Saturday, April 7, 2012

0 Revolution of Spirit(ရုပ်/သံ)


If colours and visuals defined Myanmar's by-elections results, it was chilli red, yellow peacocks and the face of pro-democracy leader Aung San Suu Kyi.

The landmark event on April 1 saw her and her party, the National League for Democracy (NLD), win 43 of the 45 seats at stake.

It heralds the return of the Nobel laureate to politics and marks the first time ever that Myanmar opened its doors to other countries to witness their day at the polls.

Closely watched by the international community, the involvement of Ms Suu Kyi and the relatively open and incident-free nature of the polls give growing credence to the Myanmar government’s claim that they are sincere in their pursuit for reformation.

The golden land was painted red in the regions where The Straits Times team visited with the Singapore election observers. NLD supporters took to the streets in the city of Mandalay late at night, blaring horns and music, celebrating even before the results were announced.

There was a sense of optimism in the air as citizens headed to the polls early in the morning, keenly searching for their names on the voters' lists before casting their votes into translucent white plastic boxes.

Nervous anticipation was apparent on the faces of supporters gathered outside polling centres as they craned their necks to see which basket the votes were filling.

Jubilation rang in the streets when the unofficial results were announced, bringing the citizens of Myanmar a step closer to democracy.

Straits Times photojournalist Neo Xiaobin captures scenes from the historic event.

Photography and Audio by: Neo Xiaobin

Produced by: Ted Chen

Music by: Nay Zaw (Wake up Myanmar)

Release date: Apr 7, 2012

Copyright The Straits Times 2012

0 ဒီချုပ်က အနိုင်ရ ကိုယ်စားလှယ် သုံးဦးအား မဲဆန္ဒရှင်များက ကန့်ကွက်ထားဟု ပြည်ခိုင်ဖြိုးကဆို


photo..AP
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရန်ကုန်တိုင်း ဒေသ ကြီးအတွင်းရှိ မင်္ဂလာတောင်ညွှန့် နှင့်ဒဂုံ ဆိပ်ကမ်းမဲဆန္ဒနယ်မှရွေးကောက် ပွဲအနိုင်ရ ကိုယ်စား လှယ်များကို မဲဆန္ဒရှင် ပြည်သူများက ကန့်ကွက် ခဲ့ကြောင်း ပြည်ခိုင်ဖြိုး ပါတီရန်ကုန် တိုင်းဒေသကြီး ရုံးချုပ်သို့တိုင် စာပို့ထားကြောင်း ပြည်သူ့လွှတ်ကိုယ် စား လှယ်ဦးအောင်သိန်းလင်း ကဆိုသည်။

ကြားဖြတ်ရွေး ကောက်ပွဲနေ့တွင် မဲရုံနှင့်ကိုက် (၅၀ဝ)အတွင်း၌ မဲဆွယ်စည်းရုံး ခြင်းနှင့် မဲရုံထဲ၌ ကိုယ်စားမဲထည့်ခြင်း တို့ကိုပြုလုပ်သည့်အတွက် မဲ ဆန္ဒရှင်ပြည်သူများက အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စား ပြုကိုယ်စား လှယ်လောင်း များအား ဧပြီ(၁)ရက်နေ့က သက်ဆိုင်ရာရပ် /ကျေး ကော်မရှင် အဖွဲ့ခွဲတွင် မဲဆန္ဒရှင်တို့ကကန့်ကွက်လွှာတင်ထားကြကြောင်းသိရသည်။''အဘတို့ပါတီကို တိုင် စာရောက်တယ်။အဲ့ဒီမှာမင်္ဂလာတောင်ညွှန့်ရယ်၊ဒဂုံဆိပ်ကမ်းရယ်၊ ကော့မှူးရယ် မှာဖြစ်တာပါ။ ကိုက် (၅၀ဝ)အတွင်းမဲဆွယ်စည်းရုံးရေး ဆင်းတာရယ်။မဲဆန္ဒရှင်ကိုယ်စား မဲထည့်တ ကိစ္စတွေရယ် ကို သက်သေ အထောက်အထားတွေနဲ့ တကွတိုင်လာတာပါ။အဲ့ဒီရွေး ကောက်ပွဲနေ့ကပဲကန့်ကွက်လွှာတင်ခဲ့တယ် လို့သိရတယ်။

ရပ်/ ကျေး မှာကန့်ကွက်လွှာတင်ထားတယ်။ အဲဒီကန့်ကွက်လွှာတွေ က ပြည်ထောင်စု ကော်မရှင် ကန့်ကွက်တာ ကိုတော့ မဲဆန္ဒရှင် တစ်ဦးစီက မြို့နယ် တစ်နယ်စီမှာ ကန့်ကွက်တာပါ။ ကန့်ကွက် ခဲ့တဲ့ မဲဆန္ဒရှင်တွေကိုတော့ ထုတ်ဖော်ပြော လို့မရပါဘူး။''ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရန်ကုန် တိုင်းဒေသကြီး နိုင်ငံရေးတာ ဝန်ခံ ဦးအောင်သိန်းလင်း ကဆိုသည်။

ကြားဖြတ်ရွေး ကောက်ပွဲနေ့အပါအဝင်ရွေး ကောက်ပွဲကန့်ကွက်ခြင်းနှင့်ပတ် သက်၍ ဧပြီ(၆)ရက်နေ့အထိမည့် သည့် ကန့်ကွက်မှုမျိုးမှ မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ရွေးကောက်ပွဲ ကန့်ကွာ လက်ခံ သည့်ဌာနမှ တာဝန်ရှိသူ က ဆိုသည်။ ''ရွေးကောက်ပွဲနေ့က နေ ဒီနေ့ထိ(၆ရက်နေ့) ဘယ်ကွက်လွှာမှ ကန့်ကွက်လွှာ တင်တာမရှိပါဘူး။ ငွေဆယ်သိန်း ရီဂျစ်စတာ လုပ်ပြီး တင်ရမှာပါ။ ဘယ်သူမှရီဂျစ်စတာ လုပ်တာ မရှိသေး ပါဘူး။ငွေဆယ် သိန်းတင်ပြီး ကန့်ကွက် တာ မျိုးတစ်ဦးမှ မရှိသေးပါဘူး''ဟုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ကန့်ကွက်လွှာ လက် ခံသည့်ဌာနမှ တာဝန်ရှိသူဦးစိုင်း ကျော်သူကဆိုသည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁၅) ပုဒ်မ၆ရနှင့်၆၈(က)အရရွေး ကောက်တင်မြှောက်ခံ ခြင်း နှင့် ပတ်သက် ၍ကန့်ကွက်လိုပါက သက် မှတ်ထားသော အခကြေးငွေပေး သွင်း၍ ရွေးကောက်ပွဲကန့် ကွက် လွှာနှင့် ကန့်ကွက် နိုင်ကြောင်း၊ရွေး ကောက်တင်မြှောက်ခံရသော ကိုယ် စားလှယ်အားယှဉ်ပြိုင်အရွေးခံရ သောကိုယ်စား လှယ်လောင်းများ ကလည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူ များကလည်းကောင်း ပုဒ်မ(၅၃) အရ ကော်မရှင်က ဆုံးဖြတ်ပြီး ကိ စ္စရပ်များမှအပ တင်သွင်း လျှောက် ထားနိုင်ကြောင်း သိရသည်။
yangon media group

3 ဆရာဝန်တစ်ယောက်၊ လူကြီးလူကောင်းတစ်ယောက် ဂုဏ်သိက္ခာမရှိသော ကြံဖွံ့မှ ဒေါက်တာ စိုးမင်း ၏သတင်းစာရှင်းလင်းပွဲ ပြောကြားချက်

ဒီကနေ့ ကျနော် ကြံဖွံပါတီ၏ ရွေးကောက်ပွဲ သတင်းစားရှင်းလင်းပွဲကို ကြည့်ရှု့လိုက်ရပါသည်။ ဒီအထဲမှာမှ ကြွံဖွံပါတီမှ ဒေါက်တာစိုးမင်း ပြောကြားချက်များကို ကျနော် သေချာ နားထောင်မိပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းစဉ်ကိုလျှောက်လှမ်းနေသည်ဟု ပြောနေသည့်အခါဒေါက်တာစိုးမင်း တစ်ယောက်မှာ ဒီမိုကရေစီ ဆိုသော သဘောတရားကို ပြည့်ပြည့်ဝဝ နားမလည်သောလူတစ်ယောက် အဖြစ်တွေ့မြင့်လိုက်ရသည်။ ကျနော်နေထိုင်ရာ နေရာသည် ဒီမိုကရေစီပြည့်ပြည့်ဝဝရှိသော နိုင်ငံဖြစ်သည်။

ကျနော်တို့နိုင်ငံတွင်ရွေးကောက်ပွဲပြီးလို့ အောင်နိုင်သော ပါတီသည် အောင်နိုင်ရေးကိုပြုလုပ်ကြသည်။ ယှဉ်ပြိုင်သော ပါတီကို ကျေးဇူးတင်ကြောင်း သွားရောက်ပြောဆိုတတ်ကြသည်။ အောင်နိုင်ရေးပျော်ရွှင်ပွဲ များပြုလုပ်ကြသည်။ ဒေါက်တာ စိုးမင်းမှာ သုံးသွားသော အသုံးအနှုန်းက မူးသလိုလို ရူးသလိုလို နှင့်ကျေးဇူးတင်ပါတယ်လို့ပြောဆိုသည်ကို ရန်စခြင်းဖြစ်သည်ဟု ပြောဆိုသော လေယူလေသိမ်းမှာ လူကြီးလူကောင်းတစ်ယောက်၏ အင်္ဂါရပ်နှင့် မညီညွတ်ပါ။ ခွပ်ဒေါင်းအလံများဝှေ့ပြကြသည်။

ခွပ်ဒေါင်းအလံများ ဝှေ့ယမ်းပြခြင်း၊ကျေးဇူးတင်ပါတယ်ပြောခြင်းသည် ရန်စခြင်း မဟုတ်ပါ။ မိမိဘက်က နိုင်မည်ဟု ထင်သော အရာ မရသည့်အခါ ပေါက်ကွဲသောလေသံမျိုးဖြင့် အရှုံးကိုလက်မခံနိုင်သော လူ တစ်ယောက်ဖြစ်နေသည့် ပုံစံမျိုးဖြစ်နေသည်။ သတင်းစာရှင်းလင်းပွဲဟုခေါင်းစဉ်တပ်ထားပြီး ရှုံးနိမ့်မှု့ကို လက်မခံရဲ၍ ခံပြင်းဒေါသထွက်နေသော လူများ တစ်ယောက်ရဲ့ ဒေါသ တစ်ယောက်ဖွင့်ပြောပြနေခြင်း ဟု မြင်မိသည်။ ဒေါက်တာ စိုးမင်း သည် မိမိ နိုင်မည်ထင်သောအရာ ရှုံးနိမ့်ခြင်းကို လက်မခံနိုင်သော
လူတစ်ယောက် ပုံစံမျိုး ဖြစ်နေသည်။

အောင်နိုင်သော ပါတီသည် အများပြည်သူပိုင်သော Public Place များတွင် ၂၄ နာရီ တိတိအောင်ပွဲခံနိုင် သည်။ သို့သော်ဆဲဆိုခြင်းများ ကိုတော့ ပြုလုပ်၍ မရပါ။ ကြံဖွံ ရုံးရှေ့တွင် ခွပ်ဒေါင်းအလံများဝှေ့ယမ်းပြခြင်း နှင့်ကျေးဇူးတင်ကြောင်း ပြောဆိုခြင်းသည် အောင်နိုင်ရေး ပါတီ အနေဖြင့် ပြောခွင့်ရှိသည်။ ဒေါက်တာစိုးမင်း၏ ဂုဏ်သိက္ခာကိုကျဆင်းစေသော မမှန်မကန်ရေးသားထားသော စာများ လာရောက်ပေးပို့ ခြင်း လဲ မမည်။ ဒေါက်တာစိုးမင်း ကိုဆဲဆို ခြင်း လည်းမမြောက်သဖြင့် ဒီမိုကရေစီ ရေးအရ မည်သည့် ပြစ်မှု့ကျူးလွန်ခြင်းမှ မဟုတ်။

NLD ပါတီမှ ကြံဖွံများ စည်းရုံးရေးဆင်းသည့် အခါ မည့်သည့် နှောင့်ယှက်မှု့မျိုးမှလဲ မပေးခဲ့။ ခဲနဲ့လဲ မထုခဲ့။ လေးခွ ဖြင့်လဲ ချောင်းမပစ်ခဲ့ပါ။ တကယ်တမ်း ပြစ်မှု့များ ကျူးလွန်ခဲ့သည်မှာ ကြံဖွံ ပါတီမှ ဆိုသည် ကို ဒေါက်တာ စိုးမင်းတစ်ယောက် မသိသည်လား။ အောက်ခြေမှာ No Control ဖြစ်နေသည်မှာ ကြံဖွံပါတီ ဖြစ်နေသည်လား ဆိုတာကိုဒေါက်တာ စိုးမင်းတစ်ယောက် ပညာတတ် ဖြစ်နေသည်လားဆိုတာကို မသိလေရောလား။
ဒီထက်ပိုပြီး ပညာတတ်တစ်ယောက် ဖြစ်ဖို့၊ ဒီမိုကရေစီ ဆိုတာ ဘာလဲ သိဖို့ ဒေါက်တာစိုးမင်းတစ်ယောက်
စာအုပ်များ ထပ်ဖတ်ဖို့ လိုသေးသည်။

Myo Myat Min

မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစိုးမင်းကလည်း ရွေးကောက်ပွဲနေ့က သူ့ရုံးခန်း အရှေ့မှာ လူတစ်စုက NLD အလံတွေဝှေ့ရမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေက NLD ပါတီဝင်တွေ ဟုတ် မဟုတ် ဆိုတာတော့ သူ့အနေနဲ့ အတိအကျမပြောနိုင်ဘူး လို့ဆိုပါတယ်။(RFA)

0 သင်္ကြန် သံချပ် ကိစ္စအပေါ် အစိုးရသူ အချင်းချင်း သဘောကွဲလွဲတာ အန္တရာယ်ကြီးတခု

သင်္ကြန်မှာ သံချပ်မတိုင်ရ”လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပိတ်ပင်လိုက်တာဟာ အကြီးအကျယ် လွဲမှားနေပြီး ရှေ့အနာဂတ် တိုင်းပြည်အရေးတွေအတွက် စိုးရိမ်စရာကောင်းနေတဲ့ ကိစ္စပါ။

ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သီးသန့် ဖော်ပြထားတာ ရှိတဲ့အပြင် အဲဒီက ကင်းလွတ်နေတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားခြင်း မရှိမှသာ သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီးရဲ့ “ဥပဒေ ပြဌာန်းချက်” အရသာ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ အမိန့်၊ ကြေညာစာ၊ လမ်းညွှန်ချက်နဲ့ မလုံလောက်ပါဘူး။

အမျိုးသားလွှတ်တော်က ပြောဆိုပြီး နိုင်ငံပိုင် သတင်းစာတွေမှာ အတိအလင်း ဖော်ပြထားတဲ့ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီးက ကြားဝင်စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ်ချက်အပိုဒ် (၁၈) ဆိုတာ အာဏာသက်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။

ပြည်ထောင်စုလွှတ်တော်တခုအပေါ် ပြည်နယ် (သို့) တိုင်းဒေသကြီးတခုရဲ့ အစိုးရတရပ်က သြဇာညောင်း လွှမ်းမိုးနေတဲ့အဖြစ်ကို လက်ခံလိုက်ရင် အစရှိ အနောင်နောင် ဆိုသလို အနာဂတ်မြန်မာနိုင်ငံရဲ့အရေးဟာ အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာရပါလိမ့်မယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား မလိုက်နာရာ ရောက်သွားဖို့ အစပြုပေးသလို ဖြစ်သွားနိုင်ပါတယ်။

ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလိုက်လို့ မဖြစ်ပါဘူး။ အခြား ပြည်နယ် (သို့) တိုင်းဒေသကြီးတွေကလည်း ကြိုတင် မမှန်းဆနိုင်သေးတဲ့ အခြားကိစ္စတွေမှာ အလားတူ လုပ်ဆောင်လာဖို့ မီးစိမ်းပြသလို ဖြစ်စေပါတယ်။

