Friday, December 31, 2010

0 ဗိုလ်ချုပ်တင်အေး ရဲ့တူ ၊တူမ တို့ဖွင့်လှစ်ထားတဲ့အောဆွိ KTV တွင်လူသတ်မှု ဖြစ်ပွား

တောင်ငူမြို့ ခပေါင်းတံတားအဆင်း အုတ်တွင်း မြို့နယ်ပိုင်နယ်မြေအတွင်း ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဖွင့်လှစ်ထားသော ဗိုလ်ချုပ်တင်အေးရဲ့ တူ၊တူမဖွင့်လှစ်ထားတဲ့ KTVဆိုင်တွင် ၂၅.၁၂.၂၀၁၀ ရက်နေ့ ညပိုင်း ရ နာရီလောက် အချိန်တွင် ဆိုင်အတွင်းစားသောက်နေကြသော ကိုဇော်ဇော်ဝင်း၊ ကိုစိုးသိန်းတို့သူငယ်ချင်း ၄ ယောက်တို့အဖွဲ့နှင့် ဆိုင်ရှိစားပွဲထိုးနှင့်စကားများကြရာ ဆိုင်ရှင်ဖြစ်သူ ဗိုလ်ချုပ်တင်အေးဧ။် တူ၊တူမ ကမျက်စပြစ်၍ ရိုက်သတ်ပစ်ဟု ပြောကာ တစ်ဆိုင်လုံး ၀ိုင်းရိုက်ကြသဖြင့် ကိုဇော်ဇော်ဝင်း ဦးခေါင်းဒဏ်ရာ ရသေဆုံးသွားပါတယ်။ ကိုစိုးသိန်းကတော့ ခေါင်းမှဒဏ်ရာကို ၈ချက်ချုပ်လိုက်ပြီး ဆေးရုံကမဆင်းရသေးပါဘူး။ လက်ရှိစားပွဲထိုး ၄ ယောက်ကိုအဖမ်းပြထားပါတယ်။

အနီးအနားဝန်းကျင်ဧ။်ပြောပြချက်အရ ဆိုင်ရှင် ဗိုလ်ချုပ်တင်အေးဧ။်တူ၊တူမတို့ကအခုဖြစ်ပွားခဲ့တဲ့လူသတ်မှုက ဦးလေးရဲ့ဝိတ်ကိုအသုးံချပြီး အစွမ်းကုန်လွတ်မြောက်အောင်လုပ်သွားမယ်လို့သိရပါတယ်။

သေဆုးံသူကိုဇော်ဇော်ဝင်းရဲ့အလောင်းကို၂၇ရက်နေ့နေ့လည်၂နာရီခွဲအချိန်တွင်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။
အုတ်တွင်းရဲစခန်းမှူးက ဒီအမှုကိုရှင်း ခက်နေတယ်လို့ ကြားသိရပါတယ်။

လူသတ်မှုဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်တင်အေးရဲ့တူ၊တူမ ပိုင်ဆိုင်တဲ့ အောဆွိ KTVဆိုင်တွင် အမျိုးသားများအတွက် လိုချင်တာအကုန်ရတဲ့နေရာ လည်းဖြစ်ပါတယ်။


ပေးပို့သော အောင်မောင်း 8888(ပြည်တွင်း)အားကျေးဇူးတင်ရှိပါသည်။

0 နှုတ်ဆက်လိုက်တယ် ၂၀၁၀


အလိမ်အညာ တွေ နဲ့ ပြည့်နေတဲ့ ၂၀၁၀

တကယ်ပါ............

ယုတ်မာရက်စက် ဝမ်းတထွာ အတွက်နဲ့

အုပ်စိုးသူတွေရဲ့ အာဏာစက်အောက်မှာ

ကမ္ဘာပျက်လောက်အောင် ငိုငြီး သံတွေ

အငတ်ဘေးတွေ နဲ့ တို့တိုင်းပြည်

သဘာဝ ဘေးတွေနဲ့ တို့တိုင်းပြည်..

အကျင့်ပျက် ချစားမှုတွေနဲ့ တို့တိုင်းပြည်

ကိုယ့်အတွေးကိုယ် ခိုးရောင်းနေရတဲ့ အဖြစ်

တကယ် ညစ်တယ်။

နှုတ်ဆက်လိုက်တယ် ၂၀၁၀

မင်းကျန်ခဲ့တော့

ငါတို...့ လျောက်မယ့်လမ်း

မင်းလာ မလွမ်းနဲ့ .......

အထုပ်အပိုးတွေ ပြင် ရှေ့ခရီးနှင်ဖို့

တို့ မောင်နှမတွေ အတွက်

အမေ မီးဖိုချောင်ဝင်နေပြီ ......

ကြမ်းတမ်းမယ့်ခရီးလမ်း

မငြီး စတမ်းပေါ့ ကွာ။...။

ငါတို့ ရဲ့ လက်ထဲမှာ

ကြိုးတစစီ ရှိတယ်

အမေ လိုချင်တဲ့ ကွန်တလက်

ငါတို့ရဲ့ လက်တွေနဲ့ ယက်မယ်

ကဲ ....လာကြ

၂၀၁၁ အတွက် ကွန်ယက်

အမေ့လက်ထဲ ထည့် ဖို့

ငါတို့.........ချည်နှောင်ကြစို့။...........။
Sannay Min

0 ၂၀၁၁ အကြို

၂၀၁၁ အကြို

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၂၀၁၁ ခုနှစ် အကြိုအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့)နာရေးပို့ဆောင်မှုများ၊ (အခမဲ့)ဆေးဝါးကုသပေးမှုများအပြင် မျိုးဆက်သစ် လူမှုရေးသင်တန်း များ၊ ပညာရေးသင်တန်းများပါ အခမဲ့ဖွင့်လှစ်ပို့ချ ပေးခဲ့ပါသည်။ ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသော အသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်း လက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကို လက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအား လက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓါတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အား ဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်း ဘေးဥပါဒ်ဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။

မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းတွင်လည်း တစ်ဦးချင်း တစ်ယောက်ချင်း အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေးစာဖတ် အင်္ဂလိပ်စာအခြေခံများကို ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။

ထို့ပြင် အဆင့်မြင့် အကြီးတန်း အင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာ ဆရာမ ဒေါ်မြသန်း (ဦးကျော်သူ မိခင်)၊ ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေး တို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်

၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ြဖစ်ဆေးခန်း တွင် မကြာမီဖွင့်လှစ်တော့မည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်း အဆိုတော် ကော်နီမှလည်း အလှူငွေများ လာရောက်လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အ၀၀တို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသော ဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကို လာရောက် ပေးဆပ်ကြသော လူမှုရေးသမားများ အသင်းသား/သူများ၊ ၀န်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူး မှတ်တမ်းတင်၍ သာဓု သာဓု သာဓုဟု ခေါ်ဆိုလိုက်ပါသည်။

ကိုကျော်သူ


၂၀၁၁ အကြိုအတွက် ဘိုဘိုရဲ့ ရင်ခုန်နှစ်သစ်သီချင်းလေးပါ..

0 ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သုံးသပ်ပြောကြားသော မိန့်ခွန်း


မြန်မာသတင်း သမားများကွန်ရက်

ဒေါ်အောင်ဆန်းစုကြည်=ကျွန်မတို့မေးတဲ့မေးခွန်းတွေကို တော့ သက်သက်နောက်ဆုံးမှ ဖြေပါမယ်။ ဒီကိစ္စတွေကို ခြုံငုံပြီးတော့ ပြောတဲ့နေရာမှ လက်တွေ့ကျကျကျွန်မတို့လုပ်နိုင် တဲ့ဘက်ကနေပြီးတော့ ပြောပါ့မယ်။ ဒီတော့ အရေး ကြီးက ဘာလဲဆိုတော့ ဆက်သွယ်ရေးပဲ။ ဆက်သွယ်ရေးကွန်ရက်တခုဖြစ်ဖို့။ ကျွန်မနေအိမ်အကျယ်ချုပ် ကလွတ်လာပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြည်သူတွေအတွက် ပြည်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ကွန်ရက်ကြီးတခု ဒီမိုကရေစီအတွက် စပြီးပြုစုပျိုးထောင်ရမယ်လို့ ကျွန်မပြောခဲ့ပါတယ်။ အဲဒီတော့ ကွန်ရက်ဆိုတဲ့ အဓိပ္ပာယ်က တခုနဲ့တခု ဆက်ထားတာ။ ကွန်ရက်ဆိုတာ ပိုက်ကွန်တခုကိုကြည့်လိုက်လို့ရှိ ရင် ကြိုးလေးတွေ ကြိုးလေးတွေနဲ့ ဆက်ထားတာ။ ကြိုးလေးတချောင်းစီတချောင်းစီက အင်အားမရှိပေ မယ့် ကြိုးတွေ အားလုံးဆက်ထားတဲ့ကွန်ရက်ကြီးက အင်မတန်မှအင်အားရှိပါတယ်။ အဲဒီကွန်ရက်ကြီးက အင်အားလည်းရှိတယ်၊ အလုပ်လည်းဖြစ်တယ်။ ဥပမာဆိုရင်ငါးဖမ်းလို့ရတယ်ပေါ့(ဒေါ်အောင်ဆန်းစုကြည်ကပြုံးရယ်ပြီးပြောသည်)။ကျွန်မတို့ရဲ့ကွန်ရက်ဆိုတာ
အများအင်အားနဲ့လုပ်ထားတာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဗဟိုလုပ်ထားတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းလုပ်ဖို့တော့ဒီမိုကရေစီရဖို့ လမ်းကြောင်းက ရှည်သွားမှာစိုးလို့ အားလုံးနဲ့ချိတ်ဆက်ပြီး လုပ် တယ် ဆိုတဲ့ သဘောပါပဲ။ အဲဒါကြောင့်မို့ အားလုံးရဲ့အကြံဥာဏ်တွေ၊ အားလုံးရဲ့အတွေးအခေါ်တွေကို ကျွန်မတို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုကွန်ရက်လုပ်ဖို့ဆိုတာက အဓိက က ဆက်သွယ်ရေးလမ်းကြောင်း က အရေးကြီးပါတယ်။ ကျွန်မတို့ လက်တွေ့ကျကျလုပ်ချင်တာက လူငယ်တွေပြောတဲ့ဟာကို နားထောင် သွားတဲ့အခါမှာ လူမှုရေးအဖွဲ့အစည်းလေးတွေရှိတယ်၊ အရပ်သားလူမှုရေးအဖွဲ့အစည်းတွေရှိတယ်။ တယောက်နဲ့တယောက် ဆက်သွယ်မှုမရှိဘူး။ တယောက်က တယောက်ဘာလုပ်နေမှန်းမသိဘူး။ အဲဒါ ကို ထပ်ခါထပ်ခါပြောသွားကြတယ်။ အဲဒါကြောင့်မို့လို အင်အားက ရှိသင့်သလောက် မရှိဘူးဆိုတဲ့သဘောရှိ ပါတယ်။ အဲဒီတော့ ကျွန်မက ဒီလိုလုပ်ချင်ပါတယ်။ အခုကျွန်မတို့အဖွဲ့ချုပ်က လူငယ်တွေကနေပြီးတော့အခုဒီလူငယ်တွေမပြန်ခင်မှာ ဆက်သွယ်ဖို့ ၊ ဘယ်လိုနည်းနဲ့ဆက်သွယ်ရမလဲပေါ့။ တယ်လီဖုန်း နံပါတ် ဖြစ်ဖြစ်၊ လိပ်စာဖြစ်ဖြစ်ပေးထားပြီးတော့ ၊ အဲဒီလိုဆက်သွယ်တဲ့နေရာမှာ ဘာနဲ့ပတ်သက်လို့ဆက်သွယ် စေချင်တာလဲဆိုတာ
တခါတည်းရေးသွားပါ။ ဥပမာဆိုလို့ရှိရင် -သွေးလှူရေးကိစ္စ။ သွေးလှူရေးကိစ္စနဲ့ ဆက်သွယ်ချင်ပါတယ်ဆိုရင် တခြားသွေးလှူတဲ့ကိစ္စနဲ့ဆက်သွယ် ချင်တဲ့ အဖွဲ့အစည်းတွေနဲ့ဆက်သွယ် ပေးလို့ရပါတယ်။ နောက်တခုကလည်း စာအုပ်တွေကိစ္စအကြောင်းပြောသွားကြတယ်။ စာဖတ်ချင်ကြ တယ်၊ စာအုပ်ကောင်းတွေဖတ်ဖို့ခက်တယ်ဆိုတော့ ကျွန်မတို့လူငယ်တယောက်ကပြောတယ်။ ဒီကိစ္စ မှာ သူကူညီပေးနိုင်ပါတယ်လို့ပြောတယ် (အဆိုပါပြောကြားသော လူငယ်သည်မြန်မာသတင်းသမားများကွန် ရက်မှ အဖွဲ့ဝင် သတင်းသမားတဦးဖြစ်သည်)။ E-Book တို့လို အင်တာနက်ကနေ စာဖတ်လို့ရတဲ့နည်း တွေနဲ့ ကူညီချင်ပါတယ်လို့ပြောပါတယ်။ အဲဒီလို စာအုပ်တွေဘာတွေနဲ့ပတ်သက်ပြီးဆက် သွယ်ချင်တဲ့သူ စာဖတ်ချင်တဲ့သူ၊ စာအုပ်ကောင်းတွေရှာချင်တဲ့သူတွေ အနေနဲ့ စာအုပ်ကောင်းတွေကိုမြည်းကြည့်ချင်တဲ့သူ တွေက လိပ်စာနဲ့ဖြစ်ဖြစ်၊ တယ်လီဖုန်းနံပါတ်နဲ့ဖြစ်ဖြစ်၊ တစ်နည်းနည်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာတွေကို ဒီမှာပေးသွားပြီးတော့ အဲဒီဟာတွေနဲ့ပတ်သက်ပြီး ကူညီချင်တဲ့သူတွေက လည်း လိပ်စာနဲ့ တယ်လီဖုန်းနံပါတ်တွေကို ပေးသွားပါ။ ဥပမာဆိုရင် ကျွန်တော်တို့၊ ကျွန်မတို့က ဘယ်လိုနည်းနဲ့ကူညီ နိုင်ပါတယ်ဆိုပြီးရေးသွားမှ အကူအညီလိုတဲ့သူနဲ့ ကူညီချင်တဲ့သူကို ချိတ်ဆက်ပေးလို့ရမှာပါ။ကူညီချင်
တဲ့သူကလည်း ဘယ်လိုကူညီနိုင်သလဲ။ အကူအညီလိုချင်တဲ့သူကလည်း ဘယ်လိုအကူအညီလိုချင်သလဲဆို တာရေးသွားပါ။ အဲဒီကနေစပြီးတော့ လက်တွေ့ကျကျ ကွန်ရက်လေးစပြီးတော့လုပ်မယ်။ ကျွန်မတို့ကနေ ပြီးတော့ အကူအညီလိုချင်တဲ့သူနဲ့ အကူအညီလိုချင်တဲ့သူကို ချိတ်ဆက်ပေးမယ်။ ဒီမှာလာပြီးတော့လည်း တောင်းလို့ရပါတယ်။ အဲဒီဟာက ပညာရေးပေါ့။ ပညာရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ ရေဒီယိုကိုင် နိုင်ငံရေးသမားဆိုတော့ ကျွန်မလည်း ရေဒီယိုကိုင် နိုင်ငံရေးသမားပဲ။ ခုနစ်လုံးလုံး ရေဒီယို နားထောင်ပြီးတော့ နိုင်ငံရေးဘယ်လိုဘာတွေဖြစ်နေလဲ ဆိုတာ လေ့လာခဲ့ရတာ။ အဲဒီတော့ ရေဒီယိုကိုင် နိုင်ငံရေးသမားဆိုတာ အထင်သေးစရာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အထင်မသေးပါနဲ့။ စိတ်ဓာတ်အင်အားပြည့်ဝနေရင် ကိုယ်လုပ်တဲ့နိုင်ငံရေးဟာ ထိရောက်တယ်ဆိုတာ ယုံကြည်ပါ။ နောက် ကျွန်မတို့ ဥပဒေရေးရာတွေနဲ့ပတ်သက်လို့ အဲဒါကလည်း စောစောက ပြောသလို လက်တွေ့ကျကျ စီမံ ကိန်းတခု ချက်ချင်းဖော်ထုတ်လို့ရပါတယ်။ ကျွန်မတို့ဥပဒေရှင်ကြီးများက ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကူညီဖို့အသင့်ပါပဲ။ ကျွန်မတို့ ခုနပြောသွားတဲ့အထဲမှာ ဥပဒေပညာရှင်လူငယ်များပါပါတယ်။ ဥပဒေပညာ ရှင်လူငယ်များကလည်း ကျွန်မတို့ရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့နဲ့ဆက်သွယ်ပါ။ ကျွန်မတို့ ဥပဒေ အထောက်အကူပြုအဖွဲ့က ပညာပေးနိုင်သလို လူငယ်ဥပဒေပညာရှင်တွေဆီက ကျွန်မတို့ကလည်း အကူ အညီယူဖို့လိုပါတယ်။ ကျွန်မတို့ ဥပဒေအထောက်အကူပြုအဖွဲ့က နိုင်ငံရေးအမှုတွေနဲ့ပတ်သက်လို့၊ ပြည်သူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့အမှုတွေကို လိုက်ပေးရပါတယ်။ အဲဒီလို အမှု လိုက်ပေးတဲ့ နေရာမှာ လူမလောက်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် = ရှေ့နေတွေအများကြီးလိုပါတယ်။ အထူးသဖြင့်ငယ်ငယ်ရွယ်ရွယ်ရှေ့နေတွေပေါ့။ ငယ်ငယ်ရွယ်ရွယ်ဆိုတာပြေးနိုင်လွှားနိုင်လို့ပါ။ ပြေးနိုင်လွှားနိုင်ဆိုတာ ဟိုလိုပြေးရလွှားရတာမျိုး ပြောတာမဟုတ်ဘူး(ဒေါ်အောင်ဆန်းစုကြည်နှင့်ပရိသတ်များ၏ရယ်သံများပြိုင်တူထွက်ပေါ်လာသည်)။ တခါတလေ နယ်ကို လွှတ်ရတယ် ရန်ကုန်ထက်ဝေးတဲ့နေရာတွေကို လွှတ်ရတယ်။ အဲဒီလိုဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့သွားနိုင် လာနိုင် ကျန်းမာရေးကောင်းတဲ့လူငယ်တွေကို ကျွန်မတို့ အလိုရှိပါတယ်။ အဲဒါကြောင့်မို့ ဥပဒေပညာရှင် လူငယ်တွေကလည်း ကျွန်မတို့ရဲ့ ဥပဒေအထောက်အကူ အဖွဲ့နဲ့ဆက်သွယ်ပါ။ဘယ်လိုကူညီရမလဲဆိုတာပြောရင်းနဲ့ဘယ်လိုအကူအညီလိုချင်တယ်ဆိုတာလည်းပြောပါ။
အဲဒီမှာ ဥပဒေနဲ့ပတ်သက်ပြီး ပိုပြီးတော့ သိချင်တာတွေရှိတယ်၊ ပညာလိုချင်တယ်ဆိုရင်၊ ခုနက ပညာကိစ္စနဲ့ဆက်သွယ်သွားတာပေါ့။ ပညာရေးကိစ္စ ဆိုတော့။ အဲဒီမှာ ကျွန်မနားထောင်နေတာ တခုတော့ ကျွန်မ တော်တော်ကျေနပ်မိတယ်။ ဒီလိုပညာရေးနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တော်တော်ကြာ လုပ်ခဲ့တာတွေ ရှိပါတယ်။ လုပ်လည်းလုပ် နေပါတယ်။ ကျွန်မတို့အဖွဲ့ လုပ်နိုင်တဲ့အတိုင်းအတာနည်းလို့ သာ အများမသိကြတာပါ။ ပညာရေးအားနည်းနေတဲ့အချိန်မှာ ကျွန်မတို့ကိုယ်တိုငကျောင်းတွေမထောင်နိုင်တဲ့နေရာမှာ ပံ့ပိုးနိုင်တဲ့နေရာ၊ အရေးကြီးတဲ့နေရာနှစ်ခုကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ကွန်ပျူတာပညာပဲ။ အဲလိုကျွန်မထင်မိပါတယ်။ အခုခေတ် မှာဆိုလို့ရှိရင်အင်္ဂလိပ်ဘာသာစကားတတ်လို့ရှိရင် အလုပ်အကိုင်အတွက်လည်း လွယ်ကူတယ်။စာအုပ် ကောင်းတွေဖတ်ဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ကွန်ပျူတာပညာဆိုတာကတော့ ကျွန်မရှင်းပြဖို့ မလိုပါဘူး။ ကျွန်မတို့လည်း ကျွန်မတို့ရဲ့လူငယ်တွေကိုအင်္ဂလိပ်ဘာသာစကားနဲ့ကွန်ပျူတာ ပညာသင်ဖို့ ဟာ တတ်နိုင်သမျှ သင်တန်းတွေလုပ်ပြီးတော့၊ သင်တန်းတွေကိုပို့ပြီးတော့ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီဟာတွေကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက်လည်း ထပ်ပြီးတော့ တိုးချဲ့လုပ်နိုင်ဖို့ ကျွန်မတို့ကြိုးစားပါ့ မယ်။ အဲဒီအထဲမှာ ပညာပေးအစီအစဉ်ဆိုတာလည်းပါပါတယ်။ ပညာပေးအစီအစဉ်မှာဆိုရင် နိုင်ငံရေးကိစ္စ တွေနဲ့ပတ်သက်လို့၊စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဥပဒေရေးရာကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေသာမက အဖွဲ့ချုပ်အပြင်က အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုပါ ဖိတ် ခေါ်ပြီး သင်တန်းတွေ၊ ဟောပြောပွဲတွေကျွန်မတို့လုပ်ပါ တယ်။ ဒီဟာတွေ အရင်တုန်းကလည်းလုပ်တယ်၊ အခုလည်းဆက်ပြီးတော့ လုပ်ပါ့မယ်။ အဲဒီလိုလုပ်တဲ့အခါမှာ စိတ်ဝင်စားတဲ့ NLDပြင်ပက လူငယ်တွေ လာရောက်နိုင်အောင်လို့ ကျွန်မတို့စီစဉ်ပါ့မယ်။နောက်ဆုံးကျတော့ ဆက်သွယ်ရေးပေါ့။ ဆက်သွယ်ရေး လမ်းကြောင်းကြီးကိုဖွင့်ထားမယ်ဆိုလို့ရှိရင် ဒီလိုကျွန်မတို့ရဲ့ပညာပေးအစီအစဉ်မှာစိတ်ဝင်စားတဲ့လူငယ် တွေပါဝင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကတော့ အရင်ကတည်းကလည်းလုပ်ခဲ့တဲ့ကိစ္စလေ။ အခုလည်းလုပ်နေ ဆဲ။ နောင်လည်းဆက်ပြီးတော့လုပ်သွားပါ့မယ်။ ခုနကပြောတဲ့အထဲမှာ စီးပွားရေးပေါ့နော်။ စီးပွားရေးဆို တာအသက်မွေးဝမ်းကြောင်းပညာပေါ့။ အဲဒါကလည်း အားလုံးဆက်နွယ်နေပါတယ်။

