Saturday, May 15, 2010

1 Burma urgent needs water

0 အပူ နှင့် အအေး ထိပ်တိုက်မတွေ့စေလို

စိတ်မကောင်းလိုက်တာဗျာ။ ကြည့်ပါဦး။ မနေ့က (၁၃-၅-၂၀၁၀)ထုတ် “ကြေးမုံ နဲ့ မြန်မာ့အလင်း” သတင်းစာတွေမှာ နာရေးကြော်ငြာတွေ များလိုက်တာဗျာ။ ခါတိုင်း စာမျက်နှာ (၁)မျက်နှာလောက်ဘဲ ပုံမှန် ရှိနေရာက မနေ့က စာမျက်နှာ (၄)မျက်နှာ အပြည့် နာရေးကြော်ငြာ တွေဗျာ။ အသက် (၇၀) (၈၀)တွေ ကတော့ အများဆုံးပေါ့။ ပိုပြီး စိတ်မကောင်းတာက ကျွန်တော့် အတွက် “ဆရာလို တမျိုး၊ ဦးလေးလို တဖုံ” ခင်မင်လေးစားရတဲ့ စာရေးဆရာ ဆရာဝန်ကြီး “ဒေါက်တာ ကမ္ဘောဇခင်လှိုင်” ပါ ကွယ်လွန် သွားရ ရှာပါပြီ။

တနေ့ထက် တနေ့ ပြင်းထန်လာတဲ့ နွေရာသီရဲ့ အပူဒဏ်အောက်မှာ သက်ကြီးရွယ်အိုတွေ “တဖြုတ်ဖြုတ်” ကွယ်လွန်ကုန်ကြ ရှာပါ ပေါ့လား။ တလောကလည်း ကျန်းမာရေးဆောင်းပါးတွေကို အမြဲရေး, ရေးနေတဲ့ စာရေးဆရာကြီး “သာဂဒိုး” လည်း ကွယ်လွန် သွားခဲ့ပါတယ်။ ဒီ “အပူဒဏ်” ကြောင့်ပါဘဲ။

အသက်ကြီးတဲ့ လူကြီးတွေ ၊ နာတာရှည်ရောဂါများ ခံစားနေရသူတွေ အပူဒဏ် မခံနိုင်ဘဲ ကွယ်လွန်တာကတော့ ထားပါတော့။ ဘာရောဂါမှလည်း မရှိ၊ အရွယ်ကလည်း သန်စွမ်းကျန်းမာနေဆဲ “လူငယ်တွေ” ပါ တော်တော်များများ ဆုံးပါးနေကြတဲ့ ကိစ္စလေးတော့ သတိပေးလိုတာကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။

အသက်မှ (၂၀) (၃၀) ၀န်းကျင်တွေ အခုမနက်ဘဲ အကောင်း၊ ညကျတော့ ဆုံးပါးသွားရှာပြီဆိုတာတွေ မကြာခဏ မြင်ကြားနေရ တဲ့ ကိစ္စမှာ အဓိကတရားခံကတော့ “အပူ နဲ့ အအေး” ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပါတယ်။“ဥစ္စာကံစောင့်၊ အသက်ဉာဏ် စောင့်” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အခုလို ပြင်းထန်တဲ့ အပူဒဏ်မျိုးကို အသက် (၄၀)အောက် မှာ ရှိတဲ့ ကျန်းမာတဲ့ လူငယ်လူရွယ်မှန်သမျှ ကောင်းကောင်း ခံနိုင်ရည်ရှိပါတယ်။ အပူဒဏ်ကြောင့် သေကြေပျက်စီးကြတာ မဟုတ်ပါဘူး။ အပူ နဲ့ အအေးကို မဆင်မခြင် ထိပ်တိုက်တွေ့ကုန်ကြလို့ မသေသင့်ဘဲ သေကြေပျက်စီးကြရတာပါ။

ရာသီက အရမ်းပူတော့ ဒီအပူဒဏ်ကနေ လွတ်အောင် “ရေအေး” တွေကို မဆင်မခြင် ချိုးကြတယ်။ “ရေခဲရေ” တွေကို မဆင် မခြင် သောက်ကြတယ်။ လူ့ကိုယ်ခန္ဓာဟာ ဓာတ်ကြီး(၄)ပါးနဲ့ တည်ဆောင်ထားတာပါ။ “သံမဏိ” နဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ ဒီလောက် ပူပြင်းလှတဲ့ ကာလမှာ ကိုယ်ခန္ဓာထဲမှာ “ဥဏှတေဇော” ဓာတ်က အရမ်းကြွနေတဲ့အချိန် အင်မတန်အေးမြတဲ့ “သီတအာပေါ” နဲ့ ရုတ်တရက်တွေ့လိုက်တော့ ဘာခံနိုင်မှာလဲဗျာ။ အပူပေးထားတဲ့ “ဖန်ခွက်” တစ်ခုကို “ရေအေး”ထဲ ပစ်ထည့်လိုက်တော့ “ဖြတ်ကနဲ” ကွဲသွားသလိုပေါ့ဗျာ။

ဒီလောက် အပူပြင်းတဲ့ ကာလကြီးမှာ နေပူကနေ ပြန်လာပြီး ရုတ်တရက် ရေကောက်ချိုးလိုက်တာဟာ လူ့ကိုယ်ခန္ဓာရဲ့ “ဇီဝကမ္မ” ယန္တယားကြီး “ဖျတ်ကနဲ” ကွဲကြေသွားနိုင်တာ သတိပြုကြပါ။ အသက်ကို ဉာဏ်စောင့်ကြပါ။ အခုလို ရာသီမျိုးမှာ ကိုယ့်အိမ်ထဲမှာ နေရင်တောင်မှ နေ့ (၁၁) နာရီ နဲ့ ည (၇)နာရီ အတွင်း ရေလုံးဝ မချိုးသင့်တော့ပါဘူး။ ရေခဲရေ လုံးဝမသောက်သင့်တော့ ပါဘူး။ ဆင်ခြင်ကြပါဗျာ။

ရေခဲရေ ဆိုလို့ မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ကျွန်တော်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက် ကလေးပါ။ အခုလို အင်မတန် ပူပြင်းတဲ့ နွေရာသီတစ်ခုမှာ အပြင်ကို မထွက်ရင် မဖြစ်တဲ့ ကိစ္စလေးကြုံလာလို့” Taxi နဲ့ အပြင်ကို ထွက်လိုက်ရတဲ့ နေ့တနေ့ကပေါ့။

ဘတ်စ်ကား မှတ်တိုင်တစ်ခုမှာ “ဟိုင်းလတ်” ကားတစီးကို လူတွေ ၀ိုင်းအုံကြည့် နေကြလို့ ကျွန်တော်တို့လည်း ၀င်ပြီး စပ်စု ကြည့်မိတယ်။ ဖြစ်ပုံက “ဟိုင်းလတ်” လိုင်းကားမောင်းသူဟာ မှတ်တိုင်တစ်ခု အရောက်မှာ “ရေခဲရေသည်” ဆီက ရေခဲရေ တစ်ခွက် ၀ယ်သောက်လိုက်တယ်တဲ့။ ပြီးတော့ နောက်တစ်ခွက် ထပ်မှာပြီး (ပူလွန်းလို့) ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချ လိုက်ပြန်တယ်တဲ့။

ပြီးလဲပြီးရော “စပယ်ယာ” က “ဆွဲ-ဆရာ” လို့ အော်ပေမယ့် ကားက မထွက်တာကြောင့် စပယ်ယာက ရှေ့ကို သွားကြည့်တော့ စောစောက ဒရိုင်ဘာလုပ်သူဟာ ငုတ်တုတ်ကြီး အသက်ပျောက်နေရှာသဗျ။ ကားခေါင်းခန်းထဲမှာ အပူချိန်က မရှိပါဘူးဆိုရင် (၅၀)ဒီဂရီ စင်တီဂရိတ်လောက်ရှိမယ်။ အဲဒီအချိန်မှာ အေးစက်နေတဲ့ ရေခဲရေနဲ့ တွေ့လိုက်တော့ “အပူ နဲ့ အအေး” ထိပ်တိုက်တွေ့ပြီး အသက်ဇီဝိန်တစ်ခု “ဖြတ်ကနဲ” ကွဲကြေသွားရရှာတော့တာပါဘဲဗျ။ ကိုယ်တွေ့ မြင်ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုပါ။

ဒါကြောင့် “အသက်ဉာဏ်စောင့်” ဆိုတဲ့ စကားလို ဒီလို ပြင်းထန်တဲ့ နွေရာသီမျိုးမှာ ကိုယ့်အသက်ကို စောင့်ရှောက်ကြပါ။ “အပူ နဲ့ အအေး” ထိပ်တိုက် မတွေ့မိပါစေနဲ့။ ရေခဲရေ လုံးဝမသောက်ကြပါနဲ့။ ရေချိုးရင် မနက်စောစောမှဘဲ ချိုးကြပါ။ မနေနိုင်ရင် ညအိမ်ယာဝင်ခါနီးမှ ချိုးပါ။ ကျန် နေ့လည်ခင်းမှာ လုံးဝမချိုးမိကြပါစေနဲ့ ။ ပူရင် နဲနဲအောင့်ခံပါ။ လတ်တလော သာယာမှုနောက် ကို မလိုက်ကြပါနဲ့။

ရှေးက လူကြီးသူမတွေ ကတော့ ရေချိုးမိုးချိုး သိပ်ဂရုစိုက်ကြတာကလား။ ဘယ်ရာသီဖြစ်ဖြစ် နေ့ (၁၁)နာရီ ကျော်သွားရင် ရေမချိုးကြတော့ဘူး။ ညနေပိုင်း ရေချိုးတာ လုံးဝရှောင်ကြတယ်။ ရေချိုးရင်လည်း သိပ်အေးစက်တဲ့ ရေကို ဘယ်တော့ မှ မချိုးကြဘူး။ မပူမအေး အလောတော် ရေကိုဘဲ ချိုးကြတယ်။ ရေမချိုးခင် ရေ, အ၀သောက်ပြီးမှ ရေချိုးတယ်။ ရေချိုးရင် လည်း ခေါင်းက စ, ပြီး မလောင်းကြဘူုး။ ခြေဖျား ကနေ ဒူးခေါင်း၊ ဒူးခေါင်းက နေ ပေါင် ၊ ပြီးရင် လက်ဖျား နဲ့ လက်မောင်းတွေကို လောင်းတယ်။ နောက်မှ လက်ခုပ်ထဲမှ ရေနဲနဲ ထည့်ပြီး ရင်ဘတ်နောက်ကျော တွေကို “ဖျတ်ဖျတ် ဖျတ်ဖျတ်” နဲ့ ရိုက်ပြီး ရေဆွတ်ပေးတယ်။ နောက်ဆုံးမှ ကိုယ်လုံးကို ရေနဲနဲခြင်း လောင်းချိုးတယ်။ ကိုယ်လုံးကို ရေ (၁၀)ခွက်လောက် ၀အောင်ချိုးပြီးမှ ခေါင်းကိုရေလောင်းတယ်။ ဒီလို စနစ်တကျ ရေချိုး ကြတာဗျ။

ဒါ ဘာလုပ်တာလဲလို့ မေးရင် “အပူ ကနေ အအေး” ကို ရုတ်တရက် မပြောင်းဘဲ ဖြေးဖြေးခြင်း ကူးပြောင်းပေးတာပေါ့ဗျာ။ ဒါကြောင့် ရှေးလူကြီးတွေ လေဖြတ်တာတို့၊ ဦးနှောက်သွေးကြောပြတ်တာတို့ သိပ်မဖြစ်ကြတာပေါ့ဗျာ။ ခုခေတ်လူတွေတော့ မဟုတ်ပေါင် ။ ရေကို ချိုးချင်တဲ့ အချိန် စိတ်ကူးရသလို ချိုးကြသလို ရေမချိုးခင် ခေါင်းအရင် လျှော်တတ်ကြသေးသဗျ။ ဒီတော့ ဦးခေါင်းထဲမှာ ရှိတဲ့ အင်မတန်နုနယ်လှတဲ့ ဆံချည်မျှင် သွေးကြောလေးတွေဟာ “ပူနေရာကနေ၊ ရုတ်တရက်” ကောက်အေး လိုက်တော့ ခံနိုင်ပါဦးမလား။ “မူးတယ် ၊ မူးတယ်” ဆိုပြီး “ရှော” သွားရှာကြတော့တာပါဘဲ။

“ငါတို့တော့ ဒီလို အမြဲလုပ်နေတာ ဘာမှ မဖြစ်ပေါင်” လို့တော့ မပြောနဲ့နော်။ မဖြစ်ချင်သေးရင်( မသေချင်သေးရင်) တော့ မဖြစ်သေးဘူးပေါ့ဗျာ။ ဖြစ်ပြီဟေ့ ဆိုရင်တော့ “ဆေးမမှီတတ်ဘူးနော်”။ မြွေကိုက်တာကမှ ဆေးမှီနိုင်သေးတယ်။ ဆေးရုံတောင် မပို့လိုက်ရဘဲ “ခေါက်ကနဲ” သွားတာပါဘဲ။

နောက်ပြီး တချို့ ရှိသေးတယ်။ “ပူတယ်၊ ပူတယ်” ဆိုပြီး အိပ်ယာခင်းတို့ ၊ သင်ဖြူး တို့ကို ရေဆွတ်ပြီး အိပ်ကြတာ။ ဒါလည်း အလွန် အန္တရာယ် ရှိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်မတန် နာမည်ကျော်ကြားခဲ့တဲ့ “စာရေးဆရာ ဆွေလှိုင်ဦး” ဆိုတာ ဒီလိုဘဲ နွေရာသီမှာ မျက်နှာသုတ်စောင်ကို ရေဆွတ် – ကိုယ်လုံးကို ပတ်ပြီး ပန်ကာအောက်မှာ အိပ်လိုက်တာ “မနိုးသော အိပ်ခြင်း” နဲ့ အိပ်စက်သွားခဲ့ရဘူးပါတယ်။ အရွယ်ကောင်းတုန်း အင်မတန် နာမည်ကျော်ကြားတုန်း အချိန်မှာ ကွယ်လွန်သွားရ တာ အလွန်နှမြောဖို့ ကောင်းပါတယ်။ သူရေးခဲ့တဲ့အထဲက “ဂျက်မ” “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်း(၃၀)” “မချော(၁၀)ယောက် ကိုယ်တစ်ယောက်” တို့ဆိုတာ အလွန်နာမည်ကြီးပါတယ်။

ဒါကြောင့် ဒီလို ခါတိုင်းနှစ်တွေနဲ့ မတူအောင် ပူပြင်းလှတဲ့ အခုနှစ်နွေရာသီမှာ သက်ကြီးရွယ်အိုတွေ ခံနိုင်ရည်မရှိလို့ ကွယ်လွန် နေကြတာကိုတော့ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမယ့် အသက်ကလည်း ငယ်၊ ကိုယ်ခန္ဓာကလည်း ကျန်းမာနေပါရက်နဲ့ ရုတ်တရက် ကွယ်လွန်သွားရတဲ့ စာရင်းထဲမှာ ကိုယ်မပါချင်ရင်တော့ “အပူ နဲ့ အအေး” ကို ထိပ်တိုက် မတွေ့မိအောင် အသိဉာဏ်လေးနဲ့ ဆင်ခြင်ကြပါခင်ဗျား။

(၇)ရက်သားသမီးများ အပူလွတ်ကင်း ချမ်းသာခြင်းသို့ရောက်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
baydathukhumaမှ ကူးယူဖော်ပြပါသည်။

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဆယ့်တစ်မီးငြိမ်းအေးစေမည့် ရေအလှူ(ဒုတိယပိုင်း)


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့သို့ သွားရောက်ပြီး ဦးစွာ ပဲခူးမြို့ နယ်ခံစေတနာရှင်တို့၏ အစီအစဉ်ဖြင့် ပဲခူးမြို့ပေါ်ရှိ ရေလှူဒါန်းသော နေအိမ်များရှိ သောက်ရေကန်များနှင့် စက်ရေတွင်းများမှ သုံးရေ သောက်ရေများကို အသင်းမှ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများဖြင့် ရေဂါလံပေါင်း ၂၅၀၀ ကို ဖြည့်ဆည်းပြီး မိမိတို့ သွားရောက်လှူဒါန်းရမည့် နေရာ ဒေသများသို့ သွားရောက်ရန် ၂၂ ပေ အရှည်ရှိ ဟီးနိုးကားကြီးဖြင့် က၀မြို့နယ် ကျေးရွာများရှိ ရေဘေးဒုက္ခသည်များဆီသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် မော်တော်ယာဉ် အလှူရှင်များ၊ လုပ်အားပေး မြို့ခံလူကြီး လူငယ်များ၏ ပံ့ပိုးကူညီမှုဖြင့် ရေဘေးဒုက္ခသည် ရွာများ ထံသို့ သွားရောက်လှူဒါန်းနိုင်ခြင်း ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရေဘေး ဒုက္ခသည်များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ၁၁ မီး ငြိမ်းအေးစေရန် ရည်ရွယ်ပြီး ၁၁၀၀,၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ် တိတိ)ကို မတည် လှူဒါန်းငွေအဖြစ် စတင်ပြီး အလှူရှင်များမှလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားဖြစ်သူ ဦးသန်းစိန်၊ ကိုစိုင်းတို့ ဦးဆောင်ပြီး အသင်းသူ အသင်းသားများနှင့် နယ်ခံ လုပ်အားပေး လူငယ်များမှလည်း တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။

၁၁ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့နယ်တစ်ဝိုက်သို့ သွားရောက်ပြီး ရေဘေးဒုက္ခသည် ရွာများ၏ အခြေအနေကို သွားရောက်စုံစမ်းခဲ့ကြသည်။

၁၂ - ၅ - ၂၀၁၀ ရက်နေ့တွင် ထပ်မံ၍ ပဲခူးမြို့သို့ သွားရောက်ပြီး မိမိတို့ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများကို ပို့ဆောင်၍ ရေလှူဒါန်းမည့်ကိစ္စကို အသေးစိတ် ညှိနှိုင်းခဲ့ကြသည်။

၁၃ - ၅ - ၂၀၁၀ ရက်နေ့မှ စတင်လှူဒါန်းခဲ့ရာတွင် ပဲခူးမြို့၊ ဝေါမြို့နယ်အတွင်းရှိ ပုဂံရွာသို့ ရေဂါလံ ၂၀၀၀ လှူဒါန်းခဲ့ပါသည်။

၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင်လည်း ပဲခူးတိုင်း က၀မြို့နယ်၊ သက္ကလကျေးရွာအုပ်စု၊ ပျော်ဘွယ်ရွာ အိမ်ခြေ (၁၅၆)၊ လူဦးရေ (၆၀၀) ကျော်အတွက် သောက်ရေ ဂါလံ ၂၅၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

ယင်းသို့ လှူဒါန်းရာတွင် နေ့စဉ် တစ်နေ့လျှင် နှစ်ခေါက် နှုန်းဖြင့် ပဲခူးမြို့မှ သောက်သုံးရေ လိုအပ်သော ရွာအသီးသီးသို့ မြို့ခံစေတနာရှင် လုပ်အားပေး လူငယ်များမှ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် ပူးပေါင်းကာ သွားရောက်လှူဒါန်း နေကြပါသည်။

