Sunday, September 19, 2010

0 ဆေးတက္ကသိုလ်လောက၏ အဂတိလိုက်စားမှုများအားအများသိစေရန်

ဆေးလောကမှာ အခုတစ်လော အပြင်မှာ ရိုက်ခတ်နေတဲ့ သတင်းလေးပါ . . ဒီအတိုင်းသာဆိုရင်တော့ အခုနောက်ပိုင်းဖြစ်လာ မယ့် အထူးကုဆရာဝန်တွေကို ပြည်သူတွေရဲ့ အသက်ယုံကြည်လို့ အပ်နှံနိုင်ပါ့မလားဗျာ . ဒါအပြင် ဗဟိုအမျိုးသမီးဆေးရုံကြီး မှာလည်း အထူးကုဆရာဝန်မကြီးတစ်ယောက်က ငြိမ်းချမ်းရေးယူထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သမီးကို မီးဖွားပေးတာ ကိုယ်ဝန်ဆောင်ရက်က ၂၂ ပတ်ဆိုတော့ ကလေးကသေသွားတယ် . ပြီးတော့ နောက်ရက်မှာ အမေပါ လိုက်သေသွားတယ် ကြားတာပဲ . မိခင်က ဘာကြောင့် သေဆုံးမှန်း မသိဘူးတဲ့ . အဲဒီအတိုင်းသာ ဆိုရင်တော့ မြန့်မာ့ဆေးလောက ကတော့ တဖြည်းဖြည်းနဲ့ ရင်လေးစရာ ဖြစ်လာပြီ . မြန်မာပြည်မှာ အမှတ်များများနဲ့ အောင်ကြတဲ့ ဆရာဝန်တွေက ကိုယ်တိုင်က ကြိုးစားမှုမရှိပဲ ဒီလိုသာ အဂတိလိုက်စားမှုတွေရှိလာရင်တော့ ဆရာဝန်လောကလည်း ပျက်စီးမှာ အမှန်ပဲ ။

ဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ရုံးအမှတ်( ၄ )၊ နေပြည်တော်
ရက်စွဲ။ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်

အကြောင်းအရာ။။ဆေးပညာမဟာသိပ္ပံဝင်ခွင့်စာမေးပွဲများတွင်အင်္ဂလိပ်စာမေးခွန်းပေါက်ကြားသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြခြင်း

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ ကျန်ုပ်သည် ဆေးပညာမဟာသိပ္ပံဝင်ခွင့်အား ဖြေဆိုခဲ့သည်မှာ ယခုနှစ်ပါဆိုလျှင် (၂) နှစ်တိုင်ရှိပြီ ဖြစ်ပါသည်။ ကျန်ုပ်သည်မြန်မာပြည်ရှိ အခြားသောသူများ မသွားရောက်လိုသော နေရာတွင် တာဝန်ထမ်းဆောင်နေရသူတစ်ဦးလည်း ဖြစ်ပါသည်။

၂။ ပထမအကြိမ်ဖြေဆိုသောအခါတွင် ကျန်ုပ်သည် သက်ဆိုင်ရာဘာသာရပ်အားကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သော်လည်း အင်္ဂလိပ်စာ အမှတ်နည်းနေသဖြင့် ကျန်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုကြောင့် ယခုနှစ်တွင် ကျန်ုပ်သည် အင်္ဂလိပ်စာအား အထူးအလေးပေးကြိုးစားဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အောင်စာရင်းထွက်လာသောအခါ ကျရှုံးသည်ဟုသိရှိရပြန်ပါသည်။

၃။ ကျရှုံးသည့် အကြောင်းရင်းအား စုံစမ်းကြည့်သောအခါတွင် အင်္ဂလိပ်စာရမှတ်ဖြင့်ဖြတ်ချခံရသည်ဟု သိရှိရသဖြင့် များစွာစိတ်ပျက် ဝမ်းနည်းမိ၍ မြို့ပြဆေးရုံးကြီးတစ်ခု၌ ရှိသောသူငယ်ချင်းအားပြောပြရာ သူငယ်ချင်းမှ အင်္ဂလိပ်စာ မေးခွန်းပေါက်နေတာ မသိဘူးလားဟုပြန်မေးခြင်းခံရပါသည်။

