Saturday, November 13, 2010

1 ယနေ့တွေ့မြင်ရသောဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မြင်ကွင်းများ



Getty Images
"စကားပြောလို့ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့။ နောက်က မကြားရင်လည်း ရှေ့ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက်မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ကလူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာပဲ။ မတွေ့ရတာလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အခုက အသံချဲ့စက် မရှိလို့ မကြားရဘူး။ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကိုလာခဲ့။ အသံချဲ့စက်နဲ့ ပြောမယ်"

0 ပြည်သူလူထုကြီးအားနူတ်ခွန်းဆက်နေသောဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သံမှတ်တမ်း

0 ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကြီးအားယခုကဲ့သို့နူတ်ဆတ်



မတွှေ့ရတာလည်းကြာပြီဆိုတော့ ပြောစရာတွေကလည်းအများကြီးပဲ.. အသံချဲ့စက်မရှိတော့ အားလုံးတော့ကြားရမှာမဟုတ်ဘူး..
အားလုံးကြားချင်ရင်တော့မနက်ဖြန်ရုံးကိုလာခဲ့.. အသံချဲ့စက်နဲ့ပြောမယ်…
(ထွက်ထွက်ခြင်း အမေစုကိုယ်တိုင်ပြောစကား)

နိုဝင်ဘာလ ၁၄ရက်နေ့ (မနက်ဖြန်) နေ့လည် ၁၂ နာရီတွင် Nld ရုံးချုပ်ရှေ့တွင် အသံချက်စက်နှင့် ပြောမည်ဖြစ်ကြောင်း အန်တီစု ကိုယ်တိုင် ပြောကြားသွားပါတယ်.

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံးနူတ်ဆတ်အသံဖိုင်(ဧရာဝတီ)

Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74
ဓာတ်ပုံ။ ။ getty images

0 ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်သွားပါပြီ



ဒီကနေ့လည်းဒေါ်အောင်ဆန်းစုကြည်ကိုစောင့်မျှော်နေသူများ (ဓာတ်ပုံသတင်း)
ဓာတ်ပုံ။ ။ Reuters
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။

ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။

အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုကို ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။
---------------
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် ၅ နာရီ ၁၅ တွင် လွှတ်ပေးလိုက်တာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

နေအိမ်ရှေ့တွင်ပင် လူထုကို စကားပြောရန် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်လျှက်ရှိသည်ဟု ဦးဝင်းတင်က ပြောသည်။

အနည်းဆုံး ၄ ထောင်ခန့်ရှိသော စောင့်မျှော်နေသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ ခြံဝသို့တိုးကာ စောင့်ဆိုင်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်စုကြီးက မတွေ့ရသေးသော်လည်း ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က လူအုပ်စုကြီးကို ထိန်းထားရသည်။

ရွှေဂုံတိုင်ရုံးချုပ်ရှေ့တွင်တော့ လူ ၁ သောင်းကျော်က စောင့်ဆိုင်းနေရာ ဒေါ်စုနေအိမ်ဘက်သို့ စတင်ထွက်ခွာကြပြီ ဖြစ်သည်။

နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။

ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့ လိုက်ပါ ဝင်ရောက်သွားသည်။

မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့သွင်း ပြောကြားသွားသည်။

မဇ္ဈိမ

0 စည်းလုံးညီညွှတ်တဲ့အမျိုးသားအင်အားစုကြီးတရပ် ဒေါ်အောင်ဆန်းစုကြည်ကိုဗဟိုပြုပြီးတော့ပေါ်ထွက်နိုင်တယ်(လူထုစိန်ဝင်း)


ိDvbမှ ဆက်သွယ်မေးမြန်းချက်အသံဖိုင်ဖြစ်ပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံပြီးတော့ လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း

0 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- ( အပိုင်း ၇ ) ”-
ရေးသူ-(မောင်မောင်ဝမ်း)


(မောင်မောင်ဝမ်း) nov 12,2010

"ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတစ်ခုကို အချိန်အားဖြင့် အဓိပ္ပါယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး ၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။" (ကဗျာဆရာ-ငြိမ်းဝေ )
------------------------------------------
အမိမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ရရှိရေး-အမျိုးသားလွတ်မြောက်မှု့တိုက်ပွဲဟာ သိပ်ကြမ်းတမ်းလှပါတယ်။ ခက်ခဲနက်နဲလှပါတယ်။ အမှောင်ထုအားကြီးလွန်းလှပါတယ်။ ပေးဆပ်မှု့တွေလည်း များလွန်းလှပါတယ်။

အဖိုးတန်သောအရာမှန်သမျှ ခက်ခက်ခဲခဲလုပ်ယူမှ ရတတ်တယ်....ဆိုတဲ့ ဥပဒေသကလည်း ရှိနေတယ်မဟုတ်လား။ အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာရပ်တွေများဖြစ်လာလေလိမ့်မလား။

ဒီလိုနဲ့...တနေ့ ကျနော်အိမ်ကို ပြန်အရောက်ပြီး မကြာခင်မှာပဲ အိမ်ရှေ့ကို ထောက်လှမ်းရေးက ကားတစီးထိုးဆိုက်လာတယ်။ကားပေါ်ကနေ လူ ၃ဦးဆင်းလာပြီး အိမ်ထဲကိုဝင်လာတယ်။ ကျနော်က သိလိုက်ပါတယ် ။ သူတို့ဘယ်သူတွေလဲ ဆိုတာ ။

ကျနော်က အိမ်ရှေ့ဧည့်ခန်းမှာ လူမှု့ဝတ္တရားအရ ဧည့်ခံလိုက်တော့ သူတို့ထဲက တယောက်က မိတ်ဆက်ပေးတယ်၊ တယောက်က ဗိုလ်ကြီးအဆင့်ရှိသူ၊နောက်တစ်ယောက်ကတော့ ဒုတပ်ကြပ်တယောက် ၊ ကျနော့်ကို မိတ်ဆက်ပေးနေသူက ကျနော်နေထိုင်ရာအရပ်မှာ တာဝန်ကျနေတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်ကြပ်ကြီး။ ကျနော်နည်းနည်းတော့သဘောပေါက်လိုက်တယ် ။ဒါလာဖမ်းတာတော့ မဖြစ်နိုင်သေးဘူး...ဆိုပြီး (ဘာရယ်လို့တော့မဟုတ်ပါဘူး။ ခန့်မှန်းကြည့်မိတာပါ။) အကြီးဆုံးအဆင့်ဖြစ်တဲ့ ဗိုလ်ကြီးဆိုသူက စ ပြောလာတယ်--------။

“မနက်ဖြန်မှာ ကျနော်တို့ လူကြီးက ခင်ဗျားတို့ကျောင်းသားတွေနဲ့တွေ့ချင်တယ်ဆိုပြီး....အကြောင်းကြားလာလို့ ကျနော်တို့ ခင်ဗျားဆီ လာခဲ့တာပါ”။ ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်ကို ကမ်းပေးတော့ ကျနော်လည်း လက်ဆွဲနှုတ်ဆက်ရင်း ကနေ........

“ ဘယ်သူလဲ.. ခင်ဗျားတို့လူကြီးဆိုတာ ဘယ်သူလဲ” ဆိုတော့......

“ အဲဒါတော့ ကျနော်လည်းမသိဘူး.. ကျနော်တို့တပ်မှုး (ထောက်လှမ်းရေး ၁၆-တောင်ဥက္ကလာပ )ကနေ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်လို့ လာပြောတာပါ”

“ ဒါဆို .. ခင်ဗျားတို့ထောက်လှမ်းရေးတပ်မှုးတော့ မဟုတ်နိုင်ဘူး ”

“ သူတော့ မဟုတ်ပါဘူး … လူကြီးတယောက်တော့ လူကြီးတယောက်ပဲ”

ကျနော်သဘောပေါက်လိုက်ပြီ၊လွန်ခဲ့တဲ့ ၂ ရက်က နအဖဆီ အကြောင်းကြားစာကို ကျနော်တို့တတွေ အန်တီအိမ်ထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ထောက်လှမ်းရေးတွေကနေ တဆင့်ပို့ခိုင်းလိုက်တာ အဲဒီကိစ္စပဲ ဖြစ်နိုင်လောက်မယ်။ စိတ်ထဲမှာ ကောက်ချက်ချနေရင်းက…

“ အဲဒါ… ခင်ဗျားတို့ကျောင်းသားတွေ စုစုပေါင်း ၅ ယောက်ကနေ ၁၀ယောက်ထက် မပိုဘဲတွေ့ချင်တယ်တဲ့.. ဖြစ်နိုင်..မဖြစ်နိုင် ကျနော့်ကို အခုအကြောင်းပြန်လို့ရနိုင်မလား”

မိုးကအတော်ကို ချုပ်နေပြီ၊ စီစဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တွေ့ရမှာက မနက်ဖြန်ဆိုတော့ သိပ်တော့လွယ်လိမ့်မယ်လို့ ကျနော်မထင်မိ..။

“ မနက်ဖြန်တွေ့ရမယ်ဆိုတာတော့.. သိပ်လွယ်မယ် မထင်ဘူးဗျ.. ။ကျနော်ကျန်တဲ့သူတွေကို လိုက် အကြောင်းကြားရဦးမှာ”

“ဒါဆို ဘယ်နေ့လောက် ဖြစ်နိုင်မလဲ…သိပ်တော့ မခွာနဲ့ပေါ့ဗျာ”

ကျနော်စဉ်းစားကြည့်မိတယ်။ဒီကိစ္စကို ပေါ့ပေါ့လုပ်လို့မဖြစ်၊ ကျနော် လူကြီးတွေနဲ့တိုင်ပင်မှဖြစ်မည်။သို့်မဟုတ်ဘူး ဆိုရင် ကျနော်တို့သမိုင်းကို ထိခိုက်နိုင်သည့်အရာ ဖြစ်နေရင် ဘယ်လို လုပ်မလဲ၊ သူတို့နဲ့ဆက်ဆံရတာ နည်းနည်းတော့ လန့်သည်။အဖမ်းခံရမှာကို လန့်တာတော့မဟုတ်ပါ၊ ကျနော်တို့ သမိုင်းပုတ်မြောင်းထဲ ထိုးကျသွားမှာကို စိုးရိမ်မိသည်။ ထောက်လှမ်းရေးတွေ လုပ်တတ်သည့် အကျင့်ဆိုးတွေကို တွေ့ကြုံဖူးသူတယောက်အနေဖြင့် လွယ်လွယ်နဲ့မဆုံးဖြတ်ရဲ…….။

“ ကျနော် အဆုံးဖြတ်ပေးလို့ မရနိုင်ဘူးဗျ…..။ တိုင်ပင်ရဦးမယ်..။ ဒါတော့ခွင့်ပြုပါ ”

ထောက်လှမ်းရေးအရာရှိ နည်းနည်းတော့ စိတ်ရှုတ်သွားဟန်ရှိတယ်..။ ပြီးမှ သူက..

“ နေဦး.. ကျနော် လူကြီးဆီ လှမ်းသတင်းပို့ မေးကြည့်ဦးမယ် ” ဆိုပြီး ကျနော့် တို့အိမ်ထဲကနေ ကားရပ်ထားတဲ့နေရာကို ထွက်သွားပြီးဖုန်းတလုံးနဲ့ အဆက်သွယ်သွားလုပ်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။နည်းနည်းတော့ကြာတယ် ။ ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲကျန်ရစ်ခဲ့တဲ့သူတွေကတော့ ဖွင့်ထားတဲ့ တီဗွီ ကို ကြည့်ရင်း စောင့်နေကြတယ်။နောက်ပြန်ဝင်လာပြီး…….

“ သဘက်ခါလောက်တော့ဖြစ်အောင်လုပ်ပေးပါ....တဲ့”
“ ကျနော်ကြိုးစားကြည့်ပါ့မယ်…။ ဒါပေမယ့် အာမ တော့ မခံရဲဘူး ..။ တွေ့မယ် ..မတွေ့ဘူး..ဆိုတာ။ ကျနော်တို့တိုင်ပင်ချင်ပါသေးတယ် ..။ တကယ်လို့ အကြောင်းပြန်ကြားမယ်ဆိုရင်.. ဘယ်လိုလုပ်ရမလဲ ”

“ ဟုတ်ပြီလေ ....ကျနော်တို့ ခင်ဗျားဆီကို လာဆက်သွယ်ပါ့မယ် .. ။ကျနော်တို့ဆီကို အမြန်ဆုံးအကြောင်းပြန်ပေးပါ ”

ပြောပြောဆိုဆိုနဲ့ အရာရှိလုပ်သူက ထပြီး ကျနော်အပါဝင် အိမ်မှာရှိနေတဲ့ သူငယ်ချင်းမိသားစုများကို နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။ ကျနော်က သူငယ်ချင်းလုပ်သူနဲ့မိသားစုကို မှာထားရတယ်။တကယ်လို့ သူတို့ ဒီကိုလာပြီး ဆွေးနွေးတာတို့ ......စကားပြောတာတို့ကို မှတ်ထားပေးဖို့ ၊ အဲသလိုမဟုတ်ရင် သူတို့က ပြင်ပမှာ မဟုတ်မဟတ်တွေ ပြောဆိုလာရင် အခက်ကြုံမှာ ကြောက်ရလို့ သက်သေထူထားတာပါ။

ဒီလိုနဲ့ နောက်ရက်မှာပဲ ကျနော်တို့ကျောင်းသားများနဲ့ဆုံတွေ့ပြီး နအဖ ထောက်လှမ်းရေးအရာရှိရဲ့ကမ်းလှမ်းချက်ကို တင်ပြတိုင်ပင် ဆွေးနွေးကြတယ်။ အားလုံးကတော့ သွားရောက်တွေ့ဆုံဖို့ ကို သဘောတူခဲ့ကြပြီး ၊ ဆက်လက်ပြီးတော့ အန်တီစုအပါဝင် လူကြီးတွေနဲ့ဆက်လက်တိုင်ပင်ဖို့ ကိုပါ စီစဉ်ခဲ့ကြတယ်။ အန်တီစုအပါဝင် NLD က လူကြီးတွေနဲ့တွေ့ဆုံတော့ အားလုံးက သွားရောက်တွေ့ဆုံဖို့ ကို အားပေးခဲ့တယ်။ အန်တီစုကတော့-----

“ အန်တီတို့တောင် တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေတာပဲ …။ အခုလို သားတို့ကို တွေ့ဖို့ ကမ်းလှမ်းချက်အတွက် သွားသင့်ပါတယ်…။ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရတာပေါ့ ”

ကျနော် ညနေဘက် နေတော်တော်စောင်းလို့ အိမ်ပြန်သွားတော့ နယ်မြေခံထောက်လှမ်းရေးတပ်ကြပ်ကြီးက အိမ်မှာ အဆင်သင့်စောင့်နေတယ်..။ ကျနော်က အကျိုးအကြောင်းကို ရှင်းပြပြီး ကျနော်တို့ကျောင်းသားများ လာခေါ်ဖို့ ကိုပါ စီစဉ်ခိုင်းတော့ သူက ..” အားလုံးစီစဉ်ပေးမယ့်အကြောင်း” ပြောပြီးပြန်သွားခဲ့တယ်။

ကျနော့်ရဲ့စိတ်ထဲမတော့ မယုံရဲယုံရဲ နဲ့ အကောင်းဘက်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရင်း ..။
နောက်တနေ့မှာတော့ ကျနော်တို့ကို သတ်မှတ်ထားတဲ့နေရာမှာ သူတို့ ကားနှစ်စီးနဲ့လာကြိုတယ်။ တစီးက ကျနော်တို့ကို ခေါ်သွားတဲ့ကားဖြစ်ပြီး နောက်တစီးကတော့ ထောက်လှမ်းရေးအမှတ် ( ၁၆ ) က တပ်မှုးစီးလာတဲ့ကား။ သူက ကျနော်တို့ကားရဲ့ရှေ့ဘက်ကနေ မောင်းရင်း.. သွားနေတာကတော့ မြို့ထဲဘက်ပဲ..။ ဘယ်ကိုသွားနေတာလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိဘူး..။နောက်တော့မှ.. ၀န်ကြီးများရုံးထဲကို ထိုးဝင်သွားတယ်။ အဲဒီဝန်းထဲရောက်တော့ ထောက်လှမ်းရေး ဘာရုံးလည်း မသိဘူး ။နည်းနည်းတော့အဆောက်အဦက ကြီးတယ်.. ။ ကျနော်တို့ကို ကားပေါ်က ဆင်းခိုင်းပြီး..”ပါလာတဲ့အိတ်တွေ၊ စာအုပ်တွေကို အပြင်မှာ ထားခဲ့ဖို့ ” ပြောတယ်။ နောက် အစည်းဝေးခန်းမလို (အခန်းကို လေးထောင့်စားပွဲ ပုံစံ ပတ်လည်ခင်းထား)နေရာကို ရောက်တော့ ကျနော်တို့ကို ထိုင်ခိုင်းလိုက်တယ်။ ကျနော်တို့ကို စားပွဲရဲ့တဘက်မှာ တန်းစီပြီး ထားတယ်။ပြီးတော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက ကျနော်တို့ထဲက ပါလာတဲ့သူတွေရဲ့ နာမည်ကို တယောက်ချင်းစီ လိုက်မေးပြီး... သူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်တယ်..။

