Sunday, December 26, 2010

8 လိုနေတာက အကြီးစား ပြည်တွင်းစစ်


(တပ်တွင်းက လေ့လာသူတဦး)

ဒေါက်တာလွဏ်းဆွေ ဘလော့(ဂ်)ပေါ်က ရန်မင်းအောင်ရဲ့ ‘လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ရှော့ခ် ရိုက်ဖို့် လိုနေတယ်’ ဆောင်းပါး (http://drlunswe.blogspot.com/2010/12/blog-post_24.html)ကို ဖတ်ပြီးတော့ ပြည်တွင်း စစ်နဲ့မှပဲ နအဖက တွေ့ဆုံဆွေးနွေးရေးစားပွဲကို ရောက်လာမှာ ဆိုတဲ့ အမြင်ပေါ်မှာ အခြေခံပြီး ဒီဆောင်းပါးကို ရေးပါ တယ်။

ပြည်တွင်းစစ်ဖြစ်ဘို့က စစ်တပ်ကွဲပြီး အချင်းချင်း ချအောင် အရင်လုပ်ပေးရမယ်။ အချင်းချင်း နဲနဲပါးပါးချလာကြရင်၊ ၀တွေ ကရင်တွေလို အားရှိ တဲ့တပ်တွေကလည်း ၀င်တိုက်ကြရမယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းစစ်ကိုကြီးလာအောင် ချဲ့ပေးကြရပါမယ်။

ပြည်တွင်းစစ်ကြောင့် လူတွေသေမှာ ထည့်မတွက်နဲ့။ အခုလည်း စစ်တပ်အုပ်ချုပ်လို့ လူတွေ သက်တမ်းမစေ့ပဲ ရော ဂါမျိုးစုံနဲ့ သေနေကြရတာ နှစ်ပေါင်း(၅၀)ရှိနေပြီ။ သူများတိုင်းပြည်တွေ မှာ အစိုးရတွေက စောင့်ရှာက်ကာကွယ်လို့ သူတို့ ပြည်သူတွေဟာ လူတွေအမြောက်အမြား သေကြေစေနိုင်တဲ့ တီဘီ ငှက်ဖျား AIDS ဆိုတဲ့ ရောဂါဘယ အကြီးစား တော်တော်များများ ကနေ ရှောင်ရှားနိုင်လို့်လူ့သက်တမ်းရှည်စွာနဲ့ အသက်ရှင် နေထိုင်နေကြတယ်။ မြန်မာပြည်မှာ သူများတိုင်းပြည်တွေမှာ လွယ်လွယ်ကူကူကာကွယ်လို့ ရနေတဲ့ ရောဂါတွေနဲ့ တပ်မတော်သားတွေ အပါအ၀င် ပြည်သူတွေ စက္ကန့်တိုင်းမှာ သေနေကြရတာ နှစ်(၅၀)ရှိလာပြီ။ ပြည်တွင်း စစ်ဖြစ်လာရင် သွေးချောင်းစီး ကုန်ကြတော့မှာပဲ လူတွေသေကုန်ကြတော့မှာပဲလို့ ပြောနေသူတွေဟာ အခုလို အချိန်မတန်ပဲ သေနေကြတာတွေ ဟာပြည်တွင်းစစ်နှစ်ငါးဆယ်မှာ (စစ် ကြောင့်) သေကြရသူတွေထက် အဆမတန်များတယ်ဆိုတာကို သတိမထား မိကြဘူး။ ပြည် တွင်းစစ်ကြောင့် သေကြမှာကို ကြောက်နေရင် ဘယ်တော့မှ မလွတ်မြောက်ဘူး။ ဒါကြောင့် မတရား တာတွေကို မြင်နေလို့ တပ်ထဲကနေ တော်လှန်ပုန်ကန်ချင်နေတဲ့ တပ်မတော်သားတွေ အနေနဲ့ ‘မင်းတို့ကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး လူတွေ သေကုန်ကြလိမ့်မယ်’လို့ တချို့အထက် အရာရှိတွေပြောပြောနေတာတွေကို ပြန်ပြီးသုံးသပ်ကြည့်ရမှာကတော့၊ ပြည်တွင်းစစ်ကပဲ လွတ်မြောက်မှုကို ပေးလိမ့်မယ် ဆိုတာပါပဲ။ တော်လှန်ပုန်ကန် ရဲတဲ့ တပ်မတော်သားတွေဟာ အောင်ပွဲခံတဲ့အချိန်မှာ သူရဲကောင်းတွေ ဖြစ်လာမှာပဲ။ တော်လှန်ပုန်ကန်တဲ့ တပ်မ တော်သား တွေက အမှန်တရားဘက်က ရပ်တည်တာကြောင့် အောင်ပွဲခံမှာပဲ။ ဘယ်အရာမှာမဆို နောက်ဆုံးမှာ အမှန်တရားဘက်ကပဲ အောင်ပွဲခံတယ်။
ပြည်တွင်းစစ် သေးသေးကွေးကွေးနဲ့တော့ မရဘူး။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကို ပြောရင် လူတွေက ၁၉၄၈-၅၂ လောက်က အစိုးရတပ်တွေနဲ့ သူပုန်ပေါင်းစုံတပ်တွေ အင်အားချင်း သိပ်မကွာပဲ တိုက်ကြခိုက်ကြလို့၊ အရပ်သား တွေပါ သေကြေခဲ့ကြရတဲ့ အချိန်ကာလကို ပြည်တွင်းစစ်ကာလအဖြစ် ပြောပြောနေကြတယ်။ အဲဒီ ပြည်တွင်းစစ်က ဟာသပါ။ အခု လိုနေတာက အကြီးစားပြည်တွင်းစစ်ကြီးပါ။
ဟိုနိုင်ငံဒီနိုင်ငံတွေကပါ ပါဝင်လာကြရတဲ့ ကွန်ဂိုတို့ ဘော့စနီးယားတို့လို အကြီးစားပြည်တွင်းစစ်ကြီး မြန်မာနိုင်ငံမှာ လိုအပ်နေပါတယ်။

