Saturday, August 8, 2009

0 မြန်မာနိုင်ငံရေပိုင်နက် အနီးတွင်တွေ့ရှိသော မြောက်ကိုရီးယား သင်္ဘောကို အိန္ဒိယရေတပ် မှ ဖမ်းဆီးထား


NKorean ship had no business to be in Indian waters: Navy chief

PORT BLAIR/NEW DELHI: India on Saturday said the North Korean cargo ship, which illegally entered its territorial waters, had "no business" to

be there even as its captain claimed it had done so due to mechanical problems. ( Watch TV)

Navy chief Admiral Sureesh Mehta said in Delhi that M V San "had no business" to be in Indian waters and that the maritime security agencies had fears that it could be carrying nuclear components.

"The fact is that the ship had no business to be there," he said,

adding "that (it was carrying nuclear components) was our apprehension also. At the moment, it is carrying genuine merchandise."


Coast Guard Andaman and Nicobar Region Commander K R Nautiyal said, "We are in the process of investigation. Expert agencies, including Korean interpreters, are likely to come to facilitate better communication, because they (crew members) are not very good in English."

However, one information that the Coast Guard could extract from M V San's captain was that the ship had entered the Indian waters, about 65 nautical miles south of Port Blair due to a mechanical fault, which could not be corroborated.

"There are a few inconsistencies, which have been found about the ship, like some papers are not in order," he said.

Since the cargo vessel was brought to Port Blair around 0500 Hours on Friday, the investigating agencies have learnt and verified that the ship, which set sail from a port in Thailand on July 27, was carrying 16,000 tonnes of sugar to an Iraqi port.

The Coast Guard had noticed M V San anchored off Little Andaman on Wednesday and its joint effort with the Navy to get a response to radio signals had failed.

Consequently, the Coast Guard flew one of its aircraft to check out the cargo vessel, but yet again the ship did not respond to its radio communication.

The Coast Guard sailed its patrol vessel CGS Kanagalatha Barua and the Navy INS Brinkat to visit the cargo vessel and carry out investigation.

On seeing the military ships, M V San tried to flee and the Coast Guard fired a warning shot to force it to comply to their order to sail to Port Blair.

"Our ships reached the cargo vessel around 2100 Hours on Thursday and M V San started proceeding in a different direction. At that stage, we had to warn the ship that we need to carry out investigations for safety sake," Nautiyal said.

"So we fired a round in the air just to make the vessel obey," he added.

Nautiyal also said there were other issues that the investigating agencies had to verify from the cargo vessel's agents and other agencies involved in supporting the vessel in various countries.

"The ship was supposed to have gone to Iraq, but changed its destination, which happens while at sea. They could be asked (by their agents) to go to different location," he added.

0 မြတ်ခိုင်ဦးစီးသောလျှပ်တပြက်ဂျာနယ်မှဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော မြေကွက်အကြောင်းမဟုတ်မမှန်လုပ်ကြံရေးသား



မနေ့က(သြဂုတ်လ(၇)ရက်)နေ့ထုတ် နအဖအကြိုက် ဖော်လံဖားရေးသားနေတဲ့ မြတ်ခိုင်ဦးစီးတဲ့ လျှပ်တပြက်ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော မြေကွက်အစိတ်အပိုင်းအား ဒေါ်ခင်ကြည်မှ တူဖြစ်သူ ဦးခင်မောင်အေးအား မေတ္တာနှင့် ပေးအပ်ခဲ့သည်ဟူ၍ နအဖအလိုကျပူးပေါင်း၍ မဟုတ်မမှန်ရေးသားထားကြောင်းတွေ့ရှိရပါသည်။

0 ၈၈၈၈(၂၁)နှစ်မြောက် အထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲ (ဂျပန်)

ဓာတ်ပုံ။ ။ kopaw

0 ၈၈-မျိုးဆက်ကျောင်းသားများ၏ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ (၂၁)နှစ်မြောက် အထိမ်းအမှတ်ကြေငြာချက်

Friday, August 7, 2009

0 “နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင် တယ်” (ဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်အင်တာဗျူး)


၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေးအမြင်များကို ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ဖြတ်သန်းလာခဲ့သူတယောက်အနေ နဲ့ ဒီအရေးတော်ပုံကြီး ဘယ်လိုပေါ်ပေါက်လာရတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက် ထပေါ်လာတာမဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်းရှိ တယ်။ နှစ်နဲ့ကိုချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရတက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ နောက်ဆုံး တက္ကသိုလ်သမဂ္ဂအဆောက်အအုံ မိုင်းဗုံးအခွဲခံရတဲ့ အ ဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီနောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ ဖြစ်တာတွေ၊ တရုတ်-ဗမာအဓိကရုဏ်းဖြစ်တာတွေ၊ နောက်ကျောင်းသားတွေကို တောထဲမောင်းထုတ်တာတို့၊ ဖမ်းတာဆီး တာ၊ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေ အထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီကိစ္စတွေပေါ်တည်ပြီး ကျောင်းသားလူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ်ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုက နေပြီးတော့ ပြောင်းလာလိုက်တာ ၈၈ နားရောက်တဲ့အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသားခေါင်းဆောင်တွေအထိ တက်လာပြီးတော့ နောက်ဆုံးပိတ်ကြတော့ ရှစ်လေးလုံး ပေါ်လာ တာပဲပေါ့။

“နိုင်ငံရေးခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှုဖြစ်မလာဘူးဗျ။ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ဟာမျိုးက အန်အယ်လ်ဒီမှာရှိတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်လူငယ်တွေဆီမှာရှိတယ်။ ဒါပဲဗျ။”

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောကပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသားလူငယ်များ ရဲ့ လှုပ်ရှားမှုသက်သက်မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများအပါအ၀င် အားလုံးရဲ့လှုပ် ရှားမှုဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီအရေးတော်ပုံကြီးပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့အခါ မှာ အလွှာအသီးသီးက အကုန်လုံးပါတယ်။ အိမ်ရှင်မတောင်ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင် တယ်ဆိုတာမှန်တယ်၊ ကျောင်းသားလူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက် ပေါ်လာခြင်းမဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေးအစိုးရ စတက်တဲ့ အချိန်ကစပြီး လူထုရဲ့ဆန္ဒ တွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

ဖြေ။ ။ အဓိက တောင်းဆိုချက်ကတော့ ဒီမိုကရေစီတောင်းဆိုချက်ပဲဗျ။ သို့သော် ပထမရက်ပိုင်းလေးမှာ တောင်းဆိုချက်တွေကတော့ မတရားဖမ်းဆီးချုပ်နှောင်တာတို့ကို ကန့်ကွက်တဲ့ဟာ၊ နောက်ကျောင်းသားတွေ ကလည်း သူတို့ရဲ့ တကသအဆောက်အအုံဖြစ်တာတွေ ဘာတွေနဲ့ပတ်သက်ပြီးတော့ အဲဒီတုန်းက အပြစ်ရှိတဲ့ သူတွေကို အရေးယူဖို့ တောင်းဆိုတာမျိုးတွေ ပါလာတယ်။ စာနယ်ဇင်းသမဂ္ဂက ကျနော်တို့တွေဆိုလို့ရှိရင် လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို တောင်းဆိုတာတွေ ပါတယ်ပေါ့ဗျာ။ နောက်တခါ ကွန်မြူနစ်အင်အားစုတွေ အနေကျတော့လည်း အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စသည်ပေါ့ဗျာ ဒီလိုတောင်းဆိုချက်တွေပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှပ်မှုတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီးတော့ လူထုတွေအားလုံးက အုံကြွလာတဲ့ သဘောပေါ့။ အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေးလုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက်က အဓိကအကျဆုံးဖြစ်လာတယ်။

မေး။ ။ ဒီလိုအရေးတော်ပုံကြီးရဲ့ရလဒ် ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေပါလဲဆရာ။

ဖြေ။ ။ အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်း ဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော် ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။ နောက်အရေးတော်ပုံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်အားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ပြတဲ့ဟာကတော့ ရွှေတိဂုံအနောက်မုခ်မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံးလူ ထုအစည်းအဝေးပေါ့ဗျာ။ အဲဒီအချိန်က ကျနော်လည်း စင်ပေါ်မှာရှိပါတယ်။ အဲဒီအချိန်မှာ လူထုအလွှာအသီး သီးက ပါဝင်လာကြတယ်။ လူ (၅) သိန်းလောက်ရှိမယ်။ အဲဒီထဲကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆို သော ခေါင်းဆောင်တယောက်ပေါ့ဗျာ၊ ဗိုလ် ချုပ်အောင်ဆန်းရဲ့သမီးအနေနဲ့ နောက် သူ့ရဲ့ ပြောတာဆိုတာ လုပ်တာကိုင်တာတွေကို ကြည့်ပြီးတော့ ခေါင်းဆောင်မှုကို အလိုလိုရလာတယ်။ အဲဒီကနေပြီးတော့ တိုင်းရင်း သားတွေဆီ ကလည်း ရလာတယ်။ ကျနော်ပြောခဲ့တဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေကလည်း တော်တော် ကြီးကြီးမားမားကိုပါတယ်။ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ စသဖြင့်ပေါ့ဗျာ။

အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့တောင်းဆိုချက် က အဓိကအကျဆုံးဖြစ်လာတယ်။ အဲဒီ ဒီမိုကရေစီမျှော်မှန်းချက်တွေဟာ နောက်ပိုင်းကျတော့ အန်အယ်လ်ဒီ လို အဖွဲ့ချုပ်ကြီးပေါ်လာတယ်။ နိုင်ငံရေးပါတီတခု။ အရေးတော်ပုံကနေ ပေါက်ဖွားလာတာ။ ဒီအန်အယ်လ်ဒီနဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ မကျေနပ်စရာတွေ ကောင်းကောင်း၊ ဘယ်လောက်ပဲအားနည်းတာတွေ ရှိတယ် ပဲပြောပြော၊ ဒီပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတာလို့ ကျနော်တို့ ပြောလို့ရတယ်ဗျာ။

“နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ဖြစ်နေတဲ့အနေအထားက ဒါပဲ။ အန်အယ်လ်ဒီဟာ ပါတီမပျက်ရေးသာရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့လူတွေရဲ့ အနေအထားကျတော့လည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ထဲထဲဝင်ဝင်ပေါ့ဗျာ၊ ပြည်သူ့အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။”

ဒီအရေးတော်ပုံကြီးလည်း ဖြစ်လိုက်ရော ဒီမိုကရေစီပြောင်းလဲမှုတွေကို အမျိုးမျိုးနဲ့ ဟန့်တားဖို့ မဆလအစိုးရ ကလည်း လုပ်တယ်။ နောက်ဆုံး ရွေးကောက်ပွဲများ လုပ်ပေးမယ်ဆိုတာမျိုးလုပ်တယ်။ အဲဒီအချိန်ကာလတုန်း က သဘောထားက ဘာလဲဆိုရင် ကျနော်တို့ လက်မခံနိုင်ဘူး။ မဆလအစိုးရကလုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ သန့်ရှင်းတယ်လို့ မယူဆနိုင်ဘူးဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲကိစ္စကနေ ဘယ်ကိုပြောင်းလာသလဲဆိုတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ဆိုတဲ့ဟာ တောင်းလာတယ်။ အဲဒီကာလမှာ ဒေါ် အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ခေါင်းဆောင်တွေ ပေါ်ထွက်လာတဲ့အချိန်မှာပဲ နိုင်ငံရေးသမားဟောင်းတွေ ကလည်း လူထုထဲပြန်ဝင်လာတယ်ပေါ့ဗျာ။ ဦးနုလို ပုဂ္ဂိုလ်မျိုး။ ဦးနုက အဲဒီအချိန်မှာ ကြားဖြတ်အစိုးရတခုကို ဖွဲ့လိုက်တယ်ပေါ့ဗျာ။ သူ့အစိုးရကို ဖွဲ့တယ်ဆိုပြီး ကြေညာတယ်။ သို့သော် ဦးနုက ဆန္ဒစောသွားတာ။ ဦးနုက ကျောင်းသားလူငယ်တွေနဲ့ တခြားလူတွေနဲ့ ညှိပြီးတော့ ကျုပ်ကတော့ ကျုပ်အစိုးရ အရင်ကရှိခဲ့တယ်။ ခင်ဗျား တို့တာဝန်ပေးရင် ကျုပ်အစိုးရအဖွဲ့ကို လုပ်မယ်ဆိုတဲ့သဘောမျိုး မပြောဘဲနဲ့ သူ့ဟာသူ တဖက်သတ် သူ့အစိုးရ တောင်းလိုက်တဲ့အခါကျတော့ သူ့အစိုးရပြိုသွားတယ်။ ပြိုသွားတဲ့ဟာကို ကြည့်ပြီးတော့ နောက်ပိုင်းမှာ လူတွေ က ကြားဖြတ်အစိုးရတောင်းခြင်းသည်လည်း တကယ့်နိုင်ငံရေးဖြေရှင်းမှု ဟုတ်ရဲ့လား၊ မဟုတ်ရဲ့လား သံသ ယတွေက ဖြစ်လာတယ်။ တွန့်ဆုတ်မှုတွေပေါ်လာတယ်။ တချို့ကတော့လည်း တောင်းမယ်ပေါ့။ သို့သော် ကြားဖြတ်အစိုးရ တောင်းမယ်ဆိုတဲ့ဟာ ခိုင်ခိုင်မာမာပေါ်လာတဲ့အခါ မဆလက ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်မလုပ်တော့ဘဲနဲ့ စစ်တပ်ကိုခေါ်ပြီးတော့ လက်အပ်လိုက်တာပေါ့။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေ တယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံ ရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေအားလုံး ဒီနေ့နိုင်ငံရေး ဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေအခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။

မေး။ ။ နိုင်ငံရေး အသီးအပွင့်တချို့ဖြစ်ထွန်းခဲ့ပြီး ဘာကြောင့်အောင်မြင်မှု မရှိတာပါလဲဆရာ။

ဖြေ။ ။ ပြည်သူလူထုကလည်း ခြေကုန်လက်ပန်းကိုကျနေပြီ။ ဒီနေ့ဒီအခါဆိုတာ နည်းနည်းမဟုတ်ဘူး။ စစ်အ စိုးရလက်အောက်မှာနေရတာ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ တိုင်းသူပြည်သားတွေ စီးပွားရေးပျက်လာတာတွေ၊ တိုင်းသူပြည်သားက ကျောကော့နေအောင် ခံရတဲ့အခါကျ တော့ အတော့်ကိုအားနည်းနေပြီ။ ဒါကအခြေခံတခုပေါ့ဗျာ။

နောက်တခုက နိုင်ငံရေးခေါင်းဆောင်မှုကျတော့ အန်အယ်လ်ဒီက ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ဘူး။ သုံး သပ်ကြည့်ရတာ ဘာလဲဆိုတော့ အဓိကက အန်အယ်လ်ဒီက လွန်ခဲ့တဲ့ကာလတွေ တလျှောက်လုံးမှာ ဒေါ်စုက ထောင်ကျလိုက်၊ ဒေါ်စုက ထောင်ထဲကထွက်လာတဲ့အခါ ဒေါ်စုက ပြန်ပြီးတော့အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် ချက်ချင်းထောင်ထဲပြန်ရောက် စသဖြင့်ပေါ့ဗျာ။ အဲဒီကာလမှာ အန်အယ်လ်ဒီခေါင်းဆောင်မှုကလည်း ဘာအ ဓိကထားနေလဲဆိုတော့ ပါတီမပျက်ရေး၊ ပါတီပြိုကွဲမသွားရေး၊ ပါတီကို ထိန်းသိမ်းထားရေးဆိုတဲ့အနေနဲ့ထား ပြီး တတ်နိုင်သမျှ စစ်အစိုးရအပေါ်မှာ ဆက်ဆံရေးက အတော်ကို တုံ့ပြန်မှုက အားနည်းတယ်။ အဲဒီအပေါ်မှာ လည်း စစ်တပ်က ဒါကိုသေချာသိတယ်။ သိတဲ့အတွက် ထိန်းထားပြီးတော့ အန်အယ်လ်ဒီကိုလည်း ပြရုပ်အနေ နဲ့ထားတယ်။ နိုင်ငံရေးလိုက်လျောမှုတွေမပေးဘဲနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်သထက်လုပ်နေတယ်။ အဲလိုအ ခြေအနေကြောင့် နိုင်ငံရေးခေါင်းဆောင်မှုမရှိတာလည်းပါတယ်။ ပြည်သူလူထု ခြေကုန်လက်ပန်းကျသွားတာ လည်းပါတယ်။ စီးပွားရေးကျပ်တည်းမှုတွေပေါ့ဗျာ။ တောင်သူလယ်သမားတို့ ဘာတို့ကျတော့လည်း စီးပွားရေး က တော်တော့်ကို ရုန်းကန်လုပ်နေရတယ်။

