နာရေးကူညီမှုအသင်း(ရန်ကုန်
ထိုသို့ သွားရောက်လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ရေဘေး ဒုက္ခသည်များနှင့် မြန်မာပြည်သူ ပြည်သားအပေါင်း ၁၁ မီး ငြိမ်းအေးစေရန် ရည်ရွယ်ပြီး ၁၁၀၀,၀၀၀/- (တစ်ဆယ့်တစ်သိန်းကျပ် တိတိ)ကို မတည် လှူဒါန်းငွေအဖြစ် စတင်ပြီး အလှူရှင်များ မှလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ဥက္ကဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသားဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်တို့ ဦးဆောင်ပြီး အသင်းသူ အသင်းသားများနှင့် နယ်ခံ လုပ်အားပေး လူငယ်များမှလည်း တက်တက်ကြွကြွ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။
ပဲခူးမြို့ပေါ်တွင် ခရီးတစ်ထောက်နားစဉ် မြို့ခံပြည်သူလူထု များမှလည်း လှိုက်လှဲစွာ ကြိုဆိုပြီး ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်၊ နယ်ခံတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သံဃာတော် တစ်ချို့မှလည်း လာရောက်ပြီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပါသည်။
(ရေလှူဒါန်းခြင်း အတွေ့အကြုံများနှင့် ခံစားချက်များကို ထပ်မံ တင်ပြသွားမည် ဖြစ်ပါသည်။)ရေဒုက္ခသည်များထံသို့ အရောက်.....ပေးဆပ်မှုများ၊သူတို့ ဧ။်ခံစားမှုများကိုမနက်ဖြန်ဆက်လက်တင်ပို့ ပေးပါမည်။
လေးစားစွာဖြင့်....ကျော်သူ
ရေလှူတာတော့ ကောင်းပါတယ်။ ဒါပေမယ့် နာရေးကူညီမှုအသင်းဆိုပြီး T-Shirt တွေက ငှက်လွှတ်နေတဲ့ပုံတွေဖြစ်နေတယ်။ ဘာလို့လဲ မသိဘူး။ ကျေးငှက်တိရစ္ဆာန်ထိန်းသိမ်းရေး အသင်းလိုလို ဘာလိုလိုနဲ့။
ReplyDelete