အများက မျှော်လင့်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ မြန်မာ့နိုင်ငံရေးမှာ တကယ်တမ်း လက်တွေ့ကျကျ ၀င် ရောက်ကူညီ ဖြေရှင်းပေးဘို့ဆိုတာ စိတ်ကူးတွေယဉ်ပြီး၊ အခုလို တွေ့ဆုံဆွေးနွေးရေးဖြစ်လာနိုးနဲ့ အိညက်အိညက်နဲ့ တောင်းဆိုနေကြတဲ့ အခြေအနေမျိုး မပြောနဲ့ ပြည်တွင်းစစ်အသေးစားနဲ့တောင် လာကြမှာ မဟုတ်ဘူး။ ဒီနေရာမှာ ကုလသမဂ္ဂတို့ အမေရိကန်တို့ကို
မျှော်တဲ့လူတွေသိထားကြရမှာက ပြည်တွင်းစစ်ကြီး မီးဟုန်းဟုန်း တောက်အောင် လုပ်နိုင်မှ၊ သူတို့ ရောက်လာကြမှာ ဆိုတာပဲ။

ဒါကြောင့် ပြည်တွင်းစစ်ကြီး ဖြစ်အောင် ၀ိုင်းလုပ်ကြ။ နအဖကလည်း သီရိလင်္ကာမှာလို အစိုးရဘက်ကနေ ရက်ရက် စက်စက်နဲ့ သတ်ဖြတ်ချေမှုန်း အနိုင်တိုက်နိုင်ခဲ့တဲ့ ပြည်တွင်းစစ်ကို အားကျနေတယ်။ သီရိလင်္ကာကို အတုယူပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို နအဖက တစ်ပွဲတစ်လမ်း စမ်းပြီး၊ အပြတ်ချေမှူန်းလို့ ရမလား လုပ်ကြည့်ချင်နေ တယ်။

သီရိလင်္ကာမှာထက် အဆ(၁၀၀၀)ကြီးတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာအောင် ဘက်ပေါင်းစုံက ၀ိုင်းလုပ်ကြဘို့ လို တယ်။ နအဖကို သိပ်အထင်မကြီးနေနဲ့ ။ နအဖထဲမှာ အောက်ခြေတပ်သားလေးကနေ ဟိုးထိပ်အထိ အက်သံပါနေ ပြီ။ ဟန်ပဲ ရှိတယ်။ အဆံ မရှိတော့ဘူး။ ဟန် နဲ့ လူထုကို ခြိမ်းခြောက်ထားတာ။

ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက်မှ နိုင်ငံခြားက မှန်တဲ့ဘက်က၀င်ပါလာတာ။ ဒီအတိုင်းက မပါကြပါဘူး။ ဒီအတိုင်း ကတော့ နအဖကို ကန့်ကွက်ကြောင်း အတိုက်အခံတွေကို ထောက်ခံကြောင်းဆိုတာမျိုးလောက်နဲ့ပဲ ပါးစပ်စိုက်တဲ့ အလုပ်၊ ကြေညာချက်ထုတ်တဲ့ အလုပ်တွေပဲ နိုင်ငံခြားက လုပ်ပေးလိမ့်မယ်။ နိုင်ငံခြားက ၀င်ပါပေးဘို့ဆိုတာ သူတို့အပေါ် မှီခိုဘို့ မဟုတ်ဘူး။ အဲ့ဒီကျမှနိုင်ငံရေးအရ သံတမန်ရေးအရ၊ ကိုယ့်ဘက်က အကုန်ပါလာတာ။ အခုလို ဟို ဘက်လိုလို ဒီဘက်လိုလို နိုင်ငံတွေ၊ အဲဒီကျ မှားတဲ့ဘက် မရပ်နိုင်တော့ဘူး။

