Saturday, May 15, 2010

0 ပဲခူးဒေသ အာဏာပိုင်တွေကို ILO ကိုယ်စားလှယ် သဘောထားရှင်းပြ


အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှယ်လ် (Steve Marshall) နဲ့ အဖွဲ့ဟာ ပဲခူးမြို့က ရှေ့နေကြီးဦးအေးမြင့်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေနဲ့တွေ့ဆုံပြီး အာဏာပိုင်တွေကိုအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ကလေးစစ်သားဆိုင်ရာဥပဒေပါအကြောင်းအရာတွေကိုဟောပြောပွဲပြုလုပ်ခဲ့တယ်လို့ ဦးအေးမြင့်ကပြောပြပါသည်။

အိုင်အယ်လ်အိုက ဆက်သွယ် ရေးအရာရှိ စတိဗ် မာရှယ်လ်ဟာ သူ့အိမ်ကိုလာရောက်ပြီး ကလေးစစ်သားစုဆောင်းမှုတွေ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေ မှုတွေ၊ လယ်မြေသိမ်းမှုတွေမဖြစ်အောင် ဆွေးနွေးမူတွေလည်းပြုလုပ်ခဲ့တယ်လို့ ရှေ့နေကြီး ဦးအေးမြင့်ကဆိုပါတယ်။

ပဲခူးမှာ လက်ရှိ ပဲခူးအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ILO ရဲ့ ကလေးစစ်သား၊ အဓမ္မလုပ်အားပေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ သဘောတူ စာချုပ် ချုပ်ထားတဲ့ သဘောတရားတွေ၊ ကလေးစစ်သား၊ အဓမ္မလုပ်အားပေး တာတွေနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လာပြောတာရယ်၊ ဥပဒေကို ရှင်းပြပြီး ဟောပြောပွဲလုပ်တယ်။
စတိဗ်မာရှယ် လာတဲ့အတွက် အိုင်လ်အယ်အိုနဲ့ ဆက်သွယ်မှုအတွက် အရေးယူလို့မရဘူးဆိုတာ အာဏာပိုင်တွေပိုမိုသိရှိသွားနိုင်မယ်လို့ယူဆကြောင်းကို ပြောပြသွားပါတယ်။

ထမင်းကငတ်-ရေကပျက်--ယပ်ခပ်နေတာနအဖ
မင်းကယပ်ခပ်-ငါကငတ်

ဓာတ်ပုံသတင်းပေးပို့သောပဲခူးမြို့လမ်းပြကြယ်အဖွဲ့မှ ဦးမြင့်အေးအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.