နောက်တခုက ပြည်သူလူထုကြားထဲမှာ ခြေကုန်လက်ပန်းကျရတဲ့အကြောင်းက ဘယ်လိုလဲဆိုရင် ဥပမာ - တ ခြားမပြောနဲ့ဗျာ။ လူထုအများစုဟာ ဆင်းရဲသားကိုမပြောနဲ့ တော်ရုံတန်ရုံ လူလတ်တန်းစားအထိလောက်မှာ ပင်လျှင် မိသားစုတစုဟာ အရင်တုန်းက အဖေအလုပ်လုပ်ရင် မိသားစုတစုလုံးစားနိုင်တယ်။ သို့မဟုတ် အဖေ နဲ့ အမေပါ အလုပ်လုပ်ကြမယ်ဆိုရင် ပိုပြီးတော့ ခိုင်ခိုင်မာမာလေး ရပ်တည်နိုင်တယ်။ အဲလိုဆိုတဲ့အခါမှာ ကျောင်းသားလူငယ်ဆိုတဲ့သူတွေဟာ အသက် (၂၀) လောက်အထိကို စဉ်းစားနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ နိုင် ငံရေးတို့ ဘာတို့ စဉ်းစားနိုင်တယ်။

“လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးမလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာမမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင်တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့အနေအထားမှာရှိတယ်။”

ဒီနေ့ခေတ်ကျတော့ မိသားစုတစုထဲမှာ လူ (၅) ယောက်ရှိရင် အငယ်ဆုံး သားသမီးတယောက်လောက်ပဲ အ လုပ်မလုပ်ဘဲ နေရမယ်။ ကျန်တဲ့လူက အလုပ်ဝိုင်းလုပ်မှသာလျှင် အိမ်ထောင်စုတစုကို ရပ်တည်နိုင်တဲ့ အနေ အထားဖြစ်လာတယ်ဗျ။ စစ်အစိုးရကလည်း ဒါကိုသိတယ်။ ဒါကြောင့် စစ်အစိုးရက အများကြီးစီးပွားရေးကို သူ တို့စစ်ဘက်မှာပဲ ပိုသုံးတယ်။ ပြည်သူအတွက် မသုံးဘူး။ ပြည်သူလူထုအနေနဲ့ကလည်း စားရေးသောက်ရေး တွက်ပြီး မိသားစုတစုမှာ လူ (၅) ယောက်ရှိရင် (၄) ယောက်လောက်က အလုပ်လုပ်နေရတဲ့ အနေအထားမျိုး ရောက်တယ်။ ဒီအခြေအနေတွေပေါ်တည်ပြီး နိုင်ငံရေးအားဖြင့် လည်းး ခြေကုန်လက်ပန်းကျလာတယ်။ နိုင်ငံ ရေးထဲမှာ ခြေစုံပစ်ဝင်နိုင်တဲ့ အနေအထားမျိုး၊ ခြေစုံပစ်ပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားမျိုးက လျော့ လာတယ်ပေါ့။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံက ရရှိခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့်တချို့ကို ဘယ်လိုဆက်ပြီး အကောင်အ ထည်ဖော်နိုင်မလဲဆရာ။ ဒီလိုအရေးတော်ပုံမျိုး နောက်ထပ်ပေါ်ပေါက်ဖို့ရော အလားအလာရှိပါသလားဆရာ။

ဖြေ။ ။ ဒါကဘယ်လိုပြောရမလဲဆို ကျနော်တို့ရဲ့လုပ်ဆောင်ချက်ကြောင့်၊ ကျနော်တို့အားနည်းချက်ကြောင့်ဆို ရင်တော့ ပေါ်နိုင်တဲ့အနေအထားက မရှိဘူးဗျ။ သို့သော် negative side က ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုက မခံနိုင်လောက်အောင်ကို ဖြစ်နေတယ်။ အဲဒီအထဲမှာ နိုင်ငံရေးဦးဆောင်မှု အားနည်းခြင်း ကြောင့်လည်း တဖက်ကနေ လျော့သွားတယ်။ တဖက်ကလည်း ဖိနှိပ်ချုပ်ချယ်မှုက အပြင်းထန်ဆုံးဖြစ်အောင် လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုဆိုတာ ရှင်းရှင်းပြောရရင် စိတ်ဆိုးရင် ထပြီးဆူပူမယ်၊ ဆန္ဒပြမယ်ဆိုတာ တာ ဖြစ်နိုင်တာကိုး။ နိုင်ငံရေးခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှုဖြစ်မလာဘူးဗျ။ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ဟာမျိုးက အန်အယ် လ်ဒီမှာရှိတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်လူငယ်တွေဆီမှာရှိတယ်။ ဒါပဲဗျ။

ဗမာပြည်ရဲ့ဒီနေ့နိုင်ငံရေးမှာ အရေးကြီးဆုံးက တိုင်းရင်းသားတွေ ဖြစ်ပေမယ်လို့ တိုင်းရင်းသားဆိုတာက လူ နည်းစုကိုး။ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုး လူထုအုံကြွမှုတွေဖြစ်ဖို့ကျတော့ တိုင်းရင်းသားတွေက သိပ်ပြီး တော့ ဦးဆောင်နိုင်တဲ့ အနေအထားမရှိဘူး။ သူတို့ပါဝင်ရင် ပါဝင်မယ်ပေါ့။

နိုင်ငံရေးဦးဆောင်မှုပေးနိုင်တာက အဓိကအားဖြင့် (၂) ခုပဲရှိတယ်။ အန်အယ်လ်ဒီ နိုင်ငံရေးအတိုက်အခံ ဒီမို ကရေစီအင်အားစု၊ နောက်တခုကတော့ ကျောင်းသားလူငယ်ပေါ့။ အဲဒါကိုကြည့်တဲ့အခါကျတော့လည်း မြင်တဲ့ အတိုင်းပဲ။ ကျောင်းသားလူငယ်က လည်း အကုန်လုံးလိုလို ထောင်ထဲရောက်တယ်။ ထောင်ထဲရောက်တာ တောင်မှ အင်းစိန်လိုဟာမျိုး ထောင်ထဲရောက်ရင် အဆက်အသွယ်ရအုံးမယ်။ ဟိုးတပြည်လုံးဖြန့်ပြီးတော့ နယ် စွန်နယ်ဖျား ပူတာအိုတို့၊ ခန္တီးတို့၊ ကျိုင်းတုံတို့၊ မိုင်းဆတ်တို့၊ ဒီဘက် ဘူးသီးတောင်မောင်းတောတို့၊ ကော့ သောင်းတို့ဆိုတဲ့အထိ ဖြန့်ချပြီးတော့ ကျောင်းသားအင်အားစုကိုလည်း ပြိုကွဲအောင် လုပ်ပစ်လိုက်တာကိုဗျ။ အဲတော့ နိုင်ငံရေးဦးဆောင်မှုပေးမယ့် အင်အားနှစ်ခုလို့ အဓိကပြောရမယ့် ကျောင်းသားလူငယ်နဲ့ အန်အယ် လ်ဒီလိုဟာမျိုးက မလုပ်နိုင်ဘူးဖြစ်နေတယ်။

ကောင်းပြီး အဲလိုဆိုရင် ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှု ပုံသဏ္ဌာန်တခုခုသာ ရလိုက်ရင် လှုပ်ရှား နိုင်တဲ့အင်အားက (၃) ခုရှိတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်ပေါ့။ သို့သော် ဒီအင်အားစု တွေဟာ နိုင်ငံရေးဦးဆောင်မှုနဲ့ ဆက်နေတာ၊ ဥပမာ ဆရာစံသူပုန်လိုဟာမျိုးဆိုရင် လယ်သမားက အုံကြွလာ တယ်။ ဘာဖြစ်လို့ဖြစ်လဲ၊ ဂဠုန်ဆိုတဲ့ ဆရာစံလို ပုဂ္ဂိုလ်မျိုးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုက ရှိခဲ့လို့ဗျ။ ကျောင်း သားအရေးတော်ပုံတွေဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်အောင်ကျော်တို့၊ ဦးဗဆွေတို့၊ သခင်ဗဟိန်း တို့ စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုက အများကြီးပါခဲ့တယ်။ နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ဖြစ်နေတဲ့အနေအထားက ဒါပဲ။ အန်အယ်လ်ဒီ ဟာ ပါတီမပျက်ရေးသာရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့လူတွေရဲ့ အနေအထားကျတော့လည်း အ သက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ထဲထဲဝင်ဝင်ပေါ့ ဗျာ၊ ပြည်သူ့အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။

မေး။ ။ ဒါဆို အန်အယ်လ်ဒီ ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ။ ။ ဒါက အနာဂတ်နဲ့ချီပြောမှ ရမယ့်ကိစ္စဖြစ်တယ်။ အခုအစိုးရက ရွေးကောက်ပွဲကျင်းပမယ်။ ဘာလို့ကျင်း ပမလဲဆိုတော့ သူတို့ရွေးကောက်ပွဲ ကျင်းပမှသာလျှင် သူတို့ ဓားပြတိုက်သလိုလုပ်ထားတဲ့ ပြည်သူ့ဆန္ဒနဲ့ (၉၂) ရာခိုင်နှုန်းနဲ့ ဖြစ်တည်လာတယ်ဆိုတဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ရွေးကောက်ပွဲတွေလုပ်မှ လွှတ် တော်ပေါ်မယ်။ လွှတ်တော်ပေါ်မှ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ဒီအခြေခံဥပဒေသာ အသက်ဝင်သွား မယ်ဆိုရင် သူတို့ဟာ လာမယ့်နှစ်ပေါင်း (၂၀)၊ (၂၅)၊ (၃၀)၊ (၄၀) တောင် လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာပေါ့။ ဖြစ်တာမဖြစ်တာ တပိုင်းပေါ့။

“ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့သေချာတာတခုက ရွှေဝါရောင်တော်လှန်ရေးတုန်းက အန်အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့အနေအထားမျိုးကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ်လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။”

အခုအရေးအကြီးဆုံးက ဒီရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ်မပြုဖို့၊ ကမ္ဘာကလည်း အသိအမှတ်မပြုဖို့ သို့မဟုတ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်ဖို့၊ သို့မဟုတ် ဖျက်သိမ်းထားဖို့ ဖြစ်တယ်။ အဲဒီမှာ အဓိကသော့ချက် ကဘာလဲဆိုရင် ဒီအခြေခံဥပဒေကို ပြင်ပေးပါဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်း သားလူမျိုးစုတွေကလည်း ဒီအခြေခံဥပဒေ ပြင်ပေးပါလို့ တောင်းဆိုနေကြတယ်။ ဒါပေမယ့် ကမ္ဘာက ပါမလာ ဘူး။ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ လုပ်ထားတဲ့ဟာမို့ သူတို့က သံရေးတမန်ရေးအရ ပြောနိုင်ပုံမပေါ်ဘူးနဲ့တူတယ်။ သူ တို့က ဘာပြောနေလဲဆိုတော့ ရွေးကောက်ပွဲသန့်ရှင်းဖို့ လွတ်လပ်ဖို့ကိုပြောတယ်။ ကျနော်တို့က ရွေးကောက် ပွဲကို ထည့်မစဉ်းစားဘူး။ အခြေခံဥပဒေပြင်ပေးပါ၊ အခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿ နာကို ဖြေရှင်းနိုင်မယ်လို့မထင်ဘူး။

ကျနော်ပြောချင်တာကတော့ လူထုဘက်ကိုတွန်းဖို့ပဲ။ ကျနော်ရွှေဂုံတိုင်အစည်းအဝေးမှာ မိန့်ခွန်းပြောတယ်ဗျ။ အဲဒီမှာ သုံးချက်ပါတယ်။ တချက်က ဘာလည်းဆိုရင် မူလဘူတ မူဝါဒတွေ တောင်းဆိုချက်တွေဖြစ်တဲ့ ဥပမာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလိုဟာမျိုး၊ လွှတ်တော်ခေါ်ယူပေးရေးဆိုတဲ့ မူလတောင်းဆိုချက် ဒါတွေကို မစွန့် ဘူးလို့ ကျနော်တို့ပြောတယ်။ ကျနော်တို့ပါတီဝင်ထုကိုလည်း မက်ဆေ့ပေးတဲ့သဘောပဲ။ စစ်တပ်ကိုလည်း ကျ နော်တို့ပြောတာပဲ။ ဒါတွေ ကျနော်တို့ မစွန့်ဘူးလို့။ နောက်တခုက ညီညွတ်ရေးကို ကျနော်တို့ပြောတယ်။

နောက်တခုကတော့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး လုပ်ကြမယ်ဆိုပြီးတော့ပြောတယ်။ အဲဒါဘာလို့ပြောလဲဆို တော့ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးမလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာမမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင် တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူ ထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့အနေအထားမှာရှိတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် လူထုလှုပ်ရှားမှုများ ပေါ်နိုင်တယ်လို့ ကျနော်ကတော့ ယူ ဆတယ်။ လူထုကလည်း မကျေနပ်မှုတွေက များသထက်များနေတာလေ။ တနှစ်၊ နှစ်နှစ်လောက်အတွင်းမှာ စီးပွားရေး ကျဆင်းတာတွေရော၊ နအဖဘက်က မတရားဖိနှိပ်ချုပ်ချယ်မှုတွေကရော ဟိုးကျေးလက်အထိ ရောက်နေတယ်နော်။ ဒီအတောတွင်းမှာ ထပ်ပြီးဘာတွေပေါ်လာလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပြီးထောင်ထဲသွင်းဖို့လုပ်လည်း လုပ်ရော ကမ္ဘာတခုလုံးကလည်း ဖိနင်းလာလိုက်တာဟာ နောက်ဆုံးပိတ် သူတို့ရဲ့အနီးကပ်မိတ်ဆွေလို့ပြောရမယ့် တရုတ်လိုဟာကတောင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဖို့ပြောလာတယ်။ အာဆီယံလိုဟာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ပြောလာတယ်။ ကုလလုံ ခြုံရေးကောင်စီလိုဟာမျိုးက ဒေါ်စုကို လွှတ်ဖို့ပြောလာတယ်။ အဲတော့ နိုင်ငံတကာဖိအားတွေ ကြီးမားတာနဲ့အ တူ ပြည်တွင်းမှာလည်း လူထုလှုပ်ရှားမှု သဘောမျိုးဆောင်တဲ့ အနေအထားမျိုး ပေါ်လာနိုင်တယ်လို့ ကျနော် တော့်ထင်တယ်။

အဲတော့ အဲလိုလှုပ်ရှားမှု ပေါ်လာမယ်ဆိုရင် ဘာအရေးကြီးလည်းဆိုရင် ရိုးရိုးတန်းတန်းထအော်လို့ကတော့ စစ်တပ်က သေနတ်နဲ့ ပစ်မှာပဲဗျာ။ ဒါမှမဟုတ်လည်း ထောင်ထဲဆွဲသွင်းမှာပဲ။ နှစ်မျိုးပဲလုပ်မှာပဲ။ တခြားနည်းနဲ့ လုပ်ပေးဖို့ ဘာမှ ရည်ရွယ်ချက်မရှိဘူး။

လူထုအနေနဲ့ နိုင်ငံရေးဦးဆောင်မှုလိုမှာပဲ။ နိုင်ငံရေးဦးဆောင်မှုပေးနိုင်တဲ့အနေအထားက စောစောကပြော သလို ကျောင်းသားလူငယ်ရှိမယ်၊ အန်အယ်လ်ဒီရှိမယ်။ ကျောင်းသားလူငယ်က အားလုံးလိုလို ထောင်ထဲပို့ ထားတဲ့အတွက် ကျောင်းသားလူငယ်အတွက် နိုင်ငံရေးဦးဆောင်မှု ပေးလာနိုင်တဲ့အနေအထားက နည်းမယ်။ အလားတူပဲ အန်အယ်လ်ဒီကရော အရေးပေါ်လာရင် နိုင်ငံရေးဦးဆောင်မှုပေးနိုင်မှာလားဆိုတာကတော့ ပြော ဖို့ တော်တော်ခက်တယ်။ အန်အယ်လ်ဒီတဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်အရသာဖြစ်လာမှာကိုး။

