Saturday, July 7, 2012
0 အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်ဟိန်းနှင့်မဖြိုးဖြိုးအောင်တို့အား 7julyအခမ်းအနားပြီးဆုံးချိန်နှင့်အချိန်ကိုက် ပြန်လွှတ်
နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး မိခင်နှင့် အတူ ထိုင် နေသော ကိုဒီငြိမ်းလင်း ၇ .၇.၂၀၁၂ (၈း၃၀)
၈၈ ရုံးခန်းသို့သွားရန် ကိုဒီငြိမ်း၏ နေအိမ်တွင်ပြင်ဆင်နေသော ကိုဒီငြိမ်းလင်း နှင့် ကိုစည်သူမောင် ၇.၇.၂၀၁၂ ည (၈း၄၀)
ယနေ့နေ့ခင်း ၁၁း၀၀ နာရီတိတိတွင် ညက အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် လွှတ်ပေးလိုက်ခြင်းဟု ယူဆရသည်။
ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမ္မဂ အဆောက်အဦး ဖြစ်မြောက်ရေးကော်မတီ မှ ဒီငြိမ်းလင်း၊ စည်သူမောင် ၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးမောင်တို့ အပါအ၀င် မြင်းခြံ ၊ မုံရွာ ၊ရွှေဘို၊ လားရှိုး နှင့် မန္တလေး တို့မှ လူငယ်ကေ...ျာင်းသား ခေါင်းဆောင်များ ကို ယနေ့ နေ့လည် ၁၁ နာရီက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
"အခု ၁၁ နာရီက ပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့ သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီးတော့ ဖုန်းဝင်လာတယ် သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈ - မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးက အတည်ပြု ပြောသည်။
အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင် နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေး ရုံးတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း ၊ မိုးထက်နေ ၊ တို့ အပါအ၀င် မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး ရွှေဘိုမှ ၄ ဦး လားရှိုး မှ ၄ ဦး တို့ ပါဝင်ကြောင်း သိရပြီး ယင်းတို့ အားလုံးကို တစ်ပြိုင်တည်း လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ ၈၈-မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ရာ ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
88 Generation Students,Yangon media group,D Nyein Lin Facebook
0 သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးထဲက ကျင်းပခဲ့တဲ့ 7 July အခမ်းအနား(ဓာတ်ပုံ)
ဇူလိုင်(၇)အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသော ဗကသ ကျောင်းသားခေါင်းဆောင်ကိုကျော်ကိုကို။-Eleven media group
ဇူလိုင်(၇)အခမ်းအနားသို့တက်ရောက်လာသောသတင်းစာဆရာကြီးအဘဦးဝင်းတင်
မိုးသဲသဲကြားမှာ 7th July ကိုကျင်းပနေကြတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နေတဲ့ ဒီလူတွေရဲ့ စိတ်ဓါတ်ကို ဖမ်းဆီးမှုနဲ့ တားဆီးလို့ မရပါဘူး။ ရာသီဥတုက တားဆီးလို့မရပါဘူး။ နေရာထိုင်ခင်း အဆင်မပြေမှုကလည်း တားဆီးလို့မရပါဘူး။ အတိတ်က သင်ခန်းစာယူဖို့ ကျင်းပနေတဲ့ ဒီအချိန်မှာ အတိတ်က သင်ခန်းစာမျိုး နောက်တခါ ထပ်ယူစရာမလိုအောင် ဖမ်းဆီးထားတဲ့ သူများကို လွှတ်ပေးပါ သမ္မတကြီး
ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဒီငြိမ်းလင်း၏ ဖခင်သည် ယနေ့ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ကျင်းပသော 7 July အခမ်းအနားသို့ တက်ရောက်လာခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက် (ယနေ့) နံနက် ၉း၀၀ နာရီ ၊ 7 July အခမ်းအနား ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားများရုံးရှေ့မှ မြင်ကွင်း တချို့
7 July အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးပြီးနောက် ဗကသ နှင့် ၈၈မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပ
Ant Bwe Kyaw facebook
0 ဗကသ ကျောင်းသားများ ထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)
1 ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့်စရဖမှ ခေါ်ဆောင်
ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။
ယင်းသို့ခေါ်ဆောင်သွားသည်အချ...ိန်နှင့် မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့လည်း လုံခြုံရေး အဖွဲ့များ ကားများဖြင့် လာရောက်ကာ ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။
မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ။
ကျောင်းသားခေါင်းဆောင်အချို့ ခေါ်ယူစစ်မေးခံနေရသည့် ကိစ္စနှင့် ၈၈ မျိုးဆက် ရုံးခန်းအား လုံခြုံရေးအဖွဲ့ဝင်များ လာရောက်သည့် ယနေ့ည ဖြစ်ပျက်သည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ယခုအခါ ကိုမင်းကိုနိုင်က ယခုညတွင်းချင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျှက်ရှိသည်။ ။
UPdated....
၈၈ မျိုးဆက်ကျောင်းသားများ၏သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူကိုမင်းကိုနိုင်က မနက်ဖြန်ပြုလုပ်မည့် ၇ ဇူလိုင် အခန်းအနားကို နောက်ဆုံးတစ်ယောက်ကျန်သည့်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းတရားဝင်ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းတွင် နာရီပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကို ဖြစ်အောင် ကျင်းပမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ညတွင်းချင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ကိုမင်းကိုနိုင်က အာဏာပိုင်များက ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကလေးတွေ လုပ်သည့် ကိစ္စအား တော်ဝင်နှင်းဆီတွင် ကျင်းပမည်ကို ကျင်းပခွင့်မပေးသည့်အတွက် အေးအေးချမ်းချမ်း ဖြစ်အောင် ၈၈ မျိုးဆက် ရုံးခန်းတွင် ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့မရှိလည်း မိမိတို့အနေဖြင့် ကျင်းပသွားမည်ဟု ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်နှင့် ကိုပြုံးချိုတို့က ပြောသွားသည်။
၎င်းတို့ရရှိထားသည့် သတင်းအချက်အလက်များအရ ရန်ကုန် မန္တလေး၊ လားရှိုးမြို့များတွင် ခေါ်ယူသွင်းခြင်းခံရသူ ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၄ ဦးရှိကြောင်း နှင့် ၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းသို့လည်း သတင်းတပ်ဖွဲ့ဝင်များ လာရောက်ကာ ကျော်ကိုကို နှင့် အခြား ကျောင်းသားခေါင်းဆောင်များ ကို လာရောက်မေးမြန်းသွားကြောင်း လည်း ပြောဆိုသည်။
၎င်းတို့ရုံးခန်းသို့ သတင်းတပ်ဖွဲ့ဝင်များ လာရောက်စဉ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ယခုကိစ္စသည် မဖြစ်သင့်သည့် ကိစ္စဟု ပြောဆိုလိုက်ကြောင်းလည်း ရှင်းလင်းပွဲတွင် ဖြေကြားသွားသည်။ ။
Yangon press international
ဒါက ခုလိုမျိုး ခေတ်ပြောင်း စနစ်ပြောင်းမှာ ဘယ်လိုမှ မရှိသင့်တဲ့ မရှိအပ်တဲ့အခြေအနေမျိုးတွေပဲ။ အဲဒီလိုလုပ်ရပ်မျိုးတွေနဲ့ ဒီမိုကရေစီကို ဘယ်လိုမှထူထောင်နိုင်မှာမဟုတ်ဘူး။ ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့သော်လည်းပဲ မအောင်မြင်ခဲ့ဘူးလို့ပဲကျနော်တို့ ပြောရမှာပါ။ ဒီအခမ်းအနားကို အမိုးအကာအောက်မှာ အေးအေးဆေးဆေးကျင်းပနိုင်ဖို့ ကျနော်တို့ ကြိုးစားခဲ့တာတွေရှိပါတယ်။ အခု နောက်ဆုံးကျနော်တို့ ကြုံတွေ့ရတဲ့အခြေအနေကတော့ ဒီအခမ်းအနားမှာပါဝင်မယ့် မျိုးဆက်သစ်ကျောင်းသားတွေကိုခဏပါဆိုပြီး အခြေအနေပေါ့။ အဲဒါဟာ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကို အကြီးအကျယ်ထိခိုက်စေတဲ့ ပုံရိပ်ဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။---ကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)
"အမှန်တကယ်က ဒီမိုကရေစီကို တကယ်ယုံကြည်လို့ သွားတယ်ဆိုရင် ဒီမိုကရေစီ အလေ့အထ ဖြစ်တဲ့ အဲဒီအခမ်းအနားတွေ ကျင်းပတာကို ခွင့်ကို ခွင့်ပြုရမယ်။ အဲဒီအခမ်းအနားတွေက ကိုယ်နဲ့ သဘောချင်းတူချင်မှတူမယ်။ မတူရင်လည်း မတူဘူး။ ဒါက အရေးမကြီးဘူး။ ဒီမိုကရေစီဆိုတာပြိုင်ဖက်ကို ရှင်သန်ခွင့်ပေးရတာ။ အခုက လမ်းပေါ်ထွက်မဲ့ ကိစ္စလည်း မဟုတ်ဘူး။ အမိုးအကာအောက်မှာ အေးအေးချမ်းချမ်း လုပ်မဲ့ကိစ္စကို လုပ်လို့မရအောင် မူလက ရည်ရွယ်ထားတဲ့ နေရာမှာပေါ့၊ ပိတ်လိုက်တယ်၊ တားလိုက်တယ် ဆိုတာဟာ လမ်းပေါ်ကိုတွန်းပို့သလို ဖြစ်နေတယ်"
အာဏာပိုင်တွေရဲ့ အခုလို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်တွေဟာ
ပြည်သူတွေကို လမ်းပေါ် မထွက်ထွက်အောင် တွန်းပို့နေသလို ဖြစ်ပေမယ့် မိမိတို့ ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံနောက်ကြောင်းပြန်လှည့်မယ့် လမ်းကြောင်းကို ရွေးချယ်မှာ မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောသွားတာပါ။--ကိုမင်းကိုနိုင်(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)
ဗကသကျောင်းသားခေါင်းဆောင်များအဖမ်းခံရစာရင်း။
......................................................................
ရန်ကုန်- ဒီငြိမ်းလင်း၊ စည်သူမောင်၊ ဖြိုးဖြိုးအောင်၊ ရဲမင်းဟိန်း၊ ကျော်ကိုကို။
မန္တလေး - အောင်မိုင်းဆန်း၊ အောင်ကျော်မိုး(ခ) မိုးထက်နေ။
...
ရွှေဘို- လေးဦး။
လားရှိုး- လေးဦး။
မြင်းခြံ- ၇ ဦး။
ဒီငြိမ်းလင်းကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး စောထွဋ်နှင့် ခရိုင်မှူး မျိုးအောင်တို့က ၀င်ရောက်ဖမ်းဆီးသည်။
ဖြိုးဖြိုးအောင်ကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး ထွန်းသိန်းက ၀င်ရောက်ဖမ်းဆီးသည်။
၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းကို ၀င်ရောက်စစ်ဆေးသူမှာ ရဲမှူးကျော်ဇေယျအပါအ၀င် ၂၀ ဦးဖြစ်သည်။
( အဘ ဥက္ကာကိုကို )
2 ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။
အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင် မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ ရောက်နေသည် ကို လည်း စာနာမိပါသည်။ ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို လေ့လာဖော်ပြလိုက်ပါသည်..။
(၁) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ .. ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော လယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ = ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သော ကုမ္မဏီများ၏ ငွေမတန်တဆပေးချေကာ ..လယ်မြေ/မြေယာသိမ်းယူမှုများပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခု အစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေခြင်း။ (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကို ဆန္ဒပြခြင်းဖြစ်ပါသည်။
(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
စက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..
အဖြေ = ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ မှ စခဲ့သော အလုပ်သမားဥပဒေများ/အလုပ်သမားအကျိုးခဲစားခွင့်များ (အခြေခံလစာဆိုင်ရာ သတ်မှတ်ချက်များ) အားနည်းခြင်း ကြောင့် အလုပ်ရှင်များ နှိပ်ကွပ်သမျှ နှစ် (၂၀) ခန့် နင်းပြား ဖြစ်ခဲ့ရခြင်း။
(ယခင်က ဆန္ဒပြလျှင် ... ယခုလောက် အလုပ်သမားဝန်ကြီးဌာနမှ မဆောင်ရွက်ပဲ မသိချင်ယောင်ဆောင်ထားခြင်းက အားလုံးအသိပင်။
(၃) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း မော်တော်ယာဉ် လိုင်များအားလုံးနီးပါးမှ ဖြစ်ပေါ်လာသော ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။ ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများ သိသာထင်ရှားလာခြင်း။
အဖြေ။ == ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား စစ်မှုထမ်းဟောင်များနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့မှာ အင်အားသုံးချယ်လှယ်နေကြသဖြင့် လုပ်ချင်တာလုပ်နေကြခြင်။ ယာဉ်ထိန်းရဲများအားလည်း လေးစားကြောက်ရွှံခြင်းမရှိတော့ဘဲ ငွေပေးရင်ရတယ်ဟုသောသဘောဖြင့် ပိုက်ဆံလိုချင်သော သူတောင်းစားသာသာ ဆက်ဆံခဲ့သည်မှာ နှစ်ပေါင်းများစွာ ထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)
(၄) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကန့်ကွက်ခံရခြင်းင့် ရပ်တန့်ခံရခြင်း။
အဖြေ === ယခင်စစ်အစိုးရလက်ထက် ရေအားလျှပ်စစ်စီမံကိန်းများကို ကော်မရှင်ရလျှင်ပြီးရော/ဒေါ်လာရလျှင်ပြီးရော စိတ်ထားဖြင့်.. MOU ထိုးကာ ခွင့်ပြုခဲ့ခြင်း။ လက်မှတ်ထိုးသူ တာဝန်ရှိသူဝန်ကြီးများမှမှ MOU တွင် ဘယ်လိုရေးထားသလဲဆိုတာတောင် သေသေချာချာ မဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပြည်သူလူထုကို အကျိုးပြုခြင်းဆိုင်ရာ EIA, SIA များကို လျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။
(၅) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် ဖြစ်ပေါ်လာသော နယ်မြေတွင်း တရားမ၀င်/တရားဝင် နည်းများဖြင့် စိမ့်ဝင်ပျံ့နှံ့လာသော ဘင်္ဂလီများကြောင့် အရေးအခင်းများဖြစ်ပွားခြင်း။ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီးခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် နိုင်ငံတ၀ှမ်း မကြုံစဖူး အဂတိလိုက်စားမှုကြီးများဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဒေသ (ဘင်္ဂလား) မှ ဘင်္ဂလီများ ငွေပေးလျှင် အလွယ်တကူ ၀င်ရောက်လာခဲ့ခြင်း။ ထိုမှတစ်ဆင့် ပိုမိုများပြားလာခြင်း။ လ၀ကဥပဒေ ခိုင်မာသောလည်း White card ကို လူဦးရေ ငါးသိန်းနီးပါးကို ထုတ်ပေးထားခြင်းအပြင် လက်ရှိ တရားမ၀င် လူဦးရေ ငါးသိန်းနီးပါး (အဂတိလိုက်စားမှုများအရ) ရခိုင်ပြည်တွင်းတွင် ရောက်ရှိနေခြင်း။ ထို့အပြင် ၁၉၈၉ နောက်ပိုင်းမှဝင်ရောက်လာသော ဘင်္ဂလီများက ရန်ကုန်တွင် အခြေချကာ နိုင်ငံတော်သူဌေးများအဆင့်အဖြစ်ရောက်ရှိနေခြင်။ ထိုသူဌေးများထဲမှ ပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေကာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီး စိစစ်ရေးကတ် ပန်းရောင် ထုတ်ပေးရန်တောင်းဆိုသည်အထိ ဆိုးဝါးလားခြင်း။
(၆) ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် .ရွှေတူးနှင့် သတ္တုတူးဖော်ထုတ်လုပ်သော ကုမဏီ ရာပေါင်းများစွာမှ အစိုးရသစ်သို့ အခွန်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် အလုပ်သမားများ ဆန္ဒပြခြင်း။ ပညာရှင်းများ/စစ်ဆေးရေးအဖွဲ့များ ဖြင့် ဖွဲ့စည်းဆာင်ရွက်ခြင်းမရှိသဖြင့် မြစ်ချောင်းများ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း
အဖြေ === ယခင် စစ်အစိုးရလက်ထက် မျက်နှာကြီးသူများ၊ သြဇာရှိသူများနှင့် (တရုတ်) သြဇာခံကုမဏီများအား ရွှေတူးဖော်ခွင့်ပြုခြင်းအပြင် ဒေသအာဏာပိုင်များ ၀င်ရောက်စွက်ဖက်ရန်မလွယ်သော အခြားလုပ်ပိုင်ခွင့်များကို ပေးထားခြင်း။ ရင်းနှီးမြုပ်နှံမှုဥပဒေများ ခိုင်ခိုင်မာမာ မရှိခြင်း။
(၇) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လယ်လုပ်သူများ လယ်ပိုင်ရေးနှင့် လယ်သမားများ လယ်ပိုင်ရေးမျှော်လင့်ချက်များအား ကြိုးစားသမျှ အရာမထင်ခြင်း။
ဖြေ = စစ်အစိုးရလက်ထက် ၂၀၀၀ ၀န်းကျင်ခန့်မှစတင်ပြီး (ဦးရွှေမန်း၏သားပိုင်ဆိုင်သော) ဧရာရွေှ့ဝါ၊ ၀ါဝါ၀င်း အစရှိသော ကုမဏီကြီးများက လယ်သမားကို စပါးပေး (စိုက်ပျိုးစရိတ်ချေးငွေ) ထုတ်ခြင်းပြီး လယ်များကို အပိုင်ရယူရန်(ချစ်တီး) များကဲ့သို့ ကြိုးစားခဲ့ခြင်း။ ၂၀၀၈ နာဂစ်အပြီးတွင်လယ် (ဦးတေဇပိုင်) ထူး .. စသော ကုမဏီများမှ ပြန်လည်ထူထောင်ရေးအကြောင်းပြကာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ ယနေ့အချိန် ၂၀၁၂ တွင် လယ်လုပ်သူလယ်သမားးများထက် ကုမဏီပိုင်လယ်များ များပြားနေသလို လယ်သမားအများစုမှာ သူရင်းငှား အဖြစ် ကုမဏီလယ်များတွင် ပြန်လည်လုပ်ကိုင်နေရခြင်း။
(၈) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် နိုင်ငံအတွင်း အင်အားအကြီုံးဆုံး စီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှု နည်းပါးခြင်း
အဖြေ = စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ အစပြုကာ အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလဲပနံသင့်နေသော ကုမဏီများ၊ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ထောက်ချုပ်ဦးဆောင်သော မြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည်တို့မှ အခွန်ဆောင်မှု နည်းပါးခြင်းမှစတင်ကာ ယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။
(၉) အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။
အဖြေ == စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊ ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။
(၁၀) အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို ကန့်ကွက်ရန်ကြိုးစားခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။
အဖြေ ==== ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား မြန်မာအသံထွက်ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက်ထုတ်ကာ အာဏာတည်စေခဲ့ခြင်း။
(၁၁) အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့် အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။
အဖြေ === ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာ သီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ အတွင်း ကားတစ်စီး၏ပေါက်ဈေးမှာ အဆ ၁၀၀ နီးပါးခန့်တက်သွားခဲ့သဖြင့် ယခုလို ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်နေချိန်တွင် ထိုအချိန်က ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။
အဲဒီကိစ္စများဟာ .. ၂၀၁၅ အတွင်းမှာ အားလုံး အဆင်ပြေသွားနိုင်ဖို့ မလွယ်ပါ။ အမြစ်ကအစနှုတ်ယူဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရမှာပါ။
အစရှိတဲ့ အထုပ်အရှုပ်တွေကို လေ့လာရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) ကို ပြန်လည်မြင်ယောင်မိပါတော့တယ်.။
“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်းကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”
ကဲ... ဘယ်လိုလုပ်ကြမလဲ....။
သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။။။
ရန်အောင်..