ဟန်ပဲ ရှိတယ်ဆိုပေမဲ့ နအဖက ဗြိတိသျှတွေလို ဂျပန်တွေလို ပြန်ပြေးစရာ ကိုယ့်တိုင်းပြည်ဆိုတာမျိုး သူတို့မှာ မရှိ ဘူး။ ဒါကြောင့် လက်နက်တော့မချဘူး နောက်ဆုံးကျည်ဆံတစ်တောင့် အထိ ခံတိုက်မယ်ဆိုတဲ့ စစ်စိတ်စစ်မာန်ရှိ နေကြတဲ့သူတွေဆိုတော့ လူထုအားနဲ့ အပြုတ်ဖြုတ်ချလို့ မရဘူး။ ၈၈၈၈ တို့ ၉၀ ရွေးကောက်ပွဲတို့လောက် ကြီးတဲ့ လူထုအားမျိုးလဲ သူတို့ကို ဖြုတ်ချလို့
မရခဲ့ဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့လည်း မရခဲ့ဘူး။ သူတို့ကို အပြုတ်ဖြုတ်ဘို့ ကြိုးစားတိုင်း အုတ်နံရံကို ခေါင်းနဲ့ ပြေးပြေးဆောင့်သလို လူထုဘက်က နာတာချည့်ပဲ။ လူထုတိုက် ပွဲဆိုတာ မြန်မာပြည်မှာ မရဘူး။ ပြည်တွင်းစစ်နဲ့မှပဲ ရမယ်။ ပြည်တွင်းစစ်ဖြစ်လို့ ဘေးက တရုတ်တပ်ကုလားတပ်ဝင် ပြီး ဖဲ့သွားမှာလဲ မပူနဲ့။ အဲဒီလို မြန်မာ့အရေးဟာ ကမ္ဘာ့အရေး ဖြစ်လာမှအားလုံး စောက်ရမ်းမျှော်လင့်နေတဲ့ ကုလ သမဂ္ဂတို့ အမေရိကန်တို့ဝင်လာမှာ။ တကယ့် ပြည်တွင်းစစ်ဖြစ်မှ နအဖဟာ ဘာပဲပြောပြော ခုထက် အင်အားချည့်နဲ့သွားမယ်။ အင်အား ချည့်နဲ့သွားမှ အားလုံးမျှော်နေတဲ့ ကုလသမဂ္ဂတို့ အမေရိကန်တို့ ၀င်လာပြီး၊ နအဖကို တွေ့ဆုံ ဆွေးနွေးရေးစားပွဲကို ခေါ်လာလို့ ရမယ်။ အဲ့ဒီကျမှ အားလုံးပါဝင်ပြီး ကုလသမဂ္ဂကြီးကြပ်မှုနဲ့ အခြေခံဥပဒေအသစ်ရွေးကောက်ပွဲအသစ်နဲ့ သွားလို့ရမယ်။ အရှေ့တီမော၊ ကမ္ဘောဒီဒီးယား၊ ဘော့စနီးယား တို့မှာလဲ ဖိနှိပ်သူအစိုးရတွေ ပြည်တွင်းစစ်နဲ့မှ ဆင်းသွားကြတာ။ ပြည်တွင်းစစ်ကြောင့် အင်အားချည့်နဲ့နေတဲ့ နအဖလဲ နိုင်ငံတကာကြီးကြပ်မှုနဲ့ လုပ်ပေးတဲ့ အခြေခံဥပဒေတို့ ရွေးကောက်ပွဲတို့ကို အဲ့ဒီ့ကျမှ လက်ခံပြီး အရှေ့တီမောတို့၊ ဘော့စနီးယားတို့လိုမျိုး ဒီမို ကရေစီစစ်စစ် အသေးစားအောက်ဆုံးအဆင့်လောက်ကို စရမှာ။