ကျနော်တို့အခုလုပ်နေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးအရဆိုရင်တော့ လူထုနဲ့အတူ ခံစားပါ။ လူထုဒေါသ ဖြစ်ရင်လည်း ကျနော်တို့ဖြစ်ရမှာပဲ။ လူထုငိုကြွေးရင်လည်း ကျနော်တို့ငိုရမှာပဲ။ လူထုက စိတ်ညစ်နေတယ်၊ ဒေါသဖြစ်နေတယ်ဆိုရင် ကျနော်တို့လည်း စိတ်ညစ်ဒေါသဖြစ်ရမှာပဲ။ ဒါတခုပေါ့။

နောက်တခုက လူထုကို ပြောပါ၊ ကြားပါ၊ လူထုကို ဆွေးနွေးရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ လူထုရဲ့အသံတွေကို လည်းနားထောင်နိုင်ရမယ်၊ ကြားနိုင်ရမယ်။ နောက်တခုကတော့ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ်ဆိုတာ ပါပြီး သားပါ။ အနည်းဆုံး လူထုကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍ မပေးနိုင်ရင်တောင်မှ လူထုနဲ့အတူပါဖို့ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ယူဆတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျနော်တယောက်တည်းနဲ့ တော့ ပြောလို့မရဘူး။

ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့သေချာတာတခုက ရွှေဝါရောင်တော်လှန်ရေးတုန်းက အန် အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့အနေအထားမျိုးကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ် လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထောင်ထဲမှာ ၂၀၀၈ မှ လွှတ်တာ။ အသေးစိတ် သိပ်မသိသော် ငြားလည်း အန်အယ်လ်ဒီက ၀င်ပြီး ခေါင်းဆောင်မှုမပေးနိုင်ခဲ့ဘူးဆိုတာတော့ ထင်ရှားတယ်ဗျာ။ ရွှေဝါရောင်နဲ့ မတူတာက ဒီနေ့လှုပ်ရှားမှုဖြစ်လာရင် ဖြစ်လာမယ့်ကိစ္စက ဒေါ်စုဗျ။ ဒေါ်စုဆိုတာ ကျနော်တို့အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်၊ နောက်တခုက ဒေါ်စုဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ခေါင်းဆောင်၊ နောက်တခါ တိုင်း ရင်းသားတွေရဲ့ ထောက်ခံမှုကို ယုံကြည်မှု အားကိုးမှုကို အများဆုံးရတဲ့ ခေါင်းဆောင်။ အဲတော့ ဒေါ်စုကိစ္စဖြစ် လာတဲ့အခါကျရင် အန်အယ်လ်ဒီနိုင်ငံရေးပါတီဝင်များဟာ ရွှေဝါရောင်တုန်းကလိုတော့ လက်ပိုက်ကြည့်နိုင်တဲ့ အနေအထားမျိုးမရှိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ခေါင်းဆောင်ကိစ္စ၊ ကျနော်တို့အရေးကိစ္စဖြစ်နေတယ်။ ဒါ့ အပြင် ဒီခေါင်းဆောင် ထောင်ကျသွားခြင်းအပေါ်တည်ပြီး ကျနော်တို့ ရှေ့ဆက်လှုပ်ရှားမှုထဲမှာ ရောပါမှာပဲလို့ တွက်မိတယ်ဗျာ။

0 သင်္ကန်းဝတ်ဖြင့် မတင့်တယ်သည့် ဓာတ်ပုံကြောင့် မင်းမော်ကွန်း တောင်းပန်ရ


အခုရက်ပိုင်း အင်တာနက်စာမျက်နှာတွေ အီးမေးတွေထဲမှာ နာမည်ကြီးသရုပ်ဆောင် မင်းမော်ကွန်းနဲ့ အဖွဲ့က သင်္ကန်းဝတ်နဲ့ အပေါ်ပိုင်း ကိုယ်လုံးတီး လက်မောင်းနဲ့ ခန္မာကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ ထိုးထားတဲ့ ပုံတွေ တဦးဆီတဦး ပို့ပြီး ဝေဖန်သံတွေ ဆူညံလာနေပါတယ်။

ဆရာတော်တပါးကလည်း ဒီလုပ်ရပ်က သင်္ကန်းအရေခြုံပြီး သာသနာကို စော်ကားတယ်ဆိုကာ ဆောင်းပါးရေးလာတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့က အတွင်းရေးမှူး ဆရာတော် ဦးထာဝရက စစ်အစိုးရကိုယ်တိုင် စက်တင်ဘာ လှုပ်ရှားမှုအပြီး သံဃာတော်အချို့ကို ရဟန်း အတုအယောင်တွေလို့ စွပ်စွဲသိက္ခာချ နေချိန်မှာ ဒီလိုနာမည်ကြီး သရုပ်ဆောင်တယောက်ရဲ့ အပြုအမူ ပေါ်ပေါက်လာတာဟာ မလုပ်သင့် မလုပ်ထိုက်ဖူးလို့ ဝေဖန်လိုက်ပါတယ်။

ဦးထာဝရ။ ။ “ဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်က အင်္ဂုတ္တရ ပါဠိတော်မှာ ဟောထားခဲ့တာက ဘာဟောလဲဆိုတော့ ဒါ သံဃာဆိုတာ သင်္ဂေါဟောတိ ဒုတ်သိလောနာမဆိုတာ သံဃာတို့မြင်ရင် ဒုတ်သီလ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူးပေါ့။ အစိုးရ စော်ကားသလို ရုပ်ရှင်အနုပညာသည် တယောက်အနေနဲ့ပေါ့လေ ဒီလိုသံဃာတွေကို အစိုးရအလိုကျ စော်ကားတာကတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေအနေနဲ့ လုံးဝ သည်းခံနိုင်တဲ့ တရားကတော့ မရှိပါဘူး၊ ဒါပေမဲ့ ဦးဇင်းတို့ကတော့ ဘာသာတရားအရကတော့ ဘာသာနည်းနဲ့ပဲ ပြန်ပြီးတော့ဆုံးမရမှာပါပဲ၊ အဓိကကတော့ ပြည်သူလူထုအနေနဲ့ပေါ့လေ တကယ်လို့ ဒီလို အနုပညာမျိုးတွေ အစိုးရကို ဖားတဲ့ အနုပညာရှင်မျိုးတွေ ရှိရင်တော့ သူတို့ရဲ့ကားတွေ သူတို့နဲ့ ပတ်သက်တဲ့ဥစ္စာတွေကို လုံးဝ မကြည့်ကြပါနဲ့လို့ ဦးဇင်းတို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်တာပေါ့ဗျာ။”

အနုပညာရှင်တွေဟာ တိုင်းပြည်ရဲ့ ရှေ့ဆောင်လမ်းပြ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးကိစ္စကို လုံးဝ မလုပ်သင့်ဘူးလို့ လည်းဆက်မိန့်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ သူ့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့မှ ဒီပုံကို ရိုက်တာ မဟုတ်ရကြောင်းနဲ့ အဲဒီကိစ္စအတွက် တောင်းပန်တဲ့အကြောင်း RFA ကို ခုလို ပြောပြပါတယ်။

မင်းမော်ကွန်း။ ။ “သာသနာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ရင်ထဲမှာ အမြဲတမ်း ယုံကြည်ကိုးကွယ် ဆည်းကပ်ရမဲ့အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူးထိုးတယ် ဘာညာဆိုတာက ဒါက လူငယ်သဘာဝပါ၊ သားလည်းရှင်ပြု ကျနော်ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက် ကတည်းကပါ။ အဲဒီတော့ သူတို့ ပြောတယ်ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲ ရှိပါတယ် ခင်ဗျာ့။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်ဗျာ့။ ကျနော်တို့တကယ် လူငယ်သဘာဝ အမှတ်တရလေး လုပ်မိတဲ့သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီသံဃာတော်တွေကို တောင်းပန်ပါတယ်။”

မင်းမော်ကွန်း ပြောသွားတာ ဖြစ်ပါတယ်။ တမင်ရည်ရွယ်လို့ပဲ ဖြစ်စေ အပျော်သဘောပဲဖြစ်စေ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်အပေါ် သံဃာ့ဝိနည်း ရှုထောင့်အနေနဲ့ ဘယ်လိုအကျိုးအပြစ်များ ရှိနိုင်သလဲလို့ မြင်းခြံ သံဃာ့မဟာနာယက အဖွဲ့မှာ ဝိနည်းကိစ္စတွေ ဖြေရှင်းပေးနေတဲ့ တိုက်ကုန်းကျောင်းဆရာတော် ဦးဇောတိပါလကို RFA က လျှောက်ထားကြည့်ခဲ့ပါတယ်။

ဦးဇောတိပါလ။ ။ “ရဟန်းတော်တွေ တောင်းပန်လို့တင် ကျေသွားမဲ့ ကိစ္စတော့မဟုတ်ဘူး။ သာသနာတော်ကို အယောင်ဆောင်ပြီးတော့ သူတို့လုပ်ပါတယ်ဆိုရင် ဒီအပြစ်က သူ့တော့ အကျိုးပေးတတ်တယ်ဗျ။ အကယ်၍ သူက အပျော်သက်သက် လုပ်ပါတယ်ဆိုရင်တော့ အပြစ်ကနည်းနည်းတော့ အကျိုးပေးတဲ့နေရာတော့ သိပ်မကြီးလောက်ဘူး ထင်တာပဲ သာသနာတော့ နည်းနည်း အရှိန်အဝါတော့ အထင်မြင်သေးစရာတော့ ဖြစ်လာတာပေါ့။”

မြင်းခြံ သံဃာ့ မဟာနာယက ဆရာတော် ဦးဇောတိပါလ မိန့်ကြားသွားတာပါ။ သရုပ်ဆောင်မင်းမော်ကွန်း ကတော့ ဒီပုံဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်ခင်ကတည်းက ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ သံဃာတော်တွေကြားက မကျေနပ်ဖြစ်ရတဲ့အတွက် သူ့အနေနဲ့ နောက်နောင် ဒီလို ကိစ္စတွေကို မလုပ်တော့ပါဘူးလို့ RFAက တဆင့် တောင်းပန်စကား ပြောဆိုသွားပါတယ်။
(RFA)

Thursday, August 6, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၄)

Plato (Greek, BC- 428~328)
တည်ထောင်သူ : Plato (BC- 428~328)
ဂရိအတွေးအခေါ်ပညာရှင်

လူမျိုး : ဂရိလူမျိုး၊
: အနောက်တိုင်းအတွေးအခေါ်ပညာရှင်
: ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။
Name : Plato ()
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.
ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ

ပလေတိုသည် ၎င်း၏ဆရာ ဆိုကရေးတီးစ်တင်ပြခဲ့သော အယူအဆများကိုချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒ ဆိုင်ရာ သီအိုရီတခုကိုတင်ပြခဲ့ပါသည်။ အာရုံသိ၊ ဆင်ခြင်သိတို့နှင့် ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည်။

မသိခြင်း။ ။ (Ignorance) ဟူသည်မှာ လုံးဝမသိနားမလည်ဘဲဖြစ်နေသော အခြေအနေကို ဆိုလိုသည်။ မရှိအဖြစ် ကိုဆောင်နေသော အခြေအနေဖြစ်သည်ဟု ပလေတိုကဆိုပါ၏။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရား ကိုမသိဘဲဖြစ်နေရုံမက မှားသောအသိများကိုပင်မလျှင် မသိရှိ မခံစားနိုင်ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည်။ ထို့ကြောင့် မသိခြင်း ဟူသောအဖြစ်သည် မရှိခြင်း (not being) ဟူသော အခြေအနေနှင့်အတူတူ ပင်ဖြစ်သည်ဟု ယူဆခဲ့လေသည်။

ထင်မြင်ချက်။ ။ (Opinion) ဆိုသည်မှာ အာရုံသိဖြင့်သိလာသောအသိများကိုဆိုလိုခြင်းဖြစ်၏။ ၎င်းသည် မသိခြင်း (Ignorance) ကဲ့သို့ မှားသောအသိများကိုပင် လုံဝမသိဘဲဖြစ်နေသောအခြေအနေမဟုတ်။ ထို့ကြောင့် မရှိခြင်း (not being) သဘောကိုဆောင်နေသည်ဟုမဆိုနိုင်ပေ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်းမရှိသေးပေ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကိုဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ။ သို့ဖြစ်၍ ပလေတို၏အလိုအရ အာရုံသိဖြင့်သိရှိလာသောအသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့အကြားတွင် ဖြစပေါ်နေ သောအသိများသာလျှင် ဖြစ်နေပေသည်။

အသိပညာ။ ။ အသိပညာဟူသည်မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းသည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟုပလေတိုက ခံယူတင်ပြခဲ့၏။
ပလေတို၏အလိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။


အရစ္စတိုတယ်လ် Aristotal
အရစ္စတိုတယ်လ်


Aristotle (384-322BC)
Name : Aristotle
Birth : 384 BC
Death : March 7th, 322 BC
School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm
Main interests : Politics, Metaphysics, Science, Ethics
Notable ideas : The golden mean, Reason, Logic, Biology, Passion
Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science

အရစ္စတိုတယ်လ်သည် ပလေတို၏တပည့်ဖြစ်သည်။ သို့သော် ဆရာပလေတို၏ အယူအဆတိုင်းကိုမှု လက်မခံခဲ့ပေ။ ပလေတိုကဲ့သို့ အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍မငြင်းဆိုခဲ့ပေ။ သို့ရာတွင် လူတို့သည် စစ်မှန် သောအသိပညာ ကိုရရှိနိုင်ရန်အတွက် အာရုံ သိကိုသာ အခြေခံ၍မရကြောင်းတင်ပြခဲ့သည်။

အာရုံလောက၌ဖြစ်ပေါ်နေသော အဖြစ်အပျက်တို့သည် အဘယ်အကြောင်းကြောင့်ဖြစ်ပေါ်နေသည်ကို သိရှိမှသာ လျှင် လူတို့သည် စစ်မှန်သော အသိပညာကိုရရှိလာမည်ဟုဆိုပါသည်။

အရစ္စတိုတယ်လ်နောက်ပိုင်း၌ ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည်။ အက်ပီကျူးရီးယက်(Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည်။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက်ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည်။
ဂရိအတွေးအခေါ်ပညာရှင်များကြောင့် အနောက်တိုင်းအတွေးအခေါ်လောကတွင် သိမှုဗေဒနှင့် ပတ်သက် သော အစဉ် အလာကြီးနှစ်ရပ်ဖြစ်ပေါ်လာသည်။ တခုမှာ ပလေတို အစပျိုးခဲ့သော ဆင်ခြင်မှုကိုအဓိကထားသည့် အစဉ်အလာနှင့် ကျန်တခုမှာ အက်ပီးကျူးရီးယက်(Epicurus) နှင့် (Stoics) များက စတင်အလေးထားသော အတွေ့အကြုံအခြေပြု အစဉ် အလာဖြစ်သည်။

အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ-

"Man is by nature a political animal."



သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ
Niccolo Machiavelli (1469~1527)
မက်ခီယာဗယ်လီ


- အီတလီမင်းသား
နိုင်ငံရေးအတွေးအခေါ်ပညာရှင်
သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။

Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau


ဖလော့ရင့်မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆)ရာစုအတွင်း စည်းလုံးမှုမရှိ၊ သူတလူငါတမင်းဖြင့် မြို့ရိုးများ အတွင်း စုပြုံနေထိုင်ဆဲဖြစ်သည်။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ တည်ထောင်၍ နယ်ပယ်များချဲ့ထွင်နေထိုင်ချိန်ဖြစ်သည်။ ထို့ကြောင့် ဥရောပ၌ အီတလီနိုင်ငံ၏အခြေအနေသည် ခေတ် နောက်ပြန်စွဲ နေသောအခြေ အနေမျိုး ဖြစ်နေ ပေသည်။
နီစ်ကိုလို မက်ခီယာဗယ်လီ (1469~1527)၏ ရေးသားခဲ့သော စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏။ ရှေးခေတ်နိုင်ငံရေးအယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် အီတလီနိုင်ငံရေးသမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေများ အပေါ်အခြေခံ၍ ၎င်း၏အယူအဆများအား စာပေပညာ ဖြင့် ထုတ်ဖေါ်တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။

သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့်စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-

နိုင်ငံရေးတွင်
၁. "ရိုးသားဖြောင့်မတ်ရေး" နှင့်

၂. ဘုရင်၊ ပုဒ်ရဟန်းမင်းတို့အပါအ၀င်-

"အာဏာသည် ပြည်သူထံမှလာသည်" ဟူသောအယူအဆသည် ဟောပြောခဲ့ပြီး၊ ရှိပြီးဖြစ်၏။

ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည်။ သို့သော် သမ္မတနိုင်ငံ ထက် ဘုရင်စနစ်ကပို၍ပေးနိုင်သည်ဟုယူဆခဲ့သည်။ သို့သော် ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကိုရသည်ဟု လက်ခံခြင်းမဟုတ်။ သားက အဖေကို မဆက်ခံနိုင်။ နိုင်ငံအချုပ်အခြာ နှင့်ပတ်သက်၍ ဤသို့တောင်းဆိုခွင့်မရှိ။ ပြည်သူကအဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

(၁၄) ရာစုအတွင်း အီတလီမြို့ပြနိုင်ငံများအကြား၌ ၎င်း၏အယူအဆအား ပြည်သူနှင့်အုပ်ချုပ်သူ လူတန်းစား အကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက်ဖေါ်ထုတ်လာသော နိုင်ငံရေးအယူအဆအား ထိုခေတ် အထက်တန်းလွှာတို့၏ ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကိုခံခဲ့ရပါသည်။

"Marsilius" သည် အီတလီဂိုဏ်းချုပ်ဘုန်းတော်ကြီးတပါးဖြစ်ပါသည်။ ဂိုဏ်းချုပ်ဘုန်းတောကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ်အယူအဆများ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ်ထူးဆန်းခဲ့ပါသည်။ သို့သော် သူ၏အကြံပြုချက်များသည် နောင် အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘော တရားများ ဖြစ်လာခဲ့ပါသည်။

မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင်အဆင့်တစ်ခုကို ဖြတ်သန်းရန်လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည်။
ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့အာဏာရှင်စနစ် ထူထောင်ရေးအဆိုပြုချက်အယူအဆများ၌ အခြေအနေအရ လိုအပ်ချက် တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထား မှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည်။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၅) ဆက်လက်ဖော်ပြပါဦးမည်။

0 မြန်မာ၏ နျူကလီယား ရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား

ဆောင်းပါး
ဘရိုင်ယန် မက်ကာတန်

ဘန်ကောက် (မဇ္ဈိမ)။ ။ မြောက်ကိုရီးယားနှင့် ဆက်သွယ်မှု၊ နျူကလီယားရည်မှန်းချက်များ စသည်တို့ကို ပေါ်ထွက်လာပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အသစ်တဖန် စိတ်ဝင်စားလာကြပြန်သည်။

ထို့အပြင် အမေရိကန်က တရုတ်၏ အိမ်နီးနားချင်း နှစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား တိုးပွားလာနေသော ပူးပေါင်း ဆောင်ရွက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလာခြင်းကြောင့် တရုတ်နိုင်ငံ အနေနှင့်လည်း ပို၍ပင် စိတ်မသက်သာစရာများ ဖြစ်ပေါ်လာရသည်။

ဤသို့ ထုတ်ဖော် ဖွင့်ချလိုက်မှုများသည် စနေနေ့ထုတ် ဆစ်ဒနီမောနင်း ဟယ်ရယ် (Sydney Morning Herald) သတင်းစာကြီးတွင် ပါရှိခဲ့သည်။ သြစတြေးလျားတက္ကသိုလ် မြန်မာ့အရေးစောင့်ကြည့်သူနှင့် မဟာဗျူဟာလေ့လာရေး ကျွမ်းကျင်သူ ဒက်စမွန်ဘောလ် (Desmond Ball) နှင့် အလွတ်သတင်းထောက် ဖီလ်သောန်တန် (Phil Thornton) တို့ နှစ်ဦး ၂ နှစ်ကြာ သုတေသနပြု၍ အဆိုပါဆောင်းပါးကို ရေးသားထားခြင်းဖြစ်သည်။

ထိုဆောင်းပါးပါ အချက်အလက်များကို မြန်မာ့အနုမြူအစီအစဉ်နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုသော မြန်မာနိုင်ငံမှ ကူးပြောင်းလာသူများ၏ ထွက်ဆိုချက်များနှင့် ရေဒီယိုဆက်သွယ်မှု ကြားဖြတ်ဖမ်းယူမှုများကို အခြေခံရေးသားထားခြင်း ဖြစ်သည်။

အတိုက်အခံမီဒီယာများနှင့် မြန်မာ့အရေး လှုပ်ရှားသူများအကြားတွင် မြန်မာ့အနုမြူ စီမံကိန်းအကြောင်း ပြောဆိုနေကြသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း သူတို့၏ သုတေသနက မြန်မာစစ်အစိုးရသည် အနုမြူဓာတ်ပေါင်းဖို ၂ လုံးကို အကောင်အထည် ဖော်နေကြောင်းနှင့် အနုမြူလက်နက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း သေချာပေါက် ညွှန်ပြပြောဆိုနေသည်ဟု ဒက်စမွန်ဘောလ်နှင့် ဖီလ်သောန်တန်တို့က ပြောသည်။

သူတို့၏ သုတေသနအရ ရုရှအကူအညီဖြင့် မကွေးတိုင်း မြိုင်မြို့နယ်တွင် ၁ဝ မီဂါဝပ် အင်အားရှိ အနုမြူဓာတ်ပေါင်းဖိုတလုံးကို တည်ဆောက်နေပြီး နောက်ထပ် `လျှို့ဝှက်´ ၁၀ မီဂါဝပ် အင်အားရှိ ဓာတ်ပေါင်းဖိုတလုံးကို မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မန္တလေးတိုင်း နောင်လိုင်တွင် တည်ဆောက်နေသည်ဟု ဆိုသည်။

ထို့အပြင် ယူရေနီယံ သန့်စင်ရေးနှင့် အဆင့်မြှင့်တင်ရေး စက်ရုံတရုံကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် သပိတ်ကျင်းမြို့တွင် တည်ဆောက်နေသည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုလုံးမှာ အရွယ်အစားအားဖြင့် သေးငယ်သော်လည်း လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ထောက်ပြသည်မှာ မြောက်ကိုရီးယားသည်လည်း ယုံဗြွန်းရှိ အလားတူ ဓာတ်ပေါင်းဖိုမျိုးဖြင့်ပင် သူတို့၏ နျူကလီးယား အစီအစဉ်ကို ပြုလုပ်သွားကြခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ပို၍အန္တရာယ်ရှိသော အနေအထားတရပ်မှာ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များအရ အလားအလာ ကောင်းသော အနုမြူလက်နက် ထုတ်လုပ်ရေး အစီအစဉ်တရပ်ကို မြန်မာနိုင်ငံက စတင် ဆောင်ရွက်နေပြီဖြစ်ပြီး၊ အကယ်၍ အဆိုပါ ထွက်ပြေးလာသူ နှစ်ဦး၏ ထွက်ဆိုချက်များ မှန်ကန်ပါက အဆိုပါ `လျှို့ဝှက်´ ဓာတ်ပေါင်းဖိုသည် ၂၀၁၄ ခုနှစ်မှစ၍ တနှစ်လျှင် အနုမြူဗုံး တလုံးကျ ထုတ်လုပ်သွားနိုင်တော့မည်ဟု ဆိုသည်။

အနုမြူဗုံး ထုတ်လုပ်ရေး အစီအစဉ်အတွက် ယခုထက်ပိုပြီး ပြင်ပအကူအညီများ လိုအပ်သေးသည်မှာ မှန်သော်လည်း တကိုယ်တော် အထီးကျန်နေ၍ အနောက်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိသူ အာဏာရှင်အစိုးရများကို အနုမြူနည်းပညာနှင့် အတတ်ပညာ တင်ပို့ပေးရန် လိုလားကြောင်း ပြုံယမ်းက ပြသခဲ့သည်။

မြန်မာနိုင်ငံအတွက်ဆိုလျှင် မြောက်ကိုရီးယားအနေဖြင့်လည်း ဤသို့ အနုမြူနည်းပညာများ ပေးအပ်ခြင်းဖြင့် သူတို့နိုင်ငံ အနုမြူဗုံး ထုတ်လုပ်ရေး စီမံကိန်းအတွက် လိုအပ်နေသော နျူကလီးယား ဓာတ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားနေခဲ့သည်ဟု ယုံကြည်ရသော မြောက်ကိုရီးယား ကုန်သင်္ဘော ကန်နမ် (၁) (Kang Nam 1) ကြောင့် ပြုံယမ်းနှင့် နေပြည်တော်တို့အကြား ဒုံးကျည်ထုတ်လုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေပြီလားဟူသော သံသယများကိုလည်း ပေါ်ထွက်လာစေခဲ့သည်။

အတိုက်အခံ သတင်းရပ်ကွက်များကမူ စစ်အစိုးရသည် စကဒ် (Scud) ပုံစံ ဒုံးကျည်များကို ရရှိထားပြီဖြစ်ပြီး၊ သူတို့ကိုယ်တိုင် ပုံစံထုတ်တည်ဆောက်ထားသော စကဒ် ဒုံးကျည်များကို ယခုအခါ စမ်းသပ်ပစ်လွှတ်နေပြီဟု ပြောသည်။

ယင်းတို့ကို မြောက်ကိုရီးယား အကြံပေးများ၏ အကူအညီဖြင့် တည်ဆောက်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤသို့သော ပြောဆိုချက်များကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သို့သော် နအဖ အဖွဲ့တွင် နံပါတ် ၃ အဆင့်ရှိသော ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်၍ စကဒ်ဒုံးကျည် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟူသော သတင်းက အဆိုပါပြောဆိုချက်ကို တစိတ်တပိုင်း အတည်ပြုပေးနေသည်။

ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ရောင်းချရန်ကြိုးပမ်းခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဂျပန်အမှုဆောင်အရာရှိ ၃ ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟူသော သတင်းများလည်း ဇူလိုင်လ အစောပိုင်းက ပေါ်ထွက်ခဲ့သည်။

မြန်မာနိုင်ငံက အနုမြူလက်နက်များ ရရှိထားပြီး ထိုလက်နက်များကို ပစ်လွှတ်ရန် ဒုံးကျည်စနစ်တခု တည်ဆောက်နေသည်ဟူသော သတင်းကြောင့် ဒေသတွင်း လုံခြုံရေး အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်လာပြိး အရှေ့တောင်အာရှတွင် လက်နက်ပြိုင်ဆိုင်မှုတရပ်ကိုလည်း ပေါ်ပေါက်လာစေနိုင်သည်။

စနေနေ့က အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ Thawil Pliensri က အဆိုပါ သတင်းကို လေ့လာစုံစမ်းရန် သူ့အရာရှိများကို အမိန့်ပေးညွှန်ကြားခဲ့သည်။

ဤသို့သော အခြေအနေမျိုးကို မြန်မာနိုင်ငံအတွက် နိုင်ငံတကာစင်မြင့်တွင် အဓိက အကာအကွယ်ပေးနေသူကလည်း လိုလားနှစ်သက်မည် မဟုတ်သည်မှာ သေချာသည်။ သူ့နိုင်ငံ၏ ကြီးထွားတိုးတက်လာနေသော စက်မှုလုပ်ငန်းများအတွက် သဘာဝသယံဇာတများ ဈေးချောင်ချောင်ဖြင့် ရရာနေရာအဖြစ်၎င်း၊ ဝေးလံ၍ ကုန်းတွင်းပိတ် ဖြစ်နေသော အနောက်တောင်ဒေသအတွက် ကုန်သွယ်ရေး ထွက်ပေါက်အဖြစ်၎င်း၊ အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းရာတွင် မဟာဗျူဟာကျသော လမ်းကြောင်းအဖြစ်၎င်း အသုံးချနိုင်ရန် တရုတ်နိုင်ငံက အတော်အတန် ကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို နောက်လတွင် စတင်ရန် စီစဉ်ထားသည်။ အဆိုပါ ပိုက်လိုင်းမှ တနှစ်လျှင် ရေနံစိမ်းတန်ချိန် သန်း ၂၀ နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာပေါင်း ၁၂ ဘီလျံမျှကို မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်ပြည် အနောက်တောင်ပိုင်း ကူမင်းမြို့တော်သို့ သယ်ပို့ပေးနိုင်မည်ဖြစ်သည်။

ဤအဆိုပြုထားသော ရေနံပိုက်လိုင်းဖြင့် တရုတ် ရေနံတူးစင်များအနေဖြင့် ကျဉ်းမြောင်းသော မာလက်ကာရေလက်ကြားကို ရှောင်ကွင်း၍ သယ်ယူနိုင်တော့မည်ဖြစ်သည်။ လောလောဆယ်တွင် စုစုပေါင်း လောင်စာသွင်းကုန် ၈ဝ % ကို အဆိုပါ ရေလက်ကြားကိုဖြတ်၍ တင်သွင်းနေရပြီး အမေရိကန်နှင့် ပဋိပက္ခ ဖြစ်ပွားလာလျှင် အဆိုပါ ရေလက်ကြားကို ပိတ်မိနိုင်သော နေရာအဖြစ် တရုတ်က ရှုမြင်ထားသည်။

လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်အရ တရုတ်နိုင်ငံက မမြင်လိုဆုံးအချက်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကြောင့် သူတို့၏ ကူးသန်းရောင်းဝယ်ရေး သွေးလွှတ်ကြောအသစ်များ အန္တရာယ်ရှိမည့် အရေးပင် ဖြစ်သည်။ ၁၉၈ဝ စုနှစ်များ နှောင်းပိုင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံနေမှုများ ရုပ်သိမ်းလိုက်ပြီးကတည်းက တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရကို အတိုင်းအတာအမျိုးမျိုးဖြင့် ထောက်ပံ့ကူညီပေးနေခဲ့သည်။

ဗိုလ်ချုပ်ကြီးများ သူတို့စစ်တပ်ကို ခန့်မှန်းခြေအင်အား ၅ သိန်းထိ အလျင်အမြန် တိုးချဲ့နိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ထိုသို့ အကြီးအကျယ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများကို မြန်မာနိုင်ငံ ရှောင်လွှဲနိုင်ခဲ့သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ သြဇာကြောင့်ပင် ဖြစ်သည်။ တရုတ်ကုမ္ပဏီများအတွက် အကျိုးများလှသော မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော သဘာဝသယံဇာတ ပစ္စည်းများ ထုတ်ယူခွင့် ရရှိရေး၊ မြန်မာနိုင်ငံသို့ စီးပွားရေးအရ လမ်းပေါက်ရေးတို့အတွက် တရုတ်နိုင်ငံက ငွေနှင့်ကြိုးပမ်းမှုများ အတော်အတန် သုံးစွဲလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အန္တရာယ်များလှသောလမ်းကို ရွေးချယ်လုပ်ဆောင်လေ့ရှိသည့် မြန်မာနိုင်ငံအပေါ် တရုတ်က တနေ့တခြား စိတ်ပျက်လာနေသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံက အနုမြူလက်နက်အဆင့်ရှိ လက်နက်ပိုင်ဆိုင်လာလျှင်သော်၎င်း၊ ဒုံးကျည် ပိုင်ဆိုင်လာလျှင်သော်၎င်း၊ စိုးရိမ်ပူပန်မှုများ တိုးပွားလာမည်မှာ သံသယဖြစ်စရာ မရှိပါ။ ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့သော သူ၏ သုတေသန စာတမ်းတွင် သြစတြေးလျားလူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ အင်ဒရူးဆက်သ် (Andrew Seth) က `မြန်မာနိုင်ငံက တရုတ်ပြည်နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့်၎င်း၊ မြန်မာ့ပြည်တွင်းရေး မတည်ငြိမ်သောကြောင့်၎င်း၊ မြန်မာစစ်ခေါင်းဆောင်များ၏ အမူအကျင့်မှာ ခန့်မှန်းရခက်သောကြောင့်၎င်း၊ နအဖ ကသာ အနုမြူလက်နက် ပိုင်ဆိုင်လာဖွယ်ရှိသည်ဆိုလျှင် ပီကင်းအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ရှိဖွယ်မမြင်ပါ´ ဟု ရေးသားထားသည်။