ကျွန်မတခုတော့ သတိထားမိတယ်။ လူငယ်တွေကသိပ်ပြီးတော့အလုပ်အကိုင်အကြောင်းတော့ သိပ်ပြီးမပြောကြဘူး။

အလုပ်အကိုင်မရရှိနိုင်တဲ့အခြေအနေကိုပဲပြောတယ်။ ဒါကိုလည်းကျွန်မသဘောကျတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တကယ့်အရင်းခံပြသနာကိုကြည့်တယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့မှာ အလုပ်အကိုင်မရှိပါဘူးလို့ပြောတာထက် အလုပ်အကိုင်တွေမရနိုင်ဘူး၊ ရတဲ့ ပညာတွေနဲ့သင့်တော်တဲ့အလုပ်တွေရှာလို့ မရဘူးဆိုပြီးပြောသွားတာဟာ အဓိကပြသနာကို

မြင်တတ်တဲ့ စိတ်ဓာတ်ကို ဖော်ပြတယ်ဆိုတာမြင်လို့ ကျွန်မအင်မတန်မှအားတက်ပါတယ်။ အဲဒီတော့ ဒီလိုအလုပ်အကိုင်တွေရရှိဖို့ဆိုတာ ပညာတင်မဟုတ်ဘူး၊အခြေအနေကလည်းရှိရမယ်။ ဒီကိစ္စကိုလည်း ကျွန်မ မကြာခဏ ပြောရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါ အထိန်းသိမ်းမခံရခင် ခုနစ်၊ရှစ်နှစ်လောက်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂ အသိုင်းအ၀ိုင်းမှာ ရေပန်းစားလာတဲ့အဆိုတခုရှိတယ်။

လူတွေကို ငါးပေးမယ့်အစား ငါးမြှားဖို့သင်ပေးရမယ်။အဲဒီတော့ ကိုယ့်ဟာကိုယ် လုပ်စားနိုင်အောင် ပညာပေးရမယ်။ အဲဒီဆောင်ပုဒ်လေးကတော်တော်ကျယ်ကျယ်ပြန့် ပြန့် အသုံးကျတယ်ပေါ့နော်။ ကျွန်မကအဲဒါကိုဖြည့်ဆည်းပြီးတော့ ပြောပါတယ်။ ငါးဖမ်းဖို့သင်ပေးရုံတင် မကဘူးငါးဖမ်းနိုင်တဲ့အခြေအနေလည်း ပေးရမယ်။ ဖန်တီးပေးရမယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောတာပေါ့ နော်။ ငါးဖမ်းဖို့သင်ပေးပြီးတော့ ရေလုံးလုံးမရှိတဲ့ တောင်ထိပ်ပေါ်မှာ သွားပြီး တင်ထားလည်း အလကားပဲ။ အဲဒီတော့ ငါးဖမ်းနိုင်ဖို့ အခြေအနေကို ဖန်တီးပေးရမယ်ဆိုတာ ဘာနဲ့ဆက်နွယ်သွားလဲဆိုတော့ လူမှုရေး၊နိုင်ငံရေးအခြေအနေတွေနဲ့ဆက်နွယ် သွားတယ်။ လူမှုရေး၊ နိုင်ငံရေးနဲ့ပတ်သက်လို့ကျွန်မတို့ရဲ့ လူငယ် တော်တော်များများက လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားတယ်ဆိုတာသိရတယ်။ လူမှုရေးလုပ်ငန်းတွေကိုစိတ်ဝင်စားတဲ့အခြေခံအကြောင်းကတော့ နှစ်မျိုးရှိတယ်လို့ ကျွန်မမြင်မိတယ်။တစ်ခုကတော့ လိုအပ်နေ လို့။ ကိုယ့်ကိုယ်ကိုယ်ပဲ ကူရတော့မယ်။ ကိုယ့်ဘာသာကိုယ်လုပ်မှဖြစ်တော့ မယ်ဆိုတဲ့အသိစိတ်ဓာတ်နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ၀င်ပါတာပဲလို့ ကျွန်မမြင်တယ်။ ဒုတိယကိစ္စကတော့နိုင်ငံရေးလုပ်ရင် ထောင်ထဲ ရောက်မယ်၊ လူမှုရေးလုပ်ရင်တော့သိပ်မဆိုးဘူးဆိုပြီး အဲဒီအမြင်လေးနဲ့ လူမှုရေးလုပ်တဲ့အပိုင်းလည်းရှိတယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ နိုင်ငံရေးလုပ်တဲ့အခါမှာလေထောင်ကျချင်လို့ လုပ်တာ မဟုတ်ဘူး။ အထိန်းသိမ်းခံချင်လို့ လုပ်တာမဟုတ်ဘူး။

မလုပ်သင့်၊ လုပ်သင့်ဆိုတာခွဲခြားပြီးတော့ လုပ်သင့် လို့ လုပ်တဲ့အခါမှာကျရင်လည်း မရှောင်နိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဘယ်သူကမှတော့ ထောင်လည်းမကျချင်ဘူး၊ အထိန်းသိမ်းလည်းမခံချင်ဘူး။ ကျွန်မတို့က ထောင်မကျမှ ကိစ္စတခုကို လုပ်မယ်ဆိုပြီး တော့ အဲလိုစိတ်ဆုံးဖြတ်ထားလို့တော့ မရဘူးလို့ထင်တယ်။ စောစောကဆိုလို့ရှိရင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကိုမတရားအသင်း ကြေညာလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့မေးခွန်းတခုမေးပါတယ်။ ဖမ်းလား၊ ဆီးလား၊ အဖွဲ့ချုပ်ဝင်တွေအမျိုးမျိုးအနှောင့်အယှက်ပေးလား လုပ်လာရင် ဘယ်လိုလုပ်မလဲ မေးပါတယ်။ဥပဒေအရ ကျွန်မတို့ရဲ့ မတရားအသင်းရယ်လို့ ကြေညာလို့မရပါဘူး။မှတ်ပုံတင်မပေးတာ သက်သက်ပဲ။ မှတ်ပုံမတင်ထားတဲ့အသင်းလို့ ပြောရင်တော့ ရနိုင်တယ်။ မတရားအသင်းကြေညာခံရ အောင်လို့ ကျွန်မတို့ က ဘယ်ဥပဒေကိုမှမဖောက်ခဲ့ပါဘူး။ ဖမ်းလား၊ ဆီးလားဆိုတာကတော့ တရားဝင် အသင်းအနေနဲ့တောင်ဖမ်းဆီးခံနေရတာပဲ။ သိပ်တော့လည်း ထူးမှာမဟုတ်ပါဘူးလို့ ကျွန်မပြောချင်တယ်။ ကျွန်မတို့လည်း တော်တော်တော့ အတွေ့အကြုံရနေပါပြီ။ ဒါပေမဲ့လည်း အဖမ်းအဆီးမခံချင်ပါဘူး။ အလုပ်မဖြစ်လို့။ 

Thursday, December 30, 2010

0 ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။


အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။

ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။

ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။

ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။

မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ် ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဘာသာပြန်သော ဓမ္မဂင်္ဂါ အားကျေးဇူးတင်ရှိပါသည်။
မူရင်းစာမျက်နှာ

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ယခုလထုတ်ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းမျက်နှာဖုံးမှာဖော်ပြ



အပြစ်မဲ့တဲ့ ပြည်သူတွေကို ထိခိုက်မယ့် ကိစ္စကို အလေးဂရုထားပါတယ်။ ကျွန်မတို့အားလုံးအတွက် အကျိုးရှိမယ်ဆိုရင် စိးပွားရေးပိတ်ဆို့မှုကို ကျွန်မအနေနဲ့ ပြန်စဉ်းစားဖို့ အဆင်သင့်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က TIME သတင်းထောက်နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။သူမအနေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးချင်ပေမဲ့လည်း၊ လှစ်လျှုရှု.ခံရဆဲပါ။ ကျွန်မသူတို့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စနေနေ့တိုင်း လက်ဖက်ရည်ဝိုင်းမှာ မိတ်ဖြစ်ဆွေဖြစ် စကားတွေပြောချင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။
ကျမ အကျယ်ချုပ်ကျနေစဉ်က နေ့စဉ် ၅နာရီ၊ ၆နာရီ ရေဒီယိုနားထောင်ဖြစ်တယ်။ သတင်းတွေကို ပြောပြမဲ့သူမရှိတော့ ဂရုတစိုက်နားထောင်ဖြစ်ခဲ့ပါတယ် လို့လည်းပြောကြားခဲ့ပါတယ်။
ွှ့
29.12.2010, TIME သတင်းမှ ကောက်နုတ်ချက်

0 Aung San Suu Kyi: Burma's First Lady of Freedom



Renowned photographer Platon talks about evading the Burmese secret police to make a portrait of Aung San Suu Kyi

Read more: http://www.time.com/time/video/player/0,32068,731023907001_2040082,00.html#ixzz19YxhNDqj

0 ရွေးကောက်ပွဲနှင့်တိုင်းရင်းသားလူမျိုးစုများအရေး(ရုပ်/သံ)

Tuesday, December 28, 2010

0 မာဆက်ဖမ်းခြင်းမဟုတ်၊ ဓါးပြတိုက်ခြင်းလော ..


အောင်င်္ဂလာအဝေးပြေးဝင်းအတွင်းတွင် မာဆက်များအား ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာတွင် မာဆက်နှင့်ဆက်နွယ်ပတ်သက်သည့် ပစ္စည်းများအပြင် ၀န်ထမ်းကောင်မလေးများ၏ စုဆောင်းထားသည့် ငွေကြေးများ၊ အ၀တ်အစားများ၊ MP4များကို ၀န်းထမ်းမိန်းကလေးများ၏ သေတ္တာများတွင် ခတ်ထားသည့်သော့များကို ရိုတ်ဖျက်ကာ ယူဆောင်သွားကြပါသည်။

ထိုလုပ်ရပ်သည် တာဝန်အရဖမ်းဆီးသိမ်းဆီးခြင်းမဟုတ်ပဲ ရှာဖွေပုံစံတွင် ထိုပစ္စည်းများကို ထည့်သွင်း ဖေါ်ပြထားခြင်းမရှိပဲသိမ်းယူခဲ့ကြောင်း၊ ထိုလုပ်ရပ်မျိုးများသည် ထိုဖြစ်စဉ်တစ်ခုထဲသာမဟုတ်ပဲ အများအပြားရှိခဲ့ဘူးကြောင်း၊ အောင်မင်္ဂလာဝင်း အတွင်းနှင့်အပြင်ဖက်များတွင် မာဆက်များဖမ်းဆီးခံရသောပိုင်ရှင်များ၊ ၀န်ထမ်းများမှ ပြောပြချက်များအရသိရှိခဲ့ရပါသည်။

အောင်မင်္ဂလာဝင်းအတွင်း ဖမ်းဆီးသည့် ၂၁-၁၂-၂၀၁၀ရက်နေ့တွင် အရှေ့ပိုင်းရဲတပ်ဖွဲ့မှခရိုင်မှူးကိုယ်တိုင် ဦးစီးဖမ်းခဲ့ကြောင်း၊ ထိုသို့ခရိုင်မှူး ကိုယ်တိုင်ပါဝင်တာတောင် ဒီလောက်ဖြစ်တာ၊ ခရိုင်မှူးများမပါရင် ဘာတွေများ ခိုးယူဓါးပြတိုက်သွားမည်မသိကြောင်း၊ ဖမ်းခံရသူများနှင့် ပတ်သတ်သည့်သူများက ပြောကြားကြောင်း သတင်းရရှိပါသည်။

မတရားမှုများကို ရွံမုန်းသူ....

(ပြည်တွင်းမှ ပေးပို့ချက်.....)

San Maung facebookမှ

0 ယနေ့ မြန်မာစာပေလောကတွင် ကြုံတွေ့နေရသော ပြဿနာများ

အဓိကအားဖြင့် မြန်မာစာပေလောကမှာကြုံနေရတဲ့ ပြဿနာတွေဟာ စာပေစိစစ်ရေးကြောင့်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မြန်မာစာပေလောကသားတစ်ယောက်ပါ။ ဒါကြောင့်မြန်မာစာပေနယ်မှာ စာပေစိစစ်ရေးဟာ
ဘယ်လောက်ဆိုးရွား ဒုက္ခပေးလှတယ်ဆိုတာကို အချက်အလက်တွေရှာဖွေပေးပို့လိုက်ပါတယ်။
ဖြစ်နိုင်ရင် BBC အနေနဲ့ တစ်ပြည်လုံးသိအောင် ဖြန့်ချိပေးပါခင်ဗျား

၁။ စာပေစိစစ်ရေးတွင် တိကျသော မူဝါဒမရှိပါ။
စာပေစိစစ်ရေးဟာ မြန်မာစာပေအညွန့်တုံးဖို့သက်သက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
သူတို့ရဲ့ စည်းကမ်းတွေဆိုပြီး စာအုပ်စိမ်းလေးတစ်အုပ်နဲ့ စည်းကမ်းချက်၁၀၀လောက်ထုတ်ထားပါတယ်။
ဒါပေမယ့် တိကျရေရာတဲ့၊ ဥပဒေသဘောသက်ဝင်တဲ့ အချက်တစ်ချက်မှ မပါပါ။
အကုန်ယေဘုယျသဘော လျှောက်ရေးထားတာချည်းပါပဲ။
ဥပမာအားဖြင့် ... မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော စာပေများရေးသားခွင့်မပြု ဆိုတာမျိုး
လူငယ်များအတုယူမှားစေနိုင်သောစာပေများမရေးသားရ ဆိုတာမျိုးတွေ
ချည်းပါ။ အဲဒီလို အချက်တွေက အဓိပ္ပါယ်ကောက်ရတော်တော်ခက်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သောဆိုတာ ဘာကို ခေါ်တာလဲ။ လုံချည်မ၀တ်တာ ဘောင်းဘီဝတ်တာ ကို ဆိုလိုတာလား။
ဒါဆို တပ်မတော်နေ့အခမ်းအနားဟာ ပိတ်ပင်သင့်တဲ့အခန်းအနားတစ်ခုဖြစ်တယ်။
အားလုံးဘောင်းဘီဝတ်ကြလို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘယ်သူမှ မညီတာကြောင့်ပါ။
တကယ်တော့ စည်းမျဉ်းတစ်ခုဆိုတာ ဒီလိုယောင်ဝါးဝါးချလို့ရတာမှမဟုတ်ဘဲ။ တိတိကျကျအဓိပ္ပါယ်သတ်မှတ်ချက်ရှိရမယ်။
ဒါမှ လိုက်နာဖို့ ဥပဒေဖြစ်မယ်လေ။

၂။ စာပေစိစစ်ရေးဝန်ထမ်းများမှာ အရည်အချင်းမပြည့်မီပါ။
အထူးသဖြင့် စာပေကို နားလည်နိုင်တဲ့ဥာဏ်ရည်မရှိတာပါပဲ။
ညွှန်မှုးကစလို့ အဆင့်ဆင့်ဝန်ထမ်းအားလုံးဟာ အကြောက်တရားနဲ့သာ လည်ပတ်နေကြတာဖြစ်တယ်။
ဒီစာလေးလွှတ်လိုက်ရင် ငါ့ကို အထက်လူကြီးကများဆူလေမလား အပြစ်ပြောလေမလား။
အလုပ်ဖြုတ်လေမလားဆိုတဲ့စိတ်နဲ့ လုပ်ကိုင်နေရတာကြောင့် မလိုလားအပ်ပဲ စာပေများစွာ ဖြတ်တောက်ခြင်းခံနေပါတယ်။
ဒါဟာလည်း အထက်အချက်၁မှာပြောထားသလို အဓိပ္ပါယ်တိကျတဲ့ဥပဒေမရှိတာကြောင့်ဖြစ်ပါတယ်။
သူတို့လုပ်ပုံက အထက်လူကြီးတစ်ယောက်ယောက်လာရင် သြ၀ါဒတွေခြွေသွားတယ်။
အဲဒါကို စာအုပ်လေးနဲ့လိုက်မှတ်ပြီး အဲဒီလူကြီးပြောသွားတာတွေဟာ ဥပဒေတွေဖြစ်နေရောပဲ။
ဥပဒေကို ဒီလိုပြဌာန်းလို့ရသလား။ အဖွဲ့အစည်းနဲ့စနစ်တကျ တည်ဆောက်ပြဌာန်းရမှာမဟုတ်ဘူးလား။
ပြီးတော့ စိစစ်ရေးရဲ့ ဌာနတွင်းအစည်းအဝေးတွေဟာလည်း အဆင်ဆင့် ဆူပူကြိမ်းမောင်းတဲ့ပွဲတစ်ပွဲသာဖြစ်နေပါတယ်။
အပတ်စဉ်အစည်းအဝေးရှိပါတယ်။ များသောအားဖြင့် ဗိုလ်မှုတင့်ဆွေဆိုတဲ့လူက သူ့ထက်အသက်ကြီး ၀ါကြီးတဲ့ ၀န်ထမ်းတွေကို
၂ပြားမတန်အောင် ဆဲနေတဲ့ပွဲတွေချည်းပါပဲ။ဒီတော့ စိစစ်ရေးဝန်ထမ်းအားလုံးဟာ အပတ်စဉ်မှာ အဆဲမခံရရေးသည်သာ ဦးစားပေးလုပ်ဆောင်တဲ့အရာဖြစ်နေပါတယ်။


၃။ စာပေစိစစ်ရေးတွင် အကြီးအကျယ်လာဘ်စားနေကြသည်။
ရုတ်တရက်ကြည့်ရင် ဘာစားပေါက်မှ မရှိဘူးထင်ရတဲ့ စိစစ်ရေးညွှန်မှုးဗိုလ်မှုးတင့်ဆွေဟာ
သိန်းထောင်ကျော်တန် ကွန်ဒိုတိုက်ခန်းကြီး ၀ယ်ထားပါပြီ။
လာဘ်ပေးသူတွေကို မျက်နှာလိုက်ပြီး လာဘ်မပေးနိုင်သူတွေကို ဖိနှိပ်တာ စာပေစိစစ်ရေးရဲ့ ထုံးစံလိုဖြစ်နေပါတယ်။
စာအုပ်တစ်အုပ်ပဲတင်တင် စာနယ်ဇင်းပဲတင်တင် ရုံးအတွက်လက်ဆောင်ဆိုပြီးသပ်သပ်ပေးရပါတယ်။
အနည်းဆုံး ဂျာနယ်ဆို ၃၀ ၄၀ ။ စာအုပ်ဆို ၅၀ ၆၀ ပေး၇တာပါ။ အဲဒါတွေကို ထုတ်ဝေသူတွေက မဖြန့်ရသေးခင် သူတို့က
အပြင်မှာ ရောင်းစားပါတယ်။
စာနယ်ဇင်းတွေထဲမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်အုပ်စု၊ စာပေတိုက်တွေထဲမှာ အောင်မြင်စာပေတို့ဟာ
စိစစ်ရေးကို လာဘ်အကြီးအကျယ်ပေးနေသူတွေဖြစ်ကြပါတယ်။
ဒါကြောင့် မြတ်ခိုင်တို့ဂျာနယ်တွေဟာ တခြားသူတွေထက် အခွင့်အရေးအများကြီးပိုရတယ်။
တခြားမှာ ဖြုတ်တဲ့သတင်းကို သူတို့ဆီထည့်ခွင့်ရတယ်။
တချို့မျက်နှာမွဲဂျာနယ်လေးတွေဆို အရေးကြီးတဲ့သတင်းတွေကို နောက်ဆက်တွဲတင်ချိန်မှ ထည့်ရဲတယ်လို့ သိရပါတယ်။
ဂျာနယ်တွေအတွက် ထွက်ခါနီးမှ ကပ်ရတဲ့အရေးကြီးသတင်းတွေကို နောက်ဆက်တွဲဆိုပြီး တင်လို့ရပါတယ်။
တကယ်လို့ သတင်းတစ်ခုဟာ ကိုယ့်ဂျာနယ်အတွက် လှုပ်လောက်တဲ့သတင်းဖြစ်နေမယ်ဆိုရင် ကြိုတင်ထားလို့ကတော့
စာပေစိစစ်ရေးက စာရေးမတွေက မြတ်ခိုင်ကို ဖုန်းနဲ့ သတင်းပေးပါတယ်။
မြတ်ခိုင်က စိစစ်ရေးကို ပိုက်ဆံပေးထားပြီး တခြားဂျာနယ်တွေရဲ့ သတင်းဦးကို အဲဒီလိုခိုးပါတယ်။
အောင်မြင်စာပေကျတော့ စာရေးဆရာအစစ်မယ်မယ်ရရမရှိပဲ စာရေးချင်သူတွေဆ်ီက စာမူတွေကို
၃သောင်း၎သောင်းလောက်နဲ့ဝယ်ပြီး ကလောင်နာမည်အမျိုးမျိုးတပ်ရောင်းစားပါတယ်။
သူတို့ထုတ်သမျှကလည်း ညစ်ညမ်းစာပေ အဆိပ်အတောက်စာပေတွေချည်းများပါတယ်။
အဲဒီစာမူမျိုးတွေ တခြားတိုက်ကတင်ရင် မကျပေမယ့် သူတို့တိုက်ကတော့ လာဘ်ပေးထားတာကြောင့် ဆင်ဆာခွင့်ပြုပါတယ်။


