Thursday, September 30, 2010

0 မြန်မာပြည် စစ်ရာဇဝတ်မှုစုံစမ်းရေးကို ထောက်ခံသည်မှာ ၁၁ နိုင်ငံ ရှိပြီ

မြန်မာစစ်အစိုးရခေါင်းဆောင်တွေ စစ်ရာဇဝတ်မှု ကျူးလွန် ခြင်း ရှိမရှိ နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးရေး အဆိုပြုချက်ကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ လစ်သူအေးနီးယားက ၁၁ နိုင်ငံမြောက်အဖြစ် ထောက်ခံလိုက်ပါတယ်။ ဒီလိုထောက်ခံကြောင်း လစ်သူအေးနီးယား နိုင်ငံခြားရေးဌာနက လန်ဒန်အခြေစိုက် ဘားမားကမ်ပိန်း-ယူကေအဖွဲ့ကို အကြောင်းကြားလိုက်ပါတယ်။

လစ်သူအေးနီးယားရဲ့ ထောက်ခံမှုဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေးအ တွက် အရေးပါပါတယ်လို့ ဘားမားကန်ပိန်း-ယူကေ နိုင်ငံခြားရေးတာဝန်ခံ နန့်ဇိုယာ ဖန်းက ပြောကြားပါတယ်။ အရင်လအတွင်း လစ်သူအေးနီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတုန်းက ဥရောပသမဂ္ဂမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထောက်ခံမှုတွေပိုရဖို့ ကြိုးစားသွားမယ် လို့ ပြောကြားလိုက်ကြောင်းလည်း နန့်ဇိုယာဖန်းက ပြောပါတယ်။

ဘားမားကန်ပိန်း-ယူကေကလည်း ကျန် ဉရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို ရရှိဖို့ ဆက်လက်စည်းရုံးလှုံ့ဆော်နေတယ်လို့လည်း ဆိုပါတယ်။ လစ်သူအေးနီးယားနိုင်ငံဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို ထောက်ခံတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်တွေထဲက ၇ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဗြိတိန်၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ နယ်သာလန်၊ ချက်၊ ပြင်သစ်တို့ ဖြစ်ပါ တယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်နိုင်ငံတို့ကလည်း ထောက်ခံ ထားပြီးဖြစ်ပါတယ်။

(dvb)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.