Thursday, August 6, 2009

0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၄)

Plato (Greek, BC- 428~328)
တည်ထောင်သူ : Plato (BC- 428~328)
ဂရိအတွေးအခေါ်ပညာရှင်

လူမျိုး : ဂရိလူမျိုး၊
: အနောက်တိုင်းအတွေးအခေါ်ပညာရှင်
: ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။
Name : Plato ()
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.
ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ

ပလေတိုသည် ၎င်း၏ဆရာ ဆိုကရေးတီးစ်တင်ပြခဲ့သော အယူအဆများကိုချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒ ဆိုင်ရာ သီအိုရီတခုကိုတင်ပြခဲ့ပါသည်။ အာရုံသိ၊ ဆင်ခြင်သိတို့နှင့် ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည်။

မသိခြင်း။ ။ (Ignorance) ဟူသည်မှာ လုံးဝမသိနားမလည်ဘဲဖြစ်နေသော အခြေအနေကို ဆိုလိုသည်။ မရှိအဖြစ် ကိုဆောင်နေသော အခြေအနေဖြစ်သည်ဟု ပလေတိုကဆိုပါ၏။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရား ကိုမသိဘဲဖြစ်နေရုံမက မှားသောအသိများကိုပင်မလျှင် မသိရှိ မခံစားနိုင်ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည်။ ထို့ကြောင့် မသိခြင်း ဟူသောအဖြစ်သည် မရှိခြင်း (not being) ဟူသော အခြေအနေနှင့်အတူတူ ပင်ဖြစ်သည်ဟု ယူဆခဲ့လေသည်။

ထင်မြင်ချက်။ ။ (Opinion) ဆိုသည်မှာ အာရုံသိဖြင့်သိလာသောအသိများကိုဆိုလိုခြင်းဖြစ်၏။ ၎င်းသည် မသိခြင်း (Ignorance) ကဲ့သို့ မှားသောအသိများကိုပင် လုံဝမသိဘဲဖြစ်နေသောအခြေအနေမဟုတ်။ ထို့ကြောင့် မရှိခြင်း (not being) သဘောကိုဆောင်နေသည်ဟုမဆိုနိုင်ပေ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်းမရှိသေးပေ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကိုဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ။ သို့ဖြစ်၍ ပလေတို၏အလိုအရ အာရုံသိဖြင့်သိရှိလာသောအသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့အကြားတွင် ဖြစပေါ်နေ သောအသိများသာလျှင် ဖြစ်နေပေသည်။

အသိပညာ။ ။ အသိပညာဟူသည်မှာအမှန်တကယ်ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာ ခြင်းသည်။ တနည်းဆိုသော် အမှန်တကယ်ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကိုသိလာခြင်း ဖြစ်သည်။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကိုဆောင်ရွက်လျှက်ရှိသည်ဟုပလေတိုက ခံယူတင်ပြခဲ့၏။
ပလေတို၏အလိုအရ စစ်မှန်သောအသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ် ရမည်။ (Knowledge must be infallible) ထို့ပြင် အမှန်တကယ်ရှိနေသော အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာ မျိုးဖြစ်ရမည်။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ် ရှိမှသာလျှင် စစ်မှန်သောအသိပညာ (Knowledge)ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။


အရစ္စတိုတယ်လ် Aristotal
အရစ္စတိုတယ်လ်


Aristotle (384-322BC)
Name : Aristotle
Birth : 384 BC
Death : March 7th, 322 BC
School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm
Main interests : Politics, Metaphysics, Science, Ethics
Notable ideas : The golden mean, Reason, Logic, Biology, Passion
Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science

အရစ္စတိုတယ်လ်သည် ပလေတို၏တပည့်ဖြစ်သည်။ သို့သော် ဆရာပလေတို၏ အယူအဆတိုင်းကိုမှု လက်မခံခဲ့ပေ။ ပလေတိုကဲ့သို့ အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍မငြင်းဆိုခဲ့ပေ။ သို့ရာတွင် လူတို့သည် စစ်မှန် သောအသိပညာ ကိုရရှိနိုင်ရန်အတွက် အာရုံ သိကိုသာ အခြေခံ၍မရကြောင်းတင်ပြခဲ့သည်။

အာရုံလောက၌ဖြစ်ပေါ်နေသော အဖြစ်အပျက်တို့သည် အဘယ်အကြောင်းကြောင့်ဖြစ်ပေါ်နေသည်ကို သိရှိမှသာ လျှင် လူတို့သည် စစ်မှန်သော အသိပညာကိုရရှိလာမည်ဟုဆိုပါသည်။

