Saturday, January 8, 2011

4 နအဖစစ်အာဏာရူးခေါင်းဆောင်များက အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမည့်ဥပဒေပြဌာန်းရန်လုပ်ဆောင်နေ(ရုပ်/သံ)


nhk သတင်းဌာနကသတင်းပါ။
မြန်မာနိုင်ငံသား အားလုံး အတွက် စစ်မှုမထမ်း မနေရ ဥပဒေ မူကြမ်းတစ်ရပ်ကို ရေးဆွဲလိုက်ပြီး စစ်မှုမထမ်းဘဲရှောင်ပြေးရင် ထောင်ဒဏ်(၅)နှစ်အထိချလို့ရတယ်လို့ဆိုပါတယ်။ စစ်သားအဖြစ်အရွေးချယ်မခံစေချင်ရင် လာထား ဆိုပြီး အကြံအဖန်တွေပေါ်လာမှာမြင်ယောင်မိပါတယ်။
ပြီးခဲ့တဲ့နေပြည်တော်မှာကျင်းပခဲ့တဲ့(၆၃)နှစ်မြောက်လွတ်လပ်ရေးနေ့တုန်းကဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သ၀ဏ်လွှာထဲမှာ ပထ၀ီနိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာပြည်ရဲ့အချုပ်အချာအာဏာကို လောဘရမက်ကြီးမားပြီး ရန်လိုတဲ့ နိုင်ငံတချို့ကနည်းအမျိုးမျိုးဖြင့် လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။ အနောက်နိုင်ငံကြီးတွေက ကျွန်ပြုဖို့ကြိုးစားနေတယ် ချယ်လှယ်ဖို့ကြိုးစားနေတယ်ဆိုပြီး အီရတ်တို့ အာဖဂန်နစ္စတန်တို့ကိုပြပြီးစစ်တပ်ကိုစည်းရုံးလို့ကောင်း တိုးချဲ့ဖို့ကောင်းအောင် ဒီလိုမျိုးအလိမ်အညာတွေနဲ့ အောက်ခြေပိုင်း တပ်မတော်သားတွေကို ပြောထားလို့ရပါတယ်။ ဒါပေမဲ့ ပြည်ပကိစ္စတွေဖတ်ရူထိတွေ့လေ့လာကြားသိနေရတဲ့ တပ်ကအထက်အရာရှိတွေ၊အပေါ်ပိုင်းအရာရှိကြီးတွေကတော့ ပြည်ပရန်ဘာညာဒီခောတ်ကြီးမှာ နိုင်ငံတွေကကျူးကျော်ပြီး ကျွန်ပြုတဲ့ခောတ်ဟာ မရှိတော့ဘူးဆိုတာ သူတို့ကောင်းကောင်း နားလည်လက်ခံထားကြပါတယ်။
Myanmar's military government will introduce a draft for men and women aged 18 and older.

NHK has obtained official documents issued by Myanmar's military government. The documents show that legislation for mandatory military service was enacted on December 17th.

Men aged between 18 and 45, and women aged between 18 and 35 will be drafted into the army for two to three years.

The government requires all people of eligible age, except the physically challenged, to register with local authorities.

Those who fail to register or try to evade the draft face imprisonment of up to five years.

Following last November's general election, the country's first in 20 years, a new parliament is expected to convene as early as the end of January, and establish, in appearance, a civil government.

Analysts say the move indicates the military government's effort to maintain its influence by familiarizing people with the military.

The last-minute decision to introduce the draft system before the new government's inauguration is likely to stir protests from the public.