0 ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်တွင် ကျရောက်သော အနှစ် ၅၀ ပြည့် 7 July နေ့ အတွက် ၈၈ မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ
0 ရန်ကုန်မြို့အမေရိကန်သံရုံးရဲ့အမေရိကန်သံအမတ်သစ် ဒဲရစ်မစ်ချယ်ရဲ့ နှုတ်ခွန်းဆက်စကား -ရုပ်/သံ
Friday, July 6, 2012
0 တရားမျှတမှုအတွက် မြစ်ကြီးနား ရှိကချင်ပြည်သူလူထု တစ်ထောင်ကျော်ခန့် ဆန္ဒဖော်ထုတ်တောင်းဆို
ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံကချင်ပြည်သူလူထုများ အင်အားတစ်ထောင်ကျော်ခန့် မှ မြစ်ကြီးနားမြို့ တွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်နေရာ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
...
(၁) မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များ၏ လုံခြုံရေး ကိစ္စအ၀၀ အား လက်ရှိမြန်မာအစိုးရ မှ လုံးဝ တာဝန်ယူပေးရန် ။
(၂) မတရားသဖြင့် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား အမြန်ဆုံးပြန်လည်လွတ်ပေးရန်။
(၃) စစ်ဘေး ဒုက္ခသည်များ၏ လူ့ အခွင့်အရေးများအား လေးစားလိုက်နာရန် ။
(၄) တရားမျှတမှု ကို လေးစားလိုက်နာ ကျင့်သုံးသွားရန် ။
တို့ ဖြစ်ကြောင်းသိရသည် ။
photo..Kdng Kachin
0 ၈၈ကျောင်းသားခေါင်းဆောင်များ တရုတ်ပြည်နယ်စပ်မြို့  ဂျယ်ဂေါင်မှ မြန်မာလူထုနဲ့တွေ့ဆုံခဲ့ .. . ( 5.7.2012 )
ကိုမြအေးခေါင်းဆောင်တဲ့ ၈၈ကျောင်းသားခေါင်းဆောင်များအဖွဲ့ဒီနေ့ 5.7.2012 နေ့ညမှာ တရုတ်မြန်မာ နယ်စပ် ဂျယ်ဂေါင်မြို့   ဖြိုးမောက်သာ လက်ဖက်ရည်ဆိုင်မှာ တရုတ်နယ်စပ်မှာ လာရောက်အလုပ်လုပ်ကြ တဲ့ မြန်မာလူထု နဲ့ တွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ် ။ အပြန်အလှန်ဆွေးနွေးမှုလေးတွေလဲ လုပ်ခဲ့ပါတယ် ။ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ကလဲ SKYPE က နေ တဆင့် မြန်မာလူထုကို တိုက်ရိုက် ဆွေးနွေးပေးခဲ့ ပါတယ်။ မြန်မာလုပ်ငန်းရှင်များနှင့်ရွေ့ပြောင်းလုပ်သားအပါဝင်လူတစ်ရာကျော်လောက်တက်ရောက်ခဲ့ပါတယ် ။
   ဒီပွဲလေးကို လူထုကကျေနပ်သလို ကိုမြအေးတို့အဖွဲ့မှလဲ အားရကျေနပ်တယ်လို့ဆိုပါတယ် ။လူထုနဲ့ အပြန်အလှန် ဆွေးနွေး မှုလေးက ပွဲလေးကို ပိုပြီးကျေနပ်မိတယ်လို့ဆိုပါတယ် ။
by - zawmoehetet
SKYPE မှပြောနေသော ကိုမင်းကိုနိုင်. .
တရုတ်ပြည်ဂျယ်ဂေါင်မှာ ကိုမြအေးနဲ့ 88 ကျောင်းသားများကိုလာရောက်တွေ့ဆုံသော မြန်မာလူထု. . .
လူထုနဲ့ တွေ့ဆုံနေတဲ့ ကိုမြအေးနဲ့ 88ကျောင်းသားအဖွဲ့. .
လူထုနဲ့ တွေ့ဆုံနေတဲ့ ကိုမြအေးနဲ့ 88ကျောင်းသားအဖွဲ့. .
0 “ကျောင်းနံရံနဲ့ဒေါင်းအလံ”
7 ဂျူလိုင်မှာ ကျဆုံးသွားသော ကျောင်းသားများကိုတတ်စွမ်းတဲ့အနုပညာနှင့် ဂါရ၀ပြုပါတယ် NAY ZAW(TH-Z)
“ကျောင်းနံရံနဲ့ဒေါင်းအလံ”ဒေါင်းငှက်မင်း လှောင်ကာချ အတောင်ပံက အမြင့်မပျံနိုင်လဲ ...တွန်ကျူးသံ မြန်မာပြည်မက ကဘာမြေအထိ ကြားယောင်နိုင်တယ်...ဒေါင်းငှက်တွေံပြန်ကာကြွ ညီညာမှ အချုပ်အနှောင်ခံဆဲ ဒေါင်းငှက်မင်းပျံနိုင်မှ မြန်မာပြည်သူက မင်းကိုနိုင်မယ်
0 7 July နှစ်(၅၀)ပြည့် အခမ်းအနားအား ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်း နေရာသို့ ပြောင်းရွှေ့ကျင်းပ ပါမည်
ရက်စွဲ။ ။၇-၇-၂၀၁၂ အချိန်။ ။၉း၀၀-မှ-၁၂း၀၀
နေရာ။ ။၂၈၄/က ၊ ၁၆/၃ ရပ်ကွက်၊ ဝေဇယန္တာလမ်း ၊ သင်္ဃန်းကျွန်းမြို့ နယ်။ရန်ကုန်တိုင်းဒေသကြီး။
ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)
0 ၂၀၁၂လန်ဒန်အိုလန်ပစ်အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ဝှေ့အကျော်အမော်ဟောင်း မိုဟာမက်အလီတို့ကိုဖွင့်လှစ်ပေးရန်အတွက် အိုလံပစ်ကော်မတီကစဉ်းစားနေ
၂၀၁၂လန်ဒန်အိုလန်ပစ်အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် ကမ္ဘာကျော်လက်ဝှေ့အကျော်အမော်ဟောင်း မိုဟာမက်အလီတို့မှ ဖွင့်လှစ်ပေးရန်အတွက် အိုလံပစ်ကော်မတီကစဉ်းစားနေကြာင်း The Daily Telegraphသတင်းတွင် ရေးသားထားသည်။
ဓါတ်ပုံ -၁၉၉၆ခုနှစ်က Atlantaအိုလံပစ်အားကစားပွဲတော်တွင် အိုလံပစ်မီးရှုးတိုင်ကိုင်ဆောင်ထားသော လက်ဝှေ့ကျော်မိုဟာမက်အလီ။
 International figures including Muhammad Ali and Nobel laureate Aung San Suu Kyi are among the candidates that have been considered by London 2012 to play a part in the opening ceremony of the Games and the final stages of the Olympic flame’s journey into the stadium.
source...http://www.telegraph.co.uk/sport/olympics/9374258/London-2012-Olympics-Muhammad-Ali-and-Aung-San-Suu-Kyi-considered-for-opening-ceremony.html
1 ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း-
ဆောင်းပါးရှင်-Ven Ravika
ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာနိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျှောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်းရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။
စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။
သိန်းစိန်အစိုးရသည် အဆင့်(၃)ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကျေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တစ်နှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံးအပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်း ဖြစ်သည်။ ထို့ပြင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက် ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်းမနိုင်နင်းမှုများကို တွေ့မြင်ရသည်။
ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခုမတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကျေညာသည်။ ကျေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာ ရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက် ကျယ်ပြန့်သော ညီလာခံတစ်ခု ဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက် ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။
ပင်လုံထက် ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း(ပြည်ပ)အတိုက်အခံပါတီများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်င်ဂျီအို)များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။
ပင်လုံထက် ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့်အကြောင်းအရာများကို အဆင်သင့်ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြားအသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပစာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။
ပင်လုံထက် ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည်ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတစ်ခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစုဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတစ်ခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတစ်ခုသာ ဖြစ်သင့်သည်။
ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက (၅၀)ရာခိုင်နှုန်း၊ အတိုက်အခံများက (၂၀)ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ (၂၀)ရာခိုင်နှုန်း၊ တိုင်းရင်းသားများက (၁၀)ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက် ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့်အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။
ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
တန်းတူရေး ဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း(၇)တိုင်းကို စုပေါင်း၍ ပြည်နယ်တစ်ခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ်(၇)နှင့် တိုင်းပေါင်းစုံ(၁)ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။
ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တစ်ခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျှော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တစ်ခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက်အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံ ရသည်။
လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေးရှိမရှိအပေါ်မှာ အခြေခံရမည်ဖြစ်သည်။ လက်ရှိလွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်းမရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ်ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တစ်ခါတရံမှာ ဒီမိုကရေစီရေးနှင့်တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည်းအလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။
ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာ အရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေး ဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့်တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန်မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။
0 ဒေါင်းမိခင်သို့ ပန်ကြားချက် (7 july ကျောင်းသားအရေးတော်ပုံအမှတ်တရ)
၁။ ဖျက်စေဖျက်စေ၊ တက်လေပြီးမှ
သမဂ္ဂကို၊ မြစ်ကဖြိုလဲ
ကွဲအောင်ခွဲသည်
မိုက်မဲသူတို့ကြံစည်တကား။
ပမာဆိုသော်
ပင်ပျိုရိပ်အောက်၊ ခိုပြီးနောက်မှ
ကိုင်းခြောက်ကိုချိုး၊ မီးဝယ်ထိုးသို့။
၂။ ရပ်စေရပ်စေ၊ သက်သေပြီးမှ၊
ဒို့ဘ၀ကို၊ သုညနှင့်ရေး၊
အအောင်ပေးသည်၊
စာမေးပွဲလည်း၊ မပီတကား။ ။
ပမာဆိုသော်၊
ရွှန်းစိုလှတင့်၊ မီးနှယ်ပွင့်သည်
ပေါက်ပွင့်ရဲရဲ၊ နံ့မစွဲသို့။
၃။ သိစေ သိစေ၊ ဖိချေပြီးမှ
ပရောဂဟု၊ ယုံကြစတမ်း
ချုပ်ကိုင်ဖမ်းသည်
ငြိမ်းချမ်းလွတ်ခွင့်၊ မမြင်တကား။
ပမာဆိုသော်၊ ရန်လိုမှုလုပ်၊
သင်မဟုတ်လျှင်၊ သင့်မိခင်ဟု
စားချင်ရဲရဲ၊ သူစွပ်စွဲသို့။
၎။ သားလှမျက်ရှင် ဒေါင်းမိခင်
သိမြင်ကြားလော့၊ ဆောင်ဦးလော့တည့်
လည်မော့ ခြေကြွ၊ ကနေ၍ချည်း
မပြီးသေးချေ
အိုးဝေတစ်ခွန်း မာန်သစ်ထွန်း၍
နစ်မွန်းသည့်သား၊ ဒို့အများကို
ညွှန်ကြားခေါင်းဆောင်ပါလေဦး။ ။
ဂုဏ်ဝင်း
၁၉၅၆-၅၇
(ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
အိုးဝေမဂ္ဂဇင်း(စာမျက်နှာ ၁၇၈)
Yin Min Thant
Thursday, July 5, 2012
0 ကောင်းချီးပေးရန် စောလွန်းနေသေးသောနေ့ရက်များ
(The Star News မှ 5 Apr 2012 ရက်စွဲပါ "Still early days in Myanmar"သတင်းကို ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ထားသော Sanctions များကိုရုတ်သိမ်းရန် အာဆီယံက တောင်းဆိုနေသည့် အချိန်တွင် ဥရောပသမဂ္ဂ ကလည်း ထိုသို့ပြုလုပ်ရန် စိတ်ဝင်တစားရှိနေသည့် လက္ခဏာရှိသည်။ သို့သော် ထိုသို့ပြုလုပ်ပါက အချိန်မကျခင် အလောတကြီး အလျင်စလို ပြုလုပ်ရာ ရောက်ပေလိမ့် မည်။
မကြာသေးမီက နွေဦးကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ က ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိသွားသည့် သတင်းကိုဖတ်ရခြင်းမှာ အမှန်တကယ်ပင် ကြည်နူးစရာကောင်းသည်။
ယခင်အာဏာပိုင်များက နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းခဲ့သည့်ကြားမှ သူမ၏ ကြာရှည်ခံပေါ်ပြူလာဖြစ်မှုကို စမ်းသပ်သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည်ဟု ကနဦးသတင်းများက ဆိုသည်။
တပ်မတော်ကျောထောက်နောက်ခံပြုထားသော အာဏာရပါတီကြီးစိုးထားသည့် နေပြည်တော် မဲဆန္ဒနယ်များတွင်ပင် NLD ပါတီက အနိုင် ရရှိသည်ဟူသော သတင်းများမှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပေသည်။
ဤအချက်ကိုကြည့်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ယောက်မကျန် အပြောင်းအလဲကို မျှော်လင့်နေကြကြောင်း ထင်ရှားပေါ်လွင်နေသည်။ သို့သော် စာရေးသူ၏မိတ်ဆွေ မြန်မာတစ်ဦးပြောသကဲ့သို့ အနုစိတ်သော အဆင့်ပေါင်းများစွာ ကျန်ရှိနေသည်။ အချိန်စောလွန်းနေသေးသည်။
အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၆၀၀ ခန့်ကို ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် တကယ့်အပြောင်းအလဲ မှန်သမျှ ဖြစ်ပေါ်လာရန်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာတွေဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကိုသာမကပဲ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ၏ အပြုအမူများကိုပါ စောင့်ကြည့်ရန် လိုသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ကျင့်ဝတ်များကို လေးစားလိုက်နာရန် စတင်ကြိုးစား နေသော်လည်း ယခင်က အလွန့်အလွန်အဆိုးဝါးဆုံး မှတ်တမ်းဟောင်းရှိခဲ့သည်။
ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဒီမိုကရေစီဆန္ဒပြပွဲများတွင် လူ့အသက်များသေဆုံးသည်အထိ နှိမ်နင်းဖြိုခွင်းခဲ့သော အစိုးရ၏ ရက်စက်မှု သည် ကမ္ဘာတစ်လွှား ထင်သာမြင်သာသော လူသေဆုံးမှုများစွာတို့အကြား ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့လေသည်။
လုပ်ပိုင်ခွင့်အပေါ် ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် မြန်မာအစိုးရက တုန့်ပြန်လာနိုင်ခြင်းအတွက် မည်သူကမှ မကူညီနိုင်သော်လည်း ဝိုင်းဝန်း ပူပန်စိုးရိမ်လျက်ရှိကြသည်။
"မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အယူအဆကို ပွင့်ပွင့်လင်းလင်းအပြည့်အဝ ဖော်ထုတ်ခွင့်ရှိပြီလား၊ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုရှိမှာလား၊ ဒီမိုကရေစီဆန့်ကျင်ရေး နှိမ်နင်းဖြိုခွဲမှုတွေ နောက်ထပ်ရှိဦးမှာလား"စသည့် မေးခွန်းများစွာသည် ယခုတိုင်အဖြေမရှိသေးပါ။
မှန်ပါသည်။ အချိန်တွေစောလွန်းနေသေးသည်။ အာဆီယံဆီက တောင်းဆိုထားသလို၊ ဥရောပသမဂ္ဂကလည်း စိတ်ဝင်စားနေသည့် Sanctions ရုတ်သိမ်းရေးကိစ္စသည် အလျင်လိုလွန်းရာရောက်နေသည်။
အမှန်အတိုင်းပြောရလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆိုးဆိုးဝါးဝါးရက်စက်မှုများကို အာဆီယံက လုံးဝအရေးတယူ မရှိခဲ့သည့်အပြင် ကုန်သွယ်မှုမှာလည်း လုံးဝမရပ်သွားခဲ့ပါ။ မြန်မာအစိုးရ(ဟောင်း)၏ ရက်စက်မှုများ၊ ပျက်ကွက်မှုများအပေါ် အာဆီယံအဖွဲ့ဝင်များက ငြင်ငြင်သာသာ လူသိရှင်ကြား ဝေဖန်ထောက်ပြမှုမျိုးကိုပင် မတွေ့ရှိရပါ။
အာဆီယံအဖွဲ့၏ ကြားဝင်မစွက်ဖက်ရေးမူဝါဒသည် "လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်၊ မင်းထိုက်နဲ့မင်းကံ"ဟူသော သဘောတရားနှင့် ကွာခြား ခြင်းမရှိခဲ့ပါ။
သို့ရာတွင် ယခုအခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တရားသောဥပဒေစိုးမိုးရေးတို့ကို မြှင့်တင် ရန် အာဆီယံချာတာတွင် သဘောတူ လက်မှတ်ရေးထိုးကြခြင်းနှင့်အတူ အာဆီယံ၏မူဝါဒသည်လည်း စတင်ပြောင်းလဲ လာပြီဖြစ်သည်။
သို့သော် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး၊ ပုံမှန်အဆင့်ဖြစ်လာအောင် အာဆီယံက အလျင်စလိုတောင်းဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အာဆီယံချာတာပါ နားထောင်ကောင်းသော စာသားများကို ထိန်းသိမ်းမြှင့်တင်ကြမှာလားဟု စာရေးသူ သံသယဖြစ်မိသည်။
ထိုနည်းတူစွာ အနောက်အုပ်စုနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် အပြေးအလွှား ခုန်ဝင်ကြရန် အလောတကြီး ဆန္ဒပြင်းပြနေကြခြင်းမှာ ရယ်စရာအကောင်းဆုံးဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် အဆိုးဝါးဆုံးကာလများ၌ပင် အနောက်နိုင်ငံကုမ္ပဏီများက မြန်မာ့ရေနံ၊ ဓာတ်ငွေ့ ကမ္ဘာတွင် ဆက်လက်လုပ်ကိုင်နေကြခြင်းကြောင့် အနောက်အုပ်စုသည် မြန်မာအစိုးရ(ဟောင်း)နှင့် အပြည့်အဝ အဆက်ဖြတ်ခြင်းလုံးဝ မရှိခဲ့ဘူးပါ။
သို့ဖြစ်ရာ မြန်မာအစိုးရအပေါ် နိုင်ငံတကာကပေးထားသော ဖိအားကလေးအနည်းငယ်ကို ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် အလွယ်တကူ အခြေခံ၍ ရုတ်တရက်ရပ်ဆိုင်းခြင်း မပြုသင့်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် စကားအတိုင်း ယခုအောင်ပွဲလေးသည် ပြည်သူလူထု၏ အောင်ပွဲသာ ဖြစ်သည်။
မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီအတွက် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ကြပြီး သူတို့ တတ်နိုင်သလောက် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့ကြသည်ဟု စာရေးသူအသိအမှတ်ပြု တင်ပြလိုသည်။ ယခုအခါ မြန်မာအစိုးရကို ပုံမှန်ပြန်လည် ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်သူတို့၏ ကံကြမ္မာကို လွှတ်ထားပေးရန်အတွက် အချိန်စောလွန်းနေသည်။
မြန်မာနိုင်ငံမှ ရဲရင့်သောပြည်သူများက သူတို့ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော လွတ်လပ်ခွင့်ကို အမှန်တကယ် စတင်ခံစားရပြီဟူသော သဲသဲကွဲကွဲလက္ခဏာများ ထွက်ပေါ်လာချိန်အထိ စာရေးသူတို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံ စောင့်ဆိုင်းကြရန် သေချာပေါက် လိုအပ်နေသည်ဟု သုံးသပ်တင်ပြလိုက်သည်။
yangonchronicle
1 မြေခွေးတွင်းသို့ဝင်ခြင်း ( Enter the Fox Den) ။
မေလ ၂ ရက်နေ့ ၂၀၁၂ ခုနှစ်မှာဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနဂိုတောင်း ဆိုနေတဲ့“၂၀၀၈အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမယ်”ဆိုတဲ့အစား၊”လေးစားလိုက်နာပါ့မယ်”လို့ ပြောင်း ပေးဘို့ တောင်းဆိုတာကိုရုပ်သိမ်းပြီးမူလ၂၀၀၈ အခြေခံဥပဒေမှာရေးသားထားတဲ့ အတိုင်း ဂတိသစ္စာပြုပြီး လွှတ်တော်ကိုတက် ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့ပါတီကိုပြည်သူတွေကဝက်ဝက်ကွဲမဲပေးခဲ့ကြတာအထူးပြောစရာလိုမယ်မထင်ပါဘူး။ မြန်မာနိုင်ငံမှာစစ်အုပ်ချုပ်ရေးကနေအရပ်သားအစိုးရအဖြစ်ကိုပြောင်းလဲခဲ့တာ၂ ကြိမ်ရှိပါပြီ။ ပထမအကြိမ် က တော့ တော်လှန်ရေးကောင်စီဦးစီးရေးဆွဲခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေ ကိုအသက်သွင်းပြီး မဆလပါတီတခု တည်းသာရှင်သန်ခွင့်ပေးတဲ့အရပ်သားအစိုးရကိုဖွဲ့စည်းခဲ့ခြင်းဘဲဖြစ်ပါတယ်။ အဲဒီ မဆလပါတီဟာလဲ ထိပ် တန်းစစ်ဗိုလ်ချုပ်တွေအားလုံးလိုလို အရပ်ဝတ်ပြောင်းပြီးအာဏာကိုဆက်လက်ရယူခဲ့ ကြတာမို့ကုလားကြီး နဲ့ အရာကြီး သဘောမျိုးသာဖြစ်လို့ ပြည်သူတွေသိသိကြီး နဲ့ သေနတ်မိုးထားလို့ခံခဲ့ကြရတာပါ။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်းဖြစ်တာကလွဲလို့အုပ်ချုပ်မှု၊ ဖိနှိပ်မှုတွေမပြောင်းလဲခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်လာမှပါတီစုံသွားမလား? တပါတီစံနစ်ဘဲသွားမလား ? ဆိုတာကို မမေးချင်မေးချင်ထုတ်ပြောလာရတာအများအသိ။
ငြိမ်ပိ တဖြစ်လဲ နအဖလက်ထက်မှာလဲ ဦးနေဝင်းနည်းတူ ဗိုလ်ချုပ်သန်းရွှေကသူ့စိတ်ကြိုက် ၂၀၀၈အခြေခံဥပဒေ ကိုရေးဆွဲပြီးအတည်ပြုခဲ့ပြန်ပါတယ်။၂၀၀၈အခြေခံဥပဒေကို၁၉၉၃ခုနှစ်လောက်ကစပြီးအမည်ခံအမျိုးသားညီလာခံကနေ စစ်တပ်ရွေးချယ်ထားတဲ့လူတွေနဲ့စိတ်ကြိုက်ကိုယ်လိုသလိုရေးဆွဲ၊စစ်တပ်ရဲ့သြဇာကိုနိုင်ငံရေးအပေါ် လွှမ်းမိုးပြီး အတင်းအကြပ် ပြည်သူတွေကိုချိမ်းခြောက်အတည်ပြုခဲ့တာပါ။ အခြေခံဥပဒေတခုရေးဆွဲရာမှာပြည်သူ့ အကျိုးအတွက်အချိန်ယူရေးဆွဲဒါမျိုးဟာသဘာဝကျလို့လက်ခံနိုင်ပေမဲ့ပြည်သူ့အပေါ်စစ်အာဏာစက်လွှမ်းမိုးနိုင်ဖို့အချိန်ယူပြီး ၁၅နှစ်ကြာရေးဆွဲခဲ့တာဟာသမိုင်းအမဲစက်တခုဖြစ်ပါတယ်။
ဒီအခြေခံဥပဒေအရရွေးကောက်ပွဲပြုလုပ်တဲ့အခါမှာလဲ အတိုက်အခံပါတီတွေကိုဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးလုပ်ပြီး နောက်ဆုံးမဲရှုံးတဲ့နေရာတွေမှာကြိုတင်မဲဆိုတာတွေနဲ့ညစ်ပတ်အနိုင်ယူခဲ့တာအများအသိပါ။ ဘာဘဲဖြစ်ဖြစ် မြန်မာလူမျိုးတွေဟာအကောင်းကိုမြင်တဲ့လူမျိုးတွေဖြစ်လို့၊ ဦးသိန်းစိန်သမတအဖြစ်ကျမ်းကြိမ်ပြီး တက်လာတဲ့အခါပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာတာကိုတွေ့ရတော့ဝမ်းသာအားရနဲ့အားပေးခဲ့ကြပါတယ်။
ဒီလိုအားပေးတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်လဲပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဦးသိန်းစိန်ကို သူမ အနေနဲ့ယုံကြည်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။ တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့လက်တွဲပြီးလုပ်နိုင်ဘို့မှာ ပထမယုံကြည်မှုကိုတည်ဆောက်ယူရမှာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲဘယ်လိုမှတဦးနဲ့တဦးလက်တွဲလုပ်နိုင် မှာ မဟုတ်ပါဘူး။ ဒါကြောင့်ဒေါ်စုမြေခွေးတွင်း(လွှတ်တော်)ထဲကိုစွန့်ပြီးဝင်သွားတာဖြစ်ပါတယ်။
လွှတ်တော်ထဲမှာကြံဖွတ်အမတ်မြေခွေးအုပ်ကြီးနဲ့ မကြာခင်ကအခွင့်ထူးခံ၊ ရာထူးပိုကြီးတဲ့စစ်တပ်ကိုယ်စား လှယ်ဗိုလ်မှူးချုပ်တွေနဲ့အစားထိုးလိုက်တဲ့ ဝံပုလွေ ၂၅%အုပ်ကလဲရှိနေပါတယ်။ ဒီအုပ်ကြီးနှစ်အုပ်စုဟာပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေက လွှတ်တော် တွင်းမှာဒီမိုကရေစီနည်းကျပြုပြင် ပြောင်းလဲမှုတွေကိုတင်လာခဲ့ရင်ရိုက်ချဘို့တာစူနေကြတာဖြစ်ချင်ဖြစ် မယ်။ သူတို့အကျိုးစီးပွါးကိုထိခိုက် မယ် လို့မြင်တဲ့ဘယ်ပြောင်းလဲမှုမျိုးကိုမဆိုတိုင်းပြည်ဘယ်လောက်ဘဲအကျိုးရှိရှိ အစည်းအဝေးကြမ်းခင်းပေါ်မ ရောက် ခင်ကတည်းကလွှတ်တော်ဥက္ကဌက နေ ပယ်ချကောင်းပယ်ချနိုင်ပါတယ်။
အခုဒေါ်အောင်ဆန်းစုကြည် တို့လွှတ်တော်ထဲကိုရောက်လာပြီးမရှေ့မနှောင်း ဒုသမ္မတဦးတင်အောင်မြင်ဦးနှုတ် ထွက်လွှာတင်တဲ့သတင်းထွက်လို့လာပါတယ်။ ဒါဟာတိုက်ဆိုင်မှုလား? နအဖရဲ့ကြိုတင်ချထားတဲ့ကျားကွက် လား? အားလုံး စဉ်းစားဖို့လိုပါတယ်။
တင်အောင်မြင့်ဦးဟာတင်းမာသောအုပ်စုမှဖြစ်လို့ ဒီလိုတင်းမာရေးလမ်းစဉ်လိုက်နေသူနှုတ်ထွက်သွားခြင်းဟာ အလယ်အလတ်လမ်းစဉ်သမားဦးသိန်းစိန်တို့အုပ်စုအနိုင်ရအားကောင်းလာတာဖြစ်တယ်၊ မြန်မာပြည်တိုးတက် ရေးအတွက်ကောင်းတဲ့နမိတ်လက္ခဏာဘဲလို့ယူဆသူတွေ၊ အကောင်းမြင်ဝါဒသမားတွေကဆိုကြပါတယ်။ ဒေါ်စုကိုဒုသမ္မတနေရာပေးချင်ပေးမယ်လို့လဲယူဆသူတွေရှိပါတယ်၊ ဒါမှမဟုတ်လဲဝန်ကြီးနေရာတနေရာပေး ချင်ပေးမယ်လို့ထင်ကြေးပေးကြသူတွေပေးကြပါတယ်။ စစ်အာဏာမလျှော့ကျရေးအတွက်ကျားကွက်ရွေ့သလို အကွက်ချပြီးကစားနေတာလား? တိုင်းပြည်ကြီးကမ္ဘာ့အလယ်မှာဆင်းရဲမွဲတေနေတာကိုမကြည့်ရက်လို့ ကိုယ့် လူမျိုးတွေနိုင်ငံတကာမှာမျက်နှာငယ်ငယ်နဲ့အလုပ်သမားတွေအဖြစ်၊ အိမ်စေတွေအဖြစ်သွားလုပ်နေရ တာကို တွေ့မြင်ရတဲ့အခါယူကြုံးမရဖြစ်ပြီးငါ့တိုင်းပြည်နဲ့လူမျိုးတွေကိုငါတို့ကယ်တင်မှရမယ်ဆိုတဲ့စိတ်နဲ့တကယ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာလားမဝေးတော့တဲ့အနာဂါတ်မှာကျွန်တော်တို့တတွေအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်။
ဦးသိန်းစိန်ဟာအမှန်တကယ်စိတ်ရင်းမှန်သူဖြစ်ပြီးတိုင်းပြည်ကောင်းစားတာကိုမြင်ချင်တဲ့အတွက်ဒေါ်အောင် ဆန်းစုကြည်ကိုအစိုးရ နဲ့တွဲလုပ်ရန်ကမ်းလှမ်းခဲ့တယ်လုပ်ပိုင်ခွင့်ပေးခဲ့မယ်ဆိုရင်မျိုးချစ်စိတ်စေတနာအရင်းခံ ကြောင့် မြန်မာနိုင်ငံကြီးတွင်းရှိပြည်သူအားလုံးအတွက်ကျဆုံးခဲ့ရသောဂုဏ်သိက္ခာများကိုပြန်လည်ဆယ်ယူနိုင် မှာ ဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားကိုယူပြီးပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်းမာရေး နဲ့ပညာရေး တွေ မှာ ထိထိရောက်ရောက်ပြည်တွင်းပြည်ပအင်အားစုတွေရဲ့အကူအညီကိုရယူပြီးပူးပေါင်းလုပ်ကြမယ်ဆိုရင် အ တိုက် အခံ၊ စစ်အုပ်စု ဆိုတဲ့အမြင်တွေပျောက်ကွယ်ပြီးအမျိုးသားရင်ကြားစေ့ရေးကိုလက်တွေ့ကျ ကျလုပ်နိုင် မှာဖြစ် တယ်၊ လွတ်လပ်ရေးရစကနေ ၊ ပြည်တွင်းစစ်ကြောင့် နှစ် ၆၀ အတွင်း ယနေ့အထိပြည်သူသန်းနဲ့ချီပြီး သေဆုံး ခဲ့ရသလို၊ မြန်မာပြည်သူတွေကို ဆင်းရဲ တွင်း ပို့နေတဲ့ဒီပြည်တွင်း စစ်ကိုလဲအမြန်ဆုံးငြိမ်း သတ်နိုင် မှာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ မကြောက်မရွံဘဲပြည်သူတွေရဲ့အခွင့်အရေးတွေကိုရဲရဲတင်းတင်းဖွင့်ပေးခြင်း၊ ပုဂ္ဂလိက ပိုင်သတင်းစာထုတ်ဝေ ခွင့်အပါအဝင်သတင်းလွတ်လပ်ခွင့်များကိုကမ္ဘာ စံချိန်မှီခွင့်ပြုခြင်း၊ လူ့လွတ်လပ်ခွင့်ချိုး ဖေါက်သူမှန်သမျှကိုကြောသား၊ ရင်သားမခွဲခြားဘဲထိထိရောက်ရောက်အရေးယူခြင်းဖြင့်တရားဥပဒေစိုးမိုးရေး ကိုတည်ဆောက်ခြင်းဖြင့်ပြည်သူများ၏ယုံကြည်ကိုးစားမှုကိုရယူမယူစောင့်ကြည့်ရပေမည်။
ထို့ပြင် ခရိုနီများလက်ဝါးကြီးအုပ်မတန်တဆဈေးတင်ထားသောတယ်လီဖုံးဈေးကွက်၊ ဟော်တယ်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လယ်ယာမြေမတရားသိမ်းယူမှုများကိုတရားမျှတမှုရှိစေရန်လူတိုင်း တရားမျှတ စွာလွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်၊ ထုတ်လုပ်ခွင့်တို့ကိုဖန်တီးပေးရမည်။ ကြိုးနီစံနစ်မထားရှိဘဲ သမတမှတိုက်ရိုက် ခန့် ထားဖွဲ့စည်းပေးသော “အထူးစစ်ဆေးတိုက်ရိုက်ဆုံးဖြတ်ရေးဌာန” SIDDB(Special Investigation and Direct Decision Branch)ကိုဖန်တီး၍ထိုဌာနမှညွှန်ကြားရေးမှူးကအခင်းဖြစ် ရာသို့တိုက်ရိုက်သွား ရောက် ဖြေရှင်းစေခြင်းဖြင့် မသမာမှုများ၊ ကြားခံလာဒ်ပေးလာဒ်ယူမှုများ လက်တွေ့ကွင်းဆင်း ဖြေရှင်းဖြင့်အချိန် ကြာမှု၊ နှင့်ကြိုးနီစံနစ်တို့ကိုတားဆီး နိုင်ပေလိမ့်မည်။
