Saturday, October 2, 2010

0 အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများအဖွဲ့မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ပေးစာ



ပေးပို့သူ။ ။ ကိုလူမော်လတ်

0 ဂျပန်နိုင်ငံတိုကျိုမြို့တွင်လာရောက်ဖျော်ဖြေသော မြိတ်မြို့မိဘမဲ့ခလေးများရံပုံငွေပွဲအငြိမ့်ပွဲ(စက်တင်ဘာ ၂၀ ရက်၊၂၀၁၀)


အကယ်ဒမီမေသန်းနု၊ ချောရတနာ၊ ဒိန်းဒေါင်၊ ကင်းကောင်၊ ကုသိုလ်

`အာရုံဦးမှာဖူးသည့်ကြာ`နအဖ၀ါဒဖြန့်ဇာတ်ကားတွင်ပါဝင်သောသရုပ်ဆောင်ဒါရိုက်တာကုသိုလ်မှ ဆိုက်ကားစီးလို့ဆန္ဒပြခံရသည်ဟု အငြိမ့်တွင် ပျက်လုံးထုတ်သွားပါတယ်။

အငြိမ့်ပွဲမှ စကားပြောခန်း


မေသန်းနု။ ။ မဆင့်တို့က မိဘမဲ့ မြိတ်မြို့မိဘမဲ့ခလေးများရံပုံငွေပွဲရရှိရေးအတွက် အများကြီးမျှော်လင့်ထားတယ်

ဒိန်းဒေါင်။ ။ အများကြီးမျှော်လင့်ထားတယ်။ ဘာဖြစ်လို့နဲရတာလဲတဲ့။

မေသန်းနု။ ။ ကိုကုသိုလ် အဲဒါရှင့်ကြောင့်လေ။

ကုသိုလ်။ ။ ကျနော့်ကြောင့်? အော်..ကျနော့်ကြောင့်အလှူငွေနည်းသွားတယ်?ကျနော့်ကြောင့်?

မေသန်းနု။ ။ ဟုတ်တယ် ။ ရှင့်ကြောင့်။ ဟုတ်တယ်။ ကျမစိတ်မကောင်းဘူး

ကုသိုလ်။ ။ မဆင့်ရယ် ကျနော် ဆိုက်ကားလေးဘဲစီးမိတာပါ။ မဆင့်ရယ်.. ကျနော်ဆိုက်ကားလေးစီးတာ အဲဒီလောက် ကျနော့်ကိုစိတ်ဆိုးမယ်မထင်လို့ပါ။

မေသန်းနု။ ။ ဟုတ်ပါတယ်ရှင်။ အနုပညာရှင်သမားတွေဆိုတာ ကျရာနေရာဝင်လုပ်ရတာပါ. နားလည်ခွင့်လွှတ်ပေးပါလို့. ...

်video။ ။ ကိုဇော်(ဂျပန်)

0 ထောက်ခံအားပေးဖို့ ရာ မထိုက်တန်တဲ့ ရွေးကောက်ပွဲ တစ်ပွဲ
ရေးသူ-ဦးဝင်းတင်

An Election Not Worthy of Support

ဦးဝင်းတင်

စက်တင်ဘာ(၃၀) နေ့စွဲ

The International Herald Tribune သတင်းစာနဲ့  The New York Times သတင်းစာ

ဗီအိုအေ (၂၀၁၀ အောက်တိုဘာ (၂) ရက်၊ တစ်ပတ်အတွင်း “ကမ္ဘာ့မီဒီယာတွေထဲက မြန်မာနိုင်ငံ” အပတ်စဉ်ကဏ္ဍ)

ဦးရော်နီညိမ်း။ ။ စက်တင်ဘာလ (၃၀) ရက်နေ့စွဲနဲ့ The International Herald Tribune သတင်းစာနဲ့  The New York Times သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ရေးသားတဲ့ “ထောက်ခံအားပေးဖို့ ရာ မထိုက်တန်တဲ့ ရွေးကောက်ပွဲ တစ်ပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး ကောက်နှုတ်ချက်ကို ဦးဝင်းဖေ၊ ဦးကျော်ဇံသာ၊ ကိုဂျေ၊ ကိုသားညွှန့်ဦး တို့နဲ့အတူ တင် ဆက်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမှု အသေအချာရှိစေဖို့ ချဉ်းကပ်ကြရာမှာ၊ နိုင်ငံတကာ မိသားစုဟာ အစွမ်းကုန် နိုးနိုးကြားကြားနဲ့ မလွှဲမသွေ လုပ်ဆောင်ကြရမယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာ မင်းကြီး Ms. Navi Pillay က မကြာခင်က ပြောကြားခဲ့တဲ့ အပေါ် ကျနော်တို့ စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။ ဒီလို မှတ်ချက်ပြုနေတာက မြန်မာနိုင်ငံမှာ လာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေး ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာ ရှင်းနေပါလျှက်နဲ့ ဒီရွေးကောက်ပွဲဟာ တစုံတရာ တန်ဘိုးရှိနေသလိုလိုနဲ့ “စောင့်ကြည့်ကြဦးစို့” လို့ အဓိပ္ပါယ်ဆောင် နေပါတယ်။ နိုဝင်ဘာလ (၇) ရက်နေ့ မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲဟာ “ရာသက်ပန် စစ်အာဏာရှင် အုပ် ချုပ်ရေးစနစ်” ကို ဖန်တီးဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့အောက်ကနေ စစ်တပ်ကပဲ မြန်မာနိုင်ငံမှာ အရာရာကို ချုပ်ကိုင်ထားမှုကို တရားဝင်အောင် ပုံဖော်နေတဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲ ပြီးသွား တာနဲ့ အဲဒီ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ဟာ အသက်ဝင်လာပါမယ်။ လက်ရှိ ရာထူးရှိ ဗိုလ်ချုပ်တွေ၊ အငြိမ်းစား ဗိုလ်ချုပ်တွေ နဲ့ ဖြစ်ပေါ်လာမယ့် “လွှတ်တော်” ကနေ အရပ်သားအယောင်ဆောင်အစိုးရ တစ်ရပ်ဟာလည်း ဖွဲ့စည်း ပေါ်ပေါက်လာဦးမှာပါ။ လွှတ်တော်က လက်ရှိနဲ့အငြိမ်းစား ဗိုလ်ချုပ်တွေမှန်သမျှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နာခံမှုအောက်မှာပဲ ရှိနေကြပြီးတော့ မြန်မာလူထုတစ်ရပ်လုံး စစ်တပ်ရဲ့လွှမ်းမိုးထားမှုအောက် တရားဝင်ရောက် ရှိသွားကြမှာ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေက စစ်အစိုးရရေးဆွဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံပါဘူး။ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီ အခြေခံဥပဒေ နဲ့ တင်းကြပ်လွန်းတဲ့ ရွေးကောက်ပွဲဥပဒေတို့က လာမယ့်ရွေးကောက်ပွဲကို စစ်အစိုးရကလုပ်ရတဲ့ တကယ့် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ ကျနော်တို့အားလုံးကို အသိပေးနေပါတယ်။ ကျနော်တို့နိုင်ငံမှာ စစ်တပ်ကပဲ အုပ်ချုပ်သွားမှာကို တရားဝင်အောင်လုပ်တဲ့ ရွေးကောက်ပွဲပါလို့ ကျနော်တို့အားလုံး သိနေကြပါတယ်။ မြန်မာ့ဒီမို ကရေစီအရေးအတွက် ကျနော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒတွေ စွန့်လွှတ်လိုက်ဖို့ ဖိအားပေးနေတာတွေကို ကျနော်တို့က ငြင်းဆန်နေပါတယ်။ ကျနော်တို့ရဲ့ရပ်တည်မှုကို သန်းပေါင်းများစွာသော မြန်မာပြည်သူတွေရဲ့ ထောက်ခံအားပေးမှု နဲ့အတူ နိုင်ငံတကာမိသားစုက မြန်မာစစ်အစိုးရရဲ့ရည်ရွယ်ချက်ကို ကျနော်တို့ နားလည်နေသလို နားလည်နေလိမ့် မယ်လို့ ကျနော်တို့က မျှော်လင့်ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ တစ်ဖက်သတ်နိုင်တဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ငန်း စဉ်တွေကို ရပ်တန်းက ရပ်သွားအောင် နိုင်ငံတကာ မိသားစုက ဖိအားပေးကြဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ခဲ့ ကြပါတယ်။

