Saturday, May 8, 2010

2 နရဲစွမ် (The Legend of King Naresuan) ရုပ်ရှင် (အင်္ဂလိပ်စာတန်းထိုး)

Dvd versionလက်ထဲသို့ရလာလို့မြန်မာ့သမိုင်းနဲ့ပတ်သတ်တဲ့ရာဇ၀င်ရုပ်ရှင်ဇာတ်ကားကြီးကို ကြိုးစားပြီး တင်လိုက်ပါတယ်။ youtubeမှာတင်ထားတာတွေ့ရပေမဲ့ ရုပ်မကြည်လင်မှု အင်္ဂလိပ်စာတမ်းထိုးမပါတာနဲ့ဖြစ်နေပါတယ်။နရဲစွမ် ဇာတ်ကား မကြည့်မီ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ ဖတ်ရှုထားပါကပိုပြီး စိတ်ဝင်စားဖွယ်ကောင်း သည်ကို ခံစားရမှာဖြစ်ပါကြောင်း။


ထိုင်းနိုင်ငံ မှ ရိုက်ကူးသော သမိုင်းဆိုင်ရာ ရုပ်ရှင်များအနက်“ THE LEGEND OF KING NERASUAN THE GREAT ’” ကို ထိုင်းဘုရင် ၏ တူတော်သူ မင်းသား Chatrichalerm Yukol က ရိုက်ကူးခဲ့ ခြင်းဖြစ်ပြီး ၄င်း ဒါရိုက်တာ သည် ၂၀၀၁ ခုနှစ် ဆီတုန်းက Legend of Suriyothai ရုပ်ရှင်ကားကြီး ကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါသည်။

ထိုင်းရုပ်ရှင်သမိုင်း မှာ အကြီးအကျယ်ဆုံး၊အခန်းနားဆုံး၊ ကုန်ကျစရိတ် အများဆုံး ဖြစ်ဖွယ်ရာ ရှိသော နရဲစွမ် ဘုရင် ( ဖရာနရာဇ် ၊ ဗြနရာဇ် ၊ Black Prince စသဖြင့် ခေါ်ကြသည် )အကြောင်း ရုပ်ရှင်ကားကြီး ကို ကန်ချနာဘူရီ ခရိုင် တွင် ကမ္ဘောဇသာဒီ နန်းတော် ပုံစံ ဆက်တင်ဆောက်ကာ ဘတ်သန်း ၇၀၀ အကုန်အကျ ခံ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဒီဇာတ်ကားကတော့ ရာဇဝင် စစ်ဇာတ်ကြမ်းရုပ်ရှင် ကားတစ်ကားနဲ့ ပိုတူပါတယ်။ သရုပ်ဆောင်အင်အား တစ်သိန်း ကျော်၊ ဇာတ်ဝင်အခမ်းအနားဝတ်စုံ ၆၀ဝဝဝ (ခြောက်သောင်း)၊ စစ်လက်နက်ကိရိယာ ၄၀ဝဝ (လေးထောင်) နဲ့ ရိုက်ကူးထုတ်လုပ် မှု ကုန်ကျစရိတ် ဘတ် သန်း ၇၀ဝ ရှိတယ်လို့ ဆိုတာမို့ထိုင်းရုပ်ရှင် သမိုင်းမှာတော့ အကုန်အကျ အများဆုံးနဲ့ အခမ်းနား အကြီးကျယ်ဆုံး ပြင်ဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားပါပဲ။

လွန်ခဲ့သော သုံးနှစ်က အချိန်ယူပြီး အသေအချာ ပြင်ဆင် ရိုက်ကူးခဲ့သော အပိုင်း(၃)ပိုင်း ပါသော ယင်းဇာတ်ကား အတွက် Lord of the Rings ရုပ်ရှင် ဒါရိုက်တာ Peter Jackson ထံ မှ အကြံဥာဏ် များ ရယူခဲ့ပြီး အပိုင်း သုံးပိုင်း ခွဲ ကာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်း ဇာတ်ကား၏ အပိုင်းများကို အောက်ပါအတိုင်း ခွဲထားသည်။

၁။ ဟံသာဝတီ အကျဉ်းသား Pegu's Hostage

၂။အချုပ်အချာအာဏာ ကို ပြန်လည်ရယူခြင်း Reclaiming Sovereignty

၃။မြန်မာအိမ်ရှေ့မင်းသား မင်းကြီးစွာနှင့် ဆင်စီးချင်းထိုးခြင်း The historic elephant battle between Naresuan and Phra Maha Upparacha of Burma.


အထက်ပါ အပိုင်းများအနက် အပိုင်း ၁ နှင့် ၂ သည် ရုံတင်ပြီး ဖြစ်သည်။ အပိုင်း ၃ ကို ထိုင်းဘုရင်, King Bhumibol Adulyadej ၏ အသက် ရှစ်ဆယ်ပြည့် မွေးနေ့ ကျရောက်သော ၂၀၀၇ ၊ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ရုံတင် နိုင်ရန် ကြိုးစားခဲ့ သော်လည်း အဆင် မပြေခဲ့ပါ။

ဇာတ်လမ်းအကျဉ်း

အပိုင်း(၁)ဟံသာဝတီ အကျဉ်းသား Pegu's Hostage ဇတ်လမ်းအကျဉ်း

ဟံသာဝတီ အကျဉ်းသား Pegu's Hostageတွင် အဓိက အပိုင်းကြီး ၄ ပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ

(၁) အယုဒ္ဓယ နှင့် ပစ္စနုလောက် ကျဆုံးခန်း

ဘုရင့်နောင် မင်းတရားကြီး၏ ပဲခူးတပ်များ ပစ္စနုလောက် ကို ၀င်ရောက်တိုက်ခိုက်ခဲ့ သောအခါ ဘုရင် ဓမ္မရာဇာ က အယုဒ္ဓယ ဘုရင်ထံမှ စစ်ကူ ကို မျှော်လင့်ခဲ့သော် လည်း အယုဒ္ဓယ ဘုရင် ချက္ကရာပါဒီ ကိုယ်၌က အယုဒ္ဓယ ကို ကာကွယ်နေခဲ့ရ သဖြင့် ပစ္စနုလောက် ကျဆုံးခဲ့ပြီးနောက် ဘုရင့်နောင်ထံ တွင် သစ္စာခံခဲ့ရသည်။ ဘုရင့်နောင် က စိတ်ချရစေရန် ဘုရင် ဓမ္မရာဇာ ၏ သားတော် နရဲစွမ် မင်းသားကို ဓားစာခံ အနေဖြင့် ခေါ်ဆောင်သွားခဲ့သည်။ သို့ဖြင့် နရဲစွမ် မင်းသားလေး သည် ဘုရင့်နောင် စစ်ချီရာ အယုဒ္ဓယ သို့ ပါသွားခဲ့ပြီး စစ်မြေပြင် အတွေ့အကြုံများစွာ ရခဲ့ သည်။ အယုဒ္ဓယ ကျဆုံးပြီး ပဲခူး ၏ လက်အောက် သစ္စာတော်ခံပြည်နယ် တခု ဖြစ်လာ ပြီး ဘုရင် ဓမ္မရာဇာ ကို မင်းအဖြစ် ဘုရင့်နောင် က တင်မြောက်ပေးခဲ့သည်။

(၂) အယုဒ္ဓယ နှင့် ဟံသာဝတီ နန်းတော် အတွေ့အကြုံ

ပဲခူး နေပြည်တော် သို့ ခေါ်ဆောင်ခြင်းခံ ခဲ့ရသော နရဲစွမ် မင်းသားလေး ကို ဘုရင့်နောင် မင်းတရား ၏ သားတော်တစ်ပါး ကဲ့သို့ ဆက်ဆံခြင်း ခံရပြီး မင်းသား တစ်ပါး ၏ အဆောင်အယောင် ဖြင့် လေးစားစွာ ဆက်ဆံခြင်းခံရသည်။ တစ်နေ့ တွင်ယိုးဒယား မှ ပါလာသော စစ်သုံ့ပန်းများ၊စစ်ပြေး များ စုစည်းထားရှိရာ နန်းတော်အနီး ယိုးဒယား ရပ်ကွက် သို့ မြင်းစီးအသွားတွင်စားစရာများ ခိုး ယူသည် ကို မိသွား သဖြင့် လူအုပ်ကြီး က ၀ိုင်းလိုက်ခြင်းခံရသော လမ်းတေလေး တစ်ဦး ကို ကယ်ခွင့် ရ လိုက် သည်။ အမည်ပင် မရှိ ရှာ သော ယင်း လမ်းတေလေလေး ကို နရဲစွမ် မင်းသား လေး က “ဘန်တင်း” ဟု အမည်ပေးခဲ့သည်။

(၃) မွန်ဆရာတော် ထံ တွင် ကိုရင်ဝတ်ပြီး စစ်ရေးအတတ်ပညာ သင်ယူခြင်း

နရဲစွမ် မင်းသားလေး ကိုရင် အဖြစ် သင်္ကန်းစီးသောအခါ ဘန်တင်း က ကျောင်းသား အဖြစ် ရှိလာတော့သည်။ ဘုန်းကြီးကျောင်း မှ ကျောင်းသူ Manechan နှင့် သူငယ်ချင်း ဖြစ်လာခဲ့ပြီး သူငယ်ချင်း ၃ ယောက် ပေါင်း လောင်းကျော်ခဲ့သည်။ ဆရာတော် တားမြစ် ထားသော ကြက်တိုက်ခြင်း ကိုပင် လုပ်ခဲ့ကြသည်။ ဆရာတော် ၏ သွန်သင် ဆုံးမမှုအောက်တွင် နေရင်း ကိုယ်ခံ ပညာ နှင့် စစ်ရေး အတတ် ပညာ များကို ဆည်းပူးလေ့လာ ခွင့် ရခဲ့သည်။

(၄) ပဲခူးဈေး မှ ယိုးဒယားများ၏ ဘဝ

ဘုရင့်နောင် မင်းတရားကြီး မှလည်း လက်အောက်ခံ ယိုးဒယားပြည်နယ် ကို ထိန်းချုပ်မှု ခိုင်မာအောင် ပြုလုပ် လာခဲ့သည်။ နရဲစွမ် မင်းသား၏ အမတော် မင်းသမီး ဆုပန်ကလျာ ကို ပဲခူး သို့ ခေါ်ဆောင်ပြီး ကြင်ယာတော် အဖြစ် တင်မြောက်ခဲ့သည်။ အမတော် မှာ လည်း ဓားစာခံ အဖြစ် ပဲခူးသို့ရောက်လာပြီ ဖြစ်သဖြင့် မင်းသား နရဲစွမ် က ပြည်တော်ပြန်ရန် အချိန်ကျပြီ ဟု ဆုံးဖြတ်လိုက်ပြီး သူ ၏ သစ္စာတော်ခံ နောက်လိုက် ငယ်သား များကို စုစည်းကာ ထွက်ပြေးလွတ်မြောက်တော့သည်။

ရုပ်ရှင်နှင့်ပါတ်သက်၍ သူတို့အပြော၊သူတို့အမြင်

၃ ကားတွဲ ဇတ်လမ်း၏ ပထမဆုံး အပိုင်း ဖြစ်သော ဟံသာဝတီ အကျဉ်းသား Pegu's Hostage ဇတ်ကား ကို ထိုင်းနိုင်ငံ တွင် ၂၀၀၇ ဇန်န၀ါရီ ၁၈ က ရုံတင်ပြသသော အခါ စာနယ်ဇင်း များကြား တွင်လည်း လှုပ်ခတ်သွားခဲ့သည် ဟု ဆိုသည်။ ရှေး ယခင် ယိုးဒယား ရုပ်ရှင်ကားတိုင်းတွင် ယိုးဒယား များ ၏ ရန်သူ ဆိုလျှင် မြန်မာ ဟု သတ်မှတ်ပြီးသား ဖြစ်နေ ခဲ့ကြသည်။ သမိုင်းအရကော အမြင်အရပါ မြန်မာတွေ ကို လူကြမ်း တွေရန်သူတွေ အဖြစ် အလွယ် လက်ဖြစ် သရုပ်ဆောင် စေခဲ့တာ ချည်း ဖြစ် သည်။ထိုင်းရုပ်ရှင်ကြည့် ပရိသတ်ကလည်း အဲဒီအချက် ကို ရိုက်သွင်း ခံထားရ သည့်အတွက် စိတ်ဓါတ်ရေးရာမှာကို ရန်သူ တွေ လို့ လက်ခံထားပြီး ဖြစ် နေခဲ့တာ ချည်း ပဲ ဖြစ်ခဲ့ရာ က မတူသောအမြင် နှင့် ချဉ်းကပ်ထားသော ဤ ရုပ်ရှင် ကား သည် အထူးအဆန်း ဖြစ်ခဲ့ကြသည်။