4 comments:

  1. အင်း..
    ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ 
    ဗော်လံတီယာ ဆိုတာမျိုးလားမသိ..။

    ReplyDelete
  2. သူတို့ကိုယ်တိုင် လိုက်နာနိုင်မလားကြည့်ရသေးဒါပေါ့။ လူတွေရဲ့ ဘ၀အာမခံချက်ရှိအောင်၊ မိသားစုစားဝတ်နေရေး ပြေလည်အောင် အစိုးရက လုပ်ပေးနိုင်မှ ဒါတွေကို လိုက်နာနိုင်မှာဖြစ်ပါတယ်။ လူတိုင်း၊ မိသားစုတိုင်းမှာ နိုင်ငံခြားမထွက်ရင် ထမင်းကောင်းကောင်းစားလို့ မရတဲ့ မြန်မာနိုင်ငံသားများ က ဘယ်လိုလုပ်ပြီး ဒါကို လက်ခံနိုင်မလဲ။ မြန်မာပြည်လိုမျိုးအဆင့်နဲ့ ဒီလိုဥပဒေ ပြဌာန်းဒါ မဟာအမှားကြီးတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော် ပြတ်ပြတ်သားသား ပြောချင်ပါတယ်။

    ReplyDelete
  3. ကျနော့်အမြင်ကတော့ဗျာ ဒီဥပဒေသာ တကယ်အသက်ဝင်လာခဲ့ရင် အစိုးရအတွက် ထိုင်ခုံလှုပ်တော့မယ်လို့ထင်တာဘဲ...မြန်မာနိုင်ငံမှာ အသက်၁၈နှစ်ကနေ ၄၅ အထိ လူဦးရေက သန်းချီပြီးရှိတယ်...အဲဒီလူတွေသာ နှစ်နှစ်သုံးနှစ်လောက်စစ်မှု့ထမ်းဖူးတယ်ဆိုရင်တော့ အင်း...အစိုးရအတွက်ရင်လေးစရာဖြစ်မှာအသေအချာဘဲ...သေနတ်ကိုင်ဖူးတဲ့သူဟာ သေနတ်ကိုလည်းမကြောက်သလို နောက်တစ်ခါကိုင်ရမှာကိုလည်း ၀န်မလေးတော့ဘူး..အစိုးရဖိနှိပ်တဲ့ပုံစံနဲ့ဆိုရင် ဒီဥပဒေအသက်ဝင်လို့ ၅ နှစ်အတွင်းမှာကိုဘဲ ဒီအစိုးရပြုတ်သွားလိမ့်မယ်.............

    ReplyDelete
  4. လူတွေက သေနတ်ကိုင်ဖူးသည်ပဲဖြစ်ဖြစ် သေနတ် မကိုင်ဖူးသည်ပဲဖြစ်ဖြစ် သေနတ်ကိုကြောက်တာ မဟုတ်ဘူး သေနတ်ထဲက ထွက်လာတဲ့ ကျည်ဆံကို ကြောက်တာပဲ...ပေါတောတောနဲ့ သေနတ်ကိုင်ဖူးတာနဲ့ သေနတ်ပီး နေတာမဟုတ်ဘူးလေ သေနတ်ထဲက ထွက်လာတဲ့ ကျည်ဆံကို လူတိုင်းကြောက်တယ် သွေးရူးသွေးတန်းနဲ့ လျောက်ပြောမနေနဲ့...ဒီဥပဒေ အသက်ဝင်ပြီး ငါးနှစ်အတွင်းတောင် အစိုးရပြုတ်မယ်တဲ့ ပေါရဲတယ်နော်...လူတွေက သေနတ်ကိုင်ဖူးတာနဲ့ သေနတ်မကြောက်တော့ဘူး သေနတ်ပီးသွားသလိုလိုနဲ့...သေနတ်ကိုင်ဖူးလည်း သေနတ်ထဲကထွက်လာတဲ့ ကျည်ဆံမှန်ရင် ဂျက်ကောင်းထိရင် သေတယ်ဗျ...အဲ့ဒီ့အတွက် လူတိုင်းကြောက်တယ်..ထုံးစံအတိုင်းပေါ့ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သည် ကန့်ကွက်ပါသည် ရှုံ့ချပါသည် ဒါပါပဲ...ဒီဥပဒေအတည်ပြုပြီးတာနဲ့ တွေ့ကြပြီပေါ့ကွာ....။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.