ထိုသို့ လှူဒါန်းရာတွင် ရေဒုက္ခသည်များ၏ သောက်ရေ မလုံလောက်၍ ဒုက္ခရောက် နေရကြောင်း မိမိတို့ က၀မြို့နယ်အပိုင် ပျော်ဘွယ်ကျေးရွာတွင် လူဦးရေ (၁၅၀) ခန့်ရှိကြောင်း ကရင်၊ ကုလား၊ ဗမာ လူမျိုးစုံ နေထိုင်ကြကြောင်း ယင်းကဲ့သို့ လာရောက်လှူဒါန်းကြသည့်အတွက် ရေအကျိုး (၁၀) ပါး ပြည့်စုံကြပါရန်နှင့် နောက်နောင်လည်း ယခုကဲ့သို့ ဒုက္ခရောက်နေသော ပြည်သူလူထုတို့ အပေါ် လူသားချင်းစာနာစိတ်ဖြင့် ကူညီဖေးမမှုများ ပြုလုပ်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့ပေးခဲ့ကြပါသည်။

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 ဦးဝင်းတင်(NLD) နှင့် အင်တာဗျူး ဗီဒီယို


ပေးပို့သော shwenandaအားကျေးဇူးတင်ရှိပါသည်။

0 ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့ နေဦးဥာဏ်ဝင်းအားပြောကြားချက်များ

ယနေ့နေ့လည် မြန်မာစံတော်ချိန် ၂ နာရီ အချိန်တွင် ရန်ကုန်မြို့  အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းနှင့် ဒေါ်အောင်ဆန်းကြည်တို့နှစ်ဦးအား တရားဝင်တွေ့ဆုံဆွေးနွေးပြောဆိုခွင့်ကို နအဖစစ်အစိုးရမှခွင့်ပြုခဲ့ပါသည်။

ဦးဥာဏ်ဝင်းအားဒေါ်အောင်ဆန်းစုကြည်မှ လွန်စွာမှအရေးကြီးသောကိစ္စရပ်များကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့ နေဦးဥာဏ်ဝင်းအားပြောကြားချက်များ

၁ ။ ပါတီမှတ်ပုံတင် အသက်မရှိတော့သော NLD ရွှေဂုံတိုင်ရုံးချုပ်အတွင်း၌ နိုင်ငံရေးကိစ္စလုံး
ဝမပြုလုပ်စေရန်

၂ ။ NLDရွှေဂုံတိုင်ရုံးချုပ်သို့ ပြည်ပမှအဖွဲ့အစည်းများ ၊ နိုင်ငံခြားသားများအားလက်ခံတွေ့
ဆုံခြင်းမပြုရန်

၃ ။ မတ်လ ၂၉ ရက်နေ့တွင် NLD အဖွဲ့ချုပ်မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကိုမလိုက်နာ လက်
မခံပဲ မိမိတစ်ဦးတည်းသဘောနှင့် ခွဲထွက်ပါတီထောင်ခဲ့သော ဦးခင်မောင်ဆွေ နှင့် အဖွဲ့အား အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့်

၎ ။ အမေရိကန်သံအမတ် ကာ့တ်ကမ်ဘဲလ် နှင့်တွေ့ ဆုံပြောဆိုညှိနှိုင်းမှုမှာ လွန်စွာအားရဖွယ်ကောင်းကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ NLD ၏ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းပြောကြားခဲ့ပါသည်ဟု သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

0 အမျိုးသားဒီမိုကရေစီအင်အားစု (NDF) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ကိုယ်ပွားပါတီမဟုတ်

ဇင်လင်း / ၁၃ မေလ ၂၀၁၀

(ခောတ်ပြိုင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေ တရားမျှတမှုမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တော့ကြောင်း မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးတွင် (အမြင်ကွဲလွဲသူအချို့ရှိသော်လည်း) ကန့်ကွက်သူမရှိ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အပေါ် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်သည်။ ပြည်တွင်းပြည်ပတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စသည်တို့ကို လက်ငင်းဖြေရှင်းရမည့် ပြဿနာများအဖြစ် ဖော်ပြလျက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တောင်းဆိုထားသည်။


ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားလျက် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ဆင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ သို့သော် စစ်အာဏာရှင်အုပ်စုက လူထုကိုယ်စားပြု NLD ပါတီ၏ တောင်းဆိုမှုကို ကျောခိုင်းထားခဲ့သဖြင့် NLD ကလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ NLD ပါတီ၏ ယင်းဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပ အဓိကနိုင်ငံရေးအင်အားစုများက ကြိုဆိုထောက်ခံခဲ့ကြသည်။ ပြည်သူလူထုအများစုကလည်း ထောက်ခံခဲ့ကြသည်။

စစ်အစိုးရ၏ ၂၀၁၀ ပါတီမှတ်ပုံတင်ဥပဒေအရ ဆက်လက်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် NLD က ငြင်းဆိုခဲ့သဖြင့် မေလ (၆) ရက်တွင် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်သက်တမ်းကုန်သည်။ မတ်လ (၂၉) ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးတွင် ကန့်ကွက်သူမရှိ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့သော်လည်း မေလ (၇) ရက်နေ့တွင် NLD နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ‘အမျိုးသားဒီမိုကရေစီအင်အားစု’ အမည်ဖြင့် ပါတီမှတ်ပုံတင်လိုက်သည့်ကိစ္စ ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်သူများမှာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်နှင့် ဦးတိုးပို … စသူတို့ အပါအ၀င် (၂၈) ဦးဖြစ်သည်။ ထိုအုပ်စုက မေလ (၆) ရက်နေ့ ကုန်ဆုံးချိန်အထိ ဒေါ်စုနှင့် NLD အပေါ် သစ္စာရှိမည်။ မေလ (၇) ရက်တွင် NLD မရှိတော့သဖြင့် သီးခြားပါတီထောင်၍ ရွေးကောက်ပွဲဝင်မည်ဟု ဆိုခဲ့ကြသည်။ ထိုအုပ်စု၏ စကားနှင့်လုပ်ရပ်မှာ ရှင်းလင်းမြင်သာပါသည်။ မေလ (၆) ရက်နောက်ပိုင်းတွင် သူတို့အနေဖြင့် NLD အား သစ္စာစောင့်သိတော့မည်မဟုတ်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

NLD က ရွေးကောက်ပွဲမ၀င်သည့် အဓိကအကြောင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာမခံနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ Splinter Group က ရွေးကောက်ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) အမည်ဖြင့် ပါတီ မှတ်ပုံတင်လိုက်သည့်အတွက် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (Mandate) ကို ပစ်ပယ်၍ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအား သစ္စာခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် NLD ၏ နိုင်ငံရေးရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် လက်ငင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လမ်းခွဲခဲ့ကြသူတစု (Splinter Group) က ဖန်တီးလိုက်သည့် ပြဿနာမှာ လူထုအား အမြင်ရှုပ်ထွေးေ၀၀ါးစေရန် မလျော်မကန် လုပ်သကဲ့သို့ ဖြစ်နေသည်။ အမှန်တော့ ယင်းသို့သော အခြေအနေမျိုး ပေါ်ပေါက်လာဖွယ်ရှိသည်ကို ၂၀၁၀ နှစ်ဆန်းစ ကတည်းက ကြားနေ သိနေရပါသည်။ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု တွင်တွင်ဝါဒဖြန့်ချိနေသည့် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်နေကြပါသည်ဆိုသော NGO အချို့၏ ပယောဂများလည်း မကင်းဟု ဆိုရပါမည်။ ထို NGO အဖွဲ့ဝင် ပုဂ္ဂိုလ်တချို့တွင် ကိုယ်ပိုင်မီဒီယာလုပ်ငန်းများ ရှိသည့်အလျောက် နအဖ၏ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တက်ကြွစွာ ၀ါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုထိုသော ပုဂ္ဂိုလ်တို့အနက်မှ တဦးကဆိုလျှင် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံသည် ‘အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ’ ကို စံနမူနာယူ ရေးဆွဲထားသည်ဟု မရှက်မရွံ့ ၀ါဒဖြန့်ခဲ့ပုံကို ကိုယ်တိုင်ကြားခဲ့ရဖူးသည်။ ထို NGO အဖွဲ့များမှ တာဝန်ရှိသူအချို့ကပင် NLD မှ တွေဝေယိမ်းယိုင်သူများအား မက်လုံးပေး ဖဲ့ထုတ်စည်းရုံးခဲ့ကြသည်။ NLD အစိတ်အပိုင်းတရပ် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါခဲ့လျှင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုမိုရရှိမည်။ ထိုသို့ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ အလှည့်အပြောင်းသည် နိုင်ငံနှင့်ပြည်သူ အတိုင်းအဆမရှိ နစ်နာမည်ဖြစ်သော်လည်း စစ်တပ်ကျောထောက်နောက်ခံဖြင့် NGO လုပ်စားနေသူများ (အရိုးခံ NGO များကို မဆိုလို) အဖို့ စားပေါက်ပိုချောင်လာမည်ဟု တွက်ဆကာ စစ်အစိုးရအကြိုက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲမှတပါး အခြားရွေးခွင့်မရှိဟု ကျယ်ကျယ်လောင်လောင် ၀ါဒဖြန့်နေကြခြင်းလားဟု ထင်မြင်စရာဖြစ်သည်။

ဤနေရာ၌ ဧပြီလ (၇) ရက်စွဲဖြင့် ဒေါက်တာခင်ဇော်ဝင်းထံမှ ထွက်ပေါ်လာသော အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတစောင်ပါ အချက်အလက်များကို ကိုးကားလိုပါသည်။ စာတမ်းခေါင်းစဉ်က “NLD အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” ဟု ဆိုပါသည်။ မတ်လ (၂၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မှတ်ပုံမတင်ရေးသဘောထားကို ဦးဉာဏ်ဝင်းက သတင်းမီဒီယာမှတဆင့် ဖော်ထုတ်လိုက်ခြင်းကြောင့် မတ်လ (၂၉) NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပေါ် သြဇာသက်ရောက်မှုဖြစ်စေခဲ့သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် ဝေဖန်ထားသည်။

ထိုနေ့က အစည်းအဝေးဆုံးဖြတ်ချက်အား ဥက္ကဋ္ဌ ဦးအောင်ရွှေက ဒေါ်စုသဘောထားကို မဆန့်ကျင်လို၍ ထောက်ခံခဲ့သည်။ လူငယ်အဖွဲ့ကလည်း မဲမခွဲဘဲ ညှိနှိုင်းဆုံးဖြတ်ရန် စုပေါင်းလက်မှတ်ရေးထိုးထားသော စာတစောင်တင်ခဲ့သည်ဟု ဆွေးနွေးချက်စာတမ်းတွင် ဖော်ပြသည်။ ထို့ကြောင့် NLD ခေါင်းဆောင်ပိုင်းသည် လက်တွေ့ကျကျ အလေးအနက် စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စကို၊ စိတ်လှုပ်ရှားခံစားမှု ဦးစားပေး၍ ဆုံးဖြတ်ခဲ့ကြသည်ဟု ဝေဖန်ထားသည်။ နှစ်ပေါင်း (၂၀) ကျော် ဆင်းရဲဒုက္ခကြီးစွာခံလုပ်ခဲ့ကြရပြီးနောက် ယခုအခါ ခေါင်းဆောင်မှု ကင်းမဲ့သွားခဲ့ပြီ။ ဤသို့ဖြစ်ရခြင်းမှာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင့်တို့ (လေးဦးဂိုဏ်း) က (ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုသည်ဟု ကြွေးကြော်ကာ) အထက်စီး ရယူခဲ့သောကြောင့် ဖြစ်သည်ဟု ထိုဆွေးနွေးချက်စာတမ်းတွင် သုံးသပ်ထားသည်။

ထို့ပြင် ဒေါ်စုသည် ဦးဉာဏ်ဝင်း၏ ခြယ်လှယ်အမြတ်ထုတ်မှုကို ခံနေသည်။ ဒေါ်စု၏ ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်သည် မိမိတို့ (အဖွဲ့ချုပ်ဝင်များ) အား ပစ်ပယ်လိုက်သည့်သဘောလည်းဖြစ်သည်။ ယခုအခါ ဒေါ်စုတွင် ရပ်တည်စရာ စင်မြင့် လုံးဝမရှိ ဖြစ်သွားပြီ။ မိမိတို့အနေဖြင့် ယခုအခါ ရေစီးကြောင်းကို ဆန်တက်ကြရမည်။ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသားများအား လူရင်းများအဖြစ် သဘောထားနေသည်။ ဒေါ်စုသည် နအဖ၏ ထောင်ချောက်အတွင်း ပြန်ဝင်နေသည် … စသည်ဖြင့် ထိုဆွေးနွေးချက်စာတမ်းတွင် ဖော်ပြထားသည်။

ဒေါက်တာခင်ဇော်ဝင်း၏ ကိုယ်ပိုင်ဝေဖန်ချက်တွင် အသစ်ပေါ်လာမည့် ပါတီ သို့မဟုတ် ပြုပြင်ပြောင်းလဲထားသည့် NLD ပါတီသည် နိုင်ငံရေးဘ၀ဖြစ်စဉ်၌ တနေရာ ရသင့်ရထိုက်သည်။ ထိုပါတီသည် NLD အမည်ကို သုံးဖြစ်ကောင်းမှ သုံးဖြစ်မည်ဖြစ်သော်လည်း စင်စစ် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” ဖြစ်လာမည်။ “ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ဆန္ဒသဘောထားများကို လေးစားကြသကဲ့သို့ အသစ်ပေါ်လာမည့် ပါတီ၏ ဆန္ဒသဘောထားများကိုလည်း လေးစားအသိအမှတ်ပြုသင့်သည်။ မည်သည့်အကြောင်းကြောင့်မျှ ပါတီအသစ်တွင် ပါဝင်သူများအား NLD ကို သစ္စာဖောက်သူများဟု တံဆိပ်မကပ်သင့်” ဟု ဖော်ပြထားသည်။

နိုင်ငံရေးအချိုးအကွေ့တခုနှင့် ကြုံတွေ့တိုင်း သဘောထားအယူအဆ ကွဲလွဲတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တခုဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီတခု၏ ထီးရိပ်အောက်တွင် ရှိနေကြသူတို့အနေဖြင့် သဘောကွဲလွဲခွင့်ရှိခြင်းမှာ ဒီမိုကရေစီပိုင်ခွင့်ဖြစ်သည်။ သို့သော် ပါတီဝင်တဦးချင်းသည် ပါတီတွင်း၌ အကျေအလည် ဆွေးနွေး ငြင်းခုန်ပြီးနောက် အများစု၏ ဆုံးဖြတ်ချက်ကို သဘောမတူသော်လည်း လိုက်နာရန် တာဝန်ရှိသည်။ အများစု သဘောတူဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ရုံမက အများစုက ပြည်သူလူထုနှင့် ပါတီ၏အကျိုး ထိခိုက်နစ်နာမည်ဖြစ်၍ ပယ်ချထားသော လမ်းကြောင်းကို ဖုန်ခါပွဲထုတ်လိုက်လျှင်မူ ပါတီကိုဆန့်ကျင်ခြင်းဖြစ်သည်။ သစ္စာဖောက်ခြင်းဖြစ်သည်။

ဒေါက်တာခင်ဇော်ဝင်း၏ ဧပြီလ (၇) ရက်စွဲဖြင့် “NLD အဆင့်မြင့်ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့ ဆွေးနွေးချက်” စာတမ်းထွက်ပေါ်လာချိန်သည် NLD တရားဝင်ပါတီအဖြစ် တည်နေဆဲကာလဖြစ်သည်ကို သတိပြုရပါမည်။ ထိုစဉ်က NLD ခေါင်းဆောင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးစိန်လှဦးတို့၏ စာတမ်းပါ ဆွေးနွေးချက်သဘောထားများအရ ဂိုဏ်းဂဏစိတ်ဖြင့် ပါတီကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။ “(လေးဦးဂိုဏ်း) ဟူသော အသုံးအနှုန်း” “ လိုအပ်လျှင် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန့်ကျင်ရမည်။ ဒေါ်စုသည် ခေါင်းမာဂိုဏ်းသား ဦးဝင်းတင်အား မျက်စိစုံမှိတ် ယုံကြည်အားထားနေသည်” စသည့် သဘောထားများက ထိုစဉ်ကပင် ပါတီဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်နေခဲ့ကြောင်း ထင်ရှားနေသည်။

သို့သော် မီဒီယာများအား ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောပုံဆိုပုံမှာ မရိုးသားဟု ဆိုရမလိုဖြစ်နေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟု စကားနှစ်ခွဆိုမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲစည်းပုံဖြင့် စစ်အုပ်စုက သစ္စာခံခိုင်းသည်ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီးဖြစ်သည်။ NDF က စစ်အုပ်စု၏ ၂၀၀၈ ဖွဲစည်းပုံကို သစ္စာခံရမည့် (ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး) လမ်းကို လိုက်သွားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များက သစ္စာစောင့်သိမှု ရှိ မရှိ ဆိုသည်ကို ပြသခဲ့ပြီးဖြစ်သည်။

NLD မှ နှုတ်ထွက်၍ သီးခြားပါတီထောင်ခြင်းမှာ ပြဿနာမဟုတ်။ ၁၉၉ဝ ခုနှစ်တွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ပေးမည်ဟု NLD က ပြည်သူကို ကတိပေးခဲ့သည်။ ထိုကတိကို ဆက်လက် အကောင်အထည်ဖော်ရန် တရားဝင်ပါတီအဖြစ် ရပ်တည်ကာ နိုင်ငံရေးကို တရားဝင်လုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ကြောင်း ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ပြောဆိုလာပုံမှာလည်း မရိုးသားရာရောက်သည်။ NLD တာဝန်ကို ဆက်လက်ထမ်းဆောင်နေသယောင် ပြောသလိုဖြစ်နေသည်။

ထိုကိစ္စများနှင့် စပ်လျဉ်း၍ ဆရာဦးဝင်းတင်က သတင်းမီဒီယာများတဆင့် ရှင်းပြခဲ့ပြီးဖြစ်သည်။ ဦးဝင်းတင်က NLD သည် ပြည်သူလူထုကို လှည့်စား၍ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်ပွားပါတီ ထူထောင်၍သော်လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည်မဟုတ်ဟု အတိအလင်း ပြောပါသည်။ ထို့ပြင် ပါတီပြိုကွဲပျက်စီးစေမည့် အလုပ်မျိုးလည်းမလုပ်၊ ပြည်သူကိုလည်း သစ္စာမဖောက်ဟုဆိုပါသည်။ မိုးမခမီဒီယာ၏ မေးခွန်းများကို ဖြေဆိုရာ၌ ဦးဝင်းတင်က NLD နှင့် NDF ခြားနားပုံကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေ ပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်းမရှိတာက အဓိက ဖြစ်သွားပြီ။ NLD ပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့အပ်နှံမှု၊ လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် (၂၀) လုံးလုံးအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် (၂၀) လုံးလုံးတောင် ပြည်သူ့ရဲ့ Mandate နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း ၀န်မခံလိုဘဲ၊ လက်မခံဘဲနဲ့ နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။ NLD ပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ NLD ဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက်ရပ်တည်သွားမယ်။ ဆက်လက်လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။”

NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ် မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်ပေသည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience) ဖြစ်သည်။ NLD ၏ အမြင့်ဆုံး တိုက်ပွဲပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ (၁၀) ရက် နေ့စွဲဖြင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်၏ သတင်းထုတ်ပြန်ချက်တွင် ဆယ်စုနှစ် (၂) ခုကြာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာရေးအတွက် ရုန်းကန်အားထုတ်ခဲ့သော NLD ၏ အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ စစ်အစိုးရ၏ မတရားသည့် ဥပဒေစည်းမျဉ်းဘောင်အတွင်း၌ NLD အား တရားဝင်အဖွဲ့အစည်းအဖြစ် ငြင်းပယ်ထားသော်လည်း NLD သည် မြန်မာပြည်သူလူထုအား ကိုယ်စားပြုလျက် လူထုအကျိုးကို စွဲစွဲမြဲမြဲ ဆက်လက်ဆောင်ရွက်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုက NLD အား ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် “ပြည်သူလူထုကို ဘယ်တော့မှ (ဘယ်တော့မှ) ကျောခိုင်းမှာ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ဆောင်ရွက်ရတဲ့ ကိစ္စအရပ်ရပ်အားလုံးကို တစိုက်မတ်မတ် အေးချမ်းစွာ ဆောင်ရွက်သွားပါမယ်” ဟု ကတိပြုခဲ့သည်။ တနည်းအားဖြင့် စစ်အစိုးရက အသိအမှတ် မပြုသော်လည်း NLD သည် လူထုအကြား၌ ဆက်လက်လှုပ်ရှား တည်ရှိနေမည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် NDF အစုက NLD မရှိတော့ဟု ယူဆပြောဆိုနေသည်။ တနည်းအားဖြင့် NLD ၏ တိုက်ပွဲခွင်ထဲမှ ထွက်သွားခြင်းဖြစ်သည်။ ထိုမျှမက စစ်အာဏာအောက် ခေါင်းလျှိုဝင်လိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု (NDF)’ က ယူဆသကဲ့သို့ NLD ၏ အခန်းကဏ္ဍ မရှိတော့ဟူသော အမြင်မှာ ပကတိအခြေအနေနှင့် လွဲချော်နေသည်။ ဒေါက်တာခင်ဇော်ဝင်း မျှော်မှန်းသည့် “အောင်ဆန်းစုကြည်ခေတ်လွန် NLD ပါတီ” (သို့မဟုတ်) NDF ၏ အခန်းကဏ္ဍ ဆိုသည်မှာလည်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်သည်။ NDF လျှောက်သောလမ်းမှာ လူထုဆန္ဒနှင့် ကင်းကွာသော၊ ၉၀ ရလဒ်ကို ကျောခိုင်းသော၊ စစ်အာဏာ အဓွန့်ရှည်ရေးကို ထောက်ကူသော လမ်းကြောင်းဖြစ်နေသည်။ ထို့ကြောင့် NDF သည် စစ်အာဏာတည်တံ့ရေးစီမံချက်တွင် နယ်ရုပ်တရုပ် ဖြစ်မှန်းမသိ ဖြစ်ရဖို့သာရှိသည်။

သို့ဖြစ်၍ ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့၏ NDF သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် လုံးဝဆက်စပ်ပတ်သက်မှု မရှိသည်မှာ ထင်ရှားပေသည်။ ထို့ပြင် NDF သည် NLD ၏ ကိုယ်ပွားပါတီ သို့မဟုတ် Lifeboat Party သဘောလည်း လုံးဝမဟုတ်။ အဘယ်ကြောင့်ဆိုသော် NLD ၏ မူဝါဒ ဆုံးဖြတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူခဲ့ပြီးမှ NDF က ဆန့်ကျင်ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က လုံးဝလက်မခံနိုင်သည့် နာဂစ်ဖွဲ့စည်းပုံအောက်၌ NDF ပါတီသစ်ကို ဖွဲ့ခဲ့ခြင်းမှာလည်း စစ်အာဏာလွှမ်းမိုးရေးကို အားပေးရာရောက်နေ၍ ဖြစ်သည်။

ထို့ကြောင် ဒေါ်အောင်ဆန်းစုကြည်သည် NDF ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဟုလည်းကောင်း၊ NLD ၏ မပြီးဆုံးသေးသည့် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်းကောင်း၊ NDF က လူထုကိုေ၀၀ါးအောင် မပြောသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောထားချင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေသည့် ‘အမျိုးသားဒီမိုကရေစီအင်အားစု’ ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို မည်သည့်နည်းနှင့်မျှ လက်ခံလိမ့်မည်မဟုတ်ပါ။ ဖြစ်သင့်သည်မှာ ‘အမျိုးသားဒီမိုကရေစီအင်အားစု’ (NDF) ခေါင်းဆောင်များအနေဖြင့် မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် သဘောမတူ၍ သီးခြားပါတီထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ္တိရှိရှိ ရိုးရိုးသားသား ဖြောင့်ချက်ပေးကာ ရှေ့ခရီးကို ဆက်သင့်ပေသည်။ လူထုက ရိုးသားမှုကို အားပေးထောက်ခံလေ့ရှိကြောင်း သတိချပ်သင့်ပါသည်။

0 ပဲခူးဒေသ အာဏာပိုင်တွေကို ILO ကိုယ်စားလှယ် သဘောထားရှင်းပြ


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှယ်လ် (Steve Marshall) နဲ့ အဖွဲ့ဟာ ပဲခူးမြို့က ရှေ့နေကြီးဦးအေးမြင့်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေနဲ့တွေ့ဆုံပြီး အာဏာပိုင်တွေကိုအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ကလေးစစ်သားဆိုင်ရာဥပဒေပါအကြောင်းအရာတွေကိုဟောပြောပွဲပြုလုပ်ခဲ့တယ်လို့ ဦးအေးမြင့်ကပြောပြပါသည်။

အိုင်အယ်လ်အိုက ဆက်သွယ် ရေးအရာရှိ စတိဗ် မာရှယ်လ်ဟာ သူ့အိမ်ကိုလာရောက်ပြီး ကလေးစစ်သားစုဆောင်းမှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေ မှုတွေ၊ လယ်မြေသိမ်းမှုတွေမဖြစ်အောင် ဆွေးနွေးမူတွေလည်းပြုလုပ်ခဲ့တယ်လို့ ရှေ့နေကြီး ဦးအေးမြင့်ကဆိုပါတယ်။

ပဲခူးမှာ လက်ရှိ ပဲခူးအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ILO ရဲ့ ကလေးစစ်သား၊ အဓမ္မလုပ်အားပေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ သဘောတရားတွေ၊ ကလေးစစ်သား၊ အဓမ္မလုပ်အားပေး တာတွေနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လာပြောတာရယ်၊ ဥပဒေကို ရှင်းပြပြီး ဟောပြောပွဲလုပ်တယ်။
စတိဗ်မာရှယ် လာတဲ့အတွက် အိုင်လ်အယ်အိုနဲ့ ဆက်သွယ်မှုအတွက် အရေးယူလို့မရဘူးဆိုတာ အာဏာပိုင်တွေပိုမိုသိရှိသွားနိုင်မယ်လို့ယူဆကြောင်းကို ပြောပြသွားပါတယ်။

ထမင်းကငတ်-ရေကပျက်--ယပ်ခပ်နေတာနအဖ
မင်းကယပ်ခပ်-ငါကငတ်

ဓာတ်ပုံသတင်းပေးပို့သောပဲခူးမြို့လမ်းပြကြယ်အဖွဲ့မှ ဦးမြင့်အေးအားကျေးဇူးတင်ရှိပါသည်။

0 FIFA WorldCup LIVE



ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့်အသင်းများနှင့်အချိန်ဇယား(တောင်အာဖရိကစံတော်ချိန်)ကို အောက်ပါလင့်တွင်သွားရောက်ကြည့်ရူနိုင်ပါသည်။
http://www.marca.com/deporte/futbol/mundial/sudafrica-2010/calendario-english.html

0 ပဲခူးတိုင်းရေအခက်အခဲနှင့် အကူအညီ


ပြည်တွင်းရှိ ပညာရှင်များက ဝေဖန်ပြောဆိုကြရာတွင် - နအဖအာဏရူးများကပြည်သူတွေ ရာသီဥတု မျှမျှတတနေထိုင်နိုင်အောင် သဘာဝတောတောင်ရေမြေတွေကို ထိန်းသိမ်းတာမျိုးကြတော့ မလုပ်၊ နိုင်ငံခြားငွေရဖို့အတွက်ရောင်းစားဖို့သစ်တောများကို စိတ်ကြိုက်ခုတ်ခြင်း။ ရာသီဥတုများ ဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ မြေအောက်ရေများ ခမ်းခြောက်ခြင်းတို့ကြောင့် သုံးရေများ ရှားပါးလာကြောင်း၊ ရရှိနေသေးသည့် မြစ်ရေ၊ ချောင်းရေ၊ မိုးရေနှင့် တွင်းရေတို့မှာလည်း “သောက်”ရေအဖြစ် အဆင့်မီသော သန့်ရှင်းသည့် ရေအဖြစ် မရရှိတော့ကြောင်း၊ ထို့အပြင် မြစ်များ၊ ချောင်းများကို ပိတ်ဆို့ပြီး ဆည်များ၊ ရေကာတာများနှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများ မဆင်မခြင် ဆောက်ခြင်းများကြောင့်လည်း ဖြစ်ကြောင်း ပြောဆိုကြသည်။

ပြည်သူများ ရေငတ်ခြင်း ရေပြတ်ခြင်းဘေးမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ်။
ဓာတ်ပုံသတင်း။ ။ ထွဋ်ထိပ်

1 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဆယ့်တစ်မီး ငြိမ်းအေးစေမည့် ရေအလှူ


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၄ - ၅ - ၂၀၁၀ ရက်နေ့တွင် ပဲခူးမြို့သို့ သွားရောက်ပြီး ဦးစွာ ပဲခူးမြို့ နယ်ခံဖြစ်သော ဦးကျော်ကျော်တို့၏ အစီအစဉ်ဖြင့် ပဲခူးမြို့ပေါ်ရှိ ရေလှူဒါန်းသော နေအိမ်များရှိ သောက်ရေကန်များနှင့် စက်ရေတွင်းများမှ သုံးရေ သောက်ရေများကို အသင်းမှ ငှားရမ်းထားသော ၂၂ ပေ အရှည်ရှိ ဟီးနိုးကားကြီးဖြင့် မိမိတို့ ၀ယ်ယူထားသော ပလပ်စတစ် ရေတိုင်ကီများဖြင့် ရေဂါလံပေါင်း ၂၀၀၀ ကျော်ကို ဖြည့်ဆည်းပြီး ယင်းနေ့ နံနက်ပိုင်းတွင် က၀မြို့နယ် ကျေးရွာများရှိ ရေဘေးဒုက္ခသည်များဆီသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ နေ့လည်ပိုင်းတွင်လည်း ရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ထပ်မှန် သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရေဘေး ဒုက္ခသည်များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ၁၁ မီး ငြိမ်းအေးစေရန် ရည်ရွယ်ပြီး ၁၁၀၀,၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ် တိတိ)ကို မတည် လှူဒါန်းငွေအဖြစ် စတင်ပြီး အလှူရှင်များ မှလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်တို့ ဦးဆောင်ပြီး အသင်းသူ အသင်းသားများနှင့် နယ်ခံ လုပ်အားပေး လူငယ်များမှလည်း တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။

ပဲခူးမြို့ပေါ်တွင် ခရီးတစ်ထောက်နားစဉ် မြို့ခံပြည်သူလူထု များမှလည်း လှိုက်လှဲစွာ ကြိုဆိုပြီး ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်၊ နယ်ခံတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သံဃာတော် တစ်ချို့မှလည်း လာရောက်ပြီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပါသည်။

(ရေလှူဒါန်းခြင်း အတွေ့အကြုံများနှင့် ခံစားချက်များကို ထပ်မံ တင်ပြသွားမည် ဖြစ်ပါသည်။)
ရေဒုက္ခသည်များထံသို့ အရောက်.....ပေးဆပ်မှုများ၊သူတို့ ဧ။်ခံစားမှုများကိုမနက်ဖြန်ဆက်လက်တင်ပို့ ပေးပါမည်။
လေးစားစွာဖြင့်....ကျော်သူ

0 သုညကမ္ဘာဆီသို့ ....

ဖြစ်ခြင့်တာဖြစ်၊
မီးပြတ်တာ၊ကားကျပ်တာဂရုမစိုက်ပါဘူး။
ရေပြတ်၊ထမင်းငတ်တာဆိုလုံးဝဘဲ၊
အော်ကမ္ဘာကြီးအိုဇုန်းလွာပေါက်ပြီးပိုပူလာလဲ၊
ယပ်တောင်ခတ်ပြီးနေလိုက်မယ်...
ဒါဟာဒုက္ခတွေတဲ့...
ဟုတ်ပါဘူး...ဒုက္ခ..မဟုတ်ဘူး.....
ဒုက္ခ...မဟုတ်ဘူး...
ဂျိုကုပ်ကြီးကိုဖားနေရတာကဒုက္ခ...
အယောင်ဆောင်လူတန်းစားတစ်ရပ်ကိုဖားနေရတာဒုက္ခ...
မတည်မြဲနိုင်တဲ့နေရာကို၊တည်မြဲအောင်ဖားနေရတာကဒုက္ခ...
မှားနေတဲ့အမှားတရားတွေကို၊မိမိရှေ့မှာမြင်နေပါရက်နဲ့ ...
မပြောရဲ့ မလုပ်ရဲတာက၊ပိုဆိုးတဲ့ဒုက္ခတွေ...
ပညာတွေပိုသိ၊ပိုတတ်လာပြီး...
မယောင်ရာဆီလူးတတ်တာကလည်းဒုက္ခတစ်မျိုးဘဲ...
သတင်းတွေကို၊ဖြန့်ဝေတယ်ဆိုပေမဲ့...
ဟုတ်ဟုတ်မဟုတ်..Forward လုပ်နေတာကလည်းဒုက္ခတစ်မျိုးဘဲ...
(ငါ့လိုလူအပါအဝင်ပေါ့)....
Fund ရဖို့  ၊ နေရာရဖို့ လုပ်နေကြတာလည်း...
ဒုက္ခတစ်မျိုးဘဲ..
အဲ့ဒီ့ဒုက္ခတွေကအေးသွားအောင်၊
လုပ်စရာနည်းလမ်းက...
ကမ္ဘာပျက်ပြီးအသစ်ကပြန်စမှရနိုင်မှာလား...........

(တမူးသာ)

0 ပြည်သူများ ရေခက်ခဲမှု ဒေါ်စု စိုးရိမ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ လက်ရှိ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲပေါ် စိုးရိမ်နေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ယခုထက် ပိုမိုကူညီရန် ယနေ့ ပြောဆိုလိုက်သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ကို သူမ၏ နေအိမ်၌ ယနေ့နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့်ရရှိစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို ပြည်သူတွေ ရေပြဿနာ ကြုံတွေ့နေရတဲ့အပေါ်မှာ သူ အတော်စိုးရိမ်နေတယ်။ ဒီလုပ်ငန်းတွေကို ပြည်သူတွေအတွက် တတ်နိုင်သမျှ တိုးချဲ့ဆောင်ရွက်ပေးပါလို့ အဲသလို ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်း ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ် ဒေသများမှ နေရာအချို့တွင် ရေတွင်းရေကန်များ ခမ်းခြောက်သဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရပြီး ဒေသခံများမှာ အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေများကို အားကိုးနေရသည်။

ပြီးခဲ့သည့်လမှ စတင်၍ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေသည့် ပဲခူးတိုင်းအရှေ့ပိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၆၀ ကျော်ကို ဒေါက်တာမေဝင်းမြင့် ဦးဆောင်သည့် NLD အမျိုးသမီး အဖွဲ့ဝင်များက ယခုလ ၁၁ ရက်နေ့က ရေသန့်ဘူးပေါင်း ၁၁၀၀ သွားရောက်လှူဒါန်းခဲ့သည်။

ရှေ့နေများနှင့် ယနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ လုပ်ထုံးလုပ်နည်းများ လေ့လာထားရန် လိုအပ်ကြောင်း မှာကြားလိုက်သေးသည်။

“NLD ပါတီဟာ အဖွဲ့ဝင်တွေ ကြားထဲမှာရော၊ ပြည်သူတွေ ကြားထဲမှာရော ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လူမှုရေး လုပ်ငန်းတွေကို ထိရောက်အောင် လုပ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေအားလုံး လေ့လာထားပါလို့ အဲဒီလို မှာကြားလိုက်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူမအား နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ ဖြင့် ထားရှိရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်နှင့်ပတ်သက်၍ ပြင်ဆင်ခွင့် အထူးယူခံကို ဗဟို တရားရုံးချုပ်သို့ တင်သွင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အယူခံ အကြောင်းပြချက် ၇ ရပ်ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ယင်းအချက်များကို တရားရုံးတွင် လျှောက်လဲရန် သဘောတူခဲ့ကြသည်။

ခေါင်းဆောင်ဟောင်းအချို့က NLD မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမည်ဖြင့် ပါတီထောင်ခြင်းနှင့် ပတ်သက်၍ အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက မလိုက်နာသဖြင့် ဒီမိုကရေစီကျင့်စဉ် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုကြောင်း ဦးဥာဏ်ဝင်းက ပြန်ပြောပြသည်။

သူက “အဲဒါနဲ့ ပတ်သက်ပြီးတော့ သူက ဒီမိုကရေစီကျင့်စဉ်မှာ အများဆုံးဖြတ်တာကို အနည်းစုက လေးစားလိုက်နာရတယ်။ အခု NLD ပါတီဝင် အများစု ဆုံးဖြတ်တာကို အနည်းစုက သဘောမတူရုံနဲ့ ဒီလိုဆောင်ရွက်တာကို ဒီမိုကရေစီကျင့်စဉ် မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

Friday, May 14, 2010

0 စောင့်ကြည့်သူတွေ လက်မခံတဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဖိလစ်ပိုင် ဝေဖန်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေးမူကို ဆုပ်ကိုင်ထားတဲ့ အာဆီယံအသင်းရဲ့ အစဉ်အလာကို ချိုးဖောက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ သက်ဆိုင်သူ အားလုံး ပါဝင်ခွင့်မရအောင် တားမြစ်ထားတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး၊ လေ့လာသူတွေ စေလွှတ်ရင်လည်း အပိုသာဖြစ်လိမ့်မယ်၊ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ကလေးကစားသလို ဖြစ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလို (Alberto Romulo) က ဒီနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။

စစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် သူတို့မှာ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိပြီးသား၊ နိုင်ငံတကာက လေ့လာသူတွေ မလိုအပ်ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ရိုမူလိုက အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။

အကွီလီနို နေနေး ပီမန်းတဲလ် (Aquilino Nene Pimentel) ဟာ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဖြစ်ပြီး IPU နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူက နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ဝေဖန်ပြောဆိုလိုက်တဲ့အပေါ် သူ့အနေနဲ့ ထောက်ခံတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ရိုမူလို အခုလို ပြောလိုက်တဲ့အပေါ် ကျနော့်အနေနဲ့ သဘောတူပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ လာရောက်ခွင့် ပြုတာတင် မကပါဘူး၊ စစ်အစိုးရကို ဆန့်ကျင်သူ အားလုံးကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် လုပ်ဆောင်ထားပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပြုတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။”

ဒီရွေးကောက်ပွဲဟာ ပြည်တွင်း ပြည်ပက ထင်မြင် ယူဆထားသလိုပဲ စစ်အာဏာရှင်တွေ သက်ဆိုးရှည်အောင် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ပီမန်းတဲလ်က ဆက်ပြောပါတယ်။

“စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဆိုပြီး တမင်တကာ လုပ်ကြံဖန်တီးပြီး ကျင်းပမယ့် ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေ တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။”

မကြာခင် ရက်ပိုင်းအတွင်းကပဲ ဖိလစ်ပိုင်နိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးပြီး ဘန်နစ်နို အကွီနို (Benigno Aquino) ဦးဆောင်တဲ့ အစိုးရသစ် တက်လာတော့မှာပါ။ ဘန်နစ်နို အကွီနိုဟာ ဖိလစ်ပိုင်ပြည်သူတွေ အာဏာရှင် မားကို့စ် လက်အောက်က လွတ်မြောက်အောင် စွမ်းဆောင်ခဲ့သူတဦး ဖြစ်သလို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားရေး လိုလားတဲ့ ကွယ်လွန်သူ ဖိလစ်ပိုင် သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) ရဲ့ သားဖြစ်ပါတယ်။

