Saturday, September 25, 2010

0 Than Shwe’s ‘Final Solution’ for ethnic Burma


DVB

0 ဂျပန်နိုင်ငံရှိUNရုံးရှေ့တွင်(၃)နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားယနေ့ပြုလုပ်


ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်ပြည့်အခမ်းအနားဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ထုတ်ပြန်ကြေငြာချက်ကိုဒီမှာဖတ်ရှုပါ။
ဓာတ်ပုံ။ ။ ဦးသန်းဝင်း။ Branden Brazil

0 လူသာဆုံးတယ် ကျန်တာမရှုံးတဲ့ သားဂျာနယ်ကျော်



ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် တစ်ဘ၀ခန္ဓာကို စွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအား ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သား ကဗျာဆရာ၊ စာရေးဆရာ တစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီ တော်မြတ်တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြ ပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသော ပရဟိတ လုပ်ငန်းကို ဦးဆောင်မျိုးစေ့ချပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိ ပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်း သံဃာတော်များအား အင်္ဂလိပ်စာကို ပညာဒါနအဖြစ် သင်ကြားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထိုသို့သော စာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများ လုပ်ဆောင်ပေးဆပ်ခဲ့သူ တစ်ဦးအနေနှင့် မရဏမင်းအား စိန်ခေါ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သော လူသားများအား “မှာပါရစေ … ပြောပါရစေ” ဟု မှာတမ်းခြွေကာ မရဏမင်းဆီ ပျော်ပျော်ကြီး လိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”

(၁)

ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊ သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာ ကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။

မိုးဟိန်း (သားဂျာနယ်ကျော်)

ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာ အသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပေးခဲ့ပါသည်။ ယင်း အခမ်းအနား တွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ၊ စာပေလောကမှ ကဗျာ ဆရာ၊ စာရေးဆရာများ၊ ပရဟိအဖွဲ့အစည်းများမှ လူမှုရေးသမားများ စုံညီစွာ လာရောက်ကြသည်။

လူသားများအတွက် လိုအပ်သော သာသနာရေး၊ ပညာရေး၊ အကျိုးပြု ကဗျာ/စာပေနှင့် ပရဟိတ လုပ်ငန်းများကို နောက်ဆုံးထွက်သက်အထိ ပေးဆပ်သွားသော ဆရာဦးမိုးဟိန်း (သားဂျာ နယ်ကျော်) တစ်ယောက် “လူသာဆုံးတယ် ကျန်တာမရှုံး” ဟု ဆရာကပြောခဲ့သော်လည်း ဤကဲ့သို့ မြင့်မြတ်သော လူသားတစ်ဦး ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်းသည် “လူသာဆုံးတယ် ကျွန်တော်တို့ အတွက်တော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင်” ဖြစ်တော့သည်။

ဆရာပြောခဲ့တဲ့အတိုင်း “ဟောဒီ ချစ်ရတဲ့မိခင်မြေကို ပြန်လာခဲ့မယ်မုချ” ဆိုတဲ့ စကားရပ် အတိုင်း ကမ္ဘာမြေပြင်ရှိ မြန်မာပြည်တွင်းမှာ ကျွန်တော်တို့ သက်ရှိထင်ရှား ရှိနေဆဲအချိန်၌ ဆရာပြန် အလာကို စောင့်စားလျှက် . . . . ။

ကိုကျော်သူ

0 မှာပါရစေ ပြောပါရစေ

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)



Friday, September 24, 2010

0 တိုက်ပွဲသာ ၀င်လိုက်ကြပါစို့


၈၈၈၈ ကို အကြောင်းပြုလို့

ညီညာစွာ ပေါင်းစုလို့ပြခဲ့ပြီးပြီ

လူပင်လယ် နဲ့ သွေးကွက် အိုင်

သေနတ်ကိုင်ထား တဲ့ စစ်တပ်

အသိညဏ်ဗလာ ဖြူခါကျအောင်

မွဲနေတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပြစွာဆက်ဆံခဲ့တာ

တွေးချင်စရာ မရှိပါဘူး .....။

ကျောင်းသားတွေ သွေးမြေကျခဲ့တယ် ၊

လူတွေကို သတ်ပြခဲ့တယ် ၊

သံဃာတွေကို ဦးခေါင်းကို ရိုက်ခွဲခဲ့တယ် ။

ဒါတွေကို အတိတ်မှာ ထားခဲ့ပြီး

သူတို့တတွေ

ကြိုးဆွဲရာ ကကြမှာလား............. ။

ပါတီကို အကြောင်းပြု လူတစ်စုကလည်း

ကြွေးကြော်နေကြပြန်တယ်

ဒီလမ်းအမှန် ဒီမိုကရေစီကို ချဉ်းကပ်ပြန်သတဲ့ ။

ညဏ်မပါ ပလီပလာ အတတ်တွေနဲ့

ရီစရာ အတော်ပြောတတ်တယ်

ငါလည်းလေ လောကီသားပေမို့

ပွင့်လင်းစွာ ရှင်းရတော့

မြွေဆိုတာ အရေခွံလည်းပေမယ့်

သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ သာပ

ဖွေရှာကာ တွေးကြပါတော့ ----။

ငါတို့ အမျိုးတွေ သူခိုးတွေ ချည်းပါဘဲလို့

ကြွေးကြော်လို့ မာန်ဝင့် ချင်စရာ

ယူနီဖောင်းနဲ့ သူတောင်းစားတွေ

တောင်းစားနေကြ နေရာတကာ

သဒ္ဒါသလောက် ပေးခဲ့ကြပါတဲ့

သြော် မြန်မာပြည်ရယ် ဂုဏ်ယူစရာ

ကောင်းလိုက်ပုံက နေရာတကာ

သူတောင်းစားတွေ ချည်းပါဘဲ ...........။

သူရဲကောင်း တံဆိပ်တွေ ရင်မှာ ချိတ်ပြီး

သေနတ်တွေ ခါးမှာ ထိုးထားပေမယ့်

ကြောက်စိတ်တွေ ကတော့ သြချလောက်ပါပေတယ် ။

မိန်းမတစ်ယောက်ကို ရန်ရှာကာ ချုပ်ချင်တော့

အတင်းတွေ လည်ကာ တုတ်တာဖြင့်

မကြားဝံ့မနာသာ

အရှက်တရား ရယ် ကုန်ခမ်းနေပုံက

နှိုင်းစရာတောင် အတော်ရှားတာပ

စိတ်ပျက်ဖွယ်ရာ ............။

သာသနာတော် လှည့်ကာတွေးရင်လည်း

သုံးနှစ်သာ ကြာသေးတာပ

ပခုက္ကူမှာ အခြေပြုလို့ လူ့မိစ္ဆာ လူတစ်စု

အမျိုးဖျက်မည့် အကြံနှင့် ထိုးနှက်မည်ကြံလာ ကြသည် ။

ထိုအခါဝယ် ပြည်သူအပေါင်းတို့

ကြပ်တည်းလို့ ကျဉ်းမြောင်းလာ

ဝမ်းစာအရေး ပင် ခက်နေသေးတာရယ်ကြောင့်

ဒကာတွေ ပြေလည်စေ ကြောင်းသာပ

သံဃာတွေ ခြေညောင်းခံကာ

လှည့်လည်လို့ မေတ္တာပွားတယ်

မြန်မာပြည် သာသနာ လွှမ်းလိုက်ပုံက မေတ္တာသုတ်ရွတ်တာ

ရှင်ရဟန်း မဟုတ်ပါဘူးတဲ့ ဖမ်းချုပ်ကြတာ ........။

သြော်... တကယ်ပါလေ ဆက်ကာ မရေးချင်ဘူး

ဤမြေမှာလေ တက်ကာ ကြွေးကြော်လိုက်ချင်တာက

တမျိုးသားလုံး အတွက်

ပေးဆပ်စရာ တကယ်များတာဘဲ

တွဲလက်ကယ် ညီညာစွာဖြင့်

တူပျော်စွာ ချီတက်ကြမယ်

ရရာ လက်နက်ကိုင်ကာ စွဲလို့

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့............။

ခင်မင်လေးစားလျှက်

ဗမာ့သွေး


Thursday, September 23, 2010

0 “အထူအပါး”၏ အရှင်သခင်အား မွေးဖွားပေးခဲ့သော ဖခင်ကြီး


“အထူအပါး”၏ အရှင်သခင်အား မွေးဖွားပေးခဲ့သော ဖခင်ကြီး

မြန်မာပြည်သူ/သားများ၏ ဘ၀အခြေအနေ၊ ပတ်ဝန်းကျင်တွင် ရုန်းကန်လှုပ်ရှားရမှု၊ လောကဓံ အား ရင်ဆိုင်ကြုံတွေ့မှု စသည်များကို ပြည်သူ/သားများအတွင်းသို့ ထဲထဲဝင်ဝင် ၀င်ရောက်၍ ခံစား ရေးဖွဲ့ထားသည့် မြန်မာပြည်တွင်းရှိ လူသားများ၏ သမိုင်းအစစ်အမှန်၊ ဖြစ်ရပ်မှန်များဖြစ်သော “အထူအပါး” ၀တ္ထုတိုပေါင်းချုပ်အား မွေးဖွားပေးခဲ့သော မိခင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် (နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး)၏ မွေးဖခင်ကြီး ဦးချစ်အောင် အသက် (၈၄) နှစ် သည် ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့ပါသည်။

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဦးစီး၍ ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ပေးခဲ့ပါသည်။ ယင်းအခမ်းအနားသည် စာရေးဆရာ/မများ၊ ပရဟိတ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ကြီးများ၊ စာဖတ်ပရိတ်သတ်များ၊ ကျိုက်ထိုမြို့နယ်ရှိ မိတ်ဆွေများ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား လေးစားချစ်ခင် ကြည်ညိုကြသည့် ပရိတ်သတ်များစွာတို့နှင့်အတူ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။

ထိုကဲ့သို့ တိုင်းကျိုးပြည်ကျိုး ပေးဆပ်ကြသော ပုဂ္ဂိုလ်ကြီးများ။ ယင်းပုဂ္ဂိုလ်ကြီးများအား မွေးဖွားသန့်စင် ပျိုးထောင်ပေးခဲ့ကြသော မိခင် ဖခင်ကြီးများ။ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြခြင်း သည် ကျွန်တော်တို့ ပြည်သူ/သား လူသားများ အားလုံးအတွက် ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကမ္ဘာမြေပြင်မှ ထွက်ခွာသွားကြသော လူသားအကျိုးပြု မိခင် ဖခင်ကြီး များ၊ သူရဲကောင်းများ၊ အာဇာနည်များ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း တိုးပွားလာအောင် ပေးဆပ်ရတော့မည် ဖြစ်ပါသည်။

သတင်းနှင့်ဓာတ်ပုံအတွက် ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 Aung San Suu Kyi (အင်္ဂလိပ်စာတမ်းထိုး)

0 နာရေးကူညီမှုအသင်း(ရန်ကုန်)က ၀တ်ကုသိုလ်နှင့် စနစ်ဟောင်းကိုပယ်ပြီး စနစ်သစ်နှင့်စပြီ


ဝတ်ကုသိုလ်

၂၀၁၀ ခုနှစ် အတွင်းတွင် ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့် အခမ်းအနားတွင် ပွဲဦးထွက်အဖြစ် ရွတ်ဖတ်ပူဇော်ပြီးသည့်နောက် . . .