ထိုင်းသမိုင်း ကို အမြင်သစ်ဖြင့်ချဉ်းကပ်ခြင်း ဟူသော ခေါင်းစဉ် ပေးရ လောက်အောင် ယိုးဒယား-မြန်မာ သမိုင်းကြောင်း ကို အကောင်းမြင်ဝါဒ ဖြင့် ရိုက်ခဲ့ ကြောင်း ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် ယိုးဒယား သမိုင်း တွင် သြဇာကြီးသော၊ လေးစား ချစ်ခင်ခြင်း ခံရသော ( သူတို့ဘာသာဖြင့် Pu Chanah Sip Tit အရပ်ဆယ် မျက်နှာ ကို အောင်နိုင်သူ အဖြစ် ၀တ္တုဇတ်လမ်း နှင့်လည်းကောင်း၊ သီချင်းဖြင့် လည်း ကောင်း တင်စားခေါ်ဝေါ်ခြင်း ခံရသည့် ) မြန်မာဘုရင် ဘုရင့်နောင် မင်းတရား ကြီး နှင့် ပါတ်သက်ရှုမြင်ပုံ မှာ လက်ရှိသမားရိုးကျ အမျိုးသားရေး ၀ါဒဖြန့် မြန်မာ မုန်းတီးရေး ရုပ်ရှင်ကား များ နှင့် ခွဲထွက်ထားကြောင်း ဖော်ပြ ထားသည်။
သူတို့အပြောအရဆိုလျှင်တော့ယခုဇတ်ကား(KING NARESUAN)သည်အမျိုးသား ရေးဝါဒ ဦးစားပေး ရိုက်ထား တာ မဟုတ်ပါ ဘူး ဟုဆိုပါသည်။

ဒါရိုက်တာ . MC Chatrichalerm က သည်လိုပြောထားပါသည်။

“ကျွန်တော်တို့ သမိုင်း အခြေခံတဲ့ ရုပ်ရှင်ကားရိုက်ရင် “ဘယ်သူ့သမိုင်းရိုက်မှာလဲ” လို့ ကိုယ့်ကို ကိုယ် ပြန်မေး ပါတယ်။ နရဲစွမ် အတွက် သမိုင်းအထောက်အထား သုတေသနလုပ်တော့ အိမ်ရှေ့မင်းသားကြီး Utumporn ရေးတဲ့ အချက် တွေ ကို အခြေခံရ ပါ တယ်။ သူက နရဲစွမ် အဖြစ်အပျက်ဖြစ်ပြီး နှစ် ၁၅၀ လောက်အကြာ မှာ မြန်မာပြည် ကို သွားနေပြီး လူအတော် များများ နဲ့ တွေ့ဆုံမေးမြန်းပြီး သမိုင်းမှတ်တမ်း ရေးခဲ့တာပါ။ အဲဒါ ကို ဘာသာပြန်ဘို့ ကျွန်တော့မှာ မြန်မာ ပရော်ဖက်ဆာ တစ်ယောက် ရှိပါတယ်။ ပြီးတော့ အခြားသမိုင်းစာအုပ်တွေ နဲ့ အပြန်ပြန် အလှန်လှန် တိုက်ဆိုင် စစ်ဆေးခဲ့ပါတယ်။”

“ ကျွန်တော်တို့ နရဲစွမ် ဘုရင် ဇတ်ကား ကို ထိုင်းအမျိုးသားရေးဝါဒ နဲ့ ချဉ်းကပ်ပြီး ရိုက်ထားတာ မဟုတ်ပါဘူး။ဘာဖြစ်လို့ လဲ ဆို တော့  အခုခေတ်ဟာ ထီးထီးကျန်နိုင်ငံ ပုံစံ နဲ့ ရပ်တည်လို့ မရပါဘူး။ ၁၆ ရာစုတုန်းက ဒေသလေးတွေကိုမြန်မာဘုရင်ဘုရင့်နောင် က သူ့လက်ရုံးအောက် သိမ်းသွင်း ထားနိုင်ခဲ့တယ်။ Ghost Game လို Mak Te လို ဇတ်ကားတွေဟာ အိမ်နီးချင်းနိုင်ငံ တွေကို နှိမ့်ချရိုက်ကူး ပုံဖော်ထားလို့ သူတို့ရဲ့ အမျက်ဒေါသ တွေကို ထွက်စေခဲ့ပြီးပြီ။ နရဲစွမ် မှာတော့ ကျွန်တော်က မြန်မာ ကို အယုဒ္ဓယ ထက် အသာ စီးနေရာ က ပုံဖော်ရိုက်ကူးထားတယ်။ မြန်မာ တွေ ကို ကျွန်တော်တို့ရဲ ရန်သူတော်ကြီး ဆိုတဲ့ပုံမျိုး ကျွန်တော် ပုံဖော် မထား ပါဘူး”

ဒါပေမယ့်လည်း ၀ိဝါဒကွဲစရာ၊ အမြင်မတူတဲ့ အချက် တချက် ကတော့ ဒီရုပ်ရှင် ကားမှာ ရှိလာလိမ့်မယ် လို့ ဒါရိုက်တာ ကဖွင့်ဟ ပါတယ်။ အဲဒါကတော့ နရဲစွမ် က သူ့တပ်အတွက် လူစု တဲ့အခါ မွန်လူမျိုးတွေ ပါဝင် ကူညီပြီး မြန်မာတွေ ကို ပြန် တိုက်တယ် ဆို တဲ့ အချက်ပါ။

“လူထုကို ဖျော်ဖြေရန်ရေပန်းစားလူကြိုက်များဘို့ နဲ့ တည်ကြည်လေးနက်တဲ့ သမိုင်းကဏ္ဍ ဖြစ်ဘို့ နှစ်ခုအကြားမှာ ကြားညှပ်ရရှာတဲ့ ရုပ်ရှင် ” လို့ ဘန်ကောက်ပို့စ် သတင်းစာကြီး က မှတ်ချက်ပေးပြီး ဿ နေရှင်း သတင်းစာကြီး ကတော့ “ တစ်မူ ထူးခြားတဲ့ ဘုရား ကျောင်းတွေ၊ နန်းတော်ကြီးတွေ ၊ရောင်စုံနန်းတွင်း အ၀တ် အစား တွေ၊ဒီဇိုင်းပြုလုပ်ချက်တွေအားလုံးကိုအသေးစိတ်စေ့စေ့စပ်စပ် စီစဉ်ပြသ နိုင်ခဲ့တာမို့ လှပသေသပ်တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အပိုင်း ၁ အပြီးထိတော့ ခံစားမိသည်မှာ ဘန်ကောက်ပို့စ် သတင်းစာကြီး က ဝေဖန်သလို သမိုင်းအချက်အလက်တွေ ပီပြင်သလား ဆိုတော့လည်း မပီပြင်ဘဲ ဟိုဘက် သည်ဘက် ထောက်ပြစရာတွေ အများကြီးတွေ့ရပါသည်။ သမိုင်းအချက် အလက် မှန်ကန်ရေး ဟူသော အချက် ကို ဖျော်ဖြေရေး နှင့် လူကြိုက်များ ၀င်ငွေ ရရေး ဟူသော အချက် က ဖုံးလွှမ်းသွားသည် ဟူသော အချက် ကို ခံစား ရပါ သည်။ အထူးသဖြင့် နိုင်ငံတကာ ထိုးဖောက်နိုင်လောက်အောင် ငွေတွေ တလဟော သုံးကာ ရိုက်ခဲ့သော ရုပ်ရှင်ကားကြီးသည် ထိုင်း ပြည် သူတွေထံက ၀င်ငွေရလိုဇော နှင့် ဖျော်ဖြေရေးကဲသော ထိုင်းပြည်သူ အကြိုက် ဇတ်ကွက် များနှင့် ပြည့်နှက် နေရာ သဲတ ရှပ်ရှပ်၊ အဆီတ၀င်းဝင်း ဖြစ်နေပါသည်။

မြန်မာဇတ်ကောင်တွေ နှင့် ယိုးဒယား ဇတ်ကောင် တွေ အ၀တ်အစား၊ အသုံး အဆောင် တွေ ကွဲကွဲပြားပြား မရှိရသည့် ကြားထဲ မြန်မာ ဇတ်ရုပ် သရုပ်ဆောင်များ နေရာတွင် ထိုင်း လူမျိုးများ သရုပ်ဆောင်စေခြင်း ၊ အဓိက ဇတ်ရုပ် ဘုရင်နောင် မင်းတရားကြီး အပါအ၀င် မြန်မာ နေပြည်တော် မှ မြန်မာဇတ်ရုပ်အားလုံးတို့ က ထိုင်း စကားကို သွက်သွက်လက်လက်ကြီး အစမှ အဆုံး ပြောဆိုနေ သည့် အချက် က တော့ မဖြစ်သင့်ပါ ။(နိုင်ငံခြားတိုင်းပြည်တွေ ကို ပြသခဲ့လျှင် အော် အရင်ခေတ် တုန်း က မြန်မာတွေ ဟာ ယိုးဒယားစကားကိုပဲ ပြောကြ တာပဲ နောက်မှ မြန်မာစကား ပေါ်လာ တာလား မသိပါဘူး ဆိုသော အတွေး မျိုး ပေါ်လာစရာ ရှိ ပါသည်။) မြန်မာစကားသံ ထည့်ပြီး ထိုင်း နှင့် အင်္ဂလိပ် စာတမ်းထိုးလျှင် တောင်မှ ဒီလောက် အကုန်အကျခံကာ ရိုက်ထားသည့်ကားမှာ မြန်မာ သရုပ်ဆောင် အချို့ နှင့် တွဲမရိုက် သင့်ဘူးလား ဟု စဉ်းစားကြည့်နေမိပါသည်။

ဟံသာဝတီ ရွှေနန်းတော်မှာ ဘုရင့်နောင်ရှေ့မှောက် ခစားနေကြတဲ့ ရံရွေတော် မြန်မာမင်းသမီးလေးတွေအဖြစ် သရုပ်ဆောင်တဲ့ လှပငယ်ရွယ်တဲ့ ထိုင်း အမျိုးသမီးငယ်လေးတွေရဲ့ ဝတ်စားဆင် ယင်မှုကတော့ ကျွန်တော်တို့ မြင်တွေနေကျနဲ့ ကွဲပြားပါတယ်။ သူတို့က နန်းတွင်းဝတ်စုံကို (ထိုင်းအမျိုးသမီးတွေလို) ပခုံးသား ဖော်ပြီး ဝတ်ထားတာပါ။ မြန်မာမှတ်တမ်းတွေက တောင်ငူခေတ် ဝတ်စားဆင်ယင်ပုံနဲ့ကွဲပြားမှုရှိမရှိ သမိုင်းပညာရှင်တွေမှ သိနိုင်မှာပါပဲ။ ဟံသာဝတီရွှေနန်းတော်မှာ မြန်မာ့စောင်းတီးဖျော်ဖြေတဲ့ အခန်းတွေ၊ မြန်မာမင်းသား တွေနဲ့ နာရေစွမ်တို့ ကြက်တိုက် ကစား ကြတဲ့ ပြကွက်တွေလည်း တွေ့ရပါတယ်။

ဘုရင့်နောင် မင်းတရားကြီး အဖြစ် သရုပ်ဆောင် သော ဇတ်ကောင် က အသက် ၉ နှစ် အရွယ် နရဲစွမ် မင်းသားလေး ကို ဓားစာခံခေါ်ဘို့ အတွက် “ ကျွန်ုပ် ဘုရင့်နောင် က ဖရာနရာဇ် ကို သား အရင်း ကဲ့သို့ စောင့်ရှောက်မွေးမြူ သွားမည် ဖြစ်ပါကြောင်း ကို မြတ်စွာဘုရား နှင့် ထက်ကောင်းကင် နတ်ဒေ၀တာ များကို တိုင်တည်ကျိန်ဆို ပါသည်။မဟုတ်ပါက -------” စသဖြင့် ပြဇတ် ဆန်ဆန် ပြောစကား များက လည်း သမိုင်းအချက် များ ကို ထိခိုက်စေပါသည်။

