော့ သက်ဆိုင်တဲ့ဥပဒေဌါနတခုကို ပို့ပေးခဲ့တယ်။ ဒါပေမယ့်လည်း ဥပဒေဆိုတာ စစ်အစိုးရက ကြိုက်သလိုလုပ်နေတဲ့တိုင်းပြည်မှာ ဘယ်အချိန်ကျမှ ဥပဒေအကာအကွယ် ဥပဒေအထောက် အပန့်သူတို့ရမှာလဲ။

သူနဲ့ညီညီဦးကို သေဒဏ်နဲ့ တကျွန်းချထားတာဆိုတော့ လွတ်ငြိမ်းသက်သာအမိန့်လာတဲ့အခါ သေဒဏ်က နှစ် ၂၀ ဖြစ်ပါတယ်။ တကျွန်းက ၁၀နှစ်ဖြစ်တယ်။ ဒီတော့ သူတို့ ၂ယောက်က နှစ် ၃၀ အခုဆက်ခံစားနေရတာပေါ့။ မိုးကျော်သူလေးက သေဒဏ်က နေ တကျွန်းပြောင်းတော့ နှစ် ၂၀ ။ အခုသူလွတ်သွားပြီ။

ဒေါက်တာ ထွန်းသူတို့ ၁၆ယောက်လည်း တကျွန်းကျနေရာက လွတ်ငြိမ်းသက်သာလာတော့ ၁၀ နှစ်ဖြစ်ကုန်ပြီး အခုအကုန်လွတ်သွားကြပြီ။

ညီညီဦးကတောင်ငူထောင်မှာလေဖြတ်ခံရတယ်ကြားတယ်။ စိတ်ဘယ်လောက်ဆင်းရဲဖိစီးပြီး အသက်ငယ်ငယ်မှာလေဖြတ်ခံရနိုင်သလဲ။ သရက်ထောင်က လွတ်လာသူတိုင်းကိုကြုံရင် ကိုသန်းဇော်အကြောင်းမေးဖြစ်တယ်။သူကကျွန်တော့်ရင်ထဲကလွမ်းဆွတ်နေတဲ့ညီလေးတယောက်။ သိတ်စိတ်ကောင်းရှိတယ်။ အနစ်နာခံချင်တယ်။။ တာဝန်ခံတတ်တယ်။ စွန့်စားချင်တဲ့လူငယ်တယောက်။ သူနဲ့ ကျွန်တော် မီးပြင်းထဲကိုဖြတ်တဲ့ စမ်းသတ်ပွဲတွေကနေ သူကိုကျွန်တော်ဖတ်ခဲ့တယ်။

ကိုသန်းဇော်ဘယ်လိုနေလဲမေးရင်စိတ်ထိခိုက်နေတယ်ဖြေတဲ့လူများတယ်။ရေဒီယိုမိလို့ ထောင်၆လ ထပ်ချထားသေးသတဲ့။ကျွန်တော်ခန့်မှန်းမိတယ်။ကျွန်တော်ဆိုရင်လည်းစိတ်ထိခိုက်မှာပဲ။ရူးချင်လည်းရူးသွားနိုင်တယ်။ အင်္ဂလန်က ကိုယ်နေတဲ့ မြို့ ကောလိပ်ညနေ COURSE တွေမှာ COUNSELLING COURSE တွေတက်ဖြစ်တော့ အတန်းဖေါ်တွေက ဘ၀ပြသနာတွေတင်လာတာကို နားထောင်ရတဲ့အခါ ကျွန်တော် ခံစားလို့မရတာတွေဖြစ်တယ်။ပုရွက်ဆိတ်တန်ဆာအနာလုပ်တယ်နေတယ်လို့ မကောင်းတဲ့အတွေးတွေ ၀င်လာတတ်တယ်။ ငါလည်း ဆေးကုဘို့လိုတယ်။ ငါ့ညီကျတော့ ဘယ်လိုပြန်ကုမလဲ။ ၂၃နှစ်သား ဘ၀တခုကို အခု ၂၃နှစ်ပေါင်းလိုက်တဲ့အခါ အဲဒီဆုံးရှံးမှုကာလကြီးဟာ ဘာနဲ့ ပြန်အစားထိုးမလဲ။ ဘာနဲ့ဆက် တန်ဖိုးဖြတ်မလဲ။

ထောင်ကျတာမဆန်းပါဘူး ဘာမှမဖြစ်ပါဘူးပြောတဲ့လူတွေ။ မထိတထိကော်မင့်တွေတခါတလေ ဖတ်မိတဲ့အခါ ကျွန်တော်ကတော့ ထောင်ထဲတလှည့်ပြန်ရောက်သွားတဲ့ ထောက်လှမ်းရေးတွေရယ် ကျန်ခဲ့တဲ့ သူတို့ မိသားစုဘ၀တွေကို ပြေးပြေးမြင်လိုက်တယ်။

၂၀၀၄ နိုဝင်ဘာ ကျွန်တော့်ကို ရွှေဘိုထောင်က လွှတ်ပေးတော့ ၇ နှစ်ချထားတာ ပြည့်ဘို့ ၂လအလိုမှာပေါ့။ထောင်သက်၅နှစ်လောက်အရမှာလက်မှတ်ထိုးထွက်ဘို့ဆိုပြီးထောက်လှမ်းရေးကလာကြိုးစားတယ်။နယ်မြေခံအရာခံဗိုလ်ကကိုယ်ဖြေလိုက်တဲ့အဖြေကိုစိတ်ဆိုးပြီးထောင်ထဲမှာသေသွားချင်သလားလို့ပြောတယ်။မကြာခင်မှာကျွန်တော်တီဘီရောဂါရတယ်။ တီဘီအတွက်ဆေးကုဘို့ထောက်လှမ်းရေးကလာတွေ့တော့လည်းသူပဲ။လူကိုထောင်အကြိမ်ကြိမ်ကျပြီးထောင်မှာသေမယ့်လူလို့ပြောတယ်။

ကျွန်တော်လွတ်တဲ့အချိန်က-သူထောင်ထဲပြန်ဝင်ရတဲ့အချိန်ပေါ့။သူတို့ထောက်လှမ်းရေး တဖွဲ့လုံးထောင်ထဲရောက်ကြ။ အလုပ်တွေအနားပေးခံရချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း ထိပ်ကပါတယ်။ဗိုလ်ချုပ်ခင်ညွန့်လက်ထက် မှားယွင်းစစ်ဆေးမိခဲ့တဲ့အမှုတွေ စိစစ်ပြန်လွှတ်ပေးမယ်လို့ သတင်းစာက ဖေါ်ပြတယ်။ကိုသန်းဇော် ကိုညီညီဦးတို့ကို ပြန်လွှတ်လိုက်မလား မသိမသာ တွေးမိသေးတယ်။ ရွှေဘိုထောင်ကကျွန်တော်နဲ့အတူ- ၈၁ယောက်လို့ထင်တယ်။ လွှတ်ပေးတာ။ ကျွန်တော့်ကို လွှတ်တဲ့အချိန်မှာတခြားဘယ်၅ညမှ မပါဘူး။ လွတ်ခါနီး ၂လအလိုရောက်နေတဲ့ကျွန်တော်တယောက်ပဲလွတ်တယ်။

ပြီးခဲ့တဲ့သက္ကရာဇ်၂၀၁၀ နှစ်ထဲ ဗိုလ်ချုပ်ခင်ညွန့်ကို အိမ်ကနေလာခေါ်တဲ့ ဗီဒီယိုအပိုင်းတခု ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကိုထောက်လှမ်းရေးတွေ လှစ်ထုတ်လိုက်တယ်။ ဘာကိုပြောချင်တာလဲတော့ မသိဘူး။ ရွေးကောက်ပွဲမစခင်လေးဆိုတော့ လူတွေအာရုံပြားအောင်ဖန်တီးချက်တခုလည်းဖြစ်နိုင်တယ်။ အဲဒီမှာအိမ်ကခွါကာနီး။ မြေးကလေးတွေမိသားစုတွေကို နှုတ်ဆက်တဲ့အခန်း။ ၀မ်းနဲစရာကောင်းတယ်။ ကျွန်တော်လည်းစိတ်မကောင်းဘူး။ မိသားစုနဲ့ ခွဲခါနီးကိစ္စ ကျွန်တော်တို့ အကြိမ်ကြိမ်ခံစားခဲ့ရတာပေါ့။

သားတွေ သားမက်တွေနဲ့ ကွဲနေတဲ့အကြောင်းဦးခင်ညွန့်ထည့်ပြောတဲ့အခန်းလေး။ သူကအပုံကြီး တော်သေးတာသူမသိဘူး။ဒေါ်ခင်ဝင်းရွှေလိုက်ခွင့်ရတာကံကောင်းတာပေါ့။ သူ့ဘ၀မှာ သူများတွေ အကြောင်းတခါမှထည့်စဉ်းစားခဲ့ဘူးပုံမရဘူး။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တယောက်။ ကံကံရဲ့အကျိုးကိုယုံတယ်။ ၀ဋ်ဆိုတာရှိတယ်။

ဦးခင်ညွန့်အခွေကို ကြည့်ပြီးသနားပါတယ်လို့ ကွန်မင့်ပေးတဲ့လူတွေ- ကိုသန်းဇော်တို့အတွက်လည်း ကွန်မင့်ဝင်ပေးစေချင်တယ်။တချို့ကမျက်နှာကြီးမှ သနား တတ်ကြစိတ်ဝင်စားကြတာလား။ ကိုသန်းဇော်တို့အမှုစစ်တုန်းကထောက်လှမ်းရေးတွေ ခုဆိုအားလုံးအလုပ်ပြုတ်ထောင်ကျဖြစ်နေကြတယ်ီ။ အမှုတခုကို သူတို့ ကိုင်ရင်အနည်းဆုံး ၆ယောက်ကိုင်လေ့ရှိတယ် ။ သမတလူကြမ်းလို ထိုးကြိတ် သတ်ပုတ်တာဝါသနာပါသူ၃ယောက်။ ချော့မော့ပြောတတ်သူ ၃ယောက် တလှည့်စီ ။ အမှုစစ်ပြီးအချက်အလက်ရှာတည်ဆောက်ကြတယ်။ သူတို့အထက်မှာသူတို့ရေးတဲ့အမှုကိုဖတ်ပြီး ရက်စ်-နိုး-အိုကေနဲ့မေးခွန်းတွေချပေးတဲ့ အရာရှိလူကြီးတွေရှိတယ်။ ကိုသန်းဇော်တို့ကို လုပ်ကြံတာ တယောက်ထဲမဟုတ်ဘူး။ အမှုအမှန်ကို သိတဲ့လူတွေအများကြီး။ ဘယ်တော့အမှန်ကိုဖေါ်ထုတ်မလဲ။ ဘယ်သူဖေါ်မလဲ။အဲဒါဟာကျွန်တော်ဘ၀မှာသိတ်အရေးကြီးတဲ့ ထာဝရ စောင့်ကြည့်နေတဲ့ အလုပ်တခု ဖြစ်ပါတယ်။

ဗိုလ်မှူးကိုကိုနိုင်အမှုကို စစ်တဲ့ဘက်မှာလည်း ဗိုလ်မှူးကိုကိုနိုင်နဲ့အတူထောင်ကျတာ အမှုတွဲ၃ယောက် ရှိတယ်လို့ သိထားတယ်။ ဗုံးထောင်ဘို့စီစဉ်သူ။ လုပ်သူ။ သွားပို့သူ။ ။သူတို့တဦးချင်းကိုစစ်ရတဲ့ ထောက်လှမ်းရေးအဖွဲ့တွေအများကြီး။သူတို့အထက်က အမှန်ကိုသိတဲ့ တပ်မှူးတွေအများကြီး။ဘယ်အချိန်ထိ နှုတ်ပိတ်သွားမှာလဲ။ ဘာလို့အပြစ်မဲ့သူတွေကို လုပ်ကြံခဲ့ ရက်စက်ခဲ့တာ- သိသိနဲ့ နေခဲ့ကြတာလဲ ။

အခု( ၁၂.၁၀.၂၀၁၁) ထောင်ကနေ အသုတ်လိုက်လွှတ်ပေးနေပြီလို့ ကြားတယ်။ ကိုဇာဂနာလွတ်ပြီ။ ကိုမင်းကိုနိုင် လကုန်ကာနီးအသုတ်မှာပါမယ်။ ရွှေဘိုက ကိုကြည်သာထွန်း ကိုကျော်မင်းသန်း ဘုန်းဘုန်းဦးသု ဘုန်းဘုန်းမြင့်ဇော် တို့ကို စာရင်းမှာတွေ့တယ်။

