Saturday, January 8, 2011

4 နအဖစစ်အာဏာရူးခေါင်းဆောင်များက အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမည့်ဥပဒေပြဌာန်းရန်လုပ်ဆောင်နေ(ရုပ်/သံ)


nhk သတင်းဌာနကသတင်းပါ။
မြန်မာနိုင်ငံသား အားလုံး အတွက် စစ်မှုမထမ်း မနေရ ဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲလိုက်ပြီး စစ်မှုမထမ်းဘဲရှောင်ပြေးရင် ထောင်ဒဏ်(၅)နှစ်အထိချလို့ရတယ်လို့ဆိုပါတယ်။ စစ်သားအဖြစ်အရွေးချယ်မခံစေချင်ရင် လာထား ဆိုပြီး အကြံအဖန်တွေပေါ်လာမှာမြင်ယောင်မိပါတယ်။
ပြီးခဲ့တဲ့နေပြည်တော်မှာကျင်းပခဲ့တဲ့(၆၃)နှစ်မြောက်လွတ်လပ်ရေးနေ့တုန်းကဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သ၀ဏ်လွှာထဲမှာ ပထ၀ီနိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာပြည်ရဲ့အချုပ်အချာအာဏာကို လောဘရမက်ကြီးမားပြီး ရန်လိုတဲ့ နိုင်ငံတချို့ကနည်းအမျိုးမျိုးဖြင့် လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။ အနောက်နိုင်ငံကြီးတွေက ကျွန်ပြုဖို့ကြိုးစားနေတယ် ချယ်လှယ်ဖို့ကြိုးစားနေတယ်ဆိုပြီး အီရတ်တို့ အာဖဂန်နစ္စတန်တို့ကိုပြပြီးစစ်တပ်ကိုစည်းရုံးလို့ကောင်း တိုးချဲ့ဖို့ကောင်းအောင် ဒီလိုမျိုးအလိမ်အညာတွေနဲ့ အောက်ခြေပိုင်း တပ်မတော်သားတွေကို ပြောထားလို့ရပါတယ်။ ဒါပေမဲ့ ပြည်ပကိစ္စတွေဖတ်ရူထိတွေ့လေ့လာကြားသိနေရတဲ့ တပ်ကအထက်အရာရှိတွေ၊အပေါ်ပိုင်းအရာရှိကြီးတွေကတော့ ပြည်ပရန်ဘာညာဒီခောတ်ကြီးမှာ နိုင်ငံတွေကကျူးကျော်ပြီး ကျွန်ပြုတဲ့ခောတ်ဟာ မရှိတော့ဘူးဆိုတာ သူတို့ကောင်းကောင်း နားလည်လက်ခံထားကြပါတယ်။
Myanmar's military government will introduce a draft for men and women aged 18 and older.

NHK has obtained official documents issued by Myanmar's military government. The documents show that legislation for mandatory military service was enacted on December 17th.

Men aged between 18 and 45, and women aged between 18 and 35 will be drafted into the army for two to three years.

The government requires all people of eligible age, except the physically challenged, to register with local authorities.

Those who fail to register or try to evade the draft face imprisonment of up to five years.

Following last November's general election, the country's first in 20 years, a new parliament is expected to convene as early as the end of January, and establish, in appearance, a civil government.

Analysts say the move indicates the military government's effort to maintain its influence by familiarizing people with the military.

The last-minute decision to introduce the draft system before the new government's inauguration is likely to stir protests from the public.

0 စီးပွားရေး ဒဏ်ခတ်မှုဥပဒေ

Lady of Justice

ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်တဲ့ ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူထားတာတွေ ရုတ်သိမ်းဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း အနောက်တိုင်းစာနယ်ဇင်းလောကမှာ ရေးသားပြောဆိုရေးသားနေကြပါတယ်။



ဒဏ်ခတ်အရေးယူတာကို ရုတ်သိမ်းပြီး ဗမာအစိုးရနဲ့ လက်တွဲလုပ်ကိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားသင့်တယ်လို့ အကြံပေးသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူတဲ့ အမေရိကန်ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကိုယ်စားပြုတဲ့ပါတီအဖြစ် အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့အတွက် မြန်မာ့ဒီမိုကရေစီ အက်ဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင် (၂၈) ရက်နေ့မှာ အမေရိကန်ကွန်ဂရက် လွှတ်တော်က ပြဌာန်းတယ်လို့ ဥပဒေနိဒါန်းမှာ ရေးထားပါတယ်။ ဒီ ဥပဒေကို ပြဌာန်းရတဲ့ အကြောင်းရင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဒီပဲယင်းမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်လည်း ပါဝင်နေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထု ကိုယ်စားပြုတဲ့ပါတီအဖြစ် တရားဝင် အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တာတွေ သိသိသာသာလျှော့နည်းမှု၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးမှု၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့် နဲ့ ကိုးကွယ်ခွင့်ရှိမှု၊ အရပ်သားအစိုးရဖွဲ့စည်းမှု စတာတွေကို တွေ့မြင်ရမှသာ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ရုတ်သိမ်းနိုင်မယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီ ကို ပြည်သူ့ကိုယ်စားပြုပါတီအဖြစ် တရားဝင်သတ်မှတ်ကြောင်း ၂၀၀၃ အမေရိကန် ဥပဒေမှာ ဖော်ပြတာဟာ ပါတီနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၃ အမေရိကန်ဥပဒေ ရုတ်သိမ်းဖို့ကိစ္စဟာ အန်အယ်ဒီရဲ့  ရပ်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်ဥပဒေရဲ့  မွန်မြတ်တဲ့ ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်ဖို့ ခက်ခဲပါတယ်။ ဒီလို အနေအထားမှာ ဒဏ်ခတ်အရေးယူမှုကို ရုတ်သိမ်းဖို့ ကြိုးစားတာဟာ ရှေ့ မျက်နှာနောက်ထားပြီး လုပ်ရမယ့်ကိစ္စ ဖြစ်နေပါတယ်။တကယ်တော့ အမေရိကန်ပြည်တွင်းက တောင်းဆိုတာတွေကို လိုက်လျောတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူတဲ့ ဥပဒေကို ပြဌာန်းလိုက်တာဖြစ်တဲ့အတွက် ရည်ရွယ်ချက် အောင်မြင်ရေးကို အဓိက မထားဘူးလို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ ဗမာအစိုးရကို ဒဏ်ခတ်အရေးယူတဲ့ မူဝါဒကျင့်သုံးလို့ အမေရိကန် အကျိုးစီးပွား မထိခိုက်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ကိစ္စမှာ မူဝါဒရေးရာပိုင်းကို ဦးစားပေးနေတာ ဖြစ်ပါတယ်။ ဗမာစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်တာခြင်း တူကြပေမယ့် အမေရိကန်အစိုးရဟာ ဗမာစစ်အစိုးရနဲ့ ဆက်ဆံရာမှသာ မူဝါဒရေးရာကို ရှေ့ တန်းတင်ပြီး တရုတ်နဲ့ ဆက်ဆံရာမှာတော့ လက်တွေ့အကျိုးစီးပွားကို ဦးစားပေးတဲ့လမ်းစဉ်ကို ကျင့်သုံးပါတယ်။ ဖယ်ဒရယ်ဥပဒေ (၅) ခု ပြဌာန်းပြီး ဗမာအစိုးရကို စီးပွားရေးဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အသိုင်းအဝိုင်းကို ရွေးပြီး စီးပွားရေးဒဏ်ခတ်တာဟာ စစ်ဗိုလ်ကြီးစိုးတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လိုဟာမျိုးတွေကို ထိခိုက်စေပါတယ်။

ဒီလုပ်ငန်းကြီးတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမားက လူနည်းစုပါ။ ဒဏ်ခတ်မှုကြောင့် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားဦးရေဟာ တသိန်းပတ်ဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းပါတယ်။ အလုပ်သမားဦးရေ သိန်း (၃၅၀) ကျော်ထဲက တသိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားတာပါ။ အမေရိကန် ဒဏ်ခတ်မှုကြောင့် ဗမာအလုပ်သမားတွေ မနစ်နာပါဘူး။ တရုတ်အလုပ်သမားတွေ အများအပြား ဝင်လာတာကသာ ဗမာအလုပ်သမားများကို ထိခိုက်နိုင်ပါတယ်။ နှစ်ပေါင်းအတော်ကြာ စီးပွားရေးဒဏ်ခတ် အရေးယူနေပေမယ့် ဗမာစစ်အစိုးရဟာ ပြောင်းလဲသွားတာ မဟုတ်လို့ မြန်မာ့ဒီမိုကရေစီအရေးကို အမေရိကန်အစိုးရက အားပေးချင်တယ်ဆိုရင် ဒဏ်ခတ်အရေးယူတဲ့နည်းကို မသုံးဘဲ အကူအညီပေးပြီး ဖျောင်းဖျပြောဆိုတဲ့နည်းကို ကျင့်သုံးရလိမ့်မယ်လို့ စောဒကတက်သူတွေလည်း ရှိပါတယ်။

အနိုင်ကျင့်ပြီး နှိပ်စက်ညှဉ်းပန်းအပြုအမှုတွေ ကွယ်ပျောက်သွားရင် ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒဏ်ခတ်အရေးယူအောင် လုပ်နေသူဟာ ဗမာစစ်အစိုးရသာ ဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူအောင် လမ်းခင်းပေးနေသူဟာ ဗမာစစ်အစိုးရပါ။ ဗမာစစ်အစိုးရကို အကူအညီပေးရုံနဲ့ ကောင်းမွန်တဲ့အစိုးရ ဖြစ်မလာနိုင်တာကို သမိုင်းက သက်သေပြနေပါတယ်။အမေရိကန်ဘက်က ကြည့်ရင်လည်း ဒဏ်ခတ်တဲ့ဥပဒေနဲ့ အမိန့်တွေ ထုတ်ပြန်ရတာ လွယ်ကူသလောက် ရုတ်သိမ်းရာမှာ အခက်အခဲရှိတယ်လို့ လွန်ခဲ့တဲ့နှစ် ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ကွန်ဂရက်လွှတ်တော် သုတေသနစာတမ်းမှာ အာရှရေးရာ သုတေသီ Michael F. Martin က သုံးသပ်ပါတယ်။ သမ္မတအမိန့်နဲ့ ဖယ်ဒရယ်ဥပဒေတွေမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေ ထပ်နေတာကတကြောင်း မူးယစ်ဆေး၊ ဘာသာရေး လွတ်လပ်မှု၊ လူကုန်ကူးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတာကတကြောင်းမို့လို့ ကိစ္စတခုကို ရုတ်သိမ်းလိုက်ရုံနဲ့ အခြားကိစ္စတွေမှာ ကင်းလွတ်သွားမယ်လို့ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေး အခြေအနေကောင်းမွန်လာမှသာ ဒဏ်ခတ်အရေးယူမှု နိဂုံးချုပ်ဖို့ အလားအလာရှိကြောင်း ကွန်ဂရက်လွှတ်တော် သုတေသီ Michael F. Martin က သုံးသပ်ထားပါတယ်။

By ဦးအောင်ခင် & မညိုညိုလွင်

VOA

0 တောင်ငူမြို့တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှလမ်းဘေးလက်တွန်းလှည်း၊လမ်းဘေးဈေးသည်များအပေါ်အခွန်နူန်းထားများပိုမိုကောက်ခံနေခြင်း

တောင်ငူမြို့လမ်းဘေးတွင်ရောင်းချနေသော လက်တွန်းလှည်းဈေးသည်အားတွေ့ရစဉ် (photo..Taungoo City FB)

တောင်ငူမြို့လမ်းဘေးတွင်ရောင်းချနေသော လက်တွန်းလှည်းဈေးသည်များကို စည်ပင်ဗိုလ်မှူးဧ။် လမ်းညွန်ချက်အရ စည်ပင်အဖွဲ့ဝင် ကိုနိုင်ဝင်းက ၇.၁.၂၀၁၁ မှ ၁၃.၁.၂၀၁၁ နေ့အတွင်းလိုင်စင်ခ၈၀၀၀ ကျပ်ကို အတင်း အဓမ္မတောင်းခံနေပါသည်။ နေ့စဉ်ဈေးကောက်အတွက်လဲ ၂၀၀ကျပ်ပေးနေရပါသည်။
ပြည်သူလူထု စီးပွားရေးကျပ်တည်းနေချိန်တွင် မနှစ်ကလိုင်စဉ်ခ ၃၅၀၀ ကျပ်သာ ပေးဆောင်ရပါသည်။

သည်နှစ်တွင် လိုင်စင်ခနှစ်ဆကျော်လောက်တောင်းခံခြင်းသည် ပြည်သူလူထုကို ကိုယ်ချင်းမစာနာပဲကိုယ်ကျိုးအတွက်ပဲလား နှိင်ငံတော်အတွက်ပဲလား ဆိုတာ သိရအောင်လို့ ပြည်သူလူထု လမ်းဘေးဈေးသည်ကိုယ်စား ရင်ဖွင့်လိုက်ရပါသည်။
လမ်းဘေးဈေးသည်တစ်ဦး
ပေးပို့သူ။ ။ အောင်မောင်း(၈၈၈၈)

0 The Voice Journal Vol7.No5

The_Voice_7-5_2

0 " ရောင်နီလာ နံနက်ခင်းဆီသို့”-အပိုင်း ( ၂ )
ရေးသူ-မောင်မောင်ဝမ်း


“ကိုယ်ကျင့်တရားကို လေးစားသော ပုဂ္ဂိုလ်ဟူသည် အောင်ပွဲကိုလည်း သိက္ခာရှိသော နည်းဖြင့်သာ ရယူရာသည်။ သိမ်ဖျင်းယုတ်ညံ့သော နည်းလမ်းမျိုး ကိုကား မိမိအသက်ကို ကယ်ဆယ်ရန် အတွက်ပင် အသုံး မပြုသင့်” ----- ဆာတိုးရီးယပ်(စ) (Sertorius ဘီစီ ၁ရာစု)

ဒီနေ့ရာသီဥတုလေးက အတော်နေလို့ထိုင်လို့ကောင်းနေတယ်၊ မပူလွန်းအအေးလွန်းအနေထား၊ အညာမြေမှာ ဒီလိုအနေထား မျိးကို လူတော်တော်များများနှစ်ခြိုက်ကြတယ်၊ တခါတရံ မိုးနံ့လေးတွေပြေးနေတယ်၊နေလည်းမပူ ၊ မိုးကလည်း အအုံ့ကြီးမဟုတ်၊ တခါတရံမိုး ဖွားလေးများ ရွာချလာတတ်တယ်၊ ရုတ်တရက်နာရီကိုကြည့်လိုက်မှ ဒီအချိန်ဆို ကျနော့် လူတွေ အမှတ်တရ လဘက်ရည်ဆိုင်မှာ စုံနေရော့မယ်၊ အကျီကို ကပျာကယာလည်းလိုက်ပြီး ခပ်သုတ်သုတ်လေးထွက်လာခဲ့တယ်၊ လမ်းထိပ်ရောက်တော့ မဆုံ ချင်တဲ့ လူတယောက်နဲ့လာဆုံဖြစ်ပြန်ပြီ ၊ ဘာလုပ်နေကြတာလည်းမသိ ကျနော့် ဦးလေး အိမ်ထဲက ကောင်လေး၊ကောင်မလေး ၅ ယောက်လောက်နဲ့ ကျနော့်ငယ်သူငယ်ချင်း အောင်နိုင်---ထွက်လာတာကိုတွေ့လိုက်ရတယ်၊ သူက မြို့နယ် ပြည်ခိုင်ဖြိုး( ကြံ့ဖွတ် ) အဖွဲ့က အတွင်းရေးမှုး ကျနော်နဲ့ ဆယ်တန်းအထိသူငယ်ချင်းဖြစ်ခဲ့ဘူးတယ်၊ ၈၈ လူထုအရေးတော်ပုံကြီးဖြစ်တော့ ကျနော်တို့ကျောင်းသားတွေနဲ့ အတူ သမဂ္ဂမှာတက်တက်ကြွကြွပါဝင်ခဲ့ဘူးသူ၊ မှတ်မိတဲ့ တချက်က လူထုဟောပြောပွဲတခုမှာ-- ဒီမိုကရေစီရသည်အထိ ကျနော့်ဘ၀ကိုပေးဆပ်သွားပါမယ်ဆိုတာကတိပြုပါတယ်တို့၊ ကျောင်းသားသမဂ္ဂဆိုတာ ကျနော့်ရဲ့နှလုံးသည်းပွတ်ပါတို့ပြောဆိုခဲ့ဘူးသူ၊ အော် --ခုတော့လည်း တိုက်ပုံအကျီ အဖြူတကားကား၊ရင်ဘတ်မှာခြင်္သေ့တံဆိပ်ရင်ထိုးကြီးက ကြွားကြွားဝံ့ဝံ့နဲ့၊ ကျောင်းသားသမဂ္ဂဆိုတာ သူပုန်တွေစုဝေးထားတဲ့ တရားမ၀င် အဖွဲ့အစည်းတခုပါလို့တွင်တွင်ကျယ်ကျယ်ဟစ်ကြွေးနေလေရဲ့၊အာဏာရှင်စနစ်ကို နောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်ပါမယ်လို့ တွင်တွင်ပြောတတ်သူတယောက်က အာဏာရှင်များရဲ့ခြေအစုံအောက်မှာ ကျုံ့ကျုံ့လေးဝပ်တွားခယလို့၊ တတ်လည်းတတ်နိုင်ပါ့လားလို့သာပြောလိုက်ခြင်ပါရဲ့။

ကျနော့်ဦးလေးဆိုသူကလည်း ငွေသာရမယ်ဆို ဘယ်လိုကိုယ်ကျင့်တရားကိုမဆိုချိုးဖောက်ဘို့ဝန်မလေးတတ်သူ၊ သူ့အိမ်ထဲက ထွက်လာတာကိုမြင်လိုက်ရတော့ ဂွင်တခုခုဖန်နေပြီဆိုတာ မမေးပဲနဲ့သဘောပေါက်နေပြီးဖြစ်နေတယ်။ငယ်ငယ်က ကျနော့်သူငယ်ချင်းပြောတဲ့စကားနဲ့ပြောရရင် “ဘုန်းကြီးရူးနဲ့ရေဒီယိုပျက် ” ဆိုတဲ့စကားလိုပဲ၊ ဟုတ်တယ် ဘုန်းကြီးရူးက ရေဒီယိုပျက်ကိုမှသွားတွေ့ဆိုတော့ ပတ်ဝန်းကျင် ဒုက္ခရောက်တော့တာပဲ။ ကျနော်လည်းမကောင်းတတ်လို့ ပြုံပြီးတချက်နှုတ်ဆက်လိုက်ရင်း မြန်မြန်အဲဒီနားကခွာလာခဲ့ရတယ်။ အမှတ်တရ လဘက်ရည်ဆိုင်ကိုရောက်တော့ ကိုယ့်လူတွေက လူစုံတက်စုံရောက်နေကြပြီ အားလုံးက ကြိုဆိုနှုတ်ဆက်ရင်း အပြုံးတွေကိုယ်ဆီနဲ့ ကျနော်ကလည်းပြန်ပြုံးပြီးနှုတ်ဆက်လိုက်ရင်း ၀ိုင်းထိုင်လိုက်တယ်၊ ဒီတခါအပြုံးကတော့ ရင်ထဲအသဲထဲက နှစ်နှစ်ကာကာထွက်လာတဲ့ အပြုံးပါ၊

“ ဒီနေ့ ဟိုရက်က ဆွေးနွေးခဲ့တဲ့ဟာရဲ့အဆက်ကိုဆက်သွားချင်တယ် ”

အားလုံးတယောက်တပေါက်စကားတွေပြောနေရာက ရုတ်တရက်ဆိုသလိုငြိမ်သွားကြတယ်။ ကျနော်လည်းပြီးခဲ့တဲ့နေ့ကဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ဆက်လက်ပြီး………“ အာဏာရှင်စနစ်မှာ ဘုရင်ပဲဖြစ်ဖြစ်၊တပါတီအာဏာရှင်ပဲဖြစ်ဖြစ်၊ပစ္စည်းမဲ့ အာဏာရှင်ပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်အ၀၀ကို တဦးတယောက် ဒါမှမဟုတ် တစုတဖွဲ့၊တပါတီပေါ်မှာ စုပုံထားတယ်.. သူတို့ကထင်ရာစိုင်း လုပ်ခြင်ရာလုပ်တယ်..အာဏာကိုထိန်းချုပ်ကန့်သတ်တာတို့..ခွဲဝေကျင့်သုံးတာတို့ဆိုတာမရှိဘူး.. ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် ဘက်ပဲ .. ဒီမိုကရေစီဟာ အာဏာရှင်ကိုတော်လှန်ဘို့ပေါ်ပေါက်လာတဲ့ အတွေးအခေါ်တရပ်ဖြစ်လာခဲ့တယ် .. ဟိုနေ့က ငါရှင်းပြခဲ့သလိုပဲ.. ဒီမိုကရေစီဆိုတာကိုက ပြည်သူ့အာဏာ ပြည်သူအုပ်ချုပ်ရေး…အာဏာကိုပြည်သူကပိုင်စိုးတယ်.. အာဏာရှင်မှာက အာဏာကို လက်တဆုတ်စာ လူတစု၊ လူတယောက်က ချုပ်ကိုင်ထားတယ် ”

“ အကို ဟိုနေ့ကရှင်းပြခဲ့တဲ့အထဲက တိုက်ရိုက်ဒီမိုကရေစီဆိုတာကို ထပ်ရှင်းပြပါဦး” စန်းမောင်ကမေးလာတော့…

“ အေသင်မြို့မှာစတင်အသုံးပြုခဲ့တဲ့ ရှေးဦး ဒီမိုကရေစီမှာတော့ မြို့သား ( ပြည်သူတွေ ) ကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးတယ်…တဦးတည်းပိုင်တဲ့ အာဏာဆိုတာမရှိဘူး….ပြည်သူအားလုံး မြို့လယ် လဟာပြင်ဈေးမှာစုရုံးကြပြီး လုပ်ဆောင်ရမဲ့ ကိစ္စအ၀၀ကိုဆွေးနွေးတိုင်ပင်ကြတယ်.. အများစုဆန္ဒနဲ့အညီအတည်ပြုဆုံးဖြတ်..လုပ်ဆောင်ကြတယ်.. တဦးတယောက်၊တစုတဖွဲ့ဆီကို အာဏာပေးအပ်ထားတယ်ဆိုတာမရှိသေးဘူး.. ဒီနေ့ခေတ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ကန်တုံဒေသ ဆိုတာမှာ ကျင့်သုံးစဲပဲ.. နောက်တခါကွာ သေးငယ်တဲ့ အဖွဲ့အစည်း၊ဒေသအတွင်းမှာတော့ တိုက်ရိုက် ဒီမိုကရေစီကိုကျင့်သုံးကြတာပေါ့ ” ဆိုတော့ ထက်အောင် က……..