သိပ်မကြာခင်မှာပဲ .. အရပ်ဝတ် အရပ်စား လူ၅ ယောက်လောက် ၀င်လာပြီး အအေးပုလင်းတွေနဲ့၊ ကိတ်မုန့်တွေ သယ်လာပြီး.. ကျနော်တို့ကို တည်ခင်းကျွေးမွေး.. သူတို့ အားလုံးကလည်း ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံနေလေတော့.. ကျနော့်စိတ်ထဲမှာ ” အခြေအနေကတော့ သိပ်မဆိုးဘူး ” လို့ကောက်ချက်ချမိတယ်..။ ကျနော်က ဘေးနားမှာရှိတဲ့ ကျောင်းသား ခင်မောင်သိန်း ( NLD-ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း သား ) ကို တိုးတိုးလေး ကပ်ပြောတယ်…။

“ ဟေ့ကောင် ...အကုန်စားကွ…။ ထောက်လှမ်းရေးက ဒီလိုကျွေးတာ စားရခဲတယ်” ဆိုတော့ -ဘေးတဘက်က ကျောင်းသူတဦးက လက်ညှိုးလေးကို ပါးစပ်နားမှာကပ်ပြီး……

”ရှုး..တိုးတိုး.. အခန်းထဲမှာ အသံဖမ်းစက်တွေ တပ်ထားရင်တပ်ထားမှာ ။ သိပ်စကားမပြောနဲ့တော့ ”
ဆိုတော့မှ ကျနော်တို့လည်း ချကျွေးတာတွေကို စားနေချိန်မှာပဲ.. ကင်မရာတွေ ကိုင်လာတဲ့လူတချို့ အခန်းထဲ ၀င်လာတယ်..။

ကျနော်တို့စားသောက်နေတဲ့ပုံတွေကို..တဖျန်းဖျန်းနဲ့ ဓါတ်ပုံရိုက်ယူတော့တာပဲ..။ဘာတွေလုပ်ကြမှန်းတော့ မသိသေးဘူး။ ဓါတ်ပုံရိုက်သူတွေ ထွက်သွားပြီး ခဏလေးအကြာမှာပဲ အခန်းထဲကို ယူနီဖောင်းနဲ့လူကြီးလို့ပြောတဲ့သူ ၀င်လာတယ်။ ထောက်လှမ်းရေးတပ်မှုးရယ်၊ ဗိုလ်ကြီးရယ်က ထ အလေးပြု နေချိန်မှာ.... ကျနော်အကဲခပ်လိုက်တော့.. အဆင့်က ဗိုလ်မှုးကြီးအဆင့် ။ ကျနော်က လူပုဂ္ဂိုလ်ကို သေသေချာချာ မသိဘူး ။ သူက စားပွဲထိပ် တည့်တည့်မှာ နေရာယူအပြီး ထောက်လှမ်းရေးက ဗိုလ်ကြီးက ကျနော်တို့တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီး အဲဒီ ဗိုလ်မှုးကြီးနဲ့ မိတ်ဆက်ပေးတယ်။

ကျနော်တို့ကို မိတ်ဆက်ပေးပြီးမှ.. သူကပဲ..” ဒါကတော့ ဗိုလ်မှုးကြီးသန်းထွန်း ပါ ” ဆိုတော့မှ ကျနော်လည်း သိတော့တယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်ရုံး (သူ့ ရာထူး တိတိကျကျတော့ ကျနော်လည်း မသိဘူး).. ပြီးတော့ သူ့ရဲ့ရင်ဘတ်မှာလည်း အမျိုးသားညီလာခံကိုယ်စားလှယ်ဆိုတာကြီးလည်း တပ်လာသေးတယ်ဗျ။ သဘောကတော့ ၀တ်စုံပြည့်၊တာဝန်ပြည့်သဘော။ ကျနော်တို့အားလုံးကို တချက်ဝှေ့ကြည့်ပြီး..ပြုံးပြတယ်..။ ပြီးမှ သူ့ရှေ့မှာတင်ထားတဲ့ ယူလာတဲ့ မှတ်စုစာအုပ်လေးကိုဖွင့်ရင်း………

“ ကျနော် ဖတ်ပြတာလေး သေသေချာချာနားထောင်ပေးပါနော် ” ဆိုပြီး......

” မကြာသေးမှီက ကျောင်းသားများရဲ့ကမ်းလှမ်းဖိတ်ခေါ်ချက်ကို သိရှိရတဲ့အကြောင်း..၊ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ အချိန်ကာလအားဖြင့် စောနေသေးကြောင်း..၊ အခြေနေတရပ်ကိုစောင့်ကြည့်ရန်လိုနေသေးကြောင်း ...” စသဖြင့်စာအုပ်လေးကို ကြည့်ပြီးဖတ်ပြပါတယ်။

“ ကျနော် ပြောတာရှင်းရဲ့လား မသိဘူး ” ဆိုတော့ ကျနော်တို့အားလုံးက ”ရှင်းတဲ့အကြောင်း”ပြန်ပြောလိုက်တယ်။ စိတ်ထဲမတော့ ”ဒါလေးဖတ်ပြတာများ စာအုပ်ဖွင့်ဖတ်လုပ်နေရသေးတယ်၊ဒီအတိုင်း ပါးစပ်က ပြောလည်း ရနေရဲ့သားနဲ့။”လို့ ပြောမိတယ်။

ပြီးမှ ဗိုလ်မှုးကြီးသန်းထွန်းက ကျနော်တို့ကို .. “ဘာများပြောချင်သေးလဲ”ဆိုတော့.. ကျနော်တို့လည်း တယောက်ချင်းစီ ပြောတော့တာပဲ…။

ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကျနော်ကရှင်းပြတယ်.. ။ကျနော်တို့ထဲက ကျောင်းသူ ခင်လေးငယ်နဲ့ အေးအေးခိုင် တို့ကလည်း အန်တီစုရဲ့ယနေ့ရပ်တည်ချက်၊သဘောထားတွေကို ပွင့်ပွင့်လင်းလင်းချပြကြတယ်။ သူကတော့ သိပ်ပြန်မပြောပါဘူး၊နားပဲထောင်နေတယ်။ ကျနော်တို့ ဗိုလ်မှုးကြီးသန်းထွန်းနဲ့စုစုပေါင်းဆွေးနွေးချိန် နာရီဝက်သာသာပါပဲ။နောက်တော့ပြန်လာခဲ့ကြတယ်။

ကျနော်တို့ကိုပြန်ပို့တော့ ထောက်လှမ်းရေးဗိုလ်ကြီးလုပ်သူက လိုက်ပို့ပေးတယ်။သူက ကျနော်တို့သဘောမနောကို သိနေလို့လားမသိဘူး၊” အန်တီစုအိမ်ဘက်လိုက်ပို့ပေးရမှာ မဟုတ်လား“ ဆိုတော့.. ကျနော်တို့က တပြိုင်နက်ထဲ ခေါင်းငြိမ့်လိုက်ကြတယ်။

အန်တီစုအိမ်ရောက်တော့ အဆင်သင့်ပဲ ကျန်တဲ့လူကြီးတွေဖြစ်တဲ့.. ဦးအောင်ရွှေ၊ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ပါတွေ့တော့ အကျိုးအကြောင်းကို တင်ပြကြတယ်။ အန်တီကတော့…

“ သားတို့အနေနဲ့ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီပဲ.. ကိုယ့်တာဝန်ကျေတာပေါ့.. ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့ ”

ကျနော့်ရင်ထဲမတော့ နည်းနည်း စိုးထိတ်မိတာ ရှိတယ်..။
အထူးသဖြင့် ကျနော်တို့ နိုင်ငံရေးလောကမှာက အဲသလို နအဖ က ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံလာပြီဆို ၀ိုင်းဆော်ပလော်တီးခံရတာတွေက ရှေ့မှာ သင်ခန်းစာတွေက ရှိနေလေတော့…ကျနော်က ဖွင့်ပြောမိတယ်။

“ အန်တီ အပါအ၀င်..ဘဘ တို့ကို ကျနော်တို့ အသိပေးထားချင်ပါတယ်..။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ကိစ္စရပ်တိုင်းကို ရိုးသား ပွင့်လင်းစွာလုပ်ကိုင်နေပါတယ် ...ဆိုတဲ့အကြောင်းကို လူကြီးတွေ သက်သေထား အသိပေးထားချင်ပါတယ်” ..

ဦးတင်ဦးက ချက်ချင်းပဲ....... “ ဘဘတို့သိပါတယ်.. သားတို့စိတ်မပူပါနဲ့ ”

ဒီလိုပြောလိုက်တော့မှ ကျနော်တို့စိတ်သက်သာရာ ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်.. ကျနော့်ကို မကျေနပ်လို့ နအဖက ထောင်ချပစ်လိုက်မှာထက် ....မိမိ ဒီမိုကရေစီ အင်အားစုတွေက အထင်မှား ဆန့်ကျင်မှာ ကို အကြောက်ဆုံးပါ။ တကယ်လည်းကြုံတွေ့ရတာပါပဲ၊ နောက်ရက်မှာပဲ စာတွေဖြန့်တယ်၊ အဲဒီစာတွေက ”ကျနော်တို့ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ သစ္စာဖောက်လုပ်ရပ်တွေဖြစ်ကြောင်း၊ ကျနော်တို့ကို ၀ိုင်းဝန်းဆန့်ကျင်ကြဖို့” ဆိုပြီး လုပ်ဆောင်လာတော့ ကျနော်တို့ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဘာတတ်နိုင်မှာလည်းလေ.. အန်တီပြောခဲ့တဲ့စကားအတိုင်းပဲ..
” ရည်ရွှယ်ချက်နဲ့လုပ်ဆောင်ချက်ကောင်းမွန်ရင် တနေ့တော့ နားလည်လာကြမှာပါ ” ဆိုတဲ့ စကားကိုပဲ နှလုံးသွင်းရင်း ဖြေသိမ့်ခဲ့ရပါတယ်။

-----------------------------------------------------
”မျှော်လင့်ချက်ဆိုသည်မှာ ဘယ်တော့မှ အချည်းအနှီး မဖြစ်။ မနက်ဖြန်အထိ ဆက်လက် အသက်ရှင်နိုင်ဖို့ လူတစ်ယောက်ကို အဓိက တွန်းအားပေးသည့် ခွန်အားမှာ မျှော်လင့်ချက်သာ ဖြစ်သည် မဟုတ်လား။ ” ( စာရေးဆရာမ - ဂျုး )
------------------------------------------------------
အဲဒီနေ့က ၁၉၉၅ ခုနှစ် အောက်တိုဘာလ ( ၁၀ )ရက် သီတင်းကျွတ်လပြည့်နေ့ ၊
မြန်မာ ဓလေ့ထုံးလမ်းစဉ်လာမှာတော့ အနန္တော အနန္တ ( ၅ )ပါး အပါဝင် လူကြီးသူမ ဆရာသမား များကို လက်ဆယ်ဖြာမိုး ရှိခိုး ကန်တော့ကြတဲ့နေ့လည်းဖြစ်တယ်။ ဒီလိုရှိခိုး ကန်တော့ကြခြင်းဟာ မြန်မာ့ရိုးရာအစဉ်လာပါ၊ လက်နှက်ချခြင်းမဟုတ်၊အညံ့ခံခြင်းမဟုတ်၊ အောက်ကျခံခြင်းမျိုးလည်း မဟုတ်ပါ၊ ကျနော်တို့ စီစဉ်ခဲ့တဲ့ ဂါရ၀ပြုပွဲဆိုတာ သာမန်ကြည့်မယ်ဆို ဒီလောက်ပါပဲ ၊

ဒါပေမယ့် ရင်ထဲမှာရှိနေကြတဲ့ ရည်ရွှယ်ချက်တွေလည်း ရှိနေပါသေးတယ် ။ ဒါကတော့ သင့်မြတ်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်ပါတယ်။
အန်တီစု ခြံဝန်းအတွင်းမှာ မြို့နယ်အသီးသီးက လူငယ်တွေဆောက်လုပ်ပေးထားတဲ့ မဏ္ဍပ်ကြီးကတော့ အဲဒီနေ့မှာ တင့်တင့်တယ်တယ် ကြွားကြွားဝံ့ဝံ့၊

ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားဆိုလည်း မှန်ပါတယ်။ ကျနော်တို့အားလုံး တတ်နိုင်သလောက် တာဝန်ကျေပွန်စွာ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမဦးဆုံးကျင်းပမယ့် အခမ်းအနားဆိုတော့ နည်းနည်းတော့ ရင်ခုန်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခမ်းအနားကို အောင်အောင်မြင်မြင် ဖြစ်စေချင်တာ အမှန်ပါ၊ အဲဒီကာလက အခြေနေကလည်း သိပ်အကောင်းချည်းမဟုတ်သေးတော့ ...ရန်စွယ် အန္တရာယ်တွေကိုလည်း စိုးရိမ်ရပါတယ်။

အန်တြီ့ခံဝန်းထဲမှာ ကျင်းပမယ့် ပထမဆုံးအခမ်းအနားကို မပျက်ပျက်အောင် လာဖျက်နိုင်မယ့် အရာတွေကိုလည်း ကြိုတွေးပြီး ကြိုစီစဉ်နိုင်အောင် ဖန်တီးထားရပါတယ်။ လုံခြုံရေးကို ပါတီလူငယ်တွေနဲ့ ကျနော်တို့ကျောင်းသားတွေပဲ ယူခဲ့ပါတယ်။ အန်တီစု ခြံဝန်း တံခါးပေါက်ကြီးကို ဒိုးယိုပေါက် ဖွင့်လိုက်ပါတယ်။ အန်တီစု လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ ထောက်လှမ်းရေးတွေကို အဲဒီနေ့မှာပဲ မေတ္တာရပ်ခံပြီး ”တနေ့တာ အတွက် ကျနော်တို့ တာဝန်ယူပေးမယ့် အကြောင်း ” ကို သဘောတူညီချက်ရအောင် ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။ (အန်တီက ထောက်ခံပြောဆိုတာလည်း ပါတာပေါ့လေ၊)

အခမ်းအနား ကျင်းပမယ့် ခန်းမရဲ့ရှေ့ဘက်မှာတော့ ကြိုဆိုရေးနဲ့ မှတ်တမ်းဌာန ဖွင့်ထားပါတယ်။ မှတ်မှတ်ရရ ကျနော့်ရင်ထဲမှာ မမေ့နိုင်တဲ့ မှတ်တမ်းလေးတစ်ခုကတော့ ...ဆရာမောင်လင်းယုန် ( ရှမ်းပြည်) ရေးပေးသွားတဲ့
ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ---။

" ဒေါင်းပျိုထိုးဆွတ် ၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား။"
.....တဲ့၊
-----------------------------------------------------------------------------
တက်ရောက်လာကြတဲ့ လူကြီးတော်တော်များများ မှတ်တမ်းတွေ ရေးပေးကြပါတယ်။ (အန်တီစု အပါအ၀င်ပေါ့လေ၊) တက်ရောက်လာကြတဲ့ လူကြီးတွေ တော်တော်များများရှိပါတယ်။ မှတ်မိသလောက်ဆို အယောက်( ၆၀ ) နီးပါးတော့ ရှိမယ်ထင်ပါတယ်။ ထူးခြားတာက ထင်ရှားတဲ့စာရေးဆရာကြီး နန်းညွန့်ဆွေ ၊ မြသန်းတင့်နဲ့ ဆရာအောင်သင်းကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း တက်ရောက်ပေးပါတယ်။ အမျိုးသမီးထဲကတော့ လူကြီးပိုင်းက ဆရာမကြီး ဒေါ်ကြည်ဦး(ကိုဇာဂနာ့ အမေ) နဲ့ ဒေါ်ကြည်ကြည် ရယ်။နောက်နှစ်ယောက်ကတော့ အန်တီစု နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း= ပေါင်း လေးဦးပဲ ရှိပါတယ်။

ရာသီဥတုကလည်း အဲဒီနေ့က တော်တော့်ကို သာသာယာယာ ရှိခဲ့တာ ဆုတောင်းပြည့်ခဲ့သလား ထင်ရလောက်အောင်ပါ၊ ကုက္ကိုင်း လမ်းမကြီးပေါ်က အန်တီစုရဲ့ ခြံဝန်းရှေ့မှာရော ၊ ခြံတွင်းမှာရော ပရိသတ်တွေအပြည့် ။ ကားတွေ အစီအရီ ၊ပြန်စဉ်းစားကြည့်မိတိုင်း အောက်မေ့ သတိရစရာတွေ ...ရင်ထဲဝင်ရောက်လာပါတယ်။ အခုချိန်မှာ အဲဒီလူကြီးတွေထဲက တချို့ဆို ကွယ်လွန်သွားကြပါလေပြီ၊

