Sunday, July 15, 2012

8 ဒေါ်အောင်ဆနိးစုကြည်၏ ပြတ်ပြတ်သားသား ဖြေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာ

ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။

ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။

ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )

မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။

ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။

နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။

ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။

ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။

မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။

ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။

ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။

( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )

Nyo Htet

8 comments:

  1. Thank you Ko Than Htut for posting it again to clear Daw ASSK's image and to those who want to black Daw ASSK's image too.

    ReplyDelete
  2. ကျွန်တော်လည်း ဒီရခိုင်အရေးအခင်းမဖြစ်ခင်အထိတော့ ဒေါ်စုကိုကြည်ညိုလေးစားခဲ့တယ်။သူလည်းနိုင်ငံသားတစ်
    ယောက်အနေနဲ့ သမ္မတဦးသိန်းစိန်၊ဦးကိုကိုကြီးတို့လိုပြတ်ပြတ်သားသားပြောစေချင်တာပါ။အခုသူပြောသွားတဲ့စကားတွေ
    ဟာ ရခိုင်ပြည်တစ်ပြည်လုံး နဲ့ မြန်မာပြည်သူပြည်သားတော်တော်များများ အားမရဘူးဆိုတာတော့ယုံပါ။ကိုယ့်နိုင်ငံကိုထိ
    ပါးလာရင် နိုင်ငံသားတစ်ယောက်အနေနဲ့ပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့ပြောစေချင်ရှိစေချင်တာပါ။ပြဿနာဖြစ်လာရင် ဟိုလူ
    ကိုအဖြစ်ပုံချ၊ဒီလူကိုအဖြစ်ပုံချ စကားကြွယ်တိုင်းပြဿနာချောင်ပြေးနေတာကတော့ နိုင်ငံသားမဟုတ်ပါဘူး။

    ReplyDelete
  3. တိကျပြတ်သားတဲ့ ဥပဒေတွေဟာ ၁၉၄၈ ခု၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်ခွင့် ဥပဒေတွေမှာ ရှိပြီးသားပါ။ ဦးနု လက်ထက်ကလည်း အတိအကျ လိုက်နာဆောင်ရွက်ခြင်းမပြုခဲ့ဘူး။ ဦးနေ၀င်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ် သန်းရွှေစစ်အစိုးရ လက်ထက်မှာ ပိုဆိုးတယ်။ ဦးသိန်းစိန် ရွေးကောက်ပွဲ မစမှိ လပိုင်းမှာ စစ်အစိုးရ လက်ထက်မှာ ခိုးဝင်လာတဲ့ အေးဒီင်္ဘကလီ ၈၀၀၀၀၀ အထဲက ၄၀၀၀၀၀ ကို နိုင်ငံသားကဒ်တွေထုတ်ပေးပြီး ကျန် ၄၀၀၀၀၀ ကို ယာယီနိုင်ငံသားကဒ်ထုတ်ပေးခဲ့တယ်။ ကြံဖွတ်ကို မဲပေးဖို့ စည်းရုံးခဲ့တယ်။ နောက်ဆုံး သူတိုတွေက ရခိုင်တွေကို စစ်သွေးကြွ တိုက်ခိုက်လာတေ့မှ ကမန်းကတန်း သွေးရူးတန်း ပြောဆို ထုတ်ပြန်ကြတာတွေရှိတယ်။ ဒီပြသနာကိုရှင်းဖို့ ဦးနု၊ ဦးနေ၀င်း၊ ဗိုလ်ချုပ် စေမောင်၊ ဗိုလ်ချုပ်သန်းရွှေကို ရခိုင်ခေါင်းဆောင်တွေ ဘယ်လောက်တင်ပြတောင်ဆိုခဲ့ပြီးပြီလဲ။ အခုလဲ ဦးသိန်းစိန်ကို ပြောနေတာဘဲ။ ဘာမှ တိကျပြတ်သားပြီး ရည်တို ရည်ရှည် စိမန်ကိန်းတွေ ကော်မတိတွေဖွဲပြီးလုပ်နေတာတွေမတွေရဘူး။ ရခိုင်ပြည်နယ်အစိုးရ နှင့် ရခိုင်ပြည်သူတွေ ကိုဘာမှ တိကျတဲ့ လုပ်ပိုင်ခွင့် ပေါ်လစီတွေကို သတ်မှတ်ပေးထားတာ မ၇ှိသေးဘူး။ လတ်တလောပြသနာတွေကိုသာ ဖြစ်ကတပ်ဆန်းဖြေရှင်းနေတာကိုဘဲတွေ နေရတယ်။ အတိအကျပြောမည်ဗျာ။ သူတိုတွေလုပ်ထားတဲ့ အရှုပ်အထုတ်တွေကို ဒေါ်စုကို ပုန်မချပါနှင့်။ သူမဟာ ဒီကစ္စနှင့် ပက်သက်ပြီး တာဝန်ကျေရံတင်မက ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာကို အဖြေပေးထားပြီးသာဘဲ။ (မျိုးချစ်ရခိုင် တဦး)