“ ကျနော် ဆယ်တန်းနှစ်က မှတ်မိသေးတယ် အကိုရ .. အတန်းထဲမှာ နှုတ်ဆက်ပွဲလုပ်မယ်လုပ်တော့ စုပေါင်းပြီး ဘာချက်မယ်ညာချက်မယ်ဆို ဆွေးနွေးကြတယ်.. ကျနော်တို့အတန်းပိုင် ဆရာကြီးကလည်း ဒီမိုကရေစီသမားလားမသိဘူး.. အဲဒီမှာ အုန်းနို့ခေါက်ဆွဲချက်ချင်တဲ့ အုပ်စုနဲ့ မုန့်ဟင်းခါးချက်ချင်တဲ့အုပ်စု ဆိုပေါ်လာတယ်..သူအုပ်စုအလိုက်ပေါ့ အုန်းနို့ခေါက်ဆွဲသမားကလည်း သူ့အုန်းနို့ခေါက်ဆွဲက ဘယ်လိုကောင်းကြောင်း.အကုန်ကျဘယ်လိုသက်သာနိုင်ကြောင်း..စသဖြင့်ပေါ့ အပြန်အလှန်ငြင်းခုံဆွေးနွေးတိုင်ပင်ကြတာ…ပျော်စရာလည်းကောင်းပေါ့ဗျာ.. အဲဒါ ဆရာကြီးက ပထမ စပြီးကျေငြာတယ်..အုန်းနို့ခေါက်ဆွဲချက်ခြင်တဲ့သူတွေလက်ထောင်ပါဆိုတော့..လက်ထောင်ကြတယ်..အဲဒါကိုရေတယ်..ပြီးတော့ တခါမှတ်ထားတယ်..မုန့်ဟင်းခါးချက်မဲ့ကိစ္စကိုလည်း ထို့နည်းတူစွာမေးတယ်..လက်ထောင်ကြတယ်..မှတ်ထားတယ်..အဲဒီနှစ်ခုကို နှိုင်းယှဉ်ရေတွက်လိုက်တော့ မုန့်ဟင်းခါးချက်ချင်တဲ့ အုပ်စုက အနိုင်ရသွားတာမှတ်မိသေးတယ်…”

“ အဲဒါ.. ဒီမိုကရေစီပေါ့.. တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီအမျိုးစားပေါ့ ” ကိုသွေးက၀င်ပြီးထောက်ခံဆွေးနွေးလိုက်တယ်၊

“ ငါတို့ကြတော့ ဒီလိုကွ…. တို့အတန်းထဲမှာ အတန်းခေါင်းဆောင်အဖြစ်ငါ့ကိုရွှေးချယ်ခဲ့တယ်ကွာ….နောက်ထပ် အတန်းခေါင်းဆောင်တွေထဲကမှတဆင့် ကျောင်းကောင်စီအတွင်းရေးမှုးတယောက်ကိုရွေးချယ်ခဲ့တယ်…..အဲဒါမျိုးကိုကြဘယ်လိုခေါ်နိုင်မလည်း အကို..” စန်းမောင်က ကျနော့်ဘက်ကိုလှည့်ပြီးမေးလိုက်တော့….

“ ဒါက ကိုယ်စားပြု ဒီမိုကရေစီအမျိုးစားပေါ့…မင်းအတန်းထဲမှာရှိတဲ့ ကျောင်းသားတွေက မင်းကို အတန်းကိုယ်စားလှယ်အဖြစ်ရွေးလိုက်တော့ မင်းက အဲဒီကျောင်းသားတွေကို ကိုယ်စားပြုပေးရတဲ့ ကိုယ်စားလှယ်ဖြစ်သွားတယ်လေ…အဲဒီအတန်းခန်းဆောင်တွေက မှနောက်တခါ ကျောင်းကောင်စီအတွင်းရေးမှုး တယောက်ကို ထပ်ရွှေးပေးရတာဟာ ကိုယ်စားပြုဒီမိုကရေစီအမျိုးစား….ဒီနေ့ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာကျင့်သုံးတဲ့ ပုံစံပေါ့… မဲဆန္ဒနယ်အသီးသီးကနေ ကိုယ်စားလှယ်တွေကို လူထုက ရွှေးချယ်ပေးရတယ်လေ..အဲဒီကိုယ်စားလှယ်တွေကမှတခါ လူထုအကျိုးစီးပွားတွေကိုပြန်အကောင်ထည်ဖော်ပေးရတယ်..မင်းတို့စိတ်ထဲမှာစွဲမြဲသွားစေဘို့ ဒီမိုကရေစီအဓိပါယ်ဖွင့်ဆိုချက်ကို ထပ်ပြောပြခြင်တယ်…ဒီမိုကရေစီဆိုတာ..ပြည်သူလူထု၏သဘောတူညီချက်ဖြင့်အုပ်ချုပ်သည့်အစိုးရ၊ အမြင့်ဆုံးအာဏာဟာ ပြည်သူလူထုလက်ထဲမှာပဲတည်ရှိရမယ်ဆိုတဲ့ အစိုးရစနစ်ကို ခေါ်တယ် ” ကျနော်စကားအဆုံးမှာ လဘက်ရည်ခွက်ထဲမှာကျန်နေတဲ့ အကျန်လေးကို တကျိုက်ထဲ သောက်လိုက်ရင်းက မျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ ဆိုင်ထဲကို ရအဖ ( ရပ်ကွက်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ ) ၀င်တချို့ဝင်လာတာကိုတွေ့လိုက်ရတယ်။အဲဒီထဲက တယောက်က ကျနော့်ကိုပြုံးပြနှုတ်ဆက်ရင်း သူတို့အစုလေးနဲ့သူတို့ဘာတွေစတင်ဆွေးနွေးနေကြလည်းမသိ….ကျနော်ကိုပြုံးပြနှုတ်ဆက်ခဲ့တဲ့ ရအဖ တယောက်က တချိန်က သူလည်း ၈၈ အရေးတော်ပုံကြီးမှာတက်ကြွစွာပါဝင်လှုတ်ရှားခဲ့သူ..ခုတော့ ကျနော်တို့ကိုတောင်ခေါ်ရ ပြောရ..နှုတ်ဆက်ရမှာကြောက်ရွံ့နေပုံရတယ်။ ကျနော်နားလည်ပေးလိုက်ပါတယ်၊ ပြီးခဲ့တဲ့သတင်းပါတ်က ရပ်ကွက်ကလူတွေဆင့်ခေါ်ပြီး ရပ်ကွက်အလယ်က ပင်မလမ်းကြီးကိုပြင်ဘို့ အလှုငွေ မထဲ့မနေရတောင်းခံခဲ့တယ် ရပ်ကွက်တွင်းကပြည်သူတွေက အဲသလောက်ငွေကြေးကိုထဲ့ဝင်ဘို့မဖြစ်နိုင်ကြောင်းကို ပြန်လှန်စောဒက တက်ကြတော့ ရအဖ ဥက္ကဌ လုပ်တဲ့သူက အထက်အမိန့်ရဆို မဖြစ်မနေ ထဲ့ဝင်ရမယ်လို့ အမိန့်မပေးရုံတမယ်သတ်မှတ်ခဲ့တယ်၊ လူထုခမျာ ဘာပြန်ပြောရဲရှာမလည်း သူတို့ကခြောက်လှန့်ထားတော့ ကြောက်ကြတာပေါ့၊ အဲဒီအစည်းဝေးမှာ ကျနော်ကသူတို့ကိုမေးခွန်းတခုမေးခဲ့တယ်၊ ကျနော်တို့ပြည်သူလူထုအနေနဲ့ ကောင်းမွန်တဲ့လမ်းတခုကို အလိုရှိတာအမှန်ပါ ဒါပေမဲ့ ဒီလောက်ငွေကြေးထဲ့ဝင်ဘို့ဆိုတာ ကျနော်တို့လူထုအဖို့ဝန်ထုတ်ဝန်ပိုးဖြစ်တယ်ဆိုတာကို ဥက္ကဌ အနေနဲ့ အထက်အဆင့်ဆင့်ကိုတင်ပြသင့်တယ် နောက်တခါ ဒီလို ကိစ္စမျိုးတွေကိုလုပ်ဘို့ဆိုတာ အစိုးရမှာပဲတာဝန်ရှိတယ် ဘယ်သူမှာမှတာဝန်မရှိဘူးလို့ပြောတော့…သူက

“ ဒါကတော့ဗျာ အထက်လူကြီးတွေက ဖြူဆို ကျနော်တို့က ဖြူရမှာပဲ..မဲဆိုမဲရမှာပဲ ” တဲ့ ……………

ကျနော်က သူတို့ကိုတွေ့ခါမှ သတိရပြီး အဲဒီ့အကြောင်းလေးကို ကျနော်တို့လဘက်ရည်ဝိုင်းမှာ ခပ်တိုးတိုးရှင်းပြမိလိုက်တယ်။ နားထောင်နေတဲ့ ချမ်းမြေ့က……

“ ဒါ အာဏာရှင်စနစ်ရဲ့ အင်မတန်မှ ခါးသီးလှတဲ့.. အဖြစ်ဆိုးတွေပေါ့အကိုရာ… ဒီမိုကရေစီ အစိုးရဆို ဒါမျိုးလုပ်လို့ဘယ်ရမလည်း.. လုပ်ကြည့်ပါလား… နောက်တခါ မဲအရွှေးခံရင် သူတို့လိုလူမျိုးဘယ်တော့မှမဲပေးမှာမဟုတ်ဘူး.. ပြုတ်ပြီသာပြင်”

“ သိပ်မှန်တာပေါ့ ” ထက်အောင်က ကြားထဲမှဖြတ်ပြီးဝင်ရောက်ထောက်ခံရင်း…..

“ ကျနော်ကြားဘူးတဲ့.. ဖြစ်ရပ်လေးတခုပြောခြင်သေးတယ်ဗျ ” သူကပြုံးဖြီးဖြီးကြီးနဲ့စလာတယ်

“ တခါက စစ်တပ်က အရာရှိလုပ်တဲ့သူ တစ်ယောက်က သူတို့တပ်ရံပုံငွေအတွက်ဆို မွေးမြူရေး လုပ်ငန်းတခုလုပ်တယ်လေ..တနေ့ သူ့မွေးမြူရေးခြံတွေကိုသွားရောက်စစ်ဆေးတော့….မွေးမြူရေးခြံမှာတာဝန်ယူလုပ်ကိုင်နေရတဲ့ ရဲဘော်က အရာရှိလုပ်သူကို ဆီးကြိုအလေးပြုရင်း..မွေးမြူရေးလုပ်ငန်းတွေကို လိုက်လံရှင်းလင်းပြသတယ်…အရာရှိလုပ်သူကလည်း ခေါင်းလေးတငြိမ့်ငြိမ့် လက်ကလေးနောက်ပစ်..လိုက်လံစစ်ဆေးပေါ့..

“ အခု ၀က်တွေမွေးထားတာနော် ” ၀က်တွေကိုမြင်နေရက်သားနဲ့ရဲဘော်ကိုလှမ်းမေးလိုက်တယ်…..ရဲဘော်လုပ်သူကလည်း ချက်ခြင်း သတိကောက်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး..၀က်တွေပါ ” အရာရှိလုပ်သူက ၀က်တွေနားကိုကပ်သွားပြီးသေသေချာချာကြည့်တယ်……

“ ၀က်မတွေပဲ”

“ ဟုတ်..ဗိုလ်မှုး ၀က်မတွေပါ ” တခါ ရဲဘော်လုပ်သူက အရာရှိလုပ်သူရဲ့စကားကို သတိဆွဲပြီးပြန်ဖြေလိုက်ပြန်တယ်..အရာရှိလုပ်သူက ၀က်တွေကို ကြည့်ရင်း..ကြည့်ရင်းကနေ…..

“ ဟာ…ဘယ်ကလာ..၀က်မတွေရမလည်း..သေသေချာချာကြည့်မှ ၀က်ထီးတွေပဲကွ ” ဆိုတော့

“ ဟုတ်..ဗိုလ်မှုး..၀က်ထီးတွေပါ… ” အရာရှိလုပ်သူက ရဲဘော်ကို မကျေနပ်တဲ့ ပုံသဏ္ဍန်နဲ့ တချက်လှည့်ကြည့်ရင်းကနေ…ပြန်.ပြောလိုက်တယ်

“ မင်း ဟာကလည်းကွာ.. ငါဘာပြောပြော ဖော်လို ( follow ) ပဲလိုက်နေတော့တာပဲ ” လို့ ဆိုတော့ ရဲဘော်ကချက်ခြင်းပဲ သတိပြန်ဆွဲတဲ့ပြီး….

“ ဟုတ်..ဗိုလ်မှုး … ဖော်လို ( follow ) ပါ ဗိုလ်မှုး ”

အားလုံးဝါးကနဲ ပွဲကျသွားကြတယ်။ဘေးခပ်လှမ်းလှမ်းမှာ ထိုင်နေကြတဲ့ ရအဖ တွေက မလုံမလဲ မျက်နှာသွင်ပြင်တွေနဲ့လှည့်ကြည့်ပြီး ကုတ်ကုတ်..ကုတ်ကုတ်နဲ့ပဲ ခေါင်းခြင်းဆိုင် ဘာတွေပြောနေလည်းမသိ၊ ရီသံတွေစဲသွားမှ စကားဝိုင်းကိုပြန်စရတော့တယ်……..၊

“ ထက်အောင် ပြောလိုက်တာ.. ဒီနေ့ စစ်အာဏာရှင်နဲ့ လက်ပါးစေတွေကို ရည်ညွှန်းလိုက်သလိုပါပဲကွာ ”

“ ရည်ညွန်းတာမဟုတ်ဘူး အကိုရ.. ကျနော်က ဒီအတိုင်းဖြစ်နေတာလို့တောင် ရဲရဲပြောခြင်တယ် ” ထက်အောင် စကားအဆုံးမှာ စန်းမောင်က လက်မ ကိုအသာလေးဖွက်ပြီး ရအဖ တွေဘက်ထိုးညွှန်ပြလိုက်တော့.. ထက်အောင်က သွားစမ်းပါ ဆိုတယ့် စိတ်ကုန်ခန်းသွားတဲ့ပုံစံနဲ့ မျက်နှာကိုရှုတ်တွလုပ်ပြနေသေးတယ်။

“ အဲဒီအချိန်က.. အေသင်က စတင်ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီ အတွေးအခေါ်က တဖြေးဖြေးနဲ့ မြို့ပြနိုင်ငံတွေဆီကူးသွားခဲ့တယ်.. မြို့ပြနိုင်ငံဆိုတာ…မြို့တမြို့ခြင်းဆီက..နိုင်ငံလိုဖြစ်နေတာ…အခု မင်းတို့တွေ့နေ သိနေရတဲ့ နိုင်ငံတွေလို အကြီးကြီးတွေမဟုတ်သေးဘူးပေါ့ကွာ..ဒီမိုကရေစီသက်တမ်းကလည်း နုသေးတော့ အခက်ခဲတွေအမျိုးမျိုးနဲ့တော့ကြုံတွေ့ရတာပေါ့….လိုအပ်ချက်တွေလည်း အများကြီးပေါ့.. စစခြင်းမှာတော့ .. ဒီမိုကရေစီ စနစ်ကို.. တိုက်ရိုက် ဒီမိုကရေစီ စနစ်နဲ့ပဲသွားခဲ့တာ..နောက်တခါ မဲပေးရွှေးချယ်တဲ့ အခါမှာလည်း ကန့်သတ်ချက်တွေက ပါလာတယ်…ယောကျာင်္းပဲမဲပေးပိုင်ခွင့်ရှိတာတို့၊ ပစ္စည်းပိုင်ဆိုင်မှု့ရှိမှတို့ မိန်းမတွေဆို မဲပေးပိုင်ခွင့်ကိုကန့်သတ်ထားတာတို့ အဲသလိုတွေ……..အခုခေတ် အောင်မြင်နေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတွေ ထူထောင်နိုင်ဘို့ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေ အများကြီးယူခဲ့ရတာပေါ့ ”

“ ကျနော်တို့ နိုင်ငံမှာလည်း ဒီမိုကရေစီ ကာလတစ်ခုကိုကျော်ဖြတ်ခဲ့ဘူးတယ်လို့ကြားဘူးတယ်.. အဲဒါ ဘယ်တုန်းကလည်း အကို ” စန်းမောင်က မေးတော့….

“ လွတ်လပ်ရေးရပြီးစအချိန်လောက်ကပေါ့ ( ၁၉၄၈ ကနေ ၁၉၆၂ ထိပဲ )သိပ်ကြာကြာမခံလိုက်ပါဘူးကွာ..ဆယ်လေးနှစ်သက်တမ်းပဲရှိသေးတယ်..စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်လာလိုက်တာ..ခုထိပဲဆိုပါတော့”

“ ကျနော်တို့ အဲဒီ သမိုင်းကြောင်းတွေကိုလည်း သိချင်တယ် အကိုရာ .. တကယ်တော့ ကျနော်တို့ တကယ်ကိုသိထားသင့်တဲ့ အရာတွေပါ ” ကျနော် လူငယ်တွေကို တော်တော်သနားသွားတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ မှန်ကန်တဲ့ သမိုင်းကြောင်းတွေကို ရိုက်ချိုးပြီး သူတို့ရဲ့ဘုန်းတော်ဘွဲ့တွေကလွဲလို့ ဘာမှမှန်မှန်ကန်ကန်ဖော်ထုတ်ဖွင့်မပေးခဲ့ပါဘူး၊ဒါကလည်း နိုင်ငံရေးသားကြောဖြတ်နည်းတမျိုးပါ၊ ကျနော်တို့တတွေတောင်မှ ၈၈ အရေးတော်ပုံကြီးကမွေးဖွားပေးလိုက်လို့ နိုင်ငံရေးကို သိခွင့်လေ့လာခွင့်ရခဲ့တာကိုး၊ အကယ်လို့များ ၈၈ အရေးတော်ပုံကြီးသာ ပေါ်ပေါက်မလာခဲ့ဘူးဆိုရင် ကျနော်လည်း သူတို့နဲ့ ဘာမှမထူး ဘာကိုမှသိခွင့်မရ၊ သိဘို့ကိုလည်းကြိုးစားဖြစ်မှာမဟုတ်ပါဘူး…

“ ငါ အခု..ဒီမိုကရေစီရဲ့အခြေခံလေး အစပျိုးပေးနေတဲ့အချိန်မှာပဲ…နိုင်ငံရေးဆိုတာ ဘာလည်း…တို့နိုင်ငံရဲ့သမိုင်းဖြစ်စဉ်လေးကိုလည်း အကျဉ်းချုံးပြောပြခြင်သေးသကွ ..ဒါတွေကို ငါဆက်ပြောသွားပေးပါ့မယ်..”

“ ကောင်းတာပေါ့ အကိုရာ အထူးသဖြင့် ၈၈ နောက်ပိုင်းမှာမွေးလာတဲ့ လူငယ်တွေတချို့က ကျနော်တို့ကို အဲဒီသမိုင်းကြောင်းတွေမေးတာတောင် ကျနော်တို့မဖြေနိုင်ဘူး.. ကျနော်တို့လည်း ကောင်းကောင်းမှမသိကြတာ ကျနော်ဆို ၈၈ တုန်းက ငါးတန်းကျောင်းသားပဲရှိသေးတာ ဘာမှကောင်းကောင်းမသိပါဘူး..လူတွေအစုအဝေးကြီးနဲ့ အော်ကြ..ဟစ်ကြတာတော့သိတယ်..နောက်တခါ အစိုးရဆန့်ကျင်တာလည်းသဘောပေါက်တယ် ကျန်တာဘာမှမသိဘူး..ကျနော်က အဲဒီတုန်းက ပျော်နေတာဗျ…စိတ်ထဲမတော့ရေးတေးတေးပါပဲ..ကိုယ်ကိုယ်တိုင်က ဘာမှန်းမသိတော့ နောက်မျိုးဆက်တွေကိုရှင်းပြဘို့ဆိုတာက ခက်တယ်ဗျ ”ထက်အောင်က မချိတင်ကဲလေသံနဲ့ပြောအပြီး…………….ကျနော်စောစောကပြောလက်စစကားကိုပြန်ဆက်လိုက်တယ်…..

