Saturday, October 2, 2010

0 နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်ဖွယ်ရှိပါသလား?


အောင်ဆန်းစုကြည် (အန်တီစု) နောက်လ နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွတ်လာတော့မယ်လို့ မနေ့ည က သြစတေးလျမှာ ရှိတဲ့ SBS သတင်းကနေ ကြေငြာသွားပါတယ်။ စစ်တပ်ဖက်က တာဝန်ရှိသူတစ်ယောက်က "နိုဝင်ဘာလဟာ အရေးကြီးတဲ့ လ တစ်ခုဖြစ်တယ်။ ရွှေးကောက်ပွဲနဲ့ အောင်ဆန်းစုကြည် (အန်တီစု) လွတ်လာတဲ့အတွက်ကြောင့်ပါပဲ"

နောက် တာဝန်ရှိသူတစ်ယောက်က တရားဥပဒေအတိုင်းအရဆိုရင် အောင်ဆန်းစုကြည်(အန်တီစု)ကို လွတ်မြောက်လာမှာသေချာပါတယ် လို့ပြောသွားတယ်။ အစိုးရ တရားဝင်ပြောဆိုခွင့်ရသူကလည်း အောင်ဆန်းစုကြည်(အန်တီစု)ဟာ သူမရဲ့ သက်တန်း ကုန်ဆုံးမဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွတ်မြောက်လာပါမယ်။ အခုလို သက်တမ်းကုန်ဆုံးပြီး လွတ်မြောက်မယ်ဆိုတာကို တရားဝင်ပြော US ရှေ့နေ Jared Genser ကို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ သူကတော့ ဖြစ်လာမယ် မထင်ဘူးလို့ မျှော်လင့်နေတယ်။

John Yettaw ရေကူးပြီး အောင်ဆန်းစုကြည်(အန်တီစု) နဲ့ စကားပြောဆိုခဲ့လို့ အောင်ဆန်းစုကြည်(အန်တီစု)ကို ၁၈ လ အကျယ်ချုပ် ချခံထားရပါတယ်။

နောက်ဆုံး ရွေးကောက်ပွဲကို ၁၉ ၉ ၀ မှာ ကျင်းပတုန်းက အောင်ဆန်းစုကြည်(အန်တီစု)ရဲ့ ပါတီ NLD ဟာ ၈၀% ပါလီမန် အမှတ်နေရရခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင်မဖြစ်ခဲ့ပါဘူး။ အခုတစ်ခါ အောင်ဆန်းစုကြည်(အန်တီစု)ဟာ အနှစ် ၂၀အတွင်းမှာ ဒုတိယအကြိမ်ဖြစ်မဲ့ ရွေးကောက်ပွဲမတိုင်ခင် ၆ ရက်အကျော်မှာ လွတ်မြောက်လာတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

တစ်ခြားသတင်းများအရကတော့ လွတ်ပြီးချက်ခြင်း အကျယ်ချုပ် ပြန်လည်ကျခံဖို့ ဖြစ်နိုင်ကြောင်းပြောဆိုနေတယ်။ တစ်ချို့ကတော့ သက်တမ်း ထက်တိုးမယ်လို့လည်း ယုံကြည်နေပါတယ်။ တစ်ချို့ကတော့ အကန့်အသတ်တွေနဲ့ လွတ်မြောက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

အေပီ သတင်းဌာနက အောက်တိုဘာ ၁ ရက်နေ့သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမပေးနဲ့ လွှတ်မယ်ဆိုရင်လည်း ဘယ်တော့ လွှတ်ပေးမယ် ဆိုတာကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသာ သိမှာဖြစ်ကြောင်း အဲဒီ စစ်အစိုးရ အရာရှိနှစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောဖို့ စောလွန်းနေသေးကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်မှာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ် မလွှတ်ဖူးဆိုတာ အတိအကျ မပြောနိုင်သေးကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းဌာနက အောက်တိုဘာ ၁ ရက် နေ့ကရေးသားထားပါတယ်။

Ref links:-RFA
SMH: http://www.smh.com.au/world/doubts-r...001-1610w.html
SBS: http://sbs.com.au

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.