Wednesday, September 29, 2010

0 မြန်မာဒုက္ခသည် ၁၈ ဦး ဂျပန်မှာ အခြေချဖို့ ရောက်ရှိ


ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၁၈ ယောက်တို့ဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ဂျပန်နိုင်ငံကို ရောက်သွားခဲ့ပါပြီ။

မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား မိသားစု ၃ စုဟာ ဂျပန်နိုင်ငံ၊ နာရီတာလေဆိပ်ကို အင်္ဂါနေ့က ရောက်သွားခဲ့တာပါ။ ဂျပန်နိုင်ငံက ဒီအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လာမယ့် ၃ နှစ်အတွင်း ပြည်လည်နေရာချထားရေးအတွက် သဘောတူထားခဲ့တဲ့ ဗမာဒုက္ခသည် ၉၀ ထဲမှာ အခုရောက်သွားတဲ့ လင်မယား ၃ စုံတွဲနဲ့ သူတို့ရဲ့ ကလေး ၁၂ ယောက်တို့ဟာ ပထမအသုတ်အဖြစ် ပါဝင်ခဲ့ပါတယ်။


ဂျပန်နိုင်ငံရှိတိုင်းရင်းသားညီအကိုများနာရီတာလေဆိပ်တွင်သွားရောက်ကြိုဆိုနေကြပုံ

အာရှတိုက်အတွင်း ဒုက္ခသည်တွေ နေရာချထားမှုဟာ အခု ဂျပန်နိုင်ငံက ပထမအကြိမ်ဖြစ်ပြီး တခြား အာရှနိုင်ငံတွေ အတွက်လည်း ဂျပန်နိုင်ငံကို နမူနာယူကြဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းက ပြောခွင့်ရ အဲန်ဒရီ မက်ခ်ျစစ္စက ပြောပါတယ်။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံနေတာလည်း ဖြစ်ပါတယ်။

သတင်းနှင့်video။ ။ nhk/ Voa

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.