Saturday, October 16, 2010

0 ပြောပြရင် ဒေါပွမှာလား


(dvb)

0 အို - ချီလီ


အို...ချီ လီ

သင့် ..တိုင်း ပြည် အလံ တွေကို.. လေ ထဲမှာ ဝှေ့ ယမ်းလို့

သင့် ...အမျိုး သားတေးတွေ ကို သံပြိုင် ဟစ်ကြွေးလို့ 
သင့်..မိုင်းလုပ်သား (၃၃) ယောက် ကို
လူသား အဆန်ဆုံး...သိက္ခာ အရှိ ဆုံး

ကယ်တင် နိုင် ခဲ့ ကြ ။

လူ့  အသက် တချောင်းတိုင်း ကို

တန် ဖိုးထား ကြ..။

ကြီး မြတ်ကြ...

ဂုဏ် ယူ ကြ...။



ငါ တို့ မှာတော့

မျက်ရည်တွေ..တွေ တွေစီးကျ

လက်သီးတွေ..ကျစ်ကျစ် ဆုပ်

အံ ကြိတ်...

တောက် ခေါက်...

စုတ် သပ်..

ရင်သပ် ရှု မော..

အံ့  သြကြ...။


ပြည် တွင်းစစ် မှာ

နာဂစ် မှာ

သဘာဝ ဘေး အသွယ်သွယ် မှာ

ယုံကြည်ချက် အတွက်...အကျဉ်းထောင်တွေ ထဲမှာ

ဆင်းရဲ တော နက် နက် ကြီးထဲ မှာ

လူ့  အသက် တွေဟာ

အချိန် မကျ ဘဲ..ကြွေ ရ တဲ့ သစ်ရွက် တွေ လို

တဖြုတ် ဖြုတ် ..ကြွေ ခဲ့ ကြ ရ။

လေ ထဲ မှာ..ဖုန် မှုန့် ကလေးတွေ

လွင့်ပါး သလို..

မထင် မရှား..လွင့် ပါး ခဲ့ ကြ ရ..။


အို..ချီ လီ

သင် ဟာ...အာဏာရှင် စနစ် ကို

မိုင်းတွင်းအပျက်..မြေကြီး နက် နက် ထဲ မှာ

ထာဝရ..မြှုပ် နှံထားနိုင် ခဲ့ပြီ..။



ငါတို့ တွေမှာသာ..

အာဏာရှင် တွင်းပျက်..

ဇောက် ..နက်နက်ကြီးထဲ က

ရုန်းထွက် ဖို့....

ကုပ်ကပ် တွယ် တက် နေသေး ရ ...။ ။
နီဇူလိုင်

0 ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ

DASSK part 1+2+ 3
ကိုမောင်မောင်ဝမ်းအားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရပ်တည်ရေးတရားနည်းလမ်းအရ ဆောင်ရွတ်လျက်ရှိသည့်ကိစ္စထုတ်ပြန်ကြေငြာချက်

0 တာဝန်နဲ့ လုပ်ပိုင်ခွင့် ကို ရောထွေးပြီးလုပ်ချင်ရာလုပ်နေသော စစ်တပ်က ဗိုလ်မှူး

ပြည်တွင်းကပေးပို့လာတဲ့သတင်းလေးပါ။ ။

၁၅-၁၀-၂၀၁၀ ရက်နေ့ မှာ ၅၁ ၀ါယာလက်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦး ရဲ့ ဖြစ်စဉ်ပါ။ စစ်တပ်က ဗိုလ်မှူးတစ်ယောက်ရဲ့  ကားရှေ့  ပိတ်ရပ်မိတာကအစပြုပြီးယာဉ်မောင်းခမျာ စိတ်ထိခိုက်လို့  သေသွားရတယ်။ ဖြစ်စဉ်ကတော့ ဗျာ ကားပိတ်ရပ်ပြီး အတင်အချလုပ်မိတာ ဗိုလ်မှူးဆိုသူက ကားပေါ်ကဆင်းလာပြီးတော့ လိုင်းကားယာဉ်မောင်းကို ချဲလင်းလုပ်တော့ တာ။ ပြီးတော့  သူ့ ကို ထိုင်ရှိခိုးခိုင်းတယ်။ ယာဉ်မောင်း ကလည်း မယှဉ်သာတော့  ပြောတဲ့ အတိုင်းလုပ်ရတာပေါ့ ဗျာ။

ကိုယ်တော်က မကျေနပ်သေးပဲ -- မင်း ပါးရိုက်တာခံမလား ၊ ကျွမ်းထိုးမလား လို့  ပြောတယ်တဲ့ ။ ယာဉ်မောင်းက ကျွမ်းထိုးပြရတယ်လေ။ သူ့ ခမြာ နေပူကြီးမှာလူသူကြားထဲ လုပ်ပြ ခံရတော့ ဂိတ်လည်းပြန်ရောက်ရော ပြန်တွေးပြီး ရှက်စိတ်မွန်လို့  ထင်ရဲ့ ။ ရှော့ ဖြစ်ပြီးသေရောတဲ့ ဗျာ။

တာဝန်နဲ့  လုပ်ပိုင်ခွင့် ကို ရောထွေးပြီး လုပ်ချင်ရာ လုပ်နေသူတွေ မြန်မာပြည်မှာ များနေပြီဗျာ။

mgmyo2010

0 အတု မိမယ် သတိထား

ရိုးမ(၃)

စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။

တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။

အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။

ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။

အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။

၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။

ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။

ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။

အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။

တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။

နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။

ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။

နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။

ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲဆိုတာကရော——။

မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။

အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။

အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။

ပြည်သူတွေအားလုံး အတုမိမယ် သတိထား။

မမခင် (၁၃.၁၀.၁၀)

0 သုံးရောင်ခြယ်ကျောင်းသားများထုတ်ပြန်ကြေငြာချက်အတုပြုလုပ်သူအား၂၀၁၀ လှုပ်ရှားမှုကော်မတီမှ ပြင်းထန်စွာ ရှုတ်ချ

ပြည်တွင်း ပြည်ပ ရှိ နိုင်ငံရေးးအင်အားစုများ အဖွဲ့ များ အပါအ၀င် ပြည်သူလူထု ရဟန်း သံယာတော်များ ကျောင်းသားလူငယ်များ သိသာစေရန် ယုခု အိတ်ဖွင့်ပေးစာအား ပေးပို့ပါသည်။ ကျွန်တော်သည် စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မတီတွင်ပါဝင်သော ၂၀၁၀ လှုပ်ရှား မှုကော်မတီ (ပြည်တွင်း) ၏ တာဝန်ခံဖြစ်ပါသည်။ ၁၀.၁၀.၂၀၁၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော သုံးရောင်ချယ် ကျောင်းသားများအဖွဲ့ ၏ ထုတ်ပြန် ကြော်ငြာချက်အား ဖတ်ရှုရသော အခါ ကြော်ငြာချက်တွင်ပါဝင်သော တောင်းဆိုမှု သုံးချက်သည် လက်ရှိပြည်တွင်း နိုင်ငံေ၇း အတွက်အဓိက ကျသော တောင်းဆိုမှုများဖြစ်သည့်အတွက် ထိုတောင်းဆိုမှုများအား လေးနက်စွာ ယုံကြည်ထောက်ခံပါသည်။ သုံးရောင်ချယ်ကျောင်းသားများအဖွဲ့တွင်ပါဝင်သော လုပ်ဖော်ကိုင်ဖက် များကိုလည်း လေးစားပါသည်။

သို့သော် လည်း ၁၃.၁၀.၂၀၁၀ ရက်စွဲဖြင့် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့ ဟုဒုတိယမြောက်ထုတ်ပြန်ကြော်ငြာချက် ကို ထပ်မံဖတ်ရှု့ရပါသည်။ဒုတိယမြောက် ကြော်ငြာချက်တွင် ပြည်သူ့ ကိုယ်စားလှယ်များ ဒီမိုကရေစီခေါင်းဆောင်များ ကိုစော်ကားထားသည့်အပြင် မတရား သည့်ဥပဒေဖြင့် ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွှေးကောက်ပွဲအားထောက်ခံရန် လည်းရေးသားထားပါသည်။ ထို့ကြောင့် ကြောငြာချက်နှစ်ခုတွင် ဒုတိယမြောက်ကြော်ငြာ ချက်သည် ပထမကြော်ငြာချက်ကို ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့အား စော်ကား ပုတ်ခက် နိုင်ငံရေးသိက္ခာ ချရန် လူပုတ်ကိုယ် တစ်ဦးတစ်ယောက် အဖွဲ့အစီး တစ်ခုခုမှ လုပ်ကျန် ရေးသားထားသော ထုတ်ပြန်ချက်ဖြစ်ကြောင်းတွေ့ရှိ ရသည်။ ထိုဒုတိယမြောက် ကြော်ငြာချက်အား လုပ်ကြံရေးသားခဲ့သူ နိုင်ငံရေးသစ္စာဖောက် အားမိမိတို့ ၂၀၁၀ လှုပ်ရှားမှုကော်မတီမှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ပထမ ကြော်ငြာချက်ထုန်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသား များအဖွဲ့အား လေးနက်စွာ ယုံကြည်ထောက်ခံကြောင်း ရေးသားပေးပို့လိုက်ပါသည်။ ယခုကိစ္စနဲ့ ပတ်သက်ပြီး ၁၀.၁၀.၂၀၁၀ တွင်ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့မှ လည်း နိုင်ငံရေးသစ္စာဖောက်တရားခံအား ရှာဖွေဖော်ထုတ်ပေးပါရန်တောင်းဆိုပါသည်။
(ကြော်ငြာချက်နှစ်ခုအား ပူးတွဲဖတ်ရှု့နိုင်ပါသည်။)
thone youngchal

Friday, October 15, 2010

0 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်များ ဆေးနီပက်ခံရ


သာယာဝတီမြို့နယ်တွင်းမှာ ရှိတဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တွေမှာ သင်္ဘောဆေးနီတွေနဲ့ ကြံ့ဖွံ့မကျေနပ်ဖူး ဆိုတဲ့ စာသားတွေနဲ့ ဆေးနီပက်ဖျန်းတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီမြို့ခံတဦးက RFA ကို ပြောပါတယ်။
“ခရိုင်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်းဘုတ်တွေပေါ်မှာကော နောက် အုတ်နံရံ တံတိုင်းတွေပေါ်ကော နောက် ကားဘေးတွေ ကားရပ်ထားတဲ့ ကားဘေးတွေမှာကော လိုက်ပြီးတော့ စာရေးကြတာ၊ ကြံ့ဖွံ့မကျေနပ်ဘူးပေါ့၊ တချို့နေရာတွေကျတော့ မမှီတဲ့နေရာတွေကျတော့ ကြံ့ဖွံ့ဆိုင်းဘုတ် အကြီးကြီးတွေ ရှိတဲ့နေရာတွေကျတော့ အကုန်လုံး ဒီ ဆေးနီတွေနဲ့ ပက်ပစ်လိုက်တာပေါ့၊ နေရာတော်တော်များတယ် အကို၊ ခုနစ်နေရာ ရှစ်နေရာလောက် လုပ်ပစ်လိုက်တာ သူတို့။”

ဒီ ဆေးနီပက်ဖျန်းမှုတွေကို လှုပ်ရှားဆောင်ရွက်ခဲ့ကြသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရပေမဲ့ သာယာဝတီမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေး ဆိုပြီး ပါတီအတွက် အတင်းအဓမ္မ စည်းရုံးပြောဆိုနေမှုတွေကို မကျေနပ်ကြတဲ့ လူငယ်တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။

“သူတို့ ဒီဖက်မှာက ကြံ့ခိုင်ဖွံ့ဖြိုးရေးက ထင်တိုင်းကျဲနေကြတာကိုး၊ ထင်တိုင်းကျဲနေတော့ လူငယ်တွေက သိပ်ပြီး မကျေနပ်တာနဲ့ လုပ်လိုက်ကြတယ်ထင်တယ်၊ ထင်တိုင်းကျဲတယ်ဆိုတာ ဒီ့ပြင်ပါတီတွေ ဆိုလို့ရှိရင် သွားလို့ရှိရင် ခွင့်ပြုချက်တွေဘာတွေ ယူရတယ် သူတို့ဆိုရင် ခွင့်ပြုချက်ယူစရာ မလိုတဲ့အပြင် ဥက္ကဋ္ဌ က လူစုပေးရတယ် ရယက ဥက္ကဋ္ဌက။ ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတို့ ပါတီတွေအပေါ်မှာ လုပ်တဲ့အပေါ်မှာ မကျေနပ်တဲ့ လူငယ်တွေက လုပ်တယ်လို့တော့ ထင်တာပဲ။”
ဒီနေ့မနက် ၇ နာရီလောက်မှာတော့ ဆေးနီတွေ ပက်ဖျန်းထားတဲ့ နေရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေက လိုက်လံဖျက်နေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
(rfa)

0 “တည့်တည့်ပြောမှ ရိပ်မိတော့မယ်”

ကိုယ့်ကိုယ်ကို ဒီမိုကရေစီအင်အားစုပါလို့ ကင်ပွန်းတပ်ပြီး စစ်အာဏာရှင်တည်မြဲရေးအတွက် သိဒ္ဓိတင်ပေး နေကြသူတွေကို ရည်ရွယ်ပါတယ်။

အတ္တနှင့်မာနကို ခ၀ါချပြီး တကယ့်ပြည်သူ့အရေး၊ ပြည်ထောင်စုအရေးအတွက် ပြည်သူ့ရင်ခွင်ကို အချိန်မီ ပြန်လာစေဖို့လဲ မျှော်လင့်ပါတယ်။

အတွေးအခေါ် ဘေးချော်ပြီး မသူတော်နဲ့ပေါင်းလို့ လူကောင်းကိုရန်ရှာ မှားတော့မဲ့ အဖြစ်အတွက်လည်း အထူး စိုးရိမ်မိတယ်ဗျာ။

ဝင်ပြိုင်မယ်တကဲကဲလုပ်နေတဲ့ ရွေးကောက်ပွဲဆိုတဲ့ ရက်ကြီးက နီးလာပြီမဟုတ်လား။

နေမြင့်လေ အရူးရင့်လေ ဖြစ်နေမယ်ဆိုရင် လူကြီးမင်းတို့ကြောင့် သံဃာစင်ပါမှောက်တော့မယ်။ တကယ်ပဲ ပြည်သူ့အတွက်၊ ဒီမိုကရေစီရေးအတွက်လို့ ရိုးရိုးသားသား ယုံကြည်တာမှန်ရင် ကိုယ်လျှောက်နေတဲ့ လမ်းကို ပြန်ပြီ သုံးသပ်ဆင်ခြင်ဝေဖန်ပါဦး။ ဒီအလုပ်ဟာ လူသာမန်တွေအတွက် ခက်ခဲတဲ့ အလုပ်ပါ။ ဒါပေမယ့် လူကြီးမင်းတို့ဟာ ခေါင်းဆောင်နေရာမှာ ခေါင်းဆောင်နဲ့ ထိုက်တန်အောင် ကျင့်သုံးဖို့ဆိုရင်တော့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ရပါမယ်။

လာမယ့်ရွေးကောက်ပွဲဆိုတာ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းတွေရဲ့အောက်မှာ လုပ်နေတယ်ဆိုတာ လူကြီးမင်းတို့ သိဖို့ကောင်းပြီ။ ပြည်သူလူထုတွေ သာမန်လူတွေတောင် သိနေကြပါပြီ။ နိုင်ငံတကာ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းကရော၊ ပြည်သူ့အတွက်သာ မျက်နှာမူပြီး ကိုယ့်ရဲ့ လုံခြုံဘေးကင်းရေးကို စွန့်စားရပ်တည်နေတဲ့ သူတွေရော ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြတာ တွေ့ရပါတယ်ဗျာ။

2010 ရွေးကောက်ပွဲဆိုတာရဲ့ အခင်းအကျင်းကို စိစစ်ကြည့်ပါ…

စစ်အာဏာရှင် သက်ဆိုးရှည်ရေး အာမခံမဲ့ 2008 ဖွဲ့စည်းပုံဆိုတာကို တဖက်သတ် စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ဥပဒေပါ အချက်အလက်တွေကို ပြည်သူကို ချမပြပဲ နာဂစ်ကာလမှာ “မဲပေးကြ- မဲပေးကြ” ဆိုတာနဲ့ မဟားတရားလုပ်ခဲ့တယ်။ ဒီဖွဲ့စည်းပုံ ဥပဒေအရ ပြည်သူ့တပ်မတော်ကြီးတစ်ခုလုံးကို ပြည်သူ့ဆီက ခွဲထုတ်ပြီး “ကာကွယ်ရေးဦးစီးချုပ်” ဆိုတဲ့ ရာထူးရထားတဲ့ သူတစ်ဦးတည်းက ပုဂ္ဂလိက ပိုင် သိမ်းထားခွင့်ကို ယူတယ်။ ပြည်သူ့လွှတ်တော်ကတောင် တို့လို့ ထိလို့ မရတဲ့ နေရာမှာ နေတယ်။ ကိုယ့်ဟာကိုယ် အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုနိုင်တဲ့ အကြောင်းပြချက် တွေနဲ့ နိုင်ငံတော်အာဏာကို သိမ်းပိုင်ခွင့်ကိုလဲ ယူထားတယ်။ ကျားကုတ်ကျားခဲ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ လွှတ်တော် ကို တချက်လွှတ်အာဏာနဲ့ အလွယ်ကလေး ဖျက်သိမ်းခွင့်တွေလဲ ယူထားလိုက်သေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကက်ဘိနက် ကို အရွေးချယ်ခံမဟုတ်ပဲ စစ်တပ်က တက်လာသူ ဖြစ်ခွင့်ရှိတဲ့ သမ္မတဆီမှာဘဲရှိတယ်။ ရှိစုမဲ့စုနဲ့ ငါးသိန်းပေးပြီး ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တော် အမတ်မင်းများ လက်မှာ မရှိပါဘူး။