ကျွန်တော် ကိုသန်းဇော်နဲ့ ကိုညီညီဦးကိုမျှော်နေတယ်ဗျာ။ လုပ်ကြဦး။

ခွန်ဆိုင်း ( ၁၂.၁၀ . ၂၀၁၁)



0 မြစ်ဆုံ အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ဟု ကချင် ကွန်ယက်အဖွဲ့ ပြော


စောခါးစူး (ကေအိုင်စီ)

မြစ်ဆုံစီမံကိန်း၏ လုပ်ငန်းခွင်တွင် အခြေခံဆက် သွယ်ရေးလုပ်ငန်းများ ဆက်လက် ရှိနေခြင်းသည် အမှန်တကယ် ဆိုင်းငံ့ခြင်း မဟုတ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့(KDNG) က ယနေ့ ပြောကြားလိုက်သည်။


Myintsone_Dam_mapမြန်မာအစိုးရက မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားသည်ဟု ပြောသော်လည်း လတ်တလော ဆည်တည် ဆောက်ရေး အမှတ်(၇) နေရာ တောင်ဘက်ပိုင်းတွင် မြေလေ့လာ တိုင်းထွာခြင်းများဆက်လက်လုပ်ဆောင် နေသည်ဟု KDNG ၏ ပြောခွင့်ရ အားနန် က ပြောသည်။

၎င်းက “လုပ်ငန်းခွင်မှာ လုပ်ဆောင်မှု ဆက်ရှိနေတာကိုကြည့်ရင် ဆိုင်းငံ့တယ်ဆိုတာ မယုံဘူး။ တကယ် တမ်း မြစ်ဆုံရေကာ တာ တည်ဆောက်ရေးကို ဆိုင်းငံ့ထားတယ်ဆိုရင် တရုတ်ကုမ္ပဏီဘက်ကလည်း တရားဝင် ကြေညာချက် ထုတ်ပြန်မှသာ ကျမတို့ ယုံမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြစ်ဆုံစီမံကိန်းအတွက် အထောက်အကူပြုစေသည့် ဘူဒိုဇာ(မြေတူးကား)၊ ကုန်တင်ကား၊ ဘိလပ်မြေကြိတ်စက်နှင့် တရုတ်အလုပ်သမားအချို့တို့ ဆက်လက် တည်ရှိပြီးလုံခြုံရေးတင်းကြပ်မှုများ လည်း ယခင် အနေအထားအတိုင်း ဖြစ်သည်ဟု KDNG က ပြောသည်။

တဆက်တည်း၌ပင် မြစ်ဆုံဆည် ဆောက်လုပ်ရေးနေရာတွင် ရွှေတူးဖော်ရေး လုပ်ငန်းကိုလည်း တရုတ် ကုမ္ပဏီဘက်က ဆက် လက် လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် စီမံကိန်းရပ်တန့်မည့် အရိပ်အယောင် မတွေ့ရသဖြင့် မြစ်ဆုံဒေသရှိ ကချင်ရွာသူရွာသားများ၏ အနာဂတ်အတွက် မသေချာ မရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများမှာ ရှိနေဆဲဖြစ်သည်ဟုလည်း KDNG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မြစ်ဆုံဆည် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး သမ္မတပြောခဲ့တဲ့အပေါ် ကျနော်တို့ ယုံကြည်မှုမရှိဘူး။ ဆောက်လုပ် ရေးနယ်မြေမှာ အလုပ်သမားတွေ၊ ဆည်ဆောက်လုပ်မယ့် စက်ကိရိယာတွေကို ကျနော်တို့ အခုထိ တွေ့ နေရတုန်းပဲ။”ဟု ဒေသခံ ကချင်ရွာ သားတဦးက ကြေညာချက်တွင် ပြောဆိုထားသည်။

အားနန်က မြစ်ဆုံရေကာတာ စီမံကိန်းဆည် ၇ခုလုံးသည် မြစ်ကြောင်းကို အမှီပြုနေကြသည့်ပြည်သူသန်း ပေါင်းများကို ထိ ခိုက်စေသည့်အတွက် တရားဝင် ရပ်တန့်မှုရှိသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် မိုးရာသီကုန်လျှင် စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှု ကော်ပိုရေးရှင်း(CPI) ၀န်ထမ်းတဦးကို ကိုးကား၍ KDNG ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြစ်ဆုံရေကာ တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ခုနှစ်တွင် မြန်မာနှင့် တရုတ်အစိုးရတို့ကသဘောတူညီ မှုရရှိပြီး လျှပ်စစ်စွမ်း အား စုစုပေါင်း ၁၃,၃၆၀မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်။ မြစ်ဆုံရေကာတာစီမံကိန်း အတွက် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာဘီလျံ ၂၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ရင်းနှီးမှု အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

0 အ၀င်ရှိရင်အထွက်ရှိမှာပေါ့


ကျိုင်းတုံထောင်မှာ အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ကို ကျိုင်းတုံထောင်မှာ ထောင်ဝင်စာလာတွေ့တဲ့ ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နဲ့ကျိုင်းတုံမှာ သတင်းရယူရန်ရောက်ရှိနေတဲ့ The Messenger ရဲ့ အယ်ဒီတာက အခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-အခု ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။

Dkkn- သူ့မှာ ဇက် ကျီးပေါင်း၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းတာ ဖြစ်နေတယ်။ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်ဘူး၊ အရမ်းမြန်တယ်။

M- လွတ်ငြိမ်းချမ်းသာခွင့် သတင်းထုတ်ပြန်တော့ ကိုမင်းကိုနိုင် ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားလား။
Dkkn- ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ အများကြီးတော့ မမျှော်လင့်ထားဘူး။


M- ထောင်ဝင်စာက တစ်လတစ်ကြိမ်တွေ့တာလား။
Dkkn- တစ်လတစ်ကြိမ်တော့ မဟုတ်ဘူး။ ခါတိုင်းဆို သုံးလတစ်ကြိမ်လာတွေ့တယ်။ ဇန်န၀ါရီ၊ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာ သုံးလတစ်ကြိမ်၊ အရင်နှစ်တွေက တွေ့တယ်။ ဒီနှစ်ကျတော့ ရာသီဥတုကလည်း ဆိုးတယ်။ သူကလည်း ရာသီဥတုအခြေအနေကြောင့်လာမတွေ့စေချင်ဘူး။ ပါဆယ်ပဲ ပို့ဖြစ်တယ်။ ဇန်န၀ါရီ၊ ဧပြီလ လာပြီးတော့ အခုမှ လာဖြစ်တယ်။ ကြားထဲမှာ ခြောက်လကြာသွားပြီပေါ့။

M- ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ထောင်ကဘယ်လို ကုသမှုပေးသလဲ။
Dkkn- သူတို့ ဆေးမှူးရှိတယ်။ ဖြစ်တယ်ဆိုရင်တော့ စမ်းပေးတယ်။ ခေါင်းတွေဘာတွေမူးတယ်၊ နေမကောင်းဘူးဆိုရင် ချက်ချင်းလုပ်ပေးပါတယ်။ ထောင်မှာလည်း ပုံမှန်ဆေးမှူးရှိတယ်။

M- ကိုမင်းကိုနိုင် မလွတ်မြောက်သေးတဲ့ အပေါ်မှာ မိသားစုဝင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။

Dkkn- အ၀င်ရှိရင် အထွက်တော့ရှိမှာပေါ့။

M- အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

The messenger Journal

0 အိန္ဒိယနှင့် သန်းငါးရာတန် စာချုပ်ချုပ်ဆို

source: India Vision
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ်Manmohan Singh တို့သည် မြန်မာပြည်တွင် ဆည်မြောင်းစီမံကိန်းများအပါဝင် အခြားသောစီမံကိန်းများ အကောင်အထည်ဖေါ်ရန်အတွက် သန်းငါးရာတန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ မကြာသေးမီကလည်း ရထားလမ်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်မီးလိုင်းနှင့် ရေနံချက်စီမံကိန်းတို့အတွက် သန်းသုံးရာဖိုး စာချုပ်ချုပ်ဆိုခဲ့ကြဖူးကြောင်း သိရှိရသည်။


အိန္ဒိယနိုင်ငံက မြန်မာပြည် ရေဆင်းဒေသတွင် အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာပေးဌါနဖွင့်လှစ်ရန်၊ မန္တလေးတွင် ဆန်စပါးဇီဝဥယျာဉ်နှင့် IT သင်တန်းကျောင်းများ ဖွင့်လှစ်သွားရန်အတွက်လည်း လျာထားကြောင်းသိရသည်။ ထို့အပြင် စစ်တွေတွင်ပြုလုပ်လျက်ရှိသော သန်း ၁၂၀ တန်ရေနက်ဆိပ်ကမ်းကိုလည်း ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်လည်ပတ်အသုံးပြုနိုင်ရန် ဆောက်လုပ်မှုကို အရှိန်အဟုန်မြှင့်တင်သွားကြရန် နှစ်နိုင်ငံ သဘောတူခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးမှုများပြီးဆုံးသွားသောအခါ ရန်ကုန်ကလေးဆေးရုံနှင့် စစ်တွေအထွေထွေဆေးရုံတို့ကို အဆင့်မြှင့်သွားကြရန်နှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍတို့တွင် ၂၀၁၂ မှ ၂၀၁၅ အထိ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြရန် ကတိကဝတ်ပြုလက်မှတ်ရေးထိုးကြကြောင်း သိရသည်။
..........................................................

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသွားမည်

source: Reuters
မြန်မာ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် လာမည့်အပတ်ထဲတွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌါနသတင်းများအရ သိရသည်။ ဂျပန်နိုင်ငံက မြန်မာပြည်မှ ရှားပါးတွင်းထွက်သတ္တုများနှင့် အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်းသိရသည်။

greenwood (MMCP)

Friday, October 14, 2011

0 Htun Aung Gyaw's Request to Thein Sein

0 တကယ်စေတနာမှန်ရင် နိုင်ငံရေး ကစားဖို့မလိုဘူး။


မြစ်ဆုံဆည်ကိစ္စမှာ ကိုယ့်ချွေးနည်းစာတွေနဲ့ ၀ိုင်းလျော်ပါမယ် လို့ ပြောတတ်ကြတဲ့ ပြည်သူတွေကိုတသက်လုံး ဘာလုပ်လာ လုပ်လာ ကောင်းကွက်လေး တခုတလေလောက်လုပ်လိုက်တာနဲ့သောင်းသောင်းဖျဖျ လက်ခုပ်တီးတတ်ကြတဲ့ ဒီလို ပြည်သူမျိုးတွေကို...ဘာလို့များ မာယာတွေ လှည့်စားမှုတွေ သုံးနေမလဲဗျာ။
တကယ် လိုနေတာက စေတနာ မေတ္တာမှန်၊ ကိုယ်ချင်းစာနာစိတ်၊ ရိုးဖြောင့်မှုတွေပါ။

လောလောဆယ်ကို ခင်ဗျားတို့လက်ထဲမှာ လက်နက်တွေနဲ့ တိုင်းပြည်ရဲ့အာဏာ ကို ဆုပ်ကိုင်ထားနေတာပါ။
ယုံယုံကြည်ကြည်နဲ့ တကယ့်စိတ်ရင်းစေတနာမှန်နဲ့ လွှတ်ပေးလိုက်စမ်းပါ။
ပြီးခဲ့တဲ့ နှစ် ၂၀ စာ လုပ်ရပ်တွေအတွက်လည်း ရိုးဖြောင့်စွာနဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။

ဝန်ချတောင်းပန်လိုက်စမ်းပါ။

စိတ်ပါလက်ပါနဲ့ မှားခဲ့ပါတယ် လို့ ၀န်ချတောင်းပန်လိုက်ရုံနဲ့ လူတွေအများကြီးသေကျေပျက်စီးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ အနိဋ္ဌာရုံဖြစ်ရပ်တွေအတွက် ဂျပန်နဲ့ကိုရီးယားတို့ နားလည်မှုတွေ ထူထောင်နိုင်ခဲ့တယ်။

ဒီလို အပြုအမူကောင်းတွေကို သင်ခန်းစာယူပြီး သမိုင်းသစ်တခုကို တည်ဆောက်စေချင်ပါတယ်။

“ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး ဆိုတာ. . . သင်ပုန်းချေရေး မဟုတ်ဘူး”လို့ ဆရာဒဂုန်တာရာ က ပြောလိုက်လေရဲ့။

