Saturday, January 16, 2010

0 ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

0 နေကြတ်မှု အပေါ် ရခိုင် ဝေဒနှင့် သမိုင်းသုတေသီ တဦး ဟောပြောချက်

မောင်အေး(နိရဉ္စရာ)

နေကြတ်မှုနှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မဟားဇိုးမြို့ သံသီးရွာ ရခိုင်အမျိုးသား ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်မူသည့် ဝေဒနှင့် သမိုင်း သုတေသီ ပညာရှင် အရှင် ဣန္ဒာစက္ကကို နေရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ အရှင်ဘုရားက အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။


(၁) ဒီနေ့ နေကြတ်တဲ့ အပေါ် ဝေဒပညာအရ ဘယ်လိုမြင်ပါသလဲ အရှင်ဘုရား။

ခုလို ကောင်းကင်မှာ နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်တာရာ၊ ဥက္ကာပျံခြင်း၊ တံခွန်ကျခြင်း နဲ့ နေကြတ်ခြင်း ဆိုတာတွေဟာ အတိတ်နိမိတ်အားဖြင့် ကောက်ရင် မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ပြောဆို ရမှာ ဖြစ်ပါတယ်။ ဒီဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှာ နေထိုင်တဲ့ ဟိန္ဒီဘာသာဝင် တွေဆိုရင် နေမကြတ်မှီ ကတည်းက သူတို့ ထမင်းကို အပြီးစားထားကြတာကို တွေ့ရတယ်။ နေကြတ်ရင် သူတို့ ထမင်း မစားကြဘူး။ ဘာဖြစ်လို့ ဆိုတော့ မကောင်းတဲ့ သဘော ဖြစ်တယ်။ ဥပမာ အားဖြင့် ပြောရရင်လည်း မင်္ဂလာဆောင်တာတို့၊ အိမ်ဆောက်တာတို့ စတဲ့ မင်္ဂလာ အလုပ်တွေ ဆိုရင်လည်း နေကြတ်တဲ့နေ့ စပြီး ၇ ရက်ထိ နောက်ဆုတ်ပစ် ရတယ်လို့ ဆိုတယ်။ အတိတ်နိမိတ် မကောင်းလို့ ဆိုပါတယ်။ တဘက်မှာလည်း များသောအားဖြင့် တိုင်းပြည်မှာ မင်းအမတ် စစ်သူကြီးတွေ ပျက်တဲ့အခါ (သို့မဟုတ်) မင်းလောင်းတွေကို မွေးဖွားတဲ့ အခါမှာလည်း အခုလို နေကြတ်တာ လကြတ်တာတွေ ဖြစ်တတ်တယ်လို့ အဓိပ္ပါယ် ကောက်လို့ရပါတယ်။

(၂) ဒီကနေ့ နေကြတ်တာကို မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေကလည်း မြင်ရတဲ့အတွက် မြန်မာပြည်သူတွေ အတွက်ကကော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ အရှင်ဘုရား။

အခုနေကြတ်တာက စစ်တွေကနေ တရုတ်နယ်စပ်အထိ မြင်နေရတဲ့အတွက် မြန်မာပြည် သူ တွေကတော့ အစားအသောက်ရှားပါးမှု၊ ငတ်မွတ် ခေါင်းပါးမှုစတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ ရနိုင်တယ်။ နောက်ပြီး ကျန်းမာရေး အရလည်း အများနဲ့ သက်ဆိုင်တဲ့ ရောဂါဆိုးတွေကြောင့် ပြည်သူတွေကို ထိခိုက်မှုတွေ ရှိနိုင်တယ်။ အနာ ရောဂါ စတဲ့ ဘေးဆိုးတွေ ထူပြောမယ်လို့ ပြောမယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။

(၃) ဒီကနေ့ နေကြတ်မှုနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ ပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေကို ရှိပါသလား အရှင်ဘုရား။

ဒီနေကြတ်တဲ့နေ့က စပြီး နောက် သုံးလေးလ အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာရှိတဲ့ မင်းတွေ ကုသိုလ်ကံ ကုန်လာတဲ့ အခါ၊ ကံဇာတာ ညံ့လာ တဲ့အခါ အခုလို နေကြတ်တာတို့ မြေငလျင် လူပ်တာတို့ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။ အခု မြန်မာ နိုင်ငံမှာ ဆိုရင် နတ်တော်လတုန်းကလည်း မြေငလျင် လှုပ်ခဲ့တယ်။ အခု နေကြတ်တယ်။ နောက်ပြီး ဒီနှစ်က တန်ခူးလမှာ သင်္ကြန်မကျဘဲ ကဆုန်လမှာ လာပြီး သင်္ကြန်ကျတဲ့ အတွက် မြန်မာနိုင်ငံ အတွက် အပြောင်းအလဲ ရှိမယ်လို့ယူဆရပါတယ်။ ဂျပန် ဖက်ဆစ်တွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ ၁၉၄၅ ခုနှစ်မှာလည်း သင်္ကြန်ဟာ တန်ခူးလမှာ မကျဘဲ ကဆုန်မှာ ကျပါတယ်။ ၁၉၄၈ ခုနှစ် ဗြိတိသျှတွေ မြန်မာနိုင်ငံက ထွက်သွားတဲ့ နှစ်မှာလည်း သင်္ကြန်ဟာ ကဆုန်လမှာ ကျပါတယ်။ ရှေ့က ဖြစ်ပျက်ခဲ့တဲ့ ဥပမာ တွေလည်း ရှိနေတယ်။ သီပေါမင်း ပါတော်မမူမှီ အချိန် ၁၈၈၅ ခု ဒီဇင်္ဘာ လ ၃၁ ရက်နေ့ နတ်တော် လဆန်း ၇ ရက်နေ့ မြေငလျင် လှုပ်တယ်။ မြေငလျင် လှုပ်ပြီး သိပ်မကြာခင် မှာဘဲ သီပေါမင်း ပါတော်မူတယ်လို့ စာပေ အထောက်အထားတွေ အရ တွေ့တယ်။ ဒါကြောင့် တိုင်းပြည်မှာ အုပ်ချုပ်သူတွေ အတိတ် နမိတ်မကောင်း ပျက်စီးနိင်တယ်လို့ ဟောနိုင်ပါတယ်။ ပြည်သူတွေ လွတ်လပ်မယ့် နှစ်လည်း ဖြစ်နိုင်ပါတယ်။