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက်ပိုင်းတွင် လှိုင်မြို့နယ်နေ ဦးအုန်းမောင် အသက် (၇၃) နှစ် နာရေးလမ်းကြောင်းအား နေအိမ်မှ ရေဝေးသုဿန်သို့ တိုက်ရိုက်မီးသင်္ဂြိုလ်မည် ဖြစ်သည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့က မော်တော်ယာဉ်တစ်စီးဖြင့် လိုက်လံ ရွတ်ဖတ်ပူဇော် အမျှပေးဝေ ခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဖခင် ကွယ်လွန်သူ ဦးချစ်အောင် အသက် (၈၄) နှစ်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန် ခန်းမဆောင်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်အဖွဲ့မှ သံဝေဂလင်္ကာများ ရွတ်ဖတ်ပူဇော် အမျှပေးဝေခြင်းတို့ကို ကုသိုလ်ဖြစ်ပေးဆပ် ကူညီပံ့ပိုး ပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးကုသမှု၊ အခမဲ့ ပညာဒါန .. စသည်တို့သည် အများပြည်သူအတွက် လူမှုရေးနှင့် ပတ်သက်သော လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သော လူမှုရေးကိစ္စရပ်များကို ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ပေးဆပ်လျှက်ရှိရာ အများပြည်သူအတွက် ငြိမ်းချမ်းမှုကို ရရှိစေခဲ့သည်။ အများအတွက် သာမက မိမိအတွက်ကိုပါ ကောင်းကျိုးချမ်းသာ ရရှိစေမည် ဖြစ်ပါသည်။ ထို့အပြင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအဖွဲ့ (၀တ်အဖွဲ့)၏ ကုသိုလ်စိတ်ဖြင့် သံပြိုင်သီဆို ပူဇော်မှုတို့သည် နတ်လူအပေါင်း ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်မြောက်ကာ သောကကင်းဝေး ငြိမ်းချမ်းသာယာမှု အပေါင်းတို့ကို ရရှိကြပါမည်။




စနစ်ဟောင်းကိုပယ် … စနစ်သစ်နှင့်စပြီ

လူသေလျှင် လူသေကို မကိုင်ချင်ကြ၊ မထိချင်ကြ၊ ရပ်ကွက်ပြင်ပတွင် သေဆုံးလျှင် ရပ်ကွက်တွင်းသို့ မသွင်းချင်ကြ၊ လူသေ၏ ခန္ဓကိုယ်အား တိရစ္ဆာန်ပမာ ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း၊ တိရစ္ဆာန်မသာများကြတော့ ခုတ်ထစ်ချက်ပြုတ် မြိန်ရည်ရှက်ရည် စားသောက်ကြ … စသည့် အယူသည်းမှုဝါဒများ ဒိဋ္ဌိအယူစွဲများ ပပျောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် နာရေးလမ်းကြောင်းများတွင် နာရေးရှင်၊ ရပ်ကွက်သူ/သားများအား ရှင်းလင်း ပြောကြားကာ အယူသည်းမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေကြသည်။

ယနေ့ ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် လူသေများကို သယ်ဆောင် ပို့ဆောင်ရာ၌ စည်းစနစ်ကျစွာ၊ လူသေ၏ ခန္ဓာကိုယ်ကို သက်ရှိလူသားတစ်ဦးအနေဖြင့် ကိုင်တွယ်ပုံ၊ အ၀တ်အစားများ ၀တ်ဆင်ပေးပုံ၊ မျက်နှာအနေအထား သပ်ရပ်စွာဖြင့် ကြည့်ရှုကောင်းအောင် ပြုပြင် သယ်ဆောင် ဖေးမမှုများ ပါဝင်သော ဂျပန်ရုပ်ရှင်ကား (အကယ်ဒမီ ၁၀ ဆုရ) DEPARTURES အမည်ရှိ ဇာတ်ကားအား ပြသရှင်းလင်း ခဲ့ပါသည်။ ထို့အပြင် တိုက်အမြင့်များမှ သယ်ဆောင်ရသော ရုပ်အလောင်းများအား ယခင်က အ၀တ်များဖြင့် ပတ်၍ ပုဆိုးဖြင့် သိုင်းကာ သယ်ဆောင်မှုများကို စွန့်လွှတ်ပြီး ယခု စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များတို့မှ လှူဒါန်းထားသော ရေလုံဇစ် အိတ်၊ လူသေတင်၍ သယ်ပိုးထမ်းချရသော အထမ်းစဉ် စသည့် ပစ္စည်းကိရိယာများကို သုံးစွဲပုံ သုံးစွဲနည်းနှင့် မှတ်တမ်းဓါတ်ပုံများကို ပရိုဂျက်တာဖြင့် ပြသခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မသင့်လျှော်သော နည်းစနစ် များ၊ အယူသည်းမှု အစွဲအမှားများ စသည်တို့ကို ဖယ်ရှား၍ ကောင်းမွန်စည်းစနစ်ကျသည့် လုပ်ရပ်များ ပေးဆပ်မှုများဖြင့် စေတနာ အနစ်နာ ဂရုဏာ မုဒိတာ တို့ကို လက်ကိုင်ပြုကာ ရှေ့ဆက်၍ ပေးဆပ် ကူညီဖေးမ ပံ့ပိုးပေးနိုင်တော့မည် ဖြစ်ပါသည်။

ကိုကျော်သူ


0 နှစ်(၇၀)ထောင်ဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ၏ဖခင်ကွယ်လွန်


နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးရဲ့ ဖခင် ဦးအုန်းမောင် မနေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ နှလုံးရောဂါကြောင့်ကွယ်လွန်သွားပါတယ်။ ဉီးအုန်းမောင် (အသက် ၇၄ နှစ်)ဟာ လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် သီရိမြိုင် ၃ လမ်း နေအိမ်မှာ ကွယ်လွန်သွားတာပါ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဗန်းမော်ထောင်မှာ ထောင်ဒဏ် နှစ် ၇၀ ကျ နေတဲ့ မမာမာဦးကတော့ ဖခင်ဖြစ်သူ ကွယ်လွန်တဲ့အကြောင်းကို မသိရသေးဘူးလို့ မမာမာဦး ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ပြောပါတယ်။ မမာမာဦးဟာ ငယ်စဉ်ကတည်း မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ပြီး ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းလာခဲ့ရတာလို့ သူ့နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်ဟောင်းတွေက ပြောပါတယ်။ ဈာပနကို မိသားစုဝင်တဦးမှမရှိဘဲ မမာမာဦးရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် ဟောင်းတွေကပဲ ကူညီဆောင်ရွက်ပေးကြရပြီး ဉီးအုန်းမောင်ရဲ့ ကျန်ကြွင်းတဲ့ရုပ်ကလာပ်ကို မမမာမာဦးနဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုက်အဝန်းက ဒီနေ့မွန်းလွဲ ၁ နာရီ ရေ ဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ပြီးစီးပါတယ်။

ဖခင်ရဲ့နာရေးသတင်း သမီးသိရအောင် မမာမာဦးရဲ့နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်တွေက ဗန်မော်ထောင်ကို ဖုန်းဆက်အကြောင်းကျပေမယ့် ဖုန်းလက်ခံတဲ့ အရာ ရှိက ထောင်အတွင်းထဲကိုဝင်လို့မရကြောင်း၊ ထောင်အာဏာပိုင်တွေကို ပြောပြမှာ ဖြစ်ကြောင်း ဖြေတယ်လို့ ဆိုပါတယ်။

မမာမာဦး အပါအဝင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ၁၄ ဦးကို စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးပြီး ၂၀ဝ၈ နိုဝင် ဘာမှာ ထောင်ဒဏ် ၆၅ နှစ်စီ စီရင်ချက်ချခဲ့ပါတယ်။ မမာမာဦးကိုတော့ ၂၀ဝ၅ ခုနှစ်တုန်းက လက်ကျန်ထောင်ဒဏ် ၅ နှစ်ကိုပါ ပေါင်းပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ချထားတာပါ။

(dvb)

0 ကျောခိုင်း ထွက်လာကြပါ

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး

မကြာခင်မှာ ရွေးကောက်ပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ စစ်အစိုးရက သူတို့စိတ်ကြိုက် စနစ်တကျ စီစဉ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရသလို အနှစ်နှစ်ဆယ်လုံးလုံး လိုသလို ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မူတည်ပြီး စစ်တပ်အာဏာ တရားဝင် ဖြစ်ရေး၊ အနာဂတ် မြန်မာ့နိုင်ငံရေး လောကကို စစ်တပ်က ဆက်လက်ကြိုးကိုင်နိုင်ရေးအတွက် တစ်ဖက်သတ် အပေါ်စီးယူပြီး လုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံး၊ သိသာမြင်သာ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီးများ ဦးဆောင်တဲ့ ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီအဖြစ် မျက်နှာပြောင်တိုက် ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်တဲ့ အချက်ပါပဲ။ အရှက်သိက္ခာ မရှိတဲ့နေရာမှာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုတောင် သူတို့ မလိုက်နာနိုင်တဲ့ အထိပါပဲ။ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ စစ်အုပ်စု အာဏာသိမ်းယူစဉ်က ဥပဒေပြဋ္ဌာန်းခဲ့ ပါတယ်။ အခု ကြံ့ဖွံ့ပါတီဝင် သန်း (၂၂) သန်းကျော်ထဲမှာ နိုင်ငံဝန်ထမ်းက တစ်ဝက်လောက် ပါနေတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဘာအကြောင်းအချက်မှ ထုတ်ပြန်ရှင်းလင်းတာ မရှိပါဘူး။ အဲဒီ ပါတီဝင် အင်အားတွေရဲ့ မဲအပါအ၀င် မတရားသော နည်းလမ်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးကို ရတဲ့ပုံစံနဲ့ ယူကြပြီး စစ်အုပ်စု အာဏာတည်မြဲအောင် လုပ်ကြမှာပါ။

ကြံ့ဖွံ့ပါတီဟာ လွှတ်တော်သုံးရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းပေါင်း (၁၀၀၀) ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲက တစည ပါတီကို ဖယ်ပြီး ကျန်ပါတီအားလုံးရဲ့ ကိုယ်စားလှယ်တွေကို ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တစ်ဝက် မရှိပါဘူး။ ဒီအချက်က ဘာကို ပြသလဲဆိုရင် တစ်ချို့ပါတီတွေ ပြောပြောနေတဲ့ လွှတ်တော်ထဲဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သိသာစေပါတယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ် အားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းရှိမှ ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်သွင်းခွင့် ရှိတာပါ။ ပြင်မယ် မပြင်ဘူး စဉ်းစား ဆုံးဖြတ်တဲ့ အဆင့်မဟုတ်ပါဘူး။ အဆိုတင်သွင်းရုံ တင်သွင်းခွင့်ပဲ ရှိတာပါ။

အတိုက်အခံ ကိုယ်စားလှယ် အားလုံး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် လွှတ်တော်ထဲမှာ နှစ်ဆယ်ရာခိုင်နှုန်း မရှိသေးပါဘူး။ ဒါကြောင့် ဘယ်နည်းနဲ့မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လို့မရနိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်သမျှ မြန်မာ့နိုင်ငံရေးဟာ စစ်ဗိုလ်ချုပ်၊ စစ်အုပ်စုတွေရဲ့ လက်ထဲမှာပဲ ရှိနေဦးမှာပါပဲ။

အတိုက်အခံ ပါတီတွေရဲ့ အနေအထားက ရွေးကောက်ပွဲမှာ နိုင်ဖို့ကလည်း မသေချာ၊ နိုင်ခဲ့ပြန်ရင်လည်း ကိုယ်အင်အားက တစ်ဘက်ရန်သူကို တိုက်ခိုက် အနိုင်ယူနိုင်တဲ့ အခြေအနေလည်း မရှိ။ လွှတ်တော်ထဲက ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ပေးတာယူ၊ ကျွေးတာစား၊ လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရတဲ့ ရုပ်သေး အမတ်၊ စစ်အာဏာရှင်တွေ အလိုကျ လိုက်လုပ်ရတဲ့ ခိုင်းဖတ် အမတ်တွေပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒါဆိုရင် ပြည်သူလူထုတွေ အနှစ်နှစ်ဆယ်လုံးလုံး မျှော်လင့်တောင့်တခဲ့တဲ့ ဒီမိုကရေစီက ဘယ်လိုရတော့မှာလဲ။ ဒီအနေအထားနဲ့ကတော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ မရနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလဲ မြန်မာလူထုကတော့ စစ်ကျွန်ပဲ ဖြစ်နေရဦးမှာ သေချာပါတယ်။

ဒီအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဘာလုပ်ကြမလဲ။ အတိုက်အခံ အင်အားစု အားလုံးစဉ်းစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ အကောင်းဆုံးကတော့ စစ်အာဏာရှင် စနစ် တရားဝင် တည်ရှိရေးအတွက် စစ်အုပ်စုက မဖြစ်မနေ လုပ်ချင်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အတိုက်အခံပါတီအားလုံးက သပိတ်မှောက်ပြီး ကျောခိုင်း ထွက်လာကြပါလို့ ပြောချင်ပါတယ်။ လောလောဆယ်မှာ ဒီနည်းလမ်းကပဲ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေပြီး နိုင်ငံတကာရဲ့ စိန်ခေါ်မှုတွေနဲ့ စစ်အုပ်စု အကျပ်ရိုက်စေနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ (voa)

0 NLDပါတီကို ကူညီဖို့ အမေရိကန် NGOကမ်းလှမ်း


အမေရိကန် နိုင်ငံက အစိုးရမဟုတ်တဲ့ မဟုတ်တဲ့ အဖွဲ့အစည်းတွေက NLDပါတီကို အကူအညီပေးဖို့ ကမ်းလှမ်းလာကြောင်း NLDပါတီက ထုတ်ဖော်ပြောဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းက အမေရိကန် သံအမတ်ကြီးအိမ်မှာ တွေ့ဆုံခဲ့တဲ့ တွေ့ဆုံပွဲမှာ ခုလိုပြောဆိုခဲ့ တာပါ။

ခုလို ကမ်းလှမ်းတဲ့ အဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ လူသားချင်း စာနာမှု အထောက်အကူပြု အဖွဲ့တွေ ကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေက ပြောဆိုခဲ့တာပါ။

အစည်းအဝေး တက်ရောက်တဲ့ NLDပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်းနိုင်းက ခုလိုပြောပါတယ်

“Key point လေးတခုက သူပြောထားတာ ရှိတယ်ဗျ။ ဒီလိုတဲ့ လူမှုရေးလုပ်ငန်းတွေကို ကူညီရင်တဲ့ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုကို အထောက်အကူ ပြုမပြုလည်း သိချင်ပါတယ်တဲ့။ သြော် ဒါကတော့ဗျာလို့၊ ဒီကိစ္စက လူတွေအများစုနဲ့ တာဝန်ယူ လုပ်တဲ့ကိစ္စတွေက ဒီမိုကရေစီ ကျင့်စဉ်တွေပါပဲလို့။ အဲဒီတော့ တိုးတက်နိုင်ပါတယ်လို့ ကျွန်တော် ပြောပြလိုက်တယ်လေ။”

တွေ့ဆုံပွဲမှာ စစ်အစိုးရက NLDပါတီကို ဖျက်သိမ်းခဲ့တဲ့ အတွက် ဘယ်လို ဆက်လက် ရပ်တည်မလဲဆိုတာကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ NLDပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ခုလိုပြောပါတယ်။

“သူတို့ ပူပန်တာပေါ့ဗျာ။ ပူပန်တယ်ဆိုတာက ကျွန်တော်တို့ကို အခုလို မကြာသေးခင်က အမိန့်ထုတ်တာနဲ့ ပတ်သက်လို့ ဒါတွေအကုန်လုံး ဖျက်သိမ်းပစ်မယ် ဘာညာ ပြောတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ သူတို့ ရှေ့ဆက်ပြီးတော့မှ ဘာများ လုပ်ဦးမလဲလို့ ဒီလို သူတို့ ဘယ်လို ဖြစ်မလဲပေါ့၊ အဲဒါလေးတွေ ဆွဲပြီးတော့ ဒါကို သူတို့ ဆွေးနွေးတာပါ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ခါတိုင်း ပြောပြသလိုပါပဲ၊ ဒါ အဖွဲ့ချုပ်က ဒါ နိုင်ငံရေးပဲ ဆက်လုပ်နေတာပဲ။ ကျွန်တော်ကတော့ ဒီ ကျွန်တော်တို့ အဖွဲ့ချုပ် စတည်ထောင်တဲ့အချိန်က စပြီးတော့ နောက်ဆုံး ဒီနေ့အထိ ကျွန်တော်တို့ ဒီ အကန့်အသတ်၊ အချုပ်အချယ်၊ အနှိပ်အစက်တွေပေါ့ဗျာ၊ ဒါလေးတွေ အကျဉ်းပြောလိုက်ပြီးတော့ ဒီနေ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ အချုပ်ထဲမှာ ရှိနေတာတွေအထိ ဖြစ်ခဲ့တာလေးတွေ ပြောလိုက်တယ်ပေါ့ဗျာ။”

ဒါ့အပြင် “Key pointပါတီ လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ အပြင် လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးလိုကြောင်း ကမ်းလှမ်းလာတယ်လို့ သိရပါတယ်၊ ဒီကနေ့ ဆွေးနွေးပွဲမှာ အမေရိကန်ဖက်က အကြီးအကဲ ၆ ယောက် တက်ရောက်ပြီး NLDပါတီဖက်က ဦးတင်ဦးနဲ့ ဦးနိုင်းနိုင်းတို့ တက်ရောက်ခဲ့ကြတာပါ။
(RFA)

Wednesday, September 22, 2010

1 ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အစုအဖွဲ့(၂၀) ပူးပေါင်းဖွဲ့စည်းထားသော စစ်အာဏာရှင်စနစ်ဆန့့် ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု




ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အစုအဖွဲ့  (20) ပူးပေါင်းဖွဲ့ စည်းထားသောစစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီ၏ ပြည်တွင်းလှုပ်ရှားမှုကို 19.9.2010 ရက်နေ့ နံနက်ပိုင်းပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အတွင်း လမ်းများပေါ်တွင် ဖြန့်ဝေသောလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း ဖြန့်ဝေစာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊2010 ရွေးကောက်ပွဲအား မဲမပေးရေး၊ ပြည်သူ့အစိုးရဖွဲ့စည်းရေး ဟူသောစာသားများပါဝင်သည့် ဖြန့်ဝေစာနှင့် မြန်မာပြည်မြေပုံပေါ်တွင် Free Burma အမည်ပါ ရုပ်ပုံပါစာရွက်များကို ရွက်ရေ ၃၀၀ ခန့် ဖြန့်ဝေသော လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း။

0 ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားNLD ပါတီ ဥက္ကဌကြီး ဘဘဦးတင်ဦး ကြွရောက်ချီးမြှင့်



ယနေ့ စက်တင်ဘာလ ၂၁ ရက် - အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ် (၁၄) နွယ်နီလမ်း၊စောရန်ပိုင်အနောက်ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၏ နေအိမ်တွင် ဒီမိုကရေစီအင်အားစုများစွာဖြင့် ကျင်းပခဲ့ပါသည်။

နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ် (၅) ပါးမှ (၅) ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြပါသည်။၊ ထို့နောက် ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး (၈၈ကျဆုံး) ၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။

ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့်
ကျောင်းသားလူငယ်မျိုးဆက်သစ်များကို အမြန်လွတ်ငြိမ်းချမ်းသာရပါစေခြင်းငှာ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ထို့ နောက် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်များအား ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက်အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာမျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌကြီး ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင်(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦး NLDပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ) ၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။

ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။

ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ) က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ (၃) ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီးကျင်းပပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်းခဲ့ပါတယ်။

BP ။ ။ ကိုလူမော်လတ်ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေး သိပါရစေ။

ကိုလူမော် ။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ အမျှပေးဝေချင်လို့ပါ။ ကျွန်တော့်အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့်အဖေက အလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေလည်း မဟုတ်ဘူး၊ သူပုန်သူကန်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည်တွေ့ဆုံစေဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြားဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကို စာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ တွေတွေကျခဲ့သလို၊ ကျွန်တော်အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး အမြန်ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)

လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။

0 လောကကြီးက မတရားဘူး

(၁) မောင်ရန်လင်း တစ်ယောက် မြောက်ဒဂုံမြို့နယ် နေအိမ်အနီးရှိ ရေအိုင်ထဲတွင် ဆော့ကစားနေသည်။ ငါးကလေးများအား လိုက်လံ ဖမ်းဆီးနေသည်။ ခဏအကြာ “အား” ခနဲ အော်သံနှင့်အတူ ရေအိုင်တစ်ခုလုံး ရဲရဲတောက် နီရဲသွားသည်။ ထိုအခါမှ မိခင်ဖြစ်သူသည် အပြေးအလွှား ရောက်လာကာ မောင်ရန်လင်းအား ပွေ့ချီ၍ ကြည့်ရှုမိတော့သည်။ မောင်ရန်လင်း ခြေဖ၀ါးတစ်ခုလုံး သွေးသံရဲရဲနှင့် ဟက်တက် ကွဲနေသည်ကို တွေ့ရသည်။ ပုလင်းကွဲကြောင့်လား၊ သံပြားကြောင့်လားတော့ မသိ။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ရောက်လာတော့သည်။ ဒေါက်တာ ထူးထူးကျော်နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ သူနာပြုဆရာမများက ၀ိုင်းဝန်း၍ ကူညီဖေးမ ကုသပေးတော့သည်။ ကွဲသွားသော ခြေဖ၀ါး မှ ဒဏ်ရာအား ထုံဆေးပေးကာ ဆေးထည့်၍ ချုပ်ပေးလိုက်သည်။ မောင်ရန်လင်း ခမျာ နာကျင်လွန်း၍ ငိုရှာတော့သည်။ အငိုတိတ်အောင် ၀ိုင်းဝန်း၍ ချော့မြူခြင်း၊ Pucci Cake မိသားစုမှ လှူဒါန်းထားသော ဘီစကစ်ထုတ်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကပေး၍ နာကျင်မှု ဒဏ်ရာ ပျောက်ကင်းအောင် “သတ္တိရှိတဲ့ ယောက်ျားလေးကွ၊ ဗမာ့သွေးကွ” ဟူ၍ အားပေးကာ ချော့မြူ ခဲ့ရသည်။ ဒဏ်ရာကို ချုပ်ပေးအပြီး ပိုးသတ်ဆေး ထိုးပေးကာ ဒေါက်တာ ထူးထူးကျော်နှင့် မောင်ရန်လင်း၏ မိခင်နှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးပေးခဲ့သည်။