ရွေးကောက်ပွဲအတွက် သူတို့ ထုတ်ပြန်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေဆိုတာကရော ဘာအခင်းအကျင်းလဲ။ လွှတ်တော်ထဲမှာ တမတ်သား ခွဲတမ်းယူထားပြီးတဲ့အပြင် လွန်ခဲ့တဲ့ (၁၇)နှစ် ကတည်းက လူမှုရေးအဖွဲ့ပါဆိုပြီး အခွင့်အရေး၊ ဓနဥစ္စာနဲ့ အကြမ်းဖက် နှိပ်ကွပ်ရာမှာ ကောင်းကောင်းအသုံးချခဲ့တဲ့ ကြံ့ဖွံ့ ကို အခုတော့ ပါတီပါလို့ပြောင်းပြီး အာဏာကို လက်ကိုင်ယူထားတဲ့ ဘောင်းဘီဝတ်တွေက ဘောင်းဘီတွေ ချွတ်တဲ့ပြီး ၀င်ပြိုင်မဲ့ ကြံ့ဖွံ့ပါတီကို အလဲထိုးယှဉ်ပြိုင်နိုင်မယ်လို့ ထင်ရတဲ့ ပြည်သူလိုလား အင်အားကောင်း အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို လုံးဝ တွန်းဖယ်လမ်းရှင်းပေးလိုက်တယ်။

ရွေးကောက်ပွဲဥပဒေဆိုတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် 2008 ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် ပါမယ်ဆိုတဲ့ ၀န်ခံကတိကို ကြိုတင်လက်မှတ်ထိုးခိုင်းပြီး ချည်နှောင်ထားလိုက်တယ်။

ကော်မရှင်ဥပဒေနဲ့ ပါတီတွေကို အမြဲတမ်း စောင့်ကြပ်နှိပ်ကွပ်ဖို့ ပါတီပုလိပ် ရာထူးအဖြစ် ကော်မရှင်ကို ခန့်တယ်။ အမှုအခင်းစီရင်ခွင့် အမြင့်ဆုံးအာဏာတွေကို ပေးလိုက်တယ်။ အဲဒီကော်မရှင်ဆိုသူတွေကိုတော့ နအဖက သူ့စိတ်ကြိုက် ရွေးချယ်ထားခဲ့တယ်။ သူလုပ်ချင်တာ လုပ်ခွင့်ပြုပြီး တခြားဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ်ဟန့်တားရာမှာ စိတ်ကြိုက် သုံးမယ့် ယန္တယားပဲ။ ဒါကြောင့်လဲ ၀န်ကြီးချုပ်က ပါတီထောင်သူ ဖြစ်လို့ရလာတယ်။ ဒီကော်မရှင်က နည်းဥပဒေ အမျိုးမျိုးနဲ့ ကြံ့ဖွံ့ကလွဲလို့ ဒီမိုကရေစီအဖွဲ့လို့ အမည်တပ်တဲ့ အတိုက်အခံ မှန်သမျှကို ကန့်သတ်တယ်၊ ပိတ်ပင်တယ်။ ၁၅ မိနစ်စာ လူထုကို ချပြခွင့်မှာတောင် ဆင်ဆာဖြတ်ပြီး မှ ရတယ်။ တိုတောင်းတဲ့ မဲဆွယ်ရေးကာလအတွင်းမှာ ဆွေးနွေးဟောပြောဖို့ ကိုတောင် (၇)ရက် ကြိုတင်ပြရတယ်။ ကန့်သတ် တားမြစ်ချက်တွေလဲ အစုံပဲ။

ကဲ… ဒီတော့…

2008 ဖွဲ့စည်းပုံနဲ့ စစ်အာဏာရှင် တည်မြဲရေးကို အခိုင်အမာတည်ဆောက်တယ်။

ရွေးကောက်ပွဲဥပဒေနဲ့ 2008 ကို အတည်ပြုဖို့ ကာကွယ်စောင့်ရှောက်ဖို့ လုပ်တယ်။

မှတ်ပုံတင် ဥပဒေနဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်ဘက်တွေကို ပ ထုတ်တယ်။

ပြည်သူလိုလားတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ခေါင်းဆောင်တွေကို ဖယ်ထုတ်တယ်။

ကော်မရှင် ဥပဒေနဲ့ ၀င်ပြိုင်မဲ့ ယှဉ်ပြိုင်ဘက်တွေကို ချည့်နဲ့အောင်၊ ပါတီတွေကို အချိန်မရွေး ပယ်ဖျက်ခွင့်ရစေမဲ့

ကော်မရှင်ကို ပါတီပုလိပ်အဖြစ်ခန့်တယ်၊ ရွေးကောက်ပွဲအတွက် ဒိုင်လုပ်ခိုင်းတယ်။

ကော်မရှင်အဖွဲ့ဆိုတာကြတော့ နအဖ စိတ်ကြိုက် ဘောင်းတော်ငြိမ့် စိတ်တော်သိမဲ့ လူတွေကို ခန့်ထား လိုက်ပြန်တယ်။

ဒီလိုအခင်းအကျင်းအောက်က ရွေးကောက်ပွဲဟာ ပါတီစုံရွေးကောက်ပွဲမဟုတ်တော့ဘူး။ သေသေချာချာ စိစစ်ကြည့် ပါ။ အားလုံးဟာ 2008 ကို အတည်ပြုပေး ကာကွယ်ပေးရမယ့် အလုပ်သာ အဓိကပဲ။ ပါတီစုံ (Multi Party System) မဟုတ်ဘူး တပုံစံတည်းသော ကိန်းများ ပါတီစနစ် (Single type Plurality System) ပါပဲ။ ၀င်ပြိုင်မယ့် အဖွဲ့တွေဟာ “ဆင်တူရောင်ကွဲမျှသာပါပဲ” ဘယ်လိုမှ ဒီမိုကရေစီကို ဦးတည်လို့ မရနိုင်ပါဘူး။

ကိန်းဂဏန်းတွေနဲ့ တွက်ကြည့်ရင် ပိုရှင်းပါတယ်။

အခုရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် (၁၆၈)၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈)ဦး ပြိုင်ရမယ်လို့ အစီရင်ခံစာ တစ်စောင်က ဆိုပါတယ်။ ( နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကတော့ စုစုပေါင်း ၁၁၇၁ နေရာလို့ UN မှာ ပြောပါတယ်။) အဲဒီမှာ နအဖရဲ့ ကြံ့ဖွံ့က အကုန်ဝင်တယ်။ မဆလ တဖြစ်လဲ တစည ဆိုတဲ့ ၁၉၉၀ ပြည့်တုန်းက ပြည်သူလူထုက ပယ်ချခံခဲ့ရတဲ့ “အပယ်ခံ”ပါတီက (၉၀၀)ကျော်ဝင်တယ်။

ကျုပ်တို့ကတော့ ဒီမိုကရေစီပါပဲလို့ ကြွေးကြော်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ၀င်ပြိုင်နိုင်မယ့် အင်အား အားလုံး ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တ၀က်မရှိဘူး။

အစီရင်ခံစာ တစ်ခုရဲ့ ဖော်ပြချက်အရဆိုရင် ၀င်ပြိုင်တဲ့ ပါတီ (၃၂)ခုက တ၀က်ကျော်ကျော်ဟာ အမတ် (၁၁)ဦးနဲ့ (၁၁)ဦးရဲ့အောက်သာ စာရင်းသွင်းနိုင်ခဲ့တယ်။ ရာခိုင်နှုန်းအရဆိုရင် (၁%)ထက် နည်းသေးတယ်။ (၁၀%)ကျော် ၀င်ပြိုင်နိုင်တာ ပါတီ (၄)ခုပဲရှိတယ်လို့ ဆိုပါတယ်။ ကြံ့ဖွံ့ကတော့ အပြည့်ပေါ့။ စုစုပေါင်း(၃၇)ပါတီဟာကိုး..။

အဖြေက ထွက်နေပြီးသားပါ။ ရှင်းနေပါတယ်။

လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံ ဥပဒေကို တဖြည်းဖြည်းပြင်ယူမယ်လို့ စိတ်ကူးယဉ်နေတာတွေ နိုးထဖို့ကောင်းပြီ။

လွှတ်တော်ထဲက ကိုယ်စားလှယ်တွေအားလုံးရဲ့ (၂၀%)ရှိမှ ဖွဲ့စည်းပုံ ပြင်ဖို့ အဆိုတင်သွင်းခွင့်ရှိတာပါ။ ဒါတောင် ပြင်မယ်/မပြင်ဘူး အဆင့်မဟုတ်ဘူး။ “တင်သွင်းရုံ” အဆင့်ပဲရှိတာပါ။

အခုဝင်ပြိုင်ကြမယ့် အတိုက်အခံပါဆိုသူတွေ အားလုံး နိုင်ခဲ့ရင်တောင် (၂၀%) မပြည့်ပါဘူး။

ဒီကြားထဲက – ပြည်သူကို ပြောပြီးဖြစ်လို့်ဆိုပြီး လွှတ်တော်ထဲ မှာ မကောင်းတတ်လို့ ပြင်ဆင်ဖို့ ပြောရင်တောင် အဲဒိလို ပြောပြီးတာနဲ့ ပြောတဲ့ပါတီကို ပယ်ဖျက်နိုင်ဖို့ ကော်မရှင်က အသင့်စောင့်နေလေရဲ့..။ ၀န်ခံကတိ ဖောက်ဖျက် လို့လေ။.

ဒါနဲ့တောင် -

တကယ်လဲ လုပ်နိုင်ခြေမရှိဘဲနဲ့ “ကျုပ်တို့က ပြည်သူ့အတွက် ဒီမိုကရေစီတိုက်ပွဲ ၀င်နေတာပါ” လို့ ဆက်ပြော နေရင်တော့ ပြည်သူကို လိမ်တာပဲ။

ဒီမိုကရေစီတိုက်ပွဲဟာ နအဖရဲ့ “ရွေးကောက်ပွဲ” ထဲမှာ မရှိပါဘူး။

အောက်တိုဘာ ၂ ရက်နေ့က ရွေးကောက်ပွဲဝင်မယ့် ပါတီ (၆)ခုက “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဆိုတာဖွဲ့ပြီး -

“ဒီမိုကရေစီ မိတ်ဆွေပါတီတွေကို မဲပေးခြင်းအားဖြင့်သာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ (၆) ပါတီလုံး ၀င်ပြိုင်နိုင်မယ့် ကိုယ်စားလှယ်အရေအတွက်က (၄၀၀) တောင် မပြည့်ရှာဘူးလို့ သိရတယ်။

ပြန်လဲ တွက်ကြည့်ကြပါဦး ။ ဘာကို ဘယ်လိုပြောင်းအောင်လုပ်မှာပါလဲ။

နအဖ လိုချင်တာနဲ့တော့ ကွက်တိပဲ။

သူတို့ ထူထောင်ထားတဲ့ ကြံ့ဖွံ့ကသာ သေချာပေါက်နိုင်ရမယ်။ ဒါပေမယ့် ရွေးကောက်ပွဲအတည်ဖြစ်ပါတယ်လို့ ပြောဖို့အတွက်တော့ အဲဒီလို မိုက်မိုက်မဲမဲဝင်ပြီး အရှုံးခံပေးမယ့် လူတွေတော့ လိုတယ်။ ဒီလိုလူတွေအတွက် တဖက်လှည့်နဲ့ ထောက်ပံ့ကြေး ဆုကြေးတွေတောင် ပေးပါလိမ့်ဦးမယ်။ ဘယ်လောက်ရပြီးကြပြီလဲလို့တောင် မေးလိုက်ချင်ပါရဲ့။

အခုပဲကြည့်လေ-

နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးက UN မှာ လေသံတောင် လွှင့်ထုတ်လိုက်နိုင်တယ်။

“ရွေးကောက်ပွဲမှာ တိုင်းရင်းသား ကိုယ်စားပြုထားသည့် ပါတီများအပြင် ပါတီ(၃၇)ခုမှ ကိုယ်စားလှယ်လောင်း (၃၀၀၀)ကျော် ၀င်ပြိုင်ကြမယ်၊ မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်နေပြီ၊ ရွေးကောက်ပွဲမှာ အားလုံးပါဝင်သည်မှာ ထင်ရှားနေကြောင်း …. ” တဲ့ ။

ကောင်းရော..။ အဲဒါ လူကြီးမင်းတို့ရဲ့ကျေးဇူးပေါ့ ။ လူကြီးမင်းတို့က သိဒ္ဓိတင်ပေးလိုက်တာကိုး။

ဒီရွေးကောက်ပွဲ အခင်းအကျင်းက ဘာနဲ့တူနေသလဲဆိုရင် -

ဒိုင်လုပ်တဲ့လူက သူ ဆုပေးချင်တဲ့လက်ဝှေ့သမားကို ကြိုတင်သတ်မှတ်ထားပြီး လက်ဝှေ့ပွဲမှာ သူ့လူက အနိုင် ထိုးသတ်နိုင်မယ့် ဘက်မညီတဲ့ “လက်သင်ထိုး” တွေနဲ့ ပွဲစပ်ပေးပြီး ပြိုင်ဘက်ကို ကိုယ့်လူက မလဲမချင်း ထိုးခိုင်း သတ်ခိုင်း နေတဲ့ ပွဲကြီး ဖြစ်နေတယ်။

ဒါကို သိမြင်နားလည်တဲ့သူက – ဒီပွဲဟာ မတရားဘူး။ တဖက်သတ်အနိုင်ကျင့်နေတဲ့ “လုပ်ပွဲကြီး ” ဖြစ်တယ်။ “သပိတ်မှောက်ကြ” ဆိုပြီး ပွဲမဖြစ်အောင်လုပ်တယ်။ ဘာကြောင့်လဲ?။ ဒီလို တဖက်သတ် အနိုင်ကျင့်ခံနေရမယ့်အဖြစ်ကို မကြည့်ရက်လို့၊ စာနာလို့၊ ၀င်ပြီး ယှဉ်ပြိုင်တဲ့သူတွေ နစ်နာလို့။

ကျွန်တော်နားလည်သလောက်တော့ ဒီနေ့ NLD က ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတာ ဒီသဘောပဲ။ ဒါကြောင့်လဲ မျိုးဆက်သစ် လူငယ်အင်အားစုတွေပါ ၀န်းရံလာကြပြီး နိုင်ငံတကာကလည်း အလေးအနက် ထားလာတာ ပဲဖြစ်တယ်။

တကယ်ပဲ ရိုးသားစွာနဲ့ ဒီမိုကရေစီရေးကို ဆောင်ရွက်မယ်ဆိုရင် အဖြေမဟုတ်တဲ့ ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးဖို့ မဟုတ်ဘူး။

ရွေးကောက်ပွဲလမ်းကြောင်းဟာ စစ်အာဏာရှင် တည်မြဲရေးပဲ။ ဒီမိုကရေစီအတွက်၊ ပြည်ထောင်စုအတွက် အဖြေမဟုတ်ဘူး။

တကယ့်အဖြေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့၊ အမျိုးသား ရင်ကြားစေ့ရေး စကားဝိုင်း ပေါ်ထွန်းဖို့ ။

ရွေးကောက်ပွဲကို သိဒ္ဓိတင်ပေးလိုက်ရင် လူကြီးမင်းတို့ ရှုံးပြီး ။ တိုင်းပြည်လဲ နွံနစ်ပြီ။ စစ်အာဏာရှင်အောက်ကို ပြည်သူလူထုကို တွန်းပို့ပေးလိုက်သလို ဖြစ်တော့ မယ်။

လူကြီးမင်းတို့ ရွေးကောက်ပွဲက ထွက်လိုက်ပါ။ ပြည်သူလူထုနဲ့ အတူ ရပ်လိုက်ပါ။ ဒီလိုသာ ညီညွတ်လိုက်ရင် အဓိပ္ပါယ်ရှိတဲ့ အခင်းအကျင်းတွေ ပေါ်ပေါက်လာမှာ မလွဲပါဘူး။ အခုထိတော့ အချိန်မနှောင်းသေးပါဘူး ။

အရပ်ထဲမှာ- လူထုကြားထဲမှာ- အခုတလော စကားတစ်ခွန်းပေါ်နေတယ် ဗျား..

အဲဒါကတော့ ရင်းနှီးတဲ့ လူတစ်ယောက်ယောက်ကို တွေ့ရင် …………….

“အရွေးခံမှာလား?.. ”

အရွေးခံရင်တော့ ..

