Saturday, August 1, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၁)

Political Science Research Worksheet

How to Interpret a Political Science

Researcher

Mg Si Thu

Date: September 1st, 2007

Discussion – "Strong Leadership for Burma's Future"

ရည်ညွန်းချက် ....... လူငယ်မျိုးဆက်သစ်များ

အထူးတင်ပြချက် ......... အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်

အထူးသတိပြုရမည့်အချက်များ ......... အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊

အခြေခံ နိုင်ငံသိပ္ပံ မိတ်ဆက်

Introduction of Basic Political Science

The International Studies

နိုင်ငံတကာလေ့လာရေး

အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အရေးများ၊ လည်းကောင်းတို့၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာဆက်ဆံ ရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာလေ့လာသော ပညာရပ်ဖြစ်သည်။

နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြစ်ဝါဒရေးရာဆိုင်ရာများမဟုတ်ပေ။

မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့်နိုင်ငံဖြစ်စေ နိုင်ငံတိုင်း ၌ရှိရမည့် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်းရေးဟူသော သက်ဆိုင်ရာ နိုင်ငံအစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန် ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သုံးခုအားဗဟိုပြု၍ အစိုးရ အုပ်ချုပ်ရေး ယန္တရား ဆိုင်ရာများကို လေ့လာသောအကြောင်းအရာများသာဖြစ်သည်။

ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အား၎င်း၊ နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလ အစောပိုင်း ကာလ၊ နိုင်ငံရေးဆိုင်ရာမူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆ များဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံ တစ်ခုအဖြစ်သာရည်ရွယ်ပါသည်။

Political

နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။

နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌၎င်း၊ မိမိတို့နေထိုင်ရာ ဤကမ္ဘာ မြေကြီး အတွင်း၌သော်၎င်း နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး အစ ရှိသော အရေး အရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်းလှုပ်ရှားရသောဖြစ်စဉ်သာဖြစ်၏။

ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသောကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြ ရမှာဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှား သွားရ တာချည်းပင်ဖြစ်ပါ၏။ သက်သက်သာသာရုန်းကန်ရခြင်းနှင့်ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌ သာကွာခြား သော်ငြား လည်း အားလုံးသော လူသား တွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလတလျှောက်လုံး၌ ဘ၀ကို အမျိုးမျိုးသော အခက် အခဲများအကြား ရုန်းကန်ဖြတ် သန်း ကြရမည်သာဖြစ်ပါ၏။

ဤသည်ကိုပင် လူတယောက်၏နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်းဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာပါဝင်လှုပ်ရှားနေသောနိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့်အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူး ဆက်စပ်လျှက် ဤကမ္ဘာကြီးနှင့်ဤလူသားတွေ တည်ရှိ နေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့်လူမှုစီးပွါးအရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေ မည်သာဖြစ်ပါ၏။

မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရ ဆန့်ကျင် ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့်အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အားသည်ထက်ပို၍ သဘောပေါက် နားလည် ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ပင်ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်း၌ စားဝတ်နေရေး၊ မိသားစုအတွင်းကျန်းမာရေး စသည်လို အပ်ချက် များအား နေ့တဓူဝတွေ့ကြုံဖြည့်စည်းနေရမည်သာဖြစ်၏။ ဤသို့ဖြည့်စွမ်းပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံ လိုအပ်လာမည်ဖြစ်ပါ၏။

ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ရောက်ရှိ သွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ပတ်ဝန်းကျင်နယ်ပယ်နှင့်ပေါင်းကူးဆက်စပ်သွာမည်ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက် ရှိုင်းကြီးမား လာမည်သာဖြစ်ပြီး ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံးကျသွား သည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက် ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံ ရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။

တနည်းအားဖြစ် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စု သန်းပေါင်းများစွာတို့၏ စားဝတ်နေမှုကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှအများစုအထိ ဆက်စပ်ဖြေရှင်းရသောဖြစ်စဉ်သာဖြစ်၏၊

တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မှီ၍ အကျိုးဆက် ဟူသည် ဖြစ်ပေါ် စေမည်သာဖြစ်ပါ၏။

ထို့ကြောင့် နိုင်ငံရေးဟူသောစကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသောစကားရပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀)ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွါးရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသောဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ် ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သောအစဉ်အလာတရပ် ပေါ်ထွန်းလာ ခဲ့ခြင်းသာဖြစ်ပါ၏။

နိုင်ငံရေးဟူသည် မိမိတို့၏အရေးကိစ္စသာဖြစ်၏၊ နိုင်ငံရေးအားစဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့်တိုက်ရိုက် ချဉ်းကပ် စဉ်းစား ရန်လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသား တယောက် ၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည်မဟုတ်ပေ။

"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာ လောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကိုဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အားပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ် တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွါး တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိ အကျိုးစီးပွါးထက် အများအကျိုး စီးပွါးကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကြီးဖြစ်ပေါ်နေမည်ဖြစ်ပါ၏။

ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့ အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းအတွက်ဟူသော ရုန်းကန် လှုပ်ရှားနေရသည့်ဖြစ်စဉ် တနည်းအားဖြင့် ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ် ပေါ်နေသော ဆင်းရဲခြင်း အမှန်တရား) ပင်ဖြစ်ပါ၏။

နိုင်ငံရေးသီအိုရီ

Political Theories

နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူ တို့၏စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့် နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏၊ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစုအခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်းနိုင်ငံမှ တဆင့်ကမ္ဘာနှင့် အ၀န်း ကျယ်ပြန်စွာ ဆက်စပ်လျှက်ရှိနေသောအခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါး အပေါ် ဗဟိုပြု၍ ချဲ့ထွင်စဉ်းစားခဲ့ကြပါ၏။
ထို့ကြောင့်ပင် နိုင်ငံရေးအတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများ အပေါ် အခြေခံကျကျမှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ်တင်ပြလာခဲ့ခြင်းဖြစ်၏။

