Tuesday, January 4, 2011

0 ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ (UNHCR) ရှေ့တွင် ဒီကေဘီအေတပ်မှ ရဲဘော်တဦးဖြစ်သူ စောသံမဏိဗုံးကိုင်၍ ဆန္ဒပြတောင်းဆိုသော (ဗွီဒီယိုမှတ်တမ်း)


video.. နေ့သစ်/yamoun nar(FaceBook)မှ
ယနေ့  နံက် ၇း၂၅ နာရီကျော်တွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့ ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။ဆန္ဒပြရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရသည့်ကိစ္စများ အပေါ်မကြေနပ်သလို၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည်။

ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီ ကိုငှါးစီး၍ UN (မဲဆောက်) အား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါ ထိမ်းချုပ်၍ ဆန္ဒပြနေခြင်းဖြစ်သည်။ဆန္ဒပြမှု ကိုဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ ဝင်များအားလုံးနှင့် မြို့ တော်ဝင်မှ အစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။
ပတ်ဝန်းကျင် မှ စိုးရွံထိတ်လန့် နေကြသော်လည်း မည်သည့်ရည်ရွယ်ချက် ရှိသည်ကိုမူချက်ချင်း မသိကြ သေးပေ။

ထိုင်း ရဲအရာရှိများ တပ်ဖွဲ့ ဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံးကိုင်တွယ်မှုကြောင့်ဆန္ဒပြ ရဲဘော်မှာ လက်ပစ်ဗုံး စနက်တံ အား ထိုင်းအရာရှိမှစနက်တံပြန်လည်သွင်း၍ဆန္ဒပြမှု ကို ရန့် တန့် စေခဲ့ပြီး ဆန္ဒပြရဲဘော်၏တောင်းဆိုချက်များကို လိုက်လျောနားထောင်ခဲ့သည်။ တောင်းဆိုချက်(သို့ ) ရဲဘော်၏ဆန္ဒမှာ

(၁)၂၀၁၀ ရွေးကောက်ပွဲ ကတရားမမျှတဘူး
(၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃)(BGF)နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။

ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ မြန်မာပြည်၏ လွတ်လပ်ရေးနေ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြတ်နေရရှာသောဤ လူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။

မေအိခင်(လယ်ဝေး)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.