(၄) ဒီနေ့ နေကြတ်တာက ဘယ်ဘက်ကစပြီး ကြတ်တယ်လို့မြင်ရပါသလဲ။ ဒီလို အရှေ့ အနောက် ဘယ်ညာ ကြတ်တာတွေနဲ့ ပတ်သက်လို့ ဝေဒပညာမှာ ဘယ်လိုအယူ အဆတွေ ရှိပါလဲ အရှင်ဘုရား။

ဒီနေ့ နေကြတ်တာကို ဦးဇင်း ထွက်ကြည့် လိုက်တဲ့ အခါ ဒီနေ့ နေကြတ်တာကို နေအလတ် ကြတ်တယ်လို့ ခေါ်ပါတယ်။ အပြည့်ကြတ်တာ မဟုတ်ပါဘူး။ နေအ၀ိုင်းထဲမှာ အမဲကွက် တကွက် ပေါ်လာပြီး အဲဒီ အမဲကွက်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ဒါကြောင့် နေအလတ်ကြတ် တယ်လို့ဆိုပါတယ်။ နေအပြည့် ကြတ်တယ်ဆိုရင် အမှောင်ကျသွားမယ်။ ဒီလို ဖြစ်တဲ့အတွက် တိုင်းသူ ပြည်သားတွေဟာ ခုနက ပြောခဲ့သလို အနည်းအများ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ရနိုင်တယ်။ အဓိကတော့ တိုင်းပြည်မှာ အုပ်ချုပ် မင်းလုပ် နေသူတွေကတော့ ဥပါဒ် ရောက်မဲ့ သဘောရှိပါတယ်။ နောက်ပြီး နေကြတ် တာကို မြန်မာပြည်က အဓိက မြင်ရတဲ့ အတွက် မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရ အတွက် အဓိက ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်။

(၅) နေကြတ်တာနဲ့ ပတ်သက်လို့ မြန်မာ့ အတိုက်ခံတွေ ဘက်မှာရော ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်ပါသလဲ ဘုရား ။

အတိုက်ခံတွေနဲ့ ပတ်သက်လို့တော့ ဒီနယ်စပ် ဒေသတွေမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ နအဖ စစ်တပ်တွေ အကြား တိုက်ခိုက်မှုတွေနဲ့ အတူ သွေးထွက် သံယိုမှုတွေ ဖြစ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နတ်တော်လမှာ မြေငလျင် လုပ်တာလည်း စစ်မက် ဖြစ်မယ်လို့ ပြတယ်။ ဂျပန်တွေကို မတော်လှန်မီကလည်း မြေငလျင် လှုပ်တယ်လို့ စာပေတွေမှာ ပြတယ်။ နောက်ပြီး အင်္ဂလိပ်တွေ မြန်မာနိုင်ငံက ထွက်မဲ့နှစ် ကလည်း မြေငလျင် လှုပ်တာတွေ ရှိတယ်။ အခု နေကြတ်တာနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ အဓိကတော့ စစ်မက်တွေလည်း ဖြစ်လာနိင်တယ်လို့ ပြောနိုင်ပါတယ်။

0 နိုင်ငံတော်အကြီးအကဲဆိုသည့်ပုဂ္ဂိုလ်တွေတိုင်းပြည်ကို ချောက်ထဲတွန်းချသည့် တရားခံဖြစ်နေပြီ

မြန်မာနိုင်ငံသည် အင်မတန်မှ ပျော်ပါးစရာပေါများသော နိုင်ငံတော်ကြီးဖြစ်ပါသည်။
မီးလာလျင်လဲ ပျော်ကျရပါသည်။
ရေလာလျင်လဲပျော်ကျရပါသည်။
ဟန်းဖုန်း လျှောက်လွှာ တင်ပီး ဟန်းဖုန်းရပြန်လျင်လဲထီပေါက်သလိုပျော်ကျရပါသည်။
ကားပါမစ်လေးတစ်စောင်ရလျင်လဲပျော်ကျရပါသည်။
အိမ်ရှေ့လမ်းကိုကတ္တရာခင်းပေးလျင်လဲပျော်ကျရပါသည်။
အင်တာနက်များ လိုင်းကောင်းလာလျင်လဲပျော်ကျရပါသည်။
CITY FM Mandalay FM Cherry Fm စသည့်လိုင်းများ ဖမ်းယူနားဆင်ရရှိပီဆိုတော့လဲပျော်ကျရပါသည်။
များမကြာမှီအချိန်မှာ ရန်ကုန်မြို့တော်ကြီး ဟာ မီးခဏခဏ လာပါတော့မယ်

နေ့မအားညမနားနိုင်ငံတော်ကိုတည်ဆောက်ခဲ့သည့်အချိန် အနှစ် ၂၀ အတွင်း ၅ နှစ်စီမံကိန်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်း များမပြီးစီး နိုင်သေးသဖြင့်
မြန်မာနိုင်ငံ ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ် သို့ ချီတက်ရာတွင် တော်တော်ကြန့်ကြာခဲ့ရပါသည်။
ဦးဆောင်ချီတက်နေသူများ မှာ နေပြည်တော်သစ်ကိုတည်ထား နန်းစံလျက် နေ့ဆိုလျင် လဲမအား ညဆိုလျင်လဲမနားပဲ နိုင်ငံတော်တာဝန်ထမ်းဆောင်နေပါလျက် တိုင်းပြည်မှာ ယခုအချိန်ထိ အခြေခံလိုအပ်ချက်ဖြစ်သောလျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းမှာဘာကြောင့်ဆိုသည့်အဖြေကို ဦးဆောင်ချီတက်နေသူများ ပြန်လည်သုံးသပ်သင့်ပြီဟု အကြံပြုအပ်ပါသည်။