(၂) တောင်ဒဂုံမြို့နယ်နေ ဦးကျော်ကျော်ဦးနှင့် ဇနီးဖြစ်သူတို့သည် တစ်နေကုန် စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှား ခဲ့ရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတို့ကို အနားပေးခြင်းဖြစ်သော အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်မောကျတော့သည်။ နံနက် လင်းအားကြီး (၄း၀၀) နာရီခန့်တွင် “ဗွမ်း” ဆိုသော အသံကို ကြားမိသည်။ အိမ်အောက်မှ ငါးပွက်လေသလား၊ အိပ်မက်လေလားဟု ထင်မိကာ ပြန်လည်အိပ်စက် မိတော့သည်။ နံနက် (၅း၀၀) နာရီခန့်တွင် ခြေရင်းတွင် အိပ်နေသော မိမိတို့၏ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်အား လက်ဖြင့် စမ်းမိသည်။ မရှိတော့ . . . သားငယ်လေး မရှိတော့။ အနီးနားတွင် ထ၍ ရှာမိသည်။ မရှိ။ အိမ်ပတ်ဝန်းကျင်တွင် ရှာမိသည်။ မရှိ။ မိမိတို့တဲအိမ်၏ ကြမ်းခင်းတွင် အပေါက်တစ်ခုရှိနေသည်။ ထိုအပေါက်ထဲသို့ ခြေထောက်ဖြင့် ထိုး၍ ရေအိုင်ထဲသို့ စမ်းကြည့်သည်။ ခန္ဓာကိုယ်တစ်ခုကို စမ်းမိသွားသည်။ အလျင်အမြန်ဖြင့် ထိုခန္ဓာအား ၀ိုင်း၍ မကြည့်သော် သားငယ်လေး မောင်မျိုးကျော်ကျော် ဖြစ်နေတော့သည်။ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်သည် အိပ်နေရင်း ထိုကြမ်းပေါက်မှ ရေထဲသို့ ကျသွားခြင်း ဖြစ်တော့သည်။ သားငယ်လေး အသက်မရှိတော့။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်မျိုးကျော်ကျော်၏ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ရတော့သည်။ ကျန်ရစ်သူ မိဘနှစ်ပါးနှင့်တကွ ရပ်ကွက်သူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)က ၀န်ထမ်းများ၊ အသင်းသူ/သားများ အားလုံး ကြေကွဲကြရသည်။

ထိုအကြောင်းအရာ နှစ်ခုအား စမ်းစစ်ကြည့်ပါက မိဘတို့၏ ပေါ့ဆမှု၊ အုပ်ထိန်းခြင်း ပေါ့လျှော့မှု ဟု အပြစ်တင် မရ။ လူကြီးမိဘများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ ဘ၀ခရီးကြမ်းကို ရုန်းကန်လှုပ်ရှားရမှု … စသည်တို့ကြောင့် မိမိတို့၏ ရင်သွေးငယ်များအား အချိန်ပြည့် ဂရုမစိုက်နိုင်ခြင်း၊ အချိန်ပြည့် မကြည့်ရှုနိုင်ခြင်းတို့ကြောင့် ဖြစ်တော့သည်။

ထို့ကြောင့် မျိုးဆက်သစ် ရင်သွေးငယ်များ ဆုံးရှုံးရခြင်းများသည် မိခင် ဖခင်တို့၏ အပြစ်လား … ?

မိခင် ဖခင်တို့၏ ဂရုမစိုက်မှုကြောင့်လား … ?

စီးပွားရေး ကျပ်တည်းမှုကြောင့်လား … ?

ဆိုးဝါးလှသော ဘ၀ကို ရုန်းကန်လှုပ်ရှားနေရမှုကြောင့်လား … ?

ပတ်ဝန်ကျင်၏ ဆိုးကျိုးများကြောင့်လား … ?

မည်သို့ဖြစ်စေ … လောကကြီးကိုဘဲ အပြစ်တင်လိုက်မိတော့သည်။

လောကကြီးက မတရားဘူး။

ကျော်သူ

0 ပွဲဦးထွက် ကုသိုလ်

ပွဲဦးထွက် ကုသိုလ်


လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်၊ (၈) လွှာနေ ကွယ်လွန်သူ ဒေါ်မီမီအောင် အသက် (၃၉) နှစ်၏ ရုပ်အလောင်းအား ယနေ့ ၂၁.၉.၂၀၁၀ (အင်္ဂါ) နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက် သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီ ပေးခဲ့ ပါသည်။

ကွယ်လွန်သူ ဒေါ်မီမီအောင်၏ ရုပ်အလောင်းအား သယ်ဆောင်ရာတွင် အထပ်မြင့် (၈) လွှာ အဆောက်အဦးမှ သယ်ယူရမည် ဖြစ်သည့်အတွက် ခန္ဓာကိုယ်အား ရေလုံဇစ်အိတ်ဖြင့် ထည့်ကာ ၂၀.၉.၂၀၁၀ (တနင်္လာ) နေ့တွင် စင်ကာပူနိုင်ငံရောက် မြန်မာအလှူရှင်များမှ လှူဒါန်းပို့ဆောင်ခဲ့သော ရုပ်အလောင်းသယ်ဆောင်သည့် Body တင်ကဒ် (ထမ်းစဉ်)ဖြင့် ပွဲဦးထွက် စမ်းသပ် သယ်ဆောင် ခဲ့သည်။ ထိုသို့ Body တင်ကဒ် (ထမ်းစဉ်)ဖြင့် သယ်ဆောင်ရာတွင် အထပ်မြင့်မှ ချရခြင်း၊ လှေကား မတ်စောက်ခြင်း၊ လှေကား ကျဉ်းမြောင်းခြင်း တို့ကို ယခင်ကထက် များစွာအဆင်ပြေ ချောမွတ် ကြောင်း လက်တွေ့ သိရှိခဲ့ရ ပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အထပ်မြင့် တိုက်များမှ ရုပ်အလောင်းများကို သယ်ဆောင်ပေးရာတွင် ယခင်ကလို အ၀တ်ဖြင့် ပတ်၍ ပွေ့ချီချရခြင်း၊ ပုဆိုးဖြင့် သိုင်း၍ သယ်ဆောင် ရခြင်း … စသည်တို့ကို လုပ်ရန်မလိုတော့ချေ။ စနစ်တကျ နည်းစနစ်မှန်မှန်ဖြင့် ရုပ်အလောင်းတို့ကို စည်းကမ်းတကျ သက်သက်သာသာဖြင့် သယ်ဆောင်သင်္ဂြိုလ်ပေးခြင်းတို့ဖြင့် ပေးဆပ်နိုင်တော့မည် ဖြစ်ပါသည်။

Body တင်ကဒ် (ထမ်းစဉ်) အလှူရှင်များဖြစ်ကြသော စင်ကာပူနိုင်ငံရောက် မြန်မာ အလှူရှင် မနုနုခိုင်၊ မချိုချိုဝင်း၊ မအေးပွင့်သူ၊ မနှင်းသီတာနှင့် Peace Haven Funeral Service Pte, ltd., တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပွဲဦးထွက် ကုသိုလ်ယူမှုအတွက် အမျှ အမျှ အမျှ ပေးဝေငှ လိုက်ပါသည်။

ကိုကျော်သူ

Tuesday, September 21, 2010

0 “ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးကို ဒုရဲအုပ်ဝင်းနိုင်မှချုပ်ကိုင်”

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသူ ဒုရဲအုပ်ဝင်းနိုင်သည် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ဆက်စပ်ပြီး ဝင်ငွေရှာပေးနိုင်သောသူတစ်ဦး ဖြစ်ပါသည်။ ယခု အသစ်ပြောင်းရွှေ့ရောက်ရှိလာသော ရဲမှုးကြီးကျော်ခိုင်ဦးအား ရောက်ရှိလာချိန်မှ စပြီး၊ စားစရာ နေစရာကိစ္စရပ်များကို လိုင်စင်မဲ့ကားများ လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ တောင်းခံဖြည့်စွက် ဆောင်ရွက်ပေးခဲ့ပါသည်။

တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်သည့် ကုန်သည်များထံမှ ငွေကြေးကောက်ခံရယူရာ၊ လစဉ်ကြေးငွေ ကျပ်သိန်း (၂၀) ဆောင်ရွက်ပေးသည့်အတွက်ကြောင့် ရဲမှုးကြီးမှာ ဒုရဲအုပ်ဝင်းနိုင်ပြောကြားသည့်အတိုင်း လုပ်ကိုင်နေရပါသည်။

ဒုရဲအုပ်ဝင်းနိုင်မှသူနှင့် အဆင်မပြေသူများကို တောထဲကို ပို့လိုက်မည်ဟု ပြောလျှင်၊ နောက်နေ့တွင် ရဲမှုးကြီးမှ အမိန့်ထုတ်ပြန်ပေးရသည်အထိ ပိုင်နိုင်ပါသည်။ ကရင်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်အရာရှိအားလုံး ဒုရဲအုပ်ဝင်းနိုင်ကို ရွံမုန်း ကြောက်ရွံနေကြရပါသည်။

ဒုရဲအုပ်ဝင်းနိုင်နှင့် အဆင်မပြေလျှင် နောက်နေ့ ရဲမှုးကြီးရုံးတက်ကာ အရေးယူခြင်းခံရသည်၊ ရဲတပ်ဖွဲ့ဝင်များသည် ဝေးလံသည့်နေရာများသို့ ပြောင်းရွှေ့ခြင်းခံရပြီး မိသားစုနှင့် တကွဲတစ်ပြားနေရမည်ကို ကြောက်ရွံသဖြင့် ဒုရဲအုပ်ဝင်းနိုင်နှင့် တွေ့လျှင် အမြဲပြုံးပြနေကြရပါသည်။

အဆိုပါ ဒုရဲအုပ်ဝင်းနိုင်ကြောင့် ယခင် ရဲမှုးကြီးကျော်မြင့်လည်း ပြောင်းရွှေ့သွားခဲ့ရပါသည်။ ရဲတပ်ကြပ်သိန်းဇော်ထွေး၊ ဒုတပ်ကြပ်မျိုးမင်းလတ်တို့လည်း ရဲပြေးဖြစ်ခဲ့ရပါသည်။

ယခု ကရင်ပြည်နယ်ရဲမှုးကြီးမှာလည်း ဒုရဲအုပ်ဝင်းနိုင်အနားမှာ မရှိလျှင် ဒေါ်လာပြတ်သွားမည်ထင်ပြီး သွားလေရာ အမြဲခေါ်နေရပါသည်။ ဒုရဲအုပ်ဝင်းနိုင်ကို ရဲမှုးကြီးမှ မကျော်လွှားနိုင်သဖြင့် ဒုရဲအုပ်ဝင်းနိုင် လုပ်ချင်သလို လိုက်လုပ်ပေးနေရပါသည်။

ယနေ့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကို ဒုရဲအုပ်ဝင်းနိုင်မှ ချုပ်ကိုင်ထားကြောင်းကို ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအကြားတွင် သတင်းကြီးလျှက် ရှိနေပါသည်။

ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 တော်သလင်းလ (စက်တင်ဘာလ) ကို မော်ကွန်းထိုးခြင်း


တော်သလင်းလ (စက်တင်ဘာလ) ဟာ လထူး လမြတ်ဖြစ်ကြောင်း ထောင်သောင်းမကသော သမိုင်းများက သေသက်ခံလျှက်ရှိပါတယ်။ မြန်မာနိုင်ငံ သားတို့ရဲ့ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူစရာ၊ အလံထူရာပွဲတော် တခုဖြစ်တဲ့ လှေသဘင်ပြိုင်ပွဲကို ဒီတော်သလင်းလမှာ ကျင်းပတာပါ။

သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထားအိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့၊
မည်ဗဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။