1.နိုင်ငံတော်
2.အစိုးရစနစ်
3.မူဝါဒများ
4.အုပ်ချုပ်ရေးစနစ်
5.တရားစီရင်ရေးစနစ်
6.ဥပဒေပြုရေး
7.လူမျိုးရေးပြဿနာများ
8.ဘာသာရေးဆိုင်ရာပြဿနာများ
9.လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10.မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11.လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12.တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13.တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14.အလုပ်သမားဆိုင်ရာပြဿနာများ


စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေ များအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ် ဖေါ်ထုတ် ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် (ဘီစီ-၅၀၀ ) ခန့်မှစတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။

ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ

ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism)
ကိုလိုနီဝါဒ (Colonism)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)


အပိုင်းလိုက်ခွဲ၍ ဆက်လက်တင်ပြသွားပါမည်။


0 မြန်မာနှင့်မြောက်ကိုရီးယားအတွက် အိုဘားမားနှင့် အာရိုယိုပူးပေါင်းမည်

မြန်မာနှင့်မြောက်ကိုရီးယားကိစ္စအတွက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဖိလစ်ပိုင်သမ္မတ ဂလော်ရီယာ မာကက်ပါဂယ်-အာရိုယိုတို့ အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ကြာသာပတေးနေ့က သဘောတူညီမှုပြုခဲ့ကြသည်။

အာရိုယိုသည် အိုဘားမားနှင့်ပူးပေါင်းဆောင်ရွက်မည့် အာဆီယံ၏ပထမဆုံးသော ခေါင်းဆောင်ဖြစ်သည်။

"ကျွန်မတို့ဟာ မြန်မာနိုင်ငံအရေးများနဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အမေရိကန်ရဲ့နောက်မှာ ရပ်တည်နေပါတယ် "ဟု အိမ်ဖြူတော်တွင် အိုဘားမားနှင့်အတူရှိစဉ် အာရိုယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘားရက်အိုဘားမားက အာဆီယံ၏ထောက်ပံ့မှုအတွက် အာရိုယိုကိုကျေးဇူးတင်စကားပြောကြားခဲ့ပြီး " မြန်မာပြည်မှာ ကာလကြာရှည်စွာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုများနဲ့ မြောက်ကိုရီးယားရဲ့ နျူးကယားကိစ္စတွေကိုဖြေရှင်းဖို့ အခုလိုဖိလစ်ပိုင်ရဲ့ ထက်သန်တဲ့အားပေးမှုကိုမြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အင်မတန်မှဝမ်းသာမိပါတယ်။ "ဖိလစ်ပိုင်ဟာ အင်အားကြီးမားတဲ့ နိုင်ငံမဟုတ်ပေမယ့် လက်ဝှေ့စကားနဲ့ပြောရရင် နိုင်ငံတကာမှာ သူ့ရဲ့အလေးချိန်ကိုကျော်ထိုးလိုက်ခြင်းပါပဲ" ဟု အိုဘားမားက ဆက်လက်ပြောကြားခဲ့သည်။ဖိလစ်ပိုင်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ
အိမ်ဖြူတော်က သမ္မတနှစ်ဦး ဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာရှရဲ့ စံတန်ဖိုးတွေပေါ် အခြေပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ မြောက်ကိုရီးယား အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အခိုင်အမာ ရပ်တည်ပြောဆိုနေတဲ့အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်၊ ဒါ့ပြင် မစ္စတာအိုဘားမားက သူ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အလည်အပတ် သွားရောက်ဖို့ ရှိတဲ့အပြင် အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးမှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်၊တွေ့ဆုံပွဲအပြီးမှာ ဖိလစ်ပိုင်သမ္မတ မစ္စက် အာရိုယိုက အမေရိကန်သမ္မတနဲ့ ဆွေးနွေးပြောဆို ခဲ့မှုတွေအပေါ် အလွန်နှစ်ထောင်းအားရဖြစ်မိတယ်လို့ ဖိလစ်ပိုင်သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်၊

ဒီအတောအတွင်း ဖိလစ်ပိုင်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မနီလာမြို့က မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်၊

source။ ။ (rfa) http://www.breitbart.com/article.php?id=D99P4P900&show_article=1

0 မြန်မာ့ အဏုမြူစီမံကိန်း ဖော်ထုတ်မှု






SMH.com.au က မြန်မာနိုင်ငံဟာ လျှို့ဝှက်စွာ Nuclear ထုတ်လုပ်နေတာကို ဒီနေ့ သတင်းစာမှာ ခေါင်းကြီး အနေနဲ့ ဖော်ထုတ်ထားပါတယ်။
အရေးပါသော ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်များ၏ထွက်ဆိုချက်အရ မြန်မာပြည်မှ အထီးကျန်စစ်ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏အကူအညီဖြင့် လာမည့်ငါးနှစ်တာကာလအတွင်း ပထမဆုံးအဏုမြူဗုံးထုတ်လုပ်နိုင်ရန်အတွက် လျှို့ဝှက်အဏုမြူဓါတ်ပေါင်းဖိုနှင့် ပလူတိုနီယံဒြပ်စင်ထုတ်စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်း သံတော်ဆင့်သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါလျှို့ဝှက်စက်ရုံများ၏ အစိတ်အပိုင်းအများစုကို မြန်မာပြည်မြောက်ဖျား၏ နောင်လိုင်အင် Naung Laingခေါ်ဒေသရှိ တောင်များတွင် မြေအောက်ဥမင်များတူးလျက် ဆောက်လုပ်နေပြီး ရုရှားနှင့်ဆောက်လုပ်နေသော နိုင်ငံတကာ၏ ကြပ်မတ်မှုအောက်တွင် ထားရှိပါမည်ဟု သတင်းလွှင့်ထားသည့် အခြားဓါတ်ပေါင်းဖိုတစ်ခုနှင့် အပြိုင်ဆောက်လုပ်ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်မှစတင်၍ ဩစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှ မဟာဗျူဟာပါရဂူ Desmond Ball နှင့် ထိုင်းအခြေစိုက်သတင်းစာဆရာ Phil Thornton တို့က မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်နှစ်ဦးကို ထိုင်းနိုင်ငံတွင် သီးခြားစီ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တစ်ဦးမှာ မြန်မာစစ်တပ်၏ လျှို့ဝှက်အဏုမြူတပ်ရင်းမှ အရာရှိတစ်ဦးဖြစ်ပြီး မော်စကိုတွင် ၂ နှစ်ခန့်ပညာတော်သင်သွားရောက်ခဲ့ဖူးသည်။ အခြားတစ်ဦးမှာ ယခင်က မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံတို့နှင့် အဏုမြူကိစ္စရပ်များကို ကိုင်တွယ်နေသော ထူးထရေးဒင်း၏အမှုဆောင်တစ်ဦးဖြစ်ကြောင်းသိရသည်။