တိုင်းပြည်၏ အဖက်ဖက်မှ ယိုယွင်းကျဆင်းလာသော စီးပွားရေး လူမှုရေး ကျန်းမာရေး ပညာရေး နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ စသည့်ပြသာနာများကို ဖြေရှင်းနိုင်ရန်နိုင်ငံတော်၏ အာဏာအရပ်ရပ်နှင့်တာဝန်များကိုပြည်သူ့လက်ဝယ်သို့ပြန်လည်အပ်နှင်းဖို့ရာအချိန်ကျရောက်ပြီဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

တိုင်းပြည်ချောက်ကမ္ဘားသို့ကျတော့မည့်အန္တရာယ်ကို ကယ်တင်ခဲ့သည့် တပ်မတော် ကပင် တိုင်းပြည်ကိုချောက်ထဲ သို့ တွန်းချ နေခြင်းအဖြစ်သို့ရောက်ရှိနေပြီဖြစ်ကြောင်းလဲ အချိန်မှီအသိတရား ရစေချင်ပါသည်။

နောင် သမိုင်းကြောင်းရာဇ၀င်တွင် စာတင်ခံရမည့်သူများ နာမည်ကျန်ရစ်မည့်သူများဖြစ်သည့် တာဝန်ရှိသူများမှ တာဝန်ရှိသည့်အလျောက် မိမိတို့အခြေအနေမှန်ကိုသိရှိနားလည်ပြီး မှတ်ကျောက်ကောင်းတင်ခံနိုင်ပါစေရန် တိုက်တွန်းလိုက်ရပါသည်။

0 မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန်ဝန်ထမ်း များ ပြည်သူ၏ မျက်နှာကိုမကြည့်ဘဲ တဘို့တည်းသာကြည့်နေခြင်း








မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သွယ်ရေးရှိ အကောက်ခွန်ဝန်ထမ်း များ ပြည်သူ၏ မျက်နှာကိုမကြည့်ဘဲ တဘို့တည်းသာကြည့်နေခြင်း……………

အပေါ်မှာရေးထားသောစာသားများသည် အကောက်ခွန်ဝန်ထမ်းများအဖို့ တော့ရှက်ရမည့်အစား ပန်းနှင့်ပေါက်နေသလိုပင်ဖြစ်နေပါလိမ့်မည်...

အကောက်ခွန်ဌာန၏ အမျိုးမျိုးသောလာဘ်စားမှုများသည် မည်သူ့ကိုထိခိုက်စေသနည်း..မည်မျှထိ ဆိုးကျိုးထိရောက်သနည်း…ဒီမိုမီဒီယာတွေ ဘာကြောင့်ဒီအကောက်ခွန်တွေရဲ့လာဘ်စားမှုတွေ အမြဲလိုလို ထောက်ပြနေရတာလဲ..
အဲဒါ တွေကိုမရှင်းမီ အခုမြ၀တီမှာကြည့်မကောင်းအောင်မြင်နေရသော တရားမ၀င် ပစ္စည်းသယ်ယူမှုကို ကြည့်ပါလေ..မြင်တတ်သူတိုင်းမြင်ပါလိမ့်မည်…
- လျှပ်စစ်ပစ္စည်းအမျိုးမျိုး
- အထည်အလိပ်အမျိုးမျိုး
- ဂတ်စ်အိုးနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ကားနှင့်ပတ်သတ်သည့်စက်ပစ္စည်းအမျိုးမျိုး
- အလှကုန်အမျိုးမျိုး
- လူသုံးကုန်ပစ္စည်းမျိုးစုံ
- ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး
- ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုး
များကို မယ်ဆောက်တခွင် ပြဲပြဲစင်အောင် မြ၀တီမှ Light Track ၊ Town Ace၊ Hilux များတင်ဆောင်ကြသည်..သူတို့သည် မည့်သည်အခွန်မှပေးဆောင်စရာမလိုပါ..
မည့်သည့်အစစ်အဆေးကိုမှလည်း မခံ၇ပါ…ဘာကြောင့်ပါလဲ