(၁) အမျိုးသားလွှတ်တော်အနေနဲ့ မိမိပြောဆိုထားပြီးကိစ္စမှာ အခိုင်အမာ ပြတ်ပြတ်သားသား ရပ်တည်စေချင်ပါတယ်။

(၂) လိုအပ်မယ် ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာခုံရုံးကို တင်ပြပြီး ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူစေချင်ပါတယ်။ (သို့) အရေးပေါ် ပြည်ထောင်စုလွှတ်တော် (လွှတ်တော် ၂ ရပ်ပေါင်း) ကို ခေါ်ယူပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးစေချင်ပါတယ်။

လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်
ဆက်စပ်သတင်း - မြန်မာတိုင်း(မ်)သတင်းဂျာနယ်



သံချပ်ပွဲကျင်းပခွင့်မရတာကြောင့် အနုပညာရှင်များ ၀မ်းနည်းနေကြ

မိဘမဲ့ ကလေးများအတွက် မတ်လ ၃၀ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ဒါရိုက်တာ မောင်သီစီစဉ်ပြီး မေတ္တာ၊ ကုသိုလ်၊ ဗေလုဝနဲ့ အရိုင်းတို့ ပါဝင်မယ့် ရန်ပုံငွေ သင်္ကြန်သံချပ်ပွဲကျင်းပမယ်လို့ ကြိုတင် ကြေညာခဲ့ပြီး လက်မှတ်တွေကိုလည်း ရောင်းချခဲ့ပေမယ့် နောက်ဆုံးမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွဲခွင့်ပြုချက် မရရှိတာကြောင့် မကျင်းပ လိုက်ရဘူးလို့ ပွဲကိုဦးစီးကျင်းပတဲ့ Regent Student Charity Committee (RSCC) မှ ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

RSCC ပရဟိတအဖွဲ့အစည်းအနေ နဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေ လုပ်ခဲ့ ဖူးပေ မယ့် အနုပညာဖျော်ဖြေပွဲအဖြစ် သံချပ်ကို ပထမဆုံး စီစဉ် တာဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ် ချက်အပိုဒ် (၁၈) အရ ပွဲကျင်းပခွင့် မပြု ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ရေလည်စွာ နားလည်ခြင်း မရှိဘူးလို့ Regent မှ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။

“ကျွန်တော်တို့ ပွဲပျက်တာ မဟုတ်ပါဘူး။ အတားခံရတာပါ။ ဒီပွဲ မကျင်း ပဖြစ်တဲ့အတွက် မှတ်မိသလောက်ဆိုရင် သိန်း လေးဆယ်ကျော်လောက် ဆုံးရှုံးသွားပါတယ်။ ပြောချင်တာက ကျွန်တော်တို့ ပရဟိတအစီအစဉ် အတွက် အလှူရှင် တွေရှိပါတယ်။ သူတို့လှူထားတဲ့ငွေတွေက အဲဒီဆုံးရှုံး တဲ့ထဲမှာ ပါသွားလို့ ပွဲမလုပ် ဖြစ်လို့ဆိုပြီး ကျွန်တော်တို့ ဒီအတိုင်း မထားပါဘူး။ ပေးဖို့ရှိတာအားလုံးကို Regent ကနေစိုက်ထုတ်ပြီး ပြန်ပေး နေပါတယ်”လို့ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။

ရန်ပုံငွေပွဲမှာ ပါဝင်တင်ဆက်မယ့် အနုပညာရှင် သံချပ်အဖွဲ့သားတွေက လည်း အချိန်နှစ်လလောက် ကြိုးစား ကြိုတင်ပြင်ဆင်ထားပြီး ပွဲကျင်းပ ခွင့်မရ တာကြောင့် ၀မ်းနည်းစိတ်မကောင်းဖြစ် ရတယ်လို့ ဆိုကြပါတယ်။

“ဦးတို့ကားရိုက်အလုပ်တွေကို ပစ်ပြီး အင်တိုက်အားတိုက်လေး လူတွေစုပြီး ပြင်ဆင်ထားတာပေါ့နော်။ ဒီနှစ်သင်္ကြန်မှာ သံချပ်ထိုးတာ ခွင့်ပြုလိုက်ပြီဆိုပြီး သတင်းစာတွေမှာပါ၊ လူတွေကလည်း ပြောကြနဲ့ဆိုတော့ ဦးတို့ကလည်း ထိုးလို့ ရပြီထင်လို့ လုပ်ကြတဲ့ သဘောပေါ့။ နှစ်နှစ်ဆယ်ကျော် ပိတ်ပင်ထားတဲ့ဟာကြီးကို အခုပြန်ခွင့်ပြုမယ်ဆိုလို့ လှုပ်ရှား ကြတာပါ”လို့ ‘ပြီးပါပြီ’ သံချပ်အဖွဲ့ ခေါင်းဆောင် မောင်မောင်မြင့်သိန်း (ခေါ်) ကုသိုလ်က ပြောပါတယ်။

သံချပ်ဆိုတာ ကမ္ဘာမှာ မြန်မာသာသိတဲ့အနုပညာတစ်ခုဖြစ်ပြီး ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ၀န်ထမ်းလာဘ် စားတာ၊ ဘတ်စ်ကားကျပ်တာ၊ ကုန် ဈေးနှုန်းကြီးတဲ့အကြောင်းတွေကို အပြု သဘောနဲ့ ထောက်ပြဟာသပြုခြင်းသာ ဖြစ်ပါတယ်လို့ သံချပ်ရဲ့သဘောကို ရှင်းပြပါတယ်။

“ကျွန်တော်တို့ သံချပ်သမားတွေက နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြည်သူ တွေနဲ့အတူ ရယ်မောပစ်ပြီး ဘ၀အမောတွေကို ဖြေဖျောက်ပစ်တာပါ။ အခုလို ပွဲကျင်းပဖို့ တားဆီးတယ်ဆိုတာလည်း စိုးရိမ်လို့ဖြစ်ပါလိမ့်မယ်။ တကယ်လို့ နားထောင်ပြီးရင်တော့ သဘောကျလိမ့်မယ်ထင်ပါတယ်”လို့လည်း ဦးကုသိုလ် က ပြောပါတယ်။

“ပြင်ဆင်တာတွေ၊ ဆုံးရှုံးတာတွေ ဦးတို့အတွက် မကြည့်ပါဘူး။ ဒီသံချပ်ပွဲကို လာကြည့်မယ့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ ရှိသမျှ ပိုက်ဆံလေး စုပြီးတော့ ကားတွေငှားလာမယ်၊ မနက်ပိုင်း ရွှေတိဂုံဘုရားတက်၊ နေ့လယ် ပန်းခြံ မှာ ထမင်းစားကြ၊ ညနေ ဦးတို့ သံချပ် အဖွဲ့လေးကို တန်တယ်ဆိုပြီး လက်မှတ် ဘယ်လောက်ပေးရပေးရ၊ နှစ်နှစ်ဆယ်ကျော် ဝေးကွာနေလို့ လာအားပေးမယ် ဆိုသူတွေအတွက် စိတ်မကောင်းတာပါ” လို့ ဦးကုသိုလ်က ပြောပြီး သံချပ်စာ သားတွေကိုလည်း မျက်မှောက်ခေတ်နဲ့ ငြိစွန်းသွားမှာ စိုးလို့ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က သံချပ်စာသားတွေပဲ ပြန်တိုက်ထားတဲ့ အကြောင်းကိုလည်း ရှင်းပြပါတယ်။

ရန်ပုံငွေသင်္ကြန်သံချပ်ပွဲကို ဦးစီးခဲ့တဲ့ ဒါရိုက်တာမောင်သီကလည်း ငယ်စဉ် အရွယ်ကတည်းက သင်္ကြန်ရောက်ပြီ ဆိုရင် ဂျစ်ကားနဲ့ ရေပက်ခံထွက်၊ ညဘက်မှာ သင်္ကြန်သံချပ်ကားတွေ လိုက်ကြည့်ဖူး တဲ့အရသာကို သိခဲ့တာကြောင့် မြန်မာ့ ယဉ်ကျေးမှုရဲ့တစ်နှစ် တစ်ကြိမ် သင်္ကြန်ပွဲ မှာ ဖြစ်ပျက်တာတွေကို အပျော်သဘော နဲ့ ပြောကြတာကို ပြန်လည်ဖော်ထုတ် ချင်တာကြောင့် သံချပ်ပွဲဖြစ်ဖို့ စီစဉ်တာ သုံးနှစ်ရှိသွားပြီလို့ ပြောပါတယ်။

“ဒီနှစ်အစောပိုင်းမှာ အမျိုးသား လွှတ်တော်က သံချပ်တွေ ပြန်ခွင့်ပြုပြီလို့ သတင်းစာတွေမှာတွေ့တော့ ၀မ်းသာပြီး ကြိုးစားကြည့် တယ်။ တကယ်တမ်းကျ တော့ မရဘူး။ အဲဒီအတွက် ၀မ်းနည်းပါ တယ်”လို့ သူက ပြောပါတယ်။

သူက ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကြီးထဲမှာ ဒီမိုကရေစီဆိုတာ မြန်မာ့ယဉ်ကျေးမှုထဲမှာ တစ်စိတ်တစ်ပိုင်း ပါရှိနေပေမယ့် လူငယ်တွေကိုတော့ တစ်ခေတ်တစ်ခါတုန်းက သံချပ်ဆိုတာ မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်လို့ပဲ ပြော ရမယ်ထင်တယ်လို့လည်း ဆိုပါတယ်။

“သင်္ကြန်မှာ သရုပ်ပျက်ယဉ်ကျေးမှု တွေဖြစ်တဲ့ မိန်းကလေးတွေ မူးရူးနေတာ တွေ၊ ယောက်ျားလေးတွေ ၀ုန်းဝုန်း ဒိုင်းဒိုင်း အော်ဟစ် နေတာတွေကို ဦးတို့ ငယ်ငယ်တုန်းက ယဉ်ကျေးမှုကို ဘယ်လို ထိန်းခဲ့တယ်၊ သံချပ်အဖွဲ့တွေကလည်း ဘယ်လိုဝေဖန်ခဲ့တယ်။ ထိန်းသိမ်းဖို့ ထောက်ပြခဲ့တယ်ဆိုတာတွေကို ပြချင် တာပါ။ ဒီမိုကရေစီရဲ့အနှစ်သာရဆို တာ မြန်မာနိုင်ငံမှာ အစောကြီးကတည်းက ရှိနေတာပါ။ အခုမှရှိလာမှာ မဟုတ်ပါဘူး ဆိုတာ ပြချင်ပေမယ့် ထုတ်ဖော်ခွင့်မရ လိုက်ဘူး” လို့ ဒါရိုက်တာ မောင်သီက ပြောပါတယ်။

နှစ်နှစ်ဆယ်ကျော် ကွာဝေးနေတဲ့ သင်္ကြန်သံချပ်အတွက် တစ်လကျော် လောက် လေ့ကျင့်ခဲ့ရပေမယ့် ပွဲကျင်းပ ခွင့်မရတဲ့ အကြောင်းကို မတ်လ၂၉ ရက် နေ့မှသိရပြီး အံ့ဩ၀မ်းနည်းနေတယ်လို့ ‘ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်’ သံချပ် အဖွဲ့ခေါင်းဆောင် မောင်မောင်မြင့်အောင် (ခေါ်)ဗေလုဝကပြောပါတယ်။

“ကြေကွဲတယ်ဆိုတဲ့ စကားလုံးထက် ပိုကောင်းတဲ့စကားလုံးရှိရင်၊အဲဒီစကားလုံးကို သုံးချင်ပါတယ်။ အဓိကကတော့ စေတနာပါ။ အသက် ၃၀ အရွယ်ရှိတဲ့ ကလေးတွေဆိုရင် ဦးတို့သံချပ်ထွက်တဲ့ အချိန်မှာ အသက်ခုနစ်နှစ်လောက်ပဲ ရှိဦးမှာဆိုတော့ မခံစား တတ်ခဲ့ပါဘူး။ သူတို့ကို သံချပ်ထိုးပြချင်တဲ့ဆန္ဒက ၇၅ ရာခိုင်နှုန်းလောက် ပါပါတယ်။ တခြား ဘာအကျိုးအမြတ်ကိုမှ မမျှော်လင့်ခဲ့ပါ ဘူး” လို့ ဦးဗေလုဝက ပြောပါတယ်။

“လာအားပေးဖို့ အားခဲထားတဲ့ ပရိသတ်ကိုတော့ တို့တစ်ချိန်ပြန်ဆုံတွေ့ ဦးမှာပါလို့ပဲ ပြောချင်ပါတယ်”လို့လည်း သူက ပြောပါတယ်။

RSCC က ပွဲကျင်းပရေးတာဝန်ခံ ကိုကောင်းမြတ်ထွဋ်က ဧပြီလကုန်ပိုင်းမှာ သံချပ်ဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ငြိမ်းအိအိထွေး
Source : မြန်မာတိုင်း(မ်)သတင်းဂျာနယ်

0 မဲပြားပေါ်မှဖယောင်းသုတ်တဲ့ကိစ္စကော်မရှင်က စတင်စုံစမ်းပြီ


ကော်မရှင်က ဖော်ပြပါ မဲဆန္ဒနယ်တွေမှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့မဲလက်မှတ်တွေကို လိုအပ်ရင် ဖောက်စစ်ပါမယ်တဲ့ ။ ၁၀ ရက်နေ့မှာဝင်ပြိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တိုင်းကို
သက်ဆိုင်ရာမြို့နယ်ကော်မရှင်တွေကိုလာကြဖို့ ဆင့်ခေါ်ထားပါတယ်။

ကိုတိုးတိုး

0 ““အောင်ပွဲခံမှုပုံစံအချို့က ရုန်းရင်းဆန်ခတ်မှုကို ဦးတည်စေဟု ပြည်ခိုင်ဖြိုးအမတ်ကဆို””


ပြည်ခိုင်ဖြိုး၊ ရန်ကုန်တိုင်းတာဝန်ခံ၊ တောင်ဥက္ကလာပပြည်သူ့လွှတ်တော်အမတ်ကြီး ဦးအောင်သိန်းလင်းနှင့် သတင်းထောက်တစ်ဦး၏ ချိုချဉ်ပြုံးအကြည့်။(photp-အဘ ဥက္ကာကိုကို)


ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ သတင်းစာ ရှင်းလင်းပွဲ(ရုပ်/သံ)

ရွေးကောက်ပွဲအပြီး အောင်ပွဲခံမှုများသည် နှစ်ဖက်ပါတီအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ဦးတည်စေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားကြသည်။

““ဒီလိုဖြစ်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်တာပေါ့ ဗျာ။ အောင်ပွဲမခံရဘူးလို့... မဆိုလိုပါဘူး။ ပျော်လို့ အောင်ပွဲခံတာလည်း ခံတာပေါ့။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တဲ့အတွက် ကျွန်တော် တို့လူကို ကျွန်တော်တို့ ထိန်းသိမ်းတယ်။ တစ်ဖက်ကလည်း သူတို့ လူတွေ ကို ထိန်းသိမ်းမှာပဲလို့ ကျွန်တော်တို့ယုံကြည်ပါတယ်””ဟု ဦးအောင်သိန်း လင်းက ရွေးကောက်ပွဲအပြီး အနိုင်ရပါတီ၏ အောင်ပွဲခံမှုများနှင့် ပတ်သက် ၍ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးခုမှ တင်သွင်း လာသော ရွေးကောက်ပွဲဥပဒေစည်းကမ်းနှင့် မညီညွှတ်ကြောင်း ကန့်ကွက် လွှာ ၁၂၃ စောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
““ရွေးကောက်ပွဲတွေက နောင်မှာလည်း လုပ်ကြရဦးမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိဦးမယ်။ ငါးနှစ်တစ်ကြိမ် လုပ်တဲ့ ရွေးကောက်ပွဲတွေရှိဦးမယ်။ အဲဒီပွဲတွေမှာလည်း စည်းနဲ့ ကမ်းနဲ့ဖြစ်ဖို့ ရည်ရွယ်တာပါ။ ဘယ်ပါတီကို ကန့်ကွက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖြစ်စဉ်ကိုပဲ ကန့်ကွက်တာပါ။ အဲဒီဖြစ်စဉ်မှန်မမှန်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ က ဖော်ထုတ်မှာပေါ့ ဗျာ””ဟု ဦးအောင်သိန်းလင်းက ထပ်လောင်းပြောကြားသွားသည်။

ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာစိုးမင်းကလည်း - ““ကျွန်တော်တို့ ပြည်ခိုင်ဖြိုး မြို့နယ်ရုံးရှေ့မှာ ခွပ်ဒေါင်းအကျီ င်္ကို ၀တ်လာ ပြီး အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီး လာပြောကြတာမျိုး၊ ရုံးရှေ့မှာ အလံကိုလာယမ်းပြတာမျိုးတွေ လုပ်ပါတယ်။ ဒါ ရန်စတာပါ။ ဒါ ရုန်းရင်းဆန်ခတ်မှုကို ဦးတည်စေပါတယ်”” ဟု ပြောကြားခဲ့သည်။

7Day News Journal

0 လွတ်မြောက်ရေးသို့ … ။




လွတ်မြောက်ရေးသို့ … ။

သာယာဝတီအကျဉ်းထောင်တွင်းသို့ ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားမောင်လင်္ကျာထွန်း၏ အသက်(၄၀) နှစ်ပြည့်မွေးနေ့အား ရည်စူး၍ မိခင်ကြီး ဒေါ်ရီမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ(၅သိန်း)၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ(၅သိန်း) စုစုပေါင်း အလှူငွေ(၁၀)သိန်းကျပ် တိတိအား (၅.၄.၂၀၁၂) ရက်နေ့ ကြာသာပတေးနေ့တွင် လမ်းမတော်မြို့နယ် (၁၅)လမ်း နေအိမ်၌ လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။ မောင်လင်္ကျာထွန်း၏မိခင်ကြီး ဒေါ်ရီမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားသွားလာ၍ မရသဖြင့် ဘီးတပ်ကုလားထိုင် ဖြင့်သာနေထိုင်နေရသူဖြစ်၍ မိခင်ကြီးမှကိုယ်တိုင်ကိုယ်ကျ မိမိ၏လက်နှင့် မောင်လင်္ကျာထွန်း အတွက် လှူဒါန်းငွေကို နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူလက်ထံသို့ လှူဒါန်းမှုကို ပြုလုပ်လိုပါသဖြင့် လမ်းမတော်မြို့နယ် နေအိမ်သို့ မွန်းတည့် (၁၂း၀၀)နာရီ အချိန်တွင် သွားရောက်ကာ အလှူငွေကို လက်ခံရယူခဲ့ပါသည်။ မောင်လင်္ကျာထွန်း၏မိခင်ကြီး ဒေါ်ရီသည် ယနေ့(၆.၄.၂၀၁၂) ရက်နေ့ သောကြာနေ့တွင်လည်း မောင်လင်္ကျာထွန်းရှိရာ သာယာဝတီအကျဉ်းထောင်သို့ သားဖြစ်သူထံသို့ကျန်းမာရေးမကောင်းသည့်ကြားမှ မဖြစ်မနေအရောက်သွားရှိကာ ဘဝတူ အကျဉ်းသားများနှင့် ဝန်ထမ်းများအား ဒံပေါက် အထုပ်(၁၁၅ဝ)ထုပ်အား မောင်လင်္ကျာထွန်းမွေးနေ့ဒါနအဖြစ် သွားရောက် ကုသိုလ်ပြုမည်ဟုလည်း သိရှိခဲ့ရသည်။

မောင်လင်္ကျာထွန်းသည် အသက်(၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင်အတွင်း၌သာ ရှင်သန်ခဲ့ရသူ ဖြစ်ကြောင်း သိခဲ့ရသည်။ သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ်သည်။ သူ၏ဘဝသက်တမ်း ထကဝက်ခန့်သည်အကျဉ်းထောင်ထဲတွင်အချုပ်အနှောင်ခံဘဝတွင်လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက်အဖိုးမဖြတ်နိုင်သောမိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာတရားစခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီ အကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်း ဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။

ထိုထိုသော အများအကျိုးရွက်သယ်ပိုးကာ ကုသိုလ်ပြုနေသော၊ မြတ်စွာဘုရား၏တရားဒေသနာများကို ကိုယ်တိုင်ကျင့်သုံးကာအများသူငှာတို့အားလည်း သာသနာတော်ပြန့်ပွားရေးနှင့် ငြိမ်းချမ်းသောမဂ်ဖိုရ်နိဗ္ဗာန်ကို ရောက်ရှိအောင် လမ်းပြပေးနေသူတစ်ယောက် ယခုကဲ့သို့သူတော်စင်၊ သူတော်ကောင်း တို့နှင့်လားလားမှ မအပ်စပ်သော၊ မနေထိုင်သင့်သော အရပ်ဒေသဌာနဖြစ်သည့် အကျဉ်းထောင် အတွင်းသို့နှစ်ရှည်လများ ၀င်ရောက်နေထိုင်နေရခြင်းသည် အတိတ်ဘ၀ကကံအကျိုးဆက်ကို ပြန်လည်ခံစားရခြင်းပင်ဖြစ်ပေလိမ့်မည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။

ထို့ကြောင့်…မောင်လင်္ကျာထွန်း၏အတိတ်ဘဝမှအကုသိုလ်ကံအကျိုးဆက်များသည်ယခု အသက်(၄ဝ) ပြည့်မွေးနေ့မှစ၍ကုန်ဆုံး၊ကွယ်ပျောက်၊အဆုံးသတ်ကာယခုဘဝတွင်ပြုလုပ်ခဲ့သောကုသိုလ်ကံအကျိုးဆက်များ၊ အကျိုးတရားများကိုအသစ်တဖန်ပြန်လည်ခံစားစံစားနိုင်ကာအကျဉ်းကျနေသောဘ၀မှအမြန်ဆုံးလွတ်မြောက်ကာပြင်ပလူ့လောကတွင် ဘာသာသာသနာနှင့်အများအကျိုးကိုလွတ်လွတ်လပ်လပ်၊ငြိမ်းငြိမ်းချမ်းချမ်း ပေးဆပ် နိုင်သောဘ၀သို့အမြန်ဆုံးရောက်ရှိပါစေဟု ကျွန်တော်နှင့်အတူတကွမြန်မာပြည်သူပြည်သားအားလုံး ၀ိုင်းဝန်း ဆုတောင်းမေတ္တာပို့သပေးရန်အတွက် နှိုးဆော်လိုက်ရပါသည်။




ကိုကျော်သူ

0 တရုတ်အရေးကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ခန့်အပ်မည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခံရသော သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာဒဲရစ်မစ်ချဲလ်ကို ခန့်အပ်တော့မည် ဖြစ်ကြောင်း သံတမန်အသိုင်းအ၀န်းမှ သိရှိရသည်။

ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံအတွက် အမေရိကန်သံအမတ်ကြီး နာမည်ပေးခန့်အပ်တော့မည်ဟု ပြောဆိုကြေငြာအပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုမူ မည်သူ့ကိုခန့်အပ်မည် မသိရှိရသေးသော်လည်း အင်္ဂလိပ်စာကျွမ်းကျင်ပြီး စီးပွားရေးတတ် ကျွမ်းနားလည်သူတစ်ဦးဦးထားသင့်ကြောင်း၊အဘယ်ကြောင့်မူ အမေရိကန်၏ စီးပွားရေးအသိုင်းအ၀န်းတွင်ဝင်ဆံ့ရန်လိုပြီး နှစ်နိုင်ငံအကြား စီးပွားရေးမြှင့်တင်ရန် အထူးလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူပညာရှင်တစ်ဦးကသုံးသပ်ပြောကြားသည်။

၁၉၆၄ခုနှစ် စက်တင်ဘာ ၁၆ရက်တွင်ဖွားမြင်ပြီး အသက်၄၈နှစ်ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ်လ်သည် အာရှမူဝါဒကိုအထူးကျွမ်းကျင်သည့် သံတမန် တစ်ဦးဖြစ်သည်။ သူသည်ဗာဂျင်းနီးယားတက္ကသိုလ်မှ B.A (Foreign Affair) ဘွဲ့ရရှိခဲ့သည်။ ၁၉၉၁တွင် ဥပဒေနှင့်ဒီပလိုမေစီဖြင့် M.A ဘွဲ့ထပ်ရရှိသည်။

၁၉၈၉တွင် တိုင်ဝမ်ရှိ ချိုင်းနားပို့စ်သတင်းစာတွင် အင်္ဂလိပ်ဘာသာ ကော်ပီအယ်ဒီတာအလုပ်လုပ်ခဲ့သည်။ သူသည် တရုတ်မင်ဒရင်းဘာသာကို အထူးလေ့လာခဲ့ပြီး ဘာသာစကားကျွမ်းကျင်လက်မှတ်ရရှိခဲ့သည်။

သူသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အထူးလေ့လာထားသူဖြစ်ပြီး တရုတ်နှင့်ပတ်သက်သည့်စာအုပ်များစွာ ရေးခဲ့သည်။ထင်ရှားသောစာအုပ်မှာChina’s Rise: Challenges and Opportunities ဖြစ်သည်။

ဒဲရစ်မစ်ချယ်လ်သည် စန္ဒယားအတီးကောင်းသူတစ်ဦးဖြစ်ပြီး ဆိုရှယ်ပါတီများတွင် တီးခတ်ဖျော်ဖြေလေ့ရှိသူ လည်းဖြစ်သည်။

သူ့ကို သံအမတ်အဖြစ် မြန်မာနိုင်ငံတွင် ခန့်အပ်လိုက်ခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို စိုးရိမ်နေသည့် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရာသဘောထားများကို ထင်ဟပ်လိုက်ခြင်းဖြစ်ကြောင်း သံတမန်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းမ်

Friday, April 6, 2012

0 ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တက်ရောက်မည်

ယခုနှစ် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက်မည်ဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်ရည်မိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။

http://citizenofburma.org

0 မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို


အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုကို ကချင်ပြည်နယ် ပြည်နယ် ၀န်ကြီးချုပ်က ယင်းစာမှာ မဟုတ်မှန်ကြောင်း တရားဝင်ငြင်းဆို လိုက်ပါသည်။

အဆိုပါ စာသည် 'မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုပေးနိုင်ရန် အစီရင်ခံ တင်ပြခြင်း'ဟူသော အကြောင်းအရာဖြင့် မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ထံ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု မိတ္တူနှင့်တကွ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ယင်းစာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက''အဲဒါက မှားနေတယ်။ ဖြတ်၊ ကပ်၊ ညှပ်နဲ့ နောက်မှာ ထည့်ထားတာပေါ့။ မဟုတ်ပါဘူး။ အဲဒီစာမှာ ၂၈ ရက်နေ့က စာမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန်အတွက်လို ရေးထားတယ်။ တကယ်ပို့တဲ့စာက အကြောင်းအရာ ၀ါရှောင်-ဆဒုံး-ကန်ပိုက်တီးလမ်း ပြုပြင်ရန်အတွက်။ အဲဒီစာကို အတွက်ဆိုတဲ့အထိကို မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန် အတွက်ဆိုတဲ့စာနဲ့ အစားထိုးလိုက်တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လုပ်သားအင်အားက သူ့ရဲ့မူရင်းမှာ လုပ်သားအင်အား ၆၄ ဦးကို ယာယီ နေထိုင်ခွင့်ကတ်ပြား(Yellow Card) ထုတ်ပေးပါရန်ဆိုတဲ့ဟာကို လမ်းအင်ဂျင်နီယာ ၅၀၀ ပေါ့။ ပြင်ထားတယ်။ နောက်ပြီးမှ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ဆိုပြီးမှ CPI ကုမ္ပဏီမှ စီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆိုတဲ့ဟာကို အစားထိုးထားတယ်။ အဲဒီမှာ တကယ်တော့ တိန်ချုံး-မြစ် ကြီးနားလမ်း ကုမ္ပဏီမှ လမ်းပြုပြင်ရန် အတွက်ဆိုတဲ့ စာသားကို မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက်ဆိုတာကို အစားထိုးထားတယ်။ ဖြတ်၊ ညှပ် လုပ်ထားတာပေါ့နော်" ဟု ဖြေကြားခဲ့ပါသည်။

"နောက်ပြီးမှ အဲဒီမှာ ပြင်ထားတာက ဒီဇယ်ဆီ တန် ၁၀၀ မူရင်းစာမှာ အဲဒါကို ဒီဇယ်ဆီ တန် ၁၀၀၀ ဆိုပြီး ပြင်ထားတယ်။ နောက်ပြီး ဓာတ်ဆီ တန် ၅၀ ဆိုတာကို ဓာတ်ဆီတန် ၂၀၀ နဲ့ ထပ်ပြင်ထားတယ်။ ဘိလပ်မြေ တန် ၁၀၀၀ ဆိုတာကို ဘိလပ်မြေ တန် ၁၀၀၀၀ နဲ့ ပြန်လုပ်ထားတယ်။ မြေတူးစက် သုံးစီးဆိုတာကို ငါးစီးဆိုပြီးပြင်တယ်။ မြေကော်စက်ကတော့ မှန်တယ်။ မြေစာတင် ယာဉ်ကတော့ မှန်တယ်။ ကားအစီး ရေ ၁၈ စီးဆိုတာကို အစီးရေ ၂၀ ဆိုပြီး ပြင်ထားတယ်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန်ဆိုတဲ့စာကို ဘလော့ဂ်ကနေ ရတယ်။ အမှန်စာကို ဖက်စ်ထိုးပေးမယ်။ သူက ရှင်းပါတယ်။ အောက်မှာကိုက တိန်ချုံး- မြစ်ကြီးနားဆက် ဆံရေးရုံးဆိုတာက။ ၀ိုင်းမော်သွားတဲ့လမ်းကနေ ဘယ်ဘက်ချိုးလိုက်ရင် ဆဒုံးဘက်သွားတဲ့လမ်း ရှိတယ်။ အဲဒီလမ်းက တရုတ်က လုပ်ထားတာ။ သူက နှစ် ၂၀ ပေါ့နော်။ ပြုပြင်ထိန်းသိမ်းတာလည်း သူပဲလုပ်ရတာ။ လမ်းက မိုးတွင်းမှာ မြေပြိုတာ၊ တံတားတွေ ပျက်စီးသွားတာ တို့ရှိတယ်။ အဲဒီတော့ သူက နှစ် ၂၀ တာဝန်ယူထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ သူက ဆောက်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားတာလေ။ အဲဒါကို ပြုပြင် ထိန်းသိမ်း ဖို့အတွက်က မကြာခင် မိုးရာသီရောက်တော့မယ်။ အဲဒါကြောင့် အဲဒီလမ်းကို သူပြင်ချင်ပါတယ်ဆိုပြီး စာချုပ်ပါအတိုင်း စာ ချုပ်မှာလည်း အခွန် ကင်းလွတ်ပေးရမယ်ဆိုတာ ပါတယ်။ စက်ယန္တရား သွင်းခွင့်ပေးရမယ်ဆိုတာ ပါတယ်။ ပြီးသွားရင် တရုတ်ပြည်ကို ပြန်ယူသွားမှာပေါ့။ အဲဒါလေးတွေက စာချုပ်ထဲမှာ ပါတဲ့အတိုင်း လုပ်ခွင့်ကို တောင်းတာ။ အဲဒီစာကို ဖြတ်၊ ညှပ် လုပ်ပြီး hot ဖြစ်နေတဲ့ issue ကို တင်လိုက်တာပေါ့"ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း CPI ကုမ္ပဏီမှ ဆက်သွယ်မှု ရှိ၊ မရှိ ဟူသော မေးမြန်းမှုအပေါ် ၎င်းက "CPI က လုပ်ငန်းရပ်ထားပြီလေ။ နိုင်ငံတော်သမ္မတက ကြေညာထားပြီးသားလေ။ ဟုတ်တယ်မဟုတ်လား။ ဒါက နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံရဲ့ ဥသျှောင်ပဲလေ။ ဆက်သွယ်တာ မရှိပါဘူး။ မြစ်ဆုံဆက်လုပ်ဖို့ ကိစ္စနဲ့ ဆက်သွယ်တာမရှိပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်တွင်း တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာအတွင်း CPI ကုမ္ပဏီမှ ၀န်ထမ်းများ ဆက်လက်ရှိနေမှု၊ လှုပ်ရှားမှုများကို မြင်တွေ့နေရသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများလည်း ရှိနေကာ မြစ်ဆုံ၊ တန်ဖဲရွာများအား ရွှေ့ ပြောင်းရန် ညွှန်ကြားခဲ့မှုကလည်း စီမံကိန်း ရပ်ဆိုင်းထားသည်ဆိုသော အချက်အပေါ် ပြန်လည်ဝေဖန်မှုများ ပေါ်ပေါက်လာစေခဲ့သည်ဟု သိရှိရသည်။