မကြာသေးခင်အချိန်အထိ ကုလသမဂ္ဂက မြန်မာစစ်အစိုးရကိုတောင်းဆိုနေတာက မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံး ပါဝင်ရေး၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအတိုက်အခံတွေနဲ့ စစ်အစိုးရတို့ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးနေမှုတွေကနေ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာကတော့ ကုလသမဂ္ဂက ကြေညာချက်တွေ မိန့်ခွန်းတွေမှာ အလွန် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ “သက်ဆိုင်သူအားလုံး ပါဝင်ရေး” ဆိုတဲ့ စကားရပ်ဟာ အခုနောက်ပိုင်း မပါဝင်တော့ပါဘူး။ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Ms. Pillay က အစွမ်းကုန် နိုးနိုးကြားကြားနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာအောင် ချဉ်းကပ်ကြဖို့ ပြောထားပေမယ့်၊ အဲဒီလို လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာကို အကဲဖြတ်ဖို့ ရွေးကောက်ပွဲနေ့အထိ စောင့်ဆိုင်းနေကြဖို့ မလိုပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက စစ်အစိုးရကို သစ္စာရှိသူတွေနဲ့ စိတ်ကြိုက်ခေါင်းခေါက်ပြီးခန့်ထားတဲ့ ကော်မရှင်ပါ။ ရွေးကောက် ပွဲဝင်မယ့် ပါတီတွေက အမတ်လောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် ရှိမရှိ ဒီကော်မရှင်က တစ်ဖက်သတ် ဆုံးဖြတ်ပြီး အမတ်လောင်းများစွာကို ပယ်ချနေပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိရုံတင်မက နိုင်ငံရေးပါတီတစ်ခုခုရဲ့ ပါတီဝင် အဖြစ်ပါ ရပ်တည်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ခြင်းခံနေရပါတယ်။

ကံမကောင်းတဲ့ကိစ္စ တစ်ခုကတော့ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုတာကို စောင့်ကြည့်နေရုံ တင် မကပါဘူး။ ရွေးကောက်ပွဲကိုပါ အားပေးထောက်ခံနေကြတာပါ။ သူတို့ ကျနော်တို့နဲ့လာပြီး ဆွေးနွေးခဲ့ကြတုန်းက ရွေးကောက်ပွဲဟာ “ဒီမြို့ထဲက တစ်ခုတည်းသော ကစားပွဲ” ပါလို့ အင်္ဂလိပ်ဘာသာနဲ့ စကားပုံခိုင်းပြီး ပြောခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာ့နိုင်ငံရေးရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဟာ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီကစားပွဲမှာ ၀င်ပြီး ကစားသင့်တယ်လို့ ကျနော်တို့ကို ပြောကြပြန် ပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်သွားမှာကို တရားဝင်အောင် ၀င်မလုပ်ပေးဘူးလို့ အကျိုးနဲ့ အကြောင်းနှဲ့ရှင်းပြတဲ့အခါမှာ တော့ သူတို့တွေက တခြားသောနိုင်ငံရေးပါတီတွေဘက် ကို လှည့်သွားကြပါတယ်။ စစ်အစိုးရရဲ့ရွေးကောက်ပွဲကစားပွဲထဲမှာ အဲဒီပါတီတွေ ၀င်ပါနိုင်ကြအောင် ကူညီထောက် ပံ့နေကြပြန်ပါတယ်။ အဲဒီ ဥရောပနိုင်ငံတချို့ဟာ စစ်အစိုးရကိုလိုလားတဲ့ မြန်မာနိုင်ငံက ပညာရှင်တွေအခွင့်ရေးသမား တွေကို ဥရောပကိုလွှတ်ပြီး စစ်အစိုးရရဲ့ရွေးကောက်ပွဲဆိုတာကို ရောင်းပန်းလှအောင် လှည့်လည်ဟောပြောခိုင်းတာ တွေလည်း လုပ်ကြပါတယ်။ သူတို့လိုလားတဲ့ ရွေးကောက်ပွဲဝင် မြန်မာ့နိုင်ငံရေးပါတီတွေအတွက် ဥရောပကနေ အထောက်အပံ့တွေ ပိုရအောင် စုစည်းလုပ်ဆောင်ပေးနေကြပါတယ်။ အဲဒီလို ဥရောပအထောက်အပံ့ ရရှိနေကြတာ တောင်မှ အဲဒီပါတီတွေဟာ ရွေးကောက်ပွဲမှာ အမတ်တစ်နေရာ ရဖို့ဆိုတာ အခွင့်အလမ်း မရှိသလောက်ပါပဲ။ စစ် အစိုးရကတော့ “ အမျိုးသားလွှတ်တော်” နဲ့ “ ပြည်သူ့လွှတ်တော် ” နှစ်ရပ်လုံးမှာ သူတို့လူတွေပဲ အမတ်နေရာ အား လုံးရအောင် နည်းမျိုးစုံနဲ့လုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ အမတ်အားလုံးရဲ့ (၂၅) ရာခိုင်နှုန်းကို ယူနီဖောင်းဝတ် စစ် အရာရှိတွေက ယူထားပြီး၊ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းသော အမတ်တွေဟာလည်း စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ် ရဲ့ခါးပိုက်ဆောင် ပညာတတ်နဲ့စီးပွါးရေးသမားတွေ ထဲကပဲ ဖြစ်လာကြမှာပါ။

အဲဒီ အနာဂတ်လွှတ်တော်ဟာ အစိုးရဖွဲ့စည်းနိုင်တဲ့အာဏာ မရှိပါဘူး။ စစ်ဖက်ရေးရာမှာ ဥပဒေပြုနိုင်တဲ့အာဏာ မရှိ ပါဘူး။ သမ္မတက ခန့်အပ်သူမှန်သမျှနဲ့ သမ္မတက ရေးဆွဲတဲ့ ရသုံးမှန်းချေငွေစာရင်းကို လွှတ်တော်က ပယ်ချနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ အဖြေမဟုတ်ဘူးလို့ ဆိုလျှင် ဘယ်ဟာက အဖြေလဲ လို့ တစ်စုံတစ်ယောက်က မေးပါလိမ့်မယ်။ တွေ့ဆုံဆွေးနွေးရေးသာလျှင် မြန်မာ့နိုင်ငံရေးရဲ့ ဖြေရှင်းချက်ပါ။ နှစ်ပေါင်း များစွာ ကျနော်တို့ တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးကသာလျှင် အဖြေပါ။ တပ်မတော်ရယ်၊ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ် စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေရယ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကသာလျှင် မြန်မာ့နိုင်ငံရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ဒါကို စစ်အစိုးရက မလုပ်ချင်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာမိသားစုရဲ့ အလေးအနက်ထားပြီးတော့ လုပ်ဆောင်ကြမယ့် ပြင်ပဖိအား ပြင်းပြင်းထန်ထန်တွေနဲ့ ပြည်တွင်းက ငြိမ်းချမ်းတဲ့ဆန့်ကျင်အံတုမှုတွေ ပေါင်းစပ်နိုင်မယ် ဆိုလျှင်တော့ မြန်မာစစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း အထိ ရောက်လာအောင် တွန်းပို့နိုင်ပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲကနေ တစ်စုံတစ်ရာ ဖြစ်လာမလား ဆိုတဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေကို ဥရောပက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ စွန့်လွှတ်ကြပါစေလို့ ကျနော်က ဆုတောင်းနေပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေမယ့် ရည်ရွယ်ချက်နဲ့ တကယ်အလုပ်ဖြစ်မယ့် အလုပ်တွေကို စပြီးတော့ လုပ်ဆောင်ကြပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖြစ်ပေါ်ရေးက အစပြုပြီးတော့ ဥရောပ က ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေက စတင်လုပ်ဆောင် သင့်ပါတယ်လို့၊ ဦးဝင်းတင်က သူ့ဆောင်းပါးကို နိဂုံးချုပ် ထားပါတယ်။


0 နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်ဖွယ်ရှိပါသလား?