အပိုင်း ၁ ဇတ်ကား တစ်လျောက် လုံးလိုလို မင်းသားငယ် ကို ကိုရင် ၀တ် နှင့် သရုပ်ဆောင် သွားခြင်း ကလည်း မလိုအပ်သလို ခံစားရ သည်။အထူးသဖြင့်ကြက်တိုက် ခန်း များတွင် ကိုရင်ဝတ် ကြီး နှင့် ဖြစ်နေ သည်မှာ မြန်မာမှု နှင့် အတော်ကလေး ဖီလာဖြစ်နေသည် မှာ ကြည့်ရ ဆိုးလှသည်။

သမိုင်းဆိုင်ရာ အထောက်အထား မရှိသော ကြက်တိုက်ခန်း ကလည်း (ကျွန်တော့ အထင်) မပြရသေးသော တတိယပိုင်း မှ မြန်မာ ဥပရာဇာ မင်းကြီးစွာ နှင့် ဆင် စီးချင်း ထိုးခန်း အတွက် ကြိုတင် နမိတ်ပုံ ပြထားသော အခန်းများလား ထင်မိပါသည်။ ငယ်စဉ် ကလေး ဘ၀ ကတည်းက ရန်ဘက် ပုံစံအစပျိုးထားခြင်းဖြစ်နိုင်ပါသည်။

“ ဟေ့ - အဖဖ်းခံထားရတဲ့ တိုက်ကြက် ဟာ ထာဝရ အဖဖ်းခံ ရမယ် ကွ” ဟူသော စကား နှင့် “ လွတ်လပ်မှု ကို ရချင်တဲ့လူ ဟာ တိုက်ယူ ရလိမ့်မယ်”ဟူ သော စကား များ က အပိုင်း ၂ နှင့် ၃ အတွက် ဖြစ်ပါလိမ့်မည်။။ ကြက်တိုက်ပွဲ တွင် အနိုင် ရသွားသော နရဲစွမ် မင်းသား နှင့် ၄င်းကို ပြိုင်ဘက်သဖွယ် မုန်းတီးကာ ရန်ဘက် ဖြစ်သွားသော မြန်မာဥပရာဇာ တို့ နန္ဒဘုရင် လက်ထက် အယုဒ္ဓယစစ်မြေပြင် တွင် ပြန်လည် ရင်ဆိုင်တွေ့သော အခန်း သည် နရဲစွမ် ဇတ်ကား၏ အထွဋ်အထိတ် ဖြစ်လာ မည် ဟု မှန်းရပါသည်။

ဒီဇာတ်ကား ရုပ်ရှင် ပိုစတာက မှိန်ပျပျ ပုံဂံဘုရား စေတီ ပုထိုးတွေနောက်ခံမှာ အဓိကဇာတ်ကောင်တွေရဲ့ ပုံတွေနဲ့အတူ အလွင့်လွင့်ဖြစ်နေတဲ့ အောက်ခံအနီရောင်အလံပေါ်မှာ လူတစ်ယောက် မြင်းတစ်စီးနဲ့ လှံတံကိုကိုင်ပြီး ဝံ့ကြွားနေတဲ့ပုံကို ထိုင်းရိုးရာ ပုံစံ ကနုတ်တွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ 'နိုင်ငံ၏ ကံကြမ္မာကို ရဲဝံ့စွာ ပြောင်းလဲစေနိုင်ခဲ့သော ဘုရင်' ဆိုတဲ့ ဇာတ်ကားရဲ့ စာစုလေးနဲ့ ဒီရုပ်ရှင်ဇာတ်ကားအကြောင်းကို ဝက်ဘ်ဆိုက် [ဒီနေရာမှာ] တစ်ခုလည်း ပြုလုပ်ထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့သတင်းတွေ၊ ဇာတ်လမ်း အကျဉ်းချုပ်၊ သမိုင်းကြောင်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ အင်တာဗျူးတွေ၊ ရိုက်ကွင်း ပြင်ဆင်ကြတာတွေ၊ ပုံစံတူမော်ဒယ်တွေ တည်ဆောက်ကြတာတွေ၊ ဆင်မြင်းတွေကို လေ့ကျင့်သင်ကြားပေးနေကြပုံနဲ့ ရုပ်ရှင်ကား ပိုစတာတွေ၊ ဇာတ်ကားပိုင်း နမူနာထွေလာတွေ၊ e-Card ၊ ဘလော့ဂ်ရုပ်ရှင်ဇာတ်ဝင်ခန်း ပုံတွေအစရှိသဖြင့် စုံစုံလင်လင် တွေ့ရပါတယ်။

ယခု အပိုင်း ၁ ပြီးသည်အထိတော့ သူတို့ပြောသလို မြန်မာ -ယိုးဒယား သမိုင်း ကို အကောင်းမြင် အနေ နဲ့ ရိုက်ထားသည် ဆိုသော စကား ကို လက်သင့်မခံနိုင် သေးလျှင် တောင်မှ (သမိုင်းကို လိုရာဆွဲတွေး ရိုက်ထားသော အချက် များ မှ အပ ) ယခင် ရိုက်ကူးနေကျ ယိုးဒယား ရုပ်ရှင် များလို မြန်မာမုန်းတီးရေး ရုပ်ရှင်ကား မဟုတ် ဟု ခံစားမိပါကြောင်း။
အောက်ပါ LINK မှ ဓါတ်ပုံများ နှင့် ၀ီကီ ၊ အင်တာနက် ဆောင်းပါးများ နှင့် YOUTUBE ဗွီဒီယိုဖိုင် များ ကို အခြေခံပြီး သိသမျှအချက်လေးကို ရေးသားပါသည်။

မြန်မာဝီကီပီဒီ
sharing truths and feelings

0 လူပျက်ခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲ


နအဖ ရဲချုပ်ခင်ရီက ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကို မေလ (၆) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ကျနော်နဲ့ ရဲဘော်များအားလုံး ထိုင်းမြန်မာနယ်စပ်မြို့ကလေး တမြို့တွင်စုရုံးရောက်ရှိ နေပြီး သတင်းစာရှင်းလင်းပွဲ စတင်ပြုလုပ်မည့် အချိန် (၈) နာရီ ခွဲကို စောင့်မျှော်စောင့်စားနေကြပါ သည်။ တီဗွီတလုံးရှေ့တွင် ဖျာခင်းပြီးလှဲသူလှဲ ထိုင်သူထိုင်ဖြင့် ခင်ရီ မည်ကဲ့သို့ ဖြေရှင်းချက် ထုတ်မည်ကို စောင့်ရင်း အလာပသလာပ ပြောဆိုနေကြ၊ ရှေ့ဟောင်းနောက်ဖြစ်များကို ပြန် ပြောရင်း ရယ်မောလိုက်ကြဖြင့် ရှိနေကြပါသည်။


ကျနော်တို့ဆိုရာ၌ ကိုမိုးသီးနှင့် ABSDF ရဲဘော်များဖြစ်ကြပါသည်။ တပ်ဦးရဲဘော်ဟောင်း နှစ်ဦးလည်း ကျနော်တို့တည်းခိုရာ နေရာသို့ ချိန်းထားသည့် အတိုင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပါသည်။ တဦးမှာ ကနေဒါမှ ရဲဘော်တင်မောင်ထူး ဖြစ်ပြီး နောက်တဦးမှာ ၀ါရှင် တန်ဒီစီမှ အတာဖြစ်ပါသည်။

သူတို့ ရောက်လာရခြင်းမှာ ထိုင်းမြန်မာနယ်စပ် တလျှောက် မြန်မာလူမျိုးများဘ၀ကို မိမိတို့ တတ်နိုင်သည့်ဘက်မှ မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် ရောက်လာကြခြင်း ဖြစ်ပါသည်။ ခင်ရီမှ အရိဒ္ဓမာ ခန်းမတွင် စတင်၍ ရှင်းလင်းချက်ကို ည (၈) နာရီခွဲတွင်စတင် ပြုလုပ်သည့် အခါ အားလုံးစိတ်ဝင်စားစွာ နားထောင်လိုက်ကြပါသည်။

ကျနော် ပထမဦးဆုံးသတိပြုမိသော အချက်မှာ ဗိုလ်ခင်ရီသည် ရဲချုပ်တာဝန်ယူထားသော် လည်း ရဲအ၀တ်ကိုမ၀တ်ဆင်ပဲ စစ်ဝတ်စုံကိုဝတ်ဆင်ထားသည့် အချက်ဖြစ်ပါသည်။ သတင်း စာရှင်းလင်းပွဲတွင် တက်ရောက်နေကြသော ရဲအရာရှိများအားလုံး ရဲဝတ်စုံဝတ်ဆင်ထားကြပြီး ဗိုလ်ခင်ရီ တယောက်က ထူးထူးခြားခြား စစ်ဝတ်စုံနှင့်မြင်ရခြင်းမှာ ရဲတာဝန်ထမ်းဆောင်နေရ သော်လည်း မိမိကိုယ်မိမိ စစ်သားဟုခံယူထားတုန်းဟု ထင်မှတ်နေပုံရပါသည်။ ဤအချက် သည် ရဲတပ်ဖွဲ့များကို အုပ်ချုပ်နေသည့် အခြားအရာရှိများသည်လည်း စစ်ထွက်များ စစ်တပ်မှ တိုက်ရိုက် အသွင်ကူးပြောင်းထားသည့် သူများဖြစ်နှင့် ပါသည်။

(၂)
ဗိုလ်ခင်ရီက ထိုင်းမြန်မာနယ်စပ် ဒေသတွင်ရှိ ဒီမိုကရေစီအင်အားစုများ အားလုံးဟာ ဤအ ကြမ်းဖက်မှုကြီးတွင် ပါဝင်ပတ်သက်နေပါသည်ဟု အတည်ပေါက်နှင့် ရှင်းလင်းတင်ပြနေသည် ကိုကြည့်ရင်း ကျနော်တို့တသိုက် တ၀ါးဝါးနှင့်ပွဲကျလျက် ရှိကြသည်။ ကိုမိုးသီးက “ကျနော် အောင်မိုးဇော်နဲ့ တွဲမလုပ်ဘဲ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေတာ နှစ်ချီကြာနေပါ ပြီဗျာ၊ သူတို့ Press conference ကတကယ့်ကို ဟာသဘဲ” ဟုဆိုသည်။ တကယ်တော့ ကိုအောင်မိုးဇော် အပါအ၀င် NCUB ၏ မဟာဗြူဟာ အစည်းအဝေးကို နားစွန်နားဖျားကြားသိပြီး NCUB အဖွဲ့ဝင်မဟုတ်သော ကိုမိုးသီးကိုပါ ပါဝင်သည်ဟု ရမ်းတုတ်လိုက်ခြင်း ဖြစ်သည်။

ကိုမိုးသီးတို့ မဲဆောက်တွင် “လူထုလှုပ်ရှားမှုကော်မတီ ၂၀၁၀” ကိုတက်ကြွသူများနှင့် မတ်လ (၁၃) ရက် နေ့ဖုန်းမော်နေ့တွင် စတင်စည်းဝေးကြပြီး ဧပြီလ (၃) ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ (၂၁) ဦးကော်မတီ၏ ရည် ရွယ်ချက်မှာ ၂၀၁၀ တိုက်ဖျက်ရေး၊ လူထုလှုပ်ရှားမှု ပေါ်ပေါက်ရေး ပြည်တွင်းအင်အားစုများက ကြားဖြတ်အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ရေးပင်ဖြစ်သည်။ ဗိုလ်ခင်ရီ ရှင်းလင်းတင်ပြနေသည်ကို နားထောင်နေစဉ် ဖျာပေါ် တွင်လှဲ၍ နားထောင်နေသော ကိုမိုးသီးတယောက် အိပ်ပျော်၍ ဟောက်များပင် ဟောက်နေ သေးတော့သည်။ ဤအချက်က အပြစ်မရှိသူတယောက်က အဓိပ္ပါယ်မရှိသော စွတ်စွဲချက်များ ကို ညည်းငွေ့သွားပြီး အိပ်ပျော်သွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်လိုက်မိသည်။ ရဲဘော်များက ဟောက်နေသော ရဲဘော်မိုးသီးကို ကြည့်ပြီး ရယ်မောနေကြသည်။

