Saturday, July 21, 2012

5 ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား

ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီး ဘင်္ဂါလီမက ရိုဟင်ဂျာဆိုတာ မြန်မာကိစ္စပဲ မြန်မာဘက်က ပြန်ခေါ်ပါဆိုပြီး သူတို့ဘက်မှာ ဒုက္ခသည်အဖြစ်နဲ့ နေနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို မြန်မာဘက်အတင်းပြန်ပို့နေပါတယ်။ ဒါ့အပြင် ကော့ဘဇားဒေသက မဲပေးပိုင်ခွင့်ရှိနေတဲ့ ရိုဟင်ဂျာအမည်နဲ့ စစ်တကောင်းဘင်္ဂါလီတွေကိုလည်း မဲပေးခွင့်တွေ ပယ်ဖျက်နေတာလည်းတွေ့ရတယ်။

ဒါဟာ လက်ရှိအာဏာရ အဝါမီလိဂ်က သူ့ရဲ့နိုင်ငံရေးပြိုင်ဘက် ဘင်္ဂလား အမျိုးသားရေးနဲ့ အစ္စလာမ်မစ်ဝါဒီ ဘီအင်န်ပီ လာမဲ့ရွေးကောက်ပွဲမှာ မဲအသာမရအောင် လုပ်နေတာလို့ လေ့လာသူအချို့က သုံးသပ်ကြတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်ကအမြင်မှာ လက်ရှိဘင်္ဂလားဝန်ကြီးချုပ် ရှိတ်ဟာဇီနာရဲ့ အဖေ ဘင်္ဂလားကျားကြီး ရှိတ်မူဂျစ် လက်ထက်ကတည်းက အဝါမီလိဂ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားတဲ့သဘောထားမျိုးရှိတဲ့ လက်ဝဲယိမ်း လစ်ဘရယ်သမားတွေရဲ့ ပါတီလို့ ယူဆထားတာမို့ သူ့ပြိုင်ဘက် ဘီအင်န်ပီနဲ့ ယှဉ်ရင် အဝါမီလိဂ် အာဏာရနေတာမျိုးကို သဘောကျကြပုံပဲ။ ဘီအင်န်ပီကတော့ ဗိုလ်ချုပ်ကြီး ဇီယာရာမန် စထောင်ကတည်းက အစ္စလာမ်မစ်တွေရဲ့ပါတီ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ပါတီလို့ သိထားကြတာကိုး။

ဟိုးအရင့်အရင်ကတည်းက ဘာသာရေးကို တံတိုင်းတစ်ခုလို အသုံးပြုနေတဲ့ ရိုဟင်ဂျာတွေနဲ့ ဘီအင်န်ပီက အဖွဲ့ကျတယ်၊ အဝါမီလိဂ်က သူတို့ကို ချီးထုပ်တွေ ဝန်ထုပ်ဝန်ပိုးတွေလို့သဘောထားပြီး ဖြစ်နိုင်ရင် အားလုံးယိုတဲ့ချီး ပုဇွန်ဆိပ်ခေါင်းမှာပုံသလို မြန်မာပြည်ထဲ ပစ်ထည့်ချင်နေတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဆိုတဲ့သူက ဒီရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေကို လက်ခံပါမယ် ဆိုတဲ့ သတင်းတွေထွက်လာတယ်၊ ဒါပေမဲ့ မြန်မာအစိုးရဘက်က ဒီကိစ္စကို ရေငုံနေပြီး ဘင်္ဂလားဘက်က မီဒီယာတွေသာ ရေးကြသားကြ ထုတ်လွှင့်ကြတာကို သတိထားမိတယ်။

နောက်တော့ ကုလဒုက္ခသည် မဟာမင်းကြီးနဲ့ သမ္မတဦးသိန်းစိန်တွေ့တော့မှ မြန်မာဘက်က သဘောထားကို အားလုံး သိသွားကြတာ။

ဦးသိန်းစိန်က ဒီဘင်္ဂါလီတွေဟာ စစ်တကောင်းအနွယ်ဖွားတွေပဲ သူတို့ကို ပြန်မခေါ်နိုင်ပါဘူးလို့ အတိအလင်းပြောသွားတယ်၊ ဒါပေမဲ့ ဖ-ဆ-ပ-လ ခေတ်က လုပ်ခဲ့တဲ့ အမှားကိုဆက်ခံဖို့ ငြင်းဆန်ခွင့်မရှိတော့ အဲဒီတုန်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေရယ်၊ သူတို့က ဆက်ပွားလာတဲ့ သားရယ် မြေးရယ်ကို ခိုင်ခိုင်လုံလုံ အထောက်အထားပြနိုင်ရင်တော့ လက်ခံမယ် ဆိုတာမျိုးတော့ ပြောတာရှိတယ်။

ဘင်္ဂလားဘက်က ပြောနေတာက မြန်မာအစိုးရပြောပြောနေတဲ့ အထောက်အထားစာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ မွေးစာရင်း ဆိုတာမျိုးတွေ) ရှိတဲ့သူတွေက သုံးသောင်းကျော်ရှိတယ် မရှိတဲ့သူတွေက လေးသိန်းလောက်ရှိတယ် လို့ဆိုတယ်။

ခိုင်လုံတဲ့ အထောက်အထား ရှိသူနဲ့ သား မြေ ၂ ဆက်ကို လက်ခံမယ်ဆိုရင်တောင် အရပ်ထဲမှာပြောပြောနေတဲ့ အဖေတစ်ယောက်သားသမီးအယောက်၂၀ဆိုတဲ့ဒီစစ်တကောင်းဘင်္ဂါလီတွေရဲ့ ကြောက်စရာကောင်းတဲ့ မွေးဖွားနုန်းကိုလည်း ထည့်တွက်ဖို့ လိုမှာလည်း သတိထားမိတယ်။ သုံးသောင်း အမြှောက် နှစ်ဆယ် ကို နောက်ထပ် အမြှောက် နှစ်ဆယ် ဆိုရင်လည်း မလွယ်လှဘူး။

လောလောဆယ်ဆယ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကျိုးစားနေရတာ သတိထားမိတယ်။ ကျိုးစားပေမဲ့ သူ့အစိုးရအဖွဲ့ထဲက ကျပ်မပြည့်တဲ့ အဖွဲ့ဝင်အချို့ရယ်၊ နောက်ကွယ်က သူငယ်နာမစင်သေးတဲ့သူတွေရယ်၊ ကိုယ်ကျိုးစီးပွားထိခိုက်မှာကို အရမ်းစိုးရိမ်နေတဲ့ သိုက်တူးသမားတွေရယ်၊ သူတို့ကိုယ်သူတို့ မရှိမဖြစ်တွေ သူရဲကောင်းတွေ ချောက်ထဲမကျအောင် ကယ်တင်တဲ့သူတွေလို့ အထင်ရောက်ရင်း ရင်ဘက်ပြားကပ်ကပ်ကို ကော့ကော့ပြနေတဲ့ သူတွေရယ်က ကတစ်ဖက် အတိုက်အခံဘက်မှာလည်း ခံစားခဲ့ရတာကို စားမြုံ့ပြန်ရင်း အနာဖက်ကို အရသာခံခွာစားနေသူတွေရယ်ကတစ်ဖက်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပေါင်းမှု (ဗမာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး) ဟာ အဖုတွေအထစ်တွေနဲ့ ထင်သလောက် ခရီမတွင်လှဘူး။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်အစိုးရ ဒီထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပူပေါင်းနိုင်မယ်ဆို မြန်မာ့ပုံရိပ်ဟာ အခုထက်ပိုထွက်နိုင်မယ်။ ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။

မြန်မာက ဆိုးနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို အသဲအသန် ကျိုးစားပြီး ပုံရိပ်ကောင်းထွက်အောင် လုပ်နေတာကို သတိထားမိတဲ့ ဒီစစ်တကောင်း ဘင်္ဂါလီတွေဟာ မြန်မာ့အခက် ရိုဟင်ဂျာအချက်ဆိုပြီး ကမ္ဘာမှာ မြန်မာပုံရိပ်ဆိုးထွက်အောင် လိုက်လုပ်ရင်း ဖိအားတွေပေးနေတယ်။

ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။

တကယ်တော့ သူတို့ဟာ အတိုက်အခံတွေရဲ့ စစ်အစိုးရအပေါ် လူ့အခွင့်ရေးချိုးဖေါက်ဖိနှိပ်မှု စွတ်စွဲချက်တွေကို မှီတွယ်ပြီး ညောင်ပင်လို ဝါးမျိုခဲ့တာပဲ။

သူတို့ရဲ့အစီစဉ်ကကိုဆိုဗိုမှာလိုအစ္စလာမ်ဘာသာဝင်အယ်ဘေးနီးယားတွေကမ္ဘာ့ဂရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင်လုပ်ချင်တာ။

မူလက အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။

(၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်)

ပြဿနာဖြစ်ပြီဆို လူများစု ဆလပ်တွေက လူနည်းစု အယ်ဘေးနီးယားအနွယ်တွေကို အနိုင်ကျင့်တာပေါ့ ဒါပေမဲ့ တကယ်ခံရတာက ကိုဆိုဗိုက လူနည်းစု ဆလပ်တွေ၊ အပြင်ကလူတွေက နကိုယ်ကတည်းက လက်ဝဲ ယူဂိုဆလပ် အစိုးရကို မကြိုက်တာနဲ့ အခုရိုဟင်ဂျာလိုပဲ အယ်ဘေးနီးယားတွေ အငိုပြကောင်းတာနဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာ အမြင်မှာ လူများစု ဆလပ်တွေ လူနည်းစု အယ်ဘေးနီးယားတွေကို ဘာသာရေးအကြောင်းပြုပြီး နှိပ်စက်တယ်ပေါ့။

ဒီလိုနဲ့ နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း ဆလပ် (ဆာ့တ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားရရော။

အဲဒီကိုဆိုဗိုစစ်မှာမွတ်ဆလင်ညီအကိုဆိုတဲ့အမြင်နဲ့ဘာသာရေးအရဖိနှိပ်မှုလုပ်တယ်လို့အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ဆာ့တ်တွေကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်ဘေးနီးယားတွေကို ကူညီခဲ့ကြတယ်။ တောင့်တင်းတဲ့ သူတို့ရဲ့ ဓနအင်အားနဲ့ အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့ မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။ အများစုက အယ်ဘေးနီးယားနွယ် အစ္စလာမ်ဘာသာဝင်တွေကိုပဲ ဂရုဏာသက်ခဲ့ကြပြီး ဆလပ်တွေရဲ့ ရက်စက်မှုတွေကိုသာ ရှုတ်ချကန့်ကွက်ခဲ့ကြတော့ အယ်ဘေးနီးယားတွေရဲ့ ဆလပ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ လူသားမဆန်မှုတွေဟာ မှေးမှိန်ခဲ့ရတယ်။


တကယ်ဆို ကိုဆိုဗိုမှာ အယ်ဘေးနီးယား အစ္စလာမ်ဘာသာဝင်တွေက လူများစုဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့တ်တွေက လူနည်းစုပါ။

အခု ရိုဟင်ဂျာဆိုတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကို ပုံတူကူးပြီး ကမ္ဘာ့ကမြန်မာကိုအရိုင်းအစိုင်းတွေမြင်အောင် လုပ်နေကြတာပဲ။

၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။

အခု မောင်းတော ဘူးသီးတောင်မှာလည်း ဒီအတိုင်းပဲ ပဋိပက္ခဖြစ်ရင် ရခိုင်နဲ့ အစ္စလာမ်ဘာဝင်မဟုတ်တဲ့ လူနည်းစုက ပြောင်းပြေးရပြီ။ ကျောင်းဆရာတွေ ကျမ္မာရေးဝန်ထမ်းတွေ စတဲ့ အစိုးရဝန်ထမ်းတွေတောင် မနေရဲ့ မသွားရဲတော့ဘူး၊ ဒီတော့ နောက်ပိုင်း မောင်းတော ဘူးသီးတောင်ဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်မသွားနိုင်လို့ မပြောနိုင်ဘူးပေါ့။

တစ်နေ့က တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက် ဒီမိုပါတီတွေ သမ္မတဦးသိန်းစိန်နဲ့တွေ့ပြီး ရခိုင်တွေက ပြည်သူ့စစ်လို တပ်ထောင်ပြီး နယ်ခြားစောင့် တပ်အဖြစ်တာဝန်ပေးဖို့ သွားဆွေးနွေးသတဲ့။ သမ္မတကြီးက ဒီကိစ္စအပေါ် ဘာမှမတုံ့ပြန်ပေမဲ့ မြန်မာပြည်မှာက ဘီဂျီအက်ဖ်လို နယ်ခြားစောင့်တပ် ပေါ်လစီရှိတော့ ရခိုင်တွေတင်ပြချက်ဟာ မဖြစ်နိုင်ဘူးလို့လို့လည်း ပြောလို့မရဘူး။

ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေ မနေရဲတဲ့ မောင်းတောလို ဘူးသီးတောင်လို နေရာမျိုးတွေမှာ တပ်စွဲခြင်းအားဖြင့် အဲဒီဒေသကို ထိန်းချုပ်ပြီးသား ဖြစ်သွားနိုင်တယ်။

ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊ ဒီအတွက် စိတ်ဓါတ်မြင့်မားအောင် ပညာပေး လေ့ကျင့်ထားဖို့လိုမယ်။

ဒါ့အပြင်နောက်တစ်ချက်က နယ်ခြားစောင့်တပ်ဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အထိန်းအကွပ်အောက်မှာရှိဖို့လိုတယ်၊ ဒါကလည်း ရာဇဝင်ကို လှေလုပ်စီးပြီး အတိတ်က ရွှေထီးကို ပြန်တမ်းတတတ်တဲ့ အလေ့အထ တိုင်းရင်းသားလူမျိုးစုတွေမှာ ရှိကြတာမို့ နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ရေးတောင်းဆိုတဲ့ တပ်ဖြစ်မသွားအောင်ပါ။

တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။

အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။ ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။

အထူးသဖြင့်အစ္စလာမ်ဘာသာဝင်တွေကဘာမှမဆိုင်ပဲငါတို့မွတ်လဆင်တွေဆိုပြီးရိုဟင်ဂျာဘက်လိုက် ပြောနေရေးနေကြတာ အရမ်းသိသာလွန်းတယ်၊ ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။

တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန် နေရာပေးလက်ခံပါရဲ့လား။

တကယ်တော့ အလာဟ်ကပဲဖန်ဆင်းထားထား ဘုရားသခင်ကပဲ ဖန်တီးခဲ့တယ်ဆိုဆို ယေဟိုးဝါးကပဲ ပြုလုပ်ခဲ့တယ်ပြောပြော ဗြဟ္မာကြီးတွေကြောင့် ပေါ်လာတာပဲဖြစ်ဖြစ် လက်ရှိ ကမ္ဘာမြေကြီးဟာ နယ်နမိတ်အပိုင်းအခြားတွေ နိုင်ငံအခွဲအခြမ်းတွေနဲ့ စိတ်ပိုင်းထားပြီး ပိုင်ဆိုင်သူအသီးသီးနဲ့ နယ်မြေတွေဖြစ်နေကြပါပြီ။ အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ ဒီတော့ ဘယ်လောက်ပဲ ဘာသာတူတူ နိုင်ငံသားချင်းမတူရင် လူမျိုးခြားပဲ။

ဘာသာရေးနဲ့ နိုင်ငံသား ကွဲကိုကွဲနေရမယ် မဟုတ်ရင် အားလုံးရှုတ်ကုန်မှာ။ဘယ်လိုပဲဖြစ်ဖြစ် ဘာသာနဲ့ လူမျိုး လေ၀မ်းမကွဲသူတွေက ဘယ်လောက်ပဲ အော်နေပါစေ ရခိုင်မြောက်ပိုင်းကို ဒုတိယကိုဆိုဗိုတော့ အဖြစ်မခံနိုင်တာ မြန်မာမှန်တဲ့သူတိုင်းရဲ့ဆန္ဒပါ။

ကျနော်တို့သာ ဟိုတွေးဒီရေး ပြောနေဆိုနေကြပေမဲ့ နိုင်ငံခေါင်းဆောင် တက်လုပ်နေသူတွေကတော့ ဘာလုပ်ရမယ်ကို စီစဉ်ပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Aung Zin Latt

0 မြန်မာနိုင်ငံအပေါ် sanctions များ သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ကော်မတီ မဲခွဲဆုံးဖြတ်

(Reuters news မှ 18 July 2012 ရက်စွဲပါ “The US senate panel votes to renew Myanmar sanctions” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံထံမှ ကုန်ပစ္စည်းတင်သွင်းမှုတားမြစ်ချက်ကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးခြင်းဖြင့် နေပြည်တော်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်အောင်ဖိအားပေးရန် အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့တွင် မဲပေး ထောက်ခံခဲ့သည်။

ယခုကဲ့သို့ ထောက်ခံမှုကြောင့် ၂၀၀၃ ခုနှစ်က ပထမဆုံးစတင်ပြဋ္ဌာန်းခဲ့ပြီး ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်တော့မည့် ဥပဒေကို ထပ်မံ အသက်ဝင်သွားစေသည်။ ထို့အပြင် လမ်းမှန်ပေါ်သို့တရွေ့ရွေ့ကူးလာသော မြန်မာနိုင်ငံအား အသိအမှတ်ပြု၍ Sanctions များ အဆုံးသတ်ပေးမည့် အိမ်ဖြူတော်၏အခွင့်အာဏာကိုလည်း ထိန်းသိမ်းကာကွယ်ပေး လိုက်ခြင်းဖြစ်သည်။

“သွင်းကုန် တားမြစ်ချက်ကို ၃ နှစ်သက်တမ်းတိုးခြင်းအားဖြင့် မြန်မာအစိုးရပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်အောင် ဖိအားပေးနိုင်ပါလိမ့်မယ်” ဟု အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ မက်စ်ဘိုးကပ်စ်က ပြောကြားသည်။

သြဂုတ်လတစ်လလုံးကြာမည့် လွှတ်တော်ပိတ်ရက်မတိုင်မီ ယင်းဥပဒေသက်တမ်းတိုးမှုကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံမည်ဟု သက်တမ်းတိုးထောက်ခံသူများက မျှော်လင့်ထားကြသည်။

သွင်းကုန်တားမြစ်ချက်မချမှတ်ခင် နောက်ဆုံးနှစ်ဖြစ်သော ၂၀၀၂ တွင် အမေရိကန်က မြန်မာနိုင်ငံမှဒေါ်လာ ၃၅၆ သန်းဖိုး အဝတ်အထည်နှင့် ကုန်ပစ္စည်းများတင်သွင်းခဲ့ပြီး၊ ၂၀၀၃ တွင် သွင်းကုန်တန်ဖိုး ၂၇၅.၇ သန်းသို့ ကျဆင်းသွားကာ ထိုနောက်ပိုင်း နှစ်များတွင် လုံးဝမတင်သွင်းတော့ဘဲ သုည အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်တွင်မူ အိုဘားမားအစိုးရက Sanctions အချို့ဖြေလျှော့ပေးကာ၊ အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်သည်။

ထို့နောက် နှစ်ရက်အကြာ ကမ္ဘောဒီးယား ဆီရမ်ဖိုဒ်စီးပွားရေးဖိုရမ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်အား နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်နေခြင်းကို ဆက်လက်ကြိုးပမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များကို ၂၀၀၃ ခုနှစ်မှစ၍ ပိတ်ပင်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ ခုနှစ်တွင် မြန်မာထွက် ကျောက်မျက်များဖြင့်ပြုလုပ်သော ပစ္စည်းများအား အခြားနိုင်ငံတစ်ခုမှတဆင့် တင်သွင်းခြင်းကိုထပ်မံတိုးချဲ့ ပိတ်ပင်တားမြစ်ခဲ့သည်။

Sanctions များ သက်တမ်းတိုးခြင်းကို ဥပဒေအရအများဆုံး ၉ ကြိမ်အထိ ပြုလုပ်ခွင့်ရှိပြီး လွှတ်တော်အမတ်များက နှစ်စဉ်မဲပေး ဆုံးဖြတ်ရန် လိုအပ်သည်။ ယခုထပ်မံ အတည်ပြုမည်ဆိုပါက ၂၀၁၅ ဇူလိုင်လအထိ နှစ်စဉ်သက်တမ်းတိုးမှုများ ထပ်မံပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။

***********************************

မြန်မာကမ်းလွန်လုပ်ကွက် ၂၃ ခုအတွက်ဖိတ်ခေါ်ကမ်းလှမ်း

(UP Stream News မှ 19 July 2012 ရက်စွဲပါ “Burma offering 23 offshore blocks” သတင်းကို ဘာသာပြန်ဆိုသည်)

မျှော်လင့်ထားကြသည်ထက်ပိုမိုကျယ်ပြန့်သော ကမ်းလွန်လုပ်ကွက်သစ် ၂၃ ခုအတွက်စိတ်ဝင်စားသော နိုင်ငံတကာကုမ္ပဏီများကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

ယင်း ကမ်းလှမ်းမှုတွင် ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်ရှိ ရခိုင်၊ မုတ္တမ၊ တနသာင်္ရီကမ်းလွန်ဒေသများတွင်တည်ရှိသော ရေနက်ပိုင်းလုပ်ကွက် ၁၇ ခုနှင့် ရေတိမ်ပိုင်းလုပ်ကွက် ၆ ခု ပါဝင်ကြောင်း စင်္ကာပူတွင်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရှင်းလင်းတင်ပြမှုအရ သိရှိရသည်ဟု Dow Jones Newswires က သတင်းဖော်ပြသည်။

နိုင်ငံတကာကုမ္ပဏီများ ယခင်ကရှာဖွေခြင်းမပြုရသေးသော ၎င်းလုပ်ကွက်များအတွက် စီမံကိန်းတစ်ခုတိုင်းတွင် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ ရှယ်ယာပါဝင်မည့် မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE နှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်သည်။

လုပ်ကွက်လိုင်စင်ရသူများသည် ၆ နှစ်ကာလရှာဖွေခွင့်နှင့် စတင်ထုတ်လုပ်သည့် ၃ နှစ်ကာလ အခွန်ကင်းလွတ်ခွင့်တို့ ရရှိမည်ဟုဆိုသည်။