အောင်ဆန်းစုကြည် (အန်တီစု) နောက်လ နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွတ်လာတော့မယ်လို့ မနေ့ည က သြစတေးလျမှာ ရှိတဲ့ SBS သတင်းကနေ ကြေငြာသွားပါတယ်။ စစ်တပ်ဖက်က တာဝန်ရှိသူတစ်ယောက်က "နိုဝင်ဘာလဟာ အရေးကြီးတဲ့ လ တစ်ခုဖြစ်တယ်။ ရွှေးကောက်ပွဲနဲ့ အောင်ဆန်းစုကြည် (အန်တီစု) လွတ်လာတဲ့အတွက်ကြောင့်ပါပဲ"

နောက် တာဝန်ရှိသူတစ်ယောက်က တရားဥပဒေအတိုင်းအရဆိုရင် အောင်ဆန်းစုကြည်(အန်တီစု)ကို လွတ်မြောက်လာမှာသေချာပါတယ် လို့ပြောသွားတယ်။ အစိုးရ တရားဝင်ပြောဆိုခွင့်ရသူကလည်း အောင်ဆန်းစုကြည်(အန်တီစု)ဟာ သူမရဲ့ သက်တန်း ကုန်ဆုံးမဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွတ်မြောက်လာပါမယ်။ အခုလို သက်တမ်းကုန်ဆုံးပြီး လွတ်မြောက်မယ်ဆိုတာကို တရားဝင်ပြော US ရှေ့နေ Jared Genser ကို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ သူကတော့ ဖြစ်လာမယ် မထင်ဘူးလို့ မျှော်လင့်နေတယ်။

John Yettaw ရေကူးပြီး အောင်ဆန်းစုကြည်(အန်တီစု) နဲ့ စကားပြောဆိုခဲ့လို့ အောင်ဆန်းစုကြည်(အန်တီစု)ကို ၁၈ လ အကျယ်ချုပ် ချခံထားရပါတယ်။

နောက်ဆုံး ရွေးကောက်ပွဲကို ၁၉ ၉ ၀ မှာ ကျင်းပတုန်းက အောင်ဆန်းစုကြည်(အန်တီစု)ရဲ့ ပါတီ NLD ဟာ ၈၀% ပါလီမန် အမှတ်နေရရခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင်မဖြစ်ခဲ့ပါဘူး။ အခုတစ်ခါ အောင်ဆန်းစုကြည်(အန်တီစု)ဟာ အနှစ် ၂၀အတွင်းမှာ ဒုတိယအကြိမ်ဖြစ်မဲ့ ရွေးကောက်ပွဲမတိုင်ခင် ၆ ရက်အကျော်မှာ လွတ်မြောက်လာတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

တစ်ခြားသတင်းများအရကတော့ လွတ်ပြီးချက်ခြင်း အကျယ်ချုပ် ပြန်လည်ကျခံဖို့ ဖြစ်နိုင်ကြောင်းပြောဆိုနေတယ်။ တစ်ချို့ကတော့ သက်တမ်း ထက်တိုးမယ်လို့လည်း ယုံကြည်နေပါတယ်။ တစ်ချို့ကတော့ အကန့်အသတ်တွေနဲ့ လွတ်မြောက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

အေပီ သတင်းဌာနက အောက်တိုဘာ ၁ ရက်နေ့သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမပေးနဲ့ လွှတ်မယ်ဆိုရင်လည်း ဘယ်တော့ လွှတ်ပေးမယ် ဆိုတာကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသာ သိမှာဖြစ်ကြောင်း အဲဒီ စစ်အစိုးရ အရာရှိနှစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောဖို့ စောလွန်းနေသေးကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်မှာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ် မလွှတ်ဖူးဆိုတာ အတိအကျ မပြောနိုင်သေးကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းဌာနက အောက်တိုဘာ ၁ ရက် နေ့ကရေးသားထားပါတယ်။

Ref links:-RFA
SMH: http://www.smh.com.au/world/doubts-r...001-1610w.html
SBS: http://sbs.com.au

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိပြန်လည် ကောင်းမွန်ပြီး ဆေးရုံမှဆင်းနိုင်ပြီ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာTang Tock Seng ဆေးရုံမှ မျက်စိအိမ်အတွင်းမှ သွေးခဲများအား အောင်မြင်စွာဖယ်ရှားခွဲစိတ်ပြီး စိုးရိမ်းစရာ မရှိတော့တဲ့ အတွက် ယနေ့နေ့လည် (၁)နာရီခွဲမှ ဆင်းရုံဆင်းခွင့်ရရှိခဲ့ပါတယ်.။လာမည့်တနင်္လာနေ့ ၁၁.၁၀.၂၀၁၀ ရက်နေ့မှာ မျက်စိအခြေအနေအား ဆရာဝန်မှ ထပ်မံစမ်းသပ် စစ်ဆေးပြီးအခြေအနေအလုံးစုံ ကောင်းမွန်ပါက မြန်မာပြည်သို့ ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်..

စင်ကာပူဆေးရုံ၌ မြန်မာဆရာဝန်များ၏ ကြိုးပမ်းကုသမှု၊ အပြည်ပြည်ဆိုင်ရာမှ စိတ်အား၊လူအားဖြင့် မေးမြန်းစုံစမ်း အားပေးမှုများအားဘဘဦးတင်ဦးမှာ အထူးကျေးဇူးတင်ကြောင်း ဆိုပါတယ်။ အသက်(၈၃)နှစ် ရှိပြီဖြစ်တဲ့ ဘဘဦးတင်ဦးဟာ Physically နဲ့ Mentally ပါအထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်.။

သတင်းနှင့်ဓာတ်ပုံများ ပေးပို့ ပေးသော ကိုဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

Friday, October 1, 2010

0 ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး၊ လွတ်လပ်တရားမျှတပြီး သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေး မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး (NCUB) ကအခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက် လာအောင် ကြိုးပမ်းမှုတွေကို အားပေးထောက်ခံသလို အစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အများပါနိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ တောင်းဆိုတာကိုလည်း ကြိုဆိုကြောင်း စက်တင်ဘာ ၂၉ ရက် မနေ့က (NCUB) ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ချမှတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စနစ်ဟာ အခြေခံအားဖြင့် ဒီမိုကရေစီနဲ့ မကိုက်ညီသလို လက်ရှိအနေထားမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို ပြည်သူလက်ခံထားတဲ့ ခေါင်းဆောင်တွေ ပါဝင်ခွင့် ကန့်သတ်ထားသလို အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးတာကို ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ဒါ့အပြင် စစ်အစိုးရအလိုကို မလိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး တနိုင်ငံလုံးပြည်သူတွေအပေါ် ကြောက်ရွံ့စိတ်လွှမ်းနေအောင် လုပ်ဆောင်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဟာ အများပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ကြောင်း NCUB ကက ဝေဖန် ထောက်ပြထားပါတယ်။

သတင်း။ ။ RFA

0 လူမှုရေးဝန်ထမ်းများ တိုက်ပွဲဝင်တော့မည်

ကမ္ဘာလောကကြီးတွင် အာဏာအတွက် တိုက်နေတဲ့ စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အာဃာတအတွက် တိုက်နေတဲ့ စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ ဘာသာရေး အတွက် တိုက်နေတဲ့ စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ …. စတဲ့ … စတဲ့ ၀ိရောဓိ စစ်ပွဲများ အပြိုင်အဆိုင် တိုက်ခိုက်ကျင်းပနေချိန်မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုး မရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ မိတ်ဆွေရန်သူ မရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စ အ၀၀တို့ကို နိုင်သလောက် ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။