ဗိုလ်ခင်ရီက H20 မဏ္ဍပ်တွင် ဗုံးပေါက် ကွဲမှုကို ကိုစန်းနိုင်၊ ရဲသီဟ ကဦးစီးပြီး ABSDF မှကြိုးကိုင်ကြောင်း၊ တဖန် ABSDF သည် DAB အဖွဲ့ဝင်ဖြစ်ပြီး DAB ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် တာမလာဘောမှ ချုပ်ကိုင်ထားသဖြင့် ဆရာကြီးမှာ KNU ဖြစ်ကြောင်း သူလိုသလိုကောက်ချက်ဆွဲ၍ အီကွေးရှင်း ထုတ်ထားသည်မှာ ပညာဉာဏ်ကင်းမဲ့သူများ တိုင်းပြည်ကို လိမ်နည်းမျိုးစုံနှင့် သတင်းစာ၊ တီဗွီ၊ ရေဒီယိုတို့မှနေ၍ ပြည်သူနှင့် ဒီမိုကရေစီရေးကို ကိုယ်ကျိုးမဖက် ကျိုးစားဆောင်ရွက်နေသူများ အကြားသပ်လျှို ဖြိုခွဲနေခြင်းပင်ဖြစ်သည်။

ဗိုလ်ခင်ရီက ဗုံးခွဲသူတဦးကို ဖမ်းမိပြီး၎င်းဖော်ထုတ်ချက်အရ ၎င်းနှင့်အပေါင်းအပါ (၃) ဦးကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့ (၄) ဦးမည်သို့ မည်ပုံလှုပ်ရှားခဲ့ပုံ၊ လက်ပစ်ဗုံးများကို မည်ကဲ့သို့ အသုံးပြုပုံ၊ မည်သည့်နေရာမှနေ၍ ပစ်ပုံတို့က ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်နေသည့်အလား တိတိကျကျ ပြောသွားခဲ့ပေသည်။

သတင်းစာသမားများ မေးသည့်အလှည့်တွင် သတင်းစာဆရာတဦးက ဗိုလ်ခင်ရီအား ဗုံးမကွဲမှီ ကကြိုတင်သတင်းရရှိပါသလား ? ဟုမေးမြန်းခြင်းကို ဗိုလ်ခင်ရီက ဗုံးခွဲမည့်သူများရှိနေသည် ကို သိရှိကြောင်း သို့ရာတွင်အတိအကျ သတင်းတော့မရရှိကြောင်း ဖြီးဖြန်းသွားသည်၊ တယောက်က ယ္ခုဗုံးခွဲသူများ မည်သူမည်ဝါ ပါရှိသည်ကို အတိအကျသိရှိပြီးဖြစ်သဖြင့် ထိုသူ များအကြောင်းကို မသိရှိမှီ ဗုံးကွဲမှုတွင်မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော စာရေးဆရာ လင်းယုန် မောင်မောင် ၏သားနှင့် ၎င်း၏သူငယ်ချင်းတို့ အပေါ်မည်သို့သဘော ထားမည်နည်းဟုမေး လိုက်သည့်အခါ ဗိုလ်ခင်ရီအနည်းငယ် တွေသွားသည်၊ နောက်မှ ၎င်းတို့ကိုစစ်ဆေးမေးမြန်း တုံးရှိသေးကြောင်း အပြစ်မရှိကြောင်း ကြိမ်းသေသည့်အခါတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ဤနေရာတွင် ကျနော့်အမြင်မှာ လင်းယုန်မောင်မောင် သားနှင့် သူ့မိတ် ဆွေကို ဖမ်းဆီးခြင်းမှာ မှား၍ဖမ်းခြင်းဖြစ်သည်။ ဗုံးကွဲစဉ်ကယ္ခုအစိုးရကို ဆန့်ကျင်သူမှန်သမျှ ကိုဖမ်းလိုက်ခြင်းပင်ဖြစ်သည်။ ၎င်းတို့အားထောက်လှမ်းရေးမှ ပယ်ပယ်နယ်နယ် နှိပ်စက်ညှင်း ပန်းမည်မှာ သံသယရှိစရာမလိုပေ၊ တကယ်လုပ်သူများကို ဖေါ်ထုတ်နိုင်သည်ဟု သိပါက အပြစ်မဲ့သူများကို ချက်ချင်းလွှတ်ပေးရပေလိမ့်မည် ယ္ခုကဲ့သို့ မလွှတ်ဘဲဆက်လက်ချုပ်နှောင် ထားခြင်းမှာ လင်းယုန်မောင်မောင်သားဖြစ်သူကို မည်မျှရုပ်ပျက်ဆင်းပျက် နှိပ်စက်ထားကြောင်း ပေါ်လွင်သွားမည်ကို စိုးရိမ်၍ မလွှတ်ဘဲထားခြင်း ဖြစ်နိုင်ပေသည်။

လွတ်လပ်သောနိုင်ငံများတွင် အစိုးရက မတရားနှိပ်စက်ညှင်းပန်းမိပါက သန်းချီလျှော်ရသည်၊ အမေရိကန် လူမဲရော်ဒနီကင်းကို လူဖြူပုလိပ်များက ရိုက်နှက်ခဲ့ခြင်းကို ဗီဒီယိုရိုက်၍ တိုင်းပြည် ကိုတင်ပြခဲ့သဖြင့် လူဖြူ၊ လူမဲတို့ လော့အိမ်ဂျယ်လိစ် မြို့ကြီးတွင် အဓိကရုန်းဖြစ်ခဲ့ပြီး ရော့ဒနီ ကင်းကို အမေရိကန်အစိုးရက ဒေါ်လာ (၅) သန်းလျှော်ပေးခဲ့ရပေသည်။

ဗိုလ်ခင်ရီတို့ အနေနှင့် အပြစ်မဲ့ဖမ်းဆီးနှိပ်စက်ခံရသူ ဆရာလင်းယုန်မောင်မောင်၏ သားတို့ကို အပြစ်မရှိမှန်း သိသော်လည်း မလွှတ်ဘဲ အမှုဆင်ထောင်ချဘို့ ကြံစဉ်နေဟန်ရှိကြောင်း ထင် ရှားသည်။ မိမိတို့ အပြစ်မဲ့သူကို ဖမ်းမိခြင်းကို ၀င်မခံဘဲ ထိုအပြစ်မဲ့သူအား ထောင်ချရန်ကြံ စဉ်နေသောသူများက အပြစ်မဲ့သူများကို ဗုံးခွဲသူများကို ကမ္ဘာပုလိပ်အဖွဲ့ကြီး Interpol မှအရေး ယူဖမ်းဆီးပေးပါရန် ပြောနေခြင်းသည် အဓိပ္ပါယ်မဲ့လှပေသည်။ မြန်မာပြည်တွင် တရားဥပဒေ စိုးမိုးမှုမရှိကြောင်း ထင်ရှားစေခဲ့ပေသည်။

အမှန်တော့ အကြမ်းဖက်သူများသည် နအဖ စစ်အုပ်စုသာဖြစ်သည်။ ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ် များကို စာအုပ်ပေါင်းများစွာတွင် ဖတ်ရှု့နိုင်ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ခလေး လူငယ်များအပါအ၀င် လူပေါင်း ၃၀၀၀ ကျော် သတ်ဖြတ်ခံရခြင်း၊ ဒီပဲယင်း လုပ်ကြံမှုကြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သတ်ဖြတ်ခံရသော ရဟန်းသံဃာတော်များကို ကြည့် လျှင် မည်သူက အကြမ်းဖက်သမားလဲ? ဆိုသည့် မေးခွန်းကို ဖြေစရာမလိုဟုထင်သည်။

မိမိယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုသဖြင့် အပြစ်မဲ့သောပြည်သူ ထောင်ပေါင်းများစွာတို့ကို မည်သူတို့က သတ်ဖြတ်ခဲ့သနည်း၊ မည်သူတို့က ဖမ်းဆီးနှိပ်စက်ညှင်းပန်းခဲ့သနည်း? အဓိက တရားခံမှာ အကြမ်းဖက်သမား နအဖ သာလျှင်ဖြစ်ကြောင်း လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားလှပါသည်။ သင်္ကြန်အကြမ်းဖက်မှုသည် နအဖ တို့၏အကြမ်းဖက်မှု ပေါင်းများစွာနှင့် နှိုင်းယှဉ်လျှင် မြူမှုန်တစက်မျှသာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်းကို ကျနော့် အနေနှင့် အထူးစိတ်မကောင်း ဖြစ်မိပါသည်။ သို့ရာတွင် မိမိပြည်သူကို မိမိကျွန်ပြုအုပ်ချုပ်နေ သော နအဖ အားတော်လှန်ရာ၌ ပြည်သူများ မြေစာပင်ဖြစ်တတ်သည်မှာ မလွှဲမရှောင်နိုင် သောအချက်တခု အဖြစ် လက်ခံရမည်ဖြစ်သည်။
နအဖ စစ်အာဏာရှင် စံနစ် ပျက်သုန်းသည့်အခါမှ သာ အကြမ်းဖက်မှု တို့ ရပ်တန့်သွားလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။

ထွန်းအောင်ကျော်

Friday, May 7, 2010

0 ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား ရှုတ်ချကန့်ကွက်ကြောင်းကြေငြာချက်

0 ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု လိမ်ညာရှင်းလင်းမှုသတင်းစာရှင်းလင်းပွဲ


source။ ။ ဟံသာဝတီ SKY NEWS

Wednesday, May 5, 2010

0 NLDဌာနချုပ်တွင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့(အကြို) အကျဉ်းကျနိုင်ငံရေးသမားများ၏သား/သမီးများအား ပညာရေးထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့(အကြို) အဖြစ် န၀မအကြိမ်မြောက် အကျဉ်းကျနိုင်ငံရေးသမားများ၏သား/သမီးများအား ပညာရေးထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြပါသည်။
ဓာတ်ပုံ။ ။ AP

0 ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၂)-ကိုကြီးပေါ်

ကိုကြီးပေါ် တို့ရဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ထစ်ခနဲဆိုတာနဲ့ “ရှုတ်ချပါတယ် ခင်ဗျ, ထောက်ခံပါတယ် ရှင့်” ဆိုတာတွေက တယ်လဲ စီစီညံတာပါပဲ။ သြော်... အကျင့်ပါလာတာက ရာစုဝက်တောင် ကျော်မှကိုး။ ဒီတော့လည်း ဘာကလေး ဖြစ်လိုက်ဖြစ်လိုက် ရှုတ်ချလိုက် ထောက်ခံလိုက် ဟိုလူ့ လက်ညှိုးထိုးလိုက် ဒီလူ့အပြစ်ဖို့လိုက်နဲ့ ကျင့်သားကို ကျနေတော့တာပါ။

ဒီအကျင့်တွေ ကောင်းတာ မကောင်းတာကို ကိုကြီးပေါ် ဘာမှ မပြောလိုပါဘူး။ ထားပါတော့။ ခက်တာက အဲသလို အော်နေကြတာနဲ့ပဲ ပြဿနာကို တကယ်အဖြေရှာဖို့ ပျောက်ပျောက်သွားတာကို သတိပြုမိလို့ပါ။ အခုလည်း ကြည့်လေ။ ရွှေပြည်တော်ကြီးတခို ဟိုမှာဒီမှာ ဗုံးတွေပေါက်တော့ ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အသံတွေက “အပြင်းအထန် ရှုတ်ချပါသည်” တဲ့ခင်ဗျ တဲ့။ အဲသလို ထအော်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် ကိုကြီးပေါ်လည်း လည်ချောင်းကွဲအောင် အော်လိုက်ချင်ပါရဲ့။

ဗုံး ဗုံး ဘယ်သူဖောက်

ရွှေပြည်တော်ကြီးမှာ ဗုံးပေါက်တယ် ဆိုတာ ကိုကြီးပေါ် အဖို့တော့ သိပ်မထူးတော့ပါဘူး လို့တောင် ပြောရမလိုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဟိုးငယ်စဉ်ဘ၀ စာဖတ်တတ်ချိန်ကစလို့ ရွှေပြည်တော်က သတင်းစာတွေမှာ နေ့စဉ်ဖတ်နေရတဲ့ သတင်းတပုဒ်က “ဗုံးဖောက် မိုင်းထောင်” ဆိုတဲ့ သတင်းတွေပါ။ ပေါက်တဲ့ ဗုံးက နည်းနည်းကြီးရင် နောက်ကျောဖုံးမှာ ပါတယ်။ ပုံမှန်ဆိုရင်တော့ အတွင်းစာမျက်နှာမှာ ပါတယ်။ ဒီသတင်းတွေမှာ မပါမဖြစ် ပါတဲ့ စကားလုံးက “သောင်းကျန်းသူများ လက်ချက်” ဆိုတဲ့ စကားစုပါ။


