Sunday, April 1, 2012

0 ဒီကလေးကို ၁၈နှစ်ပြည့်ပြီဆိုပြီး မဲစာရင်းထဲ ပါလာလို့ တဲ့ ဗျို့ ..

မြောင်းမြမြို့ အမှတ် ၃ ရပ်ကွက် ၊စမ်းချောင်း၎လမ်းနေ၊ ဦးစိုးသန်း ဒေါ်ခင်မာချို တို့ ၏ အငယ်ဆုံးကလေး မောင်ဖြိုးပိုင်ထွန်းကို အသက်၁၈နှစ် မပြည့်ပဲ မဲစာရင်းထဲတွင် ထည့်ထားကြောင်း ၊ အဆိုပါကလေးတွင် မွေးချင်းငါးယောက်ရှိပြီး ၄င်းမှာ အငယ်ဆုံး ဖြစ်ကြောင်း၊ ၄င်း၏အထက်ရှိ အစ်မဖြစ်သူ မထူးဝေေ၀ဘွန်း နှင့် အကိုဖြစ်သူ မောင်မျိုးဇော်ထက်တို့သည်ပင် ၁၈နှစ်မပြည့်သေး၍ မဲပေးခွင့်စာရင်းတွင် မပါဝင်သေးကြောင်း....... ၃၁.၃.၂၀၁၂ နေ့  ၊ နေ့ လည်တွင် သတင်းရရှိပါသည်......။

၁. မိခင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်အတူရိုက်ထားသော မောင်ဖြိုးပိုင်ထွန်း၏ပုံ

၂. မိခင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်အတူရိုက်ထားသော မောင်ဖြိုးပိုင်ထွန်း၏ပုံ

၃. အဆိုပါကလေး၏ မဲစာရင်းအမှတ်နှင်း မှားယွင်းနေသော မွေးသက္ကရာဇ်



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် မဲထည့်ရန် စလစ်ပြားများကို ပုံပါအတိုင်း လိုက်လံပေးဝေနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီမှ လူဦးရေ(၉၄၀၀)ကျော်ရှိသည့် ပြည်သူများကို မဲထည့်ရန် စလစ်ပြားများကို ပုံပါအတိုင်း လိုက်လံပေးဝေနေပါသည်။ မဲစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ပြည်သူတစ်ယောက်မှ သတင်းပေးပို့လာပါသည်။

Election Monitoring Network.88

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.