အထူးအားဖြင့် နာရေးကူညီမှု ပြုလုပ်ရာ၌ စည်းကမ်းရှိရှိ၊ စနစ်တကျ၊ ကျန်းမာရေးနှင့် ကိုက်ညီ ရန် ရုပ်အလောင်းများကို သယ်ဆောင်ရာ၌ အများအမြင်တွင် တင့်တယ်မှုရှိစေရန်အတွက်၎င်း၊ အယူ သည်းမှု မိစ္ဆာဒိဋ္ဌိအယူဝါဒ အစွဲများ ပပျောက်စေရန်အတွက်၎င်း၊ ၀န်ထမ်းများ၊ အသင်းသူ/သားများကို သင်တန်းများပို့ချ ပေးလျှက်ရှိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၀န်ထမ်းများသည် နာရေးကူညီ ဆောင်ရွက်ရာ၌ အသင်း၏ ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်သည်။

ကော်မတီဝင်များ မပါရှိ သော နာရေးကူညီမှု လမ်းကြောင်းများတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့သည် အသင်း ကိုယ်စား ဦးဆောင်၍ နာရေးရှင်များနှင့် တွေ့ဆုံရခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင် ချက်များကို နာရေးရှင်တို့ နားလည်သဘောပေါက်အောင် ပြောကြားရခြင်း၊ ရုပ်အလောင်းများကို သယ်ဆောင်ရခြင်းစသည့် ပေးဆပ်မှုများကို နေ့တစ်ဓူဝ ထမ်းဆောင်နေရသူများ ဖြစ်သည်။ ထို့ကြောင့် လူမှုရေးရှေ့တန်း တိုက်စစ်မှူးများ ပီပီ မိမိတို့ ပေးဆပ်ရာ၌ လူအချင်းချင်း လူသားချင်း စာနာစိတ် တို့ဖြင့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ တိုက်ပွဲဝင်ဖို့ လိုအပ်ပေသည်။

ယနေ့ ၃၀.၉.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၈း၀၀) နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ ဘုရားခန်းမဆောင်တွင် ၀န်ထမ်းများ အားလုံးအား အသင်းအုပ်ချုပ်သူ မန်နေဂျာမှ ၀န်ထမ်းစည်းကမ်း စည်းမျဉ်းများ၊ ထမ်းဆောင်ရမည့် တာဝန်များကို တိကျစွာ လိုက်နာဆောင်ရွက် ပေးဆပ်ရန်၊ သီလလုံရန်၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားရန် စသည်တို့ကို ပြောကြား မှာကြားခဲ့သည်။

ထို့အပြင် ရုပ်အလောင်းများကို အထပ်မြင့် အဆောက်အဦးတို့မှ သယ်ချရာတွင် အသုံးပြုသော ရေလုံဇစ်အိတ်၊ ထမ်းစဉ်တို့ကို အသုံးပြုပုံ အဆင့်ဆင့်တို့အား၎င်း၊ မှားယွင်းစွာ အသုံးပြုခဲ့သော နာရေး လမ်းကြောင်း၏ မှတ်တမ်းဓါတ်ပုံများကို ယှဉ်တွဲ၍ Slide Projector ဖြင့် ပြသပြီးနောက် ရုပ်အလောင်း များအား သယ်ဆောင်ရာ၌ လူသေ/ရှင် ဟူ၍ မခွဲခြားဘဲ ကြင်နာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်များ မွေး၍ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းများ ပါဝင်သော ဂျပန်ရုပ်ရှင် (DEPARTURES) ဇာတ်ကားမှ မိမိတို့နှင့် အကျုံးဝင်သော ဇာတ်ဝင်ခန်းများအား အဓိကထား၍ ပြသကာ သင်တန်းပို့ချခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးဝန်ထမ်းများသည် အသင်းသူ/သားများ ကော်မတီဝင်များနှင့် အတူပူးပေါင်း၍ အများပြည်သူအတွက် စနစ်သစ်ဖြင့် လူမှုရေးတိုက်ပွဲ ၀င်တော့မည် ဖြစ်ပါသည်။



သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခြင်း

ဇော်မင်း

ဒီ ရက်ပိုင်းကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေကပဲ စီစီညံနေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရွေးကောက်ပွဲ ဟာ ဘာပဲ ပြောပြော မရှိတာထက်စာရင် ကောင်းတယ်လို့ ငြင်းတဲ့သူတွေ ရှိနေသလို ရွေးကောက်ပွဲဝင်ပြီး ပါလီမာန်တွင်းကနေ တိုက်ပွဲဝင်ယူမယ်၊ နောင်မှာ တဖြည်းဖြည်းနဲ့ ပြင်ယူသွားမယ် ဆိုတဲ့ နိုင်ငံရေးပါတီများ လည်း ရှိနေပါတယ်၊။ တချိန်ထဲမှာလည်း ရွေးကောက်ပွဲကို မဝင်ရေး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲရုံကိုသွားပြီး မဲမထည့်ရေးကို အဆိုတင်သူများလည်း ရှိပါတယ်။ အကယ်၍ ရွေးကောက်ပွဲသာ ချောချော မောမော ဖြစ်ခဲ့မယ် ဆိုရင် စစ်အစိုးရက နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီက နေရာအတော်များများမှာ အနိုင်ရ ဖို့ကတော့ သေချာသလောက် ရှိနေပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတိုင်း ကလည်း အဲသလို ကြိုတင်သုံးသပ် ကြပါတယ်။

အကယ်၍ တစုံတဦးက ကျနော့်ကို မေးလာမယ် ဆိုပါတော့။ ခင်ဗျားက ရွေးကောက်ပွဲ သပိတ်မှောက် ရေးလား သို့မဟုတ် ရွေးကောက်ပွဲလုပ်တာကို ထောက်ခံတဲ့ ဘက်ကလားလို့ မေးလာရင် ကျနော့် အဖြေကတော့ ရိုးရိုး ရှင်းရှင်းပါပဲ။ မဲမထည့်ဘူး ဆိုတဲ့ အဖြေကို ပေးမှာဖြစ်ပါတယ်။ ကြိုတင်မဲလည်း မထည့်ဖူး၊ မဲရုံကိုသွားပြီးလည်း မထည့်ဖူး။

တချို့ကတော့ ဆိုပါတယ်။ စစ်အစိုးရကို မကြိုက်ပေမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာကိုတော့ လက်မခံ နိုင်ပါ ဘူးတဲ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အလမ်းကနေ နောင်မှာ ကိုယ်လိုချင်တာတွေ ဖန်တီးယူသွား နိုင်တယ်လို့ ဆိုပါတယ်။ တချို့ကလည်း စစ်အစိုးရဟာ ရွေးကောက်ပွဲကို ကျင်းပပေးတာဟာ အကြောင်းရှိပါတယ်တဲ့။ ဘာအကြောင်းလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်းခြင်း စနစ်တကျ ဆုတ်ခွာသွားနေတာလည်း ဖြစ်လို့ပါတဲ့။ အယူအဆ ကတော့ အမျိုးမျိုးပေါ့လေ။ ကိုယ့်အယူအဆကို ကိုယ် တင်ပြတာ တင်ပြခွင့် ရှိပါတယ်။

ကျနော်ဘာကြောင့် မဲသွားမထည့်ဖူးဆိုတာကို ပြောပြလိုပါတယ်။

နိုင်ငံသားတိုင်းမှာ မွေးရာပါ နိုင်ငံသားတဦးရဲ့ အခွင့်အရေးများ ရှိပါတယ်။ အဲသည့် အခွင့်အရေးတွေ ပိတ်ပင် ခံထား ရတယ်ဆိုရင် ပိတ်ပင်တဲ့ အုပ်ချုပ်သူများကို ဝေဖန်ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေဟာ ၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအသစ်ကို ဘာမှန်း သေသေချာချာ မသိလိုက်ရဘဲ မဲထည့်ကြဆိုလို့ မဲထည့်ခဲ့ရပါတယ်။ နိုင်ငံသားတွေ အနေနဲ့ မဲမထည့်ခင် အဲသည့် ဖွဲ့စည်းပုံကို ပြန်လှန် ဆွေးနွေးခွင့်ရခြင်း မရှိခဲ့ပါဘူး။ မရဘူး ဆိုတာကလည်း နိုင်ငံသားတွေဆီကို ချပြခဲ့တာမှ မဟုတ်တာကိုး။ သူတို့ဟာ သူတို့ ညီလာခံလုပ်၊ သူတို့ဟာ သူတို့ ဥပဒေတွေရေး ပြီးတော့မှ လူတွေကို ဇွတ်အတင်း မဲထည့်ခိုင်းခဲ့တာ မဟုတ်လား။ မဲထည့်တော့လည်း မဲညစ်ပတ် တာတွေ အများကြီး တိုင်းပြည်မှာ ဖြစ်ခဲ့တာလည်း လူတိုင်းသိနေပါတယ်။