၎။ စာပေစိစစ်ရေးသည် အကြွင်းမဲ့အာဏာရှင်ပုံစံဖြင့် တည်ဆောက်ထားသည်။
လူဆိုးသူခိုးပဲဖြစ်ဖြစ် မုဒိန်းမှု လူသတ်မှုပဲဖြစ်ဖြစ် အယူခံဝင်လို့ရပါတယ်။
စာမူတစ်ခု စာအုပ်တစ်အုပ်ကို ပိတ်ပင်ရင်တော့ လုံးဝအယူခံဝင်ခွင့်မရှိပါ။
စာရေးဆရာတွေဆို အပိတ်ပင်ခံရတဲ့ သူတို့စာမူကို ပြန်ထုတ်ယူခွင့်တောင်မရတော့ပါ။
သိမ်းတယ်ဆိုပြီး အပြီးအပိုင်ပိတ်လိုက်ပါတယ်။
ဘာကြောင့်ပိတ်သလဲ အကြောင်းပြချက်မပေးပါ။ ပေးရင်လဲ အချက်၁ မှာဖော်ပြထားသလို ယောင်ဝါးဝါး
အကြောင်းပြချက်တွေချည်းပါပဲ။
တကယ်လို့ စာရေးဆရာတစ်ယောက်ဟာ ကိုယ့်စာမူအပိတ်ခံရလို့ ညွှန်မှုးကို ၀င်တွေ့ချင်ရင်လည်း အတွေ့မခံပါ။
ညွှန်မှုးရုံးခန်းရှေ့က စာရေးကတင် အတော်ရိုင်းရိုင်းပျပျဆက်ဆံတာခံရပါတယ်။
ညွှန်မှုးရှိလျက်နဲ့ မရှိဘူးပြောတာမျိုး။ ခင်ဗျားတို့လို ကိစ္စအသေးအဖွဲအတွက် ညွှန်မှုးခေါင်းရှုပ်မခံနိုင်ဘူး စတဲ့စကားတွေနဲ့
မိုက်မိုက်ရိုင်းရိုင်းပြောလွှတ်ပါတယ်။
ညွှန်မှုးရုံးခန်းဟာ တံခါး၂ပေါက်ရှိပါတယ်။ ညွှန်မှုးဝင်တဲ့အပေါက်က တစ်ဘက်။ စာပေလောကသားတွေဝင်ဖို့ မလွယ်ပေါက်
လေးက တစ်ဘက်ပါ။ အဲဒီမလွယ်ပေါက်လေးက ၀င်ခွင့်ရဖို့တောင် ညွှန်မှုးကို လာဘ်ထိုးနေကြသူတွေသာ ၀င်နိုင်ပြီး
အပေါက်စောင့်စာရေးကို လာဘ်ပေးပြီးမှ ဖြတ်သန်းရတာ ဖြစ်ပါတယ်။


၅။ စာပေစိစစ်ရေးသည် စာပေဆိုင်ရာ စီးပွားရေးလုပ်ငန်းအား စစ်အာဏာရှင်တစ်စုသာ လုပ်နိုင်အောင် ကန့်သတ်ထားသည်။
အခု ထုတ်နေတဲ့ ဂျာနယ်တွေကို ကြည့်ပါ။ အများစုက စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းပါပဲ။
7Days အုပ်စုက သောင်းစုငြိမ်းဆိုတဲ့ ၀န်ကြီးသား။
Eleven Media Group က စိုးရှိန်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးတူ ရှယ်ယာပါတယ်။
ရန်ကုန်မီဒီယာဂရုပ်က ကိုကို(စက်မှု) ဆိုတဲ့ ဖော်လံဖား။
ပြည်မြန်မာအုပ်စုက ကြံဖွံအမတ် ဒေါက်တာတင်ထွန်းဦး။
ပေါ်ပြူလာအုပ်စုက ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ သားသမီးတွေ။
လျှပ်တပြက်အုပ်စုကတော့ သစ္စာဖောက်မြတ်ခိုင်။
... အစရှိသဖြင့် အားလုံးဟာ စစ်အာဏာရှင်တွေနဲ့ မကင်းတဲ့လူတွေချည်းဖြစ်ပါတယ်။
အဲဒီလိုလူတွေကိုတော့ တစ်ဦးတစ်ဦးကို ဂျာနယ် ၅စောင် ၆စောင်စီလောက် လုပ်ခွင့်ပေးထားပြီး
စာပေသမားစစ်စစ်တွေအတွက်ကတော့ ဂျာနယ်ထုတ်ဝေခွင့်ကတ်ဝယ်ထုတ်ကြရပါတယ်။
သတင်းဂျာနယ်အတွက် ထုတ်ဝေခွင့်ကတ်က အပြင်ပေါက်ဈေး သိန်း၅၀အထက်မှာရှိပြီး
တခြားအမျိုးအစားဂျာနယ်တွေအတွက်ကတော့ သိန်း၃၀၀န်းကျင်မှာရှိပါတယ်။
ဒါတောင် နောက်ခံစစ်အာဏာရှင်အဆက်အသွယ်မရှိပဲထုတ်ရင် ခဏခဏအပိတ်ခံရတာမျိုး
အဖြတ်အတောက် သူများထက်ပိုခံရတာမျိုးနဲ့ အမျိုးမျိုးဒုက္ခပေးပါတယ်။


၆။ စာကောင်းပေမွန်များ အထွက်နည်းရေးသည် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်ဖြစ်သည်။
တော်ရုံတန်ရုံလူဟာ စာအုပ်ထုတ်ဖို့ဆိုရင် စာပေစိစစ်ရေးကိုကြောက်တာနဲ့ စိတ်ပျက်သွားလောက်ပါတယ်။
စာအုပ်တစ်အုပ်ကို သုံးကြိမ်တိတိအပြန်ပြန်အလှန်လှန်တင်ပြပြီးမှ ခွင့်ပြုချက်ပေးပါတယ်။
ပထမအဆင့် - စာမူတင်ပြရတာပါ။ စာမူသုံးစုံ တင်ပြရပါတယ်။
အဲဒီစာမူသုံးစုံကို စာစစ်မှုးလို့ခေါ်တဲ့စာရေးကနေ ဌာနခွဲမှုး၊ ဌာနမှုး၊ လက်ထောက်ညွှန်မှုး၊ ဒုညွှန်မှုး။ ညွှန်မှုးစသဖြင့်
အဆင်ဆင့်ဖတ်ပြီး အကြိမ်ကြိမ်ဖြတ်တောက်ပြင်ဆင်မှုပြုပါတယ်။
အဆင့်တစ်ဆင့်တစ်ဆင့်(လူတစ်ယောက်တစ်ယောက်ဆီ)မှာ အချိန်၃လစီကြာခွင့်ရှိပါတယ်။
ဒီအဆင့်မှာတင် ခွင့်ပြုချက်မရတော့တာက တစ်လကို အုပ်၄၀၀ခန့်ရှိပါတယ်။
ဒုတိယအဆင့် - မျက်နှာဖုံးတင်ပြရပါတယ်။
ဒီအခါမှာလည်း ခုနကလိုပဲ အဆင့်ဆင့် ဖြတ်တောက်ပြင်ဆင်ကြသေးတာပါ။
ဒီလိုမျက်နှာဖုံးတင်ချိန်မှာ မျက်နှာဖုံးကို မကြိုက်ရင် အကြိမ်ကြိမ်ပြောင်းလဲခိုင်းသလို
ဒီအချိန်ကျမှ စာပေစိစစ်ရေးမှာ မူဝါဒအပြောင်းအလဲဖြစ်တာကြောင့် ပထမအဆင့်ခွင်ပြုထားပြီးသား
စာမူကိုပါ ပြန်ပိတ်လိုက်တာမျိုးလည်းရှိပါတယ်။
မူဝါဒအပြောင်းအလဲဆိုတာကလဲ တစ်လတစ်ကြိမ်လောက်ဖြစ်နေတာမျိုးပါ။
အပတ်စဉ်အစည်အဝေးမှာ အထက်လူကြီးရဲ့ နှုတ်ထွက်စကားတစ်ခွန်းဟာ ဥပဒေပါပဲ။
ဒီလိုအဆင့်ကျမှ ပြန်အပိတ်ခံရတဲ့ စာမူပေါင်းက ပျမ်းမျှ တစ်လကို အုပ်၁၀၀ခန့်ရှိပါတယ်။
နောက်ဆုံးအဆင့်ကတော့ - ချုပ်လုပ်ပြီး ဖြန့်ချီရန်စာအုပ်တင်ပြရတာပါ။
ဒါကို မူချောတင်တယ် ခေါ်ပါတယ်။ ဒီအချိန်မှာလည်း အခန့်မသင့်ရင် ပြန်ပိတ်တာမျိုးရှိနိုင်ပါတယ်။
ဒါမှမဟုတ် စာမူဘ၀မှာသူတို့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ထဲက တစ်လုံးတစ်လေများမှားယွင်းရိုက်မိရင်
တစ်ခါတည်း စာအုပ်အားလုံးပြန်ရိုက်ခိုင်းပါတယ်။
ဒီလိုအဆင့်ဆင့်စော စိတ်ဒုက္ခငရဲတွေကို ဖြတ်သန်းပြီးလို့မှ စာအုပ်စာတမ်းအဖြစ်ထုတ်ဝေလိုက်ပြီဆိုပါစို့။
သူတို့ဂရုမပြုမိလိုက်တဲ့ အရေးအသားတစ်ခုတစ်လေကိုများ ကောင်းနိုးရာရာတင်ပြတဲ့သဘောနဲ့
နိုင်ငံရပ်ခြားအသံလွှင့်ဌာနတွေက တင်ပြလိုက်တာမျိုးဖြစ်စေ။
ပြည်သူတွေကြား ပျံ့နှံ့သွားတာမျိုးဖြစ်စေ ...
သူတို့မကြိုက်တာမျိုးဖြစ်လာရင်တော့ အဲဒီစာရေးဆရာကို တစ်ခါတည်း Black List သွင်းလိုက်တော့တာပါပဲ။
နောက်နောင် သူရေးသမျှ လိုက်ပိတ်တော့တာပေါ့။
ဒါကြောင့် စာပေစိစစ်ရေး၏ အဓိက ဦးတည်ချက်သည် စာကောင်းပေမွန်များ အထွက်နည်းရေးဖြစ်သည်လို့
ပြောတာဖြစ်ပါတယ်။

ပေးပို့သော သခင်ကိုယ်တော်မှိုင်းအားကျေးဇူးတင်ရှိပါသည်။

0 မြန်မာနိုင်ငံ ဒီမိုကရေစီအစစ်ရရှိအောင် ဘယ်လိုလုပ်ကြမလဲ?

စစ်အာဏာရှင်အစိုးရက ၂၀၁၀ရွေးကောက်ပွဲလုပ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီရသွားပြီလိုလို အသံကောင်းဟစ်နေကြပါတယ်။
ဒါပေမယ့် အဲဒီ ဒီမိုကရေစီကို သူတို့က 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' ဆိုပြီး နာမည်တပ်တယ်။
ဒီမိုကရေစီဆိုတာဟာ ပြည်သူ့စိတ်ကြိုက်အုပ်ချုပ်တာဖြစ်ပါတယ်။ ဒီနိုင်ငံမှာနေတဲ့ လူအများစုကြီးအလိုကျအုပ်ချုပ်တာကို ဒီမိုကရေစီခေါ်တာပါ။
ဒီတော့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီပါပဲ။ စည်းကမ်းပြည့်ဝသောတွေ စည်းကမ်းမပြည့်ဝသောတွေ ဘာမှမရှိဘူး။
ဒီလိုပါပဲ သန်းရွှေစိတ်ကြိုက်ဒီမိုကရေစီ။ ကြိုင်ကြိုင်စိတ်ကြိုက် ဒီမိုကရေစီ။ စစ်တပ်ခေါင်းပုံဖြတ်ဒီမိုကရေစီ ... စသဖြင့် ဘာမှမရှိဘူး။
တကယ်တော့ အခုမြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီအတုသာလျှင်ဖြစ်တယ်။
ဂျပန့်ခေတ်က မြန်မာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သလိုပေါ့။ အခုက သေနတ်မိုးတဲ့ ဒီမိုကရေစီ။
ဘာကြောင့် ဒီလိုပြောရသလဲ။ ရှင်းပါ့မယ်။
အခုသူတို့ ပြဌာန်းတဲ့ အခြေခံဥပဒေမှာကိုက စစ်တပ်ကိုယ်စားလှယ် ဘယ်ရွှေ့ဘယ်မျှပါရမယ်ဆိုပြီး အတင်းအကြပ်ထည့်သွင်းထားတယ်။
ဒီကတည်းကိုက ဒီမိုကရေစီမဟုတ်တော့ဘူး။
မြန်မာပြည်မှာ ဘာဥပဒေကိုချမှတ်မှတ် လူနည်းစုဖြစ်တဲ့ စစ်အာဏာရှင်အကြီးအကဲတစ်စုသဘောတူညီချက်ရမှ လုပ်လို့ရမယ်ဆိုကတည်းကဒီမိုကရေစီမဟုတ်တော့ဘူး။

တကယ်တော့ စစ်တပ်ဆိုတာလည်းပြည်သူပဲ မဟုတ်ဘူးလား။ ဘာကြောင့် စစ်တပ်နဲ့ ပြည်သူကို ကတ္တားခြားနေသလဲ။
ရွေးကောက်ပွဲမှာ သူတို့ စစ်တပ်ကိုယ်စားလှယ်တွေ ၀င်ပြိုင်လို့ရတာပဲ။ နိုင်ရင် လွှတ်တော်ထဲရောက်မှာပေါ့။
(တကယ်လည်း ၀င်ပြိုင်ခဲ့ပြီး မဲခိုးလို့ လွှတ်တော်ထဲရောက်သွားပါပြီ။ လာမယ့်လွှတ်တော်ဟာ
စစ်အာဏာရှင်တွေချည်းယိမ်းကမယ့် လွှတ်တော်ဖြစ်မှာပါ)
ခုလို ရာခိုင်နှုန်းဘယ်လောက်ပါရမယ်ဆိုပြီ်း အခြေခံဥပဒေမှာပြဌာန်းတာကတော့ အရမ်းလွဲနေပြီ။
သူတို့လုပ်ပုံက ဒီမိုကရေစီနာမည်တပ်ပြီး သူတို့စိတ်ကြိုက်လုပ်နေတာ။
ဟစ်တလာလုပ်ခဲ့တဲ့ပုံစံတွေနဲ့ တော်တော်တူနေတယ်။
ဒီတော့ သူတို့လုပ်နေတဲ့ ဒီမိုကရေစီအတုကို အစစ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အင်အားစု ၅စုခွဲချင်ပါတယ်။
(က) ပြည်တွင်းပြည်သူများ
(ခ) ပြည်ပရောက်ပြည်သူများ
(ဂ) လက်နက်ကိုင်အင်အားစုများ
(ဃ) ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများ
(င) ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများ
အဲဒီအင်အားစု ၅စုကတစ်ဘက် စစ်အာဏာရှင်တွေက တစ်ဘက်ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဆိုရာမှာ ထိပ်ပိုင်းဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ကြီးတွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။
အောက်ပိုင်း တပ်မတော်သားတွေက ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်လာတာမျိုးရှိလာနိုင်ပါတယ်။
ဒီအကြောင်း နောက်ပိုင်းမှာ ဆက်ဆွေးနွေးပါမယ်။

ဒီအင်အားစု ၅စုမှာ အင်အားအများဆုံးက နံပါတ် (က) ပြည်တွင်းပြည်သူများ ဖြစ်ပါတယ်။ အဖိနှိပ်ခံရဆုံးလူတွေလည်းဖြစ်တယ်။
ဒီအင်အားစု နံပါတ် (က) အနေနဲ့ ဘာလုပ်ရမလဲ?
ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီအင်အားစုဟာ စစ်အာဏာရှင်တွေရဲ့ သေနတ်မိုးအုပ်ချုပ်မှုအောက်မှာရှိနေရတာပါပဲ။ဒီတော့ လှုပ်ရှားရာမှာ အရေးကြီးဆုံးက သတိဖြစ်ပါတယ်။ ပြီးတော့ တစ်လှမ်းချင်းသာ ရှေ့တိုးပြီးဆောင်ရွက်သင့်တယ်။

- ပထမဆုံး ဒီမိုကရေစီနဲ့ ညီတဲ့ အကျင့်ကိုပြင်ရမယ်။ ဘယ်သူမှ အသိအမှတ်မပြုသေးခင်မှာ ကိုယ့်လူ့အခွင့်အရေးကိုယ်အသိအမှတ်ပြုရမယ်။ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်။ စစ်တပ်ကမို့ ပိုအခွင့်အရေးရတာ။
အရပ်သားမို့ အနှိမ်ခံရတာ မဖြစ်ရဘူး။ ဥပမာ ကိုယ့်မြို့မှာကိုယ်နေပေမယ့် သူငယ်ချင်းအိမ်အလည်သွားအိပ်မိတာနဲ့ဧည့်စာရင်းတိုင်ရတာမျိုး။ ဒါဟာ အသေးအဖွဲလေးပေမယ့် လူ့အခွင့်အရေးမရှိတာကို ပြတယ်။ လွတ်လပ်တဲ့ပြည်သူတစ်ယောက် ပြည်တွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ ဒါ ဘာပြစ်မှုမှ လုပ်တာမဟုတ်ဘူး။
ဒီတော့ ဧည့်စာရင်းကိစ္စလေးက စကြရအောင်။ ဘယ်တော့မှ ဧည့်စာရင်းမတိုင်ကြပါနဲ့။
ဒီအတွက် ထောင်ချလို့မရဘူး။ ရုံးတင်ရင် အပြစ်မရှိကြောင်းငြင်းခုန်ရမယ်။ ဒါဟာ နမူနာတစ်ခုသာဖြစ်ပါတယ်။
ဒီလိုပဲ အခြေခံအသေးအဖွဲနေရာလေးတွေတိုင်းမှာ ကိုယ့် လူ့အခွင့်အရေးကိုယ် ရယူကြပါ။
အခြေခံအကျဆုံးမှတ်ထားဖို့ကတော့ မြန်မာနိုင်ငံသားတိုင်းမှာ အခွင့်အရေးတန်းတူရှိတယ်ဆိုတာပါပဲ။

- ဒုတိယအားဖြင့် အာဏာရှင်စိတ်ကို အခြေခံကစပြီး ဆန့်ကျင်ရမယ်။ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဟာ အာဏာရှင်စနစ်ဖြစ်တယ်။
ပြည်သူတွေမှာလည်း အာဏာရှင်စိတ် မထားနဲ့။ အခုက ရယကဥက္ကဌကစလို့ အာဏာလေး နည်းနည်းရလာတာနဲ့အာဏာပြချင်တယ်။ ကျန်သူတွေကလည်း သူ့ကိုကြောက်ကြတယ်။ ဒါကြောင့် အာဏာရှင်စနစ်မြန်မာပြည်မှာ အမြစ်တွယ်နေတာ။
အခုကစပြီးလုပ်ရမှာက ကိုယ်အာဏာနည်းနည်းလေးရလဲ အာဏာရှင်စိတ်မထားနဲ့။ ကိုယ်က အာဏာရှင်စိတ်ထားရင် ကိုယ့်ပြန်အာဏာပြမယ့်သူ ပေါ်လာမှာပဲ။ ဒီလိုနဲ့ အဆင့်ဆင့်ဖိနှိပ်မှုတွေ ဖြစ်လာမယ်။
အာဏာမရှိတဲ့ ကျန်သူတွေကလည်း အာဏာရှိသူကို လုံးဝကြောက်ဖို့မလိုဘူး။ သူ့တာဝန်ရှိမှုကိုသာ အသိအမှတ်ပြုရမယ်။

- တတိယအားဖြင့် စည်းကမ်းရှိဖို့လိုတယ်။ ပြောရရင် နိုင်ငံကြီးသားစိတ်ပေါ့။ ဒီစကားလုံးကို အစိုးရက ထပ်တလဲလဲ သုံးနေလို့ မသုံးချင်တာ။
လူတစ်ယောက် လူ့အခွင့်အရေးရဖို့ဆိုတာ သူကိုယ်တိုင်က လူပီသအောင်နေတတ်ဖို့လဲ လိုတယ်။ အဆင့်အတန်းရှိရှိ နိုင်ငံကြီးသားပီပီသသမနေတတ်ရင် မတရားအနိုင်ကျင့်အုပ်စိုးသူနဲ့ တွေ့ရမှာပဲ။
အခုက ကျွန်တော်တို့ မြန်မာတွေမှာ ကိုယ့်တာဝန်ကိုယ်ယူတဲ့စိတ်။ကိုယ့်သိက္ခာကိုယ်စောင့်တဲ့စိတ်အားနည်းနေသေးတယ်။
ဥပမာ ဖြူနီကြားလို ကားမရပ်သင့်တဲ့နေရာမှာလဲ ရပ်တာပဲ။ ဒါက ရှေ့မှာပြောတဲ့ အာဏာရှင်က ချမှတ်ထားတာကိုဆန့်ကျင်တာမဟုတ်တော့ဘူး။ လူ့သိက္ခာကို တန်ဘိုးမထားတော့တာ။ များသောအားဖြင့် ဖြူနီကြားနေရာတွေဟာကားရပ်ရင် ယာဉ်တိုက်မှုဖြစ်စေနိုင်တယ်။ ဒါကြောင့်မရပ်သင့်တာ။
ကျွန်တော်တို့ဟာ တရားလွတ်အာဏာပြတာကိုသာ ဆန့်ကျင်ရမှာဖြစ်တယ်။ ဒီလို ဆန့်ကျင်ရာမှာလည်း ငါဟာလူ့သားဂုဏ်သိက္ခာအပြည့်ရှိတယ်။ ငါ့လူသားဂုဏ်သိက္ခာကို ထိပါးလာသမျှ ဆန့်ကျင်မယ်။ ဒီလိုစိတ်မျိုးထားပြီး ဆန့်ကျင်ရမယ်။
အခုတော့ ကျွန်တော်တို့က နေရာတော်တော်များများမှာပဲ လစ်ရင်လစ်သလိုလုပ်မယ် ဆိုတာမျိုး တွေဖြစ်နေတယ်။ အဲဒါကို ပြောင်းရမယ်။

- စတုတ္ထအားဖြင့် ညီညွတ်ဖို့လိုတယ်။ အဓိကပြောချင်တာကတော့ အန်တီစုကို ညီညီညွတ်ညွတ်ဝန်းရံဖို့ပါပဲ။
တစ်ခါတစ်လေမှာ အန်တီလုပ်တာတွေ လိုကောင်းလိုတာ ရှိမယ်။ ဒါပေမဲ့ သူ့စေတနာကို ကျွန်တော်တို့ အဓိကထားရမှာ။
အရင်က ကိုမိုးသီးဇွန်တို့ဝေဖန်ဘူးတယ်။ ကြိုးမဲ့လေတံခွန်ဆိုတာမျိုးတွေ။ ကျွန်တော်တို့လဲ သူပြောတာနဲ့ သဘောတူချင်ချင်ပဲ။
ဒါပေမဲ့ ခုအချိန်က အချင်းချင်းဝေဖန်နေရမယ့်ကာလမဟုတ်ဘူး။ လူမညီရင် ဘာသွားလုပ်ကြမလဲ။
အန်တီက မဲမပေးနဲ့လို့ တစ်ခွန်းတည်းပြောရင် ဘယ်သူမှ မဲရုံနားတောင်မသီနဲ့။
သူလုပ်တာမှားနေရင် နောက်မှရှင်း။ နောက်မှ သူနားလည်အောင်ပြောပြ။ လောလောဆယ် သူ့နောက်မှာအားလုံးရှိမှဖြစ်မယ်။
အခု စစ်တပ်ဘာလို့ အာဏာရနေလဲ။ လူညီလို့။ အဆင့်ဆင့်အကြောက်တရားနဲ့ အုပ်ချုပ်ထားပေမယ့် အထက်ကအမိန့်ကို
အောက်ခြေထိလိုက်နာရတယ်။ သူတို့နဲ့ ယှဉ်ဖို့ ကျွန်တော်တို့လည်း ညီမှဖြစ်မယ်။
နောက်ပိုင်းနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ ပြည်သူကို တစ်ရပ်လုံးခြုံကြည့်ပြီးလုပ်ရတာ။
လူတစ်စု တစ်ဖွဲ့လောက်လေးနာတာကို ကြည့်နေလို့မရဘူး။ တစ်နိုင်ငံလုံးအတွက် လုပ်နေချိန်မှာ ကိုယ်နာလည်း အနာခံရမှာပဲ။
အခုကျွန်တော်ဆို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေပိတ်ထားတော့ အလုပ်လက်မဲ့ဖြစ်နေတာ။ တစ်ခါတစ်လေပြောရရင် စားဖို့တောင်မရှိဘူး။
ဒါပေမဲ့ ဒီလိုပဲ အနာခံရမှာပဲ။ တစ်တိုင်းပြည်လုံး သေနတ်ကျွန်ဘ၀ရောက်နေတာ ကိုယ်နာတာလောက်ကို စာဖွဲ့နေစရာမရှိပါဘူး။