မတရားမမျှတမှုတွေဆိုတာ သင်ပုန်းချေလိုက်ရုံနဲ့ ပြီးမသွားဘူး။
ငြိမ်းချမ်းရေးအတွက် အာဃာတတွေ အငြှိုးအတေးတွေနဲ့ ကလဲ့စားချေတုန့်ပြန်မှုတွေမလိုအပ်သလို..
မတရားမမျှတ မှားယွင်းမှုတွေကို ၀န်ချတောင်းပန်ဝန်ခံပြီး၊ ဒီဖြစ်ရပ်မျိုးတွေ နောက်နောင် ဘယ်တော့မှ ပေါ်ပေါက်မလာရအောင် ၀ိုင်းဝန်းတည်ဆောက်ကြဖို့လည်းလိုအပ်ပါတယ်။

တကယ့်စိတ်ရင်းစေတနာကောင်းနဲ့ စာနာမှုတွေနဲ့၊ ရိုးဖြောင့်မှုတွေနဲ့သာ ပြည်သူ့ဆန္ဒကို ရှေ့တန်းတင်စေချင်ပါတယ်။

ချိုတူးဇော်

0 မိုးသောက်ငှက် အိမ်အပြန်


မိုးသောက်ငှက် အိမ်အပြန် တေးရေး - ကိုဖြူ တေးဆို - ရဲရင့်(ပုရစ်) လှောင်ချိုင့်ထဲကတေး အယ်လ်ဘမ် မှ၊ ဘ၀တက္ကသိုလ်တေးထုတ်လုပ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊

In Burma's jails, there are more than 2000 political prisoners who are imprisoned because of their political conscience and belief and sentenced to draconian prison terms after unfair trials. All are held in poor conditions, ...and are at risk of torture and other ill-treatment. Conditions in Burma’s prisons are harming the health of the political prisoners but access to medical treatment is severely limited. Most are denied adequate food and are therefore malnourished. In support of the national reconciliation process and a genuine democratic transition, the new government must release all those political prisoners without delay. Let's stand together with our unsung heroes of Burma. Please support the cause to release all the political prisoners immediately and unconditionally. Credit to AAPP & everyone who owned or created the images that I used in this video clip. Thank you for watching! NCA

0 "ဆိုင်ကယ်စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်"

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” အတွင်း ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်
ငွေကြာယံ ကျောင်းတိုက်ကို လုံထိန်းရဲများနှင့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးခဲ့သည်။

အစိုးရကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို ဦးဆောင်သူများဟု စွပ်စွဲပြီး ထောင်ချခံရသည့် ဦးဇင်းတပါးဖြစ်သော ဦးဣဿရိယ (ငွေကြာယံ)မှာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင်မှ ဗုဒ္ဓဟူးနေ့တွင် လွတ်မြောက်လာခဲ့သည်။

ခြောက်နှစ်ခွဲ ထောင်ဒဏ်ချခံရပြီးနောက် လေးနှစ်ကျော်အကြာတွင် လွတ်မြောက်လာခဲ့သော ထောင်တွင်း ရဟန်း ဝတ်ချွတ်ခြင်းခံခဲ့ရသူ ဦးဣဿရိယကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။



အရှင်ဘုရားရဲ့ ဘွဲ့အမည်နဲ့ ဘယ်လိုဖြစ်ပြီး အကျဉ်းကျခဲ့ရတယ်ဆိုတာ သိပါရစေဘုရား။

“ဦးဇင်း ဘွဲ့အမည်ကတော့ ဦးဣဿရိယ ပါ။ လူနာမည်ကတော့ အောင်ကိုငြိမ်း။ အဖမ်းခံရတာကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် စီတန်း လှည့်လည်တဲ့ အထဲမှာ ပါတာပေါ့။ ပါတော့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးဇင်းတို့
ကျောင်းကို တကျောင်းလုံး ဝင်စီးတာလေ။ အဲဒီအထဲမှာ ဦးဇင်းလည်း ပါသွားတယ်ပေါ့။ အဲဒီအထဲမှာမှ ဦးဆောင်တဲ့ ကိုယ်တော်ခုနှစ်ပါးကို ရွေးထုတ်ပြီး ထောင်ခြောက်နှစ်ခွဲ ချတော့ ပါသွားတာပေါ့”

saffron

၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြနေသည့် သံဃာတော်များကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

အဖမ်းခံရပုံနဲ့ စစ်ကြောရေးမှာ တွေ့ကြုံခဲ့ရပုံကို ပြန်ပြောပြနိုင်မလား ဘုရား။

“အဖမ်းခံရတဲ့ စက်တင်ဘာ ၂၆ ရက်ည ၁၂ နာရီ ဝန်းကျင်မှာ ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ် … အနိဋ္ဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူတော့ပါဘူး။ သံဃာ
တွေကို ဝင်စီး၊ ဆွဲထုတ်တာတွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်တွေ ဆိုရင် ဆွဲချတော့ သင်္ကန်းတွေ
လည်း မရှိတော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက်ပြီး တိရစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကြောရေးရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်းလေး ပြန်စီးပေးတာ”

“ဦးဇင်းတို့တွေ ဆိုရင် စစ်ကြောရေးမှာ ဝင်ကတည်းက လူဝတ်လဲပစ်လိုက်ပြီး သုံးလလောက် ဖိနပ်မစီးရဘူး။
သူတို့က ဘုန်းကြီးမှန်း ဘာမှန်းတွေလည်း မသိကြဘူး။ ဆိုင်ကယ် စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်။
ခြေထောက်နဲ့ ကန်တာ ကျောက်တာတွေကတော့ တော်တော်များတယ်။ တကိုယ်လုံးကို မဲနေအောင်ကို လုပ်ကြ တာ။ ပြန်ပြောရတာတောင် စိတ်ထဲ မချိဘူး ဒကာကြီးရယ်။ နှိပ်စက်ခံရတာကတော့ ဦးဇင်းတို့ ငွေကြာယံကျောင်း တိုက်က မိတဲ့ကိုယ်တော်တွေ အကုန်လုံးပါပဲ။ နောက်ပိုင်း ဓါတ်ပုံတွေထဲမှာ ပါလာတဲ့ ဦးဇင်းလေးတွေလဲ ဖမ်းပြီး
နှိပ်စက်ထောင်ချခံရတာပဲ”


ရွှေဝါရောင် နှစ်ပတ်လည် လေးနှစ်ကျော်သွားပြီ ဆိုတော့ သပိတ်မှောက်ခဲ့တာက ပျက်ပြယ်သွားပြီ
လို့ သဘော သက်ရောက်လား။


“ဘယ်တော့မှ ပျက်ပြယ် မသွားပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို ဆူပူသောင်းကြမ်းတဲ့နည်းနဲ့ မဟုတ်ပဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ရဟန်း၊ သံဃာတွေနဲ့ ပြည်သူလူထုကို
အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အတွက် သံဃာနဲ့ လူထုက ဘယ်တော့မှ ဒီမြင်ကွင်းကို မေ့ပျောက်
လို့ ရမှာမဟုတ်ပါဘူး။ ရွှေဝါရောင် မျိုးဆက်တွေက ဘယ်တော့မှ ပျောက်ပျက် မသွားဘူးဆိုတာ ဦးဇင်း ယုံကြည် ပါတယ်”


အခု အရှင်ဘုရားတို့နဲ့ အတူ နိုင်ငံရေး အကျဉ်းသား တခြားဘယ်သူတွေများ ပါသေးလဲဘုရာ့။ ကျန်နေခဲ့တာရော ရှိလား ဘုရား။

“အခုဦးဇင်းတို့ ကျိုင်းတုံက အကျဉ်းသား အယောက် ၁၄၄
ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ်
… အနိဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူ
တော့ပါဘူး။ သံဃာတွေကို ဝင်စီး၊ ဆွဲထုတ်တာ
တွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်
တွေဆိုရင် ဆွဲချတော့ သင်္ကန်းတွေလည်း မရှိ
တော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက် ပြီး တရိစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကျောရေး
ရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်း
လေးပြန်စီးပေးတာ။
ယောက်ထဲက ယုံကြည်ချက်နဲ့ အကျဉ်းကျနေတဲ့သူက
ဦးဇင်းရယ်၊ ဦးဝင်းဆွေ - အင်းစိန် NLD၊ ဦးသုတဉာဏ
(ခေါ်) ဦးသန်းဇော်၊ သူလဲ ဘုန်းကြီးပဲ။ ကိုစိုးမင်းဦး
ရွှေပြည်သာ NLD လူငယ်အဖွဲ့ကရယ်ပဲ ပါပါတယ်။ အထဲမှာ
ရွှေဝါရောင်တုန်းက ကျတဲ့ သံဃာ လေးပါး ကျန်နေခဲ့
သေးတယ်”


နိုင်ငံတကာနဲ့ မြန်မာအတိုက်အခံအဖွဲ့တွေက
ယုံကြည်ချက် ကြောင့် အကျဉ်းကျနေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေး
ဖို့ မကြာခဏ တိုက်တွန်း ပြောဆိုပေမယ့်
လည်း မြန်မာအစိုးရက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ကာကွယ်ပြောဆိုနေတာ တွေနဲ့ ပတ်သက်ပြီး။


“နိုင်ငံရေးဆိုတာကြီးကိုတော့ ဦးဇင်းတို့က သိပ်ပြီးတော့ စာမဖွဲ့တတ် ပါဘူးဗျာ။ ဒါပေမဲ့ ဦးဇင်းက ယုံကြည်ချက် ဆိုတာကိုတော့ အရမ်းကြိုက်တယ်ဗျ။ ဥပမာဗျာ … ရဟန်းဝတ်ထားတဲ့ ရဟန်းတပါးဟာလည်း လွတ်မြောက်မှုပဲ၊ ကားဒရိုင်ဘာ တယောက်ကလည်း သူ့လွတ်မြောက်မှု အတွက် ကြိုးစားနေတာပဲ။ ဆိုက်ကားသမားလည်း ဆိုက်ကားသမားက လွတ်မြောက်မှု အတွက် ကြိုးစားနေတာ။ အကုန်လုံးက လွတ်မြောက်မှု အတွက်ချည်းပဲ။
အဲဒီတော့ ဦးဇင်းတို့ကလည်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ ကင်းဝေးအောင် ယုံကြည်ချက်နဲ့ လုပ်ပြီး
ထောင်ထဲကျလာတာပဲ ဒါပဲ ပြောချင်တယ်။ သူတို့အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာ မသုံးချင်ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေဆိုတာ ကိုတော့ လက်ခံရလိမ့်မယ်”


ထောင်ထဲမှာရော ကျန်းမာရေး၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခက်ခဲ့တွေ ကြုံတွေ့ရတာများ
ရှိလားဘုရား။


“ရွေးကောက်ပွဲ မစခင်ကာလလေးမှာ အဲဒါတွေက တော်တော်လေး ကောင်းခဲ့တယ်ဗျ။ ရွေးကောက်ပွဲပြီး သွားတော့ အဲဒါတွေက ပြန်ခက်ခဲလာတယ်ဗျ။ ထောင်မှူးကြီး ဦးဇော်ဦးကလေ နောက်ပိုင်း ကျုပ်တို့ကို လုပ်မပေးချင်တော့
ဘူးဗျ။ ချုပ်ချယ်မှု အပိုင်းတွေက ပါလာတာပေါ့ဗျာ”

“သူတို့ ထောင်ဝန်ထမ်း တယောက်က သူစားဖို့ မုန့်ဟင်းခါးတပွဲ သယ်လာတယ်။ အဲအခါမှာ ဦးဇော်ဦးက ဘာလုပ်
လဲ ဆိုတော့ ဒီမုန့်ဟင်းခါးကို ပေးမသယ်ဘူး။ စားချင်ရင် ထောင်ဗူးဝမှာပဲစား။ ဟိုရောက်ရင် မင်းက နိုင်ငံရေးသမား
တွေ ကျွေးရင် ကျွေးမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒါမျိုးတွေတော့ ရှိတယ်ဗျ။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့
တော်တော်လေး အဆင်ပြေတယ်။ လုပ်ပေးတယ်။ ဘာသဘောလဲတော့ မသိဘူးပေါ့ဗျာ”

“နောက်တခုက ဦးဇင်းက ထောင်ထဲမှာ ကဗျာ အပုဒ် ၆၀ လောက်ရှိတယ် ရေးထားတာ။ သူတို့က သိမ်းထားပေး
မယ်ဆိုပြီး ယူထားတာ အခုထောင်က ထွက်တော့ သွားတောင်းတာ။ ထောင်ပိုင်ကြီးစီမှာ လိုလို၊ ထောင်မှူးစီမှာ လိုလိုနဲ့ ဘော်လီဘော ပုတ်နေကြတယ်။ ကျုပ်ကတော့ ထောင်ပိုင်ကြီးနဲ့ မျက်နှာချင်းဆိုင် ပြန်တွေ့အောင်
စောင့်ပြီး ကျုပ်ကဗျာတွေ မရရအောင် ပြန်ယူမယ်”