အခုလည်း ရွေးကောက်ပွဲကို မဲထည့်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ဘာညာဆိုပြီး လုပ်လာပြန် ပါတယ်။ ကျုပ်တို့မှာ ဘာတာဝန် ရှိလို့တုန်းလို့ ပြန်မေးလိုပါတယ်။ အစကထဲက သူတို့လုပ်ချင်သလို လုပ်ထားတယ်၊ လူတွေကိုလည်း ဘာမှ အသိမပေး၊ လူတွေဆီက သဘောထား တောင်းခံတာလည်း မရှိ၊ လူအများကြားမှာ အကျယ်တဝင့် ရှင်းလင်းပြဆို ခဲ့တာလည်း မရှိ။ လုပ်ချင်သလို လုပ်ခဲ့ပြီးမှ အခုကြတော့ မဲထည့်ဖို့ တာဝန်ရှိ တယ်ဆိုပြီး ပြောတာ နည်းလမ်း ကျပါ့မလား။ အဲတာကိုလည်း စစ်အုပ်စုနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီတွေ၊ စစ်အုပ်စုနဲ့ မနီးစပ်ပေမဲ့ ရွေးကောက်ပွဲ ဝင်လိုသူ နိုင်ငံရေး ပါတီ များက ပြောလာပြန်ပါတယ်။

တခါ ရွေးကောက်ပွဲ မဝင်ဖူးဆိုရင် နိုင်ငံရေး အခွင့်အလမ်းတခုကို လက်လွှတ်လိုက်သလို ဖြစ်သွားမယ် ဆိုပြီး ပြောနေတဲ့ ပညာရှင် အုပ်စုဆိုသူများလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာ အခုအတည်ပြု ထားတဲ့ ဖွဲ့စည်းပုံဟာ အမေရိကန် ဖွဲ့စည်းပုံ နဲ့ နင်လားငါလား ကောင်းမွန်တယ်လို့ ဟောပြောတဲ့ ပညာရှင်ဆိုသူများလည်း တွေ့ရပါ သေးတယ်။ အမေရိကန်တွေ ကြားရင် တက်တောင်သေဦးမယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အသစ်ဟာ အမေရိကန် ဖွဲ့စည်းပုံလို ထပ်တူနီးပါး ကောင်းပါတယ် ဆိုရင် ကောင်းတဲ့အကြောင်းကို ဘီဘီစီတီဗွီတို့၊ စီအန်အန်တို့၊ အယ်ဂျာဇီးရာ တီဗွီတို့မှာ ကမ္ဘာသိ ပြောရဲ သလား (သို့မဟုတ်) အမြင်မတူသူများနဲ့ ဒီဘိတ် လုပ်ရဲသလား၊ ဆွေးနွေးရဲသလားလို့ မေးချင် ပါသေးတယ်။

ဒါတွင်မကသေးပါဖူး။ မြန်မာပညာရှင်များက ဒီရွေးကောက်ပွဲကို နည်းနာတခုအနေနဲ့၊ နည်းဗျူဟာ တခုအနေနဲ့ အကျိုးရှိစွာ အသုံးချဖို့ ဆိုတာလည်း ပြောပါသေးတယ်။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အချိန်ကောင်းကို စောင့်ရမယ်လို့လည်း ထပ်ဆောင်း ဆိုပါသေးတယ်။ ဒါဟာ တကယ်စိတ်စေတနာ အမှန်နဲ့ ပြောတာလား (သို့မဟုတ်) ကိုယ်ဖြစ်စေလိုတဲ့ လမ်းကြောင်းကို ချပေးချင်တာလား ဆိုတာကတော့ ကာယကံ ရှင်တွေမှ သိမှာပါ။ နိုင်ငံသားတွေကို ကိုယ်ဖြစ်စေလိုတဲ့ နည်းဗျူဟာ အတိုင်း လိုက်လုပ် စေချင်ရင် အစကတည်းက လူတွေက အသိအမှတ်ဝိုင်းပြုထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ဖို့ တော့ လိုတာပေါ့။ အသိအမှတ်ပြုတယ် ဆိုတာ ကလည်း အသိအမှတ်ပြုရ လောက်အောင် ကောင်းမွန်တဲ့ ချီးကြူးခံရ လောက်တဲ့ အလုပ်တွေ ဆက်တိုက် လုပ်ခဲ့မှ ဖြစ်မှာကိုး။

အခုတော့ အဲသလိုမဟုတ်ဘဲ ဘုရားသခင်က ခိုင်းလိုက်လို့၊ တိုက်ရိုက်လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေလိုပဲ။ သူတို့ နည်းဗျူဟာအတိုင်း လူတွေလုပ်ဆောင်သင့်တယ်လို့ ပြောနေကြတာ။ နိုင်ငံသားတိုင်းမှာ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပြီး သားပါ။ မဲထည့်ဖို့ လိုအပ်တယ်လို့ ယူဆရင် ထည့်မယ်။ မဲမထည့်သင့်ဘူးလို့ ယုံကြည်စရာ အကြောင်းတွေ ရှိနေရင်လည်း မဲမထည့်နိုင်ခွင့် လူတွေမှာ ရှိနေတယ် ဆိုတာကိုလည်း လက်ခံဖို့လိုတာပေါ့။ ဒီမိုကရေစီမှာ သဘောထား ကွဲပိုင်ခွင့် ရှိတာကိုး ဟုတ်တယ်မို့လား။

အမှန်ဆိုရင် ဖြစ်သင့်တာက ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်လို့ နိုင်ငံသားတွေ အကြားမှာ ရေရေရာရာ ရှင်းပြတာ တွေ၊ ဆွေးနွေးတာတွေ လုပ်ခဲ့ဖို့လိုပါတယ်။ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေကို ထောက်ပြခွင့် ပေးခဲ့ဖို့ လိုပါတယ်။ ဘာဆို ဘာမှ လူတွေကို သိခွင့်၊ ကြားခွင့်၊ ဆွေးနွေးခွင့် မပေးခဲ့ဘဲ အခုကျမှ နိုင်ငံသားတိုင်း မဲထည့် သင့်တယ်လို့ ပြောနေတာ အရုပ်ဆိုး လွန်းတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်တို့ မဲတွေထည့်ခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးစနစ် အပြောင်း အလဲကို လိုချင်ကြလို့ပါ။ ရွေးကောက်ပွဲ ပြီးတာနဲ့ ဟုန်းကနဲ စီးပွားရေးကောင်းလာဖို့ မျှော်မြင်ပြီး မဲကိုထည့်ခဲ့ ကြတာ မဟုတ်ပါ။ သို့သော် အနှစ် ၂ဝ သာကြာခဲ့တယ်။ နိုင်ငံသားတွေ ပေးခဲ့တဲ့ မဲတွေဟာ အမှိုက်တောင်းထဲ အထည့်ခံ လိုက်ရသလိုပါပဲ။ ဘာမှ ဖြစ်မလာခဲ့ပါဖူး။ နိုင်ငံသား လူထုတွေရဲ့ ဆန္ဒထက် သေနတ် ပြောင်းဝကသာ အဆုံးအဖြတ် ပေးတဲ့ ပေါ်လစီကို ကိုင်ထား ခဲ့တာကိုး။ အခုလည်း လာပြန်ပြီ နောက်တခါ၊ ရွေးကောက်ပွဲ အသစ်တဲ့။ အရင်တခါကလည်း အလိမ်ခံထား ရပြီးပြီ။ ဘာဖြစ်လို့ မဲထည့်ရမှာတုန်း။ နောက်တခါ ထပ်လိမ်မယ် ဆိုတာကြီးကို သိနေတဲ့ ဥစ္စာပဲ။ နိုင်ငံရေးနည်းဗျူဟာတို့ ဘာတို့ ပြောပြီး လူတွေကို မဲထည့်ခိုင်းတဲ့ သူတွေကို ဘယ်လို ယုံကြည်ရမှာလဲ။ ပြီးတော့ အဲသည့်လူတွေဟာ ဘယ်ဥက ပေါက်တာတွေ မှန်းလဲ မသိ။ သူတို့ဟာ နိုင်ငံသားလူထုတွေ ဖက်ကလား (သို့မဟုတ်) စစ်တပ်ရဲ့ ပျော်တော်ဆက်တွေ လား ဆိုတာ ကိုယ်တွေမှ မသိတာ။

