Sunday, April 1, 2012

0 နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်း

ကျွန်တော်သည် အမှတ်(၅၃၈) ရွှေဝါထွန်းလမ်း (၆၈) ရပ်ကွက်ဒဂုံဆိပ်ကမ်းတွင် သန်းခေါင်စာရင်းဖြင့် ၂၀၀၈ ခုနှစ်မှ စတင်နေထိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မဲစာရင်းအမည် ပါရှိခဲ့ပါသည်။

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျွန်တော် အပါအဝင် မိသားစုဝင် ၅ ဦးစလုံး မဲစာရင်းတွင်ထည့်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဖြစ်ရခြင်းကို မေးမြန်းစုံစမ်းရာတွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ တို့မှ မဲပေးခွင့်ရှိသော မိသားစုစာရင်းများကို လိုက်လံ ကောက်ခံခဲ့ကြသော်လည်း ရပ်ကျေး ကော်မရှင်မှ ကောက်ခံခဲ့ခြင်း မရှိခဲ့ပါ။ ယူထားသောစာရင်းများမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပေးထားသော စာရင်းများသာဖြစ်ပါသည်ဟု ရပ်ကျေးကော်မရှင် ဥက္ကဌမှ ပြောပြခဲ့ပါသည်။၎င်းကိုယ်တိုင်ကလည်း ထိုစာရင်းကို မစီစစ်ကြောင်း သိရှိခဲ့ပါသည်။

ရပ်ကွက် NLD ရုံးတွင် ထိုကိစ္စအား အသိပေးပြောကြားရာ ဝယ်မိမိတို့ မိသားစုဝင် ၅ဦး အပါအဝင် ရပ်ကွက် အတွင်းရှိ လူပေါင်း ၁၇၀ ဦး မဲစာရင်းတွင် မပါရှိကြောင်းကို NLD ရပ်ကွက် တာဝန်ခံက ပြောပြခဲ့ပြီး ၄င်းတို့ အနေဖြင့်လည်း ထိုကိစ္စ အား သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြထားကြောင်းကို ပြောကြားခဲ့ပါသည်။

လူနေသိပ်သည်းမှု မရှိသော (၆၈) ရပ်ကွက် အတွင်း လူပေါင်း ၁၇၀ ဦး မဲစာရင်းတွင် မပါရှိကြခြင်း အဖြစ်မှာ အလွန်မင်း စိတ်ပျက်ဖွယ်ရာ ဖြစ်လှ ပါသည်။ မိမိတို့ မိသားစု အပါအဝင် လူပေါင်း ၁၇၀ ဦး ဆန္ဒမဲ ပေးခွင့် မရခြင်းကြောင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံး ရခြင်းကိုအများပြည်သူ အားလုံး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

( မိမိတို့ မိသားစု များ မဲစာရင်းတွင် မပါရှိကြခြင်းကို သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့် သို့ ကျွန်တော်၏ ဖခင် ဖြစ်သူ မှ အကြောင်းကြားထားသည့် မိတ္တူကို ပါ ပူးတွဲ တင်ပြလိုက်ပါသည်

ဆယ်သွယ်ရန်- 09 730 45 856 (ကိုသူရိန်ကျော်)
Losing the right of citizen

For living in no.538,shwe wa tun street,68 quarter, dagon seik kan township since 2008,I had been listed to vote in the election [2010] in this quarter.

In the election which will be held in 1st april, 2012,it has been found that all of my family including me,5 persons were not listed for voting .In asking why it was happened, I knew that the members of the parties that will be elected, took the list of the people having the right to vote and living in 68 quarter in which only the half of area is settled there and the commission of the election in this quarter failed to take the list for voting, only receiving the list sent by the head of the 68 quarter, without checking that it is correct or not.

When asking the one of the member of NLD office in this quarter, I also knew that not only my family members but also the 170 people of living in the same quarter with us were not in the list for voting and he replied that it had been informed to the commission of election from the bottom to the top.

Therefore, with an idea of sharing the news of the breach of the right of citizen, I post this message on facebook and want every one living in the world to know that we are losing the right of citizen in this election to be voted as the citizens of Myanmar.

to contact - 09 730 45 856 (Thuyein Kyaw)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.