Wednesday, September 22, 2010

1 ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အစုအဖွဲ့(၂၀) ပူးပေါင်းဖွဲ့စည်းထားသော စစ်အာဏာရှင်စနစ်ဆန့့် ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု




ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အစုအဖွဲ့  (20) ပူးပေါင်းဖွဲ့ စည်းထားသောစစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီ၏ ပြည်တွင်းလှုပ်ရှားမှုကို 19.9.2010 ရက်နေ့ နံနက်ပိုင်းပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အတွင်း လမ်းများပေါ်တွင် ဖြန့်ဝေသောလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကြောင်း ဖြန့်ဝေစာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊2010 ရွေးကောက်ပွဲအား မဲမပေးရေး၊ ပြည်သူ့အစိုးရဖွဲ့စည်းရေး ဟူသောစာသားများပါဝင်သည့် ဖြန့်ဝေစာနှင့် မြန်မာပြည်မြေပုံပေါ်တွင် Free Burma အမည်ပါ ရုပ်ပုံပါစာရွက်များကို ရွက်ရေ ၃၀၀ ခန့် ဖြန့်ဝေသော လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း။

1 comment:

  1. အမေရိကန်က အကူအညီ အခုမှပေးနေတာ မဟုတ်ပါဘူး အရင်ကထဲက ပေးနေတာ ဆိုတာ ဒီလင့်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

    http://www.ned.org/publications/annual-reports/2009-annual-report/asia/description-of-2009-grants/burma

    http://www.ned.org/publications/annual-reports/2008-annual-report/asia/description-of-2008-grants/burma

    http://www.ned.org/publications/annual-reports/2007-annual-report/asia/description-of-2007-grants/burma

    http://www.ned.org/publications/annual-reports/2006-annual-report/asia/description-of-2006-grants/burma

    http://www.ned.org/publications/annual-reports/2005-annual-report/asia/description-of-2005-grants/burma

    http://www.ned.org/category/region/asia/burma

    လူမူရေး အမည်ခံပြီး အစိုးရ ဆန့် ကျင်ရေး လုပ်ရှားနေသူ တွေကို အကူအညီ ပေးနေတာပါဘဲ။ အဲဒီငွေတွေကို မြန်မာပြည်မှာ စက်ရုံ ထောင် အင်န်လယ်ဒီ နဲ့ သူ့ အဖွဲ့  ဝင်တွေကို အလုပ်လုပ်ခိုင်း ထွက်သမျှ ပစ္စည်းပြန်ရောင်း ရင်တောင် အင်န်လယ်ဒီ သူ့  ခြေထောက်ပေါ် သူရပ်နေနိုင်ပြီ။

    တရုတ်က မြန်မာကို 30 Billion Yuan (US$ 4.2 billion) အတိုးမဲ့ချေးတယ် ဆိုတဲ့ သတင်းထွက်ပေါ်အပြီး အင်န်လယ်ဒီ ကို အမေရိကန်က ခေါ်တွေ့ တာဘဲ။

    အင်န်လယ်ဒီ အပါအဝင် မြန်မာပြည်က လူတွေကို အလုပ်ရအောင် လုပ်ပေးရင် လူမူရေးသာမက ဒီမိုကရေစီ အရေးပါ အထောက်အကူ ပြုပါလိမ့်မယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.