- ပဉ္စမအားဖြင့် အာဏာရှင်တွေရဲ့ သတင်းအမှောင်ချမှုကို တိုက်ရအောင်။
လောလောဆယ်အင်တာနက်ကနေ အချင်းချင်းသတင်းဖလှယ်ဖြန့်ချိတာမျိုးက အကောင်းဆုံးပဲ။
ဒါပေမဲ့ မြန်မာပြည်မှာ အင်တာနက်သုံးနိုင်တာ လက်တစ်ဆုပ်စာလောက်ရှိတယ်။ ဒီထဲမှာမှ mail ထဲက ဖြန့်တာမျိုးလောက်ပဲ
အသုံးဝင်တယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ Site မှန်သမျှက ပိတ်ထားတော့ ပြည်တွင်းမှာ ကြည့်လို့မရဘူး။ ကျော်ကြည့်ရင်လဲ
Connection က မကောင်းတော့ မတက်ဘူး။
ဒီတော့ ရေဒီယိုက အကောင်းဆုံးပဲ။ မြန်မာနိုင်ငံသားတိုင်းကိုယ့်အိမ်မှာကိုယ် ပြည်ပအသံလွှင့်ဌာနက ရေဒီယိုအစီအစဉ်တွေကို
အကျယ်ကြီးဖွင့်ရအောင်။ ဒါဟာ အနည်းဆုံးတော့ ကိုယ့်ရပ်ကွက်ကို လှုံဆော်တာပဲ။
ဖြစ်နိုင်ရင် RFA ရဲ့ အစီအစဉ်တွေ ဒီ့ထက်တိုးချဲ့အောင်တိုက်တွန်းကြမယ်။
BBC နဲ့ VOA ကျတော့ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် အစဉ်အလာအရ မြန်မာပြည်ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွက်
သက်သက်မဟုတ်ဘဲ အသံလွှင့်ဌာနတစ်ခုပီသအောင် လုပ်နေရတဲ့အပိုင်းတွေတွေ့ရတယ်။
ကျွန်တော်တို့လိုချင်တာက မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖို့သက်သက် လုပ်ထားတဲ့
အသံလွှင့်ဌာနမျိုး ဖြစ်တယ်။

ဒါတွေဟာ ပထမအဆင့်လုပ်စရာတွေဖြစ်တယ်။ ကျန်တဲ့အဆင့်တွေက နောက်ပိုင်းမှာ ဆက်တင်ပြပေးထားပါတယ်။


အုပ်စု (ခ) ကတော့ ပြည်ပရောက်ပြည်သူတွေပေါ့။ ပြည်တွင်းကထက်စာရင်တော့ အဖိအနှိပ်လွတ်ပေမယ့် လူမျိုးခြားတွေကြားမှာ
ရုန်းကန်နေရတာပါပဲ။
ဒီလိုလူတွေကို အသိပေးချင်တာလေးကတော့ ငါမြန်မာဆိုတာ မမေ့ဖို့ပါပဲ။ ကိုယ့် ဆွေမျိုး ကိုယ့်လူမျိုးတွေရှိသေးတဲ့ နိုင်ငံကြီးသေနတ်ကျွန်ဘ၀မှာ စုတ်ပြတ်သတ် ဒုက္ခတွင်းထဲရောက်နေတာ မကြည့်ရက်ကြပါနဲ့။ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေအနေနဲ့ အမေရိကားမှာ နော်ဝေမှာ အင်္ဂလန်မှာ ခိုလှုံခွင့်ရသွားတာမျိုးတွေရှိပါတယ်။
တစ်ချို့လဲ ဒီလိုရဖို့သက်သက်ဟန်ပြလုပ်တဲ့ တစ်ချို့လည်းရှိပါတယ်။

ပြည်ပရောက်အင်အားစုတွေကို တင်ပြလိုတာကတော့ ...

(၁) ဆန္ဒပြပွဲတွေကို နေရာရွှေ့ရအောင်။
မြန်မာသံရုံးရှေ့ပြနေလို့ကတော့ ဘာမှ မထူးပါဘူး။ ဒီသံအမတ်တွေက ဘာမှလုပ်နိုင်တာမှ မဟုတ်တာပဲ။
တရုပ်သံရုံးရှေ့ ဆန္ဒပြရအောင်။ လက်ရှိ မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံပေးနေတာ တရုပ်ဖြစ်တယ်။
ဒီတော့ တရုပ်ကို ကမ္ဘာ့အလည်မှာ ရုပ်ဆိုးသွားအောင်လုပ်ရမယ်။ သူတို့ဇာတိရုပ်ကို ဖော်ရမယ်။
တရုပ်သံရုံးရှေ့ဆန္ဒပြရာမှာလဲ တိုက်ခိုက်ဆန့်ကျင်လိုတဲ့သဘောထက် သူတို့ကြောင့် မြန်မာပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေရလဲဆိုတာ သူတို့(တရုပ်) ကိုယ်တိုင်နဲ့ ကမ္ဘာကသိအောင်လုပ်ကြစို့။

(၂) ကုလသမဂ္ဂနဲ့ အရေးပါတဲ့အဖွဲ့တွေ အစည်းအဝေးတွေမှာ တက်ရောက်တင်ပြနိုင်ဖို့ ကြိုးစားကြပါ။
ဒီနေရာမှာလည်း တရုပ်အကြောင်းပဲ ဦးစားပေးပြောရမှာပဲ။ တရုပ်၊ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံတွေကြောင့် မြန်မာပြည်ဒီလိုဒုက္ခရောက်နေရကြောင်းဖော်ထုတ်ရမှာပေါ့။ မြန်မာအစိုးရအကြောင်း ကမ္ဘာ့အလည်မှာ ပြောနေလို့တော့အလကားပဲ။
မြန်မာအာဏာရှင်တွေက ကမ္ဘာ့အလည်က ပုံရိပ်ကို ဂရုမစိုက်ဘူး။ ပြောရရင် မြန်မာအာဏာရှင်တွေက မရှက်တတ်ဘူး။
တရုပ်အစိုးရက နည်းနည်းတော့ အရှက်ရှိသေးတယ်။ ရှက်တတ်သူကို မျက်နှာဖုံးခွာချဖို့ကြိုးစားရမယ်။
ဒါမှ သူတို့က မြန်မာအစိုးရကို ဖိအားပေးလိမ့်မယ်။ ဒါမှမဟုတ်တောင် အနည်းဆုံး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ဗီတိုသုံးတာ မလုပ်တော့ဘူးပေါ့။

(၃) မြန်မာအစိုးရကို ပြည်ပကနေဖုန်းဆက်ပြီးနှောင့်ယှက်ရအောင်
အစိုးရဌာနတွေရဲ့ ဖုန်းနံပါတ်တွေကို အလွယ်ရနိုင်ပါတယ်။ အဲဒီကတစ်ဆင့် အနည်းဆုံးဝန်ကြီးလောက်အဆင့်ကို ဖုန်းဆက်ပြီး
မြန်မာပြည်အခြေနေမှန်တွေကိုပြောဖို့ သူတို့လုပ်ရပ်အမှားတွေကို အပြစ်တင်ဖို့ ကြိုးစားပါ။
များများဝိုင်းပြောခံရရင် သူတို့စိတ်ထိခိုက်လာလိမ့်မယ်။ ဒါဟာ ပြောင်းလဲဖို့လမ်းစပဲ။
စာတွေပို့တာမျိုး။ Fax ပို့တာမျိုးတွေလဲလုပ်လို့ရပါတယ်။

(၄) မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အာရုံစိုက်မှု အရေးယူမှုတွေ ဒီ့ထက်ပိုများအောင် တွန်းအားပေးပါ။
မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့ အရေးယူမှုတွေကို စစ်အစိုးရက လန့်လဲလန့် စိတ်လည်းညစ်ပါတယ်။ ဒါတွေဟာ သူတို့အတွက်ဖိအားဖြစ်စေပါတယ်။

(၅) ဆန္ဒပြမယ့်သူတွေပြောင်းရအောင်။
မြန်မာနိုင်ငံကလာတဲ့ အနုပညာရှင်တွေကို ဆန္ဒပြတာထက် မြန်မာပြည်က အာဏာရှင်တွေ ဒါမှမဟုတ် အာဏာရှင်တွေရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကို အနှောင့်အယှက်ပေးကြရအောင်။
တစ်ခုတော့ ရှိပါတယ် ကြံ့ဖွံ့လွင်မိုးလို လျှပ်တပြက်မြတ်ခိုင်လိုလူမျိုးကတော့ တော်တော်ကိုလွန်တာမို့ အာဏာရှင်တွေနဲ့ တစ်တန်းတည်းသဘောထားချင်ပါတယ်။

(၆) ဖြစ်နိုင်ရင်တော့ မြန်မာပြည်ပြန်လာဖို့ ကြိုးစားပေးပါ။
စည်းဝိုင်းအပြင်ကတိုက်တာထက် စည်းဝိုင်းထဲက တိုက်တာကပိုထိရောက်မယ် ထင်ပါတယ်။
လာပါ။ ပြန်လာပြီး ကျွန်တော်တို့အားလုံး အသက်စွန့်တိုက်ရအောင်။


အုပ်စု (ဂ) ဖြစ်တဲ့ လက်နက်ကိုင်အင်အားစုကတော့ စစ်အာဏာရှင်တွေကို အဓိက ခံချနိုင်သူတွေပါ။

နယ်စပ်တနံတလျားမှာရှိနေကြတဲ့ အဲဒီအင်အားစုတွေ စည်းလုံးဖို့ အရင်လုပ်ရမယ်။
အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူနိုင်ရင်ကောင်းပါမယ်။ သူ့ဆီက ကိုယ်စားလှယ် လွှတ်ပြီးစည်းရုံးတာမျိုးပါ။
ဒါပေမဲ့ ဒီလိုလက်နက်ကိုင်အင်အားစုအားလုံးရဲ့ခေါင်းဆောင်ကိုတော့ ဒီအင်အားစုတွေထဲကပဲ ရွေးချယ်ပါ။
ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တွေကိုလည်း စည်းရုံးရမယ်။
ဖြစ်နိုင်ရင် ၁၉၈၈ တုန်းကလောက်တော့ ဆန့်ကျင်သူ အင်အားရှိဖို့ပြန်လုပ်ရမယ်။
ဒီနေရာမှာ ဆန့်ကျင်သူတွေက ဒီမိုကရေစီရတဲ့အခါ မြန်မာနိုင်ငံက ခွဲထွက်ခွင့်ကို တောင်းဆိုလာနိုင်ပါတယ်။
ဦးနုတို့တုန်းက ဒီလိုတောင်းလာတာကြောင့် စည်းလုံးမှုပျက်ပြားသွားခဲ့တဲ့သဘောရှိခဲ့တယ်။
ဒါကို ကျွန်တော်တို့ ညှိရမှာပါ။ ခွဲထွက်တယ်ဆိုတဲ့စကားလုံးကြီးကတော့ သိပ်ကြမ်းလွန်းတယ်။
အမေရိကန်လို ပြည်နယ်တွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာမျိုးနဲ့ ညှိဖို့ ကြိုးစားသင့်တယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ခွဲထွက်သွားလည်း ဘာမှမတတ်နိုင်ပါဘူး။ ပြီးမှ ပြန်ပေါင်းဖို့ ကြိုးစားရတော့မှာပါ။
လောလောဆယ် တစ်နိုင်ငံလုံး စစ်ဖိနပ်ထမ်းပိုးအောင်က လွတ်ဖို့သည် ပဏာနဖြစ်တယ်။ ကျန်တာနောက်မှ ဖြေရှင်းဖို့ မခက်ပါဘူး။

ဒီတော့ လက်နက်ကိုင်ဆန့်ကျင်မယ့်အင်အားစုတွေကို အရင်စုရုံး။ ပြီးတော့ လူ အင်အား ထပ်ဖြည့်။
ဒီနေရာမှာ ပြည်တွင်းအင်အားစုတွေနဲ့ ပြည်ပရောက်အင်အားစုတွေလည်းပါဝင်လာရပါတော့မယ်။
ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိပ်နဲ့အတူ ပြည်တော်ပြန်ဝင်လာသလို ကျွန်တော်တို့စုပြီး စစ်အာဏာရှင် ဒိဠိတွေကို တိုက်ရအောင်။
ဒီစစ်ပွဲက အချိန်တော့ယူရမယ်။ လုပ်စရာအဆင့်တွေရှိဦးမယ်။ ဒါပေမဲ့ ခုကတည်းက စလုပ်ရမှာပါ။
ဒီစစ်ပွဲကို 'ဒိဠိသုတ်သင်ရေးစစ်ပွဲ' လို့ ကျွန်တော် နာမည်ပေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နအဖဟာ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပစ်သတ်တယ်။ ခရစ်ယာန်ဘုရားကျောင်းတွေကို ဖြိုချတယ်။မွတ်စလင်တွေ ဟိန္ဒူတွေကို ဖိနှိပ်တယ်။ သူတို့ဟာ သေနတ်နဲ့ အာဏာကိုသာ ကိုးကွယ်တဲ့ ဒိဠိတွေဖြစ်တယ်။


အုပ်စု (ဃ) အဖြစ် ဒေါ်အောင်ဆန်းစုကြည် အမှုးပြုသော အတိုက်အခံအင်အားစုများ အကြောင်း တင်ပြချင်ပါတယ်။

အန်တီစုနားနေတဲ့သူတွေဟာ အန်တီစုလှုပ်မှလှုပ်တတ်တာမျိုးတော့ လုပ်လို့မရဘူးပေါ့။
ဒီနေရာမှာ အန်တီစုကို ပန်ကြားချင်တာကတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို နည်းနည်းလေးလျစ်လျူရှုဖို့နဲ့
ရိုးသားလွန်းတာကို နည်းနည်းလေးပြောင်းပေးဖို့ပါပဲ။
အန်တီ့ကို ကျွန်တော်တို့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဆိုတာထက် မြန်မာ့တော်လှန်ရေးခေါင်းဆောင်အဖြစ်ပဲ မြင်ချင်ပါတယ်။
ကျွန်တော်တို့လိုချင်တာ ငြိမ်းချမ်းရေးမဟုတ်ပါ။ စစ်ဖိနပ်အောက် လွတ်မြောက်ရေးသာဖြစ်ပါတယ်။
စစ်ဖိနပ်အောက်က လွတ်ဖို့ဆို ပြည်တွင်းစစ်ဖြစ်ရလည်း ကျွန်တော်တို့တော့ ချမှာပဲ။ ချလည်းချချင်တယ်။
ခုလည်း သူတို့သတ်လို့ လူတွေသေနေရတာပဲ။ သူတို့နဲ့ သူတင်ကိုယ်တင် ယှဉ်ချပြီးသေရတာမှ ကောင်းသေးတယ်။

ပြီးတော့ အန်တီစုအနေနဲ့ နအဖနဲ့ ဆက်ဆံတဲ့အခါ သိပ်မရိုးသားပါနဲ့။ သူတို့က အရမ်းကောက်ကျစ်တယ်။
အန်တီ့ဖခင် ဗိုလ်ချုပ်ကတောင် ဂျပန်ကိုရော အင်္ဂလိပ်ကိုပါ လှည့်ဖျားခဲ့ပါသေးတယ်။

အုပ်စု (င) ဖြစ်တဲ့ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေကိုတော့ သူတို့ကြွေးကျော်ထားသလို လုပ်နိုင်မလုပ်နိုင်စောင့်ကြည့်ရမှာပါ။

သူတို့အဓိကယှဉ်ရမှာ ကြံ့ဖွံ့နဲ့ပါပဲ။ လွှတ်တော်ထဲမှာ တကယ့်ဒီမိုကရေစီအစစ်ဖြစ်အောင်လုပ်ပေးကြပါ။
အခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့လုံးဝမလိုက်ဖက်တဲ့ ပြည်သူကို ဖိနှိပ်ဖို့ထည့်သွင်းထားတဲ့အချက်တွေကို
ပြောင်းလဲနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။

အခု နိဂုံးချုပ်အနေနဲ့ အထက်မှာတင်ပြခဲ့သမျှအားလုံးကို စုစည်းရရင် ...
ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်တွေပြုတ်ကျသွားအောင် လောလောဆယ် တတ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။
ဒီလိုပြုတ်ကျသွားစရာက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာတပ်တွေဝင်တိုက်ဖို့။
ဒါမှမဟုတ် ပြည်တွင်းစစ်ဖြစ်ပွားပြီး သူတို့ရှုံးနိမ့်သွားဖို့ ... ဒီနှစ်လမ်းသာရှိပါတယ်။
ဒီနေရာမှာ နိုင်ငံတကာတပ်တွေဝင်တိုက်ဖို့ကတော့ လုံးဝမမြင်မိပါ။
မြန်မာပြည်ဟာ မဟာဗျူဟာအရ အရေးမပါလှသလို ပထ၀ီနိုင်ငံရေးအရလည်း သိပ်မထိရောက်တဲ့နေရာမှာရှိနေပါတယ်။
သယံဇာတဆိုတာကလည်း အရင်လို မပေါများလှတော့ ရေနံထွက်တဲ့နိုင်ငံတွေလို အမေရိကန်ကလည်း
အနာခံဝင်စွက်ဖက်လိမ့်မယ် မဟုတ်ပါ။
ပြည်တွင်းစစ်ဖြစ်ပွားပြီး စစ်အာဏာရှင်တွေ ရှုံးနိမ့်သွားဖို့ကလည်း ဝေးလှပါတယ်။
ဒါပေမဲ့ အဲဒီအချက်တွေအားလုံးကိုပဲ ရနိုင်သလောက်အသုံးချရမှာပါ။

နောက်ထပ်၂နှစ်လောက်အတွင်း အထွေထွေသပိတ်ကြီးဖန်တီးရမယ်။ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ လူထုအုံကြွမှုကြီးဖြစ်စေရပါမယ်။ဒီအချိန်မှာ ပြည်တွင်းစစ်ကိုလည်းတစ်ဘက်က ဖန်တီး။
အန်တီစုဘက်ကလည်း အရေးဆို။နိုင်ငံတကာကလည်း တွန်းအားပေးရင်တော့ အခြေအနေတွေပြောင်းလဲလာနိုင်ပါတယ်။အဲဒီပန်းတိုင်ရောက်အောင် အထက်ကတင်ပြခဲ့တဲ့ အင်အားစု၅စုက လုပ်ရမှာပါ။

ဒါတောင်မှလည်း စစ်အာဏာရှင်တွေလုံးဝပြုတ်ကျသွားလိမ့်မယ်လို့ မျှော်လင့်မရနိုင်သေးပါဘူး
သူတို့ဟာ အစိုးရမဟုတ်ပါ။ နိုင်ငံကို သေနတ်ပြသိမ်းထားတဲ့ ဓားပြတွေသာဖြစ်ပါတယ်။
ဓားပြမှ အရင်စစ်တန်းလျားမှာ ငတ်ပြတ်နေတဲ့ဓားပြကို အခုပလ္လင်ပေါ်တက်ခွင့်ရတော့ အရသာသိပြီး
သေမှဆင်းမယ်ဆိုတာမျိုးဖြစ်နေပါပြီ။
ဒါပေမယ့် ခုနကတင်ပြသလို ပန်းတိုင်အထိ ရောက်အောင်လုပ်နိုင်မယ်ဆိုရင်တော့
အာဏာရူးတွေ ပြောင်းလဲလာလိမ့်မယ်လို့ ယူဆရပါတယ်။ ပြည်သူတွေကို လျှော့ပေးလာမယ်။
လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့်ရှိလာမယ်။ တရားလက်လွတ်လုပ်နေတာမျိုးကနေ ဥပဒေနဲ့အညီလုပ်လာမယ်။
ဒီနောက်ပိုင်းမှာမှ နောက်တစ်ခေါက် ရွေးကောက်ပွဲမှာ ပြည်သူ့ဘက်သားတွေ အလုံးစုံ အောင်မြင်မှုရပြီး
တကယ့်ဒီမိုကရေစီအစစ်ဆီ ကူးပြောင်းနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။



စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်တွေကို Black List သွင်းကြစို့

ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးအတွက် သိပ်အရေးကြီးပါတယ်။
အနုပညာသမားဆိုတာ ပြည်သူကြားမှာ Icon ဖြစ်တယ်။ သူတို့ကို ဖိအားပေးခြင်းအားဖြင့် သူတို့ဟာ
စစ်အာဏာရှင်တွေအတွက် ၀ါဒဖြန့်ချိပေးတာမျိုးကို ရှောင်ကြဉ်လာပြီး ပြည်သူ့ဘက်ကရပ်လာမယ်။
နောက်ဆုံး ပြည်သူအတွက်လုပ်တဲ့ ကိုဇာဂနာတို့၊ ကိုကျော်သူတို့လို အသိတရးမျိုးရှိလာမယ်ဆိုရင်
မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုအတွက် လမ်းစတစ်ခုပွင့်တာပါပဲ။

ဒီနေရာမှာ စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့အနုပညာရှင်ဆိုရာမှာ ...
အဓိကအားဖြင့် သူတို့စိတ်ဓာတ်နဲ့သူတို့ စစ်အာဏာရှင်အစိုးရဘက်က အတင်းရပ် ကပ်မြှောင်လုပ်နေတဲ့သူတွေကိုအဓိကဆိုလိုချင်တာဖြစ်ပါတယ်။ ဥပမာ ... ကြံ့ဖွံ့လွင်မိုးတို့၊ လျှပ်တပျက်မြတ်ခိုင်တို့ပေါ့။

