Monday, April 2, 2012

1 ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၁၄ ဦးသာ မဲပေးခွင့်ရ


မြန်မာပြည်တွင်းမှာကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသူ/သား ၃၁၄ ဦးသာ မဲပေးခွင့်ရကြောင်းသိရသည်။ ဂျပန်တွင် မြန်မာနိုင်ငံသူ/သား ၇,၈၉၂ ဦးရှိသော်လည်း အများစုမှာ မဲပေးခွင့်မရကြပေ။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးမှ သံမှူးဦးကောင်းစံလွင်က “ကျနော်ဒီမှာ(ဂျပန်မှာ)ရောက်ရှိနေတဲ့ မြန်မာတွေထဲက ကျနော်တို့နဲ့ဆက်သွယ်ထားတဲ့လူတွေ၊ သူတို့နဲ့အကျုံးဝင်တဲ့မြို့နယ်တွေပါတဲ့သူတွေဆီကို ကျနော်တို့က ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့အကြောင်းကြားပါတယ်။ အားလုံးပေါင်း ၃၁၄ ယောက်ပါ။ သူတို့ကလည်း မဲပေးမယ်လို့အကြောင်းပြန်လာတဲ့အတွက် ကျနော်တို့က ကြိုတင်မဲပေးနိုင်တဲ့ ပုံစံ ၁၅ ဆိုတာကို ပြန်ပို့ပေးပါတယ်။ ဒါတွေကို ကျနော်တို့က ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံပို့ပေးပါတယ်။ ဒါကြောင့် မဲပေးခွင့်ရတာပါ။ ကျန်တဲ့လူတွေ၊ ဒီမှာရောက်ရှိနေပေမယ့် ကျနော်တို့ဆီကို မဆက်သွယ်တဲ့လူတွေ၊အသိပေးအကြောင်း မကြားတဲ့လူတွေ ကိုတော့ ကျနော်တို့က လိပ်စာလည်းမသိတဲ့အတွက် ဘာမှဆောင်ရွက်ပေးနိုင်ခွင့်မရဘူးဖြစ်နေပါတယ်ဟု” ယခုလိုဖြေကြားသွားခဲ့သည်။

ယနေ့ကျင်းပနေသည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မိမိတို့နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ ကို ဆန္ဒမဲပေးခွင့်ရဖို့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာကျော်ခန့် မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်များ ကိုင်ဆောင်ကာ မဲပေးဖို့ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ဦးမှ မရရှိခဲ့ကြပေ။ အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဆန္ဒမဲပေးဖို့လာသူတစ်ဦးမှဆိုသည်။ မဲပေးခွင့်ရသူ ၃၁၄ ဦး၏ ကြိုတင်မဲကို မြန်မာသံရုံးမှ မတ်လ ၁၈ ရက်နေ့တွင်ကောက်ယူခဲ့သည်ဟု သိရသည်။

သတင်း။ ။ မောင်ရှင်
Video..maungwto

1 comment:

  1. ဒေါင်းမာန်ဟုန်ခင်ဗျား
    ဒီဆိုဒ်မှာဂျပန်သံ၇ုံးအကြောင်းဖတ်၇လို.ေ၇းလိုက်တာခင်ဗျား။
    ဂျပန်သံ၇ုံးကသံအမတ်ကတော်သေးတယ်လို.ဆို၇မလိုဖြစ်နေပြီ။နယူးယောက်
    ကောင်စစ်ဝန်၇ုံးကတော.တော်တော်ပိုက်ဆံ၇ှာသောင်းကျန်းတယ်လို.ဆို၇မလား၊
    ဖြစ်ပုံက၊ကျနော်အမျိုးသမ္မီးပတ်စပို.သက်တန်းသွားတိုးတော.၊ပတ်စပို.ဖိုးဒေါ်လာ
    ၁၀၀ အပြင်၊နောက်ထပ်ဒေါ်လာ၈၀၀ စဘော်ဆောင်ခိုင်းတယ်။အကြောင်းက
    တော.ကျနော်ကအမေ၇ိကန်နိုင်ငံသားခံထားတာကြောင်.၊ကျနော်.အမျိုးသမ္မီးက
    မြန်မာပတ်စပို.ကိုင်ထားတဲ.၊မြန်မာနိုင်ငံသားပေမဲ.၊မြန်မာပြည်ပြန်၇င်၊အမေ၇ိက
    ကိုပြန်မလာမှာစိုးတာကြောင်.လေယာဉ်လက်မှတ်ဘိုးစဘော်ပေး၇မယ်၊တကယ်
    လို.ပေး၇င်လည်း၊အမေ၇ိက၊ကိုပြန်လာယင်ပြန်မပေးဘဲ၊ကျနော်.အမျိုးသမ္မီးက
    မြန်မာနိုင်ငံသားအဖြစ်ဆက်၇ှိနေပြီး၊ကျနော်နဲ.တ၇ားဝင်ကွာ၇ှင်းစာပြနိုင်မှသာ
    လျှင်၊ပေးထားတဲ.ပိုက်ဆံကိုပြန်ပေးမယ်ဆိုဘဲ။အဲတာသူတို.နိုင်ငံခြားေ၇းဌါန၇ဲ.
    ပေါ်လစီဆိုဘဲ။တကယ်၇ှိ၇ဲ.လားတော.မသိဘူး၊မြန်မာပတ်စပို.ကိုင်ထားတဲ.မြန်
    မာနိုင်ငံသားကမြန်မာပြည်ပြန်ဖို.စပေါ်ငွေဆောင်၇မှာ၇ှာ၇ှာဖွေဖွေအခုမှကြားဘူး
    တယ်၊အဲဒါအပြင်အဲဒီစပေါ်ငွေပြန်၇ဖို.၊လင်မယားက၊ကွာ၇ှင်းပေး၇မဲ.ကိန်းဆိုက်
    နေတယ်။မလုပ်ဘူးဆိုတော.လည်းပတ်စပို.သက်တန်းတိုးဖို.ပေးထားတဲ.ဒေါ်လာ
    ၁၀၀ ကိုတော်တော်ပြန်တောင်းယူ၇တယ်။

    စောလင်း
    နယူးယောက်

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.