လုပ်ကွက်လိုင်စင်ရ ကန်ထရိုက်တာအနေဖြင့် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သော်လည်း လုပ်ကွက် မူပိုင်ကြေး ၁၂.၅ ရာခိုင်နှုန်း သက်သာခွင့်ရမည်ဟု စွမ်းအင်ဌာနအကြီးတန်းတာဝန်ရှိသူက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ယခုအချိန်အထိ အကြီးမားဆုံးဖြေလျော့မှုအဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကို ယခင် အပတ်က ခွင့်ပြုလိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ယခုကမ်းလှမ်းမှုသည် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများထံမှ စိတ်ဝင်စားမှုဆွဲဆောင်နေသည့် လက္ခဏာရှိသည်။

သယံဇာတကြွယ်ဝသော်လည်း စီးပွားရေးနိမ့်ကျနေသောမြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးမှအရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ပြောင်းပြီး နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မြန်ဆန်ဆန် တံခါးဖွင့်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ရောက်နှင့်ပြီးသား နိုင်ငံခြားကုမ္ပဏီအနည်းငယ်တွင်ပါဝင်သော ပြင်သစ် Total ကုမ္ပဏီသည် လက်ရှိထုတ်လုပ်နေသော ကမ်းလွန်စီမံကိန်းနှစ်ခုထဲမှ ရတနာဓာတ်ငွေ့စီမံကိန်းကို Chevron ကုမ္ပဏီက ရှယ်ယာအနည်းငယ်ပါဝင်နှင့် အတူလုပ်ကိုင်လျက်ရှိသည်။

မြန်မာအစိုးရပိုင် ဓာတ်ငွေ့လုပ်ငန်း MOGE က နောက်ဆုံးနိုဝင်ဘာလေလံအပြီးတွင် မလေးရှား Petronas၊ ထိုင်း PTTEP၊ အိန္ဒိယ Jubilant တို့အပါအဝင် ဒေသတွင်းကုမ္ပဏီများကို ကုန်းတွင်းရေနံရှာဖွေခွင့်ပြုသည့် သဘောတူကန်ထရိုက်စာချုပ် ၉ ခု လက်မှတ်ရေးထိုးထားသည်ဟု ဇွန်လ အတွင်းက ထုတ်ပြန်ကြေငြာထားသည်။

နောက်ထပ် ကုန်းတွင်းလုပ်ကွက် ၁၈ ခုအတွက် လာမည့်လတွင် တင်ဒါခေါ်ယူမည်ဟ သိရှိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိထုတ်လုပ်နေသောကုန်းတွင်းရေနံလုပ်ကွက် ၁၇ ခုနှင့် ဓာတ်ငွေ့လုပ်ကွက် ၅ ခုရှိပြီး၊ ကမ်းလွန် ဓာတ်ငွေ့သိုက် ၂ ခုဖြစ်သည့် Daewoo ရွှေဓာတ်ငွေ့စီမံကိန်းနှင့် PTTEP ဇောတိကဓာတ်ငွေ့စီမံကိန်းတို့မှာမူ လာမည့်နှစ်တွင် ထုတ်လုပ်မှုစတင်မည်ဟုသိရှိရသည်။

ယခင်အပတ်က အမေရိကန်၏ Sanction ဖြေလျော့မှုကို ဝိုင်းဝန်းကြိုဆိုခဲ့ကြသော်လည်း မြန်မာအစိုးရပိုင် ရေနံဓာတ်ငွေ့လုပ်ငန်း MOGE နှင့် စီးပွားရေးတွဲလုပ်ခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေနိုင်ကြောင်း အချို့ကသတိပေးပြောဆိုထားသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု နှစ်မျိုးလုံးမရှိသောကြောင့် နိုင်ငံတကာစီးပွားရေးကျင့်ဝတ်များကို လေးစားလိုက်နာ လာအောင် အနောက်နိုင်ငံအစိုးရများ၊ ကုမ္ပဏီများက ဝိုင်းဝန်းဖိအားပေးကြရန်” ယခုလအစောပိုင်းကတောင်းဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းကထုတ်ပြန်သော ဆိုးကျိုးအန္တရာယ်အကဲခတ်သမားများအဖွဲ့ Maplecroft ၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအန္တရယ်အရှိဆုံး နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီး မြန်မာအစိုးရသည် အုပ်ချုပ်ရေး၊ ဥပဒေနှင့် တရားစီရင်ရေး ဆုံးဖြတ်ချက်များတွင် အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးနေသည်ဟု သတိပေးဖော်ပြထားသည်။

လက်ရှိ မြန်မာအာဏာပိုင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အခွန်သက်သာခွင့်နှင့်မြေဋ္ဌားရမ်းမှု ပိုမိုလွတ်လပ်ခွင့်ပေးမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ဂျုလိုင်လကုန်၌ အတည်ပြုပြဠာန်းမည်ဟုမျှော်လင့်ရသည်။

yangonchronicle

5 သမ္မတဆုံးဖြတ်ချက်ကို အောင်သိန်းလင်း စိန်ခေါ်


မင်းတခြမ်းခင်းထားသမျှ နောက်က ကျန်တဲ့ တခြမ်းတွေကို ငါလိုက်ခင်းနေရတယ်...(မြို့တော်ဝန် အသစ် ဦးလှမြင့်)

တရုတ်နိုင်ငံမှာ အပတ်စဉ် ထုတ်ဝေတဲ့ 南方周末 - Southern Weekly (Southern Weekend) စာစောင်နဲ့ ဦးအောင်သိန်းလင်း အင်တာဗျူးမှ ကောက်နုတ်ချက်

Southern Weekend(မေး)>> Do you think the construction of the dam could be resumed? (မြစ်ဆုံရေကာတာဆောက်လုပ်ရေး ပြန်စနိုင်မယ်လို့ ထင်လား?)

အောင်သိန်းလင်း (ဖြေ)>> It MUST, because we have to think for the country. We need electrical power. (အဲဒီရေကာတာဆောက်လုပ်ရေး မဖြစ်မနေ ပြန်စကိုစရမှာဗျ။ ကျုပ်တို့နိုင်ငံအတွက် စဉ်းစားရမယ်လေ။ ကျုပ်တို့ လျှပ်စစ်စွမ်းအင် လိုအပ်တယ်။ —


-အနောက်က မြန်မာပြည်ကို ပိတ်ဆို့ပြီး သူတို့ရဲ့ ရုပ်သေးအစိုးရကို အာဏာရစေချင်တာ၊ မြန်မာပြည်ထဲမှာ အာဏာကိုဖြတ်လမ်းနည်းနဲ့ ယူချင်တဲ့အုပ်စုတစ်စု ရှိတယ်၊ ဒီအုပ်စုက အနောက်သြဇာခံအုပ်စုပဲ ...

- ယူအန်ကို ယုံစရာလား၊ ယူအန်ကို ဘယ်သူထိန်းချုပ်နေသလဲ၊ ဘန်ကီမွန်းကို ဘယ်သူထိန်းချုပ်နေသလဲ၊ ယူအန်ရဲ့ ဌာနချုပ်က နယူးယော့မြို့မှာ နော် ...

-ကျုပ်တော့ ဘန်ကီမွန်းကို မကြိုက်ဘူး၊ မယုံဘူး၊ ဒီလူဟာ အနောက်နဲ့ တစ်ဖွဲ့ထဲပဲ၊ သူတစ်ပါးပြည်တွင်းရေးကို မဆိုင်ပဲ ၀င်ရောက်စွတ်ဖက်နေတဲ့သူတွေ ....

- ဟီလာရီကို အ၀င်ခံတာ ကျုပ်တို့အရေးနိမ့်မှုတစ်ရပ်ပဲ၊ သူ မြန်မာပြည်ကိုလာတာ ပြည်သူတွေကိုတွေ့ဖို့မဟုတ်ဘူး၊ တိုင်းပြည်အကျိုးအတွက်မဟုတ်ဘူး၊ ဟိုမိန်းမကိုလာတွေ့တာ၊ သိတယ်မဟုတ်လား ဟိုမိန်းမလေ၊ အဲဒီမိန်းမကြောင့် ကျုပ်တို့နိုင်ငံ စီးပွားရေးပိတ်ဆို့မှုခံရတာ ..

Southern Weekend China ( မေး) >> ရန်ကုန်မြို့မှာ NLD ရုံးခန်းတွေ နေရာအနှံ့ဖွင့်လှစ်နေသလို လူအများအပြားကလဲ အားတက်သရော စိတ်လှုပ်ရှားစွာနဲ့ အကြီးအကျယ်ထောက်ခံအားပေးနေကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပက်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ?

အောင်သိန်းလင်း (ဖြေ)>> ဒီလူတွေ ရူးနေတာဗျ ("They are crazy") ။ အဲဒီအမျိုးသမီး ကျော်ကြားနေတာ ဗိုဟ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ပါ။ —

Southern Weekend China ( မေး) >> လက်ရှိအာဏာရပါတီရဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ NLD အမတ်တွေကို ဘယ်လိုသဘောထားပါသလဲ ? မိတ်ဆွေတွေလား? ပြိုင်ဘက်တွေလား? ပူးပေါင်းဆောင်ရွက်သူတွေလား? အခြားတစ်ခုခုများလား?

အောင်သိန်းလင်း (ဖြေ)>> ပြိုင်ဘက်တွေပါ။ ("Competitors")

Southern Weekend China ( မေး) >> NLD ကပြောတော့ နိုင်ငံရေးအကျဉ်းသား ၃၀၀လောက်ရှိသေးတယ်ဆို ??

အောင်သိန်းလင်း (ဖြေ)>> ဒီလူတွေ အဲလို ကောလဟာလတွေ လွှင့်နေတာပဲဗျ။ ဒါ ရှက်ဖို့ကောင်းတဲ့ ရန်လိုတဲ့ အမေရိကန်နည်းဗျူဟာတွေပါ။

Southern Weekend China ( မေး) >> ဦးသိန်းစိန်က ဘန်ကီမွန်းကို နှစ်သက်သဘောကျတယ်လို့ မထင်ဘူးလား?

အောင်သိန်းလင်း (ဖြေ)>> ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဘာပဲပြောပြော ကျုပ်ကတော့ သူတို့ကို မကြိုက်ဘူး။ ဘန်ကီမွန်းကိုရော၊ ကုလသမဂ္ဂကိုရော ကျုပ်မယုံဘူး။ သူတို့အားလုံး တူတူပဲဗျ၊ ကျုပ်တို့ပြည်တွင်းရေးကို ဝင်နှောင့်ယှက်နေကြတာ။

Southern Weekend China ( မေး) >> အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး ဟီလာရီကလင်တန်ရဲ့ မကြာသေးမှီက မြန်မာပြည်ခရီးစဉ်နဲ့ပက်သက်ပြီး ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ?

အောင်သိန်းလင်း (ဖြေ)>> ဒါဟာ ကျုပ်တို့အတွက် ဆုံးရှုံးမှုပဲ။ သူမြန်မာပြည်လာတာ ကျုပ်တို့နဲ့ တွေ့ဖို့မဟုတ်ဘူး။ ဟိုအမျိုးသမီးနဲ့တွေ့ဖို့လာတာ။ ဘယ်သူလဲဆိုတာ ခင်ဗျားသိတယ်မလား။ အဲဒီအမျိုးသမီးကြောင့်ပဲ ကျုပ်တို့နိုင်ငံ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရတာဗျ။ —
ဒေါ်အောင်ဆန်းစုကြည်နှင့်NLDအပေါ်လူအများအပြားကလှိုက်လှဲစွာ ထောက်ခံနေကြခြင်း အပေါ် မေးမြန်း ရာ သူက" လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ် ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက " ကျွန်တော်တို့ သင်ခန်း စာတွေ ရတယ်။ လူထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ် " ဟုဆိုပါ သည်။
Southern Weekend China ( မေး) >> ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာအများအပြားအနိုင်ရရှိပြီး အခုအခါ လွှတ်တော်တွင်း အင်အားအကြီးဆုံးအတိုက်အခံပါတီ ဖြစ်လာပါပြီ။ လက်ရှိအာဏာရပါတီရဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိသလဲ?

အောင်သိန်းလင်း (ဖြေ)>> ( လက်သီးနှစ်ဖက်ကိုတိုက်ကာ ရီမောရင်းပြောလိုက်သည်) အင်း..ပူးပေါင်းဆောင်ရွက်မှု.....ပူးပေါင်းဆောင်ရွက်မှု....ဟင်း.. ဟင်း...
(ထို့နောက် ရုတ်တရက်မျက်နာကိုပြန်တည်လိုက်ပြီး ဆက်ပြောသည်)..... သူတို့နိုင်သွားတာ အမတ်၄၃နေရာထဲပါ၊ ၆ ရာခိုင်နှုန်းပဲရှိတယ်။ ကျုပ်တို့က ၇၆ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အသာစီးရထားပြီးသားဗျ။

ဘာသာပြန်.. ခွန်ဒီးယမ်,/aung.z.latt.7


 

0 ယုတ်မာလှသောရပ်စောက်မြို့နယ်ပညာရေးမှူး၏လုပ်ရပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့ နယ်ပညာရေးမှူး ဦးသန်းဆွေသည်ကျောင်းဆရာ၊ ဆရာမများထံမှ လစာများအားမတရားဖြတိတောက်ခြင်းများပြုလုပ်နေကြောင်းကြားသိရပါသည်။
ရွာကျောင်းလေးမှဆရာမမနန်းဝါနု(အမည်လွဲ)၏ပြောပြချက်အရ"ကျမတို့လစာသုံးသောင်းရတာကိုရပ်စောက်မြို့မှာဘော်လုံးပွဲလုပ်လဲလစာထဲကဖြတ်တယ်၊လမ်းဖောက်လဲလစာထဲကဖြတ်တယ်၊ဟိုဖြတ်ဒီဖြတ်နဲ့လစာ(၇၀၀၀)လောက်ပဲကျန်တယ်။လတိုင်းဘဲ။ဒီကြားထဲလစာထုတ်ရက်တိုင်းမနက်(၉း၀၀)ကနေညနေ(၅း၀၀)ထိလပတ်အစည်းအဝေးဆိုပီးလုပ်တယ်။ကျမတို့နေ့ လည်စာလုံးဝမစားရဘူး။

သူ(ဦးသန်းဆွေ)ကတော့အစည်းအဝေးမှာဆရာ၊ဆရာမတွေကိုထားခဲ့ပြီးလက်ဖက်ရည်ဆိုင်အေးအေးဆေးဆေးသွားထိုင်နေတယ်...ကျမတို့ မှာတော့ငုတ်တုပ်ပဲ...အစည်းအဝေးပြီးချိန်ကညနေ(၅း၀၀)ဆိုတော့ ကျမတို့ရွာကိုပြန်ဖို့ ဆိုင်ကယ်ကယ်ရီမရှိတော့ ဘူးလေ။အဲဒီတော့ရပ်စောက်တည်းခိုခန်းမှာညအိပ်ရတာပေါ့ ။တည်းခိုခန်းခက(၂၀၀၀)ညစာစားတာက(၁၀၀၀ိ)ဆိုတော့ လစာ(၄၀၀၀ိ)ပဲကျန်တော့တယ်။ကျမတို့ လည်းဒီကျောင်းဆရာမအလုပ်ကိုစိတ်ပျက်ပီးထွက်ချင်လာင်္ပြီ။အိမ်ကိုပြန်တောင်းနေရတယ်"ဟုပြောကြားခဲ့သည်။

အမှန်ဆိုလျှင်ဝေးလံခေါင်သီသောတောရွာလေးများတွင်စေတနာအရင်းခံကာကလေးများအတွက်ပညာသင်ကြားပေးနေကြသောဆရာ၊ဆရာမလေးများအားပိုပြီးတောမက်လုံးပေးဆွဲဆောင်ရမည့် အစားမြို့ နယ်ပညာရေးမှူးဦးသန်းဆွေ၏ လုပ်ရပ်ကြောင့်ဆရာ၊ဆရာမများစိတ်ပျက်သွားနိုင်ပါသည်။ဝေးလံခေါင်သီသောရွာလေးများမှကလေးလေးများ၏ပညာရေးကိုထဲမတွက်တော့ ဘူးလားဟုဦးသန်းဆွေအားမေးချင်ပါသည်။

သတင်းသွားယူရာရွာကလေးရှိမူလတန်းကျောင်းလေးမှာပေ၂၀ပတ်လည်သာရှိပြီးသူငယ်တန်းမှစတုတ္ထတန်းအထိနံရံလေးဖက်ကျောက်သင်ပုန်းများချိတ်ပြီးကလေးများသင်ယူနေကြသည်မှာရင်နာစရာကောင်းလှပါသည်။
နိုင်ငံတနိုင်ငံတိုးတက်ရေးအတွက်အရေးပါသောပညာရေးအတွက်မကြည့်ပဲကိုယ်ကျိုးရှာ၊လာဘ်စားနေသောရပ်စောက်မြို့ နယ်ပညာရေးမှူးဦးသန်းဆွေဆိုသူအားအရေးယူနိုင်ရန်တင်ပြအပ်ပါသည်။

ပေးပို့ သူ....လူဇော်(ရပ်စောက်),ကိုဝေယံဝင်းဇော်

သတင်းမေးမြန်းလိုသူများအတွက်
ရှမ်းပြည်နယ်ပညာရေးမှူးရုံး...081-21021,081-21160
အထူးစုံစမ်းစစ်ဆေးရေး(စစစ)ဒုညွန်မှူး-081-21197..
လက်ထောက်ညွန်မှူး-081-21305။081-21135
တာဝန်မှူး-081-21288

0 မြန်မာ့ အပြောင်းအလဲအတွက် Quality က Speed ထက်ပိုအရေးကြီးကြောင်း ဒဲရစ်မစ်ချယ်ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ မှတ်ချက်စကား
မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် speed(လျှင်မြန်ခြင်း) ထက် quality (အရည်အသွေး)ကို ပို၍ အရေးကြီး ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် မကြာမီက ခန့်အပ်ခြင်းခံထားရသော မစ္စတာ ဒဲရစ်မစ်ချယ် ကပြောကြား လိုက်သည်။

ယင်းနှင့် စပ်လျဉ်း၍ ယနေ့ (ဇူလိုင်၂၀)တွင် အမေရိကန်သံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ လုပ်စရာ အလုပ်တွေထက် အချိန်အတိုင်းအတာ ကန့်သတ်ချက်တွေတော့ မထားလိုပါဘူး ပြောချင်တာ ကတော့ အစိုးရအတွက် speed က အဓိကမဟုတ်ပါဘူး quality ကအဓိကဖြစ်ပါတယ် တစ်ခါ တရံမှာ မြန်လွန်းတာကလည်း ရန်သူလို အန္တရယ်ပေးတတ်ပါတယ် ကျွန်တော်တို့ အနေနဲ့ကတော့ အပြောင်းအလဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိသာတဲ့ အရာတွေ ကို သေသေချာချာဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဖို့လိုအပ်တဲ့အရာတွေကို လုပ်နေ ပါတယ် " ဟု ယင်းကပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသည့် သတင်းမီဒီယာတစ်ခုက မစ္စတာဒဲရစ်မစ်ချယ် အနေဖြင့်နှစ်၂၀အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာရာ မြန် မာနိုင်ငံနှစ်စပ်လျဉ်းပြီး မည်သည့်လုပ်ငန်း ကိုကနဦး ဦးစားပေးအဖြစ်ဆောင် ရွက်မည်နည်းဟုမေးမြန်းရာတွင် သံအမတ်ကြီးကထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
Yangon media group

Friday, July 20, 2012

0 ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက်နောက်ဆုံးအဆင့် သရုပ်ဆောင်ရွေးချယ်ပွဲ


ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် သရုပ်ဆောင်သစ်များ နောက်ဆုံးရွေးချယ်ပွဲကို နံနက် ၉း၃၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦးတို့အား ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၊ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှု့အကဲဖြတ်ပေးခဲ့ကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏နေရာနှင့် ဒေါ်ခင်ကြည်၏နေရာအတွက် နောက်ဆုံးရွေးချယ်ထားသော သရုပ်ဆောင်များ၏ အမည်စာရင်းကို မကြာခင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

Bogyoke Aung San Movie ,Popular news journalFacebook

0 နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားစာ

မိဘပြည်သူများခင်ဗျား
ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့ နယ် နဲ့ သဲကုန်းမြိ့ နယ်တွင်းတောင်သူလယ်သမားများရဲ့ ပြည်မြို့ အခြေစိုက် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အေ၇း လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားစာ တစောင် ပေးပို့ လိုက်ပါတယ်၊

အဲ့ဒိစာထဲမှာ လယ်သမားတွေရဲ့ အကြပ်အတည်းတွေနဲ့ပတ်သက်လို့ လယ်သမားတွေကိုယ်တိုင် လက်မှတ်ထိုးပြီး သမ္မတအပါအဝင်ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်ဆင့်ကိုတိုင်ကြားစာတွေပေးပို့  ခြင်း၊သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပေမဲ့ ဒီနေ့ ဒီအချိန်ထိ ပြည်ထောင်စု အစိုးရက တရားမျှတပြီးခိုင်မာတဲ့မူဝါဒ ချမှတ် ပြီး မဖြေရှင်းပေး နိုင်ခဲ့ကြောင်း ၊ ဒီအတောအတွင်းမှာ လယ်သမားတွေရဲ့ စားဝတ်နေရေး အခြေအနေ ဟာပို ဆိုးလာတဲ့အပြင် အာဏာပိုင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လါခဲ့ကြောင်း ဖေါ်ပြပါရှိပါတယ်

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသ နဲ့လုံခြုံေ၇းရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း ဟာ ဗုဒ္ဓဟူးနေ့ က ပန်းတောင်းမြို့ နယ်ဒေါင်းတိုက်ကျေးရွာနဲ့ မကျဉ်းပင်ကွင်းကျေးရွာကတောင်သူတွေနဲ့ တွေ့ဆုံပြီး စစ်တပ်က လယ်ယာမြေသိမ်းယူတာဟာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ေ၇း ဥပဒ ၃၉ အရ ဆောင်ရွက်တာဖြစ်လို့
တောင်သူများအနေနဲ့လယ်ပြန်လုပ်လို့ မရကြောင်းပြောဆိုပြီး၊ ဒေါင်းတိုက် ကျေးရွာ က တရားစွဲခံနေရတဲ့ လယ်သမားတွေကိုလည်းအသနားခံစာတင် သွင်းရင်ကြေအေး နိုင်ကြောင်း ပြောဆိုသွားတယ်လို့ သိရပါတယ်


