Tuesday, December 28, 2010

0 မာဆက်ဖမ်းခြင်းမဟုတ်၊ ဓါးပြတိုက်ခြင်းလော ..


အောင်င်္ဂလာအဝေးပြေးဝင်းအတွင်းတွင် မာဆက်များအား ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာတွင် မာဆက်နှင့်ဆက်နွယ်ပတ်သက်သည့် ပစ္စည်းများအပြင် ၀န်ထမ်းကောင်မလေးများ၏ စုဆောင်းထားသည့် ငွေကြေးများ၊ အ၀တ်အစားများ၊ MP4များကို ၀န်းထမ်းမိန်းကလေးများ၏ သေတ္တာများတွင် ခတ်ထားသည့်သော့များကို ရိုတ်ဖျက်ကာ ယူဆောင်သွားကြပါသည်။

ထိုလုပ်ရပ်သည် တာဝန်အရဖမ်းဆီးသိမ်းဆီးခြင်းမဟုတ်ပဲ ရှာဖွေပုံစံတွင် ထိုပစ္စည်းများကို ထည့်သွင်း ဖေါ်ပြထားခြင်းမရှိပဲသိမ်းယူခဲ့ကြောင်း၊ ထိုလုပ်ရပ်မျိုးများသည် ထိုဖြစ်စဉ်တစ်ခုထဲသာမဟုတ်ပဲ အများအပြားရှိခဲ့ဘူးကြောင်း၊ အောင်မင်္ဂလာဝင်း အတွင်းနှင့်အပြင်ဖက်များတွင် မာဆက်များဖမ်းဆီးခံရသောပိုင်ရှင်များ၊ ၀န်ထမ်းများမှ ပြောပြချက်များအရသိရှိခဲ့ရပါသည်။

အောင်မင်္ဂလာဝင်းအတွင်း ဖမ်းဆီးသည့် ၂၁-၁၂-၂၀၁၀ရက်နေ့တွင် အရှေ့ပိုင်းရဲတပ်ဖွဲ့မှခရိုင်မှူးကိုယ်တိုင် ဦးစီးဖမ်းခဲ့ကြောင်း၊ ထိုသို့ခရိုင်မှူး ကိုယ်တိုင်ပါဝင်တာတောင် ဒီလောက်ဖြစ်တာ၊ ခရိုင်မှူးများမပါရင် ဘာတွေများ ခိုးယူဓါးပြတိုက်သွားမည်မသိကြောင်း၊ ဖမ်းခံရသူများနှင့် ပတ်သတ်သည့်သူများက ပြောကြားကြောင်း သတင်းရရှိပါသည်။

မတရားမှုများကို ရွံမုန်းသူ....

(ပြည်တွင်းမှ ပေးပို့ချက်.....)

San Maung facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.