အခုဟာက ဂျပန်တော်လှန်ရေးမျိုး မဟုတ်ဘူး။ အားလုံးညီညွတ်ပြီး ဂျပန်ကို တိုက်ထုတ်တာမျိုး မဟုတ်ဘူး။ ဒါမျိုးနဲ့ မရဘူး။ ကွဲပြဲနေကြလေ ပိုကောင်းလေပဲ။ ဒါမှ ထချကြတဲ့အခါ ရှုပ်ရှက်ခတ်ပြီး အဖွဲ့(၁၀၀)လောက်ကွဲပြီး ပြည်တွင်း စစ်ကြီးကို ပတ်လည်တိုက်နေတဲ့ ဆိုမားလီးယားလိုမျိုး ဖြစ်မှ။ (၂၀)ရာစုအစက မော်စီတုံးမပေါ်ခင် တရုတ်ပြည်မှာ စစ်ဘုရင်တွေ အများကြီးနဲ့
သွေးချောင်းစီးအောင် တိုက်နေကြတာမျိုးတွေ ဖြစ်နေမှ။ မြန်မာတပြည်လုံး တရုတ် အိန္ဒိယ ဘင်္ဂလားဒေ့(ရှ်) ထိုင်းတပ်တွေ ၀င်တိုက်ကြ ၀င်ဖဲ့ကြမယ်။ အဲဒီလိုမျိုး ဖြစ်လာအောင် ၀ိုင်းပြီး ဖန်တီးပေးကြ ရမယ်။ နအဖမှာ စစ်ရေးအရ အရူးမီးဝိုင်းနေအောင် လုပ်ပေးရမယ်။ ဒါမှ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့ ကုလားတို့ အာဆီယံတို့ ၀င်ထိန်းမှာ။ ဒီအတိုင်းက ဘယ်သူမှ
ဝင်လုပ်မပေးဘူး။ မြန်မာပြည်မှာ နအဖက အင်အား အကောင်းဆုံးနဲ့ အားလုံးကို ဗိုလ်ကျနေတယ်။ ဆိုမားလီးယားဆိုတာက အနားမှာ တရုတ် အမေရိကန် ရုရှ ဘယ်သူ မှ မရှိဘူး။ သူတို့အားလုံးက ဆိုမားလီးယားပြည်တွင်းစစ်ကို အလေးအနက်မထားပဲ ဒီအတိုင်း လွှတ်ထားတယ်။

မြန်မာပြည်က ပြည်တွင်းစစ်ဖြစ်ရင် လွှတ်ထားလို့ မရဘူး။ တရုတ် ကုလားနဲ့ အာဆီယံက နေ လို့ မရဘူး။ မြန်မာ ပြည်နဲ့တင် ပြီးမှာ မဟုတ်ဘူး။ မီးပွားတွေရှိနေတဲ့ ထိုင်းနဲ့ အိန္ဒိယအရှေ့ခြမ်းပါ အကုန် မီးက ကူးမှာ။ အမေရိကန်နဲ့ အီးယူ နေလို့ မရဘူး။ အာဆီယံဒေသထဲမှာ သူတို့ အကျိုးစီးပွားတွေရှိတယ်။ မြန်မာပြည်တွင်းစစ် ထိုင်းနဲ့ အိန္ဒိယ အရှေ့ခြမ်းကို ကူးစက်လို့မရအောင်၊ အကုန်ဝင်ပါလာကြမှာ။ ရုရှပဲ သူနဲ့ဝေးလို့ မပါမှာ။ ရုရှအကျိုးစီးပွား အာဆီယံ ဒေသမှာလဲ မရှိဘူး။ ဒီမိုကရေစီစစ်စစ်ရဲ့ အနိမ့်ဆုံးအဆင့် မြန်မာပြည်မှာ ရအောင်က၊ ပြည်တွင်းစစ်နဲ့မှ ရမယ်။ ပြည်တွင်းစစ်နဲ့မှ နအဖက အင်အားချိနဲ့လာမှာမို့ဘဲ။

တခုသတိထားဘို့ကလည်း ပြည်တွင်းစစ်နဲ့ကလည်း နအဖကို ချက်ချင်းအနိုင်တိုက်လို့ မရဘူး။ အနိုင်တိုက်လို့ မရ နိုင်လို့၊ အနိုင်တိုက်ဘို့လုပ်ရင် ကိုယ်ပဲ လုံးပါးပါးလိမ့်မယ်။ အကန့်အသတ်နဲ့ တိုက်ရမှာ၊ နအဖ ဆွေးနွေးပွဲစားပွဲဝိုင်း
ကို ရောက်လာနိုင်တဲ့အထိပဲ၊ သူ့ကို ချည့်နဲ့လာအောင် တိုက်ရေးကိုပဲ ရည်မှန်းချက်ထားရမယ်။ ဒါဆို ကိုယ့်ဘက်က လည်း အရင်းအနှီးအများကြီး မစိုက်ရဘူး။ ကိုယ့်အင်အားကို ထိန်းနိုင်သိမ်းနိုင်ရှိမယ်။ နအဖလဲ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာချင်အောင် သူ့ကို အပြုတ်တိုက်တဲ့နည်းကို မသုံးဘူး။ အပြုတ်လဲ တိုက်လို့ မရတာကြောင့်၊ ရေရှည်ပျောက် ကျားစစ်နဲ့ တိုက်ရမယ်။ ရေရှည်စစ် ဖြစ်လာတော့မှ၊ နအဖဟာ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာလိမ့်မယ်။ ရေရှည်စစ်မှာ နှစ်ဘက်လုံး မနိုင်ကြပေမဲ့၊ အာဏာလက်ရှိလူက အကျိုးစီးပွားတွေ ပိုပြီးနာတယ်။ အာဏာမဲ့ တဲ့ဘက်က နဂိုထဲက အကျိုးစီးပွားတွေ နာနေပြီးသားဆိုတော့၊
ဘာမှ ပိုထူးပြီး မနစ်နာဘူး။ ကုလသမဂ္ဂတို့ အမေရိကန်တို့ တရုတ်တို့လည်း ရေရှည်ပျောက်ကျားစစ်ဆိုရင်၊ ကြာတော့မယ်ဆိုတာသိလို့၊ တည်ငြိမ်နေတဲ့ ဒေသတွင်းကိုပါ ပြဿနာတွေ တက်လာမှာကြောင့်၊ ၀င်လာကြလိမ့်မယ်။ အဲဒီကျမှ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့လေးလောက် မြန်မာပြည်မှာ ရလာကြ မယ်။