ဒါကြောင့် ဘန်နစ်နို အကွီနို အနေနဲ့လည်း မိခင်ခြေရာကို နင်းပြီး မြန်မာ့အရေးကို လက်ရှိ ဖိလစ်ပိုင် အစိုးရလိုပဲ ဖိဖိစီးစီး လုပ်ဆောင်သွားလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း မစ္စတာ ပီမန်းတဲလ်က ပြောပါတယ်။

“တက်လာမယ့် အစိုးရသစ် အနေနဲ့လည်း လက်ရှိအစိုးရထက် မပိုရင်တောင် သူတို့လောက်တော့ မြန်မာစစ်အစိုးရအပေါ် ဝေဖန် ပြောဆိုမှုတွေ လုပ်ဆောင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက်လာမယ့် သမ္မသစ်ဟာ သူမ အသက်မသေခင်တုန်းက လက်ရှိစစ်အစိုးရကို အမြဲတမ်း ဝေဖန် ပြောဆိုလေ့ရှိတဲ့ ကိုရီ အကွီနိုရဲ့သား ဘန်နစ်နို အကွီနို ဖြစ်နေလို့ပါ။ သူ သမ္မတဖြစ်လာတာနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မဆိုင်းမတွ ဝေဖန် ပြောဆိုလိမ့်မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။”

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် အရှေ့တောင်အာရှ အာဆီယံ နိုင်ငံတွေ အပါအ၀င် နိုင်ငံတကာက လေ့လာ စောင့်ကြည့်သူတွေ မလိုအပ်ဘူးလို့ ပြောဆိုနေပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

(voa)

0 ပဲခူးဘက်ကရွာတွေမှာ ရေရှားပါးမှုနဲ့ဆိုးရွားစွာကြုံနေရ




ပဲခူးဘက်က ရွာတွေမှာ ရေ ရှား ပါးမှုနဲ့ ကြုံနေရပါတယ်တဲ့။ မြို့ခံတွေရဲ့ ပြောပြချက်အရ ရွာတွေမှာ သစ်စရာလည်း မရှိဘူး၊ သောက်စရာလည်း မရှိပါဘူးတဲ့။ဒီတော့ မရှိ ရှိတဲ့ရေကို သောက်ကြတာမို့ ဝေါမြို့နယ်တဝှိုက်မှာဆို ဝမ်းရောဂါတောင် ဖြစ်နေပါပြီတဲ့။ရာသီဥတုကလည်း အရမ်းပူတော့ ချောင်းတွေ ကန်တွေက ခမ်း၊ ရေတွင်းတူးတော့လည်း ရေငံတွေသာ ထွက်တာမို့ တော်တော် ဒုက္ခများနေကြပါတယ်တဲ့။

ဒီတော့ မြို့နေ ဒေသခံတွေက သွားရောက်ပြီး တနိုင်တပိုင်လေး ရေအလှူ လုပ်နေကြပါတယ်တဲ့။
ကားလမ်းမလွယ်ကူတဲ့ အတွင်းကျတဲ့ ရွာတွေဆို ဆိုင်ကယ်တွေနဲ့ သွားရပါတယ်တဲ့။ ( ရေမရှိတော့တဲ့ ချောင်းထဲကနေ မောင်းရတယ်လို့ ဆိုပါတယ်။ )

ပုံမှာ ပါတဲ့ ဆိုင်ကယ်နဲ့လူတွေက ဆိုင်ကယ်ကယ်ရီသမားတွေပါတဲ့။ သူတို့လည်း သူတို့တနိုင်တပိုင် ရေသန့်လေးတွေ သွားရောက်လှူဒါန်းတာပါတဲ့။သူတို့ အလုပ်တွေပစ်ပြီး နေ့စဉ်ကြီး အဲသလို ကူညီနေတော့ ရေရှည်မှာ ဘယ်လိုဖြစ်မလဲတော့ သူတို့ကိုယ်တိုင်လည်း မသိပါဘူးတဲ့။

ဆိုင်ကယ်၊ ကားကြီးတွေနဲ့လည်း ပို့သလို ဘောက်ဆာတွေနဲ့လည်း ပို့ပါတယ်တဲ့။ဘောက်ဆာဆိုလို့ သူတို့ ပဲခူးမှာလည်း ရေတင်တဲ့ဘောက်ဆာရယ်လို့ သီးသန့်ရှိတာမဟုတ်တော့ ဒီဇယ်တင်တဲ့ ဘောက်ဆာကားကြီးကို ဆေးပြီးတော့ ရေတင်ရပါတယ်တဲ့။ဂါလံ ၃၂၀ဝ၊ ဂါလံ ၂၈၀ဝ ဆန့် ဘောက်ဆာ ၂ကားရှိတယ်ဆိုလားပဲ။

မိုးမြန်မြန်ရွာရင်ရွာ၊ မရွာဘူးဆို သက်ဆိုင်ရာကမြန်မြန်ကူညီပေး၊ဒီလိုမှမဟုတ်ရင်အခြေအနေမကောင်းပါဘူးတဲ့။

ထွဋ်ထိပ်အားကျေးဇူးတင်ရှိပါသည်။

0 မန္တလေးသားတဦး၏ပြောပြချက်

မန္တလေးမှာ မနေ့က အပူချိန် ၄၇ ဒီဂရီ ထိ မြင့်တက်သွားပါတယ်။ ရေခဲဝယ်လိုအား ထောင်တက်သွားပြီး ... ယခင် ၂၀ဝ တန် ရေခဲထုပ်တစ်ထုပ်ဟာ ၅၀ဝ ထိ ခုန်တက်သွားပါတယ်။ ဒါတောင်မှ ရေခဲ အလုံအလောက်မရတဲ့အတွက် အများစု ဒုက္ခရောက်ကုန်ကြပါတယ်။

ပြီးခဲ့တဲ့ရက်က နေကြဲကြဲတောက် ပူနေတဲ့အချိန် အလှူလှည့်ပြီး ပြန်ရောက်တော့ ကိုရင်လောင်းတွေကို သင်္ကန်းစီးပေးဖို့ ကတုံးတုံးပါသတဲ့။ ရေလေးတွေ လောင်းပြီး ကတုံးတုံးလိုက်တာ ၃ ယောက် ကိစ္စရှောသွားပါသတဲ့။ အလှူလုပ်တာလား။ လူသတ်ပွဲလုပ်တာလားတော့ ဝေခွဲမရပါဘူး။ ဒီလောက်ပူပြင်းနေတဲ့ နွေရာသီကြီး ရှင်လောင်းလှည့်ပြီး အလှူလုပ်တဲ့ အလှူရှင်များကိုလည်းအံ့ဩမိပါရဲ့။ အလှူလုပ်သင့်တဲ့အချိန် ဟုတ်မဟုတ်ဆိုတာလေးလည်း နည်းနည်းလောက် စဉ်းစားသင့်တယ် ထင်တာပါပဲ။

မန္တလေးအဝင် ရန်ကုန်-မန္တလေး ကားလမ်းဘေးတလျှောက်မှာ လူတွေ ပက်လက်လေးတွေ လန်တဲ့သူက လန်၊ မှောက်တဲ့သူက မှောက်နဲ့ မူးပြီးအိပ်နေတာလို့များ မမှတ်ပါနဲ့ဗျာ။ သေနေကြတာခင်ဗျ။ ရဲကားတွေနဲ့ နိဗ္ဗာန်ကားတွေဆိုတာ နားကို မနားရပါဘူးခင်ဗျ။ ချောက်တို့ ရေနံချောင်းတို့ဆိုရင် ဧရာဝတီမြစ်နားမှာ စစ်တပ်အစောင့်ချထားတယ်ဆိုပဲ။ မြစ်ထဲ ရေဆင်းချိုးရင်း သေကုန်မစိုးလို့တဲ့။ အဲဒီ စစ်သားများကရော ဘယ်လောက် အပူခံနိုင်မှာလဲဆိုတာ စောကြောမိပါရဲ့။

မန်းလေးမြို့ကြီး စံချိန်တင် ပူနေတဲ့အချိန်မှာ လျှပ်စစ်မီးကလည်း စံချိန်တင်ပြတ်နေပါတယ်ခင်ဗျ။ လာတော့လည်း မဖြစ်စလောက်အချိန်လေးမှာ မဖြစ်စလောက် ဗို့အားလေးပဲ ပေးပါသတဲ့။ အဲဒီအတွက် မြို့ထဲမှာ ရှိနေတဲ့ ရေတွန်းစက်များက တွန်းချိန် မလုံလောက်ခြင်း၊ တွန်းအားမရှိခြင်းတို့ကြောင့် တစ်မြို့လုံး ရေပြတ်လပ်မှုဒဏ်ကို ခါးစီးခံနေရပါတယ်ခင်ဗျ။ အိမ်တွေ မီးမပေးနိုင်ရင်တော့ ရေတွန်းစက်လေးတွေတော့ မီးကို မှန်အောင် ပေးနိုင်ရင် အပူဒဏ်တော့ အထိုက်အလျောက် သက်သာမယ်လို့ ထင်တာပါပဲ။ ခုတော့ တချို့ရပ်ကွက်တွေက စုပေါင်း လုပ်ထားကြတဲ့ ရေစက်များကို အားကိုးနေရတယ်ခင်ဗျ။ တော်ကြာ အဲဒီရေစက်တွေကို မျက်စောင်းထိုးလာမှာလည်း ကြောက်နေရသေးတယ်ခင်ဗျ။ အဲ ရေသာ မှန်အောင် မပေးနိုင်တာ .. ညနေဘက် မြစ်ကမ်းဘေးမှာ ရေချိုးသူတွေ အဝတ်လျှော်သူတွေကို စည်ပင်က အခွန်လိုက်ကောက်ပါတယ်ခင်ဗျ။ ရေချိုးရင် ၅၀၊ အဝတ်လျှော်ရင် တစ်ရာဆိုပဲ။ စည်ပင်နယ်နိမိတ်ထဲမှာ ဧရာဝတီ မြစ်ရော ပါသလားတော့ မသိပါဘူးခင်ဗျ။ သို့ပေမယ့် အဆိုပါ အခွန်ကိုတော့ မြို့တော်ဝန်က ကောက်ခံခိုင်းတယ်လို့ မယူဆပဲ စည်ပင်မှ သူတောင်းစားများက ခွင်ဖန်ပြီး လိုက်ကောက်တယ်လို့ ယူဆပါတယ်။ မြို့တော်ဝန်ဆိုတဲ့ပုဂ္ဂိုလ်လည်း ဒီလိုအချိန် မြစ်ဆိပ်ပတ်ပြီး လှည့်ကင်းသွားနေမှာ မဟုတ်လို့ပါ ခင်ဗျ။

အရမ်းပူနေတဲ့အချိန်ဆိုရင် သွားနေရင်း တန်းလန်း အရိပ်လေး ဝင်ခိုချင်ရင် တရုတ်တွေ အနေများတဲ့ ရပ်ကွက်တွေများ မသွားမိပါစေနဲ့။ အဲဒီလမ်းတွေထဲမှာ တရုတ်အိမ်တွေများ ရှိပြီဆိုရင် ရှိသမျှ အပင်ကြီး အကုန်ခုတ်တော့တာပါပဲခင်ဗျ။ စည်ပင်က မခုတ်ဖို့ လာပြောရင် ဒဏ်ငွေတောင် ဆောင်ပြီး ခုတ်တယ်ခင်ဗျ။ တရုတ်များရဲ့ အိမ်ရှေ့တွေဟာ ကွန်ကရစ်ခင်းပြီး အင်္ဂတေ ကိုင်ထားကြတဲ့အတွက် အရမ်းပူပြီဆိုရင် ငရဲခန်းများလား အောက်မေ့ရတယ်ခင်ဗျ .. အရိပ်ကြီးရတဲ့ သစ်ပင်မှန်သမျှ အကုန်ခုတ်ပြီး အိမ်ကြီးတွေကို အိမ်ဘေးမြောင်းတောင် မချန်ပဲ ဆောက်ပါတယ်။ စည်ပင်က ပိုင်တဲ့ မြောင်းတောင် အပေါ်က ပိတ်ပြီး ဆောက်ကြသေးတယ်ခင်ဗျ။ နောက်ဆုံးတော့ မိုးရွာရင် ရေက လမ်းပေါ်ပဲ အိုင်နေပြီး လမ်းပဲ ပျက်ပါတယ်။ ခုလည်း သစ်ပင်တွေ အားရပါးရ ခုတ်ပြီး ဘာတွေ ရေးထားမှန်း မသိသော တရုတ်စာ ထိုးထားသော စာရွက်နီနီများ ကပ်ထားကြပါတယ်။ နောက်ဆုံးရလဒ်ကတော့ လမ်းသွားရင် ပူလွန်းလို့ သစ်ပင်ရိပ် ဝင်တိုးချင်တာတောင် တိုးစရာ သစ်ပင် မရှိတဲ့ အခြေအနေတွေကို ရောက်ကုန်တော့တာပေါ့ခင်ဗျ။

မိုးကသာ မရွာသာ နေကတော့ ကြဲကြဲတောက် သဲကြီးမဲကြီး ပူနေတယ်ခင်ဗျ။ သင်္ကြန်စာ ဖတ် ပုဂ္ဂိုလ်များ အလိုအရတော့ တပ်မတော် အစိုးရဆိုသူ ပုဂ္ဂိုလ်များဟာ သူတို့ ကျဆုံးချိန် ရောက်နေပြီမို့ အဲဒီနှစ်များ မြန်မြန်ကျော်သွားအောင် သက္ကရာဇ်ဖြိုနေတဲ့အတွက် နတ်နဂါးများက မခံနိုင်ပဲ အပူရှိန်ထုတ်လွှတ်တယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာတစ်ပြည်လုံး သစ်တောများ ပြုတ်ပြုတ်ပြုန်းအောင် ခုတ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို စတင်ခံစားနေရပြီဆိုတာတော့ သေချာနေပြီပေါ့ဗျာ .. သစ်ပင်တွေ စိုက်ဖို့ အရမ်းခက်နေတယ်လား ... မခက်ပါဘူးခင်ဗျာ .. တောင်ကတုံးဖြစ်သွားတဲ့ မန်းလေးတောင်ကြီးကိုတောင် ပြန်လည်စိုပြည်လာအောင် နည်းပညာသုံးပြီး ဖန်တီးနိုင်ခဲ့ကြသေးတာ .. ခုမှ အဲဒီနည်းပညာတွေ ဘယ်ရောက်ကုန်လဲဆိုတာ တွေးတောင် မတွေးတတ်တော့ပါဘူး။ အရမ်းခက်ခဲနေတယ်ဆိုရင်လည်း အစ္စရေးကို ပညာတော်သင်လေးဘာလေး ပြန်လွှတ်လိုက်ပေါ့ဗျာ .. အသုံးမကျတဲ့ ရုရှားရဲ့ မဟုတ်တရုတ်ပညာတွေ သင်နေမယ့်အစား ကိုယ့်အတွက် အသုံးကျမယ့် ပညာတွေ သင်ခိုင်းတာမှ အကျိုးရှိဦးမယ် ထင်တာပါပဲ ...

ကဲ ... တော်လောက်ပြီဗျာ .. အိမ်မှာ မီးမလာလို့ အဲကွန်းရှိတဲ့ ဆိုင်တွေ ပတ်သွားနေရတာ တော်တော်လည်း မောပြီဆိုတော့ ဒီလောက်နဲ့ ရပ်ကြဦးစို့ရဲ့ ....
kyokofukada(မန္တလေး )

0 ခရီးသွားဆွဲဆောင်မှုဒေသတခုဖြစ်သော အင်းလေးတွင် ရေမကြုံစဖူးနည်းပါး




0 ခွေးသူခိုး နာဂစ်

နည်းနည်းတော့ ရိုင်းသွားမည်။

နည်းနည်းတော့ ရင့်သည်းသွားမည်။

ကျွန်တော် ရှင်းပါမည်။

ဘ၀ ဘ၀တွေ ပျက်စီးသွား၊ ကလေးငယ်တွေ မိဘမဲ့ဖြစ်သွားကြ၊ အိုးမဲ့၊ အိမ်မဲ့၊ ဘ၀တွေ တစ်စစီ လွင့်မျောခဲ့ကြရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း။

ဒုက္ခသည်တွေကို ကယ်တင်ကြ၊ ဖေးမကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ လှူဒါန်းကြတာ လူပီသသူ တို့ရဲ့ ပင်ကိုယ်ဗီဇ၊ လူပီသသူတို့ရဲ့ ပင်ကိုယ်စိတ်ဓါတ်ပင် ဖြစ်သည်။

ဒါကြောင့် … ပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပမှ အလှူရှင်များတင်မက တိုင်းတစ်ပါး အလှူရှင်များပါ မြောက်များစွာ ပေါ်ထွက်လာတော့သည်။

ဝေးရပ်မြေမှ အလှူရှင်များက ငွေ၊ ပစ္စည်း၊ အသုံးအဆောင်၊ အ၀တ်အစား၊ အစားအသောက် စသဖြင့် လူမှုရေး အသင်းအဖွဲ့များသို့ လှူကြ တန်းကြနှင့် လူမှုရေး အသင်းအဖွဲ့များကလည်း စည်ကားသိုက်မြိုက်စွာဖြင့် စည်းကမ်းရှိစွာ၊ တက်ကြွစွာ၊ အနစ်နာခံကာ ပေးဆပ်ကြနှင့်။ ရရှိလာသော အလှူပစ္စည်း၊ အလှူငွေများကို လူမှုရေး အသင်းအဖွဲ့ (ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အပါအ၀င် စည်းကမ်း စနစ်ကျစွာနှင့် ဒုက္ခသည်များရှိရာ နေရာဒေသ အသီးသီးသို့ ခဲရာခဲဆစ် ပင်ပန်းကြီးစွာ သွားရောက်၍ ဒုက္ခသည်များ၏ လက်ထဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည်။

သို့သော် … ဒုက္ခသည် နေရာဒေသများက များပြားလွန်း၍ အချို့သော နေရာဒေသများသို့ ကျွန်တော်တို့ လူမှုရေးအဖွဲ့ ဦးဆောင်သူတို့ ကိုယ်တိုင် ကိုယ်ကျ မရောက်နိုင်ခဲ့ပေ။ ဤတွင် ပြဿနာ စလေပြီ ဖြစ်တော့သည်။

လူ . . . အမှောင်ထဲမှ အလင်းသို့သွားသောလူ

အမှောင်ထဲမှ အမှောင်ထဲသို့သွားသောလူ

အလင်းထဲမှ အမှောင်သို့သွားသောလူ

အလင်းထဲမှ အလင်းသို့သွားသောလူ

ဟူ၍ ကွဲပြားလာတော့သည်။

မမြင်ဘူုးသော ပိုက်ဆံ

မမြင်ဘူးသော အ၀တ်အစား

မမြင်ဘူးသော အသုံးအဆောင်

မမြင်ဘူးသော စားသောက်ဖွယ်ရာများကို မြင်တွေ့သောအခါ .. သီလများ ချိုးဖေါက်မှုများ ဖြစ်လာတော့သည်။

ကျွန်တော်တို့ လူမှုရေးအဖွဲ့ ခေါင်းဆောင်များ မည်မျှပင် စည်းကမ်းရှိ၊ တာဝန်သိ၊ သစ္စာရှိ၊ သီလလုံပါစေ။ အချို့သော လူမှုရေးသမား အမည်ခံတို့သည် ကွယ်ရာတွင် ဖေါက်လွဲ ဖေါက်ပြန် သီလများ ချိုးဖေါက် လာကြတော့သည်။


စေတနာရှင်များက မည်မျှပင် စေတနာအရင်းခံ၍ မိမိတို့၏ ချွေးနည်းစာ စုဆောင်းငွေ၊ စားသောက်ဖွယ်ရာ ပစ္စည်းများကို လှူဒါန်းပါစေ … ဒုက္ခသည်တို့၏ လက်တွင်းသို့ ဖေါက်ပြန်ရေး သမားများကြောင့် အပြည့်အ၀ မရောက်ရှိခဲ့ချေ။

ဖေါက်ပြန်ရေးသမားဟု ဆိုရာ၌ မင်းသားခေါင်းဆောင်းထားသော အဖွဲ့အစည်းများ။ လူမှုရေးသမား အမည်ခံ အတ္တကိုယ်ကျိုးသမားများ။ စာနာစိတ်မရှိသော သီလဖေါက်ပြန်သူများ။ ဒေါင်းယောင်ဆောင်သော ကျီးများပင် ဖြစ်သည်။

ဒုက္ခသည်တို့ လက်ထဲ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ၊ အလှူငွေများ အပြည့်အ၀ မရောက်ရှိသည့်အတွက် ဒုက္ခသည်တို့ အချင်းချင်း စိတ်ဝမ်းကွဲကြ၊ လုကြ၊ ယက်ကြ၊ သီလဖေါက်ပြန်ကြနှင့် စည်းလုံးမှုများ ပျက်ပြားစေတော့သည်။ ကုသိုလ်ယူရာမှ အကုသိုလ်များ ဖြစ်ခဲ့ရတော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း စည်းကမ်းတိကျ ပြတ်သားစွာ စွမ်းဆောင်ပေးခဲ့သော်လည်း … ဤကဲ့သို့ ဖေါက်ပြန်ရေးသမားများနှင့် ကြုံခဲ့၊ ဆုံခဲ့ရသေးသည်။ အပြစ်ရှိသူကို တိကျစွာ အရေးယူ၊ အပြစ်ပေး၊ အသင်းမှ ထုတ်ပယ် စသဖြင့် လူမှုကယ်ဆယ်ရေးသမားတို့၏ ဒုက္ခသည်လည်း မသေးလှပေ။

နောက်ကျောမှ ဓါးနှင့်ထိုးသည့်လူ

နံဘေးမှ ဓါးနှင့်ထိုးသည့်လူ

ရှေ့တည့်တည့်မှ ဓါးပြပြီးထိုးမည့်လူ . . .