မြောက်ကိုရီးယားနိုင်ငံက အခြား မနှစ်မြို့စရာ နိုင်ငံတကာအစိုးရများဖြစ်သော ဆီးရီးယားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများကို သမရိုးကျလက်နက်များနှင့် ဒုံးကျည်လက်နက်များ ထောက်ပံ့ပေးနေခြင်းအား တရုတ်နိုင်ငံက ယခုအထိ ခွင့်ပြုထားခဲ့သော်လည်း သူနှင့် အိမ်နီးချင်းနိုင်ငံများသို့ အလားတူ လက်နက်များ ထောက်ပံ့ပေးပို့ခဲ့လျှင်ကား အဆိုပါ ချစ်ကြည်ရေးစိတ်ဓာတ်မှာ အာဏာကုန်ဆွဲဆန့်မှသာ ထိုသို့လိုက်လျောနိုင်မည်ဖြစ်သည်။ အထူးသဖြင့် သူ၏ ခေါ်ဆိုလေ့ရှိသော `ပါဝါအပျော့´ ကင်ပိန်းဖြင့် ရယူထားရသော သံတမန်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကြိုးပမ်းမှုများ အရှေ့တောင်အာရှဒေသကြီးတွင် ထိခိုက်ပျက်စီးလာမည်ကိုမူ လိုလားမည် မဟုတ်ပါ။

ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားရေးမှာ တရုတ်ပြည်အတွက် အဓိကအချက် ဖြစ်သည်။ မြန်မာနိုင်ငံက ဒုံးကျည်သော်၎င်း၊ အနုမြူလက်နက်သော်၎င်း ပိုင်ဆိုင်လာခြင်းဖြင့် အဆိုပါ လက်နက်မျိုး ပိုင်ဆိုင်ခြင်းမရှိသည့် ဒေသတွင်းတွင် လူအမြောက်အမြားကို သေကြေပျက်စီးစေနိုင်သည့် လက်နက်နည်းပညာ ပြန့်ပွားလာမည့် အန္တရာယ်လည်း ရှိနေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက ကာကွယ်ဟန့်တားနိုင်သော ရွေးလမ်းအဖြစ် အကြောင်းပြကာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတရပ် ပေါ်ပေါက်လာမည်ဖြစ်သည်။

`ဤသို့သော ထိတ်လန့်သံသယ ဖြစ်မှုများအောက်တွင် ဒေသတွင်းလုံခြုံရေး အန္တရာယ်မှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ အခြားနိုင်ငံများအနေနှင့်လည်း သူတို့၏ မဟာဗျူဟာလက်နက်များ တိုးချဲ့ချထား ထုတ်လုပ်ရန် လိုအပ်နေပြီဟူသော အမြင်မျိုးများလည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ ပိုမိုနီးကပ်လာနေသော မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် အမေရိကန်က တုံ့ပြန်အရေးယူဆောင်ရွက်လာနိုင်ဖွယ် ရှိသည့်အပေါ်လည်း ပီကင်းက စိုးရိမ်ပူပန်လိမ့်မည်ဖြစ်သည်´ ဟု အင်ဒရူးဆက်သ်က သူ့စာတမ်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အနုမြူလက်နက်အစီအစဉ်နှင့် ဒုံးကျည်ရရှိရေး ကြိုးပမ်းမှုများအတွက် သက်သေအထောက်အထား အခိုင်အမာ ရရှိပြီဆိုပါက မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမည့် သူ၏ မြန်မာနိုင်ငံ မူဝါဒကို ဝါရှင်တန်က ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ဂျေ ခရိုလီ (Philip J. Crowley) က `မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု သဘောသဘာဝနှင့် ပတ်သက်၍´ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။

သူက မည်သို့သော ပူးပေါင်းဆောင်ရွက်မှုမျိုး ဆိုသည်ကို ရှင်းလင်းပြောကြားခြင်း မပြုသော်လည်း မြေအောက် အနုမြူစက်ရုံများ တည်ဆောက်နေမှုနှင့် ပတ်သက်သည့် မေးခွန်းများကိုမူ တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ အကဲခတ်အများအပြားကမူ မြန်မာနိုင်ငံ၏ အနုမြူလက်နက်ကိစ္စအပေါ် အမေရိကန်က အသစ်တဖန် စိတ်ဝင်စားနေသည်ဟု ယုံကြည်ကြသည်။
လိုးဝီးနိုင်ငံတကာ မူဝါဒ အင်စတီကျု (Lowy Institute for International Policy) ၏ ဘလော့ဖြစ်သော The Interpreter တွင် သြဂုတ်လ ၃ ရက်နေ့က ရေးသားရာ၌ အင်ဒရူးဆက်သ်က `အိုဘားမားအစိုးရသည် သူတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်သည့်လုပ်ငန်း တစိတ်တပိုင်းအနေနှင့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို သေချာစွာ လေ့လာစုံစမ်းနေသည်ဟု ဆိုသည်။

သို့သော် ယခုအထိ အမေရိကန်အစိုးရက ဤကိစ္စနှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ရာတွင် အထူးသတိထားနေသည်။ ကြေညာချက် မထုတ်ပြန်မီ မြန်မာ့အနုမြူ အစီအစဉ်နှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေခံချက်များရအောင် စောင့်ဆိုင်းနေဖွယ်ရှိသည်ဟု သူက ပြောသည်။

သတင်းအချက်အလက်များ ဆက်လက်ပေါက်ကြားနေခြင်း၊ ယင်းကြောင့် စစ်ရေးအဆက်အဆံများအပေါ် မီဒီယာက အာရုံစိုက် စိတ်ဝင်စားလာနေခြင်း၊ နေပြည်တော်နှင့် ပြုံယမ်းအကြား ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများတို့ကြောင့် အမေရိကန်က မြန်မာနိုင်ငံအပေါ် စိတ်ဝင်တစား စောင့်ကြည့်နေမှုမှာ နဂိုအတိုင်းပင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပို၍ပင် အရှိန်မြင့်လာနိုင်သည်။

အိုဘားမားအစိုးရက အရှေ့တောင်အာရှဒေသကို အသစ်တဖန် စိတ်ဝင်စားလာနေပြန်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် တရုတ်နိုင်ငံအတွက်လည်း သူ၏ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ၏ ကြီးမားလှသော ရည်မှန်းချက်များကို ထိန်းချုပ်ဇက်သတ်ထားနိုင်သည့် အကောင်းဆုံး အကျိုးစီးပွားကို ရရှိသွားစေခဲ့သည်။

0 အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ


ကြီးမြတ်သော အာဇာနည်သူရဲကောင်းအပေါင်းတို့
သင်တို့ကျဆုံးခဲ့သည်ဖြစ်သော ဤနေရာသို့
ငါတို့သည် ကြောက်ဒူးတုန်၍ ရောက်လာခြင်းမဟုတ်
ကြေကွဲဝမ်းနည်း မျက်ရည်ဝဲရန်
ရောက်လာခြင်းမဟုတ်။

ကျဆုံးသွားခဲ့ပြီဖြစ်သော
သူရဲကောင်းများနှင့် အညတရ ရဲဘော်များ၏
အာဇာနည်ဗိမ္ဗာန်တော်ကြီးတွင် ငါတို့၏
မျက်ရည်များကို ထိန်းသိမ်းချုပ်တည်းကြပါမည်။

သူတို့၏ ကြွင်းကျန်နေရစ်သော
ရုပ်အလောင်းများကို ကြည့်၍
ငါတို့သည်
ငိုကြွေးနေကြမည်မဟုတ်။

အဖနိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင်
အဆုံးအစမရှိ ချစ်မြတ်နိုးခဲ့ကြသော
သူတို့၏ ဂုဏ်ရောင်ပြောင်သော
စွန့်လွှတ်ခြင်းများကိုယ်သာ ငါတို့ ဂုဏ်ပြုချီးကျူး နေကြမည်ဖြစ်သည်။

ငါတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်
ချစ်မြတ်နိုးသော စိတ်ဓါတ်သည် မည်သည့်အခါမှ
ဖောက်ပြန်တော့မည်မဟုတ်။

မည်သည့်အခါမျှ မျှော်လင့်ချက်
ကုန်ဆုံးနိုင်တော့မည်မဟုတ်။

မည်သည့်အခါမှ မှေးမှိန်ပျောက်ကွယ်
သွားလိမ့်မည်လည်း မဟုတ်တော့ပါ။

အာဇာနည်များ၏ ဗိမ္ဗာန်တော်ကြီးများသည်
ငါတို့ခေတ်တွင်အလှပဆုံး ကိုးကွယ်ဆည်းကပ်စရာ
ယုံကြည်အားထားစရာ အဆောက်အဦးကြီးများ
ဖြစ်လာကြပြီးဖြစ်သည်။

ကျေးဇူးကြီးမားလှသော အဖနိုင်ငံတော်၏
ရင်ခွင်ထဲတွင် အညတရ ရဲဘော်တစ်ဦး
ကျဆုံးသွားတိုင်း သေခြင်းတရားသည်
နိဂုံးချုပ်ခဲ့ပါပြီ။

သေခြင်းတရားနှင့်အတူ ရှင်သန်ခြင်းလည်း
စတင်ခဲ့ပါပြီ။

ထောင်နံရံများလည်း ပြိုလဲပွင့်ထွက်ခဲ့ပါပြီ။

လွတ်လပ်ခြင်းကလေးငယ်သည်လည်း
မွေးဖွားသန့်စင်ခဲ့ပြီတည်း။

သြော်… ကြီးမြတ်တော်မူသော် သူရဲကောင်းတို့
တသက်တွင် တခါသာရတောင့်ရခဲ သေခြင်းတရားကို
ကြီးမြတ်သော အဖနိုင်ငံတော်အတွက်
လူ့အခွင့်အရေးအတွက်
လွတ်လပ်မှုအတွက်
သင်တို့သည် လဲလှယ်ခဲ့ပြီဖြစ်သည်။

သင်တို့၏ မသေနိုင်သော ၀ိဥာဉ်များသည်
ငါတို့၏ နှလုံးသားထဲတွင် လည်းကောင်း
ထာဝရရှင်သန်နေလိမ့်မည်ဖြစ်ကြောင်း
ခိုင်မာသော သစ္စာတရားဖြင့် ကတိပြုရင်း
အလေးပြုလိုက်ပါသည်။

အမည်မသိစာဆို

`၈´လေးလုံးအရေးတော်ပုံကြီးအတွင်းတွင် ရေးစပ်ခဲ့သော ကဗျာဖြစ်ပါသည်။

Wednesday, August 5, 2009

0 သာသနာကိုစော်ကားကုန်ပြီ



မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊

မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊ ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊ ၊ လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊

ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊ သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊ ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊

အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊ စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊ အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊

မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊ အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊


အရှင်စန္ဒောဘာသာစာရ

ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက
နောက်ဆက်တွဲ အနေနဲ့ နာမည်တစ်ချို့ကိုသိရပါတယ်.။
ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။

http://myatmhanlay.blogspot.com/

0 ၂၁ နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အထိမ်းအမှတ် ပို့စ်စကဒ်


21st Ani 8888

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၄)


Socrates (Greek, BC-470~399)

တည်ထောင်သူ - Socrates (BC 470~399)
ဂရိအတွေးအခေါ်ပညာရှင်

လူမျိုး - ဂရိလူမျိုး၊ အနောက်တိုင်းအတွေး
အဓိကဖေါ်ထုတ်ချက် - ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား
Name -
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School

Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy

Socrates Method
ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း


ဆိုကရေးတီးစ်၏အဆိုအရ လူသားများအနေဖြင့် စစ်မှန်သောအသိပညာကိုကရှိနိုင်သည်။ လူသည် မိမိ၌ရှိ သော ဆင်ခြင်ဥာဏ်ကိုမှန်မှန်ကန်ကန်အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို၎င်း၊ မိမိကိုဝန်းရံ နေသော စကြာဝဠာကြီး၏ သဘော သဘာဝကို၎င်း ဓမ္မဓိဌာန်ကျကျ သိမြင်နားလည်လာမည်ဟု ခံယူတင်ပြခဲ့၏။

ထိုသို့လျှင် စစ်မှန်သောအသိပညာကိုရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က-

နည်းသစ် (၂)မျိုးကိုတင်ပြခဲ့ပါသည်။

1.ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis)
2.တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်ပေသည်။


၁. ခွဲခြမ်းစိတ်ဖြာနည်း
The Method of Analysis

ခွဲခြမ်းစိတ်ဖြာနည်းသည် အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်သည့် ၎င်း၏အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ် သည်။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ်ဖွင့်ဆိုနည်း (Inductive Definition) ဟုခေါ်ဆိုခဲ့သည်။ ၎င်း၏အဓိကရည်ရွယ်ချက်မှာ အကြွင်းမဲ့စစ်မှန်နေသော ယေဘူယသဘောတရားတခု (Concept) ကိုသိရှိလာရန် ရည်ရွယ်သည်။
ဥပမာအားဖြင့် လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ်အမျိုးမျိုးဖြင့် အသုံးပြုလေ့ရှိကြသည်။ ထိုကဲ့သို့ ကွဲပြားခြားနား စွာသုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်းသဘောတရားနှင့်ပတ်သက်၍ အငြင်းပွါးမှု အမျိုးမျိုးဖြစ်ပေါ်လာစေသည်။ သို့နှင့်စစ်မှန်သော အသိကို မသိဘဲဖြစ်နေသည်ဟုဆိုပါသည်။

ဆိုကရေးတီးစ်၏အလိုအရ ဤသို့လျှင် တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက အမျိုးမျိုးသော သဘော တရားများသာ ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ၎င်းတို့ ထက် သာလွန်သော၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရားတခုကို မုချရရှိလာ မည်ဟု ခံယူခဲ့သည်။
တနည်းဆိုရသော် လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာရာမှ တဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကိုအသုံးပြုခဲ့ကြောင်းတွေ့ရပါသည်။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု သုတေသီများက ခံယူထားပါသည်။
ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage) နှင့်ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန် သုံးသပ်ခဲ့သည်။ သို့သော်ရဲ့ရင်ခြင်းနှင့်ပတ်သက်၍ စစ်မှန်သောအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ။ သို့သော် ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့်ပတ်သက်၍ ၎င်းအမြင်သည်ပေါ်လွင်ထင်ရှား လာခဲ့ပေသည်။

ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏အလိုအရ "ရဲရင့်ခြင်း" ဟူသည်မှာ "အသိပညာ" ပင်ဖြစ်သည်။
(Courage is Knowledge) ဖြစ်၏။


၂. တွေးခေါ်မြော်မြင်နည်း
The Method of Speculation

တွေးခေါ်မြော်မြင်နည်းတို့မှာ တွေးဆချက် (Hypothesis) နှင့်ပတ်သက်သော ၎င်း၏အမြင်အပေါ်တွင် အခြေခံ လျှက် တင်ပြထားခြင်းဖြစ်သည်။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ထက်တိုင်အောင်ပင် အသုံးပြုလျှက်နေရ သောနည်းဖြစ်သည်ဟု မျက်မှောက်အတွေးအခေါ်ပညာရှင်များကခံယူထားကြပါသည်။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ခေါ်ဆိုသက်မှတ်လာကြသည်။

ဆိုကရေးတီးစ်၏အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည်မဟုတ်ပေ။ အာရုံသိသည် ၀ိသေသအသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကိုပင် ပေးစွမ်းနိုင်ခြင်းမရှိပေ။
အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ပထမနည်းဖြစ်သော ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်း အား ဖြင့်(Socrates Method) ဟူ၍ အများအားဖြင့်ခေါ်ဆိုရည်ညွန်းခဲ့ကြပါသည်။ အမှန်အားဖြင့် ဆိုကရေးတီးစ်အသုံးပြု ခဲ့သော သိပုံသိနည်းမှာ တမျိုးတစားတည်းမဟုတ်ဘဲ နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ကြောင်းအား အထူးမှတ်သား ရန်ဖြစ်သည်။

ဤထက်ပါနည်းနှစ်မျိုးနှစ်စလုံးကိုဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင်တဦးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့်သိခြင်းသဘောတရားသည်မှေးမှိန်းသွားပြီး ဆင်ခြင်သိခြင်းသဘော တရားမှာ ပိုမိုကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည်။
ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား တဘက်စွန်းသို့ရောက်သည်တိုင်အောင် ဦးစား ပေးခဲ့ သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်းငြင်းဆိုလာခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ဆိုကရေးတီးစ်နည်းများသည် ၎င်းမတိုင်မီပေါ်ပေါက်ခဲ့သော ဂရိတွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသောနည်းများဖြစ်သည်ဟု ပညာရှင်များကဆိုပါ၏။



Tuesday, August 4, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၃)