လူ့အသက်တွေနဲ့ ထောင်သောင်းချီ ပေးဆပ်ရင်းနှီးနိုင်ပါမှ နိုင်ငံတနိုင်ငံရဲ့ နောင်မျိုးဆက်အတွက် လှပတဲ့အနာဂတ် ကို ဖြစ်လာစေတာ၊ သမိုင်းမှာ တွေ့ကြရမှာပါ။ ဒီကနေ့ အမေရိကန်ပြည်ထောင်စုကြီး ဖြစ်လာဘို့ (၁၈) ရာစု နဲ့ (၁၉) ရာစုတွေမှာ အမေရိကန်တွေရဲ့ အသက်တွေ အများကြီး ရင်းခဲ့ကြ ရတယ်။ ဒီကနေ့ တရုတ်ပြည်ကြီး ချမ်းသာကြွယ်ဝလာဘို့ ယဉ်ကျေး မှုတော်လှန်ရေးကာလမှာ
တရုတ်ပြည်သူတွေ သန်းနဲ့ချီပြီး သေခဲ့ကြရတယ်။ ဒီကနေ့ အာရှ ကျားဗီယက်နမ်နိုင်ငံဖြစ်လာဘို့ ဗီယက်နမ်စစ်ပွဲမှာ ဗီယက်နမ်ပြည်သူတွေ သိန်းနဲ့ချီပြီး အသက်တွေပေးခဲ့ကြရတယ်။ နမူနာတွေ အများကြီး ပါ။

လန်ဒန် ဟိုက်ပတ် ပန်းခြံထဲမှာ သစ်သားပုံးတစ်ပုံးချ ပုံးပေါ်တက် တရားဟောကျင့် တရားဟောကောင်းလာရင် လူတွေဝိုင်းလာ လူကြိုက်များလာ လူသိများလာတော့ ပါတီထောင် ရွေးကောက်ပွဲဝင် ရွေးကောက်ပွဲမှာနိုင်တော့ အမတ်ဖြစ် အမတ်ကနေ ၀န်ကလေးဝန်ကြီး ၀န်ကြီးချုပ်အထိ ဖြစ်လာ။ အဲ့ဒီနည်းမျိုးနဲ့ မြန်မာပြည် ဒီမိုကရေစီ ရ အောင် အပြောင်းအလဲ ဖြစ်လာအောင် လုပ်လို့ မရပါ။

အဲဒီလို လုပ်လာနိုင်အောင်၊ အဲဒီလိုလုပ်လို့ရတဲ့ တိုင်းပြည်ဖြစ်လာအောင်၊ အများကြီး လူ့ အသက်တွေ ရင်းရပါဦး မယ်။ အဲ့ဒီနိုင်ငံတွေ အဲဒီအဆင့်ရောက်လာအောင် (၁၀)နှစ် နှစ်(၂၀)လောက် လူထုတိုက်ပွဲဆိုတဲ့ လမ်းပေါ်တက် ဆန္ဒပြတာတွေ ကြေညာချက်ထုတ်တာတွေ ပေါချောင်ကောင်းနဲ့ လုပ်ပြီး ရလာတာပါ မဟုတ်ပါ။ နောက်မျိုးဆက် တွေ သေတ္တာပုံးပေါ်တရားတက်ဟောရာက စပြီး ပါလီမန်မှာဝန်ကြီးချုပ် တက်လုပ်နိုင်ကြတဲ့နိုင်ငံမျိုး ဖြစ်လာအောင်၊ ရှေးက သူတို့ခေါင်းဆောင်တွေ သူတို့ ပြည်သူတွေ ဆယ်စုနှစ်တွေနဲ့ ချီပြီး လူ့အသက်တွေ သောင်းသိန်းချီ ရင်းပြီး စစ်ပွဲတွေနဲ့ လုပ်ခဲ့ကြတာပါ။

