Tuesday, January 4, 2011

0 ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(၂) ( ရေးသားသူ - ဒေါက်တာ လှိုင်မြင့် )


ကျနော်ပြောခြင်တဲ့ Sanction အကြောင်း(၁) ကို ဒီနေရာမှာဖတ်နိုင်ပါတယ်။
န.အ.ဖ ဟာ တိုင်းသူပြည်သားတွေ လက်ထဲရှိရှိသမျှ ဓနဥစ္စာ.ပိုင်ဆိုင်မှုတွေကို....ကားပါမစ်..( တနစ်ကိုကားပါမစ်..၃၀၀၀၀- ခန့် ကို ပျှမ်းမျှ..ပါမစ်တစ်စောင်ကို...ဒေါ်လာ.တစ်သောင်းခွဲ ( ၁၅၀၀၀--) နူန်း နဲ့  အသားလွတ် ရိတ်ယူတော့..တနှစ်ကိုကားပါမစ် ကနေ. ..ပြည်သူတွေပိုင်တဲ့ ငွေကြေး...ဒေါ်လာ..သန်းပေါင်း...၅၀၀ ခန့်  နစ်စဉ်ရိတ်ယူ သဲ့ယူလိုက်ပါတယ် ။ ကားကိုပါမစ်ကျင့်သုံးခဲ့တာ...ဆယ်နစ်ကျော်ကျော်ဆိုတော့..သန်းပေါင်း...( ၅.၀ ) ဘီလျှံ ( 5.0 ) Billions အသားလွတ်ဝိုက်ယူထားပါတယ် ။ ကားပါမစ်ကို သန်းရွှေ က အဓိက ကိုင်ထားပြိး မောင်အေးကို နဲနဲပါးပါး လုပ်ခွင့်ပေးပါတယ် ။

ဖုံးပါမစ်ကလဲ..ဖုံးတလုံးကို..ကုမ္မဏီကနေ အရစ်ကျနဲ့ ယူတယ်...ပြီးပြည်သူတွေဆီကနေ...ဖုံးတလုံး.( ၄ားရမ်းတာနော် ..အပိုင်ပေးတာမဟုတ်သေး ) တလုံးကို တရားဝင်အစိုးရဈေးနှုန်းက..ဒေါ်လာ..၁၅၀၀ ..အပြင်ဈေးနုံးကဒေါ်လာ..၃၀၀၀.ကနေ .၄၀၀၀ အထိရောက်အောင်တင်းကျပ်ညပီး ဈေးတင်ရိတ်လိုက်တော့..နှစ်စဉ်..ဖုံးအလုံး၃၀၀၀၀-ခန့်ချပေးတော့. .ဖုံးကနေတင်...ဒေါ်လာ..သန်းတစ်ရာခန့်  အသားလွတ်ရိတ်ယူပါတယ် ။ ဖုံးရောင်းစားလာတာ..ကတော့ ဆယ့်ငါးနှစ်မကဆိုတော့..ပြည်သူ့ ငွေတွေ..ဒေါ်လာသန်းပေါင်း..( ၁.၅ ) ဘီလျှံ လောက်အသားလွတ် ယူလိုက်ပါတယ် ။ ( ကုမ္မဏီကနေ သူတို့ ယူထားတဲ့ဈေးက...တိုင်တွေ တာဝါတွေ စက်တွေ အားလုံးထဲ့တွက်မှ..ဖုံးတလုံးကို..ဒေါ်လာ ၄၀၀ လောက်ကုန်ကျတာကို..ပြည်သူတွေက..၃၀၀၀ ) ပေါ်ရတာဘဲ ။
စုစုပေါင်း..ဒီဖုန်း နဲ့ ကားပါမစ်နစ်ခုထဲကတင်...ပြည်သူ့ ငွေတွေ..ဒေါ်လာ နဲ့ ဆို.. ဆယ်နှစ်အတွင်းမှာတင်....ဒေါ်လာသန်းပေါင်း..ရ.၀ ဘီလျှံ..အစိုးလက်ထဲနဲ့ ..ကြိုင်ကြိုင်တို့ တ၀က်ဆီခွဲယူလိုက်ကြပါပြီ ။ ပြည်ပအခြေစိုက်စိးပွားရေးပညာရှင် ကြိးများက ဒီရိတ်ထားတဲ့ ငွေ..ဒီမျှကြီးမားတဲ့ ငွေပမာဏ နဲ့  ပြည်သူတွေ ငွေခန်းခြောက်သွားတာကို ထဲ့မဝေဖန်ကြတာ မမြင်ကြလို့ လား..ကျနော်မသိတတ်ပါ ။ အရေးမကြီးလို့ လား ။ ကျနော်စဉ်းစားမရပါ ။

အခု သူတို့ က ဒီငွေတွေ အပြင်တခြား မြေချပေးတာ...လုပ်ငန်းပါမစ် ..စတဲ့ ..ပြည်သူငွေကိုညှစ်ယူတဲ့ ပါမစ်နို့ ညှစ်စီမံကိန်းကြိးနဲ့  မတရားရယူထားတဲ့ငွေတွေက..ဘီလျှံ ပေါင်း..၁၅..ဘီလျှံ...အထက်မှာ သူတို့ ပိုင်ဆိုင်ထားပါတယ် ။ သူတို့ အုပ်ချုပ်ရေးမခိုင်မြဲတာ သူတို့  သိနေလို့ တိုင်းပြည်မှာပြန်မရင်းနှီးကြဘဲ....တပါးနိုင်ငံတွေမှာ ၀ှက်ထား..ခိုးပြီးရင်းနှီးထားကြပါတယ် ။

နိုင်ငံခြားတိုင်းပြည်တွေကို လက်ယက်မခေါ်ခင် ကိုယ်ပိုင်တာကို အရင်ပြန်ရင်းနှီးကြပါအုံး ။ ဒီကြားထဲ..မသာကောင်လေးက မန်ချက်စတာယူနိုက်တက်ကို ၀ယ်ဖို့ အထိပင် အဖိုးကို ပူဆာတယ်ဆိုတာ မဆန်းပါဘူး ။ သူတို့ မှာမတရားနည်းနဲ့ ရထားတဲ့ငွေတွေ..ဒေါ်လာ ဘီလျှံ..ဆယ်ဂဏန်းဘက် နီးပါတယ် ။

န.အ.ဖ ဟာ နိုင်ငံအရေးလုပ်သူကိုမဆိုထားနှင့် နိုင်ငံရေးသမားနှင့် ပတ်သက်သူကိုပင် မညှာတာပါ ။ ကိုမောင်မောင်ဝမ်းရေးခဲ့ဆောင်းပါးထဲပါသလို...ဘာမှ လုပ်ကိုင်စားလို့ မရတော့အောင် ဘ၀ပျက်အောင် သူတို့ ကိုယ်တိုင် SANCTION လုပ်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ဆုံရုံလေးနဲ့ တင် ဘ၀ပျက်အောင် sanction လုပ်ပါတယ် .။ အနုပညာရှင်တွေ စာရေးဆရာတွေ ကို အနုပညာ လုပ်ကိုင်ခွင့်ကိုပိတ်လိုက်ပါတယ် ။

အဲဒီလိုပိတ်ပင်ရအောင်...ဘယ်ဥပဒေထဲမှာမှ ရေးထားတာ...ညွှန်ကြားချက်ထုတ်ထားတာမရှိပါဘူး ။ သူတို့ လုပ်တဲ့လူမှုရေး တွေမှာတော့ အနုပညာရှင်တွေကို..မပါမနေရပါခိုင်းပြိး...တကယ်လူမှုရေး အဖွဲ့ တွေကိုသွားကူလို့ ပိတ်ပင်တာဟာ...ဥပဒေမဲ့ sanction ပါဘဲ ။