ကိုမိုးသွေး(G.W)

3 ဒေါ်နန်းဝါဝါနု၊ ဆန်ရှင်နဲ့ အပိတ်ခံထားရတဲ့ ဇိမ်ခန်း

အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အသက်-(၃၀) နှစ်
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖမ်းဆီးမှုတွင် ဗိုလ်ချုပ်ဆေထင်ကို အားပေးကူ ညီမှုဖြင့် ပုဒ် ၁၇ (၁) တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တော ရပ်ကွက်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်- ခွန်ဌေးနိုင်လော

နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟုဆိုကာ ငွေများကို တရားခံများထံ ပြန်လည်တောင်းခံသော ထူးခြား သည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တဦးဖြစ်သည်။

ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော (မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထု စိန်ဝင်းနှင့် ရဲဘော်ဖိုးသံချောင်းတို့ကို ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏ တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။

ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ်ခံထားရသူ ဖြစ်သည်။ မဆလ ဒေါက်တိုင်ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူး သူ ဖြစ်သည်။

လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူဖြစ်သည်။ တကယ့်ယစ်ထုပ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက် ရှာသည့်အနေဖြင့် ပိုမိုအရက်သောက်နေသူဖြစ်သည်။

ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့် စိုင်းအိုက်ပေါင်းကဲ့သို့သောလူများ ရန်ကုန်တွင် ခြေငြိမ်သလောက် တောင်ကြီး တွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနု ဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ်သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး' ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး' ပါသည်။ ထို့ကြောင့်လည်း နန်းဝါနု ဖခင် ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။

၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာစိုင်းခမ်းလှိုင်သည် ကော်မရှင် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင်လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝင်သည်။ (ညောင်နှစ်ပင်ညီလာခံအပြီးတွင် သိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံးအချောသတ်ရေးဆွဲသည့် ၅၄ ဦး ကော်မတီ ဖြစ်သည်)

ဒေါက်တာစိုင်းခမ်းလှိုင်သည် နန်းဝါနု၏ ဦးလေးအရင်းခေါက်ခေါက်ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင်သည် ၂၀၁၀ -ရွေး ကောက်ပွဲတွင် ကော်မရှင်မှထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင် တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူအမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နှလုံးနာသဖြင့် နန်းဝါနုသည် အရွေးခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက် တာစိုင်းခမ်လှိုင်ကလည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့် ကူညီသဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ်သည်။

အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့ ဖတ်ကြားလိုက်ရပါ သည်။ လွတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင် နန်းဝါနုက လုပ်ချလိုက်ခြင်းဖြစ်ပါသည်။

အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှစပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း ပြန်လည်ဖွင့်လှစ်လာမည် ဖြစ်သည်။

အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည် မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယို သံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည်။

ခွန်အောင်ခမ်းကီ (ကျောက်တလုံး)

စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါ ပအိုဝ်းများကလည်း ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ် ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။

Yamoun Nar

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်တွင်ကျင်းပသော(၆၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမြင်ကွင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း(ရုပ်/သံ)


ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မလိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။

ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါ တယ်။ ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ်ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။

အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင်တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။ ကျွန်မကတော့ ဒီလိုပဲ ကြည့်လို့မဖြစ်ဘူးပေါ့နော်။

အာဇာနည်ဆိုတဲ့စကားကတော့သက္ကတဘာသာကနေပြန်ကြည့်မယ်ဆိုရင် မြင့်မြတ်တဲ့မျိုးရိုးကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီခေတ်က မျိုးရိုးကိုကြည့်တဲ့ခေတ်မဟုတ်တော့ပါဘူး။
ဒီတော့ မြင့်မြတ်တဲ့မျိုးရိုး အစား မြင့်မြတ်တဲ့စိတ်ဓာတ်လို့ပဲ ကျွန်မပြောချင်ပါတယ်။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံမှ အာဇာနည် စိတ်ဓာတ်လို့ အခေါ်ခံရမှာပါ။ သတ္တိရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့သတ္တိမျိုးဖြစ်ရပါမယ်။ သတ်ရဲဖြတ်ရဲတိုင်းသတ္တိမဟုတ်ပါဘူး။ တိုက်ရဲခိုက်ရဲတိုင်းလည်း အာဇာနည် မဟုတ်ပါဘူး။ အာဇာနည် စိတ်ဓာတ်ရဲ့ အခြေခံက မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ ကျွန်မပြောချင်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေ ကျွန်မတို့ နိုင်ငံမှာ ပွားများအောင်လို့ ကျွန်မတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုလေးစားသင့်တယ်။ ဒီခေါင်းဆောင် ကြီးတွေရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ ကျွန်မတို့ ဒီလိုပဲယူဆပါတယ်။ မြင့်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ လူတိုင်းလူတိုင်းဟာ သိသင့်ပါတယ်။ တကယ်တမ်း မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာ မသိတဲ့သူတွေရှိလားလို့ တစ်ခါတလေကျွန်မစဉ်းစားမိတယ်။ ကျွန်မငယ်ငယ် တုန်းက မရှိဘူးလို့ထင်မိတယ်။ အသက်ကြီးလာတော့ ရှိတယ်ဆိုတာမြင် ခဲ့တယ်။ တကယ်ပဲတချို့က မြင့်မြတ်ခြင်းဆိုတာ ဘာလဲဆိုတာနားမလည် တာတွေရှိကြတယ်။ အဲဒီနားမလည်တာတွေက ပြုစုပျိုးထောင်မှု၊ ပညာရေးစနစ်၊ဗီဇလည်းပါပါတယ်။ ဗီဇဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးကတည်းကတူလာတာမဟုတ်ပါဘူး။

ပညာရေးစနစ်ကနေပြီးတော့ အများကြီးပြုပြင်ပေးနိုင်တယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် အရေးကြီးတယ်ဆိုတာကို အမြဲပဲ မီးမောင်းထိုးရတဲ့ကိစ္စက ဒါပါပဲ။ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေဟာ တန်ဖိုးရှိတဲ့လူသားတွေဖြစ်လာအောင်လို့ ကျွန်မတို့ဟာ ပညာရေးစနစ်ကိုပြုပြင်ချင်တာပါ။ ပညာရေးစနစ်ပြုပြင်ပြီးတော့မှ ကျွန်မတို့ပိုပြီးတော့အမြင်ကျယ်တဲ့ ပိုပြီးတော့ စိတ်ထားမြင့်တဲ့ နိုင်ငံ သူနိုင်ငံ သားတွေကို ပြုစုပျိုးထောင်ချင်ပါတယ်။ မိဘများမှာလည်းတာဝန်ရှိပါတယ်။ လက်ဦးရာတွေက မိဘတွေပဲ ။မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို မှန်ကန်တဲ့အတွေးအခေါ်တွေ မှန်ကန်တဲ့တန်ဖိုးထားတွေ သိအောင်လို့ လုပ်ပေးရမှာပါ။

အဲဒီလိုလုပ်ပေးမှ ကျွန်မတို့ဟာ အာဇာနည်တွေများတဲ့ တိုင်းပြည်ဖြစ်လာပါလိမ့်မယ်။တချို့က အာဇာနည်ဆိုတာ စွန့်လွတ်ပြီး အနစ်နာခံပြီး အသေခံသွားတဲ့သူလို့ထင်မှတ်တဲ့သူတွေလည်းရှိပါတယ်။ဒါက သူရဲကောင်းနဲ့ အာဇာနည်ကို အဓိပ္ပါယ်အသဲမကွဲ ဖော်ထုတ်လိုက်တာပဲလို့ ကျွန်မကတော့ မြင်ပါတယ်။ သူရဲကောင်းကသူရဲကောင်းပဲ၊ အာဇာနည်က အာဇာနည်ပဲ။ အာဇာနည်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်လည်းပါရမယ်လို့ ကျွန်မထင်ပါတယ်။ ရိုးရိုးသူရဲကောင်းစိတ်ဓာတ်နဲ့ မလုံလောက်ပါဘူး။တစ်နည်းအားဖြင့် ဆိုရမယ်ဆိုလို့ရှိရင် သူရဲကောင်း အာဇာနည် ၊ အာဇာနည်သူရဲကောင်းစတာမှာတော့ သူရဲကောင်းဘက်က စပေမယ့် အာဇာနည် စိတ်ဓာတ်ရှိမှအာဇာနည်ဖြစ်မှာပါ။ သူရဲကောင်းတိုင်းက အာဇာနည်ဖြစ်တာ မဟုတ်ပါဘူး။

ဒါပေမယ့် အာဇာနည်တိုင်းကတော့ သူရဲကောင်းဖြစ် တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အာဇာနည် စိတ်ဓာတ်ဆိုကတည်းက ဘယ်ဟာကိုတန်ဖိုးထားရမလဲဆိုတာ သိတဲ့အခါကျတော့ ဒီတန်ဖိုးထားမှုကို အခြေခံပြီးတော့ ဒီ သတ္တိရှိသင့်တဲ့နေရာမှာ ရှိကြတယ်။
သတ္တိထုတ်သင့်တဲ့နေရာမှာထုတ်ကြတယ်။ သတ္တိကို မထုတ်သင့်တဲ့နေရာမှာထုတ်တာလည်း အာဇာနည် စိတ်ဓာတ်မဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ မြင့်မားတဲ့စိတ်၊ ဆင်ခြင်တုံတရားပါတဲ့စိတ်နဲ့ သတ္တိကို တွဲထားတဲ့
စိတ်လို့ ဒီလိုပဲ ကျွန်မက အဓိပ္ပာယ်ဖော်ချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တကယ်ပဲလေးစားတယ်၊တကယ်ပဲတန်ဖိုးထားတယ်ဆိုလို့ရှိရင်ဒီကိစ္စကိုနားလည်ဖို့လိုပါတယ်။တကယ်တန်ဖိုးကိုနားမလည်ဘဲနဲ့လေးစားတယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး။ မှားပြီးတော့ ဒီလူဟာမလေးစားသင့်တဲ့အရည်အချင်းကိုကြည့်ပြီး အားကျပြီးလေးစားတယ်ဆိုတာလည်း
တစ်နည်းအားဖြင့် တကယ့်မြင့်မြတ်တဲ့လူတွေကို စော်ကားရာရောက်တယ်လို့ကျွန်မကတော့ ဒီလိုပဲမြင်ပါတယ်။

အဲဒါကြောင့်မို့ အာဇာနည် စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေသေချာချာတစ်ယောက်ချင်းတစ်ယောက်ချင်းကနေပြီး ကိုယ့်ဘာသာကို လေ့လာပြီးကြည့်စေချင်ပါတယ်။အထူးသဖြင့် ကျွန်မတို့ရဲ့လူငယ်တွေကို ကြည့်စေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ
အာဇာနည်ဖြစ်နိုင်ပါတယ်။ လူတိုင်းလူတိုင်း အာဇာနည်ဖြစ်ဖို့ဆိုတာ အသက်ကို စွန့်လွှတ်ဖို့မလိုပါဘူး။ တစ်ခါတလေ မသက်မစွန့်ဘဲနဲ့တကယ့်ကိုနေသွားရတာတောင်မှ အာဇာနည်စိတ်ဓာတ်နဲ့နေသွားတာတွေရှိပါတယ်။

အဲဒါကြောင့်မို့ ကျွန်မတို့လူငယ်တွေဟာ မြင့်မြင့်ကြံကြပါ။ ကိုယ့်ကိုယ်ကို အာဇာနည် စိတ်ဓာတ်နဲ့နေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်အောင် လေ့ကျင့်ကြပါ။ လေ့ကျင့်နေလို့ရှိရင်ရပါတယ်။

အာဇာနည် စိတ်ဓာတ်ထဲမှာ ကိုယ်ကျိုးမရှာတဲ့ မြင့်မြတ်တဲ့ စိတ်ထားတစ်ခုလည်းပါပါတယ်။ ကိုယ်ကျိုးရှာတဲ့စိတ်ပါသွားပြီဆိုလို့ရှိ ရင် ကိုယ့်ရဲ့တိုးတက်ရေးအတွက် ကိုယ့်ရဲ့အကျိုးတိုးတက်ရေးအတွက် သိပ်ပြီးတော့အလေးထားသွားပြီဆိုလို့ရှိရင် ဒါအာဇာနည်မဟုတ်တော့ပါဘူး။

တခြားနေရာတွေမှာတော်တဲ့သူဖြစ်နိုင်ပါတယ်။ လူတော်ဖြစ်နိုင်ပါတယ်။ အင်မတန်မှတော်တဲ့သူဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဇာနည်လို့တော့ ကျွန်မကသတ်မှတ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆိုလို့ရှိရင် ကိုယ့်ရဲ့ပစ္စည်းအတွက်၊ ကိုယ့်ရဲ့တိုးပွားရေးအတွက် အများကြီး စွန့်စားတဲ့သူတွေရှိတယ်။ စွန့်စွန့်စားစားနဲ့လုပ်တဲ့ စီးပွားရေးသမားတွေလည်းရှိတယ်။ စွန့်စွန့်စားစားနဲ့ကိုယ်လုပ်ချင်တဲ့အရာကို ရအောင်လို့ လုပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်တယ်ဆိုတဲ့အခြေခံတာကြောင့်မို့ ဒါကို ကျွန်မကတော့ အာဇာနည် စိတ်ဓာတ်လို့ မသတ်မှတ်ပါဘူး။

ဒါကြောင့် ကျွန်မတို့ ပြည်သူပြည်သား အားလုံးဟာ အာဇာနည် စိတ်ဓာတ်ဘာလဲဆိုတာကို သေသေချာချာစဉ်းစားကြပါ။ စဉ်းစားပြီးတော့မှ ဒီလို စိတ်ဓာတ်မျိုးကို ကိုယ့်အတွင်းမှာလည်း တိုးပွားအောင်လို့လုပ်ပါ။ တခြားသူတွေ ဒီလို စိတ်ဓာတ်ရှိလို့ ရှိရင်လည်း အဲဒီလို ပုဂ္ဂိုလ်တွေကို တန်ဖိုးထားပါ လို့ ကျွန်မပြောချင်ပါတယ်။ မှားပြီးတော့ သွားပြီးတန်ဖိုးမထားနဲ့နော်။ မှားပြီး တန်ဖိုးထားရင် ကျွန်မတို့နိုင်ငံ အများကြီး ဒုက္ခရောက်နိုင်ပါတယ်။ တန်ဖိုးထားမှန်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ဘာကိုတန်ဖိုးထားသင့်တယ်။ ဘယ်လိုကိစ္စတွေကို တကယ် အထင်ကြီးသင့်တယ်ဆိုတာကို၊ အထူးသဖြင့် ကျွန်မတို့လူငယ်တွေကိုသေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘာပဲကြည့်ကြည့် အပေါ်ယံပဲမကြည့်ပါနဲ့။ သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးတော့ ငါတို့ဟာ ဘာတွေကို တန်ဖိုးထားရမလဲဆိုတာ ကို စဉ်းစားပါ။ အရေးမကြီးတဲ့ ကိစ္စနဲ့ပတ်သက်လို့ အထင်မသေးပါနဲ့။ တချို့တွေကဆိုရင် အပေါ်ယံကြောပဲကြည့်ကြတယ်။ အပေါ်ယံကြောကြည့်ပြီးတော့ အထင်သေးတာတွေရှိခဲ့ပါတယ်။

ဥပမာ ဒီနေ့ အာဇာနည်နေ့မို့ ပြန်ပြောရမယ်ဆိုရင် ဖေဖေက ငယ်ငယ်က ကျောင်းသားဘ၀တုန်းက ဖိုသီဖတ်သီနဲ့နေတတ်တာ နောက်ပြီးတော့ နေပုံထိုင်ပုံက မယဉ်ကျေးတာ၊ မသိမ်မွေ့တာ အဲဒါတွေကိုကြည့်ပြီးတော့ အထင်သေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အဲလိုအထင်သေးတာမှားသလားဆိုတော့လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယဉ်ကျေးတဲ့သူနဲ့ ရိုင်းစိုင်းတဲ့သူဟာ ယဉ်ကျေးတဲ့သူက ပိုပြီးတော့တန်ဖိုးရှိပါတယ်။ ဖေဖေကိုယ်တိုင်လည်း ဒီဟာကို မဆုံးခင်မှာ အသိအမှတ်ပြုသွားပါတယ်။ ကျွန်မဖေဖေအကြောင်းရေးတဲ့ အထုပ္ပတ္တိအတိုလေးမှာလည်းရေးထားပါတယ်။ ကျွန်မတို့အင်မတန်မှ နီးစပ်ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဖေဖေကပြောခဲ့ဘူးတယ်တဲ့ ငယ်ငယ်တုန်းက ကျောင်းသားဘ၀တုန်းကလို သူဒီလိုနေလို့မဖြစ်ဘူးပေါ့နော်။ အခုသူကအမျိုးသားခေါင်းဆောင်အဆင့်ရောက်နေပြီဆိုတော့ ကျောင်းသားဘ၀တုန်းကလို ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းနေဖို့မသင့်ဘူး။ သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်ဆိုတာကိုသူက ဖေဖေက အသိအမှတ်ပြုတယ် ။

သူကြိုးစားသွားမယ်လို့ပြောပါတယ်။ ကြိုးစားလည်းကြိုးစားပါတယ်။ ဒါကြောင့်မို့လို့လဲနောက်ဆုံးအပိုင်းမှာဖေဖေဟာ အပြောအဆိုကတော့ နောက်ဆုံးမိန့်ခွန်းအထိ ဗမာတွေမမေ့အောင်တော့ ခပ်ကြမ်းကြမ်းပြောသွားတာပဲ။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်လို့ရှိရင် အထူးသဖြင့် လူကြီးတွေကို ဒါကတော့ ဖေဖေက ငယ်ငယ်ထဲကပါ ငယ်ငယ်ကတည်းက လူကြီးတွေကိုလေးလေးစားစားနဲ့ ဂါရ၀တရားပြည့်ပြည့်၀၀နဲ့ ဆက်ဆံခဲ့တာတွေရှိပါတယ်။ နောက်ပိုင်းမှာလည်း ပိုပို ပိုပိုပြီး ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုပြီးတော့မြင်ရတာပေါ့လေ။ ဒါကမေမေ့ရဲ့ကျေးဇူးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ပိုပြီးတော့ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတော့ ငြင်းလို့မရနိုင်ပါဘူး။

တကယ့်အာဇာနည် စိတ်ဓာတ်ရှိတဲ့သူဆိုတာဟာ စိတ်နှိပ်ချမှုလည်းရှိရမယ်။ ကိုယ့်မှာပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်းနားလည်ရမယ်။ ကိုယ်နဲ့မတန်တဲ့အဆင့်ကို ကိုယ်ရောက်နေပြီဆိုပြီးတော့ မာန်တက်နေတယ်ဆိုတာလည်း ဒါအာဇာနည် စိတ်ဓာတ်မဟုတ်ဘူး။ အာဇာနည် မှန်ရင် အတွေးအခေါ်မှန်ရတယ်။ အတွေးအခေါ်မှန်တဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ကိုယ်တွေ့ရတယ်။ တခြားသူရဲ့အားသာချက်ကိုလည်း သိရတယ်။ တရားတော်ထဲမှာ ဆိုလို့ရှိရင် ကျွန်မအင်မတန်မှ ကြိုက်တဲ့ ဆုံးမစကားတစ်ခုရှိပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မမကြာခဏပြောပါတယ်။ ဒါကတော့ရှင်းရှင်းလေးပါ ။

သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့ကျေးဇူးကို ကျုံ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူယုတ်မာကတော့ပြောင်းပြန်ပေါ့နော်။ကိုယ့်ရဲ့ကျေးဇူးကိုချဲ့ပြီးတော့မြင်တယ်။ သူများရဲ့ကျေးဇူးကို ချုံ့ပြီးတော့မြင်တယ်။
အဓိကပြောရမယ်ဆိုရင် သူတော်ကောင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် သိရတယ်။ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ် အလေးထားရတယ်။ တခြားသူတွေရဲ့အားနည်းချက်တွေကိုမြင်ပြီးတော့ သိပြီးတော့ အင်မတန်မှ ချဲ့ကားပြီးတော့ ကိုယ့်ရဲ့အားနည်းချက်ကို ကျတော့လစ်လျူရှုထားတဲ့သူတွေသာ သူတော်ကောင်းမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အဲဒီတော့
အာဇာနည်ဆိုကတည်းက သူတော်ကောင်းဖြစ်ရမယ်။့မြင့်မြတ်တဲ့စိတ်ရှိရမယ်။

မြင့်မြတ်တဲ့စိတ်ရှိတဲ့စိတ်ရှိတဲ့သူဟာ ကိုယ့်ရဲ့အားနည်းချက်ကို သိရမယ်။ သိရုံတင်မကဘူး။ပြုပြင်ချင်တဲ့စိတ်လည်းရှိရမယ်။

အဲဒါကြောင့် ကျွန်မ ဒီနေ့ ဖေဖေနဲ့တကွ ကျဆုံးသွားတဲ့ခေါင်းဆောင်ကြီးတွေ အကြောင်းပြောနေတဲ့နေရာမှာ ဖေဖေကိုယ်တိုင်ပြောသွားတဲ့စကား သူ့ကိုယ်သူပြုပြင်ဖို့လိုတယ်။ ကျောင်းသားဘ၀တုန်းကလိုပုံစံနဲ့သူနေလို့မရတော့ဘူး။ သူဟာကျောင်းသားမဟုတ်တော့ဘူး။ သို့သော်ငြားလည်း အဲဒီတုန်းက ဖေဖေတော်တော်ငယ်ပါသေးတယ်။ ၃၂ နှစ် ။ဒီစကားပြောခဲ့တုန်းက ၃၂ နှစ် မပြည့်သေးခင်ပေါ့။ ဘုရင်ခံရဲ့ကောင်စီမှာ ဒုဥက္ကဋ္ဌဖြစ်ပြီးတဲ့အချိန် ၃၂ နှစ်မပြည့်သေးတဲ့ အချိန်မှာ ဒီစကားပြောခဲ့တာပါ။ အခုခေတ်ဆိုရင် ၃၂ နှစ်မပြည့်သေးတာကို ကလေးလို့တချို့ကတောင်ထင်ကြတယ်။ ကျွန်မ တို့လည်း အမှန်ပြောရင် တစ်ခါတလေ ကလေးလို့မြင်ပါတယ်။ လူငယ်ပေါ့နော်။ ဒါပေမယ့် ဖေဖေကတော့ လူကြီးစိတ်အပြည့်အ၀နဲ့ သူဟာ လူကြီးတစ်ယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်။