အခု ဖြစ်နေတာက၊ ဒီအဆင့်မျိုးကို ခုချက်ချင်းပဲ ဈေးပေါပေါနဲ့ ရောက်အောင်လုပ်နိုင်တယ်လို့ စိတ်ကူးယဉ်ပြီး လုပ် နေကြသလိုပါပဲ။ ရှင်းရှင်းလေးပါ။ ရန်သူက ဒါးကိုင်ပြီး အပေါ်စည်းက စကားပြော နေတာကို၊ သူ့လက်ထဲက ဒါးကို လွတ်ကျသွားအောင် သူ့ကို ချည့်နဲ့သွားအောင် လုပ်ဖို့ပါ။ အခုက ဒါးကိုင်ထားတဲ့ ရန်သူကို ပါးစပ်နဲ့ ဟိုဟာပေးပါ ဒီဟာပေးပါနဲ့ သူတောင်းစားတောင်းတောင်းနေကြတယ့် အဖြစ်ပါ။

အရှေ့တီမောလို ဒီမိုကရေစီစစ်စစ် အသေးစားလေးလောက်က စပြီး ရဘို့တောင်၊ အရင်းအနှီး အများကြီး လိုတယ် ဆိုတာ သဘောပေါက်ကြဘို့ လိုနေပါပြီ။ အဲဒီ ဒီမိုကရေစီစစ်စစ်ရဲ့ အနံ့ လေးလောက်က စပြီး ရဘို့၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အကြီးစားကြီး လိုနေပါတယ်။ အခုလို အမေရိကန် အင်္ဂလန် အိန္ဒိယတို့က ဒီမိုကရေစီစစ်စစ် အကြီးစား ကြီးလိုဟာမျိုးကို လူထုတိုက်ပွဲတို့
ရွေးကောက်ပွဲတို့ ဆိုတာတွေနဲ့ ပေါချောင်ကောင်း ရလေမလားလို့ မျှော်လင့်ပြီး လုပ်မနေကြပါနဲ့တော့။ ဆင့်ဖင်ခွေးမျှော်အလုပ်တွေနဲ့ လုပ်လို့မရနိုင်ဘူးဆိုတာ နှစ်(၂၀)ရှိနေမှတော့ သိဘို့ ကောင်း ကြပါပြီ။ အခုချိန်ထိ နှစ်(၂၀)အတွင်း တနိုင်ငံလုံးမှာ ပေးဆပ်ခဲ့ကြပေးဆပ်နေကြတယ်ဆိုတာ ဘာမှ မဟုတ်သေး ဘူး၊ နှမ်းစေ့လောက်ပဲ ရှိသေးတယ်ဆိုတာ မြင်ကြဘို့ကောင်း ပါပြီ။
ဒီထက်မက ထပ်ပြီး ပေးဆပ်ရမှာက သောင်းနဲ့သိန်းချီတဲ့ လူ့အသက်တွေပါ။ အဲဒီ လောက်တွေ ရင်းပြီးမှ အရှေ့တီမောလောက် အဆင့်က စပြီး ဖြစ်လာမှာဆိုတာ မမေ့ကြနဲ့။

ပြည်တွင်းစစ် အကြီးစားကြီး မီးဟုန်းဟုန်း တောက်အောင် ၀ိုင်းပြီး လုပ်ဆောင်ကြပါစို့။

8 comments:

  1. အဲဒီလိုရေးတဲ့ကောင် ကိုယ်တိုင် ရှေ့ဆုံးက လာတိုက်ပြစမ်းပါ။ ငါတို့အားလုံး မင်းဘေးကနေလက်တွဲတိုက်ပါ့မယ်။ ဇဖြင့်မရှိ။ နိုင်ငံပြိုကွဲအောင် ပြည်တွင်းစစ်ဖြစ်အောင်က လုပ်ချင်သေး။ အဖေအနောက်မှ နေပြီး စောက်ရမ်း သတ္တိရှိပြမနေနဲ့။ မင်းလုပ်နိုင်ရင်လာလုပ် ။မလုပ်နိုင်ပဲသတ္တိရှိ ကြပါ။ အသေတိုက်ကြပါ အော်မနေနဲ့။
    အောက်မှ ခွေးလိုဝိုင်းဟောင်ချင်ရင်ဟောင်လို့ရအောင် နေရာပေးထားတယ်။ ၀ိုင်းဟောင်ကျပေါ့ကွာ။ မင်းတို့ဟောင်နေတာကို ငါထိုင်ကြည်ပေးပါ့မယ့်။