အဆိုပါ စီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများ ဆက်ရှိနေသေးကြောင်း၊ တောင်ကြားနေရာများတွင် မြေကြီးတူးဖေါ်မှု များ ရှိနေကြောင်း ဒေသခံများနှင့် မြစ်ဆုံစီမံကိန်းနှင့် နီစပ်သူအချို့၏ ပြောကြားချက်အရ သိရှိရသည်။ ထို့အတွက် ယင်း ဧရိယာအတွင်း တရုတ်နိုင်ငံသားများကို မည်သို့ နေထိုင်ခွင့် ပေးထားကြောင်း အပါအ၀င် ၎င်းတို့၏ လှုပ်ရှားမှုအချို့နှင့် ပတ်သက်၍ Eleven Media Group မှ ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ မေးခွန်းအချို့အား ဆက်သွယ် မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းကို စောင့်ဆိုင်းလျက်ရှိပါသည်။

Eleven Media Group

0 အမေရိကန်က မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ်မှုများ ရုတ်သိမ်း


source: AP | Reuters
အိုဘားမားအစိုးရက မြန်မာပြည်၏ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို တုန့်ပြန်သည့်အနေဖြင့် ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုများကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာအစိုးရ ထိပ်ပိုင်းအာဏာပိုင်များ အမေရိကန်ကိုလာရောက်ခွင့်နှင့် အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ မြန်မာပြည်သို့ တင်ပို့မှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတို့ကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။၎င်းအပြင် အမေရိကန်က ရာထူးပြည့်သံအမတ်တစ်ဦး မြန်မာပြည်သို့စေလွှတ်ပြီး U.S. Agency for International Development (USAID) ရုံးဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

မြန်မာအစိုးရကိုဒဏ်ခတ်ထားတဲ့စီးပွားရေးပိတ်ဆိုမှုတချို့ကို ရုတ်သိမ်းပေးမယ်လို့ပြောတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သတင်း ဘာသာပြန်အပြည့်အစုံအသံဖိုင်(ဘီဘီစီ)
ဆန်ရှင်ရုပ်ပြီဆိုပေမယ့် ခု ရီဖောင်းပရောဆက်မှာ အစိုးရထဲက ဖြစ်ဖြစ် wider society ထဲကဖြစ်ဖြစ် ဟီလာရီ့ အခေါ် မှားတဲ့ ဘက်မှာ ရောက်နေသူတွေ (wrong side of the historical reform process) အတွက် ဆန်ရှင် ဆက်ရှိနေမယ်လို့ ပြောတယ်။ 

ဘာသာပြန် . မောင်သစ်စိမ်း(MMCP)

Thursday, April 5, 2012

0 ဒီ ကန်ပိန်း စကြစို့....။



တိုင်းပြည်ရဲ့ တခါသုံးသယံဇာတတွေ...စဉ်ဆက်မပြတ်တဲ့ရေအလျဉ်တွေ... အခြေခံလိုအပ်ချက်ကို ဝယ်ယူဖြည့်စည်းပေးနိုင်တဲ့(နိုင်ငံခြားငွေရှာပေးတဲ့)တွင်းထွက်ရတနာတွေ ပေါကြွယ်ဝပါလျက် မိမိတိုင်းပြည်.. အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်ရာဒေသတွေ က မှောင်နေတာတွေ ဟာ ဖြစ်သင့် ဖြစ်ထိုက်ပါရဲ့လား...လို့ တွေးမိတဲ့ အတွက် ဒီကန်ပိန်းကို ကြိုဆိုပါတယ်။
ပြောပြဦးမယ်ဗျာ..
အင်းလေးကန်ထဲ စီးဝင်တဲ့ ဘီလူးချောင်းကနေ လောပိတ ရေအားလျှပ်စစ်ကို ဖြန့်စဉ်က မဆလ ပါတီဝင် လူကြီးက သူတို့ အင်းလေး ဘာကြောင့် မီးမလင်းတာ တင်ပြလိုက်တော့.... မီးတော့မလင်းဘူး... သူကတော့ ပြုတ်သွားတယ်...။

ကဲ..... မီးလင်းရေး နှင့် ဓါတ်အားခ လျော့ချရေး ပူးတွဲတောင်းဆိုသင့်သလို.. ကိုယ့်အိမ်မှာ ဘယ်သူမှ ဖုန်တောင်လာသုတ်မပေးတဲ့ မီတာကို စောင့်ရှောက်ခ ၁၀၀၀ ကျပ် ကောက်နေတာ ရပ်တန့်ပေးဖို့..... အားလုံးလက်တွဲညီညီ တွန်းကြပါစို့....။

ကိုဝိုင်ဝိုင်ကေ

0 အရေးပေါ်အသက် ကယ်ဆယ်ရေး

အရေးပေါ်အသက် ကယ်ဆယ်ရေး

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး (၇)ရက်သားသမီး တို့၏ နာရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကို အခမဲ့ ကူညီပေးလျှက်ရှိရာ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လူနာများကို အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေလျှက်ရှိသည် မှာ (၂၀၀၇)ခုနှစ်မှ စတင်၍ ယနေ့အထိ လူနာပေါင်း (တစ်သိန်းခြောက်သောင်းကျော်) ဦးရေခန့်ရပြီဖြစ်ပါ သည်။ ယခုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဦးကျော်သူ၏ အကြံပြုချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အရေးပေါ်ကယ်ဆယ်ရေး လူနာတင်ယာဉ်လုပ်ငန်းကို မကြာခင် အချိန်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

အဆိုပါ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်မှာ မြန်မာနိုင်ငံတွင် မည်သည့်အဖွဲ့အစည်း၊ အသင်းအဖွဲ့ကမှ အကောင်အထည် မဖေါ်ပေးနိုင်သေးသော လုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ၆.၅.၂၀၁၁ နေ့ တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) ကား အား လှူဒါန်းခဲ့ပါသည်။ ယင်းအရေးပေါ် လူနာတင်ယာဉ်အား သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသ ကြသော လူနာများတွင် အရေးပေါ် ဆေးရုံတင်ရမည့် လူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့သခြင်း တို့ကို ကုသိုလ်ဖြစ် ကူညီဖေးမပေးခြင်းတို့ကို အသုံးချကူညီခဲ့ပါသည်။

ယခု ထပ်မံ၍ အရေးပေါ်လူနာတင်ယာဉ် ၀န်ဆောင်မှုစနစ်အား လောလောဆယ်တွင် လူနာတင်ယာဉ် တစ်စီးသာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ရှိသေးပါသဖြင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်သော ယာဉ်တိုက်မှုများ၊ မီးလောင်မှုများ၊ ရေကြီးမှုများ စသည့်ဘေးအန္တရာယ်များကြောင့် အရေးပေါ် ကျန်းမာရေးကူညီစောင့်ရှောက်ရန် လိုအပ်၍ အကူအညီ တောင်းခံလာပါက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လူနာတင်ယာဉ်နှင့် အရေးပေါ်လူနာများအား အစိုးရပြည်သူ့ ဆေးရုံ ကြီးများသို့ (အခမဲ့)ပို့ဆောင် ပေးမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဖြစ်သည်။ နောင်အနာဂတ်တွင် ယင်းအရေးပေါ်လူနာတင်ယာဉ် (အခမဲ့) ၀န်ဆောင်မှုလုပ်ငန်း အား မြန်မာပြည်တ၀ှမ်း ကူညီဖေးမ လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထား ရှိပါသည်။

အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း ရှိလူနာတင်ယာဉ်နှင့် လိုက်ပါ မည့် လုပ်အားပေး လူမှုရေးသမားများကို ရန်ကုန်တိုင်း ကြက်ခြေနီအသင်းနှင့် ဆက်သွယ် အကူအညီ တောင်းခံကာ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ‘အခြေခံရှေးဦး သူနာပြုစုခြင်း’ သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်း နည်းပြဆရာများမှ လာရောက်၍ စေတနာ ထက်သန်စွာဖြင့် ကြက်ခြေနီ (ရှေးဦးသူနာပြုလုပ်ငန်း) စတင်ပေါ်ပေါက်လာပုံကို ရှင်းလင်းပြောကြားကာ သင်တန်းပို့ချချက်များကို သင်ကြားပေးခဲ့သည်။သင်တန်းကို (၂၃.၃.၂၀၁၂) ရက်နေ့ နံနက် (၀၉း၃၀) အချိန်၌ စတင်ဖွင့်လှစ်ခဲ့ကာ ဆရာဦးကျော်ဇော (ဦးစီးမှူး-ဒုတိယတန်း)၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ (ကြက်ခြေနီအကြောင်း သိကောင်းစရာ)(ရှေးဦးပြုစုခြင်း အခြေခံသဘောတရား)၊ ဆရာဦးခင်သန်း(ဒု-တပ်ရင်းမှူး၊နည်းပြ) တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း မှ (သတိလစ် မေ့မျောခြင်း) ၊(သွေးလန့်သွေးဆုတ်ခြင်း)၊ ဆရာဦးအောင်သန်း(နည်းပြ)မှ (အပူလောင်ခြင်း) စသည့် ကယ်ဆယ်ရေး ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ ပါသည်။

ထို့အပြင် ဦးခင်သန်း (ဒုတပ်ရင်းမှူး၊နည်းပြ) မှ (သွေးယိုထွက်ခြင်း) နှင့် (ဒဏ်ရာအမျိုးမျိုး ပြုစုနည်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊နည်းပြ) မှ အခြေခံ အသက်အထောက်အကူပြုနည်း (CPR)ကို သင်ကြား ပေးခဲ့ပြီး သင်တန်းသားများအား လက်တွေ့ လေ့ကျင့်ပေးခဲ့ပါသည်။ ဦးအောင်ကြည်(ဒုတပ်ရင်းမှူး-နည်းပြ) ဗဟန်းမြို့နယ်ကြယ်ခြေနီ သူနာပြုတပ်ရင်းမှလည်း ပတ်တီးစည်းနည်းအခြေခံနှင့် အဆိပ်သင့်ခြင်း ဘာသာရပ် ကို သင်ကြားပေး ခဲ့ပါသည်။

ဦးခင်သန်း(ဒုတပ်ရင်းမှူး၊နည်းပြ)မှ (အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယ တန်း၊နည်းပြ) မှ အရေးပေါ်အထွေထွေပြုစုနည်းများအား သင်ကြားပေးခဲ့ပါသည်။ သင်တန်းဆရာများဖြစ် ကြသော ဦးခင်သန်းနှင့်ဦးအောင်ကြည်တို့မှ ပတ်တီးစည်းနည်းများ၊ လူနာသယ်ဆောင် နည်းများကိုလည်း နေ့ အလိုက်သင်ကြားပြသပေးခဲ့ပါသည်။

အထက်ပါသင်တန်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးကော်မတီ သင်တန်းသား/သူ စုစုပေါင်း(၂၉)ဦး တက်ရောက်သင်ကြားခဲ့ကြပါသည်။ အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော အခြေခံရှေးဦးပြုစုခြင်း သင်တန်း ၏ အရည်အချင်းစစ် စာမေးပွဲကို (၃၁.၃.၂၀၁၂) နေ့၊ နံနက် (၁၀း၀၀) နာရီတွင် စာမေးပွဲများစစ်ဆေးခဲ့ပြီး သင်တန်းဆရာများမှ သင်တန်းသားများအား စာတွေ့၊ နှုတ်မေးနှင့် လက်တွေ့များဖြင့် အရည်အချင်းစစ်ဆေးခဲ့ကြပြီးနောက် နံနက်ပိုင်းစာမေးပွဲစစ်ဆေးခြင်းအား ခေတ္တရပ်နား ခဲ့ပါသည်။

အဆိုပါ နေ့လည်ပိုင်းတွင် အထက်ပါ အခြေခံရှေးဦးပြုစုခြင်း သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနား နှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ သင်တန်ဆင်းအဖွင့်မိန့်ခွန်း ပြောကြား ပြီးနောက် သင်တန်းထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဥက္ကဋ္ဌ ဦးကျော်သူမှ ဆုချီးမြှင့်၍ သင်တန်းသားများမှ သင်တန်းဆရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် သင်တန်းဆင်းအောင်လက်မှတ်များကို သင်တန်းဆရာများမှချီးမြှင့်ပေးခဲ့ပါသည်။ ပြီးနောက် သင်တန်း ဆရာများမှ သင်တန်းသား၊ သင်တန်းသူများအား ဆုံးမသြ၀ါဒ စကားချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သင်တန်း ဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါသည်။

ယင်းသင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများဖြစ်ကြသော သင်တန်းသူ(၁၁)ဦး ၊ သင်တန်းသား(၁၈)ဦး စုစုပေါင်း(၂၉) ဦးတက်ရောက်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ၂၀၁၂ ၊ မတ်လ (၁၂)ရက် နေ့တွင် အသင်းမှတ်ပုံတင် ကျရောက်ပြီးသည့်နောက်ပိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး အများပြည်သူအပေါင်းတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည်တို့ကို တိုးမြှင့် ကူညီလုပ်ဆောင် ပေးဆပ်နေပြီဖြစ်သလို ယခုအရေးပေါ်အသက်ကယ်ဆယ်ရေး လုပ်ငန်းဖြစ်သော လူနာတင်ယာဉ်ဖြင့်လူသားတို့၏ အသက်ပေါင်း မြောက်များစွာကို ထပ်မံကယ်တင်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ကိုကျော်သူ

0 မြန်မာနိုင်ငံနှင့် လျှပ်စစ်မီးပြဿနာ..


