Friday, December 31, 2010

0 နှုတ်ဆက်လိုက်တယ် ၂၀၁၀


အလိမ်အညာ တွေ နဲ့ ပြည့်နေတဲ့ ၂၀၁၀

တကယ်ပါ............

ယုတ်မာရက်စက် ဝမ်းတထွာ အတွက်နဲ့

အုပ်စိုးသူတွေရဲ့ အာဏာစက်အောက်မှာ

ကမ္ဘာပျက်လောက်အောင် ငိုငြီး သံတွေ

အငတ်ဘေးတွေ နဲ့ တို့တိုင်းပြည်

သဘာဝ ဘေးတွေနဲ့ တို့တိုင်းပြည်..

အကျင့်ပျက် ချစားမှုတွေနဲ့ တို့တိုင်းပြည်

ကိုယ့်အတွေးကိုယ် ခိုးရောင်းနေရတဲ့ အဖြစ်

တကယ် ညစ်တယ်။

နှုတ်ဆက်လိုက်တယ် ၂၀၁၀

မင်းကျန်ခဲ့တော့

ငါတို...့ လျောက်မယ့်လမ်း

မင်းလာ မလွမ်းနဲ့ .......

အထုပ်အပိုးတွေ ပြင် ရှေ့ခရီးနှင်ဖို့

တို့ မောင်နှမတွေ အတွက်

အမေ မီးဖိုချောင်ဝင်နေပြီ ......

ကြမ်းတမ်းမယ့်ခရီးလမ်း

မငြီး စတမ်းပေါ့ ကွာ။...။

ငါတို့ ရဲ့ လက်ထဲမှာ

ကြိုးတစစီ ရှိတယ်

အမေ လိုချင်တဲ့ ကွန်တလက်

ငါတို့ရဲ့ လက်တွေနဲ့ ယက်မယ်

ကဲ ....လာကြ

၂၀၁၁ အတွက် ကွန်ယက်

အမေ့လက်ထဲ ထည့် ဖို့

ငါတို့.........ချည်နှောင်ကြစို့။...........။
Sannay Min

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.