    ReplyDelete
  2. မင်းတို့ စစ်သွေးကြွ ခွေးတွေကို ဘယ်ပြည်သူမှကြည့်မရဘူးကွ နားလည်လား။လက်ရှိ တပ်မတော်ခေါင်းဆောင်တွေကို မုန်းနေတာကလည်း ကြာရှည်အာဏာထိန်းသိမ်းထားလို့ ခေတ္တခဏသာ ကြည့်မ၇တာပါ။နောက် မကြာခင်ပေါ်လာတော့မယ့် အစိုးရသစ် ဒီမိုကေ၇စီပေါ်လာရင် တပ်မတော်ဟာ ပြည်သူတွေ ပိုတောင်းတလာတဲ့ ပိုမြတ်နိုးလာတဲ့ မျိုးချစ်တပ်မတော် ဂုဏ်ကို ပြန်ထိန်းသိမ်းနိုင်လာမှာပါ။

    မင်းတို့ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးလေ ပြည်သူတွေက မုန်းတီးလေပဲ။တပ်မတော်အနေနဲ့ကတော့ မင်းတို့စစ်သွေးကြွတွေ ပြည်တွင်းစစ်ပဲဖန်တီးတီး ကမ္ဘာစစ်ပဲဖန်တီးတီး တပ်မတော်အနေနဲ့ကတော့ နိုင်ငံတာဝန်ကာကွယ်ဖို့ ပြည်သူ့အသက်အိုးအိမ်ကာကွယ်ဖို့တွက် ကာကွယ်တားဆီးဖို့အတွက် အမြဲတမ်း ready ပဲ။မင်းတို့စစ်သွေးကြတွေ ဆူပူတိုင်းလည်း ဒို့တပ်မတော်က မမူပါ အပြုံးမပျက်ပါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးရေးတွက် ပြည်သူတွေနဲ့အတူ အပြုံးမပျက်လို့ ဆက်လျှောက်နေအုံးမှာပါ။

    ဒီမိုကရေစီဆိုတဲ့စကားလုံးကိုကိုင်ပြီး မိမိအာဏာရဖို့တွက် ပြည်သူကိုသေစေခိုင်း ပြည်တွင်းစစ်ဖြစ်အောင် အကောက်ကြံ မြှောက်ပေးတဲ့ စစ်သွေးကြွ အာဏာရှူးတွေကို ကျုပ်တို့ ပြည်သူနဲ့ တပ်မတော်က နှောကြေနေလို့ ဟားတိုက်တောင် ရယ်နေလေရဲ့ဗျာ။

    ReplyDelete
  3. တော်တော်ရွှေညဏ်တော်စူးရောက်တာပဲ ပြည်တွင်းစစ်ဖြစ်အောင်ပဲ ဖန်းတီးရမယ်တဲ့။ ကျေးဇူးရှင် စိတ်ထင်တိုင်းလျောက်ရေးမနေနဲ့ဗျာ. ကလေးကလားနဲ့။ စိတ်ကုန်တယ်

    ReplyDelete
  4. ရေးမှာပေါ့ ထိုင်ခုံမှာထိုင်ပြီး ကီးဘုတ်လေးနဲ့ပဲ အလုပ်လုပ်ရတာလေ ကိုယ်တိုင်ကြတော့ ဘယ်တိုက်ရဲပ့ါမလည်း သေသွားရင် ပိုက်ပိုက်ကမရတော့ဘူးလေ ဒီလိုထိုင်ခုံလေးမှာ ထိုင်ပြီးပေါက်ကရ အော်နေမှ ပိုက်ဆံရမှာ............... အလကား အရူးထမနေနဲ့
    ပြည်သူတွေကို မြှောက်ပေးနေတာ မင်းအဲလိုရေးပြီး မကောင်းပွားနေပြီး သေစေချင်နေတာနဲ့ မင်းတို့ ပါဏာတိပါတာ ကံမြောက်နေပြီ သေရင်အဝီစိ ဂျိုးကပ်မယ့်ကောင်တွေ

    ReplyDelete
  5. hote tal hae

    chee htote kyi..yay chin yay nay tar.. lu lone phint ma pya yay bu
    zaug paw kyi