“စကားလမ်းကြောင်းလွဲသွားမှာစိုးတယ်….ငါ ပြောလက်စ ဒီမိုကရေစီ အကြောင်းလေး ခရီးဆက်ခြင်သေးတယ်ကွ..ဒီလို..ဒီမိုကရေစီဆိုတဲ့တော်လှန်တဲ့အတွေးအခေါ်တရပ်က နေရာအနှံ့ဒေသအနှံ့ကိုပြန့်သွားပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြတယ်….ပဒေသရာစ် အာဏာရှင်ကနေ..ပြည်သူ့အာဏာပိုင်စိုးလာတာပေါ့ကွာ…နှစ်ကာလတွေကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ ဒီမိုကရေစီ သဘောတရားကို ကောင်းသထက်ကောင်းအောင် မွန်းမံပြင်ဆင် ကျင့်သုံးလာရင်း..နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်ကျင့်သုံးလာခဲ့တယ်…”

“ အကို ကျနော် သိပ်မရှင်းဘူးဖြစ်နေတယ်…ဘယ်လို နိုင်ငံရေးအယူအဆတွေနဲ့တွဲသုံးတာလည်း..” ကိုသွေးရဲ့ထိမိလှတဲ့မေးခွန်းလေးပါ။

“ လူဦးရေနည်းနည်းလေးအခြေနေမှာ ကိစ္စသိပ်မရှိလှပေမဲ့ နိုင်ငံတနိုင်ငံလို တည်ရှိနေတဲ့ဒေသကြီးမျိုးမှာကြ..အယူအဆတွေက လိုလာပြီလေ…လူထုက ဒီမိုကရေစီနဲ့ ကိုယ်စားပြု အုပ်ချုပ်သူများကို ပြည်သူလူထုကိုယ်စားတင်မြှောက်ပေးလိုက်တာကတော့ဟုတ်ပါပြီ..ဘယ်လို အခြေခံမှုတွေ..အယူအဆတွေနဲ့ လူထုကို စီမံမှာလည်းဆိုတဲ့ ပြသနာအပေါ်မှာအခြေခံရင်းက…နိုင်ငံရေး အယူအဆတွေပေါ်ထွန်းလာခဲ့တယ်..ဒီနေ့ ကမ္ဘာကြီးမှာအထင်ရှားဆုံး နိုင်ငံရေးအယူအဆကို ပြောပါဆိုရင်တော့ လက်ယာလို့ခေါ်တဲ့ ( အရင်းရှင်စနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒနဲ့ ) လက်ဝဲ လို့ခေါ်တဲ့ ( ဆိုရှယ်လစ်၊ ကွန်မြူနစ်ကို အခြေခံတဲ့ နိုင်ငံရေးဝါဒတွေကတော့ အထင်ရှားဆုံးနဲ့ ယနေ့အထိ ဂယက်တွေရိုက်ခပ်ဆဲပဲပေါ့…..” ကျနော့် စကားအဆုံးမှာ အားလုံးကိုလေ့လာကြည့်လိုက်တော့ တော်တော်ကိုစိတ်ဝင်စားနေတာတွေ့လိုက်ရတော့ ကျနော်လည်းပြောရတာ အားရှိလာတယ်…။

“ ဒီအယူအဆတွေ အကြောင်းလည်း မင်းတို့ တီးမိ ခပ်မိအောင် ငါရှင်းပြပေးပါဦးမယ်…ငါပြောခဲ့တာတွေမှာ ရှုတ်ထွေးသွားနိုင်တာတွေများပါသွားမိသလား”

“ မပါ ပါဘူး.. ဒါပေမဲ့ သိခြင်တာတွေတော့များလာတယ် ” စန်းမောင်က ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းပြောလိုက်တော့

“ငါတတ်နိုင်သလောက် နားအလည်ဆုံးဖြစ်အောင်ရှင်းပြပေးပါ့မယ်….ဒီနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာ ဘာနဲ့တူသလည်းဆိုတော့.. အင်ဂျင်စက်တလုံးလိုပဲကွ….အင်ဂျင်စက်ဆိုတာ သူချည်းဘာမှသုံးလို့ရတာမဟုတ်ဘူး..တခုခုနဲ့ပေါင်းစပ်ပေးရတယ်..ဥပမာ..ကားနဲ့တွဲလိုက်တော့ ကားအင်ဂျင်ပေါ့၊ လေယာဉ်နဲ့တွဲလိုက်တော့လေယာဉ်အင်ဂျင်ပေါ့ ၊ သူရဲ့ပကတိ အရှိတရား အင်ဂျင်ဆိုတဲ့ အရာကို ပေါင်းစပ်တန်ဘိုးတွေနဲ့ တွဲလိုက်ရင်းက အမျိုးမျိုးသောပြောင်းလည်းမှု့တွေတော့ရှိတာပေါ့..ထိုနည်းတူစွာပဲ.. ဒီမိုကရေစီကိုလည်း ပေါင်းစပ်တန်ဘိုးဖြစ်တဲ့ နိုင်ငံရေးအယူအဆတွေနဲ့တွဲဘက်သုံးကြတယ်…ဒီမိုကရေစီကို လက်ဝဲ၊လက်ယာ အယူအဆတွေနဲ့ တွဲသုံးကြတယ်….လက်ယာအယူအဆဖြစ်တဲ့ အရင်းရှင် နဲ့တွဲစပ်ပြီးတော့ အရင်းရှင်ဒီမိုကရေစီ ( နောက်ပိုင်းမှာတော့ ခေတ်မှီတဲ့ အတွေးအခေါ်အယူအဆတွေတိုးဝင်လားပြီး ပြောင်းလည်းရေးပုံသဏ္ဍန်တွေနဲ့ ဖြစ်တည်လာတဲ့ လစ်ဘရယ်ဒီမိုကရေစီ တနည်းအားဖြင့် လွတ်လပ်တဲ့ ဒီမိုကရေစီ နောက်တခုက လက်ဝဲအယူအဆဖြစ်တဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ် ၀ါဒတွေနဲ့ပေါင်းစပ်ပြီးတော့ ဆိုရှယ်လစ်ဒီမိုကရေစီ နောက် ပြည်သူ့ဒီမိုကရေစီ ( ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီကိုပေါင်းစပ်ထားတာ ) ဒါပေမဲ့လည်း ငါလေ့လာမိသလောက် လက်ဝဲ၀ါဒမှာ ဒီမိုကရေစီဆိုတာ နာမည်ခံ အရောင်ပြသက်သက်ပါပဲ…

“ တော်တော်စိတ်ဝင်စားစရာတွေပဲအကိုရာ ..ကျနော်တို့အတွက်ကတော့ ရှယ် တွေပါပဲ ”

“ မင်းတို့ အတိုင်းတာတခုထိနားလည်သွားမယ်ဆို ငါကျေနပ်ပါတယ်..တခါက ကဗျာဆရာကြီးဦးတင်မိုးပြောခဲ့တဲ့စကားလေးတခွန်းကိုသတိရမိတယ်ကွ….သူ ကဗျာရေးတဲ့ အခါ အခက်ဆုံးက ကလေးကဗျာရေးရတာပဲတဲ့ ….. ငါဆိုလိုတာက မင်းတို့ကို ကလေးလို့ပြောတာမဟုတ်ပါဘူး..ကလေးဆိုတာနဲ့နှိုင်းယှဉ်ပြောပြတာပါ..ကလေးဆိုတာ..ဦးနှောက်က ရှင်းတယ်၊ အတွေးရှင်းတယ်..သူတို့ရဲ့လက်ခံနိုင်မှု့စွမ်းအားက သိပ်မမြင့်သေးဘူး..အဲဒီလို အခြေနေမျိုးမှာ ရှောရှောရှုရှု ခေါင်းထဲကိုဝင်သွားဘို့ဆိုတာ တော်တော်ကြိုးစားရတာကွ…”

“ အကိုလည်း အချိန်ပေးရတာ တော်တော်ကြာသွားပြီ.. နောက်နေ့မှပဲ..ခရီးဆက်ကြတာပေါ့နော်..ဒီနေ့လဘက်ရည်ဘိုးကို ကျနော်ရှင်းပါ့မယ် ” စန်းမောင် ကပြောပြောဆိုဆို အိပ်ကပ်ထဲကပိုက်ဆံကိုဆွဲထုတ်ရင်းက..ပိုက်ဆံတွေကိုရေဟန်ပြုပြီး တုန်တုန် တုန်တုန်လုပ်ပြနေတော့ ကျနော်တို့ တ၀ါးဝါး ရယ်မောလိုက်ကြရင်း…….။

အဖိုးတန်စကားဝိုင်းလေးရဲ့တနေ့တာကို ကျနော်တို့ကျော်ဖြတ်ခဲ့ကြပါတယ်။

အပိုင်း ( ၃ ) ဆက်ပါဦးမည်။

0 ကရင်နှစ်သစ်ကူးနေ့အားကြိုဆိုသောအားဖြင့် ကရင်ဝတ်စုံဖြင့်တွေ့ရသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

ဘန်ကောက် အခြေစိုက် ချက်ကိုဆလိုဗက် သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်

ပြီးခဲ့သည့် ဇန္န၀ါရီလ(၅)ရက်နေ့ကကျရောက်ခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့တုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာကရင်အမျိုးသမီးဝတ်စုံကိုဝတ်ပြီး နိုင်ငံခြားသံတမန်တွေကို လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်. ဘန်ကောက် အခြေစိုက် ချက်ကိုဆလိုဗက် သံအမတ်ကြီးနဲ့ တွေ့ဆုံတဲ့အချိန်မှာ အဲဒီကရင်ဝတ်စုံကိုဝတ်ထားပြီး တနေ့လုံးလည်းဝတ်ထားကြောင်းသတင်းရရှိပါတယ်. မိတ်ဆွေတိုင်းရင်းသူ ကရင်အမျိုးသမီးချက်ပြီးပေးပို့လိုက်တဲ့ ကရင်ရိုးရာတာလဘောဟင်းကို ကရင်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ လည်းဒေါ်အောင်ဆန်းစုကြည်စားသောက်ခဲ့ကြောင်းသိရှိရပါတယ်။

photo/ ရဲသူရိန်မင်း

0 ကမ္ဘာ့ သြဇာအလွှမ်းဆုံး အမျိုးသမီး ရွေးချယ်မှု စာရင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်


၂၀၁၁ ခု မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အနှစ် ၁၀၀ မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂါးဒီး ယန်း သတင်းစာ က ကမ္ဘာ့ သြဇာအလွှမ်းဆုံး စွမ်းဆောင်ရည်ရှိ အမျိုးသမီး ၁၀၀ အား ပရိသတ်ဆန္ဒမဲဖြင့် ရွေးချယ်သည့်အစီအစဉ် ပြုလုပ်ကြောင်း သိရသည်။ မကြာသေးခင်က ရရှိထားသည့် ဆန္ဒမဲများ၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေကြောင်း၊ အပြီးသတ် ရွေးချယ်လိုက်သည့် အမျိုးသမီး ၁၀၀ ၏ အမည်စာရင်းကို မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ဂါးဒီးယန်း သတင်း ၌ ဖော်ပြ ထားသည်။ အန်တီစု ကို မဲပေးနိုင်ဘို့ ဖော်ပြပါ လင့်ကိုဖွင့်ပြီး ထောက်ခံအားပေးလိုက်ကြပါဦး၊
http://www.guardian.co.uk/lifeandstyle/2011/jan/07/top-100-women-international-womens-day

0 ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(နိဂုံးပိုင်း) -
ရေးသားသူ - ဒေါက်တာ လှိုင်မြင့်


ကျနော်ပြောခြင်တဲ့ Sanction အကြောင်းအပိုင်း(၁)
ကျနော်ပြောခြင်တဲ့ Sanction အကြောင်းအပိုင်း(၂)

ကိုမောင်မောင်ဝမ်း..

အခုနောက်ဆုံးအပိုင်းကို ပို့ လိုက်ပါတယ် ။ ပထမ နစ်ပိုင်းကို လူတော်တော်များများ လက်ခံကြ နားလည်ပေးကြတဲ့အတွက် အားတက်မိသလို....စာရေးဖို့အားပေး..တိုက်တွန်းခဲ့တဲ့...ဆောင်းပါးကိုဝက်ဆိုဒ်ကြိးတွေဆီမှာတင်ပေး...ဓါတ်ပုံတွေနဲ့ဝေေ၀ဆာဆာဖေါ်ပြပေးတဲ့...ကိုမောင်မောင်ဝမ်းကို အထူးကျေးဇူးတင်ပါတယ် ။ တိုင်းပြည်အတွက် တိုက်ပွဲကို ကျရာတာဝန်ကနေ ..အခွင့်သာသလို ပံ့ပိုးခွင့်ရတာကျေးဇူးပါ ။

ကနေ့ ရေးမဲ့ ပါမစ်တွေကိစ္စ ရေးနေတုံးမှာတင်..Australia နိုင်ငံ Macquarie University က ပါမောက္ခ Dr. Sean Turnell ရဲ့  ထိုင်းနိုင်ငံ ရွှေ့ ပြောင်းအလုပ်သမားတွေကနေ ပြည်တွင်းမိသားစုတွေဆီပြန်ပို ငွေ့ဟာ..ထိုင်းတနိုင်ငံထဲကနေတင်..တနစ်ကို ဒေါ်လာပေါင်း..သန်းငါးရာကျော်ရှိတယ်လို့  လေ့လာချက် ထွက်လာပါတယ် ။ မလေးရှား...ဂျပန်..ဥရောပ နိုင်ငံအားလုံးက ပြန်ပို့ တဲ့ငွေတွေတွက်ကြည့်ရင် တနစ်ကို မြန်မာတွေ ပြည်တွင်းကို ပြန်ပို့ ငွေဟာ...စုစုပေါင်း ( နစ်စဉ် ) ဒေါ်လာသန်းပေါင်း ၁၅၀၀ ( 1.5 billion ) ရှိနိုင်ပါတယ် ။ အဲဒီငွေတွေအားလုံးကို ဟွန်ဒီ နဲ့ ဘဲလွှဲနေပါတယ် ။ အဲဒါကို ပြည်ပရောက် စီပွားရေးပညာရှင်ကြိးတွေက တခါတခါ ဝေဖန်ဆွေးနွေးတတ်ကြပါတယ် ။ ပြည့်စုံမှုတော့မရှိခဲ့ပါ ။

ဒီထက်ပိုတာက...ကျောက်မျက်ရတနာရောင်း( မှောင်ခို ) ရောင်းလိုံရတဲ့ငွေကြေးတွေကလဲ တနစ်တနစ်ကို မနည်းလှပါဘူး ။ သူတို့ လဲ ဟွန်ဒီပါဘဲ ။ သူတို့ ပါပေါင်း၇င် တနစ်ကို ဒေါ်လာ ( နစ်ဘီလျှံ ) လောက် ငွေမဲကို ငွေဖြူလုပ်နေကြတာပါ ။

ကောင်းပြီ...အဲဒီလောက်များတဲ့ငွေတွေကို..ဟွန်ဒီတွေက ဘယ်လိုလုပ် မြန်မာကျပ်ငွေနဲ့  လဲပေးနိုင်နေကြတာလဲ ဆိုတာကို ထိုပညာရှင်ကြိးတွေ ဆွေးနွေးချက်တွေမှာ မပါထားသလို... ဘာလို့ မစဉ်းစားကြတာလဲ မေးချင်လာပါတယ် ။ ဘာလို့ မဆွေးနွေကြရတာပါလဲ သိချင်လာပါတယ် ။ သူတို့ က ပိုသိမှီသူတွေဆိုတော့ သူတို့ ဘယ်လိုပြောမယ်တော့ ကျနော်မသိပါ ။ ကျနော်ကြားဖူးထားတာ..သိထားတာလေးတွေကို မျှဝေလိုက်ပါတယ် ။

တကယ်တော့ ဒီလောက်ပမာဏကြိးမားတဲ့ငွေလွှဲ လုပ်ငန်းဟာ..အမေရိကန်အစိုးရသိရင်..လက်ပိုက်ကြည့်နေမယ်မထင်ပါဘူး ။ ဒါအင်မတန်ကြိးမားတဲ့ ငွေမဲခ၀ါချမှုကြိးဖြစ်နေလို့ ပါ ။ အဲဒီငွေမဲ ကိုငွေဖြူဖြစ်အောင် ခ၀ါချမှုကြိးကို ခင်ဗျားတို့ ကျနော်တို့  အားလုံး အားပေးမိလျှက်ဖြစ်နေကြပါတယ် ။ အဲဒီခ၀ါချမှုကြိးဟာ..သန်းရွှေ နဲ့  ကြိုင်ကြိုင်တို့  ခိုးထားတဲ့  ပါမစ်နဲ့ ပြည်သူတွေရဲ့ ငွေကို ကျစ်ယူထားတာကို..ဒေါ်လာလဲပေးရုံမက...အဲဒီဒေါ်လာတွေကို..စင်ကာပူအရောက် ပို့ ပေးနေမိလျှက်သား ...ကို မသိဘဲ ကူပေးမိလျှက်သားဖြစ်နေတယ်ဆိုတာ..ဘယ်သူတွေ စဉ်းစာမိကြပါသလဲ ။

ဟုတ်ကဲ့ခင်ဗျာ........အတိုက်အခ့တွေကသန်းရွှေကို သူခိုးကြိးလို့ တော့ ကလော်တုတ်နေကြတယ် ..ပြိးကိုယ်တိုင်ကသူခိုးနေတာကို ၀ိုင်း ကူညီနေမိကြတာကို..အခုကျနော်ထောက်ပြလိုက်ပါပြီ ။ ရင်နာတာ မဖြစ်ကြပါနဲ့  ။ ကျနော်အရင်ကထဲက တချို့  အသံလွှင့်ဌာနကြိးတွေနဲ့  မိတ်ဆွေတွေဆီ ဖြန့် ခဲ့ပါတယ် ။ ဘယ်သူကမှ အလေးမထားကြ..သိပြိးဖုံးဖိထားကြတာလဲရှိကြပါမယ် ။

ဟုတ်ကဲ့ပါ ...ဘယ်နိုင်ငံကဘဲငွေလွှဲလွှဲ...ထိုင်း..မလေးရှားကနေလွှဲရင်လဲ...အားလုံးဟာ..စင်ကာပူကိုဘဲ ရောက်ပါတယ် ။ စင်ကာပူမှာ....တေဇ အဆက်အသွယ်လူတွေဆီကိုဘဲရောက်ပါတယ် ။ တေဇက စင်ကာပူရောက်လာတဲ့ ဒေါ်လာတွေအကုန်လုံးကို...အဲဒီမှာတင် .နိုင်ငံတကာ ဘဏ်တွေမှာဘဲ မြုပ်သိမ်းထားလိုက်ပါတော့တယ် ။ မြန်မာနိုင်ငံထဲကို ပြန်မပို့ ပါဘူး ။ ဟာဒါဆို တနစ်ကို..နစ်ဘီလျှံလောက်ငွေ..မြန်မာကျပ်ငွေနဲ့  ( သိန်းပေါင်း )နစ်ကုဋေ ဆိုတဲ့ အလွန်များပြားလှတဲ့ငွေတွေ ကိုသူဘယ်လိုလုပ် အမ်းပေးနိုင်ပါသလဲ...မေးစရာဖြစ်လာပါပြီ ။ဟုတ်ကဲ့ ...ကားပါမစ်..ဖု့းပါမစ်..ပါမစ်တွေကနေ သူတို့ ရထားတဲ့မြန်မာကျပ်ငွေကလဲ...တနစ်တနစ်ကိုတင်...ကျပ်ငွေ(.သိန်း )ပေါင်း.နစ်.ကုဋေ မကရှိထားတယ်လေ ။ သူတို့ ရထားတဲ့ အလွန်များပြားလှတဲ့မြန်မာငွေ တွေကို ဒေါ်လာ လဲနိုင်အောင် ချင်ဗျားတို့ ..ကျနော်တို့က ဒေါ်လာတွေ တေဇ လူတွေလက်ထဲလွှဲပေးနေမိကြတယ်လေ ။ ကဲအခုကျတော့...ဒေါ်လာဈေးကကျ...မြန်မာငွေဈေးတက်လာတာကိုပင် သူတို့  ( န.အ.ဖ ) လက်ထဲဒေါ်လာတွေ ပိုလျှံနေအောင်ဝင်လာလို့ နဲ့  လိမ်ထားပါသေးတယ် ။

