Saturday, May 15, 2010

0 သုညကမ္ဘာဆီသို့ ....

ဖြစ်ခြင့်တာဖြစ်၊
မီးပြတ်တာ၊ကားကျပ်တာဂရုမစိုက်ပါဘူး။
ရေပြတ်၊ထမင်းငတ်တာဆိုလုံးဝဘဲ၊
အော်ကမ္ဘာကြီးအိုဇုန်းလွာပေါက်ပြီးပိုပူလာလဲ၊
ယပ်တောင်ခတ်ပြီးနေလိုက်မယ်...
ဒါဟာဒုက္ခတွေတဲ့...
ဟုတ်ပါဘူး...ဒုက္ခ..မဟုတ်ဘူး.....
ဒုက္ခ...မဟုတ်ဘူး...
ဂျိုကုပ်ကြီးကိုဖားနေရတာကဒုက္ခ...
အယောင်ဆောင်လူတန်းစားတစ်ရပ်ကိုဖားနေရတာဒုက္ခ...
မတည်မြဲနိုင်တဲ့နေရာကို၊တည်မြဲအောင်ဖားနေရတာကဒုက္ခ...
မှားနေတဲ့အမှားတရားတွေကို၊မိမိရှေ့မှာမြင်နေပါရက်နဲ့ ...
မပြောရဲ့ မလုပ်ရဲတာက၊ပိုဆိုးတဲ့ဒုက္ခတွေ...
ပညာတွေပိုသိ၊ပိုတတ်လာပြီး...
မယောင်ရာဆီလူးတတ်တာကလည်းဒုက္ခတစ်မျိုးဘဲ...
သတင်းတွေကို၊ဖြန့်ဝေတယ်ဆိုပေမဲ့...
ဟုတ်ဟုတ်မဟုတ်..Forward လုပ်နေတာကလည်းဒုက္ခတစ်မျိုးဘဲ...
(ငါ့လိုလူအပါအဝင်ပေါ့)....
Fund ရဖို့  ၊ နေရာရဖို့ လုပ်နေကြတာလည်း...
ဒုက္ခတစ်မျိုးဘဲ..
အဲ့ဒီ့ဒုက္ခတွေကအေးသွားအောင်၊
လုပ်စရာနည်းလမ်းက...
ကမ္ဘာပျက်ပြီးအသစ်ကပြန်စမှရနိုင်မှာလား...........

(တမူးသာ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.