သူ့ရဲ့အားနည်းချက်တွေကို သူပြုပြင်ရမယ်။ ဒီဟာတွေကို တစ်နေ့ထက်တစ်နေ့ တိုင်းပြည်အတွက်ပိုတန်ဖိုးရှိအောင်လို့ နေသွားရမယ်ဆိုတာကို လက်ခံသွားတာကြောင့်မို့လို့ကျွန်မအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ ဒီလိုပဲသတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့ ၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ဒီလိုကျွန်မ သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ကျွန်မက သတ်မှတ်တာပါ။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီးမွေးဖွားရှင်သန်နိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Popular Myanmar News Journal



Photo.AP,Getty images,Reuters

0 ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့ San Francisco Bay Area


ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့ San Francisco Bay Area

မြန်မာပြည်တွင်း တွင် ဖြစ်ပေါ်လျှက်ရှိသော ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခကြောင့် အိုးအိမ်များ၊ မိသားစုများ သေကြေပျက်စီးဆုံးရှုံးမှုများကို လူသားချင်းစာနာစိတ်ဖြင့် San Francisco Bay Area Burmese Community မှ မြန်မာလူမျိုးများတို့စုပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင် ပြည်နယ် ဒုက္ခသည်များအတွက် ၁၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် San Francisco Bay Area Burmese Community မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။ အခမ်း အနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လှူဒါန်းရခြင်း ရည်ရွယ်ချက်အား San Francisco Bay Area Burmese Community မှ တာဝန်ရှိသူတစ် ဦးမှ ပြောကြားခဲ့ရာတွင် “San Francisco Bay Area တွင် နေထိုင်ကြသော မြန်မာမိသားစုများကလည်း ပြည်တွင်းရှိ ရခိုင်ပြည်နယ်၌ နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများကို မေ့မထားကြောင်းနှင့် ယခုလို ဒုက္ခရောက်နေကြသော ပြည်တွင်းရှိ မြန်မာလူမျိုးတိုင်းရင်းသားများကို တတ်နိုင်သည့်ဘက်မှ ကူညီ လှူဒါန်းကြရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ကာ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်၊ ဦးရဲလွင်တို့လက်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဈာပနပို့ဆောင်ခြင်းရုံးခန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း (စာကြည့်တိုက်)၊ ပညာဒါန သင်တန်းများအား လိုက်လံကြည့်ရှု လေ့လာသွားခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူသည် ရခိုင်တိုင်းရင်းသားများ ကိုယ်စား အထူးကျေးဇူးတင် သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုခဲ့ပါသည်။

ကိုကျော်သူ

Thursday, July 19, 2012

1 (၆၅) နှစ်မြောက်အာဇာနည်နေ့အခန်းအနားမြင်ကွင်းများ(ဓာတ်ပုံ)



အလေးပြုရန် စောင့်ဆိုင်းနေသော သူရဲကောင်း အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း တို့ကို လေးစားသူများ-Nay myo zin
၈၈ မျိုးဆက်ကျောင်းသားများနှင့် ဂီတအနုပညာရှင်များ အာဇာနည်ဗိမာန်သို့ ချီတက်လာစဉ်။- ဥက္ကာကိုကို

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုတို့နှင့်အတူ မြန်မာနိုင်ငံသားများမှ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါသည်။

ကြေကွဲဝမ်းနည်းမှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးစွာ စံနမူနာထားသည့် စိတ်ဓါတ်မှာလည်း ပို၍ပို၍ပင် ထက်သန်ပြင်းပြလာနေမြဲ ဖြစ်ပါသည်။

ဤသည်မှာ မည်သို့မျှ ငြင်း၍ မရနိုင်သော အမှန်တရား ဖြစ်သည်။ ဤအမှန်တရားကြောင့်သာပင် အာဇာနည်နေ့သည်လည်း ယနေ့ထက်တိုင် ခိုင်မြဲစွာ တည်ရှိနေခဲ့ပြီ ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးတို့၏ သမိုင်းသည်လည်း ပျောက်ပျက်မသွားနိုင်သည့်ပြင် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို အမြဲထာဝစဉ် ပေးစွမ်းနေဥိးမည်ဟု ယုံကြည်လျက် ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိသို့ ရောက်ရှိကြပါစေ။
photo..AP,Gerry images,Messenger journal,Reuters,ဥက္ကာကိုကို

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ (၆၅) နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်

0 Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

Aung San Suu Kyi Plans US Tour in September-Photo(http://myanmarlife.com/)
(VOA News မှ 18 July 2012 ရက်စွဲပါ “Aung San SuuKyi to accept award in US” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Global Citizen Award ဆုကို လက်ခံရန်အတွက် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ ရောက်ရှိလာမည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအုပ်စုက ထုတ်ပြန်ကြေညာသည်။

Atlantic Council အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “မြန်မာ့အတိုက်အခံခေါင်းဆောင်သည် ၄င်းဆုကို ကိုယ်တိုင်လက်ခံရယူမည် ဖြစ်သည်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂတွင် သူမအလုပ်လုပ်ခဲ့သော ၁၉၈၀ခုနှစ်များကာလနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးပြန်လည်လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်လိမ့်မည်ဟုသိရသည်။

“ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်မဆုတ်မနစ်သောလုံ့လဝီရိယဖြင့်တစ်စိုက်မတ်မတ်အားထုတ်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ခြင်းဖြစ်ပြီး သူမသည် လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ နိုင်ငံတကာ သင်္ကေတတစ်ခုဖြစ်သည်”ဟု Atlantic Council က ပြောကြားသည်။

ယခုအခါ လျင်မြန်စွာပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံမှ ကြီးကြီးမားမားအခွင့်အလမ်းများကို အမေရိကန်ကုမ္ပဏီကြီးများ၏ အကြီးအကဲများ ပါဝင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာနေချိန်တွင် ယခုဖိတ်ကြားမှုပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြုပြင်ပြောင်းလဲနေသော်လည်း သံသယဖြစ်ဖွယ် စစ်အုပ်ချုပ်ရေးအငွေ့အသက်များ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် Sactions များ ဖြေလျော့ပေးရာတွင် သတိရှိကြရန် အနောက်အုပ်စုနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ Sactions အချို့ကို ဖြေလျော့ပေးလိုက်ပြီး ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

yangonchronicle

0 ၆၅ နှစ်မြောက် အာဇာနည်နေ့အတွက် ၈၈မျိုးဆက်ကျောင်းသားများမှ ပေးပို့သော သ၀ဏ်လွှာ

88 Generation studients

0 ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အာဇာနည်နေ့ ဥသြဆွဲသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် မေလှမြိုင် တေးသီချင်း


★ဇူလိုင်လ (၁၉) ရက်၊ မြန်မာစံတော်ချိန်နံနက် ၁၀း ၃၇ နာရီ တိတိတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရ၀ဖြင့် ဥသြဆွဲသံနဲ့ အတူ ဦးညွှတ် အလေးပြုအပ်ပါသည်★
★ ★ ★ ★ ★ ★ ★ ★ ★
★ အလေးပြုပါသည် ★
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫ ♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫ ♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫ ♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫ ♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫ ♪… )၂

စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫ ♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫ ♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫ ♪…

အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…

အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…

ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…

တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…

(အစအဆုံး ပြန်ဆို) shared by: Ko Myoe
လွမ်းမပြေတဲ့ပန်းခွေ(စိန်ပါတီ)

1 ဒေါ်အောင်ဆန်းစုကြည်အကြောင်းထိုင်းစာသင်ကျောင်းတွေမှာပြဌာန်းသင်ကြား။

ထိုင်းနိုင်ငံစာသင်ကျောင်းများတွင် ၄တန်းကျောင်းသူ/သားတွေရဲ့ လူမှု့ရေးဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင်အရှဒေသနိုင်ငံများအတွင်းမှလူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်မှုဖြင့်ထင်ရှားကျော်ကြားသောခေါင်းဆောင်များအကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြဌာန်းသင်ကြားလိုက်ပြီ။

နိုင်ငံတကာကစီးပွားရေး၊နိုင်ငံရေး၊ပညာရေးအလွှာအသီးသီးနှင့် နိုင်ငံတကာမီဒီယာအားလုံးနီးပါးလောက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရဲဝံ့စွာအမျိုးသားရင်ကြားစေ့ရေး၊ဒီမိုကရေစီစနစ်ဖြင့် ခြွတ်ချုံကျဘုံးဘုံးလဲနေသော မြန်မာပြည်ကိုတိုးတက်မြှင့်မားဖို့လုပ်ဆောင်နေတဲ့အကြောင်းဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပေမယ့် နောက်ပြန်မလှည့်ပါဘူးဆိုတဲ့ အစိုးရသစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်းမရှိသေးပါဘူး။

ခုတော့အိမ်နီးခြင်းထိုင်းနိုင်ငံက လေးစားစံပြုထိုက်သူရဲ့အကြောင်းကို ကျောင်းသင်္ခံန်းစာမှာပြဌာန်းလိုက်တာကတော့ မြန်မာနိုင်ငံအစိုးရနဲ့ပညာရေးဌာနအတွက်အရှက်ရစရာတခုဖြစ်ခဲ့ပါပြီ။

aung pan facebook

Wednesday, July 18, 2012

1 အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ

မြန်မာနိုင်ငံတ၀ှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။

မွန်ပြည်နယ် အတွင်းက မြို့နယ် လေးမြို့နယ်မှာ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ရာ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ မော်လမြိုင်မြို့နယ်က NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုဇော် က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ နေရာက စည်ပင်သာယာပိုင် မြေဖြစ်နေတယ် ဆိုပြီးတော့ အဲဒါကို အကြောင်းပြချက် ပြပြီးတော့ ကျွန်တော်တို့ကို ကျင်းပခွင့် မပြုဘူးပေါ့။ အာဇာနည် ဗိမာန်ဆိုတာ ရန်ကုန်မှာပဲ ရှိတယ်တဲ့။ ရေးမှာ အာဇာနည်ဗိမာန် မရှိတဲ့အတွက် ကျင်းပခွင့် မပြုနိုင်ဘူး ဆိုပြီးတော့ အဲလိုပြောတာ။ မော်လမြိုင်မှာ ဆိုလို့ရှိရင် ဒီ သံလွင်ဥယျာဉ်ထဲမှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ထုနေရာက အရင်ကတော့ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တယ်ပေါ့နော်။ ဟိုအရင် အစိုးရတွေ လက်ထက်တုန်းက။ အခု ဒီနှစ်ကျတော့ ကျွန်တော်တို့က သွားလျှောက်တဲ့ အခါကြတော့ အဲဒါက အများပြည်သူ အပန်းဖြေရာ ဥယျာဉ်ဖြစ်တဲ့အတွက်၊ ပန်းခြံဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ပါဘူး ဆိုပြီး အဲလိုအကြောင်းပြတယ်။ ပုံစံအတူတူပဲဗျ။ လေးမြို့နယ်လုံးက"

ရေးမြို့နယ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မပေးတဲ့အမိန့်စာကိုတော့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေပြီး ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်ကမှ မြို့နယ်အုပ်ချူပ်ရေးမှူးက အကြောင်းပြန်လာတာလို့ ပြောဆိုပါတယ်။ တဆက်တည်းမှာပဲ ချောင်းဆုံမြို့နယ်နဲ့ သံဖြူဇရပ် မြို့နယ်တွေမှာလည်း အလားတူ ပိတ်ပင်မှုတွေရှိကြောင်း ပါတီဝင်တွေက တင်ပြခဲ့ကြတယ်လို့ ဦးကိုကိုဇော်က ပြောပါတယ်။

အလားတူ ပြည်၊ ဒလ၊ တောင်ကြီး၊ ပင်လုံ၊ ပျဉ်းမနား၊ အောင်ပန်း စတဲ့မြို့တွေမှာလည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ကြတာကို သက်ဆိုင်ရာတွေက ပိတ်ပင်နေတဲ့အတွက် အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဝေဖန်ပြောဆို လိုက်ပါတယ်။

"အောင်ပန်း နောက်ပြီးတော့အခု ဒလ နောက် ပြည်၊ အများပြည်သူက အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့၊ ပန်းခွေချဖို့ သူတို့မှာ မြို့မှာရှိတဲ့ အထွတ်အမြတ်တွေရှိတယ်။ အဲဒီမှာ ကျောက်တိုင်၊ ကျောက်တိုင်ဆိုရင် ဒါလွတ်လပ်ရေး ကျောက်တိုင်၊ လွတ်လပ်ရေး ကျောက်တိုင်က ဘယ်သူကို ကိုယ်စားပြုသလဲဆိုရင် ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်စားပြုတယ်၊ အာဇာနည် ခေါင်းဆောင်တွေကို ကိုယ်စားပြုတယ်။ ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်ကြေးရုပ် ဆိုတာကလည်း အာဇာနည်ခေါင်းဆောင်ကြီးပဲ။ ဒီလိုပဲ Monument တွေရှိတယ်။ အဲဒီမှာ သူတို့က ပန်းခွေချမယ်၊ အလေးပြုမယ် ဆိုတဲ့ကိစ္စတွေကို တားဆီးပိတ်ပင်နေတယ်"

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်ဗိမာန်ကို သွားရောက် ပန်းခွေချ ကြမယ်လို့လည်း သိရပါတယ်။
Rfa

0 မန္တလေးမြို့ မှ တပ်မြို့စည်ပင်ဈေး ဆိုင်ခန်းခ တိုး မြှင့် ကောက်ခံမှု ကြောင့် ဆိုင်ခန်းများ ရပ်တည်ရေး ခက်ခဲ ။

မန္တလေးမြို့ မန်းတက္ကသိုလ်အနီး၊ ၃၈လမ်း×၃၉လမ်းကြား၊ ရ၃လမ်းမ ပေါ်ရှိ တပ်မြေပေါ်တွင် ဖွင့်လှစ် ထားသော တပ်မြို့ စည်ပင်သာယာဈေး အတွင်းရှိ ဆိုင်ခန်းများ ကို လစဉ်ကြေးတိုးမြှင့်ကောက်ခံခဲ့ရာဆိုင်ခန်းခများ ပေးဆောင်ရန် ကျန်ရှိနေသော ဆိုင်ခန်းများအား ပိတ်သိမ်းရန် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ရက်စွဲ ။ ။ ၅-၇-၁၂ ကြေငြာချက်။

တပ်မြို့ဈေးအတွင်း အငှားချထားသော အောက်အမည်ပါ ဆိုင်ခန်း ငှားရမ်းထားသူများသည် (မေလနှင့်ဂျွန်လ) ဆိုင်ခန်းငှားခများကို (၁၀-၇-၁၂) ရက် နောက်ဆုံးထားပြီး တပ်မြို့စည်ပင်(နန်းတွင်း) သို့လာရောက်ပေးသွင်းရန် အသိပေးအပ်သည်။ သတ်မှတ်ရက် မပေးသွင်းပါက ဆိုင်ခန်းခပေးသွင်းပြီးသည်အထိ ဆိုင်အား ခေတ္တ ပိတ်သိမ်း ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည် ။

၁။ ၂၂ ခန်း ဆိုင်အမှတ် ( ၄ ) ဒေါ်စန်းစန်းလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၂။ ၂၂ ခန်း ဆိုင်အမှတ် ( ၆-၇ ) ဒေါ်အားဖုန်း (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၃။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၄ ) ဦးအောင်မြင့် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၎။ ၂၂ ခန်း ဆိုင်အမှတ် (၁၆ ) ဦးစိုးလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၅။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၅ ) ဒေါ်သိသီလှိုင် (ဇွန်လ) ၅၀၀၀၀ ကျပ်

၆။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၉ ) ဦးခင်မောင်ဝင်း (ဇွန်လ) ၅၀၀၀၀ ကျပ်

၇။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၀ ) ဒေါ်မြရီ (ဇွန်လ) ၅၀၀၀၀ ကျပ်

၈။၂၂ ခန်း ဆိုင်အမှတ် ( ၂၁ ) ဦးခင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

၉။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၂ ) ဦးသက်လွင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

ထိုသို့ကြေငြာထားပြီးနောက် (၁၇-၇-၁၂)နေ့ ညနေ(၆း၀၀)ခန့်တွင် လက်နက်ကိုင်တပ်ဖွဲ့ အင်အား (၂၀)ခန့်ပါရှိသော တပ်စည်ပင် (နန်းတွင်း) မှ အရာရှိများ ရောက်ရှိလာပြီး ပေးသွင်းရန် ကျန်ရှိနေသူများ အား ဖယ်ရှားရန် ပြောဆိုခဲ့သည်။

ထိုနောက် ညှိနှိုင်းမှု အရ (၂) လစာ ပေးရန်ရှိသူများထံမှ (၁) လစာ ကောက်ယူပြီး ကျန်သည့် တစ်လစာကို နောက်တစ်လဆုတ်၍ ပေးသွင်း ရန် သဘောတူပြီး ပြန်လည်ထွက်ခွာသွားကြသည်။

( ရောက်လာ လာခြင်း သေနတ်တွေ နဲ့ ဆိုတော့ အံ့အားသင့်ပြီး လန့်လဲ လန့်သွားတယ် ကြောက်တာပေါ့လေ..
ခုတော့ ငါးသောင်းကို မဖြစ် ဖြစ်အောင် တစ်လစာစောင်လိုက်တယ်။ ကျန်တဲ့တစ်လစာကို နောက်တလဆုတ်ပေးတယ် ။ကျွန်မက ကြက်ဥ ရောင်းတာပါ ။ တစ်နေ့ အမြတ်ငွေက ၂၀၀၀(နှစ်ထောင်)ကျပ် ဝန်းကျင်ပဲ ရှိပါတယ် .. တစ်လ ငါးသောင်းဆိုတော့ စားဖို့ ဘာမှ ကျန်မှာ မဟုတ်ဘူးလေ.. ၊ ဟုတ် အဲတာတော့ တင်ပြလိုက်ပါတယ်..။ သူတို့ပြောတာတော့ ပြန်ပြီး လျော့ပေါ့ပေးအောင် တင်ပြပေးမယ် ပြောသွားတယ် ) ဟု ကြက်ဥရောင်းချသူ အမျိုးသမီး တစ်ဦး ကပြောကြားသည်။

ဧပြိလမှာ အစည်းအဝေးခေါ်ပြီးတော့ မူလဆိုင်ခန်းခ(၇၀၀၀)ကျပ်ကနေ ကျပ်ငါးသောင်းဆောင်ခိုင်းတယ်။
ကျွန်တော်တို့က ပထမ ဧပြီလမှာ ငါးသောင်းဆောင်လိုက်တယ် ဆောင်ပြီတော့ သမ္မတဆီမှာအသနားခံစာ တင်လိုက်တယ်။

သမ္မတရယ် ဝန်ကြိးချုပ်ရယ် လွတ်တော်ဥက္ကဌရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် ကို အသနားခ့စာတင်တယ် အဲဒီက ကျလာရင် လျော့ပေးမယ်လိုပြောတယ်။ ၅လပိုင်း ၆လပိုင်းမှာ ကျောင်းဖွင့်ချိန်တိုက်နေတော့ ကျွန်တော်တို့ က ကျောင်းဖွင့်ရာသီ ဖြစ်တယ် ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်တဲ့ အကြောင်း အသနားခံစာတင်တယ်။ အဲဒီမှာ အစည်းအဝေးခေါ်တယ် ဘယ်နေ့ ဘယ်ရက်မှာ ဆောင်ရမယ် မဆောင်ရင် ချိတ်ပိတ်မယ်လို့ ခေါ်ပြောတယ်။ ဒီနေ့မနက်(၁၇-၇-၁၂) က အစည်းအဝေးခေါ်တယ် ကျွန်တော်တို့ ၉ ယောက်က မသွားကြဘူး အဲဒီ အတွက် ခုညနေမှာ သူတို့ လိုက်လာကြတယ်ဗျ ၊ ယူနီဖောင်းတွေ လက်နက်တွေ နဲ့ဆိုတော့ကျွန်တော်တို့လဲ ကြောက်တာပေါ့ဗျာ ဟု ဆိုင်ခန်း အမှတ်(၁၆)မှ ဥိးစိုးလွင် က ဖြေကြားသည်။

ကျွန်မ က မုဆိုးမပါ ၊ ကလေးနှစ်ယောက်ရှိပါတယ် အကြီးမလေးက တက္ကသိုလ်တက်နေတာပါ ။ ခုက ဘယ်လိုမှာ အဆင်မပြေတော့လို့ ဆက်မတက်တော့ပါဘူး ။ ခုလဲ မဖြစ်ဖြစ်အောင်ဆောင်လိုက်ရတာပဲ ...ဟုတ်ကဲ့ တနေ့ ဝင်ငွေက၂၀၀၀နဲ့၃၀၀၀ ကြားပဲ ရှိတာပါ။ ဟု တပ်မြို့ဈေးအတွင်း ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးမှ ပြောကြားသည်။

ခုစာတင်ထားတာပဲ ဖြစ်စေချင်တာတော့ ၂ဦး၂ဖက် ပြေလည်မယ့် နှုန်းထားလေး ဖြစ်စေချင်ပါတယ် ဟု ၎င်း က ဆက်လက်ပြောကြားသည်။

သတင်းနှင့်ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
၁၇-၇-၁၂
ည(၈း၀၀)နာရီ

0 လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုကို အာမခံရန် မြန်မာကို အမေရိကန်တိုက်တွန်း

(Channel News Asia မှ 17 July 2012 ရက်စွဲပါ“ US urges Myanmar to ensure transparency and human rights” သတင်းကို ဘာသာပြန်ဆိုသည်။)