အရစ္စတိုတယ်လ်နောက်ပိုင်း၌ ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည်။ အက်ပီကျူးရီးယက်(Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည်။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက်ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည်။
ဂရိအတွေးအခေါ်ပညာရှင်များကြောင့် အနောက်တိုင်းအတွေးအခေါ်လောကတွင် သိမှုဗေဒနှင့် ပတ်သက် သော အစဉ် အလာကြီးနှစ်ရပ်ဖြစ်ပေါ်လာသည်။ တခုမှာ ပလေတို အစပျိုးခဲ့သော ဆင်ခြင်မှုကိုအဓိကထားသည့် အစဉ်အလာနှင့် ကျန်တခုမှာ အက်ပီးကျူးရီးယက်(Epicurus) နှင့် (Stoics) များက စတင်အလေးထားသော အတွေ့အကြုံအခြေပြု အစဉ် အလာဖြစ်သည်။

အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ-

"Man is by nature a political animal."



သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ
Niccolo Machiavelli (1469~1527)
မက်ခီယာဗယ်လီ


- အီတလီမင်းသား
နိုင်ငံရေးအတွေးအခေါ်ပညာရှင်
သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။

Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau


ဖလော့ရင့်မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆)ရာစုအတွင်း စည်းလုံးမှုမရှိ၊ သူတလူငါတမင်းဖြင့် မြို့ရိုးများ အတွင်း စုပြုံနေထိုင်ဆဲဖြစ်သည်။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ တည်ထောင်၍ နယ်ပယ်များချဲ့ထွင်နေထိုင်ချိန်ဖြစ်သည်။ ထို့ကြောင့် ဥရောပ၌ အီတလီနိုင်ငံ၏အခြေအနေသည် ခေတ် နောက်ပြန်စွဲ နေသောအခြေ အနေမျိုး ဖြစ်နေ ပေသည်။
နီစ်ကိုလို မက်ခီယာဗယ်လီ (1469~1527)၏ ရေးသားခဲ့သော စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏။ ရှေးခေတ်နိုင်ငံရေးအယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် အီတလီနိုင်ငံရေးသမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေများ အပေါ်အခြေခံ၍ ၎င်း၏အယူအဆများအား စာပေပညာ ဖြင့် ထုတ်ဖေါ်တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။

သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့်စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-

နိုင်ငံရေးတွင်
၁. "ရိုးသားဖြောင့်မတ်ရေး" နှင့်

၂. ဘုရင်၊ ပုဒ်ရဟန်းမင်းတို့အပါအ၀င်-

"အာဏာသည် ပြည်သူထံမှလာသည်" ဟူသောအယူအဆသည် ဟောပြောခဲ့ပြီး၊ ရှိပြီးဖြစ်၏။

ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည်။ သို့သော် သမ္မတနိုင်ငံ ထက် ဘုရင်စနစ်ကပို၍ပေးနိုင်သည်ဟုယူဆခဲ့သည်။ သို့သော် ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကိုရသည်ဟု လက်ခံခြင်းမဟုတ်။ သားက အဖေကို မဆက်ခံနိုင်။ နိုင်ငံအချုပ်အခြာ နှင့်ပတ်သက်၍ ဤသို့တောင်းဆိုခွင့်မရှိ။ ပြည်သူကအဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။

(၁၄) ရာစုအတွင်း အီတလီမြို့ပြနိုင်ငံများအကြား၌ ၎င်း၏အယူအဆအား ပြည်သူနှင့်အုပ်ချုပ်သူ လူတန်းစား အကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက်ဖေါ်ထုတ်လာသော နိုင်ငံရေးအယူအဆအား ထိုခေတ် အထက်တန်းလွှာတို့၏ ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကိုခံခဲ့ရပါသည်။

"Marsilius" သည် အီတလီဂိုဏ်းချုပ်ဘုန်းတော်ကြီးတပါးဖြစ်ပါသည်။ ဂိုဏ်းချုပ်ဘုန်းတောကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ်အယူအဆများ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ်ထူးဆန်းခဲ့ပါသည်။ သို့သော် သူ၏အကြံပြုချက်များသည် နောင် အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘော တရားများ ဖြစ်လာခဲ့ပါသည်။

မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင်အဆင့်တစ်ခုကို ဖြတ်သန်းရန်လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည်။
ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့အာဏာရှင်စနစ် ထူထောင်ရေးအဆိုပြုချက်အယူအဆများ၌ အခြေအနေအရ လိုအပ်ချက် တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထား မှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည်။

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၅) ဆက်လက်ဖော်ပြပါဦးမည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.