ကွန်ဖြူးရှပ်

နိုင်ငံရေးအတွေးအခေါ်များနှင့် သဘောတရားများ

ကွန်ဖြူးရှပ်ဝါဒ

တည်ထောင်သူ - Kong Fu Tzu(孔夫子)

အမည် -Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး -တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
-Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era
အဓိကဖေါ်ထုတ်ချက် - အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံ့အကျိုး၊ လူဘောင်အကျိုးကိုရည်ရွယ်ခဲ့။

The Chinese philosopher Confucius (551-471 BC)

ကွန်ဖြူးရှပ်ဝါဒဟုခေါ်တွင်ပါသည်။ စတင်တည်ထောင်သူမှာ တရုတ်လူမျိုး (Kong Qiu) ဖြစ်သည်။ လွန်ခဲ့သော ခရစ်မပေါ်မီ (BC-551~471) အတွင်း ပေါ်ထွန်းခဲ့သော အယူအဆဖြစ်ပြီး နိုင်ငံရေးအတွေးအခေါ် အားဖြင့် ကမ္ဘာရှေး အကျဆုံးဟု သမိုင်းအထောက် အထာများအရ ယူဆရပါသည်။ ဖေါ်ထုတ်ခဲ့သော သူ၏အမည် ကိုအဆွဲပြု၍ ကွန်းဖြူးရှပ် ၀ါဒဟုခေါ်ဆိုပါသည်။
ကွန်ဖြူးရှပ်သည် နိုင်ငံရေးအယူအဆနှင့်ပတ်သက်၍သူ၏အမြင်ကိုဖေါ်ထုတ်ရာမှာ ကမ္ဘာ၌ ပထမဦးဆုံး ဖေါ်ထုတ်ခဲ့သူတစ်ဦး ထဲ၌ အပါအ၀င်ဖြစ်သည်အပြင် မျက်မှောက်ခေတ်တိုင်အောင် သူ၏အယူအဆများကို လက်ခံ အမီ ပြုထားကြပါသည်။ ကွန်ဖြူးရှပ်၏ အဆိုအရ -

`အုပ်ချုပ်သူတယောက်ဟာ မိမိမှချမှတ်ထားသောစည်းမျဉ်းစည်းကမ်းတွေကို မိမိကိုယ်တိုင်လည်း လိုက်နာသင်ယူရန်ဖြစ် သည် ဆိုတာကို စွဲစွဲမြဲမြဲယုံကြည်ထားရပါလိမ့်မည်´
Confucius {Kong Qiu, September 28, (BC-511~471~479)}

ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့အခါ၊ ထိတွေ့ဆက်ဆံတဲ့အခါ ကိုယ်ရဲ့သွေးချင်း သားရင်းလို၊ ကိုယ့်နဲ့ သက်ဆိုင်သူအဖြစ် မေတ္တာတရားနဲ့ပြုမှုရမယ်လို့ ကွန်ဖြူးရှပ်က ဥပမာပေးတင်ပြထားပါသည်။


ကွန်ဖြူးရှပ်၏ လူ့ဘ၀နှင့်ဒဿနအမြင်
ကွန်ဖြူရှပ်သည် လူနှင့်လူသားတို့ကျင်လည်နေကျသော လူ့ဘောင်အဖွဲ့အစည်းကြောင်းကို အလေးထား တွေးခေါ်ခဲ့လေသည်။ ၎င်း၏အတွေးအခေါ်တွင်လူသားတို့နှင့်သာသက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရား စသည်တို့ကိုသာ လေ့လာ ဆွေးနွေးတင်ပြထားကြောင်း တွေ့ရသည်၊ ကွန်ဖြူရှပ်သည် လူသား တို့၏ ပင်ကိုယ်သဘော သဘာဝမှာ ကောင်းသည်၊ ဆိုးသည်ဟူသော ပြဿနာကိုမှုကာ ဆွေးနွေးခဲ့ခြင်း မရှိပေ။ လူသဘာဝနှင့်ပတ်သက် ၍ကွန်ဖြူရှပ်က လူတို့သည် အနှစ်သာရအားဖြင့် တူညီမှုရှိကြသည်ဟု ဆိုခဲ့ပါသည်။

ကွန်ဖြူရှပ်နေထိုင်ခဲ့သော ခေတ်အချိန်ကာလ၌ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူများသာ အကျင့်စာရိတ္တ မည်သို့ ပင်ရှိစေကာမှု မြင့်မြတ်သောသူများဖြစ်သည်ဟု ထိုခေတ်အခါ၌ ယူဆထားကြလေသည်။ ၎င်းအယူအဆအား ကွန်ဖြူရှပ် က ပထမဆုံးဆန့်ကျင်တော်မှန်ခဲ့လေသည်။

ကွန်ဖြူရှပ်၏ အယူအဆမှာ …

မည်သူမဆို အကျင့်စာရိတ္တကောင်းမွန်ပါက လူကြီးလူကောင်း မြင့်မြတ်သူ ဖြစ်နိုင်သည်ဟုဆိုပါသည်။

သူသည်ဆင်းရဲမှုနှင့်လည်းတွေ့ကြုံခဲ့ရဘူသည် ထို့ကြောင်လည်း ဆင်းရဲသားတို့၏ဘ၀ကိုလည်း စာနာ နားလည်ခဲ့ ပါသည်။ မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သောကြောင့် မူးမတ်တို့၏ဘ၀ကိုလည်း သိမြင်နားလည်ခဲ့ လေသည်။

ကွန်းဖြူးရှပ်သည် မူးမတ်တို့ကို စက်ဆုတ်ရွံ့ရှာ၏။ မူးမတ်တို့သည် မည်သည့်အလုပ်ကိုမျှ မယ်မယ်ရရ လုပ်ကိုင် ကြခြင်း မရှိဘဲပျင်းရိစွာနေထိုင်ကြသည့်အပြင် စည်းဇိမ်ကျစွာ နေထိုင်ရရေးကိုသာ အမြဲတစေကြံ စည်နေ ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ ရ သည် စည်းဇိမ်ကျစွာနေထိုင်နိုင်ရေးအတွက် ပြည်သူပြည်သားတွေအပေါ်--

အခွန်တိုးကောက်ခံစေခြင်း၊ အဓမ္မခိုင်းစေခြင်း၊ စစ်ဆင်တိုက်ခိုက်ခြင်း၊ စသည်တို့ကိုသာ ပြုလိုခြင်းဖြင့် အချိန်ဖြုန်း ကြ၏။ ထိုလုပ်ရပ်များကြောင့် ပြည်သူပြည်သားတို့မှာ အလွန်အမင်းဆင်းရဲဒုက္ခရောက်ရ၏။ ထို့ကြောင့် ကွန်ဖြူးရှပ်သည် မူးမတ်မျိုးသာလျှင် လူကြီးလူကောင်းဖြစ်သည်ဟူသော အယူအဆအားလက်မခံဘဲ တော်လှန်ခဲ့ခြင်းဖြစ်ပါ၏။

ကွန်ဖြူးရှပ်၏သဘောအရ လူတိုင်းလူတိုင်းသည် ပင်ကိုသဘောသဘာဝ တူညီသည်ဖြစ်ရာ တဦး တယောက် သောသူသည် ကိုယ်ကျိုးမကြည့် တရားမျှတ၍ သနားကျင်နာတတ်သောသူဖြစ်လျှင် လူကြီးလူကောင်းဖြစ်သည်။ ထို့ကြောင့် မွေးဇာတိက အဆုံး အဖြတ်မပေး၊ အကျင့်စာရိတ္တက အဆုံးအဖြတ်ပေးသည်ဟု ကွန်းဖြူးရှပ် ကဆိုပါ၏။

ကွန်ဖြူးရှပ်က လူသားအားလုံးသည် အတူတူပင်ဖြစ်သည်ဟုဆိုသည်သာမက လူတို့သည်တဦး တယောက် တည်းနေ၍မရဘဲ အဖွဲ့အစည်းအသိုင်းအ၀န်းနှင့်နေထိုင်ကြရသည်ဟုဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ သဘောအရ လူဟူ သည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ် သည်ဟုဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့်ကင်းကွာ၍ မတည်ရှိနိုင်။ လူသားတို့အပြု အမူအကျင့်အကြံတို့သည်၎င်း လူ့ဘောင်အဖွဲ့အစည်းဟူသည်၎င်း လူသား အချင်းချင်း အပြန်အလှန် ဆက်ဆံနေထိုင် ခြင်းသာဖြစ်သည်။

ကွန်ဖြူးရှပ်က လူသားအားလုံးသည် အတူတူပင်ဖြစ်သည်ဟုဆိုသည်သာမက လူတို့သည်တဦးတယောက် တည်းနေ၍မရဘဲ အဖွဲ့အစည်း၊ အသိုင်းအ၀န်းနှင့်နေထိုင်ကြရသည်ဟု ဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ သဘောအရ လူဟူသည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်ဟုဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့်ကင်းကွာ၍ မတည်ရှိနိုင်သကဲ့သို့ လူသားတို့၏ အပြုအမူအကျင့်အကြံတို့သည် လည်း လူဘောင်အဖွဲ့အစည်းဟူသည့် လူသားအချင်းချင်း အပြန်အလှန် ဆက်ဆံနေထိုင်ခြင်းသာဖြစ်သည်။

ထို့ကြောင့်လူသည် လူဘောင့်အဖွဲ့အစည်းမှခွဲထွက်၍ တသီးပုဂ္ဂလနေထိုင်ခြင်းသည် မသင့်လျှော်သကဲ့သို့ အများစုလုပ်ကိုင် သကဲ့သို့ အများစုလုပ်ဆောင်သည့်အတိုင်းလိုက်၍ ပြုလုပ်ဆောင်ရွက်ခြင်းသည်လည်း မသင့်လျှော် ပါချေ။

အများစုလက်ခံသော ထုံးဓလေ့များသည် ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေလျှက်၎င်း၊ အကျင်သီလကို ပျက်ပြားစေ လျှက်၎င်း၊ ယင်းထုံးဓလေ့များကို လိုက်နာခြင်း မပြုသင့်ဘဲ ပြုပြင်ပြောင်းလဲရန်ကြိုးစား ရမည်ဟု ဟောကြားခဲ့ပါသည်။

ကွန်ဖြူးရှပ်၏အလိုအရ လူသားတို့၏ အချင်းချင်းဆက်ဆံရေးတွင်လိုက်နာအပ်သော စည်းမျဉ်းများ သည် အခြားအရာများတွင် အရင်းမခံဘဲ လူသားတို့၏ ပင်ကိုယ်အတွင်းသဘော၌ အရင်းခံသည်ဟု ဆိုပါသည်။

လူသားတစ်ယောက်အား လူဟုသတ်မှတ်နိုင်ခြင်းသည် ထိုလူသား၏ အတွင်းသဘော လူသား၏ စိတ်ထားကြောင့် ဖြစ်သည်ဟုဆို၏။ လူသားစိတ်ထားအရ ကျင့်ကြံဆက်သွယ် ပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

လူသားစိတ်ထား (Jen) သည် လူသားအချင်းချင်းဆက်သွယ်ရာတွင် ထိန်းကြောင်း လမ်းညွှန်မှုပြု သည့် သဘောဖြစ်သည်။
ဤသို့ဖြင့် ကွန်ဖြူးရှပ်သည် လူသားတို့အပြုအမူ၏ လမ်းညွှန်းမှုပြုသည့် သဘောတရားကို သဘာဝ တွင်၎င်း၊ သဘာဝ လွန်အင်အားနတ်ဘုရားတွင်၎င်း ရှာဖွေခြင်းမပြုဘဲ လူသားတို့၏ အတွင်းသဘော တွင်သာအခြေခံခြင်း ဖြစ်၍ လူသားတို့ကို အလေး အမြတ်ထားကြောင်းတွေ့ရ၏။ ဆိုလိုသည်မှာ လူသား ပဓာန၀ါဒဖြစ်၏။

ဤလူသားစိတ်ထား (Jen) သည် ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် အခြေခံတရားဖြစ်ပြီး ၎င်းတရားမှ၏ ၎င်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများကို ဆင်ခြင်ဆွဲယူထားကြောင်း တွေ့ရ၏။ တဦးတယောက်သော သူသည် လူသားစိတ်ထား ရှိပါက ယင်းလူသားသည်ပြီးပြည့်စုံသော ကောင်းမြတ်ခြင်းတရား ကိုရရှိပြီးဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆထားခဲ့ပါ၏။

ကိုယ်ကျင့်တရားပညာ

ကွန်ဖြူးရှပ်၏၀ါဒတွင် ကိုယ်ကျင့်တရားများကိုအခြေခံ၍ လေ့လာဆွေးနွေးထားကြောင်း တွေ့ရပါသည်။ ကွန်ဖြူးရှပ်သည် မိမိနေထိုင်သောခေတ်ကာလ တရုတ်ပြည်ကြီးတွင် ကျိုမင်းဆက် ပျက်သုန်းပြီးနောက် ဗဟိုချုပ်ကိုင်မှု စနစ် မရှိတော့ဘဲ မြို့စားနယ်စားများသည် သူတလူငါတမင်းဖြင့် အားပြိုင်သော အာဏာ လုနေသောအချိန်ဖြင့်လေရာ တိုင်းသူပြည်သားတို့သည် ဒုက္ခအပေါင်းနှင့် ရင်ဆိုင်ကြရလေသည်။ ကိုယ်ကျင့် တရားပျက်ဆီးနေသော အချိန်ကာလ လည်းဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို ပြုပြင် ပြောင်း လဲလိုသော ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားများ ကိုအခြေခံ၍ တွေးခေါ်ဟောပြောထားသည်မှာ အချိန်အခါနှင့် တထပ်တည်း ကျစွာဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ပြင် လွန်စွာမှလည်း သဘာဝကျလှပေသည်။
ကွန်ဖြူးရှပ်၏အလိုအရ လူ့ဘောင်အဖွဲ့အစည်းကောင်းမွန်စေရန် လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ကောင်းမွန် ရေးသည် အလွန်အရေးကြီးသည်ဟုယူဆ၏။ လူ့အဖွဲ့အစည်းအတွင်းနေထိုင်ကြသောလူသားတို့သည် အချင်းချင်း ဆက်ဆံရာတွင် တရုတ်ဘာသာ အားဖြင့် (Jen)ဟုခေါ်သော လူသားစိတ် (သို့မဟုတ်) လူလူချင်း စာနာစိတ်ရှိ ရမည်ဟုဆိုပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်အမြင်တွင် (Jen) သည် (Human Heartedness)၊ လူသားစိတ်ထား (Yi)(Righteousness)၊ ဖြောင့်မတ်ခြင်းသဘော၊ (Li)(Ritual)သည် ပူဇော်ပသခြင်း၊ (Chih)(Wisdom) အသိပညာစသည့် သဘောတရားများကို လက်ခံထား ကြောင်းတွေ့ရသည်။

(Hsin)(Good Father or Sincerety) ကောင်းသောယုံကြည်မှုဟူသော အယူအဆကို ကွန်ဖြူးရှပ်၏ နောက်လိုက်များက ထပ်မံဖြည့်စွတ်ထားခြင်းဖြစ်၏။ ကွန်ဖြူးရှပ်အနေနှင့် (Jen) (Yi)(Li) and (Chih) ဟူသော ကောင်းမြတ်ခြင်းတရား (၄)မျိုးကိုသာ တင်ပြခဲ့ပါသည်။

ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင် (Jen) ဟူသော ကောင်းမြတ်ခြင်းတရားသည် အဓိက ဖြစ်ပါ၏။ (Jen) ဟူသော ကောင်းမြတ်ခြင်းတရားသည်(Hsiao) (Filial Platy) မိဘကို ကိုးကွယ်ရိုသေခြင်း (Ti)သည် ညီအကိုတို့ ၏ချစ်ခြင်းဟူသော သဘော တရားတွင်အခြေခံသည်။ (Hsiao) ဟူသောမိဘကို ကိုးကွယ်ရိုသေမှုတွင် မိမိခန္ဓာကိုယ်ကို မပျက်မဆီး၊ အကျိုးမယုတ်အောင် ကာကွယ် စောင့်ရှောက်ခြင်းသည်လည်း မိဘကို ကိုးကွယ် ရိုသေသက်ရောက် သည်ဟုဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် မိမိခန္ဓာကိုယ်သည်မိဘထံမှရရှိထားခြင်းကြောင့်ဖြစ်၏။ မိမိကြီးပွါး တိုးတတ် အောင် ဆောင် ရွက်ခြင်းဖြင့် မိမိ၏မိဘမျိုးအမည်ကို ထင်ပေါ်ကြော်ကြားစေခြင်းသည်လည်း မိဘကိုရိုသေ သမှုပြုရာရောက်သည် ဟုဆိုပါသည်။ ဤတွင်မိဘတို့ကို ကိုယ်စိတ်နှစ်ပါးစလုံးချမ်းသာအောင် ပြုစုရမည်ဟူသော သဘောသက်ရောက်ပေသည်။