အခုဆို ပိုဆိုးလာပါတယ် ။ လူမှုရေးလုပ်တဲ့ ဥိးကျော်သူ ကို ငွေကူတဲ့သူတွေကိုပါ ရန်လုပ်လာပါတယ် ။ ဒါဘာကိုပြသလဲဆိုရင်....နိုင်ငံအရေး( အများအကြိုး ) လုပ်နေပါတယ်ဆိုတဲ့...သန်းရွှေဟာ လူမှုရေးစိတ်ဓါတ်ရှိသူ ( ပရဟိတ စိတ်ရှိသူ ) တွေကိုပင်.....ဒီလူတွေဟာတရက် တိုင်းသူပြည်သားတွေအရေး စဉ်းစားလာမဲ့ သူတွေ..တရက်ငါ့ကို ရန်သူလို့ မြင်လာမဲ့သူတွေ လို့ ..potential enemy လို့ရှုမြင်ထားတာမို့ ...အဲဒီလူမှုရေးလုပ်သူတွေကို ညစ်ပတ်တော့တာပါဘဲ ။ သူဟာ အတ္တကြီးများလွန်းတော့....ဒီပရဟိတ္တ စိတ်ရှိသူတွေနဲ့  ရေရှည်အတူတွဲလို့ မရဘူးဆိုတာ သိနေပါတယ် ။

သန်းရွှေရဲ့ ထောက်လှမ်းရေးတွေက NLD အဖွဲ့ ဝင်တွေ နိုင်ငံရေးသမားတွေကို နိုင်ငံရေးဆက်မလုပ်နဲ့  မိသားစုအရေးဘဲ လုပ်မယ်ဆိုရင်...ငွေသိန်း ထောင်ချီချေးပေးမယ် လုပ်ငန်းတွေချပေးမယ် နဲ့ အကျပ်ကိုင်တယ် စည်းရုံးပါတယ် ။ ရှင်းရှင်းကတော့..အများအရေးစဉ်းစားရင် ရန်သူ.အဖြစ် အကျပ်ဆက်ကိုင်မယ်....အတ္တ ( တကိုယ်ကောင်းစိတ် ) မွေးမယ်ဆိုရင် ကူညီမယ်..ဘော်ဒါပေါ့လေ အနောက်နိုင်ငံတွေ ကျင့်သုံးတဲ့ ...CARROT & STICK ...မုန့် စားမလား..မစားရင်..ဒုတ်စာမိမယ် အထိခြိမ်းခြောက်ပါတယ် ။

ကျနော်ကိုလဲထောင်က လွှတ်စမှာ...နစ်ကြိမ်..နှမ်းတစေ့နဲ့  ဆီမဖြစ်ပါဘူး...မိသားစုတွေ ဒုက္ခရောက်ရတာ ကြာပြီ...သူတို့အလုပ်ချပေးမယ်..တနှစ်အတွင်းတိုက်ကြီးကားကြိးတွေနဲ့  ဖြစ်လာစေရမယ်ပေါ့ ..တခြား အဖွဲ့ ချုပ်လူတွေကိုလဲ သိန်း..၅၀၀၀ -အထိအတိုးမဲ့ငွေချေးပေးမယ်..လုပ်ငန်းတွေချပေးမယ်..ဆွယ်လဲဆွယ်တယ်..ခြိမ်းလဲခြိမ်းခြောက်တာ တပုံတပင်ကြီးပါ ။

အခုဆို အဆိုတော်တွေ အနုပညာရှင်တွေကို...အနုပညာ လုပ်ကိုင်ခွင့်ပိတ်ပင်တဲ့အထိ ယုတ်မာပြလာတာ...ဒါ SANCTION အယုတ်မာဆုံး sanction ပါဘဲ ။ အနုပညာအဖွဲ့ အစည်း..စည်းမျှဉ်းထဲမှာ...လူမှုရေးမလုပ်ရဆိုတဲ့တားမြစ်ချက်မှ မရှိထားဘဲ ..ဒါဟာဥပဒေမဲ့ sanction လုပ်တာဖြစ်ပါတယ် ။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ( ကျနော် တဥိးထဲအမြင်ပါ ) န.အ.ဖ ဟာတကယ်ဘဲ ပိတ်ဆို့ မှုတွေကို သူတို့ ကိုယ်တိုင် ရုတ်သိမ်းစေလိုတဲ့ ကိစ္စဟာ.....တကယ်အစစ်ဆိုတာပေါ်လွင်လာအောင်.....စိးပွားရေး ( ပြည်သူတွေအတွက် တကယ် စံပြစိးပွားရေး ) တခုဖေါ်ဆောင်နိုင်အောင်...ဒေါ်အောင်ဆန်းစုကြည် မှနေပြိး...နိုင်ငံခြားနဲ့ စီးပွားကုန်သွယ်ဖို့....ကုမ္မဏီလုပ်ငန်းတခုလျှောက်ထားပြိး..ပထမဥိးဆုံး...အနေနဲ့ ( ဥပမာ ) အထည်ချုပ်( ချုပ်ထည်တွေ ) ကို တင်ပို့ တာ လုပ်စေချင်ပါတယ် ။

အဲဒီအထည်တွေကို ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက promotion လုပ်ပေးကြမယ်ဆိုရင်...န.အ.ဖ လိုချင်တဲ့ ဈေးကွက်ဖွင့်ပေးတာ ပိုမြန်သွားပါမယ် ။ အလုပ်သမားတွေကိုလဲ လူလူသူသူ လုပ်ခပေးလာနိုင်ပါမယ် ။ န.အ.ဖ သာ နိုင်ငံသူ နိုင်ငံသားတွေ အတွက် တကယ် ပိတ်ဆို့ တာတွေ ပွင့်စေချင်တယ်ဆိုရင်..ဒေါ်စုက လက်တွေ့ ပွင့်လာအောင် ကိုယ်တိုင် ပို့ ကုန်တွေကိုတင်ပို့ ပေးဖို့ ..အဆင်သင့်ပါခင်ဗျာ ။

အဲဒါဆို...သန်းရွှေ လက်ခံနိုင်ပါမလား ။ ဖွင့်ပေးမယ်လေ ။ ပါးစပ်နဲ့ တောင်မဟုတ်ဘူး ..လက်တွေကို ကိုယ်တိုင်ကိုယ်ကျဖွင့်ပေးမယ်လေ ။ အခုဒေါ်စုသာ အဲဒီလို ကုန်သွယ်ခွင့်ကုမ္မဏီထောင်ဖို့ လျှောက်ထားလိုက်ရင်...သန်းရွှေ ခွင့်ပြုမယ် မပြုဘူးဆိုတာကို... အဖြေဘယ်လိုဖြစ်လာမယ်ဆိုတာကို......၉-တန်း ၁၀ တန်း..ကလေးတွေတောင်သိပါတယ်.. ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေ အကျိုးကိုမျှော်ကိုးပြီးတကြောင်း.....ပြည်သူပေါ်ထားတဲ့ သန်းရွှေရဲ့ စိတ်ထားအမှန်ကို ပြည်သူတွေ လက်တွေ့ ကျကျ ကိုယ်တိုင်ကိုယ်ကျ သိမြင်လာအောင်...ကုမ္မဏီတခု ကိုမှတ်ပုံတင်ခွင့်လျှောက်လိုက်စေချင်ပါတယ် ။ ( ကျနော်တဦးထဲအမြင်ပါ )..ဒီကိစ္စကို ဝေဖန်ချက်ပေးကြပါခင်ဗျာ ။