နောက်တခုက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနက်နေတာ နှစ်ပေါင်းများပါပြီ။ ဆင်းရဲတဲ့ အကျိုးဆက် အဖြစ် ငယ်ငယ် ရွယ်ရွယ်နဲ့ ကျောင်းထွက်ရတဲ့ လူဦးရေက များသထက် များလာ နေပါတယ်။ ပညာတတ်တွေ နည်းနည်းလာနေပါတယ်။ လိုအပ်တဲ့ အတိုင်းအတာ တခုအထိ ပညာ သင်ကြားနိုင်ခြင်း မရှိတဲ့ လူ့အဖွဲ့ အစည်း တခု အတွင်းမှာ အသိပညာ ဗဟုသုတ သူများထက် နောက်ကျလေ့ ရှိပါတယ်။ အဲတော့ကာ သူများထက် အသိပညာ ဗဟုသုတ နောက်ကြနေတဲ့ ကိုယ့်ရဲ့ နိုင်ငံသားတွေကို လိုအပ်တဲ့ ပညာပေးမှုတွေ၊ အသိပေးမှုတွေ အစရှိတာတွေကိုတော့ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲတော့ ရောက်လာပြီ၊ ကိုင်း ကိုင်း... မဲသွားထည့်ကြလို့ ပြောရုံနဲ့တော့ ဒီမိုကရေစီကို တည်ဆောက်ဖို့ ရလိမ့်မယ်လို့ မထင်ပါ။ အရပ်စကားနဲ့ ပြောရရင် ဘာမှမသိတဲ့ သူတွေကို နှပ်ချတယ်လို့ ကျနော် ကတော့ စွပ်စွဲပါတယ်။

နိုင်ငံသားတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံ့အရေးအရာ ကိစ္စတွေဟာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုး သားသား လုပ်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နည်းနာအရ နည်းဗျူဟာအရ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောသင့်တာမျိုး မဟုတ်ပါဖူး။ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး အစရှိတဲ့ ကိစ္စတွေမှာတော့ နည်းနာတို့ ဗျူဟာတို့ကြောင့် အဆုတ်၊ အတက်၊ အကွေ့၊ အပတ်တွေ ရှိပါတယ်။ သို့သော်လည်း နိုင်ငံသားတွေ ကြိုက်ခွင့် မကြိုက်ခွင့်၊ သဘောတူခွင့် မတူခွင့်တွေ ပါရှိနေတဲ့ နိုင်ငံရေးကိစ္စများ မှာတော့ ပွင့်လင်းမှုနဲ့ သွားမှသာ အနာဂတ်အတွက် ရလဒ်ကောင်း ရမှာလည်း ဖြစ်ပါတယ်။ အကောင်း အဆိုး ခွဲခြားသိမြင်အောင် အကူအညီတော့ မပေးခဲ့ဘဲနဲ့ အခုမှ တက်ပါဦး၊ ဆုတ်ပါဦး၊ ကွေ့လိုက်ပါဦး ဆိုပြီး လိုင်းချ ပေး နေတဲ့ သူများကို ကျနော်ကတော့ မယုံပါ။ မယုံရတဲ့သူတွေ များနေလို့ ဒီရွေးကောက်ပွဲကို ကျနော်သာဆိုရင် မဲမပေးဖူးလို့ ပြောတာ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချခွင့် ရှိပါတယ်။ ဒါသာလျှင် ဒီမိုကရေစီရဲ့ အစိတ်အပိုင်း များထဲက တခုဖြစ်ပါတယ်။

ဇော်မင်း
၃ဝ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁ဝ ခုနှစ်

Thursday, September 30, 2010

0 ဗြိတိန်လေဘာပါတီညီလာခံတွင် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး၏ သမီး) မြန်မာပြည်အကြောင်းမိန့် ခွန်း မြန်မာဘာသာပြန်.


photo by enigmaimages

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma CampaignUK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

GeneralBoz

0 မြန်မာပြည် စစ်ရာဇဝတ်မှုစုံစမ်းရေးကို ထောက်ခံသည်မှာ ၁၁ နိုင်ငံ ရှိပြီ

မြန်မာစစ်အစိုးရခေါင်းဆောင်တွေ စစ်ရာဇဝတ်မှု ကျူးလွန် ခြင်း ရှိမရှိ နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေး အဆိုပြုချက်ကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ လစ်သူအေးနီးယားက ၁၁ နိုင်ငံမြောက်အဖြစ် ထောက်ခံလိုက်ပါတယ်။ ဒီလိုထောက်ခံကြောင်း လစ်သူအေးနီးယား နိုင်ငံခြားရေးဌာနက လန်ဒန်အခြေစိုက် ဘားမားကမ်ပိန်း-ယူကေအဖွဲ့ကို အကြောင်းကြားလိုက်ပါတယ်။

လစ်သူအေးနီးယားရဲ့ ထောက်ခံမှုဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေးအ တွက် အရေးပါပါတယ်လို့ ဘားမားကန်ပိန်း-ယူကေ နိုင်ငံခြားရေးတာဝန်ခံ နန့်ဇိုယာ ဖန်းက ပြောကြားပါတယ်။ အရင်လအတွင်း လစ်သူအေးနီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတုန်းက ဥရောပသမဂ္ဂမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထောက်ခံမှုတွေပိုရဖို့ ကြိုးစားသွားမယ် လို့ ပြောကြားလိုက်ကြောင်းလည်း နန့်ဇိုယာဖန်းက ပြောပါတယ်။

ဘားမားကန်ပိန်း-ယူကေကလည်း ကျန် ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို ရရှိဖို့ ဆက်လက်စည်းရုံးလှုံ့ဆော်နေတယ်လို့လည်း ဆိုပါတယ်။ လစ်သူအေးနီးယားနိုင်ငံဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို ထောက်ခံတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်တွေထဲက ၇ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဗြိတိန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ နယ်သာလန်၊ ချက်၊ ပြင်သစ်တို့ ဖြစ်ပါ တယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတို့ကလည်း ထောက်ခံ ထားပြီးဖြစ်ပါတယ်။

(dvb)

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး မနက်ဖြန် ၃၀ရက်နေ့မှာ မျက်စိခွဲစိတ် ကုသမှုခံယူမည်..