ယနေ့လတ်တလောဖြစ်ပေါ်နေသောလျှပ်စစ်မီးလုံလောက်စွာရရှိရေးလှုပ်ရှားမှုသည်မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်းထဲမှတခုဖြစ်သည်။ ဆင်းရဲမွဲတေရခြင်းအကြောင်းရင်း ၃ချက်ရှိသည်။
၁။ စစ် အာဏာရှင်စံနစ်သက်ဇိုးရှည်ခဲ့ခြင်းကြောင့်လူ့အခွင့်အရေးဆုံးရှုံး ခဲ့ရသည်၊ လူ့အခွင့်အရေးဆုံးရှုံးခဲ့ခြင်းကြောင့်မတရားဥပဒေများကြီးစိုးလာခဲ့ရသည်။ ထို့ကြောင့်ခရိုနီစီးပွါးရေးထွန်းကား လာပြီးလက်တဆုပ်စာလူတစုနှင့်ဗိုလ်ချုပ်များသာချမ်းသာလာခဲ့ပြီးပြည်သူလူထုကြီးတရပ်လုံးကုန်းကောက်စရာမရှိဆင်းရဲမွဲတေသွားခဲ့ရသည်။ သဘာဝအရင်းအမြစ်များ၊လူသားအရင်းအမြစ်များအတိုင်း အဆမရှိဆုံးရှုံး ခဲ့ရ သည်။ ဆင်းရဲချမ်းသာကွာဟမှုမှာမယုံကြည်နိုင်စရာအထိမိုးနဲ့မြေပမာကွာခြားသွားခဲ့ရသည်။
၂။ ပြည်တွင်းစစ်အဆုံးမသတ်နိုင်ခြင်းသည် တချက်။
ပြည်တွင်းစစ်ကြောင့်တန်ဖိုးမဖြတ်နိုင်သောလူ့အသက်သိန်းသန်းချီပြီးဆုံးရှုံးခဲ့ရသည့်အတွက်လူသားရင်းမြစ်များယုတ်လျော့ရော့နည်းသွားခဲ့ရသည်။ လူ့အသက်သာမကအိုးအိမ်တိုက်တာအဆောက်အအုံများပါနှစ်ပေါင်း ၆၀ အတွင်းပျက်စီးခဲ့မှုများအားလုံးသည် ဘီလီယံနှင့်ချီ၍ရှိသည်။ ပြည်တွင်းစစ်ကြောင့်စီးပွါးရေးကောင်းကောင်းမ လုပ် နိုင်သဖြင့်တိုင်းပြည်မွဲတေလာခဲ့ရသည်။
၃။လျှပ်စစ်မီးလုံလောက်စွာမရသဖြင့်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်သောစက်ရုံများမလည်ပတ်နိုင်ခြင်းသည်တချက်။
တိုင်းပြည်တိုးတက်ဖွံဖြိုးရန်မှာစက်မှုလက်မှုတိုးတက်ဖွံဖြိုးဖို့လိုအပ်သည်။ စက်မှုလက်မှုတိုးတက်ဖွံဖြိုး ရန်အတွက်လျှပ်စစ်ဓါတ်လုံလောက်စွာရဖို့လိုသည်။ လျှပ်စစ်မီးလုံလောက်အောင်မရရှိသောနိုင်ငံသည်ဘယ် တော့မှတိုးတက်ဖွံဖြိုးမှုရနိုင်မည်မဟုတ်ချေ။ စစ်အစိုးရ မှလျှပ်စစ်ထုတ်လုပ်မှုကိုပြည်တွင်းသုံးစွဲမှုထက်ပြည်ပ သို့ရောင်းချ၍မိမိအိတ်ထဲနိုင်ငံခြားငွေထည့်ရန်သာစိတ်ဝင်စားခဲ့ကြသည့်အတွက်ပြည်တွင်းစက်မှုလက်မှုလုပ် ငန်းများဖွံ့ဖြိုးမှုမရှိဘဲရရစားစား အသေးစားလုပ်ငန်းရှင်လေးများဘဝမှမတက်နိုင်ဘဲရှိသဖြင့်ပြည်တွင်းလိုအပ် ချက်ကိုပြည်ပမှသာအဓိကတင်သွင်းရသဖြင့်ပြည်တွင်းမှ ကုန်ကြမ်းများဈေးပေါ်ပေါ်ဖြင့်ထွက်သွားပြီးပြည်ပမှ ကုန်ချောများဈေးကြီးဖြင့်ဝင်ရောက်လာပြီးတိုင်းပြည်လိုငွေပြပြီးကြွေးလည်ပင်းခိုက်လာသည်မှာအဆန်းမဟုတ် ချေ။ ထို့ကြောင့်စီးပွါးရေးရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်စုပြောသကဲ့သို့ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိအောင်အလေး ထားသော၊ အလုပ်သမားများရပိုင်ခွင့်ခံစားပိုင်ခွင့်တို့ကိုလေးစားလိုက်နာသော၊ပြည်တွင်းကုန်ချောထုတ်လုပ် သော စက်ရုံအလုပ်ရုံများရင်းနှီးမြှုပ်နှံနိုင်လာလျှင်ပြည်သူတို့အလုပ်အကိုင်များရရှိလာပြီးစီးပွါးရေးချောင်လည် လာကြမည်ဖြစ်သည်။
သို့ရာတွင် တချို့ကဦးသိန်းစိန်အစိုးရသည်အမှန်တကယ်ပြုပြင်ပြောင်းလဲရေးထက်၊ စစ်တပ် လက်ဝါးကြီး အုပ်ထားမှုကို အချိန်ဆွဲနိုင် သမျှဆွဲထားနိုင်ရေးကိုဦးတည်၍အပေါ်ယံပြောင်းလဲမှုတို့ကိုပြုလုပ်နေခြင်း (Superficial Change) ဟုဝေဖန် သုံးသပ်ကြသည်။ ထိုသူတို့ထံတွင်လည်းသံသယဖြစ်လောက် သည့် ထောက်ပြချက်များကရှိနေခဲ့သည်။ လွှတ်တော်အတွင်းကိုယ်စားလှယ်များမိမိတင်ပြဆွေးနွေးလိုသည်ကိုလွှတ်တော်ဥက္ကဌထံတင်ပြ၍ဥက္ကဌကခွင့်ပြုမှသာဆွေးနွေးခွင့်ရှိသည်မှာလွှတ်တော်တွင်းတွင်ပင်အများကသင့်တော်သည်ဆွေးနွေးသင့်သည်၊မဆွေးနွေး သင့်ဆိုသည့်ဆုံးဖြတ်ခွင့် ကို ပေးမထားဘဲလွှတ်တော်ဥက္ကဌတဦးတည်းကသာဦးစွာဆုံးဖြတ်ခွင့်ကိုယူထားသည်ဟု ထောက်ပြခြင်း။ ၈၈ မျိုးဆက်ခေါင်းဆောင်များ၏ ပြည်ပထွက်ခွင့်ပတ်စပို့ကိုထုတ်မပေးဘဲထားခြင်းနှင့်ပြည်ပ ရောက်စစ်အာဏာရှင်ဆန့်ကျင် ရေးအင်အားစုများကိုသမတကပြန်လာကြပါဟုနှစ်ကြိမ်ထုတ်ဖေါ်ပြောကြားခဲ့ သော်လည်းတကယ်တန်းသွားရောက် လည်ပတ်ရန်လျှောက်ထားသူများကိုဗီဇာထုတ်မပေးခြင်းအပြင် သံအမတ်ကြီးထံသို့အစိုးရဆန့်ကျင်ရေး မလုပ်ခဲ့ဘူး ကြောင်း၊ ပြည်တွင်းရောက်လျှင်နိုင်ငံရေးလုပ်နေသူ များကိုတွေ့ဆုံခြင်းအားပေးခြင်းမပြုလုပ်ပါဟု ဝန်ခံလက်မှတ်ရေး ထိုးရမည်ဆိုသည်မှာလက်တွေ့တွင်အပြောနှင့်အလုပ်မညီကြောင်းထောက်ပြကြသည်။
အဓိကထောက်ပြချက်မှာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုလွှတ်မပေးဘဲ တချို့တဝက်ကိုသာလွှတ်ပေး ပြီး၄၀၀နီးပါးကိုဆက်လက်ဖမ်းဆီးထားခြင်းနှင့်မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဟုအစိုးကိုယ်တိုင်ကစစ်အုပ်ချုပ်ရေးကာလအာဏာပိုင်များအသုံးအနှုန်းအတိုင်းပြောကြား၍ နိုင်ငံရေးအကျဉ်းသားများရှိခြင်း ကိုဗြောင်ငြင်းပယ်ခဲ့ခြင်းကြောင့်ဦးသိန်းစိန်အစိုးရကိုယုံကြည်ရန်ခက်စေခဲ့သည်။ ထို့ပြင်သတင်းလွတ်လပ်ခွင့်ကိုလျော့ပေးသည်ဆိုသော်လည်းဆင်ဆာရှိနေသေးသည့်အပြင်ပြည်သူသန်း၆၀အတွက်သတင်းစာ ၄စောင်သာရှိနေပြီးထိုဖြန့်ချီနေသောသတင်းစာများမှာလည်းအစိုးရပိုင်သတင်းစာများဖြစ်သည့် အပြင် ဝါဒဖြန့်သတင်းများ သာ ၁၉၆၃ ခုနှစ်မှစ၍ယနေ့အထိလွှမ်းမိုးနေခဲ့သည်။ ပြည်သူများကိုသတင်းမှန်ဖြန့်ချီသည့်ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်မှုကိုယနေ့အထိမပေးသေးဘဲထားခြင်းကြောင့်လက်ရှိအစိုးရကိုအမှန်တရားကိုဖုံးကွယ်လိုသောစိတ်ရှိနေသည်ဟုမြင်ကြသည်။
သို့ရာတွင်မကြာသေးမှီကပြည်သူပိုင်သတင်းစာများအရည်အသွေးမြှင့်တင်ရန်ဆွေးနွေးပွဲလုပ်သည့်အကြောင်းကိုဖတ်လိုက်ရသည်။ ပါဝင်ဆွေးနွေးကြသူများကနိုင်ငံပိုင်သတင်းစာများ၏အရည်အသွေးသည်ကျဆင်းလျက် ရှိပြီးအစိုးရသတင်းစာများတွင်ပြည်သူစိတ်မဝင်စားသည့်နိုင်ငံအကြီးအကဲများဖဲကြိုးဖြတ်နေပုံ၊ ခရီးလှည့်လည် နေပုံများ ကိုနေ့တဓူဝဖေါ်ပြနေခြင်း ကို ဖြုတ်သင့်ကြောင်း၊ ပြည်သူလူထုစိတ်ဝင်စားမည့်သတင်းများကိုပို၍ထည့် ခြင်းဖြင့်အရည်အသွေးကိုမြှင့်တင်သင့် ကြောင်း။ ထို့ပြင်တချိန်ချိန်တွင်ပေါ်လာမည့်ပုဂ္ဂလိကသတင်းစာများကို ယှဉ်နိုင်ရန်ယခုကထည်းကစဉ်းစားပြုပြင်ရမည့် အကြောင်းဆွေးနွေးချက်သည်၊ မကြာခင်ကာလတွင်သတင်းစာ လွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်ရတော့မည် လောဆိုသည့် အတွေးကိုဝင်ရောက်လာစေသည်။ တဖက်တွင်လည်းပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းတင်းကြပ်မှု ကိုလျော့ပေးမည်ဟုပြောကြားသော်လည်းသ တင်းစာထုတ်ဝေခွင့်ကိုနှာစေးနေခဲ့သည်။
မည်သို့ဆိုစေလက်ရှိအစိုးရမှပုဂ္ဂလိကသတင်းစာထုတ်ဝေမှုကိုချက်ချင်းခွင့်ပြုလုပ် လိမ့်ဦးမည်မဟုတ်ချေ၊ ယနေ့အခြေအနေအတိုင်းပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ကိုပေးလိုက်ပါကအစိုးရပိုင် သတင်းစာ များဖတ်သူမရှိသည့်ကိန်းမုချဆိုက်ပြီးနှစ်မကူးခင်ပြုတ်နိုင်သဖြင့်အစိုးရသတင်းစာများ၏ဝါဒဖြန့်သတင်းစာ ဘဝမှ ခေတ်နှင့်လျှော်ညီသောပုံစံပြောင်းပြီးပုဂ္ဂလိကသတင်းစာများကိုယှဉ်ပြိုင်နိုင်ရန်ကြိုတင်ပြင် ဆင်နေ ကြောင်းထင်ရှားသည်။
လက်ရှိအုပ်ချုပ်သူများထဲမှတချို့သည် တလမ်းသွားအတွေးအခေါ်ဖြင့်ရှင်သန်ကြီးထွားလာသူများဖြစ်ကြသည်၊ အရာရာကိုအာဏာသုံး၍ဆုံးဖြတ်တတ်သောညဉ်ဆိုးသည်အရိုးစွဲနေခဲ့သည်။ ပြည်သူကိုဂရုစိုက်စရာမလိုငါသိတယ်ငါတတ်တယ်၊ ဘယ်သူ့မှတိုင်ပင်စရာမလိုဆိုသည့်အစွဲရှိသည်။ ဥပမာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဇော်မင်း၏မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောပြောကြားမှုသည် ထိုစရိုက်ရှိ သူများ၏အကျင့်စရိုက်ကိုလှစ်ဟပြလိုက်ခြင်းပင်ဖြစ်သည်။ ဘယ်လိုအမျှော်အမြင်နဲ့ဘယ်လိုအတွေး အခေါ်နဲ့ များဝန်ကြီးဖြစ်လာသူလဲဆိုသည်ကတွေးစရာဖြစ်သလိုတိုင်းပြည်အတွက်အထူးရင်လေးစရာဖြစ်သည်။နိုင်ငံပိုင်သတင်းစာကိုအစိုးရပိုင်သတင်းစာအဖြစ်သတ်မှတ်အသုံးပြုနေမှုသည်တလမ်းသွားအတွေးအခေါ်အကျင့်အကြံပင် ဖြစ်သည်။
တသက်လုံး ဒီသတင်းစာတွေ ကို ငါတို့ပါတီအကျိုးအတွက်၊ ငါတို့အာဏာရရေးအတွက်၊ ငါတို့ဝါဒ ဖြန့်ချီရေးအတွက် အသုံးပြုမယ်ဆိုသည့်အတွေးအခေါ်သည်အာဏာရှင်ခေတ်ကအတွေးအခေါ်ဖြစ်သည်၊ ယနေ့အထိအာဏာရှင်ခေတ် ကအမူအကျင့်ကိုမဖြောက်နိုင်ကြ အတိုက်အခံသည်အစိုးရဖြစ် လာနိုင် သည် ဆိုသည့်အတွေးအခေါ်မရှိသည်လား? အတိုက်အခံကိုရှိယုံသာထားပေးပြီးငါတို့ဘဲလက်ပြောင်းလက်လဲနဲ့အာဏာဆက်ယူသွားမည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။
မှန်မှန်ကန်ကန်သုံးသပ်ရလျှင်အစိုးရပိုင်သတင်းစာဆိုသည်မှာဒီမိုကရေစီနိုင်ငံတခုတွင်မရှိသင့်သောအရာတခု ဖြစ်သည်၊ ပုဂ္ဂလိကပိုင်နှင့် နိုင်ငံရေးပါတီပိုင်သတင်းစာများရှိခြင်းသည်အဓိပ္ပါယ်ရှိသည်။ နိုင်ငံရေးပါတီများကမိမိတို့ပါတီမူဝါဒသဘောထားများကိုပြည်သူသို့ချပြဆွေးနွေးခြင်း၊ ပြည်သူလူထု၏ထောက် ခံမှုကိုရယူခြင်းတို့သည်နိုင်ငံရေးပါတီများလုပ်ရမည့်အလုပ်ဖြစ်သည် အစိုးရအလုပ်မဟုတ်။ အစိုးရအလုပ်သည်မိမိမူဝါဒများကိုသတင်းစာဆရာများသို့တင်ပြ၍ထိုသတင်းစာဆရာများကနေပြည်သူသို့တ ဆင့်တင်ပြပေးခြင်းသာဖြစ်သည်၊ ကိုယ်ပိုင်သတင်းစာမလို အဘယ့်ကြောင့်ဆိုသော်အစိုးရဟူသည်ရွေးကောက် ပွဲတွင်အနိုင်ရသည့်ပါတီကဖွဲ့စည်းရခြင်းဖြစ်သဖြင့်ပါတီတခုသည်ရာသက်ပန်အာဏာစွဲကိုင်ထား၍မရနိုင်ချေ၊ရသည်ဆိုလျှင်ထိုနိုင်ငံသည်ဒီမိုကရေစီနိုင်ငံမဟုတ်ချေအာဏာရှင်နိုင်ငံသာဖြစ်ပေမည်။
မြန်မာနိုင်ငံတွင်အစိုးရပိုင်သတင်းစာသည်အနိုင်ရပါတီ၏သတင်းစာဖြစ်နေသည်၊ နိုင်ငံပိုင်သတင်းစာမှ ဘက် လိုက်၍အတိုက်အခံပါတီနှင့်ထိုပါတီခေါင်းဆောင်များကိုဝေဖန်ခြင်းတိုက်ခိုက်ခြင်းတို့ကိုဗြောင်လုပ်လျက်ရှိသည်။ အတိုက်အခံပါတီကအနိုင်ရပါကထိုသတင်းစာသည်အတိုက်အခံပါတီကသုံးစွဲရမည့်သဘောရှိသည်။ သတင်းစာဟူသည်အာဏာရလာသောနိုင်ငံရေးပါတီများကတယောက်တလှည့်မောင်ပိုင်စီးပြီးမိမိတို့အကျိုးအတွက်မူဝါဒဖြန့်ချီရေးလုပ်ခွင့်ပေးသောစံနစ်သည်ဒီမိုကရေစီကျင့်စဉ်နှင့်လုံးဝဖီလာဖြစ်နေပေသည်။ မူလသတင်းစာချုပ်ကိုင်ထားသူများအားလုံးဖယ်ရှားပစ်ရမည့်သဘောရှိသည်။ ထို့ကြောင့်ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံပိုင်သတင်းစာ၎စောင်လုံးကိုပုဂ္ဂလိကပိုင်ပြောင်းလဲရေးနှင့် ပုဂ္ဂလိကပိုင်သတင်းစာထုတ်ဝေမှုကိုခွင့်ပြုမည် ဆိုလျှင်၂၀၁၅ ရွေးကောက်ပွဲသည်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန်အတော်အတန်ကြိမ်းသေပြီဟုပြော လို့ရနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ၂၀၁၀ ကဲ့သို့မဲလိမ်မဲခိုးမှုများနှင့်သာပြည့်နှက်နေပေလိမ့်မည်။ အမှန်တရားကိုထုတ်ပြောနိုင်သော၊ဖွင့်ချနိုင်သောလွတ်လပ်သောသတင်းစာများမထွက်ပေါ်သေးသမျှအမှန်တ ရားများကိုမသမာမှုဖြင့်ပိတ်ပင်တားစီးမှုများကရှိနေမည်သာဖြစ်သည်။တရားဥပဒေစိုးမိုးမှုဆိုသည်ကလည်းစာအုပ်ထည်းတွင်းသာဖတ်ကောင်းသည့်အဆင့်ရှိနေပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ကပါရီမြို့အမေးအဖြေတွင်ဖြေကြားသွားခဲ့ရာတွင် “အတိုက်အခံဆိုတာတချိန်မှာအစိုးရ ဖြစ်နိုင်တယ်ဆိုတာသတိပြုမိဖို့လိုတယ်၊ တသက်လုံးအတိုက်အခံဖြစ်မနေဘူး” ဆိုသည့်စကားသည် အားလုံးသတိ ချပ်သင့်သည့်စကားဖြစ်သည်၊ အထူး သဖြင့်တိုင်းပြည်အာဏာကိုရယူထား သောစစ်တပ် ၊ ကြံဖွံ့ပါတီနှင့်စစ်ဗိုလ်ချုပ်များ အထူးစဉ်းစား ရမည့်အချက် ဖြစ်သည်။ထို့ကြောင့်ကိုယ်ကမဲရှုးံ၍အတိုက်အခံဘဝ ရောက်လျှင်လက်ဝါးကြီးအုပ်ရယူ ထားသောအခွင့်အရေး များကိုမဲအနိုင်ရသောပါတီကယူသွားပေမည်။ ထိုအခါကျမှမတရားပါဘူးဟုပြောလို့ မရ ယ္ခုကထည်းကမျှတ အောင်အမြှော်အမြင်ရှိရှိပြုပြင်ပြောင်းလဲနိုင်ဖို့လိုပေသည်။ ထိုသို့မဟုတ်ဘဲငါတို့ဘဲအမြဲအစိုးရဖြစ်ရမယ်၊အတိုက်အခံဟာအမြဲအတိုက်အခံနေရာကနေမတက်စေရဘူးဆိုသည့်ညဉ်ဆိုးကိုဆက်လက်ထားရှိနေမည်ဆိုလျှင်မြန်မာပြည်သားတို့စစ်ကျွန်၊အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေးကျွန်သဘောက်ဘဝမှတက်နိုင်လိမ့်မည်မဟုတ်ချေ။ ပြည်တွင်းစစ်မီးသည်လည်းဆက်လက်တောက်လောင်နေမည်သာဖြစ်သည်။
တိုင်းရင်းသားများအရေးနှင့်ပတ်သက်၍ပြောရမည်ဆိုလျှင်သမ္မတကြီးမှကချင်ပြည်နယ်တွင်တိုက်နေမှုကိုရပ် ဆိုင်းရန်အမိန့်ပေးသော်လည်းပထမတွင်ရှေ့တန်းသို့သတင်းမရောက်သေးလို့ပါဟုဆင်ခြေပေးခဲ့ပြီးသမ္မတအမိန့်ကိုဖီဆန်ပြီးဆက်လက်တိုက်နေသည်မှာတနှစ်ကျော်လာသည့်ယနေ့အထိပင်ဖြစ်သည်၊ ထို့ကြောင့်အမှန်တ ကယ်အာဏာသည်အခြေခံဥပဒေအရသမ္မတတွင်တကယ်ရှိမှရှိရဲ့လားရုပ်သေးသမ္မတ သို့မဟုတ်စစ်တပ်ကို မလွန်ဆန်နိုင်သောအကန့်အသတ်သာလုပ်ပိုင်ခွင့်ရှိသောသမ္မတလားဟုထင်စရာဖြစ်လာခဲ့ပေသည်။