စသဖြင့် မြောက်များစွာ ကြုံတွေ့ခဲ့ရသည်။ ဒါကြောင့် … ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဦးခိုက်ဝန်ချ ကန်တော့ပန်းဆင်သည့် သြကာသ ဘုရားရှိခိုးတွင် ရန်သူမျိုး ငါးပါးမှ အခါခပ်သိမ်း လွတ်ကင်းရပါစေသား ဟူ၍ ပါခဲ့လေသလား မသိ။

အလှူရှင်၊ ဒါနရှင်တို့ကတော့ … “ နိဗ္ဗာန ပစ္စယော ဟောတု ” ဆိုပြီး လှူဒါန်းလိုက်ကြသော်လည်း ကျွန်တော်တို့ လူမှုရေးသမားများ လူမှုရေး အသင်းအဖွဲ့များတွင် လွန်စွာမှ တာဝန်ရှိသည်။ တာဝန်ကြီးသည်။ ပျော်ပျော်ကြီး ပေးဆပ်နေ၍ မရ။ ခပ်ပေါ့ပေါ့ လုပ်၍ မရ။ ထိရောက်မှု ရှိရမည်။ ပေးဆပ်မှုတို့ မျှတရမည်။ စည်းကမ်းရှိရမည်။ လိပ်ပြာသန့်စွာ ပေးဆပ်ရမည်။ စာရင်းအင်း မှန်ကန်တိကျရမည် ဖြစ်သည်။ ပရဟိတ စိတ်ဓါတ် ညီညွှတ်ရေးတရားတို့သည် အရေးကြီးပါသည်။

သို့သော် … တစ်ခါတစ်ရံ တိုက်ရ၊ ခိုက်ရ၊ ရှေ့တိုးလိုက်၊ နောက်တွန့်လိုက် ရပ်တန့်လိုက်နှင့် စိတ်ပန်းလူပန်း အကုသိုလ်များသာ ရရှိနေသလို ထင်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အကြောင်းအမျိုးမျိုး တို့ကြောင့် ကျွန်တော်၏ ပေးဆပ်မှုများ၊ ပံ့ပိုးမှုများ၊ ဖေးမကူညီမှုများတို့သည် နှောင့်နှေးမှု ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့ပါက ဆက်လက်လှုပ်ရှား ချီတက်နေကြသော လူမှုရေးသမား စစ်စစ်များ၊ လူမှုရေးကို စိတ်ဝင်စားကြသူများကို ကျွန်တော် သတိပေးခဲ့ချင်ပါသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ပြီးခါစအချိန် … ။

ဘ၀ ဘ၀တွေ တစ်စစီ ပျက်စီးနေကြတဲ့ အချိန်ကာလ … ။

ကျွန်တော်၏ နေအိမ်ခြံဝန်းသည်လည်း သစ်ပင်များကျိုး၊ ခေါင်မိုးများလန်၊ ရှုပ်ယှက်ခတ်နေစဉ် အချိန်ကာလ … ။

နာရေးကူညီမှုအသင်း(ရန်ကုန်) သင်္ဃန်းကျွန်းမြို့နယ်သည်လည်း အဆောက်အဦးများ တစ်စစီ ပျက်စီး သစ်ပင်များ ထက်ပိုင်းကျိုးကျစဉ် အချိန်ကာလ၌ စည်ပင်သာယာရေး ဥပဒေအရ နာရေးအသင်းအား ဘုန်းကြီးကျောင်းဝင်းထဲ မထားရ၊ လူနေရပ်ကွက်ထဲ မနေရဟု အမိန့်ထုတ်ပြန်ခဲ့သည့်အတွက် ကျွန်တော်တို့ ရရှိထားသော ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ အသင်းပြောင်းရွှေ့ရန် အဆောက်အဦး ဆောက်လုပ်ရန် စတင်လှုပ်ရှားရတော့သည်။

ဦးစွာ အမှိုက်ပုံ (ကြွတ်ကြွတ်အိတ်အမှိုက်ပုံ) ရှိ ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းရတော့သည်။ ဤတွင် မြွေဟောက်ကြီးများ၊ လင်းမြွေကြီးများ လူတစ်ရပ်ကျော်သည်အထိ ပါးပြင်းများထောင်၍ အလိုက်ခံရခြင်းများ ရှင်းလင်းရေးအဖွဲ့တို့ ကြုံတွေ့ရသည်။

တစ်နေ့ … ကျွန်တော်တို့ အဆောက်အဦး ပန္နက်ချရန် ကိစ္စအတွက် မြောက်ဒဂုံခြံထဲသို့ သွားစဉ် … လုပ်အားပေးအဖွဲ့ လူငယ်များကလည်း ဓါးစက်များဖြင့် ချုံများကို ရှင်းလင်းနေခိုက် … ချုံထဲမှ အသံတစ်သံ ထွက်လာတော့သည်။ ( ဂြီး … ဂြီး … ဂြီး )ဟူသော အသံတစ်သံ ထွက်လာသည်။ လုပ်အားပေး လူငယ်တို့သည် ဓါးစက်ကို ရပ်၍ မ၀ံ့မရဲနှင့် တုတ်ရှည်များ၊ ဓါးများ၊ တူရွှင်းများ ကိုင်၍ ချုံကို ရိုက်တော့သည်။ အသံ ပိုကျယ်လာသည်။ ချုံတစ်ခုလုံး လှုပ်ရှားသွားသည်။ လုပ်အားပေး လူငယ်တို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်၍ ဓါး၊ တုတ်၊ တူရွှင်းတို့နှင့် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။ ချုံထဲမှ မဲမဲ သဏ္ဍန် လှုပ်ရှားလာသည်။ ၀ါ ကြင်ကြင် မျက်လုံးပြူးကြီး ထွက်ပေါ်လာသည်။ တစ်ယောက်သော လူငယ်မှ ချုံထဲသို့ အတင်းဝင်၍ ထိုသတ္တ၀ါအား ၀င်ရောက်လုံးတော့သည်။ ထိုလူငယ်လည်း ခေတ္တ ငြိမ်သွားသည်။ နောက်မှ တဖြည်းဖြည်းနှင့် ချုံထဲမှ ထွက်လာသော် … သူ၏ လက်ထဲတွင် ခွေးငယ်လေး တစ်ကောင် ပါလာတော့သည်။ နာဂစ်မုန်တိုင်းသင့် ခွေးငယ်လေးပင် ဖြစ်သည်။ မည်သည့်အရပ် မည်သည့်ဒေသ မည်သည့်ခြံမှ မသိ။ လသားအရွယ် ခွေးပေါက်ကလေးပင် ဖြစ်တော့သည်။ ထိုစဉ် မြောက်ဒဂုံခြံစောင့် စံအောင်မှ “ ဟာ .. ဒီခွေးစုတ် အမြီးလည်း မပါ .. ဟိုချုံထဲဝင် သည်ချုံထဲဝင် လုပ်လုပ်နေလို့ ကျွန်တော် ဂွနဲ့ ပစ်ပစ်ပြီး မောင်းထုတ်နေတဲ့ အကောင်၊ နာဂစ်မုန်တိုင်းနဲ့ အတူ ဒီကို ရောက်လာတာ ” ဟု ပြောတော့သည်။ ခွေးစုတ်ဟု ပြောလိုက်သောကြောင့် အားလုံး တွန့်သွားကြသည်။ အမှန်မှာ ယင်းခွေးငယ်လေးသည် ကာလတန်ဖိုးအားဖြင့် ငါးသောင်းမှ တစ်သိန်း ပေါက်ဈေး ရှိသည်။ ( ဒိုဘာမင် ) ခွေးမျိုးပင် ဖြစ်တော့သည်။ မည်သူမှ မကိုင်ချင် မယူချင်၍ အကြောက်လွန်၍ တုန်နေသော ခွေးငယ်လေးကို ကျွန်တော်ကိုယ်တိုင် ချီပိုး၍ ကားပေါ်တင်ကာ အိမ်သို့ ခေါ်လာခဲ့တော့သည်။ ပိန်လှီနေသော ခွေးလေးမှာ ကာကွယ်ဆေးထိုးပေးခြင်း၊ အားတိုးဆေးများ ထိုးပေး၍ ၀၀ လင်လင် ကျွေးမွေးမှုကြောင့် ယခုဆိုလျှင် သန်မာထွားကျိုင်း၍ သူစိမ်းများပင် ကြောက်လန့်၍ အိမ်နားသို့ မကပ်ရဲကြပေ။

“ လူသားစား ခွေးရှိသည်။ ” ဟူ၍ပင် ခြံဂိတ်တွင် ဆိုင်းဘုတ်တင်ခဲ့ရသည်။

ယင်းခွေးငယ်လေးသည် နာဂစ်မုန်တိုင်းနှင့်အတူ ရောက်ရှိလာ၍ အမည်ကို “ နာဂစ် ” ဟု ငယ်စဉ်ကတည်းက ခေါ်ခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်ပင် ရှိပြီဖြစ်သည်။ သို့သော် … ဗီဇ ပါလာသည်။ ခိုးစားသည်၊ ခိုးကိုက်သည်၊ ခိုးကြောင်ခိုးဝှက် အလွန်လုပ်သည်။ မီးဖိုခန်းမှ အိုးသံ ခွက်သံ ဇလုံသံ ကြားရလျှင် ဒီကောင် နာဂစ် လက်ချက်ပင် ဖြစ်တော့သည်။ နံနက်လင်း၍ ကျွန်တော်တို့ ရုံးသွားမည် အလုပ် ကျွန်တော်တို့၏ ဖိနပ်များ ပျောက်နေလျှင် သေချာပြီ … ဒီကောင် နာဂစ် ကိုက်၍ တစ်စစီ ပြတ်သွားပြီ ဖြစ်တော့သည်။ အစားအစာ မည်မျှပင် ၀၀ လင်လင် ကျွေးကာမူ သူ၏ ဗီဇကို မဖျောက်နိုင်။

ထို့ကြောင့် … ကျွန်တော် အဆုံးသတ်ပါတော့မည်။

ဆုတ်ကပ်ကြီးတွင် မြန်မာပြည်တွင်မက ကမ္ဘာနိုင်ငံ အသီးသီးတို့၌ သဘာဝဘေးဒဏ်များ၊ ရန်သူမျိုး ငါးပါးဒဏ်များ … များစွာ ကြုံတွေ့ရဦးမည်။ ဆုံတွေ့ရဦးမည်။ခံစားရဦးမည်။ သေကြ ကျေကြ ပျက်ကြ ဖျက်ကြဦးမည်သာ ဖြစ်တော့သည်။ ထိုသို့သော အချိန်အခါတွင် ရှေ့သို့ ဆက်လက်ချီတက် ပေးဆပ်၊ ဖေးမကြမည့် လူမှုရေးသမား စစ်စစ်တို့သည် . . . လူမှုရေး လုပ်စားကြသူ၊ သီလမလုံသူ၊ လိပ်ပြာမသန့်သူ၊ ဗီဇ မကောင်းသူ၊ နောက်ကျောမှ ဓါးနှင့် ထိုးမည့်သူ၊ နံဘေးမှ ဓါးနှင့် ထိုးမည့်သူ၊ ရှေ့တည့်တည့်မှ ဓါးပြပြီး ထိုးမည့်သူ … နာဂစ်လို ခွေးသူခိုးများကို အထူးသတိ ပြုကြပါရန် စေတနာ ရှေ့ထား၍ သတိပေးလိုက်ရပါတော့သည်။


လိပ်ပြာသန့်စွာနှင့် သီလ လုံနိုင်ကြပါစေ။

ကျော်သူ

Thursday, May 13, 2010

0 ရန်ကုန်မြို့၏ ပြင်းထန်သော အပူဒဏ်ကြောင့် ပန်းချီအနုပညာရှင်ကိုသန်းမြင့်အောင် ကွယ်လွန်



ကွယ်လွန်သူပန်းချီဆရာသန်းမြင့်အောင်၏ရုပ်ကလာပ်ကိုရန်ကုန်ဆေးရုံကြီးအအေးတိုက်မရေဝေးသုသာန်သို့ပို့ဆောင်သဂြိ င်္ုဟ်မည်။ (၁၁.၅.၂၀၁၀)ညနေ ၃း၃၀ အချိန်တွင် ပြင်းထန်လှသောအပူရှိန်ရာသီဥတုဒဏ်ကြောင့်ပန်းချီ
ဆရာသန်းမြင့်အောင် တစ်ယောက် ရန်ကုန်ဆေးရုံကြီးတွင်ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါသည်။ကွယ်လွန်သူ ပန်းချီဆရာသန်းမြင့်အောင်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို (၁၃.၅.၂၀၁၀)ရက်နေ့  နံနက်၁၀နာရီအချိန်တွင်ရန်ကုန်ဆေးရုံကြီးအအေးတိုက်မှတဆင့်ရေဝေး သုသာန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှနိဗ္ဗာန်ယာဉ်ဖြင့် ပို့ဆောင်သဂြိ င်္ုဟ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



သတင်း။ ။ Burmapaparazi

0 ကာတွန်းဘီရုမာ၏အာဏာရှင်ကို ထိပ်ခေါက်ကြစို့ - ကစားနည်း


မိုးမခ၀က်ဆိုဒ်မှ ကာတွန်းဘီရုမာ၏အာဏာရှင်ကို ထိပ်ခေါက်ကြစို့ - ကစားနည်းအသစ်ကိုကစားနိုင်ကြပါတယ်။ နောက်ဆိုသည့်စာလုံးကိုနှိပ်ပါ။

0 ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျဇနီး ဒေါ်ခင်တင့် (၈၅) နှစ် ကွယ်လွန်
အဆိုတော် ဟေမာနေ၀င်း၊ ရာဇာနေ၀င်း၊အိန္ဒြာကျော်ဇင်တို့၏အဖွား

စစ်အစိုးရသတင်းစာတို့က “ရဲဘော်သုံးကျိပ်ဝင်” စာသားကို ဆင်ဆာဖြတ်

(မိုးမခ)မှ ကူးယူဖော်ပြပါသည်။
ယမန်နေ့ နံနက် အစောပိုင်း ၂ နာရီ ၀န်းကျင်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ ဇနီး ဒေါ်ခင်တင့် ၈၅ နှစ်ဟာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား၊ ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်း အမှတ် ၁၁ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်ခင်တင့်ရဲ့ ဈာပနကို ညနေ ၄ နာရီခွဲ အချိန်က ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို ဆွေမျိုးသားချင်းများ၊ အနုပညာနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကွယ်လွန်သူကို ရည်စူးပြီး မေလ ၁၆၊ တနင်္ဂနွေနေ့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရက်လည်ဆွမ်းကျွေး တရားတော်နာယူမှာ ဖြစ်တဲ့အတွက် အမှတ် ၁၁၊ ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်သို့ ကြွရောက်နိုင်ရန် ဆွေမျိုးမိသင်္ဂဟများကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်

ဒေါ်ခင်တင့်ရဲ့ ဈာပနကို မီးသဂြိုဟ် ပြီးစီးကြောင်းနဲ့ ရည်လည်ဆွမ်းသွပ်တရားနာ ကြွရောက်နိုင်ရန် နိုင်ငံပိုင်သတင်းစာများမှာ နာရေးကြော်ငြာထည့်တဲ့အခါ ကြေးမုံသတင်းစာက ဗိုလ်ဇေယျရဲ့ အမည်ရှေ့မှာ ရဲဘော်သုံးကျိပ်ဝင် ဆိုတဲ့စာသားကို ဖြုတ်ခိုင်းပြီး၊ မြန်မာ့အလင်းသတင်းစာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျလို့ ဖော်ပြချင်ရင် အထက်သို့ဆက်လက် တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဒေါ်ခင်တင့်ရဲ့ ဆွေမျိုးနီးစပ်တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့ ဇနီးဒေါ်ခင်တင့်တို့ဟာ ဒေါ်ခင်မာလာ၊ ဒေါ်နီနီ၊ ဒေါ်မြသီတာ၊ ဒေါ်အင်ကြင်းဇေယျ၊ ဒေါ်ဧကရီဇေယျ စတဲ့ သမီး ၅ ဦးထွန်းကားခဲ့ပါတယ်။ မြေး ၁၅ ဦး၊ မြစ် ၁၅ ဦး ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဆိုတော် ဟေမာနေ၀င်း၊ နာမည်ကြီး သရုပ်ဆောင် ရာဇာနေ၀င်း၊ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင် တို့ဟာ ဗိုလ်ဇေယျ၊ ဒေါ်ခင်တင့်တို့ရဲ့ မြေး တော်စပ်ကြောင်း သိရပါတယ်။

Wednesday, May 12, 2010

1 အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများ

လူထုကို သစ္စာမဖောက်တဲ့ ပါတီသည် ရုပ်ဖျက်လှည့်ဖြားပြီးလည်း ရွေးကောက်ပွဲဝင်မည် မဟုတ်

