Sunday, July 1, 2012

1 "ငှက်ကြီး"လို့ အမည်တွင်တဲ့ အဆိုတော်ထူးအိမ်သင် (၁၉၆၃-၂၀၀၄)ရဲ့ (၄၉)နှစ်မြောက်အမှတ်တရ


♫ ♪ ♫ ♪လူတွေဟာ လောကကြီးမှာ မွေးဖွားအသက်ရှင်ခဲ့
ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်
ကမ္ဘာမြေကို မြတ်နိုးတဲ့ ရင်ခုန်သံ တို့သီချင်းပဲ
တာဝန် ကိုယ်စီ တို့ပခုံးထက် ရှိနေတယ်♫ ♪ ♫ ♪
ခိုလှုံရာ လောကကြီးကို ကျေးဇူး မကန်းပါနဲ့
ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်
ကမ္ဘာမြေရဲ့ မျှော်လင့်ချက် မိခင်တွေ ချစ်ခြင်းနဲ့
ရှင်သန်လည်ပတ်သွားမယ့် တို့ကမ္ဘာရယ်
ချစ်တဲ့ လောကကြီးက အားလုံးရဲ့ မိခင်
ချစ်တဲ့ လောကကြီးအား အားလုံး ကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ ကမ္ဘာ
အမြဲတမ်း လှပ ငြိမ်းချမ်းသွားမှာပါ
လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့ လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း♫ ♪ ♫ ♪
ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး(ပန်းရောင်နှင့်)
ဒီနေ့မြင်လိုက်ရတဲ့ သူ့အပြုံးဟာ ကျွန်တော်တို့ရင်ထဲက ငှက်(ထူးအိမ်သင်)အပြုံးအတိုင်းပါ။
၁၉၆၃ခုနှစ် ဇူလိုင်(၁)ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၀၄ ခုနှစ် သြဂုတ်(၁၄)ရက်နေ့တွင်ကွယ်လွန်ခဲ့သည့် ဂီတအနုပညာရှင် အဆိုတော် ထူးအိမ်သင်အတွက် ရည်စူး၍ သူ၏မွေးနေ့ဖြစ်သော ဇူလိုင်(၁)ရက် နံနက်ပိုင်းတွင် ဂီတငှက် ရွှေရတုအကြို အထိမ်းအမှတ်ပွဲကို စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအမှတ်တရပွဲသို့ ထူးအိမ်သင်ကို ချစ်ခင်လေးစားခဲ့ကြသည့် ဂီတချစ်သူများနှင့် မိတ်ဆွေအပေါင်းအသင်းများ တက်ရောက်ခဲ့ကြပြီး၊ ထူးအိမ်သင် အမှတ်တရစာများရေးသားပေးခဲ့ကြသည်။
ရဲရဲ
Popular myanmar news journal မှ




1 comment:

  1. ကိုငှက်ကြီးရဲ့ သီးချင်းတွေစုထားပါတယ်။ ဒီမှာနားဆင်နိုင်ပါတယ်..

    http://www.myanmaronlinemusic.com/search/label/Htoo%20Eain%20Thin

    http://www.myanmaronlinemusic.com/search/label/Htoo%20Eain%20Thin

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.