နောက်တချက်ကလည်းပြည်တွင်းငြိမ်းချမ်းရေးကိုဦးအောင်မင်းနှင့်အပြီုင်လုပ်နေသောဦးအောင်သောင်းသည်တင်းမာသူတဦးဖြစ်သူဟု ကြော်ကြားပါသည်။ သို့ရာတွင်ဦးအောင်သောင်းဆွေးနွေးပွဲတွင်ပါဝင်မလာတော့ဘဲဦးအောင်မင်းတဦးတည်း လုပ်ပိုင်ခွင့်ရလာခဲ့ပါသည်။တခုသတိပြုမိသည်မှာငြိမ်းချမ်းရေးရလာသည့် SSA, နှင့်KNPP တို့နှင့်ယခုရက် အတွင်းတိုက်ပွဲများပြန်လည်ဖြစ်လာသည်မှာဦးအောင်မင်းကြိုးစားမှုကိုစစ်တပ်မှလက်မခံကြောင်းအချက်ပြခြင်းလားဟုထင်စရာရှိသည်။ ထိုအချက်များကြောင့်စစ်တပ်သည်သမ္မတမိန့်ကိုမနာခံဘဲဗိုလ်ချုပ်မင်းအောင်လှိုင်က သူသဘောသူဆောင်နေသည်ဟုမှတ်ချက်ပေးရမလိုအခြေအနေကဖြစ်နေသည်။
နိဂုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်မြေခွေးတွင်းထဲသို့ဝင်ရောက်သွားပြီဖြစ်သည်၊ ဒေါ်စုနှင့်ဒီမိုကရေ စီအင်အားစု များ က စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာစေရန်ရည်သန်၍အ များအကျိုးအတွက် ဒီမိုကရေစီစံချိန် စံညွှန်း နှင့်ညီသောဥပဒေသများကိုလွှတ်တော်သို့တင်သွင်းသည့်အခါမြေခွေး နှင့်ဝံပုလွေများက ဝိုင်းကိုက်ကြမည်လား၊ လက်ခံမည်လားစောင်ကြည့်ရပေမည်၊ သားစားကြူးသောသားရဲတွင်းသို့ဒေါ်စုရဲရင့်စွာဝင်ရောက်သွားပြီ၊စောင့်ကြည့်အားပေးရမည်ကကျွနုပ်တို့တတွေ။
အမိမြန်မာနိုင်ငံတော်ကြီးစစ်ကျွန်ဘဝဆိုးမှအမြန်ဆုံးလွတ်မြောက်၍မြန်မာလူမျိုးများကမ္ဘာတွင်မော်ကြွားနိုင် သောလူမျိုးများဘဝသို့ရောက်ရှိရေးကိုရည်မှန်းလျက်
ထွန်းအောင်ကျော် ( ခေတ္တ အီသီကာ မြို့ ၊ အမေရိကန်နိုင်ငံ)
ဂျူလိုင် ၂ ရက်၊ ၂၀၁၂၊ ညနေ၇နာရီ ၃၈မိနစ်
Wednesday, July 4, 2012
0 ရွေးကောက်ခံရပြီးနောက် ကတိသစ္စာပြုရန် ကျန်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်အချို့  ကတိသစ္စာပြု ထွက်ဆိုကြစဉ်
ဒီကနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်၊ ဒေါ်စန္ဒာမင်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တင်စန်းနိုင် တို့ ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်
photo..getty images
0 ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
Switzerland, Norway, Ireland, Britain နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ခဲ့စဉ်အတွင်းမှာ မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စေတနာရှိတဲ့သူ၊ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိတာ ကို တွေ့ခဲ့ရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြန်ပြီးတော့ ပြောပြခဲ့ပါတယ်။ ကူညီချင်သူတွေအပြင် အောင်မြင်စေချင်တဲ့ ဆန္ဒ ရှိသူ တွေကို လည်း အံ့သြစရာကောင်းလောက်အောင်ကို သူတွေ့ခဲ့ရပါတယ်တဲ့။
“ကျမတို့နိုင်ငံကို သိနေတဲ့ အနောက်ပိုင်းနိုင်ငံတွေနဲ့ ကျမတို့နိုင်ငံဒေသကသာ မဟုတ်ဘဲ တော်တော် ဝေးတဲ့ အရပ်က ရိုးရိုး အလည်ရောက်နေတဲ့ ဧည့်သည် ပြည်သူ ပြည်သားတွေ၊ တခြားနိုင်ငံသူ နိုင်ငံသားတွေက မြန်မာနိုင်ငံပေါ်မှာ စေတနာအများကြီး ထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။”
ခုလို ဥရောပ ခရီးစဉ်က ပြန်လာပြီးတဲ့နောက် ရန်ကုန်မှာ လုပ်စရာအလုပ်တွေ၊ တွေ့စရာလူတွေ ရှိတဲ့ အပြင်၊ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ကိုလည်း သွားဖို့ အချိန်ပေးချင်တာမို့ လွှတ်တော် တက်ဖို့ ခွင့်ယူ ထားရတယ်ဆိုတာကိုလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။
လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေက အဆိုတွေ တင်သွင်းဖို့ ပြင်ဆင် ထားတာ ရှိတယ်လို့ အသိပေးခဲ့ပေမဲ့ ဘယ်ကိစ္စတွေနဲ့ ပတ်သက်လဲဆိုတာကတော့ လွှတ်တော်ကို အရင် တင်ပြ သင့်တယ် ထင်တဲ့အတွက်ကြောင့် ပြောမသွားပါဘူး၊ လွှတ်တော်ကနေ ဥပဒေပြဋ္ဌာန်းချက် တွေ ဆုံးဖြတ် အတည်ပြုတဲ့နေရာမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးတယ်ဆိုတာကိုတော့ ခုလို ပြောကြားပါတယ်။
“ဥပမာဆိုလို့ရှိရင်၊ ဥပဒေပြုတဲ့ .. ပြုနေတဲ့ အချိန်အခါမှဆိုလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါ တယ်၊ ခုဆိုလို့ရှိရင် ဥပဒေပြုပြီးတဲ့အခါကျမှ ဥပဒေကို ထုတ်ပြန်ပြီးတော့မှပဲ အများပြည်သူက လေ့လာပြီးမှ ဒီဥပဒေမှာ ဘာရှိလဲဆိုတာကို သိရတယ်၊ တကယ်ဆို ဥပဒေမပြုခင်ကတည်းက ဒီဟာကို လွှတ်တော်ထဲက ဥပဒေပြုဖို့ ဆွေးနွေးနေတဲ့ အချိန်အခါမှာကတည်းက ပွင့်လင်းမြင်သာမှု လိုပါတယ်။ ဒါမှ ပါဝင်ပတ်သက်မယ့် သူ အားလုံးက ဒီပြဋ္ဌာန်းမယ့် ဥပဒေထဲမှာ ပါတဲ့ အချက် အလက် တွေကို လေ့လာပြီးတော့ လိုရင် လိုသလို ပိုရင် ပိုသလို ပြောဆိုနိုင်တဲ့အခါကျတော့ ဥပဒေ မပြုခင် ကတည်းကကို အကောင်းဆုံး ဖြစ်အောင်လို့ စီစဉ်နိုင်မယ်လို့ ထင်ပါတယ်။ နောက် တခြား ဥပဒေ ပြုချင်တာတို့၊ တခြား မသင့်တော်တဲ့ ဥပဒေတွေကို ဖယ်ရှားတာတို့ ဒါတွေကလည်း လုပ်ရမှာပဲ၊ ဒါပေမဲ့ ဘာပဲလုပ်လုပ် ပွင့်လင်း မြင်သာမှု ရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်လို့ ကျမ ပြောချင်ပါတယ်။”
ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးစဉ်က NLD ပါတီက တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် သင်ြ့မတ်ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးတွေကို လုပ်သွားမယ်လို့ ကတိပြုထားတဲ့ အတိုင်း အခု တက်မယ့် လွှတ်တော်မှာ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့ NLD က ကြိုးစားမှာ မဟုတ်ဘူးဆိုတာကိုတော့
“ကျမတို့ဟာ ဘယ်သူ့ကို ဖယ်ရှားဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ၀င်သွားတာမဟုတ်ဘူး၊ ပူးတွဲဆောင်ရွက်ဖို့၊ ပူးတွဲဆောင်ရွက်မှသာလျှင်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင်မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်နိုင် ဖို့ဆိုတာ တပ်မတော်သားတွေနဲ့ ပူးတွဲဆောင်ရွက်မှ ရမှာပေါ့”
ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးကြ ပြောကြတဲ့ နောက်ကိစ္စ တခု ကတော့ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Myanmar လို့ မသုံးဘဲ Burma လို့ သုံးနှုန်းတာနဲ့ ပါတ်သက်လို့ အစိုးရက သတိပေးတဲ့ကိစ္စပါ၊ ဒါနဲ့ ပါတ်သက်လို့ ပြဋ္ဌာန်းချက်တရပ်အနေနဲ့ မရှိတာကို NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဥပဒေကြောင်းအရ ရှင်းပြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီအရ ကို ခေါ်ချင်သလို ခေါ်နိုင်တယ်ဆိုတာကို တခြားနိုင်ငံတွေနဲ့ ခုလို ဥပမာပေးပါတယ်။
"ဥပမာဆိုလို့ရှိရင် ကျမတို့ အင်္ဂလန်နိုင်ငံလို့ ခေါ်နေတာ၊ တကယ်က သူတို့ရဲ့ တရားဝင်နာမည်က United Kingdom ပေါ့။ ကျမတို့က ဒီလိုပဲ ပြောနေတာပဲ၊ အင်္ဂလန်လို့ပြောတယ်၊ ဗြိတိန်လို့ပြောတယ်၊ ယူကေလို့ အင်မတန်မှ ပြောခဲတယ်။ ဘယ်သူမှလည်း ဒါကို ဘာမှမပြောကြပါ ဘူး။ ကိုယ် သင့်တော် သလို ခေါ် တာပေါ့နော်၊ နောက် ဥပမာ၊ ပြင်သစ်မှဆိုလို့ရှိရင်၊ မြန်မာနိုင်ငံကို သူတို့ ဗြမာနီ လို့ပဲ ပြော တာပဲ၊ ဒါ သူတို့ ပြင်သစ်စကားလေ၊ ကျမတို့က ပြင်သစ်နိုင်ငံကို ပြင်သစ်လို့ ခေါ်တယ်၊ ဘာလို့ လာစပွန့်စ် လို့ မခေါ်လဲ၊ ဒါ ကျမတို့စကားနဲ့ ကျမတို့ ပြင်သစ် လို့ ခေါ်တယ်၊ ပြင်သစ်က လည်း လာပြီးတော့ ငါတို့နိုင်ငံကို လာစပွန့်စ် လို့ပဲ ခေါ်ရမယ်လို့ တခါမှ လာမပြောဘူးနော်.. အဲတော့ ဒီဟာတွေဟာ ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေနဲ့ ဆိုင်တယ်လို့ ကျမထင်တယ်။ နံပါတ် တစ် က နိုင်ငံတနိုင်ငံရဲ့ နာမည်နဲ့ ပတ်သက်လို့ တရားဝင်နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ဆိုပြီးတော့ ပေးလိုက်တဲ့ နာမည်ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာ သုံးဖို့ တရားဝင်နာမည်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ နဲ့ မဆိုင်ဘူးနော်၊ ဒါက သပ်သပ်။ ဒါဟာ ပြည်သူ ပြည်သားတွေ ရဲ့ သဘောထားကိုတော့ လေ့လာပြီးမှ လုပ်သင့်တယ် ဆိုကလည်း ဒါ ဒီမိုကရေစီ အမြင်ပဲ။ ပြည်သူ တွေကို လေးစားတဲ့ အနေနဲ့။ နောက်တခု ကလည်း လွတ်လွတ် လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ကိုယ့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောဆိုပိုင်ခွင့် ဆိုတာဟာ ဒါ ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး၊ အဲဒါဟာလည်း ဒီမိုကရေစီ ရဲ့ သဘောတရား၊ ဒီမိုကရေစီရဲ့ မူဝါဒတွေနဲ့ ဆိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျမအနေနဲ့တော့ ဒီမိုကရေစီ ကို ယုံကြည်လို့ ကျမဘာသာကျမ ကျမ သုံးချင်သလို သုံးလို့ ရတယ်လို့ ကျမ ယူဆတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီကနေ့မှာပဲ အစိုးရက အကျဉ်းသား ၄၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ NLD ရဲ့ စာရင်းထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားပါတယ်
Ref..VOA
0 နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်သာလွတ်မြောက်ပြီး ၄၀၀နီးပါး ကျန်ရှိနေသေး(ရုပ်/သံ)
သန်လျင်မြို့ ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ကိုသန်းဇော်နဲ့ စောဝီလျံ (အင်းစိန်) , AAPPမှ ကိုဘိုကြည်တို့အားမေးမြန်းထားတာကိုနားထောင်ကြည့်ရူနိုင်ပါတယ်...
ဇူလိုင် ၃ ရက် လွတ်မြောက်လာသူများ စာရင်း
ကိုအေးအောင် (ကလေး)
ကောရိယို (မြင်းခြံ) ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်မှု
သန်းဇော်၊ (မြင်းခြံ)
ဒေါက်တာကျော်ကျော် (မြင်းခြံ)
ပြည့်ဖြိုးအောင် (ပြည်)
အောင်အောင်ဦး (ကသာ)
အောင်ကျော်မိုး (မြစ်ကြီးနား)
ဒေါ်ဝင်း (ကော့သောင်)
မ၀ါ (ထားဝယ်)
မဦး (ထားဝယ်)
ကိုဝင်းလွင် (ထားဝယ်)
ဦးမြင့်ကြိုင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၅ နှစ်ကျ။
အောင်မိုးဇော် ခေါ် မိုးသီး (အင်းစိန်) သင်းဖွဲ့ပုဒ်မ၊ ၆ နှစ်ကျ။
အေးအေးနွယ် ခေါ် အဲလီဇဘက် (အင်းစိန်)
စောဖရန်စစ် ခေါ် ကျော်ကျော် (အင်းစိန်)။ ၁၇(၁)၊ ၁၃(၁)၊ ၃ နှစ်ကျ
စောနိုင်ဝင်းခေါ် အလက်ဇန်းဒါး (အင်းစိန်)
မဇာနည်ဦး ခေါ် ဇာဇာ (အင်းစိန်)
စောဝီလျံ (အင်းစိန်) ။ ၅ နှစ်ကျ ၁၇(၁) ၁၃(၁)၊
ဇော်မင်းအောင် (အင်းစိန်) ၁၇(၁) ၁၃(၁) ၂ နှစ်ကျ၊
ကိုအေးသိန်း ခေါ် ရန်နိုင် (အင်းစိန်) ၁၇(၁) ၁၃(၁)
ထွန်းမြတ်သူ ၂၇ နှစ်ကျ၊ ၁၂ နှစ် နေခဲ့။ ၁၇(၁) ၁၃(၁)။ ၂၄(၁)၊ ၄၂၀။ ၄၆၈။
2 “လုံခြုံမှုဆိုတာရှိမှ လွတ်မြောက်တယ်လို့ နားလည်ပါတယ်” ၊ နိုင်ငံရေး အကျဉ်းသား ကိုအေးအောင် နှင့် တွေ့ဆုံခြင်း
ယနေ့နံနက်ပိုင်း(ဇူလိုင် ၃ရက်နေ့) တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ကလေးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုအေးအောင်အား ကလေးမြို့ရှိ တည်းခိုရာ နေအိမ်၌ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကိုအေးအောင်သည် ၁၉၉၈ ခုနှစ်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါသည်။
မေး။ ။ဒီနေ့ ထောင်ကနေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကိုအေးအောင်ရဲ့ စိတ်ခံစားမှုကို ပြောပြပါ ။
ဖြေ။ ။လွတ်မြောက်တယ်ဆိုတာကဗျာ ထောင်ထဲကနေပြီး ပေငါးရာပတ်လည်တော့ ထွက်လာပြီပေါ့။ လွတ်မြောက်မှု ဆိုတာကို နားလည်တာက လုံခြုံမှုဆိုတာရှိမှ လွတ်မြောက်တယ်လို့ နားလည်ပါတယ်။ လုံခြုံမှု ဆိုတာက ဒေါ်အောင်ဆန်းစုကြည်တို့ အားလုံးပြောကြသလို တရားဥပဒေစိုးမိုးမှု အပေါ်မှာ မူတည်တာပါ။ အဲလိုဆိုတော့ တရားဥပဒေက ကျွန်တော့်ကို အကာအကွယ်ပေးပြီလားပေါ့။ ဆိုလိုတာကဗျာ ကျွန်တော် ကြားရတယ်၊ ကျွန်တော့်သူငယ်ချင်းတွေ ပတ်စ်ပို့ မရဘူး။ တချို့တွေ ကျောင်းပြန်တက်ခွင့် မရဘူး ။ တရားဥပဒေက သူတို့ကို အကာအကွယ်ပေးသလား မပေးဘူးလား။ ဥပဒေက အကာအကွယ်ပေးမှ လုံခြုံမယ် ၊ လုံခြုံမှ လွတ်လပ်မယ်လို့ ဒီလိုပဲ နားလည်ပါတယ်။
မေး။ ။ထောင်ကနေ ထွက်လာပြီး ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားသလဲ။
ဖြေ။ ။ လောလောဆယ်တော့ လေ့လာရေး လုပ်ရမှာပေါ့ ။ အရင်တုန်းက ကျွန်တော်တို့ နိုင်ငံရေး လုပ်ခဲ့တယ် ဆိုတာက ၊ ဖြိုဖျက်တဲ့ အပိုင်းပေါ့။ ဖြိုဖျက်တဲ့ အပိုင်းမှာက သတ္တိက အဓိက ၊ ပညာက ဒုတိယ။ အခုဟာက တည်ဆောက်ရေး အပိုင်းဆိုတော့ ပညာက အဓိက ၊ သတ္တိက ဒုတိယဖြစ်သွားမှာပေါ့။ ပညာမရှိဘဲနဲ့လုပ်မယ်ဆိုရင် ဘာမှ အဓိပ္ပါယ် မရှိဘူး။ ဒါ့ကြောင့် လေ့လာရေးတွေ အများကြီး လုပ်ကြရအုန်းမှာဘဲ ။
မေး။ ။ ထောင်မကျခင်က ကျောင်းသားဘ၀ အနေနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတော့ ဘယ်အတန်း အထိ ပညာသင်ကြားခဲ့ပါသလဲ။
ဖြေ။ ။ တတိယနှစ် ရူပဗေဒ အဓိက နဲ့ အဝေးသင်ကျောင်းသား တစ်ဦးပါ။
မေး။ ။ လေ့လာရေး လုပ်မယ်ဆိုတော့ နိုင်ငံရေးထဲကို လေ့လာသွားမှာလား ၊ ပညာရေးကိုပဲ သီးသန့် လေ့လာသွားမှာလား။