တက်ရောက် ခွဲစိတ်ကုသမည့် ဆေးရုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ မျက်စိခွဲစိတ် ကုသမှု ခံယူရန်အတွက် ဇနီးဖြစ်သူဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် အတူ ယခုလ၂၈ရက်နေ့ နေ့လည် (၁၁)နာရီခန့်က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပါတယ်.. ဘဘဦးတင်ဦးဟာ မျက်စိအိမ်အတွင်းမှ သွေးယိုစိမ့် မှုဖြစ်ခဲ့ပြီး မျက်စိအိမ်အတွင်းပိုင်း Retina အား အဆိုပါသွေးကွက်မှ ဖုံးအုပ်သွားမှုကြောင့် ယခုကဲသို့ ခွဲစိတ်ကုသ ခံယူရခြင်းဖြစ်ပါတယ်။ မနက်ဖြန် နေ့လည် ၃နာရီမှာ.. Tang Tock Seng ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီး တညတာ ဆေးရုံမှာ တက်ရောက် ကုသမှာဖြစ်ပါတယ်။ အသက် ၈၃နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ ယနေ့အချိန်ထိ ဘဘဦးဝင်းတင်နဲ့ အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥိးဆောင်မှု ပေးလျှက်ရှိပါတယ်။ ယခုစင်ကာပူနိုင်ငံသို့ ခေတ္တ မျက်စိကုသရန် ရောက်ရှိနေတဲ့ ဘဘဦးတင်ဦးဟာ စိတ်ရော ကိုယ်ပါ အထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်။

ခရီးဆောင် Suit Case ကတော့ ၁၉၇၀ ခုနှစ်ခန့်က အမေရိကားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က အိတ်ဖြစ်ပြီး
ဘဘဦးတင်ဦး တပ်ရင်းမှုးဘဝကတည်းက အသုံးပြုခဲ့တဲ့ စစ်တပ်သုံးအိတ်နဲ့ အရောင်တောက်ပမှု မရှိတော့တဲ့ ပစ္စည်းလေးတွေကို တရိုတသေ ယခုထက်တိုင် အသုံးပြုနေတဲ့ ရိုးသားဖြူစင်တဲ့ ဘဘဦးတင်ဦးပါ..

သတင်း။ ။ ဒီမိုဝေယံ

Wednesday, September 29, 2010

0 မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ၂၀၁၀ ရွေးကောက်ပွဲလက်ကမ်းစာစောင်

2010 Ele Pamphlets

(ပုံစံ - ၁)

ဖိအားပေးခံရသည့် ကြိုတင်မဲများ

                လိမ်လည်ခံရသည့် ကြိုတင်မဲများ

                လာဒ်ပေးခံရသည့် ကြိုတင်မဲများ

                ကြိုတင်မဲ ပုံမှန်ပေးခွင့်ရှိသူများမှာ နိုင်ငံခြားရောက်နေသူများ၊ ကျန်းမာရေး မကောင်းသူများ၊ သားဖွားနေသူများ၊

အချုပ်ကျနေသူများ၊ ရှေ့တန်းထွက်နေရသူများ နှင့် ရွေးကောက်ပွဲနေ့တွင် အကြောင်းတခုခုကြောင့်

မဲရုံသို့ မလာနိုင်သူများသာဖြစ်ပါသည်။ ထိုအချက်များနှင့် မကိုက်ညီသည့် ကြိုတင်ဆန္ဒမဲများသည်

တနည်းနည်းဖြင့် မတရားလုပ်ခံရသည့် ကြိုတင်မဲများဖြစ်သည်။

စဉ် မဲဆန္ဒနယ် နှင့်

မဲရုံအမှတ်

အမတ်လောင်း

အမည်

ကျူးလွန်သည့်နေ့ ကျူးလွန်သူ ကျူးလွန်

ခံရသူ

ဖြစ်ပွားပုံ သိရှိပုံ(ခြစ်ရန်) မှတ်ချက်
ကိုယ်တိုင်

ဖြစ်

ကိုယ်တိုင်

မြင်

ဆင့်

သိ

သာမန်အကြား
၁။










၂။










၃။










၎။










၅။










၆။










၇။










၈။










၉။










၁၀။










၁၅။










၁၆။










၁၇။










၁၈။










၁၉။










၂၀။











မဲဆွယ်စည်းရုံးမှု(ပုံစံ-၄)

စဉ် ပါတီ/

တသီးပုဂ္ဂလ

စည်ရုံးမှုပုံစံ တရားဝင်

ခွင့်ပြုမှု

(ရှိ/မရှိ)

တရားမ၀င်

ခွင့်ပြုမှု

(ရှိ/မရှိ)

တားမြစ်

ကန့်သတ်မှု

(ရှိ/မရှိ)

ကန့်သတ်ပုံ သိရှိပုံ(ခြစ်ရန်) မှတ်ချက်

စည်းရုံးမှုပုံစံဆိုသည်မှာ

လှည့်လည်စည်းရုံးခြင်း၊ ရေဒီယို ရုပ်မြင်သံကြားမှ လွှင့်ခြင်း၊

စာစောင် စာရွက်စာတမ်း

ထုတ်ဝေခြင်း တို့ဖြစ်သည်။








ကိုယ်

တိုင်

ဖြစ်

ကိုယ်

တိုင်

မြင်

ဆင့်

သိ

သာမန်

အကြား

၁။










၂။










၃။










၎။










၅။










၆။










၇။










၈။










၉။










၁၀။










၁၁။










၁၂။










၁၃။










၁၄။










၁၅။










၁၆။










၁၇။










၁၈။










၁၉။










၂၀။










၂၁။










၂၂။










၂၃။










၂၄။










၂၅။












သတင်းဖေါ်ပြခွင့်(ပုံစံ-၅)

စဉ် မီဒီယာအမည် ဖေါ်ပြခွင့်မရသည့် အကြောင်းအရာ ဖေါ်ပြခွင့် မပြုပုံ သိရှိပုံ(ခြစ်ရန်) မှတ်ချက်
ကိုယ်

တိုင်

ဖြစ်

ကိုယ်

တိုင်

မြင်

ဆင့်

သိ

သာမန်

အကြား

၁။







၂။







၃။







၎။







၅။








သတင်းဖေါ်ပြခွင့်(ပုံစံ-၅.၁)

စဉ် မီဒီယာအမည် သတင်းထောက်အမည် လိုက်ခွင့်မပြုသည့်

အကြောင်းအရာ

ခွင့်မပြုပုံ သိရှိပုံ(ခြစ်ရန်) မှတ်ချက်

ခွင့်မပြုပုံဆိုသည်မှာ

နှောင့်ယှက်၊ တားမြစ်၊ ခြိမ်းခြောက်၊ ဖမ်းဆီး၊ ရိုက်နှက်၊ မောင်းထုတ်၊ သတ်ဖြတ်ခြင်းကို ဆိုလိုပါသည်။

ကိုယ်

တိုင်

ဖြစ်

ကိုယ်

တိုင်

မြင်

ဆင့်

သိ

သာမန်

အကြား

၁။








၂။








၃။








၎။








၅။











စောင့်ကြည့်လေ့လာခွင့် (ပုံစံ-၆)

စဉ် စောင့်ကြည့်

လေ့လာမည့်

သူ/အဖွဲ့

ခွင့်မပြုပုံ သိရှိပုံ(ခြစ်ရန်) မှတ်ချက်




ခွင့်မပြုပုံဆိုသည်မှာ

နှောင့်ယှက်၊ တားမြစ်၊ ခြိမ်းခြောက်၊ ဖမ်းဆီး၊ ရိုက်နှက်၊ မောင်းထုတ်၊ သတ်ဖြတ်ခြင်းကို ဆိုလိုပါသည်။

ကိုယ်

တိုင်

ဖြစ်

ကိုယ်

တိုင်

မြင်

ဆင့်

သိ

သာမန်

အကြား

၁။






၂။






၃။






၎။






၅။






၆။






၇။






၈။






၉။






၁၀။









ရွေးကောက်ပွဲကော်မရှင်၏ မတရားလုပ်ရပ်များ (ပုံစံ-၇)

စဉ် ပြုလုပ်ခံရသည့်ရက်စွဲ မတရားပြုလုပ်ခံရသည့်လုပ်ရပ် ပြုလုပ်ခံရသည့် ပါတီ/ ပုဂ္ဂိုလ် သိရှိပုံ(ခြစ်ရန်) မှတ်ချက်
မတရားပြုလုပ်ခံရသည့် လုပ်ရပ်ဆိုသည်မှာ

ကန့်သတ်ချုပ်ချယ်မှု၊ ဘက်လိုက်မှု၊ သြဇာလွှမ်းမိုးမှု၊ ဥပဒေချိုးဖေါက်မှု စသည့် တရားမျှတမှုမရှိသည့်