“အရံခွေး” ပဲဖြစ်မယ်.. တဲ့..။

အောင်သန်းကျော်

http://allburmamonksalliance.com/

0 မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်း စာရွက်များ ရန်ကုန်မြို့တွင်း ပြန့်နေ



ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများ ရန်ကုန်တွင် ဖြန့်ဝေနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့တွင်း ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်တို့တွင် ယင်းသို့စာရွက်များ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“မနေ့က ကျနော်တို့ ဆိပ်ကမ်းသာလမ်းမှာ ဝေသွားတာပဲ။ ဘယ်သူဝေတယ် ဆိုတာ မသိပေမယ့် ဝေသွားတဲ့စာရွက်မှာ ဒေါ်စုပုံပါတယ်။ ကျနော်တို့လည်း ဒေါ်စုပုံပါတာတွေ့တော့ လိုက်တောင်းတာပေါ့။ ကျနော်တို့ ဒေါ်စုပုံ မတွေ့ရတာ ကြာပြီလေ” ဟု ကျောက်တံတားမြို့နယ် (၉) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အဆိုပါစာရွက်တွင် “ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှုတွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောထားသည့် ရက်စွဲနှင့်တကွ ဖော်ပြထားသည်။

စာရွက်များဝေသူသည် မည်သူမည်ဝါဟု အတိအကျမသိရသော်လည်း စာရွက်ဝေသွားသည်ကို တွေ့လိုက်ရကြောင်း ကြံ့ဖွံ့ပါတီဝင်တဦးက ပြောသည်။

“စာရွက်ဝေတာတွေ့တယ်။ ကျနော်က ကြံ့ဖွံ့ပါတီဝင်ဖြစ်ပေမယ့် ပြည်သူတယောက်ပဲလေ။ ပြည်သူဆိုတာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရမယ်လေ။ ဒါကြောင့် ကျနော်လည်း ယူထားလိုက်တယ်” ဟု ပန်းဘဲတန်းမြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် ဘွဲ့ရလူငယ်တဦးက ပြောသည်။

အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဖြစ်သည်ဟုလည်းကောင်း၊ ခြိမ်းခြောက်ပြီး မဲပေးခိုင်းခြင်းသည် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်သည်ဟုလည်းကောင်း စသည့်ကောက်နုတ်စာများနှင့် ရွေးကောက်ပွဲနည်းဥပဒေများပါ ကြိုတင်မဲမပေးဘဲ နေနိုင်ခွင့်ရှိကြောင်းကိုလည်း အဆိုပါစာရွက်တွင် ရေးသားထားသည်။

လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင်နေထိုင်သူ အသက် (၅၀) ကျော်အမျိုးသမီးတဦးက “ကျမတို့ လှိုင်မှာတော့ တနေ့က ဝေတာ။ လူငယ်တွေတဲ့ အဲလိုပြောကြတာပဲ။ ဘယ်သူပဲဝေေ၀ အဲဒီလို ဝေလို့ပဲ ပြည်သူတွေက အခုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲမပေးဘဲနေလို့ ရ မရ၊ ပေးချင်မှပေးမယ်၊ မပေးဘဲလည်း နေချင် နေလို့ရတယ်ဆိုတာ သိရတယ်လေ။ ကျမ တကယ်ကို မသိခဲ့ဘူး။ ကြံ့ခိုင်ရေးက သူတို့ကိုပဲ မဲပေးဖို့ကို ရယကတွေက အိမ်တွေကို လိုက်ပြောနေတယ်လေ။ ကျမတို့က ကြောက်တယ်။ အခု ဒီစာရွက်လေးရတော့ မကြောက်တော့ဘူး” ဟု ပြောဆိုသည်။ ရန်ကုန်မြို့နယ် အသီးသီးတွင် ယင်းစာရွက်များ ဝေငှနေကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် အဆိုပါ မဲမပေးရေးလှုပ်ရှားမှု လက်ကမ်းစာရွက်များကို ယခုလဆန်းပိုင်းမှစတင်ကာ ဖြန့်ဝေနေခြင်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသည့် ပြည်တွင်းမှ လူငယ်များ၊ ရုံးဝန်ထမ်းများ၊ ပြည်သူများပါ ပါဝင်၍ လက်ဆင့်ကမ်း ဖြန့်ဝေနေခြင်းဖြစ်ကြောင်း၊ တဦးတယောက် အဖွဲ့အစည်းတခုအနေဖြင့် မဟုတ်ဘဲ အားလုံးစုပေါင်း၍ မိမိတို့အသိစိတ်ဖြင့် စုပေါင်းလှုပ်ရှားမှုတရပ်ဖြစ်ကြောင်း ပြည်တွင်းမှ အန်အယ်လ်ဒီလူငယ်တဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

(ခောတ်ပြိုင်)

Thursday, October 14, 2010

0 ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား သပိတ်မှောက်

မိတ်ဆွေကြီး ကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ နအဖ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ကျပန်းနိုင်ငံရေး၊ ခါတော်မီ နိုင်ငံရေး၊ ပျံကျနိုင်ငံရေးတွေ အကြောင်း ပြောချင်လာတယ်ဗျာ။

အခုအချိန်မှာ NLD က ဆရာဦးဝင်းတင်တို့က လူထုကို မျက်မှောက်ပြုတဲ့ လူထုအခြေစိုက် နိုင်ငံရေးသစ်ကို တင်ပြပြောဆိုနေတဲ့ကြားမှာ၊ အဲဒီလို ကျပန်း နိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေး အင်အားစုတွေ၊ ပျံကျ နိုင်ငံရေး အုပ်စုတွေက နိုင်ငံရေးဟောင်း၊ ဓာတ်ပြားဟောင်းကြီးကို နအဖ အလိုကျ ပြန်ဖွင့်ဖို့ လုပ်နေကြပြန်ပြီ ကိုဒေါင်းရေ။

“ရွေးကောက်ပွဲမှတစ်ပါး အခြား ရွေးချယ်စရာ လမ်းမရှိ” ဆိုပြီး သူတို့ နိုင်ငံရေးဟောင်း၊ ဓာတ်ပြားဟောင်းကြီးကို စစ်အစိုးရ အလိုကျ ဖုန်ခါခါ ဖုန်သုတ်သုတ်၊ ဘာလုပ်လုပ် ဒီလောက်က အရေးမကြီးသေးဘူးဗျ။ ဒါလောက်နဲ့ ပြဿနာ မရှိသေးဘူးဗျ။

ကိုဒေါင်းကြီး၊ အခုခက်တာက အဲဒီ နိုင်ငံရေးကို ကျပန်းအလုပ်လို လုပ်နေတဲ့သူတွေ၊ ခါတော်မီ နိုင်ငံရေးပါတီတွေ ထောင်ပြီး ဟန်ရေးပြနေတဲ့သူတွေ၊ မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်ကို ဘယ်က ဘယ်လို ရောက်လာမှန်းမသိတဲ့ ပျံကျတွေ၊ ဒီလူတွေက အခု ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် တိုက်ခိုက်တာမျိုးတွေ တွေ့လာရတယ်။ ဒီလူတွေက NLD ကို ထိုးနှက် ရှုတ်ချတာမျိုးတွေ တွေ့လာရတယ်။ ဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုကြားမှာ ထင်ယောင် ထင်မှား ဖြစ်အောင် ပြောဆိုနေတာမျိုးတွေအပြင် ဒီလူတွေရဲ့ လုပ်ရပ်က NLD နဲ့ လူထုကိုလည်း သွေးကွဲအောင် လုပ်သလို ဖြစ်နေပြီ ကိုဒေါင်းကြီး။ စိုးရိမ်စရာ စိုးစဉ်းမျှတော့ မရှိဘူးပေါ့ ကိုဒေါင်းရယ်။

ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေဘက်က ဒီလောက်တောင် နှစ်ပေါင်းများစွာ ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မရှုမလှ ကျဆုံး ပျောက်ကွယ်၊ မှုန့်မှုန့်ညက်ညက် ကြေသွားအောင် လမ်းကြိတ်စက်နဲ့ နင်းချေဖို့ အကြိမ်ကြိမ် ကြိုးစားနေတဲ့ ကြားမှာ၊ တစ်နည်း နအဖစစ်အစိုးရ ဆိုတဲ့ ရန်သူရဲ့ ဆန့်ကျင်ခြင်းကို အကြီးအကျယ် ခံနေရတဲ့အချိန်မှာ၊ အခုလို အသားထဲက လောက်ထွက်ပြီး ကိုယ့်တပ် ကိုယ်ပြန်နင်းချင်ကြတဲ့ ဖောက်ပြန်ရေးသမားတွေကိုတော့ ကျနော်တို့ ဒီအတိုင်း လျစ်လျူရှုထားလို့ မရပေဘူး ကိုဒေါင်း။

“ရန်သူ ဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုး မဟုတ်၊ ကိစ္စကောင်း ဖြစ်တယ်” ဒီလို ကျနော်တို့ နိုင်ငံရေးမှာ သင်ကြား လက်ခံခဲ့ကြတယ်။ ဒါ ရန်-ငါ ပြတ်တဲ့သဘောပဲ ကိုဒေါင်း။ နအဖဟာ ဘုံရန်သူပဲ။ ဘုံရန်သူနဲ့ ကျနော်တို့ ပြတ်ပြတ်သားသား ရှိရမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ပြတ်ပြတ်သားသားပဲ နအဖရဲ့၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်တယ်၊ လက်မခံဘူး။ ပြတ်ပြတ်သားသားပဲ ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေကိုလည်း လက်မခံဘူး၊ ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး။ ”ဘူး” ပဲ။ လုံးဝပဲ။ ဒါ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က ပြတ်သားမှုပဲ။ ဘုံရန်သူအပေါ် အကြီးမားဆုံး စိန်ခေါ်ထိုးနှက်လိုက်တာပဲ။

အဲဒီလိုအခြေအနေမျိုးမှာ နအဖ ရွေးကောက်ပွဲကို မျက်စပစ်နေကြတဲ့ ကျပန်းနိုင်ငံရေးသမားတွေ၊ ခါတော်မီ နိုင်ငံရေးအင်အားစုတွေ၊ ပျံကျ နိုင်ငံရေး အုပ်စုတွေ တစ်ခုပြီးတစ်ခု ဟိုကဒီကနေ အလျှိုအလျှို ပေါ်ထွက်လာတာပဲ ကိုဒေါင်း။

ကြံ့ဖွံ့ က ပါတီဖွဲ့တာ ဘာမှ မဆန်းပါဘူး။ ဆန်းတာက ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားများ အမည်ခံပြီး ပါတီ ဖွဲ့တာတို့၊ တိုင်းရင်းသား အရေခြုံပြီး ပါတီဖွဲ့တာတို့၊ NLD ကို ဆင်တူရိုးမှားလုပ်ပြီး ပါတီဖွဲ့တာတို့၊ တစ်သီးပုဂ္ဂလ ဆိုပြီး အသံကောင်း ဟစ်တာတို့၊ အဲဒါတွေပဲ။ ဒါတွေကတော့ ဆန်းတယ် ကိုဒေါင်း။

ဒီလူတွေဟာ နအဖရဲ့၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာခံပြီ ဆိုကတည်းက ရန်သူ့ဘက်သား ဖြစ်သွားပြီ။ ဒီလူတွေ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုသွားပြီ။ ဒီလူတွေ နအဖ ထောင်ချောက်ထဲ ပျော်ပျော်ကြီး တိုးဝင်သွားပြီ။ ကိုဒေါင်းရေ၊ ပြည်သူတွေရဲ့ အမြင်မှာတော့ ဒီလူတွေ မြောင်းထဲ ရောက်သွားတာပဲ ကိုဒေါင်း။

ဒီလူတွေရဲ့ “ရွေးကောက်ပွဲမှ တစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိ” ဆိုတဲ့ အမြင်က စစ် ကျွန်ခေတ်မှာ အရမ်း အရမ်းကို လူရာ ဝင်ချင်နေတဲ့ အမြင်ပဲ ကိုဒေါင်းရဲ့။ အထူးသဖြင့်ကတော့ ကျနော်တို့ သတိထားရမှာက နိုင်ငံရေးမှာ ပုံမှားရိုက်တဲ့ အချောင်သမားတွေပဲဗျ။ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အမည်ခံပြီး သမိုင်းဝင် ခွပ်ဒေါင်းအလံကို အလွဲသုံးစား လုပ်တာမျိုး၊ အမျိုးသား ဒီမိုကရေစီ အမည်ခံပြီး NLD ရဲ့ ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမှတ်တံဆိပ် ခမောက်ပုံကို အလွဲသုံးစား လုပ်တာမျိုး၊ ဒါမျိုးတွေက ရန်သူအားရ ကျွန်ပါးဝ လုပ်လာတဲ့ ကိစ္စတွေပဲဗျ။ ဒါတွေဟာ လုံးလုံးကို မလိုလားအပ်တဲ့ လုပ်ရပ်တွေပဲဗျ။

အထူးတကာ့အထူး အဆိုးဆုံးကတော့ NLDရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို တာဝန်ယူရေးခဲ့ပါတယ် ဆိုတဲ့သူတွေက နအဖ ရွေးကောက်ပွဲ သေတွင်းဝမှာ လွယ်လွယ်ကလေး ဒူးတုပ် လည်စင်းပေးလိုက်တဲ့ အဖြစ်ပါပဲဗျာ။ နှမြောဖို့တော့ အလွန်ကောင်းတယ် ကိုဒေါင်းရေ။

ဒီကြားထဲမှာ တစ်သီးပုဂ္ဂလ ဆိုသူ အမျိုးသား နိုင်ငံရေး သမားကြီး တစ်ဦးကလည်း “ရွေးကောက်ပွဲ သပိတ်မှောက် လို့ ဘာဖြစ်လာမှာလဲ။ နအဖ အကြိုက် ဖြစ်သွားမှာပေါ့။ ကြံ့ဖွတ်ပါတီ လွတ်လွတ် ကျွတ်ကျွတ် မဲရအောင် လုပ်ပေးလိုက်သလို ဖြစ်မယ်” ဆိုပြီး လျှောက်ပြောနေသံ ကြားလိုက်ရသေးတယ်။

မြန်မာ့နိုင်ငံရေးဟာ ပါရာဒိုင်း ပြောင်းသွားပြီ။ မျက်မှောက်နိုင်ငံရေးဟာ ၉ဝ တုန်းကလို ရွေးကောက်ပွဲ နိုင်ငံရေး မဟုတ်တော့ဘူး။ ကျနော်တို့ တာဝန်က ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား ဆန့်ကျင်ပစ်ဖို့ပဲ။ ရွေးကောက်ပွဲကို ပြတ်ပြတ် သားသား သပိတ် မှောက်ပစ်ဖို့ပဲ။ ကျနော်တို့ အတွက် နှောင်ကြိုးမှလွဲ၍ အခြား ဆုံး ရှုံး စရာမရှိ။ We have nothing to lose but our chains. ဒါပဲ ကိုဒေါင်း။

အားလုံးကို သတိရလျက်-

အောင်ဝေး

ဇူလိုင် ၅၊ ၂ဝ၁ဝ။(မိုးမခ)

[မူရင်း - www.rfa.org/burmese]

0 တပ်မတော် နှင့် ပြည်သူလူထု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်းချစ်ခင် လေးစားကြသည် ။ ထိုသို့ဆိုလိုက်၍ ကျွန်တော်ကို
အတွေးအခေါ်ဖောက်ပြန်သွားပြီ လို့လည်း မထင်ကြပါနဲ့အုံး ။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီးနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာမဟုတ်ပါဘူး ။ ဘာကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း ။ အဖြေကို သက်သေပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ ။
ဒီနေ့ထိတိုင် မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိနေရတုန်းပါဘဲ ။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံလေးတွေ ၊ သူပြောဆိုဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကို တော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ် ။

နောက်တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်သူရ တင်ဦး ။ ဘဘဦးတင်ဦး စင်္ကာပူ ကို ဆေးလာ ကုမယ်ဆိုတော့ စင်္ကာပူ ကို မရောက်ခင်ကတည်းက ၀ိုင်းပြီး သတင်းမေးကြတဲ့လူတွေ မနည်းပါဘူး ။ ထို့အတူ ခွဲစိတ်ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်းပေးကြတဲ့ လူတွေ ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာတ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်တွင်းက လူတွေ ၀မ်း သာ ကြောင်း လာပြောကြတာ လည်း မနည်းပါဘူး ။ မြန်မာနိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစားကြတာပါဘဲ ။ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုးတန်ဖိုးထားလိုက်သလဲ ဆိုတာ ၊ တိုင်းပြည်အကျိုးအတွက် အရင်ကလည်း ဆောင်ရွှက်ခဲ့သလို အခုချိန်မှာလည်း ဆောင်ရွှက်နေဆဲ ဖြစ်တဲ့ ဘဘဦးတင်ဦးကို စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနားမှာ လည်း အားလုံးတွေ့မြင်တဲ့ အတိုင်းပါဘဲ ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး ၊ မလာမနေရ စနစ်ကို လည်း မသုံးပါဘူး ၊ လေးစားလွန်းလို့ ၇ိုသေစွာ ရှစ်ခိုးကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်းပေးကြတာ မြင်တဲ့လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာအားရ ဖြစ်မိကြပါတယ် ။

ကျွန်တော် မှတ်မိသလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူ ကို ဆေးလာကု ဘူးပါတယ် ။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်းပေးကြလဲ ။ ခင်ဗျာတို့ အမှတ်ရကြအုံးမှာပါ ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီးတဆင့် တက်လာတဲ့ ဗိုလ်ချုပ်စိုးဝင်း လည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်းကြားရော ပြည်သူတွေမှာ ၀မ်းသာအားရ ဖြစ်လိုက်ကြတာ ကို ပြန်ပြီးတောင် မြင်ယောင်လာမိတယ်ဗျာ ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ လာတုန်းကလည်း အလားတူပါဘဲ ။ ပြည်သူတွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ် ။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူလူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး ။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား ။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ် ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ နဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ ။


ဦးတင်ဦး ဆိုတာက ပြည်သူလူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည် နဲ့ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုးယုတ်စေမယ် ၊ ဒီမိုကရေစီ စနစ်က သာ ပြည်သူလူထု တွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံနေတဲ့ ပုဂ္ဂိုလ် လေ ။

ဒီနေ့ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြကြတာ မဟုတ်ပါဘူး ။ အာဏာတည်မြဲရေး အတွက် ဆို သံဃာတောင် ချမ်းသာ မပေးဘူးဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ ၊ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာဆိုတဲ့ အမိန့်စကားကို လက်ကိုင်ထားပြီး သူတို့ကိုယ်ကြိုးရှာဖို့ တပ်မတော်နဲ့ ပြည်သူလူထု ကို ရန်တိုက်ပေးနေတဲ့လူတွေ ၊ ဒို့မြေကို တစ်လက်မ မှ အထိမခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်က ၊ အခုတော့ သူတို့အာဏာ တည်မြဲရေး အတွက် ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါးလက် ထိုးအပ်ဖို့တောင် ၀န်မလေးတဲ့သူတွေ ၊
အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြရတဲ့ အချိန်မှာ သူတို့တတွေက တိုင်းပြည်ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်တွေ အမျိုးမျိုးဝယ်သုံးပြီး အာဏာယစ်မူးနေကြတဲ့ လူတွေ ၊
ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာ ရှင်တွေဟာ လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ယုတ်မာနေကြ တာ အားလုံးအသိပါ ။

တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်းသူတို့ အပေါ်ကို ထားရှိတဲ့ စေတနာ တွေက ကွဲပြားနေတာ သဘာဝ အမှန်တရား ပါဘဲ ။

ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။


ချွေးနဲ့သာရယ် သွေးနဲ့သာရယ်
စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်
သနားလောက်စရာ တကယ် စားသောက်ရှာတယ်
အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်
ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်
စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့
ဗမာ့သွေး ကို
နှမပေးချင်ပါတယ် ။


ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....
သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...
ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်
ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်
ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်
အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့
နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။

ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။

ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး
စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့
အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး ။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ ။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး အတွက် တပ်မတော်သားတွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူသဖွယ် သတ်ဖြတ်ခိုင်းခဲ့သလို ၊ ပြည်သူလူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းသလိုပါဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲက လက်တွဲကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။
တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိပါတယ် ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။

ပြည်သူလူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆိုသို့ ချီတက်ရန် အတွက် ကျရာ အခန်းဂဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င် ရောက် ဆင်နွှဲပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

Wednesday, October 13, 2010

0 ဒေါ်အောင်ဆန်းစုကြည် မဲပေးမည် မဟုတ်

၁၉၈၉ခုနှစ်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ် ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိမလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ်ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

သတင်း။ ။ voa

1 ပညာ


ဆရာအောင်သင်းရဲ့ မကွေးတွင် ဟောပြောသော အသံလွှင့်ဟောပြောချက်

အခုခေတ်မှာ" မီးဘေး ရှောင်စို့ မလောင်ခင် တားကြပါ " ဆိုတဲ့ မီးသတိပေး သီချင်းလို့ နံမည်ကြီးနေတဲ့ ဒီသီးချင်းဟာ ယခင်အချိန်က ပညာဆိုတဲ့ သီချင်းမှ တီးလုံးနှင့်သံစဉ်ကို ယူကာ စာသားပြောင်းဆို နေကြခြင်းသာ ဖြစ်ပါသည် ။ ထို ပညာသီချင်း မူရင်းကို လူငယ်များ သိရှိနားလည် စေရန် ဆရာအောင်သင်းရဲ့ မကွေးတွင် ဟောပြောသော အသံလွှင့်ဟောပြောချက် မှ ကူးယူဖော်ပါသည် ။ ဆရာသည် လူငယ်များ အပေါ်တွင် ထားရှိသော စေတနာကို ဖော်ကြူးပြသရန် စကားလုံးပင်ရှားနေတော့သည် ။ မည်သူမျှ မဖော်ထုတ်ခဲ့သော သမိုင်းအမှန်များကို ဖော်ထုတ်ပြောဆိုခဲ့ သလို ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသော ပြဿနာများကို လည်း ဆရာက ရှင်းလင်းဖြေဆိုထားသည်ကို တွေ့ရှိရပါတယ်။ နောက် မှတ်သားစရာ စကားလုံးလေးတွေရင်ထဲမှာစွဲနေအောင် ပြောပြခဲ့တာလေးတွေက အတုယူမှတ်သား စရာ အလွန်ကောင်းပါတယ် ။ နောက် တစ်ချက် က အဖြာင့် တွေးတတ်အောင်လည်း လမ်းညွှန်ပြသလို ဖောက်ထွက်တဲ့ အတွေးအခေါ်လေးကို ဥပမာပေး ပြီး ရှင်းပြထားတာ ကျေနပ်လွန်းလို့ အကြိမ်ကြိမ် စိတ်ထဲကနေ ရှစ်ခိုးနေမိပါတယ် ဗျာ ။

ဥပမာလေး တစ်ခုပေါ့ " ဗိုလ်ချုပ်အောင်ဆန်းက စွန့်ပြီး မစားခဲ့လို့ အချို့လူတွေ မစွန့်ဘဲ စားနေကြရတယ် "
အခုချိန်မှာ အနှိုင်းမဲ့ ပုဂ္ဂိုလ် တစ်ယောက်လို ထင်ရှားနေတဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်ဟာ ပညာမတတ်တဲ့ အပြင် ကိုယ်ကျိုးရှာလိုတဲ့ အတိုက်အခံများ ခေါင်းဆောင်များ၏ နှောက်ယှက်မှုကြောင့် အလွန်စိတ်ထိခိုက်ပြီး တိုင်းပြည် အတွက် ရတက်မအေး ဖြစ်ကာ မျက်ရည်ကြဘူးတယ်တဲ့ ။ မြန်မာပြည်ရဲ့ အမျိုးသား ခေါင်းဆောင် သက်တမ်းက အလွန်ဆုံးသုံးနှစ်ဘဲ ရှိပါတယ်တဲ့ ။ သူသေမှာကို သူသိနေတယ် ။
သူကြောက်လို့ မျက်ရည် ကျတာ မဟုတ်ဘူး ဆိုတာတော့လူတိုင်း သိပြီးသားပါ ။ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး လိုချင်လို့ သူကြိုးစားနေတာပါ တဲ့ ။ အမျိုးသား ခေါင်းဆောင် ဖြစ်ချင်လို့ မဟုတ်ပါဘူးတဲ့ ။ ဘယ်လောက် သနားစရာ ကောင်းလိုက်တဲ့ နိုင်ငံခေါင်းဆောင်လဲ ဗျာ ။ ကျွန်တော် နားထောင်ရင်းမျက်ရည် ကျမိပါတယ် ။

နောက်တစ်ချက် အဲဒီ အချိန်က ခေါင်းဆောင်တွေ ကလည်း အခု နအဖနဲ့ တော့ သိပ်မကွာဘူးဗျာ ။ ကွန်မြူနစ် ၀ါဒကို လက်ကိုင်ထားတဲ့ လူက ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ထားတဲ့ စာတောင် ဖတ်ခွင့်မရှိဘူးတဲ့ ။ သေချာစဉ်းစားကြည့်ဗျာ ကိုယ့်အမှားကို အရင်ဆုံး မြင်တာက ကိုယ့်ရန်သူဗျ ။ ကိုယ့်အားနည်းချက်ကို ဝေဖန်တာတောင် လက်မခံနိုင်တဲ့ ခေါင်းဆောင်တွေ ဘယ်လောက် အမြင်ကျဉ်းမြောင်း လိုက်လဲ ။ ဒီနေ့ ချိန်ခါမှလည်း ဒီတိုင်းပါဘဲ စာပေလွတ်လပ်ခွင့်တောင် မပေးနိုင်တဲ့ အစိုးရက ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ ထထအော်နေတဲ့လူတွေကို ပြေးပြီး မြင်ယောင်မိ ပြန်သေးတယ် ။

အမှန်တရားကို ရှေးရှုတဲ့ အမျိုးသားခေါင်းဆောင်ဆိုတာ ပြည့်သူ့လူထု အကျိုးစီးပွား ပျက်စီးမယ့် ကိစ္စကို လက်မခံတတ်ကြတာ စစ်မှန်တဲ့ အမျိုးသားခေါင်းဆောင်တိုင်းရဲ့ သဘာဝဘဲဗျ ။ NDF က NLD ကနေ ကိုယ်ကျိုးရှာ ဖို့ ကြံစည်ပြီး ခွဲထွက်သွားတယ် ။ ဒီနေ့အချိန်ထိ ပြည်သူလူထု ကို ရင်ဝယ်သားလို့ သဘောထားလို့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တရားမျှတမှု မရှိတဲ့ ဥပဒေကို ဆန့်ကျင်နေတာပါ ။ ဒေါ်အောင်ဆန်းစုကြည်သာ ကိုယ်ကျိုးရှာလိုတဲ့ စိတ်ရှိရင် အခုရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေ အားလုံးထက် အဆင့်အတန်းမြင့်တဲ့ နေရာ တနေရာကို အလွယ်ရယူနိုင်ပါတယ်ဗျာ ။ အတွေးမချော်ကြစမ်းပါနဲ့ ။ ဒီနေ့ပညာရှင် အမည်ခံ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားတွေမှာ စိတ်ဓါတ်ခွန်အား မရှိကြပါဘူး ။ ဒါကြောင့် အစိုးရနဲ့ ပူးပေါင်းပြီး လူထု ကို တပါတ်ရိုက်ဖို့ ကြံစည်နေကြတာကို ဆန့်ကျင်ကြပါလို့ လိုက်လံ အသိပေးနေတာပါ ။ အခုလို ဖြစ်ရပ် မျိုးတွေ မြန်မာ့သမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ် ။ သေချာ ပြန်လည် လေ့လာကြည့်ကြစမ်းပါ ။
၉၁ ဌာန အုပ်ချုပ်ရေး ၊ စက္ကူဖြူ စီမံကိန်း အစရှိသည်ဖြင့် အသွင်ပြောင်းစနစ်များကို အင်္ဂလိပ် အစိုးရက ပေးခဲ့သည်ကို မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်များက လက်မခံခဲ့သလို ဂျပန်က ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး ကို ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်တွေ ဆန့်ကျင်ခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆောင်တိုက်ပွဲ ၀င်ခဲ့ကြလို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖန်တီးနိုင်တဲ့ အပြည့်အ၀ လွတ်လပ်ရေးကို ရရှိခဲ့တာပါ ။ သမိုင်းကို သင့်ရခြင်းရဲ့ ရည်ရွယ်ချက်က မအ အောင်လို့ပါ ။ ခင်ဗျာတို့ တွေ လေးစားပါတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့တွေ ကြိုးဆွဲရာ မကခဲ့ သလို ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အာဏာရှင်တွေ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးတော့ ဘယ်တော့မှ အဖြစ်မခံပါဘူး ။ ဒါကို ခေါင်းမာတယ်လို့ ပြောပြီး အမှန်တရားကို ဆန့်ကျင်မှာလား သူ့ရဲ့ အမှန်တရားကို မြတ်နိုး ပြီး ပြည်သူလူထု အကျိုးကို ရှေးရှုတဲ့ စိတ်ဓါတ်ကို ထောက်ခံအားပေးမှာ လားဆိုတာတော့ ခင်ဗျာတို့ တွေ ရင်ထဲက စိတ်ထားအမှန်ပေါ်မှာဘဲ မူတည်ပါတယ် ။

ညဏ်အမြော်အမြင်နည်းသော ခေါင်းဆောင်များသည် ပညာမတတ်သော နောက်လိုက်များ၏ မြှောက်ပင့်ပြောဆိုမှုကို အဟုတ်မှတ်ကာ ထင်ရာ စိုင်း နေကြခြင်းကြောင့် မြန်မာပြည်ကြီးသည် ပျက်စီးချင်းမက ပျက်စီးလျှက် ရှိသည့် အချိန်တွင် ကိုယ်ကြိုးရှာ လူတစ်စုကလည်း အရေခွံလဲပွဲကို လက်ခံကာ ပြည်သူလူထုအား ချောက်အတွန်းသို့ တွန်းပို့လျှက်ရှိနေကြသည် ကို လေးလေးနက်နက် စဉ်းစားစေလိုပါတယ် ခင်ဗျာ ။
ကျွန်တော် ပြောရင် အဓိပ္ပာယ် ပေါ့သွားမှာဆိုးလို့ ကိုယ်တိုင်သာ နားဆင်ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် ။

မသိသေးတဲ့လူများကို လည်း ဆက်လက် ဖြန့်ဝေပြီး ပညာမျက်စိ ဖွင့်ပေးကြပါလို့ လေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ပါတယ် ခင်ဗျာ ။

ဆရာ ဦးအောင်သင်း နှင့် အမှန်တရား အတွက် တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်များ ကို ဒီနေရာကနေ လေးစားစွာ ဂါဝရ ပြုလိုက်ပါတယ် ခင်ဗျာ ။


ပညာ

ဗမာပြည်ကြီးမှာ အဆင့်တန်းလုလို့ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာ
သေချာစွာ စဉ်းစားလိုက်ရင်
ပညာ အခြေခံနည်းလို့သာ... ပါတီတွေ ကွဲကာ အလွဲလွဲအမှားမှား ဖြစ်ပေါ်နေတာ ဟာ
ပညာ...... ပညာ......ပညာ .မရှိလို့ စိတ်နေ မမြင့်ကြတာ ။

ဝမ်းနည်းစရာ ယခုခေတ်ကြီးမှာ တွေ့မြင်ရတာ
ကလေးသူငယ်များဟာ ဘာစကား တက်တယ်ဗျာ
သတင်းစာ ရှောက်သီးဆေးပြား ရေခဲချောင်းနဲ့ မြေပဲလှော်ပါ
တကြော်ကြော်အော် ကာ ရောင်းနေရရှာ....
ရသမျှနဲ့ အမြတ်လေးများနဲ့ ရောင့်ရဲတင်းတိမ် ပျော်ရွှင်ကာ
ပညာ ... ပညာ ... ပညာမရှိလို့ အခုလို ဖြစ်ရတာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

Tuesday, October 12, 2010

0 မန္တလေးမြို့ ဘာသာပေါင်းစုံ လူမှုရေးအဖွဲ့များမှ သဘာဝဘေး ကျရောက်သူများအား လူမှုကူညီမှုအစီအစဉ်


ပေးပို့သူ ။ ။ ဘလောက်ဂါအလင်းဆက်

Monday, October 11, 2010

0 မန္တလေးမြို့ရေကြီးမှုကြောင့် ဒုက္ခရောက်နေကြရသောပြည်သူများ (သတင်းဓာတ်ပုံ)


မန္တလေးမြို့၊ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အောက်တိုဘာ 6ရက်မှ 8ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (က/ခ/င/ငွေတော်ကျီကုန်း/အင်းခရု/သင်ပန်းကုန်း)ရပ်ကွက်များမှ လူဦးရေ ငါးထောင်ကျော်၏ အိမ်...များ ရေလွှမ်းမိုးခံခဲ့ရ။ ချမ်းမြသာစည်မြို့နယ်အတွင်း ထွန်တုံး/62လမ်းအရှေ့ဘက်ခြမ်း၊ အင်းခရုတံတားမှ အဆင့်မြင့်ရဲစခန်းအထိ လမ်းမကြီးများပေါ်တွင် ရေ တစ်ပေခွဲခန့်အထိတက်နေ။ (10-10-2010 ။ ညရနာရီအချိန်ထိ)။ ချမ်းမြသာစည်ရေဘေးကယ်ဆယ်ရေးစခန်းကြီး ၂ခုနှင့် စခန်းငယ် ၁၀ခုရှိပြီး လူ 6000 ကျော် ရောက်ရှိနေထိုင်လျက်ရှိ။ အချို့ ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ၏ အစီအစဉ်ဖြင့် ကိုယ်တိုင်ဝေငှခြင်းများအား ကန့်သတ်ထားပြီး အချို့စခန်းများမှ ပြည်သူများ၏ ပြောပြချက်အရ နံနက်စာအား နေ့လည်3နာရီခန့်တွင် ရရှိခဲ့ဖူးကြောင်း သိရ။

Photos of Mandalay Flood by Kyaw Min Htet (Mdy)