၎င်းးတို့၏ပြန်လည်ပြောပြချက်များသည် အာရှနိုင်ငံများကို ဂယက်ရိုက်သွားစေခဲ့ပြီး " အထောက်အထားတွေကတော့ ပဏာမအဆင့်မှာပဲရှိသေးပြီး အတည်ပြုချက်ယူဖို့လိုပါသေးတယ်။ ဒါပေမယ့်ဒီကိစ္စဟာ ဒေသန္တရလုံခြုံရေးအတွက် လက်ရှိအခြေအနေကို ပြောင်းလဲစေမယ့်အရာတစ်ခုဖြစ်ပါတယ်"ဟု ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ခေါင်းဆောင် Thitinan Pongsudhirak ကပြောကြားခဲ့သည်။

Ref: http://www.smh.com.au/world/revealed...0731-e4fw.html
Ref: http://www.smh.com.au/world/burmax20...v.html?page=-1

armifopfpdrf;

0 july (31)ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

ဓာတ်ပုံ - အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ

Friday, July 31, 2009

0 ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ။

လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..

ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏ ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မတတ်ကာ လိမ်လည် လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့ မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင် မည့်သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သားများသာ လျှင်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ်မရသည့်ခေါင်းဆောင် ဖြစ်ပေသည်၊ လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀)
ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်၊

ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့လက်တွင်းကျရောက်နေသည်ကို အထူးသတိပြုသင့်ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားပါက မြန်မာနိုင်ငံ၏အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်တိုင်းပြည်ဖြစ်
ရုံမက သူတောင်းစားတိုင်းပြည်အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။

သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့။

0 ဂျပန်တွင်ကျင်းပပြုလုပ်သော ၇၄လမြောက် ဒီပဲယင်း အထိမ်းအမှတ် အခမ်းအနား





၂၀၀၉ခုနှစ်ဇူလိုင်လ ၃၀ရက်။ ။
၂၀၀၃ခုနှစ်မေလ၃၀ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းမှာ ယနေ့ဆိုလျှင် ၇၄လပြည့်ခဲ့ပါသည်။စစ်အစီုရ၏ စနစ်တကျ ကြိုတင်ကြံစည်လုပ်ကြံ သတ်ဖြတ်မှူ ကို မမေ့နိုင်ကြသော၊ ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးစေလိုကြသော မြန်မာ့ဒီမိုကရေစီ အင်အားစု များ က ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့ တွင် စုဝေး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကို ညနေ ၃နာရီမှ ၄နာရီ အတွင်း ကျင်းပခဲ့ ကြပါသည်။
ဤအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဦးဆောင်ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူး အဖြစ် ဦးသာဇော်မောင်မောင် တွဲဖက် အတွင်းရေးမှူး-၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ကဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံရေးအဖွဲ့အစည်း.အသီးသီးနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး တို့မှစုစုပေါင်း အင်အား ၁၃၀ ကျော် တက်ရောက်ခဲ့ ပါသည်။ဤ အခမ်းအနား တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ဒီပဲယင်းလုပ်ကြံမှု ဆိုသည်မှာ ``မဆလ၊နဝတ၊နအဖခေတ်တိုင်းတွင်ဖြစ်ပျက်ခဲ့သောအမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြိုကွဲစေသော`` ဖြစ်ရပ် များထဲမှ တခုဖြစ်ကြောင်း၊ထိုကဲ့သို့ လုပ်ဆောင်နေမှု များကြောင့် လည်း မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဘဝ ရောက်ခဲ့ရကြောင်း၊ ယနေ့မြန်မာလူထုတရပ်လုံးနီးပါး နေ့စဉ်စားဝတ်နေရေးကိုခက်ခဲစွာ ဖြေရှင်းနေရသည့် အခြေအနေ ဖြစ်နေရကြောင်း၊ထို့ကြောင့် ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် မိမိတို့ နိုင်ငံလက်ရှိအခြေအနေကို မိမိတို့ လေးလေးနက်နက် ရှိကြစေလိုကြောင်းများပြောကြားခဲ့သလိုကိုမောင်မောင်လှ(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)၊L ZAU LA (ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း-ဂျပန်) ၊ကို ဖုန်းမြင့်ထွန်း(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ) တို့ မှလည်း တညီတညွတ်တည်းပင် ထောက်ခံပြောကြားသွားခဲ့ကြပါသည်။နောက်နေ့ဇူလိုင်လ ၃၁ရက်နေ့တွင် နအဖအခွန်ရုံးရှေ့၌ ပင်ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်ချက်ချမည့်ကိစ္စအတွက်နေ့လည် ၁၂နာရီမှစတင်ဆန္ဒပြမည်ဖြစ်ကြောင်းသိရှိရပါသည်။
--
soe aung win

0 အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ရေး ကြေငြာချက်

0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအဖွဲ့ကြီးမှ လတ်တလောမြန်မာ့အရေးနှင့်ပတ်သတ်၍ ထုတ်ပြန်ကြေငြာချက်



Thursday, July 30, 2009

0 The East Asia Conflict Zone

0 အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်။ -

0 မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့  မှ အထူးကြေညာချက်။

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား အကျဉ်းချခံနေရတဲ့ ရဟန်းရှင်လူခေါင်းဆောင်တွေအားလုံး လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံးရဲ့ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်ပေသည်။

ကျွန်ုပ်တို့အားလုံး စစ်ကျွန်သဘောက် အာဏာရှင်ခြေဖ၀ါးအောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့ခေါင်းဆောင်များသည် ထောင်ထဲတွင် ဆင်းရဲ ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံကာ အာဏာရှင်ကို ဒူးမထောက် လက်မမြောက်အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်နေကြပေသည်။