စိတ်မကောင်းစရာမြင်ကွင်းတခုကလည်း ရှိသေးသဗျ ။ အန်တီ့ ခြံဝန်းထိပ်နားက အဆောက်အဦငယ်လေးမှာ အမြဲနေရာယူထားတဲ့ ထောက်လှမ်းရေးတွေက သူတို့ထိုင်နေကျ နေရာလေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြတော့ ..၀င်လာကြတဲ့ ပရိသတ်တိုင်းက သူတို့ကို ကြည့်သွားကြလေတော့.. ပရိသတ်ရဲ့အကြည့်ကို သူတို့ အကြည့်မခံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ပုံရပါတယ်။နောက်ဆုံး ဘယ်လိုမှ နေလို့မရလောက်အောင်ကို ဖြစ်လာကြလို့ ထင်တယ်။ထောက်လှမ်းရေးတွေဟာ သူတို့အိမ်ငယ်လေးထဲ ပြေးဝင်သွားရလောက်အောင်ပါပဲ။ (တူသောအကျိုးပေးဆိုတာ ဒါမျိုးများလား။)

ဦးခွန်ထွန်းဦးကတော့ သူတို့ရဲ့ရိုးရာ တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ လာတာကို တွေ့လိုက်ရတယ်။ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေလည်း အသီးသီး ၊ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ (ဗိုလ်ထွန်းလှ ( တက္ကသိုလ်နေ၀င်း ) ရယ် ...ဗိုလ်မင်းလွင် ရယ်၊) ၂ ဦးလုံး ရောက်လာတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေနဲ့လူငယ်တွေကလည်းအပြည့် ၊ သူတို့ကတော့ပျော်နေကြတယ်။ နောင်ဆို အခမ်းအနားတွေ ၊ နိုင်ငံရေးပွဲတွေကို လုပ်မယ်ဆို ပူစရာမလိုတော့ဘူးလေ ၊ အန်တီ့ ခြံဝန်းအတွင်းမှာ အဆင်ပြေသွားပြီ၊ နိုင်ငံရေးလောကမှာ အတန်ငယ်ပျောက်နေတဲ့ သူတွေကိုလည်း ပြန်တွေ့ရတယ်။

အခမ်းအနား စတော့ လူကြီးတွေက စင်မြင့်ပေါ်မှာ နေရာယူပေးတယ်။ အန်တီရယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းရယ် နှစ်ယောက်ကတော့ ကျနော်တို့ကျောင်းသား၊လူငယ်တွေနဲ့အတူပဲ နေရာယူပြီး လူကြီးတွေကို ကန်တော့တယ်၊ ပြီးမှ ကျောင်းသားတွေ ၊ လူငယ်တွေက သူတို့နှစ်ဦးကို ကန်တော့ကြတယ်။ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးမြင်ကွင်းတခုက.. ကျနော်က လူကြီးတွေ တစ်ယောက်ချင်းစီကို နာမည်ခေါ် မိတ်ဆက်ပေးတော့ တစ်ယောက်ခေါ်လိုက်တိုင်း... မတ်တပ်ရပ်ပြတဲ့လူကြီးက မတ်တပ်ရပ်ပြ၊ ထိုင်ရာက လက်ထောင်ပြတဲ့လူကြီးက လက်ထောင်ပြပေါ့ ၊

ဆရာကြီးမင်းသုဝဏ်ကို နာမည်ခေါ် မိတ်ဆက်ပေးတော့ ဆရာကြီးက သိဟန် မတူဘူး။ အဲဒါ ဘေးမှာရှိတဲ့ ဗိုလ်မှုးအောင်က လက်တို့လိုက်မှ လက်ညှိုးလေးထောင်ပြတယ် ။( အတန်းထဲမှာဆရာမက နာမည်ခေါ်လို့ လက်ညှိုးထောင်ပြတဲ့ ပုံသဏ္ဍာန်မျိုးလေး။) လူထုက သဘောကျလွန်းလို့ ရီလိုက်ကြတာ၊ တခါ ဗိုလ်မှုးအောင်ကို မိတ်ဆက်ပေးပြန်တော့ ဗိုလ်မှုးအောင်က မသိလိုက်ပြန်ဘူး။ ဘေးကလူက လှမ်းပြောမှ လက်ထောင်ပြတယ်။ လူကြီးတွေအားလုံးလည်း ပျော်ရွှင်နေပုံရတယ်။ သခင်ချစ်မောင်က ဆုတောင်းစကားကို ပြန်လည်ပြောကြားပေးတယ်။

မှတ်မှတ်ရရ ဖြစ်သွားတာလေး တခုလည်းရှိသေးတယ်.. ။ ဒါက ဆရာအောင်သင်းကို ကျနော်တို့က စကားပြောပေးဖို့  မေတ္တာရပ်ခံလို့ ဆရာက စကားပြောပေးတယ်..။ စစချင်း ဘာပြောသလဲ ဆိုတော့……

“ ငါ လူငယ်တွေ၊ကျောင်းသားတွေကို သနားတယ်ကွာ ..။ တကယ်တော့ မင်းတို့တတွေဟာ.. စာသင်ရမယ့် အချိန်မှာ စာမသင်နိုင်..။ တိုင်းပြည်တာဝန်တွေကို မနိုင့်တနိုင်ထမ်းပိုး .. ထောင်တွေတန်းတွေကျကြ၊ အနှိပ်စက်တွေခံရ .. ငါ့ရင်ထဲ မချိဘူး …။ အဲဒါဘာဖြစ်လို့ .. ဒီလိုဖြစ်ရတာလည်း.. သိလား.. မှတ်ထားကွ.. ငါ အပါဝင် ( စင်မြင့်ပေါ်ကလူကြီးတွေကို လက်ညှိုးထိုးပြပြီး ) ဒီလူကြီးတွေ မကောင်းခဲ့လို့ ....ညံ့ခဲ့ကြလို့ ...ဒီလိုဖြစ်တာကွ ” ဆိုတော့ စင်မြင့်ပေါ်မှာရှိနေတဲ့လူကြီးတွေ ရိုးတိုးရွတ... လှုပ်စိလှုပ်စိတွေဖြစ်ကုန်တယ်။ နောက်ဆက်ပြောသေးတယ်…။

“ ရှင်ဘုရင်ဆိုတာလည်း.. ရှင်ဘုရင်အလုပ်ကို လုပ်ရတယ်… တနေ့ သက်ဦးဆံပိုင်ဘုရင်တပါးက တိုင်းခန်းလှည့်လာတော့ အမျိုးသမီးတယောက်က မန်ကျည်းပင်ပေါ်မှာ အရွက်နုလေးတွေ တက်ခူးနေတယ်လေ.. ။အဲဒါကို တယောက်လှမ်းပြောတယ်..။” ဟဲ့.. ရှင်ဘုရင်ကြွလာပြီ.. သစ်ပင်ပေါ်က ဆင်း ” ဆိုတော့ .. သူကပြောတယ်..” ရှင်ဘုရင်..ရှင်ဘုရင် အလုပ်လုပ်..မကျည်းရွက်သည်က မကျည်းရွက်သည်အလုပ် လုပ်မယ် ...” တဲ့ ။

နားထောင်နေကြတဲ့ ပရိသတ် လက်ခုပ်သံတွေ ညံသွားတယ်။ ( နောင်အခါမှတော့ ဆရာအောင်သင်းက ကျနော်နဲ့တွေ့တဲ့အခါ ပြောပါတယ်.. ။
"ငါ့ကို ဒီလိုအခမ်းအနားတွေမှာ စကားပြော မခိုင်းပါနဲ့ကွာ..."တဲ့။ ..”ငါကလည်း မှန်တာတွေပြောမိရင် .. ငါ့ကို အတော်အမြင်ကပ်ကြမှာကွ...”တဲ့ …။ )
တကယ်လည်း အမြင်ကပ်ခံခဲ့ရပါတယ်..။ ကျနော်လူကြီးအချို့နဲ့တွေ့တဲ့အခါမှတော့ ”နောက်တခါ ဆရာအောင်သင်းလို လူမျိုးတွေကို အခမ်းအနားဖိတ်ခေါ်မယ်ဆို သူတို့မလာနိုင်ဘူး..”ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတော့တယ်….။


အန်တီကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကိုပဲ ရှေ့တန်းတင် ပြောဆိုသွားပါတယ်။
” လူငယ်တွေဟာ တိုင်းပြည်မှာအရေးကြီးတဲ့အကြောင်း၊ သူ့အနေနဲ့ လူငယ်တွေကို အားကိုးတဲ့အကြောင်း ” ပြောသွားတယ်။

အခမ်းအနားပြီးတဲ့ အချိန်မှာတော့ ဆရာအောင်သင်းက ကျနော့်ကိုပြောတယ်..။
” ဟေ့ကောင်.. ငါ မစုနဲ့တွေ့ချင်တယ်ကွာ ” ဆိုလို့ ကျနော် အန်တီစု ရှိရာကို ဆရာ့ကို ခေါ်သွားပြီး တွေ့ဆုံပေးတော့…

“ မစု.. ကျနော့်ကိုသိလား ”

ဆရာအောင်သင်းက သူ့ရဲ့မျက်မှန်ကိုင်းလေးကို မ တင်ရင်း မေးလိုက်တယ်။

“ ဆရာ့လို လူမျိုးကို ကျမ မသိလို့ ဘယ်ဖြစ်မလဲ ဆရာ.. သိပ်သိတာပေါ့…ဆရာက နာမည်ကျော်ပဲ ” ဆိုတော့ ဆရာအောင်သင်းရဲ့မျက်နှာပြင် ၀င်းလက်သွားတာကို တွေ့လိုက်ရတယ်။

“ ကျမ မိတ်ဆွေတဦးက မြန်မာစာသင်ပေးမယ့် ဆရာတယောက်လို လို့ ဆို ပြောတုန်းက ကျမ ဆရာ့ကိုတောင် ပြေးသတိရမိသေးတယ် ”

ဆရာအောင်သင်းနဲ့ အန်တီစု ရယ်ရယ်မောမောနဲ့ အိမ်ရှေ့က ဆင်ဝင်အောက်နားလေးမှာရပ်ပြီး စကားတွေ ဖောင်ဖွဲ့ကြတော့တယ်။ ကျနော်လည်း ကျန်တဲ့ကိစ္စရပ်တွေကလည်းရှိနေသေးတာမို့ အနားကခွာလာတော့ ဘာတွေဆက်ပြောကြလဲ မသိတော့ဘူး။

နောက်ရက်များ မကြာခင်မှာတော့ ဆရာအောင်သင်းရော.. ဆရာကြီး မြသန်းတင့်ရော နှစ်ယောက်လုံးကို စာပေရေးသားခွင့်၊စာပေဟောပြောပွဲတွေမှာ ဟောပြောခွင့်ပိတ်လိုက်တယ်လို့ကြားရတော့တာပါပဲ။ တကယ်တော့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းရဲ့အဓိကရည်ရွှယ်ချက်ကိုက သင့်မြတ်စေချင်တဲ့ရည်ရွှယ်ချက်ပါ၊ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုဘက်မှာတော့ အတိုင်းတာတခုထိ သင့်မြတ်မှု့၊ညီညွတ်မှု့၊ လက်တွဲလုပ်ဆောင်မှု့ဆိုတဲ့ အကျိုးရလာဒ်ကောင်းတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။
နအဖ ဘက်ကတော့ သင့်မြတ်ဖို့ နေနေသာသာ။ နှိပ်ကွပ်မှု့တွေရဲ့ အရှိန်က လျှော့ကျ မသွားခဲ့ပါဘူး။ ဒါ အတော့်ကို ရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စပါ ။
ဆရာအောင်သင်း ကျနော့်ကို ပြောခဲ့တဲ့ စကားလေးရှိပါတယ်……….။

“ တိုင်းပြည်ကိုချစ်တယ်ဆိုတာ..လူတွေကို ချစ်တာကိုပြောတာ..။ လူတွေကို ချစ်တာ တိုင်းပြည်ကို ချစ်တာပဲ။ တိုင်းပြည်ကိုချစ်တယ်ဆိုပြီး … နိုင်ငံရဲ့မြေကြီးကို ကုန်းနမ်းနေလို့ မရဘူး.. ။ တခြားတဖက်က စဉ်းစားမယ်ဆိုရင်.. လူတွေကို မုန်းတာဟာ..တိုင်းပြည်ကို မုန်းတာပဲ ....”တဲ့။

ကျနော်တို့အားလုံး ကျေနပ်ပါတယ်။ ဒီအခမ်းအနား ကျင်းပပေးခဲ့ရခြင်းအပေါ် ပီတိတွေဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ......ဒီမိုကရေစီအင်အားစုတွေဘက်မှာတော့ အတိုင်းတာတခုမှာ ညီညွတ်ရေးဖြစ်စေခဲ့ပြီ မဟုတ်ပါလား။

တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့တဲ့စကားတခွန်းရှိတယ်…။

”ကြောင်ဖြူ ၊ကြောင်နီ၊ ကြောင်ဝါ ခွဲဖို့မလိုဘူး…ကြွက်ခုတ်တတ်ဖို့ ပဲ လိုတယ် .....” တဲ့။
အပိုင်း ( ၈ ) ဆက်ပါဦးမည်။
ပြီးခဲ့သောအပိုင်း(၆)ကို http://www.dawnmanhon.com/2010/11/blog-post_2232.html မှာဖတ်ရူနိုင်ပါတယ်။

0 Supporters await Suu Kyi release in Yangon (AFP)

0 DKBA မှ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သည့် နအဖဗိုလ်ကြီးသက်နိုင်နှင့်တွေ့ ဆုံမေးမြန်းမှု


Video - sawkyawkwee (KIC)

0 ယနေ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမည်ဟု သတင်းထွက်ပေါ်သောကြောင့်မျှော်လင့်စွာ လာရောက်စောင့်ဆိုင်းနေသောအဖွဲ့ဝင်များနှင့်ပြည်သူများ




မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောက်ခံသူတွေက သူ့ကို လွှတ်ပေး နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ သူ့ရဲ့ နေအိမ် နဲ့ ရုံးချုပ် ဝန်းကျင် မှာ စုရုံး စောင့် ဆိုင်း နေခဲ့ကြပေမဲ့ သောကြာနေ့နှောင်းပိုင်း အထိ ပြန်လွတ်မလာ သေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်းကုန်ဆုံးမယ့် နိုဝင်ဘာ ၁၃ ရက် စနေနေ့ ကျမှ လွှတ်ပေးဖွယ်ရာ ရှိတယ်လို့ယူဆ နေကြ ပါတယ်။အစိုးရ ဘက်က အခု အချိန် အထိ တရားဝင် ထုတ်ပြန်ချက် တစုံတရာ မရှိသေး ပေမဲ့ မြန်မာ နိုင်ငံ ကနေ လာတဲ့ သတင်းတွေ အရ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ် ပေးဖို့ အမိန့် စာရွက် စာတမ်း တွေကို အာဏာပိုင် တွေက လက်မှတ် ထိုးပြီးပြီလို့ သိရပါတယ်။ဒီကနေ့ မနက် ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပတ်ဝန်းကျင်မှာ သူ့ကို လေးစား ထောက်ခံ သူတွေ အပြင် သတင်းထောက်တွေ လည်း စုဝေး ရောက်ရှိ နေကြပါတယ်။ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာမယ့် နေ့မှာ သူ့ကို ကြိုဆို ကြဖို့ ဆက်သွယ်ရ ခက်ခဲတဲ့ ပြည်နယ် တွေက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ကလည်း ရန်ကုန်က ရုံးချုပ်မှာ လာရောက် စောင့်ဆိုင်း နေကြ တဲ့ အတွက် ရုံးမှာ နေစရာတောင် မရှိဘူးလို့ အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ဘီဘီစီကို ပြောပါတယ်။သောကြာနေ့ ညနေပိုင်း အထိ ထောင်နဲ့ ချီတဲ့ လူတွေ အန်အယ်လ်ဒီ ရုံးချုပ်မှာ စောင့်နေတယ်လို့ လည်း အန်အယ်လ်ဒီ အဖွဲ့ဝင် တွေက ပြောပါတယ်။ဒေါ်အောင်ဆန်း စုကြည် လွတ်လာတဲ့ အခါ ကြိုဆိုဖို့ ပန်းကုန်း တွေ အသင့် ပြင်ထားပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ လည်း ပြင်ဆင်ထား တဲ့ အန်အယ်လ်ဒီ ရုံးချုပ်က မြင်ကွင်း ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက လပွတ္တာ မြို့နယ် ကနေ ရွေးကောက် ခံခဲ့ရတဲ့ အန်အယ်လ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက ပြော ပါတယ်။

လွတ်လာဖို့ မျှော်လင့်ချက်များ
Supporters of Daw Aung San Suu Kyiလွတ်လာတဲ့ အထိ စောင့်နေ ကြမယ် ဆိုသူ တွေ လည်း ရှိသောကြာနေ့ နှောင်းပိုင်း အထိ ပြန်လွတ် မလာသေးပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ ကတော့ မျှော်လင့်ချက်တွေ ဆက်ထား နေကြပြီး နေအိမ်ရှေ့နဲ့ ရုံးချုပ် မှာ ဆက်လက် စောင့်ဆိုင်း သွားကြမယ်လို့ ပြောပါတယ်။အသက် ၆၅ နှစ် အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ် အတွင်းမှာ အချိန် ကာလ အတော် များများ ကို နေအိမ် အကျယ်ချုပ် နဲ့ ကုန်လွန် ခဲ့ရပါတယ်။