    ReplyDelete
  6. I agree with some parts of this article. အပြောင်းအလဲလိုချင်ရင် လုံးဝပြောင်းလဲအောင်လုပ်ဖို့ လမ်းနှစ်သွယ်ရှိတယ်။ တစ်ခုက ငြိမ်းချမ်းတဲ့နည်း National Reconciliation. နောက်တစ်ခုက အခု ဒီဆောင်းပါးမှာ တိုက်တွန်းထားသလိုပါပဲ။ ဒါကို သဘောမတူတဲ့ လူတွေစဉ်းစားရမှာက မြန်မာပြည်မှာ လူတွေတိတ်တဆိတ် ရောဂါမျိုးစုံနဲ့သေနေဒါ၊ လူဖြစ်ပြီး တိရစ္ဆာန် လို ခံနေရဒါ၊ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ်နေနေရဒါ၊ ဒါတွေအားလုံးကို သေချာမြင်တတ်ဖို့လိုပါတယ်။ ဒီလို လူသားဖြစ်လာပြီး ခံနေရမယ့်အစား၊ တိတ်တဆိတ်သေနေရမယ့်အစား ပွင့်ပြီးသေဒါ တစ်နည်းအားဖြင့် လုံးဝပြောင်းလဲရေးအတွက် တချို့အသက်စွန့်ဒါ ပိုမြင့်မြတ်ပါတယ်။ ကျွန်တော့ခံယူချက်က ဒီလိုပါ။ “ရန်သူထံတွင် ကျွန်ခံခြင်းထက် သေရခြင်းက ပိုမြင့်မြတ်တယ်” (သို့) “မိမိဘ၀ကို သူများလက်ထဲ ထိုးအပ်ပြီး ခေါင်းငုံ့ပြီး ခံနေရမယ့် အစား မိမိတို့ဘ၀ လွတ်မြောက်အောင်ကြိုးစားရင်း အသက်စွန့်ဒါဟာ ပိုမြင့်မြတ်တယ်”
    နောက်ဆုံးအနေနဲ့-
    နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်ရင် နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဝင်ဖို့ အခွင့်အလမ်းမရှိပါ။ ၀င်ခွင့်မရှိပါ။ တကယ်လို့ ပြည်တွင်းစစ်ဖြစ်ပြီး အစိုးရက မထိန်းနိုင်ရင် နိုင်ငံတကာငြိမ်းချမ်းရေးတပ်များ ကုလ-လုံခြုံရေးကောင်စီမှ ၀င်ရောက်ကြားဝင် ဖျန်ဖြေပေးနိုင်တယ်။
    တို့က နိုင်ငံတကာကို အထင်ကြီးဒါ မဟုတ်ပါဘူး။ တကယ်တော့ တို့က မြန်မာ့ပြသာနာကို မြန်မာအချင်းချင်း ဖြေလည်အောင်လုပ်ဒါကောင်းတယ်လို့ ယူဆပေမယ့်။ မြန်မာတွေအချင်းချင်း Buddhist ဖြစ်လျက်နဲ့ အမုန်းပွားနေလို့၊ အခုလို ပြောရဒါပါ။

    ReplyDelete
  7. တွေ့လား.. ကိုယ်ပြဌာန်းထားတဲ့ ကိုယ့်ဥပဒေ ကိုယ်ချိုးဖေါက်.. ဒီမိုအင်အားစု တွေကို တစ်ဘတ်သတ် အနိုင်ကျင့်..သူခိုးနဲ့ လူလိမ်တွေ အစိုးရလုပ် ငါမှလွဲရင် ငါမှငါ ဆိုတဲ့ န၀တ နအဖ စရိုက် ဆိုးများကြောင့် စစ်ပွဲခေါ်သံတွေ ညံစီလာရတာဘဲ.. ပြည်တွင်းစစ် ဖြစ်ဖြစ် မဖြစ်ဖြစ်.. အိုင်ဒီယာ တွေ မျိုးဆက်သစ် တွေရဲ့ ခေါင်းထဲ ရောက်ကုန်တော့တာဘဲ.. စစ်တပ်ထဲက စစ်သားတွေလဲ ဘ၀ အာမခံချက် ဘာမှရှိတာမဟုတ်ဘူး.. ဒီနေ့ပြတ် နောက်လ ဂျောင်း.. ဒီနေ့ကျ.. တစ်လအတွင်း မိသားစု နေနေတဲ့ အိမ်ယာက ဂျောင်း.. ရိက္ခာခြောက် လေးရောင်းစား နေရတဲ့ဘ၀.. တပ်ထဲမှာကို က အကွဲကွဲ အပြဲပြဲ .. ဒီတော့.. ဒီမိုဝေယံ.. ဒေါင်းမာန်ဟုန် က အော်အော် မအော်အော်.. ဆောင်းပါးရှင် ရေးရေးမရေးရေး.. ပြည်တွင်းစစ် ဆိုတဲ့ အိုင်ဒီယာတွေက လူတွေရဲ့ အတွေးထဲ ရင်ထဲမှာ ရှိနေပြီးသား.. အကြောင်းတရားတွေ စုံတဲ့ တစ်နေ့မှာတော့... မီးဗုံး ကွဲသလို ၀ုန်းကနဲ့ ကွဲဘို့ အခြေအနေ ရောက်နေတယ်လို့ မှတ်ယူရမှာပ..

    ReplyDelete
  8. အဲယားကွန်းအခန်းထဲမှာ ပြည်တွင်းစစ်ကိုမျှော်နေသည်။
    လူသတ်ကောင်စစ်စစ်တွေကိုသတိထားကြပါ။ အရူးတွေဖြစ်ပါသည်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.