ယခုအချိန်အခါသည် ကျွန်ုပ်တို့၏ မဟုတ်လျှင် ဘယ်တော့မှ ခေါင်းငုံ့မခံတတ်ကြသည့် သခင်စိတ်ဓာတ်ကို မွေးပီး အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်တိုက် ခိုက်ရတော့မည်အချိန် ကျရောက်လာပြီ ဖြစ်ပေသည်။

အနှစ် (၂၀) လုံး ရိုက်သွင်းထားတဲ့ ကျွန်စိတ်ဓာတ်တွေကို ဖျောက်ဖျက်ပီး သပိတ်စုံ သူပုန်ထ တော်လှန်မှသာလျှင် နအဖစစ်မိစ္ဆာကောင်များကို မြန်မာ့မြေပေါ်မှ အပြီးပိုင် ရှင်းလင်းဖယ်ရှားပစ်နိုင်မည် ဖြစ်ပေသည်။

မျိုးချစ်တပ်မတော်သားများကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး ပြည်သူလူထုကြီးကို အသက်ပေးကာကွယ်စောက်ရှောက်ပေးရန် တာဝန်အပြည့်ရှိသည်ကို လေးလေးနက်နက် သဘောပေါက်စေလိုပါသည်။

ကျွန်ုပ်တို့၏ အနှစ်နှစ်အလလ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ လူစဉ်မမီ လူမပီသမှု၊ မတရားမှုများနှင့် ဆုံးရှုံးနစ်နာနေတဲ့ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ရရှိဖို့အတွက် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လှည်းနေလှည်းအောင်း မြင်းစောင်းမကျန် အနီးကပ်ဆုံးရန်သူကို တွန်းလှန်တိုက်ခိုက် တော်လှန်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။

Wednesday, July 29, 2009

0 ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော


မဇ္ဈိမသတင်းဌာန
နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစု ကြည် ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

Monday, July 27, 2009

0 FDI in Burma

0 Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)၏ လှုပ်ရှားမှု


ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဲ့ဝင်လူငယ်များသည်
နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို
ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး ယနေ့ဂျူလိုင်၂၇ရက်နေ့ ၂၀၀၉တွင်လမ်းမတော်မြို့ နယ် သံဈေးညောင်ပင်လေးဈေး မင်္ဂလာတောင်ညွန့် မြို့ နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ စသည့်လူစည်ကားရာနေရာတို့ တွင်ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့်  FREE DAW AUNG SAN SUU KYI နှင့်  FREE BURMA စာတန်းပါစာရွက်စာတမ်းတို့ ကို ဖြန့် ကျဲခဲ့ခြင်းဖြစ်ပါသည်။

ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူပူးပေါင်းဆန့်ကျင်၍အရှိန်မြှင့်လှုပ်ရှားမှုများတွင်ပါဝင်ဆင်နွှဲကြပါရန်အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"

On July 27, 2009 Generation Wave did pamphlet action today, Action happened at key crowded places in Yangon, Burma: Lamadaw Township, Nyung Pin Lay Zay Plaza, Tan Zay Plaza and Mingalar Taung Nyunt Township, Mingalar Zay Bazaar, Yuzana Plaza. We also want to encourage people and especially youth of Burma to do all they can to take actions for the release of Daw Aung San Suu Kyi.

“FREE OUR NATIONAL LEADER DAW AUNG SAN SUU KYI NOW!”

Best Regards,

Min Yan Naing

Sunday, July 26, 2009

0 ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  အပေါ် အသေးစိတ်သုံးသပ်ချက်

ပြည်တွင်းရှေ့ နေတဦးရဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု့  အပေါ် အသေးစိတ်သုံးသပ်ချက် www.freeforcountry.co.cc မှ ဖြစ်ပါသည်။



လမ်းညွန်
မိမိကြည့်လိုသော ဓာတ်ပုံကို click ခေါက်လိုက်ပါ. Next, Prev. button လေးများ နှိပ်၍သော်လည်းကောင်း၊ မိမိ၏ ကွန်ပြူတာကီးဘုတ်မှ Left/Right Arrow Key လေးများ နှိပ်၍သော်လည်း ကောင်း ဆက်ကြည့်သွားနိုင်ပါသည်. ပြန်ထွက်လိုလျှင် Esc နှိပ်ပါ. (သို့) ဓာတ်ပုံပြင်ပ ဧရိယာတွင် Mouse ကို click ခေါက်လိုက်ပါ.

0 မဲနေသော အစိမ်းများ


မဲတယ်ဆိုတာက ”ကုလားမနိုင်ရခိုင်မဲ” ဆိုတဲ့ စကားလို မဆိုင်တဲ့လူတွေကို လိုက်မဲပြီးအရေးယူနေတယ် ဆိုတာပါ။
သတင်းက ဒီလိုဗျ..ဒီလို..

ပတ်စပို့ရုံးနှင့် နီးစပ်သူ။ ။ “ရုရှားကနေ ပညာသင်ပြီး ပြန်လာတဲ့ ကက်ပတိန် သုံးယောက် တံဆိပ်တုံးအတုတွေ ဘာတွေ လုပ်ပြီးတော့ နိုင်ငံခြား ထွက်သွားတာပေါ့။ ထွက်သွားတော့ ထိုင်း၊ ထိုင်းကတဆင့် ဘယ်သွားဦးမလဲတော့ မသိဘူးပေါ့။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ သူတို့ ပွဲစားတွေ လိုက်ဖမ်းတာပေါ့။ ပွဲစားတွေနဲ့ ဝန်ထမ်းတချို့၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဆိုင်တွေကိုပါ ဝင်ဆွဲတာပေါ့။ ဓာတ်ပုံတွေနဲ့ နာမယ်နဲ့ တိုက်ပြီးတော့၊ ပွဲစား အယောက် ၈၀ လောက်လို့ ကြားတာပဲ။ သူတို့ဆီမှာ စာရင်းတွေ ရှိတယ်။ အရင်တုန်းက ပတ်စပို့ ပွဲစားတွေပေါ့။ ပတ်စပို့ ပွဲစားဆိုတာ အရင်တုန်းက အက်စ်ဘီဟောင်းတွေ များပါတယ်။ အက်စ်ဘီပြုတ်တွေလေ။