မိခင်ကို တွေဖို့ မသေချာသေး
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ မှာကို အန်အယ်လ်ဒီ ပါတီဝင် တွေနဲ့ သူ့ကို ကြည်ညို လေးစား သူတွေ စိတ်လှုပ်ရှားစွာ စောင့်စား မျှော်လင့် နေကြချိန်မှာပဲ မိခင် ပြန်လွတ်လာတဲ့ အခါ တွေ့ဆုံဖို့ ရည်ရွယ်ပြီး မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သား ငယ် မောင်ထိန်လင်း ခေါ် ကင်မ် အဲရစ် ကတော့ အခု အချိန် အထိ ဗီဇာ မရသေးလို့ တော့ စိတ်ပျက် နေပါတယ်။ပြီးခဲ့တဲ့ တနင်္လာ နေ့က ထိုင်းနိုင်ငံ မြန်မာ သံရုံးမှာ ကင်မ် အဲရစ်က သွားရောက် ဗီဇာ လျှောက်ထားခဲ့တာပါ။ ကြာသပတေး နေ့ကတော့ မြန်မာ သံရုံးက သူ့ကို ဗီဇာ ထုတ်ပေး ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။သားငယ် ကင်မ် ဟာ ၂၀ဝ၁ ခုနှစ်က မြန်မာ နိုင်ငံကို လာရောက်ခွင့် ရခဲ့ပြီး မိခင် နဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။(BBC)
photo by AP

Friday, November 12, 2010

0 Aung San Suu Kyi

0 စစ်အစိုးရကိုတိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့ကြီးခြောက်ဖွဲ့က ပူးပေါင်းတိုက်စစ်ဆင်ဖို့ တပ်ပေါင်းစုကြီး ဖွဲ့လိုက်ပြီ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ (KNU) ကရင်နီတပ် (KNPP) မွန်ပြည်သစ်ပါတီ (NMSP) ရှမ်းတပ်မတော် မြောက်ပိုင်း (SSA N) လွတ်လပ်တဲ့ကချင်တပ်မတော်(KIA) က ထိုးစစ် တိုက်စစ်တွေအတွက် လက်နတ်ကိုင်တပ်ဖွဲ့တွေကနေ အနည်းဆုံးတပ်သား သုံးသောင်း စုပြီး ထိုးစစ် ဆင် တိုက်ပွဲဝင်မှာဖြစ်ကြောင်း straitstimes သတင်းမှာဖော်ပြထားပါတယ်။

ဒီနေရာမှာသွားရောက်ဖတ်ရူနိုင်ပါတယ်။



Myanmar rebel groups form new alliance: activist


(AFP)

NEW YORK — Six Myanmar ethnic rebel groups have formed a coalition to step up hostilities with the country's junta, a representative for an activist group said.

Three of the groups had previously signed ceasefire accords with the junta, which faces renewed international criticism over the country's November 7 national election.

The alliance accord was made three days before the election at a meeting in Thailand, Gum Sang Nsang, a representative of the Kachin National Organization said following a meeting at the UN headquarters late Tuesday.

The Kachin National Organization is allied to the Kachin Independence Army (KIA), one of the signatories.

He said the others were the Karenni National Progressive Party (KNPP), the Karen National Union (KNU), the Mon New State Party (MNSP) and the Shan State Army-North (SSA-N). Together they could muster at least 30,000 fighters, he said.

The Kachin group, the MNSP and the Shan State Army had all signed ceasefires with the junta but had become disillusioned and rejected the outcome of the vote, said Gum Sang Nsang.

He warned that hostilities would increasingly be moved to urban areas. "The war will no longer be restricted to the jungle."

Gum Sang Nsang said the junta and ethnic rebel groups had both reinforced their troop numbers in disputed areas since the election.

The Myanmar government has battled ethnic rebels since the former Burma gained independence in 1948.

In border areas where civil war continues, rights groups have accused the junta of waging a brutal counter-insurgency campaign involving the rape, torture and murder of villagers whose homes are routinely destroyed.

Copyright © 2010 AFP. All rights reserved. ©AFP: The information provided in this product is for personal use only. None of it may be reproduced in any form whatsoever without the express permission of Agence France-Presse.

0 ရွေးကောက်ပွဲလွန် ကာလမှာ ဘာတွေလုပ်သင့်သလဲ?-
ရေးသူ-ထွန်းအောင်ကျော်

ရွေးကောက်ပွဲကတော့ ပြီးသွားပြီ၊ ထင်ထားတဲ့အတိုင်းဘဲ ညစ်ပတ်မှုမျိုးစုံလုပ်ပြီး ကြံ့ဖွတ်က အရှက်ကင်းမဲ့စွာ နိုင်တယ်လို့ ကြေငြာလိုက်ပါပြီ။ ဒီနေရာမှာ မေးရမှာက သူတို့ အရှက်မရှိ နိုင်တယ်လို့ ကြေငြာတာကို အတိုက်အခံတွေက လက်ခံမလား လက်မခံဘူးလား ဆိုတာပါဘဲ။
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာ ပြောင်းယူမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ ပြုပြင်ပြောင်းလဲရေး စိတ်ကူးယဉ်အိပ်မက်ဟာ နအဖရဲ့ မျက်လှည့်ပြကွက်အောက်မှာ အငွေ့ပျံ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။
၂၀၁၀ ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားတဲ့ အဓိက အကြောင်းအရာကတော့ ကြိုတင်မဲဆိုတဲ့ ဗြောင်ကလိန်ကျနည်းဘဲဖြစ်ပါတယ်။ ဒီလိုဗြောင်လိမ်ဗြောင်စားလုပ်တာကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မကြာခင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီမိုကရတစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌဦးသုဝေက ဒီလိုမတရားတဲ့ လုပ်ရပ်တွေကို တိုင်တန်းနေလို့လဲ အပိုဘဲ၊ ဒါကြောင့် ကမ္ဘာနဲ့ မြန်မာပြည်သူများသိအောင် သတင်းစာ ရှင်းလင်းပွဲလုပ်မယ်လို့ ဆိုခဲ့ပါတယ်။ အင်မတန်ကောင်းတဲ့ အကြံအဉာဏ်ပါ။ ဒါပေမဲ့ ဦးသုဝေတို့ တပါတီတည်း မပြုလုပ်ဘဲ ဒီလိုညစ်ပတ်ခံရတဲ့ ပါတီအားလုံး၊ ပုဂ္ဂလိက ဝင်ရောက်ယှဉ်ပြိုင်သူများကပါ စုပေါင်းပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ဘို့ လိုပါ တယ်။
အားလုံးစုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲ မသမာမှုကြီးကို အတိုက်ခံများက တစ်သံတည်း ထုတ်ဖော်ဖွင့်ချလိုက်ခြင်းသည် အလွန်ထိရောက်သော အမှန်တရား ဖော်ထုတ်သည့်တိုက်ကွက်ဖြစ်ပြီး နိုင်ငံတကာရှိ အစိုးရနှင့် ပြည်သူများ အနေ ဖြင့်လည်း ထိုမသမာမှုကို မျက်ဝါးထင်ထင် သိမြင်နိုင်ပြီး တတ်ရောက်လာသော အစိုးရသစ် အား အသိမှတ်ပြုရန် အလှမ်းဝေးသွားမှာ ဖြစ်ပါတယ် ။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာနဲ့ တပြိုင်နက်တည်း မဲလိမ်မဲခိုးမှုကို စုံစမ်းစစ်ဆေး ဘို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးရေး ကောက်မီရှင် တရပ်ကို အတိုက်အခံ များက ဖွဲ့စည်းပြီး စစ်ဆေးဖို့ လိုပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ မဲလိမ်မဲခိုးမှုတွေ ရှိတတ်ပါတယ်။ အဲဒါကို တိုင်ကြားသူရှိရင် အစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းများရဲ့ သြဇာလွမ်းမိုးမှုမှ ကင်းလွတ်တဲ့ စုံစမ်းရေး ကော်မီရှင်ဖွဲ့ဘို့လိုပါတယ်။ ဒါမှ မဲလိမ်မဲခိုးတဲ့ မသမာလုပ်ရပ်များကို ပေါ်ပေါက်အောင် ဖေါ်ထုတ်ပြီး အမှန်ကို ရောက်အောင်လုပ်နိုင် မှာဖြစ်ပါတယ်။

အခုချိန်ဟာ အတိုက်အခံ ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းညီညွတ်စွာ ဘုံရန်သူ နအဖကို ဥပဒေဘောင်ထဲကနေ တောင်းဆိုရမဲ့ အချိန်ပါဘဲ။ Collective Action ဆိုတဲ့ စုပေါင်းလုပ်ဆောင်မှုဟာ ဒီအချိန်မှာ အထူး လိုအပ်နေပါတယ်။

NLD ပါတီကလဲ ရွေးကောက်ပွဲ ဝင်ခဲ့သူတွေကို သူတို့လို သပိတ်မမှောက်ရ ကောင်းလားဆိုပြီး လစ်လျူရှုမနေဘဲ ပူးပေါင်းဘို့ လိုပါတယ်။ ဒီမိုကရေစီအင်အားစု အချင်း ချင်း ချဉ်းကပ်ပုံသာကွာပြီး၊ သွားတဲ့ ရည်ရွယ်ချက်တူသူတွေဖြစ်လို့ ပူးကိုပူးပေါင်းဘို့လိုပါ တယ်။
ကြိုတင်မဲပေးမှုကြောင့် နိုင်နေရာက နောက်တနေ့မိုးလင်းတော့ ရှုံးသွားတယ်လို့ သိရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဘို့ တောင်းဆိုကြဖို့ လိုပါတယ်။ ဒီလိုတောင်းဆိုမှုတွေ မရရှိခဲ့ရင် (ရမှာလည်း မဟုတ်ပါဘူး။) ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့အတွက် အသိအမှတ်မပြုနိုင်ဘူးဆိုပြီး ရဲရဲထုတ်ပြန် ကြေငြာရဲဘို့ လိုပါ တယ်။

အတိုက်အခံ နိုင်ငံရေးပါတီတွေအားလုံး စည်းလုံးစွာ လုပ်ဆောင်နိုင်မယ့် (Command Ground) တူညီတဲ့ လုပ်ကွက်တခုကို ရှာကြရပါမယ်။ အဲဒါကတော့ ရွေးကောက်ပွဲဟာ တရာမျှတမှု မရှိဘူး ဒါကြောင့် တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဘို့ လိုအပ်တဲ့ အချက်အလက်များနဲ့ တောင်းဆိုရပါမယ်။ နိုဝင်ဘာလ (၇) ရက်ရွေးကောက်ပွဲကို မိမိတို့နိုင် တဲ့နေရာ (၄) (၅) နေရာ (၁၀) နေရာလောက်ကို နှမြောက်မနေဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း လက်မခံနိုင်ကြောင်း၊ အသိအမှတ်မပြုကြောင်းကို ရွေးကောက်ပွဲဝင် ပါတီ အားလုံး တစညအပါအဝင် ညှိုနှိုင်းထုတ်ပြန်ဘို့ အထူးလိုအပ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ ရသလောက်လေး ယူမယ်ဆိုရင် လွှတ်တော်ထဲမှာ ကြံ့ဖွတ် အသံတွေချည်း ဟိန်းနေပြီး၊ အတိုက်အခံအနေနဲ့ အဆိုတင်ခွင့်မရ၊ ဥပဒေပြုခွင့်လဲ မသာ၊ ဘယ်ဟာ တင်တင် ကြံ့ဖွတ်အမတ်အများစုကသာ ထင်သလို ချယ်လှယ်နေတဲ့ လွှတ်တော်မှာ ငုတ်တုတ်ထိုင် ဖင်ပူရုံသာ နေရမယ့်အဖြစ်ကို ရနိုင်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲကို အလျော့ ပေးလိုက်ရင် ဗိုလ်သန်းရွှေအတွက် ရွေးကောက်ပွဲနိုင်ရုံတင်မကဘူး ရွေးကောက်ပွဲဝင် သူနဲ့ ဆန့်ကျင်သူဆိုပြီး ဒီမိုကရေစီအင်အားစုတို့ထဲ ၂ ခြမ်းကွဲတဲ့ အမြတ်ပါ ပိုပြီး ထွက်သွားတာကို နားလည်သဘောပေါက်ကြစေချင်ပါတယ်။
အချိန် မနှောင်း သေးပါ။ အတိုက်အခံများအားလုံး စည်းလုံးညီညွတ်မှုကို ဒီနေရာမှာ အကောင်းဆုံး လက်တွေ့ ပြသရန် အချိန်ရောက်ပါပြီ။ ဒါကြောင့် အားလုံး ညီညွတ်ကြပါ။ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာကို ထုံ့ပြန်ဘို့ ညှိုနှိုင်းဆောင်ရွက်ကြပါလို့ အနူး အညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။

0 ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်လာလျှင်ကြိုဆိုရန်အတွက် NLD ရုံးချုပ်တွင် ပြင်ဆင်နေ


photo။ ။ AP

0 သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်၏ မြ၀တီမြို့ နှင့် ဘုရားသုံးဆူမြို့ တိုက်ပွဲများအပေါ် သဘောထားထုတ်ပြန်ကြေညာချက်။

Statement by Restoration Council of the Shan State
ပေးပို့သော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်။

Thursday, November 11, 2010

0 Joke of the Year 2010 (ဗြောင်လိမ်ဗြောင်စား မုသာဝါဒ တိုင်းပြည်)

ရာဇ၀င် စာတင်လောက်ပါတယ်

ပန်းသီး (သီးလေးသီး)

နိုဝင်ဘာ ၁၀၊ ၂၀၁၀

တနေ့သ၌ ခေတ်သစ် အလောင်းစီသူမင်းတြားကြီးသည် ( ၎င်းလက်ထက်တွင် နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းကြောင့် ပြည်သူများသေကျေပျက်စီးပြီး အလောင်းများ စီ နေသဖြင့် ခေတ်သစ်အလောင်းစီသူ ဟု ပေးထားခြင်းဖြစ်သည်) ရွေးကောက်ပွဲပြီးတွင် ဒီမိုကရေစီနိုင်ငံသစ်ကြီးကို လှည့်လည်ကြည့်ရှုပြီ မြို့နာမည် အသစ်များပေးရန် စိတ်ကူးမိလေတော့သည်။

ထိုကြောင့် အလောင်းစီသူမင်းတြားကြီးသည် ရွေးကောက်ပွဲတွင်အနိုင်ရရှိသော “အကြပ်ကိုင် ဖွတ်ဖြိုးရေး” ပါတီအမတ်များနှင့်အတူ ဖောင်ရဟတ်ယာဉ်ဖြင့် မြို့နာမည်အသစ်များပေးရန် တိုင်းပြည်အတွင်းသို့ လှည့်လေသည်။

မင်တြားကြိး ။ ။ မောင်မင်း … အောက်မှာ လူတွေတိုးဝှေ့နေကြပါလား။ ဆီတွေ ဝေနေတာလား၊ ဆန်တွေ ဝေနေတာလား မောင်မင်းရဲ့။

ဝန်ကြီး ။ ။ မဟုတ်ပါဘူး ဘုရား။ ဘတ်စ်ကားစီးဖို့ တိုးနေကြတာပါ။

မင်းတြား ။ ။ အဲဒါ ဘာမြိုလဲဟဲ့..ဒီမှာကော မဲနိုင်လားဟဲ့။

ဝန်ကြီး ။ ။ ရန်ကုန်လို့ ခေါ်ပါတယ်ဘုရား။ နိုင်တော့ နိုင်တယ် မဲတွေလဲ ဘုံးရပါတယ်ဘုရား။

မင်းတြား ။ ။ မဲတွေ ဘုံးရတယ်ဆိုတော့ ဒီမိုကရေစီနိုင်ငံသစ်ကြီးမှာ ရန်ကုန်မြို့နာမည်ပြောင်း၊ မဲဘုံးမြို့လို့ ခေါ်စေဗျား....။

ဝန်ကြီး ။ ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။ ။ မောင်မင်း … အောက်မှာ ဗျောက်အိုးသံတွေ ဆူညံလှချီလား။ အဲဒါဘာမြို့လဲကွဲ့။

ဝန်ကြီး ။ ။ ဗျောက်သံမဟုတ်ပါဘူး ဘုရား။ မြို့သူမြို့သားတွေနဲ့ ရန်ဖြစ်ရင် လက်ဦးမှုရအောင် စစ်တပ်က စစ်သားတွေ သေနတ်ပစ် လေ့ကျင့်နေတာပါ။ ပဲခူးမြို့လို့ ခေါ်ပါတယ် ဘုရား။ ဒီမြို့မှာလဲ မဲခိုး လို့ နိုင်တာပါဘုရား။