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်အစိုးရကို တိုက်ရိုက်အပြစ်ပေးချင်လို့မလွယ်ပါဘူး။
သူတို့က သေနတ်နဲ့ အတင်းခြိမ်းခြောက်ထားတယ်။ ပြီးတော့ သူတို့ဟာ ပြည်သူကျွေးတဲ့ထမင်းကို
တိုက်ရိုက်စားနေသူတွေ မဟုတ်ဘူး။
အနုပညာသမားတွေကတော့ ပြည်သူကျွေးတဲ့ထမင်းကို တိုက်ရိုက်စားနေသူတွေ ဖြစ်တယ်။
သူတို့ကို စစ်အာဏာရှင်အတွက်လုပ်ပေးလို့ ပြည်သူက ဒါဏ်ခတ်လိုက်မယ်ဆိုရင် ...
ဒါဟာ တစ်နည်းအားဖြင့် စစ်အာဏာရှင်တွေကို သွယ်ဝိုက်သောနည်းအားဖြင့် ဒါဏ်ခတ်ခြင်းလဲ ဖြစ်ပါလိမ့်မယ်။အမြင်သာဆုံးပြပါ့မယ်။
ဖော်လံဖားမြတ်ခိုင်ထုတ်နေတဲ့ဂျာနယ် ၃စောင်ရှိပါတယ်။
လျှပ်တပြက်ရယ်၊ မော်နီတာရယ်၊ First Line Up ရယ်ပါ။
အဲဒီဂျာနယ်တွေကို ပြည်သူတွေက လုံးဝအားမပေးကြနဲ့။ ဆိုင်တွေမှာလဲ တင်မရောင်းကြနဲ့။
အဲဒီဂျာနယ်ဝယ်ဖတ်တဲ့သူတွေကိုလဲ ကဲ့ရဲ့ကြမယ် ရှုံ့ချကြမယ်ဆိုရင် မြတ်ခိုင်ဘာနဲ့သွားစားမလဲ။
ဒီလို အနုပညာသမားနည်းနည်းလောက်ကို ထင်ထင်ရှားရှား ပညာပေးလိုက်ရင် အားလုံးလန့်သွားလိမ့်မယ်။

ဒီနောက်ကမှ စီးပွားရေးသမားတွေလာမယ်။ စစ်အာဏာရှင်တွေနဲ့ ပင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို
သပိတ်မှောက်ကြမယ်ပေါ့။
နောက်ကမှ ပညာရေးလောက၊ ကုန်သွယ်ရေးလောက၊ ... စသဖြင့် တစ်ခုစီ လာပါမယ်။
ဒီလို တစ်ဆင့်စီလုပ်သွားရင် မြန်မာပြည်ထဲမှာကိုပဲ စစ်အာဏာရှင်တွေဟာ အထီးကျန်ဖြစ်လာလိမ့်မယ်။
ပြည်ပက စီးပွားရေးပိတ်ဆို့တာကို သူတို့မမူပေမယ့် ပြည်တွင်းက ပိတ်ဆို့မှုတွေကိုရော သူတို့
ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ကြရအောင်။

သူတို့ကို တိုက်ရိုက်လုပ်တာမဟုတ်လို့ ပြင်းပြင်းထန်ထန်အရေးယူလို့မရတာကြောင့် ဒါဟာ ပြည်သူတွေအတွက်အန္တရာယ်လဲကင်းတယ်။ ဒါကြောင့် ဒီနည်းဟာ လွယ်လည်းလွယ်။ ထိလည်းထိရောက်မှုရှိလိမ့်မယ်လို့ ယူဆပါတယ်။

ဒါကြောင့် အခုကစပြီး တိုက်တွန်းပါတယ်။

စစ်အစိုးရကို ဖော်လံဖားတဲ့ သစ္စာဖောက်အနုပညာသမားတွေကို ပြည်သူက ကျဉ်ကြရအောင်။
သူတို့ လုပ်တာတွေ တစ်ခုမှ အားမပေးနဲ့။သူတို့လုပ်သမျှ ဆန့်ကျင်ကြစို့။
ဒါမှ ဒီလူတွေကို တကယ် ထမင်းကျွေးနေတာ စစ်အာဏာရှင်တွေလားပြည်သူတွေလားဆိုတာ သိမယ်။
ပြည်သူကျွေးတာစားပြီး စစ်အာဏာရှင်အစိုးရကို ဖော်လံဖားတဲ့ကောင်တွေကို မှတ်လောက်သားလောက်အောင်ပညာပေးရမယ်။

လောလောဆယ် ကြံဖွံ့လွင်မိုးနဲ့ လျှပ်ပျက်မြတ်ခိုင်ကို အဆိုပြုပါတယ်။
တခြားသူတွေလည်း အဆိုပြုကြပါ။

ပေးပို့သောသခင်ကိုယ်တော်မှိုင်းအားကျေးဇူးတင်ရှိပါသည်။။

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားလမ်းရှိ မိခင်ဖြစ်သူဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကိုသွားရောက် ဂါရဝပြု(ဓာတ်ပုံသတင်း)


photo။ ။ Reuters၊ AP

0 ကျနော်ပြောခြင်တဲ့ Sanction အကြောင်း ( ရေးသားသူ - ဒေါက်တာ လှိုင်မြင့် )


ကိုမောင်မောင်ဝမ်းက SANCTION အကြောင်းရေးထားရာမှာ သဘောလောက်သာရေးထားတော့ တချို့ တလေ သဘောမပေါက်နိုင်သလို..ပြည့်ပြည့်စုံစုံ ပိုမြင်လာအောင် ကျနော် ထပ်ဖြည့်စွက်ရေးသားချက် ဖြစ်ပါတယ် ။ သူ့ အပေါ်ကျော်လိုစိတ်မဟုတ်သလို..ကျနော် သိတာလဲ ပြီးးပြည့်စုံတယ်မဟုတ်ပါ...အများကြီးဖေါ်ပြစရာတွေ တပုံ့ပင်ကြိးပါ ။ ကျနော်သိသမျှ လေးသာရေးလိုက်တာပါ ။

န.အ.ဖ ဘက်ကနေ ငါးမင်းဆွေလို လူ့ စည်းကမ်းတောင် လေးစားလိုက်နာမှု မရှိ နိုက်ကလပ်တွေမှာ ကလေကချေမတွေကိုသာယာနေတဲ့ သူ ကနေတဆင့် တဘက်လှဲ့ ပြောခိုင်းတာဟာ န.အ.ဖ မှာ သတ္တိမရှိဘူးဆိုတာ ပြနေသလို ..ကိုမောင်မောင်ဝမ်း ရေးတဲ့အတိုင်း...Sanction ကို စလိုက်တာသူတို့ က စလုပ်တာပါ ။

အဲဒီ Sanction အကြောင်း ပြည့်ပြည့်စုံစုံလေး ဆွေးနွေး မယ်ဆိုရင် ...Sanction ဆိုတာ..နစ်ဥိးနစ်ဘက် မပြေလည်လို့ ..မဆက်သွယ်တော့တာပါဘဲ ။ မြန်မာနိုင်ငံမှာ...၈၈၈၈ အရေးအခင်းကြိးပေါ်လာတယ် ။ ပြည်သူလူထုက အပြောင်းအလဲလိုလားလာတယ် ။ ပြောင်းပေးဖို့ ပြောလာတာပါဘဲ ။ ပြောဖို့  အခွင့်မရတော့..အုံကြွလာရတာပါဘဲ ။ အဲဒီတော့ ဘာလို့ အုံကြွရတာပါလဲ ။ တွေ့ ဆုံဆွေးနွေးခွင့် မပေးလို့  ။ အာဏာပိုင်တွေက တွေ့ ဆုံဖို့ လမ်းပေါက်ကို ဖွင့်မထားပါဘူး ။

အာဏာကိုပြည်သူတွေက နင်းအပ်ထားတဲ့ ( ဒီမိုကရေစိ ) နိုင်ငံကြီးတွေမှာ...ပြည်သူကိုကိုယ်စားပြုထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကနေ တဆင့်ဆွေးနွေးခွင့်ရရှိနေပါတယ် ။ အာဏာကို ( ဓါးပြတိုက် ) လုယူထားတဲ့ အာဏာရှင် လူလိမ်တွေအုပ်ချုပ်ရင်...လူလိမ်ဆိုတော့....အမှန်တရားကို ရင်မဆိုင်ရဲတော့...တွေ့ ဆုံဆွေးနွေးရေးကို...သေမတတ်ကြောက်ကြတယ် ။ ရနိုင်သမျှ လိမ်ညာ လမ်းလွှဲဖို့ ဘဲကြိုးစားတယ် ။

အရင်းခံကို စစ်မယ်ဆိုရင်...တွေ့ဆုံဆွေးနွေးရေးဆိုတာ...အမှန်တရား..ကို ကိုင်ထားနိုင်သူတွေရဲ့  ရပ်တည်ချက်ပါ ။ အမှန်တရားကို ဆုတ်ကိုင်ထားသူဟာ သတ္တိအလိုလိုရှိပြိးသားပါ ။ ဒီအမှန်တရားကို ဆုတ်ကိုင်းထားတဲ့..နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ ကို အမှန်အတိုင်း...ဥပဒေနဲံ့ အညီ တရားမျှတစွာ အမှုရင်ဆတိုင်ခွင့်မပေးထားတာဟာ.....တရားရင်ဆိုင်ခွင့်မပေးရဲတာ.မမှန်တဲ့သူတွေရဲ့  သူရဲဘော ကြောင်တာကိုပြနေတာဘဲ ။

တနည်းအားဖြင့် န.အ.ဖ. သန်းရွှေ ဟာ...အမှန်တရားဆိုတာသူ့ မှာပြစရာမရှိ...လိမ်ညာနေရသူဆိုတော့....တွေ့ ဆုံဖို့ ပြောလာရင်...ပွဲပျက်အောင် အမျိုးမျိုးလှဲ့ ကြံစည်နေတော့တာပါဘဲ ။

ဥပမာလေးတခုပေးပါမယ် ။ န.၀.တ. ( ယခင်က န၀တ ) တက်ခါစက...၈၉ မှာ အခု သမိုင်းကိုလိမ် ဇာတ်လမ်းရိုက်ခဲ့တဲ့ ဒါရိုက်တာတင်သန်းဥိးရိုက်ကူးလိုက်တာပါဘဲ ။ ( အဖေနင့်သားများ ) ဟုထင် ဇါတ်လမ်းမှာ...အိမ်ကြိးကို...ပထမအိမ်ပိုင် အဖေဖြစ်သူ ( ဥိးနု ) က တရားယောင်ယောင် ပုတီးကြီးနဲ့ ကြောင်နေလို့  ညီအကိုတတွေ ဒီအိမ်ကြိးကို သူပိုင်ငါပိုင် အငြင်းပွားနေလို့  အကိုအကြိးဆုံးက( ထုံးစံအတိုင်း....မင်းသားကြိး ငဖါး..ညွှန့် ဝင်းပေါ့ ) မလွှဲ မရှောင်သာဘဲ..သေနတ်ကိုင်ပြိး..ဒီအိမ်ကြိးကို..ကောင်းအောင်ပြန်ပြုပြင်ရတယ်..ဘယ်လိုသာယာလာတယ်ပေါ့ ။ ( ဒီဇါတ်လမ်းမှာ...ပါဝင်သရုပ်ဆောင်ခဲ့တဲ့..၈၈၈၈ မှာပါဝင်ခဲ့ပြိး န.၀.တ . ဇါတ်ကောင်ပြန်လုပ်ခဲ့သူ ( ဆေးသမား ) ဇါတ်ကောင်ဟာ..ငယ်ငယ်ရွယ်ရွယ်နဲ့ ....မာလကီးယားသွားရပါတယ် ။)

အခု အဲဒီအိမ်ကြီးဥပမာနဲ့ဘဲ ကျနော်ပြန်ဆွေးနွေးပါမယ် ။ အခုကျနော်တို့ တိုင်းပြည်မှာဖြစ်နေတာ..ဘက်နစ်ဘက်ပါ ..မကျေလည်မှုပါ ။ တတိုင်းပြည်လုံးလဲ န.အ.ဖ ဘက်က မရှိပါဘူး ။ တတိုင်းပြည်လုံးလဲ..ဒေါ်အောင်ဆန်းစုကြည်ဘက်က မရှိပါဘူး ။ ဒါကို အရှိကိုအရှိအတိုင်း...အမှန်တရားကို လက်ခံသူတိုင်း လက်ခံပါမယ် ။ ပြည်သူလူထုကတော့ လက်ခံပါမယ် ။ လူလိမ်တွေကတော့ လက်ခံမှာမဟုတ်ပါ ။ လက်မခံသူဟာ လူလိမ်ဆိုတာ သတ်မှတ်လို့ ရသွားပါပြီ ။ ( ရှင်းတယ်လေ ။ )

တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာဟာ...ပြည်သူမှာတည်ပါတယ်လို့  န.အ.ဖ ကိုယ်တိုင် တရားဝင်အခြေခံဥပဒေမှာ ဆိုညွှန်းထားပြိးပါပြီ ။ ဒီတော့ ဒီအိမ်ကြိးကို ပြည်သူလူထုက ဘဲပိုင်ပါတယ် ။ ဒါကိုတော့ န.အ.ဖ က ငြင်းချင်လား .ငြင်းချင်ရင်..တင်သန်းဥိးကိုပြန်နိုးပြိး..အသစ်ပြန်ရိုက် ။ ကောင်းပြီ ။ ဒီအိမ်ကြိးကို ပြည်သူကိုယ်စား အုပ်ချုပ်ဖို့ ..ပြည်သူလူထုက သူတို့ ကိုယ်စားရွေးချယ်သူ က ဒီအိမ်ကြိးကိုအုပ်ချုပ်ရပါမယ် ။ ဒီဇါတ်လမ်းရိုက်တုံးက....စစ်တပ်က အိမ်ခန်း လေးခန်းရှိတယ်ထား ( ဥပမာပေါ့ ) ။ တခန်းကို သူပိုင်မယ်လို့  အဲဒီတုံးက...မဆိုထားသေးပါဘူး ။ မပါသေးပါဘူး ။ အခုကျမှ လေးခန်းထဲက တခန်းကို ပိုင်ရုံမကတော့ဘူး အဲဒီအခန်းပိုင်သူက...သူ့ လူတွေကို ကျန်အခန်းတွေကအစ အားလုံးသူစိတ်ကြိုက်လုပ်မဲ့သူ ပိုင်စေရမယ်လုပ်လာပြန်တယ် ။ တနည်း အခန်း စိမံရေးကို...သူ့ လူတွေကဘဲ စိမံမယ် နစ်ပြန်တက်လုပ်လာပါတယ် ။

အိမ်တခု ကို သူပိုင်ကိုယ်ပိုင် တရားတဘောင်ဖြစ်ကြရင်...တရားရုံးမှာ ရင်ဆိုင်ကြရတယ် ။ တရားရုံးမရောက်ခင်...ရပ်မိရပ်ဖ...ဆွေမျိုးလူကြိးထဲက မျှမျှတတ..တရားသဖြင့် ဆုံးဖြတ်တတ်သူ..( တနည်းလူကြိးလူကောင်းစိတ်ထားရှီသူ..အများရိုသေလေးစားသူ ) တွေက ကြားဝင်ညှိနိုင်းပေးကြတာ မြန်မာ့ထုံးတမ်းဓလေ့ပါ ။ ကနေ့  ဒေါ်အောင်ဆန်းစုကြည်ကို...နိုင်ငံခြားသားနဲ့ ယူထားလို့  ဝေဖန်နေသူတွေ မြန်မာ့ဓလေ့ ကို လက်ခံနိုင်မလား ကိုယ့်ကိုအရင်မေးပါအုံး ။

ကဲကနေ ၉၀ ခုနစ်မှာ...့ ပြည်သူလူထုကြိးက...န.၀.တ ကိုယ်နိုင်ကြိးမှုးကျင်းပပေးခဲ့တဲ့..ကမ္ဘာကပါ မျှမျှတတ ရှိတယ် လို့ လက်ခံထားတဲ့ ..ဘယ်သူကမှလဲ မဲလိမ်တယ် မဲခိုးတယ် စောဒက မတက်ခဲ့တဲ့ ရွေးကောက်ပွဲမှာပြည်သူလူထုက သူတို့ ကိုယ်စား အဖွဲ့ ချုပ်ကိုရွေးချယ်ပေးခဲ့ပါတယ် ။ န.၀.တ. အနေနဲ့ ရွေးကောက်ပွဲမတတိုင်ခင်က ...ဒေါ်အောင်ဆန်းစုကြည် ကတွေ့ ဆုံဆွေးနွေးချင်ပါတယ်တောင်းဆိုတော့...ပါတီတွေ တပုံကြိး..ပါတီထောင်တာနဲ့ ..ပြည်သူကိုကိုယ်စားပြုတာမဟုတ် လုပ်ပါတယ် ။ ရွေးကောက်ပွဲပြိးပြန်တော့...ပြည်သူ့ ကိုယ်စားပြုသူပေါ်လာတော့...စကားတမျိုးပြောင်းလိမ်ပြန်တယ် ။

ဒီတွေ့ ဆုံဆွေးနွေးရေး ဆိုတာ ပြည်သူတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်ပါ ။ နိုင်ငံတော်အာဏာဟာ ပြည်သူလူထု မှဆင်းသက်၏ လို့ ဆိုထားတဲ့ န.အ.ဖ စာသားအတိုင်းရဲ နိင်ငံသူနိုင်ငံသားတွေရဲ့ ..နိုင်ငံရေးအရ..့ ရပိုင်ခွင့်ပါ ။ တွေ့ ဆုံခွင့်မပေးတာဟာ...ဒါ နိုင်ငံရေး Sanction ပါ ။ ငါ့မှာ သေနတ်ရှိတယ် ။ မင်းဘာလုပ်ချင်လဲ ။ ငါမှာအာဏာရှိတယ် ။ ငါညစ်ပတ်မယ် ဘာတတ်နိုင်လဲဆိုတာဟာ...ဒါအာဏာကို လိုသလိုသုံးပြိး အကြမ်းဖက်တာဘဲ ။ အကြမ်းဖက်မှုဘဲ ။ အကြမ်းမဖက်ပါဘူးဆိုရင်...ပြည်သူက သူတို့ ကိုယ်စားပြောချင်ပါတယ်...သူတို့ ကိုယ်စား...ဒေါ်စုကို ကိုယ်စားပြုပြောခိုင်းနေပါပြီ

၉၀ ခုနစ်မှာ NLD က အမတ်နေရာ...၈၂ % နဲ့ တိုင်းရင်းသားတွေက..၁၅ % စုစုပေါင်း မဟာမိတ် ဖွဲ့ ထားတာ...၉၇ % ကိုယ်စားပြုထားတဲ့အဖွဲ့ ကိုတောင်...စကားမပြောနိုင်ဘူး လုပ်ထားတဲ့ န.အ.ဖ ကို အရင်သွားပြောပါအုံး ။

ဒါကိုငြင်းချင်သေးလား ။ န.အ.ဖ ဟာ အကြမ်းဖက်သူ မဟုတ်ပါဘူး ငြင်းချင်သေးလား ။ ရပါတယ် ။ ငြင်းချင်ရင်..ပထမဆုံး အကြမ်းဖက်မှုမြန်သမျှကို..ရှုံ့ ချပြရပါမယ် ။ ဒုတိယအဆင့် ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့အကြမ်းဖက်မှု မှန်သမျှကို..အဖြစ်မှန်ဖေါ်ထုတ်ပေးရပါမယ် ။ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့ ပြိး..ထွက်ဆိုလိုသူတွေကို ဖိတ်ခေါ်ရပါမယ် ။ အဲဒါမလုပ်ဘဲ တဘက်လူကို အကြမ်းဖက်မှုဘဲပြောနေတာကတော့...ပြည်သူလူထုကို နစ်ပြန်ဆော်ကားနေတာပါဘဲ ။

အခုပြောနေတဲ့...SANCTION ဆိုတာ အဲဒီကစလိုက်တာပါဘဲ ။ ဘာပြောချင်ပါသလဲ...မောင်သန်းရွှေ ။ ငါးမင်းဆွေ တော့ သန လို့ ..မမေးတော့ပါဘူး ။

ကိုင်းအခု ကြည့်ရအောင်....ကျောင်းသားခေါင်းဆောင်တွေကို မတရားအမှုတွေဆင်ဖမ်းတယ် ။ ဘယ်မလဲ တရားရုံးမှာ နစ်ဖက်ရှေ့ နေတွေ ငှားရမ်းခွင့်ရှိရဲ့ လား ။ နစ်ဖက်ထုချေခွင့် ရှိရဲ့ လား ။ ဒါလဲ ဥပဒေကြောင်းအရ...Sanction လုပ်ထားတာပါဘဲ ။ ပြိးထောင်ချတယ် ။ နယ်ဝေးထောင်တွေကို ပို့ တာက မိသားစုတွေ မလာနိုင်အောင် ..တနည်းမထောက်ပ့နိုင်တော့ အထဲမှာငတ်ပြတ်ချို့ တဲ့နေအောင်...ဒါလဲ sanction မခေါ်ရင် ဘယ်လိုခေါ်မလဲ ။ ဖြေပါအုံး သန်းရွှေ ။

ဒီထက်ပို ရိုင်းတာက...ပတ်စပို့ ( passport ) လျှောက်ရင်..နိုင်ငံရေးကင်းရှင်းကြောင်း...အလုပ်လျှောက်ရင်..နိုင်ငံရေးကင်းရှင်းကြောင်း ..အစိုးရအလုပ်တင်မဟုတ်...NGO အလုပ် ပုဂလိက အလုပ်တွေမှာကို..လိုက်ကျပ်နေပါတယ် ။ နောက်ဆုံး အရိုင်းဆုံးကတော့...သန်းရွှေ ကိုယ်တိုင် အခုကြံ့ ဖွတ်ပါတီ ကြိးမှာ တရားဝင် နာယက အနေနဲ့  လုပ်နေပြိး သူက ပြည်သူလူထုကိုကျတော့..နိုင်ငံရေးကင်းရှင်းကြောင်း ၀န်ခံချက်ထိုးခိုင်းတာကတော့....