SANCTION ဆိုတာ ဘယ်သူကစတာလဲ..ဘယ်သူကဆက်လုပ်နေတာလဲ လက်တွေ့ ကြည့်ကြရအောင်ပါ ။ ပါးစပ်ပါတိုင်း လျှောက်အော်မနေပါနဲ့  ။ သူခိုးဓါးရိုးကမ်း...ကိုယ်ပြိုင်ဘက်နိုင်ငံ( ထိုင်းနဲ့  တရုတ် )ကို....ဓါတ်ငွေ့ တွေ ထိုးရောင်းတာကိုလဲ အရင်ရပ်ပါ အုံးခင်ဗျာ ။

န.အ.ဖ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ဖို့ ...တိုင်းသူပြည်သားတွေ ငတ်ပြတ်နေတာဟာ....သူတို့ အုပ်ချုပ်တာ..လတ်ပေးလတ်ယူမှုလွန်ကဲလွန်းလို့ စိးပွားပျက်ရတာကို..၀န်မခံဘဲ...ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံ့ချပြိး တချက်ခုတ်နှစ်ချက်ပြတ်လုပ်ချင်တာ သက်သက်ပါ ။ အခုsanction ကိစ္စအော်ရင် ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ထိမယ်...သူတို့ ကိုမထိဘူး ထင်နေတာကိုက...ဥိးဏှောက်က ကလေးသာသာ ဘဲရှိတယ်ဆိုတာ ပြလိုက်တာပါဘဲ ။

တကယ်တော့ သန်းရွှေဥိးဏှောက်ဟာ ပေါ့သေးသေးမဟုတ်ပါဘူး ။ အလွန်ပါးနပ်တဲ့ ဥိးဏှောက်ပါ ။ တော်လို့ လဲ ..အရည်အချင်းဘာမှသိပ်မရှိဘဲ ဒီနေရာကိုရောက်အောင် နဲ့  မြဲနေအောင်လုပ်နိုင်တာပါ ။ ဒါပေမဲ့ သူ့ ဟာ သူ့ ဥိးဏှောက်ရဲ့ ..၉၀ % နဲ့ သူ့ အချိန်တွေရဲ့ ..၉၀ % ကို...သူ့ အာဏာတည်မြဲရေး...သူ့ သားစဉ်မြေးဆက် အာဏာဆုပ်ကိုင်ထားနိုင်းရေးဘက်ကိုပဲ ဦးစားပေးစဉ်းစားနေတာမို့  တိုင်းပြည်အရေးကို မစဉ်းစာနိုင်တာပါ ။ ခိုးထားတာတွေများလာလေ ပိုပိုပြိးပူပင်ရလေ ဖြစ်လေဘဲ ။

တခုတော့ ရှိပါတယ် ။ ကျနော်ဟာ..၉၃..ကနေ ၉၆ ( အဖမ်းခံရချန်အထိ ) ပြည်ပကို ငါးတင်ပို့ ပါတယ် ။ အဲဒီတော့...ထုံးစံအတိုင်း...၀န်ကြီးတွေနဲ့ တိုင်းမှူးတွေက အစည်းအဝေးမကြာခဏခေါ်တော့ ...လုပ်ငန်းရှင်တွေအားလုံးက လိုအပ်တာတွေကို တင်ပြကြရပါတယ် ။ ထုံးစံအတိုင်းပေါ့ ၀န်ကြိးတွေ တိုင်မှူးတွေ မျက်ကိုကြည့် စကားမမှားအောင် ကြည့်ပြောကြရပါတယ် ။ ၀န်ကြိးတွေကလဲ မထင်ရင် ဟိန်းဟောက်တာပါဘဲ ။ အခုထောနေတဲ့..ယုဇနဦးဌေးမြင့်တို့ အပါအ၀င်ပေါ့ ။

အဲဒီတော့ ကျနော်ကတော့ လိုအပ်တာကို...အပိုင်ချည်တုတ်ပြိး...လက်မံခံမချင်း ထပြောတော့တာပါဘဲ ။ အဲဒီမှာ..ရေလုပ်ငန်းဝန်ကြိး....ဗိုလ်မှုးချုပ်မောင်မောင်က ကျနော်ပြောတာ တင်ပြတာတွေကို.. စတင်လက်ခံလာပါတယ် ။ သဘောကျလာပါတယ် ။ နောက်ပိုင်းမှာ..ကုန်သွယ်ရေးဝန်ကြိးဒု-ဗိုလ်ချုပ်ကြိးထွန်းကြည် နဲ့ တည်ရတော့တာပါဘဲ ။ ကျနော်က ထုံးစံအတိုင်း အချက်အလက်နဲ့မလျှော့ဘဲ ဆက်တင်တာပါဘဲ ။ ပထမတော့ ခေါ်ကြိမ်းတယ် ။ ခင်ဗျား လူကြိးတွေနဲ့ စကားပြောရင် မရိုင်းရဘူးဘာညာပေါ့ ။ နောက်တော့ သူတို့ တသက်မှာ ( ကျနော်အထင်ပါ )..ကျနော်လို သူတို့ ကိုခံပြောရဲသူ ကျနော်တယောက်တလေဘဲ...တွေ့ ဘူးတာလား..ကျနော်ပြောတာတွေကိုဘဲ တကယ်သဘောကျလို့ လားမသိ..ကျနော်ကို...ဗိုလ်ချုပ်မောင်မောင်...ဒု-ဗိုလ်ချုပ်ကြိးထွန်းကြည်တဆို့ က မကြာခဏ ခေါ်ပြိးဆွေးနွေးပါတော့တယ် ။

အဲဒီလိုဆွေးနွေးတော့ ဗိုလ်ချုပ်ထွန်းကြည်က ( ခင်ဗျားဗျာ...နိုင်ငံရေးမလုပ်တော့ပါဘူး ခံဝန်ချက်လေးရေးတင်ပေးပါလားဗျာ တဲ့  ။ ခင်ဗျားကို တွေ့ ဆုံခွင့်ကျနော်မှာ မရှိဘူး ။ ခင်ဗျားအရောင်ကြောင့်..ပြီးတပ်ချုပ်ကြီးဆီကအရာရှိပါလာထိုင်နေတာ ) ပေါ့လေ ။ ကျနော်ကလဲ.. ( .ဗိုလ်ချုပ်ကြိးလဲ အခု နိုင်ငံအရေးလုပ်နေတာဘဲလေ ။ ရာထူးယူထားတော့ ကိစ္စမရှိဘူးပေါ့ ။ ကျနော်လဲနိုင်ငံအရေး ရာထူးတောင်မယူဘဲ လုပ်နေတာ..ဘာပြသနာရှိလဲပေါ့ ) ။ အဲဒီမှာသူက ( ဟာ...ခင်ဗျားက မန်းလေပြဲလေ လူစားဘဲ ) ဆိုပြိး ပြောပါတယ် ။

အဲဒီတုံးက ဗိုလ်ချုပ်ထွန်းကြည်နဲ့  ဆွေးနွေးခွင့်မရှိတော့.. အခု ၀န်ကြိးဥိးအောင်သောင်းအပါအ၀င် ဒု-၀န်ကြိးတွေနဲ့ ... ဆွေးနွေးရတာပေါ့ ။ အဲဒီတုံးက..သူက ပိန်သေးသေးလေး ။ အခုရုပ်နဲ့တခြားဆီ ။ ၀န်ကြီးနဲ့ ကတိုက်ရိုက်ဆွေးနွေးခွင့်မရှိတဲ့လေ ။ ပြီးဆွေးနွေးချက်တွေ အသံကူးထားတာတွေကို သန်းရွှေ ရုံးကအရာရှိက ယူသွားပြီး နောက်မှ ၀န်ကြိးတွေဆီပြန်ပို့ တာ ။ ဗြောင်ထိုင်နားထောင်တယ်...၀င်မပြောဘူး.. အသံဖမ်းစက်ကလဲ ဗြောင်ဘဲ ။