ကာတွန်း။။ အောင်မော်

ဧရာဝတီမြစ်ဆုံဆည် ပြန်လည်စတင်နေပြီဆိုတဲ့ သတင်းတွေ Facebook  နဲ့ website တွေမှာ တော်တော်များများ ပျံ့နေပါပြီ

ကြားဖြတ်ရွေးကောက်ပွဲပြီးပြီးခြင်းတွင် မြန်မာနိုင်ငံပြည်သူများအတွက် ဒေါသထွက်စရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပါသည်..။ ထိုကိစ္စကား လျှပ်စစ်မီးကို ဧပြီ ၂ ရက်နေ့မှစပြီး အလှည့်ကျ မီးပေးစနစ်ဖြင့် ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ဘယ်တော့မှ နောက်ပြန်မသွားဘူးဟု ပြောကြားချက်ကို မသိချင်ယောင်ဆောင်ပြီး လျှပ်စစ်ဝန်ကြီးဌာနများမှ ဘက်ဂီယာထိုးလိုက်ခြင်းဟု လေ့လာမိပါသည်။ ထိုကိစ္စနှင့် ယှဉ်တွဲပြီး ဆက်တိုက်ဒေါသထွက်စရာကိစ္စများကား မြစ်ဆုံစီမံကိန်း ပြန်စမည်ဟုသော ပြည်တွင်းပြည်ပမီဒီယာများ၏ အထောက်အထားများဖြင့်ဖော်ပြချက်များ၊ သံလွင်မြစ်ကိုအခြေတည်ကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီး ရင်းနှီးမြုပ်နှံသူထိုင်းကို ၉၀ ရာခိုင်နှုန်းရောင်းမည်ဟုသော သတင်းများက မြန်မာနိုင်ငံ မီးပျက်သည်နှင့် တပြိုင်တည်းပေါ်လာသောသတင်းများဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရောက်ရှိနေသော ပြည်တွင်းပြည်ပ လေ့လာသူများနှင့် မီဒီယာများအား ဖိုးသင်းမျောက်အဖြစ် လျှပ်စစ်ဝန်ကြီးဌာနများမှ လုပ်ပြလိုက်ခြင်းဖြစ်သည်။

လျှပ်စစ်(၁) နှင့် လျှပ်စစ် (၂) ဟုသော ၀န်ကြီးဌာနနှစ်ခု ရှိသည့်အနက် လျှပ်စစ် (၁) မှာ ဓာတ်အားထုတ်လုပ်မှု စီမံကိန်းများကို အကောင်အထည်ဖော်ပြီး တဖက်နိုင်ငံအားရောင်းချခြင်းဖြင့် နိုင်ငံတော်အား ဒေါ်လာ ရှာပေး သော ဌာနဖြစ်ပြီးး လျှပ်စစ် (၂) ၀န်ကြီးဌာနမှာမူ ဓာတ်အားဖြန့်ဖြူးခြင်းကို လုပ်ဆောင်နေသော ဌာန ဖြစ်ကြောင်းလေ့လာဖူးပါသည်။ အဲဒီလိုဆိုရင်.. ။ လျှပ်စစ် (၁) ရဲ့ ဓာတ်အားထုတ်လုပ်မှုများ၊ ဓာတ်အား ရောင်းချသော ဒေါ်လာများက လျှပ်စစ် (၂) ရဲ့ ဓာတ်အားဖြန့်ဖြူးရေးလိုအပ်ချက်ကို ဘာ့ကြောင့်မဖြည့်ဆည်း ပေးနိုင်တာလဲဟု လူပြိန်းတွေးတွေးမိပါသည်။ မနှစ်ကလွှတ်တော်ထဲတွင် ၀န်ကြီး ဦးခင်မောင်စိုး ကိုယ်တိုင် ဓာတ်အားမလုံလောက်သဖြင့် ပြည်ပ(တရုတ်)မှ ၀ယ်ယူဖြန့်ဖြူးရကြောင်း ၀န်ခံထားဖူးပါသည်..။ ဘယ်လောက်ရာဇ၀င်ရိုင်းပါသလဲ..။ ကိုယ့်နိုင်ငံရဲ့ ရေအရင်းအမြစ်များမှထွက်သောဓာတ်အားကို တရုတ်က ရပြီး ကိုယ်နိုင်ငံက မီးထွန်းဖို့အတွက် သူ့ဆီမှ ဓာတ်အားပြန်ဝယ်နေရသည်ဆိုသည်မှာ ရာဇ၀င်ရိုင်းသလို ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ်ကရသော လျှပ်စစ်ဓာတ်အားဖြင့်ထုတ်လုပ်သော မီးစက်များ၊ အင်ဗာတာများ ဘက်ထရီများကို ကိုယ့်နိုင်ငံက ပြန်ဝယ်သုံးနေရသည့် ဈေးကွက်ကြီးကလည်း ပြန်စဉ်းစားကြည့်လျှင် ကိုယ့်လူတွေ အသုံးမကျ တာလား တရုတ်ကိုက လည်တာလားမသိပါ။

မြန်မာနိုင်ငံ၏ လူမုန်းအများဆုံး လျှပ်စစ် (၁) ၀န်ကြီး ဦးဇော်မင်းမှာ နိုင်ငံအတွက် ဒေါ်လာရအောင် လုပ်ပေးနေသည်ဆိုသော်လည်း မိမိကော်မရှင်ရရေးအတွက် တရုတ်လက်ပါးစေ မြန်မာနိုင်ငံအခြေစိုက် အေးရှားဝေါကဲ့သို့ ကုမဏီများ၏ အစေခံအဆင့်သာဖြစ်ပြီး ပတ်သက်ရာလူကြီးများ(ဥပမာ - ရှစ်လုံးအတွက်) ကော်မရှင်ရအောင် တိုင်းရင်းသားပြည်နယ်များရှိ သဘာဝသယံဇာတများကို လက်ညိုးထိုးရောင်းစားနေသောဌာနဖြစ်ပါသည်း။ မြစ်ဆုံကို ဥပမာ ပြရလျှင် ရေ၀ပ်ဧရိယာ မိုင်ငါးဆယ်ပတ်လည်တွင် ရှိသော သစ်ပင်၊ တွင်းထွက်၊ တိရိစ္ဆာန်မှန်သမျှ တရုတ်သို့ ရောက်သွားသည်မှာ သက်သေပင်ဖြစ်ပါသည်။ ငါးစာကိုမြင်ပြီး ငါးမျှားချိတ်ကို မမြင်သော ၀န်ကြီးဖြစ်ပါသည်။ တို့တာဝန်အရေးသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တန့် ခိုင်မြဲရေးကို မသိကျိုးကျွံပြုပြီး စီမံကိန်းများမှ တရုတ်များကို တံခါးမရှိဓားမရှိ မြန်မာနိုင်ငံကို ဈေးအိမ်သာကဲ့သို့ ၀င်ထွက်နေသည်ကို လက်ပိုက်ကြည့်နေသူဖြစ်ပါသည်။

၎င်း၏ ၀န်ကြီးဌာနသက်တမ်းလျောက်တွင် ထုတ်လုပ်ခဲ့သော မီဂါဝပ် ထောင်ပေါင်းများစွာရှိသော်လည်း မြန်မာနိုင်ငံအတွင်းတွင် မီးမှိန်ကာ ငုတ်တုတ်ထိုင်၊ ဖောင်စီးရင်းရေငတ်နေသော ပြည်သူများကို မသိကျိုးကျွန်ပြုကာ တိုင်းတပါးသို့ လျှပ်စစ်ရောင်းစားနေသော ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ရှိသူဖြစ်ပါသည်။ သူပြောခဲ့သော အချက်များကို ပြန်ကြည့်ပါ..။

ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဟာ ကိုယ်လုပ်မှာပေါ့။ ဒါ နံပါတ်တစ်။ ပိုက်ဆံရှိလို့ ကိုယ့်ဟာကိုယ် လုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။

သူ့ပြောကြားချက်နဲ့ လက်ရှိ လျှပ်စစ် (၂) ၀န်ကြီး ဦးခင်မောင်စိုးရဲ့ လွှတ်တော်ထဲတွင် ပြောကြားချက်ကို ပြန်လေ့လာကြည့်ရင်..

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ လျှပ်စစ်ဖြန့်ဖြူးပေးတဲ့နေရာမှာ နည်းလမ်းငါးသွယ်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလျက်ရှိပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ လက်လှမ်းမီတဲ့ နေရာတွေမှာ နိုင်ငံတော် ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်ကနေ အလှမ်း ကွာဝေး တဲ့ ဒေသတွေမှာ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီးလည်းကောင်း၊ ဒီဇယ်အင်ဂျင်စက်ရုံများ ဖြင့်လည်းကောင်း၊ ပြည်သူများပါဝင်သော မီးလင်းရေးကော်မတီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဓာတ်အားဝယ်ယူ၍ ဖြန့်ဖြူးပေးခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခု နှင့် ခရိုင် ၄၂ ခု၊ မြို့နယ်မြို့ပေါင်း ၂၅၀၊ ကျေးရွာပေါင်း ၂၁၉၄ ခုကို နိုင်ငံတော်ဓာတ်အားပေးစနစ်မှ ဓာတ်အားပေးထားပါတယ်။ တိုင်းဒေသကြီး ၄ ခု၊ ခရိုင် ၂၆ ခု၊ မြို့နယ်ပေါင်း ၁၈၀ နှင့် ကျေးရွာပေါင်း ၄၅၉၅ ရွာကို အခြား နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ ရေအားလျှပ်စစ် စက်ရုံငယ်ပေါင်း ၃၂ ရုံ၊ ဒီဇယ်စက်ရုံပေါင်း ၅၆၉ ရုံနဲ့ မြို့ပေါင်း ၃၄၀၊ ရွာပေါင်း ၄၂ ရွာကိုလည်း ဓာတ်အားပေးလျက်ရှိပါတယ်။ အခု မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၃၄၆ ရွာအနက် လျှပ်စစ်ဓာတ်အား ရရှိတဲ့ ကျေးရွာပေါင်းဟာ ၆၇၈၉ ရွာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား မရရှိတဲ့ရွာပေါင်း ဟာ ၅၇၅၅၇ ရွာ ၈၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားရရှိပြီးတဲ့ ကျေးရွာပေါင်း ၂၁၉၄ ရွာမှာ နိုင်ငံတော်ဓာတ်အားစနစ်က ရရှိတာဖြစ်ပါတယ်။ အခြားနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားတဲ့ရွာပေါင်းဟာ ၄၅၉၅ ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်"လို့ပြောထားပါသည်။ အဲဒီအချက်တွေကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အဆင့်မှ လျှပ်စစ်ဓာတ်အားပေးနိုင်တာ တစ်နှစ်ငံလုံးရဲ့ ၂၂ ရာခိုင်နှုန်းပဲ ရှိပါသေးသည်။ ဦးဇော်မင်းစကားအရ နိုင်ငံတစ်ခုလုံး၏ မီဂါဝပ် ၁၅၀၀ နဲ့လောက်တယ်ဆိုတာ မီးသွယ်ထားပြီးသော နေရာတွေကို ဆိုလိုသည်ဟုယူဆပါသည်။ မြန်မာနိုင်ငံတ၀န်းလုံးမှ လျှပ်စစ်မီးမသွယ်ရသေးသော ရာခိုင်နှုန်း ၇၀ ကျော်ကို သူက လုံးဝမေ့နေပါသည်။ တိုင်းပြည် တော်တော်တိုးတက်ပါဦးမည်။

ထို့ကြောင့်မြန်မာနိုင်ငံ လျှပ်စစ်မီး ဘာ့ကြောင့်မလုံလောက်ရသည်ကို လေ့လာကြည့်ပါသည်။

(၁) ဒေါ်လာနှင့် ကော်မရှင်များကို မျှော်ကိုးပြီး နိုင်ငံပိုင်သဘာဝရင်းမြစ်များဖြင့် မိမိဘာသာ အိတ်စိုက်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများစွာ တည်ဆောက်မှုမပြုခဲ့ခြင်း..။ တည်ဆောက်ခဲ့ပြီးသမျှလည်း အပြည့်အ၀ မလည်ပတ်နိုင်ခြင်း

(ဥပမာ-ရဲရွာ စီမံကိန်းစတင်စဉ်က သတင်းစာထဲတွင် မစားရ၀မခန်း ရေးသားထားခဲ့သော်လည်း ယနေ့ထက်အထိ မီဂါဝပ်ဘယ်လောက်ထွက်ပြီး စက်ဘယ်နှလုံးလည်ပတ်နေသည်ကို တရားဝင်ကြေညာခြင်းမပြုတော့ပေ)။


(၂) သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာများကို သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်ပေးစက်ရုံငယ်များမှ အလုံအလောက်မရရှိခြင်း။


စွမ်းအင်ဝန်ကြီးဌာနမှလည်း ဒေါ်လာရဖို့အတွက် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်ရောင်းနေသော်လည်း ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အပြည့်အ၀လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့အလုံအလောက် ပေးပို့ခြင်းမရှိဟု သုံးသပ်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့အထွက်နှုန်းသည် ကမ္ဘာတွင် တတိယဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ သုံဘီလျံဖိုး နိုင်ငံခြားသို့ တင်ပို့ရောင်းချနေပါသည်။

(၃) မီးဖြန့်ဖြူးရေးစနစ်များ ခေတ်မမီခြင်းနှင့် အဂတိလိုက်စားမှုများကြောင့် ..ပြုန်းတီးမှုများခြင်း။

မြန်မာနိုင်ငံ၏ မီတာကောက်သောစနစ်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က သုံးခဲ့သော မီတာကောက် မီးသွယ်တန်းဖြန့်ဖြူးသည့်စနစ်ဖြစ်ပါသည်။ မီတာကို ယူနစ်ဖြင့်တွက်ပြီး မီတာစာရေးကလာဖတ်သဖြင့် ဓာတ်အားကုန်ဆုံးမှုသည် သူ၏အပေါ်တွင်သာမူတည်ပါသည်။ ဥပမာ တစ်မြို့တွင် မီတာစာရေး ငါးယောက်ရှိသည်ဆိုပါစို့ တစ်ယောက်ကို အိမ် နှစ်ထောင်ကျော်ခွဲတမ်းရပါသည်။ မီတာဖတ်သောရက် ဆယ်ရက်ပေးထားလျှင် တစ်ရက်ကို အိမ်နှစ်ရာကျော် ဖတ်ရသည့်အတွက် အချိန်မရပါ..။ ထို့ကြောင့် မီတာကို ကြုံသလိုရေးပြီး မီတာခယူပါတော့သည်။ ထို့အပြင် အိမ်ရှင်/လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး အခကြေးငွေယူကာ ယူနစ်ကို လျှော့ဖတ်ခြင်း၊ မီတာကို လျှော့ထားခြင်းနှင့် မီတာအပြင်ဘက်မှ မီးတိုက်ရိုက်သွယ်တန်းပေးခြင်းတို့ကို လုပ်လေ့ရှိကြပါသည်။

အထူးသဖြင့် ဗဟိုထိန်းချုပ်မှုနှင့်ဝေးသောဒေသတိုင်းတွင် ဖြစ်လေ့ရှိပါသည်။ ထို့အပြင် စစ်မှုဇုံများတွင် မီးမလာလျှင် စက်ရုံတစ်ရုံ၏ မီးစက်မှ လောင်စာသုံးစွဲနှုန်းသည် တစ်နာရီလျှင် နှစ်ပေပါမှ ဆယ်ပေပါ အထိရှိပါသည်။ ထို့ကြောင့် မီးအလှည့်ကျစနစ်တွင် တာဝန်ရှိသူ အင်ဂျင်နီယာအား တစ်နာရီလျှင် သိန်းနဲ့ချီပေးပြီး မိမိစက်ရုံကို ကွက်ပြီး ချန်လှပ်မီးပေးစေပါသည်။ ထိုကဲ့သို့သော ကိစ္စများ များပြား လာသောအခါ လျှပ်စစ် (၂) မှ အကြီးအကျယ် ရှုံးမည်သာဖြစ်သည်..။ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်း ရေးများနှင့် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအတွက် ခေတ်မီ တိကျသော စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာမြင့် အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင် မီတာဖတ်သည့်စနစ် မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါသည်။ electronic နည်းပညာဖြင့် မိမိသုံးစွဲသောယူနစ်သည် ဌာနတွင် အလိုလျောက်ပြပြီး ငွေတွက်ချက်ပြီးသား။ Online Bank Account များမှ နှုတ်ယူပြီးသား ဖြစ်ပါသည်။ ဓာတ်ကြိုးမှ ကြားဖြတ်သွယ်ယူလျှင်လည်း အလိုလျောက်အချက်ပြသတိပေးပါသည်။

ထို့ကြောင့် ယခု မီတာဖတ်သည့်စနစ်ကို မြေလှန်ခါ နည်းပညာဖြင့် ပြောင်းလဲရန် လုံးဝလိုအပ်လာပါသည်။ ဗဟိုချုပ်ကိုင်စနစ်ကို နှစ်ပေါင်းများစွာအားပြုခဲ့ခြင်းနှင့် ပုဂ္ဂလိကများအား ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို အပြိုင်အဆိုင်ကန်ထရိုက်မပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုယူဆပါသည်။

(၄) ပြည်သူအတွက် တိုက်ရိုက်အကျိုးမပြုသော လက်သင့်ရာရေအားလျှပ်စစ်စီမံကိန်းများကိုသာ ဦးစားပေးခဲ့ခြင်း။

