Thursday, July 19, 2012

1 ဒေါ်အောင်ဆန်းစုကြည်အကြောင်းထိုင်းစာသင်ကျောင်းတွေမှာပြဌာန်းသင်ကြား။

ထိုင်းနိုင်ငံစာသင်ကျောင်းများတွင် ၄တန်းကျောင်းသူ/သားတွေရဲ့ လူမှု့ရေးဆိုင်ရာ ဘာသာရပ်တွင် အရှေ့တောင်အရှဒေသနိုင်ငံများအတွင်းမှလူ့အခွင့်ရေးလှုပ်ရှားဆောင်ရွက်မှုဖြင့်ထင်ရှားကျော်ကြားသောခေါင်းဆောင်များအကြောင်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြဌာန်းသင်ကြားလိုက်ပြီ။

နိုင်ငံတကာကစီးပွားရေး၊နိုင်ငံရေး၊ပညာရေးအလွှာအသီးသီးနှင့် နိုင်ငံတကာမီဒီယာအားလုံးနီးပါးလောက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရဲဝံ့စွာအမျိုးသားရင်ကြားစေ့ရေး၊ဒီမိုကရေစီစနစ်ဖြင့် ခြွတ်ချုံကျဘုံးဘုံးလဲနေသော မြန်မာပြည်ကိုတိုးတက်မြှင့်မားဖို့လုပ်ဆောင်နေတဲ့အကြောင်းဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပေမယ့် နောက်ပြန်မလှည့်ပါဘူးဆိုတဲ့ အစိုးရသစ်ပိုင် မီဒီယာတွေမှာ ဖေါ်ပြထားခြင်းမရှိသေးပါဘူး။

ခုတော့အိမ်နီးခြင်းထိုင်းနိုင်ငံက လေးစားစံပြုထိုက်သူရဲ့အကြောင်းကို ကျောင်းသင်္ခံန်းစာမှာပြဌာန်းလိုက်တာကတော့ မြန်မာနိုင်ငံအစိုးရနဲ့ပညာရေးဌာနအတွက်အရှက်ရစရာတခုဖြစ်ခဲ့ပါပြီ။

aung pan facebook

1 comment:

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.