ရှင်းရှင်းလေးပါ….သူတို့အကောက်ခွန်ဝန်ထမ်းများ၏ ရှိသမျှ ဒွါရခြောက်ပေါက်လုံးကို တန်ဖိုးမရှိသောပိုက်ဆံနှင့်ထိုးထားလေသည်…ကားတစ်စီး စီ တစ်ခေါက်ကို ဘတ် ၃၀၀၀ ယူပြီး အကောက်ခွန်ဝန်ထမ်းများ အိတ်မတရားဖောင်းနေကြသည်..ကားတစ်စီးသည် တစ်နေ့ကို ၁ ခေါက်မှ ၅ ခေါက်ဝန်းကျင် ကားနောက်ခန်းပြည့်ကျပ်ပြီး ခေါင်းထောင်နေအောင် တရားမ၀င်ပစ္စည်းမျိုးစုံကိုသယ်သည်..အဲဒီလို ကားပေါင်းစုံ၏သယ်ယူသည့်အားသည်တစ်နေ့တည်းတွင်ပင် ၁၀ ဘီးကား ၁၀ စီးစာနဲ့ညီမျှနေလေသည်…ကားအားလုံးနီးပါးသည် ပစ္စည်းကိုပုံစံမျိုးစုံနှင့် ချည်နှောင်ပြီးသယ်နေကြသည်….တရားဝင်ပစ္စည်းသယ်ယူသည့်ကားများကိုတချက်လောက်ကြည့်ကြည့်ပါ…ဒီလိုတရားဝင်ကုန် သွယ်ခွင့်ရအောင် နေပြည်တော်ရုံးအဆင့်ဆင့်ကိုလျှောက်လွာတင့်ရလေသည်….အခွန်ဆောင်ထားသည့် ကုမ္မဏီတစ်ခုကိုလည်း ထောင်ထားရသည်…ပြီးမှ ပို့ကုန်ဖြစ်သော ဆန်၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံ နှင့် ပရိဘောဂ အစရှိသောပစ္စည်းများကို ပို့ရလေသည်…ထိုပို့ကုန်ဖြစ်ဒေါ်လာရမှ သူတင်သွင်းချင်သည့် သွင်းကုန်ကို ပစ္စည်းအမည်တိတိကျကျဖော်ပြ၍ နိုင်ငံတော်ကသတ်မှတ်နှုန်းထားအတိုင်း အခွန်ပေးချေပြီးမှ သွင်းခွင့်ရသည်…ထိုသွင်းကုန်သည်လည်း လျှောက်ထားပြီး ခွင့်ပြုချက်ရမှ တင်သွင်းရခြင်းဖြစ်သည်…
ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှ ပစ္စည်းတင်သွင်းလာသည့်အခါတွင်လည်း အကောက်ခွန်ဂိတ်တွင် ပစ္စည်းတစ်ခုချင်းစီ ကို လျှောက်လွာနှင့်တိုက်ဆိုင်စစ်ဆေးပါသေးသည်…

ဒီလိုဘာကြောင့်နိုင်ငံတော်ကလုပ်ရပါသလဲ…

နည်းပညာခေတ်ကြီးတွင် အင်အားကြီးနိင်ငံတွေ၏ စွန့်ပစ်ပစ္စည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံထဲတွင် ဈေးကွက်ကြီးတစ်ခုဖြစ်လာလေသည်…သူတို့ဆီက အမှိုက်သည် ကိုယ့်ဆီမှ ရွေဖြစ်နေသည့်အခါ အလုံးအရင်းနှင့် ၀င်လာလေသည်…တိုအခါတွင် ကြောက်စရာအကောင်းဆုံး စီးပွားရေး ကျွန်ပြုမှုကြီးဖြစ်လာလေသည်…တိုင်းပြည်၏ ပိုက်ဆံသည် လုံးဝတန်ဖိုးမရှိသည့် အဆင့်ကိုထိုးဆင်းသွားသည်…တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ တနိုင်တပိုင်ထောင်ထားသော လျှပ်စစ်စက်ရုံလေးတွေ၊ ပလပ်စတစ် စက်ရုံလေးတွေ၊ တရွာလုံးယက်ကန်းရက်ပြီး အသက်မွေးတဲ့ ယက်ကန်းစင်လေးတွေ၊ ကာယ နှင့် ဥာဏအားကိုးပြီးဆင်ထားတဲ့ ကားတွေ၊ မိတ်ကပ်၊ ပေါင်ဒါထုတ်ပြီးစားနေတဲ မိသားစုလုပ်ငန်းလေးတွေ၊ သန်လျှက်လေး၊ ရေအိုးလေးလုပ်ပြီး ခြေတိုအောင်လိုက်ရောင်းပြီး အသက်မွေး၇တဲ့ ပြည်သူ သန်းပေါင်းများစွာဟာ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြီပေါ့ဗျာ……………………………………………
ဒီလိုအလုပ်လက်မဲ့ဖြစ်သွားတဲ့ပြည်သူတွေသန်းနှင့်ချီအောင်ဖြစ်နေပါပြီ…တကယ်ကိုဖြစ်ခဲ့တဲ့အဖြစ်လေးတစ်ခုကတော့…“တရွာလုံး ဆိုင်ကယ်မှာထည့်တဲ့ စပရိန်လေးကိုထုတ်ပြီး အသက်မွေးနေတာကနေ ကုန်သည်က တရုတ်ကနေ ဖေါ်ဖေါ်သီသီနဲ့ အကောက်ခွန်ဌာနကို ပိုက်ဆံပေးပြီး တန်နဲ့ချီသွင်းလိုက်တာ ရွာလုံးကျွတ် ထမင်းအိုးကွဲသွားကြပါတယ်ဗျာ”…. အခုဆိုကားလုပ်ငန်းတွေလည်းရပ်ဆိုင်းလုနီးပါးဖြစ်နေပါပြီ..
ဘာကြောင့်လဲဆိုတော့…………ထိုင်းဘက်ကမ်းမှာ ကြောက်စရာကောင်းလောက်အောင် သူများနိုင်ငံ အမှိုက်ပုံကားတွေက တောင်လိုပုံနေပြီလေ…

ဒါကြောင့် မြ၀တီရှိ အကောက်ခွန်ဝန်ထမ်းတွေသည်သန်းကြွယ်သူဌေးဖြစ်ဖို့အမျှော်မှန်းကြီးမှန်းနေလေပြီ..အကောက်ခွန်ဝန်ထမ်းတွေ ကြွယ်ဝချမ်းသာဖို့အတွက် တိုင်းပြည်က လခပေးပြီးခန့်ထားသလိုတောင်ဖြစ်နေပါပြီ
…ဘယ်လောက်တောင်လဲဆိုတော့ ထိုင်းနိုင်ငံကထုတ်ပြန်သော တိုင်း - မြန်မာ ၂၀၀၉ တွင်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၂၄ သန်း ရှိခဲ့လေသည်..သို့ပေမယ့် အကောက်ခွန်ဝန်ထမ်းများတွေ၏ လောဘဇောတိုက်ငွေများကိုပါ ထည့်သွင်းရေလိုက်ပါက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်သွားပေလိမ့်မည်.... တိုင်းပြည်ငတ်အောင်လုပ်မယ့်သူတွေကိုမှ ဒီတာဝန်ကိုပေးရလေခြင်းဗျာ......................