မင်းတြား ။ ။ မဲခိုးလို့ နိုင်တဲ့အတွက် ပဲခူးမြို့ နာမည်ပြောင်း၊ မဲခိုးမြို့လို့ ခေါ်တွင်စေဗျား။

ဝန်ကြီး ။ ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။ ။ မောင်မင်း … အောက်မှာ အသားဖြူဖြူနဲ့လူတွေ အများကြီးပါလား။ ငါ့ဖောင်ရဟတ်ယာဉ်တော်က တရုတ်ပြည်ရောက်နေတာလားကွဲ့။

ဝန်ကြီး ။ ။ တရုတ်ပြည် မဟုတ်ပါဘူးဘုရား။ အဲဒါ မန္တလေးပါဘုရား။ ဒီမြို့ကျတော့ မဲမသမာလို့ နိုင်တာပါ။

မင်းတြား ။ ။ အော် … မဲမသမာဘဲ နိုင်တဲ့အတွက် မန္တလေးမြို့အစား ... မဲမသမာမြိ့လို့ ခေါ်တွင်စေဗျား။

ဝန်ကြီး ။ ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။ ။ ဒါနဲ့ မန္တလေးဘေးနားကမြို့က ဘာမြို့လဲကွဲ့ မောင်မင်း။

ဝန်ကြီး ။ ။ မှန်ပါ စစ်ကိုင်းမြို့ပါ ဘုရား။ စစ်ကိုင်းမြို့မှာတော့ မဲတွေညစ်လို့ နိုင်တာပါဘုရား။

မင်းတြား ။ ။ စစ်ကိုင်းမြို့လဲ နာမည်ပြောင်း … မဲညစ်မြို့လို့ ခေါ်တွင်စေဗျား။

ဝန်ကြီး ။ ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား။ ။ ပင်လယ်ပြင်ကြီးနဲ့ပါလား … အဲဒါဘာမြို့လဲဟဲ့။

ဝန်ကြီး ။ ။ ပုသိမ်မြို့ပါဘုရား။ ဒီမြို့မှာလဲ မဲတွေလိမ်လို့ နိုင်တာပါဘုရား။

မင်းတြား ။ ။ မဲလိမ်တဲ့အတွက် ပုသိမ်မြို့အစား မဲလိမ်မြို့လို့ ပြောင်းစေဗျား။

ဝန်ကြီး ။ ။ သင့်မြတ်ကြောင်းပါ ဘုရား၊ ရွှေဘောတော်အတိုင်းပါ ဘုရား။

မင်းတြား ။ ။ တနိုင်ငံလုံး မြို့နာမည်တွေကို မောင်မင်းတို့ပဲ ပြီးမှ ထပ်ပြောင်းပေးလိုက်ပေတော့။ ငါမှာ့ ကျန်းမာရေးကလည်း မကောင်းဘူး။ နေပြည်တော်ပြန်ဖို့ ဖောင်ရဟတ်ယာဉ် ပြန်လှဲ့မယ်ဟေ့။ ဒါနဲ့ မြို့တွေကိုတော့. မဲလိမ်၊ မဲခိုး၊ မဲမသမာ၊ မဲညစ် ဆိုပြီး နာမည်တွေ ပြောင်းပြီးပြီ။ ငါ့တိုင်းပြည်နာမည်လဲ ပြောင်းရအုံးမယ်လေ။ ဘယ်လိုပြောင်းမလဲ ဟဲ့။

ဝန်ကြီးများ။ ။ မှန်ပါ “ဗြောင်လိမ်ဗြောင်စား မုသာဝါဒတိုင်းပြည်” လို့သာ ပြောင်းလိုက်ပါတော့ ဘုရား …။

မင်းတြား ။ ။ အိမ်း … အိမ်း … ကောင်းလိုက်တဲ့ အကြံပဲ။ ငါကိုယ်တော်မြတ်ကြီး ရွှေဘောတော် ကျတော်မူတယ်။ မောင်မင်းတို့နောက်တော်ပါးက ထမ်းပြီးသာ လိုက်ခဲ့ကြပေတော့။ (သွပ်သွပ်သွပ်)

1 Nldအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနရုံးချုပ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်(၂)ရက်သာလိုတော့သည်ဟုရေးသား


photo ။ ။ Rruters

0 ဘုရားသုံးဆူတိုက်ပွဲ အပစ်ရပ်

သတင်းနှင့် မီဒီယာ ကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ အပစ်အခတ် ရပ်စဲလိုက်ပြီ ဟု ဒီကေဘီအေမှ တပ်မှူးတစ်ဦးက ပြောသည်။

စစ်အစိုးရနှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တပ်ဖွဲ့တို့ နှစ်ရက်ကျော် ဖြစ်ပွားနေသည့် တိုက်ပွဲများ ယနေ့တွင်ရပ်ဆိုင်းလိုက်သည်ဟု DKBA တပ်ဖွဲ့၏ နယ်မြေခံ တပ်မှူး ဗိုလ်မှူးအေ၀မ်း က ယခုလို ပြောသည်။

တိုင်းရင်းသားပေါင်းစုံအဖွဲ့မှာပါဝင်တဲ့အဖွဲ့တွေကနေ ဒီပြဿနာဖြေရှင်းပေးမယ်တဲ့။ ပြီးတော့ ထိုင်း ကလည်း ဒီလူကြီးနဲ့ညှိပေးတဲ့ အတိုင်းအတာရှိမယ်ပေါ့။ ပြေလည်အောင်၊ စစ်မဖြစ်တော့အောင်ပေါ့။ လူကြီးကကျနော်တို့ကိုပြောတယ်။ အခုလောလောဆယ်မှာရပ်ခိုင်းတယ်။ ဆက်ပြီးတော့ မဖြစ်နဲ့ပေါ့။ ကိုယ့်နယ်မြေထဲမကျော်ရင်။

DKBA တပ်ဖွဲ့ဝင်များအနေနှင့် မြို့တွင်းမှ ၎င်းတို့၏မူလနေရာဟောင်းသို့ ပြန်လည်ဆုတ်ခွာ ခဲ့ပြီးနောက်ပိုင်း စစ် အစိုးရတပ်ဖွဲ့များက မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့က စစ်အစိုးရပြုလုပ်သည့် ရွေးကောက်ပွဲသည် စစ်မှန်မှုမရှိသည့်အတွက် DKBA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့်တပ်ဖွဲ့က ဆန့်ကျင်ခဲ့ပြီး မဲရုံနှင့် မဲ လက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအပေါ် ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးရန် နှစ်ဖက်ညှိနှိုင်းခဲ့ပြီး ယခုလို အပစ်ခတ် ရပ်ဆိုင်းလိုက်ခြင်းဖြစ် သည်ဟု ဗိုလ်မှူးအေ၀မ်းက ပြောသည်။

သူတို့မတိုက်တော့ဘူးတဲ့ ပြီးတော့ဒီအပစ်အခတ်ရပ်စဲတဲ့ သဘောပေါ့။ ရွေးကောက်ပွဲကို အရင်လုပ် မယ်ပေါ့။ ရွေးကောက်ပွဲမဲပြန်ပေးမယ်ပေါ့။ ရွေးကောက်ပွဲပြီးဆုံးတဲ့အထိပေါ့။ ပြီးမှ အဖြေပြန်ရှာမယ် ပေါ့။ လူကြီးနဲ့အပေါ်မှာသွားညှိရင်လည်း ညှိမှာပေါ့။ ကျနော်တို့ဆီမှာလည်း ကြေးနန်းရောက်လာ တယ်။ အပေါ်ကနေ။

ဒေသခံ စစ်အစိုးရတပ်သား ၂၀ ခန့်သည် ယနေ့ညနေ ငါးနာရီ အချိန်ခန့်က ဘုရားသုံးဆူရှိ ထိုင်းမြန်မာနှစ်နိုင်ငံ ကူးသန်းသွားလာရေးဂိတ်သို့ ပြန်လည်ဝင်ရောက်နေရာယူခဲ့သည်ဟု မျက်မြင်ဒေသခံတဦးက ယခုလိုပြောသည်။

နယ်စပ်မှာ လိုက်စောင့်နေတဲ့ ထိုင်းစစ်သားကရုတ်တရက် တက်ပြေးလာတော့ ဘာဖြစ်တယ် ညာဖြစ် တယ် မေးကြည့်လိုက်တော့ ဗမာစစ်သားတွေ ရောက်လာတယ်တဲ့။ ကျနော်အောက်ကို တချက်လှမ်း ကြည့်လိုက်တော့ ဗမာစစ်သားတွေ တက်လာပြီးတော့ ချက်ပွိုင့်မှာ သူ့နေရာသူ ပြန်ယူတယ်ပေါ့။

၎င်းတို့နှင့်အတူ ဘုရားသုံးဆူမြို့ ဓမ္မဟေ၀န်ကျောင်းမှ ဆရာတော်က တိုက်ပွဲကြောင့် နှစ်နိုင်ငံနယ်စပ်တွင် ထွက် ပြေးလာသည့် ဒုက္ခသည်များအား အခြေအနေအေးဆေးသွားပြီဖြစ် ၍ ကိုယ့်အိမ်ကိုယ်ပြန်ကြရန် လာရောက် ပြောကြားခဲ့သည်ဟု ဆက်ပြောသည်။

သို့သော် တိုက်ပွဲများပြန်ဖြစ်လာမည်ကို စိုးရိမ်၍ ဒုက္ခသည်အချို့မှာ မပြန်သေးပဲ ရှိနေစဉ် ထိုင်းစံတော်ချိန် ညနေ ၆ နာရီ ခန့်က ထိုင်းနယ်ခြားစောင့်တပ်မှ ကိုယ့်အိမ်ကိုယ်ပြန်ကြရန်နှင့် အေးဆေးသွားပြီဖြစ်ကြောင်း ပြောပြပြီး ထိုင်းတပ်အချို့လည်း ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

0 နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ -
( ရေးသားသူ- စစ်မုန်းသူ )

No vote ပဲဖြစ်ဖြစ် I vote ပဲဖြစ်ဖြစ် သေသေချာချာစဉ်းစားကြည့်ရအောင်ပါ။ ရွှေးကောက်ပွဲကို နအဖက ဘာလို့လုပ်တာလည်း ? ရွှေးကောက်ပွဲမလုပ်ပဲ ဒီအတိုင်းဆက်နေသွားရင်ရော မဖြစ်ဘူးလား ? ကျနော့်အမြင်ကိုတင်ပြကြည့်မယ်နော်----- သူတို့ ဒီအတိုင်းဆက်နေသွားရင်.. တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲ နက်သထက်ပိုနက်လာမယ်ဆိုတာကို သိတယ်၊ သိကိုသိတယ်။ အဲသလို ဆင်းရဲတွင်းနက်လာလို့ တိုင်းပြည်မှာရှိတဲ့ လူထုက အုံကြွပြီဆို သူတို့ရဲ့နိဂုံးကိုလည်း သဘောပေါက်တယ်။

ဘာလို့ဆင်းရဲတွင်းနက်လာမှာလည်း ---- ဒီနေ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံမှ အထီးကျန်နေလို့မရတော့ဘူး၊ နေချင်သပဆိုနေကြည့်လေ--ဘာတွေဖြစ်လာလိမ့်မလည်း…အထီးကျန်ဖြစ်နေတဲ့ ကျူးဘားလို့ နိုင်ငံပဲကြည့်လိုက်ပါ.. နောက်ဆုံးမခံနိုင်လို့ ပြုပြင်ပြောင်းလည်းရေးတွေလုပ်လာရပြီ၊ ဘယ်ပြည်သူက ကြာရှည်အငတ်ခံနိုင်မှာလည်း၊ ဒုက္ခခံနိုင်မလည်း ပေါက်ကွဲထွက်လာမှာပဲ အဲဒီလို ပေါက်ကွဲမှု့ တွေကြောင့် ဇာတ်သိမ်းမလှတဲ့ အာဏာရှင် သမိုင်းကြောင်းတွေကိုလည်း နအဖ စစ်ခေါင်းဆောင်များမသိဘူးမထင်ပါနဲ့ သိပါတယ်။ အဲဒါကို ကုစားဘို့ နအဖဟာ မှန်မှန်ကန်ကန်မစဉ်းစားပဲ ဆေးမြီးတို နဲ့ကုဘို့ မမှန်ကန်တဲ့ အခြေခံဥပဒေကို မရိုးမသားပြဌာန်းတယ် ၊ ရွှေးကောက်ပွဲလမ်းကိုရွှေးချယ်တယ်။

အဲဒီရွှေးကောက်ပွဲကိုရော မှန်မှန်ကန်ကန်အကောင်ထည်ဖော်ရဲ့လား ၊ မဖော်တာအားလုံးသိနေပါပြီ။ တကယ်တော့ ဒါဟာ ရွှေးကောက်ပွဲ ( Election ) မှမဟုတ်တာ ( Selection ) ရွှေးထုတ်ပွဲပဲ၊ ဒါကိုရွှေးကောက်ပွဲထင်ပြီး လျှောက်မိကြတဲ့သူတွေအတွက်လည်းအပြစ်မဆိုသာပါဘူး၊ အဲသလိုရက်စက်လိမ့်မယ်လိုမှမထင်မိတာ၊ တကယ်တော့ ကမ္ဘာမှာရှိတဲ့ ဘယ်အာဏာရှင်မှ ရက်စက်ဘို့ဝန်မလေးတတ်ဘူးဆိုတာ အစဉ်လာပါ၊

အဲဒီတော့ လက်ရှိ နအဖ ဟာရွှေးကောက်ပွဲကျင်းပပေးရခြင်းဟာလည်း.. နိုင်ငံတကာကိုဝင်ဆန့်ဘို့ကြိုးစားခြင်းသာဖြစ်ပါတယ်။ ဒါမှတိုင်းပြည် ကျဆင်းနေတဲ့ စီးပွားရေးကို လုပ်ဆောင်နိုင်မယ်လို့လွယ်လွယ်တွေးခဲ့တာကိုး၊ တနည်းအားဖြင့် ကမ္ဘာကြီးကို အချဉ်လို့ထင်မိတာကို၊ သူတို့ ထင်သလို ကမ္ဘာကြီးကရောချဉ်ပါသလား၊ အခုရွှေးကောက်ပွဲရလာဒ်ကို ထောက်ခံလိမ့်မယ်လို့ထင်ပါသလား၊ တကယ်တော့ နအဖ အကြံက နိုင်ငံတကာစီးပွားရေးတွေမြန်မာမှာဝင်ရောက်လာဘို့ ၊ အဲဒါမှတိုင်းပြည်စီးပွားရေးတိုးတက်မယ်၊ အဲဒါမှ လူထုအုံကြွမှု့မဖြစ်မယ်။ သူတို့အေးအေးလူလူတသက်စာအုပ်ချုပ်သွားနိုင်မယ် ဒီလိုတွေးတာကိုး၊ သူတို့တွေးသလို ထင်သလိုဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ယုံကြည်ပါသလား၊ အခုရွှေးကောက်ပွဲမှာ ကြံ့ဖွတ် ၈၀%မကလို့ ၁၀၀%အပြည့်နဲ့ပဲနိုင်နိုင် သိပ်ပူစရာမရှိပါဘူး၊ ဒီရွှေးကောက်ပွဲရလာဒ်ကို အဓိက စီးပွားမြုတ်နှံနိုင်တဲ့ ဘယ်နိုင်ငံကမှထောက်ခံမှာမဟုတ်ဘူးဆိုတာစောင့်ကြည့်ကြည့်ပါ၊ မထောက်ခံတော့ရော ဂရုစိုက်စရာလားလို့မေးခဲ့ရင် ကျနော်ကလည်းပြန်မေးမယ် ဒါလိုခြင်လို့ ဒါလုပ်တာ ဒါမရတော့ ခင်ဗျားတို့လုပ်တဲ့ဟာဘာဖြစ်သွားသလည်း အလကားပဲပေါ့ဆိုရင် ဘာပြောမလည်း၊ အဲဒီတော့ အချင်းချင်းအထင်တွေမမှားကြပါနဲ့နော်၊

တကယ်တော့ နအဖ လုပ်သင့်တာက ရွှေးကောက်ပွဲမဟုတ်ဘူး ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ( ဒီမိုကရက်တစ်အင်အားစုတွေရယ်၊ နအဖရယ်၊ တိုင်းရင်းသားတွေရယ် ) အဲဒီကနေ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒါတွေပြီးမှ၊ အခြေခံဥပဒေပြဌာန်း၊ပြီးမှရွှေးကောက်ပွဲလုပ်၊ အဲသလိုမလုပ်သမျှ နောက်ထပ် ရွှေးကောက်ပွဲ အကြိမ် ၁၀၀ လုပ် တိုင်းပြည်ဘယ်တော့မှတိုးတက်လာမှမဟုတ်ဘူးဆိုတာယုံပါ၊ ဘယ်နိင်ငံတကာကမှလည်း စီးပွားလာမမြုတ်နှံဘူး၊ မွဲပြီးရင်းမွဲဖြစ်နေဦးမှာပါပဲ။ အချုပ်ပြောရရင် အဲဒီလမ်းရောက်ဘို့ ဘက်ပေါင်းစုံကကြိုးစားကြပါ၊ တရုတ်လို အာဆီယံလို စီးပွားလာမြုတ်နှံတာလောက်လေးနဲ့ လူလုံးမလှဘူးဆိုတာကိုလည်းမမေ့ကြပါနဲ့၊