အရှင်ဘုရားတို့ အနေနဲ့ ထောင်ထဲမှာ စာစောင်တွေလဲ ဖတ်ခွင့်ရတယ်ဆိုတော့ အစိုးရသစ်ရဲ့
လုပ်ဆောင်မှုတွေကို အားရကျေနပ်တာတွေ ရှိလား။ လက်ရှိ အုပ်ချုပ်နေတဲ့ သမ္မဦးသိန်းစိန်ကိုရော အယုံအကြည် ရှိပါသလား ဘုရား။


“ဦးဇင်းရဲ့ တပါးထဲ အမြင်ကို ပြောပါ ဆိုရင်တော့
ဦးဇင်းရဲ့ တပါးထဲအမြင်ကို ပြောပါ ဆိုရင်
တော့ ကောင်းပါတယ်ဗျာ။ ဟိုအရင်က
ဆိုရင် သဘောက ဘာမှလုပ်လို့ မရဘူး
ဗျာ။ ခုဆို မြစ်ဆုံ စီမံကိန်း ရပ်နားလိုက်ရ
တယ်။ အစောပိုင်းက ဆိုရင် သူတို့ဘာ
သူတို့ လုပ်ထားတဲ့ ကိစ္စဗျာ။ အခုလို ပြည်သူ လူထု အသံကို နားထောင်ပြီးတော့ လုပ်တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။ ရှေ့လျှောက်လည်း နိုင်ငံရေး
ပဲ လုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် အလိုက် အထိုက်တော့ ကောင်းမယ်လို့ ထင်တာပေါ့
ဗျာ။
ကောင်းပါ တယ်ဗျာ။ ဟိုအရင်က ဆိုရင် သဘောက ဘာမှလုပ်လို့
မရဘူးဗျာ။ ခုဆို မြစ်ဆုံစီမံကိန်း ရပ်နားလိုက်ရတယ်။ အစောပိုင်းကဆိုရင် သူတို့ဘာသူတို့ လုပ်ထားတဲ့ကိစ္စဗျာ။ အခုလို ပြည်သူလူထု အသံကို နားထောင်ပြီးတော့ လုပ်
တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။
ရှေ့လျှောက်လည်း နိုင်ငံရေးပဲ လုပ်လုပ်၊ စီးပွားရေးပဲ
လုပ်လုပ် အလိုက်အထိုက်တော့ ကောင်းမယ်လို့ ထင်တာ
ပေါ့ဗျာ”

“အခုဆိုရင် အရင်တုန်းက ဦးဇင်းတို့အနေနဲ့ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ တွေကြမှ ရှားရှားပါးပါးမြင်ရတဲ့ ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည် ဆိုရင် အခု ဂျာနယ်တွေပေါ်
မှာ ပြည်သူတွေ မြင်ခွင့်ရနေပြီဗျာ။ အဲဒါကြောင့် ဒီလောက်
ထိတော့ ဦးဇင်းတို့ အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်”


ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့ အပေါ်မှာရော အရှင်ဘုရားတို့ အမြင်က ဘယ်လို ရှိပါသလဲဘုရား။

“မတူတာတွေကို ညှိပြီးတော့ ပေါင်းတယ် ဆိုတာကတော့ဗျာ။ တော်တော်ကြိုက်ပါတယ် ဦးဇင်းတို့က ဘုန်းကြီး ဆိုတော့လေ တခြားဟာတွေလဲ သိပ်မပြောချင်ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ဒေါ်စုနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်မယ်ဆိုရင် ဦးဇင်းတို့ က ကြိုက်ပါတယ်”


အရှင်ဘုရားအနေနဲ့ ခုထွက်လာပြီးတဲ့နောက်မှာရော ရဟန်းအဖြစ်နဲ့ ဆက်နေသွားမလား။ လူဝတ်ကြောင် ဘဝနဲ့ နေဖို့ရှိလား။ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ ဆက်လက် လုပ်ကိုင်ဖို့ရော ဆန္ဒရှိလား ဘုရား။

“ဦးဇင်းတို့က သင်္ဃန်းတွေ ဆွဲချွတ်၊ နှိပ်စက်ခံ ကာလတွေကတည်းက သင်္ဃန်းကိုသာ ချွတ်တာ ဦးဇင်းတို့က သိက္ခာချပြီး ထွက်ထားတာ မဟုတ်ဘူး။ လူမထွက်ဘူး။ ဦးဇင်းပဲ။ မြတ်စွာဘုရား လက်ထက်က ဗာဟီယဒါရုစိ
ပရိဗိုဇ်ဆို ဓါးမြတိုက်ခံရလို့ သစ်သားတောင် ပတ်လာရသေးတာ။ ဦးဇင်းတို့ အခုဝတ်ထားတဲ့ အဝတ်အစား
ဆိုတာ ဟီရိ၊ သြတ္တပ္ပတရား အကုန်လုံးလဲ လုံတယ်လေ။ ဒါအကျဉ်းထဲ အကြပ်ထဲမှာ လုပ်လာတဲ့အခါပေါ့။
ဒါပေမဲ့ ကျုပ်က အခုချိန်ထိ ဘုန်းကြီးပဲ။ ပျံတော်မူရင်လည်း ဘုန်းကြီးပဲ။ နောင်ဘယ်အချိန် ထိပဲဖြစ်ဖြစ် ဘုန်းကြီး ဘဝနဲ့ပဲနေမယ်လို့ပဲ ဆုံးဖြတ်ထားတယ်”


အရှင်ဘုရားကတော့ အခုလက်ရှိ ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်တော့ ထောင်ဆိုတဲ့ အရာဟာ ရဟန်း၊ သံဃာတော်တွေ အတွက် ဘယ်လိုအရာမျိုးလို့ ဆိုလိုချင်ပါသလဲဘုရား။

“မရောက်သင့် မရောက်ထိုက်တဲ့ နေရာပေါ့ဗျာ။ ဦးဇင်းအမြင်ကတော့ ထောင်ဆိုတဲ့ အရာဟာ လေ့လာမှုအနေနဲ့လဲ မသွားသင့်ဘူး။ အခုလို အကျဉ်းသားအနေနဲ့လည်း မရောက်သင့်ဘူးလို့ မြင်တယ်။ ထောင်ဆိုတာကြီးက အရာ
အားလုံးကို ချုပ်နှောင်ထားတဲ့ အရာကြီးဗျာ။ နောက်ပိတ်ဆုံး အနေနဲ့ ဦးဇင်းတို့သည် သိက္ခာမချဘူး ဟုတ်လား။ အဲလိုနေတဲ့ အခါမှာ ထောင်ပိုင်လာတဲ့ အခါမှာ ထိုင်ပေးရတာတို့ ဘာတို့ ရှိတာပေါ့ဗျာ။ သူ့တို့အနေနဲ့ ဘုန်းကြီး
ကျောင်း ရောက်ရင် ဘုန်းကြီးကျောင်း။ အာဏာပိုင်ထဲရောက်ရင် အာဏာပိုင် စည်းကမ်း ဆိုတာ ရှိတယ်ဗျ။
အဲတော့ သူတို့အတွက်လည်း အရမ်းအပြစ်ကြီးတယ်ဗျ။ ကျုပ်တို့ အနေနဲ့ကလည်း အရမ်းအပြစ်ကြီးတယ်ဗျ။
အဲတော့ ကျုပ်ကတော့ ဘယ်လိုဘုန်းကြီးပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ နောင်ဘဝမှာပဲဖြစ်ဖြစ် ထောင်ထဲမှာ ဒီလိုသံဃာတွေကို ဘယ်တော့မှ မတွေ့ပါရစေနဲ့လို့ ဦးဇင်း ဆုတောင်းခဲ့တယ်ဗျာ”


အစိုးရသစ်က အကျဉ်းသားတွေကို အခုလိုလွှတ်ပေးလိုက်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

“မြတ်စွာဘုရား လက်ထက်ကတောင်မှ ပါဒသမင်ဗျာ၊ ဘုရားရှေ့မှာ သူငိုတယ်။ ရယ်တယ် ဆိုတာ ဖြစ်တယ်။ အခုလည်း ဦးဇင်းတို့လည်း ငိုတယ်၊ ရယ်တယ်ပဲ ဖြစ်ချင်တာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုလိုတာက
ခုလွှတ်တာ ကျုပ်တို့အဖွဲ့တွေ အကုန်လုံး မပါခဲ့ဘူးဗျ။ မပါခဲ့တော့ ဦးဇင်းတို့အဖွဲ့တွေ အရမ်း ဝမ်းနည်းရတာ
ပေါ့ဗျာ။ ရယ်တယ် ဆိုတာကတော့ ဦးဇင်းတို့ အပြင်ရောက်လာတဲ့အခါ ဦးဇင်းတို့ မိသားစုတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ဆုံကြရမှာဆိုတော့ ဦးဇင်းတို့အနေနဲ့ အဲဒါတော့ အရမ်းဝမ်းသာပါတယ်”


အပြင်လောကမှာ ဝိနည်းတော်တွေနဲ့ နေထိုင်နေကြရတဲ့ ရဟန်း၊ သံဃာတွေဟာ ထောင်ထဲရောက်သွား
တဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေး မိန့်ပါလားဘုရား။


“အကုန်လုံးပါပဲဗျာ။ ထောင်ထဲမှာက အပြင်လောကနဲ့က တခြားစီပဲဗျာ။ အပြင်မှာ ဘုန်းကြီးများစွာက ဟင်းလေး အဆင်ပြေပြေ စားနေရပေမယ့် ထောင်ထဲမှာက တာလဘောနဲ့ ပြီးနေခဲ့ရတဲ့ ရက်တွေက အများကြီးပဲလေ။ ကျုပ်
ဆိုရင်ဗျာ နေတော့ အညာသား၊ မုံရွာသား။ နေတော့ ရန်ကုန်၊ ပို့တော့ ကျိုင်းတုံဆိုတော့ ကဲဘယ်နှယ့်လုပ်ကြမတုန်း။ မိသားစုက ဘယ်လိုလာမတုန်း၊ ဘယ်လိုလုပ် အဆင်ပြေမတုန်း ဒါတွေရှိတာပေါ့ဗျာ”


0 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့အမှာစကား

အောက်တိုဘာ ၁၃ ရက်နေ့ကကျိုင်းတုံအကျဉ်းထောင်တွင်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုလာရောက်တွေ့ဆုံသော ကိုမင်းကိုနိုင်ဧ။်အစ်မ ဒေါ်ကြည်ကြည်ညွှန့် (ယာ) နှင့်ညီမဒေါ်သန္တာညွှန့်တို့အားတွေ့ရစဉ်။

ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေး အတွက် မည်သူနှင့် မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက်အပြည့်အ၀ထောက် ခံကြောင်း၊ NLD ပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ၀င်မည်ဆိုလျှင် လည်းထောက် ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင် အတူကျိုင်းတုံအကျဉ်းထောင်တွင် အတူအကျဉ်းကျခံခဲ့ရပြီး ယမန်နေ့နံနက်ကပြန်လွတ် လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈း ၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။

The Messenger ဂျာနယ်

0 ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ အောက်တိုဘာ ၁၂ ရက်နေ့တွင် လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၆ ဦး၏ အမည်စာရင်း

Free Political Prisoners
Tin Hlaing

Thursday, October 13, 2011

0 အာပိကေ တကောင်ထွက် တဲ့... ကျမတို့လည်း အာပိကေ တကောင်ထွက်ဆိုတဲ့ ...