ပြည်တွင်းတွင် တည်ဆောက်သော ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် ခရိုနီများနှင့် ၄င်းတို့ကျေးဇူးခံကျေးဇူးစား နိုင်ငံများ (ဥပမာတရုတ်) ကဲ့သို့သော နိုင်ငံများ၏ ပေါ်လစီ (စွမ်းအင်လိုအပ်ချက်) ကို တိုက်ရိုက်အကျိုးပြုနေသော်လည်း မြန်မာတစ်နိုင်ငံလုံးမပြောနှင့် စီမံကိန်းဒေသရှိရာပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအတွက် လျှပ်စစ်မီးနှင့် အခြားလောင်စာနေဖြင့် အကျိုးပြုအသုံးချခွင့်မရခဲ့ပါ။

လျှပ်စစ်မီးပြတ်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ..။


(၁) စီးပွားရေး


အဖြစ်အများဆုံးမှာ စက်ရုံအလုပ်ရုံများမှ မီးစက်များဖြင့် ကုန်ထုတ်လုပ်ရခြင်းကြောင့် ကုန်ကျစရိတ်တက်လာပြီး ထုတ်လုပ်သည့်ပစ္စည်းတန်ဖိုးမြင့်တက်လာခြင်းကြောင့် ကုန်ဈေးနှုန်းတက်လာပါသည်။ လျှပ်စစ်မသုံးပဲထုတ်လုပ်သည့် ပစ္စည်းများလည်း မီးပျက်တာနှင့်ရောယောင်ပြီး ဈေးတက်လာတတ်ပါသည်။ တစ်နိုင်ငံလုံးတွင် သုံးစွဲနေသော မီးစက်များအတွက် လောင်စာဆီလိုအပ်ချက် များပြားလာသဖြင့် လောင်စာဆီဈေး တက်လာပါသည်။ လျှပ်စစ်အသုံးပြုသော ၀န်ဆောင်မှုလုပ်ငန်းများ ဥပမာ ၀ပ်ရှော့၊ ပုံနှိပ်တိုက်၊ စက်မှုလက်မှု၊ ကွန်ပျူတာ စာစီ၊ Cybercafe, NetGame အစရှိသည့်လုပ်ငန်းများ Air Ticket ၀န်ဆောင်မှုလုပ်ငန်းများအတွက် အကြီးအကျယ် အခက်အခဲတွေ့စေပါသည်။

(၂) ဘဏ္ဍာရေး

မြို့နယ်များအတွင်း ဘဏ် မှ online သို့မဟုတ် Electronic ဖြင့် ငွေလွှဲသောစနစ်များနောက်ကျမှုများဖြစ်ပေါ်လာပြီး ယခုမှ အစပျိုးထားသော ATM စက်များများ သုံးမရဖြစ်သွားပါသည်။


(၃) ပညာရေး

မီးပျက်သဖြင့် ကျောင်းသားလူငယ်များ၏ ပညာသင်ကြားမှု စာကျက်ခြင်း၊ အိမ်စာလုပ်ခြင်းများအတွက် အနှောင့်အယှက်ဖြစ်ရသလို့  နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက် ကွန်ပျူတာအသုံးပြုခြင်း၊ Online မှ Study လုပ်ခြင်းအား များစွာ အဟန့်အတားဖြစ်ရပါသည်။ စာမေးပွဲစစ်ခြင်းများ online မှ ဖြေကြားခြင်းများ နှင့် အခြားသော အခက်အခဲများစွာ တွေ့ကြုံရပါသည်။

(၄) ကျန်းမာရေး

မီးပျက်သွားသဖြင့် မြို့နယ်နှင့် ကျေးလက် ဆေးရုံဆေးခန်းများတွင် အရေးပေါ်ခွဲစိတ်/မီးဖွားမည့်လူနာများကို ပြုစုကုသပေးနေသောဆရာဝန်များ/ဆရာမများအတွက် ကြီးမားသောအခက်အခဲအဖြစ် ရင်ဆိုင်နေရသလို လူနာများအတွက်လည်း အသက်ဆုံးရှူံးသည်အထိ ရင်ဆိုင်ရတတ်ပါသည်။ မြန်မာနိုင်ငံတွင် မီးပျက်သဖြင့် သေဆုံးသွားသောလူနာ မည်မျှရှိသည်မသိပေ။

(၅) ရာဇ၀တ်မှုများ

မီးပျက်ခြင်းသည် ရာဇ၀တ်မှုကျူးလွန်သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ မီးပျက်သဖြင့် ပစ္စည်းအလုခံရခြင်း၊ အမှောင်ထဲတွင် မတရားစောကားခံရခြင်းများသည် မှုခင်းဂျာနယ်များတွင် မရိုးနိုင်အောင် ပါလေ့ရှိသောသတင်းများဖြစ်သည်။

(၅) မီးလောင်မှုနှင့် မတော်တဆမှုများ

မြန်မာနိုင်ငံတ၀န်းလုံးရှိ အကြီးအကျယ်ဆုံးရှုံးခဲ့သော မီးလောင်မှုအများစုသည် လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း၊ မီးအားမြှင့်စက်များမြှင့်တင်ထားကာ မီးပျက်ရာမှပြန်လာသဖြင့် အပူလွန်ကဲလောင်ကျွမ်းခြင်းများမှ ဖြစ်သည်ကိုလည်း မမေ့ကြဖို့လိုပါသည်။ မီးပြင်နေစဉ် မီးလာသဖြင့် ဓာတ်လိုက်သေဆုံးခြင်းများ၊ မီးပွိုင့်မီးမလာသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ၊ လမ်းမီးပျက်သွားသဖြင့် ဆိုင်ကယ်နှင့်ကား ၊ဆိုင်ကယ်အချင်းချင်း တိုက်မိကာ သေဆုံးခြင်းများလည်း နေရာအနှံ့အပြားတွင် ဖြစ်လေ့ရှိပါသည်။ မန္တလေးအပါအ၀င် နယ်များတွင် ဆိုင်ကယ်အများစုမှာ လမ်းမီးရှိလျှင် ညဖက် မီးဖွင့်မစီးကြပေ။ ရုတ်တရက် လမ်းမီးပျက်သွားလျှင်တော့ တိုက်ကြ သေဆုံးကြသည်မှာ ထုံးစံလိုဖြစ်နေပါသည်။

ထိုကဲ့သို့သော ဆိုးကျိုးများကို ဒီမိုကရေစီခေတ်၊ ပွင့်လင်းမြင်သာသောခေတ်တွင် ဘယ်သူကတာဝန်ယူမည်ဆိုသည်ကိုလည်း ယခုထက်ထိအဖြေမရသေးပါ..။ အာဏာရှင်ဆန်ဆန်.. မီးဖြတ်တယ်..။ မီးပေးတယ်..ဘာဖြစ်လဲ ... ဟုသော ပုံစံမျိုး သုံးလို့မရတော့ပါ။ နိုင်ငံတကာ Sanction ပွင့်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုကိုလိုချင်လျှင် ဌာနတိုင်းဌာနတိုင်းမှ ကိုယ့်တာဝန်ကိုယ်ယူတတ်ကြောင်းကို ကမ္ဘာကို ပြရမည်ဖြစ်သည်။

ရန်အောင်..။

Wednesday, April 4, 2012

0 မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ

မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချီ

ထွန်းဝေ၊

အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချီ ….

၂၀၁၂ ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသေ မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊

ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်းတို့ မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊ ၂၀၁၂ ယခုနှစ်တွင်လည်း ၁။ အဖွင့်တေးသံ ၂။ပြန်ကြားရေး ၃။ အထွေထွေ ၄။ NLD ကို ဂုဏ်ပြုခြင်း ၅။ အခန်းပြောင်းတေးသံ ၆။ညီညွတ်ရေး ၇။ရန်ပွဲတွေ၇ပ် ၈။ ကုန်ဈေးနှုန်း ၉။သံချပ်ဆင်ဆာ ၁၀။ ဂျပန်မှ အပြန်ခရီး ၁၁။ မဟော်သဓာ သားတရားစီရင်ခန်း ၁၂။ကမ္ဘာမကြေ စသည့် တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။

မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ ၁၅ ရက် တွင်ကျင်းပမည် ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။ မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး (ဦးမျိုး သန့်  080 5063 2509 ) နှင့် ၊ ကိုထွန်းဝေ 080 3099 1503 kotunwai@gmail.com , tunwai.jp@gmail.com တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။

ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင်

http://www.youtube.com/user/zayyar20283?feature=watch

http://www.youtube.com/user/kotunwai?feature=watch

အသံဖိုင် ဒေါင်းလော့ယူရန် …http://soundcloud.com/htay-naing/01-1

http://soundcloud.com/htay-naing/02-1

http://soundcloud.com/htay-naing/03-1

http://soundcloud.com/htay-naing/04-nld

http://soundcloud.com/htay-naing/05-1

http://soundcloud.com/htay-naing/06-1

http://soundcloud.com/htay-naing/07-1

http://soundcloud.com/htay-naing/09-1

http://soundcloud.com/htay-naing/10-1

http://soundcloud.com/htay-naing/11-1

ကျန်ရှိနေသော ဖိုင် 2ခု

http://soundcloud.com/htay-naing/12-1
http://soundcloud.com/htay-naing/11-2

0 နိုင်ငံခြားငွေလဲလှယ်နှုန်းသစ် မှောင်ခိုဈေးကွက်ကို မထိန်းချုပ်နိုင်သေး



တင်္နလာနေ့တွင် စတင်အသက်ဝင်သော နိုင်ငံခြားငွေလဲလှယ်နှုန်းစံချိန်သစ်(ကန်တစ်ဒေါ်လာလျှင် ပျမ်းမျှ၈၁၈ကျပ်)အား မှောင်ခိုဒေါ်လာဈေးသည်များမှ ဂရုမပြုပဲ ဆက်လက် ရောင်းဝယ်ဖောက်ကားလျက် ရှိကြောင်း သိရသည်။ ရန်ကုန်မြို့ တရားဝင် ငွေကြေးလဲလှယ်နှုန်းပေါက်ဈေးအား စီးပွါးရေးဘဏ်အချို့မှ တင်္နလာနေ့တွင် စာရင်းပြုစုခဲ့ရာ ဘဏ်များဘက်မှ ပျမ်းမျှကန်တစ်ဒေါ်လာလျှင် ၈၁၁ကျပ်နှင့် ဝယ်ယူခဲ့ပြီး ၈၂၅ကျပ်နှင့် ရောင်းချခဲ့ကြောင်း သိရသည်။

သို့ရာတွင် မှောင်ခိုဒေါ်လာဈေးသည်များက ဘဏ်ပိတ်ချိန် ၃နာရီ နောက်ပိုင်းတွင် ကျပ်၇၈၀ကျပ်ထိ ဈေးနှိမ်ဝယ်လျှက်ရှိကြောင်း ဆိုသည်။ အချို့ဈေးသည်များအနေနှင့် မူဝါဒသစ်အား အမှန်တကယ် မသိရှိဟု ဝန်ခံကြသော်လည်း၊ အချို့ဈေးသည်များကမူ သိလျက်နှင့် ဘဏ်ပိတ်ပြီ ဟုအော်ဟစ် ဝယ်ယူကြကြောင်း ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးက တစ်ဒေါ်လာ ၈၅၀ကျပ်နှင့် လမ်းဘေးတွင်အရောင်းအဝယ်ဖြစ်သွားကြောင်း ကြားသိရသဖြင့် သွားရောင်းရာ ထိုဈေးနှင့် မရတော့ကြောင်းပြောသဖြင့် ဒေါသထွက်ခဲ့ရကြောင်း ဆိုသည်။ ဂျာမဏီမှ အခြားခရီးသွားတစ်ဦးကမူ ဈေးနှုန်းသစ်အား သိရှိသော်လည်း ကျပ်ငွေလည်းပြတ် ဘဏ်ပိတ်ချိန် ပါဖြစ်သဖြင့် ၇၈၀နှင့်ရောင်းချခဲ့ရကြောင်း၊ ၁၀ကျပ်ပိုရဖို့ပင် နေပူထဲ ကုန်းကျော်တံတား ဖြတ်ရမည် ဖြစ်ကြောင်း အခက်အခဲအား ပြောပြသည်။

ထိုကဲ့သော အခြေအနေနှင့် အချိန်အခါအပေါ်အပါ် အမြတ်ထုတ်တတ်သူများ ကမ္ဘာနိုင်ငံအနှံ့အပြားတွင် ရှိကြသော်လည်း၊ အဆိုပါဖြစ်ရပ်များမှာ မြန်မာနိုင်ငံ၏ငွေကြေးနှင့်ရင်းနှီးမြုတ်နှံမှု ဈေးကွက် မည်၍မည်မျှ အတွေ့အကြုံနုနယ် မတည်ငြိမ်သေးကြောင်း မီးမောင်းထိုးပြသကဲ့သို့ ရှိသည်။ အချိန်အတိုင်းအတာ တစ်ခုတွင် မြန်မာ့စီးပွါးရေး ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သလို မှောင်ခိုဒေါ်လာဈေးသည်များ၏ အမြတ်အစွန်းလည်း နည်းပါးလျော့ကျလာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် လက်ရှိအချိန်အခါတွင်မူ နိုင်ငံခြားသားများ အနေဖြင့် မှောင်ခိုငွေကြေးဈေးကွက်အား ဆက်လက်အားထားနေရဦးမည့် အနေအထားဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။
Patrick Barta၏ The World Street Journal/South East Asia Real Time " ပါ Myanmar traders thumb noses at new Forex plan" အားဆီလျော်အောင် အတိုချုံးဘာသာပြန်သည်
MMCPမှ boedawgyi

0 ဗိုလ်ချုပ်ကြေးရုပ်မှာတိုင်တည်သစ္စာပြုတဲ့မဖြူဖြူသင်း



၃-၄-၂၀၁၂ နေ့လည် ၂ နာရီက မင်္ဂလာတောင်ညွန့်မှကြားဖြတ်ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော မဖြူဖြူသင်းနှင့် တောင်ညွန့်မှအဖွဲ့ဝင်လူငယ်များ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ တိုင်တည်သစ္စာပြုကာ စုဝေးပြီး မဖြူဖြူသင်းအောင်နိုင်မှု့ကိုဂုဏ်ပြုခဲ့ကြသည်။

Political Prisoner

0 မဲရှူံးပြီး မဲမှာ စိုးလို့ပါ။


အခု ဧပြီ ၁ ရက်၊ ည ၇နာရီခွဲအချိန်မှာ ဝန်ထမ်းအများဆုံးရှိတဲ့ နေပြည်တော်မှာကို ၄နေရာထဲက ရေတွက်ပြီးတဲ့ ၃နေရာလုံးမှာ NLD အနိုင်ရတော့ ဝန်ထမ်းတွေရဲ့ တာဝန်ကျေမှုနဲ့ သတ္တိကို လေးစားမိလို့ ဒီကာတွန်းလေး ရေးဖြစ်တာပါ။

ကာတွန်း။ ။ အော်ပီကျယ်

1 NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု

NLD ၏ အောင်ပွဲ နှင့် F.F.S.S ၏ ပေးဆပ်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဲစွယ်စည်းရုံးပွဲကို မတ်လ(၂၉)ရက်နေ့တွင် အနုပညာရှင်များ သည် မဲပညာပေးစည်းရုံးရေး ခရီးစဉ်နှင့် ဖျော်ဖြေရေးခရီးစဉ်တို့ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပုလဲမြို့တွင် လာရောက်ဖျော်ဖြေနေချိန်တွင် စစ်ကိုင်းတိုင်း၊ ၀င်းကုန်းရွာရှိ ပြည်သူပြည်သားအပေါင်းတို့သည် ရွာလုံးကျွတ်သွား ရောက် အားပေးကြည့်ရှု့နေစဉ် ၀င်းကုန်းရွာ တစ်ရွာလုံးနီးပါး နေ့လည် (၂း၁၅)နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့သည်။ ရွာလုံးကျွတ်မီးလောင်ကျွမ်းရာတွင် အိမ်ခြေ(၁၅၀)မီးလောင်ကျွမ်းခဲ့ပြီး ၊လူဦးရေ(၁၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာသည် အလောင်းတော်ကဿဖ တောင်ခြေတွင် တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် သောက်ရေသုံးရေအလွန်ရှားပါးသော ဒေသဖြစ်သည်။ ပုလဲမြို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ဖို့ အခက်အခဲများ အများအပြားကြုံတွေ့ခဲ့ရပြီး တစ်ရွာလုံးနီးပါး လောင်ကျွမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။