ထားပါတော့..နောက်တော့..၉၆ -မေလမှာ ကျနော်ကိုဖမ်းပါလေရော....အခု နံမည်ကျော်..မသာကောင်လေး နေရွှေသွေးအောင်..မွေးနေ့ ညပေါ့ဗျာ...မေလ ၂၂ -ရက်နေ့ ည ပေါ့ ။ မသာကောင်လေး ငါးနစ်ပြည့်ည မှာ ကျနော်မျိုးကို( ငါးည ) နဲ့ အဖမ်းခံရပါလေရော ။ မှတ်မှတ်ရရလေးပေါ့ ။ သန်းရွှေတို့ ကြိုင်ကြိုင်တို့ က အချစ်ဆုံးမြေးလေး ကုသိုလ်ပိုရဖို့ ...အဲဒီနေ့ ကလူတွေကို တန်းစီပြီးဖမ်းထဲ့လိုက်တာပါဗျာ ။ ဘယ်လိုကုသိုလ်လဲတော့မသိပါဘူး ။

အဲဒီမတိုင်ခင်လေးမှာ..အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်...စိးပွားနင့် စိမံရေးရာ ကော်မတီဥက္ကဌ ဥိးကြည်မောင်မှ ( ပင်လုံဥိးခင်မောင်..တောင်ကြိးကိုယ်စားလှယ်ဥိးကျော်ခင် )တို့ မှတဆင့်...ကျနော်ကို နိုင်ငံတော်စိးပွားရေး ရေတိုရေရှည်စီမံကိန်းတွေ ရေးခိုင်းလာပါတယ် ။ ကျနော်ရေးထားတာ...စာမျက်နာ ၁၈ မျက်နာ ခန့် အရမှာ လာဖမ်းတော့... ဒါတွေပါ အဖမ်းခံရတဲ့အထဲပါသွားပါရော ။

အဲဒီမှာ...ငထောက်တွေ ကျနော်ဆီကနေ မြေပုံကြိးတွေလဲတွေ့ ကော...ကျနော့်အိမ်ဖုံးကနေ.. အထက်ကို ချက်ချင်းဖုံးဆက်ပါလေရော...မြေပုံကြိးတွေ မိတယ် ။ ( ၄+၅ ပေ ) ရှိတဲ့ မြေပုံကြိး ( ငါ်းချပ် )...( သုံးမိုင်ကို..တစ်လက်မ နုံး နဲ့  ) ဆွဲထားတဲ့မြေပုံတွေ တွေ့ သွားတာကိုး ။ အဲဒီမှာ အဲဒီမြေပုံနဲ့ ဆိုင်တာတွေကို အဓိက ဆက်စပ်ရှာဖွေတာ လုပ်ပါတယ် ။ အိမ်ကို ည.( .၁၂.၃၀ ) ၀င်ရှာတာ.. နံက် ( ၄.၃၀ ) မှပြိးပါတော့တယ် ။ စာအုပ်တွေ ရှာတယ် မွှေတယ် ။ သူတို့ လူနဲ့ ထောင်ထားတဲ့ အစိုးရဆန့် ကျင်ရေးစာရွက်နစ်ခုကို အိမ်ထဲ ၀င်ဝင်ချင်း..ပထမဆုံး...ဆွဲထုတ်ပါတယ် ။ တခုကဆို..စာအုပ်ဘီဒိုနစ်ခုကြားမှာ...တိပ်နဲ့ ကပ်ထားတာပါ ။ အဲဒါသူတို့ ထောင်ထားတဲ့စာရွက်ပါ ။

အိမ်ဖေါ်အဖွားကြိးက ထောက်လှမ်းရေးသတင်းပေးဖြစ်နေတာကိုး..။ နောက် ကျနော်ထောင်ကျပြိး ကြာမှသိရတယ် ။

နောက် စစ်ကြောရေးမှာ..အဓိက က ကျနော်ရေးထားတဲ့  ဒီမိုကရေစီခေတ်..မှာ လုပ်ဆောင်ရမဲ့ စိးပွားရေးစီမံကိန်းတွေ..ဘယ်လို အောင်မြင်အောင် လုပ်ရမယ် ဆိုတာတွေကို အဓိက ထားစစ်ပါတယ် ။ ကျနော်ဆိကနေ...

( ၁ ) သံလွင်မြစ်ပေါ်က မီဂါဝပ်..၆၀၀၀ ခန့် ရှိ( တာဆန်းရေအားလျှပ်စစ် ) ထိုင်းနိုင်ငံနဲ့..၈ျပန်တို့ ပူးတွဲ..ပြိး ( ခိုး ) တိုင်းတာထားတဲ့ စီမံကိန်းစာအုပ်.....( စာမျက်နှာ..၄၀ -ခန့် ဟုထင် )

( ၂ )ကယားပြယ်နယ်ထဲက..( နံမည်မေ့နေ ) မီ၈ါဝပ်..၁၀၀၀ ကျော်..ရေအားလျှပ်စစ် စီမံကိန်းစာအုပ် ( ထိုင်း နဲ့ Australia ) တိုင်းတာထားတာပါ ။

( ၃ )နောက်..့ကရင်ပြည်နယ်ထဲက ....Australia..SNOWY MOUNTAIN နဲ့ ထိုင်းတို့ ပူးတွဲလေ့လာထားတဲ့..ကျိန်ခ၇မ် ( သို့ )..ကျိန်တလီ( ဟုထင် ) ရေအားလျှပ်စစ်စီမံကိန်းစာအုပ်...စတာတွေတွေ့ ပြိး တော်တော်လေး ဖြုံနေကြပါတယ် ။ ဒီလိုနိုင်ငံခြားကတောင် စိတ်ဝင်တစားခိုးဝင်လာတိုင်းထားတာ...နိုင်ငံကိုအုပ်ချုပ်နေသူတွေကဘာမှတိုင်းတာရ လေ့လာရကောင်းမှန်းတောင် မသိတာ...စဉ်းစားသာကြည့်ကြပေတော့ ။ သူတို့ မှာ စိးပွားရေးအမြင်မှ အားမပေးသလို...စစ်ရေးအမြင်ဘဲ ထိပ်ထားတာကိုး ။ တိုင်းပြည်စိးပွားရေးဥိးမော့ဖို့  စွမ်းအင်ဘယ်လောက်အရေးကြိးတယ်ဆိုတာကို တောင်သူတို့  မစဉ်းစားမိကြဘူး ။ မသိတော့...တွေ့ သမျှဓါတ်ငွေ့ တွေ ဈေးပေါပေါ နဲ့ ရောင်းစားဖို့ ဘဲ သိတော့တယ် ။

ဒီ..စီမံကိန်းစာအုပ်တွေကို...ထိုင်းကုမ္မဏိတခုကပေးထားတာပါ ။ မြေပုံတွေလဲ ထိုင်းကုမ္မဏိက အဂ်လန်ကနေမှာပေးထားတာပါ ။