တကယ်က အခုဆိုရင်ဖုံးဆိုတာ ပါမစ်စံနစ်မရှိတော့ဘူး....အခြားနိမ်း ( ငြောင်းပြီ )..ကားလဲပါမစ်မရှိတော့သလောက်ဖြစ်သွားပြီ ။ အဲဒီတော့ သူတို့ ပြန်အမ်းနိုင်တဲ့ မြန်မာငွေ လက်ထဲနည်းသွားပြီ ။ ရှင်းရှင်းလေး.....န.အ.ဖ အနေနဲ့ တရားဝင် ပို့ ကုန်ကရတဲ့ငွေ ( ဓါတ်ငွေ့ ရောင်းရတဲ့ငွေတွေ...ကျောက်မျက်ရောင်းရတဲ့ငွေတွေကို...မှောင်ခိုဈေးကွက်ထဲ ဘယ်တုံးက ထဲ့ဘူးလို့ လဲ ) ။ သူတို့ ကတောင် အရင်တုံးက ဒေါ်လာငွေလိုနေလို့ တဖက်လှဲ့ နဲ့ တောင် ၀ယ်ဘူးတာတွေရှိကြပါတယ် ။ ( ဒေါ်လာတွေ ) ဘယ်တုံ့းက မှောင်ခိုဈေးကွက်ထဲ..၀င်လာဖူးလို့ လဲ ။ လိမ်တဲ့သူ က လိမ်နေကြ..ဒါသူတို့ အလုပ်... လူလိမ်တွေက ရသလိုလိမ်မှာဘဲ...။ ယုံတဲ့သူက ..ထမင်းစားတဲ့ဥိးဏှောဏ်နဲ့  ချင့်ချိန်ပြိး ယုံကြပါလို့ ဘဲပြောချင်ပါတယ် ။

ရှင်းရှင်းလေး..ပါမစ်နဲ့ ဝိုက်ထားတဲ့ငွေတွေ ခန်းသွားလို့ ....ပြန်အမ်းပေးနိုင်တဲ့ မြန်မာကျပ်ငွေပမာဏ နည်းသွားလို့  မြန်မာငွေ ဈေးပြန်တက်လာတာပါ ။ ဘာမှစီးပွားရေးခိုင်မာလာလို့ မဟုတ်ပါဘူး ။ စိးပွာေးရေး လက်ဝါးကြိးအုပ်ထားတာ မလွှဲသာဘဲ လျှော့လိုက်ရလို့ ..ဒေါ်လာဈေး ပြန်အပြောင်းဘက်လျှဲ့ လာတာပါ ။ နယ်စပ်တွေဘာတွေ က နဲနဲ သာ ရှိတာပါ ။

တခုတော့ရှိတယ်...ဘိန်းထွက်ချိန်ဆိုရင်..နယ်စပ်တွေမှာ နိုင်ငံခြားငွေတွေ ( ဘိန်းဖို့းပေးချေငွေတွေ လှိမ့်ဝင်လာချိန်...နစ်တိုင်း..ဒီအချိန်ဆို ဒေါ်လာဈေးကျတတ်ပါတယ် ။ ဒေါ်လာကုန်သယ်တိုင်း ဒီအချိန်ဆို ဒေါ်လာထုတ်ရောင်း..ကျပ်ငွေကိုင်ထား..တတ်ကြပါတယ် ။ ဘိန်းရာသီ ဒေါ်လာဈေးကျတဲ့..( graph )ဂရပ်ရှိပါတယ် ။ နစ်စဉ်..၁၅ -ကနေ ၂၀ % လောက်အတက်အကျရှိတတ်ပါတယ် ။ ဒါပေမဲ့အခုကျတာက....၃၀ % အထက်ဖြစ်နေတယ် ။ ကျချိန်က နဲနဲစောနေတယ် ။ ကြည့်ကြသေးတာပေါ့ ။ နစ်စဉ် မတ်လဆန်းတို ပြန်တက်လာပါတယ် ။

နောက် နိုင်ငံတော်က ( န.အ.ဖ ) က ကုန်ဈေးနုံးတွေ ရံဖန်ရံခါ တက်လာရင်...ကုန်သည်ကြိးတွေကိုခေါ်ကြိမ်း...ဆရာလုပ်ပြိး...ဘယ်သူသေသေ ငတေမာတဲ့စိတ်ကို သတင်းစာခေါင်းကြိးပိုင်းတွေနဲ့ အပြစ်တင် ..သူတို့ ကျတော့သူတော်ကောင်းတွေလိုလို..လုပ်တယ် ။ ကားတွေကို ပါမစ်တွေနဲ့ မတရားခေါင်ခိုက်အောင် ဈေးတင်...ဖုံးပါမစ်တွေ နဲ့အသားလွတ်ကျစ်ဈေးတင်တာကျတော့...( မတင်သင့်တာကိုကျတင်ပြိး ) ဒါငတေမာပြိးရောစိတ်ထက်ကို ယုတ်ညံ့ပါတယ် ။ ဒါပြည်သူတွေကို..sanction ပါဘဲ ။ တိုင်းပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ တွေကို ပြည်သူတွေ ကို မပေးဘဲ..ပြိုင်ဘက်နိုင်ငံကိုပေးတာကတော့..သူခိုးဓါးရိုးကမ်းတဲ့..ဧရာမ sanction ကြိးပါဘဲ ။

ထိုင်းနယ်စပ်တွေမှာ...ထမင်းဟင်းချက်ဖို့ ..မြန်မာတွေက..ထိုင်းတွေဆီကနေ...ကိုယ့်တိုင်းပြည်ကထွက်တဲ့ဓါတ်ငွေ့ ကို ဈေးကြိးပေးပြိး..( ပြန် ) ၀ယ်သုံးနေရပါတယ် ။

နောက် အသားလွတ် sanction တခု ထပ်ပြောပါမယ် ။ ကျနော် ဒါကို ပြည်ပစိးပွားရေးပညာရှင်ကြိးတချို့ နဲ့  အသံလွှင့်ဌာနကြိးတချို့ ဆီကို အကြိမ်ကြိမ်ပေးပို့ ဖူးပါတယ် ။ ဆရာသမားကြိးများ ( အာစရိယ ကြိးများက ) အလေးတောင်မပေးကြပါ ။ စုံးစမ်းကြပါပြောလဲ...ဒီကိစ္စဟာ နိုင်ငံရေးမဟုတ်လေလို့ လား... သူ့ တို့ စဉ်းစား တွက်ချက်တဲ့ နိုင်ငံရေးမှာ အလုပ်သမားတွေ အသားလွတ်ဖြတ်အရိတ်ခံနေရတာ..အလေးမထားလို့ လား.. ။ .ကြိုင်ကြိုင် စားခွက် ထိခိုက်သွားမှာ စိုးကြလို့ လားမသိ...။

ကျနော် ၂၀၀၂ -ကုန်မှာထောင်ကလွတ်ပါတယ် ။ ၂၀၀၃..ဖေဖေါ်ဝါရီလ...၂-ရက်မှာ ထောက်လှမ်းရေး ဗိုလ်မှုးချုပ်ကိုကျော်သိန်းက ဆွမ်းကျွေးဖိတ်ပါတယ် ။ ဆွမ်းကျွှေးအပြိးမှာ သူက ( ခင်ဗျား..ဘဏ်တွေကနေငွေတွေထုတ်ခိုင်းနေတာ ဘာလို့လဲမေးပါတယ် ) ...ဟုတ်ကဲ့ ကျနော်က အဲဒီရက်ပိုင်းမှာ..ညီအကိုမောင်နှမတွေအားလုံးကို ဘဏ်တွေအခြေအနေမကောင်းတော့ဘူး ။ ငွေတွေထုတ်..ရွှေ သို့ မဟုတ် ဒေါ်လာကိုင်ထားကြ တိုက်တွန်းပါတယ် ။

ကျနော်ရှင်းပြလိုက်ပါတယ် ။ ( ဒါနိုင်ငံရေးမဟုတ် ကျနော် မိသားစုတွေရဲ့ ငွေဟာ ကျနော်ငွေလို့ သဘောထားလို့ ..ပြိး အပြင်လူ ဘယ်သူ ကိုမှ မပြောတဲ့အကြောင်း ) ရှင်းပြပါတယ် ။ သူ့ ကိုလဲ တဆက်ထဲ..( ခင်ဗျား ဗိုလ်ချုပ်ခင်ညွှန့် ကို ဘဏ်တွေ..ကွဲတော့မယ်ဆိုတာ တင်ပြပါလားဆိုတော့. ) .( ကိုလှိုင်မြင့်..ကျနော်တို့ က ကွဲမယ်ထင်တာမပြောနဲ့  ကွဲမယ်ယူဆတာလောက်မပြောနဲ့ ..ကွဲဖို့ သေခြာရင်တောင် တင်ပြခွင့်မရှိပါဘူး ။ အမြင်တင်ပြရင် နားကားသွားမယ်တဲ့ ။ ဖြစ်ပျက်တာဘဲ ရီပို့ လုပ်ရတာပါတဲ့ )

ကျနော်လိုဘဲ ဗိုလ်ချုပ်ခင်ညွှန့် ကလဲ..တပ်ချုပ်ကြိးကိုဘာမှတင်ပြခွင့်မရှိဘူး ။ ကျနော်တိုက န.အ.ဖ ဆိုပေမဲ့...တကယ်က တခေါင်းထဲ ကချုပ်ကိုင်ထားတာ... တခေါင်းထဲက ဆုံးဖြတ်နေတာ.....ကျနော်တို့ ( န.အ.ဖ ဆိုတာကတတွေက ) နံမည်ခံသက်သက်ပါတဲ့ ။ ကျနော်တော်တော်ဖြုံသွားပါတယ် ။ ဖေဖေါ်ဝါရီ ၂ -ရက်နေ့ မှာ...သူနဲ့ ပြောခဲ့တာ....နောက် တပတ်အကြာ...ဖေဖေါ်ဝါရီ..( ၁၀ ) ရက်နော့ မှာ ခင်ညွှန့် အမိန့် နဲ့  ဘဏ်တွေ ပိတ်လိုက်ရပါတယ် ။

အထည်ချုပ်လုပ်ငန်းတွေမှာ ကြိုင်ကြိုင် နဲ့ မောင်အေးတို့ မိသားစုတွေ အသားလွတ် ရိတ်စားနေကြပါတယ် ။ ဒီလောက် မသေရုံတမယ် ဆင်းဆင်းရဲရဲလုပ်ကိုင်နေကြရတဲ့အလုပ်သမားမိသားစု ပါးစပ်ထဲ..သွားနေတဲ့...အစာကို လုယက်ယူရက်တာ အံ့ပါရဲ့ ဗျာ ။ သူခိုးဓါးမြတွေတောင်....ကိုယ်ထက်နိမ့်ပါးသူဆီကဘယ်တော့မှမခိုးကြဘူး ။ သူခိုးဆိုတာ နေ့ တိုင်းမခိုးကြဘူး ။ တခါတလေဘဲခိုးတာ ။ ပြိးတကယ့်အချီကြိး ဂွင်ကြိးကြိးကျမှခိုးကြတာ ။ ကိုယ်ထက်ဆင်းရဲသူတွေဆီက ( ဘယ်တော့မှ မခိုးကြပါဘူး ) သူခိုးဆိုတဲ့သူတွေမှာ..သူခိုးစည်း..ဓါးမြစည်းဆိုတာ ရှိကြပါတယ် ။ သူတို့ က ကုသိုလ်ယူရင်းပြန်တောင သူတို့ ထက်ဆင်းရဲတဲ့သူတွေကိုကူညီတတ်ကြတယ် ။ သူခိုးဆိုပေမဲ့ လူကြိးလူကောင်းစိတ် မပျောက်သွားသေးဘူး ။

အခု ကြိုင်ကြိုင်တို့ က သူခိုးတွေ ဓါးမြတွေ ထက်ကို စိတ်ဓါတ်နိမ့်ကျနေပါတယ် ။ ပြိးတတိုင်းတပြည်လုံးကလူတွေကို..သူတို့ ကိုအာဏာနဲ့  လက်အုပ်ချီခိုင်းတာ..ကျနော်ရင်အနာဆုံးပါ ။ ကျနော်သာ အကျပ်ကိုင်ပြိး လက်အုပ်ချီရမယ်ဆို..ရင်ကော့ လက်ပိုက်ထားလိုက်ပါမယ် ။ ထောင်ထဲမှာ.နိုင်ငံရေးအကျဉ်းသားတွေ က ( ပုံစံ )ခေါ်ရင် ထိုင်မပေးခဲ့ကြဖို့ တိုက်ပွဲဝင်ခဲ့ကြသူတွေကို ကျနော် ဒီနေရာကနေ ( ဥိးညွှတ်အလေးပြုပါတယ် ) ။

သူတို့ က စက္ကန့် မလပ် အချိန်ပြည့်ခိုးနေကြတာ ။ ကိုယ်ထက်နိမ့်သူလဲ..ငတ်လို့ သေချင်သေ..တပြားရလဲ....နိုက်တာဘဲ ။ အဲဒီ.ပြားတွေ များလိုက်ရင် ကုဋေ ကုဌာ ဖြစ်တယ်ဆိုပြိး..ယူရက်ကြတယ် ။ သူခိုးက သူစားဖို့ လောက်သာ ခိုးတာ ။ သူတို့ က စိန်တွေ အကြိးကြိးတွေဝတ်ဖို့ ..ခိုးထားတာလဲထားစရာနေရာမရှိတော့လောက်အောင် များနေပြီ ။

အထည်ချုပ်လုပ်ငန်းရှင်တွေကိုမေးကြည့်ကြပါ ။ တခြားလုပ်ငန်းရှင်တွေနဲ့ မတူတာက..တခြားလုပ်ငန်းရှင်တွေက..ကုန်ပစ္စည်းတင်ပို့ ကြပါတယ် ။ ပို့ ပြိးရင်..နိုင်ငံခြားက ၀ယ်သူပေးချေတဲ့ဒေါ်လာကို နိုင်ငံခြားဘဏ်မှာ ဘဏ်စာရင်းကို...ဒေါ်လာနဲ့ စာရင်းဖွင့်ထားလို့ ရပါတယ် ။ ပြည်တွင်းမှာထုတ်သုံ့းချင်ရင်တော့ ( F.E.C ) နဲ့ဘဲပေးပါတယ် ။ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းရင် အဲဒီဒေါ်လာကို နိုင်ငံခြားကိုလွှဲပေးလိုံရပါတယ် ။

အထည်ချုပ်လုပ်ငန်းရှင်ကတော့..ပို့ ကုန်မဟုတ်ဘူး ။ ကန်ထရိုက်အလိုက် နိုင်ငံခြား အထည်( အချုပ် ) အပ်သူဆီက လုပ်အားခ ( ချုပ်လုပ်ခ ) ကိုဘဲယူကြရတာလေ ။ အဲဒီမှာ ကြိုင်ကြိုင်တို့ က ပါဝါကိုင်ပြီး...လက်တလုံးခြားနဲ့  လုပ်အားခတွေကို ရိတ်တော့တာဘဲ ။ ဘယ်လိုရိတ်သလဲဆိုရင်..( ရှင်းအောင်..သေသေခြာခြာ ဖတ်စေချင်ပါတယ် ) ။

နိင်ငံခြားအထည်အပ်သူဆီကနေ ချုပ်လုပ်ခ ( လုပ်အားခ ) ကိုပေးခြေလာရင်..သူတို့ က ရန်ကုန်ကနိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုငွေပေးချေရပါတယ် ။ ဒေါ်လာနဲ့ပေါ့ ။ အဲဒီမှာ..အထညိချုပ်လုပ်ငန်းရှင်က..ဒေါ်လာကို ဘဏ်စာရင်းဖွင့်ခွင့်မရကြပါဘူး ။ နိုင်ငံခြားဘဏ်ကနေ..ငွေစာရင်း ( F.E.C ) ချလန်လေးဘဲပေးပါတယ် ။ ဘဏ်မှာ ငွေထုတ်ခွင့်မရှိပါဘူး ။ အဲဒီစာရွက်ကို..( သိမ်ဖြူလမ်းနဲ့ ..ကုန်သည်လမ်းဒေါင့်မှာရှိတဲ့ ) F.E.C ရုံးဆိုတာရှိပါတယ် ။ အလဲကောင်တာမှာ သွားလဲလှယ်ကြရပါတယ် ။

အဲဒီမှာ...ကောင်တာ ( ၂၀ ) လောက်ရှိပါတယ် ။ ကောင်တာတွေထဲမှာ ကြိုင်ကြိုင်မိသားစုပိုင်တခု..မောင်အေးသမိးပိုင်တခု ရှိပါတယ် ။ အခုနက အထည်ချုပ်ပိုင်ရှင်ဟာ သူရလာတဲ့ ချလန်ကို.....အထည်ချုပ်လုပ်ငန်းရှင်များအဖွဲ့ က ခိုင်းစေတဲ့အတိုင်း......ဒီတခေါက်တော့..ြိကိုင်ကြိုင်ရဲ့ ကောင်တာ....နောက်တခေါက်..မောင်အေး...ဒီလို ညွှန်ပေးလိုက်ပါတယ် ။ အဲဒီမှာ ( ဥပမာ ပေါ့ ) လုပ်အားခ ဒေါ်လာ နစ်သန်းဖိုး ထုတ်တယ်ပေါ့ ။

ပထမ တစ်သန်းကို...F.E.C ရဲ့ ပြင်ပပေါက်ဈေး.( ၁၀၀၀)၀န်းကျင်နဲ့ လဲလှယ်ပေးပါတယ် ။ အဲဒီမှာလဲ...တကယ့်ပေါက်ဈေးထက် နည်းတဲ့ဈေးနဲ့ ဘဲလဲပေးတာပါဘဲ ။ ဘာမှအကွန့် မတက်ရဲကြပါဘူး ။ ။ ဒုတိယ တသန်းကိုတော့..အကောက်ခွန်ဌာန ရဲ့ ပေါက်ဈေး ( ၄၅၀ ကျပ်နုံး )......(ဒီဈေးကလဲ..၉၆ ..ဇူလိုင်မှာ ကျနော်ဆီက ဥိးကြည်မောင်အတွက်ရေးထားတာမိပြိး..တလအကြာ ..၉၆- ဇူလိုင်လက....စတင် ကျင့်သုံ့းတာပါ ) နဲ့ ဘဲ လဲပေးပါတယ် ။ အဲဒီငွေတွေက တကယ်တော့..စက်ချုပ်သမလေးတွေ ရရမဲ့ငွေတွေကို ဗြောင်မိုက်ကျေးခွဲယူလိုက်တာပါဘဲ ။

အဲဒီတော့ အထည်ချုပ်ရှင်ဟာ...အထည်ချုပ်လုပ်ခ...နိုင်ငံခြားအပ်သူဆီက..လုပ်အားခ...ဒေါ်လာနစ်သန်းဟာ...US ဒေါ်လာနဲ့ ရတဲ့အတိုင်းသာ..တခြားလုပ်ငန်းတွေလို ကုန်ပစ္စည်းတင်သွင်းခွင့်ရကြမယ်ဆိုရင်...သူရတဲ့ဒေါ်လာနစ်သန်းတန်ဖိုးဟာ...ကျပ်ငွေ....သန်း၂၅၀၀ လောက်နဲ့ ညီမျှတဲ့ငွေရပါမယ် ။

အခုတော့ FEC နဲ့ လဲရသေးတယ် ။ ပြိးဈေးက နိမ်ထားသေးတော့..ပထမ ဒေါ်လာတသန်းအတွက်က..ကျပ်ငွေ သန်း ( ၁၀၀၀ ) ဘဲရရှာပါတယ် ။ ဒုတိယတစ်သန်းအတွက်ကျတော့....ကျပ်ငွေ သန်း ( ၄၅၀ ) ဘဲရပါတော့တယ် ။ နစ်ခုပေါင်းဆို..ကျပ်ငွေ..သန်း..၁၄၅၀ ဘဲရပါတော့တယ် ။ ကျပ်ငွေသန်းတစ်ထောင် သူတို့ ပါးစပ်ထဲရောက်မဲ့ ငွေတွေကို ..အလွန်ဆင်းရဲရှာနေတဲ့...ကြိုင်ကြိုင်က ဖြတ်စား..အုပ်ထားလိုက်ပါတယ် ။

ဒေါ်လာနဲ တွက်ရင်..လုပ်အားခ ဒေါ်လာ နစ်သန်း ရှိတိုင်း...န.အ.ဖ က FEC နဲ့လဲပေးတာကိုက တခါနာပြန် ။ ဒီထက်ဆိုးတာက ကြိုင်ကြိုင်တို့ က..ဖြတ်စားတာက...နစ်သန်းထဲကနေ...( ဒေါ်လာ ငါးသိန်း ) လောက် ဖြတ်ဝိုက်ထားပါတယ် ။

တနစ်တနစ်ကို အထည်ချုပ်လုပ်အားခ...သန်း ( ၄၀၀ ) နိးပါးရနေတော့..ကြိုင်ကြိုင်တို့ ..တနစ်တနစ်ကို အထည်ချုပ်သမလေးတွေ ပါးစပ်ပေါက်ကနေ ခိုးစားနေတာ..ဒေါ်လာနဲ့...နစ်စဉ်..ဒေါ်လာ သန်းတရာ ( 100.million ) ရိတ်စားနေတာဟာ..sanction ထက်ကိုဆိုးဝါးနေပါတယ် ။