ငယ်စဉ်တုန်းကတော့ ဒီသတင်းတွေ တွေ့ပြီး သြော်... သောင်းကျန်းသူတွေ ဆိုတာ ဒီလိုပဲ အမြဲ ဗုံးခွဲ နေသူတွေပဲလို့ ထင်ခဲ့မိတာပေါ့။ နည်းနည်းလေး လူပါးဝလာတော့မှ ဒီသတင်းတွေထဲမှာ လံကြုတ်တွေကော, သတင်းဟောင်းတွေကော, ဖြတ်ဆက်ကပ်တွေကော ပါတယ်လို့ သိခဲ့ရတာပါ။ အဲဒီက စပြီး ဗုံးသတင်းတွေကို စိတ်မ၀င်စားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ထူးခြားတဲ့ ဗုံးသတင်းတွေ ပေါ်လာပြန်ရင်တော့ နားထင်ကြောတွေ ကားခနဲ ယားခနဲ ဖြစ်ရပြန်ပါရော။ နို့ မဖြစ်ခံ နိုင်ရိုးလား။ ပေါက်တဲ့ ဗုံးတွေက မြို့လယ်ခေါင် လူလယ်ခေါင်မှာ။ ကိုယ့်နောက်ကျော လာပေါက်နေသလိုလို။ သေကြကြေကြ ရတာလည်း မနည်း။ ပြီးတော့ “လုံခြုံရေး”ဆိုတဲ့ ဟာကြီးလည်း ရှိတဲ့ နေရာတွေ။

ကိုကြီးပေါ်က ရွှေပြည်တော်ကို အဝေးကနေ ချောင်းကြည့်ရသူမို့ ဗုံးတွေ ဘယ်ပုံဘယ်နည်း ပေါက်တယ်၊ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာတွေကို မမြင်ရပါဘူး။ ဒီတော့ ဘယ်သူဘယ်ဝါလို့ စွပ်စွဲ မပြောချင်ပါဘူး။ ချောင်းကြည့်လို့ မြင်သလောက်ကိုပဲ ပြောရမယ် ဆိုရင် လူစည်စည်အရပ်မှာ ဗုံးပေါက်တဲ့ ဓလေ့က ရပ်ရွာအေးချမ်းသာယာရေးကို ဦးထိပ်ပန်ဆင်ထားတဲ့ နအဖခေတ်ရဲ့ ဖက်ရှင်များ ဖြစ်နေမလားလို့ ထင်မိတာပါပဲ။ ဘယ့်နှယ် ဗုံးပေါက်တာကို ဖက်ရှင်လို့ မင်းမို့ ပြောရက်တယ်လို့ ဒေါမခီးလိုက်ပါနဲ့ဦး။ ပြောချင်တဲ့ အဓိပ္ပာယ်က မကြာခဏ ဖြစ်တယ်၊ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတဲ့ သဘောပါ။ ကိုကြီးပေါ် အပြောအဆို မတတ်ရင်လည်း ခွင့်လွှတ်ပေးပါဗျာ။

ရန်ကုန်မြို့တော်ရဲ့ လူစုလူဝေးထဲ ပေါက်တဲ့ ဗုံးတွေအနက် မဟာပါသာဏလှိုဏ်ဂူမှာ ပေါက်တာ အစောဆုံးလို့ ထင်မိတာပဲ။ ၁၉၉၅ ထဲမှာ ထင်ပါရဲ့။ တရုတ်ပြည်က စွယ်တော်ကို ဒုတိယအကြိမ် ပင့်ပြီး နအဖတို့ အကြီးအကျယ် “လုပ်စား”နေတဲ့ အချိန်ပေါ့။ လုံခြုံရေး ဆိုတာတွေ အထပ်ထပ်ကြားထဲက ပေါက်တာဆိုတော့ အတော်လေး တုန်လှုပ်အံ့သြ ဖြစ်ကြရတာ မှတ်မိပါရဲ့။ သို့လော သို့လောတွေလည်း မရေမတွက်နိုင်အောင်ပဲပေါ့။ အဲဒီ ဗုံးကြောင့် ဘယ်သူတွေ အမြတ်ထွက်ပြီး ဘယ်သူတွေ ထိခိုက်တယ် ဆိုတာ ကိုကြီးပေါ် မသိရိုး အမှန်ပါ။ ကိုကြီးပေါ် မှတ်သားမိတာ တခုပဲ ရှိပါတယ်။ အဲဒါက ရွှေပြည်တော် အနှံ့ မြို့တွေကို လှည့်လည်မယ်ဆိုတဲ့ စွယ်တော်ဟာ အစီအစဉ်တွေဖျက် ကသုတ်ကရက်နဲ့ တရုတ်ပြည် အမြန်ပြန်ကြွသွားရတာပါပဲ။ နအဖလည်း ဟဒ်ကော့ကြီးဖြစ်ပြီး တခွင်ပျက်သွားတော့တာပဲ။

နောက်တခုက ၉၆ ခုနှစ်တုန်းက မြို့တော်ဝန် မာရသွန် ပြေးပွဲမှာလို့ မှတ်ထားမိတယ်။ မဆလ လက်ထက်တုန်းက ဒီဇင်ဘာ လူထုအားကစားလ ဆိုပြီး “တင်း တောင် တင်း တောင် စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့...” ဆိုတာ အတော်ခေတ်စားတာပေါ့။ နအဖ လက်ထက်ရောက်တော့ ဒီအလုပ်ကို မြို့တော်ဝန်က လွှဲယူလိုက်တယ် ထင်ပ။ ရွှေပြည်တော်သားတွေ ဆိုတာကလည်း စွပ်ကျယ် နှစ်ထည်လောက် ရတာကို ရွှေစင်နှစ်ကျပ်သားလောက် ရတယ် အမှတ်နဲ့ ဂုဏ်ယူတတ်ကြလေတော့ မာရသွန်ပွဲမှာ သဲသဲလှုပ်လှုပ် ၀င်ပါကြတာပါပဲ။ ဒါမျိုးဆို နအဖက ဖိုးကျိုင်းတုတ် ဖြစ်တာပေါ့။ မီဒီယာကနေ အကြီးအကျယ် ၀ါဒဖြန့်တော့တာပါပဲ။ မကြာပါဘူး။ လူစုရပ်မှာ ဗုံးပေါက်တော့တာပါပဲ။ ဒီလိုနဲ့ မာရသွန်ပွဲတော်ကြီးလည်း ရန်ကုန်မြစ်က တဆင့် ပင်လယ်ထဲ မျောသွားပါလေရော။

ဟော နောက်တပွဲ လာပြန်ပါပြီ။ လှေသဘင်ပွဲတဲ့။ နအဖ ဗိုလ်ချုပ်မင်းများက ရှေးမင်းတွေကို သိပ်အားကျတာ မဟုတ်လား။ ဆင်ပွဲ မြင်းပွဲ နွားပွဲ လှေပွဲ ဆိုတာတွေ အစုံ လိုက်လုပ်တာကိုး။ တခုပဲ ကျန်တယ်။ ကြက်ပွဲ။ တကယ်ဆိုရင် ကြက်ပွဲလည်း လုပ်သင့်တာပါပဲ။ တစ်လုံး နှစ်လုံး သုံးလုံးမှာ ထိပ်တန်းရောက်တဲ့ ရွှေပြည်တော်သားတွေ အတွက် လောင်းစရာ ရတာပေါ့။ ပြည်ပက လောင်းကစားတွေ လုပ်မဲ့အစား ကိုယ့်ပြည်တွင်းက ကိုယ့်လောင်းကစားကိုလုပ်တော့ ရိုးရာကိုလည်း ထိန်းသိမ်းရာရောက် ပြည်တွင်း အလုပ်အကိုင်လည်း တိုးတာပေါ့။ အဲ ကိုကြီးပေါ်လည်း လှေသဘင် အကြောင်းပြောတာ ကြက်ပွဲထဲ ရောက်သွားပြီ။ အဟဲ ထားပါတော့။

လှေသဘင်ပွဲကို ကန်တော်ကြီးမှာ တလကိုးသတင်း အကြီးအကျယ်လုပ် ပွဲတွေ ခြိမ့်ခြိမ့်ခံတဲ့အခါ ရွှေပြည်တော်သားတွေလည်း “နတ်ကရာ ကြည့်မော” တသောသောနဲ့ ၀င်နွှဲကြပြန်တာပါပဲ။ ဒီပွဲမှာလည်း နောက်တော်ပါ ရွှေဗုံးက အုန်းခနဲ မြည်အောင် ပေါက်ပြန်တော့ နအဖ လှေတွေကွဲပြီး ကန်တော်ကြီးထဲ နစ်ကုန်တယ် ထင်ပ။ လှေသဘင်ပွဲကြီးလည်း စုန်းစုန်းမြုပ်သွားပါတော့တယ်။

၂၀၀၅ ခုနှစ် မှာတော့ ထိုင်းကုန်စည်ပြပွဲနဲ့ ကုန်တိုက်တွေမှာ ဗုံးသုံးလုံး တပြိုက်နက် ပေါက်တယ်။ ဒိနောက်ပိုင်းမှာတော့ ဈေးရောင်းပွဲတွေ ကုန်စည်ပြပွဲတွေ မကြားရသလောက် ပါးလျားသွားတာ သတိပြုမိပါတယ်။

ဒီတခါတော့ သင်္ကြန်ပွဲ။ ရွှေပြည်တော်မှာက ပြည်သူလူထုတွေ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်လို့ ရတဲ့ပွဲဆိုလို့ သင်္ကြန်ပွဲ တခုပဲ ရှိတာ မဟုတ်လား။ တနှစ်လုံး အောင့်ထားသမျှ သင်္ကြန်ကျမှ ပွင့်ကန်ထွက်ကြတာလေ။ ရွှေပြည်တော်မှာ နိုက်ကလပ် မရှိလည်း ဘာအရေးလဲ။ သင်္ကြန်မှာ “ဒန့်”လို့ရတယ်ဟုတ်။ သောက်လို့ရတယ် ဟုတ်။ မူးလို့ရတယ် ဟုတ်။ လုပ်ချင်တာလုပ် ဟုတ်။ ပြီးတော့ သင်္ကြန်ဆိုတာ ပိုက်ဆံရှာလို့ သိပ်ကောင်း။ ရိုးရိုး ဈေးရောင်းတာကို ပြောတာ မဟုတ်ဘူးနော်။ မဏ္ဍပ်ပါမစ်, ရေ မီး ပါမစ် ဆိုတာတွေက နအဖမျိုးဆက်သစ်ကလေးတွေရဲ့ အာဏာပါဝါ ပြိုင်တဲ့ပွဲ။

ဖြစ်ချင်တော့ ဒီလို တနှစ်မှတခါ မီးကုန်ယမ်းကုန် ကဲမယ် ဖြဲမယ်လို့ မောင်းတင်ထားချိန်မှာ ရွှေမိန့်တော်ကြီးက ကျလာသဗျ။ အဆိုတော်တွေ အားလုံး ကြပ်ပြေးကို လာရမယ်။ ရန်ကုန်မှာ မဏ္ဍပ်ကြီးတွေ မရှိစေရတဲ့။ ရန်ကုန်သင်္ကြန် ပြန်ပေးဆွဲခံရတာ ဆိုပါစို့။ ဘိုးတော်ဘုရားက အချိန်အခါမဟုတ် သင်္ကြန်ကျခိုင်းတော့ ဦးပေါ်ဦးက ဒီအမိန့်ကို လူတွေကတော့ လိုက်နာမယ်၊ ခွေးနဲ့သစ်ပင်ကတော့ လိုက်နာမှာ မဟုတ်ဘူးလို့ ပြန်လျှောက်ကြောင်း ဖတ်ခဲ့ဖူးတာလေး ပြေးသတိရမိပါရဲ့။

သင်္ကြန် လုံခြုံရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ဆိုပြီး အမိန့်ထုတ်ထားပါသေးတယ်။ ဒီလို အမိန့်ထုတ်လိုက်ရင် အားလုံး ပြည့်စုံသွားရောဗျ။ မလုံ့တလုံ မ၀တ်ရ ဆိုတော့ ချွတ်ချင်ချွတ်ထား ဆိုတဲ့ သဘောပေါ့။ ရေဘောလုံးနဲ့ မပေါက်ရ ဆိုတော့ ဗုံးနဲ့ ပေါက်ချင်ပေါက် ဆိုတဲ့ သဘောပေါ့။ ဟုတ် တကယ်လည်း ဗုံးနဲ့ ပေါက်ပါတယ်။ အေးလေ ရန်ကုန်မှာ စည်စည်ကားကား မလုပ်ပါနဲ့ဆိုတာ နားမှ မထောင်တာကိုး။