…မဖြစ်စလောက်ဘဲနဲ့ရလိုက်သောပိုက်ဆံသည် မြန်မာပြည်သူအတတ်ပညာရှင်တွေ သန်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်စေပါသည်….တို့ထက်လည်း ခန့်မှန်း၍ မရနိုင်သော ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်ပါသည်……….

မည်သို့ပင်ဆိုစေ ၂၀၀၉ နှစ်ကုန်ခါနီးမှရောက်လာသော အကောက်ခွန်ဝန်ထမ်းများ၏ လုပ်ရပ်သည် ယုတ်မာ မိုင်းရိုင်းလှသည်….ထိုကားများသည် အရင်ကတည်းက လည်းပြေးနေသည်…အခုလည်းပြေးနေသည်…ဒါပေမယ့် ဦးတည်ချက်ချင်းမတူတော့ချေ…….အရင် ကားများသည် မြန်မာပြည်သားတွေအဆင်ပြေစေရေး ကိုဦးတည်ပေမယ့်

အခုလက်ရှိကားများကတော့ လူသည်ပဓာနမဟုတ်…..ပစ္စည်းသာ အဓိကဖြစ်နေလေပြီ…..မြင်မကောင်း ရှုမကောင်းအောင်တင်ပြီး တဖက်နိုင်ငံမှထွက်သော ပစ္စည်းများကို ကိုယ့်အိမ်မှပစ္စည်းကဲ့သို့ အခေါက်ခေါက်အခါခါ ကဲ့ယူနေပုံကတော့ ဖြင့် မြ၀တီ အကောက်ခွန်ဝန်ထမ်း တွေ ဘယ်လောက်တောင် စည်းပျက်ကမ်းပျက်ဖြစ်နေပြီး
ပိုက်ဆံကို ငန်းငန်းတတ်လိုချုင်နေသလဲဆိုတာကတော့ ချစ်ကြည်ရေးတံတားမှာ ကားပေါ် က အကောက်ခွန်မဲ့ တရားမ၀င် ပစ္စည်း အမြင့်သည် မြန်မာဘက်ကမ်း ချစ်ကြည်ရေးတံတားအမိုးကိုပင် ထိနေပါတကား…………………..ရင်လေးစွာဖြင့်……………………………………………………….

ကိုသီလ
မေးလ်ဖြင့် ပေးပို့ လာသော ကိုသီလအား ကျေးဇူးတင်ရှိပါသည်

Friday, January 15, 2010

0 လူထုဦးလှ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်

0 ယနေ့  တပ်မတော်သားတွေ သိဖို့ လိုတဲ့ မြန်မာ့တပ်မတော်သမိုင်းနဲ့  ပြည်သူ့ တပ်မတော်သား ဖြစ်ကြဖို့ ပါ။



ဒီ မြန်မာ့တပ်မတော်သမိုင်းကို တပ်မတော်သားတွေလက်ထဲရောက်အောင် ၀ိုင်းဝန်းကြိုးစား ပို့ ပေးကြစေလိုပါတယ်။

မြန်မာ့တပ်မတော်သမိုင်း (အပိုင်း က အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/l0zasu8 ) နဲ့  (အပိုင်း ခ အား ဒေါင်းလုပ်လုပ်ရန် - http://ifile.it/kzp5m0x )

ပေးပို့လာသော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်။

0 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် ပြုလုပ်သောလူထု ဦးလှ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်


(၁၄.၁.၂၀၁၀)တွင်ကျရောက်သောလူထုဦးလှ၏နှစ်၁၀၀ပြည့်အထိမ်းအမှတ်ကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် စာဖတ်ဝိုင်း ကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် အပါအ၀င် အဖွဲ့ ချုပ်
ဗဟိုအလုပ်အမှု့ ဆောင် များနှင့်အတူ ဆရာအောင်ဝင့် ၊ ဆရာ မုံရွာအောင်ရှင် ၊ ဘကြီးမိုး
( ဦးမိုးသူ ) ၊ ဆရာ ဦးအောင်ကြည်ညွန့်  ၊ ဖျာပုံ နီလုံဦး အစရှိသည့်စာရေးဆရာကြီးများ ၊
အဖွဲ့ ချုပ် လူငယ်များ စုံညီစွာတက်ရောက် ခဲ့ကြပြီး ဆရာကြီး လူထုဦးလှ ၏ စာပေ များကို
ဆွေးနွေးခဲ့ကြသည် ။ အဆိုပါ စာဖတ်ဝိုင်း အား နေ့  လည် ( ၁ ) နာရီတွင်စတင်ခဲ့ကြပြီး
ညနေ (၄) နာရီ တွင်ပြီး ဆုံးခဲ့သည် ။
စာဖတ်ဝိုင်းသိုတက်ရောက်လာကြသူများအား အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်များမှ ကော်ဖီ ၊
ကောက်ညင်း ဆီထမင်း များဖြင့် ဧည်ခံ ကျွေးမွေးခဲ့ပါသည် ။

ပေးပို့ ပေးသောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်.။

Thursday, January 14, 2010

0 မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေငြာချက်

0 တပ်မ ၆၆ မှာ ပုန်ကန်မှု စဖြစ်နေပြီ

တပ်မ ၆၆ မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့်က အင်းမ အခြေစိုက် ခမရ ၈၀ မှာ - တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့်ကို မနာခံတော့တာ တနှစ် ကျော်နေပြီလို့ သိရတယ်။ သူတို့ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။

ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ် အမိန့်နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေး နေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကျပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့ တိုင်းမှုးနဲ့ သူမိန်းမ ဆွေမျိုးတွေရဲ့ လဒ်စားမှု အကြောင်းတွေကို တင်ပြခဲ့ ကြတယ်။ ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့ ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့ ဆိုပြီး ထမင်းဝိုင်းကို ခေါ်သွားတယ်။ ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ကို စော်ကားတယ်။ ပုန်ကန်တယ်လို့ ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့ တောင်းဆိုမှု၊ တင်ပြ မှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆို ကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့နဲ့ အရေးယူဖို့ ညွန်ကြား လာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ ရက်နေ့မှာ ဖမ်းဆီး လိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာတော့ နောက်ထပ် အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။


Ref: မိုးသီးဇွန်

Monday, January 11, 2010

0 ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး ချီတက်ဆန္ဒပြပွဲ အခမ်းအနား(တိုကျို)11-1-2010


ဗီဒီယိုမှတ်တမ်း။ ။ maungwto

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ချီတက်တောင်းဆိုဆန္ဒပြမှုကို ယနေ့ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Ebisu ပန်းခြံမှ Sandagaya (MEIJI)ပန်းခြံအထိ နေ့လည်(၁း၃၀)နာရီမှ စတင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးက “ ကျနော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ဖို့က အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း ဒီကိစ္စကိုပဲ အဓိကထားတောင်းဆိုနေကြပါတယ်။ ဒါကို လျစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက်သာ တဖက်သတ်လုပ်ဆောင်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ ဘယ်သောအခါမှ ငြိမ်းချမ်းမှုရရှိမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေလွတ်မြောက်ဖို့ အဓိကကျသလို တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်ဖို့ကလည်း လိုအပ်ပါတယ်..“ ဟု ပြောဆိုခဲ့သည်။
ချီတက်ဆန္ဒပြပွဲသို့ လူအင်အား ၅၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နှိင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ဆန္ဒပြ ခဲ့ ကြပါသည်။

0 (၆၂)ကြိမ်မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနား ကျင်းပခြင်း( တိုကျို-ဂျပန် )


http://pnsjapan.blogspot.com/မှ
ဒီကနေ့  ကျရောက်တဲ့ (၆၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခမ်းမမှာ ကချင်အမျိုးသားအစည်းအရုံး-ဂျပန် မှ ဦးစီးကျင်းပပြုလုပ်ကာ ညနေ ၁၈း၀၀ နာရီ မှ ၂၁း၃၀ အထိ နှစ် ပိုင်းခွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းပြီးသည့်နောက် ကချင်အမျိုးသား အစည်းအရုံး အဖွဲ့ သီချင်းကို KNO-Japan အဖွဲ့ သားများ သီဆိုဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး KNO-Japan ဥက္ကဋ္ဌ ဦးပီတာဘရန်ဆိုင်းမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးသည့်နောက် ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခြင်း သမိုင်းအကျဉ်းကို ဖတ်ကြားခြင်း၊ KNO အဖွဲ့ ချုပ်မှ ပေးပို့ လာသော သ၀ဏ်လွှာဖတ်ကြားခြင်း၊ ကချင်လူမျိုးများရဲ့ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို Power Point ဖြင့် KNO-Japan အထွေထွေအတွင်းရေးမှုး မရစ်ဆိုင်းဘူ မှ ရှင်းလင်း တင်ပြသွားပြီး ကျေးဇူးတင်စကားကို KNO-Japan ဒု ဥက္ကဋ္ဌ လဖိုင်ဇော်လ မှပြောကြားသွားပါသည်။

ဒုတိယပိုင်းအစီအစဉ်မှာတော့ ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် ဖြစ်ပြီး ပထမဦးဆုံး ကချင်မျိုးနွယ်စု ခြောက်စုကို မိတ်ဆက်ပေးသည့်အက များဖြစ် တင်ဆက်ကပြပြီးသည့်နောက် ၊ရိုးရာသီချင်းများ သီဆိုခြင်းများ၊ တေးသရုပ်ဖေါ်အကများ၊ ကချင်လူမျိုးများ ၏ နိုင်ငံရေးသမိုင်း ပြဇတ်များ ၊ ကချင်ရိုးရာ ထောင်ကာအက၊ ဂျပန်နိုင်ငံ ရောက် ပြည်ထောင်စုဘွားများ စုပေါင်းပါဝင်ကြသည့် မနောအက ဖြစ် ကပြပြီးသည့်နောက် အပိတ် ဆုတောင်း ပြီး ညနေ ၂၁း၃၀ တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် နှစ်(၆၂)မြောက် ကချင်ပြည်နယ်နေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၂၇၀)ကျော်ခန့်  တက်ရောက်ခဲ့တာကိုတွေ့ ရပါသည်။ မိမိတို့ နိုင်ငံ ဒေသတို့ နှင့် အလှမ်းဝေးသည့် နိုင်ငံကို ရောက်ရှိနေသောလည်း ရောက်ရာအရပ်မှာ အထင်ကရနေ့ များ မိမိတို့ ရဲ့ ရိုးရားယဉ်ကျေးမှုများ ကို စည်းစည်း လုံးလုံးနဲ့  ကြိုးစားပြီး လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ ရသည့်အတွက် အလွန်ဘဲ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

PNS-Japan
Photo by / Lian Khan Sum(CNC-Japan)

0 ၂၀၁၀ ရွေးကောက်ပွဲ လုပ်မည့်အပေါ် မှန်ကန်သော သရုပ်ဖော်တင်ပြမှု


တင်ဆက်ဖျော်ဖြေပေးသော သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့၊ စီစဉ်ဖေါ်ပြပေးသည့် ဒီမိုကရက်တစ်မြန်မာ့အသံနှင့် မျှဝေပေးသူ ကိုနစ် www.niknayman-niknayman.co.cc တို့အား အထူးလေးစား ကျေးဇူးတင်ရှိပါသည်။

