Monday, October 11, 2010

0 မန္တလေးမြို့ရေကြီးမှုကြောင့် ဒုက္ခရောက်နေကြရသောပြည်သူများ (သတင်းဓာတ်ပုံ)


မန္တလေးမြို့၊ ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် အောက်တိုဘာ 6ရက်မှ 8ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (က/ခ/င/ငွေတော်ကျီကုန်း/အင်းခရု/သင်ပန်းကုန်း)ရပ်ကွက်များမှ လူဦးရေ ငါးထောင်ကျော်၏ အိမ်...များ ရေလွှမ်းမိုးခံခဲ့ရ။ ချမ်းမြသာစည်မြို့နယ်အတွင်း ထွန်တုံး/62လမ်းအရှေ့ဘက်ခြမ်း၊ အင်းခရုတံတားမှ အဆင့်မြင့်ရဲစခန်းအထိ လမ်းမကြီးများပေါ်တွင် ရေ တစ်ပေခွဲခန့်အထိတက်နေ။ (10-10-2010 ။ ညရနာရီအချိန်ထိ)။ ချမ်းမြသာစည်ရေဘေးကယ်ဆယ်ရေးစခန်းကြီး ၂ခုနှင့် စခန်းငယ် ၁၀ခုရှိပြီး လူ 6000 ကျော် ရောက်ရှိနေထိုင်လျက်ရှိ။ အချို့ ကယ်ဆယ်ရေးစခန်းများတွင် အလှူရှင်များ၏ အစီအစဉ်ဖြင့် ကိုယ်တိုင်ဝေငှခြင်းများအား ကန့်သတ်ထားပြီး အချို့စခန်းများမှ ပြည်သူများ၏ ပြောပြချက်အရ နံနက်စာအား နေ့လည်3နာရီခန့်တွင် ရရှိခဲ့ဖူးကြောင်း သိရ။

Photos of Mandalay Flood by Kyaw Min Htet (Mdy)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.