”ဒါ့ပြင် မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ ပြည်ပခရီးစဉ် မှတ်တမ်းတွေ အပါအဝင် တရုတ်၊ အိန္ဒိယ၊ ရုရုား၊ မြောက်ကိုရီးယားစတဲ့ နိုင်ငံတွေက နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက် ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တာဟာ အဲဒီ ထွက်ပြေး တိမ်းရှောင်သွားတဲ့ တပ်မတော် အရာရှိ ၃ ဦးရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် အာဏာပိုင်တွေက အထူးအလေးထား ဖော်ထုတ်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုချက် ရယူနိုင်ဖို့ နေပြည်တော် မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့၊ ရန်ကုန် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနဲ့ ပုံစံ ၁၉ အခွန်ရုံးတို့ကို RFA ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်း ကိုင်သူတွေက လက်ခံဖြေဆိုမှု မရှိပါဘူး။

အပြာရောင်နဲ့ရေးထားတာက အာအက်ဖ်အေကဇူလိုင်၂၃ ရက်တင်လိုက်တဲ့သတင်းပါ။
လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေကို အာဏာပိုင်တွေဆိုထားပြီး မြန်မာနိုင်ငံမှာ အာဏာပိုင်တယ်ဆိုတာကလည်း အစိမ်းရောင်ဝတ် သေနတ်ကိုင်စစ်သားကြီးတွေဖြစ်လေတော့ အစိမ်းများလို့ ခေါင်းစဉ်လှအောင် တပ်လိုက်တာပါပဲ ဖြစ်ပါတယ်။

တကယ်ကတော့ အစိမ်းရောင်ဝတ်ထားတဲ့ တပ်မတော်က ရုရှားပညာတော်သင်ပြန် ဗိုလ်ကြီးတွေ ထွက်ပြေးလို့  အစိမ်းရောင်ဝတ်ထားတဲ့ အာဏာပိုင်တွေ မဖမ်းနိုင်တာနဲ့ အပြာေ၇ာင်၊ ကာကီရောင်ဝတ်ထားတဲ့ ပတ်စပို့ ရုံးက အက်စ်ဘီရဲတွေ၊ အ၀တ်အရောင်စုံတဲ့အရပ်သားတွေ(ပွဲစားတွေ) ကို မဲနေတာပါ။
အဲဒီတော့ “အရောင်များနဲ့ကစားခြင်း” လို့ တောင်ေ၇းရမလိုပါပဲ။

ဆိုလိုချင်တာက ညူကရီးယားသိပ္ပံပညာကို သင်ထားတဲ့ ပညာရှင်တွေဆို အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံကြီးတွေက အစိုးရတွေ ၊ သူတို့ ထောက်လှမ်းရေးတွေ အရမ်းသတိထား စောင့်ကြည့်ပါတယ်။
အဲဒီပညာတတ်တွေက စစ်သားပါဖြစ်နေရင်တော့ ခေါင်းကြီးကြတာပေါ့၊
မတော် သူတို့ ကို တလ အစိမ်း(ဒေါ်လာ)တသောင်းပေးပါမယ်ဆိုပြီး အစွန်းရောက် အမဲဝတ် အစ္စလမ်အကြမ်းဖက်တွေ တော်ကောက်သွားရင် မခက်ပါလား၊
ရေနံတွင်းတွေဖင်ခုထိုင်ထားတဲ့ သူတို့ မှာ ငွေကရေလိုပေါပေမဲ့ နည်းပညာကရှားတယ်လေ။ ညူကလီးယားဗုံးလုပ်နိုင်တဲ့ နည်းပညာဆိုပါစို့ ..။
တချို့ ပါမောက္ခအဆင့်တွေ သူတို့ မှာ ရှိပြီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ (နှစ်ပေါက်အောင်)ရုရှားဆီက စံနစ်တကျပညာသင်ထားတဲ့ မြန်မာစစ်ဗိုလ်ကြီးတွေပါပေါင်းလိုက်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုတာဖြစ်မှာပါ။

နောက်တနှစ်-၂နှစ်လောက်မှာ နယူးယောက်မြို့ကြိး “အုံးဒိုင်း”ဆို မြေခကြွေကျမှ အိုဘားမားအစိုးရအဖွဲ့ ပြသနာတွေနဲ့ ကစားနေရမယ်လေ။

ဒီတော့..။

အရောင်များနဲ့ ကစားကြရာမှာ အဲဒီ မြန်မာပြည်က ထွက်လာပါတယ်ဆိုတဲ့ ဗိုလ်ကြီးအဆင့် ပညာတော်သင် အစိမ်းဝတ်များ..။

အမေရိက အစိုးရကို (နီးစပ်ရာသံရုံးကတဆင့်) အမြန်ဆက်သွယ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ အလုပ်အကိုင်အခွင့်အလန်းရပါမယ်။
လစာကောင်းပါမယ်၊ ဘ၀အာမခံချက်ရှိပါမယ်။ မိသားစုဆွေမျိုး မိတ်သင်္ဂဟတွေပါ စားနိုင်သောက်နိုင်ပါမယ်။
အဲဒီလိုဖြစ်မှာ သေချာပါတယ်။ သူများတွေလက်ထဲ မရောက်ခင် အမေရိကန်အစိုးရက အရင်လိုချင်သတဲ့ ..လို့ ။

အဲဒါလေး သတင်းစကား အထင်းသားဖြစ်အောင် (နားပေါက်အောင်) ဖြန့် ပေးလိုက်ကြပါဗျာ။
သတင်း။ ။ မန္တလေး gazzet

0 သွားဦးမှာလား နိုင်ငံခြား

ယနေ့ခေတ်လူငယ်အများစု၏ ဘ၀တက်လမ်းရှာရန် ရွေးချယ်မှု လမ်းကြောင်းများထဲတွင် နိုင်ငံရပ်ခြားသို့ သွားရောက်ကျောင်းတက် ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့က အဓိကရည်ရွယ်ချက်များထဲမှ တစ်ခု အနေဖြင့်တည်ရှိလာခဲ့ကြောင်း လူ ငယ်ရေးရာနှင့် အလုပ်အကိုင်အခွင့် အလမ်းရှာဖွေခြင်းဆိုင်ရာပညာရှင် များကသုံးသပ်ပြောကြားခဲ့ကြသည်။