ဆယ်စုနှစ်စု ပိတ်ဆို့ဒဏ်ခတ်ထားခဲ့သော မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ စီးပွားရေးလုပ်ရန် ရှားရှားပါးပါး သွားရောက်လေ့လာနေကြပြီ ဖြစ်၍ လူ့အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုကိုအာမခံရန် မြန်မာနိုင်ငံအား အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၌ ရင်းနှီးမြှပ်နှံခွင့်ပြုမည့်အကြောင်း သမ္မတအိုဘားမားကကြေညာအပြီးတွင် မြန်မာနိုင်ငံသို့ လေ့လာရေးခရီးထွက်လာသော အမေရိကန်ကုမ္ပဏီ ၃၇ ခုနှင့် အကြီးအကဲများနှင့်အတူ အကြီးတန်းအစိုးရ တာဝန်ရှိသူနှစ်ဦးလိုက်ပါလာသည်။

စီးပွားရေးဆိုင်ရာ ကြီးကြပ်ရသော နိုင်ငံခြားရေးရာဌာနမှ Robert Hormats သည် မြန်မာအာဏာပိုင်များနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့ပြီး၊ အချိန်ကြာတံခါးပိတ်ထားခဲ့သော မြန်မာနိုင်ငံမှ လက်ရှိသိသိသာသာ ပြောင်းလဲနေမှုများကို အားပေးထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ရေနံနှင့်ဓါတ်ငွေ့လုပ်ငန်း MOGE ကဲ့သို့သော အစိုးရပိုင်ကုမ္ပဏီများမှ တဆင့်ဖြစ်စေ၊ မြန်မာအစိုးရနှင့်ဖြစ်စေ လက်တွဲ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကြိုးပမ်းမှုများနှင့် ပွင့်လင်းမြင်သာရှိမှုတို့ တိုးတက်လာအောင် လုပ်ဆောင်ရန် တာဝန်ယူကာ ကတိပေးသည်ဟု Hormats ကပြောကြားသည်။

အမေရိကန်နှင့် မြန်မာဆက်ဆံရေးသည် လူ့အခွင့်အရေးလေးစားမှု၊ အလုပ်သမားတို့၏ ရပိုင်ခွင့်အားပေးမှု၊ တိုင်းရင်းသား အခွင့်အရေးကာကွယ်ပေးမှု၊ ကျန်ရှိနိုင်ငံရေးသမားများကိုလွှတ်ပေးမှုတို့အပေါ်တွင် မူတည်နေသည်ဟုလည်း Hormatsက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်သည်။

အပြောင်းအလဲကို နောက်ပြန်ဆွဲလိမ့်မည်ဟု သံသယရှိကြသော မြန်မာအစိုးရပိုင် MOGE ရေနံလုပ်ငန်းနှင့် စီးပွားရေးလုပ်ခွင့်ပြုလိုက်သော သမ္မတအိုဘားမား၏ဆုံးဖြတ်ချက်ကို ထင်ရှားသောအမေရိကန် လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လျက်ရှိသည်။

ဝါရှင်တန်အသိုင်းအဝိုင်း၌ များစွာလေးစားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်ကလည်း“ပွင့်လင်းမြင်သာမှု နိုင်ငံတကာစံနှုန်းများကို မြန်မာအစိုးရပိုင် MOGE ကုမ္ပဏီက လေးစားလိုက်နာလာသည်အထိ အနောက်နိုင်ငံများက ဝိုင်းဝန်းဖိအားပေးကြရန်”သတိပေးတောင်းဆိုထားသည်။

လွန်ခဲ့သောဆယ်နှစ်ခန့်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ ကြေညာခဲ့သည့် ရေနံ၊ ဓါတ်ငွေ့ နယ်ပယ်ပွင့်လင်းမှုစံနှုန်း“Extractive Industries Transparency Initiative”ကို လက်မှတ်ရေးထိုးရန် Hormats က မြန်မာအစိုးရကို တိုက်တွန်းထားသည်ဟုလည်း သိရှိရသည်။

အဆိုပါစံနှုန်းကို စိတ်ဝင်စားကြောင်း မြန်မာတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုပြီးနောက်တွင် ၎င်းအဖွဲ့၏ နိုင်ငံတကာညှိနှိုင်းဆောင်ရွက်မှု ဌာနမှူး Jonas Moberg သည်လည်း မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သီးခြားရောက်ရှိနေသည်။

အမေရိကန်ကုမ္ပဏီများ၏ မြန်မာလေ့လာရေးခရီးတွင် Chevron၊ Conocophillips နှင့် Exxo Mobi ကဲ့သို့ ရေနံကုမ္ပဏီကြီးများအပြင် Dell၊ Fed Ex၊ Google၊ Procter & Gamble နှင့် Time Warner ကဲ့သို့ အခြားကုမ္ပဏီများလည်း ပါဝင်ကြသည်။

GE ကုမ္ပဏီရောက်ရှိနေပြီဖြစ်သော မြန်မာဈေးကွက်သို့ ကိုကာကိုလာကလည်း မကြာမီလာမည်ဟုဆိုထားရာ၊ အမေရိကန်တို့၏ ကမ္ဘာကျော် အညိုရောင်အမြှုပ်ထ ရှတအချိုရည်မရှိသောနိုင်ငံအဖြစ် ကျူးဘားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံထဲသာ ကျန်တော့မည် ဖြစ်သည်။

မြန်မာအာဏာပိုင်များက စီးပွားရေးပြုပြင်ပြောင်းလဲမဥပဒေများကို ရေးဆွဲနေဆဲဖြစ်သောကြောင့် အနာဂါတ်အခွင့်အလမ်းများကို အဓိကလေ့လာရန် အမေရိကန်ကုမ္ပဏီများ ရောက်လာကြခြင်းဖြစ်သည်ဟု ယခုခရီးစဉ်ကိုစီစဉ်သူ အမေရိကန်အာဆီယံစီးပွားရေးကောင်စီမှ အန်သွန်နီနယ်လဆင်က ပြောကြားသည်။

“သူုတို့အနေနဲ့အချိန်ယူတာ၊ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းထားတာ၊ အလောသုံးဆယ်လုပ်ဖို့ မကြိုးစားဘဲ မှန်မှန်ကန်ကန်လုပ်ကြတာကို ကျွန်တော်တို့မြင်ချင်ပါတယ်။ ဒါကို သူတို့သဘောပေါက်တယ်လို့ ကျွန်တော်ထင်ပါတယ်ဟု နယ်လဆင်က ရန်ကုန်မှတယ်လီဖုန်းဖြင့် AFP သို့ ပြောကြားသည်။

“ကြီးကြီးမားမား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသူတွေကို အမေရိကန်ကုမ္ပဏီကြီးတွေက လက်မတွဲချင်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ခြေလှမ်းတုန့်စေမယ့် အရာတွေရှိမယ်လို့ ကျွန်တော်မထင်ပါဘူးဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၌ အာရှနှင့်ဥရောပကုမ္ပဏီများ လက်ဦးနေကြပြီဖြစ်သောကြောင့် ရင်းနှီးမြှပ်နှံမှု ဆက်လက်တားမြစ်ထားခြင်းသည် အမေရိကန် ကုမ္ပဏီများကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဟု လွှတ်တော်အမတ်အချို့နှင့် ကုမ္ပဏီများက စောဒကတက် အငြင်းပွားခဲ့ကြသည်။

ချီကာဂိုအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ Abbott Fund ကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်စီစဉ်ထားသော အမျိုးသမီးနှင့် မိန်းကလေးများ စောင့်ရှောက်ကူညီရေးအစီအစဉ်အတွက် ၂ နှစ်စာ ရန်ပုံငွေဒေါ်လာတစ်သန်းပေးအပ်မည်ဟု တနင်္လာနေ့တွင် သီးခြား ကြေညာခဲ့သည်။

အနံ့အသတ်များရှိနေသည့်ကြားက အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသော မြန်မာပြည်တွင်းမှ ဒေသခံအဖွဲ့များကို ရန်ပုံငွေထောက်ပံ့မည်ဟု Abbott Fund က သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စွမ်းပကားကတော့ တကယ့်ကိုအထင်ကရပါပဲ။ ကူညီ၊ ပံ့ပိုး၊ ထောက်ပံ့ဖို့ ထိုက်တန်တယ်လို့ ကျွန်မတို့ယူဆပါတယ်ဟု Abbott Fund ဒုတိယဥက္ကဌ ကတ်သရင်းပစ်ကပ်က ပြောကြားသည်။

“အဲဒီမှာ အာမခံချက်တစ်ခုနှင့်တစ်ခုပေးရုံလောက်နဲ့ ပြဿနာတွေအားလုံးပြေလည်သွားပြီလို့ ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာ လူ့အသိုင်းအဝိုင်းရဲ့ ရေရှည်စွမ်းရည်တွေ ဖြေရှင်းနည်းတွေကို ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးနေတာပါဟု သူမက AFP သို့ ပြောကြားသည်။

Yangon chronicle

0 (၆၅)နှစ်မြောက် အာဇာနည်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများ သုံးခွမြို့သို့ သွားရောက်ကြမည်

၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများ သုံးခွမြို့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း။နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး အာဇာနည်ကုန်း၌ စုပေါင်းအလေးပြုကြမည်ဖြစ်ကြောင်း။
88Generation studients

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ဇူလိုင်၁၆ရက်နေ့က“နောက်ကြည့်မှန်”စာအုပ်လက်မှတ်ထိုးပေးတဲ့နေ့မှာ သွေးတက်လာတာကြောင့် ကျန်းမာရေးစစ်ဆေးမှုအမြဲလုပ်နေရတာပါ။
http://www.facebook.com/tharzawmdy

Tuesday, July 17, 2012

0 ၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံမိတ်ဆက်ပွဲအမှတ်တရ(ဓာတ်ပုံ)

၂၀၁၂ခုနှစ်၊စက်တင်ဘာလ၊၁ရက် နေ့MCCတွင်ကျင်းပပြုလုပ်မည့်၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံ မိတ်ဆက်ပွဲ တွင် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြပါသည်။

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ၊ ၁ရက် နေ့ MCC တွင် ကျင်းပပြုလုပ်မည့် ၈၈မျိုးဆက်ကျောင်းသားများ၏ စေတနာဝဿန် ရံပုံငွေ ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်ရေးအတွက် ဂီတအနုပညာရှင်များနှင့် ၈၈မျိုးဆက်များ တွေ့ဆုံမိတ်ဆက်ပွဲတွင် တက်ရောက်လာကြသော အနုပညာမောင်နှမများမှ၈၈မျိုးဆက်သို့သူတို့၏အနုပညာအပြင် ငွေကြေးတစ်ချို့ကိုပါ ထောက်ပံ့ကူညီသွားကြပါသည်
88Generation studients

0 ဆန္ဒထုတ်ဖေါ်ပွဲဓါတ်ပုံများ

4 " သမ္မတကြီးဦးသိန်းစိန်သို့ စိုးရိမ်ဖွယ်ရာ ဧရာဝတီတိုင်းရဲ့ အနာဂတ်နေ့ရက်များအတွက် ဧရာဝတီတိုင်းသား တစ်ဦးရဲ့ ရင်ဖွင့်သံ"

ကြားဖြတ်ရွေးကောက်ပွဲကာလက မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်ကျေးရွာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဆိုင်ဘုတ်တင်နှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားအပြီးနယ်မြေခံ ရဲသားတစ်ဦးမှ ဖွင့်ပြီးကာစ ရုံး
အားလိုက်လံ၍ ဓါတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကိုခေါ်၍ စစ်ဆေးမေးမြန်းခြင်း အိမ်သားများကို တန်းစီ၍ ဓါတ်ပုံ
များ ရိုက်ယူခြင်းဒေါ်အောင်ဆန်းစုကြည် နှင့် မန်းဂျော်နီ ပုံပါသည့် ပိုစတာများအား ဓါးနှင့် ခုတ်ဖြတ်၍ အဖျက်ဆီးခံခဲ့ရခြင် စသည့် မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များဖြစ်ပေါ်ခဲ့ပြီး သူ့ရဲ့ပရောဂမကင်းကြောင်းပြောဆိုနေကြပါတယ်..
အငြိမ်းစားသစ်တောဝန်ထမ်းဧရာဝတီတိုင်းသားတစ်ဦးမှ ဒေါင်းမာန်ဟုန်ဆိုဒ်သို့ပေးပို့တဲ့စာကိုတင်ပြလိုက်ပါတယ်....

ကျွန်တော်သည် မြစ်ဝကျွန်းပေါ် ဒေသတွင်ကြီးပြင်းခဲ့ရပြီး ငယ်စဉ်ကထဲက ၀ါသနာပါခဲ့သော သစ်တောတက္ကသိုလ်သို
့တက်ရောက်ခဲ့ပြီးသစ်တောသိပံ္ပဘွဲရရှိခဲ့ပြီးမိမိတိုင်းမှာပြန်လည်ထမ်းဆောင်ခွင့်မရပဲမြန်မာပြည်အနှံတာဝန်ထမ်းဆောင်ခဲ့ရာမှယခင်သစ်တောဝန်ကြီးဟောင်းဗိုလ်မှုးချုပ်သိန်းအောင်သစ်တောသို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ချိန်မှစလို့ ဦးသိန်းအောင်ခေါ်လာတဲ့ ဗိုလ်မှုးကြီး ၊ဗိုလ်မှုးလေးတွေနဲ့ ဗိုလ်ကြီးပေါက်စလေးတွေ ရဲ့ နေရာယူမှု့ ၊ဦးသိန်းအောင်မိန်းမနဲ့ သမီးကို ကပ်ဖားနိင်သူများ သာ ရာထူးရရှိမှု့တွေနဲ့ သစ်တောဝန်ကြီးဌာနတခုလုံးလဲ ပျက်စီးခဲ့ရပါတယ်။

ရာထူးနေရာယူမှု့တွေ၊စီးပွားရေးလက်ဝါးကြီးအုပ်မှု့တွေကြောင့် ကျွန်တော်တို့ သစ်တောကျောင်းဆင်းများအားလုံး နင်းပြားဖြစ်ပြီး စိတ်ဆင်းရဲခဲ့ရတာ အားလုံးအသိပါ။

အထင်ရှားဆုံး ဥပမာပြောရမယ်ဆိုရင် သစ်တောဦးစီးဌာနမှာ ညွန်မှုးရာထူးဆိုတာ ပင်စင်ယူခါနီး(၃)-(၄)နှစ်လိုမှ ရကျတာပါ။ဦးသိန်းအောင် ရဲ့ တပည့်တွေကတော့ ဘွဲ့ရစရာတောင်မလိုပဲ ညွန်မှုးရာထူးကို အလွယ်တကူရကျပါတယ်။
FORESTER များနဲ့ ထာဝစဉ်ကြိုးစားပြီး နိုင်ငံရဲ့ ၀င်ငွေရှာရတဲ့ သစ်ထုပ်လုပ်ရေးဌာနမှာလဲကျွန်တော်တို့ FORESTER များ တသက်လုံးကုန်းရုန်းပြီးပင်စင်ယူခါနီးအထိတောထဲတောင်ထဲမှာနေခဲ့ပြီးကြိုးစားပြီးအားထုပ်ကုန်းရုန်းအပင်ပန်းခံခဲ့ရလေသမျှ ပင်စင်ယူခါနီးကျတော့ ဦးသိန်းအောင်ခေါ်လာတဲ့ မိုးကျရွေကိုယ်ဗိုလ်ကြီးဗိုလ်လေးတွေက နေရာအခန့်သားဝင်ယူပြီး ကျွန်တော်တို့ကို နှိမ့်ချလေတော့ FORESTER မိသားစုများ မျက်နှာငယ်စွာ ရင်နာစွာနဲ့ အလုပ်ကထွက်ခဲ့ကြရသူတွေ မနည်းပါဘူးခင်ဗျာ။

အထူးသဖြင့်ဦးသိန်းအောင်လက်ထက်မှာတော့သစ်တောဘွဲရတွေကိုမသုံးပဲသစ်တောအကြောင်းနားမလည်ပဲဘာမှမတတ်တဲ့သူ လူယုံတွေ နဲ့ သစ်တောတွေကို အကုန်ပြောင်သွားအောင်ခုတ်ပြီး သူတို့ မိသားစု နဲ့ လူယုံ လက်တဆုတ်စာ နဲ့စီးပွားရေး သောင်းကျန်းပြီး တိုင်းပြည်ကိုဖျက်သွားတယ်ဆိုတာ အထောက်အထားတွေနဲ့ ငြင်းလို့မရပါဘူး။
အဲဒီကာလရဲ့ သစ်တောတွေပြုန်းတီးမှု့ကိုစစ်ဆေးကြည့်ရှုမယ်ဆိုရင် မြန်မာသမိုင်းမှာ

0 လူမှုရေးကွန်ယက်


လူမှုရေးကွန်ယက်

လူမှုရေးသမားတစ်ဦးခြင်းသော်၎င်း၊ လူမှုရေးအသင်းအဖွဲ့များသော်၎င်း၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံတွေ့ရမြဲပင်ဖြစ်သည်။ ထိုကဲ့သို့ ကြုံတွေ့ ရသော လူမှုအခက်အခဲများလည်း မြန်မာပြည်အနံ့ရှိ လူမှုရေးအဖွဲ့အစည်းများတွင် ရှိနေတတ်သည်။

ဤကဲ့သို့သော . . . မည်သို့ ကူညီမရမည်နည်း။

မည်သို့ ပေးဆပ်ရမည်နည်း။

ရင်ဆိုင်ရမည်နည်း။

ဖြေရှင်းရမည်နည်းဆိုသော မေးခွန်းများ နေ့စဉ် ကျွန်တော်တို့ နာရေးကူညီ မှုအသင်း(ရန်ကုန်)တွင် ပေါ်ပေါက်နေဆဲဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၉.၇.၂ဝ၁၂ ရက်နေ့၌ မြန်မာတ ပြည်လုံးရှိ စာရင်းပေးသွင်းထားသော မြို့ပေါင်း (၁၃) မြို့မှ လူမှုရေးသမားများ (၄၅) ဦးတို့အား ဒုတိယ အကြိမ်မြောက် လူမှုရေးစွမ်းအင်မြှင့်သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စခန်းသွင်း၍ သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းကာ လူမှုရေးလုပ်ဆောင်မှုများဖြစ်သော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် (အခမဲ့) ထမ်းရွက်ပေးမှုများနှင့် လူမှုရေးသမားများထားရှိရမည့် စိတ်ဓါတ် ရေးရာ၊ စောင့်ထိမ်းရမည့် အကျင့်သီလ ကိုယ်ကျင့်တရားများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ Activities of F.F.S.S and F.F.S.S Biography အား Projecter ဖြင့် ပြသရှင်းလင်းခြင်း၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ Buddhism and Humanism၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ Aims and Objectives of life၊ ဒေါ်သီတာမှ Interpersonal Skills၊ ဦးသန်းနိုင်မှ Water Filtration System Demonstration Workship Training၊ ဦးဖူးကျော်ဇင်(Future Wave)မှ Leadership Skill၊ ဒေါ်စီစီမာမှ Financial Rules၊ ဦးလွင်ကိုလတ်နှင့် ဦးစိုင်းရဲကျော်စွာမြင့် တို့မှ Civil Society၊ ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စိုးစန္ဒာ တို့မှ Production of Organic Shampoo and Liquid soap၊ ဦးမန်းသိုက်ထွန်းမှ Human Right ၊ ဦးကျော်ဇောနိုင်မှ Legal Knowledge and Community Awareness နှင့် ဒေါက်တာထွန်းလွင်မှ မိုးလေဝသဆိုင်ရာပညာရပ်များအား သင်တန်းကာလ (၆) ရက်ကြာမြင့်စွာ လက်ဆင့်ကမ်း၍ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးသမားများအတွက် သင်တန်းဖွင့်လှစ် ပို့ချသင်ကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှတ်စဉ် (၂/၂ဝ၁၂) ပရဟိတအသင်းများ စွမ်းရည်မြှင့်သင် တန်းသို့ သန်လျင်မြို့နယ်ရှိ “သန်လျင်နာရေးကူညီမှုအသင်း” နှင့် “ရွှေသန်လျင်သာသနာ့ရိပ်သာ လူငယ် ပရဟိတအကျိုးဆောင်အဖွဲ့”၊ ဒလမြို့နယ်ရှိ “ဒလနာရေးကူညီမှုအသင်း”၊ “သံသရာခရီးသည် နာရေး ကူညီမှုအသင်း”၊ မှော်ဘီမြို့နယ်ရှိ “မြို့မ(အခမဲ့) နာရေးကူညီမှုအသင်း”၊ မကွေးတိုင်းရှိ “နတ်မောက် နာရေးကူညီမှုအသင်း”၊ “ကံဦးသွေးလှူရှင်များအဖွဲ့”၊ “နာမ့်ခုံးရှမ်းများပရဟိတအသင်း”၊ “ထုံးဘိုနာရေး ကူညီမှုအသင်း”၊ “ပဲနွယ်ကုန်း 100 Power လူငယ်များအဖွဲ့”၊ “ဖယ်ခုံ - လောက ပါလ လူမှုကူညီရေး”၊ “မြစ်ကြီးနား - အောင်နန်းနာရေးကူညီမှုအသင်း”၊ “နမ္မတီးနာရေးကူညီမှုအသင်း”၊ “တနိုင်းနာရေးကူညီမှု အသင်း”၊ “သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)”၊ “ဖျာပုံ-ကရုဏာရှင်နာရေးကူညီမှုအသင်း”၊ “မလှိုင်မြို့ - ပန်းအိုင်နာရေးကူညီမှုအသင်း”၊ “ညောင်ဦးမြို့ - ကရုဏာရှင် (အခမဲ့) နာရေးနှင့်ဆေးခန်း”၊ “နေပြည်တော်၊ သာဝတ္တိမြို့ရှိ “ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး”၊ သနပ်ပင်မြို့ရှိ “ကုလားချောင်းကြီးရွာ နာရေးကူညီမှုအသင်း” နှင့် “စေတနာရှင် နာရေးကူညီမှု”၊ မိုင်းရှူးမြို့ရှိ “မေတ္တာရှင် လူငယ်များ သာမှု/ကူမှု ကူညီရေးအသင်း”၊ ထုံးဘိုမြို့၊ မြောင်အုပ်စုရှိ “ဖူးရွှေစင်နိုင်ရတနာ လူမှုကူညီရေး”၊ တောင်သာမြို့ရှိ “လူမှုကူညီရေးအသင်း” အစရှိသည့် အသင်းအဖွဲ့ (၂၅) ဖွဲ့ရှိ လူမှုရေးသမား (၄၅) ဦးတို့အား သင်တန်း ကာလ (စ/ဆုံး) နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ခံကျွေးမွေးခဲ့ပြီး နယ် အသင်းအဖွဲ့ များအတွက် နေထိုင်မှု၊ စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ဦးရဲလွင် ဦးဆောင်သည့် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်နှင့်အတူ ကိုဆောင်းဦးလှိုင်မှလည်း လာရောက်၍ ဂီတသံစဉ်တို့ဖြင့် လူမှုခွန်အားများကို မြှင့်တင်ပေးခြင်းတို့အပြင် ညပိုင်းအချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ စုဆောင်းရရှိထားသော ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ရပ်မှန်၊ အတ္ထုပ္ပတ္တိဇာတ်လမ်းများအား ပြသကာ မိမိတို့၏ လူ့အဖွဲ့အစည်း ပိုမို တိုးတက် သာယာငြိမ်းချမ်းရေးကို ရှေးရှု၍ ကျယ်ပြန့်ကွဲပြားသော အသိပညာ၊ အတွေးအမြင်၊ အကြောင်း အရာ၊ အတွေ့အကြုံများကို ရှာဖွေလေ့လာ၍ ဆွေးနွေးခြင်း၊ အဖြေရှာခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း မျှဝေခြင်း ဖြင့် အဖွဲ့အစည်း၊ ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ အပြုအမူများကို တတ်အားသဖြင့် လုပ်ဆောင်နိုင် ကြစေရန် နှင့် သင်ခန်းစာ ရယူနိုင်ကြစေရန်အတွက် ပြသခဲ့သည်။