0 စစ်တိုင်းမှူးအသစ်များ အပေါ် ခေတ်ပြိုင်အရာရှိဟာင်းတစ်ဦး၏ မျှော်လင့်ချက်များ

တပ်မှူးတပ်သား ပြောစကား (၀၂၉)

voaအသံလွှင့်ဌာနနှင့်တွေ့ဆုံမေးမြန်းချက်
မကြာသေးခင်က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်တိုင်းမှူး(၁၃)ဦး ထဲမှာ၊ ၈၈၈၈ အရေးတော်ပုံကာလ လူထုဘက်ကိုကူးပြောင်းခဲ့သူ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်နဲ့ ဗိုလ်သင်တန်း တပတ်စဉ်ထဲ ကျောင်းဆင်းခဲ့တဲ့ စစ်တိုင်းမှူး(၅)ဦး ပါဝင်သလို၊ သူနဲ့ သိပ်မကွာတဲ့ ဗိုလ်သင်တန်းတွေက ကျောင်းဆင်းခဲ့သူတွေ ပါရှိပါတယ်။ သူနဲ့ ခေတ်ပြိုင် စစ်တိုင်းမှူး အသစ်တွေအပေါ် သူထားရှိတဲ့ မျှော်လင့်ချက်တွေကို ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထား ပါတယ။်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးစိုင်းဝင်းကျော် ခင်ဗျား။ တပ်မတော်ကို သွေးသစ်လောင်းတယ်ပဲ ပြောရမလား၊ အခုကျနော်တို့ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ရဲ့ အပတ်စဉ် ပေါ့နော်၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) က တပ်မမှူးတွေဟာ အခု တိုင်းမှူးတွေ ဖြစ်လာကြပါပြီ။ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) နဲ့ ခေတ်ပြိုင်ပဲ ဖြစ်တဲ့ OTS အပတ်စဉ် (၆၄)က တပ်မမှူးတွေလည်း တိုင်းမှူးဖြစ်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်က တပ်မ(၇၇) ရဲ့ တပ်မမှူး၊ ဗိုလ်ကြီး စိုင်းဝင်း ကျော်တို့ အပတ်စဉ်က ဗိုလ်မှူးချုပ်ထွန်းသန်း ဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ အပတ်စဉ်ကပဲ ခြေမြန်တပ်မ(၃၃)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောဖြစ်ပါတယ်။ စစ်တက္ကသိုလ်ဆင်း မဟုတ်ဘဲနဲ့ OTS ဆင်း ဆိုလို့ရှိရင်လည်းပဲ ဖားအံက ခြေမြန်တပ်မ(၂၂)ရဲ့တပ်မမှူး ဗိုလ်မှူးချုပ်တင်မောင်ဝင်း OTS အပတ်စဉ် (၆၄)၊ မကွေးက တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ်စိုးထွဋ် OTS အပတ်စဉ်(၆၄) က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သူတို့တွေက ဗိုလ်ကြီးစိုင်းဝင်းကျော်တို့နဲ့ ခေတ်ပြိုင်တွေပါ။ ဗိုလ်ကြီး ဆိုလို့ရှိရင် တပ်ခွဲမှူးပေါ့၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တဲ့အချိန်မှာ ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်ခဲ့တဲ့အချိန်မှာ၊ အခုတော့ ကိုယ်နဲ့ခေတ်ပြိုင်တွေ၊ ကိုယ်နဲ့ သူငယ်ချင်းတွေ တပ်မမှူးတင် မက တိုင်းမှူးပါ ဖြစ်လာပါပြီ။ တိုင်းမှူးဆိုတာ ကျနော်တို့ မြန်မာ့တပ်မတော်မှာ ဒုတိယတန်းစစ်ခေါင်းဆောင် တွေပါ။ အဲဒီတော့ ဗိုလ်ကြီး ဘယ်လိုမြင်ပါသ လဲ ခင်ဗျ။ ဒီအခု ဗိုလ်ကြီးတို့နဲ့ ခေတ်ပြိုင် ဒီလူငယ်တိုင်းမှူးတွေဟာ တပ်မတော်ကိုကော တိုင်းပြည်ကိုကော ကောင်းသောအပြောင်းအလဲကို လုပ်နိုင်ဖို့ အလားအလာ ရှိပါသလား ခင်ဗျ။ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အခုလို ကျနော့်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေပေါ့နော်၊ ကျနော်တို့ အပတ်စဉ်က ဆင်းတာတွေ ကျနော်တို့နဲ့ မလှမ်းမကမ်း အပတ်စဉ်တွေကနေ ဆင်းသွားတဲ့ အရာရှိတွေဟာ တပ်မတော်မှာ ခုနပြောတဲ့ တိုင်းမှူးအဆင့် တာဝန်တွေကို ရလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ တရပ်ပါ။ သူတို့ အတွက်လည်း ကျနော် ၀မ်းသာပါ တယ်။ သို့သော် ကျနော် ပိုပြီးတော့မှ ၀မ်းသာချင်တာကတော့ မြန်မာလူထုတစ်ရပ်လုံး အတွက် ကျနော်ပိုပြီးတော့မှ ၀မ်းသာချင်ပါတယ် ခင်ဗျ။ ကျနော် ပိုပြီး မျှော်လင့်တာကတော့ တပ်မတော်ထဲမှာ ပိုပြီးတော့မှ တိုးတက်သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ပေါ့၊ ကျနော်တို့ လက်ရှိ မြန်မာပြည်ကြီးကို ငြိမ်းချမ်းတဲ့နည်းနဲ့၊ အကောင်းဆုံးအမြန်ဆုံးနည်းနဲ့ စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းသွားပြီးတော့မှ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တန်ဘိုးထားတတ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေကို ပိုပြီးတော့မှ အလေးထားလုပ်ဆောင်သွားနိုင်တဲ့ မြန်မာလူထု တရပ်လုံးကို ဆင်းရဲတွင်းကနေ လွတ်အောင် အမြန်ဆုံး စွမ်းဆောင်ပေးနိုင်တဲ့ တပ်မတော်ခေါင်းဆောင်သစ်တွေကို ပိုပြီးတော့မှ မျှော်လင့်ပါတယ်ခင်ဗျ။ ကျနော့် သူငယ်ချင်းတွေလည်း အဲဒီလိုမျိုး ခေါင်းဆောင်သစ်တွေ ဖြစ်လာပါစေလို့ပဲ ကျနော် ဆန္ဒပြုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီတိုင်းမှူးတွေဟာ တိုင်းမှူးဖြစ်အောင် ပိရမစ် ပုံစံပေါ့နော်၊ ထိပ်ပိုင်းမှာက နည်းနည်းပဲရှိပြီး အောက် မှာက အများကြီး၊ အောက်မှာ အများကြီးကနေ သူတို့ တဆင့်တဆင့် တက်လာရတာ၊ စစ်တက္ကသိုလ်တို့ OTS တို့မှာ ဗိုလ်လောင်းဖြစ်ဖို့တောင် လွယ်တာမဟုတ်ဘူး။ အဲဒီကနေမှ သူတို့ အောက်ကနေ တဆင့်တဆင့် နောက်ဆုံး ဒီ စကခတွေကော တပ်မတွေကော ပေါင်းလိုက်ရင် (၃၀)ကျော်လောက်ရှိတယ်။ အဲဒီ တပ်မမှူးတွေထဲကမှ အခုနောက်ဆုံး တိုင်းမှူးက (၁၃) ယောက် ဒီအထဲမှာ ပါလာကြပြီ။ ပိရမစ်ပုံစံနဲ့ အပေါ်ကိုသွားနေတဲ့အချိန်မှာ ဒီလူတွေဟာ ခပ်ညံ့ညံ့တွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ မှန်းလို့ ရပါတယ်။ အရည်အချင်းအားဖြင့် ဒီ လောက်တော်နေတဲ့လူတွေဟာ စိတ်စေတနာအားဖြင့် တိုင်းပြည်ကို ပြောင်းလဲချင်စိတ် ဖြစ်ပေါ်လာအောင် ဗိုလ်ကြီး ကိုယ်၌ကလည်း နိုင်ငံရေးဘက်ကို ကူးပြောင်းလာတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ်လည်း နေလာတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးအားဖြင့် အတိုက်အခံတွေ"တပ်မတော်က မပါလို့ မြန်မာပြည်မှာ ဘာပဲ လွတ်မြောက်ရေးလုပ်ရှားမှု လုပ်လုပ် အပြောင်းအလဲက မဖြစ်ဘူး" လို့ ပြောနေကြတယ်။ အခု ဒီလိုမျိုး အပြောင်းအလဲဖြစ်အောင် လူငယ်သွေးသစ်တိုင်းမှုးတွေ၊ တပ်မမှူးတွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်း က ပြေပြေပြစ်ပြစ်ဖြစ် အောင် ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်လိုမျိုး အသံတွေ ပေးသင့်သလဲ၊ ဘယ်လိုမျိုး ကမ်းလှမ်းမှုတွေ လုပ်သင့်သလဲ၊ ဗိုလ်ကြီး ဘယ်လိုမြင်သလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ကြားမှာ တဖက်နဲ့ တဖက် အငြှိုးအာ ဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် မြန်မာပြည်သူလူထု တရပ်လုံးအတွက် လက်တွဲပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက စစ်အာဏာရှင်စနစ်က ချုပ်ငြိမ်းစေချင်တယ်ဆိုတာက တပ်မတော်ကြီးတခုလုံးကို ဖျက်သိမ်းဖို့ ပြောတာမဟုတ်ပါဘူး။ လက်ရှိ တပ်မတော် ခေါင်းဆောင်ကြီးတွေ အများစုက တပ်မတော်ကို အင်အားတောင့်တင်းအောင် အဖက်ဖက်က သူတို့ ကြိုးစားနေပေမယ့် တချို့နေရာတွေမှာ သူတို့က အင်မတန်မှ အန္တရာယ်ကြီးတဲ့ နျူးကလီးယားတို့ ဘာတို့၊ လူအ မြောက်များ သေစေနိုင်တဲ့ လက်နက်တွေထုတ်ဖို့ထိ ကြံစည် ကြိုးပမ်းနေတာတွေ အများကြီး ရှိပါတယ်။ နောက်တခုက အမိန့်နဲ့တာဝန်ကို တလွဲအသုံးချပြီးတော့မှ တပ်မတော်က စစ် အာဏာရှင်စနစ်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ ဖြစ်ပြီးတော့မှ လူထုကို ရက်ရက်စက်စက် ဖိနှိပ်နေတာတွေ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးဖြေရှင်းမှု မရှိဘဲနဲ့ အမျိုးမျိုး မရိုးသားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတာတွေ အားလုံးဟာ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးအတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်း ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး အခု ဒီ အတွေးသစ် အမြင်သစ်တွေနဲ့ လူငယ်ခြေတက် တိုင်းမှူးတပ်မမှူးတွေ ဖြစ်လာကြပြီလို့ ကျနော်တို့ မြင်ကြည့်လိုက်မယ်ဆိုရင် အရင် တုန်းက နိုင်ငံရေးပြစ်မှုကြီးတွေ ပြည်သူလူထုကို ဖိနှိပ်တဲ့လုပ်ငန်းတွေ လုပ်ခဲ့တဲ့အပေါ်မှာ အခု တက်လာတဲ့ တိုင်းမှူး၊ တပ်မမှူးတွေဟာ သိပ်ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အရင်အုပ်စု တွေထက်စာလို့ရှိရင် အခုလိုမျိုး အထိုက်အလျောက် သန့်ရှင်းတဲ့ လူငယ်ခြေတက်တိုင်းမှူးတပ်မမှူးတွေ ပေါ်ထွက်လာပြီ။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီ အသိုင်းအ၀ိုင်းက တိုင်းပြည် မှာ အပြောင်းအလဲဖြစ်စေချင်တဲ့ ဒီမိုကရေစီအင်အားစုတွေကကော ဘယ်လိုမျိုး အသံပေးပြီးတော့ ဘယ်လိုမျိုး ဒီအပြောင်းအလဲကိုဖြစ်အောင်လို့ အမျိုးသား ရင်ကြားစေ့ရေး ပြန်ဖြစ် အောင်လို့ ချဉ်းကပ်သင့်လဲ၊ ဘယ်လိုအသံပေးသင့်လဲလို့ ထင်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်ထင်တာတော့ ကျနော်တို့ဘက်က နိုင်ငံတကာအခြေအနေနဲ့ လိုက်လျောညီထွေပေါ့နော် စစ်ခေါင်းဆောင်တွေဘက်ကလည်း သဘောထား အမှန်တကယ်ပြောင်းလဲလာတယ်၊ အတူတကွ နိုင်ငံသစ်ကို တည်ထောင်ချင်တဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ အနေနဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို လမ်းဖွင့်ပြီးတော့မှ လက်တွဲ အတူတကွ လုပ်ဆောင်ဖို့ အချိန်သင့်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ တစ်ဦးတစ်ယောက် ဆိုတာက သင်္ခါရသဘောအရ ပြောမယ်ဆိုရင် ဘယ်သူမှ ရေရှည် မတည်မြဲနိုင်ပါ ဘူး။ အဲဒါကြောင့်မို့ လူအပြောင်းအလဲ ခေါင်းဆောင်အပြောင်းအလဲဆိုတာ ဖြစ်လာမယ်၊ အချိန်တန်ရင် ဖြစ်လာမှာတော့ သဘာဝကျပါတယ်။ အဲဒီဖြစ်လာတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့အနေနဲ့ အကောင်းဆုံး ဘယ်လောက်ထိလုပ်သွားနိုင်သလဲ၊ တပ်မတော်အပါအ၀င်နိုင်ငံတခုလုံးကို ဘယ်လောက်ထိ တည်ထောင်သွားနိုင်မလဲဆိုတာ အများကြီးစကားပြော နေပါပြီခင်ဗျ။ တပ်မတော်ကို ခေတ်မှီအောင် အဖက်ဖက်က တည်ထောင်တယ်ဆိုတာ စစ်အာဏာရှင်စနစ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီးတော့မှ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီဆိုလို့ရှိရင်လည်း ဒါ ကျနော်တို့ တိုင်းပြည်နဲ့ လုံခြုံရေးအတွက်ကော အမျိုးသားကာကွယ်ရေး အတွက်ကော ကျနော်တို့ တပ်မတော်ကို ခေတ်မှီအောင် တည်ဆောက်ရမှာပါ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပေါ့နော်၊ ပုဂ္ဂိုလ်ရေးအရမုန်းတီးမှုတွေ ရန်စောင်မှုတွေ၊ အမျက်ဒေါသတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက လက်ရှိတပ်မတော်ရဲ့ ခေါင်းဆောင်ကြီးတွေ တိုင်းပြည်ရဲ့အာဏာတွေအားလုံးကို သူတို့က တစ်ဖက်သတ် ဒီ ကာကွယ်ရေးဘတ်ဂျက် (Budget)မှာ စာရင်းမရှိ၊ အင်းမရှိ ထင် သလိုသုံးစွဲနေတာတွေလည်း ရှိပါတယ်။ နောက်တခုက တပ်မတော်တခုလုံးကို လူတစ်ဦးတစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ အကြာကြီးထားပြီးတော့မှ အဲဒီလူအပါအ၀င် အဲဒီလူရဲ့ ဆွေမျိုးသားချင်း၊ သားသမီးတွေကိုက အစ မော်မကြည့်ရဲလောက်အောင် အဲလောက်လောက်ထိ လူပုဂ္ဂိုလ်ကိုးကွယ်ပြီးတော့မှ ကြောက်ရွံ့နေရတာမျိုးလည်း မဖြစ်စေချင်ပါဘူး ခင်ဗျ။ နောက်တစ်ခုက လူထုကို အင်အား အားကိုးပြီးတော့မှ သွေးထွက်သံယို ဖြေရှင်းတာတွေ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်းပါဘူး။ ကျနော်တို့ဘက်က နားလည်မှုရှိရှိနဲ့ နူးညံ့သိမ်မွေ့တဲ့နည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေပြီးတော့မှ နားလည်မှုရှိရှိနဲ့ ကျနော်တို့ ချဉ်းကပ်ဖို့ သင့်ပါတယ် ခင်ဗျ။ တပ်မတော် ခေါင်းဆောင်တွေကို ကျနော်တို့က ဦးတည်တိုက်ခိုက်ပြီးတော့မှ ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်ပြီးတော့မှ ဝေဖန်ပြောဆိုပြီးတော့မှ ဆဲဆိုကြိမ်းမောင်းနေမယ့်အစားပေါ့နော်၊ နိုင်ငံ တကာအခြေအနေနဲ့ လိုက်လျောညီထွေ ရှင်းပြ၊ ပြောဆို၊ ဆွေးနွေးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း သဘောထားအမှန်ကို ထုတ်ဖော်ပြသနိုင်တယ်ခင်ဗျ။ တစ်ဦးနဲ့တစ်ဦး တစ်ဖက် နဲ့တစ်ဖက် ပုဂ္ဂိုလ်ရေး အရရော နောက်တစ်ခုက အင်အားစုတွေအရပါ မလိုလားအပ်တဲ့ သံသယတွေ အငြင်းပွါးမှုတွေကို ဖယ်ရှားပြီးတော့မှ လက်တွဲလုပ်ဆောင်သွားဖို့ အခြေအနေကို ကျရောက်နေပါပြီ။ အဲဒီတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဒီ စစ်ခေါင်းဆောင်အပါအ၀င် မြန်မာ့တပ်မတော် အကြားမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေ အထင်လွဲမှုတွေကို ဖယ် ရှားပြီးတော့မှ အားလုံး သဘောထားကြီးကြီးနဲ့ အငြှိုးအာဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံး လက်တွဲလုပ်ဆောင်သွားဖို့ အချိန်ကျရောက်ပြီလို့ ကျနော် တိုက်တွန်းပြောဆိုချင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီး စိုင်းဝင်းကျော်ခင်ဗျာ ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးအချိန်အခါက လူထုကို ဖြိုခွင်းနှိပ်ကွပ်ဖို့ စေလွှတ်ခဲ့တဲ့ ခြေမြန်တပ်မ(၂၂)က ခမရ(၂၀၈)တပ်ရင်းက တပ်ခွဲမှူးဖြစ်ခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော်ပါ။ သူဟာ ပြည်သူလူထုကို ပစ်ခတ်နှိမ်နင်းရမှာကို မလိုလားတဲ့အတွက် ရှစ်လေးလုံး လူထုအုံကြွမှု အချိန်အခါကြီးမှာ ပြည်သူလူထုဘက်ကို ကူးပြောင်းခဲ့တာပါ။ အဲဒီအတွက်ကြောင့်မို့ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ (၆)နှစ်လောက် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နေခဲ့ရပါတယ်။ သူနဲ့အတူတူ စစ်တက္ကသိုလ်ဗိုလ်သင်တန်း တက်ခဲ့ဖူးသူတွေ အဲဒီ စစ်တက္ကသိုလ်အပတ်စဉ်(၂၄) နဲ့ သိပ်မကွာတဲ့ OTS ဗိုလ်သင်တန်းက ဆင်းခဲ့တဲ့သူတွေဟာ အခု စစ်တိုင်းမှူးတွေ ဖြစ်လာခဲ့ပါပြီ။ ဒီအပေါ်မှာ ဗိုလ်ကြီးစိုင်းဝင်းကျော်က သုံးသပ်တင်ဆက်ပေးသွားတာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

(VOA)

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား စင်ကာပူရောက် ရွှေမြန်မာများမှ ဂါရဝပြုပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...