အဲသည်မှာတင် ကိုကြီးပေါ် မှားတော့တာပါပဲ။ ဗုံးသတင်းတွေဟာ အင်တာနက် ကောင်းမှုနဲ့ မိနစ်ပိုင်းအတွင်း ပေါ်ထွက်လာပါတယ်။ တင်သမျှ သတင်းအားလုံး လိုလိုမှာ “အပြင်းအထန် ရှုတ်ချသည်” ဆိုတာကို နအဖသတင်းစာ အောက်ခြေက စာသားလို ညီတူညာတူ ထည့်ထားကြတာပါပဲ။ ကိုကြီးပေါ်က စဉ်းစားတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လက်သည်ကို ရှုတ်ချသည်လို့ ပြောလိုက်တော့ ဟိုသကောင့်သားက နောက်တွန့်သွားရောလား လို့ပါ။ ဒီဗုံးပေါက်ရင် ဒီစကားလာမယ်ဆိုတာ မသိတာမှ မဟုတ်ဘဲ။ လူတိုင်းသိတယ်။ အမေရိကားမှာနေတဲ့ အိုဘားမားတို့ ဘန်ကီမွန်းတို့က ရှုတ်ချသည်လို့ ပြောတာလည်း တကယ်တော့ သံတမန်စကား ၀တ္တရားအရ ပြောတာပါ။ ဗုံးပေါက်တာကို ခေတ်မီနည်းတွေနဲ့ ကူညီစစ်ဆေး ရှာဖွေပေးမယ်, လူနာကို ဆေးကုပေးမယ် ဆိုတာလောက်တောင် ပါတာ မဟုတ်ပါဘူး။

တို့ ရွှေပြည်တော်သားတွေရဲ့ ဆက်ဆံရေးက အတော်ကြီးကို သံတမန်ဆန်နေကြပြီလား မပြောတတ်ပါဘူး။ ရှုတ်ချသည် ဆိုတာကို သူများထက်ဦးအောင် လုပြောနေကြသလိုပါပဲ။ သြော် ဒါကလည်း နေ့စဉ်နေ့တိုင်း မီဒီယာတွေကနေ သံတမန်စကားတွေပဲ အမြဲကြားနေရတော့ အမူအကျင့်တွေ ရိုက်ခတ်သွားတယ် ထင်ပ။

ကိုကြီးပေါ် အမြင်ပြောရရင် တကယ် လက်တွေ့ကျကျ ပြောရမှာက ဗုံးတရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆို ဖိအားပေးရမှာ မဟုတ်ဘူးလား။ သေဆုံး ဒဏ်ရာရသူတွေ မိသားစုတွေ စုပေါင်းပြီး ဒီကိစ္စကို ဖော်ထုတ်ဖို့ တောင်းဆိုရမယ်။ ပြစ်မှုကြောင်းအရ တိုင်တန်းတာ အပြင် နိုင်ငံကို အုပ်ချုပ်နေတဲ့ အမြင့်ဆုံး ဗိုလ်ချုပ်မင်းကြီးဆီကို စာရေးတောင်းဆိုရမယ်။ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူရမယ်။ ဒီလို မဟုတ်ပေဘူးလား။ အခုတော့ တို့ ရွှေပြည်တော်သားတွေက မယောင်ရာ ဆနွင်းလူး ရှုတ်ချသည် စကားလုံးနဲ့ နှမ်းလိုက်ဖြူးနေကြလေရဲ့။

တကယ်တော့ ရွှေပြည်တော်မှာ လူတွေကြား ပေါက်တဲ့ ဗုံးမှန်သမျှ လက်သည်အမှန်ကို တခုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးတို့ ရဲချုပ်တို့ စတဲ့ ဘယ်သူကမှလည်း မိမိတို့ လုံခြုံရေး အစီအမံ ညံ့ပါတယ်လို့ ၀န်မခံပါဘူး။ ရာထူးကလည်း နုတ်ထွက် မပေးပါဘူး။ ယုတ်စွအဆုံး ဘယ်တာဝန်ရှိသူကမှ ၀မ်းနည်းစကားလေးတောင် အားနားပါးနာ ပြောတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ သင်္ကြန်တွင်း ဗုံးပေါက် လူသေလို့ ဆိုပြီး မန္တလေးနဲ့ ကြပ်ပြေးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ် တခုလောက်ရှိရင် ကိုကြီးပေါ်ကို လက်တို့ပြောကြ စေချင်ပါတယ်။ အဟဲ ရှုတ်ချသည် ဆိုသူတွေလည်း အတက်နေ့ကျတော့ ပုံမှန်အတိုင်းပါပဲ။

နအဖပွဲတော်နဲ့ ဗုံး ဆိုတာ ငပိနဲ့ ငြုတ်သီးလိုပါပဲ။ နံတဲ့ ငပိဟာ စပ်တဲ့ ငြုတ်နဲ့ တွဲမှ စားလို့ရပါတယ်။ မယုံရင် ငပိကို သကြားနဲ့တို့စားကြည့်ပါလား။ နအဖရဲ့ ပွဲတော်တွေ အရှိန်တက်လာပြီ ဆိုရင် မကြာခင်မှာ ဗုံးပေါက်တော့မယ်လို့ တွက်ဆလို့ ရတာ ကြာပါပြီ။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ နအဖရဲ့ လုံခြုံရေး အစီအမံထဲမှာ ပြည်သူလူထု အတွက် လုံးဝမပါလို့ပါ။ အဲသလို ပြည်သူလူထုအတွက် လုံခြုံရေးကို မလုံမခြုံ ဖြစ်အောင် မကာမကွယ် ထားတာကိုက ဗုံးတွေကို လက်ယပ်ခေါ်နေတာပါပဲ။

ငယ်တုန်းက ဆိုခဲ့ဆော့ခဲ့ကြတာလေး မှတ်မိပါရဲ့။ “အီး အီး ဘယ်သူပေါက် - နင်ပေါက်” ဆိုတာလေ။ အခုတော့ “ဗုံး ဗုံး ဘယ်သူဖောက် - နင်ဖောက်” လို့ ပြောင်းဆိုရမှာပေါ့။ အီးတရားခံ အတွက် အီးနံ့က သက်သေခံနေသလို ဗုံးတရားခံ အတွက်လည်း ဗုံးနံ့က သက်သေခံနေမှာပါ။ ဒါပေမယ့် ဖောက်တဲ့သူက ဘယ်တော့မှ မှန်မှန် ပြောမှာ မဟုတ်ပါဘူး။ ဗုံးပေါက်ပြီးတိုင်း ဗိုလ်ချုပ်မင်းတွေက ဟိုလူ ဒီလူ လက်ညှိုးထိုးပြီး လက်ရဖမ်းလို့ မဖြစ်နိုင်သူတွေကို စွပ်စွဲ၊ ရွှေပြည်တော်သားတွေက ရှုတ်ချပါသည် ဆိုပြီး မျက်စိပိတ် အော်ကြ၊ ခဏနေတော့ မေ့မေ့လျော့လျော့နဲ့ ဗုံးဇာတ်လမ်းက လျှောမွေးဖြစ်၊ ဒီလိုဒီနည်း သံသရာလည်နေချိန်မှာ ဗုံးဆရာကြီးကတော့ မိန့်မိန့်ကြီး ပြုံးနေမယ် ထင်ပါရဲ့။ ။

ကိုကြီးပေါ်

0 အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

P.J. Crowley, US Assistant  Secretary of State for Public Affairs (file)
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ။
စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။ (voa)

0 ဧရာဝတီတိုင်း ဖျာပုံခရိုင် ဖျာပုံတပ်ရင်း (၉၈)မှ ဗိုလ်ကြီးကျော်မျိုးခိုင်၏ ကျေးရွာသူ၊ ရွာသားတွေ အပေါ်အနိုင်ကျင့် ဗိုလ်ကျမှုများ...

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဒီလိုကာကွယ်ပေးနေတာပါ

ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာတွင် စစ်သားစုဆောင်းရေးကို အကြောင်းပြု၍ ဖျာပုံတပ်ရင်း(၉၈)က ဗိုလ်ကြီးကျော်မျိုးခိုင်မှ ကျေးရွာသူရွာသားများအား ရိုင်းစိုင်းသော စကားများသုံးခြင်း၊ ဒဏ်ပေးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ပြည်တွင်းမှ သတင်းပေးပို့လာပါတယ်။

" ကိုဒီမိုရေ ပြီးခဲတဲ့ ၃ရက်လောက်က ဧရာဝတီတိုင်း ဖျာပုံခရိုင်ကျေးရွာ ၁၁ရွာမှာစစ်သား စုဆောင်းရေး အတွက်ဆိုပြီး ဖျာပုံတပ်ရင်း(၉၈)က ဗိုလ်ကြီးကျော်မျိုးခိုင်နဲ့... တပ်ကြပ်တစ်ယောက်၊ တပ်သားတစ်ယောက်တို့ဟာ ပိုးအိမ်တန်း၊ ကျုံခရိုင်၊ ဝဲကြီး၊ နောင်တော်ကြီး၊ ဂဇောင်း၊ ရဲစု၊ ပတုတ်၊ ငါးမိုင်၊ တမာန်၊ ပုလဲ၊ မမိုးကျေးရွာ ၁၁ရွာမှာ ရယကရုံးကို ရွာသူ၊ရွာသားတွေ ကိုခေါ်ပြီး စစ်တပ်မှာ စစ်မှုထမ်းဖို့အတွက် စစ်သား စုဆောင်းရေးလုပ်နေပါတယ်။ မဖြစ်မနေ ဝင်ကြရမယ်။ အနည်းဆုံး တစ်ရွာကို ၅ယောက်နှုန်းနဲ့ ဝင်ရမယ်၊ မဝင်ဘူးဆိုရင် ရွာသူကြီးမှာ တာဝန်ရှိတယ်ဆိုပြီး အတင်းအကြပ် စုဆောင်းခိုင်းပါတယ်။
ရွာပေါင်း ၁၁ရွာက ရွာသူ ရွာသားတွေကလည်း ဘယ်သူမှ ဝင်ချင်တဲ့သူမရှိကြဘူး။ အဲ့လိုဝင်မယ်တဲ့ မရှိတဲ့ အခါကျတော့ အဲ့ဒီဗိုလ်ကြီးကျော်မျိုးခိုင်က ဒေါသတွေ ဖြစ်ပြီးရွာမှာ ရှိတဲ့ကလေးလူကြီး အားလုံးကို ရယကရုံးခေါ်ပြီး သူက ရယကရုံးနေရိပ်ထဲမှာ ရွာသူရွာသားတွေက နေပူ ကွင်းပြင်ထဲမှာ ငုတ်တုတ်နေရပြီး မိန့်ခွန်းတွေ ခြွေတယ်။ ဒဏ်ပေးထားတာပေါ့။ မနက်(၈)နာရီထဲကနေပြီး ခေါ်လိုက်တာ နေ့လည်(၃)နာရီထိပဲ။ ရွာသူရွာသားတွေ အလုပ်ပျက် အကိုင်ပျက်ပေါ့။ ရိုးသားတဲ့ ရွာသားတွေကို ပြောတဲ့စကားက ပခုံးကအပွင့်ကိုမှ အားမနာ အင်မတန်ရိုင်းစိုင်း တဲ့အသုံးနူန်းတွေသုံးတယ်။ မင်းတို့တွေ ယောင်္ကျားတွေ မဟုတ်ဘူး မိန်းမတွေပဲ ဖြစ်သင့်တယ် ဆိုပြီး ပြောပါတယ်။ ကြီးသူ ငယ်သူမရှောင် ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုပါတယ်။