နောက်ဆုံး ကျနော်ဆီကနေ...အခု နိုဝင်ဘာလ - ၂ -ရက်နေ့ က စာချုပ်ချုပ်ဆိုလိုက်တဲ့..( ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီး) ပါသွားပါတယ် ။ အခု အာရှရဲ့ အကြိးဆုံး စက်မှုဇုံဖြစ်လာမဲ့ ဧရာမစီမံကိန်းကြိးပါ ။ အဲဒီစီမံကိန်းကြိးနဲ့ ရာထားချက်အဖြစ် အခုနပြောတဲ့ မြေပုံကြိးတွေအပေါ်မှာ...ရေကြောင်းအ၀င်အထွက်...ဆိပ်ကမ်းနေရာ..ကုန်တွင်းပိုင်းမှာဆက်သွယ်မဲ့လမ်းကြောင်းနေရာတွေ..ကို အမှတ်အသားတွေနဲ့  မှတ်ထားတာတွေပါနေပါလေရော ။

အဲဒီမှာ...နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိမည် ဆိုထားသူတွေနဲ့ ကျနော်နဲ့ အကြိးအကျယ် ပြသနာ ဖြစ်ရပါလေရော ။ စစ်ရေးအမြင်ရှိရမယ်ဆိုသူတွေက..ဒါကျနော်က..အမေရိကန် ကောင်စစ်ဝန်နဲ့ အဆက်ရှိထားတော့...ဒါထားဝယ်ကို ထိုင်းနဲ့ အမေရိကန်ပူးတွဲတိုက်ပြိး ပြန်သိမ်းပိုက်ဖို့ ..စစ်ဆင်ရေးစိမံချက်လို့ စွပ်စွဲပါလေရော ။ ရှင်းပြလို့လဲမရ ။ တစွပ်ထိုး..တယူသန်...ကျနော်ကို အတင်းဝန်ခံခိုင်းပါတယ် ။ ၀န်ခံရင် သေဖို့ သာပြင်ပေတော့..ဘာတွေ ဆက်ထပ် ညစ်မေးမေးအုံးမယ်သာတွက်ကြည့်တော့ ။

နောက်ဆုံး ကျနော်ကို ၀န်မခံလို့ဆိုပြီး....ကျနော်ကို ငြင်းဆဲပါလေရော ။ စစ်ဆင်ရေးထင်တာနဲ့  အမှုကတော်တော်ကို ကြိးနေပြီ ။ ကျနော်ကို ဆိုင်ကယ်စိးခိုင်းပါတယ်..ပထမတခေါက် ပြုတ်ကျသွားတယ်.. ငါး- မိနစ်တောင် မလုပ်နိုင်ဘူး ။ လဲသွားလဲမရဘူး အတင်ထူပြိးနောက်တခါက်ထပ်လုပ်ခိုင်းတယ်....ဒုတိယတခေါက်မှာ..ဖနှောင့်အောက်မှာ...သံချေးတက်နေတဲ့ သံမှိုတွေ လေးငါးခု ချထားပါတော့တယ် ။ ကျနော်လဲကြောက်ကြောက်နဲ့ တောင့်ခံထားလိုက်တာ...သတိရတော့....ကျနော်က ကြမ်းပြင်ပေါ်မှာ....ကျနော်မေးကို လက်နဲ့ ညှစ်ထားပြိး...ပါးကိုရိုက် ပုတ်ပြိး...ဆရာ..ဆရာနဲ့ ..လှုပ်နိုးနေတာ ဘဲသိတော့တယ် ။ ကျနော့်အထင် ကျနော်..သတိလစ်ပြီး တက်သွားတယ်လို့ ဘဲ့ထင်မိပါတယ် ။ မသိဘူး..။ လူတကိုယ်လုံးလဲ ချွေးတွေ ရွှဲရွှဲ ဆိုနေပါတော့တယ် ။

ကျနော်သတိရတော့..ကျနော်ကိုဖိထားတာဘဲ သိတယ် ။ ငါဘယ်ရောက်နေတာပါလိမ့်  ဘယ်သူတွေငါ့ကိုဖိထားတာလဲဘဲ..မှတ်မိတော့တယ် ။ လူလဲမျှော့ခွေသွားတော့တယ် ။ ထိုင်တောင်မထိုင်နိုင်တော့ဘူး ။ သူတို့ လဲ လန့် သွားလားမသိ...ညာတာတာလားမသိ..နောက်ပိုင်း သိပ်မကြမ်းတော့ဘူး ။

နောက်ကွယ်ကဘယ်သူတွေပါသေးတုံးနဲ့  ။ ပါတဲ့သူတွေကို ( ထိုင်းလူမျိုး နဲ့  ဂျာမဏိလူမျိုး ) ၀န်ခံရပါတယ် ။ ထိုသူတွေကိုလဲ ဖုံးဆက်မေးပုံရပါတယ် ။ နောက်ဆုံး..ကျနော် ရေးထားတဲ့အထဲက တချို့ နဲ့  ကွန်ပျူတာ ဒစ်ကဒ် disket ထဲက ပါတာတွေ ကိုဖတ်ခိုင်းပြိး ရှင်းပြရပါတယ် ။ ဒါတောင် အထက်ကထပ်မေးလို့ နဲ့လူကလဲ..ရက်ဆက်မအိပ်ရတော့ ခေါင်းတွေက ထုံထိုင်းမှိုင်းနေ..လူကလဲ နာတွေချီဖျားလာ နဲ့တော်တော်လေးခံရပါတယ် ။ ( အားလုံး...မြောက်ည မှာ...တရက်က တစ်နာရီ..ကျန်ရက်တွေမှာ...နံက်မိုးလင်းခါနိုး..( နာရီဝက် ) ဘဲပေးအိပ်ပါတယ် ။ ..ခြောက်ရက်မှာစုစုပေါင်း..( သုံးနာရိဘဲ ) အိပ်ရပါတယ် ။

အဆိုးဆုံးက ရေမတိုက်တာပါဘဲ ။ စကားပြောရင်းအသံငုတ်သွားပါတယ် ။ အဲဒီအခါ မှာရေကို ခွက်တ၀က်ဘဲတိုက်ပါတယ် ။ အဲဒါဆို နောက်ထပ် ခြောက်နာရီလောက် အသံပြန်ထွက်လာပါတယ် ။

အဲဒိကျမှ သူတို့က လက်မခံချင် ခံချင် နဲ့  လက်ခံပါတယ် ။ ပြိးပြောသေးတယ်....စိတ်ကူးယဉ်စီမံကိန်းတဲ့လေ ။ ၉၄ ၉၅ တလျှောက်လုံး သန်းရွှေက ရခိုင်ပြည်ဘက်ကို ခရီးအကြမ်ကြမ်းထွက်ပြိး...သတင်းစာမျက်နှာဖုံးမှာ ကျောက်ဖြူရေနက်စီမံကိန်း လုပ်နေချိန် ကိုး ။ နိုင်ငံတော်အုပ်ချုပ်နေသူတွေက..သူတပါးတိုင်းပြည်တွေက အဝေးကနေသိနေတာကို.... သိလို့ စီမံချက်ရေးထားတာကိုတောင်...မဟာစစ်ရေးအမြင်ရှိပညာရှိကြိးများက...ဒါထိုးစစ်ဆင်မဲ့စီမံကိန်းတဲ့လေ ။ စိတ်ကူးယဉ်စီမံကိန်းတို့ ပြောတာသာ စဉ်းစားကြည့်ကြပါတော့ ။ ကြားထဲက ငထွားက ခံရတယ် ။ အဲဒီလောက်တော်ကြသူတွေက နိုင်ငံတော်ကို ဥိးဆောင်နေကြတာ ။