ဒီလိုထိုးခိုင်းတာဟာ သူတို့ ကိုယ်တိုင် sanction ကျင့်သုံးနေတာပါ ။ အခုအင်တာနက် ..ဖုံ့းလျှောက်ရင်လဲ နိုင်ငံရေးကင်းရှင်းမှဆိုတာ..လုပ်ထားပါတယ် ။

ဒီနိုင်ငံရေးကင်းရှင်းကြောင်း ထိုးခိုင်းတာက ဘာလို့ လဲမေးရပါမယ် ။ နိုင်ငံရေးလုပ်သူဟာ...တိုင်းပြည်အတွက် အန္တရာယ်ဖြစ်သူလို့ သတ်မှတ်ရင်...ဘာလို့ နိုင်ငံတော်က...တရားဝင်ပါတီ မှတ်ပုံတင်ထုတ်ပေးရတာလဲ ။ ဖုံးလျှောက်တာ နိုင်ငံရေးကင်းရပါမယ်ဆိုထားရင်...န.၀.တ. တက်ခါစ..၉၀.ခုနစ်ရွေးကောက်ပွဲ မှာ မှတ်ပုံတင်ရင်....ဖုံး တလုံးချပေးပြိး မက်လုံးပေး...ပါတီတွေများရင် မဲကွဲမယ်ဆိုတဲ့..ယူဆချက်နဲ့  ..ဖုံ့းတွေ ချပေးပါတယ် ။ နိုင်ငံရေးပါတီတွေအတွက် သိးသန့် ဖုံးတွေ ။ အခုနိုင်ရေးသမားအိမ်ဆို ဖုံ့းတပ်ဆင်ခွင့်ပိတ်ထားတာဟာ....sanction မခေါ်ရင် ဘာလဲ ။

နောက်ဆုံ့း...ဒေါ်အောင်ဆန်းစုကြည် ကို အနောက်နိုင်ငံတွေ ကနေ စိ့းပွားရေးပိတ်ဆို့ ထားတာတွေ ရုတ်သိမ်းပေးဖို့ ..တဖက်လှဲ့ နဲ့ တွန်းလာပါတယ် ။ တောင်းဆိုလာပါတယ် ။ ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ ...ဒါကို တောင်းဆိုပေးပိုင်ခွင့်မရှိပါဘူး ။ ဘာလို့ လဲဆိုတော့...အခု..န.အ.ဖ ကျင့်သုံးနေတဲ့..ကျနော်အထက်က ထောက်ပြခဲ့တဲ့ န.အ.ဖ က ကိုယ်တိုင်ကျင့်သုံးနေတဲ့..ညစ်ပတ်ပိတ်ဆို့ မှုတွေကို...ဘယ်သူကှိုမလုပ်တော့ပါဘူး တာဝန်ခံမှာလဲ ။ အခုပိတ်ဆို့ တာ ရုတ်သိမ်းဖို့ တောင်းဆိုရတာက..ဒီပိတ်ဆို့ မှုတွေကြောင့် ပြည်သူလူထု စိးပွားရေးကျပ်တည်းရပါတယ်လို့ ဆိုထားတာ ။ ဟုတ်ပါတယ် ။

ဒါပေမဲ့ န.အ.ဖ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကိုကိုယ်စားမပြုပါဘူး..အကြိမ်ကြိမ်ပြောနေတယ် ။ ပြောခဲ့တယ် ။ အခုပြည်သူက ရွေးကောက်ထားတာ..ကိုယ်စားပြုပေးထားတာ...သူတို့ ကြံ့ ဖွတ်အမတ်တွေပါလို့ မကြာခင်ပြောလာပါမယ် ။ အဲဒီကျရင်ဘယ်လိုရှင်းကြမလဲ ။

ဒီထက်ပိုအရေးကြိးတာက..အခုသန်းရွှေက တရားဥပဒေအရ....နောက် နစ်လနေရင် လွှတ်တော်ပေါ်လာရင်...အာဏာမရှိတော့ဘူး ။ အာဏာဟာလွှတ်တော်မှာတည်တော့မယ် ။ အဲဒီပေါ်လာတဲ့အစိုးရက...ဒေါ်အောင်ဆန်းစုကြည် အပေါ်ဘယ်လို သဘောထားမလဲ ။ ပိတ်ဆို့ တာတွေ ရုတ်သိမ်းပေးပါပြော...ပြိး ပြန်ဖမ်းလုပ်နေအုံးမှာလား ။

စောင့်ကြည့်ပါအုံးဘဲပြောရပါမယ် ။ ပိတ်ဆို့ လာတာ ကြာပြီ ။ အခုအရေးတကြိးဖုတ်ပူမိးတိုက် ရုတ်သိမ်းဖို့ မလိုသေးပါဘူး ။

နောက် ဒါထက်အရေးကြိးတာက...နိုင်ငံခြားတိုက်ရိုက်ရင်းနှိးမြုပ်နံမှုတွေ ( FDI...Foreign Direct Investment ) တွေ ၀င်လာပါမှ တိုင်းသူပြည်သူလူထု အလုပ်အကိုင်းရ၀င်ငွေတွေ တိုးလာပါမယ် ။ အဲဒီလို နိုင်ငံခြားတိုက်ရိုက်ရင်းနှိးမြုပ်နှံမှုတွေ ၀င်လာဖို့ က.. ( တစ် ).စိုက်ပျိုးရေး စကားနဲ့ ပြောရရင်..ရာသီဥတုမှန်ရပါမယ် ။ ရာသီဥတု တည်ငြိမ်ရပါမယ် ။ မှန်ကန်ရပါမယ် ။ တနည်း နိုင်ငံရေးတည်ငြိမ်ရပါမယ် ။ ( နစ် )ကတာ့...ရေခံ မြေခံ ကောင်းရပါမယ် ။ တနည်း FDI တွေ ၀င်လာနိုင်အောင်...လိုအပ်တဲ့....အခြေအနေတွေ ရှိနေရပါမယ် ။

တစ် ဖြစ်တဲ့နိုင်ငံရေးတည်ငြိမ်အောင်က အခြေခံဥပဒေမှာကိုက...လိုအပ်ရင် စစ်တပ်က အာဏာပြန်သိမ်းခွင့်ရှိစေရမယ်ဆိုထားတာကိုက..နိုင်ငံရေးမှာ စစ်တပ်က ထင်သလို လုပ်ခွင့်ပေးထားတာ....ဆိုတော့ တည်ငြိမ်မှု က အခြေခံဥပဒေမှာကို....စဉ်းစားသာကြည့်တော့မောင်....နောက် ပြည်သူနဲ့ နစ်ဘက် မပြေလည်နေတာ..အနောက်နိုင်ငံက အရင်းအနီးအကြိးကြိးလုပ်နေသူတွေက လူအ လူန တွေ မှတ်နေလို့လား...ရင်းနှီးတဲ့နုင်ငံရဲ့ နိုင်ငံရေးကို တဖက်သတ်ပြောတာနဲ့ လက်ခံ မဲ့လူအတွေ ထင်နေလို့ လား ။

နိုင်ငံရေးတည်ငြိမ်ဖို့  ပြာသူလူထု ကိုယ်စားလှယ် နဲ့တွေ့ ဆုံရမယ်လေ ။ ဗမာပြည်သူတွေကို သေနတ်မိုးပြိး ရွှီးပါ..ရပါတယ် ။ နိုင်ငံခြားသားတွေကို သွားရွှီးတာကတော့....ကိုယ်လူ ကိုယ်ဥိးဏှောဏ်ကို လဲကိုယ်စစ်ကြည့်အုံး ။ ၉၃ ခုနစ်က..လတ်စားမှုနဲ့ အရေးယူခံလိုက်ရတဲ့ ( သူခိုးအကြိးစားကြိး ဗိုလ်ချုပ်ထွန်းကြည် ( ကုန်သွယ်ရေးဝန်ကြိးက အင်ဒိုနီးရှား ခရိးစဉ်မှာ..တဖက်ဝန်ကြိးက ဒေါ်အောင်ဆန်းစုကြည်လို့  မေးလာပါတယ် ။ ကိုယ်တော်က ဘယ်သူ့ ကိုမေးနေတာလဲပေါ့ ။ အတည်ပေါက်နဲ့ ..ဟိုက ထက်ရှင်းပြတော့မှ အော်..ဟိုအမျိုးသမိးကိုမေးနေတာကိုး...အေးဗျာ မြန်မာနိုင်ငံမှာ ခင်ဗျားပြောနေတဲ့အမျိုးသမိးကို လူတွေက..ရှိတယ်လို့ ကို သတိမထားကြတော့ဘူး ။ တံမျက်စီးလှဲလိုက်လို့ မြောင်းထဲ ပုရွက်ဆိပ်တကောင် ရောက်သွားသလိုပေါ့..သတိကိုမရကြတော့ဘူး ။.. ဗိုလ်ချုပ်ထွန်းကြည်ဆိုတာ..အခုနိုင်ငံရေးစိတ်ဝင်စားနေသူ လူငယ်တွေက ဘယ်သူလဲ မေးလာကြပါမယ် ။ ဒေါ်စု က မြောင်းထဲမှာလား...ထွန်းကြည်က မြောင်းထဲမှာလား ။ သမိုင်းကို လိမ်လို့ မရပါဘူး ။

နစ် အဲဒီအခြေအနေတွေကတော့...ထိပ်ဆုံးက...တည်ငြိမ်ပြိး...တာရှည်စိတ်ချရတဲ့ လုံလောက်တဲ့ စွမ်းအင်ရရှိဖို့ လိုပါတယ် ။ စွမ်းအင်အတွက်က...မြန်မာနိုင်ငံက စွမ်းအင်ထုတ်ရောင်းရအောင်လုံလောက်ပါတယ် ။ ဒါပေမဲ့ န.အ.ဖ ကိုယ်တိုင်က ပြည်တွင်းသုံး အတွက် နဲနဲလေးမှမပေးဘဲ...တဖက်နိုင်ငံတွေမှာ ပိုပြိး FDI တွေ သူတို့ ဆီဝင်အောင်....ရေလာမြောင်းပေးလုပ်ပေးပြိးမှ....ဒေါ်စုအပေါ်ပုံချနေတာကတော့....သူခိုးဓါးရိုးကမ်းပြိး ကယ်ကြပါအော်နေတာဘဲ ။ နိုင်ငံတော်က ထွက်တဲ့ စွမ်းအင်ကို ပြည်တွင်းသုံး မချန်ဘဲ တဖက်နိုင်ငံထုတ်ရောင်းတာ....မရိုးသားဘူးဆိုတာ ရှင်းနေတာဘဲ ။ သန်းရွှေ က ကုန်စည်ပြပွဲတွေမှာ...ကျုပ်က နိုင်ငံသားတွေ ပိုင်တဲ့လုပ်ငန်းရှင်ကြိးတွေ ပေါ်လာအောင် နိုင်ငံခြားစိးပွားရေးတွေကို ဖွင့်မပေးသေးဘူး ကြိုးစားကြ ပြောတာလဲ..ဒီပါးစပ်ဘဲ ။ နိုင်ငံသားတွေ လုပ်ငန်းရှင်ဖြစ်အောင်ပြောပြိး စွမ်းအင်အားလုံး သူခိုးဓါးရိုးကမ်းတာလဲ ဒီပါးစပ်ပါဘဲ ။

အဲဒီတော့ ဒီစွမ်းအင်တွေကို စိမံခန့် ခွဲနေသူက..သန်းရွှေ...FDI တွေ လာဖို့  ဒီလိုစွမ်းအင် ကိစ္စတွေကို ဒေါ်စုက သန်းရွှေ ရဲ့ သဘောထားမသိနိုင်ဘဲ..ဘယ်လိုအာမခ့နိုင်မလဲ ။ ဒေါ်စုက လာပါ...လာပါခေါ်တယ် ။ ကောင်းပြီ ဟိုက ဒေါ်စုကို ယုံရမှာလား သန်းရေအကို ယုံရမှာလား ။ နောက် စာချုပ်ကြပြီတဲ့...စာချုပ်ပါသဘောတူညီချက်တွေဘယ်လို ရေးကြမလဲ ။ ဒေါ်စုနဲ့ချုပ်ရမှာလား သန်းရွှေနဲ့ ချုပ်ရမှာလား ။

နောက် သဘောတူစာချုပ်တော့ချုပ်ကြပြီတဲ့.. အလုပ်မှာအဆင်မပြေတာလေးတွေဖြစ်ရင် ဒေါ်စုက ခေါင်းခံရမှာလား ။ အများကြိးပါ ။ တခါအရေးကြိးဆုံးက ကဲကောင်းပြိ..ကုမ္မဏိကြိးတွေ ၀င်လာပါပြီတဲ့ ။ အဲဒီမှာအလုပ်သမားခန့် ကြပါပြီတဲ့ ။ ဒေါ်စုလူတွေက နိုင်ငံရေးသမားတွေ..သူတို့  နဲ့ သူတို့ မိသားစုတွေ မခန့် ရ လုပ်လာပြန်အုံးမယ် ။sanction တွေ ။ အလုပ်သမား ခန့် ထားရေးမှာ လူသားအရင်းအမြစ်မှာ...ကုမ္မဏိတွေကို သူတို့ စိတ်ကြိုက်ခန့် ထားခွင့်ပေးရပါမယ် ။ ထောက်လှန်းရေး ကစီစစ်တာတွေ...ထောက်လှန်းရေးပတ် pass ရသူတွေဘဲ ခန့် ထားရေး...ဘယ်သူ့ တူ ဘယ်သူ့ သမိး ဆိုပြိး ဖိအားပေးခန့် တာတွေလုပ် ။ အဲဒီလူတွေကအလုပ်ထဲမှာ ထော်လော်ကန့် လန့် လုပ် လူစွာလုပ်တာတွေ ခံကြရတဲ့ ကုမ္မဏီတွေ တပုံကြိး ။ အဲဒီသူတွေကိုထုတ်ပစ်ရင် လုပ်ငန်းလိုင်စင်ဖျက်သိမ်းခံရ အဆင်မသင့်ရင်လူပါထောင်ချခံကြဂသူတွေ တပုံ့တပင်ကြိးပါ ။

ဒီလိုပြသနာတွေကို ဒေါ်စုက မဖြစ်စေရပါဘူး အာမခံနိုင်ဖို့  အခြေအနေရှိမှ...ဒေါ်စုက ပြည်သူတွေကိုယ်စားပြုထားပါတယ်ဆိုတာကို န.အ.ဖ မှ လက်ခံလာမှ ဒေါ်စုက ပါဝင်လျှင် အားလုံး အာမခံပြိးပြောနိုင်ဆိုနိုင် သဘာဝလဲကျပါမယ် ။ အဲဒီလို စိမံမှု ပါဝါ ဒေါ်စုကိုမပေးအပ်ဘဲ....ရီရတယ် ။

နောက် ဒါထက်ပိုအရေးကြိးတာက...စိးပွားရေးပိတ်ဆို့ ထားတာ ရုတ်သိမ်းစေချင်တဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထု စားဝတ်နေရေးချောင်လည်ဖို့  ။ နိုင်ငံတော်ကြိးအတွက် ..နံပတ်တစ်မဟုတ် ပြည်သူလူထုအတွက် နံပတ်တစ် ။ ရှင်းတယ်နော် ။ ကောင်းပြိး ပြည်သူလူထု အလုပ်တော့လူတွေတော်တော်များများ အလုပ်ရကြပါပြီတဲ့ .အခုရနေသလို...တနေ့ မှ တစ်ဒေါ်လာခွဲ ( တလ -မှ ဒေါ်လာ ၂၅ )ေ လာက်ဘဲရနေကြမယ်ဆိုရင်...ဒါပြည်သူလူထု စားဝတ်နေရေးချောင်လည်ဖို့ မဟုတ်ဘဲ ..ပြည်သူလူထုက ကျွန်လုပ်ခနဲ့မသေရုံတမယ် ဘ၀ ဆက်ခဲ့ရတာ..မ.ဆ.လ ခေတ်ကနေဆို..နစ်ပေါင်း..၅၀ ပြည့်တော့မယ် ။

လုပ်အားခ ကို နိုင်ငံတကာကို မှီချင်ရင် နိုင်ငံတကာစံတွေဖြစ်တဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ထားပေးရပါမယ် ။ ဒီလိုသတ်မှတ်ရင် ခေတ်မှီဖွံ့ ဖြိုးတိုးတက်ပါတယ် ပြောချင်ရင်..ထိုင်းနိုင်ငံ က အနိမ့်ဆုံး လုပ်ခ နဲ့  နိုင်းယှဉ်ပြီး သတ်မှတ်သင့်ပါတယ် ။

နောက်ဆုံးဗျာ....နိုင်ငံခြားအရင်းအနှီးဘဲ မျှော်နေကြရအောင်...ကျနော်တို့ နိုင်ငံမှာ အားလုံးမွဲနေကြလို့လား ။ အရင်းအနှိးတောင် ကိုယ်တိုင်မထုတ်နိုင်ကြတော့ဘူးလား ။ ပြန်ဆန်းစစ်တော့.ပြည်သူလူထု လက်ထဲက ငွေကို..န.အ.ဖ က....ကားပါမစ်..ဖုံးပါမစ်..လုပ်ငန်းပါမစ် ဆိုတဲ့ ပါမစ်တွေ နဲ့ ကျစ်ယူတယ် ။ ပြည်သူလူထု ပိုင်သမျှ အခုတော့ ကြိုင်ကြိုင် တို့ ..မောင်အေးတို့ လက်ထဲ တစတစ ရောက်ကုန်တယ် ။

ထားပါ။ သန်းရွှေမြေး..နေရွှေသွေးအောင်ဆိုရင်..ကမ္ဘာ့  မှာ တဦးထည်းသော...TEENAGE BILLIONAIRE ဖြစ်နေပါတယ် ။ အသက်နစ်ဆယ်အောက် ကမ္ဘာ့တဦးထည်းသော ဘီလျှံနာ ဖြစ်နေပါတယ် ။ နိုင်ငံခြားကလူတွေကိုတော့ လာပါ ဗမာပြည်မှာ ရင်းနှီးရင် ဘယ်လို အကျိုးအမြတ်ရပါမယ်လက်ယတ်ခေါ်နေပြိး..ကိုယ်တိုင်ကြတော့ ဘာလို့  နိုင်ငံခြားမှာ ၀ှက်ထားကြရတာပါလဲ ။

အဖြေက ရှင်းနေပါတယ် ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်ကြောင်း သန်းရွှေမိသားစုက လက်တွေ့  ( လျှို့ဝှက် ) လက်တွေ့ ပြနေတာပါဘဲ ။

Sunday, December 26, 2010

8 လိုနေတာက အကြီးစား ပြည်တွင်းစစ်


(တပ်တွင်းက လေ့လာသူတဦး)

ဒေါက်တာလွဏ်းဆွေ ဘလော့(ဂ်)ပေါ်က ရန်မင်းအောင်ရဲ့ ‘လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ရှော့ခ် ရိုက်ဖို့် လိုနေတယ်’ ဆောင်းပါး (http://drlunswe.blogspot.com/2010/12/blog-post_24.html)ကို ဖတ်ပြီးတော့ ပြည်တွင်း စစ်နဲ့မှပဲ နအဖက တွေ့ဆုံဆွေးနွေးရေးစားပွဲကို ရောက်လာမှာ ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပြီး ဒီဆောင်းပါးကို ရေးပါ တယ်။

ပြည်တွင်းစစ်ဖြစ်ဘို့က စစ်တပ်ကွဲပြီး အချင်းချင်း ချအောင် အရင်လုပ်ပေးရမယ်။ အချင်းချင်း နဲနဲပါးပါးချလာကြရင်၊ ၀တွေ ကရင်တွေလို အားရှိ တဲ့တပ်တွေကလည်း ၀င်တိုက်ကြရမယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ကိုကြီးလာအောင် ချဲ့ပေးကြရပါမယ်။

ပြည်တွင်းစစ်ကြောင့် လူတွေသေမှာ ထည့်မတွက်နဲ့။ အခုလည်း စစ်တပ်အုပ်ချုပ်လို့ လူတွေ သက်တမ်းမစေ့ပဲ ရော ဂါမျိုးစုံနဲ့ သေနေကြရတာ နှစ်ပေါင်း(၅၀)ရှိနေပြီ။ သူများတိုင်းပြည်တွေ မှာ အစိုးရတွေက စောင့်ရှာက်ကာကွယ်လို့ သူတို့ ပြည်သူတွေဟာ လူတွေအမြောက်အမြား သေကြေစေနိုင်တဲ့ တီဘီ ငှက်ဖျား AIDS ဆိုတဲ့ ရောဂါဘယ အကြီးစား တော်တော်များများ ကနေ ရှောင်ရှားနိုင်လို့်လူ့သက်တမ်းရှည်စွာနဲ့ အသက်ရှင် နေထိုင်နေကြတယ်။ မြန်မာပြည်မှာ သူများတိုင်းပြည်တွေမှာ လွယ်လွယ်ကူကူကာကွယ်လို့ ရနေတဲ့ ရောဂါတွေနဲ့ တပ်မတော်သားတွေ အပါအ၀င် ပြည်သူတွေ စက္ကန့်တိုင်းမှာ သေနေကြရတာ နှစ်(၅၀)ရှိလာပြီ။ ပြည်တွင်း စစ်ဖြစ်လာရင် သွေးချောင်းစီး ကုန်ကြတော့မှာပဲ လူတွေသေကုန်ကြတော့မှာပဲလို့ ပြောနေသူတွေဟာ အခုလို အချိန်မတန်ပဲ သေနေကြတာတွေ ဟာပြည်တွင်းစစ်နှစ်ငါးဆယ်မှာ (စစ် ကြောင့်) သေကြရသူတွေထက် အဆမတန်များတယ်ဆိုတာကို သတိမထား မိကြဘူး။ ပြည် တွင်းစစ်ကြောင့် သေကြမှာကို ကြောက်နေရင် ဘယ်တော့မှ မလွတ်မြောက်ဘူး။ ဒါကြောင့် မတရား တာတွေကို မြင်နေလို့ တပ်ထဲကနေ တော်လှန်ပုန်ကန်ချင်နေတဲ့ တပ်မတော်သားတွေ အနေနဲ့ ‘မင်းတို့ကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး လူတွေ သေကုန်ကြလိမ့်မယ်’လို့ တချို့အထက် အရာရှိတွေပြောပြောနေတာတွေကို ပြန်ပြီးသုံးသပ်ကြည့်ရမှာကတော့၊ ပြည်တွင်းစစ်ကပဲ လွတ်မြောက်မှုကို ပေးလိမ့်မယ် ဆိုတာပါပဲ။ တော်လှန်ပုန်ကန် ရဲတဲ့ တပ်မတော်သားတွေဟာ အောင်ပွဲခံတဲ့အချိန်မှာ သူရဲကောင်းတွေ ဖြစ်လာမှာပဲ။ တော်လှန်ပုန်ကန်တဲ့ တပ်မ တော်သား တွေက အမှန်တရားဘက်က ရပ်တည်တာကြောင့် အောင်ပွဲခံမှာပဲ။ ဘယ်အရာမှာမဆို နောက်ဆုံးမှာ အမှန်တရားဘက်ကပဲ အောင်ပွဲခံတယ်။
ပြည်တွင်းစစ် သေးသေးကွေးကွေးနဲ့တော့ မရဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကို ပြောရင် လူတွေက ၁၉၄၈-၅၂ လောက်က အစိုးရတပ်တွေနဲ့ သူပုန်ပေါင်းစုံတပ်တွေ အင်အားချင်း သိပ်မကွာပဲ တိုက်ကြခိုက်ကြလို့၊ အရပ်သား တွေပါ သေကြေခဲ့ကြရတဲ့ အချိန်ကာလကို ပြည်တွင်းစစ်ကာလအဖြစ် ပြောပြောနေကြတယ်။ အဲဒီ ပြည်တွင်းစစ်က ဟာသပါ။ အခု လိုနေတာက အကြီးစားပြည်တွင်းစစ်ကြီးပါ။
ဟိုနိုင်ငံဒီနိုင်ငံတွေကပါ ပါဝင်လာကြရတဲ့ ကွန်ဂိုတို့ ဘော့စနီးယားတို့လို အကြီးစားပြည်တွင်းစစ်ကြီး မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။