မြန်မာလူမျိုးတို့သည် တိုင်းပြည် အကျိုးအတွက် ကိုယ်ကျိုး မဖက်ဆောင်ရွက်သည့်လူများကို သူရဲကောင်းသဖွယ် ကြည်ညိုလေးစား ဂုဏ်ယူလေ့ရှိသည်ကို ပြသသည့် အထိမ်းအမှတ်အနေဖြင့် သူရ ဦးတင်ဦးကို စင်္ကာပူရောက် မြန်မာလူမျိုးက သွားရောက်ဂါဝပြုကြသည့် ပုံများကို နိုင်ငံတကာမှ မြန်မာလူမျိုးများ သိရှိစေလိုသော စေတနာဖြင့် ကူးယူဖော်ပြပါသည် ။

ဗမာ့သွေး

0 တအိမ်လုံး တရွာလုံး တပြည်လုံး မဲမပေးဘဲနေမယ်

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်တော့မယ်။

ပြည်သူလူထုက ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိတာက ဒီရွေးကောက်ပွဲကိုမှ မဟုတ်ပါ။ ရွေးကောက်ပွဲရဲ့ အခြေခံလာရင်း၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတင်ရေးဆွဲကတည်းက အယုံအကြည်မရှိခဲ့တာ။ ပြည်သူတွေနားလည်ထားတာက ၁၉၉၀ ခုရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ အဲဒီအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံကို ရေးဆွဲရမှာက ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေပါဝင်တဲ့ လွှတ်တော်က ရေးဆွဲရမှာ။ လွတ်တော်ထဲမှာ အများစုက အဖွဲ့ချုပ်ဝင်တွေ။ သူတို့ချည်း ရေးဆွဲရမှာလဲ မဟုတ်ဘူး။ အနိုင်ရ အမတ်တွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီကလည်း ပါတယ်။ တိုင်းရင်သားအမတ်တွေပါတယ်။ တသီးပုဂ္ဂလိက အမတ်တွေပါတယ်။ သူတို့သာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်ရှိတယ်။ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်အမတ်တွေ ပါဝင်တဲ့ လွှတ်တော်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အများပြည်သူလူထု ရှင်းလင်းစွာ နားလည်အောင် ချပြရမယ်။ ပြီးတော့ ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု၊ ပြီးတော့မှ လက်ရှိအနိုင်ရပါတီအစိုးရက ဖွဲ့စည်းပုံဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လုပ်ပေး။ ဒီလိုနားလည်ထားတာ။

အခုတော့ ဒီလိုမဟုတ်ဘူး။

ပြည်သူတွေ စိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲကို စစ်အစိုးရက ဖျက်ဆီးဖြစ်တယ်။ အများစုအနိုင်ရပါတီက အမတ်တွေကို ဖမ်းဆီးထောင်ချ၊ လူထုစိတ်ပါဝင်စားစွာ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲရလဒ်အားလုံးကို ဖျက်ဆီးပြီး ညောင်နှစ်ပင်ညီလာခံ လုပ်တယ်။ ညောင်နှစ်ပင်လုပ်တုံးက ပြည်သူကြားမှာ ရေပန်းစားတဲ့ စကားလုံးက ညောင်နှစ်ပင် လိမ်နေသည်တဲ့

လူထုကိုယ်စားလှယ်စစ်စစ် တယောက်တလေမှ မပါဘဲ လုပ်တဲ့ညောင်နှစ်ပင်ညီလာခံမှာ ဘယ်သူတွေပါခဲ့သလဲ။ လူထုနားလည်သိရှိနေတာက လုပ်စားကိုင်စား အခွင့်အရေးသမားတွေ၊ ဟေးလေးဝါးလေး လူလိမ်လူညာတွေ၊ ဒီထက်ပိုပြောရရင် ညီလာခံညနေ့တိုင်း ညီလာခံပြီးတာနဲ့ ဘီယာသောက်၊ ကာရာအိုကေ မိုက်ခွက်လုရင်း ရန်ဖြစ်တတ်ကြသူတွေ၊ အပြင်လောကမှာ ဟိုတယ်-မိုတယ် ထောင်ပြီး ပြည့်တန်ဆာ မွေးစားသူတွေတောင် ပါတယ်။တိုင်းရင်းသားဆိုရင်လည်း တိုင်းရင်းသား အစစ်မဟုတ်ဘူး။ စစ်ဗိုလ်တွေ တိုင်းရင်းသား ၀တ်စုံဝတ်ပြီး တိုင်းရင်းသား အယောင်ဆောင်တက်လာတဲ့ ညီလာခံ။ ပြီးတော့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ အလိုကျ စစ်တပ်အဓိက ဖွဲ့စည်းပုံ၊ သူတို့ထင်တိုင်းလုပ်လို့ရအောင် ရေးထားတဲ့ ဖွဲ့စည်းပုံ၊ ဒီလိုဘဲ ရိုးရိုးရှင်းရှင်း နားလည်ကြတယ်။

ဒါကြောင့် လူထုက ၂၀၀၈ ဖွဲ့စည်းပုံကို အယုံအကြည်မရှိသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မယုံကြည်ဘူး။ သဘောမကျဘူး။ သူတို့လူတွေ စစ်အစိုးရလူတွေဘဲ ၀င်ပြိုင်မှာ၊ ပြည်သူလူထု အကျိုးစီးပွားကို အမှန်တကယ် လုပ်ပေးမဲ့ သူတွေက ထောင်တွေထဲမှာ၊ ပြည်ပမှာ၊ အခုလမ်းသလားနေတဲ့ ခွပ်ဒေါင်းအဖွဲ့ကလည်း ခွပ်ဒေါင်းအတု၊ ခမောက်ကလည်း ခမောက်အတု၊ သူတို့ရယ် သူတို့ ဖန်တည်းထားတဲ့ အတုတွေရယ်ဘဲပါတဲ့ ရွေးကောက်ပွဲ အတု။

ဒါကြောင့် မဲရုံလည်း မသွားချင်ဘူး။ မဲလည်း မပေးချင်ဘူး။

လူထုနဲ့ အတူရှိပြီး လူထုစိတ်ခံစားချက်ကို နားလည်တဲ့ ဒေါအောင်ဆန်းစုကြည်နဲ့ အတိုက်အခံစစ်စစ်တွေက ရွေးကောက်ပွဲကို မဲမပေးဘို့ နှိုးဆော်တယ်။ စစ်အစိုးရ ရွေးကောက်ပွဲရက်ကြေငြာပြီး ရက်ပိုင်းအတွင်း မဲမပေးရေး နှိုးဆော်စာတွေ တပြည်လုံးလိုလိုမှာ ပြန့်သွားတယ်။

လူထုက ၀မ်းသာတယ်။ မဲမပေးရေး ပညာပေးလှုံ့ဆော်စာတွေကြောင့် သူတို့သိချင်တာ သိလိုက်ရပြီ။

မဲမပေးချင်ဘူး။ မဲမပေးဘဲ နေလို့ရသလား။ ရတယ်။

မဲမပေးဘဲ နေရင် ဘာဖြစ်မလဲ။

ဘာမှမဖြစ်ဘူး။ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်။

ဒါဟာ လူတိုင်းလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဘဲ။

ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်တဲ့ အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း အိမ်ထောင်သားမွေးပြုခွင့် ရှိတယ်။ မပြုဘဲလဲ လူပျိုကြီး၊ အပျိုကြီးလုပ်ချင်ရင်လည်း လုပ်လို့ရသလိုပါဘဲ။

ဈေးဆိုင်တွေမှာ ပစ္စည်းတွေ ရောင်းချင်တာ ရောင်း။ ကိုယ်ကြိုက်မှ ၀ယ်မယ်။ ကိုယ်မကြိုက်ရင် မ၀ယ်ဘူး။

အပုတ်အပဲ့ရောင်းရန်၊ ပစ္စည်းအစစ်မရောင်းဘဲ အတုတွေရောင်းရင် မ၀ယ်ဘဲနေနိုင်သလို ရွေးကောက်ပွဲဆို တာလည်း အစိုးရလုပ်တိုင်း မဲပေးစရာ မလိုဘူး။

ကိုယ့်ပြည်သူတွေ အကျိုးမရှိဘူးထင်ရင် ကိုယ်မကြိုက်ရင် မဲမပေးဘဲနေလို့ရတယ်။ သူတို့က ဇွတ်အတင်းမဲပေးခိုင်းရင်ကော။

ဇွတ်အတင်း မဲပေးခိုင်းရင် ဇွတ်အတင်း မဲပေးခိုင်းတဲ့သူဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်တယ်။

အဲဒီလို ရပ်ကွက်ထဲမှာ ဇွတ်လာပြီး မဲပေးခိုင်းရင် ကျွန်တော် ကျွန်မတို့ ဇွတ်အတင်း မဲပေးခိုင်းပါတယ်လို့ေ၇ွးကောက်ပွဲကော်မရှင်ကို တိုင်၊ ဒါမှမဟုတ် ရဲကိုတိုင်၊ သူတို့က အရေးမယူရင် နေရာတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ ရှိတယ်။ သူတို့ကို တိုင်၊ မီဒီယာတွေက အော်၊ မတရားတာကို မတရားဘူး ပြော။

ဒါကိုသိလိုက်ရတဲ့ လူထုထဲက လူတိုင်းက ပြုံးပျော်သွားတယ်။ မျက်နှာက ကြည်တောက်သွားတယ်။

အဓိက သိချင်တာကတော့ မဲမပေးဘဲနေလို့ ရ/မရပါဘဲ။

ကိုယ်က မဲမပေးဘဲ နေရင်လည်း သူတို့က သူတို့ထင်သလို လုပ်ပြီး အနိုင်ယူသွားမှာ။ လူထုအသံ နောက်တခု။ ယူချင်ယူလေ။ ကိုယ်က သွားပေးရင် သူတို့တရားဝင်ရသွားမယ်။ ကိုယ်က မပေးဘဲ ယူသွားရင် သူတို့ သူခိုးဘဲ။ လူလိမ္ဘဲ။

အင်း….. ဟုတ်တယ်။ မှန်တယ်။

သူတို့က လက်နက်နဲ့ လူတွေဆိုတော့ မဲမပေးဘဲ နေယုံနဲ့ ထူးပါ့မလား။

ဒီမေးခွန်းကလဲ လူထုသိချင်တာ တခုပါဘဲ။

ထူးတာပေါ။ သူတို့က အရိုင်းတွေ၊ ပြည်သူလူထုက ပညာရှိ သူတော်ကောင်းတွေ၊ အရိုင်းတွေကို ပညာရှိ သူတော်ကောင်းတွေက ပညာရှိနည်းနဲ့ ၀ိုင်းတိုက်ရမယ်။ ရပ်ထဲရွာထဲမှာ လူဆိုးလူရမ်းကားတွေကို အရပ်က ပညာရှိနည်းနဲ့ မပေါင်းမသင်း။ သူ့အိမ်အလှူအတန်းလုပ်လည်း ကိုယ်မသွား၊ ကိုယ့်အိမ်အလှူအတန်းလုပ်လည်း သူ့ မဖိတ်၊ သူဘာရောင်းရောင်းလဲ မ၀ယ်။ လမ်းတွေ့ရင်လဲ ပြုံးမပြ၊ နှုတ်မဆက်၊ မပတ်သက်အောင်နေ။ ဒီလိုဘဲ စစ်အစိုးရ ဘာလုပ်လုပ်၊ သူတို့က ဒီလိုဆို လူထုက ဟိုလို၊ သူတို့က ဟိုလိုဆို လူထုက ဒီလို။ အားမပေးဘဲ မပတ်သက်ဘဲ နေကြမယ်။ ဒေါအောင်ဆန်းစုကြည်တို့ ကိုမင်းကိုနိုင်တို့ အရှင်ဂန္ဘိရတို့ကို လွှတ်မပေး မခြင်း၊ တိုင်းရင်းသားခေါင်းဆောင်တွေကို လွှတ်မပေး မခြင်း၊ အတိုက်အခံအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေရေး မလုပ်မခြင်း၊ ကိုယ်လိုချင်တာ မရမခြင်း။ သူတို့ဘက်က မလျှော့ မခြင်း။ သူတို့နဲ့ မပတ်သက်အောင်နေမယ်။

ဒီရွေးကောက်ပွဲမှာလဲ ပြည်သူတွေအားလုံး မဲမပေးဘဲ နေကြမယ်။

ဟုတ်တယ်။ ကောင်းတယ်။

လူထုရဲ့ တက်ကြွ အားရှိတဲ့ အသံ။

သူတို့ရဲ့ ၂၀၁၀ ရွေး ကောက်ပွဲကို မဲမပေးဘဲ နေမယ်။

တအိမ်လုံး၊ တရွာလုံး၊ တပြည်လုံး။

မမခင်
(၇၊ ၁၀၊ ၂၀၁၀)(ရိုးမ(၃)

0 တရုတ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဇနီး ထိန်းသိမ်းခံရ.

၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ရဲ့ ဇနီးဖြစ်သူ လျူရှား (Liu Xia) ကို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom Now အဖွဲ့ကြီးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီနေ့မှာပဲ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ လျူရှောင်ဘိုကို ဇနီးဖြစ်သူ လျူရှားက သွားရောက် တွေ့ဆုံခဲ့ပြီး အိမ်ကိုအပြန်မှာ အခုလို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားကြောင်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လျူရှောင်ဘိုဟာ ၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်တဲ့အခါ မစ္စတာ လျူရှောင်ဘိုဟာ ထောင်ထဲမှာ ၀မ်းသာပြီး ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေအတွက် ၀မ်းနည်းပြီးလည်း ငိုကြွေးခဲ့တယ်လို့ မစ်စ် လျူရှားက ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မစ်စ် လျူရှားကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မရရှိခဲ့သလို ဘယ်ကိုမှလည်း သွားခွင့်မပြုတဲ့အပြင် သူ့ရဲ့ လက်ကိုင်ဖုန်းကိုလည်း သုံးခွင့် မပြုခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လျူရှောင်ဘိုဟာ ဂျင်ဇောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပြီး လျူရှားဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူကို မကြာခဏ သွားရောက်တွေ့ဆုံခွင့် ရခဲ့ရာက ဒီနေ့ အခုလို အကျယ်ချုပ်နဲ့ အကျဉ်းကျခံလိုက်ရတာ ဖြစ်ပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။။



မူရင်း။ ။ voa

0 နိုဝင်ဘာ ၇ရက်နေ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာရှိ မြန်မာသံရုံးများမှ မြန်မာသံအမတ်ကြီးများရဲ့ မလိမ့်တပတ်လုပ်မည့် အကြံအစည်..


ပေးပို့သောကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

0 အကျဉ်းသား ၁ သောင်းကျော် လွှတ်ပေးမယ် တဲ့


စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အကျဉ်းသား ၁ သောင်း ၁ ထောင် လွှတ်ပေးမယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ပါမယ် ဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။

စစ်အစိုးရက အကျဉ်းသား ၃ ထောင်ကျော်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေးမှာဖြစ်ပြီး တခြား ၈ ထောင်လောက်ကတော့ လွှတ်ရက် စေ့တော့မှာမို့လို့ဆိုပြီး မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အင်းစိန် ထောင်ဗူးဝ (ဓာတ်ပုံ - Time)

၁ သောင်း ၁ ထောင်ဆိုတော့ ဗေဒင်နဲ့ လှည့်ပြောရတာ ဝါသနာပါတဲ့ မြန်မာတွေအဖို့ ၁၁ မီးငြိမ်းအောင် အစိုးရက ယတြာချေသလားဆိုပြီးလည်း ဝေဖန်ကြဦးမယ် ထင်ပါရဲ့။

နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘဲ တခြား ရာဇဝတ် ပြစ်ဒဏ်ကျသူတွေ လွှတ်လာရင်တော့ ကြံ့ဖွံ့က လူမိုက်တွေ အထူးငှားစရာ မလိုဘူးပေါ့လေ။

တခု သတိထားရမှာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုပြီး ကမ္ဘာက တောင်းဆိုနေတာကို ချော်လဲရောထိုင်ဖြစ်ဖြစ်၊ အကျဉ်းအကျပ်ထဲရောက်လို့ ထွက်ပေါက်ရှာရှာတာပဲ ဖြစ်ဖြစ် စစ်အစိုးရက လုပ်တာမျိုးလည်း ဖြစ်နိုင်တယ် ဆိုတာပါပဲ။

source: :www.irrawaddyblog.com/

Sunday, October 10, 2010

0 Facebook ၏ Feature အသစ်များ

လွန်ခဲ့တဲ့ ရက်တွေတုန်းက Facebook Event ရှိတယ်ဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ပြောခဲ့ဆိုခဲ့ ကြပါတယ်။ အဲဒီလို ပြောခဲ့ဆိုခဲ့ကြတဲ့ အထဲမှာ Facebook က Phone Services ထည့်တော့မယ် ဆိုတာရော Video Chat ထည့်မယ် ဆိုတာတွေရော စုံနေအောင် ကြားခဲ့ရပါတယ်။

ခုတော့ အဲဒီလို ကောလဟာလမျိုးစုံ အဆုံးသတ်သွားစေမယ့် Facebook ရဲ့ Feature အသစ်တွေကို တွေ့နိုင်ပြီ ဖြစ်ပါတယ်။ Facebook ရဲ့ အပြောင်းအလဲတွေ ထဲမှာ နတ်လူသာဓုခေါ်စရာ ကောင်းတဲ့ အပြောင်းအလဲဆိုလို့ ဒီအပြောင်းအလဲပဲလို့ ဆိုရမယ် ထင်ပါတယ်။ အဓိက အားဖြင့် အသုံးပြုသူများနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အချက်အလက် လုံခြုံမှုဆိုင်ရာတွေ ထိန်ချုပ်နိုင်ခွင့်တွေ ထည့်သွင်းခဲ့တဲ့ အချက်ပါပဲ။