ထားတော့...ဒါထက်ပိုပြိး စိတ်ပျက်ဖို့ ကောင်းတာ...လာပါပြီ ။ စာဖတ်သူတွေတော့မသိ ကျနော်ကတော့ တော်တော်လေးကို..ဖျားသွားတယ် ။ ကျနော်က လူဆရာဝန်ပါ ။ စီပွားရေး အထူးသဖြင့်နိုင်ငံတော် စီမံကိန်းတွေကို ထိစပ်မိသမျှလေးလောက် သိနိုင်သူပါ ။ ဒါပေမဲ့ ကျနော် က တွေးတောတတ်တဲ့အကျင့်လေး...လေ့လာတတ်တဲ့အကျင့်လေးရယ် ပြောရဲဆိုရဲတာလေးတော့ ရှိတယ် ။ တချို့ ဆရာဝန်ကြိးတွေ ကျနော်အကြောင်းသိကြပါတယ် ။ စိးပွားရေးအမြင်က ဘာမှမရှိပါဘူး ။

ကျနော်ကို စစ်ကြောရေးလုပ်တာ..အားလုံး..၁၃ -ရက်ကြာပါတယ် ။ ကျနော်ကိုစစ်ကြောတာပြိးမှ ကျနော်နြဲ့ပိုင်တူနိးပါး အဖမ်းခံထားရသူတွေကို ( လူ ၃၀ ၀န်းကျင်ရှိပါမယ် )...ရေချိုးချပါတော့တယ် ။ အားလုံး နှစ်ပတ်ကျော်...ရေမချိုးကြရပါဘူး ။ စစ်ကြောရေးမှာ..နိုင်ငံရေးစစ်ချက်က..(.၁၁ )မျက်နာ ( ခန့်  )လက်မှတ်ထိုးပေးရပါတယ် ။ စိးပွားရေးစစ်ချက်ကတော့..၄၆ မျက်နာလောက် လက်မှတ်ထိုးပေးရပါတယ် ။

စီးပွားရေးစစ်ချက်တွေကို တမျက်နာကို လက်မှတ်..ခြောက်ခု ကန့် လန့် ဖြတ် ထိုးပေးရပါတယ် ။ အဲဒီနောက်..တလ ခန့် အရမှာ..ထောက်လှမ်းရေးက ဗိုလ်မှုး ( ဇော်လင်း ) နဲ့  အမည်ထုတ်မပြာတဲ့ အရာရှိကြိးတယောက် ကျနော်ကို အချုပ်ထောင်မှာလာတွေ့ ပြိး ...ဆွေးနွေးပါတယ် ။ ဗိုလ်မှုးဇောလင်းကဘဲ အမေးအဖြေ လုပ်ပါတယ် ။ ထိုအရာရှိက လုံးဝ ၀င်မပြောဘူး ။ ဘေးကနေ ကျနော်ကို စိုက်ကြည့်ဘဲနေပါတယ် ။ ( ၃ ) နာရီခန့် ကြာပါတယ် ။ ကျနော်ကိုပထမဆု့း..ကျနော်မှတ်စု စာအုပ်ထဲက အချက်အလက်တွေ...လူကြိးတွေ ( နေ၀င်း..သန်းရွှေ..ခင်ညွှန့်  ) တို့အပေါ် ကျနော်မှတ်ချက်ရေးထားတာလေးတွေကို အစာမကြေ့ပုံရတယ် ။ အဲဒါတွေအသေးစိတ်မေးတယ် ။

နောက် တပ်မတော်ကြီးပြိုကျမယ်ရေးထားတာ ကို အသေးစိတ်ရှင်းလင်းခိုင်းပါတယ် ။ နောက်မှ ကျနော်..စိတ်ကိုစစ်တာဖြစ်ကြောင်း ပြောပြပါတယ် ။ ပြိးမှ ခင်ဗျားက ခံယူချက်ကို စွဲစွဲမြဲမြဲကိုင်ထားသူဆိုတာကိုကျနော်တို့ က သိထားပြိးသား...ခင်ဗျားကို..၁၉၇၁ ခုနစ်ကထဲက စောင့်ကြည့်နေခဲ့တာကောသိလားပေါ့ ။ ထားပါတော့..နောက်ဆုံး..ကျနော်လက်ရှိနိုင်ငံရေးအမြင်တွေမေးတယ် ။ ရေးတယ် လက်မှတ်ထပ်ထိုးခိုင်းတယ် ။

ပြီးမှ...ကျနော်ကို သူတို့ ကို နိုင်ငံတကာက..ပိတ်ဆို့ လာတော့မယ် ။ အဲဒီအတွက် သူတို့ ကို လက်တွဲပြိး..လုပ်ဆောင်ပေးမယ်ဆိုရင်.. အကြံပေးလုပ်ပေးမယ်ဆိုရင်...ရက်ပိုင်းအတွင်းပြန်လွှတ်ပေးမယ်ပေါ့ ။ ကျနော်က ( ဟာဗျာ..ကျနော်က ပညာရှင်မှမဟုတ်တာ..ခင်ဗျားတို့ မှာ..THINK TANK လို အဖွဲ့ ကြိးရှိတာဘဲ....ပါမောက္ခကြိးတွေ...ပါရဂူကြိးတွေနဲ့  ဖွဲ့ ထားတာတွေရှိထားတာမို့ . ) .ပြောတော့ ။ ပြန်ပြောချက်ကို ကျနော်တော်တော်လေးကို ဖျားသွားတယ် ။
လူကြိးတွေက အဲဒီအဖွဲ့ က ပါရဂူကြိးတွေ ရ-ယောက်ပေါင်းရဲ့ ခေါင်းက ခင်ဗျားခေါင်းလောက်မထွက်ဘူးပြောလာတော့.. ကျနော်တော်တော်လေး..........ကြောင်သွားတယ် ။ ဘာဆက်ပြောမှန်းတောင်မသိတော့ဘူး ။ နောက်မှ ခင်ဗျားတို့  ကျနော်ကို ပင်ကိုအရှိထက်အထင်ကြိးတာ သိပ်ပိုနေပြီ ။ ကျနော်က စိပွားရေး အယူအဆ ( သီအိုရီ ) ကိုမပြောနဲ့ ..စိပွားရေးနဲ့ ဆိုင်တဲ့အခေါ်အဝေါ်တွေ ကိုတောင် မသိပါဘူး ။ ကျနော် သူတို့ ထက်သာတာက...ကျနော် သင်မိ ကြားမိ ဆွေးနွေးမိတာ..မြင်တာကို...ဘယ်သူ့ ကိုမဆို ရဲရဲ ပြောရဲတာ ဘဲရှိတာပါ ။

ကျနော် သူတို့ ကိုဥပမာလေးတခုပေးလိုက်ပါတယ် ။ ခင်ဗျားတို့ က..ဆီးချို..သွေးတိုး နှလုံးရော၈ါ..ရောဂါစုံ ရှိနေတဲ့ လူမမာကြိးနဲ့ တူတယ် ။ ဆရာဝန်ဆီပြတော့ ဆရာဝန်က စမ်းသပ်တယ်..တိုင်းတာတယ်...ဆေးကုမယ်ဆိုတော့..ခင်ဗျားတို့ က ဆရာဝန်ကလဲ ( ပါရဂူ ကြိးတွေကလဲ ) ကြောက်တတ်တဲ့လူတွေ ။ အဲဒါကို ခင်ဗျားတို့ ကလဲ..သောက်ရမဲ့ ဆေးဘဲပေး..သွေးတက်နေတာ လာမပြောနဲ့ ...ဆိးချိုနေတာ သွေးချိုနေတာလာမပြောနဲ့ ....အစားလျှော့ရမှာ..လေ့ကျင့်ခန်းလုပ်ရမှာလာမပြောနဲ့ ..ခြိမ်းခြောက်ထားတော့..ဟိုလူတွေခမြာ....သိသော်လဲ..တွေ့ မိစဉ်းစားမိသော်လဲ..မပြောရဲကြတာပါ ။ မသိတယ်ဆိုတာ မဖြစ်နိုင်ဘူး ။ ကြောက်နေလို့ ..မပြောရဲကြတာပါဘဲ လို့ ဘဲ ပြန်ပြောနိုင်ခဲ့တယ် ။