အများက မျှော်လင့်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ မြန်မာ့နိုင်ငံရေးမှာ တကယ်တမ်း လက်တွေ့ကျကျ ၀င် ရောက်ကူညီ ဖြေရှင်းပေးဘို့ဆိုတာ စိတ်ကူးတွေယဉ်ပြီး၊ အခုလို တွေ့ဆုံဆွေးနွေးရေးဖြစ်လာနိုးနဲ့ အိညက်အိညက်နဲ့ တောင်းဆိုနေကြတဲ့ အခြေအနေမျိုး မပြောနဲ့ ပြည်တွင်းစစ်အသေးစားနဲ့တောင် လာကြမှာ မဟုတ်ဘူး။ ဒီနေရာမှာ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို
မျှော်တဲ့လူတွေသိထားကြရမှာက ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်အောင် လုပ်နိုင်မှ၊ သူတို့ ရောက်လာကြမှာ ဆိုတာပဲ။

ဒါကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်အောင် ၀ိုင်းလုပ်ကြ။ နအဖကလည်း သီရိလင်္ကာမှာလို အစိုးရဘက်ကနေ ရက်ရက် စက်စက်နဲ့ သတ်ဖြတ်ချေမှုန်း အနိုင်တိုက်နိုင်ခဲ့တဲ့ ပြည်တွင်းစစ်ကို အားကျနေတယ်။ သီရိလင်္ကာကို အတုယူပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို နအဖက တစ်ပွဲတစ်လမ်း စမ်းပြီး၊ အပြတ်ချေမှူန်းလို့ ရမလား လုပ်ကြည့်ချင်နေ တယ်။

သီရိလင်္ကာမှာထက် အဆ(၁၀၀၀)ကြီးတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာအောင် ဘက်ပေါင်းစုံက ၀ိုင်းလုပ်ကြဘို့ လို တယ်။ နအဖကို သိပ်အထင်မကြီးနေနဲ့ ။ နအဖထဲမှာ အောက်ခြေတပ်သားလေးကနေ ဟိုးထိပ်အထိ အက်သံပါနေ ပြီ။ ဟန်ပဲ ရှိတယ်။ အဆံ မရှိတော့ဘူး။ ဟန် နဲ့ လူထုကို ခြိမ်းခြောက်ထားတာ။

ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်မှ နိုင်ငံခြားက မှန်တဲ့ဘက်က၀င်ပါလာတာ။ ဒီအတိုင်းက မပါကြပါဘူး။ ဒီအတိုင်း ကတော့ နအဖကို ကန့်ကွက်ကြောင်း အတိုက်အခံတွေကို ထောက်ခံကြောင်းဆိုတာမျိုးလောက်နဲ့ပဲ ပါးစပ်စိုက်တဲ့ အလုပ်၊ ကြေညာချက်ထုတ်တဲ့ အလုပ်တွေပဲ နိုင်ငံခြားက လုပ်ပေးလိမ့်မယ်။ နိုင်ငံခြားက ၀င်ပါပေးဘို့ဆိုတာ သူတို့အပေါ် မှီခိုဘို့ မဟုတ်ဘူး။ အဲ့ဒီကျမှနိုင်ငံရေးအရ သံတမန်ရေးအရ၊ ကိုယ့်ဘက်က အကုန်ပါလာတာ။ အခုလို ဟို ဘက်လိုလို ဒီဘက်လိုလို နိုင်ငံတွေ၊ အဲဒီကျ မှားတဲ့ဘက် မရပ်နိုင်တော့ဘူး။

ဟန်ပဲ ရှိတယ်ဆိုပေမဲ့ နအဖက ဗြိတိသျှတွေလို ဂျပန်တွေလို ပြန်ပြေးစရာ ကိုယ့်တိုင်းပြည်ဆိုတာမျိုး သူတို့မှာ မရှိ ဘူး။ ဒါကြောင့် လက်နက်တော့မချဘူး နောက်ဆုံးကျည်ဆံတစ်တောင့် အထိ ခံတိုက်မယ်ဆိုတဲ့ စစ်စိတ်စစ်မာန်ရှိ နေကြတဲ့သူတွေဆိုတော့ လူထုအားနဲ့ အပြုတ်ဖြုတ်ချလို့ မရဘူး။ ၈၈၈၈ တို့ ၉၀ ရွေးကောက်ပွဲတို့လောက် ကြီးတဲ့ လူထုအားမျိုးလဲ သူတို့ကို ဖြုတ်ချလို့
မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့လည်း မရခဲ့ဘူး။ သူတို့ကို အပြုတ်ဖြုတ်ဘို့ ကြိုးစားတိုင်း အုတ်နံရံကို ခေါင်းနဲ့ ပြေးပြေးဆောင့်သလို လူထုဘက်က နာတာချည့်ပဲ။ လူထုတိုက် ပွဲဆိုတာ မြန်မာပြည်မှာ မရဘူး။ ပြည်တွင်းစစ်နဲ့မှပဲ ရမယ်။ ပြည်တွင်းစစ်ဖြစ်လို့ ဘေးက တရုတ်တပ်ကုလားတပ်ဝင် ပြီး ဖဲ့သွားမှာလဲ မပူနဲ့။ အဲဒီလို မြန်မာ့အရေးဟာ ကမ္ဘာ့အရေး ဖြစ်လာမှအားလုံး စောက်ရမ်းမျှော်လင့်နေတဲ့ ကုလ သမဂ္ဂတို့ အမေရိကန်တို့ဝင်လာမှာ။ တကယ့် ပြည်တွင်းစစ်ဖြစ်မှ နအဖဟာ ဘာပဲပြောပြော ခုထက် အင်အားချည့်နဲ့သွားမယ်။ အင်အား ချည့်နဲ့သွားမှ အားလုံးမျှော်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ ၀င်လာပြီး၊ နအဖကို တွေ့ဆုံ ဆွေးနွေးရေးစားပွဲကို ခေါ်လာလို့ ရမယ်။ အဲ့ဒီကျမှ အားလုံးပါဝင်ပြီး ကုလသမဂ္ဂကြီးကြပ်မှုနဲ့ အခြေခံဥပဒေအသစ်ရွေးကောက်ပွဲအသစ်နဲ့ သွားလို့ရမယ်။ အရှေ့တီမော၊ ကမ္ဘောဒီဒီးယား၊ ဘော့စနီးယား တို့မှာလဲ ဖိနှိပ်သူအစိုးရတွေ ပြည်တွင်းစစ်နဲ့မှ ဆင်းသွားကြတာ။ ပြည်တွင်းစစ်ကြောင့် အင်အားချည့်နဲ့နေတဲ့ နအဖလဲ နိုင်ငံတကာကြီးကြပ်မှုနဲ့ လုပ်ပေးတဲ့ အခြေခံဥပဒေတို့ ရွေးကောက်ပွဲတို့ကို အဲ့ဒီ့ကျမှ လက်ခံပြီး အရှေ့တီမောတို့၊ ဘော့စနီးယားတို့လိုမျိုး ဒီမို ကရေစီစစ်စစ် အသေးစားအောက်ဆုံးအဆင့်လောက်ကို စရမှာ။

အခုဟာက ဂျပန်တော်လှန်ရေးမျိုး မဟုတ်ဘူး။ အားလုံးညီညွတ်ပြီး ဂျပန်ကို တိုက်ထုတ်တာမျိုး မဟုတ်ဘူး။ ဒါမျိုးနဲ့ မရဘူး။ ကွဲပြဲနေကြလေ ပိုကောင်းလေပဲ။ ဒါမှ ထချကြတဲ့အခါ ရှုပ်ရှက်ခတ်ပြီး အဖွဲ့(၁၀၀)လောက်ကွဲပြီး ပြည်တွင်း စစ်ကြီးကို ပတ်လည်တိုက်နေတဲ့ ဆိုမားလီးယားလိုမျိုး ဖြစ်မှ။ (၂၀)ရာစုအစက မော်စီတုံးမပေါ်ခင် တရုတ်ပြည်မှာ စစ်ဘုရင်တွေ အများကြီးနဲ့
သွေးချောင်းစီးအောင် တိုက်နေကြတာမျိုးတွေ ဖြစ်နေမှ။ မြန်မာတပြည်လုံး တရုတ် အိန္ဒိယ ဘင်္ဂလားဒေ့(ရှ်) ထိုင်းတပ်တွေ ၀င်တိုက်ကြ ၀င်ဖဲ့ကြမယ်။ အဲဒီလိုမျိုး ဖြစ်လာအောင် ၀ိုင်းပြီး ဖန်တီးပေးကြ ရမယ်။ နအဖမှာ စစ်ရေးအရ အရူးမီးဝိုင်းနေအောင် လုပ်ပေးရမယ်။ ဒါမှ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့ ကုလားတို့ အာဆီယံတို့ ၀င်ထိန်းမှာ။ ဒီအတိုင်းက ဘယ်သူမှ
ဝင်လုပ်မပေးဘူး။ မြန်မာပြည်မှာ နအဖက အင်အား အကောင်းဆုံးနဲ့ အားလုံးကို ဗိုလ်ကျနေတယ်။ ဆိုမားလီးယားဆိုတာက အနားမှာ တရုတ် အမေရိကန် ရုရှ ဘယ်သူ မှ မရှိဘူး။ သူတို့အားလုံးက ဆိုမားလီးယားပြည်တွင်းစစ်ကို အလေးအနက်မထားပဲ ဒီအတိုင်း လွှတ်ထားတယ်။

မြန်မာပြည်က ပြည်တွင်းစစ်ဖြစ်ရင် လွှတ်ထားလို့ မရဘူး။ တရုတ် ကုလားနဲ့ အာဆီယံက နေ လို့ မရဘူး။ မြန်မာ ပြည်နဲ့တင် ပြီးမှာ မဟုတ်ဘူး။ မီးပွားတွေရှိနေတဲ့ ထိုင်းနဲ့ အိန္ဒိယအရှေ့ခြမ်းပါ အကုန် မီးက ကူးမှာ။ အမေရိကန်နဲ့ အီးယူ နေလို့ မရဘူး။ အာဆီယံဒေသထဲမှာ သူတို့ အကျိုးစီးပွားတွေရှိတယ်။ မြန်မာပြည်တွင်းစစ် ထိုင်းနဲ့ အိန္ဒိယ အရှေ့ခြမ်းကို ကူးစက်လို့မရအောင်၊ အကုန်ဝင်ပါလာကြမှာ။ ရုရှပဲ သူနဲ့ဝေးလို့ မပါမှာ။ ရုရှအကျိုးစီးပွား အာဆီယံ ဒေသမှာလဲ မရှိဘူး။ ဒီမိုကရေစီစစ်စစ်ရဲ့ အနိမ့်ဆုံးအဆင့် မြန်မာပြည်မှာ ရအောင်က၊ ပြည်တွင်းစစ်နဲ့မှ ရမယ်။ ပြည်တွင်းစစ်နဲ့မှ နအဖက အင်အားချိနဲ့လာမှာမို့ဘဲ။

တခုသတိထားဘို့ကလည်း ပြည်တွင်းစစ်နဲ့ကလည်း နအဖကို ချက်ချင်းအနိုင်တိုက်လို့ မရဘူး။ အနိုင်တိုက်လို့ မရ နိုင်လို့၊ အနိုင်တိုက်ဘို့လုပ်ရင် ကိုယ်ပဲ လုံးပါးပါးလိမ့်မယ်။ အကန့်အသတ်နဲ့ တိုက်ရမှာ၊ နအဖ ဆွေးနွေးပွဲစားပွဲဝိုင်း
ကို ရောက်လာနိုင်တဲ့အထိပဲ၊ သူ့ကို ချည့်နဲ့လာအောင် တိုက်ရေးကိုပဲ ရည်မှန်းချက်ထားရမယ်။ ဒါဆို ကိုယ့်ဘက်က လည်း အရင်းအနှီးအများကြီး မစိုက်ရဘူး။ ကိုယ့်အင်အားကို ထိန်းနိုင်သိမ်းနိုင်ရှိမယ်။ နအဖလဲ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာချင်အောင် သူ့ကို အပြုတ်တိုက်တဲ့နည်းကို မသုံးဘူး။ အပြုတ်လဲ တိုက်လို့ မရတာကြောင့်၊ ရေရှည်ပျောက် ကျားစစ်နဲ့ တိုက်ရမယ်။ ရေရှည်စစ် ဖြစ်လာတော့မှ၊ နအဖဟာ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာလိမ့်မယ်။ ရေရှည်စစ်မှာ နှစ်ဘက်လုံး မနိုင်ကြပေမဲ့၊ အာဏာလက်ရှိလူက အကျိုးစီးပွားတွေ ပိုပြီးနာတယ်။ အာဏာမဲ့ တဲ့ဘက်က နဂိုထဲက အကျိုးစီးပွားတွေ နာနေပြီးသားဆိုတော့၊
ဘာမှ ပိုထူးပြီး မနစ်နာဘူး။ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့လည်း ရေရှည်ပျောက်ကျားစစ်ဆိုရင်၊ ကြာတော့မယ်ဆိုတာသိလို့၊ တည်ငြိမ်နေတဲ့ ဒေသတွင်းကိုပါ ပြဿနာတွေ တက်လာမှာကြောင့်၊ ၀င်လာကြလိမ့်မယ်။ အဲဒီကျမှ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့လေးလောက် မြန်မာပြည်မှာ ရလာကြ မယ်။

လူ့အသက်တွေနဲ့ ထောင်သောင်းချီ ပေးဆပ်ရင်းနှီးနိုင်ပါမှ နိုင်ငံတနိုင်ငံရဲ့ နောင်မျိုးဆက်အတွက် လှပတဲ့အနာဂတ် ကို ဖြစ်လာစေတာ၊ သမိုင်းမှာ တွေ့ကြရမှာပါ။ ဒီကနေ့ အမေရိကန်ပြည်ထောင်စုကြီး ဖြစ်လာဘို့ (၁၈) ရာစု နဲ့ (၁၉) ရာစုတွေမှာ အမေရိကန်တွေရဲ့ အသက်တွေ အများကြီး ရင်းခဲ့ကြ ရတယ်။ ဒီကနေ့ တရုတ်ပြည်ကြီး ချမ်းသာကြွယ်ဝလာဘို့ ယဉ်ကျေး မှုတော်လှန်ရေးကာလမှာ
တရုတ်ပြည်သူတွေ သန်းနဲ့ချီပြီး သေခဲ့ကြရတယ်။ ဒီကနေ့ အာရှ ကျားဗီယက်နမ်နိုင်ငံဖြစ်လာဘို့ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်ပြည်သူတွေ သိန်းနဲ့ချီပြီး အသက်တွေပေးခဲ့ကြရတယ်။ နမူနာတွေ အများကြီး ပါ။

လန်ဒန် ဟိုက်ပတ် ပန်းခြံထဲမှာ သစ်သားပုံးတစ်ပုံးချ ပုံးပေါ်တက် တရားဟောကျင့် တရားဟောကောင်းလာရင် လူတွေဝိုင်းလာ လူကြိုက်များလာ လူသိများလာတော့ ပါတီထောင် ရွေးကောက်ပွဲဝင် ရွေးကောက်ပွဲမှာနိုင်တော့ အမတ်ဖြစ် အမတ်ကနေ ၀န်ကလေးဝန်ကြီး ၀န်ကြီးချုပ်အထိ ဖြစ်လာ။ အဲ့ဒီနည်းမျိုးနဲ့ မြန်မာပြည် ဒီမိုကရေစီ ရ အောင် အပြောင်းအလဲ ဖြစ်လာအောင် လုပ်လို့ မရပါ။

အဲဒီလို လုပ်လာနိုင်အောင်၊ အဲဒီလိုလုပ်လို့ရတဲ့ တိုင်းပြည်ဖြစ်လာအောင်၊ အများကြီး လူ့ အသက်တွေ ရင်းရပါဦး မယ်။ အဲ့ဒီနိုင်ငံတွေ အဲဒီအဆင့်ရောက်လာအောင် (၁၀)နှစ် နှစ်(၂၀)လောက် လူထုတိုက်ပွဲဆိုတဲ့ လမ်းပေါ်တက် ဆန္ဒပြတာတွေ ကြေညာချက်ထုတ်တာတွေ ပေါချောင်ကောင်းနဲ့ လုပ်ပြီး ရလာတာပါ မဟုတ်ပါ။ နောက်မျိုးဆက် တွေ သေတ္တာပုံးပေါ်တရားတက်ဟောရာက စပြီး ပါလီမန်မှာဝန်ကြီးချုပ် တက်လုပ်နိုင်ကြတဲ့နိုင်ငံမျိုး ဖြစ်လာအောင်၊ ရှေးက သူတို့ခေါင်းဆောင်တွေ သူတို့ ပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ ချီပြီး လူ့အသက်တွေ သောင်းသိန်းချီ ရင်းပြီး စစ်ပွဲတွေနဲ့ လုပ်ခဲ့ကြတာပါ။

အခု ဖြစ်နေတာက၊ ဒီအဆင့်မျိုးကို ခုချက်ချင်းပဲ ဈေးပေါပေါနဲ့ ရောက်အောင်လုပ်နိုင်တယ်လို့ စိတ်ကူးယဉ်ပြီး လုပ် နေကြသလိုပါပဲ။ ရှင်းရှင်းလေးပါ။ ရန်သူက ဒါးကိုင်ပြီး အပေါ်စည်းက စကားပြော နေတာကို၊ သူ့လက်ထဲက ဒါးကို လွတ်ကျသွားအောင် သူ့ကို ချည့်နဲ့သွားအောင် လုပ်ဖို့ပါ။ အခုက ဒါးကိုင်ထားတဲ့ ရန်သူကို ပါးစပ်နဲ့ ဟိုဟာပေးပါ ဒီဟာပေးပါနဲ့ သူတောင်းစားတောင်းတောင်းနေကြတယ့် အဖြစ်ပါ။

အရှေ့တီမောလို ဒီမိုကရေစီစစ်စစ် အသေးစားလေးလောက်က စပြီး ရဘို့တောင်၊ အရင်းအနှီး အများကြီး လိုတယ် ဆိုတာ သဘောပေါက်ကြဘို့ လိုနေပါပြီ။ အဲဒီ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့ လေးလောက်က စပြီး ရဘို့၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အကြီးစားကြီး လိုနေပါတယ်။ အခုလို အမေရိကန် အင်္ဂလန် အိန္ဒိယတို့က ဒီမိုကရေစီစစ်စစ် အကြီးစား ကြီးလိုဟာမျိုးကို လူထုတိုက်ပွဲတို့
ရွေးကောက်ပွဲတို့ ဆိုတာတွေနဲ့ ပေါချောင်ကောင်း ရလေမလားလို့ မျှော်လင့်ပြီး လုပ်မနေကြပါနဲ့တော့။ ဆင့်ဖင်ခွေးမျှော်အလုပ်တွေနဲ့ လုပ်လို့မရနိုင်ဘူးဆိုတာ နှစ်(၂၀)ရှိနေမှတော့ သိဘို့ ကောင်း ကြပါပြီ။ အခုချိန်ထိ နှစ်(၂၀)အတွင်း တနိုင်ငံလုံးမှာ ပေးဆပ်ခဲ့ကြပေးဆပ်နေကြတယ်ဆိုတာ ဘာမှ မဟုတ်သေး ဘူး၊ နှမ်းစေ့လောက်ပဲ ရှိသေးတယ်ဆိုတာ မြင်ကြဘို့ကောင်း ပါပြီ။
ဒီထက်မက ထပ်ပြီး ပေးဆပ်ရမှာက သောင်းနဲ့သိန်းချီတဲ့ လူ့အသက်တွေပါ။ အဲဒီ လောက်တွေ ရင်းပြီးမှ အရှေ့တီမောလောက် အဆင့်က စပြီး ဖြစ်လာမှာဆိုတာ မမေ့ကြနဲ့။

ပြည်တွင်းစစ် အကြီးစားကြီး မီးဟုန်းဟုန်း တောက်အောင် ၀ိုင်းပြီး လုပ်ဆောင်ကြပါစို့။

0 ABSDFကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ရာကနေ ယခုအခါ ပယ်ဖျက်လိုက်ကြောင်း ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်မှပြောဆို


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) လို့ ခေါ်တဲ့ ABSDF အဖွဲ့ကို အမေရိကန် ပြည်ထောင်စု US Homeland Security Department ကနေ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု နောက်ပိုင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ရာ ကနေ အခုအခါ ပယ်ဖျက် လိုက်ပေးတယ်လို့ သိရပါတယ်။ရှစ်လေးလုံး ဆန္ဒပြပွဲကြီးမှာ ဆန္ဒပြသူတွေကို လက်နက်နဲ့သတ်ဖြတ်ခဲ့တဲ့ စစ်အစိုးရကို ငြိမ်းချမ်းစွာ တောင်းဆိုလို့ မရတော့ဘူးလို့ သိလာတာကြောင့် စစ်အစိုးရကို လက်နက်ကိုင် တိုက်ဖို့ ဆုံးဖြတ်ပြီး ABSDF အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။ကျောင်းသား တပ်မတော်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပြီး အမေရိကန်က သတ်မှတ်ထားတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေနဲ့မတူညီကြောင်း ဒါကြောင့် အကြမ်းဖက်အဖွဲ့လို့သတ်မှတ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အမေရိကန်မှာ ရှိတဲ့ တခြား ဘာသာရေး အဖွဲ့အစည်းတွေ အပါအဝင် ကျန်တဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပါဝင် တောင်းဆို ပေးခဲ့ကြလို့ US Homeland Security Department ကနေ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ရာ ကနေ ပယ်ဖျက် လိုက်ပေးတယ်လို့ထင်ကြောင်း ဦးထွန်းအောင်ကျော်က ဆိုပါတယ်။
(Bbc)

0 မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)