    ReplyDelete
    Replies
    1. လုပ်ပေးတာ ဘာတစ်ခုမှ မရှိ ဘဲ ဇွတ် အတင်း ကြီးကို တာဝန်ကျေပါတယ်လို့ ကာကွယ်နေပါလား။ ဥပဒေစိုးမိုးရေး လို့ တစ်ဖွဖွ ပြောနေပြီး ဘာဥပဒေ တစ်ခုမှ မရှင်းပြနိုင်၊ မဆွေးနွေးနိုင်တာ တော်တယ်လို့ ပြောရမှာလား။ ဥပဒေ စိုးမိုးမှူမရှိဘူး ဆိုရင် အခု လွတ်တော်ထဲရောက်နေ တာ ဘာဥပဒေစိုးမိုး ရေးနဲ့ သက်ဆိုင်တာ တစ်ခု မှ မဆွေးနွေး နိုင်သလို ကြိုတင် ပြင်ဆင်မှုလဲ ဘာတစ်ခုမှ မရှိ၊ စုကြည်ကွလို့  အော် ဆုတွေပေး တဲ့နောက် ဘဲ လိုက် ဆုတွေတက်ယူပြီး ဘာတစ်ခု မှ ပြည်သူ အကျိုးအတွက် မလုပ်ခဲ့သေးဘူး။ ပါးစပ်က ပြောနေ တာတွေလောက်တော့ ၁၀ အောင် အဆင့် လောက်ဆို ပြောနိုင်ကြပြီ။ စုကြည်ကို ထောက်ခံ သူတွေ သေသေချာချာ ပြန်သုံးသပ်ကြစမ်းပါဦး။ သူ့ ကို ထောက်ခံသူတွေကို ပြန် ကြည့် ကြည့်ပါ၊ နိုင်ငံရေး အကြောင်းနကန်းတစ် လုံးတောင် မသိတဲ့ ၊ ဒီမို ကရေစီ ရရင် မြန်မာ တစ်နိုင်ငံလုံး ချက်ချင်းဘဲ ထပြီး ချမ်းသာ ကြတော့မယ် လို့  ထင်နေကြတဲ့ သူတွေချည်းဘဲ။တစ်ချို့ ကတော့ အကြမ်းဖက် အရေးအခင်းတွေ လုပ် စစ်တပ်က နိမ်နှင်းတော့ စိတ်နာပြီး ဒီမို ကရေစီလို့ ထအော်ကြတဲ့ ကောင်တွေချည့်ပဲ။စဉ်းစားကြပါ။

      Delete
    2. Are u so sure?
      why u didn't use ur own name?
      Shameful using " anonymous "

      Delete
    3. Let me explain u with simple word.
      u said She didn't do anything yet.
      Sure, in Myanmar u can get awards even u didn't do anything (but u should have enough money or u r related with *** or both)
      But internationally not so easy to get those kind of awards.
      Do u aware it?
      let me ask u one thing
      Did u do something for ur country?