ဂျပန်က THINK TANK အဖွဲ့  တခုကို..၉၃ ၀န်းကျင်က လေ့လာခွင့်ပြုခဲ့ပါတယ် အတိုင်ပင်ခံ ခန့် ပါတယ် ။ နိုင်ငံတော်စီးပွားရေးဆိုတာက...နိုင်ငံရေးနဲ စိးပွားရေးဆိုတာ့က...ဒင်္ဂါးပြားတခုရဲ့ ..ခေါင်းနဲ့ ပန်း မျက်နာနစ်ခုကိုကျောချင်းကပ်ထားတာပါဘဲ ။ ( လုံးဝ ) ကို ခွဲခြားလို့ မရနိုင်တဲ့ကိစ္စပါ ။ အဲဒီတော့ ဟိုက ထုံးစံအတိုင်းနိုင်ငံရေးကို ( နဲနဲလေး ) ထဲ့သုံးသပ်ထားတာပါတာနဲ့  ပြန်တော့လုပ်ထဲ့လိုက်ပါတယ် ။

ကျနော် နောက်ပိုင်း စဉ်းစားမိတိုင်း...အော် ငါဘာမှသိပ်သိသူမဟုတ်မှန်း ကိုယ့်ကိုသိတာပေါ့ ။ ဒီဘာမှမသိသူကို..ဆရာလာတင်တော့...တိုင်းပြည်အတွက်တွေးမိတိုင်း ကျောချမ်းမိတယ်ဗျာ ။ ဘာမှမသိတဲ့သူတွေက အာဏာကိုအကုန်ယူထား...ပြိးတိုင်းပြည်ကို...ဒေါက်တာရမ်းကု နည်းနဲ့ ချကြတော့မှာဆိုတာ တွေးမိတိုင်း စိတ်မကောင်းရပါ ။ ငါ့ကိုဆရာလာတင်မှတော့ လူလွှဲနေတာထက်...သူတို့ ဘာမှမသိမတတ်ဘူးဆိုတာ သိပ်ရှင်းနေပါပြီ ။

အဲဒိတော့ စာဖတ်သူအပေါင်းသိအောင်ပါ ကနေ့န.အ.ဖလုပ်လိုက်တဲ့ထားဝယ်ရေနက်စိမံကိန်း...ရေအားလျှပ်စစ်စီမံကန်းဆွေဆိုတာ....သူများနိုင်ငံက ..နိုင်ငံတော်စိးပွားရေးအတွက် အလွန်အရေးပါတဲ့ စိမံကိန်းကြိးတွေမို့ ...တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို..အကူအညီတောင်းပြိး...ခိုးတိုင်းတာရေးဆွဲထားတာတွေကို...ကျနော်ကို ပေးထားတာတွေကနေ ကျနော်ကိုဖမ်းတော့သူတို့ ရသွားတာတောင်....ပထမ စိတ်ကူးယဉ်စီမံကိန်းလေးဘာလေးနဲ့ .....စစ်ရေးအမြင်နဲ့ ..တကယ့်စီမံကိန်းပါလို့ ပြောတာကိုပင်မယုံ....လူကို ငြင်းပန်းနှိပ်စက်..အတင်းဝန်ခံခိုင်းတဲ့အထိ..အမြင်တော်ကြတာ သိရအောင်မျှဝေလိုက်တာပါ ။ ကျနော်တော်ကြောင်းတတ်ကြောင်းလဲ မယူဆပါ ။ အထက်မှာပြောထားသလိုဘဲ..မှန်တယ်..ဖြစ်နိုင်တယ်ထင်ရင် ပြောရဲတာဘဲ ရှိတာပါခင်ဗျာ ။

အခုထားဝယ်ရေနက်ဆိပ်ကမ်းဟာ...ကျနော်ဆီကနေရတာ မဟုတ်ဘူး ငြင်းချင်ရင်....ဗိုလ်ခင်ညွှန့်  မသေသေးပါဘူး..ဗိုလ်မှုးဇော်လင်း..ကျနော်ကိုစစ်တဲ့ ဗိုလ်ကြိးစိုးဝင်းနဲ့  အဖွဲ့ တွေ....ရဲသတင်းတပ်ဖွဲ့ ဝင် ရ ယောက်ရှိနေပါသေးတယ် ။ ဒီစီမံကိန်းကြိးကို သတင်းရလို့  ဥိးနေ၀င်းကပင် ခင်ညွှန့် ဆီကနေ တောင်းယူတယ်ဆိုတာ..ကိုအေးဇော်ဝင်း..အေးနေ၀င်းတို့ ပြောပြလို့ လဲ သိရပါတယ် ။ ဥိးနေ၀င်းက ဒီကောင်လေးဒါကိုမြင်တာ တော်တော် ခေါင်းပြေးတာဘဲ လို့  ပြောခဲ့ပါသည် ။

အချုပ်ကာလမှာလဲ..ဥိးဝင်းထိန် အပါအ၀င် အားလုံးကို ထားဝယ်ရေနက်ဆိပ်ကမ်းမှအစ..ကျနော်ရေးထားတဲ့စီးပွားရေးစိမံကိန်းတွေအကြောင်းအကုန်ပြန်ပြောပြောပြခဲ့ရာ..ထောက်လှမ်းရေးမှ နစ်ကြိမ်သတိပေးပြိး..တတိယအကြိမ်တွင် နောက်ထပ်ပြောနေပါက.....စစ်ခွေးတိုက်ပို့ ပစ်မည်အထိ ခြိမ်းချောက်ခံခဲ့ရပါသည် ။

ကျနော်ဟာ....အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ....လျှို့ ဝှက် ကိုယ်ပျောက်ပါတီဝင်တဦး ဖြစ်တာမို့ ...ကနေ့  န.အ.ဖ ဖေါ်ဆောင်နေတဲ့ ထားဝယ်ရေနက် စိမံကိန်းဟာ...အမျိုးသားဒီမိုကရေစီရဲ့  ကိုယ်ပိုင်ကြံဆ ထားတဲ့ စိမံကိန်းဖြစ်ကြောင်း..အားလုံးကို အသိပေးလိုက်ပါတယ် ။

အဲဒီတော့ စကားချုပ်အနေနဲ့  ပြောချင်တာကတော့ ယနေ့ မြန်မာနိုင်ငံမှာ စိးပွားရေး ကျဆင်းနေရတာက...