၎။ ထိုသူငယ်ချင်းမှ ကျန်ုပ်အား မန္တလေး၌ အင်္ဂလိပ်စာမေးခွန်း ပေါက်နေသည်မှာ ( ၃ )နှစ်ရှိပြီ ဖြစ်ကြောင်းပြောပြပါသည်။ ထို့ပြင် အင်္ဂလိပ်စာဘာသာမှာ လုံခြုံရေးကုတ်များထည့်သွင်းစစ်ဆေးခြင်း မဟုတ်သည့်အတွက် စာမေးပွဲဖြေဆိုပြီးပါက အောင်မြင်ရန် ကျပ်သိန်း(၃၀)ပေး၍ လိုက်နိုင်ကြောင်းလည်း ပြောပြပါသည်။ ထိုကြောင့် ဖြေဆိုမည့် အထူးပြုဘာသာရပ်အားအောင်မြင်ရုံလုပ်ဆောင်ရန် နှင့် အင်္ဂလိပ်စာကိုပဲ အလေးပေးလုပ်ဆောင်ရန် အကြံပေးပါသည်။
(ထိုသူငယ်ချင်းမှာလည်း ယခင်နှစ် ဝင်ခွင့် စာမေးပွဲတွင် အောင်မြင်သွားပြီဖြစ်၍ ယခုအခါ ပထမနှစ်
ဆေးပညာမဟာ သင်တန်းသားအဖြစ် ပညာသင်ကြားနေပြီ ဖြစ်ပါသည်။)

၅။ ကျန်ုပ်တို့ ဆရာဝန်များသည် ဥာဏ်ရည်အားဖြင့် များစွာမကွာခြားကြသူများဖြစ်ပါသည်။ ထိုသို့မေးခွန်းပေါက်နေပြီး ဖြတ်ချသော အမှတ် နှင့် ဘာသာရပ်မှာလည်း အင်္ဂလိပ်စာဖြစ်နေသောကြောင့် အင်္ဂလိပ်စာမေးခွန်းရထားသော သူများအား ကျန်ုပ်တို့ အနေဖြင့်မည်သို့ပင်ကြိုးစားသည် ဖြစ်စေ လိုက်၍ မမီနိုင်ပါ။ ထိုကြောင့် နောင်နှစ်များတွင် ထိုကဲ့သို့မေးခွန်းပေါက်ခြင်းများ မဖြစ်ပေါ်စေရန် အထူး ကြပ်မတ်ဆောင်ရွက် ပေးစေလိုပါသည်။

၆။ သို့ဖြစ်ပါ၍ နယ်ဘက်တွင် တာဝန်ထမ်းဆောင်ပြီး ဝင်ခွင့်စာမေးပွဲများအတွက်အနီးကပ် ကျူရှင် တက်ရောက်ရန် အခွင့်အလမ်းမရှိပဲ မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်ကြိုးစားထားသော ဆရာဝန်များအား သက်ညှာသောအားဖြင့် မေးခွန်းပေါက်ကြားမှုများပေါ်ပေါက်ခြင်းမရှိစေရန် အထူးစိစစ်ကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း လေးစားစွာဖြင့်တင်ပြအပ်ပါသည်။

မြို့နယ်လက်ထောက်ဆရာဝန်
မြန်မာပြည်အရှေ့မြောက်ပိုင်း

ဖြန့်ဝေခြင်း -
ဝန်ကြီးချုပ်ရုံး
နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရုံး
ကျန်းမာရေးဝန်ကြီးဌာန
ပါမောက္ခချုပ်များ(ဆေးတက္ကသိုလ် )

မူရင်းစာကို downloadလုပ်ချင်လျှင်
http://rapidshare.com/files/419904528/med.pdf
http://depositfiles.com/files/9m96yw3eu
http://www.mediafire.com/?03mh16y775cgmkl

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.