ဒီနေ့ မနက် ၆နာရီမှာ အိပ်ရာထပြီး အင်းစိန်ထောင်ရှေ့ သွားဖို့ ပြင်မိတယ်။ အမျိုးသားက ပြောတယ်၊ သီတင်းကျွတ်မှာ သူများတွေက ဘုရားသွားကြတယ်၊ ကျမတို့ သတင်းသမားတွေကတော့ ထောင်ရှေ့သွားကြမယ်တဲ့။ဘာပဲ ပြောပြော အိမ်ကနေ ထွက်ခဲ့တုန်းကတော့ ရှိသမျှ နို်င်ငံရေးသမားတွေ အကုန်လွှတ်ပေးလိမ့်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါပဲ။

အင်းစိန်ထောင်ဂိတ်ဝ ရှေ့ရောက်တော့ နံနက် ၇နာရီနဲ့ မိနစ် ၄၀ လောက်ရှိပြီ လူတွေကတော့ စများနေပါပြီ၊ မျက်မြင်နေရတာကတော့ စုစုပေါင်း တထောင်ကျော်လောက် ရောက်နေပါပြီ။ အရဲဝတ် ရဲတွေ၊ သတင်းထောက်တွေကတော့ ထုံးစံအတိုင်းပဲပေါ့။ အရင်ရောက်ကြရတဲ့သူတွေပဲ။

ဟိုမှာ ဒီမှာ လွတ်နိုးနိုးနဲ့ လာစောင့်ကြတဲ့ သူတွေ ကြားမှာ ရပ်ရင်း သတင်းထောက်တွေ အနှံ့ပါပဲ။ ဓါတ်ပုံတွေ ရိုက်ကြ၊ အင်တာဗျူးကြနဲ့ပါ။

ကျမ အရင်ဆုံးအင်တာဗျူးဖြစ်တာက ကလေးတယောက်အမေပါ။ ၄ လသားအရွယ်ကလေးကို ချီပြီး ခေါ်လာတယ်။ ဂိတ်ဝနားက တံခါးနားမှာ ရပ်နေတော့ ကျမက လူတိုးရင် ကလေးထိလိမ့်မယ်လို့ သူ့ကို ပြောပြီး လူရှင်းတဲ့နေရာရွေ့နေဖို့ အကြံပေးမိတယ်။ နောက်တော့ ထုံးစံအတိုင်း ဗျူးတာပေါ့နော်။

သူ့အမျိုးသားက ချဲထီမှုနဲ့ ကျတာ။ ၂ နှစ်နဲ့ ၆လ နေပီးပြီးဆိုတော့ လွတ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာတာပါ။ဒါနဲ့ နောက်တယောက်ကို ဆက်မေးမိတယ်။ အဲဒီ အမျိုးသမီးကတော့ ၄၀ ကျော်လောက်ရှိပြီ သားကို လာစောင့်တာတဲ့ သားက ဘာအမှုလဲလို့ မေးတော့ မှောင်ရိပ်ခိုမှုတဲ့။

အဲ..ဒါနဲ့ နောက်တယောက် သူကတော့ အသက် ၅၀ အရွယ် အမျိုးသား၊ ဇနီးကိုလာစောင့်တာတဲ့ ကလေးတယောက်ကို လက်တွဲလို့ ပါ။ သူကလည်း ထုံးစံအတိုင်း ၂ လုံးထီရောင်းရင်း ဖမ်းခံရတာတဲ့ ကျတာ ၁ နှစ်ရှိပြီဆိုတော့ လွှတ်နိုင်တယ်ဆိုပြီး လာတာပါပဲ။

ထောင်ရှေ့မှာ မိုးလင်းကတည်းက လာစောင့်တဲ့သူတော်တော်များများ က အကျဉ်းကျနေတဲ့ မိသားစုဝင်တွေပါ၊ များသောအားဖြင့် ၂ လုံးထီမှု၊ ချဲမှု၊ ခိုးမှု၊ ပြည့်တန်ဆာမှု၊ မုဒိန်းမှု စတဲ့ အမှုတွေနဲ့ ကျတဲ့ မိသားစုဝင်တွေ များပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင် ၁ စု ၂ စုကိုလည်း တွေ့ပါတယ်။ သူတို့ကို မေးကြည့်တော့ မမျှော်လင့်ပါဘူးတဲ့။ ဒါပေမဲ့ လွတ်လိုလွတ်ကြားပါတဲ့။ မျှော်လင့်ပြီး မလွတ်ရင် ရင်နာလို့တဲ့။

ကျမလည်း ဟုတ်တာပေါ့လို့ ပြောမိပါတယ်။ အဲဒီအချိန်မှာ အားတက်စရာကောင်းတာက မြစ်ကြီးနားထောင်ကနေ ကိုဇာဂနာကို လွှတ်ပေးလိုက်ပြီ ဆိုတဲ့ သတင်းဝင်ဘာတာပါပဲ။ ကျမရော ကြားကြားသမျှ သတင်းသမားတွေရော အားတက်ဝမ်းသာမိကြပါတယ်။

နောက်တော့ နံနက် ၉နာရီလောက်မှာ ထောင်ဂိတ်ဝသွားပြီး မီဒီယာသမားနာမည်ပေးရင်းနဲ့ စောင့်တယ်။ နေကလည်း ပူလိုက်တာ၊ မနက် ၉နာရီပဲ ရှိသေးပေမဲ့ နေက ကျက်ကျက်တောက်ပါပဲ။ ဒါပေမဲ့ ကျမတို့မှာ အလုပ်ဇောနဲ့ ပါ။ ပူမှန်းသိပေမဲ့ ဘယ်သူမှ ထီးမဆောင်းကြဘူး၊ နေပူထဲမှာ ရပ်ပြီး အင်တာဗျူးကြတာပဲ၊ ဓါတ်ပုံ ရိုက်ကြ၊ ဗီဒီယိုနဲ့ မှတ်တမ်းတင်ကြတာပါပဲ။

နံနက် ၉နာရီ ခွဲလောက်မှာ မီဒီယာသမားတွေ နာမည်ခေါ်ပြီး အထဲကို ၀င်ခွင့်ပေးတယ်။

အဲဒီအချိန်မှာ ထောင်ပြင်မှာတော့ လူအုပ်က တော်တော်များနေပြီ ၃ ထောင်လောက် ရှိပါတယ်။

နောက် အထဲကို ၀င်ခွင့်ရတယ်။ အဲဒီမှာတော့ စိတ်ဓါတ်စကျတာပါပဲ။ အင်းစိန်ထောင်ကနေ လွတ်တဲ့ ထဲမှာ ယုံကြည်ချက်ကြောင့် ကျတဲ့သူက ၂၉ ဦးလားပဲ ပါပါတယ်။ အင်းစိန်ထောင်မှာ နည်းတယ် နယ်ထောင်တွေမှာ များနိုင်တယ်လို့ မျှော်လင့်သေးတယ်။ မလျော့သေးပါဘူး။

ဒါနဲ့ ဓါတ်ပုံတွေ ရိုက်လိုက်၊ ထူးထူးခြားခြား မြင်ကွင်းလေးဆိုရင် ဗီဒီယိုလေး ရိုက်လိုက်နဲ့ ပေါ့။ ထောင်ပြင်ကို ထွက်ပြီး ဓါတ်ပုံ၇ိုက်တော့ နေ့လည် ၁၁ နာရီ လောက်ရှိနေပြီ။ အပြင်မှာ သတင်းတွေ စုံနေတော့ လွတ်တဲ့သူတွေထဲမှာ စုစုနွေးပါတယ်။ ကိုကိုကြီး နာမည်ပါပေမဲ့ ဘယ်ကိုကိုကြီးမှန်းလည်း မသိဘူး။ ကိုဌေးကြွယ်ကလည်း မသေချာဘူး ဆိုတော့ စိတ်ဓါတ်က ကျချင်နေပါပြီ။

တဖြည်းဖြည်းနဲ့ နယ်က သတင်းတွေလည်း စုံလာပြီ အင်းစိန်ထောင်က လွတ်တာလဲ ၂၉ ဦးဆိုတာ သေချာ သွားပြီ။ ထောင်ရှေ့မှာ စောင့်နေတဲ့ သူတွေတော်တော်များနေပြီ။လူအုပ်ကြီးတွေကတော့ တယောက် ထွက်တိုင်း လက်ခုတ်တခါတီးပြီးအားပေးကြတယ်။ လက်ခုပ်တီးနေတဲ့ လူတွေကို ကြည့်ပြီး ကျမ ငိုချင်လာတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသားပေါင်း ၆၃၅၉ မှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါလာပါသလဲ၊

ကိုမင်းကိုနိုင်တို့၊ ကို၇ျင်မီတို့ မနီလာသိမ်းတို့ ဦးခွန်ထွန်းဦးတို့ အပြင် အခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်အောင် ကျမတို့ ဘယ်လောက်များစောင့်ကြရဦးမလဲ။ ဒီနေ့ ရတဲ့သတင်းတွေထဲမှာတော့ သူတို့နာမည်တွေ မပါသေးတာ အသေချာပါပဲ။

နေ့လည် ၁နာရီမှာ ကိုဇာဂနာ ရန်ကုန်လေဆိပ်ရောက်မယ်ဆိုလို့ ကျမတို့လည်း အင်းစိန်ထောင်ရှေ့ကနေ နေ့လည် ၁၂နာရီလောက်မှ စခွာခဲ့ပြီး ရန်ကုန်လေဆိပ်ကို ပြေးရပါတော့တယ်။ မောမောနဲ့ ပြေးရင်းအဲဒီအချိန်မှာ ကျမ ငယ်ငယ်တုန်းက အမေ ပြောခဲ့ဖူးတဲ့ ပုံပြင်လေးကိုပဲ သွားသတိရမိတယ်။

ကျမက ငယ်ငယ်တုန်းက ပုံပြင်ကြိုက်တော့ ညအိပ်ရာဝင်ခါနီးတိုင်း အမေ့ကို ပုံပြင်ပြောခိုင်းပါတယ်။ ပြောခိုင်းတဲ့အခါတိုင်း ပုံပြင် ရှည်ရှည်လေး ပြောနော်လို့ ပြောတယ်။

အမေကတော့ စိတ်သိတ်မရှည်တော့ ကျမ ၁၀ ခါတောင်းဆိုမှ ၁ ခါလောက် လိုက်လျောပြီး ပုံပြောတယ်။

အမေပြောတဲ့ ပုံပြောရင်လည်း နားထောင်ကြည့်ပါဦး။

အမေက ပြောတယ် မုဆိုးကြီးက ငှက်ကလေးတွေကို နေ့တိုင်းဖမ်းတယ်။ ဖမ်းမိတဲ့ ငှက်ကလေးတွေကို ခြင်းကြားကြီးနဲ့ သိမ်းထားတယ်။ တနေကုန် ငှက်ဖမ်းတဲ့အလုပ်ပဲ လုပ်နေတော့ သူမှာ ဖမ်းလို့ရတဲ့ ငှက်တွေက အများကြီးပဲ။ အဲဒီသတင်းကို ကြားတဲ့ ၇ွာက ဘုန်းဘုန်းက သူ့ကို ခေါ်ပြီး ဆူလေ့ရှိတယ်။

မုဆိုးကြီးက သဘောကောင်းချင်ယောင်လည်း ဆောင်တတ်တယ်။ ဘုန်းဘုန်းစကားကိုလည်း မပါယ်ရှားဝံ့ဘူး။ သူ့ကို ရွာက ဘုန်းဘုန်းက ငှက်တွေကို မဖမ်းဖို့ ဆုံးမတိုင်း သူက ဘုန်းဘုန်းကို ကုသိုလ်လုပ်တဲ့ အကြောင်း ပြောတယ်၊

မုဆိုးကြီးက အာပိကေ တကောင်ထွက် ဆိုပြီးတော့ တနေ့ကို တကောင်နှုန်းနဲ့ ငှက်တွေ လွှတ်လွှတ် ပြပါတယ်တဲ့။ သူ့ခြင်းထဲမှာ ရှိတဲ့ ငှက်တွေအများကြီးထဲကနေအာပိကေ တကောင်ထွက် ၊အာပိကေ တကောင်ထွက်ဆိုပြီးတော့ တနေ့ကို တကောင်ချင်း လွှတ်ပြတာ တကယ်တော့ သူဖမ်းနေတာက တနေ့ကို အကောင် ၂၀ ကျော် ၃၀လောက်ဖမ်းပြီး တကောင်ချင်း လွှတ်ပြနေတာလေ။ ဘယ်တော့မှ သူ့ခြင်းထဲက ငှက်တွေ မကုန်ဘူးဆိုတာကို ပုံပြင်နားထောင်ရင်း သိလာတော့ တကယ်ပဲ ကျမ ငိုချင်လာတယ်၊ စိတ်ပျက်လာတယ် အဲဒီပုံပြင်နားထောင်ရတိုင်းပါ။

ခုလည်း ကျမတို့ကို အာပိကေ တကောင်ထွက် ဆိုတဲ့ ပုံပြင်နဲ့ပဲ နှစ်သိမ့်ခံနေရပြီလားလို့ တွေးနေမိပါတယ်။

May Thingyan Hein(Myitmakha)