ပေးပို့သူ။ ။ phowai mm

0 မွန်ရဟန်းပျိုအသျှင်အဇ္ဇခေါ်ဦးဇင်းဇော်လတ်အား စစ်ကြောရေးမှညှင်းပမ်းမှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရ

kaowao မှ ကူးယူဖော်ပြပါသည်။
ကွန်းအိန်(ဇန်နဝါရီ- ၁ဝ)။ ။ မွန်ပြည်နယ်ချောင်းဆုံမြို့နယ်ဇာတိ မွန်ရဟန်းပျိုအဖွဲ့မှ အသျှင်အဇ္ဇခေါ် ဦးဇင်း ဇော်လတ်ကို သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး စစ်ကြောရေးစခမ်းတွင် နှိပ်စက်ညှင်းပမ်းခဲ့သည့် ဒါဏ် ကြောင့် ယမနေ့က မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဒေသခံများမှ ပြောပါသည်။

ကြုံကျုပ်ကျေးရွာ ဘုန်းကြီးပျံပွဲသို့သွားရန် သံဖြူဇရပ်မြို့မှအထွက်တွင် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ကို ကွန်ပျူ တာနှင့် ဗွီဒီယို ကင်မရာတစ်လုံး လက်ကိုင်တွေ့ရှိခဲ့၍ သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့မှ ဇန်နဝါရီ(၇) ရက်နေ့တွင် ဖမ်းဆီး ခဲ့ပြီး သံဖြူဇရပ် စစ်ကြောရေးစခန်းတွင် လူမဆန်စွာ ညင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အတွက် မော်လမြိုင်မြို့ဆေးရုံတွင် အရေးပေါ် ဆေးဝါးကုသတာခံနေရပြီး ဆွေမျိုးသားချင်းများနှင့်လည်း တွေ့ဆုံခွင့်မရခဲ့ဟု ၄င်းနှင့်နီးစပ်သူ ဒေသခံ တစ်ဦးမှ ပြောပါသည်။

စစ်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦး၏အဆိုအရ ပြီးခဲ့သည့်ဇန်နဝါရီလ(၁)ရက်နေ့တွင် မော်လမြိုင်မြို့မှ ရေးမြို့ အထိ ကားလမ်းတလျှောက်တွင် (၂ဝ၁ဝ)ရွေးကောက်ပွဲဆန့်ကျင်သော စာတမ်းများကို စပရေးမှုတ်ဆေးများနှင့် ကတ္တရာကားလမ်းပေါ်မှာ ရေးသားဆန့်ကျင်လှုပ်ရှားမှု ရှိခဲ့ပါသည်။ ဤလှုပ်ရှားမှုများကို အသျှင်အဇ္ဇကိုယ်တိုင် ပါဝင်နေသည်ဟု အာဏာပိုင်တွေမှ သံသယရှိနေသည်ဟု ပြောပါသည်။ အသေးစိပ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

အသျှင်အဇ္ဇသည် မွန်ပြည်နယ် မွန်ရဟန်းပျိုအဖွဲ့မှကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများမှ သင်တန်းဆရာအနေနှင့် စာပေတွေကို သင်ကြားပေးနေတာဖြစ်ပြီး နိုင်ငံရေးနှင့် ပက်သက်ပြီး လုပ်ဆောင်ခြင်းမရှိ ဟု မွန်ရဟန်းပျိုအဖွဲ့မှ အရှင်သြဘာသက အခုလိုပြောပြပါသည်။

“ဦးဇင်းဇော်လတ်ဆိုတာက ဦးဇင်းတို့နဲ့စာသင်ဖော် စာသင်ဘက်တွေပဲ။ သူကတိုးတက်တဲ့ အမြင်တွေရှိတယ်။ အခု သွားတာကလည်း ဘုန်းကြီးပျံပွဲပေါ့နော်။ သံဖြူဇရပ်မြို့နယ်က ကြုံကျုပ်ကျေးရွာမှာ ဘုန်းကြီးပျံတစ်ပါး ရှိတယ်။ ဘုန်းကြီးပျံပွဲရှိတယ်။ အဲဒီဘုန်းကြီးပျံပွဲကိုသွားရင်းနဲ့ ဘုန်းကြီးပျံပွဲမှာ သူက ဒီဗွီဒီယိုမှတ်တမ်းတွေရိုက်ဖို့ အဲဒီလို သွားရင်းနဲ့ သူ့ကိုမသင်္ကာမှုနဲ့ဖမ်းတာလို့ ဦးဇင်းတို့ မြင်တာပေါ့။ သူက နိုင်ငံရေးနဲ့ပတ်သက်တာ တွေလည်းရှင်း တယ်။ သူလုပ်တာလည်း အများအကျိုးအတွက် သူလုပ်တာအများကြီး တွေ့ခဲ့ရတယ်လေ။ ဒီလိုသူ့ကိုဖမ်းဆီးတာ ရိုက်နှက်တာတွေက ဦးဇင်းတို့သံဃာတွေ၊ သံဃာပျိုတွေက ဒီလုပ်ရပ်တွေကို ရှုံ့ချပါတယ်။

အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်၏လှုပ်ရှားမှုအပေါ် အတွင်းသိသူ တပည့်တစ်ဦးဖြစ်သည့် မင်းသိုက်အောင်ကို မေးမြန်းခဲ့ရာတွင် အခုလိုပြောပြခဲ့ပါသည်။

