Saturday, August 1, 2009

0 မြန်မာ့ အဏုမြူစီမံကိန်း ဖော်ထုတ်မှု






SMH.com.au က မြန်မာနိုင်ငံဟာ လျှို့ဝှက်စွာ Nuclear ထုတ်လုပ်နေတာကို ဒီနေ့ သတင်းစာမှာ ခေါင်းကြီး အနေနဲ့ ဖော်ထုတ်ထားပါတယ်။
အရေးပါသော ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်များ၏ထွက်ဆိုချက်အရ မြန်မာပြည်မှ အထီးကျန်စစ်ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏အကူအညီဖြင့် လာမည့်ငါးနှစ်တာကာလအတွင်း ပထမဆုံးအဏုမြူဗုံးထုတ်လုပ်နိုင်ရန်အတွက် လျှို့ဝှက်အဏုမြူဓါတ်ပေါင်းဖိုနှင့် ပလူတိုနီယံဒြပ်စင်ထုတ်စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်း သံတော်ဆင့်သတင်းတွင် ဖေါ်ပြထားသည်။

အဆိုပါလျှို့ဝှက်စက်ရုံများ၏ အစိတ်အပိုင်းအများစုကို မြန်မာပြည်မြောက်ဖျား၏ နောင်လိုင်အင် Naung Laingခေါ်ဒေသရှိ တောင်များတွင် မြေအောက်ဥမင်များတူးလျက် ဆောက်လုပ်နေပြီး ရုရှားနှင့်ဆောက်လုပ်နေသော နိုင်ငံတကာ၏ ကြပ်မတ်မှုအောက်တွင် ထားရှိပါမည်ဟု သတင်းလွှင့်ထားသည့် အခြားဓါတ်ပေါင်းဖိုတစ်ခုနှင့် အပြိုင်ဆောက်လုပ်ထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်မှစတင်၍ ဩစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်မှ မဟာဗျူဟာပါရဂူ Desmond Ball နှင့် ထိုင်းအခြေစိုက်သတင်းစာဆရာ Phil Thornton တို့က မြန်မာနိုင်ငံမှ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေသူ ပညာရှင်နှစ်ဦးကို ထိုင်းနိုင်ငံတွင် သီးခြားစီ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တစ်ဦးမှာ မြန်မာစစ်တပ်၏ လျှို့ဝှက်အဏုမြူတပ်ရင်းမှ အရာရှိတစ်ဦးဖြစ်ပြီး မော်စကိုတွင် ၂ နှစ်ခန့်ပညာတော်သင်သွားရောက်ခဲ့ဖူးသည်။ အခြားတစ်ဦးမှာ ယခင်က မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံတို့နှင့် အဏုမြူကိစ္စရပ်များကို ကိုင်တွယ်နေသော ထူးထရေးဒင်း၏အမှုဆောင်တစ်ဦးဖြစ်ကြောင်းသိရသည်။

၎င်းးတို့၏ပြန်လည်ပြောပြချက်များသည် အာရှနိုင်ငံများကို ဂယက်ရိုက်သွားစေခဲ့ပြီး " အထောက်အထားတွေကတော့ ပဏာမအဆင့်မှာပဲရှိသေးပြီး အတည်ပြုချက်ယူဖို့လိုပါသေးတယ်။ ဒါပေမယ့်ဒီကိစ္စဟာ ဒေသန္တရလုံခြုံရေးအတွက် လက်ရှိအခြေအနေကို ပြောင်းလဲစေမယ့်အရာတစ်ခုဖြစ်ပါတယ်"ဟု ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ခေါင်းဆောင် Thitinan Pongsudhirak ကပြောကြားခဲ့သည်။

Ref: http://www.smh.com.au/world/revealed...0731-e4fw.html
Ref: http://www.smh.com.au/world/burmax20...v.html?page=-1

armifopfpdrf;

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.