မဟာဂီတ ဦးပြုံးချိုရဲ့ တော်သလင်းလဘွဲ့ပါ။ တော်သလင်းလရဲ့ ဂုဏ်ဒြပ် တွေဟာ ဘယ်လောက်သာယာဖွယ် ကောင်းတယ်ဆိုတာကို ကဗျာနဲ့ ဦးပြုံးချိုက ဝိသေသပြုထားတာပါ။ မွမ်းတင်ထားတာပါ။ တကယ်၌လည်း သာယာဖွယ်များနဲ့ ထူးခြားတဲ့ စိမ်းစိမ်းစိုစိုနဲ့ မိုးသုံးလရဲ့ နောက်ဆုံးလပါ။ ပြီးတော့ လှေလှော်ပြိုင်ပွဲ ဆိုတာကလည်း တကယ့်ကို ပျော်စရာကောင်းတဲ့ ပြိုင်ပွဲတခုပါ။ ပြိုင်ပွဲဝင် လှေလှော်သမားများဟာ ကျန်းမာကြံ့ခိုင်ပြီး လက်မောင်း၊ လက်ဖျံ၊ လက်ဆစ် တို့ဟာ ကျစ်လစ်ခိုင်မာပြီး အားကောင်းမှ သူနိုင်ကိုယ်နိုင်အပြိုင်ချဲရတာပါ။ အိုးစည်၊ ဗုံ၊ မောင်း၊ လင်ကွင်း၊ ဝါးလက်ခုပ် တူရိယာအမျိုးမျိုး တီးမှုတ်ကြပြီး၊ လှေပြိုင်သီချင်းတွေဆိုကြတယ်။ ရပ်ရပ်ရွာရွာ၊ မြို့မြို့နယ်နယ်က ပြိုင်ပွဲဝင် အသင်းကလည်း များကြီးပါပဲ။ ရပ်သူ- ရွာသားများက ရပ်လုံးကျွတ်၊ ရွာလုံးကျွတ် ဘိုးဘိုး၊ ဘွားဘွားကစလို့ လူမမယ်ကလေးငယ်အဆုံး အားပေးကြတာပါ။ အနိုင်ရတဲ့ အသင်းကတော့ ရင်မော့မော့ ခါးကျော့ကျော့နဲ့ ပျိုမေများရဲ့ ပါးစပ်ဖျားမှာ သကာပျားဖြင့် တင်ခံကြရတာပေါ့။ လှေပြိုင်ပွဲရဲ့ ထူးခြားတဲ့ ဒြပ်တခုက ညီညွတ်ခြင်းပါပဲ။ ပြိင်ပွဲဝင် လှေလှော်သမားများက ကာယဗလ၊ ဉာဏဗလပြည့်စုံကြရတယ်။ အားပေးသူ ပရိတ်သတ်လည်းရှိရတယ်။ အားပေး သူတွေက လှေလှော်သမားများကို ပြစ်တင်မောင်းမဲဆဲဆိုရင် လှေလှော်သမား များကလည်း အားတက်ခြင်း၊ မြူးကြွခြင်း မရှိတော့ဘဲ အရှုံးပေးရတတ်တယ်။ လှေလှော်သမားအချင်းချင်းလဲ နားလည်မှု ရှိရပါတယ်။ တရောက်တပေါက် လှော်ခတ်လို့မရပါဘူး။ ဟန်ချက်ညီညီလှော်တတ်ဖို့လိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရ တဲ့ အသင်းဟာ ညီညွတ်မှု၊ အချင်းချင်း နားလည်မှု၊ ကာယ၊ ဉာဏပြည့်စုံမှု၊ ပရိတ်သတ်အားပေးမှု၊ ဟန်ချက်ညီမှုရှိဆုံးလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပန်းတိုင်ရောက်ပြီး အောင်လံကိုကိုင်နိုင်တာပေါ့။ ဒီလို ဂုဏ်ဒြပ်တွေနဲ့ ပြည်စုံတဲ့ မြန်မာ့ရိုးရာ လှေပြိုင်ပွဲကို ဒီတော်သလင်းလ (စက်တင်ဘာလ) မှာ ကျင်းပ ကြပါတယ်။

ရိုးရာမဟုတ်သော်လည်း မေ့မရ တသသဖြစ်ကြရတဲ့ သံဃာ့အရေးအခင်း (သို့) လူထုအုံကြွမှုကြီး တရပ်ဟာ ဒီတော်သလင်းလ (စက်တင်ဘာလ) မှာ ဖြစ်ပွားခဲ့တယ်။ အဲဒီ အချိန်က သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ က ညီညွတ်နေ ကြတယ်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရဲရဲတောက်နေကြတယ်။ မေတ္တာဓာတ်တွေ လည်း ကိုယ်စီကိုယ်စီ နှလုံးအိမ်ထဲမှာ ကိန်းဝပ်နေကြတယ်။ မေတ္တာဓာတ် တွေကိုလည်း ဖြန့်နေကြတယ်၊ သံဃာတော်တွေရဲ့ သင်္ကန်း အရောင်တွေနဲ့ စွေးစွေးနီနေခဲ့တယ်၊ ဝါဝါထိန်နေခဲ့တယ်။ တပြည်လုံးက ပြည်သူ လူထုရဲ့ စိတ်ထဲမှာ အံ့သြမှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု တရားမှု မတရားမှုတို့ကို မြင်ရ၊ ကြားရယုံမျှမက နှလုံးသားထဲအထိ စွဲညိနေစေခဲ့တယ်။ “အရေးကြီးရင် သွေးနီး တယ်ဟေ့” ဆိုတဲ့ မြန်မာတို့ရဲ့ တိုက်ပွဲဝင် လက်စွဲစကားကို လူတိုင်းရဲ့ ပါးစပ် ဖျားမှာ ရေပန်းစားလာခဲ့တယ်။ တချို့က ဗိုလ်တေဇနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကို အောင်းမေ့လာကြတယ်။ တချို့ကလည်း ဦးဥတ္တမ၊ ဦးဝိစာရ စတဲ့ သာသနာ့ အာဇာနည်များကို သတိရလာကြတယ်။ လူတွေမျက်နှာမှာလည်း ထိတ်လန့်ခြင်း အမူအရာများနဲ့အတူ ရွှေရောင်အနာဂါတ်ကို မြင်ရသလို ခံစား ချက်များ ရောယှက်နေတယ်။ တချို့ စိုးရိမ်ခြင်းအနေအထားနဲ့အတူ တာဝန်ကျေ တဲ့ သူရဲကောင်းသဖွယ် ပီတိလှိုင်းတွေ တရိပ်ရိပ်တက်နေကြတယ်။ ဒီလို ထူးခြားတဲ့ အကြား၊ အမြင်၊ ခံစားမှု၊ ခံယူမှု၊ အောင်းမေ့မှု၊ သတိရမှု၊ ထိတ်လန့်မှု၊ စိုးရိမ်မှုတွေဟာ ဒီတော်သလင်းလ (စက်တင်ဘာလ) ဖြစ်ခဲ့တာပါ။ ဒီလိုထူးခြားမှုများနဲ့အတူ ဒီတော်သလင်းလ (စက်တင်ဘာလ) မှာပဲ သံဃာတော်တွေ၊ ကျောင်းသားပြည်သူတွေဟာ ဝမ်းနည်း၊ ပူဆွေး၊ ငိုကြွေးကြ ရတယ်။ စိုးရိမ်၊ ထိတ်လန့်မှုတွေနဲ့အတူ ပွက်ပွက်ဆူနေတဲ့ သွေးတွေဟာ လမ်းမပေါ် စီးကျခဲ့ရတယ်။ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတို့ရဲ့ အေးမြ သာယာတဲ့ မေတ္တာပို့သံတွေကို စက်သေနတ်သံနဲ့ ဖုံးလွှမ်းပစ်ခဲ့ကြတယ်။ ညီညီညာညာစီတန်းပြီး စည်းနဲ့ကမ်းနဲ့ လမ်းလျှောက်နေကြတဲ့ မြင်ကွင်းကို မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး ယမ်းငွေ့တွေနဲ့အတူ ဖုံးလွှမ်းပစ်ခဲ့ကြတယ်။ တချို့က ဖရိုဖရဲ၊ တချို့က ဒရွတ်တိုက်ဆွဲ၊ တချို့က ဗုံးဗုံးလဲ သံဃာတော်တွေနဲ့ ပြည်သူအများအပြားရဲ့ အသက်တွေပေးခဲ့ရသလို ဂျပန်နိုင်ငံသား နာဂါအီလဲ ဇီဝိန်ချုပ်ခဲ့ရတယ်။ ဒီလို ရုပ်ဆိုးကျည်းတန်မှုတွေဟာ ဒီတော်သလင်းလ (စက် တင်ဘာလ) မှာဖြစ်ခဲ့တာပါ။

ဒီလိုရက်စက် ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေကို နအဖလူ့ငနွား တွေက ဖန်တီးခဲ့ကြတယ်။ အမှားအမှန်၊ သင့်မသင့်၊ အကောင်းအဆိုး ဝေဘန်၊ ခွဲခြားနိုင်စွမ်းမရှိတဲ့ ပညာမဲ့၊ သိက္ခာမဲ့၊ အကျင့်မဲ့ လူ့ငနွားတွေရဲ့ တပည့် ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်ကလည်း အစွမ်းကုန် မိုက်ကန်း၊ ရိုင်းစိုင်းခဲ့ကြတယ်။ နိုင်ငံတော် သံဃာမဟာနာယကလို့ နာမည်တပ်ထားတဲ့ သံဃာအဖွဲ့အစည်းကြီး ကလည်း တုံ့တုံ့မျှမလှုပ်ပဲ အမှားအမှန်မခွဲခြား အဂတိတရားတွေနဲ့ ရေငုံနှုတ်ပိတ် နေခဲ့ကြတယ်။ ကြက်ခတ်ဝိုင်းက ရဟန်းကြီးတပါးဆိုဆို လူမိုက်အားပေးတောင် လုပ်ခဲ့ပါသေးတယ်။ သမိုင်းမှာ မည်းစက်ထင်သူတွေကတော့ ဘယ်လိုဖျက်လို့ မရတော့ပါဘူး။ ဘယ်သူကဆူး၊ ဘယ်သူကခလုတ်၊ ဘယ်သူက ဒုဿီလ၊ ဘယ်သူက သုဿီလ၊ ဘယ်သူက အတု၊ ဘယ်သူက အစစ် ထင်ရှားခဲ့ပြီ ဖြစ်ပါတယ်။ ဟန်ဆောင်ကောင်းတဲ့ မသူတော်တွေဟာ ဘွင်းဘွင်းကြီးပေါ်ထွက် ခဲ့တယ်။ ဒါတွေဟာ သမိုင်းအမှန်တွေပါ။ ပယ်ဖျက်လို့မရ၊ ဖုံးကွယ်လို့မရပါဘူး။ တရား၊ မတရား၊ အဆိုးအကောင်းကို လူစိတ်ရှိသူတိုင်း ထင်ထင်ရှားရှား သိကြပါတယ်။ ဒါတွေဟာ မဝေးလှသေးတဲ့ သုံးနှစ်ကျော်ကာလက ထင်ရှားခဲ့ အတိတ်က ဖြစ်ရပ်တွေပါ။ ဒီလိုထင်ရှား ထူးခြားတဲ့ အဖြစ်ရပ်တွေဟာ ဒီတော် သလင်းလ (စက်တင်ဘာလ) မှာ ဖြစ်ခဲ့တာပါ။ ဒါကတော့ စာရေးသူကိုင်တိုင် မြင်ရ၊ ကြားရ၊ သိရ၊ ကြုံရ၊ ဆုံရတဲ့ တော်သလင်းလ (စက်တင်ဘာလ) ရဲ့ ထူးခြားတဲ့ တစိတ်တဒေသ၊ အစိတ်အပိုင်းတခုမျှသာဖြစ်ပါတယ်။ အခြားခြား သောသူများရဲ့ ထူးခြားတဲ့ ဖြစ်ရပ် များစွာများစွာ ရှိကြပါလိမ့်မယ်။

ဒီလဟာလည်း တော်သလင်းလ (စက်တင်ဘာလ) ပါပဲ။ ဘယ်သူက ဘယ်လို ထူးခြားတဲ့ ဖြစ်ရပ်တွေကို ထူးထူးခြားခြား ဖန်တီးမလဲ၊ လှုပ်ရှားမလဲ ဆိုတာကို စောင့်ကြည့်မနေဘဲ မိမိကိုယ်တိုင်ပဲ ဒီတော်သလင်းလ (စက်တင် ဘာလ) ရဲ့ ထူးခြားတဲ့ သမိုင်းကို ဆက်ရေးကြပါ။ မော်ကွန်းထိုးကြပါ။ တော်သ လင်းလ (စက်တင်ဘာလ) ရဲ့ သမိုင်းဟာ မြန်မာနိုင်ငံမှာ အမြဲတမ်း သစ်လွင် နေမှာပါ။


ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ

အရှင်ဓမ္မ (ဒေလီ)

0 တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်

NEJ


မြန်မာနအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ တရုတ်သမ္မတ ဟူကျင်တောင်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့်အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ကနေ (၅) ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်ကနေ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုသုံးသပ်နိုင်ပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်မတိုင်ခင် ဒီနှစ်ထဲမှာ ထူးခြားတာရှိလာတယ်။ ပိုပြီးတော့ အပြန်အလှန် မှီခိုရတဲ့ ကိစ္စတွေ၊ အကျိုးစီးပွားတွေ များလာတဲ့အတွက်ကြောင့် အပြန်အလှန် သွားလာဆက်ဆံရတဲ့ အကြိမ်အရေအတွက် ပိုများလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ပြည်က မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုဟာ ဒီနှစ် မေလနောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏအားလုံးရဲ့ ထိပ်ဆုံးမှာ ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ ဓာတ်ငွေ့၊ ရေနံ၊ သတ္တု ကဏ္ဍတွေမှာ အချိန်တိုအတွင်း အင်မတန်များပြားတဲ့ ငွေတွေနဲ့ ဝင်လာတာ။ အထူးသဖြင့် ဂက်စ်ပိုက်လိုင်းကိစ္စ ပေါ်လာပြီးနောက်ပိုင်း တရုတ်က မြန်မာအပေါ် မှီခိုမှု ပိုကြီးလာတယ်။ ဗိုလ်သန်းရွှေတို့ဘက်ကလည်း တရုတ်ပြည်နဲ့ ပတ်သက်လို့ သူတို့အတွက်ပိုပြီး အရေးကြီးလာတယ်။ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှာက တရုတ်နဲ့ ရုရှ ဖြစ်တာကိုး။ ကုလသမဂ္ဂရဲ့ နောင်လုပ်လာမယ့် အရေးယူမှုကို တရုတ်က ကာကွယ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်။ နောက်တခုက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ၊ စစ်ရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို တရုတ်က ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အချက်အလက်ရှိတွေရှိတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန်မှီခိုမှု ပိုကြီးလာတယ်။ ပိုမိုပြီးတော့ အသွားအလာတွေ၊ ဆက်ဆံမှုတွေ ကဏ္ဍအသီးသီးမှာ ပိုပြီးများပြားလာတယ်။ သူတို့အပြောနဲ့ ပြောရရင် တရုတ်-မြန်မာဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့်ကို ရောက်လာပြီပေါ့။ ဒါပေမယ့် တရုတ်ပြည်က ခေါင်းဆောင်တွေကတော့ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေအတွက် မြန်မာပြည်ကို ဆက်ဆံတာဖြစ်တယ်။ မြန်မာပြည်နဲ့ ဆက်ဆံပြီး သူတို့က အကျိုးရှိတာဖြစ်တယ်။ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေပေါ့။ ဗိုလ်သန်းရွှေကတော့ အဲလို မဟုတ်ဘူး။ သူတို့စစ်အုပ်စု လက်တဆုပ်စာအတွက်ပဲ တရုတ်-မြန်မာ ဆက်ဆံရေးကို တိုးလုပ်တာဖြစ်တယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို တည်မြဲအောင်၊ သူတို့ တိုင်းပြည်ထဲမှာ မတရားလုပ်ထားတာ မှန်သမျှကာနိုင်အောင် လုပ်တာဖြစ်တယ်။ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် ပေါင်းစပ်ထားတဲ့ အကျိုးစီးပွားအပေါ်ကနေ လှမ်းနေတဲ့ ဆက်ဆံရေးဖြစ်တယ်။ ဒါ အိမ်နီးနားချင်းကောင်း နှစ်နိုင်ငံရဲ့ ဆက်ဆံမှုလို့ သတ်မှတ်လို့ မရပါဘူး။ သူအနစ်နာခံ၊ ကိုယ်အနစ်ခံ ဆက်ဆံရေးမဟုတ်ပါဘူး။

မေး။ ။ နှစ်နိုင်ငံ အကျိုးစီးပွားမှာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားက ဘာဖြစ်မလဲ၊ နောက်ပြီး မြန်မာရဲ့ အကျိုးစီးပွားကရော ဘာဖြစ်မလဲ။

ဖြေ။ ။ တရုတ်အကျိုးစီးပွားကတော့ သူ့နိုင်ငံရဲ့ စစ်ရေးနဲ့လုံခြုံရေးကဏ္ဍက play ground ဖြစ်လာတာ အမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူရဲ့အနောက်မှာ သူ့ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံလိုအစိုးရ ရှိထားတယ်။ တရုတ်က နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံက ကျားကန်ပေးမှု ရမှသာလျှင် ဆက်လက် ရပ်တည်နိုင်မယ့် အစိုးရအဖွဲ့ဖြစ်တယ်။ မြန်မာအစိုးရဟာ တရုတ်က ထောက်ခံမှု မရတော့ရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေ၊ မတည်ငြိမ်မှုတွေ ရင်ဆိုင်ရမှာဖြစ်တယ်။ တရုတ်အစိုးရရဲ့ အဓိက အကျိုးစီးပွားက လုံခြုံရေး ဖြစ်သော်ငြားလည်း သူ့ပြည်တွင်းမှာ လိုအပ်တဲ့ သယံဇာတာ၊ ပိုက်လိုင်း (၂) လိုင်းမှာ (၁) လိုင်းက အာရှအလယ်ပိုင်းက ပို့မယ့်ရေနံဆိုရင် တရုတ် တပြည်လုံး သုံးနေတဲ့ (၆ဝ) ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီရေနံကို ဒီလမ်းကြောင်းက ဖြတ်သွားမယ်ဆိုတော့ မြန်မာပြည် အကျိုးစီးပွားက ဒါလည်း ပါတယ်။

မေး။ ။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား စာချုပ်တွေချုပ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေချိန်မှာ မြန်မာလူထုအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ။ ။ တရုတ်ပြည်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတာ သူ့အတွက် အကျိုးရှိတာပဲ။ သူတို့စက်ရုံကြီးတွေ၊ သတ္တုတူးဖော်ရေးတွေမှာ သူတို့လူ သူတို့ခေါ်တာ။ ဥပမာ မုံရွာမှာ ကြေးနီတူးနေတယ်၊ ဘယ်မြန်မာမှ ဝင်လို့ မရဘူး။ မြန်မာလူထုထဲက အလုပ်သမားတွေအတွက် လုပ်ငန်း၊ နေရာထိုင်ခင်း ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ပြောမယ်ဆိုရင် စာချုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် မြန်မာပြည်လူထု အကျိုးမရှိဘူး။ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေဟာ မြန်မာပြည်က သယံဇာတပစ္စည်းတွေ တရုတ်ထဲ သွားရေးဖြစ်တယ်။ နှစ်ပေါင်း (၂ဝ၊ ၃ဝ၊ ၄ဝ) မှာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူဟာ ဒုက္ခလှလှ ရောက်သွားမယ့်အခြေနေမျိုး ဆိုက်လာနိုင်တယ်။ အခုစာချုပ်တွေ ချုပ်ပြီး အကောင်အထည် ဖော်ခဲ့မယ်ဆိုရင်ပေါ့။ ဆိုပါတော့ အခု ဧရာဝတီမြစ်ဖျားမှာ၊ တာပိန်မြစ်ထဲမှာ ရွှေကျင်တာတို့ဟာ အားလုံးမှာ ဒုက္ခရောက်ကြတယ်။ ရေကာတာတွေမှာ ရင်းနှီးမြှုပ်နှံဆောက်တာဟာ ကျနော်တို့ တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန် ဆိုးဝါးကြီးမားတဲ့ သဘာဝဘေးဒုက္ခတွေ ဖန်တီးမှုဖြစ်တယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ သူရဦးရွှေမန်းနဲ့ တရုတ်စစ်ဦးစီးချုပ်တို့ သီးသန့်တွေ့ဆုံကြသေးတယ်ဆိုတော့ တရုတ်-မြန်မာအကြား စစ်ရေးအရ ဆက်ဆံမှုတွေ ဘယ်လို ရှိနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်-မြန်မာ စစ်ရေးဆက်ဆံမှုက ကြာလေ ပိုများလေလို့ ယူဆရတယ်။ မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေမှာ၊ အထူးသဖြင့် ရေနဲ့လေမှာ တရုတ်ရဲ့ပစ္စည်းတွေ အများစု အဓိက ဖြစ်လာတယ်။ တရုတ်ရဲ့ပစ္စည်းကို မှီခိုရုန်းကန်နေရတယ်။ အထူးသဖြင့် ရေတပ်ဆိုလို့ရှိရင် ရှိနေတဲ့ ရေယာဉ်အုပ်ရဲ့ သင်္ဘောအများစု၊ ၁၉၈၈ နောက်ပိုင်း တပ်ဆင်တဲ့ ရေယာဉ်အများစုဟာ တရုတ်က ဝယ်ယူတာဖြစ်တယ်။ လေတပ်မှာလည်း အချိုးအစားအရ အများစုဟာ တရုတ်လေယာဉ်တွေဖြစ်တယ်။ ကြည်းတပ်မှာတော့ ကိုယ့်ဘာသာကိုယ် ထုတ်နိုင်တာ တပိုင်းပေါ့။ အတတ်ပညာပိုင်းမှာ မှီခိုမှုများလာတယ်။ မြန်မာနိုင်ငံက ကျွန်းစုတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့နိုင်တယ်။ လေတပ် အခြေစိုက်စခန်း၊ လေယာဉ်ပြုပြင်တဲ့စခန်းတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့ရတယ်။ ဒီလိုအောက်မှာ ဒီထက်မြင့်တဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့အထိ တိုးမြင့်ဖို့ အလားအလာတွေ မြင်နေရတယ်။

မေး။ ။ တရုတ်ပြည်မှာ မြန်မာပညာတော်သင် သင်တန်းသားတွေ ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုသင်တန်းမျိုးတွေ ပို့ချနေတာပါလဲ။

ဖြေ။ ။ အထက်မှာ ပြောခဲ့သလို ဝယ်ယူထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးမလဲ၊ ဘယ်လိုပျက်ရင် ဘယ်လိုပြင်မလဲပေါ့။ Technician လိုင်းပေါ့၊ အဲဒါများတယ်။ အဲဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ မြန်မာပြည်ကိုလည်း တရုတ်တပ်က လူတွေ၊ ရဲတွေ လွှတ်ပြီး မြန်မာစာ သင်ခိုင်းတယ်။ မြန်မာကလည်း တပ်နဲ့ ရဲကိုလွှတ်ပြီး တရုတ်စာသင်ခိုင်းတယ်။ မဟာဗျူဟာ၊ သေနင်္ဂဗျူဟာနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ ကျောရိုးဖြစ်တဲ့အခြေခံ Idealogy ကို သင်ပြပေးတဲ့ကျောင်းတွေကို သွားတက်တာရှိတယ်၊ ဒါက အနည်းစုပေါ့။ မှတ်မှတ်ရရ (၂) ခါ (၃)ခါ လောက် ရှိမယ်။

မေး။ ။ နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များကို ပြုလုပ်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံ ထောက်ခံမည်မဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောတယ်ဆိုပြီး နအဖသတင်းစာတွေက ဖော်ပြတယ်။ ဒီအတွက် နယ်စပ် အဖွဲ့အစည်းတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိစေနိုင်သလဲ။