မနေ့က နောက်ဆုံးထပ်သိရတာက အဲ့ဒီရွာ(၁၁)ရွာက တစ်ရွာကို ၅သောင်းနှုန်းနဲ့ ပေးရမယ်ဆိုပြီး ရွာသူကြီးတွေကို ပြောသွားပါတယ်တဲ့။ ရွာသားတွေရှေ့မှာ မပြောပဲရွာသူကြီးတွေကို ပြောသွားတာပါ။ ရွာသူကြီးတွေလည်း ဘာတတ်နိုင်မှာတုန်း ရွာသူရွာသားတွေကိုပဲ တတ်နိုင်သလောက် စုဆောင်းပေးဖို့ ပြောရတာပဲပေါ့။ နောက်ဆုံးမပေးနိုင်ရင် ကျေးရွာဥက္ကဋ္ဌတို့ ရွာသူကြီးတွေ ဆီက ကြက်ဝက်တွေ အတင်းယူတော့မှာလေ။ အဲ့ဒီတော့ ရိုးသားတဲ့ ရွာသူရွာသားတွေမှာ အလုပ်အကိုင်လည်းပျက်၊ နေပူထဲမှာ ငုတ်တုတ်ဒဏ်ပေးခံရ ဆူပူကြိမ်းမောင်းတာလဲ ခံရ၊ နောက်ဆုံး ရွာသူရွာသားတွေ ရှိစုမယ့်စု ငွေလေးနဲ့ ဆိုက်ပေးရတော့မှာပါ။ ဒါကတော့ ဦးဇင်းသိတဲ့ ရွာ(၁၁)ရွာပါပဲ။ ကျန်တဲ့ ရွာတွေမှာလည်း ဒီလိုပဲစစ်သားစုဆောင်းရေး ဆိုပြီးလုပ်အတင်းအကြပ် လုပ်နေတယ်ကြားပါတယ်။ ဒကာတို့ သတင်းမီဒီယာ တွေကနေပြီး ဒီမတရားမှုကို ဆက်လက်ဖြန့်ဝေ ပေးစေလိုပါတယ်။
ဆက်သွယ် ပေးပို့လာသူ အရှင်ဓမ္မရာဇာ အားကျေးဇူးတင်ပါသည်။

သတင်း။ ။ ဒီမိုဝေယံ

0 ကြံ့ဖွံ့ပါတီအား ထူထောင်ခွင့်ပြုလိုက်ကြောင်း မြန်မာအသံက ကြေညာ


(မိုးမခ)
ဧပြီလ ၂၉ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ တည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား တည်ထောင်ခွင့် ပြုလိုက်ကြောင်း ယနေ့ည ၈နာရီ ရုပ်သံ သတင်းတွင် ကြေညာသွားခဲ့သည်။ ပါတီ တည်ထောင်ခွင့် မလျှောက်မီ ၅ ရက်အလိုတွင် ဗိုလ်ချုပ်များ အဖြစ်မှ အနားယူပြီး အရပ်ဝတ်သို့ လဲခဲ့ကြသည့် စစ်အစိုးရ၏ ၀န်ကြီး ဒုဝန်ကြီး စုစုပေါင်း ၂၇ ဦးနှင့် နအဖ အစိုးရက ခန့်အပ်ခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ တည်ထောင်ခွင့်ပြုရန် ၂၉ ရက်နေ့တွင် လျှောက်ထားခဲ့ကြပြီး ယခုကဲ့သို့ မေလ ၄ရက်နေ့တွင် တည်ထောင်ခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ဧပြီလ ၃၀ ရက်နေ့ သတင်းစာတွင်ပါရှိသည့် ကော်မရှင်၏ ကြေညာချက်အရ ပါတီ တည်ထောင်ခွင့် ပြုရန် လျှောက်ထားသည့် ပါတီပေါင်း ၂၅ ပါတီရှိပြီး ၁၂ ပါတီအား တည်ထောင်ခွင့် ပြုပြီး ဖြစ်ကာ၊ ယခင် ပါတီဟောင်းများ အနက် ပြန်လည် မှတ်ပုံတင်ရန် လျှောက်ထားသည့် ပါတီ ၄ပါတီအနက် ၃ပါတီကို မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်သည်ဟု ပါရှိသည်။

ယနေ့ည ထုတ်ပြန်သော ကြေညာချက်အရ လျှောက်ထားသည့် လက်ကျန် ပါတီ ၁၃ ပါတီအနက် ၈ ပါတီ ၀န်းကျင်ကို တည်ထောင်ခွင့် ပြုလိုက်သဖြင့် စုစုပေါင်း ပါတီ ၂၀ ကျော်သွားပြီ ဖြစ်သည်။
ပါတီအသစ်များအနေဖြင့် တည်ထောင်ခွင့်ပြုရန် နောက်ဆုံးနေ့ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခင် ပါတီဟောင်းများ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေ ကြေညာသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ပြန်လည် လျှောက်ထားရန် သတ်မှတ်ထားသဖြင့် လာမည့် ကြာသပတေးနေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံး ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မ၀င်ရန် ၊ ပြန်လည် မှတ်ပုံမတင်ရန် အများ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သဖြင့် လာမည့် ၇ ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ်မှ ပယ်ဖျက်ခြင်း ခံရဖွယ် ရှိနေသည်။
လက်ရှိ အုပ်ချုပ်ရေး အာဏာကို ရယူထားသည့် စစ်ဗိုလ်ချုပ်အများစု ပါဝင်ပြီး ကြံ့ဖွံ့အဖွဲ့ကို ထိုအမည်အတိုင်း မပြောင်းလဲဘဲ ဖွဲ့စည်းသည့် အချက်အပေါ်တွင် လူအများက တရားမျှတမှု မရှိဟု ရှုမြင်ကြသကဲ့သို့ နိုင်ငံတော်က ထောက်ပံ့ထားသည့် ကြံ့ဖွံ့ပိုင် ဘဏ္ဍာငွေများ၊ အဆောက်အဦ၊ စီးပွားရေး လုပ်ငန်းများကို သုံးစွဲပြီး အခြားသော နိုင်ငံရေး ပါတီများနှင့် ယှဉ်ပြိုင်မည် ဆိုသည့် အချက်အပေါ် ယှဉ်ပြိုင်ဘက် နိုင်ငံရေး ပါတီများအနေနှင့်လည်း တရားမျှတမှု မရှိဟု ယူဆပြီး ထုတ်ဖေါ် ပြောဆိုလာကြသည်ကို သတင်း ဖေါ်ပြချက်များအရ ကြားသိရသည်။

0 မလေးရှားUNHCRအရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များ

“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။

အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။

ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ “ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ” ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံးအတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ရှေ့တွင် အဖွဲ့သူအဖွဲ့သားများ ဆွမ်းဆန်စိမ်း ကောင်းမှုကုသိုလ်ပြုလုပ်





photo ။ ။ AP
Members of detained pro-democracy leader Aung San Suu Kyi's National League for Democracy Party donate snacks to Buddhist nuns one day ahead of the last day for the NLD to register as a political party to Myanmar's Union Election Commission Tuesday, May 4, 2010, in Yangon, Myanmar, If the party does not re-register by May 6, it may face dissolution.

Tuesday, May 4, 2010

0 ABSDFဥက္ကဌကိုသံခဲမှဗုံးပေါက်ကွဲမှုများနှင့်ပတ်သတ်၍ နအဖ၏စွပ်စွဲချက်များအား ရှင်းလင်းချေပချက်


video and Interview။ ။ Maungwto
ရန်ကုန် (မဇ္ဈိမ)။ ။ သင်္ကြန်အကြတ်နေ့ ရန်ကုန်ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတရပ်ကို မေလ (၆)ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရဲချုပ်ခင်ရီ ဦးဆောင်မည့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် ပြည်တွင်းမီဒီယာများနှင့် ပြည်ပသတင်းဌာနများမှ ကိုယ်စားလှယ်များကို ယနေ့ မေလ (၄)ရက်နေ့တွင် စာပေစိစစ်ရေးမှ အကြောင်းကြားခဲ့သည်။

"ဂျာနယ်တိုက်တတိုက်ကို အယ်ဒီတာချုပ်နဲ့ နောက်တဦးတက်ခွင့်ရပါတယ်။ တက်မယ့်လူစာရင်းကို တခါတည်းပေးလိုက်ရတယ်။ ရန်ကုန်က မီဒီယာအားလုံးကို စိစစ်ရေးက ကားနဲ့ အကြိုအပို့လုပ်ပေးမယ်လို့ ပြောတယ်။" ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်ဖြစ်သူက ဆိုသည်။

ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် တာဝန်ကျလုံခြုံရေးအများစု ပါဝင်သော လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။

0 ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့ (၂၇)ရက်နေ့ မေလ ၂၀၁၀ခုနှစ်

Monday, May 3, 2010

0 (၁၅)ကြိမ်မြောက်ဂျပန်နိုင်ငံ နဂိုယာမြို့မြန်မာနှစ်သစ်ကူးအတာရေသဘင်ပွဲတော် (ဓာတ်ပုံ-မှတ်တမ်း)


(၁၅)ကြိမ်မြောက်ဂျပန်နိုင်ငံ နဂိုယာမြို့မြန်မာနှစ်သစ်ကူးအတာရေသဘင်ပွဲတော် ကိုနှစ်စဉ်အစဉ်အလာမပျက် တိုကျိုမြို့ သင်္ကြန်ပွဲတော်နှင့်တလခြားပြီး၂.၅.၂၀၁၀နေ့မှာနဂိုယာမြို့ရှိTstrumaiပန်းခြံကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားသို့ absdfဥက္ကဌ ကိုသံခဲမှတက်ရောက်မိန့်ခွန်းစကားပြောကြားပြီး နာဂိုယာမိသားစုများက မြန်မာ့ရိုးရာအက။တိုင်းရင်းသားအက။ဦးေ၇ွှရိုးနှင့်ဒိုးပတ်အက။ခေတ်ပေါ်တေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ကြကြောင်းသတင်းရရှိပါသည်။


သင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီမှ တာဝန်ခံဦးအေးဝင်းအားသင်္ကြန်ပွဲနှင့်ပတ်သတ်၍တွေ့ဆုံမေးမြန်းချက်
ဓာတ်ပုံနှင့် အသံဖိုင်ပေးပို့လာသော ကိုထွန်းဝေ (မင်္ဂလာဒိုး)အားကျေးဇူးတင်ရှိပါသည်။

0 ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် အပြောင်းအလဲ


မေလ ပထမပတ်မှာ ထွက်ရှိလာသည့် ပေါ်ပြူလာဂျာနယ် အတွဲ (၁၄)၊ အမှတ် (၁၇)တွင် အယ်ဒီတာချုပ်အဖြစ် ကိုမျိုး(မြန်မာစာ)မှ ပြောင်းလဲဆောင်ရွက်ကြောင်း တွေ့ရှိကြရသည်။ ယင်းဂျာနယ်တွင် ယခင် အယ်ဒီတာချုပ် ဖြစ်သော ဟိန်းလတ်၏ အမည်အား မီဒီယာဂရု၏ ဒုတိယဥက္ကဌအဖြစ် တွေ့ရှိရသည်။ ဟိန်းလတ်မှာ နအဖ ပြန်ကြားရေးဝန်ကြီး ခန့်အပ်သော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး လာမည့် စာပေညီလာခံတွင်လည်း နောက်ထပ် သက်တမ်းဆက်လက် တာဝန်ပေးခံရမည့် တစ်ဦး ဖြစ်ကြောင်းလည်း စာပေနှင့်စာနယ်ဇင်း ဗဟိုအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။ ဆရာ ကိုမျိုး(မြန်မာစာ)မှာ ယမန်နှစ်က စတင်ထုတ်ဝေသော ပေါ်ပြူလာနယူးစ် ဂျာနယ်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သူ တစ်ဦးဖြစ်ပြီး ယခင်ကလည်း ပေါ်ပြူလာဂျာနယ်တွင် အယ်ဒီတာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ နအဖ ရွေးကောက်ပွဲအကြိုကာလ ပြည်တွင်း ဂျာနယ်လောကတွင် အနုပညာဦးစားပေး ဂျာနယ်တစ်စောင် ဖြစ်သော ဆရာ ဦးဝင်းငြိမ်း၏ အလင်းတန်းဂျာနယ်တွင် နိုင်ငံရေးပါတီ အင်တာဗျူး ဖော်ပြလာခြင်း၊ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆို၍ ထွက်ပေါ်သည်ဆိုသော မြတ်ခိုင်တို့ သားအဖ၏ မော်နီတာ ဂျာနယ်အသစ် ထုတ်ဝေလာခြင်း တို့နှင့်အတူ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် အပြောင်းအလဲမှာ နိုင်ငံရေး စာမျက်နှာ ကဏ္ဍပါဝင်လာခြင်းတို့က ဆက်လက် စောင့်ကြည့်ရမည့် ထူးခြားပြောင်းလဲမှုများဟု စာပေလောက သားတစ်ဦးက ဆိုသည်။