အခုပြောတာတွေဟာ..အထည်ချုပ်လုပ်ငန်းရှင်..အရာရှိကြိးတဥိးရဲ့  ရင်ဖွင့်ချက်ပါခင်ဗျာ ။ နံမည်တော့ မထုတ်ဖေါ်ပါရစေနဲ့ ခင်ဗျာ ။ ဒီလိုမတရားယူနေတာဟာ...ယုတ်မာပက်စက်မှုဆိုတာ အင်မတန်ထင်ရှားနေပါတယ် ။ နောက်တက်လာမဲ့ လွှတ်တော်မှာ အမတ်မင်များကို ဒီကိစ္စ စုံစမ်းပြိး...ဒီလိုမတရားရယူထားတာတွေကို အလုပ်သမားတွေကို ပြန်ထုတ်ပေးနိုင်းရေးတောင်းဆို တိုက်ပွဲဝင်ကြရပါမယ် ။

အိန္ဒိယ သမတကြိးပေးလိုက်တဲ့..လူမှုပြစ်ချက် ( ရ ပါး ) ထဲက ထိပ်ဆုံးက...WEALTH WITHOUT WORK ( www.khoe ) ..လုပ်အားမရှိဘဲ ကြွယ်ဝမှု ဆိုတာ ဒါမျိုးပါဘဲ ခင်ဗျာ ။ လူမှုပြစ်မှု ၀ကိဆိုဒ်ပါဘဲ ။

SANCTION ကိုဘယ်သူက စတင်လုပ်ခဲ့တာကတော့ ရှင်းပါတယ် ။ အခု SANCTION ကိုရုတ်သိမ်းဖို့  တိုင်းသူပြည်သားတွေအကျိုး တကယ်မျှော်ကိုးတယ် ဆိုရင် န.အ.ဖ ဟာ ကိုယ်စတင်ခဲ့တာကို ပထမ ( အရင် ) ပြန်ရုတ်သိမ်းပေးရပါမယ် ။ တရားဝင်လဲ ကျေညာပေးရပါမယ် ။ ပြိးမှ ဒေါ်အောင်ဆန်းစုကြည် ကိုဝေဖန်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ..နိုင်ငံခြား အစိုးရတွေနဲ့ဆွေးနွေးစကားပြောတဲ့အခါ သူမရဲ့  သြဇာ..တာဝန်ခံနိုင်မှု ကို ပေးထားရပါမယ် ။ ဗလိုင်းချည်းအော်နေရုံနဲ့  သဘာဝမကျပါဘူး ။ ဥိးဏှောဏ်ရှိရှိ ပြောကြဆိုကြပါ ။

နောက်ပြောချင်တာကတော့...အခုလွှတ်တော်ကြိးမှာ..ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဘာအာဏာမှမရှိ.ဘဲ..သမတက ထင်သလို စိတ်ကြိုက်ရွေးထားတဲ့ ၀န်ကြိးတွေနဲ့ ကက်ဘိနက်ဖွဲ့  ထင်သလို ကျဲကြမယ်ဆိုရင်.....အပြတ်ပြောလိုပါတယ် ။ အာဏာပြန်သိမ်းဖို့ သာ အမိန့် စာထုတ်ထားလိုက်ပါ ။ ကနေ့ လူငယ်တွေကို..အူကြောင်ကြားလုပ်ဖို့ မစဉ်းစားပါနဲ့ ဘဲပြောပါမယ် ။ ကနေ့ လူငယ်တွေကို...စစ်အုပ်ချုပ်ရေးနဲ့ ထိန်းလို့ ရကောင်းရပါမယ် ။ လွှတ်တော်နဲ့  မလှိမ့်တပတ် ထိန်းလို့ ရမယ်ထင်ထားရင်...

နောက် ဥိးခင်မောင်ဆွေတို့ လို..အဖွဲ့ ချုပ်ကလူတွေကို စိးပွားရေးလုပ်ခွင့်တွေ တကယ်ခွင့်ပြုမယ်ဆိုရင်...ကျနော်အထက်ကပြောခဲ့တဲ့...နိုင်ငံတော်အတွက် အလွန်လိုအပ်နေတဲ့..လျှပ်စစ်စွမ်းအင်ကို...ဒီရေကနေ ( ဧရာဝတီတိုင်း နဲ့  ရခိုင် ) ထုတ်ပေးဖို့ ...ကျနော် က အဲဒီအတိုက်အခံအဖွဲ့ ကို နည်းလမ်းမျှဝေဖို့ အဆင်သင့်ရှိပါတယ် ။ န.အ.ဖ ကသာ စေတနာမှန် ပြမယ်ဆိုရင်....တနိုင်ငံလုံး..ကျေးရွာအားလုံးကို မိးလင်းစေရပါမယ် ။

န.အ.ဖ ပေါ်မှာဘဲ မူတည်နေပါတယ် ။ နောက် သဘာဝဇီဝလောင်စာကို သန်းရွှေက..ကြက်ဆူစီမံကိန်းကိုအတင်းဇွတ်လုပ်နေပါတယ် ။ ဗေဒင်ယတြာ အနေနဲ့ လုပ်တာဆိုရင်တော့ မဝေဖန်လိုပါ ။ တကယ့် အကျိုးအမြတ်ရချင်လို့ ဆိုရင်တော့...အီန္ဒိယမှာ..( BP ) ကုမ္မဏိဟာ...၂၀၀၂ နစ်မှာ ဒေါ်လာ သန်း၇၀ ဖိုး စမ်းသပ်ပါတယ် ။ သုသေသနပြုပါတယ် ။ ဖြစ်နိုင်ခြေရှိလို့ ..ဒေါ်လာ သန်း ( ၂၀၀ ) ဖိုးအစမ်းလုပ်လိုက်တာ ၀က်ဝက်ကွဲရှုံးသွားပါတယ် ။

ကျနော်တို့ နိုင်ငံမှာ ဇိဝလောင်စာ လုပ်ရမဲ့စီမံကိန်းသီးနှံ ရှိပါတယ် ။ လူပေါင်း သန်းနဲ့ချီ အလုပ်ပေးထားနိုင်သလို...နိုင်ငံခြားကပါ လာရေက်ရင်းနှိကြပါမယ် ။ ( ဘာလဲ ) ဆိုတာတော့....သိချင်ရင်မေးပါ ။ ဖြေဖို့ အဆင်သင့်ပါ ။ နိုင်ငံခြားကထုတ်တဲ့စာအုပ်စာတမ်းတွေနဲ့ အကိုးအကားနဲ့ ချပြပေးပါမယ် ။ ဘာမှလဲ သိပ်အရင်းအနှိးကြိးကြိးမလိုအပ်ပါဘူး ။ ခင်ဗျားတို့ မှာလဲ ဥိးဏှောဏ်ကောင်းတွေရှိပါတယ် ။ ခိုးဖို့ ..အထက်ကပ်ဖို့ လတ်ထိုးရာထူးတက်ဖို့ ဘဲ စဉ်စားနေကြတာတွေ ရပ်တန်းပြိး တီထွင်ကြံဆကြံဆကြပါအု့းဘဲ ပြောလိုပါတယ် ။

နောက်ဆုံးအနေနဲ့  ကျနော် တကယ်ကြုံခဲ့ နားလည်ခဲ့တဲ့ဥပမာလေးကို စာဖတ်ပရိတ်သတ်အပေါင်းကော..န.အ.ဖ ကိုပါမျှဝေလိုပါတယ် ။ တခြားမဟုတ်ပါဘူး...မြတ်စွာဘုရားရှင်ရဲ့  မေတ္တာကိုလက်ကိုင်ပြုထားရင်...အာဏာလက်နက်ကို ကိုင်စရာမလိုပါဘူးဘဲပြောချင်ပါတယ် ။

ကျနော်၂၀၀၂ နစ်ကုန်မှာထောင်ကလွှတ်လာတော့....လှည်ကူးမြို့ နယ် ငါးဆူတောင်ကျေးရွာမှာ....အိမ်ခြံလေးရှိတော့...ထောင်ကလွှတ်စ...ရန်ကုန်မှာဆေးခန်းဖွင့်ဖို့ ..အခန်း၎ားပါတယ် ။ ကြော်ငြာထဲပါလို့ ၎ားပါတယ် ။ ပထမနေ့ အိုကေပေါ့ ။ ပိုင်ရှင်က ၀မ်းပမ်းတသာ..နောက်နေ့  စာချုပ်ဖို့ သွားရင်..( အမက..အမေက...ပြန်လာပြိး နေမှာမို့  ) နဲ့ အကြောင်းပြ ဖျက်ပါတော့တယ် ။ တအိမ်ဆို စရံပါပြန်လျှော်ရှာပါတယ် ။ ကျနော်မယူပါဘူး ။ အဲဒီငွေမျိုးကျနော်မစားရဲဘူး ။ သူများဆီက မသထာဘဲရတဲ့ငွေ မျိုးကိုကြောက်တယ် ။ ပြန်ထွက်ရင်...အဆိုးဖက်ထွက်တတ်ပါတယ် ။ အဲဒီအိမ်တွေဟာ...နောက်ရက်တွေမှာလဲ ကြော်ငြာတွေထဲ ထဲ့ထားပါတယ် ။ ကိုမောင်မောင်းဝမ်းပြောတဲ့ ဘ၀ပျက်ရေးစီမံကန်းပါ ။ သူတို့ လို အတ္တစိတ်ထားရင် တနစ်အတွင်းတိုက်ကြးကားကြးတွေ ပိုင်စေ၇မယ်ဆိုသူတွေက...ဆေဒခန်းဖွင့်ဖို့ အခန်းတောင် ၄ားမရအောင်ယုတ်မာပါတော့တယ် ။

အဲဒီမှာ ငါးဆူတောင်သွားပြိး ၀က်မွေးပါတယ် ။ မိတ်ဆွေတွေ...ယောက်မခတွေက ၀က်အထိးမွေး ( အသားတိုမွေး ) ပြိး ၀က်သတ်သမားဆီရောင်းဖို့  ဘဲ အတင်းတိုက်တွန်းဘကပါတယ် ။ ကျနော်က ၀က်မကြာခဏမွေးဖူးပါတယ် ။ ကျနော် ၀က်အသားတိုးမွေးတာ စိတ်တော်တော်ထိခိုက်လို့ပါ ။ အဲဒီတော့ အမ ဘဲမွေးပါတယ် ။ သူတို့ က အမတွေက ၀က်ပေါက်ရင်..၁၂ ကောက်ပေါက်ရင်..ခြောက်ကောင်တင်ရင်..အိုကေတယ်ပေါ့ ။ ရှစ်ကောင်ဆိုရင်အမြတ်ထွက်တယ်ပေါ့..။ ရှစ်ကောင်တင်ဖို့ မလွယ်ကြောင်း..စေတနာနဲ့ တားကြပါတယ် ။

ကိုဝင်းမြင့်ဆိုသူ ( တရုတ်လူမျိုး ) မှာ ၀က်သားဖေါက်ခြံရှိပါတယ် ။ အကောင် တရာကျော်မွေးထားသူပါ ။ သူကလဲ စေတနာနဲ့  ၀က်မ- မမွေးဖို့ တားပါတယ် ။ တခါ နစ်ရပ်ကွက် ( ရပ်ကွက်-၂ ) ဘက်မှာ...တရုတ်လုပ်ငန်းရှင်တွေမွေးထားတဲ့ ဧရာမ ခြံကြိးရှိပါတယ် ။ လူစိမ်းတွေ ၀င်ကြည့်ချွင့်မရှိပါ ။ ကျနော်က ကိုဝင်းမြင့်အကူနဲ့  ၀င်ကြည့်ခွင့်ရခဲ့ပါတယ် ။ သူတို့ က တရုတ်စာအုပ်ကြိးတွေနဲ့ ..တိုင်ဝမ်က သင်တန်းဆင်းလားသူတွေလို့ ဆိုပါတယ် ။

ကျနော် ၀က်မတွေ ဘဲ မွေးပါတယ် ။ ကျနော်ဝက်မကြိးတွေ သားမွေးတော့...သူတို့ အားလုံး ကျနော်ကိုလာပြိး ဆရာတင်မေးမြန်းကြရပါတယ် ။ ကျနော်ဝက်မကြိးတကောင်က..နို့ တိုင် ( ၁၄ ) တိုင်ပါပါတယ်..ပေါက်တော့..( ၁၅ ) ကောင်ပါ ။ နစ်လနေတော့ အဲဒီ ( ၁၅ ) ကောင်းစလုံးရှင်တယ် ။ သန်မာတာလဲ ..အားလုံးက တဆိုဒ်ထဲ ။ နောက်တကောင်ထပ်ပေါက်တယ် ။ နို့ တိုင် ( ၁၂ ) တိုင်..ပေါက်တော့ ( ၁၃ ) ကောင်...( ၁၃ ) ကောင်စလုံးရှင်တယ် ။ ကျနော်ဝက်မကြိးလေးကောင်ပါ ။

အဲဒီမှာ..ကျနော်သူတို့ ဝက်မတွေပြုမူနေတာတွေကို လက်တွေ့ လိုက်ပြလိုက်ပါတယ် ။ သူတို့ တွေဟာ တိုင်ဝမ်သင်တန်းဆင်တွေ ၀က်တွေထောင်ချီမွေးနေပေးမဲ့ ..၀က်တွေမှာ ခံစားချက်ရှိတယ်...လူလို ခံစားချက်..စိတ် ကို ထဲ့မစဉ်းစားကြပါဘူး ။ တိရိဆန် ရဲ့ စိတ်ခံစားချက်ကို ထဲ့တွက်စရာမလိုလို့  တွက်ထားကြသူတွေပါ ။

ကျနော်လက်တွေ့ ပြချက်ကတော့..ကျနော် ၀က်မကြိးတွေ.. ကိုယ်ဝန်ရင့်မာနေချိန်မှာ....ကျနော်က သူတို့ ကို..လှဲသိပ်ပြီးကျောကိုပွတ်သပ်ပေး...မုံလာဥ..ကဇွနါ်းရွက်လေးကိုပါးစပ်ပေါက်အထိ ခွန့် ကျွှေးပါတယ် ။ ကြင်ကြင်နာနာ ယုယုယယ ပြုစုပေးပါတယ် ။ သမိးကြိး သမိးလေး နဲ့ ကြင်ကြင်နာနာ ခေါ်ဆိုပါတယ် ။ ၀က်မကြိးသားပေါက်ချိန် လူက ၀င်ကူပေးရပါတယ် ။ အဲဒီအချိန်မှာ ကျနော်က တခြားသူ..ကို အ၀င်မခံဘဲ တယောက်ထဲ ၀က်မကြိးကို ကိုင်ပါတယ် ။ ၀က်မကြိးဆိုတာ...မိခင်စိတ်တအားပြင်းထန်နေချိန်...သူ့ ကလေးကို သူစိတ်အချရဆုံးလူနဲ့ ဆို..အသာတကြည့် လက်ခံတယ် ။ .၀က်ကလေးတွေအော်ရင် ၀က်မတိုင်းက ( ဂေါ..ဂေါနဲ့  ) ရုံးထတော့တာ..မိခင်မေတ္တာလေ ။

သန်းရွှေမြေးလေးကို ငယ်ငယ်က ဗိုလ်မှုးတွေ ဗိုလ်ကြိးတွေ ထိမ်းကြရပါတယ် ။ ဒီကောင်လေး မှောက်လဲလို့  ဒူးကွဲရင်..မှာကို..အဲဒီဗိုလ်မှုးတွေ သေမလောက် ပူပန်ကြရတာ ။ သူတို့ ကို ဗောဓိတစ်ထောင်ဆရာတော်က မေးထားလို့ ..သူတို့  ရင်ဖွင့်တာတွေပါ ။

အဲဒီလို သူစိတ်အချရဆုံး..အခင်မင်ဆုံးလူ သူ့ ကလေးတွေကိုင်ပေးနေတော့..၀က်မကြိးက စိတ်ချလက်ချနဲ့ ဗိုက်ထဲမှာကျန်တဲ့..သားလေးတွေကို..ဘာဆေးမှထိုးပေးစရာမလိုဘဲ..အပူအပင်ကင်းကင်းနဲ့  ဟော..တကောင် ဟောတကောင်..မွေးလိုက်တာ..သူလဲမပင်ပန်း...ပြိးနို့ တွေ တိုက်တော့တာပါဘဲ ။ သူ စိတ်မပူပင်ရ..သားဇောနဲ့  ဒေါသမထွက်ရတော့..နို့ ထွက်ကလဲကောင်းတော့ ၀က်သားလေးတွေ လုံးတစ် ၀တိုနေကြတော့တာပါဘဲ ။

အားလုံး တဆိုဒ်ထဲ ရဖို့ ဆိုတာ ၀က်မွေးဖူးသူတိုင်းသိကြပါတယ် ။ အင်မတန်ခက်ပါတယ် ။

အဲဒီမှာ ကိုဝင်းမြင့်ကို သူခြံမှာဝက်ပေါက်တော့ ခေါ်သွားပါတယ် ။ သူကလဲဝက်ပေါက်ရင် ကိုယ်တိုင် စီမံချင်တာလေ ။ အဲ သူက ၀က်ကို မွေးတာ စိးပွားရေးတွက်မွေးတာ ။ ၀က်တွေအပေါ် ခင်မင်စိတ်ထားရမှန်းမသိဘူးလေ ။ ၀က်မကြိးတွေက အစားကျွှေးရင်..နားရွက်ခတ်တော့ လူကိုပေတယ် စင်ကျန်ကုန်တတ်တယ်လေ ။ အဲဒီအခါသူက ၀က်တွေကို ရိုက်..သူတပည့်ကလဲ ရိုက်ဆိုတော့..သားမွေးချိန်မှာ...မိခင်ဇော..သားဇော နဲ့ ကျတော့ ၀က်မကြိးက သူ့ ကို ရက်စက်သလို...သူ့ သားလေးတွေကို ချတော့မယ် တွက်ထားပြိးလေ ။ အဆိုးဆုံးက ကိုဝင်းမြင့်အသံကြားတာနဲ့  ၀က်မကြိးတကောင်ကဆို ခြံခုန်ထွက် လိုက်တော့တာ ။

နောက်တော့ သူတို့ ကျနော်နည်းကို ကျင့်သုံးလာပါတော့တယ် ။ နောက် ကျနော် ထိုင်းဘက်ထွက်ခါနီးတော့ ကျနော် ၀ကိမကြိး နစ်ကောင်ကို ( မွေးစားညီ ) ကိုပေးလိုက်ပါတယ် ။ သူကလဲ လက်ကြမ်းတော့ အဲဒီဝက်မကြိးကလေးတွေ မွေးအပြိး ၀က်မကြိးက နို့ မချပေးလို့ ..၀က်ကလေးတွေ ..တပတ်အတွင်း အကုန်သေကုန်ပါတယ် ။

ဝက်မကြိးက တခြားတိရိဆန် နဲ့ ကွာတာက...၀က်ကလေးတွေဟာ..သူတို့  တခါစို့ ဘူးတဲ့ နို့ တိုင်ကို..( အသေ ) မှတ်ထားပါတယ် ။ အခြားတကောင်က သူနို့ တိုင်ကို ဥိးထားရင်အတင်းအော်နေတော့တာ ။ လုနေကြတာ ။ အဲဒါဆို ၀က်မကြိးက နို့ ကို လုံးဝချမပေးပါဘူး ။ အားလုံး ကိုယ့်နို့ တိုင်ကို နေ၇ာမှန်ရသွားရင်..၀က်ကလေးတွေအော်သံက ပြောင်းသွားပါတယ် ။ အဲဒီကျမှ ၀က်မကြိးက..( ဂူး ဂူး ) အသံပြိုပြိးနို့ ချပေးပါတယ် ။ ၀က်ကလေးတွေလဲ...တပြွှတ်ပြွှတ်နဲ့ စို့  ကြရပါတယ် ။ အဲဒီလိုဘဲ သူ စိတ် မချရင်..မလုံခြုံဘူး ခံစားရရင် နို့ မချတော့တာပါဘဲ ။ ၀က်ကလေးတွေ ကြိုက်သလောက်စို့  သူကချမပေးရင် တစက်မှ မကျပါဘူး ။

န.အ.ဖ ကို ပြောလိုပါတယ် ။ မြန်မာနိုင်ငံဟာ..( ထေရ၀ါဒ ) အထွန်းကားဆုံး နိုင်ငံပါ ။ ထေရ၀ါဒ ဟာ မေတ္တာတရားပေါ်မှာ အဓိက ပြုပါတယ် ။ တနည်းမြန်မာတွေဟာ မေတ္တာတရားကို..လေ့လာတယ် ။ ကျင့်ကြံကြတာအများစုပါ ။ တနည်းမေတ္တာကို ခံစားနိုင်အားသိပ်ကြိးမားသူတွေပါ ။ တနည်း မေတ္တာ အတုနဲ့ ညာလို့ မရတဲ့ လူမျိုးပါ ။ ကိုယ်အပေါ်တဖက်သားဘယ်လို သဘောထားတယ်ဆိုတာကို...မြန်မာတွေက ..ခံစာနိုင်အား ( SENSE ) လုပ်နိုင်စွမ်းအားမြင့်တဲ့လူမျိုးဆိုတာကို..နိုင်ငံကိုအုပ်ချုပ်သူတွေ အခြေခံအဖြစ် သိထားဖို့  ( လုံးဝ ) လိုအပ်ပါတယ် ။