နိုင်ငံရပ်ခြား၌ ပညာသင်ကြား ခြင်း၊ အလုပ်အကိုင်ရရှိခြင်းဖြင့် ပ ညာဥစ္စာနှင့် ဓနဥစ္စာကိုလျင်မြန်စွာ တိုးတက်စေခဲ့သည့်သာဓကအချို့ ရှိ နေခြင်းကလည်း လူငယ်များ၏ဘ၀ တက်လမ်းရှာရန်ရွေးချယ်မှုများထဲ တွင် အဓိကရည်ရွယ်ချက်တစ်ခု အဖြစ်ပါဝင်နေခြင်းဖြစ်ကြောင်းလူငယ် ရေးရာလေ့လာသူများကဆိုသည်။

တစ်ကမ္ဘာလုံးနီးပါးရင်ဆိုင်ခဲ့ ရသည့် ဘဏ္ဍာရေးအကျပ်အတည်း ကာလအတွင်း၌ ပြည်ပရောက် အ လုပ်သမားအချို့ အလုပ်လက်မဲ့ဖြင့် ပြည်တွင်းသို့ပြန်လည်ရောက်ရှိလာ ခဲ့ကြောင်း အလုပ်အကိုင်အေဂျင်စီ အချို့ထံမှသိရသည်။ ပြည်ပအလုပ်အကိုင်အခွင့်အ လမ်းများအပေါ် စိတ်ကုန်ခဲ့ကြပြီး နောက်ပြည်ပတွင်လုပ်ကိုင်ခဲ့ရသည့် လုပ်ငန်းခွင်အခြေအနေနှင့် ၀င်ငွေ အတိုင်းရရှိနိုင်မည့် အလုပ်အကိုင် များကို ပြည်တွင်း၌ ရှာဖွေခဲ့ကြ ကြောင်း သိရသည်။

ပြည်တွင်းတွင်ရှာဖွေခဲ့ရာ၌ လူ ငယ်များဘက်မှ¤င်းတို့ဘ၀အဆင့် အတန်းမြင့်တက်နိုင်သည်ဟု သတ် မှတ်ထားသည့်လုပ်ငန်းအတွေ့အကြုံ စံနှုန်းများ၊ လုပ်ငန်းခွင်အဆင့်အတန်း စံနှုန်းများ၊ ၀င်ငွေလစာစံနှုန်းများ အတိုင်း ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများပြည်တွင်း၌ရရှိရန် ခက်ခဲခဲ့ကြောင်း လူငယ်များထံမှ သိရှိရသည်။

ဘဏ္ဍာရေးအကျပ်အတည်းကာ လ ကျော်လွန်ပြီးနောက် ကမ္ဘာ့စီး ပွားရေးအခြေအနေအသင့်အတင့် ပြန်လည်တည်ငြိမ်လာချိန်၌လူငယ် များ၏ အလုပ်အကိုင်အခွင့်အလမ်း မျော်လင့်ချက်များနိုင်ငံရပ်ခြားသို့ပြန် လည်ရောက်ရှိခဲ့ကြောင်းသိရသည်။Crisis ကာလတွင်း ပညာရေး လမ်းကြောင်းများမှ တစ်ဆင့်လည်း နိုင်ငံတကာသို့ဝင်ရောက်ရန် နှောင့် နှေး အချိန်ယူပြင်ဆင်ခြင်းများရှိ ခဲ့ကြရာ ပညာရေးဖြင့် လူငယ်များ ၏အနာဂတ်အတွက် စတင်ပြင် ဆင်ထားရန်အချိန်တန်ပြီဟု ဗြိတိသျ ကောင်စီမှ Exam Services Manager ဦးကျော်ထင်က ''Recession ကာလ မှာ စင်ကာပူမှာ အလုပ်အကိုင်နဲ့ ပတ်သက်လို့ Unskill တွေ Semiskill labours တွေလွင့်ထွက်ပြီး အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။

Professionals သမားတွေနဲ Skillful Labours တွေသာကျန်ခဲ့တာ။ ပညာ ရေးလောကမှာကျတော့ Recession ကာလဖြစ်လို့ ကျောင်းကိုတစ်ဝက်နဲ့ ရပ်ထားလို့မဖြစ်ဘူး။ ပညာရေးဟာ Future Investment ဖြစ်တယ်။ ကိုယ့်ဘက်ကအရည်အချင်းအပြည့်နဲ့ ရှိနေဖို့သာလိုတယ်''ဟု PS Business School ၏ ပညာရေးဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။

အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံ ခြားထွက်ကြဦးမည်ဆိုသောလူငယ် များမှာလည်း¤င်းတို့၏အရည်အချင်း အား နိုင်ငံတကာတွင် တန်းတူယှဉ် ပြိုင်စရာဈေးကွက်တစ်ခုအနေဖြင့် ရှုမြင်ထားသင့်ကြောင်းကိုလည်း ဦးကျော်ထင်က''လူငယ်တွေနိုင်ငံ တကာအလုပ်အကိုင်ဈေးကွက်တွေမှာ တန်းဝင်နေဖို့၊ မိမိကိုယ်ကို Present လုပ်ပေးနိုင်ဖို့၊ မိမိကိုယ်ကိုရောင်း ကုန်တစ်ခုလိုသဘောထားပြီး ကိုယ့် အရည်သွေးကိုတင်ပြနိုင်ဖို့လိုပါ တယ်။ ဒါမှလည်း Higher Position တွေကိုရပြီး နိုင်ငံတကာနဲ့ယှဉ်နိုင် မှာပါ''ဟု ပြောကြားခဲ့သည်။