မိဘများကွယ်လွန်ပြီးနောက် မိဘတို့၏ အထမမြောက်ခဲ့သော ရည်မှန်းချက်များသည် မိမိ၏ရည်မှန်းချက် များဖြစ်လာရပါမည်။ ဤအချက်သည်မိဘများကွယ်လွန်ပြီးနောက် မိဘကိုရှိးခိုးပူဇော်ခြင်းထက် ပို၍အရေး ကြီးသည်ဟု ကွန်ဖြူးရှပ်ကဆိုပါသည်။

မိဘတို့အားကိုးကွယ်ရိုသေခြင်းတည်းဟူသော ကောင်းမြတ်ခြင်းထက် တရားလေ့ကျင့်ရာမှာ (Ti) ဟူသော ညီအကိုတို့၏ ချစ်ခြင်းဟူသော ကောင်းမြတ်ခြင်းတရားကိုရရှိမည်ဖြစ်ပေသည်။


ဆိုလိုသည်မှာ မိဘကိုချစ်ခင်ရိုသေရာမှ ညီအကိုမောင်နှမများကိုလည်း ချစ်ခင်ရိုသေတတ်လာမည်ဖြစ် ပေသည်။ ဤသို့ သောချစ်ခြင်းမေတ္တာတရား၏ လမ်းညွန်းချက်အရ အပြုအမူသည် (Jen) အရ ပြုမူခြင်းဖြစ်ပေသည်။ ဤသို့အားဖြင့် (Hsiao) (Ti) တို့ကို လေ့ကျင်ရာမှ (Jen) ဟူသော ကောင်းမြတ်ခြင်းတရားကို ရရှိမည်ဟုဆိုပါသည်။

ကွန်ဖြူးရှပ်သည် (Jen) နှင့် (Yi)အပြင် (Li)ကိုလည်း သူ၏ကိုယ်ကျင့်တရားအမြင်တွင် လက်ခံထားလေသည်။ ကွန်ဖြူရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင်တွေ့ရသော (Li) သည် ဘာသာရေးတွင် ပူဇော် ပသခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လုပ်ထုံး လုပ်နည်း များဟူသော ကျယ်ဝန်းသည်အဓိပ္ပါယ်ကိုဆောင်၏။

ဥပမာအားဖြင့် မိဘများသည် သားသမီးတို့အပေါ် ချစ်မေတ္တာထားရမည်။ သားသမီးမျာူကလည်း မိဘကို ချစ်ခင်ရိုသေကြရမည်။ ညီငယ်များသည်အကိုမျာူကိုရိုသေရမည်။ အကိုများကလည်းညီငယ်များ ကိုချစ်ခင် ကြရမည်။ မိတ်ဆွေအချင်းချင်း သစ္စာရှိရမည်။ တိုင်းသူပြည်သားများသည် အုပ်ချုပ်သူများကို ရိုသေလေးစားရမည်။ အုပ်ချုပ်သူများ ကလည်း တိုင်းသူပြည်သားများအပေါ် ဂရုဏာ မေတ္တာ ထားကြရမည်။

ကွန်ဖြူးရှပ်သည် (Li)ကို အလေးအမြတ်ထားခြင်းအားဖြင့်လူသားတို့၏ စာရိတ္တ ကောင်းမွန်ရေးကိုသာမက ယဉ်ကျေးမှုရှိရန်ကို လည်းအလေးထားကြောင်းတွေ့ရ၏။ တဦးတယောက်သောသူသည် ဖြောင့်မတ်စွာ ကျင့်ကြံ ရမည် သာမက အခြေအနေနှင့် လျှော်ကန်သင့်မြတ်သောအပြုအမူကိုလည်း ယဉ်ကျေးသိမ်မွေ့စွာပြုမူတတ်ရပေမည်။ ကွန်ဖြူရှပ်အလိုအရ (Jen) (Yi) (Li) တို့ကို သိရှိနားလည်ရန်လိုသည်။ (Jen) ကိုသိမှသာ (Yi)နှင့် (Li)ကိုသိရှိ နားလည်မည်။ ထိုနည်းအတိုင်းပင် (Yi)နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို နားလည်ပေ လိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အသိပညာ လိုအပ်ကြောင်း ဟောပြောခဲ့ပါသည်။

ကွန်ဖြူးရှပ်သည် (Chin) အသိဟူသော ကောင်းမြတ်ခြင်းတရားကိုလည်းလက်ခံထားလေသည်။ ကွန်ဖြူးရှပ်၏ အလိုအရ (Jen) (Yi) (Li) တို့ကိုသိရှိနားလည်မည်။

ထိုနည်းအတိုင်းပင် (Yi) နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အသိပညာလိုအပ်ကြောင်း ဟောပြော ခဲ့ခြင်းဖြစ်ပါသည်။

ကွန်းဖြူးရှပ်သည်လူ့ကိုယ်ကျင့်တရားကောင်းမွန်ခြင်းအပေါ်အခြေခံ၍ယင်းခေတ်တွင်ပျက်ဆီးယိုယွင်းနေသော လူမှုရေးနှင့်နိုင်ငံရေးအခြေအနေများကို ပြုပြင်ပြောင်းလဲရာတွင် ဇွဲလုံ့လလျှော့ဘဲ ဆောင်ရွက်ရန်တိုက် တွန်းခဲ့ပါသည်။

ဤတွင် ကွန်ဖြူးရှပ်သည် မည်သည့်အကျိုးမျော်လင့်ချက်မှမရှိဘဲ (Doing for Nothing) ပြုလုပ်ခြင်း ဟူသောသဘောကို လက်ခံထားလေသည်။ (Doing for Nothing) သည် တာအိုဝါဒီတို့လက်ခံထားသော (Doing Nothing) ဘာမျှမလုပ်ခြင်းနှင့် မတူညီပေ။ (Doing Nothing) ဘာမျှမလုပ်ခြင်းဟူသော တာအိုဝါဒီတို့၏ အယူအဆကို ကွန်ဖြူးရှပ်ကလက်မခံပေ။ သူ၏အဆိုအရ လူတိုင်းဘာမျှမလုပ်ခြင်းဟူသည်မဖြစ်နိုင်။ ပြုသင့်ပြုထိုက်၍ ပြုလုပ်သင့်သော အလုပ်များရှိလေသည်။ သို့သော် ပြုလုပ်သင့်သော အလုပ်များကိုပြုလုပ်ရာ၌ မည်သည့်အကျိုးကိုမျှမျှော်ကိုးခြင်းမပြုရ။ ပြုလုပ်သင့်သောအလုပ်များကို ပြုလုပ်ခြင်းသည်ပင် တန်းဖိုးရှိ လေသည်။ အဘယ်ကြောင့်ဆိုသော် မိမိပြုလုပ်သော အပြုအမူသည် အကျိုးရှိမရှိ၊ အောင်မြင်မှုရ/မရဆိုသည်မှာ ကံကြမ္မာ အရပင်ဖြစ်၏။ ကွန်ဖြူးရှပ်အလိုအရ (Ming)သည် ကောင်းကင်ဘုံ၏ စီရင်ဆုံးဖြတ်ချတ် အတိုင်းဖြစ်လိမ့်မည်။ “ကျွန်ုပ်တို့ဆောင်ရွက်ချက်များ၏ အောင်မြင်မှုအတွက် (Ming)သည် ကျွန်ုပ်တို့၏လက်ထဲ၌မရှိပေ” ဟုဆိုပါ၏။

ထို့ကြောင့်အောင်မြင်မှု/မအောင်မြင်မှုတို့အတွက် ပူပင်သောကရောက်နေစရာမလို။ ပြုသင့်ပြုထိုက် လုပ်သင့် လုပ်ထိုက် သည်ကိုသာ လုပ်ခြင်းသည် (Ming) သိခြင်းဖြစ်၏။ ၎င်းကိုနားလည်သိရှိခြင်းသည် မြင်ြ့မတ် သောသူ တစ်ယောက်ဖြစ်ရေးအတွက် အရေးကြီးသောလိုအပ်ချက်ဖြစ်သည်ဟုဆိုပါသည်။

(Ming) ကိုသိရှိခြင်းဖြင့် မျက်မှောက်ကမ္ဘာကြီး၏အခြေအနေသည် မလွဲမသွေ သဘောဆောင်ကြောင်း အသိ အမှတ် ပြုမည်ဖြစ်၍ မိမိဆောင်ရွက်ချက်များသည် အောင်မြင်မှုရှိ/မရှိ ဂရုပြုမည်မဟုတ်ပေ။ ဤသို့ ဆောင်ရွက်ချက် မျိုးသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိဟုဆိုနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် မကျွန်ုပ်တို့သည် တာဝန်ဝတ္တရာများကို ဆောင်ရွက်ပြီးဖြစ်၍ အောင်မြင်သည် ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားအရ ကျွန်ုပ်တို့၏တာဝန်ကျေပြီးဖြစ်ပေသည်။ ထိုအောင်မြင်မှု၊ ဆုံးရှုံးမှုတို့တွက် စိတ်ပူပင်သောကမရှိသော ကြောင့် ပျော်ရွှင်မှုကိုရနိုင်မည်ဖြစ်သည်။ ကွန်ဖြူးရှပ်က -

(မန့်)ဆိုသည်မှာ….

၁။ ပညာရှိသောသူများသည် သံသယမှကင်း၏။
၂။ ကောင်းမြတ်သောသူများသည် ပူပင်သောကကင်း၏။
၃။ ရဲ့ရင်သောသူများသည် ကြောက်ရွှံ့ခြင်းမှကင်း၏။
၎။ မြင့်မြတ်သောသူများသည် အစဉ်ပျော်ရွှင်ရ၏။
၅။ သေးနုတ်သောသူများမှာမူ အစဉ်အမြဲစိတ်ဆင်းရဲရ၏၊ ဟူ၍မိန့်ဆိုခဲ့ပါသည်။


ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်

လူကိုတန်းဖိုးထားတွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာပြဿနာရပ်များကိုလည်း လူမှုဆက်ဆံ ရေး ရှုထောင့်မှ သုံးသပ်ရှုမြင်လေ၏။ လူ့အဖွဲ့အစည်း၏အခြေခံမှာ ဖခင်အုပ်ချုပ်သောမိသားစုဖြစ်၏။ နိုင်ငံဆိုသည်မှာ မိသားစုကိုတိုးချဲ့ထားခြင်း သာဖြစ်သည်ဟု ကွန်ဖြူးရှပ်ကယူဆ၏။

ကွန်ဖြူးရှပ်က နိုင်ငံတော်အစိုးရသည် တိုင်းသူပြည်သားများအပေါ် ကောင်းကျိုးချမ်းသာရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည်။ ထိုသို့သောအစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုးဖြစ်ရမည်။ စွမ်းရည်ရှိနိုင်ရန်မိဘမျိုးရိုးအပေါ်အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည်။ အသိပညာနှင့် စာရိတ္တကောင်းမွန် ရေးမှာလည်း သင့်တော်သောပညာ သင်ကြား လေ့လာရေးတွင် အခြေခံသည် ဟုဆိုပါသည်။

ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်သည် ၎င်း၏ကိုယ်ကျင့်တရား၊ အယူအဆနှင့် မိရိုးဖလာ ထုံးတမ်းစဉ်လာ တို့တွင် အခြေခံထားကြောင်းတွေ့ရ၏။ အုပ်စိုးသူများသည် ကောင်းသောအကျင့်စာရိတ္တရှိခြင်းနှင့် အသိပညာရှိခြင်းသည် အောင်မြင်သော အစိုးရအဖွဲ့အစည်းအတွက် အဓိကလိုအပ်ချက်ပင်ဖြစ်သည်။

ကွန်ဖြူးရှပ်၏အဆိုအရ အုပ်ချုပ်သူတွင် အောက်ပါအခြေခံတာဝန်ဝတ္တရား (၉) ရပ်ကို ထမ်းဆောင်ရမည် ဟုဆို၏။-

1. မိမိ၏အကျင့်စာရိတ္တကို အမြဲတစေကောင်းမွန်အောင် ပျိုးထောင်နေရမည်။
2.အရေးပေးထိုက်တဲ့သူကို အရေးပေးရမည်။
3.မိမိ၏ဆွေမျိုးသားချင်းများအား ချစ်ခင်မြတ်နိုးရမည်။
4.၀န်ကြီးများအားရိုသေလေးစားရမည်။
5. အရာရှိအရာခံအားလုံး၏ကောင်းကျိုးအတွက် အရေးတယူဂရုပြုရမည်။
6.တိုင်းသူပြည်သား သာမန်ပြည်သူများအား ဖခင်သဖွယ်ဂရုပြုရ စောင့်ရှောက်ရမည်။
7. အသုံးဝင်သော လက်မှုပညာရပ်များအားလုံးကို တိုးတတ်အောင် အားပေးချီးမြှင့်ရမည်။
8.နိုင်ငံခြားတိုင်းတပါးသားများကို ပျူငှာစွာ ဆက်ဆံရမည်။
9.အိမ်နီးနားချင်းနိုင်ငံများမှ မင်းညီမင်းသားများနှင့် မိတ်ကောင်းဆွေကောင်းသဖွယ် ဆက်ဆံရမည် ဟူ၍ ဖြစ် သည်။

ကွန်ဖြူးရှပ်က-

အုပ်ချုပ်သူသည် မိမိ၏အကျင့်စာရိတ္တကောင်းမွန်အောင် အမြဲတစေ ပြုစုပျိုးထောင်ရမည် ဟူသော အချက်သည် အလွန်မှ ပင်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ပြုစုပျိုးထောင်မှသာ အုပ်ချုပ်သူ အနေနှင့် မိမိ၏အကျင့် စာရိတ္တအားဖြင့် မိမိအရာရှိ အရာခံများနှင့် မိမိ၏တိုင်းသူပြည်သားများအတွက် စံပြဖြစ် ပေလိမ့်မည်။
ထို့ပြင် အစိုးရကောင်းတို့တွင် ပြည်သူပြည်သားတို့၏ စားဝတ်နေရေးလိုအပ်ချက်များကို ပြည်စုံလုံ လောက် အောင်ဆောင်ရွက် ပေးရမည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်အင်အားလုံလောက်စွာထားရှိရမည်။ အုပ်ချုပ် ရေးတွင် ပြည်သူတို့၏ ယုံကြည် ကိုးစားမှုကိုရယူနိုင်ရမည်။
တကြိမ်၌ ကွန်ဖြူးရှပ်၏တပည့်တယောက်ကမှ ၎င်းအား နိုင်ငံကိုအုပ်ချုပ်ခွင့်ရရှိပါ မည်သည့်အရာကို ဦးစွာ ဆောင်ရွက်ရမည်နည်းဟု မေးသောအခါ--

ကွန်းဖြူရှပ်က

"ပထမဦးစွာ ပညက်များကိုပြင်ဆင်ရမည် "ဟုဆိုကာ "ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ "ကိုတင်ပြခဲ့လေ၏။

ပညက်ပြင်ဆင်မှုဆိုင်ရာသီအိုရီ
Rectification Names Theory
ပညက်တိုင်းသည် ၎င်းရည်ညွန်းသောအရာ၏ အနှစ်သာရကိုဖော်ညွန်းသည်။ ဆိုလိုသည်မှာ ပညက်နှင့် တကယ့် ဖြစ်စဉ် အကြားမှာ ကိုက်ညီမှုရှိရမည်။ အုပ်ချုပ်သူသည် အုပ်ချုပ်သူဟူသော ပညက်ဖေါ်ညွန်းသည့် ဂုဏ်အရည် အချင်းကို ပိုင်ဆိုင်ရမည်။ သို့မှသာ စစ်မှန်သောအုပ်ချုပ်သူဖြစ်၍ အုပ်ချုပ်သူဟူသောဂုဏ်အင်္ဂါနှင့် ကိုက်ညီပေမည်။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၄) ဆက်လက်ဖော်ပြပါဦးမည်။


0 ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ဂျပန်ရောက်မြန်မာများ ပြုလုပ်မည်

Sunday, August 2, 2009

0 ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန် ရှေ့နေများမျှော်လင့်ဆဲရှိ