ယမန်နေ့က ဆရာဦးဝင်တင်နဲ့ တွေ့ဆုံစဉ်မှာ ပထမဦးဆုံးမေးသည့် မေးခွန်းက မေ ၇ ရက်နေ့မှာ ဘာတွေ ဖြစ်သလဲ ဆိုတာဖြစ်ပါတယ်။ မေ ၆ ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြောင့် တရားဝင်ပါတီ မဖြစ်တော့ဘူးလို့ ဆိုနိုင်တာကြောင့် ပါတီဝင်များက ပါတီဌာနချုပ်မှာ စုဝေးခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်တရက်မှာ ဘာဖြစ်သေးသလဲ၊ စစ်အုပ်စုက ပါတီကို မည်သို့ အနှောက်အယှက်ပေးရန် ကြိုးစားသေးသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“အခုအချိန်ထိကတော့ ပုံမှန်ပါပဲ။ ၄ ရက်နေ့မှာ ပါတီနဲ့ မဟာမိတ် စီအာရ်ပီပီတို့ နောက်ဆုံး အစည်းအဝေးသဘောမျိုး လုပ်ကြတယ်။ ၆ ရက်နေ့မှာ နောက်ဆုံးနေ့တခုအဖြစ် ပါတီမှာ ပါတီဝင်တွေ စုဝေးကြတယ်။ ၇ ရက်နေ့မှာ နယ်မြေလုံခြုံရေးတွေက ပါတီရုံးတ၀ိုက်က ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေကို မဖွင့်ရဘူးလို့ တားမြစ်ထားတယ်။ သောကြာနေ့မှာ ပါတီရုံးခန်းက ပုံမှန်ပဲ ရှိနေပါတယ်။ နောက် အမေရိကန်သံတမန်တွေ ဘာတွေက လာမယ် တွေ့မယ် စသည်ဖြင့် ပြောနေသံတွေ ကြားနေတော့ လောလောဆယ် ဘာမှ မဖြစ်သေးဘူးလို့ ပြောရမှာပေါ့” ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲကို အဆုံးစွန် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် ယခုနောက်ဆုံးရွေးကောက်ပွဲ မှတ်ပုံတင်ခြေလှမ်းအနေနဲ့ လက်ရှိ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲသည် ရွေးကောက်ပွဲ ဖြစ်မြောက်စေဖို့အတွက် အတိုက်အခံများကို နည်းလမ်းမျိုးစုံနဲ့ ပယ်ရှား ဖြေရှင်းပစ်မယ်ဆိုတာက သူတို့စစ်အုပ်စုသမိုင်းတလျောက်မှာ ထင်ရှားတဲ့ သာဓကတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ ဆွေးနွေးဖြစ်ပါတယ်။

“ ငါတို့ကတော့ အားလုံးကို ရင်ဆိုင်လို့ ပြင်ဆင်ထားပြီးသားပဲ။ ဒီအတွက်လည်း အားလုံးက တညီတညွတ်တည်း ပါတီရဲ့ ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြတာပဲ။ ငါကတော့ ဒီလိုပဲ ပြောချင်တယ်။”

အဲသည်မှာ ဆရာ့ကို မေးတဲ့ အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးရက်နဲ့ အမီမှာ အင်န်အယ်ဒီပါတီက ခေါင်းဆောင်ဟု ဆိုသူ ၄ ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနဲ့ ဦးသန်းငြိမ်းတို့က အမျိုးသားဒီမိုကရေစီ အင်အားစု အမည်နဲ့ ပါတီ မှတ်ပုံတင်လိုက်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ မိခင်ပါတီရဲ့ အားလုံး တစုတဝေးတည်း ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ ထပ်မံမှတ်ပုံမတင် - ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၎င်းတို့ကိုယ်တိုင် လက်ခံထားခဲ့ပြီးမှာမှ မိခင်ပါတီမှ စွန့်ခွာတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ကတော့ ဒါဟာ ပါတီတွင်း ကိစ္စပဲလို့ သဘောထားပြီး၊ ဘာမှ ပြောမနေဘူးလို့ အစက သဘောထားတယ်။ နောက်ပိုင်းမှာ အခုလို သူတို့က အဖွဲ့ချုပ်ကို စွန့်ခွာပြီး ပါတီထောင်တယ်။ ပြီးတော့ သူတို့တွေ ပါတီတွင်းမှာကော၊ ပါတီပြင်ပမှာကော ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်လာတယ်။ အဲသည်တော့ ကျနော့်အနေနဲ့ ခုလိုမျိုး စောစောစီးစီး ရှင်းထားနိုင်မှ တော်မယ်လို့ ထင်ပါတယ်။

ပထမသဘောထားကတော့ ဦးခင်မောင်ဆွေတို့အုပ်စုက ကျနော်တို့နဲ့အတူ ဒီမိုကရေစီရေးအတွက် လုပ်ခဲ့ကြသူတွေကပဲ။ အကျဉ်းထောင်ဒဏ်တွေ ကျခဲ့တယ်။ အဲသည်လိုမျိုးနဲ့ တွေးပြီးတော့ အခုချိန်မှာ သူတို့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါတီကနေ စွန့်ခွာသွားတာကို ဘာမှ ပြောမနေတော့ပါဘူးလို့ သဘောထားပါတယ်။ သူတို့နဲ့ သဘောချင်းတူတဲ့သူတွေလည်း သွားချင်သွားကြပါစေ၊ ပါတီရဲ့ ရပ်တည်ချက်ကို လက်မခံနိုင်လို့ သူတို့ဖာသာ ရပ်တည်ချင်လို့ သွားကြတာပဲလို့ တွေးပေးထားသေးတယ်။

သို့သော် သူတို့လုပ်ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါကျတော့ သူတို့က ပါတီတွင်းမှာလည်း ဟိုးတုံးကတည်းက ပါတီကို သူတို့ရဲ့လူနည်းစုသဘောထားနဲ့ စည်းရုံးလှုံဆော်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကို ဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီ သွားထောင်တယ်။ ဒါမျိုးကိုတော့ ကျနော်တို့က မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြောရတော့မယ်”

အဲသည်မှာ ဦးခင်မောင်ဆွေတို့ အုပ်စုရဲ့ ပါတီတွင်း ပါတီပြင်ပက လှုပ်ရှားမှုတွေ၊ ပြောဆို စည်းရုံးမှုတွေက ဘယ်လိုမျိုး အကြောင်းအရာတွေ ဖြစ်နေသလဲ။ ဘယ်လိုမျိုး လှုပ်ရှားလာတာမျိုးတွေ မြင်လာရသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

“ဥပမာအားဖြင့် ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ရွှေကို ကြည့်ကြမယ်။ အခုအချိန်မှာ ဦးအောင်ရွှေက အများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ ရပ်တည်တယ် လို့ ပြောလို့ရတယ်။ မတ်လ အစည်းအဝေးတွေမှာ နောက်ဆုံးအချိန်အထိ ဦးအောင်ရွှေဖက်က ရွေးကောက်ပွဲဝင်ကြဖို့ အဆိုတင်သွင်းခဲ့သူ တဦး ဖြစ်တယ်။ အဆိုပြုတယ်၊ ရှုံးတယ် ဒါပေမယ့် ဦင်္းအောင်ရွှေက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အခုအချိန်ထိ ပါတီထဲမှာ ရှိနေတယ်။

သို့သော်လည်း ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထိ ပါတီတွင်းမှာ နေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူး ဆိုပြီး စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူးဆိုတဲ့စကားနဲ့အတူ အကြမ်းဖက်သမားတွေ လိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ်နေတယ်။

နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး - ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာ မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိတယ်လို့ ဆိုရအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့သဘောထား ပြောခဲ့ပြီးပြီ။ ပါတီကို ထပ်ပြီး မှတ်ပုံမတင်ဘူး။ ဒါကို အားလုံးက ကြားသိပြီး ဖြစ်တယ်။ ဒါပေမယ့် သူတို့က တဖက်က အင်တာဗျုးတွေမှာ ဒေါ်စု ဆုံးဖြတ်ချက်တွေ သဘောထားတွေနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့ သဘောထားတွေ ပြောလာပြန်တယ်။ ပြောကြတဲ့အထဲမှာ ဒေါ်စုကို ခေါင်းဆောင်နေရာက နေရာပေးထားမယ်တို့၊ ခေါင်းဆောင်အဖြစ်ကို ကြိုဆိုပါတယ်တို့ ပြောလာပြန်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ ရပ်တည်ချက်ကို ဘယ်လိုမျိုး ဆက်လက်သယ်ဆောင်မှာမို့လို့ သူတို့တွေက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအောက်မှာ သွားပြီး မှတ်ပုံတင်ကြရတာလဲ။ ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ပါတီနဲ့ သက်ဆိုင်မှာလဲ - လို့ အငြင်းပွားစရာ ဖြစ်လာတယ်။”

အဲသည်မှာ မိုးမခက ဆွေးနွေးတာကတော့ - ဦးခင်မောင်ဆွေတို့ အုပ်စုက တဖက်က အင်န်အယ်ဒီပါတီနဲ့ ဒေါ်စုကို သစ္စာမဖောက်ဘူးလို့ လည်း ပြောတယ်။ ပြီးတော့လည်း ပါတီနဲ့ ဒေါ်စုအပါအ၀င် အားလုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ သူတို့ စွန့်ခွာ လာကြတယ် ပြောပြန်တယ်။ ဒါ့အပြင် အင်န်အယ်ဒီရဲ့ လမ်းစဉ်ကို မစွန့်ချင်လို့၊ ပါတီရဲ့ မပြီးဆုံသေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ကြတယ်လို့ ဆိုပြန်ပါတယ်။ သည်လိုမျိုး ရှေ့နောက်မညီတဲ့ စကားတွေ ထုတ်ပြန်ချက်တွေက လူထုကို မျက်စိလည်သွားအောင်၊ သူုတို့ကို အင်န်အယ်ဒီပါတီကိုယ်စားပြုသူတွေလို့ လူထုက ထင်ယောင်ထင်မှားဖြစ်သွားအောင် လှည့်စားသလိုမျိုး ဖြစ်နေသလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“၁၉၉၀ ရွေးကောက်ပွဲကာလမှာတုံးက အင်န်အယ်ဒီကို ၀န်းရံဖို့ ကိုယ်ပွားပါတီတွေ ရှိဖူးတယ်။ အခုကိစ္စက ဒါမျိုးလုံးဝ မဟုတ်ဘူး ဆိုတာ ပြောချင်တယ်။ သူတို့ ထူထောင်လိုက်တဲ့ပါတီဟာ မူလအင်န်အယ်ဒီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘူး။ အင်န်အယ်ဒီပါတီရဲ့ လမ်းစဉ်တွေ၊ သဘောထားတွေကို ဆက်လုပ်ဖို့ဆိုပြီး ထူထောင်တဲ့ ပါတီလည်း မဟုတ်ဘူး။ အင်န်အယ်ဒီအရေခြုံ တာမျိုးကို လက်မခံနိုင်ပါဘူး။

တလောက ကျနော့်အင်တာဗျူးမှာ အင်န်အယ်ဒီက ခေါင်းပြတ်မခံနိုင်ဘူး၊ ခြေပြတ် လက်ပြတ် ဖြစ်သွားရင်တောင် ခြေတု လက်တုနဲ့ ဆက်လုပ်မယ်လို့ ပြောလိုက်တော့ - အရှေ့ဖက်က နိုင်ငံကြီးတနိုင်ငံက (တရုတ်နိုင်ငံဟု မိမိတို့ ယူဆ - မိုးမခ) တဆင့်စကားနဲ့ မေးတယ် ဆိုတယ်။ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်ပွားပါတီထောင်ပြီး ၀င်မှာလားဆိုပြီးတော့။ ဒီလိုမျိုး တချို့လူတွေက အထင်အမြင်တွေ ကောက်ချက်ဆွဲတာတွေ မှားကုန်တယ်။ ဒါကို ခုထဲက ရှင်းကာမှ တော်ရုံကြမယ်။

ပြီးတော့လည်း ဆန်းဒေးစကားဝိုင်းတခုမှာ ပြည်ပက ဒေါက်တာဆိုသူ တဦးက အခုလိုမျိုး အင်န်အယ်ဒီပါတီခွဲထောင်တာကို ထောက်ခံသလိုမျိုး သူတို့က ဘာညာ ပြောသွားတယ်။ ကြားရတဲ့သူတွေကို တွေဝေသွားအောင်၊ နားလည်မှုတွေ လွဲကုန်အောင် လုပ်သမျိုး ဖြစ်နေတယ်။

အင်န်အယ်ဒီက ပါတီခွဲထောင်တာလည်း မရှိဘူး။ ပါတီက ဆုံးဖြတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလည်း မ၀င်ဘူး၊ မှတ်ပုံလည်း ထပ်မတင်ဘူး။ ဒါမျိုး ရပ်တည်ထားပြီး ဖြစ်တယ်။

အခုဟာက ဒီလိုမျိုး ရှင်း ရှင်း ရပ်တည်နေတာကို အပြင်ကနေပြီး ရှုပ်လာတယ်။ ကျနော်က အခုလို ပြောနေတာက တဖက်သားကို ဝေဖန်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ပါတီရပ်တည်ချက်နဲ့ သဘောထားကို ထိခိုက်လာတာတွေ၊ ရှုပ်ထွေးအောင် လုပ်လာတာတွေကို လက်မခံနိုင်လို့၊ ပြီးတော့ ပြည်သူလူထုကို နားလည်မှုလွဲမှားကုန်အောင် ပြောဆိုမှုတွေ ပေါ်မလာအောင်လို့ ကျနော်က ကာကွယ် ပြောဆိုနေရတာ ဖြစ်ပါတယ်။”

အဲသည်မှာ မိုးမခက ဆွေးနွေးတဲ့အချက်က လွန်ခဲ့တဲ့ နှစ်ဆန်းဝန်းကျင်မှာ ထိုင်းနိုင်ငံ ပြည်ပရောက်စာနယ်ဇင်းသမားတွေ ဦးစီးကျင်းပတဲ့ စာနယ်ဇင်းညီလာခံတခုမှာ ယခင်အကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ဒေါက်တာခင်ဇော်ဝင်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားတွေ ပြောလာတယ်။ ဧပြီ ၆ ရက်နေ့မှာ အင်္ဂလိပ်ဘာသာ စာတန်းတခုကို ပြည်ပမှာ ထုတ်ဝေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်ဟောင်းများ (ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း) များက ပါတီကို နအဖ စစ်အုပ်စု စိတ်တိုင်းကျ ဖျက်ဆီးပစ်နေကြတယ်။ ဦးဝင်းတင်ဆီမှာ များပြားလှတဲ့ နိုင်ငံခြားအလှူငွေတွေ ရှိနေတယ်။ ပါတီကို အပ်နှံခြင်း မရှိဘူး။ အဲသည်မှာ ဦးခင်မောင်ဆွေတို့အဖွဲ့ရဲ့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလွန်” နိုင်ငံရေးပါတီသစ်တခု ကို အားလုံးက ကြိုဆိုကြရမယ် ဆိုတဲ့သဘောမျိုး ရေးသားထားတာ၊ သူကိုယ်တိုင်ကပဲ မြန်မာပြည်နိုင်ငံရေးကို ၀င်ရောက် ရှင်းလင်းပေးနေရသူ ဆိုတဲ့ အတိုင်းအတာအထိ ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါတွေက ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံရေးစိတ်ဝင်စားသူများ၊ လှုပ်ရှားနေသူများ အသိုင်းအ၀ိုင်းကြားမှာ အင်န်အယ်ဒီအမည်ကို ခုတုံးလုပ်ပြီး သူတို့ရဲ့ အာဘောတွေကို ဖြန့်ချိလာတဲ့ သဘောလို့ ရှုမြင်ကြောင်း၊ အဲသည်အတွက်ကော စောစောစီးစီး သဘောထားပြောထားချင်ပါသလား ဆိုတာ ဖြစ်ပါတယ်။

“ကျနော် တဆင့်စကား ကြားနေရတာတွေ ရှိတယ်။ ခင်ဇော်ဝင်းက စာတန်းတွေ လျောက်ဖြန့်တယ်။ စသည်ဖြင့်။ ကျနော့်ကိုလည်း ပိုက်ဆံတွေ ပါတီကို မအပ်ဘူး ဘာညာပြောထားတယ်လို့ ဆိုတယ်။ ဒါတွေကို ကျနော် ဖြေရှင်းနိုင်ပါတယ်။ ကျနော့်ကိစ္စက အရေးမကြီးပါဘူး။ အဓိကကတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့ မူဝါဒတွေ၊ ခေါင်းဆောင်မှုတွေကို သေးသိမ်အောင် ပြောဆိုလုပ်ကြံတာတွေကို ပြောမှ ဖြစ်မယ်လို့ ထင်ပါတယ်။

ပါတီက တခဲနက်ဆုံးဖြတ်ထားတာကို မတ်လ ၂၉ အစည်းအဝေးမှာ လက်ခံပြီးတော့မှ မေလ ၆ ရက်နေ့အထိ ပါတီတွင်းမှာ ရပ်တည်နေခဲ့ရာကနေ အနည်းစုဆန္ဒကို ပြန်လည် ဖော်ဆောင်ပြီး ပါတီတခု သွားထောင်တယ် ဆိုတာက ပါတီကို ပစ်ပယ်တာ ဖြစ်ပါတယ်။

ဟိုးရှေ့မှကတည်းက ကျနော်တို့ ပါတီဗဟိုခေါင်းဆောင် လက်ရှိ လှုပ်ရှားနေသူ ၁၆ ဦးမှာ အဲသည် ၄ ဦးက “အနည်းစုသဘောထား” ကို အမြဲတင်ပြ ဆွေးနွေးတယ်။ ကျနော်တို့ကလည်း အများသဘောနဲ့ ဖယ်ချတာမျိုး မဟုတ်ဘဲ အစည်းအဝေးမှာ လက်ခံ ဆွေးနွေးခဲ့ကြတာပဲ ဖြစ်တယ်။ မတ်လ ၂၉ ကြေညာချက်မှာတောင် ကျနော်တို့ “တညီတညွတ်တည်း ဆုံးဖြတ်တယ်” ဆိုတာကို ကန့်ကွက်ခဲ့ကြတယ်။ “အများသဘောတူ” ဆိုတဲ့ စကားလုံး သုံးပါလို့ ပြောလို့ ကျနော်တို့က ပြောင်းပေးခဲ့တယ်။ အဲသည်တော့ ကျနော်တို့က အဆိုတခုထပ်တင်ရတယ်၊ “အများသဘောတူ” ဆုံးဖြတ်တယ်။ “ကန့်ကွက်မည့်သူ မရှိ” လို့ ထည့်သွင်းချင်တယ်၊ သဘောတူသလားဆိုတော့ သူတို့က လက်ခံခဲ့ကြတယ်။

အခုလိုမျိုး ပါတီသဘောထားတွေကို ဆုံးဖြတ်ချက်ချစဉ်က သဘောတူခဲ့ပြီးတော့ နောက်ပိုင်းမှာ ပါတီတွင်း ပါတီပြင်ပ သွေဖီပြီး ပြောဆိုတာဟာ ပါတီပေါ်မှာ သစ္စာစောင့်သိတဲ့ သဘောမဟုတ်ဘူးလို့ ပြောချင်တယ်။ ပါတီရဲ့ မူဝါဒကို ပါတီဝင်တွေက ရပ်တည်ပေးကြတာဟာ လူပုဂ္ဂိုလ် တဦးတယောက်နောက် ကိုးကွယ်တာလဲ မဟုတ်ဘူး။ နောက်ပြီးတော့ လက်ရှိခေါင်းဆောင်မှုနောက်ကို မျက်စိပိတ် နားပိတ် လိုက်နေကြရတာလဲ မဟုတ်ဘူး။

ဒါပေမယ့် အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်း မရှိတာက အဓိက ဖြစ်သွားပြီ။

အင်န်အယ်ဒီပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့ အပ်နှံမှု၊လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် ၂၀ လုံးလုံး အတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် ၂၀ လုံးလုံးတောင် ပြည်သူ့ရဲ့ မဲင်းဒိတ်နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း မ၀န်ခံလိုဘဲ၊ လက်မခံဘဲနဲ့ နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။

အင်န်အယ်ဒီပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ အင်န်အယ်ဒီဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက် ရပ်တည်သွားမယ်။ ဆက်လက် လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီး ဖြစ်ပါတယ်။

နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုတာကို သက်သေမထင်ရှားဘဲနဲ့ ဦးဉာဏ်ဝင်းစကားနဲ့ပဲ လက်ခံနေရတယ် ဘာညာစသည်ဖြင့် ပြောနေတာကလည်း ပါတီတွင်း ပါတီပြင်ပမှာ လူတွေကို နားလည်မှုလွဲအောင်၊ အထင်မှား အမြင်မှားအောင် ပြောတဲ့သဘောပဲလို့ ပြောချင်ပါတယ်။ ဒေါ်စုကို သစ္စာရှိမယ်လို့လဲ ပြောခဲ့တယ်။ ပြီးတော့ ဒေါ်စုစကားကို လက်မခံနိုင်ဘူး၊ သံသယရှိတယ်။ ဦးဉာဏ်ဝင်းတို့ ကျနော်တို့ကပဲ လုပ်ကြံနေသလိုပြောတယ် ဆိုတာက - ဒေါ်စုကိုကော၊ ပါတီကိုပါ ပျက်စီးအောင် လုပ်သလို ဖြစ်နေတယ်။ ဘယ်လိုလုပ်ပြီးတော့ အကျယ်ချုပ်ကျနေသူဆီက သက်သေတွေ တောင်းချင်ရတာတုံး။ ပြီးတော့ ဦးဉာဏ်ဝင်း ရှိတယ်၊ ဒေါက်တာတင်မျိုးဝင်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်သဘောထားတွေကို ကျနော်တို့က အလွဲသုံးတယ်ဆိုရင် ဒါမျိုးကို ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး တုန့်ပြန်မှာပဲ ဆိုတာ သိထားသင့်တယ်။

ဒီတော့ ဒီလိုမျိုးအသံတွေဆိုတာ - ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း သိကြစေချင်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ - Splinter Group လို့ပဲ သုံးရမယ်။ အပဲ့အစင်ကလေးတွေ ပေါ့ဗျာ။ Split Group ဟုတ်လား - ပါတီအကွဲအပြဲ မဟုတ်ဘူး။ ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေ ဖြစ်တယ်။ အဲသည်လိုမျိုး ပြောချင်ပါတယ်။”

အဲသည်မှာ မေးတဲ့ မေးခွန်းကတော့ အနှစ် ၂၀ လုံးလုံး အင်န်အယ်ဒီပါတီက ပြည်သူလူထုရဲ့ Mandate နဲ့ အတူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာက ဘာမှ မလုပ်ဘဲနဲ့ ဒီအတိုင်း ထိုင်နေလို့လား။ စစ်အစိုးရကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ရောက်လာအောင် အင်န်အယ်ဒီက အခက်အခဲမျိုးစုံကြားက ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ် မဟုတ်ဘူးလား။ ယခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက မြန်မာပြည်ဒီမိုကရေစီရေးကို မဦးတည်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

“ခုချိန်မှာ အဓိကကတော့ အခြေခံဥပဒေအပေါ်မှာ အခြေပြုတဲ့ လှုပ်ရှားမှုတွေကို ပြန်ပြီး ကောက်နုတ်ပြပါ့မယ်။ ၁၉၈၈၊ ၁၉၈၉ စစ်အစိုးရ ကြေညာချက်များအရ အင်န်အယ်ဒီက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တာ ဖြစ်တယ်။ ၁/၉၀ စစ်အစိုးရကြေညာချက်အရ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ အင်န်အယ်ဒိဦးဆောင်ပြီးတော့ အခြေခံဥပဒေရေးဆွဲဖို့ ကျြိးစားခဲ့တယ်။ အဲသည်မှာ စစ်အစိုးရက ၅/၉၀ နဲ့ သူတို့ဦးဆောင်ပြီး အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေဆွဲမယ်လို့ ပြောင်းပြီး ပြောပြန်တယ်။

နောက် ၉၀ နောက်ပိုင်း အမျိုးသားညီလာခံမှာ အင်န်အယ်ဒီ တက်ရောက်လာတော့လည်း နည်းမျိုးစုံနဲ့ ကန့်သတ်ခြင်း၊ ပိတ်ဆို့ခြင်းခံရတယ်။ ဒါကြောင့် ၁၉၉၅ နောက်ပိုင်းမှာ ပါတီက အမျိုးသားညီလာခံက သပိတ်မှောက်ခဲ့ရတယ်။

အဲသည်မှာ အဓိကအချက်ကတော့ တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ မဆင်းနိုင်ဘူးဆိုတဲ့ အချက်ကြောင့် အင်န်အယ်ဒီပါတီက လက်မခံနိုင်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်တယ်။

ဒီနောက်မှာ သူတို့ရဲ့သဘောထားနဲ့ သူတို့ Road Map တွေ ချမှတ်တယ်။ ၂၀၀၈ မှာ သူတို့ စိတ်တိုင်းကျ အခြေခံဥပဒေကို ထုတ်ပြန်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အခြေခံဥပဒေမဟုတ်တဲ့အတွက် အင်န်အယ်ဒီက ကန့်ကွက်ခဲ့တယ်။

အခု အဲသည် အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတို့၊ ရွေးကောက်ပွဲတို့ လုပ်လာပြန်တဲ့အတွက် အင်န်အယ်ဒီပါတီက ကန့်ကွက်တဲ့ အနေနဲ့ မိမိတို့ ရပ်တည်ချက်ကို ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီလိုမျိုး အင်န်ယ်ဒီက တလျောက်လုံးမှာ တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့ ဒီမိုကရေစီရေးအတွက် ရပ်တည်ခဲ့တယ်။

ပြည်သူလူထုတွေကော၊ ကျောင်းသားလူငယ်တွေ အားလုံးက သိကြပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူတို့ သိကြပါတယ်။ ဒါပေမယ့် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီးတော့ အားလုံးက ရှင်းရှင်းလင်းလင်း သိထားကြစေချင်ပါတယ်။ အင်န်အယ်ဒီဟာ လူထုကို လှည့်ဖြားပြီးတော့ ဘာမှ မလုပ်ဘူး။ အင်န်အယ်ဒီနံမယ်နဲ့လည်း ရွေးကောက်ပွဲ မ၀င်ဘူး။ အင်န်အယ်ဒီက ကိုယ်ပွားတွေ ကိုယ်ခွဲတွေနဲ့လည်း ရွေးကောက်ပွဲမ၀င်ဘူး။ ပါတီပြိုကွဲအောင် ပျက်စီးအောင်လည်း မလုပ်ဘူး။ ပြည်သူတွေကိုလည်း သစ္စာမဖောက်ဘူး။ ဒါမျိုး ပြောလိုက်ချင်ပါတယ်။”

မိုးမခနဲ့ ဆရာဦးဝင်းတင် မေလ ၉ ရက် နေ့ နံနက်ခင်းပိုင်းက ပြောဆိုခဲ့သမျှထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။

Ref : မိုးမခ

0 ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံတိုကျို နအဖအခွန်ရုံးရှေ့ဆန္ဒပြပွဲ(ဓာတ်ပုံမှတ်တမ်း)


ဓာတ်ပုံ။ ။ Minnyowan (moethaukkye)

0 နအဖ ဆွဲဖြုတ်လို့မရတဲ့ ဆိုင်းဘုတ်

ကျော်ဗလ / ၁၀ မေလ ၂၀၁၀

မြန်မာပြည်မှာ ကြော်ငြာဆိုင်းဘုတ်အများဆုံး အသင်းအဖွဲ့ကို လက်ညှိုးထိုးပြပါဆိုရင် ကြံ့ဖွံ့အသင်းကိုပဲ ဆွဲထုတ်ပြရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖ အဖွဲ့အစည်းအဆင့်ဆင့်ရှိတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးမှန်သမျှမှာ ကြံ့ဖွံ့ဆိုင်းဘုတ်တွေ ရှိနေလို့ပါပဲ။ ကြံ့ဖွံ့အဖွဲ့အစည်းဆိုတာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်း ပီသစွာ ကြံ့ဖွံ့ဆိုင်းဘုတ်ဟာလည်း စစ်ယူနီဖောင်းရောင် စိမ်းမှောင်နေလေ့ရှိပါတယ်။ ဗေဒင်၊ ယတြာတွေ ယုံကြည်အားကိုးလေ့ရှိတဲ့ ဗိုလ်ချုပ်တွေဟာ ကြံ့ဖွံ့အဖွဲ့ရဲ့တံဆိပ်မှာ အမျိုးသားနိမိတ် ဒေါင်းတံဆိပ်ကို မသုံးရဲဘဲ ခြင်္သေ့ရုပ်ကိုသာ သုံးထားကြပါတယ်။ ဆိုင်းဘုတ်တွေ၊ လိုဂိုတွေမှာ ခြင်္သေ့ရုပ်ပဲ သုံးသုံး၊ ဆင်ရုပ်ပဲ ထည့်ထည့် ကြံ့ဖွံ့အဖွဲ့ဆိုတာ အခွင့်အရေးတွေ၊ ငွေတွေ၊ အာဏာတွေ ဖိသိပ်ထိုးထည့်ထားတဲ့ လေပူဖောင်းတလုံးသာဖြစ်ပါတယ်။ နည်းနည်းလေး ခလုတ်ထိ၊ ဆူးငြိလိုက်တာနဲ့ ‘ဖောင်း’ ကနဲ ကွဲသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကြံ့ဖွံ့အဖွဲ့ဆိုတာ ယုံကြည်ချက် အခြေခံအပေါ်မှာ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ အာဏာ၊ အခွင့်အရေးနဲ့ အသပြာတွေပြပြီး ဆွဲစုထားတဲ့ အချောင်နှိုက်အုပ်စုတွေ ဖြစ်နေလို့ပါပဲ။

ကြံ့ဖွံ့အဖွဲ့ဆိုတာ အရေအတွက်သာရှိပြီး အရည်အချင်းက နတ္တိပါ။ ကြံ့ဖွံ့အဖွဲ့ဝင်အင်အား သန်း (၃၀) ကျော်ဆိုတာ စစ်ဗိုလ်၊ စစ်သား၊ ပုလိပ်၊ ၀န်ထမ်းနဲ့ ကျောင်းသူကျောင်းသားမှန်သမျှ အားလုံး စုပြုံသိမ်းကျုံးထည့်ထားလို့ ဖောင်းကားနေတဲ့ သန်းခေါင်စာရင်းမျိုးပါ။ အများစုကြီးက ကိုယ့်ဟာကိုယ် အဖွဲ့ဝင်ဖြစ်မှန်းတောင် သိကြတာမဟုတ်ပါဘူး။ ဒါကြောင့် အရေးအကြောင်း၊ ရေထဲမိုးထဲဆိုရင် မြေလျှိုးမိုးပျံသွားတတ်ကြလို့ လူ (၂၀) တောင် စုဖို့လွယ်တဲ့ အဖွဲ့မဟုတ်ပါဘူး။

တကယ်တော့ ကြံ့ဖွံ့အဖွဲ့ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ လူမှုရေးအဖွဲ့အစည်းသာဖြစ်တယ်လို့ နအဖက ကြေညာထားတဲ့ အဖွဲ့အစည်းပါ။ဒါပေမယ့် နိုင်ငံရေးအာဏာ၊ နိုင်ငံတော်အသပြာများနဲ့ ကျားကန်ထားလို့ အခုလို အရေအတွက် ဖောင်းပွနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့အဖွဲ့ရဲ့ နောင်တော် နိုင်ငံရေးအင်အားစုကြီးဖြစ်တဲ့ မဆလပါတီရဲ့ အဖြစ်ဆိုးမျိုး မကြုံရအောင် သင်ခန်းစာယူတတ်ဖို့တော့ လိုပါလိမ့်မယ်။ တချိန်က နိုင်ငံတော်ရဲ့ အရှိန်အ၀ါ၊ အသပြာ၊ အခွင့်အာဏာတွေနဲ့ ကျားကန်တည်ဆောက် ပေးထားတဲ့ တခုတည်းသော နိုင်ငံရေးပါတီကြီးဖြစ်တဲ့ မဆလပါတီမှာလည်း ပါတီဝင်အင်အား သန်း (၂၀) ကျော် ရှိတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီလို သဘောတရားအယူအဆတွေ ရိုက်သွင်း၊ စည်းရုံးရေးသင်တန်းတွေ ဆင်းပြီး သိမ်းသွင်းတည်ဆောက်ထားတဲ့ မဆလ ပါတီကြီးတောင်မှ ရှစ်လေးလုံးအရေးအခင်းကြီး ကြုံလိုက်တာနဲ့ တခါတည်း ဘုံးဘုံးလဲ ပုံကျသွားတော့တာပါပဲ။

အဲဒီခေတ်ကာလတုန်းကလည်း မြန်မာပြည်မှာ ဆိုင်းဘုတ်အများဆုံး၊ ပါတီဝင်အရေအတွက် အဖောင်းပွဆုံးဟာ မဆလပါတီပါပဲ။ ဒါပေမယ့် ရှစ်လေးလုံးအရေးအခင်းကြီးအတွင်း တပြည်လုံးမှာရှိတဲ့ မဆလဆိုင်းဘုတ်တွေကို ပြည်သူတွေ တ၀ုန်းဝုန်း ဖြတ်ချခဲ့ကြတုန်းက ဘယ်မဆလပါတီဝင် ခွေးတကောင်၊ ကြောင်တမြီးမှ ထွက်ပြီး မတားဆီးခဲ့ကြပါဘူး။ ဒီလိုအနေအထားမျိုးတွေ ကြုံလာရင် ကြံ့ဖွဲ့ဆိုင်းဘုတ်တွေလည်း ဒီလိုကြမ္မာဆိုးတွေနဲ့ မုချကြုံကြရဦးမှာပါပဲ။ အာဏာ၊ အသပြာနဲ့ အခွင့်အရေးသာမပါရင် ကြံ့ဖွဲ့ဆိုင်းဘုတ်ကို ဘယ်သူကမှ အရေးလုပ်ပြီး ကာကွယ်နေကြမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာ အဓိကအားဖြင့် ကြံ့ဖွံ့အဖွဲ့မှာ အာဏာ၊ အသပြာနဲ့ အခွင့်အရေးသာရှိပြီး နိုင်ငံရေးမရှိကြလို့ပါပဲ။

နအဖအဖွဲ့ရဲ့ တရားမျှတမှုမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆုံးဖြတ်တဲ့ အန်အယ်လ်ဒီပါတီအနေဖြင့် မှတ်ပုံမတင်တဲ့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ပါတီဆိုင်းဘုတ်တွေ အားလုံးကို မေလဆန်းမတိုင်မီ ဖြုတ်ပေးကြရပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီက မဖြုတ်လည်း နအဖ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဒေါက်တိုင် လက်မရွံ့တွေက အဓမ္မဆွဲဖြုတ်ကြဦးမှာပါပဲ။ နအဖအဖွဲ့အစည်းတွေ ဒေါက်တိုင်လက်မရွံ့တွေ လာပြီးမဖြုတ်ခင် ကိုယ့်အသိနှင့်ကိုယ် ဆိုင်းဘုတ်တွေ ကြိုတင်ဖြုတ်လိုက်တာ ပိုပြီးကောင်းပါလိမ့်မယ်။ ဒီလို ကိုယ့်ဆိုင်းဘုတ် ကိုယ်ဖြုတ်သိမ်းတာဟာ ရှစ်လေးလုံးကာလက မဆလဆိုင်းဘုတ်တွေကို လူထုက ၀ိုင်းဝန်းဆွဲဖြုတ်ချခံရတာနဲ့ နိုင်ငံရေးအရ သဘောအဓိပ္ပာယ် အလွန်ခြားနားပါတယ်။ အန်အယ်လ်ဒီပါတီဆိုင်းဘုတ်ကို မဆလဆိုင်းဘုတ်လို စက်ဆုပ်ရွံရွာစွာ လူထုက ဆွဲဆုတ်ဖြုတ်ချတာ မဟုတ်ပါဘူး။ နအဖက အန်အယ်လ်ဒီပါတီကို နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်ခွင့်မရအောင် မတရားတဲ့ ဥပဒေအမိန့်တွေထုတ်ပြီး နိုင်ငံရေးအရ ကောက်ကျစ်စဉ်းလဲစွာ လုပ်ကြံလိုက်တာပါ။ တနည်းပြောရရင် အန်အယ်လ်ဒီဆိုင်းဘုတ်တွေကို နအဖက မတရားတဲ့ ဥပဒေအမိန့်ထုတ်ပြီး ဖြုတ်ချခိုင်းလိုက်တာသာဖြစ်ပါတယ်။

တကယ်တော့ ပါတီဆိုင်းဘုတ်ဖြုတ်ခံရတယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ ဓားမိုးအုပ်စိုးမှုအောက်မှာ ကျရောက်နေတဲ့ မြန်မာပြည်အဖို့ ဘာမှမထူးဆန်းသလို အရေးလည်း သိပ်ကြီးလှတာမဟုတ်ပါဘူး။ အရေးကြီးတာက အန်အယ်လ်ဒီ ပါတီအနေနဲ့ နိုင်ငံရေးအရ ဖြုတ်ချမခံရဖို့ တနည်းပြောရရင် နိုင်ငံရေးအရ ပြုတ်ကျမသွားဖို့က ပိုလို့အရေးကြီးလှပါတယ်။ အန်အယ်လ်ဒီမှာ နိုင်ငံရေးရှိနေသမျှ၊ ပါတီဝင်တွေမှာ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်အသက်ဝင်နေသမျှ ဆိုင်းဘုတ်တွေမရှိလည်း ပြည်သူလူထုရင်ထဲမှာ အန်အယ်လ်ဒီဆိုတာ ရှိနေမှာပါပဲ။ ဒီလို အန်အယ်လ်ဒီပါတီဝင်တွေရဲ့ ဦးနှောက်ထဲ၊ ပြည်သူလူထုရဲ့ ရင်ထဲမှာ စွဲမြဲစူးဝင်နေတဲ့ နိုင်ငံရေးဆိုင်းဘုတ်ကို နအဖရဲ့ အာဏာ၊ အသပြာ၊ အခွင့်အရေးတွေနဲ့ ဘယ်လိုမှ ဆွဲဆုတ်ဖြုတ်ပစ်လို့ မရနိုင်ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးက လက်ဆင့်ကမ်းပေးလိုက်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်နိုင်ငံရေးကို အန်အယ်လ်ဒီ ဆုပ်ကိုင်ထားသမျှ ကြော်ငြာ၊ မီဒီယာ၊ Bill Board နှင့် ဆိုင်းဘုတ်တွေမပါလည်း အန်အယ်လ်ဒီရဲ့ အနီရောင်ခွပ်ဒေါင်းနဲ့ တော်လှန်ရေး ကြယ်ပွင့်တံဆိပ် ပုံရိပ်ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ထာဝရ စွဲထင်နေပါလိမ့်မယ်။

သမိုင်းကို ပြန်ကြည့်ကြမယ်ဆိုရင်လည်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ဖတပလ တပ်ပေါင်းစုကြီးကို ဖွဲ့စည်းစဉ်ကလည်း ဆိုင်းဘုတ်တွေ မရှိခဲ့သလို ကြော်ငြာခွင့်လည်း ရခဲ့ကြတာ မဟုတ်ပါဘူး။ ခန်းမတွေ၊ ရုံးခန်းတွေ၊ ဌာနချုပ်တွေရယ်လို့လည်း မရှိခဲ့ကြပါဘူး။ ပဲခူးစံပြတပ်ရင်းထဲမှာ၊ ဒေးဒရဲမြို့နယ်ထဲက ရွာတွေမှာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝါလိမ်းအိမ်ပေါ်မှာ ကြုံသလို ကျသလို ဆွေးနွေးညှိနှိုင်းကြရင်းနဲ့ပဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ (နောင်ဆိုရှယ်လစ်) ပါတီနဲ့ တပ်မတော်တို့ ပူးပေါင်းပါဝင်တဲ့ ဖတပလ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းပြီး ဂျပန်တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ မဟာမိတ်တွေ ပြန်ဝင်လာပြီးမှ မြန်မာပြည် တပြည်လုံးမှာ ဖဆပလအဖွဲ့ ဆိုင်းဘုတ်တွေ ချိတ်ခွင့်ရလာခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်းဘုတ်ဆိုတာ နိုင်ငံရေးပါတီတရပ်ရဲ့ Logo သာဖြစ်ပါတယ်။ ပါတီဆိုတာက အင်အားစုအသီးသီးကို သင့်လျော်စွာ ဖွဲ့စည်းတည်ဆောက်ပေးထားတဲ့ ခန္ဓာအိမ်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာကတော့ ပါတီတရပ် အသက်ဝင်ရှင်သန် လှုပ်ရှားရေးအတွက် အရေးပါဆုံး ဦးနှောက်ဝိညာဉ်ဖြစ်ပါတယ်။