အခုကျနော်ဟာ Australia နိုင်ငံကို အမြန် ရောက်ခဲ့ပါတယ် ။ န.အ.ဖ ကျေးဇူးကြောင့်..သေဘေးက လက်တလုံးခြားလွတ်လာပြိးရောက်ခဲ့ရတာပါ ။ မလေးရှားထောက်လှမ်းရေးပေးတဲ့အသက်ဘဲရှိပါတော့တယ် ။ ကျနော်မလေးရှားထောက်လှမ်းရေးတွေရဲ ကျေးဇူးကို အမြဲ မေတ္တာမျှဝေပါတယ် ။

ကျနော် ဒီမှာ...မူကြိုကျောင်းမှာ...သင်တန်းခြောက်လတက်ပြိး ( Certificate- 3 ) နဲ့  မူကြိုကျောင်းမှာ ကျောင်းဆရာလုပ်နေပါတယ် ။ ကျနော်လုပ်တဲ့ကျောင်းက..ဆေးရုံကြိးက ၀န်ထမ်းတွေရဲ့ မိသားစုတွေကိုဘဲ လက်ခံပါတယ် ။ ထု့းစံအတိုင်း..မိဘတွေက ချမ်းသာ...ဆရာဝန်..သူနြာု့ကလေးတွေ...တဥိးထည်းတွေကများများ....ဒီမှာက ဆူ..အော်ငေါက် လုပ်ခွင့်က လုံးဝမရှိပါ ။

ကျနော်ကလဲ အော်ငေါက်တာကို လက်မခံတဲ့သူပါ ။ အဲဒီမှာ..နဲနဲဆူတတ် အော်တတ်သူတွေ နဲ့  တကယ့် ဆိုးပေ့ဆိုတာတွေ ကြုံရင်...ဆရာမတွေ လက်မြောက်ကြရတော့တာပါဘဲ ။ မိဘတွေ ခေါ် နစ်ဘက်ညှိနိုင်းကြရပေါ့ ။ တကြိမ်တော့ တကယ့်အော့ကျောအလန်ဆုံး ကျောင်းသား ကို မနိုင်ကြတော့ဘူး ။ ဘာလုပ်ရမှန်းမသိဖြစ်နေကြပါတယ် ။

ကျနော်ကလဲ လူသစ်....အာရှလူမျိုးဆိုတော့ အထင်ကကြိးစရာမရှိ ။ ကြားထဲ..ကျန်ဆရာ..ဆရာမတွေအားလုံးက..အနိမ့်ဆုံး..( Diploma ) ဒီပလိုမာ ရှိကြတာ ။ ဘွဲ့ ရတွေ..ဘွဲ့ လွန်တွေနဲ့ ချည်းပါ ။ လုပ်သက်က ၂၅ နစ်..၃၀ တွေပါရှိတယ် ။ နောက်ဆုံး ကျောင်းအုပ်ကို ကျနော်က..အဲဒီကလေး..( န့မည်ပြောခွင့်မရှိပါ ) ( J ) ကို ကျနော် နစ်ပတ်လောက် ကြိုးစားပြုပြင်ခွင့်ပေးပါတောင်းဆိုလိုက်ပါတယ် ။ သူကလဲ ဘယ်လိုမှမတတ်နိုင်တော့လို့ စမ်းကြည့်ပါ ။ ခွင့်ြု့ပုပါတယ် ။

ကျနော်က သူ့ ကိုသူ့ မိသားစုတွင်း ခံစားချက်လေးတွေမေးတယ် ။ သူငယ်ချင်းလို ဆွေးနွေးလိုက်တာ...တနာရီလောက်ဘဲ ကြာပါတယ် ။ ဒီခြောက်နစ်သားလေးဟာ..( ဂ-ငယ်ကွေ့ ..U- TURN ) လုပ်သလိုကိုပြောင်းသွားပါတယ် ။ မေတ္တာ ထားပြိး သူ ခံစားချက်လေးတွေကိုနားထောင်..သူကောင်းတာလေးတွေက ဘယ်လို..ငါမင်းကျောင်းကြိးရောက်သွားရင် မင်းကို အမြဲအမှတ်ရနေမှာ စတာတွေဘဲ ပြောလိုက်တယ် ။ ဒီကကလေးတွေ ငါထိမ်းရတာ..နဲနဲခက်တယ် ။ မင်းကိုသူတို့ စံနမူနာ ထားတော့ ငါ့ကိုကူညီပါ စတာတွေဘဲပြောလိုက်ရပါတယ် ။ သူဟာ တနစ်တခါ အခုကျန်ေဆီကိုလာတွေ့ ပါတယ် ။ သူတယောက်ဘဲလာတွေ့ ပါတယ် ။ အခုအထိလဲလိမ်မာသွားပါတယ် ။

ကျောင်းအုပ်ကြိးကော..တခြားဆရာဆရာမတွေကော..မိဘတွေကပါ.. ( Billy...it's a MAGIC ) လို့ ကိုပြောယူလာကြရပါတယ် ။ ကျနော်လဲ အဲဒီကနေ ( ထန်းတက်လက်မှတ်ရလိုက်တာ..) ဒီကျောင်းမှာ..permanent ရဖို့ က အနိမ့်ဆုံး...Diploma ရထားဖို့ သတ်မှတ်ချက်ကို..ကျနော်အတွက် ဒါရိုက်တာဘုတ်အဖွဲ့ က ( ချွှင်းချက်နဲ့  ) ကျနော်တဥိးထဲ..ဒီပလိုမာမရှိဘဲ...Permanent ခန့် ပေးပါတယ် ။

အဲီးထန်းတက်လက်မှတ်နဲ့  အခုအထိ ကျနော်က တခြားဆရာဆရာမတွေ ကိုင်လို့ မရတဲ့သူတွေကို နစ်စဉ်ကိုင်ရပါတယ် ။ အဲဒီဆိုးပေ့တွေကလဲ..ကျနော်မှကျနော်...တခြားသူတွေကလဲ..အဲဒီကလေးတွေ ငိုအော်သောင်းကျန်းရင်..ကျနော်ကိုရှာ..ကျနော်တခွန်းလေးပြောလိုက်တာနဲ့ ...ပြေလယ်သွားပါတယ် ။ ကျနော် လက်သုံ့းကတော့...My good lovely boy ပါဘဲ ။

ကျနော် န.အ.ဖ ကို ပြောလိုတာကတော့...မြန်မာနိုင်ငံသားတွေ ဘ၀ တိုးတက်စေချင်တဲ့ တကယ့် စေတနာ အရင်းခံ ပြမယ်ဆိုရင် ကျနော်ပြန်လာပြိး ကူညီပါ့မယ်ဆိုတာပါဘဲ ။

ကျနော်တို့ နိုင်ငံကြိးမှာ..တခြားနိုင်ငံတွေနဲ့ မတူတဲ့ ..လူအရင်းအမြစ်..သဘာဝ အရင်းအမြစ်တွေရှိပါတယ် ။ တကယ့်စေတနာ မှန်ရှိရင်...နစ်ပိုင်းအတွင်း..အနိမ့်ဆုံး လုပ်ခကို..တနေ့ ..၃..၄ ဒေါ်လာ ပေးနိုင်ပြိး နိုင်သားတွေ ကြွယ်ဝလာရင် အလုပ်တွေဟာ ..ကိုင်းကျွှန်းမှီ..ကျွှန်းကိုင်းမှီ ဆင့်ကဲဆတင့်ကဲ ပေါ်လာပါမယ် ။ နိုင်ငံတော်ကြိးလဲ ငြိမ်းချမ်းသာယာလာစေရပါမယ် ။

သန်းရွှေ တခါတခါ စိတ်ကူးယဥိတတ်တဲ့..သာလွန်မင်းတရားကြိးဝင်စားတာ...ဆိုတာ..သာလွန်မင်းတရားကြိး ရဲ့ ထင်ရှားလှတဲ့ ဥပဒေကြိးကိုဘဲ ပြန်လေ့လာပါအုံး တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။

နောက်တပတ် ဆောင်းပါးမှာ သာလွန်မင်းတရားကြိးအကြောင်းနဲ့  သာလွန်မင်းတရာကြိးနဲ့ ခေတ်ပြိုင်...အိန္ဒိယ နိုင်ငံက နိုင်ငံတော်ကိုအကြွှယ်ဝစေဆုံ့း ဘုရင်ကြိး နစ်ပါး နိုင်းယှဉ်ချက် ဆောင်းပါးရေးပါမယ် ။

ဒေါက်တာလှိုင်မြင့်

0 လူမှုရေးဂီတကွန်ယက်များ



လူမှုရေးဂီတကွန်ယက်များ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများကို တစ်ဖက် တလမ်းမှ အားပေးကူညီလှူဒါန်းမှုများ စဉ်ဆက်မပြတ် မနားတမ်းပံ့ပိုးမှု ပြုလုပ်ပေးသူများအနက်မှ ဂီတပညာရှင်တို့၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဖေးမမှုများကို သဒ္ဒါပေါက်၍၄င်း၊ တစ်ဖက်တလမ်းမှ အားပေးခြင်းဖြင့်၎င်း လာရောက်၍ လှူဒါန်းကြသော ပြည်တွင်း ပြည်ပမှ အလှူရှင်များအား ပြန်လည်၍ ဂုဏ်ပြုပေးအပ်သော ဂုဏ်ပြုလွှာနှင့်တကွ အသင်း၏ လုပ်ဆောင်ချက်များကို ဖော်ပြထားသော VCD, DVD အခွေချပ်များတွင် ကြည့်ရှုသူ ပြည်သူအပေါင်း အတွက် သီဆိုဖျော်ဖြေပေးထားသော လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်သော ဂီတစကားလုံးများ ပါဝင်သည့် သီချင်းသံစဉ်များအားစတင်၍ သီဆိုဒါနပြုခဲ့သူ ဂီတပညာရှင်များတွင် အဆိုတော် မေခလာ (မငယ်)သည်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။ တေးရေး/ဆို စိုးသိင်္ခနှင့် မေခလာတို့၏ နောက်ပိုင်း အဆိုတော် နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT(အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ(Cyclone)၊ ကျော်သူ၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုနေ၀င်း(မောင့်လပြည့်ဝန်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ၊ နိုင်ဇော်(Lazy Club)၊ ဖြိုးကျော်ထိုက်၊ BK, JJ, P-XI, DICE, Feat - K လေး၊ ရည်မွန်လမင်း၊ စောသဉ္ဇာ၊ တွတ်ပီ(NES)၊ Po Po၊ ပိစိ၊ သူရိန်၊ ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ ကိုဦး၊ အော်တာ၊ DENNIS၊ ထက်ထက်စိုး၊ ဟန်လင်းအောင်၊ ဖိုးလ၊ သက်နှင်းဆက် စသည့် အဆိုတော် ဂီတပညာရှင်များကပါ ၀ိုင်းဝန်း၍ လူမှုရေးလုပ်ငန်းများဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များတွင် အများပြည်သူတို့ အယူသီးမှုပပျောက်ရေးအတွက်၎င်း၊ လူမှုရေးလုပ်ငန်းများကို လူငယ်မျိုးဆက်သစ်တို့ စိတ်ဝင်စားမှုရှိလာရန်အတွက်၎င်း အားပေးအသိ အမှတ်ပြုသည့်အနေဖြင့် တစ်ဖက်တလမ်း ဂီတပညာရပ်တို့ဖြင့် ကုသိုလ်ဖြစ် ရေး/ဆို တီးခတ်ပေးဆပ် ခဲ့ကြသည်။

ယခုဆိုလျှင် ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များအား (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် အသင်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှု များပြုလုပ်လျှက်ရှိသည်။

ထိုသို့ ရိုက်ကူးမှုများပြုလုပ်ခဲ့ရာ အဆိုတော် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ Hip Hop အဆိုတော် BK ( Black Night)၊ စောသဉ္ဇာတို့၏ ရုပ်ပုံလွှာများ ရိုက်ကူးပြီးစီးပြီး ဖြစ်ပါသည်။ မကြာခင်ရက်များတွင် အဆိုတော် ဆောင်းဦးလှိုင် အပါအ၀င် လူမှုရေးဂီတသမားများ၏ ရုပ်ပုံလွှာများကိုလည်း ဆက်လက် ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာခင် အများပြည်သူ အလှူရှင်များလက်တွင်းသို့ ယင်း ဂီတလူမှုရေးသူရဲကောင်းများ၏ သံစဉ်များ၊ ရုပ်ပုံလွှာများရောက်ရှိတော့မည် ဖြစ်သည်။

ထိုကဲ့သို့ မိမိတို့၏ သံစဉ်များ၊ ဂီတပညာရပ်များဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူ အတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ကုသိုလ်ဖြစ် သီဆိုဒါနပြုခဲ့ကြ သည့်အပြင် မိမိတို့၏ ချွေးနည်းစာ၊ မိမိတို့၏ ဂီတပညာရပ်ဖြင့် ပြည်တွင်း ပြည်ပတို့တွင် ဖျော်ဖြေ၍ ရရှိခဲ့သော ငွေကြေးအချို့ တို့ကိုပါမကျန် ကောင်းမှုပြုခဲ့ခြင်းတို့အပေါ် များစွာဝမ်းသာပီတိ သာဓု ခေါ်ဆိုလိုက်ပါသည်။ ထိုသို့ လှူဒါန်းခြင်းများသည် လှူဒါန်းမှုအတွက် ကုသိုလ်ရရှိသည့်အပြင် လူငယ် မျိုးဆက်သစ်တို့ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာပါဝင် လှုပ်ရှားလိုစိတ်များပါ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဂီတလူမှုရေးကွန်ယက်မှ အစပြု၍ လူငယ်လူမှုရေးကွန်ယက်သည် မကြာမီအချိန်အတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်တော့သည်။

ကိုကျော်သူ

Friday, January 7, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း နှစ်(၂၀)ပြည့် အမှတ်တရ အခမ်းအနား ဖိတ်ကြားစာ...


၁၉၉၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူများက ဦးတင်မောင်ဝင်းကို မဲပေးခဲ့ကြသည်။
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရစဉ် ၁၉၉၁ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ကွယ်...လွန်သည်။ ယခင်က သူကွယ်လွန်သည့် နှစ်ပတ်လည်နေ့ အစီအစဉ်များကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့ ရှိသည်။
Dear all,

My father's (U Tin Maung Win) memorial 20th anniversary will be held in our Yangon home on 18 January, 2011 (Tuesday). You all are invited to join us on that day. We know that most of you are unable to attend but we believe, you all will remember him like us.


...With best regards,
wut hmone

0 ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ

photo..Gettyimages

ကျွန်မတို့ရဲ့ လွတ်လပ်ရေးပွဲတော်ကို လာပြီးတော့အားပေးချီးမြှင့်သူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကြိုဆိုပါတယ်။

လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ နှလုံးသွင်းဖို့လိုမယ်လို့ထင်ပါတယ်။ လူတွေက ဘာဖြစ်လို့ လွတ်လပ်ရေးကို လိုချင် ကြတာလဲလို့ စဉ်းစားဆင်ခြင်လို့ရှိရင် အနှောင်အဖွဲ့တွေက ကင်းဝေချင်တယ်၊ ဖိစီးမှုတွေကနေ လွတ်မြောက်ချင်တယ်။ အဲဒါက လွတ်လပ်ရေးပဲ။ ဒါပေမဲ့ ကိုယ်တယောက်တည်း အနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့မဟုတ်ဘူး။

ကိုယ်တယောက်တည်းဖိစီးမှုတွေက ကင်းရှင်းသွားဖို့မဟုတ် ဘူး။ အခြားသူတွေအတွက်လည်း ကျွန်မတို့က အတူတူလုပ်ရမယ်။ ကိုယ်တယောက်တည်း လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ရဲ့အသိုင်းအ၀ိုင်းပါ လွတ်လပ်ရမယ်။ ကိုယ်တယောက်တည်း အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးတော့ ကျန်တဲ့သူတွေက မလွတ်မြောက်ဖူးဆိုရင် အဲဒါက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူး။

အဲဒီတော့ ကျွန်မတို့က လွတ်လပ်ရေးနေ့ရောက်တိုင်း ကျွန်မတို့နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များ၊အာဇာနည်များ၊ အမျိုးသား ခေါင်းဆောင်များ၊ အမျိုးသားအာဇာနည်များဟာ ဘာတွေကို မျှော်မှန်းပြီးတော့ ဒီလိုကြိုးပမ်းခဲ့ သလဲဆိုတာစဉ်းစားရပါ့မယ်။စောစောက ကျွန်မတို့ပြောခဲ့သလိုပေါ့ ဖိစီးမှုတွေ မလိုချင်ဘူး၊ အနှောင်အဖွဲ့တွေ မလိုချင်ဘူး။ အနှောင်အဖွဲ့တို့၊ ဖိစီးမှုတို့ဆိုတာဟာ အတွင်းလဲဖြစ်နိုင်သလို၊ အပြင်လည်းဖြစ်နိုင်တယ်။ အတွင်းဖိစီးမှု၊အနှောင်အဖွဲ့ဆိုတာက ဒါကျွန်မ လောကီအရ ပြောတာ ပါ၊ လောကုတ္တရာအရ ပြောတာမဟုတ်ပါဘူး။ စိုးရိမ်ကြောင့်ကြမှုဆိုတာက အတွင်းဖိစီးမှုပဲ။

အဲဒါကြောင့် လွတ်မြောက်ဖို့ဆိုတာ ကိုယ့်ဟာကိုယ်ကြိုးစားရမယ်။ကိုယ့်ဟာကိုယ် ကိုယ့်အတွက်လည်းကြိုး စားရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း ကြိုးစားရမယ်။ကိုယ်ကနေပြီးတော့ စိုးရိမ်ကြောင့် ကြမှုတွေက လွတ်ကင်းမှုမရှိဘူးဆိုရင်

လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဘယ်လိုလုပ်ကျွန်မတို့ လုပ်မလဲ။ ကျွန်မတို့ရဲ့ နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူ တကယ်စစ်မှန်တဲ့လွတ်လပ်မှုရအောင် ဘယ် လိုလုပ်မလဲ။ အဲဒါကြောင့်မို့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ် ရှားပါ။

ကျွန်မတို့ရဲ့နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူတွေ ရဲ့ မလွတ်လပ်တဲ့အနေအထားကို ဖယ်ရှားဖို့ ၀ိုင်းပြီးကြိုးစားပါ။ ဒီလိုလွတ်လပ်ရေးနေ့အချိန်အခါမှာ ဆိုလို့ရှိရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရနေရုံတင်မကဘူး၊ အခုလောလောဆယ်မှာ မိမိတို့ရဲ့ ယုံကြည်ချက်အတွက် တကယ်ကို စစ်မှန်ပြီးတော့ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတခု အတွက် ကြိုးပမ်းဆောင်ရွက်ရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ အားလုံး သတိရဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလွတ်လပ်ရေးနေ့မှာဆိုရင် နိုင်ငံရေးအကျဉ်းသားများကိုမမေ့စတမ်း၊ အမြဲသတိရစတမ်းဆိုပြီးတော့ အစီအစဉ်လေးတခုလုပ်ထားပါတယ်။ အဲဒီဟာကို နောက်ကျမှ သက်ဆိုင်တဲ့လူကရှင်းပြပါလိမ့်မယ်။(အဆိုပါအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသား နာမည်များကို မဲနှိုက်စေပြီး မဲပေါက်သောသူက အကျဉ်းကျနေသူ၏မိသားစုကို သွားရောက် ဆွေးနွေးခြင်း၊ ကူညီခြင်း များပြုလုပ်ရန်ဖြစ်သည်)။

ကျွန်မတို့အားလုံးက ညီညွတ်မှုအားနဲ့ပဲ အောင်မြင်နိုင်မယ်ဆိုတာ ထူးထူးခြားခြားပြောဖို့မလိုပါ ဘူး။ ၁၉၄၈ ခုနှစ်တုန်းက ရခဲ့တဲ့လွတ်လပ်ရေးဆိုတာကလည်း ညီညွတ်မှုအင်အားနဲ့ပဲရခဲ့တာပဲ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ တိုင်းရင်းသားတွေထဲမှာဗမာတွေလည်းပါတယ်။ ဗမာတွေကတော့ လူများစုတိုင်းရင်းသားပေါ့။ ကျွန်မတို့အားလုံးက ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေပါ။ ဒီတိုင်းရင်းသားတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မှ စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမှာပါ။ စစ်မှန်တဲ့ လွတ်လပ်ရေးရမှ၊ စစ်မှန်တဲ့ လွတ်လပ်ရေးဆိုတာ စစ်မှန်တဲ့ လူ့အခွင့်အရေးတွေပေါ်မှာ အခြေခံပါတယ်။

ဒီလိုစစ်မှန်တဲ့လူ့အခွင့်အရေးတွေကို အခြေခံတဲ့ လွတ်လပ်ရေးရမှ ကျွန်မတို့နိုင်ငံက တိုးတက်နိုင်မှာပါ။ တိုးတက်နိုင်မှ ကျွန်မတို့ကစီးပွားရေးဖိစီး မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်မှာပါ။ အဲဒီတော့ နိုင်ငံရေးလွတ်လပ် ရေး၊ စီးပွားရေးလွတ်လပ်ရေး၊ လူမှုရေးလွတ်လပ်ရေးဆိုတာ အားလုံးဆက်နွယ်နေပါတယ်။ ဒီလို လွတ်လပ်ရေးတွေကို အားလုံးရဖို့ဆိုတာဟာ ကျွန်မတို့ ညီညွတ်ဖို့လိုပါတယ်။ ဒါ တကယ်တော့ လည်းထူးထူးထွေထွေရှင်းပြဖို့ လိုတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုလို့ရှိရင် ကိုယ်ကနေစပြီးတော့ ကြိုးစားရမယ်၊ အခြားလူတွေ ဘာလုပ်နေလဲဆိုတာကို မကြည့်ပါနဲ့။ကျွန်မ ထပ်တလဲ လဲပြောနေရတဲ့ကိစ္စပါ။

ကိုယ်ဘာလုပ်နေလဲဆိုတာကိုပဲ ပြန်ပြီးတော့ ဆင်ခြင်ပါ။ အဲဒီတော့ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံကို လွတ်လပ်အောင် ဆောင်ရွက်ပေးခဲ့တဲ့၊ဦးဆောင်ပေးခဲ့တဲ့ ကျွန်မ တို့ရဲ့ ခေါင်းဆောင်ကြီးများ၊ အာဇာနည်ကြီးများကို ကျေးဇူးတင်သောအားဖြင့် ကျွန်မတို့ရဲ့ ခေတ် မှာ စစ်မှန်တဲ့ ပြည်သူလူထုအခွင့်အေ၇းတွေကို အခြေခံတဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး ရအောင် လို့ ကြိုးစားပါမယ်လို့ သိန္နိဌာန်ချပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မျှဝေသောမြန်မာသတင်းများကွန်ယက်အားဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်..