0 ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်

ကနေ့- သီတင်းကျွတ်လပြည့်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အတွက် ဘာသာရေးရှုထောင့်ကနေကြည့်ရင် အရမ်းကို သင့်တော်ဆီလျှော်မှန်ကန်ပါတယ်၊။ ဒါပေမယ့်- လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ယုံကြည်ချက်-ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေကိုလွှတ်ပေးတာ အားရကျေနပ်မှုမရှိခဲ့ပါဘူး။ ဒါကြောင့်- လူတွေတော်တော်များများ သီတင်းကျွတ်လပြည့်နေ့မှာပဲ စိတ်ထဲမှာ ကသိကအောင့်ဖြစ်နေကြရပါတယ်၊။ အကယ်၍-အားလုံးကိုလွှတ်ပေးရင် ကျေးဇူးအတင်ခံရမှာစိုးလို့လား ( ဒါမှမဟုတ် ) နတ်လူသာဓု အခေါ်ခံရမှာစိုးလို့လား...လို့ ကသိကအောင့်ဖြစ်နေတဲ့စိတ်က မေးချင်ပါသည်။ ကနေ့-နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းအပေါ်....ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန် လို့ လည်း ဆက်ပြီးမေးချင်ပါသေးသည်။

အမှန်တကယ်တော့ နိုင်ငံရေးအကျဉ်သားတွေဟာ သူတို့ဘဝမှာ နိုင်ငံနဲ့လူမျိုးအတွက် ပေးဆပ်ယုံသက်သက်နဲ့ စွန့်လွှတ်နေခြင်းသာဖြစ်ပါတယ်၊ သူတို့မှာ ရယူလိုမှု ကလဲ့စားချေ- မုန်းတီးတဲ့စိတ်တွေ စိုးစဉ်းမျှ မရှိရိုးအမှန်ပါ၊

အခု- လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သမ္မတ- ဦးသိန်းစိန်ရဲ့ ဧရာဝတီမြစ်ဆုံရပ်တံ့ လိုက်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်တာ ပြောဆိုနေခြင်းဟာ ရန်လိုစိတ်မရှိတဲ့ သူတို့တတွေရဲ့ ပကတိရိုးသားတဲ့စိတ်အစဉ်ကို မီးမောင်းထိုးဖော်ကြူးနေတာ လက်တွေ့ပြသလိုက်တာပါပဲ။ သူတို့တတွေဟာ နိုင်ငံကို ဖျက်လိုဖျက်ဆီး နှောက်ယှက်သူများမဟုတ်သလို....အပြစ်ကျူးလွန်သူတွေအပေါ်လည်း အာဃသ ရှိမနေဘူးဆိုတာယုံကြည်ပါတယ်။

ဒီနေရာမှာ- ကျနော့်ရဲ့ တော်လှန်ရေး- နိုင်ငံရေး လောကမှာ ကြုံဆုံခဲ့ရတဲ့ သူငယ်ချင်း လှိုင်ဘွားရေးထားတဲ့ ကဗျာတပုဒ်ကို အလျှင်းသင့်၍ဖော်ပြချင်ပါသည်။ ကဗျာရဲ့ ခေါင်းစဉ်က-

သို့....ဦးသိန်းစိန်

သွင်းလိုက် ထုတ်လိုက်

ပြန်သွင်းလိုက် ပြန်ထုတ်လိုက်

အားလုံး ဖုတ်လိုက် ဖုတ်လိုက်နဲ့

အလ္လမယ်ဆရာရဲ့

ပချုပ်ထဲကမြွေတွေလို...

အနှစ် ၂၀ တစ်လလျှော့

၆၅ နှစ်- တစ်နှစ်လျော့

လွတ်ရက်စေ့တော့လည်း လွှတ်ပေး

အိမ်မရောက်သေးခင် ပြန်သွင်း

သည်- ထူးမခြားနားသီချင်းကြီး

အခြားတီးလုံး ပြောင်းတီးပါတော့။

ကြံဖန်ကျေးဇူးတင်တတ်သော လူမျိုး

အလွန်တရာခွင့်လွှတ်တတ်သော လူမျိုး

အမှတ်သဲခြေမထားတဲ့ လူမျိုး

အငြိုးအတေးမပွါးတဲ့ လူမျိုး

တင်းတိမ်ရောက်ရဲဆုံး လူမျိုး

သွေးဆူလွယ် မေ့ပျောက်လွယ်တဲ့ လူမျိုး

ကောင်းတကွက်ကြောင့် ဆိုးကွက်တစ်ရာကို မေ့နိုင်ပါသော လူမျိုး

သည်လူမျိုးကို

ပုဆိန်ရိုးတစ်စုလက်က ကယ်မယ်ဆိုရင်

လူကြီးမင်းကို-

ကလပ်ပေါ်တင် သ္ခင်လိုထား

အရိုးသားဆုံနည်းနဲ့

သတိယတိုင်း ရှစ်ကြီးခိုးပါ့မယ်....လို့

လှိုင်ဘွားက ဖြစ်ရပ်မှန်ကို ရေးသားထားတာပါ။

ဒီနေရာမှာ...လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်စဲကာလမှာ အသုံးတတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အားတွေကို ရယူအသုံးပြုသွားရပါ့မယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို တကယ့်ရန်သူကြီးသဖွယ် ဆက်ဆံနေစရာ ဘာအကြောင်းမရှိပါ။ ဒါကြောင့်- ကျနော့်အနေနဲ့ သမ္မတ- ဦးသိန်းစိန် ကိုမေးချင်တာက...အခုလို မစို့မပို့လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်....ကျနော်တို့တတွေ ဝမ်းနည်းရမှာလား- ဝမ်းသာရမလား- မောင်သိန်းစိန်..။

Ko Baloi Facebook


0 ဇာဂနာနဲ့ အင်တာဗျူး အသံဖိုင်(သီးနှစ်သီးကပုတ်နေတော့ဂေါ်ပြားကကော်တာပေါ့)


အခု လွှတ်တယ်ဆိုတာက မဖြစ်စလောက်လေး.. အားလုံးကို လွှတ်ပေးစေချင်တယ်.. ဦးသိန်းစိန်လက်ထက်မှာ ဖမ်းထားတာမှ မဟုတ်တာ.. ပြည်ပကပြန်လာမယ့်သူတွေကို တခွန်းထဲ ပြောချင်တယ်.. စောင့်ကြည့်ပါဦးလို့  ...အသီး၂သီးလုံးက ပုပ်နေတော့ ဂေါ်ပြားက ကော်တာပေါ့...
လွှတ်တော်ထဲမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ရင်တိုင်းပြည်တည်ငြိမ်မှုအတွက်ဘယ်သူကအာမခံမလဲဆိုပြီးမေးတဲ့မေးခွန်းကို"ကိုဇာဂနာ"ကအခုလိုပြောလိုက်ပါတယ်..သမ္မတဦးသိန်းစိန်ဆီမှာကျနော့်အသက်ကိုအပေါင်ထားပါ့မယ်... အဲ့ဒီလူတွေလွှတ်လိုက်လို့ တိုင်းပြည်ဆူပူမှုဖြစ်ရင်ကျနော့်ကိုအရင် သတ်လိုက်ပါ။ ကျနော့်ဘက်ကပြန်စိန်ခေါ်တာပဲ။ကြေးထပ်မယ်ဆိုရင်အပြတ်ထပ်၊အသက်ကိုထပ်တယ်
တဲ့ဗျာဒီထက်ရှင်းတာတောင်ဒီလောက်ရှင်းမယ်မထင်ပါဘူး။
DVB

0 မန္တလေး အိုးဘို အကျဉ်းထောင်မှ လွတ်မြောက်အကျဉ်းသားများသို့ လူမှုစာနာ ကူညီပွဲ။

ဦးသုန် လိုခေါ်ကြတဲ့ မြင်းခြံ ဆရာတော် ။
ရွှေဝါရောင်မှ သံဃာတော်များ အချိန်မှီဆွမ်းကပ်နေစဉ် (မစိုးရိမ်တိုက်သစ်မှပါ)

ဒီသမီးလေးဟာ သူမိခင် ထောင်ထဲ ရောက်တော့ တစ်လ သမီးပဲ ရှိပါသေးတယ်။ ခုလွတ်တဲ့ အချိန်မှာ ၆နှစ်ကျော် ရှိနေပါပြီ။ အပြစ်မရှိတဲ့ သမီးလေး ထောင် (၆) နှစ်ကျနေတာ နဲ့ မတူဘူးလား။


ဒီကနေ့ မန္တလေး အိုးဘို အကျဉ်းထောင် မှ လွတ်သော အကျဉ်းသားများကို အားပေးကူညီရန် ဆောင်ရွက်နေသော

ချမ်းမြသုခ လူမှု ပရဟိတ အသင်းသို့

လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊
အမရသုခ၊
စိမ်းရောင်စို
စသည့် အဖွဲ့ များမှ
လူငယ်များက လာရောက် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အကျဉ်းသားများ အား နေ့လည်စာ ကျွေးမွေးခြင်း၊ရေဘူးများဝေငှခြင်း၊သက်ဆိုင်ရာ မိသားစု များသို့ ဆက်သွယ်ပေးခြင်း၊အားပေးကူညီခဲ့ကြပြီး၊ သက်ဆိုင်ရာ မြို့နယ် နေရပ် အသီးသီး သို့ ပြန်နိုင်ရန် ကားလက်မှတ်၊ရထား လက်မှတ်များ စိုက်လုတ် စီစဉ်ပေးခြင်း၊ သက်ဆိုင်ရာ ဘူတာ၊ ကားဝင်းများသို့ လိုက်ပို့ပေးခြင်း များ ဆောင်ရွက်ပေးခဲ့ပါသည်။

တစ်ဦးလျှင် ခရီး အနီးအဝေ ပေါ် မူတည်၍ ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ ထောက်ပံ့ ပေးခဲ့ပါသည်။

စာရင်းလာရောက်ပေးသွင်းသော အကျဉ်းသား မှန်သမျှ ပုဒ်မ မရွေး၊ ဘာသာမရွေး၊ လူသားခြင်းစာနာမှု တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

မန္တလေး အကျဉ်းဦးစီး ဌာန မှပေးသော စာရင်း။
(ပြောသည့် အသုံးအနှုံး အတိုင်း ဖော်ပြလိုက်ပါသည်။ )

၁။ သီးသန့် မှ အကျဉ်းသား (၄၀) ဦး၊
၂။ သီးသန့် မှ အကျဉ်းသား(သာမန်) (၅) ဦး၊
၃။ နိုင်ငံခြားသား (၂၁) ဦး၊
၎။ ထောက်လှမ်းရေး (၁) ဦး၊
၅။ တပ်မတော် အက်ဥပဒေ (၁၆) ဦး၊
၆။ သက်ကြီး (၆) ဦး၊
၇။ ကျန်းမာရေး ချို့တဲ့ (၁၁) ဦး၊
၈။ ကိုယ်အင်္ဂါ ချို့တဲ့ (၁) ဦး၊
၉။ ရိုးရိုး အကျဉ်းသား (ကျား) ၂၁၀-ဦး၊
၁၀။ ရိုးရိုး အကျဉ်းသား (မ) ၉၇-ဦး၊
---------------------------------------------
စုစုပေါင်း= ၄၀၈ ဦး

ကိုဝိုင်ဝိုင်ကေ

0 နိုင်ငံရေးနဲ့ အနုပညာကို ဆက်လုပ်သွားမယ် ဆိုတဲ့ ဇာဂနာနှင့် အင်တာဗျူး

Photo..AP

နိုင်ငံကျော် စွယ်စုံ အနုပညာရှင် ဇာဂနာကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်ပွားစဉ် သံဃာ့များအား ဆွမ်းကပ်သည့် ကိစ္စဖြင့် တကြိမ်ခေါ်ယူ စစ်ဆေးခြင်းခံရသည်။ ထို့နောက် လအနည်းငယ်အကြာ နာဂစ် မုန်တိုင်း ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သည်။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် ဖမ်းဆီးခံရပြီး အီလက်ထရွန်းနစ် အက်ဥပဒေ၊ နိုင်ငံတော် အစိုးရအား အကြည်ငြိုပျက်အောင်လုပ်ဆောင်မှု အစရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉ နှစ်အပြစ်ပေးခဲ့သည်။ လအနည်းငယ်အကြာတွင် အယူခံဖြင့် ပြစ်ဒဏ် ၂၄နှစ် လျော့ပေါ့ပေးခဲ့ရာ ၃၅ နှစ်ကို ကျခံနေစဉ် ယမန်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့သည်။ ယခု အင်တာဗျူးမှာ နေအိမ်သို့ ရောက်ရှိပြီး နာရီပိုင်းအကြာတွင် မေးမြန်းထားခြင်း ဖြစ်သည်။

ဇာဂနာအား Human Rights Watch အဖွဲ့မှ ပေးအပ်သည့် Lillian Hellman နှင့် Dashshield Hammett ဆုနှင့် Pen Canada မှပေးအပ်သည့် One Humanity ဆုများလည်း ရရှိထားသည်။

YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။

ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။ အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊

နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။ ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