သတင်း။ ။ မာဃ၀ိဇ္ဇာ

0 နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ


ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း
သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

- ဗ ညား b l o g မှ ပြ န် လ ည် မျှေ ၀ သ ည် -

0 မြန်မာဘလော့ဂါကိုနေဘုန်းလတ်ကိုလွတ်လပ်မှုကလောင်ရှင်ဆု အပ်နှင်းခြင်းဗီဒီယိုမှတ်တမ်း


ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို PEN American Center က ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmiths Freedom to Write Award ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားအကြောင်း ဗီဒီယိုသတင်း တင်ပြထားပါတယ်။
(RFA)

0 ပြည်သူ့ဂုဏ်ရည်ဆုရှင်နာရေးကူညီမှုအသင်း(ရန်ကုန်)ဦးကျော်သူမှပြည်သူ့ဂုဏ်ရည်ဆုရရှိခြင်းအထိမ်းအမှတ်ဖြင့်အများပြည်သူအားမနောမယမုန့်ဟင်းခါးကျွေးမွေးလှူဒါန်း


၂၀၁၀ မေလ၊ ၂ ရက်နေ့ မင်္ဂလာရှိသော နံနက်ခင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ ရုံးချုပ်တွင် အသင်း၏ ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းရခြင်း အကြောင်းကို သွားရောက် မေးမြန်းသတင်း ယူခဲ့ပါသည်။

အလှူပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးကျော်သူမှ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။

“ ကျွန်တော် ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဆုံး အကြိမ်ရခဲ့လို့ရယ်။ နောက်ပြီး ဒီနေ့ကလည်း ထူးထူးခြားခြား နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာလည်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပါ ကျွန်တော် အများပြည်သူကို မနောမယ မုန့်ဟင်းခါး ကျွေးမွေးပြီး ကုသိုလ်ကောင်းမှု ပြုတာပါ။ မနက်အာရုံတတ်မှာ ၀ဋ်ကြွေးတော်ပြေ ဆရာတော်နဲ့ မဟာဂန္ဓာရုံဆရာတော်တို့ကို ကျောင်းအရောက်သွားပြီး မုန့်ဟင်းခါး အာရုံဆွမ်း ကပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက ကူညီပြီး အသုဘ ချပေးခဲ့တာ ၂၀၀၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၈၅၀၀၀ (ရှစ်သောင်းခွဲ) ကျော်ရှိပြီ။ အဲဒီ သေဆုံးသွားတဲ့ လူတွေအတွက်ရယ် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ကို ရည်စူးပြီး အခုလုပ်တဲ့ အလှူဒါနကို ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ အခု လုပ်တဲ့အလှူက ကျွန်တော် ကိုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုကရတဲ့ ဆုငွေနဲ့ ကျွေးမွေးတာ မဟုတ်ပါဘူး။ ကျွန်တော် စုဆောင်းထားခဲ့တဲ့ အနုပညာချွေးနည်းစာလေးနဲ့ ပြည်သူတွေအားလုံး အားလုံးကို ကျေးဇူးပြန်ဆပ်တာပါ။ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကခုထိ ကျွန်တော်ဆီ မရောက်သေးပါဘူး။ မရောက်သေးဘူးဆိုတာက အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုကျွေးမွေးတဲ့ မုန့်ဟင်းခါးကို မနောမယ မုန့်ဟင်းခါးဆိုပြီး နာမည်တပ်ရတာလည်း ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာသခင် အဘ ဆရာကြီး မင်းသိင်္ခကို အမှတ်ရ ကျေးဇူးဆပ်တဲ့အနေနဲ့ အဘရဲ့ မနောမယဆိုတဲ့ နာမည်ကို ပေးလိုက်တာပါ ”
ဟု ဥက္ကဌ ဦးကျော်သူမှ ပြောကြားသွားပါတယ်။

ဦးကျော်သူသည် အခုမှအလှူဒါနပြုလုပ်ခဲ့ခြင်း မဟုတ်ပါ ၁၉၉၆ (တစ်ပြည်သူမရွှေထား) ဇာတ်ကားတွင် အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့စဉ်ကလည်း ကမ္ဘာအေးမိုးကုတ်ဆွမ်းစားကျောင်းတွင် သံဃာတော်အပါး ၄၅၀ ကျော်ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၈ ခု မေလ(၂)ရက်နေ့တွင် တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည့် စားသောက်ဖွယ်ရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် အင်္ဂလန်ရောက် မြန်မာပြည်သူပြည်သားများမှ စုစည်း၍ ချီးမြှင့်သော ပြည်သူဘက်သား အနုပညာသမား ဆုရစဉ်အခါကလည်း ဘုန်းတော်ကြီးကျောင်းများသို့ ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ယနေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် အနုပညာမောင်နှံဖြစ်သော ကိုရန်ကျော်နှင့်မမေခလာတို့ ဇနီးမောင်နှံမှ မမေခလာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁၀)သိန်း ကျပ်ကို ကုသိုလ်ပြုလာရောက် လှူဒါန်းသွားကြောင်း သိရပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

Sunday, May 2, 2010

0 နာဂစ်မုန်တိုင်း(၂) နှစ်ပြည့် ဘာသာပေါင်းစုံဆုတောင်းပွဲ တိုကျို၌ပြုလုပ်


ဓာတ်ပုံမှတ်တမ်း ။ ။ Minnyowan(moethaukkye)
တိုကျို၊ မေ(၂)
သတင်း-သန့်မျိုးထွေး
၂၀၀၈ခုနှစ်မေလ(၃)ရက်နေ့တွင်ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင်တိုက်ခတ်ခဲ့သည့်နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြောင့်သေဆုံးခဲ့သူများအတွက်အောင့်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးကော်မတီ-ဂျေအေစီ၏ ဦးဆောင်မှုဖြင့် တိုကျိုမြို့၊ တိုရှိးမားမြို့နယ်ရှိ Komagome Bunka Centreတွင် ယနေ့မနက်(၉)နာရီ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆုတောင်းပွဲကိုဂျပန်ရောက်မြန်မာလူမျိုး(၅၀)ကျော်တက်ရောက်ခဲ့ပြီးဗုဒ္ဓဘာသာမှဆုတောင်းမေတ္တာပို့သခြင်းကို တိုကျိုမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာသံဃာရုံးခန်းမှတာဝန်ခံဆရာတော်အရှင်ဓမ္မဇောတိမှ ပရိတ်တရားနာရွတ်ဖတ်ပူဇော်၍ မုန်တိုင်းကြောင့် ကွယ်လွန်သွားခဲ့သူများကို ဆုတောင်းမေတ္တာအမျှပေးဝေ၍ တက်ရောက်သူများအားတရားနာချီးမြှင့်ခဲ့ပြီး ခရစ်ယာန်ဘာသာမှ ဆုတောင်းခြင်းအစီအစဉ်ကို (OKOJ)မှဆရာစောလှကြည်က ဆောင်ရွက်ပေးခဲ့သည်။

လူသားအားလုံး၏ငြိမ်းချမ်းရေးရရှိဖို့နှင့်လူသားအချင်းချင်းချစ်ခြင်းမေတ္တာဖြင့်တဦးပေါ်တဦးသဘောထားနိုင်စေရန် မည်သည့်ဘာသာနှင့်ဖြစ်ပါစေ အတူလက်တွဲ၍ လုပ်ဆောင်လိုခြင်းကြောင့် ယခုလိုနာဂစ်အထိမ်းအမှတ် ဆုတောင်းပွဲကို တက်ရောက်ရခြင်းဖြစ်ကြောင်း ဆရာစောလှကြည်မှပြောပြသွားသည်။
“စစ်အစိုးရက သူတို့ရဲ့သြဇာအာဏာတည်တံ့ခိုင်မြဲဖို့နဲ့အချုပ်အခြာအာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်ရဲတယ်၊ ဒါ့ကြောင့်နာဂစ်မုန်တိုင်းရဲ့ဘေးဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ ခက်ခဲမှုဒုက္ခများစွာကို ကြုံတွေ့နေရပေမဲ့ ဒီအရေးကိုအဓိကမထားဘဲ အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်နေတာမို့လို့ ပြည်သူတွေကိစ္စကိုအရေးမထားခဲ့တာ”
ဟု၎င်းကဆက်လက်ပြောပြသည်။

နာဂစ်တိုက်ခတ်သွားပြီးနောက် (၂)နှစ်ပြည့်မြောက်သွားပြီဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြန်လည်အခြေချနေထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးအပြင် ရေသန့်ရရှိရေးနဲ့ ကျန်းမာရေးအခြေခံ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်းသိရပြီးဂျေအေစီမှယန်းတစ်သန်းကျော်ကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက်ပေးပို့လှူဒါန်းခဲ့သလိုဆက်လက်၍လှူဒါန်းရန် ယန်းတစ်သန်းကျော်ကျန်ရှိနေသေးကြောင်း ဂျေအေစီမှတာဝန်ခံတဦးဖြစ်သည့် ကိုစောမျိုးခိုင်ရှင်းက ပြောပြသွားသည်။

အစ္စလမ်ဘာသာမှဆုတောင်းပေးသူဦးလှမောင်ကလည်း“ဒီနေ့နာဂစ်အထိမ်းအမှတ်အဖြစ် ဆုတောင်းပေးရတဲ့အခါမှာကျနော်အင်မတန်မှကြေကွဲဝမ်းနည်ရပါတယ်။ဒီလိုကျနော်တို့တိုင်းပြည်မှာ လူတသိန်းခွဲလောက်သေသွားရတယ်ဆိုတာက မင်းကျင့်တရားနဲ့မညီတဲ့မင်းဆိုးမင်းညစ်တွေ ပြည်သူကိုမတရားညှင်းပန်းနှိပ်စက်ရင် သီးနှံတွေမဖြစ်ထွန်းဘူး၊ သားငါးတွေရှားပါးမယ်။ သဘာဝဘေးအန္တရယ်တွေဖြစ်မယ်။ ကျနော်တို့ဘာသာမှာရှိပါတယ်။ ဒီလိုလူတွေများစွာသေခဲ့တာဟာ မင်းဆိုးမင်းညစ်တွေအုပ်ချုပ်နေလို့ဆိုတာ ကျနော်ယုံကြည်ပါတယ်”ဟု နာဂစ်တိုက်ခတ်သွားခြင်းကို ၄င်း၏ဘာသာရေးအမြင်ဖြင့်သုံးသပ်ပြောဆိုသွားသည်။

2 မြိုတ်မြို့တွင် ပရိယတ္တိစာသင်တိုက်ကြီးတခု ပေါ်ပေါက်ရေးအတွက်တိုကျိုမြို့ရောက် မြန်မာအဆိုတော်များ၏ရံပုံငွေ Live show (ဓာတ်ပုံမှတ်တမ်း)


ဝါရင့်ဂီတအဆိုကျော် ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီနှင့်မြိုတ်မြို့သူတဦးဖြစ်သည့် သရုပ်ဆောင်နှင့်အဆိုတော်ဇူးဇူးမောင်အပြင် ကီးဘုတ်ပလေယာဥက္ကာဦးသာနှင့် Metal Zone Bandမှ လိဒ်ဂစ်တာသမားဇော်လတ်

0 ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်

Freedoom News Group | မင်းကိုနိုင် ၊ ကိုကိုကြီး တို့ ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့ နာမည်အား ၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစ၍ တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့် အဖွဲ့သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံ နှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ အလံ တို့ကို ဆင်တူ ယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ် နေသည်ကို ကန့်ကွက် နိုင်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

Freedom News Group သည် ကိုအေးလွင် တို့ အဖွဲ့ ၏ တံဆိပ် နှင့် အလံများ ဆင်တူယိုးမှားပြုခြင်း နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ လိုလားသူများ နှင့် ဆက်သွယ် မေးမြန်း နေပါသည်။ (မကြာခင် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်)
ကိုအေးလွင် ၏ ညီ ကိုရဲထွန်းတို့ အဖွဲ့၏ ထိုဆင်တူယိုးမှား လုပ်ရပ်ကို သင် ကန့်ကွက်မည် ဆိုပါက သင်၏ ထင်မြင်ချက် ကို စာကြောင်းရေ ငါးကြောင်း ထက် မပိုပဲ freedomnewsgroup@gmail.com သို့ ပို့ပေးပါ။ ပေးပို့သူ၏ နာမည်ရင်း လိုအပ်ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.