Facebook ရဲ့ News Feed အပြောင်းအလဲ၊ Friend Lists ထုတ်ဖေါ်ပြသမှု အပြောင်းအလဲ၊ နောက်ဆုံး တစ်ခုဖြစ်တဲ့ Public လို့ တင်လိုက်သမျှ Facebook က ပိုင်သွားတဲ့ အပြောင်းအလဲ စတာတွေတုန်းကတော့ Privacy Issues နဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ခုနောက်ဆုံး အပြောင်းအလဲကတော့ အရင် အပြောင်းအလဲတွေ အားလုံးနဲ့ ပြောင်းပြန်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာတွေပြောင်းလဲ သွားလဲ လေ့လာကြည့်ရအောင်၊ Facebook က ထုတ်ပြန်လိုက်တဲ့ သတင်းအရ သူတို့ အနေနဲ့ အပြောင်းအလဲ သုံးခု ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ ပြန်လည် ပြင်ဆင် ဆန်းသစ်ထားသော Group Feature၊ Third Party Applications တွေကို ထိန်းချုပ်နိုင်မယ့် Control Center အသစ်၊ Download Feature အသစ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook အနေနဲ့ အဲဒီ သုံးခုမတိုင်ခင်မှာ တစ်ချို့သော အပြောင်းအလဲများကို ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အပြောင်းအလဲတွေ ကတော့ High Resolution ဓာတ်ပုံတွေ တင်ခွင့်ပြုတာနဲ့ Geolocation Feature(တည်နေရာပြ) ထည့်သွင်းလိုက်တာ Game Notification တွေ ပြုပြင်လိုက်တာ စတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

Facebook Event အပြီးမှာ ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေရဲ့ အနှစ်ချုပ်ကို သုံးသပ်ရမယ် ဆိုရင်တော့ Groups တွေကို Feature အသစ်တွေနဲ့ ဖန်တီးနိုင်မယ်၊ ကိုယ်နဲ့ ပတ်သက်သမျှ အားလုံးကို ဘယ်သူတွေကို မြင်စေ၊ ဘယ်သူတွေတော့ မမြင်စေနဲ့ စသည်ဖြင့် ကန့်သတ်နိုင်မယ်၊ နောက်ဆုံး တစ်ခုကတော့ ကိုယ်နဲ့ ပတ်သက်တဲ့ Message တွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ Wall Posts တွေကို Zip ချုံ့ပြီး Download ချနိုင်မယ် စတာတွေ ဖြစ်ပါတယ်။

သန်း ၅၀၀ ရှိပြီ ဖြစ်တဲ့ Facebook အသုံးပြုသူတွေ အနေနဲ့ အဲဒီအပြောင်းအလဲတွေကို ဗုဒ္ဓဟူးနေ့ နောက်ပိုင်းက စပြီး တစ်ဖြည်းဖြည်းချင်း မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။

Application Dashboard

Third Party Facebook Apps တွေကို စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းအသစ်တစ်ခု ဖြစ်ပြီး အရင်က တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ Screen နှစ်ခုကို တစ်နေရာတည်းမှာ ပေါင်းစပ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီ Control Center ကနေပြီး ဘယ် app တွေကိုတော့ ဘာတွေ ခွင့်ပြုထားတယ် စသည်ဖြင့် အသေးစိတ် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် အဲဒီ App အနေနဲ့ ဘယ်အချိန်တုန်းက Access လုပ်ခဲ့တယ် ဆိုတဲ့ Log တွေကိုပါ ကြည့်နိုင်ပါလိမ့်မယ်။

အဲဒီလို Control Center တစ်ခု ဖန်တီးလိုက်တဲ့အတွက် ကိုယ်အနေနဲ့ Default Setting နဲ့ ပတ်သက်တာတွေကို ပိုပြီး နားလည်လာနိုင်မှာ ဖြစ်သလို App တစ်ခုနဲ့ တစ်ခုမတူတဲ့ Access လုပ်ပုံတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ Access လုပ်ပုံတွေကို သေသေချာချာ လေ့လာပြီး ဘယ်ဟာကတော့ ကိုယ့်အတွက် စိတ်မချရဘူး၊ ဘယ်ဟာကတော့ စိတ်ချရတယ် စသည်ဖြင့် ခွဲခြားနိုင်ပါလိမ့်မယ်။ ဥပမာ – App တစ်ခုက ကိုယ့်ရဲ့ Friend တွေရဲ့ အချက်အလက်တွေကို ကြည့်ဖို့ လိုတယ် (မွေးနေ့စသည်ဖြင့်ပေါ့) စသည်ဖြင့် Control Center က ပြသပေးပါလိမ့်မယ်။

Facebook ရဲ့ ဒီအပြောင်းအလဲဟာ အသုံးပြုသူတွေအတွက် သူတို့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုမို ထင်သာမြင်သာ ရှိလာအောင် ခွင့်ပြုပေးသလို၊ ပိုမိုပြီး ထိန်းချုပ်နိုင်ခွင့်ကိုလည်း ပေးခဲ့ပါတယ်။ အဲဒီလိုပဲ အခြားတစ်ဖက်မှာ ရှိတဲ့ App Developers တွေအနေနဲ့လည်း အသုံးပြုသူတွေကို ဘယ်လို ပညာသားပါပါ ဆွဲဆောင်ရမလဲ၊ အသုံးပြုသူတွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးမလဲဆိုတဲ့ အချက်တွေကို ဖော်ထုတ်နိုင်အောင် တွန်းပို့လိုက်သလို ဖြစ်သွားစေပါတယ်။

အော် ကျွန်တော် ပြောဖို့ မေ့ခဲ့တာ တစ်ခုက အဲဒီ Control Center ကို Privacy Setting နေရာမှာ အစားထိုး မြင်တွေ့ရမယ်ဆိုတဲ့ အချက်ပါ။

Downloads

နောက်ထပ် Feature တစ်ခုကလည်း တော်တော်မိုက်တယ်လို့ ဆိုရမှာပါ။ ကိုယ့်အနေနဲ့ Facebook မှာ တင်လိုက်သမျှ အားလုံးဟာ History ထဲကိုရောက်ရောက်သွားပြီး ပျောက်ပျောက်သွားတတ်ပါတယ်။ ဘယ်သူမှလည်း နောက်ပြန် လှည့်ကြည့် မနေကြပါဘူး။ ဒါပေမယ့် ဒီတစ်ခါ ပေါင်းထည့်လိုက်တဲ့ Download Feature အရ ကိုယ့်ရဲ့ Facebook ပေါ်က သမိုင်းတွေကို ကိုယ့် HDD ထဲ သိမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ ကိုယ်တင်လိုက်သမျှ Wall Posts ပဲ ဖြစ်ဖြစ်၊ Video ပဲ ဖြစ်ဖြစ်၊ Mobile Upload ပဲ ဖြစ်ဖြစ် အကုန် Zip ချုံ့ပြီး ကိုယ်စက်ထဲမှာ သိမ်းထားနိုင်တော့မှာ ဖြစ်ပါတယ်။

Mark Zuckerberg ရဲ့ အပြောလေးကလည်း သင်းပါတယ်။ “ကျွန်တော်တို့ ပင်မ ယုံကြည်ချက်က လူတွေအနေနဲ့ Facebook ပေါ်မှာ သူတို့နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ပိုင်ခွင့်ရှိရမယ်၊ ထိန်းချုပ်နိုင်ခွင့် ရှိရပါမယ်။ ဒါဟာ လူ့အခွင့်အရေးပါပဲ။” လို့ ဆိုပါတယ်။

အဲဒီလို Privacy ဆိုင်ရာ အပြောင်းအလဲ အနေနဲ့ Facebook နဲ့ ပတ်သက်ပြီး ဟိုးလေးတကျော် ဖြစ်နေတဲ့ Privacy issue တွေကို အတိုင်းအတာတစ်ခုအထိ ချွေးသိပ် ဖြေရှင်းနိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီလို Activity တွေကို Download ချတဲ့အခါမှာလည်း မလိုလားအပ်တာတွေ ဖြစ်မလာအောင် Email Verification နဲ့ Password တွေ လိုမှာ ဖြစ်ပြီး Location နဲ့ ပတ်သက်တဲ့ သံသယ ဖြစ်စရာတွေ ရှိလာရင် ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Social Captcha ဆိုတဲ့ စစ်ဆေးတဲ့ နည်းစနစ်တစ်ခုကို ဖန်တီး ထည့်သွင်းထားတယ်လို့ သိရပြီး သံသယရှိတဲ့ အသုံးပြုသူတွေကို သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေပြ့ပီး စစ်ဆေးတာမျိုး တွေလည်း ပါမယ်လို့ သိရပါတယ်။

Groups

အရင်ကတည်းက Facebook မှာ Group ဆိုတာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု Group Features မှာ အရင်နဲ့ မတူတာတွေ ပါလာပါတယ်။ ဘာမှ တန်ဆာပလာတွေ မပါတဲ့ Text Document တွေ ဝေမျှလို့ရမယ်၊ Events နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်မယ်၊ Group ထဲမှာ ရှိတဲ့ လူ ၂၅၀ လောက် တစ်ပြိုင်တည်း ချက်တင်ပြောလို့ ရမယ် စတာတွေ ပါဝင်ပါတယ်။ Group မှာ Text Editor တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။ Docs ပေါ့။ (သူကတော့ တကယ့်ကို အခြေခံအကျဆုံးတွေပဲ ပါပါသေးတယ်။ ဒါကြောင့် Google Docs တို့ Microsoft တို့နဲ့ ယှဉ်ဖိုက်ဖို့ မရှိသေးပါဘူး။ တစ်ချိန်ကျရင်တော့ အပြည့်အစုံထည့်မယ့် သဘောမှာ ရှိပါတယ်)

ကိုယ့်အနေနဲ့ Family Member တွေသာ ပါဝင်တဲ့ Group တစ်ခု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Group တစ်ခု၊ သူငယ်ချင်းတွေနဲ့ Group တစ်ခု စသည်ဖြင့် Group တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို Facebook အနေနဲ့ Group ပိုင်းမှာ အဆင့်မြှင်တင်လိုက်တာ Facebook ရဲ့ ဗွီ-ကမ္ဘာကို ပိုပြီး ပြည့်စုံသွားစေသလို၊ ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေပါတယ်။ Group တွေမှာ သူငယ်ချင်းတွေ များများဖိတ်လေ၊ လွတ်လွတ်လပ်လပ် ပြောရဆိုရတာ ဘောင်ကျဉ်းလေ ဆိုတာတော့ သတိထားရတော့မယ် ထင်ပါတယ်။ အသေချာဆုံး အချက်ကတော့ Facebook အနေနဲ့ ရှိရင်းစွဲ သန်း ၅၀၀ ကို Facebook က မဆင်းအောင် ထိန်းထားမယ့်အပြင် Facebook Member မဖြစ်သေးသူတွေကိုပါ ဆွဲဆောင်မှု အားကောင်းလာတော့မယ် ဆိုတဲ့ အချက်ပါပဲ။

Facebook အပြောင်းအလဲ အပေါ် သုံးသပ်ခြင်း

Facebook ရဲ့ အပေါ်ယံမှာတော့ နတ်လူသာဓုခေါ်စရာတွေ ဖြစ်တဲ့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီနဲ့ ဆိုင်တဲ့ ကိုယ်ရေး အချက်အလက် ဆိုင်ရာ တွေကို လွပ်လွပ်လပ်လပ် ထိန်းချုပ်နိုင်စေဖို့ ဖွင့်ပေးခဲ့ပေမယ့် အလုံးစုံသဘောမှာတော့ ဝိဝါဒကွဲပြားစရာတွေ ရှိနေပါသေးတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အရင် Group အဟောင်းတွေက ဘယ်လိုပုံစံနဲ့ ဆက်သွားမှာလဲ၊ နာမည်တူ Feature အသစ်တွေနဲ့ ဆက်သွားမှာလား၊ ဒါမှမဟုတ် အသစ်ဆောက်ရမှာလား၊ အသစ် ဆောက်ရမယ်ဆိုရင်လဲ ဘာကြောင့် ဆောက်ရတာလဲ၊ အဖွဲ့တစ်ခုအနေနဲ့ ဘယ်လောက် ကြာကြာခံမှာလဲ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီအပြင် Facebook Page တွေအပေါ်မှာ အမှီပြုနေတဲ့ Business တွေရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိလာမှာလဲ စသည်ဖြင့် ဝိဝါဒကွဲပြားစရာတွေ ရှိနေပါတယ်။

Group တွေ အများကြီးဖွဲ့တာတော့ ဟုတ်ပါပြီ၊ ကိုယ်ကလည်း သူများတွေ ဖွဲ့ထားတဲ့ Group တွေမှာ နေရာစုံ လျှောက်ပါထားတာတော့ ဟုတ်ပါပြီ။ Wall Post မှာ Group Message တွေပဲ တစ်ပုံကြီး ပြနေပြန်ရင် မနိပ်သေးပါဘူး။ အဲဒီအတွက်လည်း ထိန်းချုပ်လို့ရနိုင်မယ့် အခြေအနေတွေ ရှိနေပါသေးတယ်။ လူတစ်ဦးချင်းစီ နောက်တော့ အဖွဲ့အစည်း၊ အဲဒီလိုကနေ Facebook က ကမ္ဘာ့နိုင်ငံတော်ကြီး ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။ အပြင်က လူနေမှု ဘဝပုံစံတွေကို Facebook က ပညာသားပါပါ မိုးပေါ် ဆွဲတင်နေပါတယ်။ ကျွန်တော်တို့လည်း မိုးပေါ်မှာ နေသား ကြနေကြပြီ မဟုတ်ပါလားဗျာ။

တစ်ဖက်မှာလည်း Ning Site တွေလို Group တွေ မှိုလို ပေါက်လာမယ့် အနေအထားလည်း မြင်ယောင်နေပါတယ်။ အဖိုးကြီးလည်း Group၊ အဖွားကြီးလည်း Group၊ မွေးကင်းစ အာဗြဲလေးလည်း Group ပေါ့ဗျာ။

ကျွန်တော်တို့ရဲ့ ဟိုးဟိုးကျော် မစ္စတာ Zuckerberg ရဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကလည်း ထွက်တာ မကြာသေးဘူး၊ အသက်ကလည်း ငယ်ငယ်လေး၊ မကြာသေးခင်ကကဲ ဒေါ်လာ သန်းနဲ့ ချီပြီး အလှူလုပ်တယ်၊ လူမှုတော်လှန်ရေး သမား၊ သန်းကြွယ်သူဌေး၊ Color Blind တစ်ယောက်၊ စသည်ဖြင့် ဂုဏ်ဓာတ်တွေ ပြည့်စုံနေတဲ့ မင်းသားလေးကတော့ ကျွန်တော်တို့ကို နောက်ထပ် ဖမ်းစားမယ့် ခွင်တွေ ချလိုက်ပြန်ပြီခင်ဗျ။ မထူးပါဘူးဗျာ Facebook မှာ အိမ်ဆောက်၊ Facebook မှာ မြို့တည်၊ Facebook မှာပဲ နေကြပါစို့ဗျာ။

Reference: PC World, FoxNews


www.myanmartutorials.com/

0 တစ်ဆယ်လေးလုံး မွေးဖွားခြင်း


တစ်ဆယ်လေးလုံး မွေးဖွားခြင်း

ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) နှင့် မရည်မွန် (ယဉ်ကျေးမှုတက္ကသိုလ်) တို့၏ သမီးလေး၊ စံရွှေမြင့်၏ အရှင်သခင်ဖြစ်သော ကာတွန်း ဦးမြင့်သိန်း + ဒေါ်တူးတူးမြင့်သိန်း (အလင်္ကာဝတ်ရည်မဂ္ဂဇင်း အယ်ဒီတာ) တို့၏ မြေး ဖွေးဖွေး (ခ) Violet မြတ်ပန်းဖွေး၏ (၈) နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဖွေးဖွေး ရေးဆွဲထားသော ပန်းချီကားချပ်များအား ဒဂုံမြို့နယ်၊ ဗိုလ်ရာညွှန့်လမ်း၊ အမှတ် (၅၄)၊ 1-E ရှိ New Zero Art Space ပန်းချီပြခန်းတွင် ၁၀.၁၀.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၁၀း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲအား ၂၀၁၀၊ အောက်တိုဘာ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပြပွဲပြုလုပ် ကျင်းပသွားမည် ဖြစ်ပါသည်။

ယင်း မျိုးဆက်သစ် ပန်းချီပညာရှင်လေး ဖွေးဖွေး၏ မွေးနေ့ပွဲနှင့် ပန်းချီပြပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ အသင်းသူ/သားများ အပြင် ရုပ်ရှင်၊ စာပေ၊ ပန်းချီအနုပညာလောကမှ ပညာရှင်များ လာရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။ မျိုးဆက်သစ်ပန်းချီ ပညာရှင်လေး ဖွေးဖွေးသည် နေမကောင်းသည့်ကြားမှ မွေးနေ့ပွဲ အခမ်းအနား၌ မွေးနေ့ကိတ်ကို လှီးဖြတ်ကာ ဧည့်ပရိတ်သတ်များအား ကျွေးမွေးဧည့်ခံ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းအတွက် အထောက်အကူပြု ပန်းချီရေးဆွဲစာအုပ် (၂၀) အုပ်အား ပေးအပ်လှူဒါန်းခဲ့သည်။

မျိုးဆက်သစ် ပန်းချီပညာရှင် ဖွေးဖွေး၏ လက်ရာများသည် ပွင့်လင်းသည်။ ရိုးစင်းသည်။ ထက်မြက်သည်။ ရဲရင့်သည်။ ဖွေးဖွေး၏ လက်ရာပန်းချီကားများ အနက်မှ We are the same ကားချပ်ကို ဖော်ပြသော အယူအဆ၊ အတွေးအခေါ်၊ ခံစားချက်တို့သည် ကမ္ဘာလောကကြီးတစ်ခုလုံး အတွက် တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ကို ဖော်ညွှန်းသော အနုပညာပြကွက် တစ်ခုဖြစ်သည့်အတွက် အလွန်အမင်း နှစ်သက် တန်ဖိုးထားမိပါသည်။

၁၀.၁၀.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့သော မျိုးဆက်သစ် ပန်းချီပညာရှင်ကလေး ဖွေးဖွေး၏ ဖန်တီးမှုများသည် ဖြူစင်သောအတွေး၊ ပွင့်လင်းသောအမြင်တို့နှင့် ရိုးစင်းသော စိတ်ဆန္ဒ၊ ရဲရင့်သော ခံစားချက်တို့ဖြင့် ပုံဖော်ရေးဆွဲထားသော ငြိမ်းချမ်းမှုကို ရှေးရှုသည့် ၁၀.၁၀.၁၀.၁၀ (တစ်ဆယ်) လေးလုံးသက်ရောက်သော အနုပညာမွေးဖွားသော ပြပွဲတစ်ရပ်ပင် ဖြစ်တော့သည်။



သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 GenerationWave(မျိုးဆက်သစ်လူငယ်များအစည်းရုံး)၏ ၃နှစ်ပြည့်နှစ်ပတ်လည်ထုတ်ပြန်ကြေငြာချက်

ရဟန်းရှင်လူမိဘပြည်သူများနှင့် ညီအစ်ကိုမောင်နှမများခင်ဗျား။ ။

ကျနော်၊ကျမတို Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) သည်ယနေ့စစ်အာဏာရှင်၏ ဖိနှိပ်မှုများကြောင့် ပြည်သူလူထု ကြုံတွေ့ခံစားနေရသော အထွေထွေ အကြပ်အတည်း ပေါင်းစုံကို အကြမ်းမဖက် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့သည်.(၃) နှစ်ပြည်.နှစ်ပတ်လည် ထုတ်ပြန်ကြေငြာချက် ဖြစ်ပါသည်။ ကျနော် ကျမတို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) အနေဖြင့် အာဏာရှင် စနစ်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ယခုထက်ပို၍ ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Dear Respected Monks, & all the nationalities throughout Burma,

It is the 3rd year anniversary announcement that we ,Generation Wave have been going against the oppression and injustice acts of the military junta on our people who have been suffered a lot from the downturns in every aspects of our lives.Hence,we would like to announcement that we will intensify our actions against the military dictatorship as well as our pro-democracies more and more in the future.