YPI အထဲမှာနေခဲ့တဲ့ အချိန်တွေကို ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ အထဲမှာတော့ ဒီလိုပါပဲ၊ အရင်တုန်းက အခြေအနေနဲ့ ခုအခြေအနေနဲ့ တော်တော် ကွာသွားပါပြီ၊ ဒီနေ့ ခေတ်က တော်တော် ပြုပြင် ပြောင်းလဲသွားပြီ။ အရင့်အရင် ခေတ်ကနဲ့တော့ တော်တော် တိုးတက်နေပြီ၊ အနီးဆုံး တိုးတက်မှုကို ပြောရရင် ကြိုက်သလောက် လမ်းလျှောက်ခွင့်ရှိတယ်။ တနေ့မှာ နှစ်ဆယ့်တနာရီရှိရင် အခန်းထဲမှာ ပိတ်နေရတယ်။ အခုတော့ ဆယ့်နှစ်နာရီလောက် လမ်းလျှောက်ခွင့် ရသွားပြီ။

YPI ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ ရော ဘယ်လိုတွေပေးခဲ့လဲ။

ဖြေ အဲဒါတော့ အရင်ရောက်ခါစက သိပ်အဆင်မပြေဘူး၊ အခုနောက်ပိုင်း ဆရာဝန်တွေထားပြီ၊ အဲဒီမှာပဲ ဆရာဝန်တွေရှိတယ်။ ကျွန်တော်ဆို အဲဒီထောင်က ဆေးလာကုပေးတဲ့ ဆရာဝန်တွေရဲ့ ဆေးနဲ့တော်တော်တည့်တယ် လို့ပြောလို့ရမယ်။ ကျန်းမာရေး ဒီနောက်ပိုင်း တစ်နှစ် တစ်နှစ်ခွဲအတွင်းကောင်းပါတယ်။

YPI နိုင်ငံရေး အရပြောင်းလဲမှု ရှိတယ်လို့ မြင်လား

ဖြေ ပြောင်းလဲမှု ရှိသလားတော့ ပြောရင်တော့၊ ကျွန်တော့ စိတ်ထဲ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ မနေ့ကထိ ပြောင်းလဲမှု ရှိသလိုလို ထင်တယ်။ ဒီနေ့တော့ မထင်တော့ဘူး၊ ဒီနေ့ မနက် လူလွှတ်တဲ့ အပေါ်မူတည်ပြီး ကြည့်လိုက်တော့ ပြောင်းလဲချင်ရင် ဒီလိုမလုပ်ပါနဲ့ ဒါက တွန့်တိုလွန်းတယ်။ လွှတ်စရာရှိရင် လွှတ်လိုက်ပါ အားလုံး၊ ဘာဖြစ်လို့လဲ၊ သဘောထားကြီးပါ၊ အာဏာရှိတဲ့သူက သဘောထားကြီးပါ၊ အာဏာမရှိတဲ့ သူက ဘာလို့ သဘောထားမကြီးလို့ ရလဲ၊ သူက သဘောထား မကြီးသမျှကာလပတ်လုံး ကျွန်တော်တို့လည်း ဘယ်လို နားလည်ရမလဲ။ အဲတော့ ပြောင်းလဲချင်လား၊ တကယ်ပြောင်းလဲချင်တယ် ဆိုရင် အကုန်လွှတ်ပေးလိုက်ပါ၊

အကုန်လွှတ်ပေးလိုက်ပါလို့ ကျွန်တော်တို့က ပြောရင် နိုင်ငံရေးနဲ့ ကျတဲ့ကောင်မို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောတယ် ထင်မယ်။ မဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် အကုန်လွှတ်ပေးလိုက်ပါ။

YPI အပြင်ပြန်ရောက်တော့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ လောလောဆယ်တော့ ယတိပြတ် မဆုံးဖြတ်ရသေးဘူး၊ နိုင်ငံရေးနဲ့ အနုပညာ အလုပ်က နကိုကတည်းက ကျွန်တော် ၀ါသနာပါတဲ့ အလုပ်ဖြစ်တာကြောင့်၊ ဒီအလုပ်နှစ်ခုကျွန်တော် လုပ်သွားမှာပါ။ အဲဒီအတွက် လောလောဆယ် ထပ်ပြီး ဦးစားပေးလို့ပြောရရင် ပထမ နိုင်ငံရေးပဲ၊ ဒုတိယက အနုပညာပဲ၊

Yangon PressInternational

Wednesday, October 12, 2011

0 ဒီမနက် မြင်ရတဲ့ အင်းစိန်ထောင်ရှေ့ မြင်ကွင်းနဲ့  လွတ်မြောက်လာသူတချို့  ပြောပြချက် —(ရုပ်/သံ)



DVB Entertainment

1 ဇာဂနာ အစိုးရကို စ သရော်



မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့ မနက် ၈ နာရီခွဲက လေးကြိမ် မြောက် အကျဉ်းကျရာကနေ ပြန်လွတ်မြောက်လာတဲ့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော် ဇာဂနာက အစိုးရကို စတင် ဝေဖန် ပြောကြား လိုက်ပါတယ်။

zaganarဇာဂနာက အပြင်ရောက်တာနဲ့ အစိုးရကို ချက်ချင်း သရော်ပါတယ်။နိုင်ငံတော် သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က ထွက်ထွက်ခြင်း ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီးအမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ်လို့ဥပမာ ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန် ပြောကြား ပါတယ်။

သူ့အနေနဲ့သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ မဟုတ် ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်းပြောပါတယ်။တခြား Media Player ဖြင့် ဖွင့်ပါလွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ်လို့တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ မဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီးဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။

ဒီကနေ့သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ပြန်ဖမ်းဆီး ထောင်ချလို့ရတဲ့ ၄၀၁ ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပါတယ်။ (ဘီဘီစီ)

ဇာဂနာနှင့် RFA အင်တာဗျူး

လွန်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပေမယ့် ကျန်းမာရေးလည်း အတော်လေး ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသတွေနှောပြီး ဖြေခဲ့ပါတယ်။`

ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”

ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတမြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်”

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့အကြောင်း ပြောပါတယ်။

ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့ တယ်။ ထောင်ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”

ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အငြိမ့်လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာတွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။

“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိဂ င်္ီစုံမှသာ ကခွင့်ပြုမယ်”

“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်”

ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ်လာမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေးသမားတွေကို ဘာပြောချင်လဲ လို့လည်း မေးကြည့်ပါသေးတယ်။

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”

"ကိုဇာဂနာနှင့်Eleven Media Groupအင်တာဗျူး"

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။


မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။

0 နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု နောက်ဆုံးရ သတင်းများ စုစည်းတင်ပြချက်(၂ )

မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်

(ကသာထောင်)
ကချင်ပြည်နယ် ကသာထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။

ဦးစောလှိုင်(၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်းတော်ကိုယ်စားလှယ်)၊ ကိုမျိုးဝင်း(ရန်ကုန်)၊ ကိုအောင်နိုင်ဦး(ပဲခူး)၊ ကိုမြင့်အောင်(ကေအန်ယူ) နဲ့ စောဘဘိုး(တောင်ငူ) တို့ဖြစ်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်း လွှတ်မယ့်စာရင်းမှာ မပါဘူးလို့ ထောင်အာဏာပိုင်တွေက တဆင့်ကြားတယ်လို့ သူ့အဖေက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မလားဆိုတာလည်း မသိရသေးဘူးလို့ သူ့ညီ ကိုအောင်ထွန်းက ပြောပါတယ်။

(ပေါင်းတည်ထောင်)
ထောင်ဒဏ် ၁၀၆ ချမှတ်ခံရပြီး စစ်တွေထောင်မှာ အကျဉ်းကျနေသူ ရှမ်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင် ဒီမနက် ပြန်လည်လွတ်မြောက်တယ်လို့ လားရှိုးမြို့ နေ မြေးဖြစ်သူက ပြောပါတယ်။ပဲခူးတိုင်း ပေါင်းတည်ထောင်က ကိုကျော်ကျော်လင်း (အဖွဲ့ချုပ်လူငယ်) ကတော့ လွတ်ဖို့ အတွက် ညကတည်းက လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ဒီနေ့လွတ်မြောက်မယ်လို့ သိရပါတယ်။ ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သူတယောက်တည်းရှိပါတယ်၊ စစ်ထောက်လှမ်းရေးဟောင်း ၇ ဦးလည်း ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်မယ်လို့ သတင်းရရှိပါတယ်။

မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်
(ဟင်္သာတထောင်)

ဧရာဝတီတိုင်း ဟင်္သတထောင်ကနေ အကျဉ်းသား ၂၆ ဦး လွတ်မြောက်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အဖွဲ့ချုပ်ဝင် ကိုသန့်ဇော်နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် မအေးသီတာတို့ လွတ်မြောက်လာပါတယ်။

မအေးသီတာဟာ ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ်မှတ်ခံရပြီး ၄ နှစ်ပြည့်ချိန်မှာ ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း မအေးသီတာက ဒီဗွီဘီကို ပြောပါတယ်။

(ဗူးသီးထောင်ထောင်)
ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုးတို့ လွတ်မြောက်လာပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဒီထောင်ကနေ လွတ်လာမယ်လို့ မိသားစုက ယုံကြည်နေပေမယ့် ဒီနေ့လွတ်လာတဲ့အထဲ ကိုဌေးကြွယ်မပါဘူးလို့ ထောင်အာဏာပိုင်က ကိုဌေးကြွယ်ရဲ့နှမ မမီမီကြွယ်ကို ပြောပါတယ်။

(တောင်ငူထောင်)

ပဲခူးတိုင်း တောင်ငူထောင်က အကျဉ်းသား စုစုပေါင်း ၉၁ ဦး လွတ်မြောက်ပြီး ထောင် အခေါ်အဝေါ်အရ သာမန်သီးသန့်နဲ့ သီးသန့်အကျဉ်းသား ၃၂ ဦးလွတ်မြောက်သလို စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်သူ ၁၃ ဦး လွတ်မြောက်တယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။

တောင်ငူထောင်က လွတ်မြောက်သူတွေထဲမှာ ၁၉၈၉ ခုနှစ် သန်လျင်ရေနံချက် စက်ရုံဝင်း ဗုံးဖောက်ခွဲမှု သံသယနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦးလည်း ပါဝင်ပါတယ်။ သူဟာ အဖွဲ့ချုပ် လူငယ်တဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်နဲ့ ကိုမိုးကျော်သူတို့ကို ဗုံးဖောက်ခွဲမှု တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူက) ဗိုလ်မှူးကိုကိုနိုင်က သန်လျင်ရေနံချက် စက်ရုံနဲ့ မြို့တော်ခန်းမ တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦးကတော့ အခုမှ လွတ်မြောက်လာရတာပါ။
တောင်ငူထောင်မှာ ပုဒ်မ ၅ ည နဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ စတင်ကျခံရတဲ့ စောမြင့်နိုင်(ထောင်ဒဏ် ၂၄ နှစ်)၊ ဦးအေးရွှေ(ပဲခူး) (ထောင်ဒဏ် ၂၄ နှစ်) ကိုဇော်ရဲဝင်း (ထောင်ဒဏ် ၁၇ နှစ်) တို့လည်း ပြန်လွတ်လာပါတယ်။

အလားတူ ကိုအောင်အောင်(အောင်သန့်ဇင်ဦး) နဲ့ အောင်ဇေဖြိုး(ဇော်ကြီး) တို့လည်း တောင်ငူ ထောင်ကနေ ပြန်လွတ်လာတယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။

မွန်းတည့် ၁၂ နာရီ ၇ မိနစ်

(ကလေးမြိဲု့)

စစ်ကိုင်းတိုင်း ကလေးမြို့က အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေက အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်တယ်လို့ ကလေးမြို့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။

ကလေးမြို့ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတဲ့အနက် ဦးအေးချို၊ ဦးသိန်းလွင်ဦး၊ ကိုလှိုင်မျိုး၊ ကိုမြင့်နိုင်၊ ကိုအောင်အောင်တို့ လွတ်မြောက်လာတယ်လို့ ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံ ဃာတော် အရှင်ဂမ္ဘီရကတော့ လွတ်မြောက်မလာသေးဘူးလို့ ထောင်ရှေ့မှာ စောင့်နေသူတွေက ပြောပါတယ်။
မနက် ၁၁ နာရီ ၃၅ မိနစ် ၂၀ စက္ကန့်

(သံတွဲထောင်)

ရခိုင်ပြည်နယ် သံတွဲထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ရှိတဲ့အနက် တဦးမှ လွတ်မလာသေးဘူးလို့ ဒီမနက် ၉ နာရီမှာ သံတွဲက နိုင်ငံရေးအသိုင်း အဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးကဖယ်ရှား အရေးယူခံရပြီးနောက် ထောင်ကျ ခဲ့ကြတဲ့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီး ၂ ဦးလည်း သံတွဲထောင်မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။