( ၁ ) နိုင်ငံသူနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဓန ဥစ္စာတွေ ကုန်ခမ်းနေတာက....အဓိ့ ကျတဲ့အကြောင်းရင်းပါ ။ အဲဒီဓနတွေဟာ...ကြိုင်ကြိုင်တို့  ကားပါမစ် ဖုန်းပါမစ်စတဲ့ပါမစ်တွေနဲ့  ..မြုံးနဲ့ ငါးထောင်ဖမ်းသလို..အ၀င်ဘဲရှိတယ် ။ အထွက်ပြန်မရှိတော့တာက အဓိက ဖြစ်ပါတယ် ။ တိုင်းပြည်မှာ ငွေတွေခမ်းပြိး..သူတို့  ပြန်မရင်းနှီးဘဲ ၀ှက်ထားတာ အဆိုးဆုံ့းပါဘဲ ။

အဲဒီမတရာချမ်းသားထားတဲ့ငွေတွေကို တိုင်းပြည်မှာ ကိုယ်တိုင်ပထမဆုံးပြန်လည်ရင်းနီးကြပါ ။ နိုင်ငံခြားတိုင်းပြည်တွေမှာ ၀ှက်ထားတာလုံခြုံတယ် ထင်ရင် တရက် ဒုက္ခကောင်းကောင်းရောက်သေရပါမယ် ။

( ၂ ) လတ်စားမှု ဆိုးဝါးလွန်းတာကြောင့် လာရောက်ရင်းနှီးမိတဲ့ကုမ္မဏီကြိးတွေ ခွက်ခွက်လန်အောင် ရှုံးပြေးကြရတာအများကြိးပါ ။ စာချုပ်တုံးကတော့..ဟိုဘက်က..ဒီလိုဒီလို ပြသနာဖြစ်လာရင် ဘယ်လိုလုပ်မလဲ လို့ မေါ်ရင် ရတယ်..လူကြိးပြိးရင်ပြိးတယ် ဘာညာနဲ့ ပေါ့ ။ ပြိးတကယ်ပြသနာပေါ်လာတော့ အထက်က သိသွားလို့ နဲ့ ငွေညှစ်တော့တာပါဘဲ ။ ကြာတော့ မခံနိုင်တော့ဘဲ ပြေးကြရတာပါဘဲ ။

ဒါကြောင့်န.အ.ဖ အနေနဲ့  sanction တွေကိုတကယ်ဘဲ ရုတ်သိမ်းစေချင်တယ်ဆိုရင်..ပထမ ဆုံးက လွန်လွန်မင်းမင်း ဖြစ်နေတဲ့ အကြိးအကျယ်လတ်စားမှု ကို အရေးယးတိုက်ဖျက်ပေးရပါမယ် ။ ( ကျနော်ကို..ဗိုလ်မှုးဇော်လင်း တို့ လာဆွေးနွေးတုံးက..ကျနော်က သူတို့ကို နိုင်ငံရေးစိးပွားရေး အကြံပေးပါမယ် ။ ဒါပေမဲ့ ကျနော်အတွက် နစ်ချက် ဖေါ်ဆောင်ပေးစေချင်ပါတာ လို့ တောင်းဆိုခဲ့ပါတယ် ။

( ပထမ ) တချက်က..ငါးနစ်အတွင်း....နေ့ စားအလုပ်သမားလုပ်ခ ကို အနိမ့်ဆုံး..( ၃ -ဒေါ်လာ ) ဖြစ်လာအောင် ရည်မှန်းချက် ( တားဂတ် ) ထားရေး နုင့် ( ဒုတိယ ) နိုင်ငံတော်မှာ လွန်လွန်ကဲကဲ လတ်စားမှုတွေကျု ထိမ်းသိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ သူတို့  အခန်းအပြင်ထွက် ဖုံးဆက်တယ် ။ ပြီးလူကြီးက ခင်ဗျားအတွက် ဘာဖြစ်ချင်တယ်သာတောင်းပါတဲ့ ။ တိုင်းပြည်အရေးက သူတို့  တာဝန်ပါပေါ့ ပြန်ပြောလာတယ် ။

ကျနော် ဗြောင်ဘဲ ပြောလိုက်တယ် ။ ပထမ တချက်က ကျနော့်နိုင်ငံရေး..။ ရတယ် ။ မတောင်းဘဲထားလို့ ရတယ် ။ ဒုတိယတချက်က နိုင်ငံတော်ကိုတကယ်တိုးတက်စေချင်ရင်....အိမ်ကိုသစ်နဲ့ ဆောက်ထားရင်..ချတွေကို မရှင်းရင်...အဲဒီအိမ်ဟာ....ပြင်ပ လေမုန်တိုင်း ဒါဏ်ကြောင့် ပြိုမှာထက် ချစားလို့  ပြိုကျမှာဘဲ လိုေ့ပြာလွှတ်လိုက်ပါတယ် ။

( ၃ ) နိုင်ငံရေး သမားတွေကို စိးပွားရေး လူမှုရေး လုပ်ကိုင်ခွင့်ပိတ်ထားတာတွေကို ပထမဆုံး ပြန်လည် ရုတ်သိမ်းပေးရပါမယ် ။ နောင် မပိတ်ပင်တော့ပါဘူး အာမခံချက် အရင်ပေးရပါမယ် ။ တဆက်ထဲ..ပတ်စပို့ လျှောက်ထားခြင်း..အလုပ်လျှောက်ထားခြင်းစတာတွေမှာ...နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ချက်ထိုးခိုင်းစေခြင်းကို လုံးဝ ရုတ်သိမ်းရပါမယ် ။

( ၄ ) နိုင်ငံတော်စိးပွားရေး လုပ်ကိုင်ခွင့်ကို...ယခုပေါ်ပေါက်လာမဲ့ လွတ်တော်က ဆုံးဖြတ်ပိုင်ခွင့်ပေးထားရပါမယ် ။ ၀န်ကြိးကက်ဘိနက် အဖွဲ့ ကသာ ချုပ်ကိုင်ထားမယ် ။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ်ခွင့် ဘေးချိတ်ထားမယ်ဆိုရင်...ပြည်သူတွေကို sanction လုပ်ထားတာမို့ ...ကျေကျေလည်လည် ပြန်လည်စဉ်းစားရပါ လို့ အိသပေးလိုပါတယ် ။

( ၅ ) နိုင်ငံတော် စိးပွားရေးတိုးတက်လာဖို့ ဆိုရင်..နိုင်ငံတော်သမတ သည် စစ်ရေးအမြင်ရှိသူဖြစ်ရမည်ဆိုတဲ့ ကန့် သတ်ချက်ကို ပြန်လည်သုံးသပ်ရပါမည် ။ ကနေ့  စစ်ရေးအမြင်ရှိသူ သန်းရွှေ ဦးဆောင်နေတာ...နိုင်ငံတော်မှာ နိုင်ငံခြားဝင်ငွေတွေ တပုံ့တပင်ကြိးရရှိသော်လည်း..နိုင်ငံတော် စီပွားရေးတွင် စက်ရုံတွေဆောက်သော်လည်း စိပွားရေးအမြင် မရှိတော့ ဘာစီမံကိန်းမှ မအောင်မြင်ပါ ။ ပိုဆိုးသည်က နိုင်ငံဗတော် ၀င်ငွေတွေကို စီးပွားရေး..ကျန်းမာရေး ပညာရေးတွင် နည်းနည်းသာသုံးပြိး စစ်ရေးတိုးချဲ့သာလုပ်ခဲ့တာ လက်တွေ့ ဖြစ်နေပါတော့သည် ။

ယခု နိုင်ငံတော်သည်...စစ်ရေးက အရေးကြိးနေသည်လား...စိပွားရေးကအရေးကြိးနေသည်လား ကို လွှတ်တော်မှ ဆုံးဖြတ်ချက်ပေးရပါမည် .။ စိးပွားရေးက ပိုအရေးကြိးနေလျှင် နိုင်ငံတော်သမတ သည် စိးပွားရေးအမြင်ရှိသူဖြစ်ရန် ပြင်ဆင်ပေးရပါတော့မည် ။ သို့ မဟုတ်ပါက ဂျပန်စိးပွားရေးပညာရှင်အဖွဲ့ ရဲ့ အကြံပြုချက်ကိုပင် ..စီးပွားရေးအမြင်မရှိသူ က မောင်းထုတ်ခဲ့သော သာဓကများရှိခဲ့ဘူးပါပြီ ။

( တတိယနင် နိဂုံးပိုင်း ) ကိုဆက်လက်တင်ပြပါမည် ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.