တပ်မှူးတပ်သား ပြောစကား (၀၄၀)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကိုယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာစက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ စစ်အင်ဂျင်နီယာအရာရှိ ဗိုလ်မှူး ဟောင်း စိုင်းသိန်းဝင်းပါ။ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့အတွေ့အကြုံတွေကို ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး အနေနဲ့ ဒီ “ကပစ” စက်ရုံတွေ မှာ ဘာတွေ တွေ့ကြုံရသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ကတော့ အရာရှိဖြစ်ပြီးတဲ့အခါမှ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးမှာ ကျနော့်ရဲ့ mother unit (မိခင်တပ်ရင်း) က အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ဆင်တဲ) ပါ။ ကျနော်တို့ ammunition (ခဲယမ်း) တွေကို အဓိက ထုတ်လုပ်တာက တော့ ကပစ (၃) ၊ ကပစ (၁၂) ပေါ့၊ အဲဒီအချိန်တုန်းက။ ကပစ (၃) က ခဲယမ်းတွေကိုထုတ်လုပ်ရာမှာ အဓိက အခုလက်ရှိတပ်မတော်မှာ အသုံး များနေတဲ့ (၈၁) မမ စိန်ပြောင်းဗုံးသီးရယ်၊ (၁၂၀) မမ စိန်ပြောင်းဗုံးသီးတွေကို ထုတ်လုပ်တာပါ။ ဒီ့အပြင် ပိုပြီးတော့ ကျနော်တို့ထုတ်လုပ်ခဲ့ရတာ ကတော့ (၈၂) မမ နောက်ပွင့်ရိုင်ဖယ် ဒုံးကျည်တွေ ထုတ်ခဲ့ရတာရှိတယ်။ ကျနော်ကိုင်ခဲ့တဲ့ အလုပ်ရုံကတော့ RPG (Rocket Propelling Grenade) (ဒုံးကျည်သုံးဗုံးသီး) ဖြစ်ပါတယ်။ အဲဒီစက်ရုံကတော့ ကျနော် အလုပ်ရုံမှူးအနေနဲ့ ကိုင်တွယ်ခဲ့ရတဲ့ အလုပ်ရုံ ဖြစ်ပါတယ်။ စိန်ပြောင်း ဗုံးသီးတွေက စက်ထဲကို သံတုံးအနေနဲ့ ဖြတ်ပြီးတော့ ထည့်လိုက်တယ်။ ဒါပေမယ့် ထွက်လာတဲ့အချိန်မှာ ဗုံးသီးတွေက တစ်ခြမ်းစောင်းနေတာ မျိုးတို့ ဗုံးသီးရဲ့အခေါင်းက တစ်ခြမ်းပါးပြီးတော့တစ်ခြမ်းထူ နေတာမျိုးတို့ အဲဒီလိုမျိုး ပြဿနာလေးတွေ တွေ့တယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့ ဗုံးခွံလုပ်နေတုန်းမှာ ယမ်းတောင် မထည့်ရသေးတဲ့ အခြေအနေပေါ့။ အဲဒီလိုမျိုး ဗုံးခွံတွေက စောင်းပြီးထွက် လာရတဲ့အကြောင်းက ဘာကြောင့်ပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ပုံစံသွင်းတဲ့နေရာမှာ သံကိုသံချင်း ကြိတ်စားရတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကြိတ်စားခံရမယ့်သံထည် ကို ကျနော်တို့က အရင်ဆုံး ပျော့အောင်လုပ်ရတယ် ခင်ဗျ။ အဲဒီလို ပျော့အောင်လုပ်တဲ့ နေရာမှာ မီးဖုတ်ရပါတယ်။ မီးဖုတ်တဲ့အခါမှာ ကျနော်တို့ စက်ရုံမှာရှိတဲ့ မီးဖိုကြီးက ဒီဇယ်သုံးတဲ့မီးဖိုကြီး ဖြစ်နေတဲ့အခါကျတော့ ဌာနမှူးတို့ စက်ရုံမှူးတို့အကြိုက် ဖြစ်သွားတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို တော့ ဒီသံတုံးကို သတ်မှတ်တဲ့အချိန် သတ်မှတ်တဲ့အပူရှိန် မဖြစ်လည်း မီးတောက်က ထွက်နေတာပဲ။ ဒီတော့ ဂါလံ(၄၀၀) ထည့်ရမယ့်နေရာမှာ ဂါလံ(၂၀၀) ထည့်လိုက်လည်း ဒီမီးတောက်က ထွက်နေတာပဲ။ အဲဒီတော့ ဒီသံတုံးတွေက လိုအပ်တဲ့ မီးအပူရှိန်ကို မရဘူး။ လိုအပ်တဲ့ မီးအပူရှိန် မရတော့ မပျော့ဘူးပေါ့ဗျာ။ မပျော့တဲ့အခါကျတော့ အဲဒီမှာ ရှိသမျှစက်တွေအားလုံးဟာ သံတုံးအမာကြီးတွေကိုပဲ ကြိတ်စားရတဲ့ အခါကျတော့ တစ်ခုချင်းစီ တစ်ခုချင်းစီ ထွက်လာတဲ့ အစိပ်အပိုင်းတွေ အားလုံးကလည်း ရွဲ့စောင်းပြီးတော့ထွက်လာတယ်။ ဥပမာ ဒုံးကျည်တွေဆိုလို့ရှိရင် ပြောင်းထဲမ၀င်တာမျိုးတို့ နောက်ပြီး အဆိုးဆုံးကတော့ ဒုံးကျည်တွေ ဗုံးသီးတွေရဲ့အတွင်းနံရံတွေဟာ တစ်ဖက်ထူတစ်ဖက်ပါး အဲဒီလိုမျိုး မညီ တာမျိုးလေးတွေ ဖြစ်လာတာ တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒါတွေက စက်ရုံတာဝန်ရှိလူကြီးပိုင်းအရာရှိတွေက စက်ရုံမှာလည်ပတ်သုံးစွဲရမယ့် ဒီဇယ်ဆီတွေကို အပြင် ကို အကြံအဖန်ထုတ်ပြီး ရောင်းချကြလို့ ဖြစ်ရတဲ့အဖြစ်လို့ ကျနော် အခု နားလည်လိုက်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီတပ်မှာ အဲဒီလိုမှ မလုပ်လို့ရှိရင်လည်း ဘယ်လိုမှ စားမလောက်တဲ့ အနေအထားပါ။ ကျနော်က ဒီပြဿနာ ကို ‘စက်ရုံမှူးမှာလည်း တာဝန်မရှိဘူး။ အောက်ကလုပ်နေတဲ့ ရဲဘော်တွေမှာလည်း တာဝန်မရှိဘူး’ လို့ မြင်ပါတယ်။ ကျနော်ကတော့ ဒီပြဿနာ တွေ အားလုံးကို ခေါင်မိုးက မိုးမလုံလို့ မိုးယိုတဲ့ကိစ္စလို့ပဲ သုံးသပ်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး ရွဲ့စောင်းပြီးထွက်လာတဲ့ သံကိုယ်ထည်တွေနဲ့ ဗုံးသီးတွေ ဒုံးကျည် rocket တွေ၊ အဲဒါတွေက ယမ်းမထည့် ရသေးခင်တောင် အဲ့ဒီလောက်ဖြစ်နေတော့ ယမ်းထည့်ပြီးတော့မှ စက်ရုံထွက်လက်နက်ခဲယမ်း တွေဆိုပြီးတော့ ရှေ့တန်းကိုပို့တဲ့အခါမှာ၊ ဒါတွေ ကိုအသုံးပြုမယ့် တပ်တွေကို ပို့တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီသံထည်ပိုင်းမှာ တစ်ခြမ်းစောင်းပြီးတော့ ဗုံးသီး အထူအပါးမညီတဲ့ပြဿနာက ဘာဖြစ်နိုင်သလဲဆိုတော့ ပြောင်း ထဲမှာပေါက်တာ ဖြစ်နိုင်တယ်။ လမ်းတစ်ဝက်မှာပြုတ်ကျတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရန်သူ့နယ်မြေထဲကိုကျသွားပြီးတော့မှ အပြည့်အ၀ မပေါက်ကွဲဘဲနဲ့ ထက်ခြမ်းပေါက်သွားတာမျိုး ဖြစ်နိုင်တယ်။ ထက်ခြမ်းပေါက်သွားတယ်ဆိုတာ အထူအပါးမညီတဲ့နေရာကနေပြီးတော့ ဗုံးသီးဟာ အစိပ်စိပ်အမွှာမွှာကွဲထွက်သွားရမယ့်အစား သူက နှစ်ပိုင်းပဲ ကွဲထွက်သွားတာပေါ့။ ဒါကတော့ ထိရောက်မှုအပိုင်းကို သွားပြီးတော့ effect (အကျိုးသက်ရောက်မှု) ဖြစ်ပါတယ်။ နောက်တစ်ခုက ယမ်းပိုင်းကိုပြောမယ်ဆိုရင် ယမ်းပိုင်းမှာ ထုတ်လုပ်ကတည်းက အရည်အသွေး မပြည့်မှီ တာရှိတယ်။ နောက်ပြီးတော့ ထိန်းသိမ်းထားသိုတဲ့နေရာမှာလည်း ပြဿနာရှိတယ်။ ထုတ်လုပ်တာကတော့ ထုတ်လုပ်လိုက်ပြီ၊ ဗုံးသီးတွေကို ယမ်းလည်းဖြည့်ပြီးသွားပြီ။ အကုန်လုံးကို COD (Central Ordnance Depot) (ပင်မလက်နက် ခဲယမ်းသိုလှောင်ရေးတပ်)ကို သွားပို့လိုက်ပြီ၊ အဲဒီစစ်လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်က ဒီလက်နက်တွေကို အသေအချာမထိန်းသိမ်းဘဲနဲ့ ပစ္စလက္ခထားလိုက်မယ်ဆိုရင် ဗုံးသီး တွေဟာ အချိန်မတိုင်ဘဲနဲ့ ယိုယွင်းပျက်စီးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ကဏ္ဍပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲလိုမျိုးကြာရှည်ကြာများ လက်နက်ခဲယမ်းတွေကို သိုလှောင်ထားရှိမယ့်ကိစ္စမှာ စနစ်တကျသတ်မှတ်ထား တဲ့လုပ်ငန်းစဉ် အဆင့်ဆင့်တို့ ဥပမာ ကျည်ဆံတို့ သေနတ်တို့လို လက်နက်ငယ် အသေးလေးတွေတောင်မှ ဘယ်လို ထားရမယ်၊ ဆီသုတ်ပြီးမှ ထားရမယ်၊ ဘာကို အခြောက်ခံပြီးမှ ထားရမယ်၊ ကျနော်တို့ ကြားဖူးတာတွေ ရှိတာပေါ့နော်၊ အဲဒီတော့ ခုနကိစ္စမှာကော အဲဒါမျိုးတွေ သတ်မှတ် ပြီးတော့ လုပ်ဆောင်နေကြတာ မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်တွေမှာလည်း ပြဿနာရှိတယ်။ ဒါကတော့ ဒီတပ်မှာတင် မဟုတ် ပါဘူး။ တပ်တိုင်း တပ်တိုင်းမှာ ဖြစ်နေတာပါ။ ဘာလဲဆိုတော့ ရဲဘော် အလုံအလောက် မရှိတာပါ။ ရဲဘော်တွေက နည်းပြီးတော့ အရာရှိက များ နေတဲ့အခါကျတော့ ကျနော်တို့ ‘ကပစ’ကနေ သေနတ်တွေ ထုတ်လိုက်ပြီ၊ ပြီးတော့ COD ကိုသွားပို့လိုက်တယ်။ အဲဒီ COD က ရဲဘော်လေး တစ်ယောက်နှစ်ယောက်က ဘယ်လိုလုပ် သွားပြီး ဆီသုတ်ချိန် ရမှာလဲ၊ အဲဒီတော့ လာပို့တဲ့သေနတ်တွေကို ထင်းချောင်းတွေလိုပဲ စင်တွေပေါ် ကို ၀ုန်းဝုန်းဆိုပစ်တင်ပြီးတော့ ပြီးသွားတာပဲ။ အဲဒီတော့ဒီသေနတ်တွေက ဘယ်လိုမှသုံးလို့မရ အလိုလိုနေရင်းနဲ့ကို ပျက်စီးနေတာပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးတို့ ကပစစက်ရုံတွေကနေပြီးတော့ အဲဒီလိုမျိုးဖြစ်ပျက်ပြီးတော့မှ ထွက်ရှိလာတဲ့လက်နက်ခဲယမ်းတွေ နဲ့ ရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းမှာတိုက်နေရတဲ့တပ်တွေက နောက်ကနေရောက်လာတဲ့ခဲယမ်းတွေ ဒီလိုတွေဖြစ်ပျက်ပြီးမှ ရောက် လာတယ်ဆိုတာ သူတို့က မသိကြဘူး။ အဲဒီတော့ မသိဘဲနဲ့ အဲဒါတွေနဲ့ တိုက်ပွဲဝင်နေတဲ့အခါမှာ ဘာတွေ ဖြစ်သံပျက်သံတွေ ကြားဖူးပါသလဲ ခင်ဗျ။ ကျနော်တို့ ကြားဖူးတာ တစ်ခုရှိပါတယ်။ မနှစ်ကတုန်းက ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးကို လောက်ကိုင်မှာ ပြန်တိုက်တုန်းက တပ်မ (၃၃) ကိုယ့်ဘက်က တပ်တွေအပေါ်ကို နောက်ကနေပြီး ပစ်ကူပေးတဲ့ လက်နက်ကြီးကျည်တွေ အမြောက်ကျည်တွေကျလို့ တော်တော် များများ သေဆုံးသွားတယ်။ ဒါပေမယ့်လည်း အရေးယူခံရတဲ့အခါကျတော့ လောက်ကိုင်ဒကစမှူး (ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (လောက် ကိုင်)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒကစ) ဗိုလ်မှူးချုပ်ဝင်းမောင်က အရေးယူခံရတယ်။ ထောင်အချခံရတယ် ဆိုတာမျိုး ကျနော်တို့ ကြားဖူးပါတယ်။ အဲဒီတော့ ဒါတွေက ခုနကလိုအဖြစ်အပျက်မျိုးတွေနဲ့ ဆက်စပ်မှုရှိပါသလား ခင်ဗျ။ နည်းနည်း ရှင်းပြပေးပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီကိစ္စတွေက အများကြီးဆက်စပ်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ စနစ်ကြီးတစ်ခုလုံးက ပျက် စီးနေတာကိုး။ စက်ရုံကထုတ်ကတည်းကိုက ဒီလက်နက်ပစ္စည်းတွေက အရည်အသွေး မပြည့်မှီဘူး။ နောက်ပြီးတော့ သိုလှောင်ထိန်းသိမ်းရေး တပ်တွေမှာလည်း စနစ်တကျသိုလှောင်ထိန်းသိမ်းထားခြင်း မရှိဘူး။ သယ်ယူပို့ဆောင်တဲ့နေရာမှာကော စနစ်တကျရှိသလားဆိုတော့ စနစ်တ ကျ မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက စေတနာမရှိဘူးလို ဖြစ်နေပါတယ်။ အဲဒီအခါကျတော့ ရှေ့တန်းကိုရောက်သွားတဲ့အခါမှာ ပစ်လိုက် တဲ့ ကိုယ့်ရဲ့ဗုံးသီးဟာ ကိုက်(၂၀၀၀)ကိုချိန်ပြီး ပစ်တဲ့အချိန်မှာ ကိုက်(၂၀၀၀)မရောက်ဘဲ ကိုက်(၁၂၀၀)လောက်နဲ့ လမ်းတစ်ဝက်မှာတင် ပြုတ်ကျ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ကိုက်(၁၂၀၀)လောက်နဲ့ ပြုတ်ကျတာမျိုးတွေ ဖြစ်မယ်ဆိုရင် စစ်နည်းဗျူဟာအရဆိုရင် အမြောက်ကြီးနဲ့ ရန် သူကို ပစ်အားနဲ့ဖိထားတဲ့အချိန်မှာ ခြေလျင်တပ်တွေက ၀င်ပြီးလုံးရတဲ့ဟာ မျိုးကိုး။ အမြောက်ကြီး ပစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ခြေလျင်တပ်က ရန်သူရဲ့ခြံစည်းရိုးနားကို ရောက်နေရမယ်။ အဲဒီမှာ ကျနော်တို့ရဲ့ ဗုံးသီးက အဲဒီလိုမျိုး မသေချာတဲ့အပြင် ရောက်မယ့်လမ်းကြောင်းကလည်း မသေချာတဲ့အခါကျတော့ ကိုယ့်တပ်ဖွဲ့ခေါင်းပေါ် ပြန်ရောက်နိုင်တဲ့ပြဿနာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဖြစ်ခဲ့ဖူးတဲ့ နမူနာလေး တစ်ခု နှစ်ခု လောက်ပြောပြပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ စက်ရုံမှာတော့ ဘယ်လိုကြုံရသလဲဆိုတော့ အရည်အသွေးစစ်ဆေးရေးဌာနကဗိုလ်မှူးတစ်ယောက်ကတော့ 82 mm RPL ဆိုတဲ့ (၈၂)မမ နောက်ပွင့်ရိုင်ဖယ်ကို ပစ်စမ်းကြည့်တာ။ ပထမ တစ်လုံးပစ် မထွက်၊ နှစ်လုံးပစ် မထွက်၊ သုံးလုံးပစ် မထွက်တဲ့အခါ နောက် လေးလုံးမြောက်မှာ သူက ကြိုးနဲ့ trigger (မောင်းခလုတ်) ကိုဆွဲပြီးတော့ ပစ်စမ်းမယ်ဆိုပြီး စမ်းကြည့်ပါတယ်။ လူကိုယ်တိုင်ကတော့ ကတုတ်ကျင်းထဲဝင်ပြီး သေနတ်ကို ကြိုးနဲ့ဆွဲ ပစ်တာပေါ့။ ဒါပေမယ့် ဒုံးကျည်က ပြောင်းထဲမှာတင် ကွဲထွက်သွားတာပေါ့။ ဆိုလိုတာက ကျနော် တို့ ထုတ်တဲ့ပစ္စည်းတွေဟာ စက်ရုံပြင်ပတောင် မထွက်သေးဘူး။ အဲဒီမှာ အန္တရာယ်က ပေးနေပြီ။ ထိုနည်းတူပဲ ခြေလျင်တပ်တွေကနေ ကပစ ကို ပြန်ပြီးတော့feedbackတွေ ပြန်လာတာပေါ့။ သတင်းပြန်လာတာတွေ ရှိတယ်။ ပြန် ကြားရတာတွေ ရှိတယ်။ လွယ်တိုက်လျှံ SSA (ရှမ်းပြည် တပ်မတော်) တောင်ပိုင်းကို တိုက်တုန်းက၊ “၀” တပ်ကို ရှေ့က တက်ခိုင်းပြီးတော့ စစ်တပ်က နောက်ကနေ စိန်ပြောင်းနဲ့ ပစ်ကူပေးတော့ “၀” တပ်တွေပေါ်ကိုပဲ ကျနော်တို့ရဲ့ စိန်ပြောင်းဗုံးသီးတွေက ကျတာ ရှိတယ်ဗျ။

ဦးရော်နီညိမ်း။ ။ အဲဒါ ဘယ်နှစ်ခုနှစ်ကလဲ ခင်ဗျ။ အဲဒါ အခုလိုမျိုး UWSA (United Wa Solidarity Army ၀ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်) နဲ့ စစ်အစိုးရ၊ နယ်ခြားစောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မတက်ခင်ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါ ၂၀၀၂ ခုနှစ်လောက်ကဆိုတော့ တော်တော်ကြာသွားပါပြီ။ နောက်ပိုင်း သတင်းတွေကနေပဲ ပြန်ဖတ်ရတာ ပါ။ UWSA က (၄၀၀) လောက်ကျတယ်။ အဲဒီ (၄၀၀)လောက်ကျတယ် ဆိုတာကလည်း နောက်က ပစ်ကူပေးတဲ့ တပ်မတော်ကဗုံးသီးကြောင့်ပဲ သေတာ။ ထို့နည်းတူပါပဲ ပန်မိုင်စွန်တိုက်ပွဲတို့လို ဖြစ်စဉ်တွေ အားလုံးကို တပ်ခွဲမှူးသင်တန်းတို့ တပ်စုမှူးသင်တန်းတို့မှာ ပြန်သင်တာရှိတယ်။ အဲဒီလို review(ပြန်လည်သုံးသပ်မှု)ပြန်လုပ်တဲ့အခါကျတော့ ပြန်ကြားရတာလေးတွေ ရှိပါတယ်။ များသောအားဖြင့် တပ်မတော်သားတွေ အကျ အဆုံးများတာဟာ ကိုယ့်ကျည်နဲ့ကိုယ် သေတာ များပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါတွေ အပေါ်ပြန်သုံးသပ်ပြီး ကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး လုပ်လေ့လုပ်ထလည်း မရှိဘူး။ မကောင်းတဲ့သတင်းဆို ဟိုးအထက်ကိုမရောက်အောင် အကုန်လုံး အဆင့်ဆင့် အုပ်ထားကြမယ်ဆိုတဲ့ဟာနဲ့ သွားနေတာ ဆိုတော့၊ ဗိုလ်မှူးတို့ ဘယ်လောက်ထိ အဲဒါတွေရဲ့ ဒီ ဖြစ်ပျက်မှုတွေကို တိတိကျကျ သိရှိခဲ့ရပါသလဲ။ အထူးသဖြင့် ကိုယ်ကတာဝန်ရှိနေတဲ့လူ၊ ဒီပစ္စည်းတွေကို ထုတ် လုပ်နေတဲ့လူတွေ အနေနဲ့ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုတော့ ဖြစ်စဉ်အားလုံးက အမှန်အတိုင်းပဲ လာပါ တယ်။ ကျန်တဲ့ တပ်ခွဲမှူး သင်တန်း တပ်စုမှူးသင်တန်းတွေမှာကတော့ သူတို့ ဒီတိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါလာခဲ့တဲ့ အရာရှိတွေကနေ စင်ပေါ်တက်ပြီး ကျနော်တို့ ကို ပြန်ရှင်းပြတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် သူတို့ စင်အောက်မှာ ပြောတော့တစ်မျိုး၊ စင်ပေါ်ရောက်သွားတော့ ပြောတာတစ်မျိုး ဖြစ်သွားတာ လေးတွေတော့ ရှိတာပေါ့။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက အရာရှိတွေအနေနဲ့ကတော့ ဒီဖြစ်စဉ်အမှန်ကို၊ ကျနော်တို့က မဖြစ်ခင်ကတည်း ကလည်း ကြိုသိပြီးသား။ ဖြစ်လာတော့လည်း ဘာမှ မထူးဆန်းဘူး။ ဒါ ဖြစ်မှာပဲဆိုတာ သိနေတဲ့ သဘောပါပဲ။ ကျနော်တို့ အတွက်ကတော့။

ဦးရော်နီညိမ်း။ ။ ဒီလို အမှားကြီးနဲ့ သွားနေတာတွေကို၊ အကုန်လုံးက ဒီအမှားလောကကြီးထဲမှာ ဒါက ရိုးနေတဲ့ အတွက်ကြောင့်မို့လို့၊ အမှားအတိုင်း သွားနေတာက ဘာမှပြဿနာ မရှိဘဲနဲ့ ထမင်းစားရေသောက် ကိစ္စမျိုးပဲ သွားနေကြတယ် ဆိုတဲ့ ပုံစံမျိုးလား ခင်ဗျ။ ဒီလောက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လောကမှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဖြစ်နေတာကတော့ အမှားက အမှန် ဖြစ်နေပြီဗျ။ အများ မိုးခါးရေသောက် ငါလည်း သောက်ရမယ် ဆိုတဲ့လူတွေ က သူတို့အတွက် မိုးခါးရေဆိုတာ မိုးခါးရေမဟုတ်တော့ဘဲနဲ့၊ မိုးချိုရေ ဖြစ်နေတယ်ဗျ။ အမှားတွေက အမှန်ဖြစ်နေပြီးတော့၊ အမှန်တွေက အမှား ဖြစ်နေတာကတော့ လက်ရှိ ကျနော်တို့ရဲ့ တပ်မတော် ပါပဲ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ပြောစကား နောက်ဆုံးအပိုင်းကိုတော့ ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
(VOA)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.