Tuesday, July 3, 2012

0 ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့တွင် ထိုင်သပိတ် ဆင်နွဲနေသော မတရားလယ်သိမ်းခံ တောင်သူများဘ၀(ရုပ်/သံ)

Photo..AP


အိုးအိမ်ရုံးရှေ့တွင် ထိုင်သပိတ် ဆင်နွဲနေသော မတရားလယ်သိမ်းခံ တောင်သူများဘ၀ ကို မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ကိုနေမျိုးဇင် သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့ပါသည်။ တာဝန်ရှိသူ ဆိုသည်မှာ မည်သူ့ကို ခေါ်ပါသနည်းဟု မေးခွန်းထုတ်ထားပါသည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့တွင် ယနေ့ည ၁၀ နာရီ ဝန်းကျင်က လှိုင်သာယာ စက်မှုဇုန်မှ လယ်သမားများ ဆန္ဒထုတ်ဖော် နေသည်ကို တွေ့မြင်ရစဉ်(the voice weekly)

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ ပထမ ၀ါဆို လဆန်း ၁၂ ရက်နေ့

(၂၀၁၂ ခုနှစ်၊ ဇွန်လ (၃၀) ရက် )

လှိုင်သာယာမြို့နယ် အပြင်ပဒံအုပ်စု ကျွန်းကြီးကျေးရွာရှိလယ်ဧကပေါင်း(၆၀၀)ကျော်တွင် လယ်လုပ်ကိုင် စိုက်ပျိုးနေသော လယ်သမားများရှိပါသည်။ ထိုလယ်မြေများတွင်လုပ်ကိုင်စိုက်ပျိုးလာသည်မှာလည်း ဓါးမဦးချဖြစ်ပါသည်။ ဓါးမဦးချစိုက်ပျိုးလာသော လယ်သမား(၃၆)ဦး၏လယ်ဧက(၆၀၀)ကျော်ကို ၀ါဝါ၀င်းကုမ္ပဏီမှမည်သည့်အမိန့်စာတစ်စုံတစ်ရာမှမပြဘဲသိမ်းယူထားခဲ့ပါသည်။သိမ်းယူထားခဲ့သည်မှာ(၁၄)နှစ်ခန့်ရှိပြီး အနော်ရထာစက်မှုဇုန်တည် ဆောက်ရန်သိမ်းခဲ့ခြင်းဖြစ်သည်။

စတင်သိမ်းယူခဲ့သည့်အချိန်တွင် စက်မှုဇုန်စီမံကိန်းကို အကောင်ထည်ဖော်ခဲ့ခြင်းမရှိခဲ့၍လယ်သမားများ ထွန်ယက်စိုက်ပျိုးနေခြင်းကိုဟန့်တားခြင်းမရှိခဲ့ပါ။ ကျွန်းကြီးကျေးရွာမှလယ်သမားများကိုယခင် နှစ်များတွင် လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေများထုတ်ချေးခွင့်ကိုရရှိခဲ့ပါသည်။သို့သော် ယခုနှစ် စပါးစိုက်ပျိုးချိန်တွင် ၀ါဝါ၀င်းကုမ္ပဏီမှ အလုပ်သမားအင်အားများစွာဖြင့်လယ်သမားများမျိုးကျဲထားသောစပါးခင်းများ ကိုဖျက်ဆီး၍ အုတ်တံတိုင်းများကာရံနေပါသည်။ အုတ်တံတိုင်းများကာရံနေသောဝါ၀ါဝင်းကုမ္ပဏီကိုလယ်သမားများကတံတိုင်းကာနေ မှုအားဆက်လက်မကာရန် နှင့် သိမ်းထားသောလယ်များကိုပြန်ပေးရန်တောင်းဆိုနေသည်မှာ (၆)ရက်ရှိပြီဖြစ်သည်။ လယ်သမားများ၏တောင်းဆိုမှုကို ကုမ္ပဏီဘက်မှ မည်သည့်လိုက်လျှောပေးမှုများမရှိသည့်အပြင်အုတ်တံတိုင်းကာရံ နေမှုကို နေ့/ည အလုပ်သမားများနှစ်ဆိုင်းခွဲကာ နေရာပိုင်ဆိုင်မှုရရှိဖို့ကိုသာအဓိကထား၍တံတိုင်းကာပြီး သိမ်းပိုက်နေပါသည်။

သိမ်းပိုက် ခံရသော လယ်သမားများမှာလည်း မိမိတို့လယ်မြေများပြန်လည်ရရှိရန်အတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆက်လက်ဟန့်တားသွားမည် ဟုသိရှိရပါသည်။

တာဝန်ရှိသူများအနေဖြင့်လည်းအချိန်မှီဝင်ရောက်ဖြေရှင်းပေးခြင်းအားဖြင့် တရားမျှတသော ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်သည်ဟုဒေသခံများမှ ပြောကြားလျှက်ရှိပါသည်။

မှတ်ချက်။။နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးထံမှ ပေးပို့လာ သော သတင်းများကိုတစ်ဆင့်ပြန်လည်ဖြန့်ဝေလိုက်ပါသည်။

မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုအကျိုးဆောင်ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၃၀.၆.၂၀၁၂)
Interview link
abfsu.fac.japan


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.