ဖြေ။ ။ ကျွန်တော် ဆိုလိုတဲ့ လေ့လာရေးက နိုင်ငံရေးပညာ လေ့လာရေးပါ။ ကျောင်းပြန်တက်တယ် မတက်ဖူးဆိုတာက ကျွန်တော့ အသက်မွေးဝမ်းကျောင်း အတွက် ဖြစ်မှာပေါ့။ နိုင်ငံရေးဆက်လုပ်ဖို့ ဆိုရင် နိုင်ငံရေးပညာကို ဆက်လက်လေ့လာဖို့ လိုအပ်မှာပါ။
မေး။ ။ နိုင်ငံရေး ဆက်လုပ်မယ်ဆိုရင် ကိုအေးအောင်အနေနဲ့ ပါတီတစ်ခုခုနဲ့ ချိတ်ဆက်လုပ်မလား။ ကိုယ့်ဘာသာကိုယ် တစ်သီးတစ်သန့်ပဲ လုပ်မလား ၊ ဘယ်လို အဖွဲ့အစည်းနဲ့များ ချိတ်ဆက်လုပ်သွားမလဲ။
ဖြေ။ ။ အဲဒါက စဉ်းစားဖို့ အချိန်ယူရအုန်းမှာပါ။
မေး။ ။ လက်ရှိ နိုင်ငံတော်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေတယ်လို့ ပြောနေပါတယ်။ အပြောင်းအလဲကာလ ကိုသွားနေပါတယ်လို့ နိုင်ငံတကာကလည်း သတ်မှတ်နေတဲ့အချိန် ကာလမှာ အကိုရဲ့ အမြင်လေးကို ပြောပြပါ။
ဖြေ။ ။ အပြောင်းအလဲ ဖြစ်တယ်ဆိုတော့ စာတွေထဲမှာ ဖတ်ရတယ်ပေါ့။ အပြောင်းအလဲဖြစ်ပြီ၊ ဟီလာရီ ကလင်တန်တောင် လာပြီပေါ့။ စသဖြင့်ပေါ့။ ကျွန်တော်က ထောင်ထဲမှာ ရက်စွဲတော့ မမှတ်မိဘူးပေါ့။ ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ဆိုပြီပေါ့။ နောက်နေ့ ဆိုတော့ ဒီမိုကရေစီ နိုင်ငံတော်ပေါ့ ၊ ဒါနဲ့အဲဒီနေ့ မနက်မှာ ထောင်ထဲမှာ ကျွေးတဲ့ တာလဘောကို စောင့်ကြည့်ပါတယ်။ ထောင်ထဲက “တာလဘော” ဆိုတာက ဟင်းသီးဟင်းရွက်ပြုတ် ကျွေးတာပေါ့ ။ အာဏာရှင်စနစ်က တာလဘောနဲ့ ဒီမိုကရေစီစနစ်က“တာလဘော” ဘာကွာမလဲလို့ သိချင်လို့ စောင့်ကြည့်တယ်။ လာကျွေးတဲ့ “တာလဘော” က အတူတူပါပဲ။ အခု ကျွန်တော် ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့အခါ ကြတော့လည်း ကာတွန်းတွေ စသဖြင့် အကုန်လုံးမှာ ဖတ်ရတယ်။ အပေါ်မှာ ပြောင်းနေပြီ အောက်ခြေမှာ မပြောင်းသေးဘူး တဲ့ ၊ များသောအားဖြင့် ဒီလို ပြောကြတယ်။ ကျွန်တော်ကတော့ အပြင်လောကနဲ့ ရင်မဆိုင်ရသေးပါဘူး။ ကျွန်တော် ဖတ်ရသလောက်ကတော့ အပေါ်မှာတော့ ပြောင်းသွားပြီ အောက်ခြေမှာတော့ မပြောင်းသေးဘူးပေါ့။ ဒဲရစ်မစ်ချဲ ကလည်း change in the air လို့ ပြောတယ်လို့ ဖတ်လိုက်ရတယ်။ လေထဲမှာတော့ ပြောင်းနေပြီပေါ့ ။ ကျွန်တော်တို့ ထောင်ထဲမှာ ကျွေးတဲ့ “တာလဘော” ကတော့ မပြောင်းသေးပါဘူး။
မေး။ ။ ကိုအေးအောင်တို့ ထောင်ထဲမှာ ဂျာနယ်တွေ၊သတင်းစာတွေ ဖတ်ရတယ် လို့ သိရတယ်။ ဒီလို ဖတ်ရှု့ခွင့်ရတဲ့ အပေါ်ကနေပြီး သိခွင့် ရတဲ့ အတိုင်းအတာထဲကနေ ပြီး အစိုးရအသစ် အပေါ်မှာ အမြင်ကို ကျွန်တော့ကို ပြောပြပါ။
ဖြေ ။ ။ ကျွန်တော်တို့က ဂျာနယ်တွေကိုပဲ အများဆုံး ဖတ်ခဲ့ရတယ်လေ။ ဂျာနယ်ထဲမှာ ဘာတစ်ခုဖတ်ရလဲ ဆိုတော့ ဒေါ်သန်းမြင့်အောင် ပြောတာ။ ဒေါ်သန်းမြင့်အောင်က ဘာပြောလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်ရင် ကျွန်မတို့ကလည်း အကောင်းမြင်မယ်။ အခု သမ္မတကြီး ဦးသိန်းစိန်က အပြောင်းအလဲကို တကယ် လိုလားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ယုံကြည် တယ်ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရရော ၊ ပုဂ္ဂိုလ်ရေး အရ ကော ကျွန်တော်တို့က ယုံကြည်တယ်၊ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကောင်းမြင်ရင် ကျွန်တော်တို့လည်း အကောင်းမြင်မယ်။ အပေါ်မှာတော့ ပြောင်းလဲမှု ရှိတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာက အဲဒီအပြောင်းအလဲဟာ အောက်ခြေတော့ မရောက်သေးပါဘူး။
မေး။ ။ထောင်ကနေ ထွက်ပြီးတော့ နိုင်ငံရေးထဲကို ပြန်လည် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ နိုင်ငံရေး ကို ပြန်လည် လုပ်ဆောင် သွားတဲ့ အခါ ကြတော့ ဘယ်လိုပုံစံနဲ့ သွားမလဲ။ ဘယ်လို ခံယူချက်မျိုးနဲ့ သွားမလဲ။
ဖြေ။ ။ ကျွန်တော်တို့ လူငယ်ဘ၀ မှာ နိုင်ငံရေးကို နားမလည်ဘဲ နဲ့ ထောင်ကျခဲ့တာပါ။ ဒါပေမယ့် ထောင်ထဲမှာ လေ့လာတယ်၊ တိုင်းပြည်အတွက် နိုင်ငံရေး လုပ်ဖို့ လိုအပ်ပါလား ဆိုတာ သိလာရတယ်။ ကျွန်တော် နိုင်ငံရေးလုပ်ချင်တယ်။ ဒီလိုဆိုတော့ လူကြီးတွေဆီမှာ နိုင်ငံရေးဆည်းပူးတယ်။ စာတွေ ဖတ်တယ်။ ဒါပေမယ့် ကျွန်တော် နားလည်တာက နိုင်ငံရေးထဲမှာ ပါဝင် ဆောင်ရွက်ချင် ပါတယ်လို့ ဖြေပေမယ့် ပါဝင်ဆောင်ရွက်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ နိုင်ငံရေးပညာ လေ့လာချင်တယ် ဆိုတာက ကျွန်တော့် ဦးတည်ချက်ပါ ။ ၉၈-ခုနှစ် ကျွန်တော် ထောင်ကျတဲ့ အချိန်တုန်းက အိုင်တီ နည်းပညာတွေ နဲ့ မထိတွေ့လိုက်ရဘူး။ အိုင်တီနည်းပညာတွေ လေ့လာဖို့ လိုအပ်နေတယ်။ ဒါကတော့ မလွဲမရှောင်သာ ဘာအလုပ် လုပ်လုပ် လေ့လာ ရမယ့်ဟာ တစ်ခုပေါ့။ ဒီနှစ်ခုကို ဇောင်းပေးလုပ်မယ်။ နောက်စားဝတ်နေရေး လုပ်ရမှာပေါ့။ ဒါတွေ အားလုံး အဆင်ပြေခဲ့ရင် ပညာရေး တပိုင်းတစဟာကို ဆက်လက် သင်ကြားဖို့ ဆောင်ရွက်နိုင်ရင် ဆက်လုပ်မယ်။ မလုပ်နိုင်ရင်လည်း မလုပ်ဘူးပေါ့ ။ ဒါပေမယ့် နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ဖို့ အတွက် နိုင်ငံရေးပညာကို လေ့လာဖို့ အတွက်ကတော့ ဦးစားပေး ဆုံးဖြတ်သွားမှာပါ ။ ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ အချိန်ပေး စဉ်းစားရမှာပါ။ လေ့လာရအုန်းမှာပါ။
မေး။ ။ အခု အချိန်မှာ လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက် နေကြပါပြီ။ အဲဒီလို လုပ်နေကြတဲ့ လူငယ်တွေ အပေါ်မှာ နိုင်ငံရေးနဲ့ ပါတ်သက်လို့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ နိုင်ငံရေး ဆိုတာက ပညာတစ်ခုပါပဲ ၊ စိတ်ဓါတ်ရှိရုံနဲ့ တိုင်းပြည်ကောင်းစေချင်တဲ့ စေတနာရှိရုံ နဲ့ စွန့်စား အနစ်နာခံရုံ သတ္တိရှိရုံနဲ့ ၊ လုပ်လို့ မရတဲ့ အရာတစ်ခုပါ ။ ပညာလိုပါတယ်။ အဲတော့ လူငယ်တွေ အနေနဲ့ လေ့လာရမယ်။ လူကြီးတွေဆီက သမိုင်းထဲက အတွေ့အကြုံတွေကို လေ့လာရပါ့မယ်။ လူငယ်တွေအနေနဲ့ လေ့လာဖို့ တိုက်တွန်းလိုပါတယ်။ စာများများ ဖတ်ကြပါ။
မေး။ ။ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ (၁၄)နှစ်နီးပါး ကာလအတွင်းမှာ စစ်အစိုးရ လက်ထဲမှာရှိတဲ့ ထောင်တွင်း အခြေအနေ နဲ့ အစိုးရ အသစ် ပြောင်းလဲလာပြီး ကာလ နောက်ပိုင်းနဲ့ ထောင်တွင်း အခြေအနေ ကွာခြားမှုလေး ကိုပြောပြပါ။
ဖြေ။ ။ ထူးခြားကွာခြားမှုတွေ ရှိပါတယ်။ ဒါပေယ့် အဲဒီ ထူးခြားမှုတွေက ပုဂ္ဂိုလ် အပေါ်မှာပဲ မူတည်နေပါတယ်။ ဆိုလိုတာက ဒီထောင်ပိုင်ကောင်းရင် ကောင်းတယ်။ ဒီဆရာဝန်ကောင်းရင် ကျန်းမာရေး စောင့်ရှောက်မှုတွေ ကောင်းမယ်။ ဒါပေမယ့် ဒီဆရာဝန် မဟုတ်ဘဲ နောက်ဆရာဝန် ဆိုရင် တစ်မျိုးဖြစ်သွား ပြန်ရော။ ဆိုလိုတာက ဥပဒေ စိုးမိုးမှုပေါ့ ၊ ဥပဒေစိုးမိုးမှု မရှိလို့ ပေါ့။ Rule မရှိလို့ ပေါ့ ၊ စနစ်မရှိလို့ပေါ့ ၊ အဲဒါကမမှန်ဘူး။ ဒါပေမယ့် မပြောင်းလဲဘူးလား ဆိုတော့ ပြောင်းလဲပါတယ်။ အဲဒါက ပုဂ္ဂိုလ်ပေါ်မှာပဲ မူတည်နေတယ်။ တပြေးညီ အားလုံးပြောင်းလဲအောင် လုပ်တာ မတွေ့ရဘူး။ ဒီထောင်မှာ ဗွီဒီယိုကြည့်ရတယ် ဟိုထောင်မှာ မကြည့်ရဘူး ၊ ဟိုထောင်မှာ ပန်းချီတွေ ဘာတွေဆွဲပြီး တောင်ပို့တယ်။ ဒီထောင်မှာ စာရေးဖို့တောင် ခက်နေတယ်။ ကျွန်တော်တို့ ထောင်မှာ တော့ ပြောင်းလဲ တိုးတက်မှုတွေ ရှိသင့်သလောက် ရှိနေတယ်။ တခြားထောင်တွေမှာ ကိုယ့်ထက်ပိုပြီး ရနေတဲ့ အခွင့်အရေးတွေ မရတာတွေလဲ ရှိနေပါတယ်။ ညီမျှတဲ့ ဥပဒေ တစ်ခု မရှိဘူးလို့ ထင်ပါတယ် ။ ဒါပေမယ့် အခုပြောနေတာက ဂျေးမင်နယူနယ် ကိစ္စကို ပြောနေတာ။ နေမှု၊ ထိုင်မှု တိုးတက်လား၊ မတိုးတက်ဘူးလား၊ ရပိုင်ခွင့်တွေ အကုန်ရသလား မရသလား၊ ကျွန်တော်တို့ အဓိက ထားသင့်တာက အကျဉ်းထောင်ပေါ်လစီပဲ ၊ အကျဉ်းထောင် လက်စွဲ ဥပဒေထက်ပိုပြီး အဓိကထားသင့်တယ်။ ကျွန်တော်ကတော့ အကျဉ်းထောင်ပေါ်လစီ မရှိဘူးလို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ အခု ကိုလိုနီစရိုက်ကိုဖျောက်၊ အမျိုးသားရေးဖြင့် တည်ဆောက်ဆိုပြီး အရင်တုန်းက ဆိုင်းဘုတ် ကပ်ထားတယ် ၊အခု မကပ်တော့ ပြန်ဘူး၊ ကိုလိုနီစရိုက်ဖျောက်ဖို့ မလိုတော့လို့ ဆိုင်းဘုတ် မရှိတော့တာလား ဖျောက်ပြီးသွားလို့ မရှိတော့လို့ လားတော့ မသိဘူး။ ကိုလိုနီစရိုက်ကို ကျွန်တော်တို့ နားလည်တာက ပထွေးဆိုးပေါ့ ၊ သားက ဟင်းခိုးစားတဲ့ အခါမှာ ဒေါသနဲ့ ရိုက်လိုက်တာ၊ ဟင်းကုန်သွားလို့ ရိုက်လိုက်တာ၊ သူစားစရာမရှိတော့လို့ ရိုက်လိုက်တာ ။ ဒီကောင်ကောင်းလာဖို့ မကောင်းလာဖို့ မရှိဘူး ၊ မိဘကလည်း ဟင်းခိုးစားလို့ ရိုက်တာပဲ ၊ ဒါပေမယ့် လိမ္မာစေချင်လို့ ရိုက်တာ ၊ ရိုက်တာခြင်း မတူဘူး။ ဆိုလိုတာက အခုထောင်ထဲကို လူတွေရောက်လာတယ် ဖမ်းထည့်လိုက်တယ်။ ခိုးမှုနဲ့ရောက်လာတယ်။ သူ့ကို ဘာကြောင့် မခိုးသင့်တယ်ဆိုပြီး ဘာပြုပြင်ရေး မှ မရှိဘူး။ အကျဉ်းထောင် ပေါ်လစီသည် အမျိုးသားရေးဖြင့် တည်ဆောက်ဆိုရင် ၊ ကျွန်တော်တို့ ရဲ့ သားသမီးတွေ ကျွန်တော်တို့ ကိုယ်ချင်းစာရမယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျွန်တော်တို့ အချင်းချင်းတွေ ၊ ကိုလိုနီအစိုးရ မဟုတ်ဘူး ၊ အင်္ဂလိပ်အစိုးရ မဟုတ်ဘူး ၊ ဒီလူတွေဟာ လူ့အဖွဲ့အစည်းကို ပြန်သွားအုန်းမှာ ၊ ပြန်သွားတဲ့ အခါမှာ လူ့အဖွဲ့အစည်းရဲ့ အသုံးဝင်တဲ့သူတွေ ဖြစ်အောင် ကျွန်တော်တို့ အကျဉ်းထောင်က ဘာတွေ လုပ်ပေးလဲ ၊ ဘာမှ လုပ်မပေးဘူး၊ အလုပ်ထွက်ခိုင်းတာပဲ ရှိတယ် ဒါပေမယ့် သက်မွေးဝမ်းကျောင်းသင်တန်း သင်ပေးတာ မဟုတ်ဘူး ၊ ထောင်မှာသူတို့ကို ပြုပြင် ပြောင်းလဲတဲ့ လုပ်ငန်း ဘာမှ မရှိဘူး ၊ ပြောစရာ တစ်ခုတော့ ရှိတယ်။ မနက်နဲ့ ညတန်းပိတ်ခါနီးရင် ၃၈ဖြာ မင်္ဂလာ ဆိုရတယ်။ ဒါကိုလည်း ၃၈ ဖြာမင်္ဂလာကို ဆိုဖို့ အတွက် နှိုးဆော်တဲ့ ၀န်ထမ်းက သူနှိုးဆော်တဲ့ စကားလုံးက “ ကဲ မိုက်မယ်ဟေ့ ၊ မိုက်မယ်ဟေ့” တဲ့ ဗျာ ၊ အဲဒီကျမှ အားလုံးက တစ်ညီတစ်ညွတ်ထဲ “လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ .....” စသဖြင့် ဆိုတာပေါ့ဗျာ။ အကျဉ်းထောင် ပေါ်လစီကို အမျိုးသားရေးဖြင့် တည်ဆောက်ဆိုတဲ့ စကားလုံးကို တကယ် အသက်ဝင် စေချင်ပါတယ်။
http://news-eleven.com/index.php?option=com_content&view=article&id=14385:2012-07-03-10-40-49&catid=42:2009-11-10-07-36-59&Itemid=112
0 "ဆရာထူး ကိုလွှတ်"
ဆရာ ဦးရွှေထူး လွတ်မြောက်ရေး။
အမှုတွဲ(၂၆)ဦး နှင့် အတူအကျဉ်းကျခံခဲ့ရပြီးအမှုတွဲ(၂၅)ဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း တစ်ဦးတည်း ကျန်ရှိနေသော ဆရာဦးရွှေထူး (မန္တလေး) ပြန်လည်လွတ်မြောက်လာရေးအတွက် မိသားစု ဝင်များ၊ အမှုတွဲများ၊လုပ်ဖော်ကိုင်ဖက်များ တွေ့ဆုံဆွေးနွေးတိုင်ပင်သည့် အခမ်းအနားကို ဆရာဦးရွှေထူးဧ။် နေအိမ်တွင် ကျင်းပခဲ့သည်။
ဦးရွှေထူး (ခ) ဦးအောင်ဇေယျ ကိုယ်ရေး အကျဉ်း ။
မြန်မာ့တပ်မတော် တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျ ကျော်ထင် ဗိုလ်မှူးကြီး ဘဖြူ(ငြိမ်း) နိုင်ငံ့ဂုဏ်၇ည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးယောက်အနက်ဒုတိယမြောက်သားဖြစ်သည်။ ၁၉၆၄ ခုနှစ် မန္တလေး တက္ကသိုလ်မှ မဟာဝိဇ္ဖ္ဖာ (မြန်မာစာ)ဘွဲ့ ဖြင့် ကျောင်းပြီးခဲ့သည်။ (၁၉၆၅)ခုနှစ် အသက် (၂၀) အရွယ်တွင်ပညာရေးဝန်ထမ်းဘ၀ဖြင့် အ.ထ.က (၁) ကျောက်မဲမြို့ ၇ှမ်းပြည်နယ်မြောက်ပိုင်းတွင်စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဒေါ်ခင်ဆွေရီနှင့်အိမ်ထောင်ပြုခဲ့သည်။ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အ.ထ.က (၁)မန္တလေးမြို့ မန္တလေးတိုင်းအတွင်း အထက်တန်းပြဆရာအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပညာရေးဝန်ထမ်းဘ၀မှအငြိမ်းစားယူခဲ့သည်။ ၁၉၈၈ ပြည်လုံးကျွတ် အရေးးအခင်းတွင်နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၃တွင်တပ်မတော်ထောက်လှမ်းရေး ၁၆ မှ စွဲချက်တင်ပြီး အထူးတရားရုံးမှပုဒ်မ(၅(ည(၁၇/၁)အရ၃နှစ်ချမှတ်ပြီးတစ်ပေါင်းတည်းအပြစ်ဒဏ်အဖြစ် (၃) နှစ်ကျခံစေရန် ချမှတ်ခဲ့သည်။
အပြစ်ဒဏ်သတ်မှတ်ချက်နှစ်စေ့၍ ပြန်လွတ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မေလထဲတွင်တပ်မတော်ထောက်လှမ်းရေး (၁) မှ ဖမ်းဆီးပြီး ၁၂၄၉က)အရ အနှစ်(၂၀)ဖောက်ခွဲ (၅)အရထောင်ဒဏ် ၁၄နှစ်၊ ပုဒ်မ ၁၇ (၂)အရ ထောင်ဒဏ် (၅)နှစ်၊ ပုဒ်မ ၁၉(စ) အရ ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်သည့်ကာလအစပိုင်းတွင် အိုးဘိုအကျဉ်းထောင်(မန္တလေး) မှာ အကျဉ်းကျခံခဲ့ရသည်။ အကျဉ်းကျခံစဉ် ကာလအတွက်း (၃၀) ရက်မေလ ၂၀၀၀ခုနှစ်တွင် တောင်လေးလုံး အကျဉ်းထောင် (တောင်ကြီး) ရှမ်းပြည်နယ်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။ အကျဉ်းကျခံရစဉ် ကာလမှ ယခုအချိန်ထိ ၁၄ နှစ်နီးပါးတောင်လေးလုံး အကျဉ်းထောင်တွင်ကျခံနေ၇ဆဲဖြစ်သည်။ ၁၉၉၈ ခုနှစ် မေလ (၂၉) ရက်တွင်