“သူက ဒီဗုဒ္ဓစာပေယဉ်ကျေးမှုတို့ ယဉ်ကျေးမှုသင်တန်းတွေပေါ့နော်။ သူကတအားတက်ကြွတဲ့သူပေါ့။ အမြဲဆရာ အနေနဲ့ ပါဝင်ပြီးတော့ ပါဝင်သင်ကြားနေတဲ့သူတစ်ယောက်။ ပြီးရင် ဒီသင်တန်းသားတွေကို အမြဲတမ်းပြောတတ်ပါ တယ်။ အခုကခေတ်မီတဲ့အချိန်ဆိုတော့ ခေတ်မှီတဲ့နည်းပညာပိုင်းတွေကိုတော့ သူကသင်ကြားဖို့လည်း သူကအမြဲ တမ်းအားပေးတယ်။ ကွန်ပျူတာသင်တန်းတွေတက်ဖို့။ အင်္ဂလိပ်စာ သင်တန်းတွေတက်ဖို့၊ အဲဒီလိုမျိုးပေါ့နော် တခါ တခါဆို အင်တာနက်တွေ သုံးဖို့နော်သူပြောတယ်”

မွန်ပြည်နယ်အတွင်း၌ ရဟန်းသံဃာတော်များ၏ လှုပ်ရှားမှုတွေကို စစ်အာဏာပိုင်များမှ အမြဲတမ်းစောင့်ကြည့် နေသည်ဟု မွန်ရဟန်းပျိုတစ်ပါးမှ ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် (၂ဝဝ၇)ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုတွင် ရဟန်းပျိုများမှ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့်အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့်သံဃာတော် များကို ဆွမ်းဆန်စိမ်းလောင်းလှူသည့်ပွဲများကို ပိတ်ပင်ထားသလို မလွှဲမရှောင်သာ ခွင့်ပြုရတဲ့အခါမျိုးတွင်လည်း မြန်မာအာဏာပိုင်တို့က ဘက်ပေါင်းစုံမှနေ လုံခြုံရေးတွေတင်းကြပ်စွာ ချထားခဲ့သည်ဟု မွန်ရဟန်းပျိုအဖွဲ့ဝင်တစ်ပါး မှ ပြောကြားခဲ့ပါသည်။

Sunday, January 10, 2010

2 "အားပေးချင်သူများသို့ ဦးအောင်ဆန်းဦးရဲ့ လိပ်စာ"

ဦးအောင်ဆန်းဦးရဲ့ နှမလေးအပေါ်မှာ အကိုကြီး အဖအရာ မပီသစွာ ရိုင်းစိုင်း ယုတ်မာနေတာတွေကို သိမြင်ပြီးပြီဆိုရင်တော့အောက်ပါ လိပ်စာအတိုင်း ကန့်ကွက်စာများ ရေးသားပေးပို့နိုင်ပါသည်။


"အားပေးချင်သူများသို့ ဦးအောင်ဆန်းဦးရဲ့ လိပ်စာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

AUNG SAN U & LEI LEI NWE THEIN,
3897 .AUBURNDALE ST,
SAN DIEGO, CA. 92111, U.S.A

0 ဇန်န၀ါရီလ၁၆ရက်၊ ၁၇ရက်နအဖစစ်အုပ်စုမှနိုင်ငံခြားရေးဝန်ကြီးဆိုသူဥာဏ်ဝင်းအားဆန္ဒ့ပြရန်ရှိ

ဂျေအေစီ ခေါင်းဆောင်များခင်ဗျား

၂၀၁၀ဇန်န၀ါရီလ၁၆၊၁၇ရက်နေ့များတွင်နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကိုဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်မည်ဖြစ်၍နအဖစစ်အုပ်စုမှနိုင်ငံခြားရေးဝန်ကြီးဆိုသူဥာဏ်ဝင်းပါဝင်တက်ရောက်မည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JAC )အနေဖြင့်နိုင်ငံတကာမှခေါင်းဆောင်များ၊ဂျပန်ပြည်သူလူထုနှင့်ဂျပန် မီဒီယာသို့  နအဖစစ်အုပ်စု၏၂၀၁၀ရွေးကောက်ပွဲအတွက်မြန်မာပြည်သူလူထု၏သဘောထားရပ်တည်ချက်ကို ဖော်ထုတ်ပြန်သနိုင်ရန် ရည်ရွယ်၍ ဆန္ဒပြပွဲတခုပြုလုပ်ရန် ဆန္ဒသဘောထားများ ပေးပို့ စေလိုပါသည်၊

နေ့ ရက်၊
။ ၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၁၆၊ ၁၇ ရက်။
အချိန်။
။ နံနက် ၉း၃၀ မှ ၁၁ နာရီခွဲအထိ။

နေရာ။
။ Yotsuya ဘူတာ အနီး၊ Hotel New Atani (ယခင် ဗိုလ်သိန်းစိန်တည်းခိုရာ ဟိုတယ်အရှေ့ )လက်ကိုင်ပိုစတာ စာတမ်းအရှည် (၁၀ မီတာခန့် )ပြုလုပ်၍ ကိုင်ဆောင်ဆန္ဒပြရန် ရည်ရွယ်ထားပါသည်။ရွှေဂုံတိုင်ကြေငြာစာတမ်းကို အဓိကဖော်ပြလိုပါသည်။ ဖြစ်နိုင်ပါက ရွှေဂုံတိုင်ထုတ်ပြန်ကြေငြာချက်ကို အင်္ဂလိပ်၊ဂျပန် ၂ဘာသာဖြင့် ဟော်တယ် အတွင်းအထိ သွားရောက်ဖြန့် ဝေနိုင်ရန်ကြိုးစားကြည့်ချင်ပါသည်၊ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက်ဆက်သွယ်ပူးပေါင်းပေးကြပါရန်မေတ္တာရပ်ခံပါသည်၊
ဇန်န၀ါရီလအတွက် ဂျေအေစီ ပုံမှန်အစည်းအဝေး ရက်များမှာ ၁၇ ရက်နှင့် ၃၁ ရက်ဖြစ်ပါသည်၊

ပေးပို့သူ။ ။ ကိုမင်းညိုဝမ်း (MTK)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.