၈၀% နိုင်တာနည်းပါသေးတယ်၊ ၁၀၀ % နိုင်လည်း ဘာမှမဖြစ်ပါဘူး၊ နအဖ ထင်သလိုဖြစ်မလာပါဘူး၊

ကမ္ဘာကြီး သည် အချဉ်မဟုတ်ပါ

စစ်မုန်းသူ

0 မြ၀တီတိုက်ပွဲအကြောင်း စစ်အစိုးရပြောပြီ၊ KNU ကို အပြစ်ပုံချ


နိုဝင်ဘာ ၁၀၊ ၂၀၁၀ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်း

မြ၀တီမြို့တွင် ဖြစ်ပွားသော ပစ်ခတ်မှုများမှာ KNU အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာတွင် ယနေ့ ရေးသားထားသည်။
"ပြည်သူလူထုနှင့် အလုပ်သမားများ စနစ်တကျသွားလာနေထိုင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အား မိမိတပ်မတော်က လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း" ဟု ရေးထားသည်။

နိုင်ငံတကာ သတင်းဌာနများ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ အားလုံးက ထိုပစ်ခတ်မှုများမှာ မြန်မာ့တပ်မတော် နှင့် DKBA တို့အကြား ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

KNU ကလည်း လိုအပ်လျှင် DKBA ကို ကူညီ တိုက်ခိုက်ပေးမည်ဟု လေသံ ပစ်ခဲ့သည်။ သို့သော်လည်း ပါဝင်တိုက်ခိုက်သည်ဟူသော သတင်းများ အတိအကျ မရသေးပေ။

စစ်အစိုးရ၏ တလွဲ ကြေညာချက်နှင့် ပတ်သက်ပြီး KNU နှင့် DKBA တို့က တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအတွင်း မကြာခဏ ပေါ်ပေါက်တတ်သည့် ပေါက်ကွဲမှုများအတွက်လည်း စစ်အစိုးရက KNU ကို အပြစ်ပုံချလေ့ ရှိသည်။

(မိုးမခ)

0 DKBA နှင့် နအဖ တို့၏ မြဝတီမြို့ တိုက်ပွဲတွင် နေပြည်တော်မှ အချိုသတ်-အမြစ်ဖြတ်မည့် ညွှန်ကြားမှုအဆင့်ဆင့်

41765859 41677999 ThanShwe Orders MajGen Kyaw Kyaw Tun Arrested and Sent Back to NPT Artillary Ready on Pha...

allburmamonksalliance.com

Wednesday, November 10, 2010

0 ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးခြားသတင်းများ


ကိုချမ်းမြစိုးအားကျေးဇူးတင်ရှိပါသည်။

0 ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေး ပါတီတွေ ပြင်ဆင်

ပြီးခဲ့သည့် နအဖ၏၂၀၁၀အတုအယောင်၂၀၁၀ေ၇ွးကောက်ပွဲတွင် ပြည်သူ့ချဉ်ဖတ် ရန်ကုန်မြို့တော်ဝန်အောင်သိန်းလင်း၏ အထုတ်ကြီးလို့ခေါ်နေကြတဲ့ ကြိုတင်မဲ( ကြိုတင်ခိုးမဲ)များကြောင့်ရှုးံနှိမ့်သွားသည့် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးကောင်းမြတ်ထွဋ် (တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)မှ သူ၏ Facebookတွင် အခုလိုရေးသားဖော်ပြထားပါတယ်

၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့ မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်အဖြေကို ကျနော် လက်ခံအသိအမှတ်ပြုမည် မဟုတ်ပါ။ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုအစစ်အမှန်နဲ့ လိမ်လည်ရယူသူများကို အရေးယူမယ်။စောင့်ကြည့်ပါ။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ကာလကတည်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ကျင်းပတဲ့ တနင်္ဂနွေနေ့အထိ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ မှတ်တမ်း ပြုစုထားတာတွေကို မကြာခင်မှာ သတင်းမီဒီယာတွေနဲ့တကွ နိုင်ငံတကာ သံတမန်တွေကိုပါ တင်ပြနိုင်အောင် စီစဉ်နေတယ်လို့ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်း မဲရေတွက်တဲ့ နေရာတွေမှာ မသမာမှုတွေ ပိုမို များပြားလာနေတာကို တွေ့ရတဲ့အပြင် ကော်မရှင်က ဒီကိစ္စတွေကို တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် နိုင်ငံရေးပါတီတွေက အခုလို တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ဖြစ်လာတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကာလတလျှောက် မဲဆွယ်စည်းရုံးမှုတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်အစိုးရရဲ့ ဘဏ္ဍာငွေကြေးအရ အထောက်အပံ့တွေ ရခဲ့တယ် ဆိုတာနဲ့ ကြိုတင်မဲ ကောက်ယူတဲ့ နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေ ချိုးဖောက်ပြီး ဘက်လိုက် လုပ်ဆောင်ပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်နေခဲ့တာပါ။

အခုလည်း မဲပေးပြီးနောက် မဲရေတွက်တဲ့ နေရာတွေမှာ ကြိုတင်မဲတွေကို လိုရင် လိုသလောက် ထုတ်ယူ ဖြည့်စွက်မှုတွေ ရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ထပ်မံ ထွက်ပေါ်နေတာကြောင့် ဒီကိစ္စတွေကို အချက်အလက် စုဆောင်းထားတဲ့ နိုင်ငံရေး ပါတီတွေက တရားဝင် ထုတ်ဖော်ပြောဆိုဖို့ ဖြစ်လာတာပါ။

ဒီကိစ္စတွေအတွက် သူတို့ပါတီက ဘယ်လိုလုပ်ဆောင်မယ် ဆိုတာနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပြပါတယ်။

“အခု စုနေတာပေါ့၊ မှတ်တမ်းကို ခိုင်ခိုင်မာမာလေးဖြစ်အောင်၊ အဲဒါလေး ပြနိုင်အောင် ဆိုပြီး ကျနော်တို့က ပြောမှာပေါ့။ အဲဒါကြောင့် ကျနော်တို့က အားလုံး ပါတီတွေက အချက်အလက်တွေ ယူပြီး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိရောက်နိုင်တဲ့ နည်းကတော့ သတင်းဌာနတွေ အကုန်လုံး ဖိတ်ပြီးတော့၊ ဖြစ်နိုင်ရင်တော့လည်း သံတမန်တွေရော အကုန်လုံး ဖိတ်ပြီးတော့ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရင် ပိုတောင်မှ ကောင်းမယ်လို့ ယူဆတာပေါ့။”

တဆက်တည်းမှာပဲ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုကလည်း ဒီကနေ့မှာပဲ နယ်က ရောက်လာကြတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရန်ကုန်ရုံးချုပ်မှာ စုပြီး ရှေ့လုပ်ဆောင်စရာ ရှိတာတွေကို တိုင်ပင် စည်းဝေးခဲ့တဲ့အကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်ကနေ နိုင်တယ်လို့ ပြောတဲ့သူရော၊ မနိုင်သေးဘူးလို့ ပြောတဲ့သူရော ရောက်လာကြတယ်။ ရုံးမှာ ကျနော်တို့ ပဏာမလောက် စကားတွေ ဘာတွေ ပြောတဲ့ အဆင့်လောက်ပဲ ရှိပါသေးတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက မဲရုံမှာ မဲရုံအဖွဲ့ဝင်တွေအဖြစ် ရှိနေတာတွေ၊ မဲရုံ ကိုယ်စားလှယ်ထဲမှာ၊ မဲရုံ အမှုထမ်းထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ပါနေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိပါတယ်။

“အဲဒါတွေက ကော်မရှင်က ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး လုပ်တယ်ဆိုတာ ထင်ရှားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို ကန့်ကွက်စာ ကော်မရှင်ကို တင်သွားဖို့ ရှိပါတယ်။ ဆုံးဖြတ်ချက် ချပြီးတော့ ကော်မရှင်ကို စာပို့ဖို့ အစီအစဉ် လုပ်နေပါပြီ။ သန်ဘက်ခါကျရင်တော့ Press Meet တခု လုပ်မယ်လို့ စီစဉ်ထားပါတယ်။”

အခုလောလောဆယ်တော့ တခြားပါတီတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ လုပ်နေကြတာ ရှိပါတယ်။ အန်ကယ်တို့ အနေနဲ့ကရော အားလုံးပေါင်းပြီးတော့ လုပ်မယ်၊ လုပ်ရင် ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး စဉ်းစားတာမျိုး ရှိပါသလား။

“ပါတီအလိုက်ကတော့ ကိုယ့်ပါတီနဲ့ကိုယ် ကန့်ကွက်သွားဖို့ အစီအစဉ်တော့ ပြောနေကြပြီ ဖြစ်ပါတယ်။ နယ်တွေမှာ ကိုယ်စားလှယ်လောင်းတွေက အချင်းချင်းစုပြီး သက်ဆိုင်ရာ မြို့နယ် ကော်မရှင်တွေကို သူတို့ ဒီရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်ဖွယ် မရှိဘူး၊ ဒါကြောင့် ရွေးကောက်ပွဲ ရလဒ်က ထွက်လာတဲ့ အဖြေကို သူတို့ လောလောဆယ်တော့ လက်မှတ် ထိုးမပေးနိုင်သေးဘူး၊ အတည်ပြုမပေးနိုင်သေးဘူး ဆိုတဲ့ အဆင့်လောက်ကိုတော့ သွားကြမယ်လို့ သတင်းတွေ ရောက်လာပါတယ်။

“အဲဒါကတော့ ပါတီပေါင်းစုံက ကိုယ်စားလှယ်လောင်းတွေပေါ့။ ကိုယ်စားလှယ် တဦးချင်းရဲ့ ဆန္ဒနဲ့ပေါ့။ ပါတီရဲ့ ဆန္ဒနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ပါတီရဲ့ ဆန္ဒကတော့ မနက်ဖြန် ကော်မရှင်ကို စာပို့ဖို့ စီစဉ်နေတာပဲ ရှိပါတယ်။”

တခြားပါတီတွေကတော့ သူတို့ နိုင်ငံခြား သတင်းထောက်တွေ၊ သံတမန်တွေ အပါအ၀င် ရှင်းလင်းပွဲလုပ်မယ်၊ တချိန်ချိန် မကြာခင်မှာ၊ အချက်အလက်တွေ စုဆောင်းထားတာ ရှိတယ်ဆိုတော့၊ လုပ်မယ့်ပုံစံမျိုး ပြောကြတာတွေလည်း ရှိပါတယ်။ အန်ကယ်တို့ဘက်ကရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ဒါတွေချပြဖို့ အစီအစဉ် ရှိပါသလား။

“နိုင်ငံတကာ သံအမတ်တွေကတော့ နေ့စဉ်နဲ့အမျှ လာမေးနေလို့ ဖြေပြီးပါပြီ။ အဲတော့ ပွဲတခုအနေနဲ့ ကျနော်တို့ရုံးကလည်း ကျဉ်းတော့ ပြည်တွင်းမီဒီယာတွေကို ဖိတ်ပြီးတော့ Press Meet တခု လုပ်ပြီးတော့ ကျနော်တို့ သဘောထားနဲ့ နေပြည်တော်ကို စာတင်မယ့်အကြောင်း ရှင်းလင်းပြောပြဖို့ အကြောင်း ရှိပါတယ်။ မနက်ဖြန်၊ သန်ဘက်ခါလောက်တော့ ဖြစ်မှာပါ။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောသွားတာ ဖြစ်ပါတယ်။

(v0a)

0 ရပ်ကွက်ထဲမှမကျေနပ်သံများ

ကျွန်တော်အခုတင်ပြချင်သောအကြောင်းကတော့ကျွန်တော်တို့ ကျိုက္ကဆံရပ်ကွက်အတွင်း မှ ရပ်ကွက်လူကြီး ဦးခင်ညွန့်ရဲ့ မတရားစားသောက်နေသော ထမင်းတလုပ်လေးပါ။ ဒါတွေကတော့အောက်မှာပါတဲ့အတိုင်းပါနော်။


မီးကင်းဖိုးကောက်၍ပေါက်ကရလုပ်တဲ့ အကြောင်း

ကျွန်တော်တို့ ရပ်ကွက်အတွင်းတွင် တစ်လလျှင်တစ်ခန်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့်မီးကင်းဖိုးကို လစဉ်လတိုင်းအခွန်တခုသဖွယ်ကောက်ခံလျှက်ရှိပါသည်။

ကျွန်တော်ကျိုက္ကဆံ၇ပ်ကွက်တွင်လမ်းပေါင်း(၁၄)လမ်းရှိပါသည၊် တလမ်းတွင်တဦးကျ စောင့်ပါသည်။ တလမ်းလျှင်ပျမ်းမျှ မိသားစု(၁၀၀)ခန့်ရှိပါသည် သူတို့ကကင်းစောင့်သောသူတဦးလျှင် (30,000) ပေးပြီး ခေါင်းပုံဖြတ် လိုက်ပုံကတော. တလမ်းလျှင် မိသားစု ၁၀၀x (ကင်းဖိုး)၅၀၀ = ၅၀၀၀၀ - (ကင်းစောင်.သူလစာ) ၃၀၀၀၀ = ၂၀၀၀၀ ( ဘတ်ငွေ) တလမ်းလျှင် ၂၀၀၀၀ x ၁၄ လမ်း = ၁၄၀၀၀၀ ကျပ် ( ပိုရန်ရန်ရှိသည်)

ထိုကျန်သောငွေများမှာ ရပ်ကွက်သာရေးတွင် လည်းမပါ ၊ နာရေးတွင်လည်းမပါ

မှတ်ချက်။ ။ ဥက္ကဌအိမ် အတွက်သာဖြစ်ပါသည်။ထိုသို.ဖြတ်စားနေသည်မှာ ၃ နှစ်ကျော် လောက်ရှိပါပြီ ။

အိမ်ရှင်အိမ်ငှားစာချုပ် စာတမ်းပြုစု တံဆိပ်တုံး နှင့် လက်မှတ်ထိုးပေးခ ၅%


ကျွန်တော်တို့ရပ်ကွက်ထဲတွင် အိမ်ခန်းများ ရောင်း/၀ယ်/ငှား၇မ်းခြင်းနှင်ပတ်သက်၍လည်း မလွတ်သေးပါ အိမ်များငှားရမ်းမှုတခု ဖြစ်ပါက ဥက္ကဌ အာဏာဖြင့်အတင်းအကျပ် တံဆိပ်တုံးနှင့် လက်မှတ် ထိုးခကို ၅% ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ အတင်းအကျပ်ကောက်ခံပါသည်။ ထိုကဲ့သို့မပေးဆောင်ပါက အိမ်ငှားအား ဧည့်စာ၇င်း မပေးခြင်း၊ ဆူပူကြိမ်းမောင်းခြင်း ၊အငြိုးအတေးထားကာ ရဲနှင့်ပေါင်းကာ ဧည့်စာရင်းစစ်ကာ အမျိုးမျိုး ပြသနာရှာတတ်ပါသည်။ဧည့်စာ၇င်းနှင့်ပတ်သတ်၍သော် လည်းကောင်း စာချုပ်စာတမ်းနှင်ပတ်သတ်၍သော်လည်းကောင်း ရရှိသော ငွေများကို ကိုယ်ကျိုး အတွက် အိမ်အသုံးအဆောင် ပစ္စည်းများဝယ်ယူခြင်းမျိုး ကိုယ်ကျိုးအတွက်သာဖြစ်၍ ရပ်ကွက်သာရေးတွင် လည်းမပါ ၊ နာရေးတွင်လည်းမပါ

မှတ်ချက်။ ။ ဥက္ကဌအိမ် အတွက်သာဖြစ်ပါသည်။ထိုသို.ဖြတ်စားနေသည်မှာ ၃ နှစ်ကျော် လောက်ရှိပါပြီ ။

ဆက်ရန်ရှိပါသေးသည်--------------------------------------။

0 မြ၀တီမြို့တွင်ဖြစ်ပျက်ခဲ့သောလတ်တလာအခြေအနေဓာတ်ပုံများ



ပေးပို့သောZayaအားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်စေချင်ကြသနည်း

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ခေါင်းဆောင်တချို့ ခွဲထွက်ထူထောင်ထားသောခမောက်ပါတီ NDF ၀င်ပြိုင်သည့် မဲဆန္ဒနယ်မြေများတွင် န.အ.ဖ.ပါတီ ( ကြံ့ ဖွံ့ )သည်အနိုင်ရရန် “အထုတ်ကြီး” ဗျူဟာဖြင့် လျှာထွက်မတတ် အသည်းအသန်ကြိုးစားရသည်။