လုပ်ရပ်များကို

ဆိုလိုပါသည်။

ကိုယ်

တိုင်

ဖြစ်

ကိုယ်

တိုင်

မြင်

ဆင့်

သိ

သာမန်

အကြား

၁။







၂။







၃။







၎။







၅။










အသိပေးကြေညာခြင်း (ပုံစံ-၈)

စဉ် ပြုလုပ်သည့်

ရက်စွဲ

မဲဆန္ဒနယ် မဲပြားအကြောင်း

ရှင်းလင်းခြင်း

(ရှိ/မရှိ)

မဲပေးပုံစနစ်

ရှင်းလင်းခြင်း

(ရှိ/မရှိ)

မဲသိမ်းဆည်းမှု

စနစ်ရှင်းလင်းခြင်း

(ရှိ/မရှိ)

မဲရေတွက်မှုစနစ်

ရှင်းလင်းခြင်း

(ရှိ/မရှိ)

မှတ်ချက်
၁။






၂။






၃။






၎။






၅။






၆။






၇။






၈။






၉။






၁၀။






0 ဒီမိုကရေစီ နှင့် မြန်မာပြည်

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှမြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။

အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။

နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။

တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 မြန်မာဒုက္ခသည် ၁၈ ဦး ဂျပန်မှာ အခြေချဖို့ ရောက်ရှိ


ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၁၈ ယောက်တို့ဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ဂျပန်နိုင်ငံကို ရောက်သွားခဲ့ပါပြီ။

မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား မိသားစု ၃ စုဟာ ဂျပန်နိုင်ငံ၊ နာရီတာလေဆိပ်ကို အင်္ဂါနေ့က ရောက်သွားခဲ့တာပါ။ ဂျပန်နိုင်ငံက ဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လာမယ့် ၃ နှစ်အတွင်း ပြည်လည်နေရာချထားရေးအတွက် သဘောတူထားခဲ့တဲ့ ဗမာဒုက္ခသည် ၉၀ ထဲမှာ အခုရောက်သွားတဲ့ လင်မယား ၃ စုံတွဲနဲ့ သူတို့ရဲ့ ကလေး ၁၂ ယောက်တို့ဟာ ပထမအသုတ်အဖြစ် ပါဝင်ခဲ့ပါတယ်။


ဂျပန်နိုင်ငံရှိတိုင်းရင်းသားညီအကိုများနာရီတာလေဆိပ်တွင်သွားရောက်ကြိုဆိုနေကြပုံ

အာရှတိုက်အတွင်း ဒုက္ခသည်တွေ နေရာချထားမှုဟာ အခု ဂျပန်နိုင်ငံက ပထမအကြိမ်ဖြစ်ပြီး တခြား အာရှနိုင်ငံတွေ အတွက်လည်း ဂျပန်နိုင်ငံကို နမူနာယူကြဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းက ပြောခွင့်ရ အဲန်ဒရီ မက်ခ်ျစစ္စက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတာလည်း ဖြစ်ပါတယ်။

သတင်းနှင့်video။ ။ nhk/ Voa

Tuesday, September 28, 2010

0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်မှ နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုးရွားလှသောမြန်မာပြည်တွင်းအခြေအနေများကို ပြောကြား

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်မှ ကျန်းမာရေးအခြေအနေဆိုးရွားလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုးရွားလှသော မြန်မာပြည်တွင်းအခြေအနေများကို မနေ့ကအင်္ဂလန်နိုင်ငံ Manchesterမြို့တွင်ကျင်းပသော Labour Party Conference တွင် ယခုလိုပြောကြားသွားပါတယ်။


The issue of Political Prisoners and Burma has taken centre stage today at the annual British Labour Party conference being held in Manchester, UK. The short film made about this political prisoner work was shown as an introduction to the most incredible speech ever given in this country by anyone at any political conference or meeting about Burma. Waihnin Pwint Thon, daughter of jailed 88 Generation Student leader Ko Mya Aye, and one of the leading campaigners for Burma and political prisoners in her own right, gave an extraordinarily powerful speech that not only defied her young age, but deserved the lengthy standing ovation it received.

Dressed in white out of memory for her father and his colleagues of the 88 Generation Students, she brought back memories of the famous speech Daw Aung San Suu Kyi delivered at the west gates of the Shwedagon Pagoda on 26th August 1988. Today Waihnin delivered a powerful speech that elevated the issue of Burma to centre stage of the newly formed Labour Party at this most crucial time with elections fast approaching and on the day the UN General Assembly meets to discuss Burma.

Please forward this link to everyone, everywhere.


Waihnin Pwint Thon demands the release of her father Mya Aye

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( ၂၂ ) နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားကို ဒုဥက္ကဌ ဘဘဦးတင်ဦးနေအိမ်တွင်စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၇.၉.၈၈ခုတွင်စတင်တည်ထောင်မွေးဖွားခဲ့ရာ ၂၇.၉.၂၀၁၀ နေ့တွင်( ၂၂ ) နှစ်တိတိပြည့်ခဲ့ပါပြီ။

အဖွဲ့ချုပ်ကိုစတင်တည်ထောင်ခဲ့သူဂုဏ်သရေရှိပညာတတ်ပြည်သူ့ခေါင်းဆောင်ကောင်းတို့ကြောင့်ယနေ့ထက်တိုင် တည်မြဲအောင်မြင်ကျော်ကြားနေခြင်းပင်ဖြစ်သည်။အဖွဲ့ချုပ်(၂၂)နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနားကို ဒုဥက္ကဌဘဘဦးတင်ဦးနေအိမ်တွင်ပါတီဝင်အင်အားမြောက်များစွာဖြင့် ပျော်ရွှင်ဝမ်းမြောက်အောင်မြင်စွာကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရဦးစွာ နိုင်ငံတော်နှင့်ကျဆုံးကုန်ပြီးသော ဗိုလ်ချုပ်အောင်ဆန်းအစရှိသည့် နိုင်ငံ့ခေါင်းဆောင်များကို အလေးပြုခြင်း၊ဒီမိုကရေစီတိုက်ပွဲအတွင်းအသက်ပေးလှုခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအား တစ်မိနစ်တိတိငြိမ်သက်စွာအလေးပြုခဲ့ကြပါသည်။

အဲ့ဒီနောက်မှာတော့ ဘဘဦးတင်ဦး နှင့် ဘဘဦးဝင်းတင်တို့မှမွန်မြတ်သောသြ၀ါဒစကားတို့ကို ပြောကြားသွားခဲ့ပါသည်။ ကဗျာဆရာနေလုံဦး(ဖျာပုံ) မှ ဘဘဦးဝင်းတင်ရေးသားသော ကဗျာနှင့်အဖွဲ့ချုပ်မွေးနေ့ကဗျာများကို ဖတ်ကြားသွားပါသည်။ ထို့နောက်အဖွဲ့ချုပ်မွေးနေ့အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးကြောင်းကြေငြာပြီးနောက် ကြွရောက်လာကြသောဧည့်ပရိသတ်ကိုခေါက်ဆွဲကြော်၊ပန်းသီးတို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

ဘဘဦးတင်ဦး၏သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက်
( ခုလက်ရှိမှာ မတရားမှုတွေဖြစ်နေတယ်။ မတရားတာကို လုံးဝလက်မခံဘူး။)

ဘဘဦးဝင်းတင်၏သြ၀ါဒမိန့်ခွန်းမှ ကောက်နှုတ်ချက်
( မတရားသဖြင့်နှိပ်စက်ညှဉ်းပန်းမှုတွေကို ကုန်းမခံဘူး၊ ရုန်းခံမယ်။)

လေးစားဦးညွှတ်လျှက်
BP

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်တည်ထောင်ဖွဲ့စည်းခြင်း (၂၂) နှစ်မြောက် အခမ်းအနားတွင်ဘဘဦးဝင်းတင်မှပြောဆိုချက်


“သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူးလာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” 

Sunday, September 26, 2010

0 မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်

တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)


voaမှ တွေ့ဆုံမေးမြန်းချက်အသံဖိုင်
မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အ ပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်ရင်းလက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံအင်အား အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင်ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည်သူ့ ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တောင်းဆိုတဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။


ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.