Wednesday, May 12, 2010

0 ဦးဝင်းတင် ရဲ့  လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု ကိုအားပေး ကြ ။ ၀ိုင်းဝန်းကူညီကြ။

5.5.10 နေ့ က အဘဦးဝင်းတင်နဲ့  other side အပါအ၀င် အင်အားစုတော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ်လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ အဲဒီကန်ပိန်းကို အဘဦးဝင်းတင်ကဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င် နယ် ၇-နယ်မှ အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့) အထိ သုံးလတာသတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရန်

၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်

၃။ 2010 ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်

၎။ 1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်

၅။ 1990 ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်

၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန်
တို့ ပဲဖြစ်ပါတယ်။

ရရှိလာတဲ့လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘဦးဝင်းတင်အပါအ၀င် အဖွဲ့ ဝင်များကသိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှရရှိကြောင်းကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊ youth 109၊ 2007 မျိုးဆက်ကျောင်းသားများ (ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေးဆောင်ရွက်နေ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့ နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများလို့ ပေးထားပါတယ်။
[8888peoplepower] forward mail မှ ရရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.