မဲပေးနိုင်ခွင့်ရှိသူစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းခန့် သာ လာရောက်မဲပေးကြသည်။ ဤမျှအခြေအနေကို
ကြံ့ဖွတ်ပါတီသည် မျက်ကလဲဆန်ပြာ ဖြစ်ရ၏။အလုံးစုံကျကျနနပြင်ဆင်ပြီးသော်ငြားလုံခြုံမှု မလုံလောက်သေးဟု ခံယူထားပုံရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ် ပြိုးတိုးပြောက်တောက် ထင်ဟပ်ရုံမျှဖြင့် NDF အပေါ် လူထုထောက်ခံမှု
အနေအထားသည် ၂၀၁၀ ရွေးကောက်ပွဲတစ်ခုလုံး၏ အနှစ်ချုပ်သံခိပ်ဖြစ်သည်။ လူထုခံစားမှုအစစ်အမှန်နှင့်
ဒေါ်အောင်ဆန်းစုကြည်သြဇာ နုပျိုလန်းဆတ်နေမှုကို စစ်အစိုးရ နဖူးတွေ့ ဒူးတွေ့ တွေ့ လိုက်ရခြင်းဖြစ်သည်။

သမိုင်းနှင့် အတိတ်ကို တစုံတယောက်၏ အာဏာဖြင့် ဖျောက်ဖျက်ပစ်၍ မရပါ။ အသံများ၊ ခံစားမှုများ၊
ဒဏ်ရာများသည် ရပ်တန့် မှုန်ဝါးသွားသည်မဟုတ်။ သွေးသစ်လောင်းကာ လက်ဆင့်ကမ်း၏။ ဒီမိုကရေစီ
ဆိတ်သုဉ်းနေသမျှ၊ လူထုမပြေလည်သေးသမျှ ထိုတိုင်းပြည်၏ နိုင်ငံရေးသည် ဇာတ်ရည်မလည်။

အလုံးစုံအာဏာထိန်းချုပ်မှုတွင် ဗိုလ်ချုပ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်မယှဉ်နိုင်သလို နိုင်ငံရေးတွင်
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီးများ လိုက်မမီပါ။ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းမပြသေးသမျှ
မြန်မာ့နိုင်ငံရေးသည်သည် ကျောက်ချနေပါဦးမည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားအားလုံး ရှုံးသော ရွေးကောက်ပွဲဖြစ်သည်။ မည်သည့်အဖြေ
ထွက်ထွက် အံ့သြစရာဘာတစ်ခုမှ မရှိပါ။
မျှော်လင့်ချက် ဘာမှမရှိတော့ဟု စိတ်ပျက်လက်ပျက်မဖြစ်ကြစေချင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတော့မည်။
ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မည်နည်း။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်စေချင်ကြသနည်း။
ဒေါ်အောင်ဆန်းစုကြည် သတင်းအချက်အလက်များများရနိုင်ဖို့  သေရေးရှင်ရေးတမျှ အရေးကြီးနေပါသည်။


အောင်မျိုးထွန်း
၉- ၁၁- ၂၀၁၀
မှတ်ချတ်။ ။ အထုတ်ကြီး=ကြိုတင်မဲဟုခေါ်သော ကြိုတင်ခိုးမဲအထုတ်

0 မြဝတီမြို့ သို့တိမ်းရှောင်နေကြသော မြန်မာပြည်သူများအား မြဝတီ မြို့သို့ ပြန်လည်မပို့ ဆောင်စဉ် သတင်းဓာတ်ပုံ


ပေးပို့သောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

Tuesday, November 9, 2010

0 ရွေးကောက်ပွဲ နောက်ဆက်တွဲ သတင်းတိုများ



မြ၀တီမှစစ်ပြေး ဒုက္ခသည် သောင်းချီ၍ ထိုင်းဘက်ရောက်

ဧရာဝတီ Monday, 08 November 2010 19:38
ကရင်ပြည်နယ် မြ၀တီမြို့မှ စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်လာသူ ဒုက္ခသည် ၃၀၀၀၀ ခန့် ရှိကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်ဟု သိရှိရသည်။

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။

ခေတ္တငြိမ်နေတဲ့ မြဝတီတိုက်ပွဲမှာ ဒီကေဘီအေ ဘက်က အင်အား ၄ဝဝ ကျော်ရှိနေပြီး၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ်မှာ နေရာယူထားကြတာကို တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကြံခင်းလမ်းထိပ် ဆိုင်ခန်းထဲမှာ ပိတ်မိနေသူ တယောက်က ဒီကေဘီအေဘက်က နအဖ စစ်တပ်တွေရှိရာ ချစ်ကြည်ရေးတံတားဘက်ကို အာပီဂျီ၊ စက်သေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တာကို တွေ့ရတယ်လို့ မဇ္ဈိမကို ပြောပါတယ်။

“ကျနော်တို့ အခုဝပ်နေရတယ်။ သူပုန်တပ်တွေက ကျနော်တို့ဆိုင်ရှေ့မှာ ရှိနေတယ်။ .. ဒီကနေ မြဝတီ တံတားဘက်ကို RPG တွေနဲ့ လှမ်းပစ်နေတာ ၁ဝ လုံးလောက် ရှိနေပြီး တံတားပြိုနေပြီလား မသိဘူး။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ အပြင်မှာ သူပုန်တပ်တွေ အများကြီးပဲ” သူက ပြောပါတယ်။

တိုက်ပွဲကြောင့် လူနှစ်ယောက် သေဆုံးရာမှာ ဆိုက္ကားသမားနဲ့ ခရီးသည်လို့ ပြောပါတယ်။

ဒီကေဘီအေ တပ်ရင်းမှူးတယောက်ကတော့ နှစ်ဖက်အကျအဆုံး များတယ်လို့ မဇ္ဈိမကို ပြောပြီး၊ မြို့ခံတွေအဆိုအရ ဒီကေဘီအေဘက်က ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လမ်းမတွေပေါ် မထွက်ရဲဘူး။ ဘယ်သူမှလည်း အသွားအလာ မလုပ်တော့ဘူး။ ပစ်ခတ်မှုတွေထဲမှာ ပါသွားမှာစိုးလို့။ အခု မီးတွေလည်း ဖြတ်ထားတယ်။ ဘာမှ လုပ်လို့မရဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ ပစ်ခတ်သံတွေကတော့ တဒိန်းဒိန်း ကြားနေရတယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။

မနက်ကစတဲ့ တိုက်ပွဲဟာ ယခု ခေတ္တငြိမ်သက်နေရာက ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးလာသူ အရေအတွက်က တိုးလာနေပါတယ်။


ဦးသုဝေက အလုပ်သမားဝန်ကြီးကို ရှုံးနိမ့်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ဥက္ကဋ္ဌ ဦးသုဝေက အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို မဲ ၈ ထောင်ကျော်နဲ့ အပြတ်အသတ် ရှုံးသွားပါတယ်။

ဦးအောင်ကြည်က ထောက်ခံမဲ ၂၈၅၆၆ ရခဲ့ပြီး၊ ဦးသုဝေက ၂ဝ၂၅၇ ရတာကြောင့် ၈၃ဝ၉ မဲ လျော့နည်းပြီး ရှုံးရတာပါ။ မဲအားလုံးရဲ့ ၅ဝ. ၅ ရာခိုင်နှုန်းကို ဦးအောင်ကြည်က ရပြီး၊ ဦးသုဝေက ၄၁. ၅ ရာခိုင်နှုန်း ရပါတယ်။ မင်္ဂလာတောင်ညွန့်မှာ မဲပေးခွင့်ရှိသူ ၁၅၆၂၂၃ ယောက် ရှိတဲ့အနက် ၄၈၈၂၃ ယောက် (၄၆. ၂ ရာခိုင်နှုန်း) မဲပေးခဲ့ပါတယ်။

“ဒီရလာဒ်ဟာ တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပထမ မဲရေတွက်တော့ ရပ်ကွက်မဲရုံတွေမှာ ကျနော် သာနေတယ်။ နောက်ဆုံးတော့ ဘယ်က သာသွားသလဲဆိုတော့ အစိုးရဌာနတွေဖြစ်တဲ့ မီးခြစ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ မီးရထားဝင်း၊ စည်ပင်သာယာဝင်းတို့ အဲဒီမှာက မဲတွေ အများကြီးရတယ်။ သူတို့က ၃ဝဝ လောက်ရရင် ကျနော်တို့ ၃ဝ လောက်ပဲ ရတယ်။ အဲဒီမှာ အများကြီး ကွာသွားတယ်။ အစိုးရဌာနဆိုင်ရာတွေက ရတဲ့ မဲတွေနဲ့ အနိုင်ယူသွားတာပဲ” လို့ ရှုံးနိမ့်သူ ဦးသုဝေက ဆိုပါတယ်။

မင်္ဂလာတောင်ညွန့်မှာ ဦးအောင်ကြည်နဲ့ ဦးသုဝေအပြင် တစညမှ ဦးခင်မောင်လွင်၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ ဦးဇော်ဝင်းနဲ့ တသီးပုဂ္ဂလ ဦးလှမျိုးမြင့်တို့ ဝင်ပြိုင်ခဲ့ပါတယ်။

ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် DPM မှ ဒေါက်တာ ညိုညိုသင်း အနိုင်ရတယ်လို့ ဦးသုဝေက ပြောပါတယ်။ ပါတီရဲ့ မဲရုံကိုယ်စားလှယ်က ဗဟန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို သွားပြီး၊ အနိုင်ရကြောင်း လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ အတွက် DPM မှ ဦးငွေလှိုင်နဲ့ ဦးသောင်းစိန် အနိုင်ရတယ်လို့ ပါတီရုံးချုပ်ကို အကြောင်းကြားလာတယ်လို့ ဦးသုဝေက ပြောပါတယ်။ မဲအရေအတွက် အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


လေးမျက်နှာက ကြိုတင်မဲစာရင်းတွင် သံဃာတော်နှင့် လူသေ အမည်များ ပါဝင်

ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်တွင် ကြိုတင်မဲ စာရင်းများ၌ သံဃာတော်များနှင့် သေဆုံးပြီးသူများ၏ အမည်များပါ ပါဝင်နေကြောင်း၊ မဲရေသည့်အချိန်တွင်လည်း စောင့်ကြည့်ခွင့်မရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ၃ ခုစလုံး၌ ကြံ့ဖွံ့ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။


မွန်ကိုယ်စားလှယ်လောင်းများ အားသာ


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ၂ ဦးသည် မော်လမြိုင်နှင့် မုဒုံမြို့နယ်တို့၌ ပြည်နယ်လွှတ်တော်တွင် အနိုင်ရကြောင်း၊ ဘုရားသုံးဆူတွင်လည်း ဦးနိုင်ချစ်ဦးက အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိကြောင်း သိရသည်။ယင်းပါတီမှ ပါတီခေါင်းဆောင်တဦးက မွန်ကိုယ်စားလှယ် ၃၄ ဦးအနက် ထက်ဝက်ခန့်သည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

ရွေးကောက်ပွဲရလဒ် အသိအမှတ်မပြုရန် ပြော

မဲရေတွက်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ထင်သာမြင်သာ မရှိခြင်း၊ မရှင်းလင်းခြင်းတို့ကြောင့် ထွက်ပေါ်လာမည့် ရလဒ်ကို အတိုက်အခံပါတီများအနေဖြင့် အသိအမှတ်မပြုကြရန် NDF ပါတီက တိုက်တွန်းထားကြောင်း သိရသည်။ “မဲရေတွက်တဲ့ နေရာမှာရော၊ ကြိုတင်မဲ ကိစ္စတွေရောမှာ ဘာမှ ရှင်းလင်းတာမရှိလို့ တခြားပါတီတွေကို ရလဒ်ကို အသိအမှတ်မပြုကြဖို့ ပြောထားပါတယ်” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

သန်လျင် ဘော့သပြေကန်ရွာတွင် အသက်မပြည့်သူများပါ မဲပေးရ

(ဧရာဝတီ )

သန်လျင်မြို့နယ် ဘော့သပြေကန်ရွာတွင် အသက် ၁၈ နှစ် မပြည့်သေးသူများကိုပါ အတင်းအကျပ် မဲထည့်ခိုင်းကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေးများပင် ပါဝင်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါရွာ မဲရုံအမှတ် ၄ တွင် အိန္ဒိယတိုင်းသားများကို သီးသန့်စု၍ ကြံ့ဖွံကိုသာ မဲပေးခိုင်းကြောင်း၊ ကြံ့ဖွံ့ပါတီဝင်များက ကျေးရွာအတွင်း ၎င်းတို့ပါတီကိုသာ မဲထည့်ရန်နှင့် မထည့်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကြောင်းလည်း လေ့လာသူများက ပြောသည်။

မြဝတီတွင် ပေါ်တာဆွဲနေ

မြဝတီတွင် နအဖ အစိုးရ စစ်တပ်နှင့် ရဲများက ပေါ်တာလိုက်လံ ဆွဲနေသဖြင့် အလုပ်သမား အများစု ထိတ်လန့်ကာ ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ပြေးဝင် ခိုလှုံ နေကြောင်း မြဝတီ ဒေသခံတဦးက ဧရာဝတီသို့ သတင်းပေးပို့သည်။

ပဲခူးတိုင်း ကိုယ်စားလှယ် ၉ ဦး နေပြည်တော်ကို စာပို့

တရားမျှတမှုမရှိသည့် ကြိုတင်မဲများ ကောက်ယူခဲ့ခြင်း ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ကြံ့ဖွံ့ပါတီ မဲရုံစောင့် ကိုယ်စား လှယ်များကို ကြောက်ရွံ့နေရခြင်း ၊ တံခါးပိတ် မဲရေတွက်မှုများရှိခဲ့ခြင်းတို့ကြောင့် ၎င်းအပါအ၀င် ပဲခူးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ဦးက နေပြည်တော်သို့ အိတ်ဖွင့်စာတစောင်ကို ပေးပို့မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များသည် ပွင့်လင်း မြင်သာ မှု မရှိသည့်အပြင် မတရားမှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ပြောသည်။



ရွှေပြည်သာသာတွင် မသမာသော မဲရေတွက်မှုရှိ

(ဧရာဝတီ)

ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် အဓမ္မကြိုတင်မဲ ကောက်ယူထားမှုနှင့် မသမာသော မဲရေတွက်မှုများ ရှိခဲ့ကြောင်း တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်သိန်းဝင်းက ပြောသည်။ “ကျမ မဲ ၃ သောင်းကျော်ရတာ ၁ သောင်းခွဲ ကျော်ကျော်ကို ပယ်မဲအဖြစ် သတ်မှတ်တယ်။ ကြံ့ဖွံ့ပါတီရဲ့ မဲတွေကတော့ တခုမှ ပယ်မဲ မရှိပါဘူး။ သူတို့ မဲတွေမှာတော့ အမှန်ခြစ်တွေက တာဝတိံသာ ရောက်နေလည်း ပယ်မဲမဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။

စာရင်းမရှိသဖြင့် မဲမထည့်ရသူများနှင့် တဦးတည်း မဲ ၈ မဲ ထည့်သွားသူ သန်လျင်တွင်ရှိ

(ဧရာဝတီ )

သန်လျင်မြို့နယ် အောင်ချမ်းသာ ရပ်ကွက်မှ ပြည်သူတချို့ မဲသွားထည့်ရာ မဲရုံစောင့်သူက မဲစာရင်း မရှိကြောင်း ပြောသဖြင့် မဲထည့်ခွင့် မရခဲ့ကြောင်း၊ အဆိုပါမြို့နယ် ညောင်သုံးပင် ကျေးရွာတွင်လည်း လူတဦးတည်းက မဲ ၈ မဲ ထည့်သွားကြောင်း လေ့လာသူ များက ပြောသည်။



လားရှိုးမြို့နယ် တွင် မဲပုံးသယ်လာသည့် ကားမှောက်

လားရှိုးမြို့နယ် ၁၂ ရပ်ကွက်ရှိ မဲရုံအမှတ် ၃ မှ မဲပုံးများ သယ်ဆောင် သွားသည့် ကားမှာ ယမန်နေ့ ညနေက တိမ်းမှောက်မှုဖြစ် ပွားခဲ့ကြောင်း သတင်း ရရှိသည်။ ကားပေါ်တွင် လိုက်ပါသွားသည့် မဲရုံစောင့် ဆရာ၊ ဆရာမများမှာ ယခုအခါ လားရှိုး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ထို ကားပေါ်တွင် ပါသွားသည့် မဲပုံးများလည်း ပျောက်ဆုံးနေသဖြင့် မြို့ခံများက စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း လားရှိုး မြို့ခံတဦးက ပြောသည်။


မိုးကုတ်တွင် မဲမပေးသူများပြား၊ ကြံ့ဖွံ့နိုင်

မိုးကုတ်မြို့တွင် ကြံ့ဖွံ့ပါတီက မဲအရေးအတွက် ၁၀၀၀၀ ကျော်ဖြင့် နိုင်ကြောင်း သတင်းရရှိသည်။ မိုးကုတ် ဒေသခံ အများစုမှာ မဲထွက် မပေးကြကြောင်း ဒေသခံတဦးက ပြောပြသည်။


