Monday, October 11, 2010

0 အကျဉ်းသား ၁ သောင်းကျော် လွှတ်ပေးမယ် တဲ့


စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အကျဉ်းသား ၁ သောင်း ၁ ထောင် လွှတ်ပေးမယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ပါမယ် ဆိုတာတော့ ခန့်မှန်းရခက်ပါတယ်။

စစ်အစိုးရက အကျဉ်းသား ၃ ထောင်ကျော်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေးမှာဖြစ်ပြီး တခြား ၈ ထောင်လောက်ကတော့ လွှတ်ရက် စေ့တော့မှာမို့လို့ဆိုပြီး မြန်မာတိုင်းမ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အင်းစိန် ထောင်ဗူးဝ (ဓာတ်ပုံ - Time)

၁ သောင်း ၁ ထောင်ဆိုတော့ ဗေဒင်နဲ့ လှည့်ပြောရတာ ဝါသနာပါတဲ့ မြန်မာတွေအဖို့ ၁၁ မီးငြိမ်းအောင် အစိုးရက ယတြာချေသလားဆိုပြီးလည်း ဝေဖန်ကြဦးမယ် ထင်ပါရဲ့။

နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ဘဲ တခြား ရာဇဝတ် ပြစ်ဒဏ်ကျသူတွေ လွှတ်လာရင်တော့ ကြံ့ဖွံ့က လူမိုက်တွေ အထူးငှားစရာ မလိုဘူးပေါ့လေ။

တခု သတိထားရမှာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုပြီး ကမ္ဘာက တောင်းဆိုနေတာကို ချော်လဲရောထိုင်ဖြစ်ဖြစ်၊ အကျဉ်းအကျပ်ထဲရောက်လို့ ထွက်ပေါက်ရှာရှာတာပဲ ဖြစ်ဖြစ် စစ်အစိုးရက လုပ်တာမျိုးလည်း ဖြစ်နိုင်တယ် ဆိုတာပါပဲ။

source: :www.irrawaddyblog.com/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.