Associated Press သတင်းဌာနမှပြုစုထားသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခြင်းနှင့် တရားစွဲဆိုခံရခြင်း timeline ဓါတ်ပုံကို တင်ပေးလိုက်ပါသည်။

မူရင်း ။ ။ AFP

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ကျခံရလိမ့်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသော်လည်း သူမ၏ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် " ခြွင်းချက်မရှိလွတ်မြောက်လိမ့်မည် "ဟု မျှော်လင့်လျက်ရှိသေးကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်" ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

" ကျွန်တော်တို့မှာ များများစားစားလုပ်စရာမရှိပါဘူး။ လာမယ့်ရုံးချိန်းရက်ကို စောင့်မျှော်နေကြရုံပါပဲ။ မနက်ဖြန်မှာ အာဏာပိုင်တွေဆီကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခံစာတင်မှာဖြစ်ပြီး ဗုဒ္ဓဟူး (သို့) ကြာသာပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"ဟု သူက AFP ကိုဆက်လက်ပြောကြားခဲ့သည်။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အင်းစိန်ထောင်၌ ထိန်းသိမ်းထားရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများကို ဩဂုတ်လ ၁၁ နေ့မတိုင်မီ တွေ့ဆုံကြရန်ညွှန်ကြားထားကြောင်း သိရှိရသည်။

Ref: http://rawstory.com/news/afp/Lawyers_still_hope_Suu_Kyi_will_be__08022009.html?FORM=ZZNR7
armifopfpdrf;

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၂)

နိုင်ငံတကာ နိုင်ငံရေးစနစ်/၀ါဒများနှင့် အစိုးရပုံစံများ

International Political Systems

Form of Governments

1.Anarchism မင်းမဲ့ဝါဒ

2.Aristocracy (The rule by the Best) အကောင်းဆုံးလူများကအုပ်ချုပ်ခြင်း
3.Authoritarianism အာဏာပိုင်များကြီးစိုးသောဝါဒ
4.Autocracy သက်ဦးဆံပိုင်အာဏာရှင်စနစ်
5.Communist State ကွန်မြူနစ်ဝါဒဖြင့်အုပ်ချုပ်သောနိုင်ငံ
6.Democracy (demo, Kratos) ပြည်သူလူထုမှအုပ်ချုပ်ခြင်း
a.Direct Democracy
b.Representative Democracy
7.Despotism ဆွေစဉ်မျိုးဆက်ကောင်းစားရေးဝါဒ
8.Dictatorship အာဏာရှင်ဝါဒ
9.Fascism လူမျိုးကြီးဝါဒ
10.Feudalism ကံကြွေချစနစ်(မြေရှင်ပဒေသရာဇ်)
11.Hierocracy (Rule by the Priests) ဘာသာရေးဘုန်းကြီးများမှအုပ်ချုပ်ခြင်း
12.Kleptocracy (Rule by the Thieves) သူခိုး၊ ဒမြများမှအုပ်ချုပ်ခြင်း
13.Kritarchy (Rule by the Justice) ဘာသာရေးအဆုံးအမများအပေါ်အခြေခံ၍
အုပ်ချုပ်ခြင်း
14.Krytocracy (Rule by the Judges) တရားသူကြီးများကအုပ်ချုပ်ခြင်း
15.Meritocracy (Rule by the Ability) လူစွမ်းကောင်းပုဂ္ဂိုလ်မှအုပ်ချုပ်ခြင်း
16.Monarchy သက်ဦးဆံပိုင်ဘုရင်စနစ်
a.Absolute Monarchy အကြွင်းမဲ့သက်ဦးဆံပိုင်
b.Constitutional Monarchy စည်းမျဉ်းခံဘုရင်စနစ်
17.Ochlocracy (Rule by Mob) လူဆိုးသောင်းကျန်းသူများကအုပ်ချုပ်ခြင်း
18.Oligarchy (Rule by the Elite) ကျော်ဇောထင်ရှားသောသူများကအုပ်ချုပ်ခြင်း
19.Plutocracy (Rule by wealth) ချမ်းသာသောသူများကအုပ်ချုပ်ခြင်း
20.Republic ပြည်သူလူထုမှအုပ်ချုပ်သောစနစ်
a.Mixed Government ဘုရင်စနစ်နှင့်မျက်မှောက်စနစ်တို့ပေါင်းစပ်အုပ်ချုပ်ခြင်း
b.Constitutional Republic
ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံခေါင်းဆောင် အားပြည်သူများမှ တိုက်ရိုက် (သို့မဟုတ်) လူထုကိုယ်စားလှယ်များရွေးချယ်၍ အာဏာခွဲဝေမှုနှင့် ကန့်သတ်တားမြစ်မှု များအား ပြဌာန်း၍ အုပ်ချုပ်ခြင်း


c.Parliamentary Republic

ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်၍ ပြည်သူလူထုမှရွေး ချယ်တင်မြှောက် လိုက်သော လူထုကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များမှ လည်းကောင်းတို့ ပါတီ၏ ခေါင်း ဆောင်အား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း။

a.Socialist Republic ပြည်သူ့ဆိုရှယ်လစ်အရင်းရှင်

b.Capitalist Republic ဆိုရှယ်လစ်အရင်းရှင်


21.Single Party State တပါတီကြီးစိုးသောစနစ်
22.Thalassocracy အင်ပါယာစနစ်
23.Theocracy ဘာသာရေးနှင့် နိုင်ငံအုပ်ချုပ်ရေးအားတွဲစပ်အုပ်ချုပ်ခြင်း
24.Timocracy (Rule by the honor) (Rule by the wealth)
25.Totalitarianism ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အကြွင်းမဲ့အာဏာပိုင်စနစ်
26.Tyranny မင်းစိုးမင်းညစ်စနစ်

အထက်ပါစနစ်များသည် ဤကမ္ဘာပေါ်ရှိဒေသအသီးသီးတို့၌ ကျင့်သုံးအုပ်ချုပ်ခဲ့ကြသော၊ ဆက်လက်ကျင့်သုံး အုပ်ချုပ်နေဆဲဖြစ်သော နိုင်ငံအုပ်ချုပ်ရေးစနစ်များဖြစ်ကြပါသည်။

အထက်၌ဖေါ်ပြခဲ့သော နိုင်ငံရေးစနစ်များအားလေ့လာ၍မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ် နေဆဲအခြေ အနေများကို လေ့လာဆန်းစစ်၍ မိမိလက်လှမ်းမီရာနိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်ပေါ်ခဲ့ သောအခြေအနေများနှင့် ဖြစ်ပေါ်ဆဲအခြေ အနေများကို ပြန်လည်၍ သုတေသနပြုရန်လိုအပ်ပါသည်။
ဤသို့သုတေသနပြုရာ၌ ဓမ္မဓိဌာန်ကျကျသုတေသနပြုမှသာ (သို့မဟုတ်) မည်သည့်အပေါ်၌မျှ အစွဲမရှိဘဲ သုတေသနပြုမှသာ အားနည်းချက်၊ အားသာချက်များကို ပီပြင်စွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်ဆန်းစစ်ရာ၌ တိုးတတ်နေသောနိုင်ငံများနှင့် ဆင်းရဲမွဲတေ လျှက်ရှိ သော နိုင်ငံများဟူ၍ အကြမ်းအားဖြင့်သိသာမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အောက်ဖေါ်ပြပါမေးခွန်း များသည် စိတ်ဝင်စားဖွယ်အဖြစ်၎င်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အဖြစ်၎င်း ဖေါ်ပြထားပါသည်။

1.မိမိတို့နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် မည်သည့်အမျိုးအစားဖြစ်သနည်း။
2.မျက်မှောက်အုပ်ချုပ်ရေးစနစ်အား မည်သို့ထူထောင်ခဲ့သနည်း။
3.ဆင်းရဲခြင်းသည် မျက်မှောက်အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသလား။
4.စကားတစ်ခွန်းရှိပါသည်၊ တို့နိုင်ငံသည် မြေသြဇာလည်းကောင်း၏၊ ဘာပင်စိုက်စိုက်အပင်ဖြစ်၏၊ အသီးစားပြီး အစေ့အားလွှင့်ပစ်လိုက်ပါက ရက်အနည်းငယ်အတွင်း အပင်ဖြစ်၏၊ သို့သော်အဘယ့်ကြောင့် ဆင်းရဲနေရသနည်း၊ တိုင်းပြည် ဘာကြောင့် ဆင်းရဲနေရသနည်း၊

မှတ်ချက်

1.ဂျပန်နိုင်ငံ၌ မြေယာသည် မြန်မာပြည်ထက်နည်းပါသည်။
2.ဂျပန်နိုင်ငံ၌ အလွယ်အကူသစ်ပင် မစိုက်ပျိုးနိုင်ပါ။
3.စိုက်ချင်သည့် အပင်အား စိုက်လို့မရနိုင်ပေ။
4.အသီးစားပြီး အစေ့လွှင့်ပစ်လိုက်ရုံနှင့်အပင်မပေါက်နိုင်ပေ။
5.စိုက်ပျိုးမြေ၏ မြေဆီလွှာများကို အမြဲတမ်းပြုပြင်နေကြရပါသည်။
6.သဘာဝသယံဇာတအားဖြင့် သဲနှင့်ကျောက်စရစ်ဘဲရှိပါသည်။

သို့သော် ကမ္ဘာ၌အချမ်းသာဆုံးနိုင်ငံများ၌ တနိုင်ငံဖြစ်ပေသည်။

1.အဘယ်ကြောင့်နည်း။
2.သင်မည်သို့ယူဆပါသနည်း။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၃) မကြာမှီ ဆက်လက်ဖော်ပြမည်။

0 သံလွင်ရေကာတာ ဝေဖန်ချက်များ

အာဆီယံစွမ်းအင်ဝန်ကြီးများ၏ သံလွင်ရေကာတာစီမံကိန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အပြင်းအထန်ဝေဖန်မှုကိုခံနေရသည်။

အဆိုပါအဖွဲ့များက သံလွင်ရေအားလျှပ်စစ်စီမံကိန်းသည် သံလွင်မြစ်နှင့်၎င်းကိုမှီခိုအားထားနေသူများကို အကြီးအကျယ်ထိခိုင်စေနိုင်သည့်အပြင် အတင်းအကျပ်နေရာပြောင်းရွှေ့ခိုင်းမှုများနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ဖြစ်ပေါ်လာစေနိုင်ပြီး မြန်မာပြည်သူများအကျိုးထက် စစ်အစိုးအရအသိုင်းအဝိုင်းအတွက်သာ ပိုမိုအကျိုးများဖွယ်ရှိကြောင်း မနေ့ကထောက်ပြဝေဖန်ခဲ့ကြသည်။

မနေ့က မန္တလေးမြို့တွင်ကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများညီလာခံတွင် ရင်းနှီးမြှုပ်နှံမှုဘတ်ငွေ ဘီလျံပေါင်းများစွာကုန်ကျမည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် အခြားဒေသန္တရစွမ်းအင် စီမံကိန်းသစ်များကို ဆွေးနွေးသဘောတူခဲ့ကြသည်။

ဝန်ကြီးများက ထိုင်းနိုင်ငံမှရေးဆွဲသော အာဆီယံစွမ်းအင်ပူးပေါင်းလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် သန့်စင်ကျောက်မီးသွေးနည်းပညာနှင့် အဏုမြူစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးကိစ္စရပ်များပါဝင်သည့် အာဆီယံစွမ်းအင်ပူးပေါင်းလှုပ်ရှားမှုစီမံကိန်း ၂၀၁၀-၁၀၁၅ ကိုသဘောတူညီခဲ့ကြသည်။

ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး ဝမ်နာရပ်ချန်နူကူနှင့် အခြားထိုင်းလျှပ်စစ်အာဏာပိုင်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါရေကာတာသည် မဲဟောင်ဆန်းဒေသနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိမည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် လျှပ်စစ်ဓါတ်အား မီဂါဝပ်တစ်ထောင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Ref: ; http://www.bangkokpost.com/news/local/21209/salween-dam-plan-draws-heavy-flak

armifopfpdrf;

0 အမိမြန်မာပြည် လွတ်မြောက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ခရီးရှည်ချီတက်ခြင်း




ဓာတ်ပုံများကို www. Longmarchfor burma.blogspot.com မှကူးယူဖော်ပြပါသည်။
အမိမြန်မာပြည်လွတ်မြောက်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်(၉၀၀)ကျော် ခရီးရှည်ချီတက်နေတဲ့ ရဲဘော် မောင်မောင်တိတ်နှင့် အဖွဲ့သည် နယူးယောက်ပြည်နယ် အထက်ပိုင်း အီသာကာမြို့(Ithaca) ကိုရောက်နေပြီဖြစ်ပါတယ်။ ခရီးရှည် ချီ တက်နေတာ ယခုဆိုရင် (၅၆)ရက် ရှိနေပြီဖြစ်ပါတယ်။၂၁ နှစ်မြောက် ရှစ်လေးလုံး နေ့မှာတော့ ယူတီကာ(Utica) မြို့ကိုရောက်မှာဖြစ်ပြီး ရှစ်လေးလုံးနေ့ အခမ်းအနားကို ယူတီကာ(Utica)မြို့ ဒေသခံရဲဘော်များနှင့် ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။

အီသာကာ(Ithaca) မြို့မှာ နေထိုင်ကြတဲ့ မျိုးချစ်မြန်မာအင်အားစုများက တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြပါတယ်၊ မကဒတ ဥက္ကဌ ဟောင်း တဦးဖြစ်တဲ့ ရဲဘော်ထွန်းအောင်ကျော် ကလည်း ခရီးရှည်ချီတက်နေတဲ့ ရဲဘော်များနှင့် အတူ လိုက်ပါချီတက်ခဲ့ပါသေးတယ်။ နီးစပ်ရာ ရဲဘော်များ အနေနဲ့ ချီတက်နေတဲ့ ရဲဘော်များကို တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြဖို့ ကျနော်တို့ အကြောင်းကြားလိုက်ပါတယ်။

ခရီးရှည်ချီတက်နေတဲ့ ရဲဘော်တွေရဲ့ Blog ကိုလည်း တက်ရောက်ဖတ်ရှုစေချင်ပါတယ်၊ သူတို့ Blog ကတော့ www. Longmarchfor burma.blogspot.com ဖြစ်ပါတယ် ။ ကိုမောင်မောင်တိတ် ရဲ့ ဖုန်းနံပါတ်ကတော့ (330-622 3530) ဖြစ်ပါတယ် ။ ဆက်သွယ်အား ပေးစေချင်ပါတယ်။

ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

0 မြန်မာများအတွက် အသုံးဝင်နိုင်မည့် ကိုစိုးမင်း၏ Dictionary


မြန်မာ blog အတော်များများမှာ ဖော်ပြပေးထားတာ တွေ့ရလို့သတင်းလာရောက်ဖတ်လာတဲ့သူတွေလဲ သိနိုင်အောင် ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ ကိုစိုးမင်း ၏ Dictionary ကို လက်တွေ့သုံးကြည့်တော့ အလွန့် အလွန်ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာလို ရိုက်ပြီး ရှာရှာ၊ အင်္ဂလိပ်လိုပဲ ရှာရှာ ... ရှာလို့ရတဲ့ အချက်တခုတည်းနဲ့တင် ကောင်းတယ်ဆိုတာပြောချင်ပါတယ်။ system requirments လဲ ကြီးကြီးမားမား မရှိလှပဲ မြန်ဆန်သွက်လက် တာတွေ့ရပါတယ်။ Unicode font (၃)မျိုး ပြောင်းသုံးလို့ရတာ တွေ့ရပါတယ်။ Myanmar 3, Zawgyi one, Ayar Burmese တို့ဖြစ်ပါတယ်။ အင်္ဂလိပ်စာ လေ့လာသူများ ကျောင်းသူ ကျောင်းသားများ အသုံးပြုသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
ဒီနေရာမှာ
Image Hosting by Picoodle.com

ကိုစိုးမင်းဟာ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး ဖြစ်ပြီး သူ၏ကိုယ်ပိုင်နေရာလေးတစ်ခုဖြစ်သော http://www.soemin.net/ သွားရောက်လေ့လာကြည့်လျှင် သူ့စရိုက်နှင့် သူစေတနာကို တွေ့မြင်ရလိမ့်မည်။

ဖတ်စရာများစွာ၊ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ......
ဒီမှာ http://code.google.com/p/wxpydict/ သွားဖတ်ကြည့်လို့ရသည်။ တကယ်ချီးကျုးထိုက်သည့် သူဖြစ်ပါသည်။ အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.