Friday, July 20, 2012

0 ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက်နောက်ဆုံးအဆင့် သရုပ်ဆောင်ရွေးချယ်ပွဲ


ယနေ့ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ၊ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် သရုပ်ဆောင်သစ်များ နောက်ဆုံးရွေးချယ်ပွဲကို နံနက် ၉း၃၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၇)ဦး ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၄)ဦးတို့အား ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၊ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှု့အကဲဖြတ်ပေးခဲ့ကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏နေရာနှင့် ဒေါ်ခင်ကြည်၏နေရာအတွက် နောက်ဆုံးရွေးချယ်ထားသော သရုပ်ဆောင်များ၏ အမည်စာရင်းကို မကြာခင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

Bogyoke Aung San Movie ,Popular news journalFacebook

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.