1 ဗိုလ်ချုပ်တို့၏ သင်္ခါရတရား


ဟိုတနေ့က စစ်တက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲမှာ တပ်ချုပ်ကြီးကသူ့ရဲ့ ရံရွေတော်လက်သစ် ဗိုလ်ချုပ်များကို ပွဲထုတ်ပြလိုက်တယ်ဗျ။ တပ်ချုပ်ကြီးကတော့ မိန့်မိန့်ကြီးပါပဲဗျာ။ လီကွမ်ယု ပြောတဲ့ လူသေကောင် မျက်နှာကြီးမျိုးနဲ့ခင်ဗျ။ ဒါပေမယ့် ကျနော် မွန်ဇော်နိုင်ကတော့ သူတို့ပုံတွေကိုကြည့်ပြီး ဘာမဆိုင်ညာမဆိုင် ရင်ထဲမသက်မသာ မအီမလည်ဖြစ်မိတာကတော့ အမှန်ပါပဲ။

ဟိုတုန်းကဆို သူ့လက်ရင်း ရဲဘော်ကြီးတွေ။ သူ့ပလ္လင် မြင့်သည်ထက် မြင့်စေဖို့ ပြည်သူတို့ရဲ့ အမုန်းတရားကို ဘေးချိတ်ပြီး သူ့ထက်ငါ အမှတ်ပိုလို့ရအောင် အစွမ်းရှိသမျှ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေ။ ထိုထို ဗိုလ်ချုပ်ကြီးတွေကို ပြေးလို့မြင်မိပါရဲ့။

ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ သိန်းစိန်တို့၊ တင်အောင်မြင့်ဦးတို့၊ တင်အေးတို့၊ နောက် ဗိုလ်ချုပ်တွေ အများကြီးပေါ့ဗျာ။ သူတို့က တပ်ချုပ်ကြီးကို စစ်သွေးစစ်မာန်အပြည့်နဲ့ ရင်မြေကတုတ်ဟန်၊ လက်ဝဲလက်ယာ ရံနေကြတာကို ပြေးပြီးမြင်ယောင်မိတော့၊ လွမ်းသလိုလို၊ ဆွေးသလိုလို၊ ရယ်စရာဟာသလိုလို၊ခံစားမိတာအမှန်ပါခင်ဗျာ။

ကာယကံရှင်တွေရဲ့ ရင်ထဲမှာ ဘယ်လောက် ဆူလောင်ပွက်လော ရိုက်လိုက်ကြမလဲ ဆိုတာကို မသိနိုင်ပေမယ့် ကိုယ်ချင်းတော့ စာမိတယ်ဗျ။ ဒါပေမယ့် တပ်ချုပ်ကြီးကတော့ လူသေကောင် မျက်နှာနဲ့ မတုန်မလှုပ်ကျောက်ရုပ်။ သူ့အာဏာပလ္လင် ခိုင်မြဲတည်တံ့ရေးကိုသာ စိတ်ပိုင်းဖြတ်ထားပုံပါပဲ။သူ့မှာ လုပ်ဖော်ကိုင်ဘက်၊ ရဲဘော်ရဲဘက်၊ သေဖော်သေဘက်ရယ်လို့၊ သံယောဇဉ်တရား၊ သစ္စာမေတ္တာ အသည်းတွေ၊ နှလုံးတွေမရှိတာကတော့၊ မရှိ..မရှိ..မရှိလို့ကို မြည်နေတာ။

ဗိုလ်ချုပ်ကြီး ရွှေမန်းဆို သူတို့ကို စစ်တက္ကသိုလ်ကနေ မွေးထုတ်ပြုစုပျိုးထောင်ပေးခဲ့တဲ့ စစ်အာဏာရှင် လက်ရင်းဖခင်ကြီး ဗိုလ်နေ၀င်းကိုတောင် သေသည်အထိ အကျယ်ချုပ်ချခဲ့တယ်။ အဖိုးကြီး သေပြန်တော့လည်း ခွေးသေကောင်လင်းတဆွဲသလို ပုံစံမျိုးနဲ့ မသာချခဲ့တယ်။ စစ်ထောက်လှမ်းရေးမှူးချုပ်၊၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကိုလည်း ပြောင်ပြောင်မြောက်မြောက်ဖမ်းပြီး ဖြုတ်၊ ထုတ်၊ ချုပ် လုပ်ခဲ့တယ်။

ဗိုလ်ရွှေမန်းက တပ်ချုပ်ကြီးအတွက် အဲဒီလိုပြောင်မြောက်တဲ့ အော်ပရေးရှင်းကြီးတွေ ဆင်နွှဲပြီး လက်စွမ်းကုန် အမှုတော်ထမ်းပေးခဲ့သော်လည်း တလောက ဗိုလ်ရွှေမန်းကို တပ်ချုပ်ကြီး ပေးလိုက်တဲ့ ဆုလဒ်ကတော့ အများအသိပါပဲဗျာ။

အစတုန်းကတော့ သူ့အထက်က တပ်ချုပ်ကြီးနဲ့ ဗိုလ်အေးတို့ နှစ်ယောက်ကလွဲပြီး တပ်မတော်သားအားလုံး၊ပြည်သူတရပ်လုံးကို အမိန့်ပေးညွှန်ကြားနေတဲ့သူ။
တပ်ချုပ်ကြီးရဲ့ အရိုက်အရာကို ဆက်ခံရမယ့်သူ။
အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ခံထားရသူ။
တပ်ချုပ်ကြီးရဲ့ သစ္စာရေကို သောက်ထားတဲ့ အတွင်းလူ။

အနှီလူ ဗိုလ်ချုပ်ကြီး ရွှေမန်းကား ယခုတော့ ပုခုံးပေါ်က အခက်ကြီးတွေ၊ အပွင့်ကြီးတွေ အဖြုတ်ခံရပြီး ဦးရွှေမန်းဘ၀သို့ ရွေ့လျောသက်ဆင်းသွားရပြီ။ သူ့ကို ဟိုတုန်းက တပ်ချုပ်ကြီးရဲ့အပါးမှာ တွေ့နေကျ၊မြင်နေကျ။ ယခုမတွေ့ရ၊ မမြင်ရတော့ပါကလား။

ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ နေရာမှာ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အစားထိုးလိုက်ပြီ။ တပ်ချုပ်ကြီးက ကော်တင်လိုက်လို့ စင်ပေါ်ရောက်လာရပေမယ့် ကြည့်ရတာ သူ့ခမျာ ကုတ်ချောင်းချောင်းနဲ့ စိတ်မချမ်းသာစရာပါဗျာ။ ဗိုလ်မှူးအောင်လင်းထွဋ် ပြောတာကတော့ စစ်တက္ကသိုလ်မှာတုန်းက ဗိုလ်မင်းအောင်လှိုင်ကို ကြောင်ချီးလို့ခေါ်ကြသတဲ့။ ပျော့ပျော့နဲ့ နံတယ်ပေါ့ဗျာ။သူ့စိတ် သူ့စရိုက်ကိုတော့ ငယ်ပေါင်းတွေက ပိုသိကြမှာပါဗျာ။

မနေ့တနေ့ကတော့ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကို ယှဉ်ကြည့်မိတယ်။ ဗိုလ်မင်းအောင်လှိုင်ခမျာ မ၀ံ့မရဲနဲ့ခင်ဗျ။ ဒါကြောင့်မိုလည်း တပ်ချုပ်ကြီးက သူနဲ့ကပ်လျက်ဘေးမှာထားပြီး ပွဲထုတ် ရဲဆေးတင်ပေးနေတာပေါ့။

ထူးတာတစ်ခုကတော့ ဗိုလ်မင်းအောင်လှိုင်ခမျာ တပ်ချုပ်ကြီးရဲ့ အာဏာရှင်အသည်းနှလုံးကို အသည်းနာနေတာလား၊ နှလုံးနာနေတာလား၊ ကြောက်ရွံနေတာလားလို့ တွေးမိတယ်ခင်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်တို့၏ သင်္ခါရတရားကား မြန်ဆန်လွန်းရုံမက အကျလည်း နာလှတယ်လို့ ကျနော် မွန်ဇော်နိုင်က မှတ်ချက်ချလိုက်ချင်ပါတယ် ခင်ဗျား။

မွန်ဇော်နိုင်(ဧရာဝတီဘလောက်။ )

0 တိုင်းပြည်တစ်ခုရဲ့တိုးတက်မှူ့ ကိုအဲဒီတိုင်းပြည်ရဲ့အနုပညာထုတ်ကုန်ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်

မြန်မာရုပ်ရှင် ဗီဒီယိုဇာတ်ကားများအပေါ် အမြင် (၄) (သို့မဟုတ်) ဖားတုလို့ ခရုခုန် ဖင်ပြဲရုံသာရှိပေတော့မည့် ထိုဇာတ်ကားဟိုးတလောက YouTube မှာ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ တင်ခဲ့ပေမယ့် .. အကုန်လုံး မတင်နိုင်ခဲ့ဘူး။ Digital Right မရှိလို့ဆိုပြီး YouTube က ဖျက်လိုက်တယ်။ ကျွန်တော်တို့ မြန်မာပြည်နဲ့ ပတ်သက်လို့ သီချင်းတွေ ခိုးဆိုတာတို့ ဘာညာတွေ ရှိတယ်။ Picasso ရဲ့ Good artists copy, great artists steal ဆိုတာ မျိုး ရှိစေအုံးတော့ မြန်မာစကားမှာ ဖားတုလို့ ခရုခုန် - - -သာ ရှိပေမည် ဆိုတာမျိုးလည်း ရှိပါတယ်။ အောက်ဖေါ်ပြပါ ဇာတ်ကားလို ဟိုကော်ပီ ဒီကော်ပီတွေ လုပ်မယ့်အစား မိမိနိုင်ငံနဲ့ သင့်တော်မည့် လူတွေကို တကယ့်ကို ပညာရစေမည့် ဇာတ်ကားမျိုး ရိုက်သင့်တယ်။

ကဲ ရှုစားတော်မူပါ

ဒါကတော့ မြန်မာဇာတ်ကားပါ ပြကွက်ပါ

ထိုကဲ့သို့ ဟိုးရှေးပဝေသနီကမော်တော်ကားကို အိညောင့် အိညောင့်နဲ့ မညီမညာလမ်းတွေမှာ မောင်းနေတဲ့ ကျွနှ်ပ်တို့ နိုင်ငံရဲ့ နာမည်ကျော် မင်းသားပါ

ဒါကတော့ မူရင်း Transporter ဇာတ်ကားမှ ရှုခင်းတွေပါ .. မြန်မာနိုင်ငံမှာလည်း ထိုကဲ့သို့သာယာတဲ့ နေရာမျိုးတွေ ရှမ်းပြည်မှာ ရှိပါတယ် ဗျာ .. တူစေချင်လည်း သွားရိုက်ပေါ့ :D

သူက မူရင်းအတိုင်းဇာတ်ကားအတိုင်း ကားဘီလည်းသဗျာ .. ဒါပေမယ့် ဘီးမပြတာမပါဘူး အခုလိုပဲပြီးသွားတယ်

အင်း .. မူရင်းကားရဲ့ မော်တော်ကားက အဆင့်မြင့်မြင့်ဗျ

မြန်မာကားများ ဘယ်လောက်ချွေတာလည်း ဆိုရင် မင်းသမီးကို ရေပဲ တိုက်ရှာသဗျာ

မူရင်းကားကတော့ Orange Juice ဗျ .. အင်း .. ရိုက်မယ့်ရိုက်လည်း ရေ တိုက်မယ့်အစား သူ့လို Orange Juice လေးဘာလေး မင်းသမီးကို တိုက်လိုက်တာ မဟုတ်ဘူး .. ချွေတာ သဗျာ .. ဟီး ဟီး ဟီး

မြန်မာကားများ ချွေတာချက်ကတော့ လူထည့်လာတဲ့ အိပ်က ဆာလာအိပ်

ဒါက မူရင်းဇာတ်ကားထဲက မင်းသမီး Qi Shu ထည့်လာတဲ့ အိပ်ဗျ

ဒီ သရုပ်ဆောင်မှုကို မြန်မာကားမှာ ကြည့်ရင် အရမ်းရယ်ရတယ်။ မင်းသမီးရေသောက်ဖို့အတွက် ဓါးနဲ့ ပါးစပ်က ပလာစတာကို ဖောက်ပြတာ မပြဘူး။ ဒါပေမယ့် မင်းသားရဲ့ သရုပ်ဆောင်မှု့ကို ဓါးနဲ့ထိုးလိုက်တဲ့ အတိုင်းပဲ .. လုံးဝ ရယ်ရသဗျာ

အခုလို သေသေချာချာလည်း လက်နဲ့ ကိုင်ပြီး ဓါးနဲ့ ခွဲပြတော့ ဘာဖြစ်မှာကြနေတာလဲ ဗျာ .. ဒါကိုကြည့်ချင်းအားဖြင့် ထိုလို အခန်းမျိုးတောင် ပီပီပြင်ပြင် မရိုက်ရဲမှန်း သိသာသွားတယ်

အဲ အဲ .. ဒီပြကွက်ကြည့်တိုင်း တဝါးဝါးနဲ့ ရယ်ရတယ် .. မင်းသမီးကို မင်းသား မလာပုံများ အညာမှာ ရှင်လောင်းလှည့်နေတဲ့ အတိုင်းပဲ။

ဒီလို လုပ်ပါဗျာ။ ကျားကျားယားယား အားကောင်းမောင်းသန် ဆိုတဲ့ သဘောလည်း ဆောင်ရာရောက်တာပေါ့ ဗျာ။ မူရင်းကားမှာတော့ မင်းသားခမျာ တောင်ခမုလေးပေါ်သို့ ထွက်ပြေးသွားတဲ့ မင်းသမီးကို ဖမ်းလာရင်း ဒီလို ထမ်းထက်ရတယ်။ မြန်မာကားကတော့ အပေါ်ကလို ရှင်လောင်းလှည့်တဲ့ အတိုင်း ချီပြပြီး ပြီးသွားပါလေရော .. သြော် ကံချင်ကွာပ .. ပင်ပင်ပန်းပန်း သရုပ်ဆောင်စရာတောင် မလိုဘူး

အဲ အဲ .. မြန်မာဇာတ်ကားတွေရဲ့ လူဆိုးတွေပေါ့ဗျာ .. ကုတ်အကျီ င်္အမည်းတွေကို မချွတ်တမ်း လူဆိုးမှန်းသိအောင် ဝတ်ပြကြရပါတယ်

ဒီအခန်းမှာ ပြောသွားတဲ့ Dialogs တွေ အားလုံးဟာ မူရင်း Transporter ကားထဲက အတိုင်းပါပဲ .. ၁၀ စက္ကန့်အချိန်ပေးမယ် ထွက်သွားတို့ .. ၅ စက္ကန့်အချိန်ပေးမယ် .. မင်းငါ့အကျီ င်္ကို လွတ်လိုက်ပါတို့ ဆိုတာ .. ဒါများ ဇာတ်လမ်း ဘယ်သူ ဇာတ်ညွှတ်းဘယ်သူ လုပ်နေသေးတယ် .. ဘာသာပြန်သူ ဘယ်သူ ဆို ဟုတ်သေး ဗျာ

ဒါက မူရင်းဇာတ်ကားရဲ့ ပြကွက်ပါ

မြန်မာကားက ပေါချက်က ကမ်းကုန်တယ် .. မူရင်း The Transporter ကားမှာ လူဆိုးတွေနဲ့ Fighting ချရင်း မင်းသားက ကုတ်အကျီ င်္ကို အကျီ င်္ချိတ်မှာ လှမ်းချိတ်တယ် .. မြန်မာကားကတော့ ဘယ်ကာရာအိုကေ စင်တင်တေးဂီတလည်း မသိ .. အတည်ပေါက်နဲ့ Microphone Stand မှာ သွားချိတ်တယ် .. ပေါပ ဗျာ .. သူတို့က အတည်ပေါက်ရိုက်ပြပေမယ့် ကျွန်တော်တို့က မပြုံးပဲ ဝါးလုံးကွဲအောင် ရယ်ခဲ့ရတယ်

မူရင်းကားမှာတော့ တကယ့် အကျီ င်္ချိတ်ကို လှမ်းပြီး ချိတ်တာပါ

ထိုသို့ ထိုင်းနိုင်ငံထုတ် မာမား ခေါက်ဆွဲဘူးများအား ကြွေးတဲ့ အခန်းပေါ့ဗျာ

မူရင်းကားကတော့ ခေါက်ဆွဲခြောက်ထုတ် ဗျ။ အင်း ဒီတစ်ခေါက်တော့ ခိုးချပေမယ့် ခေါက်ဆွဲခြောက်ထုတ် နဲ့ ခေါက်ဆွဲဘူး ယှဉ်ကြည့်တော့ ခေါက်ဆွဲဘူးက ဈေးနှစ်ဆလောက်ပိုတော့ မြန်မာကားက နည်းနည်း သာသွားတယ် ဗျာ .. ဟီး ဟီး ဟီး

ဒီဇာတ်ခန်းလောက်ကြောင်တဲ့ ပေါတဲ့ အခန်းမရှိဘူး .. အခုလို သင်္ကြန်လည်တဲ့အတိုင်း ကုတ်အကျီ င်္တွေဝတ်လာတဲ့ လူဆိုးတွေ Pickup ကားပေါ်မှာ မတ်တပ်ရပ်လိုက်လာကြလေရဲ့ဗျာ .. ဘယ်လိုလူမျိုးက အခုလို ကုတ်အကျီ င်္တွေဝတ်ပြီး မတ်တပ်ရပ်လိုက်လာမလဲ ဆိုတာ မစဉ်းစားကြဘူး .. အံ့သြတယ် ဗျာ

ဘော်ဒီကို ကြွားချင်ရှာပေမယ့် .. ခါးမှာ အဆီတွေရစ်နေပြီး ဗိုက်ခေါက်ထွက် နို့တွေတွဲကျနေတော့ ခက်သား

ဘော်ဒီ ကြွားချင်လည်း .. မူရင်းကားရဲ့ မင်းသားလို လုပ်ပါဗျာ .. :)

အဲ အဲ .. လုပ်ချပြန်ပြီ .. ကုတ်အကျီ င်္ဝတ်တဲ့ အခန်း

ဒါက မူရင်း The Transporter က မင်းသား ကုတ်အကျီ င်္ဝတ်တဲ့ အခန်းပါ

မြန်မာကားမှာ သေနတ်မကိုင်ရလို့ အခုလို ဂျိုင်းကြားမှာ ပုစိန်နှစ်ချောင်း အတည်ပေါက်နဲ့ ထိုးထားလေရဲ့ ဗျာ .. ပေါချက်ကတော့ ကမ်းကုန်တယ်

ဒီဇာတ်ကားမှာ ကြည့်နေတဲ့သူငယ်ချင်းတွေပါ မပြုံးပဲ ဝါးလုံးကွဲရယ်ခဲ့ရတဲ့ ပြကွက် ခပ်ဆန်းဆန်းပါ .. မင်းသားကားမောင်းလာတာကို ပြေးဝင်တိုက်ကျတဲ့ မြန်မာကားမှ လူဆိုးတွေပါ .. ဘယ်သူကမှာ ကားမောင်းလာတာကို ပြေးဝင်တိုက်ကျမယ်လို့ မထင်မိပါဘူး ဗျာ .. အံ့ရော အံ့ရော

မူရင်းကားရဲ့ နာမည်အရင်းကတော့ "The Transporter" ပါ .. အောက်က ဓါတ်ပုံကတော့ မြန်မာကားရဲ့ နာမည်ပေါ့ ဗျာ ..