- ကျနော်၊ ကျမ တို့၏ သဘောထား ထုတ်ပြန်ကြေငြာချက်ကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှု့နိုင်ပါသည်။
- Please view the attach file for your reference.

"လက်မကိုထောင် တို့ ဦးဆောင်" "Lead with our thumbs up"
Generation Wave

0 မဲထည့်ရန်အကြောင်းမရှိပါ


တေးရေး-ဆို (မျိုးချစ်မြန်မာ)
ကိုသော်(ဂျပန်)ခံစားပုံဖော်သည်။

0 "ပြည်သူလူထုရဲ့ ရွေးချယ်ခွင့်ကိုလေးစားပါ (ပိုက်တင်) THE VOICE WEEKLY" ၏ဆောင်းပါးအား ပြန်လည်ဝေဖန်ခြင်း

ဆောင်းပါးရှင်ပိုက်တင်၏ မူရင်းဆောင်းပါးသို့

http://www.facebook.com/notes/ndf-46d403jpg/-/120834817970930

ဆောင်းပါးရှင်ပြောသလိုပါပဲ ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့် သဘောထားအမြင်ကို တာဝန်အရ အခွင့်အရေးရသလောက် ပြောသင့်တယ်လို့ အခိုင်အမာ ယုံကြည် တာကြောင့် ဒီစာကိုရေးရတာပါ။

(၁)" " အစိုးရက ဒီမိုကရေစီကို ၀ိုင်းဝန်းတည်ဆောက်ပေးမယ်ဆိုတဲ့ အချက်ကို ပထမဆုံး ရှင်းရှင်းလင်းလင်း လက်ခံဖို့လိုပါတယ်။""

ဒီအချက်ကို လုံးဝသဘောမတူပါဘူး..။

ခုရွေးကောက်ပွဲ ဖြစ်လာတာကလည်း စိတ်ကြိုက်အချိန်တွေ ဆွဲခဲ့ပြီးမှ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် နောက်ဆုံး မလုပ်ချင်၊လုပ်ချင်နဲ့ လုပ်ပေးလိုက်ရတဲ့ပွဲပါ....ပြည်တွင်းမှာ စစ်တပ်အုပ်ချုပ်နေတာကို ပြည်သူက ကြာရှည်လက္မခံတော့မှန်းလည်း သူတို့သိတယ်..ပြည်ပက ပိတ်ဆို့မှုတွေဟာ လည်း ခုနောက်ပိုင်းမှာ သူတို့ကိုအထိနာစေလာပါပြီ၊

နောက်ပြီး နိုင်ငံတကာဆက်ဆံရေးမှာလည်း တရားဝင်မှု လိုချင်လာတဲ့အတွက် အေ၇ခွံလဲပွဲ ကို ဖန်တီးလိုက်တာပါ.. နောက်ပြီးသူတို့ကျူးလွန်ခဲ့တဲ့ ပစ်မှုပေါင်းမြောက်များစွာတွေကို အရေးယူမခံရစေရန်နှင့်သူတို့နောင်ရေး စိတ်အေးရန် စတာတွေလည်းပါဝင်ပါတယ်။ဒါဟာေ၇ွးကောက်ပွဲ လုံးဝမဟုတ်ပါဘူး..။ အရေခွံလဲပွဲ သက်သက်ပါ။ ဒါကို ...ပြည်သူထောက်ခံအား၇ှိနိုင်မဲ့ လူ ၊ပါတီ အားလုံးကို စည်းကမ်းတင်းကျပ်စွာ ချုပ်နှောင် ထားခြင်း၊ လွတ်လပ်စွာစည်းရုံးခွင့်မပေးခြင်း၊ပါတီ တည်ထောင်ခွင့် မပြုထားခြင်းတို့က သက်သေပြနေပါတယ်..

(၂) " "ရွေးကောက်ပွဲကိုလက်ခံပြီး ကိုယ်တတ်နိုင်တာကို တက်တက် ကြွကြွ လုပ်ကြဖို့ဆိုတာ တိုင်းပြည်ရဲ့တစ်ခုတည်းသော ထွက်ပေါက်ပါ။အစိုးရက ဖွင့်ပေးထားတဲ့လမ်းပါ။ ကြိုးစားရင် သေချာပေါက်ရ ပါတယ်။ ၇၅ ရာခိုင်နှုန်းဆိုတာ လက်ရှိအခြေအနေမှာ မနည်းလှပါဘူး။" "

'ဒါဟာတိုင်းပြည်ရဲ့ ထွက်ပေါက်မဟုတ်ပါ။ထွက်ပေါက်ဟာ တွေ့ဆုံဆွေးနွေးေ၇းတစ်ခုပဲရှိပါတယ်။

ကပ်သီးကပ်သတ် ရတဲ့ကောင်ဝင်ခဲ့ ဆိုပြီးဖွင့်ထားတဲ့ တခါးပေါက် ခပ်သေးသေးတစ်ချပ်ပါပဲ..ဆောင်းပါးရှင်ပြောသလို လမ်းဆိုရင်လည်း ဒါဟာ ပြည်သူတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီအုပ်ချုပ်တဲ့ စစ်ကျွန်ဘ၀ရောက်စေမဲ့ လမ်းပဲ ဖြစ်နေပါလိမ့်မယ်..

နောက်တခုက ဆောင်းပါးရှင်ဟာ ၇၅% ကိုတော်တော်အားထားတာတွေ့ရပါတယ်...။

တပ်မတော် မှ၂၅% ယူထားပြီး ကျန်၇၅%သည် ပြည်သူ့ကိုယ်စားလှယ် များအတွက်သာ ဖြစ်ပါသလား ဆိုသည်ကို သေချာစဉ်းစားစေလိုပါတယ်..

စစ်တပ်သည် ၂၅% ယူထားရုံမျှမက ပါတီပင် ထောင်ထားပါသေးသည့်အပြင် ထိုပါတီသည်ပင် နိုင်ငံတော်ဘဏ္ဏာအားသုံးပြီ လက်၇ှိအင်အားအ၇ှိဆုံးပါတီ ဖြစ်နေပါသည်။ထိုပါတီမှ လုပ်ရပ်များကိုသာေ၇ွးကောက်ပွဲကော်မရှင်မှ ၀င်ရောက်ပြောဆိုမှု မပြုခြင်း၊ အခြားပြိုင်ဘက်ပါတီများအား စည်းကမ်းတင်းကျပ်ခြင်း စသည့်အချက်များသည် ဆောင်ပါးရှင်၏ ၇၅% ဆိုသည့် အချက်ကို မဖြစ်နိုင်ကြောင်း သက်သေပြနေပါသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း မရောက်ပဲ အရပ်သားကိုယ်စားလှယ် ၇၅% အပြည့် ရောက်ရှိစေဦးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် နောက်ထပ်အတားအဆီးတခု ထပ်ဖန်တီးထားပါသေးတယ်..။ဒါကတော့ လွှတ်တော်ကိုယ်စားလှယ် ၇၅%အထက် ၇ဲ့ ထောက်ခံချက်ရမှသာ ခြေခံဥပဒေကို ပြင်ဆင်ခွင့်ပြုမယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်..စစ်တပ် ကိုယ်စားလှယ် ၂၅%ဟာ ဘယ်နည်းနဲ့မှ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်လို့မရနိုင်ပါဘူး..။

နောက်၇ှိပါသေးတယ်၊စစ်တပ်မှ စေလွှတ်မဲ့ ကိုယ်စားလှယ်တွေကို ကာကွယ်ရေးဦးစီးချုပ် အမိန့်နဲ့ ၇ုပ်သိမ်းခွင့်၊လှဲလှယ်ခွင့် ပေးထားခြင်းပါ။

ကဲ ...ဘယ်စစ်ကိုယ်စားလှယ်က လှုပ်၇ဲမလဲ..။

ဒီအခြေခံဥပဒေတွေကိုမှ မပြင်ရင်လည်း မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေနဲ့ ဘာမှကွာမှာမဟုတ်ပါဘူး..ဒါဟာ တိုင်းပြည်ကို စေတနာထားပြီး လုပ်ပေးတဲ့ရွေးကောက်ပွဲ မဟုတ်ကြောင်းသက်သေပြနေတာပါပဲ။

စစ်အစိုး၇သည် အာဏာအား လုံးဝခွဲဝေပေးလိုစိတ် မရှိပါ။

(၃) ""လူထုငတ်မှရမယ့် ဒီမိုကရေစီမျိုးကိုမလိုချင်တော့ပါဘူး""

ဒီစကားဟာ အနှောင့်အသွား မလွတ်ပါဘူး..စီးပွားရေးပိတ်ဆို့တဲ့နိုင်ငံတွေကို ပြောချင်တာ ဖြစ်နိုင်သလို ထောက်ခံသူတွေကိုပါ သိမ်းကြုံးပြောနေတာလဲ ဖြစ်နိုင်ပါတယ်.. ။

ဒါဆို စဉ်းစားရမှာက ပြည်သူတွေ ငတ်တာဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆိုတာသေချာပါ၇ဲ့လား..?

စီးပွာရေးပိတ်ဆို့မှုကြောင့် အထည်ချုပ်စက်၇ုံအချို့ ပြန်ရုတ်သိမ်းသွားရတာပဲရှိပါတယ်။တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ယှဉ်လိုက်ရင် ဒါဟာ မပြောပလောက်ပါဘူး..အမှန်က ဒီလိုအပိတ်ခံလိုက်ရလို့ စစ်ဗိုလ်တွေ အိတ်ထဲဝင်မဲ့ငွေ နည်းသွားတာပါပဲ..။ပြည်သူမငတ်စေချင်ရင်၊တိုင်းပြည်အပေါ် စေတနာထားရင် ရေနံ၊သဘာဝဓာတ်ငွေ့ ကရတဲ့ငွေနဲ့တင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်နိုင်ပါတယ်။အနည်းဆုံး လျှပ်စစ်မီးတော့ မှန်အောင်ပေးနိုင်ပါတယ်။

တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး အတွက် သုံးစွဲတဲ့ငွေ ပမာဏဟာ စစ်အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာခြားနေခြင်း စီးပွားရေးတွင်တိကျသော မူဝါဒမရှိပဲ လက်သင့်ရာစားတော်ခေါ်နေခြင်း စစ်ဗိုလ် စစ်တပ်နှင့်နီးစပ်သော သူများသာ စီးပွားရေးလောကတွင် ကြီးစိုးနေခြင်းတို့ ကြောင့်သာ ပြည်သူအများ ဆင်းရဲနုံခြာနေရခြင်းဖြစ်ပါတယ်။

ဒါဆို....ရွေးကောက်ပွဲကို ဘာလုပ်မလဲ..... ဘယ်လိုလုပ်မလဲ....?

အဖြေရှိပါတယ်....ဟုသာပြောချင်ပါသည်။

ဒီမိုကရေစီ လိုလားသူများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများ စုပေါင်းပြုလုပ်သင့်သည်မှာ သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးေ၇းအား တောင်းဆိုရန်ပင် ဖြစ်ပါသည်။

အထက်၌ ပြောခဲ့သလို စစ်အစိုးရသည် နိုင်ငံတကာဆက်ဆံရေးတွင် တ၇ားဝင်မှု ရလို၍ သာ ဤေ၇ွးကောက်ပွဲ (၀ါ)အရေခွံလဲပွဲအား ပြုလုပ်ခြင်းဖြစ်ပါသည်။အတိုက်အခံ ဒီမိုကရေစီပါတီများ မပါဝင်သော ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုမည် မဟုတ်ပါ။

ခုလို နေရာလိုချင်သူများ(ရခဲ့သော်လည်းဘာမျှလုပ်၍ မရနိုင်သော)ပါတီနှင့် လူများေ၇ာထွေးနေခြင်း တို့ကြောင့်သာ နိုင်ငံတကာမှ ကန့်ကွက်ရန်အခက် လက္ခံရန်အခက်အနေအထားဖြင့် အသိအမှတ် ပြုသလို ဖြစ်သွားနိုင်ပါသည်။

မဖြစ်နိုင် ဟု ပြော၍ မရပါ။

စည်းလုံးညီညွတ်၇န်သာ လိုပါသည်။

ဤ နေရာတွင် ပြောလိုသည်မှာ နိုင်ငံတကာအား အားကိုးလွန်၍ ပြောဆိုခြင်းမဟုတ်ပါ။ပြည်တွင်းသတင်းစာ ဂျာနယ် စသည်တို့တွင်ေ၇းသားဖော်ပြခွင့် မရသော စစ်အစိုး၏ နိုင်ငံတကာနှင့်ဆက်ဆံ၇ာတွင် မပြေလည်ခြင်းများ၊မျက်နှာငယ်စွာဖြင့်ဝေဖန်ခံနေရမှုများ (များသောအားဖြင့်မျက်နှာပြောင်တိုက်လိမ်ညာ)အစည်းအဝေးပွဲများတွင် တလွဲတချော်လုပ်မှုများ၊သတင်းသမားများ၏ မေးခွန်းများအားမဖြေဆိုရဲသဖြင့် ရှောင်ပြေးရမှုများ ၊ဘဏ်၌သွင်းထားသော ပိုက်ဆံများပြန်ထုတ်မရခြင်း ကုန်သွယ်ရေးများတွင် တရားဝင် ငွေလွှဲပြောင်းလို့မရခြင်း စသည့် အကြောင်းပေါင်းများစွာ ၇ှိနေပါသည်။ဒါတွေသည်ပင်သူတို့ရင်ဆိုင်နေရသော နိုင်ငံတကာ ဖိအား၏ အကျိုးသက်ရောက်မှု အချို့ပင်ဖြစ်ပါသည်။

(ယခုအချိန်တွင်ပင် စစ်အစိုးရ၏ စစ်ရာဇ၀တ်မှုများအား အရေးယူ၇န် နိုင်ငံတကာမှ အားထုတ်ကြိုးပမ်းနေပြီဖြစ်ပါတယ်)

ဆောင်းပါးရှင်သည် ဒီမိုကရေစီသမားဟု ပြောထားသော်လည်း လေသံနှင့် အာဘော်သည် စစ်အစိုးရ ၀ါဒဖြန့်သတင်းစာများတွင်ပါရှိသော လေသံနှင့် အတော်ပင် တူနေပါသည်။

အကယ်၍ ..ဒီမိုကရေစီသမား စစ်မှန်သည် ဆိုလျှင်လည်း နာဂစ်မုန်တိုင်း ကာလတွင် အဓ္ဓမအတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေပညာရှင်များရေးသားထားသော အခြေခံဥပဒေ၏ အားသာချက်(အစိုးရအတွက်)နှင့်အားနည်းချက်(ပြည်သူအတွက်) စာအုပ်တို့ကို သေချာစွာ ဖတ်ရှုစေလိုပါသည်။ (ဖတ်လိုလျှင်စာအုပ်များရှိပါသည်)

အခြေခံ ဥပဒေတွင် တိုင်းရင်းသားများနှင့် ပြည်သူများအတွက် အကျိုးပြုသယောင်နှင့် လက်၇ှိကာလကဲ့သို့ပင် ဆိုးဝါးစွာ ထိန်းချုပ်ထားတာကိုတွေ့ရပါလိမ့်မယ်။

ပြည်တွင်း စစ်အစိုးရ၀ါဒဖြန့်စာစောင်တွေမှာပါတဲ့ အချက်အလက် အမှားတွေပေါ်ကနေ အခြေခံပြီး ပြည်သူကို မျှဝေနေခြင်းဟာ အကျိုးလို၍ မဟုတ်ပဲ နှစ်လို၍သာ ဖြစ်နေပါကြောင်း.............

ဝေဖန်အကြံပေးမှုများအား ကြိုဆိုပါသည်။

(မြန်မာ့အရေး)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.