သင်တန်းပြီးစီးသည့် နေ့ရက်တွင် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ပရဟိတ စွမ်းရည်မြှင့်သင်တန်း ဆင်းပွဲကျင်းပခဲ့ပြီး သင်တန်းသား/သူများအတွက် သင်တန်းဆင်းလက်မှတ်များအား နာရေးကူညီမှု အသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး နေ့လည် (၁းဝဝ) နာရီအချိန်တွင် သင်တန်းသား/သူများတို့အား လေ့လာရေး ခရီးစဉ် အဖြစ် ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီ ဖေးမမှု အသီးသီးတို့အား လိုက်လံပြသခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ ပေးခဲ့သော ကျေးဇူးရှင် ဘဘဦးသုခ၏ အုတ်ဂူအားသွားရောက်၍ ဂါရဝပြုကြကာ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ညနေ (၄း၃ဝ) နာရီတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာကြပြီး ပရဟိတအသင်းအဖွဲ့များ စွမ်းရည်မြှင့်သင်တန်း ၂/၂ဝ၁၂ အခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

၁၅.၃.၂ဝ၁၂ ညပိုင်းနှင့် ၁၆.၇.၂ဝ၁၂ နံနက်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိမိတို့ နေရပ် ဋ္ဌာနအသီးသီးသို့ တက်ကြွသောခြေလှမ်း၊ ဖေးမမည့်နှလုံးသား၊ ပံ့ပိုးမည့်လက်အစုံတို့ဖြင့် မြန်မာပြည် အရပ်ရပ်ရှိ မိမိတို့၏ ဇာတိချက်မြှပ်ရာ နေရာဋ္ဌာနအသီးသီးတို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်ရာတွင် အဓိကကျသော သီလလုံခြုံသော၊ ကိုယ်ကျင့်တရားပြည့်ဝသော လူမှုရေးသမားများ၊ လူမှုရေးအဖွဲ့အစည်း များ ပေါ်ထွန်းလာရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် တစ်ဖက်တစ်လမ်း ပံ့ပိုးမှုများကို

ကိုယ့်လမ်း … ကိုယ်သွား

ကိုယ့်အလုပ် … ကိုယ်လုပ်

ကိုယ့်တာဝန် … ကိုယ်ကျေ

ကိုယ့်သီလ … ကိုယ်လုံ

ကိုယ့်သမိုင်း … ကိုယ်ရေး ဟူသောဆောင်ပုဒ် အတိုင်းလက်ခံကျင့်သုံး၍ ကွန်ယက်သဖွယ် ချိတ်ဆက် လက်တွဲကာ ငြိမ်းချမ်းရေး ပန်းတိုင်သို့ လက်တွဲမဖြုတ် ဖေးကူမကာ မြန်မာအရပ်ရပ် ဒေသ အသီးသီးမှ လူမှုရေးအသင်းအဖွဲ့များ လူမှုရေးသမားများအား လက်တွဲခေါ်ယူ ပံ့ပိုးကူညီမှု များကို အင်တိုက် အားတိုက် ချီတက်၍ ပေးဆပ်သွားတော့မည်ဖြစ်သည်။
ကိုကျော်သူ

Monday, July 16, 2012

0 သေဆုံးနေတဲ့မန္တလေးမြို့(၁)+(၂)-
ဆောင်းပါးရှင်-ကိုညို(အော်စလို)

သူတို့ဟာဗမာပြည်မှာစီပွားရေးချို့တဲ့တာကိုအကြောင်းပြုပြီးငွေအလုံးအရင်းနဲ့ပေါက်ပြီးမြန်မာ့စီးပွားရေးကိုနောက်ဖေးပေါက်ကမွှေနှောက်အမြတ်ထုတ်နေသူတွေလည်းဖြစ်ပါတယ်။ပြည်သူ့ဘဏ္ဍာသယံဇာတတွေကိုအခွန်ရှောင်၊လပ်သိပ်ထိုးပြီးတိုင်းတပါးခိုးထုတ်တယ်။ဒီအတွက်စစ်အာဏာပိုင်တွေ၊မြန်မာလူဝင်မှုရေးရာဝန်ထမ်းတွေ၊အုပ်ချုပ်ရေးအာဏာပိုင်တွေမှာတာဝန်ရှိပါတယ်။

ဒီဖြစ်ပျက်မှုအားလုံးရဲ့တရားခံအစစ်ဟာအနှစ်၂၀လောက်မြန်မာပြည်ကိုထိမ်းချုပ်ခဲ့တဲ့စစ်အာဏာရှင်တွေနဲ့နောက်လိုက်တွေဆိုတာလည်းပြည်သူတွေကသိထားပါတယ်။ရေရှည်အကျိုးမကြည့်တတ်သလို၊ဥာဏ်အမျော်အမြင်နည်းပါးတဲ့စစ်ဘိုရှုတ်၊ယူနီဖောင်းဝတ်ရော၊အကျွတ်တွေရော၊လူတွင်ကျယ်လုပ်အုပ်ချုပ်နေကြလို့ဗမာလူငယ်တွေကိုယ့်အမျိုးသားစာပေ၊စကားတောင်အလေးမထားနိုင်ဖြစ်နေရတယ်။
(သွယ်ဝိုက်ပြီးငါလေမပြောချင်….ဗမာ့သမိုင်းများစွာ၊စောင့်ထိန်းခဲ့ရာ….ကျနော်မွေးခဲ့တဲ့မြို့မရှိတော့ပါ……။)

လူတော်တော်များများကြားဘူးလိမ့်မယ်ထင်တယ်။ရန်ကုန်ကဒီနေ့နာမည်ကြီးတဲ့အဆိုတော်တွေထဲကတယောက်ဖြစ်တဲ့လင်းလင်း၊ရေး-ဆိုထားတဲ့ မန္တလေးမြို့သေဆုံးခြင်း ဆိုတဲ့သီချင်းလေး။

လွန်ခဲံ့တဲံ့လကမှအင်တာနက်ကတဆင့်ပျံ့နှံ့ပေါ်ထွက်လာလို့ကျနော်လည်းကြားလိုက်တာပါ။

မန္တလေးရဲ့အစဉ်အလာသမိုင်းကြောင်းတွေးရင်ရှက်နေမိတဲ့အကြောင်း၊အရှေ့ဘက်ကဘာသာစကားမတူ၊အသားဖြူဖြူလူတွေနဲ့တစိမ်းတွေကြားဖုံးလွမ်းနေကိုယ့်ရဲ့ဇာတိအစစ်အမှန်မန္တလေးမြို့ကြီးသေဆုံးသွားပါပြီလို့ရင်နာနာနဲ့ဟစ်ကြွေးထားတဲ့
သီချင်းလေးပါ။

ဘယ်သူတွေလည်း….ဒီမြို့ထဲမှာ…ဟိုးအရှေ့ရပ်က..အိမ်နီးချင်းတွေ..၊မျက်လုံးမှေးမှေး..အကြည့်နဲ့ပါ။မေးခွန်းများစွာငါလေတွေးရင်း၊သမိုင်းကြောင်းများစွာငါလေမေးရင်း..နား၂ဘက်ချည်းပိတ်နေမိ၊တစိမ်းတွေနဲ့ဆုံတွေ့နေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…….

မန္တလေးမြို့ဟာနှစ်ပေါင်း၁၀၀ကျော်အင်္ဂလိပ်လက်အောက်မှာကျခဲ့ပေမဲ့ကိုယ့်ယဉ်ကျေးမှု၊စာပေနဲ့ဘာသာစကားကဒီဘက်ခေတ်မှာလိုခြိမ်းခြောက်တာမခံခဲ့ရပါဘူး။ကိုလိုနီခေတ်ကတည်းကမန္တလေးမှာအထင်ကရရှိတဲ့ရှေးဟောင်းဈေးချိုရုံတော်ကြီးကို
န၀တဗိုလ်ချုပ်ထွန်းကြည်လက်ထက်ကဖျက်လိုက်ပြီးသူတို့ ပြောတဲံ့ခေတ်မှီ၆ထပ်ဈေးကြီးဆောက်လိုက်တော၊့ပထမဆုံးပေါ်လာတဲ့ဆိုင်းဘုတ်ဟာတရုတ်ဆိုင်းဘုတ်ဘဲဖြစ်ပါတယ်။

နှစ်ပေါင်း၁၀၀ကျော်အုပ်စိုးခဲ့တဲ့အင်္ဂလိပ်စာထက်တရုတ်စာကပိုကဲလာပါတယ်။အင်္ဂလိပ်ဆိုင်းဘုတ်ထက်တရုတ်ဆိုင်းဘုတ်ကပိုများသွားပါတယ်။

တချိန်ကဘုံကျောင်းတွေမှာဘဲမြင်ရတဲ့တရုတ်စာနဲ့ဆိုင်းဘုတ်တွေဟာဒီနေ့မန္တလေးမြို့လည်အနှံ့ လက်ညို့းညွှန်ရာ၊မျက်နှာမူရာတိုင်းတွေ့နေရပါပြီ။မြန်မာစာမြန်မာစကားထက်၊တိုင်းတပါးစာပေ၊စကားတွေကပိုပြီးတန်ဘိုးကြီးမားသယောင်ဖြစ်နေပါပြီ။

မန္တလေးယဉ်ကျေးမှုနဲ့သမိုင်းဆိုင်ရာတွေရေးသားလေးရှိတဲ့စာရေးဆရာဆူးငှက်ကမန္တလေးကတရုတ်စာပေယဉ်ကျေးမှုကြီးစိုးလာပုံကိုခုလိုရှင်းပြပါတယ်။

“အဲနောက်ပိုင်းတော့မန္တလေးလိုနေရာမျိုးမှာစီးပွားရေးအရရော၊တရုတ်ရဲ့လွမ်းမိုးမှုတွေများလာတာပေါ့တရုတ်စာသင်ကြောင်းတွေပေါ့ဗျာ…တရုတ်စာသင်ကျောင်းတွေ။ဗမာကမွေးတဲ့ဗမာခလေးစစ်ကိုတောင်မဖြစ်မနေတရုတ်ကျောင်းပို့တဲ့အထိတွေဖြစ်လာတယ်။
အလားတူပဲအလုပ်ခေါ်တဲံနေရာတွေမှာတရုတ်စကားပြောတတ်ရမယ်ဆိုတဲံအထိလွှမ်းမိုးမှုတွေကများလာတယ်။
တဖက်ကဗမာစာအားနည်းမှုတွေပြန်ကြည့်မယ်ဆိုရင်လည်း၊မန္တလေးမှာနိုင်ငံတကာကျောင်းတွေရှိတယ်၊ပိုက်ဆံရှိတဲံ့ခလေးတိုင်းကိုအဲဒီကျောင်းတွေမှာထားတယ်။အဲဒီကျောင်းတွေကဗမာစာမသင်ဘူးဒီတော့ပြည်တွင်းမှာနေတဲံခလေးတွေတောင်ဗမာစကားဗမာစာတတ်ဘို့ကခဲယဉ်းသွားပြီ။ဆိုတော့ဒီခလေးကလည်းနိုင်ငံတကာကျောင်းသွားမယ်။ပြီးတော့တခါတရုတ်စာသင်အုံးမယ်ဆိုရင်စဉ်းစားသာကြည့်ပေါ့။မြန်မာစာမြန်မာစကားကြာရင်ဘာမှကိုကျန်တော့မှာမှုတ်တော့ဘူး။

ကျနော်အခုနေထိုင်နေတဲ့နော်ဝေးနိုင်ငံအပါအ၀င်၊ဥရောပနိုင်ငံတွေမှာနိုင်ငံစုံက၊လူမျိုးစုံဘာသာစုံ၊အရောင်အသွေးစုံလာရောက်အခြေစိုက်နေထိုင်တာတွေရှိပါတယ်။

ဒါပေမဲ့သက်ဆိုင်ရာနိုင်ငံရဲ့စာ၊စကားဘဲအသုံးပြုရပါတယ်။မိမိတို့လူမျိုးစာပေ၊စကားနဲ့ယဉ်ကျေးမှုလည်းသင်ကြားခွင့်၊ဖော်ထုတ်ခွင့်ပေးထားပါတယ်၊ဒါကတပိုင်းပါ။ဒါပေမဲ့အဲဒီနိုင်ငံတွင်းလူမှုအဖွဲ့အစည်းနဲ့စာသင်ကျောင်း၊ရုံး၊လုပ်ငန်းခွင်အားလုံးမှာလူမျိုးခြားစာပေ၊စကားတရားဝင်ပြောဆို၊ရေးသားခွင့်မရှိပါ။

အင်္ဂလိပ်စကားနဲ့စာဒီနိုင်ငံသားတွေလူတိုင်းတတ်ကြပါတယ်။ဒါပေမဲ့ပြောလေ့ပြောထမရှိပါဘူး။အင်္ဂလိပ်လိုဆိုင်းဘုတ်တောင်မရှိသလောက်ရှားပါတယ်။ဒီနည်းလမ်းနဲ့မိမိနိုင်ငံစာပေ၊စကားနဲ့ယဉ်ကျေးမှုကိုထိမ်းချုပ်ထားပါတယ်။

ကျနော်တို့ဆီမှာကရေရှည်အကျိုးမကြည့်တတ်သလို၊ဥာဏ်အမျော်အမြင်နည်းပါးတဲ့စစ်ဘိုရှုတ်၊ယူနီဖောင်းဝတ်ရော၊အကျွတ်တွေရော၊လူတွင်ကျယ်လုပ်အုပ်ချုပ်နေကြလို့ဗမာလူငယ်တွေကိုယ့်အမျိုးသားစာပေ၊စကားတောင်အလေးမထားနိုင်ဖြစ်နေရတယ်။

အတိတ်ကိုပြန်ကြည့်ရင်၊ကုန်းဘောင်ခေတ်မင်းတုန်းမင်းလက်ထက်ကတည်းကပန်းသေးတရုတ်လူမျိုးတွေဘုရင့်တပ်မတော်မှာအမှုထမ်းအရာထမ်းအဖြစ်ရောက်ရှိခဲ့ပါတယ်။နောက်ပိုင်းအင်္ဂလိပ်လက်ထက်မှာလည်းအိမ်းနီးချင်းယူနန်နယ်ဘွားတရုတ်တွေရေကြည်ရာမြက်နုရာ၊စီးပွားရေးအရအခြေစိုက်လာပေမဲ့၊မိမိတို့မိသားစုစားရေးဝတ်ရေးသက်သက်လာသူတွေဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးမော်စီတုံးရဲ့ယဉ်ကျေးမှုတော်လှန်ရေးကြောင့်ရော၊ချန်ကေချိတ်အစိုးရထောက်ခံသူတွေမြန်မာနယ်ထဲခိုလှုံခဲ့တာတွေရှိပေမဲ့သူတို့ဟာမြန်မာမှုကိုလေးစားပြီးမြန်မာပြည်ချစ်စိတ်ရှိတဲ့မြန်မာပြည်သားဧည့်ကောင်းတွေဖြစ်ခဲ့ပါတယ်။

၁၉၈၈နောက်ပိုင်းမှာတော့မြန်မာပြည်ကမတည်ငြိမ်တဲ့နိုင်ငံရေး၊ဆုတ်ယုတ်နေတဲံစီးပွားရေး၊အာဏာသိမ်းအစိုးရရဲ့နိုင်ငံတကာမှာအထီးကျန်မှုတွေကိုအခြေခံပြီးအရှေ့ကတရုတ်လူမျိုးတွေပြိုဆင်းလာပါတော့တယ်။မှတ်ပုံတင်အတုတွေနဲ့၊
အိမ်ထောင်စုစာရင်းတွေဝယ်ပြီး(သက်ဆိုင်ရာကိုလဂ်ထိုးပြီး)အုတ်အုတ်သဲသဲဝင်လာတယ်။မြန်မာကျပ်ငွေတန်ဘိုးအဆမတန်ကျဆင်းမှုတွေ၊စီးပွားခြွတ်ခြုံကျမှု၊အာဏာရှင်အောက်ကအမျိုးသားရေးစိတ်ဓာတ်ခေါင်းပါးမှုတွေဟာတိုင်းတပါးသားတွေကိုတခါးမရှိဓားမရှိဖြစ်စေခဲ့ပါတယ်။

ဆရာဆူးငှက်က…..သူတို့နောက်ကွယ်(backgroun)မှာကနည်းတဲ့ငွေကြေးအင်အားမှမဟုတ်ဘဲ၊ဗမာကအဲဒီအချိန်ငွေတသိန်းဆိုတာတနှစ်လုံးကုန်းရုံန်းရှာတောင်ခဲယဉ်းတဲ့အချိန်၊တရုတ်ကသိန်းပေါင်း၊သန်းပေါင်းများစွာ(ကျပ်ငွေ)သူတို့လက်ထဲရှိနေတာကိုး။ကျနော်တို့ကြားနေတာ၁၉၉၀လောက်ကငွေကြေးအများကြီးထောက်ပံ့ပြီးကြိုက်တာဝင်လုပ်၊အဲလိုနောက်ကွယ်ကလုပ်ပေးနေတာ။ဒါအစီအစဉ်ကျကျလုပ်ခဲ့ကြတာပါ။

ဒီမှာတသောင်းတန်ကိုတသိန်းပေးလိုက်တယ်။ကျနော်တို့ဘိုးဘွားပိုင်တွေအဲလိုရောင်းချပလိုက်တယ်”
ပိုဆိုးတာတခုကတရုတ်လုပ်ငန်းရှင်တွေ၊ကုမ္မဏီတွေတရုန်းရုန်းဝင်လာပေမဲ့ဗမာအလုပ်သမားတွေအလုပ်လက်မဲ့ဘ၀ကနေမလွတ်ကျွတ်တာပါဘဲ။သူတို့အလုပ်သမားနဲ့သူတို့အလုပ်ကိုခိုင်းစေပြီးကိုယ့်အိတ်ထဲကိုယ့်ငွေတွေပြန်ထည့်သွားတာပဲ။

ဒီနေရာမှာအာဖရိကမှာလာရောက်ရင်းနှီးတဲ့တရုတ်အစိုးရစီမံကိန်းတွေကိစ္စပြောပြချင်တယ်။ထုံးစံအတိုင်းအာဖရိကနိုင်ငံတွေကရေအားလျှပ်စစ်စီမံကိန်းတွေ၊စက်မှုလုပ်ငန်းတွေနဲ့စားသောက်ဆိုင်တွေမှာလိုအပ်တဲ့အလုပ်သမားတွေကိုတရုတ်နိုင်ငံကအကျဉ်းသားတွေခေါ်ပြီးခိုင်းတဲံ့အဖြစ်အပျက်ပါ။အချိန်ကာလတခုထိလျော့ရက်ရမယ်၊လွတ်လွတ်လပ်လပ်နေရမယ်၊အစားအနေ၊ဘာမှမပူရဘူးဆိုတော့လစာမပေးပေမဲ့တရုတ်ပြည်ကထောင်သားတွေတော်တော်များများအာဖရိကရောက်ကုန်တယ်။ဒီနည်းနဲ့အာဖရိကပြည်သူတွေရသင့်ရထိုက်တဲ့လစာနဲ့အလုပ်တွေမှာတရုတ်ကကိုယ့်အိတ်ထဲကိုယ်ပြန်ထည့်သွားတာပါဘဲ။
ကျနော်တို့နိုင်ငံမှာလည်းတရုတ်ကအာဖရိကလမ်းစဉ်သုံးနေပါတယ်။ဆရာဆူးငှက်ပြောတာက…

