Sunday, September 26, 2010

0 ငါးကျမ်းပြန် (ထားဝယ်) ဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မူ


သင်္ဃန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် (ထားဝယ်) သာသနာ့ရိပ်သာကြီးနှင့် သင်္ဃန်းကျွန်းမြို့နယ် သြ၀ါဒစရိယ ဘဒ္ဒန္တသုမင်္ဂလ သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၃)၀ါ ဆရာတော်ကြီးသည် ၂၂.၉.၂၀၁၀ (ဗုဒ္ဓဟူးနေ့) ညနေ (၃း၁၅) နာရီတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါသဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရွှေကရ၀ိတ်ဖောင်တော်ဖြင့် ဆရာတော်ဘုရားကြီး ရုပ်ကလပ်တော် အား (၅) ရက်တိုင်တိုင် အပူဇော်ခံထားရှိခဲ့ပြီး အန္တိမအဂ္ဂိဈာပန အခမ်းအနားအား ၂၆.၉.၂၀၁၀ (တနင်္ဂနွေနေ့) ညနေ (၄း၀၀) နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းတိုက်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရေဝေးသုဿန်သို့ ပင့်ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများက ကူညီပေးဆပ် ပံ့ပိုးပေးခဲ့ရာ ရပ်ဝေး/နီး တပည့်ရဟန်း သံဃာတော်များ၊ သီလရှင်များ၊ ဒါယကာ၊ ဒါယကာမ အပေါင်း တို့နှင့် စည်းကမ်းရှိရှိ စည်ကားသိုက်မြိုက်စွာ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင်အား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

သတင်းနှင့်ဓာတ်ပုံအတွက် ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.