ပြည်ပအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း ''အခု ဒူဘိုင်း၊ မလေးရှားဘက်ကအလုပ် ခေါ်စာတွေရှိနေတယ်။ ဒါပေမယ့် သွားမယ့်သူက ပိုက်ဆံမသုံးနိုင်ဘူး။ ပြီးတော့ ဟိုဘက်ကိုမယုံရဲဘူးဖြစ် နေတာ။ ဒါပေမယ့် ထွက်မယ့်သူက တော့ထွက်ဖို့လုပ်နေတာပါပဲ။ ဒူဘိုင်း ဆိုဟိုတယ်၊ မလေးရှားဆို General workers နဲ့ပဲထွက်တယ်''ဟု အလုပ် အကိုင်ဈေးကွက်၏ လက်ရှိအနေ အထားကို ပြောပြခဲ့သည်။

ယခုအခါ ပြည်ပအလုပ်အကိုင် ဈေးကွက်တွင် လျောက်လွှာလာ ရောက်တင်၍ အင်တာဗျူးများရှိပါ က ၀င်ရောက်ဖြေဆိုနေသူအချို့မှာ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့လိုအပ် ကြောင်းကို ''တလောက ဒူဘိုင်းက အင်တာဗျူးတစ်ခုလာတာ ၀င်ဖြေသူ တချို့မှာတွေ့ရတာ Personal တော့ ကောင်းတယ်။ ဒါပေမယ့် အင်္ဂလိပ် စာမကောင်းဘူး။ အခု အလုပ်ခေါ်တဲ့ နိုင်ငံတိုင်းက အင်္ဂလိပ်စာကောင်း ဖို့ကိုပဲ အဓိကထားနေတယ်။ အထူး သဖြင့် UAE နိုင်ငံပဲ''ဟုရှင်းပြသည်။

''ဒီမှာက ကုမ္ပဏီဝန်ထမ်းဆို ရင် သာမန်ဘွဲ့ရတစ်ယောက်လစာက လေးငါးသောင်းထက် မပိုပါဘူး။ ပိုတယ်ဆိုတဲ့လူတွေက လုပ်ငန်းမှာ ၀ါရင့်သူတွေဖြစ်ပြီး လုပ်ငန်းရှင်ရဲ့ ယုံကြည်စိတ်ချအားကိုးရတဲ့သူတွေ များပါတယ်။ အဲဒီသူအများစုရဲ့ အခွင့်အရေးက ရိုးသားမှုပေါ်မှာ အခြေခံတာတွေ့ရတယ်။ နောက်ပြီး ဒီမှာကလုပ်ငန်းအများစုက လစာသာ အများကြီးမပေးနိုင်တာအလုပ်ခေါ်ပြီ ဆို အနိမ့်ဆုံးဘွဲ့ရအဆင့်လောက်ကို ခေါ်တာများတယ်။ တချို့လစာ ကောင်းတဲ့အလုပ်တွေဆို ဘွဲ့အပြင် ကျွမ်းကျင်မှုလက်မှတ်၊ ဘာသာရပ်၊ စာရင်းကိုင်၊ ကွန်ပျူတာလို လက် မှတ်တွေပါရမှဖြစ်မှာပါ။ နိုင်ငံခြား မှာက ကိုယ့်မှာသာပညာပြည့်ဝနေ ပါစေ ဟိုနိုင်ငံမှာအလုပ်ရပြီဆိုရင် လခက ငါးသိန်းထက်မှာရှိပါတယ်။ ဒီမှာဆိုရင် ငါးသိန်းဝန်းကျင်က အလွန်ဆုံးပါပဲ။ ဒါကြောင့် နိုင်ငံ ခြားကိုသွားလုပ်ကြဖို့စိတ်ဝင်စား နေကြဦးမယ်လို့ ထင်ပါတယ်''ဟု ဘွဲ့ရလူငယ်တစ်ဦးကသူ၏အမြင်ကို ရှင်းပြခဲ့သည်။

''ကျွန်မက အခုလက်ရှိ စင်ကာပူ မှာ အရောင်းမြှင့်တင်ရေးဝန်ထမ်း လုပ်တာမြန်မာငွေနဲ့တွက်ရင် သိန်း ၂၀ ၀န်းကျင်ရပါတယ်။ အင်္ဂလိပ် ဘာသာစကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး အင်္ဂလိပ်စာနဲ့ကွန်ပျူ တာဆိုင်ရာအောင်လက်မှတ်တွေ ကျွန်မမှာရှိပါတယ်။ ဒီကပညာရေး ၀န်ဆောင်မှုကုမ္ပဏီတစ်ခုမှာ အဲဒီ လက်မှတ်တွေနဲ့ပဲအလုပ်လုပ်ခဲ့တုန်း က တစ်သိန်းခွဲထက်ပိုမရခဲ့ပါဘူး။ လူငယ်တွေအနေနဲ့ ပြည်ပအလုပ် အကိုင်အခွင့်အလမ်းတွေကိုရှာနေတာ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုပါ။ ဒါပေမယ့် ကိုယ့်ဘက်က တကယ် ပြည့်ဝပြီး ပညာတတ်တစ်ယောက် အနေနဲ့ပဲသွားလုပ်စေချင်တယ်။ သာမန်အိမ်ဖော်လို၊ အလုပ်ကြမ်း အလုပ်သမားတွေလိုသွားလုပ်ရင်တော့ ဒီမှာထက်တော့ ပိုက်ဆံပိုရကောင်းရ လိမ့်မယ်။ ဒါပေမယ့် စိတ်ရောလူပါ ဒုက္ခရောက်ရမှာပါ''ဟုစင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင်နေသူ အမျိုး သမီးတစ်ဦးက ဆိုပါသည်။

လူငယ်များအနေဖြင့် မိမိတို့ ဘ၀အဆင့်အတန်း မြင့်မားရန်နှင့် ပညာဥစ္စာ၊ ဓနဥစ္စာ တိုးတက်ရန် ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်မည့်သူများရှိနေဦးမည်ဖြစ်ရာ မိမိတို့ဘက်မှ ပညာပြည့်ဝထားရန် လိုအပ်ပြီး ပညာတတ်တစ်ယောက် အနေဖြင့်သာ သွားရောက်လုပ်ကိုင် စေလိုကြောင်း ပညာရေးအသိုင်း အ၀ိုင်းမှဝါရင့်ဆရာများကဆိုပါသည်။