“အခု၂၀၀၀ခုနှစ်နောက်ပိုင်းမှာဝင်လာတဲ့တရုတ်တွေဆို…၊အရင်ကမှဗမာအလုပ်သမားခန့်သေးတယ်

သူတို့ရဲ့စက်ရုံစီမံကိန်း၊ဘာ၊ညာစီမံကိန်းတွေဆိုပညာရှင်ကနေ၊အလုပ်ကြမ်းသမားအထိသူတို့ဆီကတရုတ်တွေအကုန်ခေါ်ချလာတာ၊ဆိုပါတော့အခုဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေဆိုသူတို့ အလုပ်သမားတွေနဲ့သူတို့လာတာ။ကုလားအုတ်လိုပေါ့ဗျာ။
သူတို့အကျင့်၊သူတို့လူမျိုးစရိုက်အတိုင်းစီးစီးပိုးပိုးနဲ့အကုန်လုပ်သွားတာ။ရှိသမျှအကုန်သူတို့အိတ်ထဲရောက်အောင်လုပ်သွားတာ”တခါတုံးကကျနော်နယူးဒေလီ(အိန္ဒိယ)ကကြယ်ငါးပွင့်အဆင့်ဟော်တယ်တခုကိုမိတ်ဆွေတယောက်နဲ့တွေ့ဘို့ရောက်သွားတယ်၊အပေါ့သွားချင်လို့ဟော်တယ်ဧည့်ခန်းအနီးသန့်စင်ခန်းကိုသွားပြီးအထွက်မှာလက်ဆေးမလို့ပြင်တော့ဟော်တယ်ဝန်ထမ်းဝတ်စုံအပြည့်နဲ့အိန္ဒိယအမျိုးသားတယောက်ကကျနော့်ကိုလက်ဆေးကန်ရေပိုက်ဖွင့်ပေးတယ်၊ပြီးတော့လက်သုတ်ပုဝါလေးကိုင်ပြီးဘေးမှာရပ်နေတယ်၊ရုတ်တရက်တော့ကျနော်လည်းကြောင်သွားတယ်။နောက်မှသဘောပေါက်သွားတယ်။

သူတို့ဆီမှာမြားပြားလွန်းတဲံအလုပ်လက်မဲ့ပြဿနာကိုအဲလိုဖြေရှင်းကြပါတယ်။ကုမ္မဏီတွေ၊ပြည်ပကလာရောက်ရင်းနှီးတဲံ့လုပ်ငန်းရှင်တွေ၊စီးပွားရေးသမားတွေကိုမိမိနိုင်ငံက၀န်ထမ်းဘယ်လောက်ဦးရေကို၊ဘယ်လောက်နှုံးထားနဲ့လစာပေးပြီးအလုပ်ခန့်ရမယ်ဆိုတာသဘောတူစာချုပ်ချုပ်လေ့ရှိပါတယ်။ဗမာပြည်မှာအဲလိုကိုယ့်နိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်တဲ့မူဝါဒတွေရှိဘို့လိုနေပါပြီ။အခုတော့အလုပ်လက်မဲ့ပြဿနာကိုပြည့်တံဆာထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့အကောင်အထည်ဖော်နေသလိုပါဘဲ။ဆရာဆူးငှက်ပြောပြတာကရှင်းပါတယ်။

လူရော၊ရိက္ခာရော၊အမြတ်အစွန်းရောအကုန်ယူသွားတာတဲ့။“တကောင်းဘက်ကနီကယ်လ်စီမံကိန်းတွေနဲ့ရခိုင်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေမှာဆို၊ဗမာကတရုတ်အလုပ်ကြမ်းသမားအတွက်ပါဝန်ဆောင်မှုပေးရတယ်။

သူတို့ကဒီမှာရှိတဲ့ဟင်းသီးဟင်းရွက်သားငါးကိုဝယ်စားတယ်။ကျနော်တို့တမတ်၊ငါးမူးအမြတ်နဲ့သူတို့အလုပ်သမား၂ထောင်ရောက်လာလို့ဒီလောက်ရောင်းရတာဆိုပြီးဝမ်းသာအားရဖြစ်နေရတယ်။

ဝန်ဆောင်မှုမှာဘာတွေဆက်ဖြစ်လာလဲဆိုတော့..အဲဒီနားလေးကရွာတွေမှာအနှိပ်ခန်းတွေ၊အရက်ဆိုင်၊ကာရာအိုကေတွေပေါ်လာတယ်။သူတို့အတွက်မကောင်းတဲ့မိန်းမတွေပေါ်လာတယ်။အဲဒါတွေကိုဗမာကလုပ်ပေးလိုက်ရတာဗျ။ဒီမှာကဆင်းရဲလွန်းတော့၊တနှစ်လုံးကောက်စိုက်မှတောသူတောင်သားတွေထောင်ဂဏန်းလောက်ရတဲံ့အချိန်၊သူတို့နဲ့တညသွားအိပ်လို့၊
သောင်းဂဏန်းလောက်ရတာဆိုတော့အဲလိုတွေဖြစ်ကုန်ကြတယ်။အဲဒီတော့ကျနော်တို့ဘက်ကရှုံးပြီးရင်းရှုံးရင်းမိအေး၎-၅-ဆယ်ခါနာနေကြရတာဗျ။ဒီအတိုင်းသာဆက်သွားမယ်ဆို၊ကျနော်တို့ကသယံဇာတပါသွားပြီ၊အမျိုးကောင်းသမီးတွေပါသွားပြီ။နောက်တခါကျနော်တို့ယဉ်ကျေးမှုတွေလည်းအလွှမ်းမိုးခံနေရပြီ။
ဘာများမက်လောက်စရာရှိတော့လို့လဲ၊အဓိကကကိုယ့်ဟာနဲ့အကုန်လုံးလုပ်စားသွားခဲ့ကြတာကိုးဗျ။

မန္တလေးသားစာရေးဆရာဆူးငှက်ပြောပြသွားတာတွေပါ။မန္တလေးနဲ့ပတ်သက်ပြီးကွယ်လွန်သူအမျိုးသားစာဆိုတော်ကဗျာဆရာဇော်ဂျီကမန္တလေးဟာတဖက်မှာဂန္ဒ၀င်ဆန်လွန်းသလိုတဖက်မှာလည်းမော်ဒန်ဖြစ်လွယ်တဲ့မြို့။“ဆံပင်ကိုက်ညှပ်သောဆိုင်ကြီး”လို့ဆိုင်းဘုတ်ရေးသလို၊“ဘသန်းကဖေး”လို့ခေတ်မှီမှီစတိုင်ပထမဆုံးသုံးတာမျိုးလို့ထောက်ပြဘူးပါတယ်။
အခုလိုအချိန်မှာဆရာဇော်ဂျီတမလွန်ကလာပြီးမန္တလေးကိုတွေ့ရင်တဖိတ်ဖိတ်တောက်နေသောစိနအက္ခရာအလျှံပယ်ဆိုင်းဘုတ်များနှင့်စကပ်တိုပေါင်တံဖြူစကားမတူ၊အယူဝါဒခြား၊လူမျိုးကွဲစိနတိုင်းသားတို့၏စီးပွားနှင့်ယဉ်ကျေးမှုလွှမ်းမိုးနေသည့်ထီးကျိုးစည်ပေါက်မြန်မာတို့၏နောက်ဆုံးယဉ်ကျေးမှုခံတပ၊်မန်းနေပြည်တော်ကြီးလဲပြိုလေပြီတကား…
လို့များ၊ရင်နာနာနဲ့ရေးလေမလားလို့တွေးနေမိပါတော့တယ်။


သေဆုံးသွားတဲ့မန္တလေးမြို့(၂)
၁၉၉၀နှောင်းပိုင်းလောက်ကထင်ပါရဲ့၊မန္တလေးကလူငယ်စာရေးဆရာတွေဝိုင်းရေးတဲ့၊စာအုပ်တအုပ်ထွက်လာတယ်။

“၀သုန္ဓရီလက်ရေး” တဲ့၊

ဝသုန္ဓရီဆိုတာမြေစောင့်နတ်ဆိုတော့မြေစောင့်နတ်လက်ရေးပေါ့ဗျာ။မန္တလေးကထင်ရှားတဲ့လူငယ်စာရေးဆရာသိုက်ထွန်းသက်၊ညီပုလေး၊ခင်ပန်နှင်း၊ကျော်စွာထက်၊မိုးမိုးအင်းလျား၊နုနုရည်(အင်းဝ)တို့ပါတယ်၊အဲလောက်ဘဲမှတ်မိတော့တယ်။
ဝတ္တုတိုတွေစုထုတ်တာ၊အရမ်းဖတ်ကောင်းတယ်။တရုတ်လူမျိုးတွေမန္တလေးနဲ့ရှမ်းပြည်တခွင်လွှမ်းမိုးလာနေတာမြေတွေ၊
အိမ်တွေကိုငွေအဆမတန်ပေးဝယ်တာ၊မြန်မာအမျိုးသမီးတွေမြန်မာစကားမတတ်တဲ့ပေါက်ဖော်တွေရဲ့အမြှောင်ဖြစ်နေတာ၊
မန္တလေးမြို့လည်မှာနေ့ချင်းညချင်းတိုက်တာကြီးတွေမှိုတွေပေါက်လာသလိုဟီးထပေါ်လာတာကိုရေးထားတာ။

တရုတ်ဆိုတဲ့စကားလုံးတလုံးမှထည့်မသုံးဘဲယဉ်ယဉ်လေးနဲ့တို့ထိအနုပညာမြောက်လွန်းတဲ့ခံစားချက်ဝတ္တုတွေပါ။
ဘယ်လောက်တုန်လှုတ်စရာကောင်းအောင်ဖတ်ကောင်းသလဲဆို…တခါဖတ်ပြီးတာနဲ့နောက်ထပ်အဲဒီစာအုပ်ကိုမကိုင်ရဲမဖတ်ရဲအောင်ဖြစ်သွားခဲ့ရတယ်။တခါဖတ်ပြီးတာနဲ့နောက်ထပ်အဲဒီစာအုပ်ကိုမကိုင်ရဲမဖတ်ရဲအောင်ဖြစ်သွားခဲ့ရတယ်။
ကျနော်အဲဒီစာအုပ်ကိုတခါဘဲဖတ်နိုင်တယ်.. နောက်တခေါက်ဖတ်ဘို့ကျနော့မှာခံနိုင်ရည်အားမရှိတော့ဘူး။

စိတ်အထိခိုက်ရဆုံးဝတ္တုက ဆရာညီပုလေးရဲ့စပါးကြီးမြွေ ပါ။ဘိုးဘွားအစဉ်အဆက်ပိုင်ဆိုင်လာတဲ့အိမ်နဲ့ခြံကြီးကို၊
သူ့ဘ၀မှာတခါမှမကိုင်ဘူးတဲ့ငွေအမြောက်အမြားနဲ့လဲလိုက်ရတဲ့ဦးတော်တော်ဆိုတဲ့ရှေ့းအဖိုးကြီးတယောက်ရဲ့စိတ်ခံစားမှုအဇ္စျိတ္တကိုအနုစိတ်ဖွဲ့ထားတာ။

(၂)

၁၉၉၀နောက်ပိုင်းစစ်အာဏာရှင်တွေရဲ့မြို့ပြဖွှံ့ဖြိုးမှုစီမံကိန်းဟာမြန်မာပြည်အတွက်ကြောက်ခမန်းလိလိဇာတိသွေးဇာတိမာန်တက်စေဘို့နိဒါန်းအစလားလို့စဉ်းစားမိတယ်။ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ဗမာတိုင်းရင်းသားတွေဟာအာဏာရှင်တွေရည်မှန်းတဲ့မြို့ပြအင်္ဂါနဲ့အညီမနေနိုင်လို့မြိုပြင်ကွက်သစ်တွေကိုနှင်ထုတ်ခံရတယ်။နိုင်ငံသားတွေရဲ့အသိပညာနဲ့အတွေးအခေါ်ဖွံ့ဖြိုးရေးထက်အဆောက်အဦးတွေမြင့်မြင့်ထူထူထပ်ထပ်တိုးပွားမှုကသာဖံွ့ဖြိုးမှုလို့မှတ်ထင်ထားသူတွေကြောင့်မန္တလေးမြို့လည်ခေါင်မှာတရားမ၀င်တရုတ်ဧည့်နိုင်ငံသားတွေနိုင်ငံတော်ထဲတရားဝင်ကျူးကျော်ပြီးစစ်အစိုးရဲ့ခေတ်မှီမြို့ပြနိုင်ငံတော်
အိပ်မက်ကြီးကိုနေ့ချင်းညချင်းအကောင်အထည်ဖော်ပေးလိုက်တယ်။အိမ်ရှင်တွေဧည့်နှင်ခံရတဲ့ရက်စက်မှုဟာတချိန်မှာပေါက်ကွဲလာမယ်၊

အနောက်ဘက်ကလိုတုတ်တပျက်ဓားတပျက်အမျိုးသားစိတ်တွေထကြွကုန်ရင်ရော…ဒါကြောင့်နိုင်ငံတော်ရဲ့မဆင်မခြင်စီမံကိန်းတွေ(ဧရာဝတီမြစ်ဆုံ၊ရခိုင်ဓာတ်ငွေ့နဲ့အဓ္မပရောဂျက်တွေ)ဟာပြည်သူတွေရဲ့ဇာတိမာန်တက်ကြွဘို့နိဒါန်းတွေဖြစ်လာမလားလို့တွေးမိလို့ပါ။

(၃)

အရင်က …..ရန်ကုန်ကနေမန္တလေးကိုဝင်လာတာနဲ့မြို့အစွန်ကမဟာမြတ်မုနိဘုရားကြီးကို
အရင်ဆုံးလှမ်းပြီးဖူးမျော်နိုင်မှာဖြစ်သလို၊မြင်းလှည်းနဲ့ကျုံးမြို့ရိုး၊ပြအိုး၊ပြဿဒ်နဲမြန်မာ့နောက်ဆုံးနန်းဆက်သင်္ကေတတွေလည်းတွေ့ရမှာပါ။ဈေးချိုရုံတော်ကြီး၊အဝေးကကြည့်ရင်ထီးထီးကြီးပေါ်လွင်နေတဲ့နာရီစင်အပြင်၊ရေနံဝနေတဲ့ကျွန်းတိုင်အိမ်မြင့်ကြီးတွေ၊စိမ်းစိုစိုကုက္ကို၊ထနောင်း၊မန်ကျီးရိပ်နဲ့ကြည့်လိုက်ရင်တကယ့်ကိုမြန်မာဆန်တဲ့မြင်ကွင်းတွေဟာအနှစ်၂၀ကျော်အတွင်းတစတစပျောက်ကွယ်သွားနေပြီ။

မြန်မာဆန်တဲ့မြင်ကွင်းဆိုတာ၊အများနဲ့ဆိုင်တဲ့၊အားလုံးနဲ့ပတ်သက်တဲ့အရာတွေကိုဆိုလိုတာပါ။ဥပမာ..မင်းတုန်းမင်းလက်ထက်ကတည်းက၊မန္တလေးရဲ့လမ်းဒေါင့်နဲ့ရပ်ကွက်ဒေါင့်တွေမှာ၊ကိုယ်ထူကိုယ်ထရေတွင်းကြီးတွေနဲ့အများပြည်သူပျော်ပျော်ပါးပါးအသုးံပြုတာ၊၁၉၅၀၀န်းကျင်ပါလီမန်ဒီမိုကရေစီခေတ်မှာ၊ကျုံးရေကန်ကရေသွယ်၊ပြီးရေပိုက်တွေနဲ့သွယ်ပေးထားတယ်။ဘယ်အချိန်မဆိုပိုက်ဖွင့်ရင်ရေလာတယ်။

ကျုံးနဲ့နန်းမြို့ဥယျဉ်မှာမိသားစုအပမ်းဖြေနိုင်တယ်။သနပ်ခါးပါးကွက်ကြား၊မြန်မာ့လက်ယက္ကန်းဖြစ်လုံချြည်ဝတ်အမျိုးသမီးတွေအုပ်စုလိုက်ရီမောစက်ဘီးစီးသွားလာနေတာမြင်ရမယ်။လမ်းဆုံလမ်းဂွထနောင်းရိပ်၊ကုက္ကိုရိပ်မှာအများသောက်ဘို့သောက်ရေအိုးစင်တွေရှိနေတယ်၊၊အနီးအနားနေထိုင်သူတွေကရေမပြတ်အောင်ကုသိုလ်ဖြည့်တတ်တာတွေဟာမြန်မာဆန်လွန်းသလိုမြန်မာတွေရဲ့အများအကျိုးထည့်တွက်တတ်တဲ့စရိုက်လက္ခဏာကိုတွေ့ရမှာပါ။

ဒီကနေ့၊မန္တလေးကိုဝင်လာရင်ရော၊မြန်မာပြည်လို့မထင်မှတ်ရတဲ့တရုတ်ပြည်နယ်တခုကိုရောက်သွားသလိုမြင်ရမယ်လို့မန္တလေးသားစာရေးဆရာဆူးငှက်ကရှင်းပြပါတယ်။

“ရန်ကုန်ကနေလာတာနဲ့မဟာမြတ်မုနိဘုရားကိုအရင်ဖူးနိုင်မှာမဟုတ်တော့ဘူး။စက်မှုဆိုတဲ့မြို့သစ်ကြီးကိုစတွေ့ရမယ်။အဲဒီမှာတရုတ်စာလုံးတွေနဲ့စက်ရုံကြီးတွေ၊တရုတ်ကုမ္မဏီဆိုင်းဘုတ်ကြီးတွေစမြင်ရမယ်။မြို့ထဲလူမြင်ကွင်းတွေကြည့်ရင်၊အရင်ကကိုယ့်မြို့သားတွေမဟုတ်တဲ့အမူအကျင့်တွေနဲ့ဝတ်စားဆင်ရင်မှုတွေကိုတွေ့ရမယ်။

အထပ်မြင့်အဆောက်အအုံတွေ၊မီနီမားကက်တွေနဲ့ပေါ့။သွားလာနေကြတဲ့မိန်းခလေးတွေကြည့်လိုက်မယ်ဆိုရင်စကပ်တို၊ဘောင်းဘီတို၊ဆိုင်ကယ်တွေနဲ့ဘယ်လိုမှအရင်နဲ့ဆက်စပ်မရတဲ့ပုံစံမျိုးတွေ၊တိုက်တာအဆောက်အဦးတွေလည်းကြပ်ညပ်နေပြီး၊လူတွေကလည်းအရင်လိုအေးဆေးသက်သာမှုမရှိပြေးလွှားနေတဲ့ပုံစံတွေ၊လူတန်းစားကလည်းအင်မတန်ကွာဟနေတာ။
ဇိမ်ခံကားတ၀ီဝီနဲ့သွားနေတဲ့မျက်နှာစိမ်းတွေရှိသလို၊စက်ဘီးလေးတွေနဲ့လမ်းဘေးမှာသွားနေတဗမာရုပ်ရည်တွေမြင်ရမယ်၊ပိုက်ဆံရှိတဲ့အထက်တန်းလွှာဆိုတာမန္တလေးသားမဟုတ်တာ၊အထူးသဖြင့်မြန်မာမဟုတ်တာတွေ့ရမယ်”

မြို့ထဲကကျူံးနဲ့မြို့ရိုးကြီးရွှေ့မရလို့တော်သေးတာပေါ့လေ။ဈေးချိုနားကနာရီစင်တောင်ဗီနိုင်းတွေ၊တရုတ်ဆိုင်းဘုတ်၊အင်္ဂလိပ်ဆိုင်းဘုတ်တွေအောက်မှာမှိန်မှိန်လေးပျောက်နေပြီ။

အော်…ခေတ်မှီမြို့ပြနိုင်ငံတော်ကြီးထူထောင်ဘို့မန္တလေးသူ၊မန္တလေးသားတွေပေးလိုက်ရတာကတော့သူတို့ရဲ့ဆွေစဉ်မျိုးဆက်ဘ၀တခုလုံး၊သမိုင်းတခုလုံး၊မြန်မာ့ယဉ်ကျေးမှုတခုလုံးပါလား။

(၄)

ကိုယ့်ဘာသာရေး၊ယဉ်ကျေးမှုပွဲတော်တွေထက်တရုတ်နှစ်သစ်ကူးပွဲကပိုစည်ကားနေသလိုကိုယ့်တိုင်းရင်းသားလူမျိုးတွေကသူတို့ပွဲလမ်းသဘင်မှာအသုံးတော်ခံကြ၊လက်ဖြန့်တောင်းနေကြတာလည်းမဆန်းတဲ့မြင်ကွင်းတွေလို။မြန်မာပြည်သူတွေ၊ဘာသာရေးနဲ့အလှုအတန်းကိစ္စတွေမှာစေတနာထက်သန်ကြပါတယ်။နိုင်ငံရေးနဲ့မပတ်သက်ရဲတာတောင်နိုင်ငံရေးလှုပ်ရှားသူတွေဒုက္ခရောက်တာတို့၊သူတို့ဇနီးသားသမီးတို့ကိုတိုးတိုးတိတ်တိတ်လှုတယ်၊ကူတယ်။

လွန်ခဲ့တဲ့၂၀၀၇ခုနှစ်က၊နိုင်ငံတ၀ှမ်းမှာရွှေဝါရောင်သံဃာလှုပ်ရှားမှုကြီးဖြစ်သွားတာလူတိုင်းသိတယ်အဲဒီတုံးကနိုင်ငံရေးနဲ့မပတ်သက်တဲ့အဖိုးအဖွားတွေ၊လူငယ်တွေကအစနေပူပူမှာဖိနပ်မပါဘဲ မေတ္တာပို့စီတန်းလမ်းလျောက်နေကြတဲ့သံဃာတော်တွေကိုပန်း၊ရေချမ်း၊ဆွမ်းတွေကပ်တယ်။မရှိတဲ့ကြားကသဒ္ဒါစိတ်ထားလှုကြတယ်။အဲဒီကာလကအာအက်အေသတင်းထောက်အဖြစ်ကျနော်ဟာမန္တလေးကသံဃာတော်တွေလှုပ်ရှားမှုသတင်းပေးပို့ခဲ့တယ်။

မန္တလေးသံဃာတော်တွေမြို့လည်ခေါင်မှာ၊စီတန်းမေတ္တာပို့တော့ရေကပ်လှုမဲ့အိမ်တွေမရှိသလို၊အိမ်တံခါးတွေပိတ်ထားကြတယ်လို့သိရတယ်။မန္တလေးမြို့လည်မှာဘယ်သူတွေနေတယ်ဆိုတာအားလုံးသိနေတာဘဲလေ။အစောပိုင်းမှာတော့သံဃာတော်တွေရေငတ်ခဲ့ရပါတယ်၊နောက်ပိုင်းတော့ဘာသာတရားကိုင်းရှိုင်းပြီးအလှုအတန်းရက်ရောတဲ့မန္တလေးသူ၊မန္တလေးသားတွေကဘဲရေသန့်ဘူးတွေကပ်လှုခဲ့တယ်လို့သိခဲ့ရတယ်။

