Friday, July 20, 2012

0 နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားစာ

မိဘပြည်သူများခင်ဗျား
ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့ နယ် နဲ့ သဲကုန်းမြိ့ နယ်တွင်းတောင်သူလယ်သမားများရဲ့ ပြည်မြို့ အခြေစိုက် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အေ၇း လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံ ပန်ကြားစာ တစောင် ပေးပို့ လိုက်ပါတယ်၊

အဲ့ဒိစာထဲမှာ လယ်သမားတွေရဲ့ အကြပ်အတည်းတွေနဲ့ပတ်သက်လို့ လယ်သမားတွေကိုယ်တိုင် လက်မှတ်ထိုးပြီး သမ္မတအပါအဝင်ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်ဆင့်ကိုတိုင်ကြားစာတွေပေးပို့  ခြင်း၊သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း၊အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပေမဲ့ ဒီနေ့ ဒီအချိန်ထိ ပြည်ထောင်စု အစိုးရက တရားမျှတပြီးခိုင်မာတဲ့မူဝါဒ ချမှတ် ပြီး မဖြေရှင်းပေး နိုင်ခဲ့ကြောင်း ၊ ဒီအတောအတွင်းမှာ လယ်သမားတွေရဲ့ စားဝတ်နေရေး အခြေအနေ ဟာပို ဆိုးလာတဲ့အပြင် အာဏာပိုင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လါခဲ့ကြောင်း ဖေါ်ပြပါရှိပါတယ်

ဒီအတောအတွင်း ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသ နဲ့လုံခြုံေ၇းရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း ဟာ ဗုဒ္ဓဟူးနေ့ က ပန်းတောင်းမြို့ နယ်ဒေါင်းတိုက်ကျေးရွာနဲ့ မကျဉ်းပင်ကွင်းကျေးရွာကတောင်သူတွေနဲ့ တွေ့ဆုံပြီး စစ်တပ်က လယ်ယာမြေသိမ်းယူတာဟာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ေ၇း ဥပဒ ၃၉ အရ ဆောင်ရွက်တာဖြစ်လို့
တောင်သူများအနေနဲ့လယ်ပြန်လုပ်လို့ မရကြောင်းပြောဆိုပြီး၊ ဒေါင်းတိုက် ကျေးရွာ က တရားစွဲခံနေရတဲ့ လယ်သမားတွေကိုလည်းအသနားခံစာတင် သွင်းရင်ကြေအေး နိုင်ကြောင်း ပြောဆိုသွားတယ်လို့ သိရပါတယ်


ကိုမိုးသွေး(G.W)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.