ဖြေ။ ။ သမ္မတကြီး ဟူကျင်တောင်းက ဒီစကားမပြောပါဘူး။ မပြောခဲ့ဘူး။ သူတို့က နားမလည်တာ၊ သမ္မတ တယောက်ရဲ့အဆင့်မှာ နှစ်နိုင်ငံကိစ္စကို ပြတ်ပြတ်သားသား ပြောမှာ မဟုတ်ဘူး။ မြန်မာအစိုးရရဲ့ သူ့ပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းတဲ့ လုပ်ဆောင်မှုမျိုးကို စာနာနားလည် ထောက်ခံပါတယ်။ ဒီစကားပဲ ပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်မှုကို အကောင်အထည်ဖော်တာ မြင်လိုပါတယ်။ အဲလို ဖော်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ဆိုပြီး တရုတ် သမ္မတကြီးက ပြောသွားတယ်။ ဒီစာပိုဒ်က ရည်ရွယ်ချက်ရှိရှိ ဗိုလ်သန်းရွှေ လုပ်ခဲ့တာ။ ဗိုလ်သန်းရွှေ တရုတ်ပြည်သွားတဲ့ ရည်ရွယ်ချက်ကော၊ နယ်စပ်ဒေသမှာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကိုကော အစီစဉ်ရှိရှိ လုပ်တာ ဖြစ်တယ်။ မြန်မာပြည်သူတွေနဲ့ တရုတ်အစိုးရကြားမှာ၊ တရုတ်အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကြားမှာ သွေးထိုးသပ်လျှိုတာ၊ တရုတ်အစိုးရကို နားလည်မှု လွဲအောင် လုပ်ကိုင်ဆောင်ရွက်လာတဲ့ နည်းဖြစ်တယ်။ သူ တရုတ်က ပြန်လာပြီးတဲ့နောက် လုပ်ချင်ရာ လုပ်မယ်၊ သတ်ချင်ရာ သတ်မယ်၊ ဖျက်ချင်ရာ ဖျက်မယ်၊ အဲဒါ အားလုံးဟာ တရုတ်က အကြံဉာဏ်ပေးလိုက်တာပါမျိုး ဖြစ်အောင် လုပ်မယ်။ တရုတ်အစိုးရဆီသွားပြီး အကြံဉာဏ်ယူတာပါ။ ပြန်လာပြီးတော့ လုပ်တာပါဆိုပြီး မပွင့်တပွင့် ဟိုနားပြောလိုက်၊ ဒီနားပြောလိုက် ပြောပါလိမ့်မယ်။ ဒီစကားဟာ တရုတ် ဟူကျင်တောင်း မပြောခဲ့ဘူး။ မပြောခဲ့ဘူးဆိုတာလည်း တရုတ်နယ်စပ်က အဖွဲ့အစည်းတွေအားလုံး လက်ခံနားလည်တယ်၊ သိထားတယ်။ ဘာကြောင့်လဲဆို ဗိုလ်သန်းရွှေတို့သာ နားမလည်လို့ ပြောတာ။ တရုတ်ပြည်လို နိုင်ငံမျိုးမှာ သမ္မတ အဆင့်က ဒီစကားမျိုး မပြောဘူး။ ဒါပေမယ့် ယူနန်ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံရေးဆိုင်ရာ အရာရှိကြီးတွေ၊ စစ်တပ်ဘက်က နယ်စပ်ဒေသအရာရှိကြီးတွေက အလားတူ စကားမျိုးပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာနေပြီး နှစ်နိုင်ငံရဲ့ တရားဥပဒေကို ချိုးဖောက်တဲ့ လုပ်ဆောင်မှု၊ လုပ်ဆောင်တဲ့ အဖွဲ့စည်းကို မှန်သမျှ လက်ခံ ထောက်ခံမှာ မဟုတ်ဘူးဆိုပြီး ပြောတာမျိုး ရှိတယ်။ ဒါပေမယ့် သမ္မတ တယောက်အနေနဲ့ ဒီစကားမျိုး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာအစိုးရက အစီစဉ်ရှိရှိ ဒီဟာကို သုံးလာတာ။ တချက်က နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တယ်၊ တရုတ်ပြည်က သဘောတူပြီ၊ ငါတို့ ချတော့မယ်ဆိုပြီး ဖြစ်အောင်၊ ဒုတိယအချက်ကတော့ တရုတ်အစိုးရနဲ့ နယ်စပ် အဖွဲ့အစည်းတွေအကြားမှာ သွေးထိုးတာ ဖြစ်တယ်။

မေး။ ။ တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် တရုတ်က ဘယ်အခန်းကဏ္ဍကနေ ဝင်ပါမယ်လို့ ယူဆနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်ကတော့ သူ့နယ်စပ် လုံခြုံရေးကို ထိန်းသိမ်းမှာပဲ။ ဖြစ်လာရင် ကိုးကန့်တုန်းကလိုပေါ့၊ တစုံတရာ ကာဆီးပြီးတော့ ဝင်လာတဲ့လူတွေ မထိခိုက် မနစ်နာအောင်၊ သူတို့ထဲမှာ လက်နက်ကိုင် လှုပ်ရှားမှုမဖြစ်အောင် လက်နက်တွေ သိမ်းထားတာ၊ လူတွေကို တနေရာမှာ စုစည်းထားတာ ဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဆေးကုပေးတာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်အနေနဲ့ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲ ပြန်ဖြစ်မှာကို လုံးဝ မလိုလားဘူး။ ဘာကြောင့်လည်း ဆိုတော့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးက သူ့အတွက် အရမ်းအရေးကြီးတယ်။ တည်ငြိမ်ချင်လို့လည်း မတရားအစိုးရကို ထောက်ခံထားရတာဖြစ်တယ်။

မေး။ ။ ဟုတ်ကဲ့။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ချုပ်ပြီးပြောရရင် တရုတ်အစိုးရအနေနဲ့ လုံခြုံရေးအကျိုးစီးပွား၊ လိုအပ်တဲ့ စွမ်းအင် အကျိုးစီးပွား တစုံတရာ ထိုက်ထိုက်တန်တန် ရရှိနိုင်သော်လည်းပဲ မြန်မာပြည်သူတွေနဲ့ ပတ်သက်ရင် နိုင်ငံရေးအရ ကြီးမားစွာ ဆုံးရှုံးတယ်။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ တရုတ်အစိုးရကို ဘယ်လို မြင်သလဲဆိုတာ ပြောလို့ရတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်။ မြန်မာအစိုးရက သူ့အာဏာတည်မြဲရေးအတွက် သူလုပ်နေတာ၊ ဘယ်ပြည်သူ့အတွက်မှ မကြည့်ဘူး။ သူ့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရက ထောက်ခံကျားကန် ပေးရသလို ဖြစ်နေတယ်။ ဒါကြောင့် နှစ်နိုင်ငံဆက်ဆံမှုမှာ မြန်မာအစိုးရလိုချင်တဲ့ ခုံမပျောက်ရေး၊ အာဏာကို ဆက်လက် ဆုပ်ကိုင်ရေးအတွက် တရုတ်အစိုးရကို မှီခိုပြီး အောင်အောင်မြင်မြင် အသုံးချနေတာ ဖြစ်တယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဗိုလ်သန်းရွှေတို့အုပ်စုက အကျိုးအမြတ် ပိုရရှိတာ ဖြစ်တယ်။

Monday, September 20, 2010

0 အမေစု ရဲ့ ငြိမ်းချမ်းရေး ကဗျာတစ်ပုဒ်


Free bird towards a free Burma


My home...

where I was born and raised

used to be warm and lovely

now filled with darkness and horror.



My family...

whom I had grown with

used to be cheerful and lively

now living with fear and terror.



My friends...

whom I shared my life with

used to be pure and merry

now living with wounded heart.



A free bird...

which is just freed

used to be caged

now flying with an olive branch

for the place it loves.

A free bird towards a Free Burma.



Aung San Suu Kyi




လွတ်လပ်တဲ့ ဗမာပြည် ဆီသို့ လွတ်လပ်ခြင်း ငှက်ငယ်တစ်ကောင်

ငါရဲ့ အိမ်ကလေးရယ်…
အဲဒီမှာ ငါမွေးဖွားနေထိုင် ခဲ့ရပေါ့။
နွေးထွေးပြီး လှပသာယာဖွယ် ကောင်းခဲ့ပါရဲ့။
ခုတော့လည်းလေ
မှောင်မိုက်ပြီး ထိတ်လန့်ဖွယ် အပြည့်နဲ့ပေါ့။

ငါရဲ့ မိသားစုလေးရယ်…
အဲဒီမှာ ငါ ကြီးပြင်း ခဲ့ရပေါ့။
လန်းဆန်း ကြည်နူးဖွယ် ကောင်းခဲ့ပါရဲ့။
ခုတော့လည်းလေ
အကြောက်တရားတွေ အပြည့်နဲ့ပေါ့။



ငါရဲ့ သူငယ်ချင်းတွေရယ်…
ငါ့ရဲ့ ဘဝကို မျှဝေခံစားပေးခဲ့ပေါ့။
ဖြုစင်ရိုးသား ပျော်ရွှင်ဖွယ် ကောင်းခဲ့ပါရဲ့။
ခုတော့လည်းလေ
စိတ်ဒဏ်ရာ ကိုယ်စီတွေနဲ့ပေါ့။

လွတ်လပ်ခြင်း ငှက်ငယ်…
ခုနေခါတော့ လွတ်လပ်ခဲ့ပြီ။
သူလည်းလေ လှောင်အိမ်စံ နေခဲ့ရပေါ့။
ခုတော့လည်းလေ
သူချစ်တဲ့ နေရာလေးဆီ
သံလွင်ခက်ကလေးကို ကိုက်ချီ ပျံသန်းရင်းပေါ့။

လွတ်လပ်တဲ့ ဗမာပြည်ဆီသို့ လွတ်လပ်ခြင်း ငှက်ငယ်တစ်ကောင်။ ။


ဒေါ်အောင်ဆန်းစုကြည်

ဘာသာပြန်သူ...ဘလော့ခ်ဂါ အလင်းဆက် ( Blogger Alinsek)

0 ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ်ထံပြန်လာပြီ





နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု ပေးဆပ်သည့် နာရေးလမ်းကြောင်းများသည် ရထားကြိတ် သေဆုံးမှု၊ ဆွဲကြိုးချ သေဆုံးမှု၊ ရေနစ်သေဆုံးမှု၊ လမ်းဘေး သေဆုံးမှု၊ မီးလောင် သေဆုံးမှုများအပြင် အထပ်မြင့် အဆောက်အဦးများတွင် သေဆုံးသော ရုပ်အလောင်းများကို သယ်ဆောင် ကူညီရာတွင် ရုပ်အလောင်းများထံမှ အညစ်အကြေးများသည် သယ်ဆောင်ကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)က ၀န်ထမ်းများ၊ အသင်းသားများတို့ထံတွင် ပေကျံစွန်းထင်းမှုများ ဖြစ်ပေါ်လေ့ ရှိသည့်အတွက် စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင်များကလည်း ရုပ်အလောင်းထည့်သည့် ရေလုံဇစ်အိတ်များကို ယခင်က လှူဒါန်းပေးခဲ့ဖူးပါသည်။