ထိုသတင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှု များအပြင် နွေရာသီ အင်္ဂလိပ်စာသင်တန်းအား ကလေးငယ်(၈၀၀)ကျော်ခန့်ကို သင်ကြားပေးနေရသော အချိန် ကာလလည်းဖြစ်နေသလို သတင်းမီဒီယာများမှလည်း ရွေးကောက်ပွဲ ကိစ္စရပ်များကိုသာ အသားပေးတင်ပြနေခြင်း ကြောင့် မတ်လ(၃၁)ရက်နေ့ မှ ရွာလုံးကျွတ်နီးပါး မီးလောင်မှုသတင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ကြားသိခဲ့ရသည်။

ထို့ကြောင့် ထိုသတင်းကို ကြားလျှင်ကြားခြင်း မတ်လ (၃၁)ရက်နေ့ ညနေ ရွှေစင်စင်္ကြာံခရီးသွား မော်တော်ယာဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ) နှင့် ဦးအောင်စိုး တို့နှစ်ဦးအား မီးဘေးကယ်ဆယ်ရေး ထောက်ပံ့အလှူငွေ သိန်း(၅၀၀၀၀၀၀ိ/-)ကျပ် (ကျပ်သိန်းငါးဆယ်တိတိ)ကို မီးဘေးဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အရေးပေါ်ဆုံးဖြတ်ချက် ချပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းသား ဒေါ်ခင်ထားထားအောင်(ပျားလီ)နှင့် ဦးအောင်စိုးတို့ နှစ်ဦးတို့သည် ပထမဦးစွာ ယင်းမာပင်မြို့ပေါ်ရှိ NLD ရုံးသို့ ဧပြီလ (၁)ရက်နေ့ နံနက်(၈း၀၀)နာရီတွင် ရောက်ရှိခဲ့ ကာ ယင်းမာပင် NLD မြို့ခံဖြစ်သူ ဒေါ်ကြည်ကြည်မာ၊ ကိုဇော်မြင့်၊ ကိုဟိန်းနေအောင်၊ ကိုကျော်လင်းအောင် ၊ ကိုထွန်းမြင့်ချို တို့အကူအညီဖြင့် ယင်းမာပင်မြို့မှ မိုင်(၃၀)အကွာတောင်ခြေတွင်ရှိသော ၀င်းကုန်းရွာသို့ ဆိုင်ကယ် များဖြင့် သွားရောက်ခဲ့ရာ နေ့လည် (၁၁း၀၀)နာရီ အချိန်တွင် ၀င်းကုန်းရွာ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။ထို ၀င်းကုန်းရွာရှိ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူကို တည်ထားကိုးကွယ် ထားရှိသည်။ ၀င်းကုန်းရွာ တစ်ရွာလုံး မီးလောင်ကျွမ်းခဲ့ သော်လည်း သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်းသာ မီးဘေးမသင့်ခဲ့ခြင်းသည် သီရိလင်္ကာဗုဒ္ဓမြတ်စွယ်တော်၏ တန်ခိုးတော်ကြောင့်လားတော့မသိချေ။ ယင်း သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မီးဘေးဒုက္ခသည် လူဦးရေ (၁၀၀၀)အား ကူညီစောင့်ရှောက်ကျွေးမွေးကာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည်။ ဆရာတော်ကြီးအား ဦးတိုက်ကာ မီးဘေးသင့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် အလှူငွေ (၃၀၀၀၀ိ/-)ကျပ်လှူဒါန်းခဲ့ကာ သီရိမင်္ဂလာဘုန်းတော်ကျောင်းတိုက် ဆရာတော်အား အလှူငွေ (၅၀၀၀၀၀ိ/-)ကျပ် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အစိုးရရုံးပိတ်ရက်များ နှင့် ယခုကဲ့သို့ မဲဆန္ဒပေးပွဲ နေ့ရက်များပါမကျန် မြန်မာပြည်သူလူထုတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ရန်သူမျိုးငါးပါးဒဏ်ကို ခံစားရသော ဒုက္ခသည်များအား မိမိတို့နိုင်သလောက် လူစွမ်းအား၊ ငွေအင်အား တို့နှင့်တကွ ဗြဟ္မာစိုတရားလေးပါး ကိုလက်ကိုင်ပြုကာ အစဉ်ထာဝရ ပေးဆပ်နေဆဲပင်ဖြစ်တော့သည်။ အချုပ်ဆိုရသော် ဧပြီလ (၁)ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အောင်ပွဲခံသည့်နေ့ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) (F.F.S.S)၏ ပေးဆပ်မှုနေ့တစ်ရက် ဆိုလျှင်လည်းမမှားချေ။

ကိုကျော်သူ

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးလိုက်ရသူများနှင့် မဲထပ်မံပေးချင်သူများအတွက်


ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးပါပြီ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်လို့ ရပါသေးတယ် တဲ့။ ဟုတ်ပါတယ်၊ ဒီလို မဲပေးဖို့အတွက် အွန်လိုင်းပေါ်တော့ တက်ရပါမယ်။

TIME မဂ္ဂဇင်းအွန်လိုင်းက ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ လုပ်နေပါတယ်။


ရွေးချယ်ရမယ့် လူစာရင်းကို http://www.time.com/time/specials/packages/completelist/0,29569,210... မှာ ကြည့်ပါ။


အမေစုဆီမဲပေးချင်တယ်ဆိုရင်တော့ http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2109619,00.html Definitelyပြီးရင်submmitပေါ့

စာရင်း အောက်ဆုံးကနေ ရေတွက်ရင် ၁၃ ဦးမြောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက် ၁၀ ဦးမြောက် ပုဂ္ဂိုလ်ကတော့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖြစ်ပါတယ်။ သမ္မတကြီးက မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ဗ် ဖြစ်နိုင်မလားလို့ မိတ်ဆက်စာမှာ ရေးထားပါတယ်။
အခုဆိုရင်အမေစုဟာ နံပါတ်၁၂ နေရာကိုရောက်လာပါပြီ..အမှတ်စာရင်းတရိပ်ရိပ်တက် နေပေမယ့်လေဒီဂါဂါကိုကျော်ဖို့မဲ၂၀၀၀လောက်လိုနေပါသေးတယ်..အားပေးလိုက်ကြပါအုံး

ဦးသိန်းစိန်ရဲ့ အယောက် ၂၀ လောက် အကွာမှာတော့ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်တို့ လင်မယား ကို တွေ့ရမှာပါ။

TIME မဂ္ဂဇင်းက အဆိုပြုစာရင်းမှာ ရွေးချယ်စရာ ၂၀၀ ရှိပါတယ်။

လာမယ့် သောကြာနေ့ မတ်လ(၆)ရက်နေ့မဲရုံပိတ်ပါမယ် တဲ့။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ကို ကမ္ဘာတလွှား TIME မဂ္ဂဇင်း ပရိသတ်က ဘယ်လို သဘောထားလဲ၊ မဲပေးထားသလဲ ဆိုတာ ပိုတွေ့ရမှာပါ။

လက်ရှိ မဲပေးဆဲကာလမှာလည်း ရလဒ်တွေ သိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့သြဇာရှိပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူ
24859ဦး ရှိပြီး မသတ်မှတ်သူ1245 ဦး ရှိနေပါတယ်။

ဒီတော့ ထောက်ခံမဲ ပေးနိုင်သလို ကန့်ကွက်မဲလည်း ပေးနိုင်တယ် ဆိုတော့ ကမ္ဘာတလွှား စာဖတ်သူတွေအတွက် ပျော်ပျော်ကြီး မဲပေးနိုင်ပြီပေါ့။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။


0 ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်အကြိမ်ကြိမ် ပြောခဲ့



“၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ် ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထုကပိုပြီး မကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီမီးစက်...သံတွေ ကြားရဖန်များတော့ လူက ရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်တာတွေကို ပြောကြပါ။

လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက် ရပါတယ်။ နောက်တစ်ခုက ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီးပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ရောင်းချရတာက ဘယ်လိုဘယ်လို။ တကယ်တန်း လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ်တွေရောက်သွားလဲ ဆိုတာ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ်ဖွင့်လို့တောင် မရတော့ဘူး”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်(ခ)ဇေယျာသော်အား GW(မျိုးဆက်သစ်လူငယ်များ)မှဝမ်းမြောက်ဂုဏ်ပြု



Dear Our Beloved People

We congratulate to NLD party and our Co-founder
Zay Yar Thaw for their victory on April 1 at the
by election.Please kindly see in attached file for
details information.

Moethway
Executive Committee
External Affairs
Generation Wave

Tuesday, April 3, 2012

0 နေပြည်တော်က လူထု အခက်အခဲ NLD အမတ်တွေ ဘယ်လိုဖြေရှင်းပေးမလဲ


နေပြည်တော်၊ ဧပြီ ၂၊ ၂၀၁၂ (YPI)
ချစ်ဦးမောင်ရေးသားသည်။

နိုင်ငံရေးကို ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ဆိုင်ကယ်ကယ်ရီသမား ကိုဌေးဟာ ယမန့်နေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ချိန်က လယ်သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ အသက် ၄၀ အရွယ် ကိုဌေး ဟာ သူ့မြို့နယ်ဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီကို မဲမပေးဘဲ NLD ကို ရွေးပြီး မဲထည့်ခဲ့ရတာကတော့ “NLD က ကျနော်တို့တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးမယ်၊ ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ပါ” လို့ သူက ပြောပြတယ်။

ကိုဌေးပြောတဲ့ ရပိုင်ခွင့်ဆိုတဲ့အထဲမှာ သူဆုံးရှုံးခဲ့ရတဲ့ လယ်ဧက ၅ ဧကအတွက် လျော်ကြေးငွေ ရရှိရေး လည်း ပါဝင်ပါတယ်။ ကိုဌေးနဲ့ သူ့ရွာထဲက လယ်သမား ၇၀ ကျော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူတို့ရဲ့ လယ်ယာမြေတွေကို အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လယ်သမား အယောက် ၃၀ လောက်က လျော်ကြေးရကြပြီဖြစ်ပေမယ့် ကိုဌေးအပါအ၀င် ရွာသား ၄၀ ကျော်မှာ အခုထိ လျော်ကြေးငွေ မရကြသေးဘူးလို့ ကိုဌေးက ပြောပြပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ မကြာခဏ ကြားရတတ်တဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ပြဿနာမျိုးတွေကို အစိုးရရုံးစိုက်ရာ မြို့တော်နေပြည်တော်တခွင်မှာလည်း သွားလေရာ စကားစပ်မိတိုင်း ကြားကြားနေရပါတယ်။

နေပြည်တော်က သီရိလေးမြို့နယ်လို့ ဆိုနိုင်တဲ့ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ဗသီရိနဲ့ ဥတ္တရသီရိ လေးမြို့နယ်တို့မှာ ရှိတဲ့ ဒေသခံအများစုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဖွင့်စရာတွေ အပုံအပင်ရှိနေကြပါတယ်။

၂၀၀၆ မှာ လယ်ယာပိုင်ဆိုင်ခဲ့သူတချို့ ခြောက်နှစ်အကြာ ၂၀၁၂ မှာ လယ်မဲ့ယာမဲ့ဖြစ်ပြီး တချို့ ဆိုင်ကယ် ကယ်ရီဆွဲသူဆွဲ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တတ်ကျွမ်းသည့် အလုပ်လုပ်သူလုပ်နဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေဟာလည်း ပြောင်းလဲသွားခဲ့ရပြီဖြစ်ပါတယ်။

ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင် စားသောက်လာခဲ့တဲ့ ဒေသခံတွေမှာ နေပြည်တော် တည်ဆောက်ရေး စီမံကိန်း စတင်ကတည်းက သူတို့ရဲ့ လယ်ယာမြေများစွာကို ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဆက်လက် ဆုံးရှုံးရဦးမှာကို ဒေသခံရွာသားတွေက စိုးရိမ်နေကြပါတယ်။

“နေပြည်တော်ကြီးဖြစ်လာတာကိုက မြေယာဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး” လို့ NLD အဖွဲ့ဝင် တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

နေပြည်တော် စတည်တုန်းကတော့ စစ်အစိုးရက မြန်မာပြည်အလယ်ပိုင်းမှာ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင် ရှင်းလင်းပြီး မြို့တော်သစ်ကို တည်နေတာလို့ပဲ အများစုက ထင်မှတ်ခဲ့ကြပါတယ်။

သို့သော် “နောက်ပိုင်း မီဒီယာတွေက ဖော်ထုတ်ကြတော့မှ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကို ဖယ်ရှားပြီး (နေပြည်တော်ကို) တည်တယ်ဆိုတာ သိလာရတာ” လို့ နေပြည်တော်မှာရှိတဲ့ NLD အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လာရောက်ပို့ချ သင်တန်းပေးခဲ့တဲ့ NLD အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ပြောပြပါတယ်။

နေပြည်တော် စီမံကိန်းအတွက် မိမိတို့ ရပ်ရွာက ဖယ်ရှားပေးလိုက်ကြရတဲ့၊ မိမိတို့ လယ်ယာတွေကို စွန့်လွှတ်လိုက်ရတဲ့ ဒေသခံတွေမှာ ထိုက်သင့်တဲ့ ငွေကြေးပမာဏ မရရှိသူ အမြောက်အများရှိသလို ကိုဌေးတို့လို အခုထိလျော်ကြေး တစ်စုံတစ်ရာ မရသေးတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဒေသခံတွေ မျှော်လင့်တာက သူတို့တတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲ၊ လယ်ယာလုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်းလုပ်စားခွင့် ဆုံးရှုံးတဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း ပါဝင်တယ် ဒေသခံတွေက ပြောကြပါတယ်။

သီရိလေးမြို့နယ်မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ကလည်း ဒေသခံတွေနဲ့ သူတို့တွေ့တဲ့အခါမှာ လယ်ယာတွေ အသိမ်းခံရတဲ့ ပြဿနာတွေ၊ လျော်ကြေးငွေ ထိုက်ထိုက် တန်တန်မရတဲ့ ပြဿနာတွေ၊ တချို့ ဘာလျော်ကြေးမှ မရတဲ့ ပြဿနာတွေကို ဒေသခံတွေ ဆီကကြား ကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း လွှတ်တော်ထဲရောက်တဲ့အခါ ဒီအရေးဟာ ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမယ့် အရေးဖြစ်နေ တယ်လို့ သူတို့တွေက ပြောကြပါတယ်။

ဒကိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဦးမောင်ရှိန်ကို မဲအရေအတွက် သုံးထောင်ကျော် အသာစီးနဲ့ အနိုင်ရရှိသွားတဲ့ NLD လွှတ်တော်အမတ် ဦးနိုင်ငံလင်းကဆိုရင် “ဒက္ခိဏသီရိမဲဆန္ဒနယ်မှာ NLD အမတ်အနိုင်ရရှိ သတင်းက ကိုနိုင်ငံလင်းပြောတဲ့ လယ်ယာကိစ္စ၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေပြင်မယ်ဆိုတဲ့ဟာကို ထည့်ပေးပါရန်” လို့ သူကြိမ်းသေပေါက် အနိုင်ရရှိသွား ပြီဆိုတာ သိပြီးတဲ့လျင်သိပြီးချင်း အဲဒီမြို့နယ်က ရွေးကောက်ပွဲကော်မရှင် ရုံးရှေ့မှာ YPI ကို ပြောသွားခဲ့ပါတယ်။

သို့ပေမဲ့ အဆိုပါပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအတွက် ဥပဒေတွေ အဆိုပြုရာမှာ ကော၊ အသက်သွင်းရာမှာပါ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါတယ်။