ချမ်းအေးသာဇံမှာ ကျန်းမာရေးဝန်ကြီး အနိုင်ရ

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးဝင်ကြီး ဒေါက်တာ ကျော်မြင့်က အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကိုယ်စားလှယ် ဦးခင်မောင်သက်ကို ၁၃ဝ၄ မဲ အကွာနဲ့ အနိုင်ရသွားပါတယ်။

ဒီအကြောင်းကို ချမ်းအေးသာဇံ တိုင်းဒေသကြီးလွှတ်တော် NDF ကိုယ်စားလှယ်လောင်း ဦးတင်အောင်အောင်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပြတာပါ။


ဒေါက်တာကျော်မြင့်က ၃ဝ၅၉၁ မဲ၊ ဦးခင်မောင်သက်က ၂၉၂၈၇ မဲ ရပါတယ်။ တစည ဦးစံရင်က ၆၅၅၈ မဲ ရပြီး၊ တသီးပုဂ္ဂလ ဦးစိန်လှကတော့ ၆၆၅၇ မဲ ရကြပါတယ်။

ဒေါက်တာကျော်မြင့်ရဲ့ မဲတွေမှာ ကြိုတင်မဲ ၃၃၇၆ မဲ ပါဝင်ပြီး ဦးခင်မောင်သက်ရဲ့ ကြိုတင်မဲ ၈၅၆ မဲ ပါဝင်တယ်လို့ ဦးသန်းညွန့်က ပြောပါတယ်။ ကြိုတင်မဲ ပမာဏ ၂၅ဝဝ ကျော် ကွာခြားတာကြောင့် ရှုံးရတာလို့ ဆိုပါတယ်။

ပေါက်တောမှာ RNDP နိုင်ဟု ဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာရှိတဲ့ လွှတ်တော် ၃ ရပ်လုံးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အနိုင်ရတယ်လို့ RNDP စစ်တွေရုံးချုပ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းထွန်းအေးက မဇ္ဈိမကို ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော်မှာ ဦးကျော်ထွန်းအောင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ မှာ ဦးမောင်ကျော်သိန်းနဲ့ အမှတ် ၂ မှာ ဦးတက်ထွန်းအောင်တို့ အနိုင်ရတယ်လို့ ဆိုတာပါ။

ပေါက်တော လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုး၊ တစည၊ RNDP နဲ့ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးပါတီတို့ ဝင်ပြိုင်ကြပါတယ်။



ဘိုကလေးမှာ မဲပုံးလုသွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြသိန်းတန် ကျေးရွာအုပ်စု ကြံခင်းရွာမှာ ရွာသားတွေက မဲပုံးတွေကို မနေ့ ည ၇ နာရီလောက်မှာ လုယူထွက်ပြေးမှုတခု ဖြစ်ပွားခဲ့တယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ခင်စန္ဒာဦးက ပြောပါတယ်။


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အငြင်းပွားနိုင်စရာ ကြိုတင်မဲတွေရှိနေတာကြောင့် မကျေနပ်တဲ့ ရွာသားတွေက မဲပုံးတွေ လုယူခဲ့တာလို့ သူမက မဇ္ဈိမကို ပြောပါတယ်။“ မဲပုံးကို လုပြီး ထွက်ပြေးသွားတယ်၊ ကြံ့ခိုင်ရေးက ကြိုပြီးတော့ မဲအများကြီး ယူထားတာကိုး။ အဲဒီမဲတွေအားလုံးကို ကြံ့ခိုင်ရေးက ရတယ်။ မဲရုံတိုင်း မဲရုံတိုင်းမှာလေ အဲဒီလိုမျိုး မဲမသမာမှုတွေရှိတယ်”


ကြံခင်းရွာမှာ မဲရုံ ၄ ရုံရှိပြီး၊ ဒီအထဲကမှ တရုံမှာ ဖြစ်ခဲ့တာပါ။



ချောင်းဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နိုင်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လွှတ်တော် ၃ ရပ်လုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတွေကပဲ အနိုင်ရတယ်လို့ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအင်အားစု NDF က ပြောပါတယ်။


ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးစောလှထွန်းက မဲ ၁ သောင်းကျော်နဲ့ သူ့ကို နိုင်သွားတယ်လို့ NDF အမတ်လောင်း ဦးနေဝင်းက ဆိုပါတယ်။ ဦးစောလှထွန်းက ထောက်ခံမဲ ၂၂၂၅၂ မဲ ရပြီး၊ ဦးနေဝင်းက ၉၉၉၁ မဲ ရတာကြောင့် ၁၂၂၆၁ မဲ လျော့နည်းခဲ့တာပါ။

အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်ရာမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးကံညွန့်က NDF က ဦးကျော်ညိမ်းကို အနိုင်ရသလို၊ တိုင်းဒေသကြီးအတွက်လည်း ကြံ့ဖွံ့ကပဲ နိုင်တယ်လို့ သူက ဆိုပါတယ်။

ချောင်းဦးမှာ မဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်အနက် ၄ သောင်းကျော် မဲပေးခဲ့ပါတယ်။ မဲပေးသူ ဦးရေထဲမှာ ၁၅.၄ ရာခိုင်နှုန်းက ကြိုတင်မဲတွေဖြစ်ပြီး၊ ကြိုတင်မဲရဲ့ ၈၈.၉ ရာခိုင်နှုန်းက ကြံ့ဖွံ့အတွက် ဖြစ်သွားတယ်လို့ ဦးနေဝင်း အဆိုအရ သိရပါတယ်။

ABSDF က အဆင်သင့်ဟု ပြောဆို

ကရင်ပြည်နယ် မြဝတီနဲ့ ဘုရားသုံးဆူဘက်မှာ ဖြစ်ပွားနေတဲ့ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ဘဲလို့ ဥက္ကဋ္ဌ ကိုသံခဲက ပြောပါတယ်။

“ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။

“ဒီနေ့ အခုဖြစ်နေတဲ့ မြဝတီကတိုက်ပွဲတွေက ၂ဝ၁ဝ ရွေးကောက်ပွဲပြီးပြီးချင်း နအဖ က ပထမဆုံး တွေ့ရတဲ့ စစ်ရေး အကျပ်အတည်းပဲ။ ဒီနေ့ ဗမာပြည်မှာဖြစ်နေတဲ့ ၂ဝ၁ဝ အပေါ်ကို စိန်ခေါ်လိုက်တာပဲ။ အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံး လက်မခံနိုင်ဘူးဆိုတာကို နိုင်ငံရေး၊ စစ်ရေးနည်းနဲ့ တုံ့ပြန်တဲ့ သဘောလို့ ယူဆတယ်။ ရှေ့ဆက်ပြီးတော့ ဒီအတိုင်းသာ နအဖက ခေါင်းမာမာနဲ့ ဆက်သွားနေမယ်ဆိုရင် သည့်ထက်မကတဲ့ ဗမာပြည်ထဲမှာ အကျပ်အတည်းပေါင်းစုံကို ဆက်ပြီးတွေ့ရလိမ့်မယ်” လို့ သူက ဆိုပါတယ်။

NDF ဒေါက်တာမြတ်ဥာဏစိုး အနိုင်ရ

ရန်ကုန်တိုင်းဒေသကြီးထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ မှာ အဓိကပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ စာရေးဆရာ တက္ကသိုလ်မြတ်သူကို အနိုင်ရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF မှ ဒေါက်တာ မြတ်ဥာဏစိုးက ပြောပါတယ်။

တက္ကသိုလ်မြတ်သူက ကြိုတင်မဲ ၆၄ဝဝ အပါအဝင် မဲပေါင်း ၇၈၇၁၄ ရရှိပြီး၊ ဒေါက်တာမြတ်ဥာဏစိုးကတော့ ကြိုတင်မဲ ၂၉ဝဝ အပါအဝင် မဲပေါင်း ၈၃၅၅၈ ရပါတယ်။

’’အဓိက ပြိုင်ဘက်က စာရေးဆရာ တက္ကသိုလ်မြတ်သူပါခင်ဗျ။ နောက်ဆုံး မဲစုစုပေါင်းပေါ့နော်။ အားလုံးမှာ ကျနော်က ၈၃၅၅၈။ ကျနော်ရဲ့ ပြိုင်ဘက်က ၃ ယောက်ရှိရာမှာ ကျန်တဲ့ တစညနဲ့ ဒီမိုကရက်တစ် ပါတီကတော့ အင်အားနည်းပါတယ်။ တက္ကသိုလ်မြတ်သူက ၇၈၇၁၄ ပါခင်ဗျ” လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောတယ်။ မဲပေးနိုင်သူ လူဦးရေ ၄ သိန်းအနက် မဲပေးခဲ့သူက ၆ဝ ရာခိုင်နှုန်း ပေးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ တစည မှ ဦးသီဟမြင့်အောင်က မဲ ၄ သောင်းနီးပါးနဲ့ တတိယ၊ ဒီမီုကရက်တစ်ပါတီ (မြန်မာ) မှ ဦးတင့်နိုင်က စတုတ္ထ နေရာရပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဘိုတထောင်နဲ့ ဒေါပုံ မြို့နယ် ဖြစ်ပါတယ်။

0 ဒီကေဘီအေနှင့် နအဖစစ်တပ်တို့၏ မြ၀တီတိုက်ပွဲနှင့်မြန်မာစစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံသတင်း)


photo။ ။ AP / Reuter

0 ဒီကေဘီအေနှင့် နအဖစစ်တပ်တို့၏ မြ၀တီတိုက်ပွဲ၊

0 မောင်လေး ၀ယ်ထားပြီးပြီ

ခုတလော....စိတ်တွေကို ၀ီစကီနဲ့ ရော ရော မြိုချ။
ကျုပ်ပေးခဲ့တဲ့ မဲ ကျုပ် ဖုန်းထဲမှာ မှတ်တမ်းရှိတယ်။
အရွေ့ တစ်ခုခုကို မျှော်လင့်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မိတ်ဆွေများ
ဆန့် ငင်ဆန့် ငင် ဖြစ်ကြ။
အဓိက က မိုးလင်းခါနီးမှ မြို့ နယ်ကော်မရှင်ကို ရောက်လာတဲ့ `` အထုတ်ကြီး ´´ ကိစ္စပါဘဲ။
အထုတ်ကြီးကြောင့် ဟက်တက်ကွဲသွားကြသူများရဲ့ ``မင်းသားလေးလို လွမ်းပြမယ်´´ အဆွေးသံစဉ်တွေကို
ပျစ်ပျစ်နှစ်နှစ် ကြားနေရ။
၂၀၁၅ အထိ အထုတ်ကြီးက လိုက်လာဦးမယ်ဆိုဘဲ။
အထုတ်ကြီးကို လွတ်သွားတဲ့ ဒီမိုအမတ်တချို့  တိုရေရှားရေ ရှိခဲ့။ ရှားရှားပါးပါး အိုင်ယာလန်ထီ ပေါက်သလိုမျိုး။
စမ်းချောင်းမှာ....
ပြည်သူ့ လွှတ်တော် NDF ၁၃၇၁၃၊ ကြံ့ ဖွံ့ ၁၂၂၈၆၊ တစည ၂၉၃၈၊ 88´ ၂၉၃၉၊ ဒီပီပါတီ ၅၁၆၂။
အမျိုးသားလွှတ်တော် NDF ၁၆၂၆၂၊ ကြံ့ ဖွံ့ ၁၁၆၂၉၊ တစည ၄၁၅၀၊ 88´ ၄၇၄၈။
အထုတ်ကြီး လွတ်နိုင်ခြေ ရှိသလား။ အထုတ်ကြီးနဲ့ ရိုက်မိမလား။
ဒါရိုက်တာများ ဖြေကြပါဗျို့ ....။
၂၀၀၈ ဖွဲ့ စည်းပုံဥပဒေတုန်းက ကျုပ်တို့ စမ်းချောင်း....အထုတ်ကြီးဒဏ် ထိ ခဲ့ဘူးတယ်။
ခဲတွေလည်း ခဏခဏမှန်၊ စာတွေလည်း တဖုတ်ဖုတ်နဲ့ ပြုတ်ကျ။
ရန်ကုန်မှာ စမ်းချောင်းဆိုတာရှိတယ်။ သူဟာ ရန်ကုန်ရဲ့ အဓိပတိတစ်ပါးဘဲ။
အဲဒီမှာ နေ့ ရော ညပါ ကျုပ်အသက်ရှူ။
ပြဇာတ်တစ်ပုဒ်ဖြစ်ပေမယ့် ကားလိပ်ချလို့ ချသွားမှန်း မသိအောင် သရုပ်ဆောင်ကြဖို့ ကောင်းတယ်။
သမီးလေးကို တစ်အုပ်၊ သားလေးကို တစ်အုပ် အထက ၂ စမ်းချောင်းက ကျောင်းအုပ်ကြီးအကြောင်းစာအုပ်
ရောင်းတယ်။ ၃၀၀၀ မပေးနိုင်လို့ တစ်အုပ်ပြန်ပေးလိုက်ပါ သမီးလေးရေ....။
မောင်လေး ၀ယ်ထားပြီးပြီလို့ ။


အောင်မျိုးထွန်း
၈- ၁၁- ၂၀၁၀
မှတ်ချတ်။ ။ အထုတ်ကြီး =ကြိုတင်မဲထုတ်

Monday, November 8, 2010

0 မြန်မာ့ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးဆုံး

ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက်ကုန်တွေ ၀ယ်ယူ စုဆောင်းကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ၀ယ်ယူ သိုလှောင်နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲလာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။

တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ၀င်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင်ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေးခဲ့ကြတယ်လို့ ယုံကြည်တဲ့အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

(VOA)

1 Nldအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနရုံးချုပ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရန်(၅)ရက်သာလိုတော့သည်ဟုရေးသား

photo/ AP

Sunday, November 7, 2010

0 ရန်ကုန်၊ နေပြည်တော်ရွေးကောက်ပွဲမြင်ကွင်းများ(ရုပ်/သံ)

0 (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့ ဂျပန်သတင်းထောက် nagai kenji၏ သူငယ်ချင်းသတင်းထောက်မြ၀တီတွင်အဖမ်းခံရ


(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ စစ်ခွေးတွေရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဂျပန်သတင်းထောက် nagai kenjiအလုပ်လုပ်တဲ့ APFသတင်းဌာနမှ သတင်းထောက်တဦးဖြစ်သူ YAMAJI TORO (ခ) MATSUMOTO TOROအသက်(၄၉)သည် နယ်စပ်ကိုကျော်ဖြတ်၍ ရွေးကောက်ပွဲကျင်းပသော ဒီကနေ့တွင် တရားမ၀င်ဖြတ်ကျော်မှုဖြင့် မြဝတီရဲစခန်းအချုပ်တွင် မနက် ၈နာရီခွဲခန့်အချိန်က ချုပ်နှောင်ထားခြင်းခံရသည်။ သူဟာ(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာအသတ်ခံရတဲ့nagaikenjiရဲ့ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှအဆက်အသွယ်အရ YAMAJI TOROဟာ နအဖရဲ့ ၂၀၁၀ရွေးကောက်ပွဲသတင်းသွားယူဖို့ ထိုင်းနိုင်ငံအနောက်မြောက်မှလှေဖြင့် မြ၀တီသို့ဝင်ြ့ပီးသူနဲ့အတူ ဗီဒီယိုကင်မရာနဲ့အတူမြန်မာပြည်တွင်းမှာအသုံးပြုနိုင်တဲ့ လက်ကိုင်ဖုံးပါကြောင်းသိရပါသည်။

အဖမ်းခံရသေးခင် အဲဒီနေ့မနက်စောစောမှာ သူအသုံးပြုတဲ့ Social Websiteတခုဖြစ်တဲ့ TWITTER မှာ ' မြန်မာစစ်အစိုးရကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားသား မီဒီယာသတင်းထောက်တွေကို နိုင်ငံတွင်းလုံး၀၀င်ရောက်ခွင့်မပေးဘူးဆိုတာကို ရအောင်ဝင်မယ် ဘယ်လောက်အထိဘဲမင်းတို့တားတား ဘယ်လိုပုံစံမျိုးနဲ့မင်းတို့ပိတ်ပင် မှန်ကန်တဲ့သတင်းယူရမဲ့အလုပ်က ငါတို့တွေရဲ့အလုပ်' ကြည့်လိုက်စမ်းပါ Nagai sanလို့ ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးမှာ အသတ်ခံခဲ့ရတဲ့ သူ့ရဲ့သူငယ်ချင်းနံမည်နဲ့ တိုင်တည်ရေးထားကြောင်းသိရှိရပါသည်။

သူ၏သူငယ်ချင်းအား အသတ်ခံရသည့်နေရာတွင်လွမ်းသူ့ပန်းခွေချနေစဉ်(၂၀၀၇)
အဖမ်းခံနေရတဲ့ YAMAJI TOROဟာ မြန်မာပြည်သို့တကြိမ်ရောက်ဖူးပြီး အဲဒီအချိန်ဟာလည်း (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံရတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ရဲ့အလောင်းကို သွားရောက်ယူငင်တဲ့အခါလည်းဖြစ်ပါတယ်။

သတင်း ။ ။ ဒေါင်းမာန်ဟုန်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.