ဦးရွှေထူး (ခ) ဦးအောင်ဇေယျ အပါအ၀င် ၁၉၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖန်တီးရန်နှိုးဆော်ရန် ကြံရွယ်သည်ဟု စွပ်စွဲပြီး တပ်မတော်ထောက်လှမ်းရေး (၁) မှဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် အောက်ပါပုဒ်မများဖြင့် စွဲချက်တင်ခဲ့သည်။
ယင်းပုဒ်မများအနက်
၁။ ပုဒ်မ ၁၂၄(က) အရ ခုနှစ်ဦးအား အနှစ်(၂၀) ချမှတ်ခဲ့ရာတွင်ခြောက်ဦးပြန်လည် လွတ်မြောက်လာ ပြီး ဦးရွှေထူးတစ်ယောက်သာ ကျန်ရစ်ရျွ် အပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည်။
၂။ ပုဒ်မ ဖောက်ခွဲ (၅) အရ ဦးရွှေထူးနှင့် အခြားတစ်ဦးအားထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ရာ ကျန်တစ်ဦးမှာ ပြန်လည် လွတ်မြောက်လာပြီးဦးရွှေထူးသည် ကျန်ရစ်ခဲ့ပါသည်။ ဤဖြစ်စဉ်တွင် ဖောက်ခွဲရေးပစ္စည်း
တစ်စုံတစ်ရာသော်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးမှုသော်လည်းကောင်းတင်ပြနိုင်ခြင်းမရှိပါ။
၃။ ၁၉ (စ) အရ ဦးရွှေထူးတစ်ဦးအား ထောင်ဒဏ် (၃)နှစ်ချမှတ်ခဲ့သည်။ ဤဖြစ်စဉ်တွင် ၄င်းလေသေနတ် နံပါတ် (၁) မှာ ဦးရွှေထူးကျောင်းသားဘ၀ (ခြောက်တန်း၊ ၁၉၅၉) တွင် ဘခင်ဖြစ်သူ ဗိုလ်မှူးကြီးဘဖြူ (ထိုအချိန်တွင် ဗမာ့တပ်မတောင် တပ်မဟာမှူး ၁၃ဦး အနက်မှ တပ်မဟာ၁၃ဧ။်တပ်မင်းကြီး) က သားဖြစ်သူဧ။် ပညာရေးထူးချွန်မှုကို လက်ဆောင်ပေးခဲ့ခြင်းသာဖြစ်သည်။
ထိုခေတ်က ကျွ်လေသေနတ် နံပါတ်(၁) (air Diana) အမျိုးအစားမှာ ဥပဒေအရလိုင်စင်ပြုလုပ်ရန်မလိုပါ။ ဖမ်းဆီးစဉ်ကာလကလဲ ၄င်းလေသေနတ်မှာ အသုံးပြုရျွ်လုံးဝမရဘဲ ကျိုးပဲ့ ပျက်ဆီးနေပြီ ဖြစ်ပါသည်။ ဖခင်ဧ။်အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဦးရွှေထူးက သိမ်းဆည်းထားခြင်းသာဖြစ်ပါသည်။
၎။ ပုဒ်မ ၁၇(၂)အရ ဦးရွှေထူးနှင့်ကိုမောင်မောင်တို့အား ပြစ်ဒဏ်ငါးနှစ်ချမှတ်ခဲ့ရာကိုမောင်မောင်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက လွတ်မြောက်လာသော်လည်း ဦးရွှေထူးမှာ ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်ပါသည်။ အထက်ပါဖြစ်စဉ်တွင် ပုဒ်မ ၁၂၄ (က)အ၇ (၇)ဦး၊ ပုဒ်မ၅ (ည) အရ (၁၇)ဦး၊ ပုဒ်မ ၁၇(၂) အရ တစ်ဦး စုစုပေါင်း ၂၆ဦးအနက် ၂၅ဦးမှာလုံးဝလွတ်မြောက်လာသော်လည်း ဦးရွှေထူးတစ်ဦးထဲသာ ကျန်ရစ်နေခဲ့ခြင်းဖြစ်ပါသည်။
ဦးရွှေထူးအားစွဲဆိုထားသော ဖောက်ခွဲ (၅)၊ ပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၁၉(စ)တို့သည်လည်း အမှန်အားဖြင့် ပြစ်မှုမမြောက်ဘဲ သံသယဖြင့်စွပ်စွဲကာပြစ်ဒဏ်ချမှတ်ထားခြင်းသာ ဖြစ်သည်။။
ဓါတ်ပုံ -တောင်ကြီးထောင်အတွင်းကတဦးတည်းနိုင်ငံရေးအကျဉ်းသားဆရာဦးရွှေထူး။
Aung pan Facebook
0 ဘရန်ရှောင်ကိုလွတ်ပေးပါ။
ဤသတင်းစာသည် ဇွန်၂၂ ရက်နေ့တွင် ထုတ်ပြန်သော သတင်းစာဖြစ်ပြီး ဇွန်လ၂၈ ရက်နေ့တွင် ဦးဘရန်ရှောင်အားမြို့နယ်တရားရုံးမှ ရုံးထုတ်ခဲ့သည်။
ထိုနေ့တရားရုံးတွင် ဦးဘရန်ရှောင်အား ဖြေင့်ချက် ပေးရန်မေးမြန်းစစ်ဆေးရာတွင် မျက်နှာနှင့် ခန္ဓာကိုယ် အစိတ်အပိုင်း များတွင်ဒဏ်ရာအနာတရ များကိုတွေ့ရှိရပြီး တရားသူကြီးက ထိုဖြစ်ရပ်ကို မသင်္ကင်္ာ ကာ ထိုသူ၏ အနွေးထည် အင်ကျီ ကို ချွှတ်ခိုင်းလိုက်စဉ်တွင်ဦးဘရန်ရှောင်ရဲ့ချက်ပေါ် ၌ အသံဖမ်းစက်(recorder)အဖြူ အား တိပ်နှင့်တပ်ဆင်ထားကြောင်းကို တရားသူကြီးက ဒေါသ ဖြစ်ကာ ဤစစ်ဆေးမေးမြန်း
မှုကို ချက်ခြင်း ရပ်ဆိုင်းခဲ့ရကြောင်း ၃၀ ရက်နေ့ BBC သတင်းဌာန မှ ထုတ်ပြန်ကြေငြာခဲ့သည်။
မျက်နှာတွင် မီးစဖြင့်ထိုးထားသည့် ဒဏ်ရာများ၊ ဖူးယောင်နေသည့် မျက်နှာပြင်၊ တိရိစ္ဆာန်သဖွယ်ကြိုးနှင့်ဆွဲ ကာခေါ်လာသည့် ခင်ပွန်းဖြစ်သူ ဘရန်ရှောင်ကို မြင်လိုက်ရ၍ ဇနီးဖြစ်သူ မဇီးညွယ် မေ့လဲသွားသည်။ ဇနီးဖြစ် သူသာမက ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတခုလုံးလည်း ထိတ်လန့် ၀မ်းနည်းခြင်း များနှင့် လွမ်းခြုံသွားသည်။ ဘရန်ရှောင်ဖမ်းခံရပြီး နှစ်ရက်အကြာ ဇွန်လ ၁၉ ရက်တွင် ဒုက္ခသည်စခန်းသို့ ခြိမ်းခြောက်ပြသခဲ့သည်။ ပေါက်ကွဲ ၃ ဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းမှ ဘရန်ရှောင်ကို စရဖ နှင့် အမှတ် ၁ ရဲစခန်းမှ စခန်းမှူးတို့ကလာရောက် ဖမ်းဆီးသွားခဲ့သည်။
ကေအိုင်အေ မှ ဗိုလ်ကြီးအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြခြင်းခံရသူ ၀ိုင်းမော်မြို့နယ် အင်ပွန်ကျေးရွာမှ စစ်ဘေးဒုက္ခသည် ဘရန်ရှောင်သည် နားလေးကာ ဗမာ စကားလည်း လည်ပတ်စွာ နားလည်တတ်ကျွမ်းခြင်းမရှိပါ။ ရွာတွင်နေခဲ့စဉ်ကလည်း ဇနီးဖြစ်သူ ဦးဆောင်မူနှင့် နေခဲ့ပြီး ကလေးအရွယ် သမီးငယ်နှစ်ဦး၏ ဖခင်လည်းဖြစ်သည်။ ၂၀၁၁ ဇူလိုင်လ ကတည်းကပင် ဒုက္ခသည် စခန်း တွင်ရောက်ရှိနေထိုင်လျက်ရှိပြီး နေထိုင်ခဲ့သည့် တနှစ်ပတ်လုံး စခန်းပြင်သို့နာရီနှင့် ချီကြာမြင့်စွာ ထွက်နေ ခြင်းမရှိသူဖြစ်သည်။ ဒုက္ခသည်စခန်းအနီးမှ နေအိမ်ခြံစည်းရိုးကာသည့်အချိန်တွင် နေ့စားတခေါက်သွားရောက် လုပ်ကိုင်သည်မှ လွဲ၍ပြင်ပသို့ထွက်ခွာခြင်းမရှိသူဖြစ်သည်။
“ အဲဒီဘရန်ရှောင်က ကေအိုင်အေ လုံးဝမဟုတ်ပါဘူး။ ပေါက်ကွဲစေတဲ့ ပစ္စည်းဆိုလို့ မီးခြစ်တောင်မရှိပါဘူး။ ဆေးလိပ်တောင်မသောက်ပါဘူး” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Rev. ခလမ်ဆမ်ဆွန်က ပြောသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြစ်ကြီးနားမြို့ပေါ်မှ ဒုက္ခသည်စခန်း ၁၈ ခုအနက်မှ ၁၃ ခုကိုတာဝန်ယူထားသည့် အဖွဲ့ဖြစ်သည်။
ဘရန်ရှောင်ကို စခန်းတွင်းမှ မတရားဝင်ရောက် ဖမ်းဆီးပြီးနောက်ပိုင်းတွင် အစိုးရ အာဏာသက်ရောက်သည့် နယ်မြေများတွင် စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများ အကြားတွင် လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်မူများ အလွန်မြင့်တက်လာခဲ့သည်။ စခန်းတွင်းရှိ စကားဝိုင်းများ တွင် လုံခြုံရေးကိစ္စဆွေးနွေးမူများသည် ထိပ်ဆုံးမှ နေရာယူခဲ့ပြီး စခန်းမှပြန်လည်ထွက်ပြေးရန် ကြံစည်မူများ လည်းပေါ်ပေါက်ခဲ့သည်။ ဘရန်ရှောင်အဖမ်းခံရပြီးနောက် ၃ ရက်အကြာတွင် ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စု စခန်းမှ ပျောက်ဆုံးသွားပြီး မည်သည့်နေရာတွင် ရောက်ရှိနေထိုင်နေသည်ကိုလည်း စုံစမ်းမရ သေးပေ။
စခန်းပြင်ပတွင်လည်း စစ်ပြေးဒုက္ခသည်များကို ကေအိုင်အေဖြစ် အမည်တပ်ကာ ဖမ်းဆီးမူများရှိပြီး မတရား နှိပ်စက်ကာ အတင်းဝန်ခံခိုင်းလေ့ရှိသည်။ ရွေစက် စခန်းမှ ဒုက္ခသည်တဦးသည်လည်း နှိပ်စက်မူများကို မခံနိုင်ပဲ ကေအိုင်အေအဖြစ် ၀န်ခံခဲ့သဖြင့် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကိုခံနေရပြီဖြစ်သည်။ ၂၀၁၂ ဇွန်လ ၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ကေအိုင်အေတပ်သားများအဖြစ်နှင့် ဖမ်းဆီးခံရသူလေးဦးသည် နွားမောင်းရန်အတွက် ဒုက္ခသည်စခန်းမှ ငွေငါးသောင်းနှင့် ဌားရမ်းထားသူများဖြစ်သည်။ ရောင်းချရန်နွားများကို မောင်းနှင်လာစဉ် ဗမာစစ်တပ်နှင့် ထိပ်တိုက်ဆုံခဲပြီး ဗမာစစ်တပ်က ငွေကျပ် သိန်းနှစ်ဆယ် တောင်းခံခဲ့ရာ နွားပိုင်ရှင်က ငွေကျပ် ၁၂ သိန်းပေးကာ လွတ်မြောက်သွားသော်လည်း ဒုက္ခသည်များမှာ ပေးရန် ငွေကြေး မရှိသဖြင့် ကေအိုင်အေတပ်သားများအဖြစ် အမှတ်စဉ်နှင့်တကွ သတင်းစာတွင်ဖော်ပြခြင်း ခံခဲ့ရသည်။ ယင်း ရွာသားလေးဦးသည် ဘရန်ရှောင်နှင့်တရွာတည်းသားဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဘရန်ရှောင်ကို လာရောက် ဖမ်းဆီးခြင်းဖြစ်သည်။
ဖမ်းသွားသည့်နောက် ၄ ရက်အကြာတွင် ကချင်ပြည်နယ်ရှိ သာသနာနယ်မြေ ၁၅ ခုလုံးမှ သာသနာပိုင်ဆရာ ၄၈ ဦးစလုံးလက်မှတ်ဖြင့် ဘရန်ရှောင်သည် ကေအိုင်အေမဟုတ်ကြောင်း၊ လုံးဝအာမခံကြောင်း လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။
ဖမ်းသွားသည့် ၁၇ ရက်မှစပြီးရုံးထုတ်သည့်နေ့ ၂၈ ရက်နေ့ထိ မိသားစု၊ ရှေ့နေများနှင့် လုံးဝ တွေ့ခွင့်မရဘဲ တရားရုံးထုတ်သည့် နေ့တွင် ဖူးယောင်နေသည့်မျက်နှာ၊ တုန်တုန်ရီရီနှင့် ထိတ်လန့်နေသည့် ဘရန်ရှောင်ကို ဖြောင့်ချက်ပေးရန် ရဲသား ၁၀ ဦးခြံရံကာ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ရုံးထုတ်သည့်နေ့ တွင် နှိပ်စက်ရာမှ လက်လွန်သွားသည့် အမာရွတ်များနှင့် တုန်ရီခြောက်ခြားနေသည့်ဘရန်ရှောင် မျက်နှာအမူအယာများကြောင့် တရားသူကြီးက မေးမြန်းခဲ့ရာ ဆိုင်ကယ်မှောက်သည်ဟု ဖြေခဲ့သော်လည်း သွေးပျက်နေသည့် အမူအရာ ကြောင့် အကျီချွတ်စစ်ဆေးခဲ့ရာမှ ခန္ဓာကိုယ်တွင် တိတ်နှင့်တွဲပတ်ထားသည့် အသံဖမ်းစက်ကို တွေ့ခဲ့သဖြင့် ဖြောင့်ချက်ယူသည့် တရားခွင်ကို ရပ်နားခဲ့သည်။
ဖမ်းဆီးစဉ်က ပေါက်ကွဲ ၃ နှင့်ဖမ်းဆီးခဲ့ပြီးရုံးတင်သည့် အချိန်တွင် ၁၇/၁ ဖြစ်ခဲ့သည်။ သတင်းစာတွင် ဖော်ပြစဉ် ကဗိုလ်ကြီးအဖြစ်နှင့် ဖော်ပြခဲ့ပြီး တရားရုံးတွင်တော့ တပ်ကြပ်အဖြစ်လျော့ကျသွားခဲ့သည်။
ဘရန်ရှောင်၏ ထိတ်လန့်ဖွယ်အဖြစ်များသည် လွန်ခဲ့သည့်ကာလများတွင် ဖြစ်ရိုးဖြစ်စဉ်တခုကဲ့သို့ဖြစ်နေခဲ့ ပြီး နိုင်ငံရေးအသိအမြင်ပိုမိုတိုးတက်လာသည့် သူများကြောင့် ပြင်ပသို့သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အာဏာ ရအစိုးရ နေရာသို့ ထွက်ပြေးလာသည့် ကချင်လူမျိုးများအတွက် ဘရန်ရှောင်အဖြစ်သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး နောင်တွင် စခန်းတာဝန်ရှိသူများသို့ ငါတို့ကိုနယ်စပ်မပို့လို့ ဒီလိုဖြစ်ရတယ် ဟူသောအပြစ်တင်မူများ အကြီးအကျယ်ပေါ်ပေါက်လာနိုင်သည့်အပြင် ဒုက္ခသည်များအတွက် ညအခါ အိပ်ပျက်စေသည့် အရေးအရာ ဖြစ်သည်။ လက်ရှိ အစိုးရလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆောင်ရွက်မူများ အတွက် အမဲစက်ဖြစ်သည်။ အယုံအကြည်မဲ့စေသည့် ညဏ်မရှိသည့် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်။ စစ်ဘေး၊ ရေကြီး၊ ပညာရေးလူမူရေး အသီးသီးနိမ့်ကျရသည့်ထဲတွင် ရန်သူမျိုးငါးပါးမှ တပါးအပါဝင် အုပ်ချုပ်မင်းလုပ်သူ၏ နှိပ်စက်ခြင်းကိုလည်းခံရသူ ကချင်များအတွက် ဘရန်ရှောင်အရေးသည် မပဋာအောက်မလျော့သည့် သောကကိုဖြစ်စေသည်။ လက်ရှိအချိန်တွင် ဘရန်ရှောင်အရေးသည် ဗမာအစိုးရ အာဏာသက်ရောက်နေသည့် ကချင်ပြည်နယ်နေရာတိုင်းမှ ဒုက္ခသည်များစောင့်ကြည့်နေသည့် အရေးဖြစ်နေသည်။ ဘရန်ရှောင် နှိပ်စက်ခြင်းမှ လွတ်မြောက်ရေးသည် ဒုက္ခသည်အားလုံးနှင့်ဆိုင်သည်။ ဘရန်ရှောင် မိမိနေရပ် သို့ အကောင်းအတိုင်းပြန်ရောက်လာရေးသည်လည်း ဒုက္ခသည်များ အားလုံးအရေးဖြစ်သည်။ ဘရန်ရှောင်ကို နှိပ်စက်ရန်လုပ်ခြင်းသည် ဒုက္ခသည်တရပ်လုံးကို နှိပ်စက်ရန်လုပ်ခြိမ်းခြောက်ခြင်းဖြစ်သည်။ စစ်ဘေးဒုက္ခသည်ဟုပင် အမည်တပ်ခံရခြင်းမရှိသည့် လုံခြုံရေးကြောင့် တိမ်းရှောင်လာကြသူများဟု ဆိုသည်အထိ စကားလုံးဖြင့် နှိပ်စက်ခြင်းခံရသူများကို စိတ်အားငယ်စေခြင်း၊ ခြိမ်းခြောက်အင်အားပြခြင်းမျိုးသည် နိုဘယ်ဆုမှန်းသည့် သမ္မတလက်ထက်တွင် မဖြစ်သင့်သည့် အရေးအရာ များဖြစ်သည်။
လက်ရှိအချိန်ထိ မရေရာသေးသည့် ဘရန်ရှောင်အနာဂတ်အတွက် ဘ၀တူဒုက္ခသည်များနှင့် မြစ်ကြီးနား မြို့ပေါ်နေပြည်သူများက ဘရန်ရှောင်ပြန်လည်လွတ်မြောက်လာရေး၊ ဒုက္ခသည်များလုံခြုံရေးနှင့် ပတ်သက် ပြီးစုပေါင်း အင်အားပြကြတော့မည်ဖြစ်သည်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် အချက် ၅ ချက်တွင် ပထမဆုံး အချက်နေနှင့် ဘရန်ရှောင်ကိုလွတ်ပေးရန်အတွက် တောင်းဆိုသွားမည့် ဆန္ဓထုတ်ဖော်ပွဲကို ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သွားရန်အတွက် ဥပဒေနှင့်အညီ ၂၉ ရက်နေ့တွင်စာတင်ထားသည်။ အစိုးရ အစဉ်အဆက် ရွံ့ကြောက်ခဲ့သည့် လူထုအင်အားစုရုံးပွဲကြီး မဖြစ်စေရန်အတွက် အစိုးရဘက်တော် သားများက အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ စစ်ဘေးကြောင့် ဒုက္ခရောက် စိတ်အားငယ်သူများအတွက် လုံခြုံရေး၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များချောမွေ့စေရေး၊ ဂွတ်ဂါးဗားမင့် ကလင်းဂါးဗားမင့် အဖြစ်နာမည်ယူလိုပါက ဘရန်ရှောင်ကိုလွတ်ပေးပါ။ ဘရန်ရှောင်ကို လွတ်ပေးခြင်းသည် ဒုက္ခသည်များ၏ အစိုးရပေါ်ထားသည့် သံသယများကို ဖျောက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ပါသည်။ ဘရန်ရှောင်ကို လွတ်ပေးပါ။
ဘရန်ရှောင် ဟူသောအမည်သည် ကချင်လူမျိုးတို့၏ သားကြီးသြရသ အတော်များများကို မှည့်ခေါ်သည့် အမည်ဖြစ်သည်။ ဘရန်ရှောင်အမည်နှင့် ကချင်လူမျိုးသားဦးများကို ကချင်ပြည်နယ်တနံတလျားတွင်သာမက ကချင်လူမျိုးများရှိရာ အရပ်တိုင်းတွင် အမြောက်အများရှိသည်ကိုတွေ့ရမည်ဖြစ်သည်။
