

မလွတ်လပ်သေးတာ ဖယ်ရှားဖို့ ဒေါ်စု ပြော
“ ကျမတို့ရဲ့နိုင်ငံ၊ ကျမတို့ရဲ့ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်၌ ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်' အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သံတမန်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ပါတီဝင်များ စုစုပေါင်း လူအင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့သည်။


၆၃ ကြိမ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်သော မြန်မာ့စီးပွားရေး သုံးသပ်ချက်စာတမ်း
Photo and news..AP/ kotinhlaing facebook/Gettyimages
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်