ယင်းသို့ လှူဒါန်းပေးခဲ့သော ရေလုံဇစ်အိတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)က အထပ်မြင့် အဆောက်အဦးများပေါ်ရှိ ရုပ်အလောင်းများကို သယ်ဆောင်ပေးလျှက်ရှိရာ ရုပ်အလောင်း များကို ပွေ့ပိုက်၍ သယ်ဆောင်ခြင်းတို့ကို ပြုခဲ့ရသည်။ (စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင် ဦးချစ်အောင် ရုပ်အလောင်းအား အထပ်မြင့်မှ သယ်ဆောင်ခဲ့ခြင်း) ထို့သို့ ရုပ်အလောင်းများကို ပွေ့ပိုက်သယ် ဆောင်ပေးမှုတို့ကို အမြင်မသင့်တော်ခြင်း၊ အန္တရာယ်များခြင်း၊ ကျန်းမာရေးနှင့် မကိုက်ညီခြင်းတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုသတင်းများ ပါဝင်သော အင်တာနက်သတင်း စာမျက်နှာ တို့မှ တစ်ဆင့် မြင်တွေ့ခဲ့ရသော စင်ကာပူနိုင်ငံရောက် မြန်မာလူမျိုး အလှူရှင် မနုနုခိုင်နှင့် သူငယ်ချင်း များသည် စင်ကာပူနိုင်ငံရှိ Peace Haven Funeral Service Pte,ltd., မှ ရုပ်အလောင်းများ သယ်ဆောင်ရာတွင် အသုံးပြုသော ရုပ်အလောင်းတင်ကဒ်များကို လာရောက်လှူဒါန်း သွားခဲ့ပါသည်။

ထို့သို့ လှူဒါန်းမှုတို့သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှု လမ်းကြောင်းများ သယ်ဆောင်ရာတွင် အများအမြင်တွင် တင့်တယ်စေခြင်း၊ အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီခြင်းတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများသည် စနစ်တကျ၊ စည်းကမ်း တကျဖြင့် ဆထက်တံပိုး တိုးတက်ကာ အများပြည်သူတို့အတွက် ဆက်လက် ပေးဆပ်နိုင်တော့မည့် အင်အား တစ်ရပ်ပင် ဖြစ်ပါတော့သည်။

“ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည် ”

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ


0 ရွှေဝါရောင်တော်လှန်ရေး(၃)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(ဂျပန်)သို့ဖိတ်ကြားခြင်း


0 ၂၀၁၀ ရွေးကောက်ပွဲ ဆန့် ကျင်ရေး ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှု။


ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေးတက်ကြွ လှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ၏ ၂၀၁၀ ခုနှစ် နအဖရွေးကောက်ပွဲ ဆန့် ကျင်ရေးလှုပ်ရှားမှုများ၏ တတိယမြောက်လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့် မှစတင်ပြီး ပြုလုပ်ခဲ့ကြသည်။

စစ်တပ်အသွင်ပြောင်းပါတီဖြစ်သော ကြံ့ဖွတ်ပါတီနှင့် နအဖ ပြုလုပ်မည်ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သရော်လှောင်ပြောင်ထားသော ပို့ စကတ်များ ထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက အဆိုပါ လူငယ်အင်အားစုများက ရန်ကုန်တိုင်းအတွင်းရှိ စာတိုက်ပုံးအသီးသီးမှနေ၍ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ နယ်များသို့ ပို့ ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ အဖွဲ့ ဝင် လူငယ်တစ်ဦးထံမှ သိရှိရသည်။

ဖြန့် ဝေခဲ့သည့် ပို့ စကတ်များတွင် "ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ" "ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေ ငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ" စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ်ပြောင်း၍ ကြံ့ဖွတ်ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော်လှောင်ပြောင်ထားသော ကာတွန်းပုံများလည်း ပါဝင်ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ ကဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှုပ်ရှားပြုလုပ်ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ လက်သည်တရားခံကို မမေ့ကြဖို့ နဲ့ အဲဒီ သာသနာဖျက်တွေကိုယ်တိုင်က ပုံစံပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံအုပ်ချုပ်ဖို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ လုပ်ကြံဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ သတိပြုမိကြဖို့ အတွက် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့ လို ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားနေကြတဲ့ တခြားညီအစ်ကိုတော်အင်အားစုတွေကို အခု ဒီ LETTER CAMPIGN လှုပ်ရှားမှုပုံစံမျိုးလိုပဲ ကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကို မထိခိုက်စေပဲ အစိုးရရဲ့ လုပ်ငန်းယန္တယားဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်းကို အသုံးချပြီး ကိုယ့်လှုပ်ရှားမှုဖြစ်မြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင်ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီး စာအိတ်တွေပေါ်က ပို့ ရမယ့် လိပ်စာတွေကိုတော့ ရန်ကုန်လမ်းညွှန်လို စာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့ က ရပါတယ်။ ကျွန်တော်တို့ အဓိကထား ပို့ တာကတော့ မြန်မာနိုင်ငံအရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံးတွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့ အလုပ်သမားလူတန်းစားနဲ့  အောက်ခြေအစိုးရ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟု အထက်ပါလူငယ်က ပြောကြားသွားပါတယ်။

ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ သည် လွန်ခဲ့သည့်လကလည်း ရွေးကောက်ပွဲဆန့် ကျင်ရေး ပထမလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးသို့ ရွေးကောက်ပွဲဆန့် ကျင်ရေး ပို့ စကတ်များ ဖြန့် ဝေခဲ့ကြပြီး၊ ဒုတိယလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်ဆယ့်တစ်မြို့ နယ်၏ လမ်းမများပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့် ခဲ့သည့် ရွေးကောက်ပွဲဆန့် ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှု ကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယလှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်အင်အားစုများ။

ပေးပို့သော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 NLDထဲ ပြေးလို့ဝင်လိုက်ကွယ် (ဟောင်းပေမဲ့ကောင်းနေဆဲသီချင်းလေးတပုဒ်ပါ)


(DVB)

0 ဗိုလ်ချုပ်မှူးကြီးစောမောင်ကို န၀တဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က ……

တပ်မှူးတပ်သား ပြောစကား (၀၂၆)







Voa မှ တွေ့ဆုံမေးမြန်းချက်အသံဖိုင်
၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကြားက အာဏာလွန်ဆွဲမှုတွေ နဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျန်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်းနှစ်ပိုင်းခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ် ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးစောမောင် လူ လား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ) ဗိုလ်မှူးကြီးခင်မောင် သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း) ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ် တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူးမပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ကစထမှူး= ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများအထက်မှ ကွပ်ကဲရသောသူ) ဆိုပြီး တော့မှ ကရင်ပြည်နယ်ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက (ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူးတက်ခဲ့ပြီးနောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅)ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်းထုတ် လိုက်ပါတယ်။ အဲဒီအချိန် အခါတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့ အထက်က ဦးစီးချုပ်က လုပ်တယ်ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ်ခံ နေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသလဲဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီ ကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး) နဲ့တော့ အမြဲ သွားဟယ်လာဟယ် အဆက်အသွယ်ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင် အနားမှာနေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင် မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့၊ ဆက်ဆံ၊ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိ ပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့အခါကျတော့ ပိုသိရပါတယ်။

(ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း = "နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင်အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ အငြိမ်းစားပေးခံရပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ဖယ်ရှားခြင်းခံခဲ့ရသူ)

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်းလောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစော မောင်အနေနဲ့ ကလိမ်ကကျစ်လုပ်ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်း နေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေးစခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗ မာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင်ရဲ့သား အငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ နှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အ ချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင်ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေ၀င်းအိမ်ကို မကြာမကြာ အ၀င်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golfရိုက် တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golfရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf clubရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကား ယာဉ်တန်းဝင်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန် မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးသန်းရွှေက ရှင်းပြခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ် တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီအချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

(ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃) = လက်ရှိ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်းနှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး)

(ဗိုလ်မှူးအောင်နိုင် (စစ်တက္ကသိုလ် အပတ်စဉ် (၁၆) = ဒေါက်တာမောင်မောင် ၏ သားငယ်)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂) ကစထမှူး နှင့် သစ်တောရေးရာဝန်ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ဒုတိယ ၀န်ကြီးချုပ်ဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် ပြည်ထဲရေးနှင့်သာသနာရေး ၀န် ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉၇ခုနှစ်တွင်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် အား ၂၀၀၁ ခုနှစ်တွင်လည်းကောင်း၊ ၄င်းတို့၏ ၀န်ကြီးအဖွဲ့အတွင်း နောက်ဆုံးရာထူးများမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ဖယ်ရှားပစ်ခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူးသဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော်တော် များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာလွှဲ မပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်ဆိုတာ ဗိုလ်ချုပ်ကြီးစောမောင် တစ် ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီ ခြံထဲဝင်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီ သတိထားမိပါလိမ့်မယ် အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နျုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။

(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ ပါတီဥက္ကဌတာဝန်ယူထားသည့် ကွယ် လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်က၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီဂျာမန်ခေါင်းဆောင်များအား စစ်နိုင် မဟာမိတ်နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့တွင် စစ်တရားခုံရုံး တင်ပြီး စစ်ဆေးအပြစ်ပေးသကဲ့သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မတော်မှ စစ်ခေါင်းဆောင်တချို့အား၊ “နုရင်ဘတ် ခုံရုံး”ကဲ့သို့ ခုံရုံး တင်စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်းလုပ်ဘွယ် ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တ အထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှတပါး ကျန်တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ သြဇာ၊ အာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှမရှိဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ် တော့ လက်ရှိရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာတည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာမရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လိုဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီးစောမောင် မသိအောင် အရင် အင်္ဂလန်သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ အဲဒီအချိန်တုန်းက (တမ်မတော်) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ် သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင်စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ယုံကြည်တဲ့လူ လက်တစ်ဆုတ်စာလောက် နဲ့ hint ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ်ဆိုတာ သူ ကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစားကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ) လေယဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီအချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။

(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - တောင်ငူ) မှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ - ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ - မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) တို့မှ နယ်မြေအချို့ကို ထုတ်နှုတ်ပြီး၊ နေပြည်တော်တွင် နေပြည်တော်တိုင်း စစ် ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်သည်။ ယခုအခါ စစ်တိုင်းကြီး စုစုပေါင်း (၁၃)တိုင်း ရှိပါသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက်စိန်တို့ အသုတ်လား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ် သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ်ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလို တော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေးလုံခြံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန် ကြံစည်မှုတွင်၊ ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီးတချို့က ကာ ကွယ်ရေးဦးစီးချုပ်နှင့် တခြား စစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘောပါပဲ။ hint (သတင်းအရိပ်အမြွက်) က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ် ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော်တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့ တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီး မှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက်တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ် လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က ကျနော်တို့ စစ်ရုံး ၀င်းထဲမှာရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထားလိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင် ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “၀မ်း” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေ နေရာကို ဘယ်သူများ ရမလဲ ဆိုတဲ့ ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတ မန်တွေ ကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးအောင်လင်းထွဋ်၏ အ ထက်မှ တပ်မတော်ထောက်လှမ်းရေး ‘တိုက်ပွဲဝင်ထောက်လှမ်းရေး’ ဌာနမှူး) တို့ ခရီးသွားတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူး ပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေးပေါ့၊ နိုင်ငံခြားသံရုံးတွေက လာတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် တခါ ၀င်သ တင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်” ဆိုတဲ့ ကြောက်ကြောက်နဲ့ ပါပဲ။ ကျနော်တို့က အဆင့်အများကြီး ကွာတဲ့ အခါကျတော့ ၀င်သတင်းပို့တယ်။ ပို့တဲ့အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင်လဲ” ဆိုပြီးမေးတော့ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝမျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မ လာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့” တစ်ဖွဲ့လုံး စိတ်တူသဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း ဗိုလ်မှူးအောင်လင်း ထွဋ် ရဲ့ ပြောစကားတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုဘက်ကိုကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း တစ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော်နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်း ပါ။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.