      Delete
    4. ပြောရဦးမယ် ကိုယ့်လူ၊ မင်းမသိမှာစိုးလို့  ၊ ငါ ၈၈ အရေးအခင်းကြီး ပြီးပြီးချင်းမှာဘဲ စပြီး နိုင်ငံတာဝန်တွေကို အနှစ် ၂၀ တိတိ ထမ်ဆောင်ခဲ့တယ်။ ဘယ်အစိုးရနဲ့ မှ ငါ မသက်ဆိုင်ဘူး။ ငါဟာနိုင်ငံ့ ဝန်ထမ်းဘဲ။ ဌာန ဆိုင်ရာ စာမေးပွဲတွေ အမျိုးမျိုး အောင်မြင်ခဲ့တယ်။ ငါ့ အသက် အရွယ် နဲ့ ဘယ်သူမှ မရနိုင်တဲ့ ရာထူးငါရခဲ့ တယ်။ ပြည်ပ နိုင်ငံ ၃ နိုင်ငံ( ထိုင်း၊ ဂျပန် ၊ အင်္ဂလန် ) မှာ သင်တန်းတွေ စာမေး ပွဲတွေ ကို နိင်ငံတော်က စေလွတ်တာ၊ သူတို့ ဆီက ဖိတ်ခေါ် တာတွေနဲ့  ငါ တက်ရောက် ဖြေဆို အောင်မြင်ခဲ့တယ်။ ( လျှောက်ပြောနေတယ် ထင်ခြင်ထင်ပါ )။ ငါတတ်စွမ်းခဲ့တာတွေ နဲ့  ငါ့ နိုင်ငံ အတွက် ငါ အစွမ်းကုန် လုပ်ပေးခဲ့ တယ်။ ငါ ၂၀၀၉ မှာ အကြောင်းအမျိုးမျိုးကြောင့် ငါ့ နိုင်ငံကို ငါ စွန့် ခွာခဲ့တယ်။ ဒါပေမယ့် နိုင်ငံ ချစ်စိတ် ငါ့ မှာ အပြည့် ရှိတယ်။ လက်တွေ့ လည်း လုပ်ဆောင် ခဲ့တယ်။ ပါးစပ်က ကိုယ်ထင် တဲ့ စိတ်ကူး တွေ လျှောက် အော် ၊ နိုင်ငံတော် အစိုးရက လုပ်တဲ့ အလုပ် မှန်သမျှ အဆိုးမြင်၊ လက်တွေ့  မပါ တဲ့ လုပ်ဆောင် ချက်တွေကို ငါ လုံးဝ အထင် မကြီးဘူး။ ဘာမှ ရေရေရာရာ မပြနိုင်သူတွေကို ထောက်ခံနေသူတွေ ဟာ၊ ကိုယ် ကိုယ်တိုင် ဘာတစ်ခုမှ ရေရေ ရာရာ မစွမ်းဆောင် နိုင်သူ၊ ၀ါးတားတား ၊အသိဥာဏ် အားနည်းသူ သူများဒီမို ၊ ကိုယ်ဒီမို အော်နေသူတွေသာဖြစ်တယ်။ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ်ကို ကိုယ် ကိုယ်တိုင် သေသေချာချာ နားလည်ပြီး ရင်တော့ ကိုယ့် လူတို့  ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မယ်။ စဉ်းစားပါ။

      Delete
  4. မင်းကို လည်း ပြောရဦးမယ်၊ ငါ့  မျိုးရိုးထဲမှာ စစ်သားတစ်ယောက်မှ မရှိ သလို ငါ ကိုယ်တိုင်လည်း စစ်တပ်နဲ့ ဘာတစ်ခု မှ မပတ်သက်ဖူး။ မင်းပြောသလို ငါ့ အဖေဟာ စစ်တပ် အစိုးရတော့ မဟုတ်ဖူး၊ ငါ့ ရဲ့ နိုင်ငံတော်ဟာ ငါ့ ရဲ့ အဖေဘဲ။ အဲ့ဒီတော့ ငါ့ ရဲ့ နိုင်ငံတော် ပျက်စီးမှာ ဆူပူမှာ ကိုယ်ကျိုး အတွက် နိုင်ငံရေး လို့ အော်နေသူတွေ ကြောင့် ၀ရုန်းသုံးကား ဖြစ်အောင် လုပ်နေသူတွေကို လုံးဝ ( လုံးဝ ) မထောက်ခံဘူး။ နောင် တစ်ချိန်မှာ အဲ့ဒီ ဒီမို ကရေစီလို့  အော်နေသူတွေ အစိုးရ အဖွဲ့ တက်ဖြစ်လာ ခဲ့ရင် သူတို့  ဘယ်လောက်ထိ ဒီမို ကရေစီ ကျမလဲ၊ ပြောသလို လုပ်နိုင်မလား၊ တရားဥပဒေ တွေကို ဘယ်လောက်ထိ လိုက် နာ ကြမလဲ ဆိုတာ ငါ စောင့် ကြည့်မယ်။ အဲ့ ဒီ အချိန်ကျ ရင်တော့ ငါမြန်မာ နိုင်ငံကို ပြန်လာပြီး ဆန္ဓပြရလိမ့်မယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.