နေဘုန်းလတ် (ဘလော့ဂါ)

ကရင်ပြည်နယ် ဘားအံထောင်က အကျဉ်းသားတွေထဲက ၃၈ ဦး လွတ်မြောက်ဖို့ရှိ တယ်လို့ ဘားအံထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီထဲမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဘလော့ဂါနေဘုန်းလတ် ပါဝင်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဘားအံထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ညီဖြစ်သူ ကိုဘိုသူက ပြောပါတယ်။

မနက် ၁၁ နာရီ : ၁၇ မိနစ် : ၃၀ စက္ကန့်

ဦးသန်းလွင် (အန်အယ်လ်ဒီ)
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မတ္တရာ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသန်းလွင်ရဲ့ အခြေအနေကို မိသားစုက ထောင်ကို မေးမြန်းရာ မှာ ၁၀ နာရီကျမှ ပြန်လည်မေးမြန်းဖို့ တုံ့ပြန်ဖြေကြားတယ်လို့ မိသားစုက ပြောပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး အကျဉ်းကျနေတယ်လို့ သိရပါတယ်။

ဒေါ်ဝင်းမြမြ (အန်အယ်လ်ဒီ)

ကချင်ပြည်နယ် ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်ဝင်းမြမြရဲ့ နေအိမ်ကို မနက် ၉ နာရီက မေးမြန်းရာမှာ သက်ဆိုင်ရာက ဘာမှ အကြောင်းမကြားပါဘူးလို့ ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုးက ဖြေပါတယ်။
ပူတာအိုထောင် မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အကျဉ်းကျနေပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး မုံရွာထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ပြန်လွတ်ဖို့ရှိ တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုညွန့်အောင် (မုံရွာအန်အယ်လ်ဒီ) မုံရွာအန်အယ်လ်ဒီက လူငယ်တာဝန်ခံ ကိုညွန့်အောင်ဟာ ပူတာအိုထောင်မှာ အကျဉ်းကျနေရာက ပြန်လွတ်လာမယ်လို့ မိသားစွုနဲ့ အဖွဲ့ချုပ်ဝင်တွေက မျှော်လင့်နေကြပါတယ်။

တောင်ငူထောင်

တောင်ငူထောင်ကနေ အကျဉ်းသား ၉၁ လွတ်မြောက်ဖို့ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၂ ဦး ပါဝင်မယ်လို့ တောင်ငူထောင်အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီထဲမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မှားယွင်းဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ ကျူးလွန်သူအမှန် ပေါ်ပေါက်သွားပေမယ့် မလွတ်မြောက်သေးတဲ့ ကိုညီညီဦး အပါအဝင် ဦးအေးဆွေ၊ စောမြင့်နိုင်၊ ဂျိမ်း (ခေါ်) အောင်အောင်၊ အောင်ဇေဖြိုးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ရှိတယ်လို့လည်း တောင်ငူထောင် အသိုင်းအဝိုင်းက ပြောပါတယ်။

ကိုလှမျိုးနောင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက် ၈ နာရီလောက်မှာ အကျဉ်းသား တချို့ကို မှန်လုံကားတစီးနဲ့ စတင်လွှတ်ပေးလိုက်ပြီး ဒီအကျဉ်းသားတွေထဲမှာ ရှမ်း၊ တရုတ် စတဲ့အကျဉ်းသားတွေသာ ပါဝင်ပြီး ရှမ်းပြည်နယ်ဘက်ကို ပြန်ပို့တာလို့ အိုးဘိုထောင်ရှေ့က မျက်မြင်သက်သေတွေက ပြောပါတယ်။
အိုးဘိုထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုလှမျိုးနောင် ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လူရွှင်တော် ဇာဂနာ

မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သူတွေထဲ ပါဝင်ကြောင်း မြစ်ကြီးနားထောင် အာဏာပိုင်တွေဆီက သိရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။

ဒီမနက် ၁၀ နာရီ မိနစ် ၃၀ မြန်မာ့လေကြောင်းလေယာဉ်နဲ့ တင်ပေးလိုက် မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

၂ဝဝဂ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေခဲ့တဲ့ ကိုဇာဂနာကို အာဏာပိုင်တွေက အဲဒီနှစ်ဇွန်လမှာ ဖမ်းဆီးခဲ့ပါ တယ်။

အဲဒီနောက် သူ့ကို အီလက်ထရောနစ် အက်ဥပဒေ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနဲ့ ဗွီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။

အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ထားရာက ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တမှုကို၈ နှစ်စီ စုစုပေါင်း ၂၄ နှစ် လျှော့ချပေး လိုက်လို့ ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိတာဖြစ်ပါတယ်။
ကိုဇာဂနာ အကျဉ်းကျခံနေတုန်းမှာ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခု မတ်လ ၂၀ ရက်မှာ ကွယ်လွန်ခဲ့သလို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေဟာလည်း ၂၀၁၀ ခု ဇူလိုင် ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ကိုမျိုးအောင်သန်းနဲ့ ကိုဇင်မင်းထွန်းတို့လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။

ဦးကျော်ခင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ရှမ်းပြည်နယ် တောင်ကြီးထောင်က လွတ်မြောက်မယ့် အကျဉ်းသား ၂၀၀ စာရင်း မှာ ၁၉၉၀ ရွေးကောက်ပွဲဝင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ပါဝင်တယ်လို့ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။ လားရှိုးထောင်ကလည်း အကျဉ်းသား ၉၂ ဦး လွှတ်မှာဖြစ်ပြီး အဲဒီထဲက နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ဦးရှိန်နိတ္တ၊ ကိုအောင်ဇော်ဦး(တောင်ကြီး)၊ မတင်တင်ချို (မရမ်း ကုန်း အန်အယ်လ်ဒီ)၊ ဦးအုန်းကျော် (ဒေါပုံ အန်အယ်လ်ဒီအဖွဲ့ဝင်) တို့ ၄ ဦး ပြန်လွတ်လာ တယ်လို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။


ကျိုင်းတုံထောင်မှာ အကျဉ်းသာ ၁၄၄ ဦး လွတ်တယ်လို့ ကြားသိရပေမယ့် နိုင်ငံရေးအကျဉ်းသား ပါမပါ မသိရသေးပါဘူး။


မနက် ၁၀ နာရီ : ၄၀ မိနစ် : ၄၀ စက္ကန့်

ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိတိမ်စွဲနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ‘နအဖ’ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အထူးဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

သူနဲ့အတူ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် စတဲ့ ရှမ်းခေါင်းဆောင် ၈ ဦးကို “ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းဖို့ လှုပ်ရှားကြတယ်”ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံ တရားစီရင်မှုသမိုင်းမှာ မကြုံစဖူး ထောင်ဒဏ် (၁၀၆) နှစ် စီရင်ခံရသူဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းအရ ဗိုလ်ချုပ်ဆေထင်ကို ရန်ကုန်ကို ဒီနေ့ပို့ဆောင်မှာဖြစ်ပြီး မနက်ဖြန်မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်လို့ မိသားစုအနေနဲ့ လားရှိုးလေဆိပ်ကနေ စောင့်ကြိုဖို့ ဒီမနက် ၉ နာရီခွဲမှာ ဗိုလ်ချုပ်ဆေထင်ကိုယ်တိုင် ဖုန်းဆက်တယ်လို့ သူ့သမီး နန်းခမ်းဖောင်းက ဒီဗွီဘီကို ပြောပါတယ်။

မနက် ၉ နာရီ : ၄၅ မိနစ် : ၀၅ စက္ကန့်

မန္တလေး အိုးဘိုထောင်က လွတ်မယ့် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း နိုင်ငံရေးအသိုက်အဝန်းက သွားကြိုဖို့ ပြင်ဆင်နေကြပါတယ်။ ပဲခူးမှာတော့ အခြေအနေ ထူးခြားမှု မရှိသေးဘဲ ပဲခူး အဖွဲ့ချုပ်ဥက္ကဌ ဦးမြတ်လှကတော့ အားလုံးလွတ်မယ်လို့ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။ အသက်ကြီးတဲ့လူတွေလောက်လွှတ်မယ်လို့ ထင်ပြီး လူငယ်တွေ အထူးသဖြင့် ၈၈ မျိုးဆက်တွေကို လွှတ်ပါ့မလားလို့ စိုးရိမ်တယ်လို့ လည်း ပြောပါတယ်။


မနှင်းပွင့်ဝေ (ဗကသ)

မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းပွင့်ဝေ (နာဂစ်အလောင်းတွေ သင်္ဂြီုဟ်တဲ့ ဗကသ အဖွဲ့ဝင်) လည်း လွတ်မယ့်စာရင်းမှာပါတယ်။ ဒီမနက် ၁၀ နာရီမှာ အခမ်းအနားနဲ့လွတ်မယ်လို့ သိရပြီး သူ့ဖခင် ဒေါက်တာနေဝင်းနဲ့ မိခင်တို့က ရန်ကုန်ကနေ မော်လမြိုင်ထောင်ရှေ့ကို သွားရောက်စောင့်ဆိုင်းနေကြပါတယ်။



မနက် ၈ နာရီ : ၄၀ မိနစ် : ၀၆ စက္ကန့်

နိုင်ငံကျော်လူရွှင်တော် ဇာဂနာ (ကိုသူရ) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး မြစ်ကြီး နားထောင်ကနေ လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်အတွင်းရေးမှူး ဦးနေဝင်းက မြစ်ကြီးနားထောင်ကို သွားမေးရာမှာ အဲဒီလို သိလာရတာလို့ ပြောပါတယ်။ လွတ်မယ့်လူစာရင်းမှာ ကိုဇာဂနာပါတယ်လို့ သူ့ခယ်မ မငြိမ်းကလည်း ပြောပါတယ်။


ပဲခူးတိုင်း သာယာဝတီထောင်က ပြန်လွှတ်မယ့် အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတော်အတန်ပါတယ်လို့ ထောင်အာဏာပိုင်တွေက ပြောတဲ့အကြောင်း ထောင်ကို မနေ့ကသွားပြီး ပါဆယ်ပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။ သာယာဝတီထောင်ကို မနေ့မွန်းလွဲပိုင်းက နိုင်ငံရးအကျဉ်းသား ၃၃ ဦးအ တွက် ပါဆယ်သွားပို့ရာမှာ ၁၂ ရက်နေ့မှာ လွှတ်ပေးတဲ့အခါ စာရင်းသွင်းထားရင် ပြန်ထုတ် ရခက်မှာစိုးလို့ မနက်ဖန် ပြန်လွတ်တော့မှပေးဖို့ ထောင်ဝန်ထမ်းက ပြောတယ်လို့ ဆိုပါတယ်။ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၈၀ ကနေ ၂၀၀ အကြားရှိတယ်လို့ လည်း သိရပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို အကျဉ်သား တွေ ပြန်လွတ်မယ်လို့ မျှော်လင့်ပြီး သွားရောက်ကြည့်ရှုမေးမြန်းရာမှာ မနက် ၈ နာရီမှ လွှတ်မယ့်အကြောင်း ထောင်တာဝန်ရှိသူက ဖြေကြားတယ်လို့ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးက ပြောပြပါတယ်။ အိုးဘိုထောင်ရှေ့မှာ အကျဉ်းသားမိသားစုဝင် ၅၀ လောက် ရောက်ရှိစောင့်ဆိုင်းနေကြပြီလို့လည်း ပြောပါတယ်။

မန္တလေးတိုင်း ရွှေဘိုထောင်ကနေ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ဆယ်ဦး ပြန်လည်လွတ်မြောက်လာမယ်လို့ ထောင်တွင်းက ထွက်ပေါ်လာတဲ့သတင်းကို ကိုးကားပြီး အကျဉ်း သားတွေအကျိုး လိုက်ပါဆောင်ရွက်နေသူတွေ၊ ကြိုဆိုနေသူတွေက ပြောပါတယ်၊ ကျိန်း သေလွတ်ပြီလို့ မဆိုနိုင်သေးပေမယ့် သူတို့ရရှိတဲ့စာရင်းမှာ ပါဝင်သူတွေကတော့ …

၁။ မလေးလေးမွန်

၂။ ကိုကျော်မင်းသန်း

၃။ ကိုကြည်သာထွန်း

၎။ ကိုစိုးဝင်းအောင်

၅။ ဦးကျော်လှိုင်

၆။ ဦးသုစိတ္တ

၇။ ဦးသုဇန

၈။ ဦးခေမိန္ဒ

၉။ မရင်ရင်ဝိုင်း

min kyaw khine(facebook)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.