ဒီနေ့ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးဝိညာဉ်ဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ သာဖြစ်ပါတယ်။ ဒီကြေညာစာတမ်းပါ နိုင်ငံရေးရဲ့ သဘောထားတွေကို စွန့်လွှတ်ရင် အန်အယ်လ်ဒီပါတီဟာ ကိုယ့်ပါတီကို သေဒဏ်ချမှတ် ကြိုးပေးသတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီကြေညာစာတမ်းကို စွန့်လွှတ်တာဟာ ၉၀ ပြည့်နှစ် ရလဒ်ကို စွန့်လွှတ်တာဖြစ်လို့ ပြည်သူလူထုကို သစ္စာဖောက်သလို ဖြစ်သွားပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ရေးအတွက် တရားဝင် အသိအမှတ်ပြုပေးမယ့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြတဲ့ အကျဉ်းခံ နိုင်ငံရေးသမား အန်အယ်လ်ဒီပါတီဝင်များ အားလုံးကို စော်ကား၊ ကျောခိုင်းပစ်ရာ ရောက်ပါလိမ့်မယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်နေသမျှ ဆိုင်းဘုတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန်အယ်လ်ဒီပါတီ ဆက်လက်ရှင်သန်နေပါလိမ့်မယ်။ ဆိုင်းဘုတ်ထက် ပါတီက အရေးကြီးသလို ပါတီထက် နိုင်ငံရေးက ပိုအရေးကြီးပါတယ်။ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်နေသမျှ ပြည်သူလူထုရင်ထဲက အန်အယ်လ်ဒီဆိုင်းဘုတ်ကို နအဖအနေနဲ့ ဘယ်လိုမှ ဆွဲဖြုတ်ပစ်လို့ ရနိုင်စရာ အကြောင်းမရှိပါဘူး။
http://www.khitpyaing.org/index.php?route=detail&id=594

0 ဦးဝင်းတင် ရဲ့  လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု ကိုအားပေး ကြ ။ ၀ိုင်းဝန်းကူညီကြ။

5.5.10 နေ့ က အဘဦးဝင်းတင်နဲ့  other side အပါအ၀င် အင်အားစုတော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ်လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ အဲဒီကန်ပိန်းကို အဘဦးဝင်းတင်ကဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င် နယ် ၇-နယ်မှ အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့) အထိ သုံးလတာသတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရန်

၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်

၃။ 2010 ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်

၎။ 1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်

၅။ 1990 ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်

၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန်
တို့ ပဲဖြစ်ပါတယ်။

ရရှိလာတဲ့လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘဦးဝင်းတင်အပါအ၀င် အဖွဲ့ ဝင်များကသိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှရရှိကြောင်းကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊ youth 109၊ 2007 မျိုးဆက်ကျောင်းသားများ (ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေးဆောင်ရွက်နေ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့ နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများလို့ ပေးထားပါတယ်။
[8888peoplepower] forward mail မှ ရရှိပါသည်။

Tuesday, May 11, 2010

0 ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံကို တရက်ကြာ သွားပြီး အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေ အပြင် ရွေးကောက်ပွဲ ၀င်ကြဖို့ ပြင်ဆင်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် အကြောင်းနဲ့ ရန်ကုန်မှာ ထုတ်ပြန်ခဲ့တဲ့ ခရီးစဉ်ဆိုင်ရာ ကြေညာချက် အကြောင်းတွေကို ဦးရော်နီညိမ်းက စုစည်းတင်ပြပေးထားပါတယ်။

ဒီနှစ်ကုန်လောက်မှာ ပြုလုပ်မယ်လို့ ယူဆရတဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲကိစ္စကို အဓိကထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။



မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ ကြေညာပြီး ရက်အနည်းငယ် အကြာမှာပဲ အခုလို မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ မစ္စတာ ကမ့်ပ်ဘဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့ မစ္စတာ ကမ့်ပ်ဘဲလ် ကိုယ်တိုင် ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ စစ်အစိုးရ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တခြား နိုင်ငံရေး အဖွဲ့အစည်းနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ NGO တွေနဲ့ သူ့ရဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုတွေကို မစ္စတာ ကမ့်ပ်ဘဲလ်က အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိပေမဲ့ မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု အမျိုးမျိုးတွေ အတွင်း ကျနော်တို့ဘက်က ကမ်းလှမ်းခဲ့တာ တခုကတော့ စစ်အစိုးရ အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဘက်ဘက်က အရေးပါသူတွေ အားလုံး ပါဝင်ခွင့် ပြုထားတဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ပါပဲ။ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲတွေကို ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ စစ်အစိုးရကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ် လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ။

“မသွယ်မ၀ိုက်ဘဲ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်စရာ အကြောင်းအချက်တွေ ကျနော်တို့ တွေ့မြင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ မလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်တဲ့ လုပ်ရပ်တွေ ချက်ချင်းလုပ်ပါလို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ တချို့က ရွေးကောက်ပွဲဝင်ဖို့၊ တချို့က ရွေးကောက်ပွဲ မ၀င်ဖို့ အခက်အခဲတွေ အမျိုးမျိုးကြားက ဆုံးဖြတ်ချက် ချခဲ့ကြတာကို အမေရိကန် ပြည်ထောင်စုက နားလည်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး သူပြောတာကတော့…

“မြန်မာပြည်သူလူထုတွေရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ကျနော်နဲ့ အချိန်ကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒီခေါင်းဆောင်တွေကို ကျနော် ဒီအချိန်မှာ ချီးကျူး ဂုဏ်ပြုပါရစေ။ စစ်အစိုးရရဲ့ အပြစ် အနာအဆာတွေနဲ့ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေထဲမှာ တရားဝင် ၀င်ရောက်ပါဝင် လုပ်ဆောင်မယ့် အစိတ်အပိုင်းတခု ဖြစ်ရေး ပယ်ချခံရပေမဲ့လည်း ဒီ NLD ခေါင်းဆောင်တွေဟာ မြန်မာပြည်သူ လူထုအတွက် လူထုကို ကိုယ်စားပြုပြီး ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြသူတွေပါ။

“NLD ဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရပ်တည်သွားသည် ဖြစ်စေ၊ NLD အပါအ၀င် မြန်မာပြည်သူလူထုကို ထောက်ခံသူတွေရဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ရပ်တည်သွားမှာပါ။”

ဒါ့အပြင် မစ္စတာ ကမ့်ပ်ဘဲလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ကြေညာချက်ရဲ့ နိဂုံးပိုင်းမှာ အခုလို ဖတ်ကြားသွားပါတယ်။

“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဆက်မပြတ် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပေါ်မှာ စိတ်ရှည်သည်းခံပြီး မေတ္တာတရား ထားနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ် ဆိုတာပါ။ ပိုပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတရပ် ရှာဖွေရေး အတူတကွ အလုပ်လုပ်သွားကြဖို့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ့ရဲ့ မေတ္တာရပ်ခံမှုတွေကို အလေးဂရုမပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။”

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းမှာ မဟုတ်သလို တဘက်မှာလည်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားမယ့် မူဝါဒကို ကျင့်သုံးသွားမယ်၊ လောလောဆယ်မှာလည်း အကြိမ်ပေါင်းများစွာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
(VOA) Video. Fnn News

0 U.S. "profoundly disappointed" at Myanmar polls




ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့တွေ့ဆုံ
ဓာတ်ပုံ။ ။ Reuters
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က သူ၏ နှစ်ရက်ကြာ ခရီးစဉ်အပြီး ရန်ကုန်မြို့မှ မထွက်ခွာခင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် အဓိကကျသောအတိုက်အခံ ခေါင်းဆောင် များနှင့် ညှိနှိုင်းမှု မရှိပဲ တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို ကျင်းပရန် ဦးတည်ခဲ့မှုအတွက် ပြစ်တင် ဝေဖန် သွားခဲ့ပါသည်။

Monday, May 10, 2010

0 အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ့်ပ်ဘဲလ် (Kurt Campbell) နေပြည်တော် - ရန်ကုန် ခရီးစဉ် မှတ်တမ်း


Hantharwaddy skynewsမှ

0 အမှန်တရား


ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။

0 အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr.KurtCampbellလာရောက်သည့်ကိစ္စနှင့်ပါတ်သက်၍ Nld( လွတ်မြောက်နယ်မြေ)မှသဘောထားထုတ်ပြန်ချက်


ပေးပို့သူ. မမြတ်လေးငုံ

0 အိုင်စီ၏ဒုတိယမြောက် တိုကျိုလိုက်ဖ်ရှိုးပွဲ ပရိတ်သတ်(၃၀၀)ကျော်သာရှိ...


တိုကျို၊ မေ(၉)

သတင်း-သန့်မျိုးထွေး

အိုင်စီအဖွဲ့၏ ဒုတိယမြောက်တိုကျိုလိုက်ဒ်ရှိုးပွဲကို ပရိတ်သတ်(၃၀၀)ကျော်သာ လာရောက်ကြည့်ရှု့ခဲ့သော်လည် အိုင်စီအဖွဲ့၏ပရော်ဖက်ရှင်နယ်ဆန်စွာအားကြိုးမာန်တက်တီးခတ်မှုနှင့်အဆိုတော်များ၏အားပါးတရဖျော်ဖြေမှုကြောင့် ပရိတ်သတ်၏အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။

လိုက်ဒ်ရှိုးပွဲကို Caltec ကုမ္မဏီ၏စီစဉ်မှုဖြင့် တိုကျိုမြို့ အာရက၀ါမြို့နယ်ရှိ ဆန်းပုလဲ(Sun Pearl)ခန့်မတွင် ယနေ့ညနေ(၄)နာရီခွဲမှစတင်၍ ည(၈)နာရီခွဲအထိ ကျင်းပခဲ့ပြီးသွားရေးလာရေးအခက်အခဲကြောင့် ပရိတ်သတ်များရုံအတွင်းဝင်ရောက်မှုနောက်ကျခဲ့အတွက် ယမန်နှစ်ကနှင့်မတူဘဲ ပထမပိုင်းကိုရိုးရှင်းစွာဖြင့်စတင်ခဲ့သည်။

ယခုပွဲအတွက်လိုက်ပါလာသည့်တဦးတည်းသောမိန်းကလေးအဆိုတော်ခင်ဘုဏ်းမှစတင်ဖျော်ဖြေပေးခဲ့ပြီးနောက် ပရိတ်သတ်အသဲစွဲRဇာနည်မှ "အချစ်ရှိလား"သီချင်းဖြင့်တိုကျိုပရိတ်သတ်ကို မိတ်ဆက်သီဆိုပေးပြီး ၄င်း၏ပထမပိုင်းအပိတ်သီချင်းကိုအဝေးရောက်မြန်မာလူငယ်များအတွက်"ကိုယ်အနားရှိစေချင်"သီချင်းကိုသီဆိုပေးခဲ့သည်။

အဆိုတော်တဦးနှင့်တဦးအကြားအတွင် ပရိတ်သတ်ကသူတို့စောင့်မျှော်နေသည့် လေးဖြူနှင့်မျိုးကြီးတို့၏နာမည်များကို အော်ဟစ်တောင်းဆိုကြသည်။ ဒီနောက်တွင်အိုင်စီအဖွဲ့၏ အလွမ်းမင်းသာဟုခေါ်သည့် ၀ိုင်ဝိုင်းအလှည့်ဖြစ်ပြီး ၀ိုင်ဝိုင်းမှ "စည်း"၊"လွမ်းနေဦးမယ်"၊ "တမ်းတ"သီချင်းများကို သီဆိုပြီးနောက်တွင် မျိုးကြီးမှစင်ပေါ်တက်ရောက်သီဆိုပေးခဲ့သည်။

မျိုးကြီးသီဆိုနေချိန်တွင် ပရိတ်သတ်အချို့မှ စင်ရှေ့သွားရောက်ကခုန်ခဲ့ရာ လုံခြုံရေးတာဝန်ယူထားသူ ဂျပန်လူမျိုးများမှဝိုင်းဝန်းထိမ်းသိမ်းခဲ့ရပြီး ဆက်လက်ပြီး အငဲမှသီဆိုပေးခဲ့သည်။

ပထမပိုင်း၏အဆုံး၌ ပရိတ်သတ်စောင့်မျှော်နေသည့် လေးဖြူထွက်ပေါ်လာခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပရိတ်သတ်အားလုံးစင်ရှေ့သို့ထွက်လာပြီး သူတို့ချစ်သည့်လေးဖြူကို အားပါးတရအားပေးရာ လေးဖြူမှလည်း နောက်နှစ်များတွင် ယခုထက်ပိုသက်သာသောဈေးနှုန်းဖြင့် ပရိတ်သတ်အရေအတွက်ပိုမိုများပြားစွာ လာရောက်အားပေးသည်ကို မြင်လိုကြောင်းနှုတ်ခွန်းဆက်စကားဆိုသည်။

လေးဖြူကယမန်နှစ်ကထက်စာလျှင်ပိုမိုပျော်ရွင်စရာကောင်းကြောင်း၊ ပရိတ်သတ်များအတွက်သွားလာရေးအခက်အခဲဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အဆင်ပြေချောမွေ့သော ပို့ဆောင်ရေးရှိဖို့မျှော်လင့်ကြောင်းဖွင်ဟပြောဆိုသွားပြီး အိုင်စီအဖွဲ့၏ အနှစ်(၂၀)မြောက်လိုက်ဒ်ရှိုးပွဲကျင်းပမည့်သတင်းမှာ မမှန်ကန်ကြောင်းငြင်းဆိုသွားသည်။

"ဘ၀မှာအရမ်းအရေးကြီးတဲ့အချက်က အများကြီးမရှိပါဘူး၊ နံပါတ်တစ်က ကိုယ်ရဲ့ဝိဥာဉ်၊ ကိုယ့်ရဲ့လိပ်ပြာ ကိုယ့်စိတ်ချမ်းသာဖို့ကို အဓိကထားကြိုးစားကြပါလို့။ အဲ့ဒါမှ ကိုယ်ကဘယ်နေရာရောက်ရောက် လွတ်မြောက်နိုင်မယ်၊ စိတ်ချမ်းသာနိုင်မယ်လို့ပြောချင်ပါတယ်။"ဟု အဝေးရောက်မြန်မာလူမျိုးများအတွက် အားပေးစကားကို မိုးသောက်ကြယ်သို့ပြောပြသွားသည်။

အိုင်စီ၏အသက်အရွယ်အကြီးဆုံးဖြစ်သည့် ဒရမ်တီးခတ်သူ ကိုခရမ်းက "အရင်နှစ်ကထက်စာရင်တော့ ဒီနှစ်သုံးတဲ့စက်တွေက ပိုကောင်းတယ်ဗျ၊ ပိုအားရတယ်ပေါ့ဗျာ။ တီးရတာ နည်းနည်းဖီးလ်ရှိတယ်ဗျ၊ နောက်နှစ်တွေမှာလည်း လာရောက်ဖျော်ဖြေဖို့ကို မျှော်လင့်ထားတဲ့အတွက် စီစဉ်သူတွေနဲ့ ညှိနှိုင်းနေပါတယ်"ဟု ယခုနှစ်ကျင်းပသောပွဲအတွက် ၄င်း၏ခံစားချက်ကို ပြောပြသည်။

ဒုတိယပိုင်းအရောက်တွင် ခင်ဘုဏ်းကပင်စတင်ဖျော်ဖြေရာ သူမ၏ဖက်ရှင်ဒီဇိုင်းဆန်းဆန်း ၀တ်ဆင်ထားမှုကြောင့် ပရိတ်သတ်၏ လက်ခုပ်သံများဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ပထမပိုင်းနည်းတူ Rဇာနည်၊ ၀ိုင်ဝိုင်းတို့မှ အလှည့်ကျဖျော်ဖြေပြီးနောက် အိုင်စီအဖွဲ့၏ နာမည်ကျော်သုံးဦးအတွဲဖြစ်သည့် လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ တယောက်တလှည့်စီ အိုင်စီ၏စတိုင်လ်အတိုင်း အပြိုင်သီဆို ဖျော်ဖြေကြသည်။

တယောက်နှင့်တယောက်ဖျော်ဖြေမှုကြားတွင် ပလေယာများ၏ တကိုယ်တော်လက်စွမ်းပြတီးခတ်မှုလည်း ပါဝင်ခဲ့ပြီး "အိုး ဒီဇင်ဘာ"သီချင်းကို သီဆိုမှုတွင် အ၀င်အထွက်အနည်းငယ်မှားယွင်မှုရှိခဲ့ခြင်းမှတပါး စီရီးခွေများတွင် နားဆင်ရသည့်အသံအတိုင်း မျိုးကြီး၏သီဆိုနိုင်မှုကို ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည်။

လိဒ်ဂီတာသမားလည်းဖြစ် အသံဖမ်းအင်ဂျင်နီယာတဦးလည်းဖြစ်သည့် ချစ်စမ်းမောင်မှ မြန်မာရိုးရာဂီတနှင့်အနောက်တိုင်းဂီတ သံစဉ်နှစ်ခုကိုတွဲဖက်၍ သံစဉ်အသစ်များဖန်တီးလာမှုအပေါ် "သူတို့လွတ်လွတ်လပ်လပ် Createလုပ်တာပေါ့နော်၊ တချို့လိုက်ဖက်တာတွေရှိသလို၊ တချို့ကလည်းမလိုက်ဖက်ဘူးပေါ့နော်၊ ဒါပေမဲ့ခေတ်ရေစီးကြောင်းအရတော့ ကျနော်တို့အဲ့လိုလုပ်တာကို အားပေးပါတယ်၊ ကျနော်တို့ဆိုလည်းတခါတလေ ရိုးရာ(Traditional)နဲ့ရော့ခ်ကိုပေါင်းတီတာတွေရှိပါတယ်၊ ဒါတွေက ပရိတ်သတ်ကို အအီပြေအောင်ဆိုတဲ့သဘောပေါ့၊ ဒါပေမဲ့ တဖက်စွန်းရောက်အောင်လုပ်တာတွေကတော့သိပ်နားထောင်လို့မကောင်းဘူး"ဟုဝေဖန်သုံးသပ်ပြောဆိုသွားသည်။

အဆုံးပိတ်အဖြစ် လေးဖြူနှင့်မျိုးကြီး၏ "အိမ်ကိုပြန်ခဲ့တော့"သီချင်းကို နှုတ်ဆက်သီဆိုပေးပြီး ယနေ့ပွဲမှာ ပရိတ်သတ်အရေအတွက်အားဖြင့် အခြားပွဲများထက်စာလျှင် နည်းပါးသည်ဟုဆိုနိုင်သော်လည်း မြန်မာပြည်၏နံပါတ်တစ်ဟု သတ်မှတ်၍ရနိုင်သည့် အိုင်စီအဖွဲ့၏ ပရောဖက်ရှင်နယ်ဆန်စွာ ဖျော်ဖြေတီးခတ်သီဆိုမှုများကြောင့် ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.