Sunday, July 15, 2012

0 တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သော အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးပွဲ

>
အပြောင်းအလဲလိုလားသူမောင်နှမများခင်ဗျား

အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးစကားဝိုင်းများ အစီအစဉ် အမှတ် ၁ ကို
ယနေ့ ဇူလိုင်လ ၁၄ရက် စနေနေ့ နေ့လည် ၂နာရီမှ ၄နာရီထိရန်ကုန်မြို့ဗဟန်းမြို့နယ်တော်ဝင်နှင်းဆီစားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဆရာမ မသီတာ(စမ်းချောင်း) က ဦးဆောင်ဆွေးနွေးခဲ့ပြီးတက်ရောက်လာသောပရိတ်သတ်များထဲမှ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းဇေယျ နှင့်အခြားသူများက မေးခွန်းများမေးမြန်းခြင်း ပြန်လှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဆရာမ မသီတာ (စမ်းချောင်း) အဓိက ဆွေးနွေးသွားခဲ့သော အချက်များမှာ...လက်ရှိဖြစ်ပေါ်နေသော လူမှုရေးနိုင်ငံရေး အခြေအနေများအပေါ်မူတည်၍အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားရမည့်ကိစ္စမှာ ရေတိုကိစ္စမဟုတ်ပဲရေရှည်ဆောင်ရွက်သွားရမည့်ကိစ္စရပ်ဖြစ်ပြီး မာရသွန်ပြေးပွဲတခုနှင့်နှိုင်းယှဉ်မြင်ကြည့်စေလိုကြောင်း၊
ထိုသို့ရေရှည် ပြေးရမည့် မာရသွန်ပွဲတခုတွင် အသင်းအဖွဲ့များအနေဖြင့် သက်လုံကောင်းရန်လိုအပ်ပြီး၊
တိကျသော ဗျူဟာများချမှတ်နိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

အသင်းအဖွဲ့များအနေဖြင့်မိမိအဖွဲ့အဓိကဆောင်ရွက်နေသောလုပ်ငန်းများမှာမိမိဒေသခံပြည်သူများအမှန်တကယ်လိုအပ်နေ သော လိုအပ်ချက်များနှင့်ကိုက်ညီစေရေးအတွက် သတိပြုရန်လိုအပ်ပြီး၊ဒေသခံပြည်သူများအနေဖြင့်ရေရှည်တွင် မိမိကိုယ်ကိုအားကိုး ရပ်တည်နိုင်ကြစေရန်ရည်ရွယ်သင့်ကြောင်းလည်း ဆွေးနွေးသွားခဲ့သည်။

အသင်းအဖွဲ့များ၏ကူညီမှုများသည် သက်ဆိုင်ရာပြည်သူလူထုကို လက်တွဲခေါ်သည့်ပုံစံသာဖြစ်သင့်ပြီး၊
လိုအပ်သမျှဖန်တီးပေးနေမည့် ကယ်တင်ရှင်များပုံစံမဖြစ်စေရန် သတိပြုသင့်ကြောင်းလည်း
အထူးအလေးပေးဆွေးနွေးသွားခဲ့ပါသည်။--
Best Regards

Moe Thway
Co-founder
Executive Committee (External Affairs)
Generation Wave

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.