ယခုအခါ ပြည်ပသို့အလုပ် အကိုင်ဖြင့် သွားရောက်မည့်သူများ အတွက် အလုပ်ခေါ်စာအချို့မှာ ကျွမ်းကျင်လုပ်သားများအတွက် စစ် ထုတ်ခေါ်ယူခြင်းများရှိနေသကဲ့သို့ မိမိ၏အရည်အချင်းပြည့်ဝထားခြင်းဖြင့် Crisis ကာလကိုကျော်လွန်ပါကများ စွာသောအလုပ်အကိုင်အခွင့်အလမ်း များသည်လည်းရောက်လာနိုင်ကြောင်း Tech Training Centre မှ General Manager ကပြောကြားခဲ့သည်။ Star Resources Co., Ltd မှ ဒေါ်နေရီအောင်က''ဟိုတယ်နဲ့ပြည်ပ ထွက်ကြတာ Crisis ကာလမှာရော Crisis ကျော်လွန်ဆဲကာလမှာပါစဉ် ဆက်မပြတ်ရှိကြတယ်။ အလုပ်ခေါ် စာ နည်းတာနဲ့များတာပဲကွာတယ်။ အခုနောက်ပိုင်းမှာတော့ Demand များလာတယ်။ အဓိက လူငယ်တွေ ကိုပြောချင်တာက ဒီကာလမှာ မဟုတ်လို့ရပ်နေရမယ်လို့တော့ မဆို လိုဘူးပေါ့။ ကိုယ့်ဘက်ကဖြည့်စရာ ရှိတာတွေ၊ လိုအပ်နေတာတွေကို ဖြည့်ထားမှသာ တစ်ချိန်အခွင့်အရေး ရလာရင်အဆင်ပြေပြေရှိသွားနိုင်မှာ။ လူငယ်တွေ မိမိ Professionalေူ တွေ ကိုသွားနေရင်းရပ်မနေကြဖို့၊ ဒီ အချိန်မှာ ကိုယ့်ဘက်ကအရည် အသွေးတွေပြည့်နေဖို့အရမ်းအရေးပါ ပါတယ်''ဟု အကြံပြုပြောကြား ခဲ့သည်။

၂၀၀၅ ခုနှစ်မှစ၍ Crisis ကာ လမရောက်ခင်အထိ မလေးရှား၊ စင် ကာပူနှင့်ယူအေအီးနိုင်ငံများမှာ မြန် မာလူငယ်အများစုအသွားများသည့် နိုင်ငံများပင်ဖြစ်ပေရာ ယူအေအီး နိုင်ငံမှ လာရောက်ခေါ်ယူနေသည့် အလုပ်ခေါ်စာများအတွက် ယုံကြည် စိတ်ချရမှုရှိစေရန် အေဂျင်စီများ၏ တာဝန်ယူမှု၊ သေချာမှုတို့မှာ များစွာ အရေးပါလျက်ရှိနေကြောင်းကိုလည်း အလုပ်သမားရေးရာကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

အထူးသဖြင့် ပြည်ပအလုပ် အကိုင်ကိုသာ မက်လုံးကြီးနေသော ကြောင့် မိမိဘ၀နစ်နာနိုင်သော လူ ကုန်ကူးမှုအပါအ၀င် အခြားသော အလွဲအသုံးချခံရမှုများ မကြုံရစေရန် သတိထားသင့်ကြောင်းလေ့လာသူ များက အကြံပေးခဲ့ကြသည်။

ဟိန်းမင်းလတ်၊ ယုလွင်စိုး

0 ESPY Award and our movement

0 ဒုံးကျည်နည်းပညာကိရိယာ မြန်မာနိုင်ငံသို့ပို့သော မြောက်ကိုးရီးယားလူမျိုးစီးပွားရေးသမား လီဂယောင်ဟိုး ကိုဖမ်းဆီး

ဂျပန်နိုင်ငံတွင်နေထိုင်သော အသက်(၄၁)နှစ်အရွယ် မြောက်ကိုးရီးယားလူမျိုးစီးပွားရေးသမား လီဂယောင်ဟိုး ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းက ဒုံးပျံပစ်လွှတ်မှုဆိုင်ရာသုံး စက်တလုံးကို ဂျပန်အစိုးရရဲ့ ခွင့်ပြုချက်မရယူဘဲ ဂျပန်နိုင်ငံ နာဂိုယာဆိပ်ကမ်းမှ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ကြောင်းသတင်းမှာဖော်ပြထားပါသည်။ အဲဒီစက်ဟာ ယူရေနီယံ သတ္တုသန့်စင်ရေးလုပ်ငန်းမှာ အသုံးပြုနိုင်ကြောင်းသိရပါသည်။

0 "ကျောင်းသားအတ္ထုပ္ပတ္တိ"


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ခေါင်းဆောင်ဖြစ်ခဲ့သော ဆရာတာရာမင်းဝေ

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

မှတ်ချက်***
ရွှေဘုန်းလူသည် ကွယ်လွန်သူ ဆရာတာရာမင်းဝေ၏ ကျောင်းသားဘ၀က ကလောင်အမည်ဖြစ်ပါသည်။
ဆရာတာရာမင်းဝေသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ကျောင်းသားခေါင်းဆောင်တဦးအနေဖြင့် အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ခေါင်းဆောင်တဦးလည်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် အာဏာပိုင်များ၏မတရားဖမ်းဆီးမှုကိုခံခဲ့ရကာ ၅နှစ်
အကျဉ်းချခံခဲ့ရပြီး၊ ပြန်လည်လွတ်မြောက်လာသည့်နောက်ပိုင်းတွင် တာရာမင်းဝေအမည်ဖြင့် မော်ဒန်နှင့်
ပို့စ်မော်ဒန် ကဗျာများ၊၀တ္ထုများရေးသားထုတ်ဝေခဲ့ပါသည်။ သူ၏စာပေလက်ရာများမှာယနေ့ခေတ်လူငယ်
များအား ကြီးမားစွာလွှမ်းမိုးမှုရှိနေသော်လည်း၊ ယခင်ကဆောင်ရွက်ခဲ့သော လူငယ်ကျောင်းသားဘဝ
အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကို လူငယ်များကြားသိရှိနည်းလျက်ရှိနေပါသည်။

0 အမေရိကန်ရဲ့ ဒဏ်ခတ်မှုသက်တမ်းတိုး


 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.