အဲလိုအခြေအနေတွေကြားထဲကဒီကနေ့မန္တလေးမှာဗမာလူမျိုးများသက်သက်နဲ့ဖွှဲ့ထားတဲ့လူမှုကူညီစောင့်ရှောက်ရေးနဲ့နာရေးကူညီမှုအသင်းတွေခန့်မှန်းခြေ၊(၅၀)ကျော်လောက်ရှိနေတာကတော့ဝမ်းမြောက်ဂုဏ်ယူစရာပါ။ကျနော်တို့ပြည်သူတွေအရေးကြုံရင်သက်လုံကောင်းကြတယ်။သတိရှိကြတယ်။ညီညွတ်ကြတယ်။ဒါဟာအစဉ်အဆက်ရှိခဲ့တဲ့သမိုင်း။

ကွယ်လွန်ရှာပြီဖြစ်တဲ့၊သတင်းစာဆရာမကြီးလူထုဒေါ်အမာရဲ့စာတအုပ်မှာအရင်ကမန္တလေးကလိပ်စာတခုခုကိုညွှန်းရင်၊လမ်းနံပါတ်၊အိမ်နံပါတ်နဲ့ပြောလေ့ပြောထမရှိပဲ၊ရပ်ကွက်ပြောရုံ၊ထင်ရှားတဲံအဆောက်အဦးတွေနဲ့ဝင်းကြီးတွေနာမည်နဲ့ပြောလေ့ရှိတဲံအကြောင်း၊ဥပမာ၊ဗမာဆန်တဲ့နာမည်တေဖြစ်တဲ့၊နဂါးတိုက်အနီး၊သူငယ်တော်ဆေးတိုက်၊ဒင်္ဂါးတိုက်အနီးဆိုစာပို့ သမားကရောက်အောင်ပို့တတ်တယ်လို့ပြောဘူးပါတယ်။ဒီကနေ့တော့အဲလိုအထင်ကရရှေးဟောင်းအဆောက်အဦးတွေမရှိတော့လို့တရုတ်အမျိုးသားပိုင်၊မောင်ကိန်းရွှေဆိုင်၊၀င်းစိန်ရွှေဆိုင်၊လို့ပြောမှအများသိနိုင်တော့မှာပါ။ဒီနေရာမှာကျနော့်အနေနဲ့၊ခေတ်မမှီဘဲ၊အပြောင်းအလဲမလိုလားတဲ့ရှေးဟောင်းပုံစံကိုမက်မောပြီးပြောချင်တာမဟုတ်ဘူး၊ မန္တလေးရဲ့အင်းမေ့ခ်ျလို့ပြောရမဲ့၊မန္တလေးရဲ့အနှစ်သာရနဲ့သင်္ကေတတွေပျောက်နေတာဟာသိတ်စိုးရိမ်စရာကောင်းနေပါတယ်။(ဒီနေရာမှာမန္တလေးလို့သုံးနှုံးပေမဲ့မြန်မာပြည်တပြည်လုံးကိုဆိုလိုချင်တာဖြစ်ကြောင်းသဘောပေါက်ပေးစေလိုပါတယ်)ပြောချင်တာကဘာသာ၊သာသနာတင်မကကျနော်တို့ရဲ့မြန်မာ့စိတ်ရင်း၊မြန်မာ့စိတ်ဓာတ်ပါတစတစနဲ့ပျောက်ကွယ်နေတာကိုမြင်နေရလို့လန့်အော်နေရတဲ့အဖြစ်ပါ။

(၅)



ကျနော်တို့အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်(မြန်မာနဲ့ကပ်ရက်)ဘက်မှာပြည်နယ်(၇)ခုရှိပါတယ်။အဲဒီပြည်နယ်တွေမှာ၊ကနဦးကတည်းကမွန်ဂိုလွိုက်အနွယ်ဝင်တွေဖြစ်တဲ့မွန်ခမာ၊တိဘက်တိုဘားမားလူမျိုးနွယ်တွေနေတယ်။မြန်မာပဒေသရာဇ်ခေတ်ကသူ့နယ်ကိုယ်တိုက်၊ကိုယ့်နယ်သူတိုက်နဲ့ပဒေသရာဇ်မင်းတွေအားပြိုင်ခဲ့ကြပေမဲ့သူတို့နယ်ထဲကိုယ်ကသွားအခြေချတာမျိုးမရှိသလို၊ကိုယ့်ပိုင်နက်ထဲသူတို့လာပြီးသိမ်းပိုက်နေထိုင်ခဲံတယ်လို့မကြားဘူးပါဘူး။သစ္စာခံတွေထားပြီးအဝေးကနေအုပ်ချုပ်တာမျိုးဘဲရှိကြပါတယ်။မဏိပူစစ်၊အာသံစစ်၊ယိုးဒယားစစ်တွေလေ့လာရင်တွေ့ရမှာဘဲ။

အဲဒီအိန္ဒိယအရှေ့မြောက်(၇)ပြည်ထောင်သားတွေဟာကျနော်တို့မြန်မာတွေနဲ့ရုပ်ရည်ခွဲခြားလို့မရဘူး။ဘာသာစကား၊အစားအသောက်၊၀တ်စားဆင်ရင်ပုံနဲ့အကြိုက်၊စရိုက်ကအစတူကြတယ်။နယ်နမိတ်ခြားနားလို့နိုင်ငံကွဲတာ၊ကျနော်တို့တိုင်းရင်းသားအနွယ်ဝင်တွေလိုပါဘဲ။ဟိုဘက်ဒီဘက်တိုင်းရင်းသားတွေရောထွေးနေခဲ့ကြတာပါ။မြန်မာတိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ရှမ်း(အာသံပြည်နယ်)ကချင်(အဒူနာချယ်ပြည်နယ်)ရခိုင်၊သက်(ထရီပူရပြည်နယ်)နာဂ(နာဂလင့်ပြည်နယ်)ချင်း(မီဇိုရမ်ပြည်နယ်)မွန်(မစ်ဂ္ဂါလီရာပြည်နယ်)၊ဗမာ(မဏိပူရပြည်နယ်)တွေမှာတွေ့ရမယ်။ဘာသာစကား၊ဓလေ့စရိုက်၊ယဉ်ကျေးမှုအတော်လေးတူတယ်၊နီးစပ်တယ်။

ဒါပေမဲ့ဒီနေ့ဒီအချိန်မှာလူဦးရေလည်းမြား၊လူမျိုးကြီးလည်းဖြစ်တဲ့ဟိန္ဒူအနွယ်ဝင်တွေဖြစ်တဲ့ဘန်ဂ္ဂါလီနဲ့အင်ဒီးယန်းတွေလွှမ်းမိုးသွားပြီ။ဘာသာစကား၊စီးပွားရေး၊နိုင်ငံရေး၊ယဉ်ကျေးမှု၊အားလုံးအလွမ်းမိုးခံရတဲ့ပြည်နယ်တွေက၊အာသံ၊မဏိပူရ၊
ထရီပူရ၊မစ်ဂ္ဂါလီရာနဲ့အဒူနာချယ်ပြည်နယ်တွေမှာကြည့်လိုက်ရင်စာပေ၊အက္ခရာနဲ့ဘာသာစကား(အာသံပြည်နယ်ဆို၊AssamMixtခေါ်တဲ့ဘုံစကားအဖြစ်သုံးတဲ့ဘန်ဂါလီစကားပျက်တမျိုးတောင်ဖြစ်သွားပါတယ်)၀တ်စားဆင်ယင်ပုံ၊ဘာသာရေးစီးပွားရေး၊ယဉ်ကျေးမှုတွေဟာပြည်ကြီးသားအိန္နိယဟိန္ဒူအနွယ်တွေအတော်လေးမြိုသွားပြီ။အဲဒီကြားထဲကပဲအမျိုးသားရေးဝါဒီ၊မျိုးချစ်တွေရဲ့ခုခံကာကွယ်မှုကရှိနေတုံးဘဲ၊ဒါပေမဲ့ဖုတ်လှိုက်ဖုတ်လှိုက်။အိန္နိယဟိန္ဒူအနွယ်တွေဒီနေ့အထိထိထိ

ရောက်ရောက်မလွမ်းမိုးနိုင်သေးတာကျနော်တို့ဆီကချင်းပြည်နယ်နဲ့ကပ်နေတဲ့မီဇိုရမ်ပြည်နယ်နဲ့နာဂလင့်န်ပြည်နယ်တို့ဘဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တောင်တန်းဒေသတွေဖြစ်တဲ့၊နာဂတောင်တန်းနဲ့လုရှိုင်းတောင်တန်း(မီဇိုရမ်)မှာအင်္ဂလိပ်ခေတ်ကတည်းကRegulationActထားပြီးသီးခြားကော်မရှင်နာနဲ့အုပ်ချုပ်ခဲ့တာကို၊ဒီဘက်လွတ်လပ်ရေးရပြီးတဲ့အထိအပြင်မခံဘဲဆက်သွားနေလို့ဖြစ်တယ်။

အိန္ဒိယပြည်မကနေအဲဒီပြည်နယ်၂ခုကိုဝင်မယ်ဆိုရင်၊ပြည်နယ်ဝင်ခွင့်လက်မှတ်ယူရပါတယ်။ပြည်နယ်အတွင်းဘယ်လောက်နေထိုင်မယ်ဆိုတဲ့ဗီဇာယူရတဲ့သဘောပါ။ဒီနည်းနဲ့လူဝင်မှုရော၊စီးပွားအခြေချနေထိုင်မှုကိုထိမ်းချုပ်ထားတာကြောင့်လူမြိုတာသိတ်မခံရသေးတာပေါ့။ပြီးတော့ကိုယ့်ပြည်နယ်သားမဟုတ်ရင်အိမ်၊မြေ၊လယ်ယာစတဲ့မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေပိုင်
ဆိုင်ခွင့်မရှိပါဘူး။

ကျနော်တို့နိုင်ငံကလူဝင်မှုဆိုင်ရာဥပဒေဟာရေရှည်ကိုမျော်မြင်ဖော်ပြတဲ့ဥပဒေတိတိကျကျမရှိလို့လူမျိုးရေး၊ဘာသာရေးယောင်ယောင်ပဋိပက္ခတွေ(မြှောက်ပင့်နေတဲ့အာဏာပိုင်တွေကြောင့်)ဖြစ်နေတာအများအသိ။

(၆)

မန်းတက္ကသိုလ်တုန်းကကျနော့်မှာမန္တလေးသားတရုတ်သူငယ်ချင်းတွေအများကြီးရှိပါတယ်။တချို့ကရှမ်း၊ကချင်ပြည်နယ်တွေကပါ။သူတို့ဟာအင်မတန်မြန်မာစိတ်ရှိသလို၊တိုင်းပြည်ကြီးပွားချမ်းသာစေလိုတဲ့မြန်မာ့အမျိုးသားရေးစိတ်ဓာတ်လည်းရှိကြပါတယ်။

ဒါပေမဲ့၁၉၈၈နောက်ပိုင်းအခြေချပြောင်းရွှေ့လာတဲ့တရုတ်နဲ့ထိုင်ဝမ်ကလာတဲ့မျိုးဆက်သစ်တရုတ်အများစုဟာမြန်မာအာဏာပိုင်တွေကိုလဂ်ထိုးပြီးမြန်မာအပါအ၀င်၊၂နိုင်ငံ၊၃နိုင်ငံသားမှတ်ပုံတင်တွေကိုင်ဆောင်သွားလာနေကြတာပါ။
သူတို့ဟာဗမာစကားမတတ်သလို၊ထစ်ထစ်အအနဲ့ဗမာစကားပျက်တွေပြောဆိုတတ်ပါတယ်။

သူတို့ဟာဗမာပြည်မှာစီပွားရေးချို့တဲ့တာကိုအကြောင်းပြုပြီးငွေအလုံးအရင်းနဲ့ပေါက်ပြီးမြန်မာ့စီးပွားရေးကိုနောက်ဖေးပေါက်ကမွှေနှောက်အမြတ်ထုတ်နေသူတွေလည်းဖြစ်ပါတယ်။ပြည်သူ့ဘဏ္ဍာသယံဇာတတွေကိုအခွန်ရှောင်၊လပ်သိပ်ထိုးပြီးတိုင်းတပါးခိုးထုတ်တယ်။ဒီအတွက်စစ်အာဏာပိုင်တွေ၊မြန်မာလူဝင်မှုရေးရာဝန်ထမ်းတွေ၊အုပ်ချုပ်ရေးအာဏာပိုင်တွေမှာတာဝန်ရှိပါတယ်။

ဒီဖြစ်ပျက်မှုအားလုံးရဲ့တရားခံအစစ်ဟာအနှစ်၂၀လောက်မြန်မာပြည်ကိုထိမ်းချုပ်ခဲံတဲ့စစ်အာဏာရှင်တွေနဲ့နောက်လိုက်တွေဆိုတာလည်းပြည်သူတွေကသိထားပါတယ်။

အာဏာပိုင်တွေမပါဘဲ၊တိုင်းတပါးသားသောင်းနဲ့ချီပြီ်းမန္တလေးမြို့လည်မှာတရားဝင်၊စီးပွားရှာ၊နေထိုင်လို့မရနိုင်ပါဘူး။(တခြားလွတ်လပ်တဲ့နိုင်ငံတွေဆို၊ဒီလိုကိစ္စမျိုး၊တာဝန်ရှိသူတွေကိုစုံစမ်းစစ်ဆေးပြီးဝန်ကြီးအဖွှဲ့တဖွဲ့လုံးကိုတရားစွဲ၊အရေးယူ
ရာထူးကထုတ်ပယ်ပြီးလောက်ပြီ)

ကျနော်တို့နိုင်ငံဟာနှစ်ပေါင်းများစွာအင်္ဂလိပ်အောက်ေ၇ာက်ခဲ့ပေမဲ့တိုင်းတပါးယဉ်ကျေးမှုမလွှမ်းမိုး
အောင်အဲဒီခေတ်မျိုးချစ်တွေ၊ပညာတတ်တွေကခုခံနိုင်ခဲ့ကြတယ်။အလွယိတကူထိုးဖောက်နိုင်တဲ့ဂီတမှာတောင်၊တူရိယာရော၊တေးသွားရော၊အသံရောမြန်မာမှုပြုနိုင်ခဲ့ပါတယ်။မိမိတို့ယဉ်ကျေးမှုကိုယ်ခံအားကောင်းရင်ဘေးကလာတဲ့ယဉ်ကျေးမှုဟာကိုယ့်ယဉ်ကျေးမှုအောက်ရောက်သွားတတ်ပါတယ်။အိမ်နီးချင်းအိန္ဒိယနိုင်ငံရဲ့ဂီတအနုပညာယဉ်ကျေးမှုကိုပြန်ကြည့်ရင်
အရိုးကိုအရွက်မဖုံးတာမြင်မှာပါ။

သူများဂီတအနုပညာကိုမိမိဟန်နဲ့တီထွင်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။မြန်မာလည်းတချိန်ကအဲလိုဘဲလုပ်ခဲံ့တာပါ။ကိုယ့်ယဉ်ကျေးမှုကိုယ်ခံအားမကောင်းရင်ဝါးမြိုခံသွားရမှာပါဘဲ။မင်းတုန်းမင်းလက်ထက်ကတရုတ်ပန်းသေးလူမျိုးတွေတရုတ်ယဉ်ကျေးမှုထက်မြန်မာ့ယဉ်ကျေးမှုကိုပိုပြီးခုံမင်သွားပါတယ်။စစ်ကြိုခေတ်ထဲကမြန်မာပြည်မှာအခြေချခဲံတဲ့တရုတ်တွေဟာတိုင်းချစ်ပြည်ချစ်မြန်မာ့မျိုးချစ်တွေဖြစ်ခဲံပါတယ်။

မန္တလေးမြို့မတူရိယာဝိုင်းကိုပထမဆုံးတည်ထောင်တော့ဦးဆောင်သူဝါတနာရှင်တချို့ဟာဗမာစကားမတတ်တဲံတရုတ်အမျိုးသားတွေလို့ကြားဖူးပါတယ်။မန္တလေးရဲ့ဘာသာ၊သာသနာကိုတက်တက်ကြွကြွဦးဆောင်နိုင်ခဲ့တဲ့ဦးကာသ၊လဘက်ခြောက်ပိုင်ရှင်ဟာတရုတ်လူမျိုးပါ။လွတ်လပ်ရေးအကြိုခေတ်ကဦးလန်ထောင်ဆိုတဲ့တရုတ်အမျိုးသားဟာတရုတ်ဘိန်းစားတွေအကူအညီနဲ့ဂျပန်ဂိုဒေါင်ထဲကသားရေတွေခိုးထုတ်ပြီးဂျပန်ခေတ်ဘီအိုင်အေဗမာ့တပ်မတော်သားတွေစီးဘို့အသက်ကိုမငဲ့ဘဲစစ်ဖိနပ်တွေချုပ်လှုဒါန်းခဲ့တယ်။

အဲဒီတော့ဘယ်လူမျိုးခြားဖြစ်ပစေ၊ကိုယ့်မြေမှာနေထိုင်ပြီးကြီးပွားချမ်းသာပေမဲ့ကိုယ့်အမျိုးဇာတိလို့ခံယူပြီး၊အများအကျိုးဆောင်ရွက်သူတွေ၊တိုင်းချစ်ပြည်ချစ်စိတ်နဲ့ကိုယ့်ပြည်သူတွေဖွှံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်သူတိုင်းကိုကျနော်တို့ဗမာပြည်ဘွား၊စစ်စစ်တွေကအမြဲဂုဏ်ပြုနေတာခေတ်အဆက်ဆက်ကတည်းကပါ။

တရုတ်နွယ်ဘွားတွေ၊အိန္ဒိယဘွားမြန်မာမျိုးချစ်တွေ၊တိုင်းကျိုးပြည်ကျိုးဆောင်သူတွေ၊အတိတ်ကရော၊ကနေ့ရောလက်ချိုးရေတွက်လို့မကုန်နိုင်ပါဘူး။လွတ်လပ်ရေးကျိုးပမ်းစဉ်ကရော၊မဆလတပါတီခေတ်မှာရော၊၁၉၈၈ဒီမိုကရေစီအရေးတော်ပုံမှာရော၊နောက်ပိုင်းစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာပါညှင်းဆဲခံ၊ထောင်ကျခံ၊အသေခံစည်းစိမ်ပြုတ်ခံပြီးတိုက်ပွဲဝင်ခဲ့သူတွေလက်ချိုးရေတွက်မကုန်ပါဘူး။ဒီလိုဘာသာခြား၊လူမျိုးခြားမြန်မာ့မျိုးချစ်သူရဲကောင်းတွေနောက်လည်းရှိအုံးမှာပါ။

ဒါပေမဲ့ဝိသမသလောဘသား၊အတ္တသမားစီးပွားရှာသူတွေဆိုဗမာ၊ဗမာချင်းတောင်ရွံ့ရှာပြီး၊ကဲ့ရဲ့ပြစ်တင်ကြပါတယ်။မလိုမုန်းတီးစိတ်ရှိကြပါတယ်။ဒီကနေ့အာဏာပိုင်တွေနဲ့ပေါင်း၊လုပ်ပိုင်ခွင့်တွေယူဗမာခရိုနီစီးပွားရေးသမားတွေကိုပြည်သူတွေကဘယ်လိုသဘောထားသလဲဆိုတာရှင်းပါတယ်။။

ကျနော်တို့ကလူမျိုးရေးတွေပြောနေတာမဟုတ်၊ကျဉ်းမြောင်းတဲ့အမျိုးသားရေးကိုပြောနေတာမဟုတ်။ဘယ်လူမျိုး၊ဘယ်ဘာသာခြားမဆိုကိုယ်နေထိုင်တဲံ့တိုင်းပြည်အပေါ်သစ္စာရှိဘို့၊ပြည်သူတွေအပေါ်တန်ဘိုးထားဘို့၊တိုင်းကျိုးပြည်ကျိုး
ဆောင်ရွက်ပေးဘို့ပြောနေတာပါ။ဒီကနေ့တရုတ်နိုင်ငံသားတွေ၊တရုတ်လူမျိုးတွေအပါအ၀င်တိုင်းတပါးလူမျိုးတွေသာမကဗမာတိုင်းရင်းသားတွေကအစ၊ကျနော်တို့တိုင်းပြည်နဲ့လူမျိုးအပေါ်ယူဘို့ကွက်ကွက်သာကြည့်ပြီးပြန်မပေးဆပ်ကြတာကိုပြောနေတာ။

(စစ်အာဏာပိုင်တွေနဲ့ယူနီဖောင်းချွတ်တွေအကဲဆုံး)အရာရာဟာပြောင်းလဲမယ်၊ပျက်ဆီးမယ်၊ဘာမှမမြဲဘူး၊အဟောင်းတွေနေရာမှာအသစ်၊အသစ်တွေအစားထိုးမယ၊်တရားနဲ့ဖြေသိမ့်ကြ၊အပြောင်းအလဲကိုလက်ခံကြဆိုပေမဲ့၊ကျနော်တို့အဲဒီအပြောင်းအလဲကို၊ဘယ်လိုပုံစံ၊ဘယ်အတိုင်းအတာ၊ဘယ်လိုကာလအထိစံချိန်စံညွှန်းထားလုပ်ဆောင်ကြမှာလဲ?ဲ၊လက်ခံကြမှာလဲ?

ပြီးတော့မိမိတို့အမျိုးသားစိတ်ဓာတ်၊အမျိုးသားယဉ်ကျေးမှုကိုဘယ်လိုပုံစံအဓိပါယ်ဖွင၊့်ခံယူကြမှာလဲဆိုတာတော့နိုင်ငံသားတိုင်းကိုယ့်ဖာသာ၊ဆုံးဖြတ်ကြရမှာဖြစ်တယ်။

ဒီခေတ်လိုသာ…အမျိုးသားသစ္စာဖောက်တွေနဲ့တိုင်းတပါးသားသစ္စာမဲ့များကြီးစိုးနေသရွေ့ကျနော်တို့က
ဝံသာနုခေတ်ကြွေးကြော်သံကိုထပ်အော်ရအုံးမှာဘဲ..

ဗမာပြည်သည်…ဒို့ပြည်။

ဗမာစာသည်……ဒို့စာ။

ဗမာစကားသည်…ဒို့စကား။

ဒို့ပြည်ကိုချစ်ပါ.။

ဒို့စာကို..မြတ်နိုးပါ။

ဒို့စကားကိုလေးစားပါ………….ဆိုတာဘဲ။

ကိုညို(အော်စလို)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.