မြန်မာကား နာမည်ကတော့ "Carry" တဲ့ ဗျာ .. ရယ်လိုက်ရတာ ခွက်ခွက်လန် .. ပေါတယ် ဗျာ

မြန်မာကား မြန်မာပြည်က သရုပ်ဆောင်တွေကို ဇွတ်ကြီး မျက်စိမှိတ်ပြီး ကြိုက်တဲ့ သူတွေက အရင်က ပြန်ပြန် ငြင်းကျလွန်းလို့ အခုလို Screen Shot တွေနဲ့ ရေးလိုက်ရတာပါ။ ထိုဇာတ်ကားအတွက် ကုန်ကျမည့် ငွေကြေးပမာဏအား တကယ့်ကို အသုံးကျမည့် ပညာပေး အနုပညာရသမြောက်ဇာတ်လမ်းတစ်ခုကို အခြေခံတဲ့ ဇာတ်ကားမျိုး ရိုက်လို့ရပါတယ် ဗျာ။ ပြကွက်တွေကို ပြောပြရင် မယုံမှာ စိုးလို့ အခုလို Screen Shot တွေနဲ့ရေးရခြင်းပါ။ ကျွန်တော်ရေးသမျှ လာငြင်းနေရင်လည်း အဲဒီ လာငြင်းနေတဲ့သူဟာ ရူးနေတဲ့ သူလို့ပဲ မြင်မိမှာပါပဲ။

အားလုံးလည်း နားလည်မှာပါ


source. Myanmar LGBT Society

0 ရေဘဲလေးတို့ ပျော်စံရာ -
ရေးသူ-တပ်ကြပ်ကြီး – နေမင်းသူ


“မင်းအဖေကဘာအလုပ် လုပ်သလဲ”

“ရေတပ်ကပါ ဆရာမ”

“ဒါဆိုရင် မင်းတို့မိသားစု ထောမှာပေါ့။ ဆရာမတို့လမ်း ထဲက ရေတပ်မိသားစုဆို ပိုက်ဆံတွေအရမ်းရတာ”

“ဒါပေမယ့် ကျနော့အဖေက…”

“ဆရာမ သိပါတယ်ကွာ လျှိုမနေပါနဲ့ ဆရာမပြောတဲ့ မိသားစုဆို သူ့ယောက်ျားသဘောင်္ဝင်လာရင် ပစ္စည်း တွေဝယ်လိုက် ခြမ်းလိုက်တာ စုံနေတာပဲ။ မင်းကျတော့ လည်း ခပ်နွမ်းနွမ်းရယ်။ အိမ်ကဝယ်မပေးဘူးလား။ ဒါမှ မဟုတ်မင်းအဖေက လောင်းကစားလုပ်လို့ရတဲ့ ပိုက်ဆံ တွေကုန်သွားတာလား”

ကျနော့်သားလေး ကျောင်းမှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးကို သူပြန်ပြောလို့ သိရတော့ ကျနော် ပြုံးမိပါတယ်။ ဒီ လို အထင်အမြင်တွေ အပြောအဆိုမျိုးတွေကို မကြာခဏကြုံတွေ့ဖူးလို့ပါ။ အရပ်ထဲကလူတွေ မပြောနဲ့ စစ်သားအချင်း ချင်းတောင် ရေတပ်ကလူတွေကို အထင်ကြီးတတ်ပါတယ်။ ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်တန်းသွားတက် ရတဲ့အခါ သင်တန်းဆရာအများစုက ကျနော်တို့ကို တလေးတစား ဆက်ဆံကြပါတယ်။

“ကိုရေ”

“ရေဆရာ”တဲ့။

အဲဒီအသုံးအနှုန်းရဲ့နောက်ကွယ်မှာ ကပ်ပါလာတဲ့ အဓိပ္ပါယ်တရပ်ကတော့ “သင်တန်းကို ရေ (ငွေ) ဘယ်လောက်ပါ လာသလဲ” ဆိုတဲ့ သဘောပါ။

ဂျိုးဖြူ၊ တိုင်းဗဟိုလေ့ကျင့်ရေး ကျောင်းမှာအကြပ်ကြီးသင်တန်း တက်ပြီးပြန်လာတဲ့ သူငယ်ချင်းတယောက် ပြောတာ က “စစ်သင်တန်း မဟုတ်ဘူးကွ လုပ်အားပေးသင်တန်း ဝါးခုတ်ရတယ်။ ထင်းခုတ်ရတယ်။ သီဟိုဠ်စေ့ကောက်ပေးရ တယ်။ ရေမပါလို့ကတော့ အသေနာပြီမှတ်” တဲ့။

ပိုက်ဆံမရှိတဲ့ သူဆိုရင် သင်တန်းဆရာက “ရေဘဲ” လို့ခေါ်တယ်။ “ကိုရေ” အခေါ်မခံရမှာစိုးလို့ အကြွေးတင်ခံပြီး သင် တန်းသွားတက်တဲ့ လူတွေလည်းရှိတယ်။ ရေတပ်သားတို့ရဲ့ တလွဲမာနလို့ပြောရမှာပေါ့။

ဒီနေရာမှာအခွင့်ကြုံလို့ ရေတပ်ထောက်လှမ်းရေးတပ်က ဒုတပ်ကြပ်တဦးရဲ့ သင်တန်းကုန်ကျစရိတ်အကြောင်း နည်း နည်းလောက် ပြောပြချင်ပါတယ်။ သူက မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ် (ဗထလ) မှာ တိုက်ပွဲထောက်လှမ်းရေးအ ကြပ် သင်တန်းတက်ခဲ့တာ။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သင်တန်းပါပဲ။ သူသင်တန်းသွားကာနီးတော့ သူ့တပ်မှူး ကပြောတယ်၊

“မင်းသင်တန်းမှာ စံပြကျောင်းသားဆုရအောင် ယူနိုင်ရင် မင်းကိုလက်ရှိခွင်မှာ ခြောက်လဆက်ပြီးထားမယ်။ ငါပြောတဲ့ အတိုင်းမဖြစ်ရင်တော့ မင်းထိုက်နဲ့မင်းကံပဲ” တဲ့။

သူကလည်း သူ့တပ်မှူးမျက်နှာရအောင် ကြိုးစားပေး ခဲ့ပါတယ်။ သုံးလကြာတဲ့သင်တန်းကို ငွေသိန်း (၃ဝ) လောက် ရင်း လိုက်ရတယ်။ ဒါပေမယ့် သူတာဝန်ကျတဲ့ ခွင်က တလကို သူ့အတွက်သိန်း (၆ဝ) လောက်ရတယ်ဆိုပဲ။ သူကိုယ် တိုင် ပြောပြတာ။ ဒီလိုဆိုတော့လည်း ရေတပ်သားတွေကို အထင်ကြီးကြတာသိပ်မဆန်းဘူးလို့ ထင်မိတယ်။

တတ်နိုင်သူတွေက အဲဒီလိုဖြုန်းသွားတော့ နောက်လူတွေအခက်ကြုံတွေ့ ကြရတယ်။ အရာရှိသင်တန်းတွေမှာလည်း ဒီ လိုပါပဲ။ တပ်ခွဲမှူးသင်တန်း၊ တပ်းရင်းမှူးသင်တန်း၊ ဥစတသင်တန်းတွေမှာ ဒုမှူးကြီး မိုးအောင်နဲ့ ဗိုလ်မှူးပြည်အောင်တို့ ညီအစ်ကို ဖြုန်းသွားချက်က အာမီအရာရှိတွေတောင် လက်ဖျားခါရတယ်။ ရေတပ်မှာလည်း မိုးအောင်၊ ပြည်အောင် တို့ခေတ်ဆိုတာ ခုကတည်းက လူပြောများနေတော့ သူတို့ညီအစ်ကိုသာ ရေတပ်ကိုဦး ဆောင်သွားရင် ဘယ်လိုဖြစ် လာမလဲ တွေးကြည့်မိတယ်။

ရေတပ်မှာဝင်ငွေဖြောင့်ပြီး အဆင်ပြေနေတဲ့ အရာရှိငယ်တွေနဲ့ အခြားအဆင့်မိသားစု တွေရှိပါတယ်။ အရာရှိကြီးတွေ ကိုတော့ ကျနော်မပြောလိုပါ။ သူတို့အဆင့်မှာက ရိုးသားပါတယ်ဆိုသော သူများပင် သူ့အကြောင်းနဲ့ သူ ဆင်ပိန်ကျွဲ လောက် တော့ရှိနေတတ်ကြပါတယ်။ စစ်သည်တွေအတွက်ကတော့ လစာနဲ့ရိက္ခာ (တချို့တပ်တွေဌာနတွေမှာ သီး ခြားထောက်ပံ့ မှုတွေရှိပါတယ်) ကလွဲပြီး အပိုဝင်ငွေရတယ်ဆိုတာက အနည်းစုအတွက် အခွင့်အရေးပါ။ စက်သုံးဆီ တာဝန်ခံတွေ၊ ရိက္ခာ တာဝန်ခံတွေ၊ အခြားစတိုတာဝန်ခံတွေ အဆင်ပြေကြတာများးပါတယ်။ အခြားနည်းအခြားဟန်နဲ့ အဆင်ပြေသူအချို့ လည်း ရှိပါတယ်။ တလောက ကျနော့ လုပ်ဖော်ကိုင်ဖက်တဦး ထောက်ပြသလို တပ်သားသစ် စု ဆောင်းရေးတာဝန်ခံ Hand Phone ကိုင်နိုင်တာမျိုးပေါ့။ သူတို့ကတပ်မှူးနဲ့ ရဲဘော်သစ်ကြားမှာ လုပ်စားကြတာလေ။

ဒါပေမယ့် ပြည်သူလူထုအကြားမှာ ရေပန်းစားနာမည်ကြီးနေတာက စစ်သင်္ဘောတွေ ပုဂ္ဂလိက လှေ၊ သင်္ဘောများထံမှ စက်သုံးဆီနဲ့၊ ငွေတောင်းခံနေခြင်း ကိစ္စ။ ဒီအကြောင်း တွေရေးသားတင်ပြဖို့ ကျနော်စဉ်းစားခဲ့ တာကြာပါပြီ။ ရေတပ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ အကြားရဆုံးကလည်း ဒီကိစ္စပဲမဟုတ်လား။

တကယ်တော့ ရေတပ်စစ်သင်္ဘောတွေ ဆီတောင်းတယ်ဆိုတဲ့ ကိစ္စခေတ်စားလာတာ ဆယ်နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒါကလည်း စစ်အစိုးရရဲ့ပုံမကျ ပန်းမကျ ဈေးကွက်စီးပွားရေး စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရင်ရပါ တယ်။ အရင်တုန်းက စစ်သင်္ဘောတွေက စက်မောင်းလို့ပိုတဲ့ ဆီကိုရောက်ရာဒေသမှာ ကြက်သား၊ ဝက်သား၊ အသီး အရွက်စတဲ့ စားစရာတွေနဲ့ လဲလှယ်ကြပါတယ်။ ကိုကွန်းကျွန်းရောက်ရင် အုန်းသီး၊ ပျားရည်၊ ဒေသထွက် အသုံးအ ဆောင် ပစ္စည်းတွေ နဲ့ လဲလှယ်ပါတယ်။ ကမ်းရိုးတန်းတလျှောက်မှာ နေတဲ့ပြည်သူတွေသိပါတယ်။

မဆလ ခေတ်က ရေတပ်သားတွေဝင်ငွေဖြောင့်တယ်ဆိုတာ မှောင်ခိုစက်လှေတွေ၊ ထိုင်းငါးခိုးလှေတွေ ဖမ်းလို့ရတာ ပါ။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်စီးပွားရေး လီမီတက်မှာ ရေတပ်ကဖမ်းဆီးပေးထားတဲ့ ထိုင်းငါးဖမ်း လှေ အစီးပေါင်း (၃ဝဝ) ထက်မနည်းရှိပါတယ်။ စစ်သင်္ဘောနဲ့ ဆန်မှောင်ခိုသယ်လို့ ထောင်ကျသွားတဲ့စစ်ရေယာဉ်မှူး အချို့ လည်း ရှိပါတယ်။ (ဥပမာ- ၉ဝ၁ စစ်ရေယာဉ်မှူး ဗိုလ်မှူးဖုန်းမြင့်) မဆလခေတ်မှာဆန်ကို ကန့်သတ်ကုန်ပစ္စည်း သတ်မှတ်လိုက်တော့ သူကစစ်သည် တွေရှယ်ယာထည့်စေပြီး တနေရာမှတနေရာ ဆန်သယ်ရောင်းတုန်း ထောက် လှမ်းရေးက ဖမ်းလိုက်တာ။ မှောင်ခိုလှေဖမ်းတဲ့ ကိစ္စမှာသင်္ဘောတစီးလုံး၊ စခန်းတခုလုံး ပြုတ်တဲ့ ကိစ္စတွေလည်း ရှိခဲ့ ဖူးပါတယ်။ (ဥပမာ-တောင်ပင်လယ်ပြဿနာ၊ စစ်ရေယာဉ်-၄၂၂ ပြဿနာ)။

နဝတ ခေတ်ရောက်လာတော့ ဈေးကွက်စီးပွားရေး စနစ်ကိုအကောင်အထည်ဖော်ရင်း ပြည်တွင်းပြည်ပ ရေလုပ်ငန်းရှင် တွေ လုပ်ခွင့်ရလာတယ်။ စစ်ခေါင်းဆောင်ကြီးတွေနဲ့နီးစပ် သူတွေရေလုပ်ငန်း လုပ်ကိုင်လာကြတယ်။ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကိုရောက်လာတဲ့အခါ စစ်သင်္ဘောတွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ ရေလုပ်ငန်းဥပဒေအရ အကျိုစီးပွား ညှိ တာတွေလည်းရှိလာတယ်။ ရေလုပ်ငန်း ကုမ္ပဏီတိုင်းက စစ်သင်္ဘောတွေကို အရေးတယူဆက်ဆံတာတော့ မဟုတ်ပါ ဘူး။ (အဏ္ဏဝါလွှမ်း ကုမ္ပဏီိ၊ ယုဇနကုမ္ပဏီပိုင်လှေတွေကို စစ်ရေယာဉ်တွေက သတိထားဆက်ဆံတယ်။ တရုတ်ပိုင် ယန်း ဘရားသားကုမ္ပဏီဆိုရင် မစစ်ဆေးဝံ့ဘူး)။ ဒီဘက်ခေတ်မှာ ပီနံဘုတ်လို့ခေါ်တဲ့မှောင်ခို စက်လှေတွေကို သိပ်မဖမ်းကြ တော့ဘူး။ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်နေတာများလို့။ ပြောရမယ်ဆိုရင်တော့အများကြီးပဲ။ ဦးဝင်းဖေ တို့၊ ဒေါ်မာမာအေး တို့ အရှုံးပေးလောက်တယ်။

စစ်ရေယာဉ်တွေ ဆီတောင်းတယ်ဆိုတာက ဆီးဈေးကောင်းလို့ ဆီရောင်စားဖို့ စိတ်ဝင်စားတာ သက်သက်မဟုတ်ပါ ဘူး။ စစ်ရေယာဉ်ပြင်ဆင်စရိတ်နဲ့ အခြားစရိတ်တွေကြောင့်လည်းပါပါတယ်။ နှစ်စဉ်စစ်ရေယာဉ် ပြင်ဆင်စရိတ်ဟာ စစ် ရုံးက ခွင့်ပြုချမှတ်ငွေနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ပြင်ဆင်စရိတ်ရဲ့ တဆယ်ရာခိုင်နှုန်းလောက်ပဲ စစ်ရုံးကသတ် မှတ်ပေးတာပါ။ ဒါကြောင့်မို့ ရေယာဉ်ပြင်ဆင်ချိန်နီးရင် “ဒေါက်ကြေး” ရှာဖို့ စစ်ဆင်ရေးထွက်မိန့်ကို ကက (ရေ) က ခွင့်ပြုပေးပါ တယ်။ တခါကတော့ စစ်ရေယာဉ်- ၅၅၆ နဲ့ ၅၅၇ တပ်တော်ဝင်အခမ်းအနား ကုန်ကျစရိတ်အတွက်ဆိုပြီး စစ်ဆင်ရေး ထွက်သွားတဲ့ စစ်ရေယာဉ် တစီးကို ကြုံရဖူးပါတယ်။ ပုံမှန်စစ်ဆင်ရေး တာဝန်တွေကတော့ ရေနံစင်လုံခြုံ ရေးများနဲ့ ပင်လယ်ရေပိုင်နက်လုံခြုံရေးပါပဲ။

စစ်ရေယာဉ်တွေ ပင်လယ်ထွက်ရတဲ့အခါ စစ်သည်တွေပျော်ပါတယ်။ ကိုယ့်အတွက်အနည်းနဲ့ အများဆိုသလို ပိုက်ဆံရ မှာမို့ပါ။ ပင်လယ်ပြင်ရောက်တဲ့ အခါစက်ရှိန်ကောင်းတဲ့ သင်္ဘောတွေက ဆီတောင်းတာအပြင် ထိုင်းငါခိုးလှေဖမ်းဖို့ ကြိုးစားကြပါတယ်။ စက်သိပ်မကောင်းတဲ့ သင်္ဘောတွေကတော့ “စစ်တောင်း” လုပ်ဖို့ပဲ စိတ်ဝင်စားရပါတယ်။ “စစ် တောင်း” လုပ်ရာမှာ ငါးလှေလုပ်သားတွေနဲ့ အပြန်အလှန် အပေးအယူ လုပ်သူရှိသလို အနိုင်ကျင့်ဗိုလ်ကျသူတွေ လည်း ရှိပါတယ်။ အပေးအယူဆိုတာက ငါးမဖမ်းရ သတ်မှတ်ထားတဲ့နေရာတွေ မှာဖမ်းခွင့်ပြုဖို့ ညှိနှိုင်းတာပါ။ ပင် လယ်ပြင်ရောက် စစ်သင်္ဘောအများစုက ဝါးလတ်၊ ဝါးတန်း စတဲ့ ငါးဖမ်းလှေကြီးတွေကိုသာ ဆီတောင်းပြီး အများအား ဖြင့် ပိုက်ကြီးလှေလို့ခေါ်တဲ့ လှေငယ်တွေကို ဆီတောင်းလေ့မရှိပါ။ တောရိုင်းဥပဒေလိုပဲ ပင်လယ်ပြင်ရဲ့ ဥပဒေဆိုတာ ကလည်း တော်တော်ရှုပ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေ ပိုသိပါလိမ့်မယ်။

ရေတပ်စစ်သည်တွေဟာ အတန်းပညာအရည်အချင်းအလိုက် Group A,B,C သုံးခုရှိပြီး ရေတပ်နဲ့ဆိုင်တဲ့ ပညာရပ်အ လိုက်အုပ်စု (၅ဝ) ကျော်ရှိပါတယ်။ အဲဒီအထဲမှာမှ သင်္ဘောဆင်းလို့ရတဲ့အုပ်စုက အနည်းအကျဉ်းပဲရှိတာပါ။ ဒါကြာင့် ရေတပ်မှာ တာဝန်ထမ်းဆောင်တိုင်း ပင်လယ်ပြင်အတွေ့အကြုံရှိတာ မဟုတ်ပါဘူး။ နောက်ပြီး စစ်ရေယာဉ်မှူးတိုင်း လည်း ဆီတောင်းစားသူတွေ မဟုတ်ပါဘူး။ စစ်သည်တွေ နားပူနားဆာလုပ်လွန်းလို့ စစ်သည်တွေ့ရဲ့ ဆန္ဒကို လိုက် လျောလုပ် ကိုင်ပေးရင်း ပြဿနာဖြစ် ထောင်ကျသွားတဲ့ စစ်ရေယာဉ်မှူးအချို့ ရှိပါတယ်။ (ဥပမာ-စစ်ရေယာဉ် “ဓူဝံ” စစ်ရေယာဉ်မှူး၊ ဒုဗိုလ်မှူးကြီး မျိုးသန့်)။ စစ်သည်တွေကတော့ မပြေလည်တဲ့ မိသားစုအတွက် အခွင့်အရေးရတုန်း အ ပိုဝင်ငွေ လိုချင်ကြပါတယ်။

ဒီတော့ အားလုံးကိုခြုံကြည့်မယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားတယ်ဆိုတာဟာ တိုင်းပြည်အုပ်ချုပ် ရေးစ နစ်မှာကိုက လိုအပ်ချက်တွေအားနည်းချက်တွေ၊ ယိုပေါက်စိမ့်ပေါက်တွေရှိနေလို့ပါ။ အကျင့်ပျက်လာဘ်စားသူဟာ မိမိရဲ့ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးခံလိုက်ရပါတယ်။ ထိုက်သင့်တဲ့ ခံစားခွင့်တွေမရလို့ မိသားစုဝမ်းရေးအ တွက် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ပေးဆပ်လိုက်ရသူတွေ အများကြီးရှိပါတယ်။ မဆလခေတ် လယ်ပိုင်းထိ ရေတပ်မှာ တပ်ပိုင်ပစ္စည်းခိုး ရောင်းတဲ့သူ အင်မတန် ရှားပါးတယ်။ ခုတော့ အချို့တပ်၊ စခန်း၊ ရေယာဉ်တွေမှာ ခေတ်စားနေတဲ့ ဆောင်ပုဒ်တခုက …

“ကြားတပုံ၊ မြင်တဝက်၊ လစ်တဆွဲ” ပါတဲ့ဗျာ


တပ်ကြပ်ကြီး – နေမင်းသူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.