မျက်နှာတွင် မီးစဖြင့်ထိုးထားသည့် ဒဏ်ရာများ၊ ဖူးယောင်နေသည့် မျက်နှာပြင်၊ တိရိစ္ဆာန်သဖွယ်ကြိုးနှင့်ဆွဲ ကာခေါ်လာသည့် ခင်ပွန်းဖြစ်သူ ဘရန်ရှောင်ကို မြင်လိုက်ရ၍ ဇနီးဖြစ်သူ မဇီးညွယ် မေ့လဲသွားသည်။ ဇနီးဖြစ် သူသာမက ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတခုလုံးလည်း ထိတ်လန့် ၀မ်းနည်းခြင်း များနှင့် လွမ်းခြုံသွားသည်။ ဘရန်ရှောင်ဖမ်းခံရပြီး နှစ်ရက်အကြာ ဇွန်လ ၁၉ ရက်တွင် ဒုက္ခသည်စခန်းသို့ ခြိမ်းခြောက်ပြသခဲ့သည်။ ပေါက်ကွဲ ၃ ဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းမှ ဘရန်ရှောင်ကို စရဖ နှင့် အမှတ် ၁ ရဲစခန်းမှ စခန်းမှူးတို့ကလာရောက် ဖမ်းဆီးသွားခဲ့သည်။
ကေအိုင်အေ မှ ဗိုလ်ကြီးအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြခြင်းခံရသူ ၀ိုင်းမော်မြို့နယ် အင်ပွန်ကျေးရွာမှ စစ်ဘေးဒုက္ခသည် ဘရန်ရှောင်သည် နားလေးကာ ဗမာ စကားလည်း လည်ပတ်စွာ နားလည်တတ်ကျွမ်းခြင်းမရှိပါ။ ရွာတွင်နေခဲ့စဉ်ကလည်း ဇနီးဖြစ်သူ ဦးဆောင်မူနှင့် နေခဲ့ပြီး ကလေးအရွယ် သမီးငယ်နှစ်ဦး၏ ဖခင်လည်းဖြစ်သည်။ ၂၀၁၁ ဇူလိုင်လ ကတည်းကပင် ဒုက္ခသည် စခန်း တွင်ရောက်ရှိနေထိုင်လျက်ရှိပြီး နေထိုင်ခဲ့သည့် တနှစ်ပတ်လုံး စခန်းပြင်သို့နာရီနှင့် ချီကြာမြင့်စွာ ထွက်နေ ခြင်းမရှိသူဖြစ်သည်။ ဒုက္ခသည်စခန်းအနီးမှ နေအိမ်ခြံစည်းရိုးကာသည့်အချိန်တွင် နေ့စားတခေါက်သွားရောက် လုပ်ကိုင်သည်မှ လွဲ၍ပြင်ပသို့ထွက်ခွာခြင်းမရှိသူဖြစ်သည်။
“ အဲဒီဘရန်ရှောင်က ကေအိုင်အေ လုံးဝမဟုတ်ပါဘူး။ ပေါက်ကွဲစေတဲ့ ပစ္စည်းဆိုလို့ မီးခြစ်တောင်မရှိပါဘူး။ ဆေးလိပ်တောင်မသောက်ပါဘူး” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Rev. ခလမ်ဆမ်ဆွန်က ပြောသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြစ်ကြီးနားမြို့ပေါ်မှ ဒုက္ခသည်စခန်း ၁၈ ခုအနက်မှ ၁၃ ခုကိုတာဝန်ယူထားသည့် အဖွဲ့ဖြစ်သည်။
ဘရန်ရှောင်ကို စခန်းတွင်းမှ မတရားဝင်ရောက် ဖမ်းဆီးပြီးနောက်ပိုင်းတွင် အစိုးရ အာဏာသက်ရောက်သည့် နယ်မြေများတွင် စစ်ပြေးဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများ အကြားတွင် လုံခြုံရေးနှင့်ပတ်သက်သည့် စိုးရိမ်မူများ အလွန်မြင့်တက်လာခဲ့သည်။ စခန်းတွင်းရှိ စကားဝိုင်းများ တွင် လုံခြုံရေးကိစ္စဆွေးနွေးမူများသည် ထိပ်ဆုံးမှ နေရာယူခဲ့ပြီး စခန်းမှပြန်လည်ထွက်ပြေးရန် ကြံစည်မူများ လည်းပေါ်ပေါက်ခဲ့သည်။ ဘရန်ရှောင်အဖမ်းခံရပြီးနောက် ၃ ရက်အကြာတွင် ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စု စခန်းမှ ပျောက်ဆုံးသွားပြီး မည်သည့်နေရာတွင် ရောက်ရှိနေထိုင်နေသည်ကိုလည်း စုံစမ်းမရ သေးပေ။
စခန်းပြင်ပတွင်လည်း စစ်ပြေးဒုက္ခသည်များကို ကေအိုင်အေဖြစ် အမည်တပ်ကာ ဖမ်းဆီးမူများရှိပြီး မတရား နှိပ်စက်ကာ အတင်းဝန်ခံခိုင်းလေ့ရှိသည်။ ရွေစက် စခန်းမှ ဒုက္ခသည်တဦးသည်လည်း နှိပ်စက်မူများကို မခံနိုင်ပဲ ကေအိုင်အေအဖြစ် ၀န်ခံခဲ့သဖြင့် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကိုခံနေရပြီဖြစ်သည်။ ၂၀၁၂ ဇွန်လ ၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ကေအိုင်အေတပ်သားများအဖြစ်နှင့် ဖမ်းဆီးခံရသူလေးဦးသည် နွားမောင်းရန်အတွက် ဒုက္ခသည်စခန်းမှ ငွေငါးသောင်းနှင့် ဌားရမ်းထားသူများဖြစ်သည်။ ရောင်းချရန်နွားများကို မောင်းနှင်လာစဉ် ဗမာစစ်တပ်နှင့် ထိပ်တိုက်ဆုံခဲပြီး ဗမာစစ်တပ်က ငွေကျပ် သိန်းနှစ်ဆယ် တောင်းခံခဲ့ရာ နွားပိုင်ရှင်က ငွေကျပ် ၁၂ သိန်းပေးကာ လွတ်မြောက်သွားသော်လည်း ဒုက္ခသည်များမှာ ပေးရန် ငွေကြေး မရှိသဖြင့် ကေအိုင်အေတပ်သားများအဖြစ် အမှတ်စဉ်နှင့်တကွ သတင်းစာတွင်ဖော်ပြခြင်း ခံခဲ့ရသည်။ ယင်း ရွာသားလေးဦးသည် ဘရန်ရှောင်နှင့်တရွာတည်းသားဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဘရန်ရှောင်ကို လာရောက် ဖမ်းဆီးခြင်းဖြစ်သည်။
ဖမ်းသွားသည့်နောက် ၄ ရက်အကြာတွင် ကချင်ပြည်နယ်ရှိ သာသနာနယ်မြေ ၁၅ ခုလုံးမှ သာသနာပိုင်ဆရာ ၄၈ ဦးစလုံးလက်မှတ်ဖြင့် ဘရန်ရှောင်သည် ကေအိုင်အေမဟုတ်ကြောင်း၊ လုံးဝအာမခံကြောင်း လက်မှတ်ရေးထိုးပေးပို့ခဲ့သည်။
ဖမ်းသွားသည့် ၁၇ ရက်မှစပြီးရုံးထုတ်သည့်နေ့ ၂၈ ရက်နေ့ထိ မိသားစု၊ ရှေ့နေများနှင့် လုံးဝ တွေ့ခွင့်မရဘဲ တရားရုံးထုတ်သည့် နေ့တွင် ဖူးယောင်နေသည့်မျက်နှာ၊ တုန်တုန်ရီရီနှင့် ထိတ်လန့်နေသည့် ဘရန်ရှောင်ကို ဖြောင့်ချက်ပေးရန် ရဲသား ၁၀ ဦးခြံရံကာ မြစ်ကြီးနားမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ရုံးထုတ်သည့်နေ့ တွင် နှိပ်စက်ရာမှ လက်လွန်သွားသည့် အမာရွတ်များနှင့် တုန်ရီခြောက်ခြားနေသည့်ဘရန်ရှောင် မျက်နှာအမူအယာများကြောင့် တရားသူကြီးက မေးမြန်းခဲ့ရာ ဆိုင်ကယ်မှောက်သည်ဟု ဖြေခဲ့သော်လည်း သွေးပျက်နေသည့် အမူအရာ ကြောင့် အကျီချွတ်စစ်ဆေးခဲ့ရာမှ ခန္ဓာကိုယ်တွင် တိတ်နှင့်တွဲပတ်ထားသည့် အသံဖမ်းစက်ကို တွေ့ခဲ့သဖြင့် ဖြောင့်ချက်ယူသည့် တရားခွင်ကို ရပ်နားခဲ့သည်။
ဖမ်းဆီးစဉ်က ပေါက်ကွဲ ၃ နှင့်ဖမ်းဆီးခဲ့ပြီးရုံးတင်သည့် အချိန်တွင် ၁၇/၁ ဖြစ်ခဲ့သည်။ သတင်းစာတွင် ဖော်ပြစဉ် ကဗိုလ်ကြီးအဖြစ်နှင့် ဖော်ပြခဲ့ပြီး တရားရုံးတွင်တော့ တပ်ကြပ်အဖြစ်လျော့ကျသွားခဲ့သည်။
ဘရန်ရှောင်၏ ထိတ်လန့်ဖွယ်အဖြစ်များသည် လွန်ခဲ့သည့်ကာလများတွင် ဖြစ်ရိုးဖြစ်စဉ်တခုကဲ့သို့ဖြစ်နေခဲ့ ပြီး နိုင်ငံရေးအသိအမြင်ပိုမိုတိုးတက်လာသည့် သူများကြောင့် ပြင်ပသို့သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အာဏာ ရအစိုးရ နေရာသို့ ထွက်ပြေးလာသည့် ကချင်လူမျိုးများအတွက် ဘရန်ရှောင်အဖြစ်သည် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး နောင်တွင် စခန်းတာဝန်ရှိသူများသို့ ငါတို့ကိုနယ်စပ်မပို့လို့ ဒီလိုဖြစ်ရတယ် ဟူသောအပြစ်တင်မူများ အကြီးအကျယ်ပေါ်ပေါက်လာနိုင်သည့်အပြင် ဒုက္ခသည်များအတွက် ညအခါ အိပ်ပျက်စေသည့် အရေးအရာ ဖြစ်သည်။ လက်ရှိ အစိုးရလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆောင်ရွက်မူများ အတွက် အမဲစက်ဖြစ်သည်။ အယုံအကြည်မဲ့စေသည့် ညဏ်မရှိသည့် သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်သည်။ စစ်ဘေး၊ ရေကြီး၊ ပညာရေးလူမူရေး အသီးသီးနိမ့်ကျရသည့်ထဲတွင် ရန်သူမျိုးငါးပါးမှ တပါးအပါဝင် အုပ်ချုပ်မင်းလုပ်သူ၏ နှိပ်စက်ခြင်းကိုလည်းခံရသူ ကချင်များအတွက် ဘရန်ရှောင်အရေးသည် မပဋာအောက်မလျော့သည့် သောကကိုဖြစ်စေသည်။ လက်ရှိအချိန်တွင် ဘရန်ရှောင်အရေးသည် ဗမာအစိုးရ အာဏာသက်ရောက်နေသည့် ကချင်ပြည်နယ်နေရာတိုင်းမှ ဒုက္ခသည်များစောင့်ကြည့်နေသည့် အရေးဖြစ်နေသည်။ ဘရန်ရှောင် နှိပ်စက်ခြင်းမှ လွတ်မြောက်ရေးသည် ဒုက္ခသည်အားလုံးနှင့်ဆိုင်သည်။ ဘရန်ရှောင် မိမိနေရပ် သို့ အကောင်းအတိုင်းပြန်ရောက်လာရေးသည်လည်း ဒုက္ခသည်များ အားလုံးအရေးဖြစ်သည်။ ဘရန်ရှောင်ကို နှိပ်စက်ရန်လုပ်ခြင်းသည် ဒုက္ခသည်တရပ်လုံးကို နှိပ်စက်ရန်လုပ်ခြိမ်းခြောက်ခြင်းဖြစ်သည်။ စစ်ဘေးဒုက္ခသည်ဟုပင် အမည်တပ်ခံရခြင်းမရှိသည့် လုံခြုံရေးကြောင့် တိမ်းရှောင်လာကြသူများဟု ဆိုသည်အထိ စကားလုံးဖြင့် နှိပ်စက်ခြင်းခံရသူများကို စိတ်အားငယ်စေခြင်း၊ ခြိမ်းခြောက်အင်အားပြခြင်းမျိုးသည် နိုဘယ်ဆုမှန်းသည့် သမ္မတလက်ထက်တွင် မဖြစ်သင့်သည့် အရေးအရာ များဖြစ်သည်။
လက်ရှိအချိန်ထိ မရေရာသေးသည့် ဘရန်ရှောင်အနာဂတ်အတွက် ဘ၀တူဒုက္ခသည်များနှင့် မြစ်ကြီးနား မြို့ပေါ်နေပြည်သူများက ဘရန်ရှောင်ပြန်လည်လွတ်မြောက်လာရေး၊ ဒုက္ခသည်များလုံခြုံရေးနှင့် ပတ်သက် ပြီးစုပေါင်း အင်အားပြကြတော့မည်ဖြစ်သည်။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် အချက် ၅ ချက်တွင် ပထမဆုံး အချက်နေနှင့် ဘရန်ရှောင်ကိုလွတ်ပေးရန်အတွက် တောင်းဆိုသွားမည့် ဆန္ဓထုတ်ဖော်ပွဲကို ဇူလိုင်လ ၆ ရက်နေ့တွင် ပြုလုပ်သွားရန်အတွက် ဥပဒေနှင့်အညီ ၂၉ ရက်နေ့တွင်စာတင်ထားသည်။ အစိုးရ အစဉ်အဆက် ရွံ့ကြောက်ခဲ့သည့် လူထုအင်အားစုရုံးပွဲကြီး မဖြစ်စေရန်အတွက် အစိုးရဘက်တော် သားများက အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ စစ်ဘေးကြောင့် ဒုက္ခရောက် စိတ်အားငယ်သူများအတွက် လုံခြုံရေး၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များချောမွေ့စေရေး၊ ဂွတ်ဂါးဗားမင့် ကလင်းဂါးဗားမင့် အဖြစ်နာမည်ယူလိုပါက ဘရန်ရှောင်ကိုလွတ်ပေးပါ။ ဘရန်ရှောင်ကို လွတ်ပေးခြင်းသည် ဒုက္ခသည်များ၏ အစိုးရပေါ်ထားသည့် သံသယများကို ဖျောက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ပါသည်။ ဘရန်ရှောင်ကို လွတ်ပေးပါ။
ဘရန်ရှောင် ဟူသောအမည်သည် ကချင်လူမျိုးတို့၏ သားကြီးသြရသ အတော်များများကို မှည့်ခေါ်သည့် အမည်ဖြစ်သည်။ ဘရန်ရှောင်အမည်နှင့် ကချင်လူမျိုးသားဦးများကို ကချင်ပြည်နယ်တနံတလျားတွင်သာမက ကချင်လူမျိုးများရှိရာ အရပ်တိုင်းတွင် အမြောက်အများရှိသည်ကိုတွေ့ရမည်ဖြစ်သည်။
Lachid Kachin facebook
Tuesday, July 3, 2012
0 ဒီကနေ့လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက် အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း-စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြာင်း သိရှိရသည်'' ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ပါသည်။
ဇူလိုင်လ ၃ ရက်နေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီး ၎င်းတို့ထဲတွင် ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည်ထောင်မှ ကိုပြည့်ဖြိုးအောင်၊ ကသာထောင်မှ ကိုအောင်အောင်ဦးတို့ ပါဝင်ကြောင်း သိရသည်။
၎င်းတို့တွင် ကိုအေးအောင်သည် ပုဒ်မ် ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူဖြစ်ပြီး ကိုသန်းဇော်မှာ ပုဒ် ၁၂၂(၁) ၊ ၅(ည)၊ ၃၀၂(၁) တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နှစ် ၂၀ ကျခံနေရသူ ဖြစ်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ၉ ဦးလွတ်မြောက်လာပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ဦး ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ၉ ဦးတွင် ၆ ဦးမှာ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြင်းခြံထောင်၌ ထောင်ဒဏ် ၁၉ နှစ်ကျခံနေရသူ ဒေါက်တာကျော်ကျော် ပြန်လည် လွတ်မြောက်လာပြီး မြင်းခြံအကျဉ်းထောင်၌ပင် အကျဉ်းကျခံနေရသော ကယန်းနိုင်ငံရေးသမား ကောရိယိုလည်း လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရပါသည်။ ဒေါက်တာ ကျော်ကျော် ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရရှိထားပြီး ကောရိယို ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရယူနေဆဲ ဖြစ်ပါသည်။
ထို့အပြင် ထားဝယ်ထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၃ ဦးပါဝင်ပြီး မ၀ါ၊ မဦးနှင့် ကိုမင်းလွင်တို့ ဖြစ်ကာ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ်ကျ ခံနေရသူများ ဖြစ်ပါသည်။ ကော့သောင်းထောင်၌ ပုဒ်မ ၁၇/၁၊ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဒေါ်ဝင်လည်း ပြန်လည် လွတ်မြောက် လာသူများ ထဲတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယနေ့နံနက်ပိုင်း၌ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသူများ စာရင်း
၁) စောဝီလျံ( ၁၇/၁၊ ၁၃/၁)
၂) စောဖရန်စစ် (၁၇/၁)
၃) အန်ထော်နီ (၁၇/၁)
၎) ထွန်းမြတ်သူ (၁၇/၁)
၅) ကိုမြင့်ကြိုင် (၁၇/၁၊ ၁၃/၁)
၆) ကိုအေးသိန်း(ခ) ရန်နိုင် (၁၇/၁၊ ၁၃/၁)
၇) ကိုဇော်မင်းအောင် (၁၇/၁)
၈) ကိုစောနိုင်ဝင်း (၁၇/၁)
၉) ကိုမိုးသီး(ခ) အောင်မိုးဇော် (အသင်းအဖွဲ့ ၇၊ ၁၃/၁)
၁၀) မအေးအေးနွယ် (၁၇/၁၊ ၁၃/၁)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူအချို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးခန်းသို့ ရောက်ရှိလာပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ရစဉ်။
မန္တလေး အိုးဘိုထောင်မှ ဦးဝီရိယ (ခ) တိုက်ကြီး(ခ) ခင်ဇော်ဝင်း အသက်(၃၅) နှစ် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ ဦးဝီရီယသည် စစ်ကိုင်းတောင်ရိုး၊ သာသနသိပ္ပံကျောင်းမှ သံဃာတစ်ပါးဖြစ်ပြီး ၂၅-၁၁-၂၀၀၉ ခုနှစ်တွင် ပုံနှိပ်နှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။
လက်ရှိအချိန်အထိ လွတ်မြောက်လာသူ နိုင်ငံသားအကျဉ်းသား ၄၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပါဝင်ကြောင်းကို အတည်ပြုပြီး သတင်းများအရ သိရပါသည်။
Eleven Media Group
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.