NLD အနေနဲ့ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အောက်ခြေမှာဖြစ်ပျက်နေတာတွေကို စာရင်းပြုစုပြီး လွှတ်တော်အထဲက ပြောရေးဆိုခွင့်ရှိသူတွေ ဆွေးနွေးလို့ရအောင် တင်ပြပေးသွားမှာဖြစ်တယ်လို့ NLD တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရတာတွေရှိသလို မရတာတွေလည်းရှိလိမ့်မယ်လို့ ဒေါ်စန်းစန်းမြင့်က မှန်းဆထားပါတယ်။

“နှေးတော့ နှေးနိုင်တယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်တယ်။ နောင် မတရားသိမ်းပိုက်နေတာတွေ ရပ်သွားလိမ့်မယ်” လို့လည်း ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ဘယ်လိုပဲ လွှတ်တော်ထဲမှာ အဟန့်အတားတွေနဲ့ ကြုံနေရ ကြုံနေရ NLD က လွှတ်တော်ထဲကနေ ဒေသခံတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက် ဒီရေတက်နေသူတွေ အများအပြားရှိနေသလို ဥတရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်က ကိုဆန်းဝင်းတို့လို အဲဒီအချက်ပေါ်မှာ သံသယရှိနေသူတွေလည်း အများအပြားရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေ လွှတ်တော်ထဲရောက်သွားပေမဲ့ အောက်ခြေက လူတွေအတွက် သိပ်ပြီး မျှော်လင့်စရာမရှိမှာကို သူကိုယ်တိုင် လယ်ယာမြေ အသိမ်းခံခဲ့ရဖူးတဲ့ ကိုဆန်းဝင်းက တွေးပူတယ်လို့ဆိုပါတယ်။

ဘာလို့ အဲသလို တွေးပူနေရတာလဲဆိုတော့ “အထက်က ဘယ်လိုပဲ ကြပ်မတ်၊ ကြပ်မတ်၊ အထက်က ဘယ်လိုပဲ မူဝါဒ ကောင်းတာတွေ ချမှတ်၊ ချမှတ် အောက်ခြေက မလိုက်နာ၊ မနာခံရင် အလကားပဲလေ။ ဖြစ်ချင်တိုင်း ဆက်ဖြစ်ဦးနေဦးမှာပဲ” လို့ ကိုဆန်းဝင်းက သူ့အနေနဲ့ ပူပင်ရတဲ့အကြောင်းကို ပြောပြတယ်။

အထက်က ချမှတ်လိုက်တဲ့ မူဝါဒတွေကို အောက်ခြေမှာ အကောင်အထည်ဖော်မှုအားနဲ့အတွက် ဘယ်လိုအခြေအနေမျိုး ကြုံရနိုင်သလဲဆိုတော့ ကိုဆန်းဝင်းက သူမှန်းဆထားတာလေးကို အခုလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ပြောပြခဲ့ပါတယ်။

“အောက်ခြေမှာ အကောင်အထည် လိုက်မဖော်လို့ကတော့ ကျနော်တို့ ဘ၀က ကျီးလန့်စာစားဟာ ကျီးလန့်စာစားပဲ။ တုံးအောက်က ဖားဟာ တုံးအောက်က ဖားပဲ ဆက်ဖြစ်နေဦးမှာပဲဗျ”။ ။

Monday, April 2, 2012

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထားပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမရှိသေးသဖြင့် မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။ အဆိုပါမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ ဦးစိ...ုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်တို့ဖြစ်ကြသည်။ ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊ မိုင်းရယ်သုံးမြို့နယ်ပေါင်းတွင် မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်မကိုက်ညီသော ကြိုတင်မဲ ကိုးရာကျော်ကို ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်းတွင် ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။ ယမန်နေ့ ည ၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။ တဆက်တည်းပင် ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင် ၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။ သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရောက်ရှိလာသော စာရင်းများအရ တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃ မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃ မဲရရှိခဲ့သဖြင့် စုစုပေါင်း ၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။
NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့် ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ယမန့်နေ့ည ၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက ၃၉၆၆ မဲသာရရှိပြီး ကွမ်းလုံမြို့နယ်တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။
သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော မဲများမှာ လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ ၂၀ ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉ ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ ရောက်ရှိလာမည့် မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီမှာလည်း ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမားစွာမရှိသည့်အတွက် ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။ အဆိုပါကျေးရွာများမှ မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့် အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်းကိန်ဖောင်းတစ်တို့ မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင် အကြမ်းဖျင်းခန့်မှန်းနိုင် ကောင်းလိမ့်မည်ဖြစ်သော်လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စားကြရဦးမည်ဖြစ်သည်ဟု သိရသည်။

7Day News Journal

3 ““သူရဲကောင်းလေးဦးနှင့် နေပြည်တော်””


ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ။
ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း။
ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း။

ဘာပဲပြောပြော... ဒီလူလေးဦးကိုတော့ လေးစားသွားပါပြီ။ အင်မတိအင်မတန် ခက်ခဲလွန်းတဲ့ အစိုးရမင်းတို့ဌာနီကို အနိုင်ယူခဲ့ကြတယ်။ မမျှော်မှန်းရဲတဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ကြတယ်။ အများက မရနိုင်ဘူးလို့ ထင်ထားတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့ကြတယ်။ ပုဂံခေတ်က စစ်သည်လေးသိန်းအားနဲ့ ညီမျှတဲ့ ရာဇ၀င် သူရဲကောင်းလေးဦးကို သတိရမိပါတယ်။ ကျနော်ရိုက်လာခဲ့တဲ့ သူတို့ပုံလေးပုံနဲ့တကွ ဂုဏ်ပြုလိုက်ပါတယ်။

နေပြည်တော် ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများ၏ ဆန္ဒမဲ ရလဒ်များ

ဇမ္ဗူသီရိ မြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၃၂၆၁ ဦး
မဲပေးသူ - ၄၂၇၂၂ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးဝင်းဌေး ) - ၁၇၇၉၆ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဒေါ် စန္ဒာမင်း ) - ၂၃၂၈၅ မဲ

ဒက္ခိဏ သီရိမြို့ နယ်
...
မဲဆန္ဒရှင်ဦးရေ - ၁၆၉၃၁ ဦး
မဲပေးသူ - ၁၂၇၀၈ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးမောင်ရှိန် ) - ၄၂၄၅ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးနိုင်ငံလင်း ) - ၇၄၉၁ မဲ

ဥတ္တရသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၃၇၈၇၈ ဦး
မဲပေးသူ - ၂၇၆၈၃ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးလှသိန်းဆွေ ) - ၉၀၉၂ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ( ဦးမင်းသူ ) - ၁၅၁၇၈ မဲ
တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ ( ဦးကြည်မြင့် ) - ၁၂၄၂ မဲ

ပုဗ္ဗသီရိမြို့ နယ်

မဲဆန္ဒရှင်ဦးရေ - ၅၆၉၄၁ ဦး
မဲပေးသူ - ၄၆၂၅၁ ဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ဦးသာဌေး ) - ၁၉၁၇၀ မဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ( ဦးဖြိုးဇေယျာသော် ) - ၂၃၆၅၁ မဲ
တစ်သီးပုဂ္ဂလ ( ဦးမြင့်လွင်သန်း ) - ၅၅၇ မဲ


ဓာတ်ပုံ-ဥက္ကာကိုကို -

0 အောင်ပွဲခံ ခွပ်ဒေါင်းနီ NLD နှင့် ပြည်သူများ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်မှာ ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်းများကို ရုံးချုပ်ရှေ့LED ဆိုင်းဘုတ်ဖြင့် အနိုင် အရှုံးကြေညာနေရာ နှစ် ၂၀ ကြာ အောင်ပွဲကို မျှော်လင့် နေကြသည့် ပြည်သူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ သောင်းသောင်း ဖျဖျ လာရောက်ကြည့်ရှု အားပေးနေကြတာ ဖြစ်ပါသည်။

မနက် ၁၂ နာရီ ၄၅ မိနစ် လမ်းထောင့်တွင် ဟစ်ကြွေးနေသူ လူငယ်များအား NLD ပါတီ အဖွဲ့သားများမှ အမေစု၏ သတိပေးလက်ကမ်းစာစောင်များအား လိုက်လံဝေငှပြီး အိမ်ပြန်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အမေစုကို ချစ်ရင်ပြန်ကြမယ်၊ သိက္ခာရှိရှိ အောင်ပွဲခံကြမယ် လို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်တွန်းရင်း ပြန်သွားကြပါတယ်။ အချို့ကလည်း ကြောက်လို့ပြန်တာ မဟုတ်ဘူး၊ အမေစုကိုချစ်လို့ ပြန်တာ လို့ ဟစ်ကြွေးပြီး ပြန်သွားကြပါတယ်။ အားလုံးပြ...န်သွားပြီးတဲ့နောက် လမ်းမပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများကို လက်ကမ်းစာစောင်ဝေခဲ့သူ သုံးဦးမှ လိုက်လံကောက်ယူ ရှင်းလင်းပေးနေသည်ကို လေးစားဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အခုလို ထိန်းသိမ်းပေးသော အမေစုနှင့် NLD ပါတီမှ အဖွဲ့သားများ၏ နိုင်ငံကြီးသားပီသသော လုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အတွက် အလွန် ကျေနပ်ပီတိဖြစ်မိပါသည်။ (dnyein lin)
Burma vj media network

1 ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၁၄ ဦးသာ မဲပေးခွင့်ရ


မြန်မာပြည်တွင်းမှာကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသူ/သား ၃၁၄ ဦးသာ မဲပေးခွင့်ရကြောင်းသိရသည်။ ဂျပန်တွင် မြန်မာနိုင်ငံသူ/သား ၇,၈၉၂ ဦးရှိသော်လည်း အများစုမှာ မဲပေးခွင့်မရကြပေ။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးမှ သံမှူးဦးကောင်းစံလွင်က “ကျနော်ဒီမှာ(ဂျပန်မှာ)ရောက်ရှိနေတဲ့ မြန်မာတွေထဲက ကျနော်တို့နဲ့ဆက်သွယ်ထားတဲ့လူတွေ၊ သူတို့နဲ့အကျုံးဝင်တဲ့မြို့နယ်တွေပါတဲ့သူတွေဆီကို ကျနော်တို့က ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့အကြောင်းကြားပါတယ်။ အားလုံးပေါင်း ၃၁၄ ယောက်ပါ။ သူတို့ကလည်း မဲပေးမယ်လို့အကြောင်းပြန်လာတဲ့အတွက် ကျနော်တို့က ကြိုတင်မဲပေးနိုင်တဲ့ ပုံစံ ၁၅ ဆိုတာကို ပြန်ပို့ပေးပါတယ်။ ဒါတွေကို ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံပို့ပေးပါတယ်။ ဒါကြောင့် မဲပေးခွင့်ရတာပါ။ ကျန်တဲ့လူတွေ၊ ဒီမှာရောက်ရှိနေပေမယ့် ကျနော်တို့ဆီကို မဆက်သွယ်တဲ့လူတွေ၊အသိပေးအကြောင်း မကြားတဲ့လူတွေ ကိုတော့ ကျနော်တို့က လိပ်စာလည်းမသိတဲ့အတွက် ဘာမှဆောင်ရွက်ပေးနိုင်ခွင့်မရဘူးဖြစ်နေပါတယ်ဟု” ယခုလိုဖြေကြားသွားခဲ့သည်။

ယနေ့ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မိမိတို့နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ ကို ဆန္ဒမဲပေးခွင့်ရဖို့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာကျော်ခန့် မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်များ ကိုင်ဆောင်ကာ မဲပေးဖို့ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ဦးမှ မရရှိခဲ့ကြပေ။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဆန္ဒမဲပေးဖို့လာသူတစ်ဦးမှဆိုသည်။ မဲပေးခွင့်ရသူ ၃၁၄ ဦး၏ ကြိုတင်မဲကို မြန်မာသံရုံးမှ မတ်လ ၁၈ ရက်နေ့တွင်ကောက်ယူခဲ့သည်ဟု သိရသည်။

သတင်း။ ။ မောင်ရှင်
Video..maungwto

Sunday, April 1, 2012

0 ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်


အောင်ပွဲရတဲ့နေ့မှာဘဲ အများပြည်သူတွေကို NLDအောင်ပွဲဆိုပြီးတော့ လုပ်မပေးဖို့ ၊လုပ်မပေးဖို့ဆိုတာ မလုပ်စေချင်လို့မဟုတ်ပါဘူး ပထမဦးဆုံး ဒီမိုကရေစီရဲ့ အောင်မြင်တဲ့ခြေလှမ်းတလှမ်းပါ.. အများပြည်သူရဲ့လက်ညိုးအထိုးကို မခံချင်လို့ပါ.အများပြည်သူဆိုတာ ကိုယ့်ကိုမလိုတဲ့သူတွေ ရှိပါတယ်.အဲဒီလို ကိုယ့်ကိုမလိုတဲ့အဖွဲ့အစည်းက NLDမင်းတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှုဆိုတာ ဒီလို ဆူဆူပူပူလားကွလို့ အပြောခံရမှာကြောက်တဲ့အတွက် အပြောခံရမှာကို ကြိုတင်စိုးရိမ်တဲ့အတွက် အောင်ပွဲရလာခဲ့ရင် အောင်ပွဲကို ဟိုတယ်တခုမှာသို့မဟုတ်စားသောက်ဆိုင်တခုမှာ သို့မဟုတ် အထင်ကရနေရာတခုမှာ ထင်ထင်ရှားရှားမလုပ်ဖို့ ကျနော်က NLDဘက်က အားပေးတဲ့သူတယောက်အနေနဲ့အကြံပြုချင်ပါတယ်.

အဲင်္ဒိလိုလုပ်လိုက်လို့ရှိရင် မတော်တဆအမှားဖြစ်သွားခဲ့ရင်၊ လူငယ်ဆိုတာအမှား ဖြစ်တတ်ပါတယ်. လူငယ်တွေရဲ့မတော်တဆအမှားဖြစ်သွားခဲ့ရင် တမင်လုပ်တဲ့အမှားလို့ထင်သွားမှာကြောက်လို့ပါ.ဆိုကြပါစို့ ဘောလုံးပွဲတခုမှာ၂ဘက်အသင်းမှာ တဘက်ကနိုင်သွားခဲ့ရင်တို့နိုင်ပြီလို့ ကြွေးကြော်လို့ရပေမဲ့ ဒီဥစ္စာကတော့ နိုင်ငံတော်ရဲ့အရေးဖြစ်နေတဲ့အတွက် ပြဿနာအဖြစ်မခံနိုင်ပါဘူး..

နိုင်ငံတော်ရဲ့အရေးဖြစ်တဲ့အတွက် ပြဿနာလုံးဝမတက်စေချင်လို့ ..နိုင်တယ်ဆိုတာအောင်ပွဲဖြစ်ပြီးသွားပါပြီ နိုင်တယ်ဆိုတည်းက အောင်ပြီးသွားပါပြီ ထူးပြီးအောင်ပွဲလုပ်စရာမလိုတော့ပါဘူး.

2 မဲဆန္ဒနယ်မြေများတွင်အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုပါသည်



Photoဖန်တီးရှင် Linn Yaung အားကျေးဇူးတင်ရှိပါသည်..

0 နံနက်(၆)နာရီ မရမ်းကုန်းမြို့နယ် မဲရုံ(၂)တွင် မဲပေးနေစဉ်


မရမ်းကုန်းမြို့နယ် မဲရုံအမှတ်(၂) နံနက်(၆)နာရီ တွင် မဲစာရင်းအားသေချာစီစစ်၍ မပါသော မဲစာရင်းဝင်မိသားစုများ အတွက် ပြန်လည်ထည့်သွင်းရန်တောင်းဆိုခဲ့ပြီး၊ မဲထည့်ခွင့်မရသော ပြည်ပနိုင်ငံရောက်နေသောသားနှင့်သမီးတို့၏ အမည်စာရင်းအား မဲစာရင်းတွင် "ပယ်ဖျက်" ဟူသော
တရားဝင်ရေးသားချက်အား မျက်စိရှေ့မှောက်တွင် မဲရုံဝန်ထမ်းများအားရေးသားခိုင်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန္ဒမဲထည့်ခဲ့ပါကြောင်း . .

ကိုကျော်သူ

1 ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်








photo..AP,gettyimages

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.